⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 81+82+83+84+85

Little Creampie:
Chapter 81

ပိုင်ရန်ဆီက သုံးကြိမ်လုပ်ခံရပြီးတဲ့နောက် မုယောင်မှာ အိပ်ငိုက်လာတယ်။ နောက်ဆုံး ပြီးသွားတော့ သူ သတိတစ်ဝက် မေ့မြောတစ်ဝက်ဖြစ်နေတဲ့အချိန်မှာ ပိုင်ရန်က သူ့ကို ရေချိုးခန်းထဲကို ခေါ်သွားပြီး သန့်ရှင်းရေး လုပ်ပေးခဲ့တယ်။

ပိုင်ရန်က ရေချိုးပြီး မွှေးကြိုင်နေတဲ့ မုယောင်ကို စောင်ထဲကို ထည့်ပေးလိုက်တော့ ခဏလေးအတွင်းမှာ မုယောင်က အိပ်ပျော်သွားတယ်။

ပိုင်ရန်က မုယောင်ရဲ့သေးငယ်ပြီး လှပတဲ့မျက်နှာလေးကို လိုက်ကြည့်ပြီး မျက်ခုံးကြားမှာ အနမ်းတစ်ပွင့်ကို ညင်သာစွာ ပေးလိုက်တယ်။

သူကတော့ မုယောင်ရဲ့ခါးသေးသေးလေးကို ဖက်ပြီး နက်ရှိုင်းတဲ့ အိပ်စက်ခြင်းထဲကို ကျသွားတယ်။

နေ့ရက်တွေက ဒီလိုငြိမ်းချမ်းစွာနဲ့ တစ်လလောက် ကုန်သွားတယ်။ မုယောင်က မုယွင်ဇီနဲ့ဖေးယန်ရှင်းတို့ စကားပြောနေတာကို ကြားပြီး လော့ယင်က တရားမဝင် ဖမ်းဆီးချုပ်နှောင်မှုကြောင့် နှစ်လလောက် အချုပ်ထဲမှာ ထိန်းသိမ်းခံထားရတယ်ဆိုတာကို သိလိုက်ရတယ်။

တကယ်တော့ လော့မိသားစုရဲ့အဆက်အသွယ်တွေနဲ့ဆိုရင် ဒီလိုကိစ္စက အလွယ်တကူ ပြီးသွားနိုင်ပေမယ့် ဒီလူတွေကလည်း တိတ်တဆိတ် ဖိအားတွေ ပေးခဲ့လို့ နောက်ဆုံးမှာ လော့ယင်က ထိန်းသိမ်းခံလိုက်ရတယ်။

ဒါကိုကြားပြီးနောက် မုယောင် စိတ်ထဲမှာ ရှုပ်ထွေးသွားတယ်။ တစ်နေ့မှာ လော့ယင်က သူ့ကို ကြိုက်လို့ဆိုပြီး ဥပဒေကိုချိုးဖောက်လာလိမ့်မယ်ဆိုတာ စိတ်ကူးကြည့်ဖို့တောင် ခက်တယ်။

မုယောင်က မနက်စာ စားပြီးတော့ မုယွင်ဇီက ကျောင်းကို လိုက်ပို့ပေးမယ်လို့ပြောတာကို ငြင်းပြီး သူ့ဘာသာ ကားမောင်းပြီး ကျောင်းကို သွားလိုက်တယ်။

မုယောင်က စာသင်ပြီးတဲ့နောက် နို့လက်ဖက်ရည်ဆိုင်ကို ရှာပြီး တစ်နာရီလောက် ထိုင်ဖို့ စဉ်းစားလိုက်တယ်။ ဘာလို့လဲဆိုတော့ နေ့လယ်မှာ သူ အစည်းအဝေးတစ်ခု တက်ရဦးမယ်။

မုယောင်က ကျောင်းပတ်လည်မှာ လျှောက်သွားနေရင်း မြေကွက်လပ်တစ်ခုမှာ ထိကရုန်းပင် အနည်းငယ်ကို တွေ့လိုက်တယ်။ သူက လျှောက်သွားပြီး ကြည့်ဖို့ လုပ်နေတုန်း ရုတ်တရက် ပေါ်လာတဲ့ လူတစ်ယောက်က သူ့ရဲ့ လက်ကောက်ဝတ်ကို ဆွဲလိုက်တယ်။

မုယောင်က လန့်သွားပြီး ဘယ်သူလဲဆိုတာကို ကြည့်ဖို့ လှည့်လိုက်တော့ သူ့ရဲ့အကြည့်ထဲကို လော့ယင်ရဲ့မျက်နှာက ဝင်ရောက်လာတယ်။

“မင်းက ဘာလို့ ဒီမှာ ရှိနေတာလဲ။ မင်းက…” မုယောင်က ‘ရဲစခန်းမှာ ရှိနေရမှာမဟုတ်ဘူးလား’ ဆိုပြီးပြောမလို့ လုပ်လိုက်ပေမယ့် ပြန်စဉ်းစားပြီးနောက် စကားကို မျိုချလိုက်တယ်။

“ငါက ဘယ်မှာရှိသင့်တာတုန်း။ ရဲစခန်းထဲမှာလား?” လော့ယင်က ကိုယ့်ကိုယ်ကို လှောင်ပြောင်ပြီး ရယ်လိုက်တယ်။ သူ့ရဲ့ မျက်ခုံးတွေကတော့ ပိုပြီး မှောင်မိုက်သွားတယ်။

“အဲဒီလူတွေက တော်တော်လည်း တတ်နိုင်ကြတယ်။လော့ကော်ပိုရေးရှင်းကို တိုက်ခိုက်ရင်း ငါ မထွက်လာနိုင်အောင်လည်း အချိန်အဆက်တွေ လုပ်နေကြတာ။ ကံမကောင်းစွာနဲ့ လော့ကော်ပိုရေးရှင်းက အခု ဘယ်လောက်ပဲ ခက်ခဲနေပါစေ ငါ နှစ်ရက်လောက် လှုပ်ရှားလို့ မရလောက်အောင် မဆိုးသေးဘူး။”

လော့ယင်ရဲ့မျက်လုံးအကြည့်တွေက မုယောင်ဆီမှာပဲ အခြေတည်နေတယ်။ ကြမ်းတမ်းမှုနဲ့ စိတ်မရှည်မှုတွေကို သူ တတ်နိုင်သမျှ ဖိနှိပ်ထားပေမယ့် မုယောင်က ကြောက်လန့်နေတုန်းပဲ။

“မင်း…ဘာလုပ်ချင်လို့လဲ?” မုယောင်က မသိစိတ်ကနေ အလိုလို နောက်နှစ်လှမ်း ဆုတ်လိုက်တယ်။ လော့ယင်က သူ့ကို မထိခိုက်နိုင်ဘူးလို့ ထင်ရပေမယ့် လော့ယင်ရဲ့မျက်နှာပေါ်က အပြာရောင်သွေးကြောတွေက သူ့ကို ကြောက်လန့်စေတယ်။

“သူတို့အားလုံးက မင်းရဲ့ချစ်သူတွေလို့ ငါ ကြားထားတယ်။ အဲဒါ အမှန်ပဲလား?” လော့ယင်က မုယောင် ကြောက်နေတာကို မြင်တော့ အသံကို တတ်နိုင်သမျှ ညင်သာအောင် လုပ်လိုက်တယ်။

“…ဟုတ်တယ်။ ပြီးတော့ ငါတို့ အတူတူ နေကြတာ။” မုယောင်က နှုတ်ခမ်းကို စေ့ထားလိုက်တယ်။

“…ငါ မဖြစ်နိုင်ဘူးလား?”လော့ယင်က ဒေါသထွက်နေတဲ့ ခြင်္သေ့တစ်ကောင်လို လက်သီးကို ဆုပ်လိုက်တယ်။

“……”

မုယောင်က ခဏလောက် တိတ်ဆိတ်သွားတယ်။ သူက ဘာပြောရမှန်း မသိဘူး။ သူနဲ့လော့ယင်က ရန်သူတွေပဲ ဖြစ်သင့်တယ်။ အကောင်းဆုံးကတော့ မသိကျိုးကျွန်ပြုနေတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မုယောင်က ဘဝဟောင်းမှာ သူ့ကို သတ်သေအောင် လုပ်ခဲ့တဲ့ တရားခံနဲ့ အတူတူ မနေနိုင်ဘူး။

“ငါ ဘယ်လိုပြောရမလဲ မသိဘူး၊ ဒါပေမဲ့ ငါ မင်းကို တကယ်မုန်းတယ်။ မင်းကို ဘယ်လိုမှ ချစ်လို့ ရမှာမဟုတ်ဘူး။”

သူသာ အခုလေးတင် ပြန်လည်မွေးဖွားလာခဲ့တာဆိုရင် မုယောင်က လော့ယင်ကို နောက်ဆုတ်ဖို့ အဆိုးဆုံးစကားလုံးတွေကို သုံးမှာ သေချာတယ်။ဒါပေမယ့် လော့ယင်ကို ခေါ်ထုတ်သွားတဲ့နေ့က သူ့ကို တမ်းတမ်းစွဲ ပွေ့ဖက်ထားခဲ့တာကို မြင်ယောင်မိတယ်။ စကားတွေက နှုတ်ခမ်းထိပ်ကို ရောက်လာတဲ့အခါ သူက ပိုပြီး နူးညံ့တဲ့ စကားတွေကို ရွေးချယ်လိုက်တယ်။

“…ငါ နားမလည်နိုင်ဘူး။ ငါတို့ အရင်က ကြီးကြီးမားမား ဘာရန်ငြိုးမှ မရှိခဲ့ဘူး မဟုတ်လား?” လော့ယင်က မုယောင်ရဲ့ မုန်းတယ်ဆိုတဲ့ စကားကြောင့် နာကျင်သွားပေမယ့် သူက ဘာလို့လဲဆိုတာကို နားမလည်ဘူး။

မုယောင်က အရင်က ပိုင်ရန်ကို မကြိုက်ခဲ့ဘူး မဟုတ်လား။ ဒါပေမယ့် နောက်ဆုံးမှာ ပိုင်ရန်နဲ့ ချစ်သူတွေ ဖြစ်သွားတယ်။ ပြီးတော့ သူ့ရဲ့အမေတူအဖေကွဲ အစ်ကိုလည်း ရှိသေးတယ်။ သူတို့နှစ်ယောက်က မတည့်ဘူးလို့ ပြောပေမယ့် အခု သူက မုယောင်နဲ့ အတူတူ ရှိနေတယ်။

မုယောင်က ပါးစပ်ကို ဟလိုက်ပေမယ့် သူ့ရှေ့မှာ ပိတ်မိနေတဲ့ တိရစ္ဆာန်တစ်ကောင်လို ဖြစ်နေတဲ့ လော့ယင်ကို ကြည့်ပြီး ဘာပြောရမှန်း မသိတော့ဘူး။

“မင်း နောင်မှာ ပိုကောင်းတဲ့ချစ်သူတစ်ယောက်ကို ရှာနိုင်မှာပါ။” မုယောင်က တိုးတိုးလေး ပြောပြီး လော့ယင်ကို ကျော်ကာ အလျင်အမြန် ထွက်သွားတယ်။

လော့ယင်က မုယောင်ကို နက်နက်ရှိုင်းရှိုင်း ကြည့်နေပြီး သူ့ရဲ့ မျက်လုံးတွေထဲမှာ အားနည်းမှုတွေ ရှုံးနိမ့်မှုတွေ ပြည့်နှက်နေတယ်။

Chapter 81 end

Chapter 82

မုယောင် အစည်းအဝေးပြီးတဲ့အခါ ဖေးယန်ရှင်းက သူ့ကို မက်ဆေ့ခ်ျ ပို့လာတယ်။
ဖေးယန်ရှင်းလည်း ဒီနေ့ စာသင်ချိန်တွေ ပြီးသွားတာကြောင့်  အဆောက်အဦး တံခါးဝမှာ စောင့်နေပြီး မုယောင်နဲ့ အတူတူ ထမင်းစားဖို့ စဉ်းစားထားတယ်။

မုယောင် ထွက်လာတာနဲ့ သူက မြင်သွားပြီး လက်ကို ဝှေ့ယမ်းလိုက်တော့ မုယောင်က ပြေးလာတယ်။

“ငါ ဘာလို့ ဒီလူက ကျောင်းပန်းကလေးရဲ့ချစ်သူ အသစ်လို့ ထင်နေမိတာပါလိမ့်?” ဖေးယန်ရှင်းက သူ့ပတ်ဝန်းကျင်မှာ ကောလဟာလတွေ ပြောနေတဲ့ ကျောင်းသားတွေကို ချက်ချင်း သတိထားမိလိုက်တယ်။

ဂိမ်းကျွမ်းကျင်သူတစ်ယောက်အနေနဲ့ ဖေးယန်ရှင်းက မုယောင်ကို သူကြိုက်တယ်ဆိုတာ သေချာအောင် လုပ်ပြီးကတည်းက A တက္ကသိုလ်ရဲ့ဖိုရမ်မှာ မုယောင်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ရှာဖွေခဲ့တယ်။ ဒါကြောင့် ဌာနရဲ့ အလှဆုံးကျောင်းသားက(ကျောင်းပန်းကလေး) မုယောင်ကို ရည်ညွှန်းတယ်ဆိုတာကို သူ သိတယ်။

​ဖေးယန်ရှင်းရဲ့နှုတ်ခမ်းထောင့်မှာ အနည်းငယ် ကွေးညွတ်သွားပြီး သူက မုယောင်ရဲ့စာအုပ်တွေကို သူ့ရဲ့ပခုံးလွယ်လွယ်အိတ်ထဲ ထည့်ပြီး မုယောင်လက်ကို ဆွဲကာ ထမင်းစားဖို့ သွားလိုက်တယ်။

“ကြောင်ပေါက်လေး၊ ကိုယ် ဒီနေ့ နာမည်ကြီးတဲ့ ဖားစားသောက်ဆိုင်မှာ ဘွတ်ကင်ယူထားတယ်။”

“တကယ်လား၊ ကောင်းလိုက်တာ!” A တက္ကသိုလ် အနီးမှာ နာမည်ကြီးတဲ့ ဖားဆိုင် အသစ်တစ်ခု ဖွင့်ထားတယ်။ စားသုံးဖူးတဲ့လူအများအပြားက သူတို့ဆိုင်ကို အကြံပြုကြတယ်။ ဖားတွေကလည်း အရမ်းလတ်ဆတ်ပြီး စပ်ပြီး မွှေးတယ်လို့ ပြောကြတယ်။

ဒါပေမယ့် စီးပွားရေးက အရမ်းကောင်းလို့ နေ့တိုင်း လူပြည့်နေတယ်။ မုယောင် တစ်ခါမှ မစားရသေးဘူး။

လူနှစ်ယောက်က ကားမောင်းပြီး စားသောက်ဆိုင်ကို သွားလိုက်တယ်။ တံခါးဝကို ဝင်လိုက်တာနဲ့ စပ်တဲ့ အနံ့ကို ရလိုက်တော့ မုယောင်ရဲ့ဗိုက်က ချက်ချင်း တဂွီဂွီ အော်လာတယ်။
ဒီဆိုင်မှာ သီးသန့်အခန်း မရှိလို့ ဖေးယန်ရှင်းက ပြတင်းပေါက်ဘေးက နေရာကို ကြိုတင်မှာထားတယ်။

လူနှစ်ယောက်က ဖားပွဲကြီး တစ်ပွဲ၊ ကြက်သားကြော်နဲ့ အသုပ်တစ်ပွဲ မှာပြီး ထိုင်ခုံပေါ်မှာ ထိုင်ကာ အစားအသောက်တွေ လာချမှာကို စောင့်နေတယ်။

သူတို့ဆိုင်က ဖားတွေက တကယ်ကို အရမ်းကောင်းတယ်။လူငယ်နှစ်ယောက်က အစားအသောက်တွေကို အကုန် စားပြီးနောက် အစာကြေဖို့ ကုလားထိုင်တွေမှာ မှီထိုင်နေကြတယ်။

“ငါ အိမ်သာ ခဏ သွားလိုက်ဦးမယ်။” မုယောင်ရဲ့နှုတ်ခမ်းတွေက စပ်လွန်းလို့ နီရဲနေတယ်။ သူက စားနေတုန်းမှာ ဖျော်ရည်တစ်ဘူး သောက်ခဲ့ပြီး အခု ရေနည်းနည်း ​​​ပြန်ထုတ်ချင်နေတယ်။(ရှူးသွားပေါက်တာ TwT)

“သွားလေ ယောင်ယောင်” ဖေးယန်ရှင်းက ဖုန်းနဲ့ ငွေရှင်းနေတယ်။

မုယောင်က အိမ်သာကနေ ထွက်လာတော့ ဖေးယန်ရှင်းကို အိမ်ပြန်ဖို့ ခေါ်ဖို့ လုပ်နေတုန်း သူတို့ စားပွဲဘေးမှာ ယောက်ျား နှစ်ယောက် ရပ်နေတာကို တွေ့လိုက်ရတယ်။ ဖေးယန်ရှင်းက ဖုန်းကို စိတ်မရှည်စွာ ကြည့်နေတယ်။

“မင်းတို့က ဘယ်သူတွေလဲ?” မုယောင်က ရှေ့ကို လျှောက်သွားရင်း လူနှစ်ယောက်ကို ကြည့်လိုက်တယ်။ သူက ဖေးယန်ရှင်းနဲ့ အနီးဆုံးမှာရှိတဲ့ လူကို ရင်းနှီးနေတယ်လို့ ခံစားနေရတယ်။

လူနှစ်ယောက်က အသံကြားတော့ လှည့်ကြည့်လာပြီး ဖေးယန်ရှင်းလည်း လှမ်းကြည့်လာတယ်။

“မူအန်း? မင်းက ဘာလို့ ဒီမှာရှိနေတာလဲ?” မုယောင် စားပွဲဘေးကို လျှောက်သွားတော့ ရပ်နေတဲ့လူနှစ်ယောက်က မူအန်းနဲ့ သူ မသိတဲ့လူငယ်တစ်ယောက် ဖြစ်နေတယ်။

“မုယောင်? မင်းက ဖေးယန်ရှင်းနဲ့ ထမင်းစားနေတာလား? မင်းမှာ ချစ်သူ ရှိပြီးသား မဟုတ်ဘူးလား?” မူအန်းရဲ့အသံက ပြင်းထန်ပြီး မေးခွန်းထုတ်သလိုနဲ့ ဒေါသတွေတောင် ပါနေတယ်။

“ငါတို့ နှစ်ယောက် ထမင်းစားတာက မင်းနဲ့ ဘာဆိုင်လို့လဲ?” မုယောင်က မူအန်းရဲ့စကားတွေက အဓိပ္ပာယ်မရှိဘူးလို့ ထင်တယ်။

“မူအန်း၊ မင်း တိတ်တိတ်နေ!” ​ဖေးယန်ရှင်းရဲ့အကြည့်က နောက်ဆုံးမှာ မူအန်းပေါ်ကို ရောက်သွားပေမယ့် အဲဒီအကြည့်မှာ သတိပေးမှုနဲ့ စိတ်ပျက်မှုတွေ ပြည့်နေတယ်။

“မုယောင်၊ မင်းက မင်းရဲ့ဟန်ဆောင်ကောင်းတဲ့အမေဖြစ်သူက မွေးထားတဲ့အတိုင်းပဲ။ ချစ်သူတစ်ယောက်နဲ့တင် မလုံလောက်လို့ ဖေးယန်ရှင်းကိုပါ အပြင်မှာ ဆွဲဆောင်နေလိုက်သေးတယ်။” မူအန်းက ဖေးယန်ရှင်းရဲ့ဒေါသထွက်နေတဲ့ အကြည့်တွေကို လျစ်လျူရှုပြီး သူကသာ ဖေးယန်ရှင်းရဲ့ချစ်သူလိုမျိုး ပြင်းထန်စွာ ပြောလိုက်တယ်။

“မဟုတ်သေးပါ​ဘူး။မင်း ဆေးမှားသောက်လာတာလား။” မုယောင်က အံ့အားသင့်လွန်းလို့ ဆွံ့အသွားတယ်။

“မင်းမှာ စိတ်ကစဥ့်ကလျားရောဂါရှိရင်လည်း ဆရာဝန်ဆီ သွားပြလိုက်စမ်းပါ။ ဖေးယန်ရှင်းက မင်းကို သေလောက်အောင် စိတ်အနှောင့်အယှက်ဖြစ်နေတာ မင်း မသိဘူးလား။ မင်း သူ့ကို နှစ်ပေါင်းများစွာ လိုက်နေတာတောင် သူက မင်းကို ဂရုစိုက်ဖူးလား?”

“ငါတို့နှစ်ယောက် အတူတူ ထမင်းစားတာကို ပြောဖို့နေနေသာသာ လက်တွဲတာတောင် မင်းနဲ့ မဆိုင်ဘူး။ သူက မင်းရဲ့ချစ်သူမှ မဟုတ်ဘူး။”  …ငါ့ရဲ့ ချစ်သူပဲ …မုယောင်က စိတ်ထဲမှာ တိတ်တဆိတ် ထည့်ပြောလိုက်တယ်။

“ထွက်သွားစမ်း!” ဖေးယန်ရှင်းက မူအန်းကို စိတ်ပျက်စွာနဲ့ ကြည့်ပြီး သူသာ မထွက်သွားရင် ကန်ထုတ်ပစ်မယ်လို့ ခြိမ်းခြောက်လိုက်တယ်။

မူအန်းက အံ့ကြိတ်ပြီး မုယောင်ကို ရူးသွပ်နေတဲ့လူတစ်ယောက်လို စိုက်ကြည့်လိုက်ပေမယ့် ဖေးယန်ရှင်းဆီက ထလုပ်တော့မယ့် အကြည့်တွေကြောင့် သူ့ရဲ့သူငယ်ချင်းကိုသာ ဆွဲခေါ်ပြီး ထွက်သွားလိုက်တယ်။

“ယောင်ယောင်၊ မင်း အဆင်ပြေရဲ့လား?”ဖေးယန်ရှင်းက မျက်မှောင်ကြုတ်ပြီး မူအန်း မုယောင်ကို ပြောခဲ့တဲ့ စကားတွေကို စဉ်းစားလေ ပိုပြီး ဒေါသထွက်လေ ဖြစ်နေတယ်။

မကြာသေးခင်က ဖေးမိသားစုနဲ့ မူမိသားစုက ပူးပေါင်းဆောင်ရွက်မှု အနည်းငယ် ရှိနေခဲ့တယ်။ ဒါက သူ့ကို လိုက်ပိုးနေတဲ့ မူအန်းကို ပိုပြီးအခွင့်ကောင်းယူစေခဲ့တယ်။ ဖေးယန်ရှင်းက သူ့ကို အရမ်း ငြီးငွေ့စိတ်ပျက်နေလို့ တစ်ယောက်ယောက်ကို ရှာပြီး သူ့ကို ရိုက်နှက်ခိုင်းချင်နေတယ်။

“ငါ ဘာမှ မဖြစ်ပါဘူး။ တစ်ချက်ကြည့်ရုံနဲ့ သူက ဦးနှောက် မရှိတဲ့သူလိုပဲ” မုယောင်က ပြောလိုက်တယ်။

မုယောင်က သူ့ကို တကယ်ဂရုမစိုက်ဘူး။ ဒီကောင်လေးရဲ့ ဦးနှောက်မရှိတဲ့ ပုံစံက ဘဝဟောင်းက သူ့နဲ့ တူတယ်။ ဒါကြောင့် သူ့မှာ ကြည့်ပြီး စိတ်ပျက်နေရတယ်။

Chapter 82 end

Chapter 83

မုယောင်နဲ့ဖေးယန်ရှင်းတို့ ထမင်းစားပြီးတော့ အတူတူ အိမ်ကို ပြန်လာခဲ့ကြတယ်။ အိမ်မှာ ဘယ်သူမှ မရှိလို့ ပျင်းရိနေတဲ့ တက္ကသိုလ်ကျောင်းသားနှစ်ယောက်က ဂိမ်းခန်းကို သွားပြီး ဂိမ်းဆော့လိုက်ကြတယ်။

ကောင်းကင်က တဖြည်းဖြည်း မှောင်လာတဲ့အခါကျမှ လူနှစ်ယောက်က ဗိုက်ဆာပြီး အခန်းထဲကနေ ထွက်လာကြတယ်။ ဟင်းချက်တဲ့ အနံ့က စင်္ကြံမှာ ပြန့်နှံ့နေတယ်။ မုယောင်က အောက်ထပ်ကို အလျင်အမြန် ဆင်းသွားတော့ ချက်ပြုတ်နေတဲ့ ခန်ချင်းဟန်ကို တွေ့လိုက်ရတယ်။

” ဒီနေ့ အလုပ်ကနေ ဒီလောက်စောစော ပြန်လာတာလား?” မုယောင်က ခေါင်းလေးကို ထုတ်ပြီး ခန်ချင်းဟန် အခုလေးတင် ကြော်ထားတဲ့ အသားချောင်းတွေကို စိုက်ကြည့်နေတယ်။

ခန်ချင်းဟန်က ဒီကြောင်လေးရဲ့လောဘကြီးတဲ့ပုံစံကြောင့် ရယ်လိုက်ပြီး အသားချောင်းတစ်ချောင်းကို မှုတ်ပေးကာ ခွံ့ကျွေးလိုက်တယ်။

“အရမ်း ကောင်းတာပဲ!” မုယောင်က အံ့အားသင့်သွားတယ်။ သိန်းပေါင်းများစွာ တန်တဲ့ ခန်ချင်းဟန်က ချက်ပြုတ်ရာမှာ အရမ်းကောင်းမွန်ပြီး သာမန်အိမ်ချက်ဟင်းတွေပါ ချက်တတ််မယ်လို့ မထင်ထားဘူး။

ဖေးယန်ရှင်းက ခန်ချင်းဟန် အာရုံမစိုက်တဲ့အချိန်ကို အခွင့်ကောင်းယူပြီး အသားချောင်း အနည်းငယ်ကို ခိုးစားလိုက်တယ်။ ခန်ချင်းဟန်က သတိထားမိပြီး တိုးတိုးလေး နှာမှုတ်လိုက်ပေမယ့် ဘာမှ မပြောဘူး။

အိမ်မှာ ထမင်းချက်တဲ့ အန်တီကြီးတစ်ယောက်ရှိတယ်။ ဘာလို့လဲဆိုတော့ ပိုင်ရန်နဲ့ခန်ချင်းဟန် နှစ်ယောက်ပဲ ထမင်းချက်တတ်ပြီး သူတို့ နှစ်ယောက်ကလည်း အမြဲတမ်း အလုပ်များနေတယ်။

ညစာ အဆင်သင့်ဖြစ်တော့ လူတိုင်းက တစ်ယောက်ပြီး တစ်ယောက် ပြန်လာကြတယ်။ မုယွင်ဇီက မုယောင်အတွက် သူ အရင်ကကြိုက်ခဲ့တဲ့ မုမိသားစုအနီးမှာပဲ ဖွင့်ထားတဲ့ ကိတ်ဆိုင်က ချိစ်ကိတ်လေးတွေ ဝယ်လာပေးတယ်။

အချိန်တွေက မြန်မြန် ကုန်သွားပြီး လျှပ်တစ်ပြက်အတွင်း တစ်လ ထပ်ကုန်သွားတယ်။

A တက္ကသိုလ်ဥပဒေဌာနက အနီးအနားရှိမြို့က တက္ကသိုလ်မှာ မကြာသေးခင်က အပြန်အလှန်လေ့လာရေးခရီးစဉ်ကို စီစဉ်ခဲ့တယ်။ မုယောင်က အနီးအနားကမြို့မှာ အသစ်ဖွင့်ထားတဲ့ နာမည်ကြီးဆိုင်တွေ အများကြီး ရှိတယ်လို့ ကြားတော့ လျှောက်လွှာတင်ပြီး သူငယ်ချင်းတွေနဲ့ အတူတူ သွားကစားဖို့ စဉ်းစားလိုက်တယ်။

ပိုင်ရန်က အချိန် မရှိဘူး။ သူ့ရဲ့လုပ်ငန်းက တိုးတက်နေတယ်။ မုယွင်ဇီက အနီးအနားကမြို့မှာ အစည်းအဝေးတစ်ခု တက်ဖို့ သွားရမှာဖြစ်သွားတယ်။ ကံမကောင်းစွာနဲ့ မုယောင်က ကျောင်းက စီစဉ်ပေးတဲ့အတိုင်း လိုက်နာပြီး စီစဉ်ပေးထားတဲ့ ဟိုတယ်မှာ နေရမယ်။

သူတို့ အပြန်အလှန်လေ့လာရေးခရီးစဉ်အတွက် သွားခဲ့တဲ့ တက္ကသိုလ်က နိုင်ငံရေးနဲ့ဥပဒေရေးရာတက္ကသိုလ် ဖြစ်တယ်။ ဥပဒေဘာသာရပ်က သူတို့ကျောင်းထက် အများကြီး ပိုကောင်းတယ်။ သာမန်ကျောင်းသားတစ်ယောက် ဖြစ်တဲ့ မုယောင်လိုလူတောင် အကြိမ်အနည်းငယ် အပြန်အလှန်လေ့လာပြီး အရမ်း အကျိုးရှိခဲ့တယ်လို့ ခံစားရတယ်။

မုယောင်က သူ့ရဲ့အနာဂတ်အတွက် အစီအစဉ်တွေကို အခုကတည်းက တွေးထားပြီးသား။ သူက ဘွဲ့မရခင် ဥပဒေစာမေးပွဲကို အောင်အောင် ဖြေပြီး ပိုင်ရန်ရဲ့ရှေ့နေရုံးမှာပဲ အလုပ်သင်လုပ်ပြီး နောက်ပိုင်းမှာ ရှေ့နေတစ်ယောက် ဖြစ်လာဖို့ စဉ်းစားထားတယ်။

တကယ်တော့ သူ့ရဲ့မိသားစု နောက်ခံနဲ့ဆိုရင် ဘယ်နာမည်ကြီး ရှေ့နေရုံးကိုပဲ သွားသွား ပြဿနာ မရှိဘူး။ ဒါပေမယ့် မုယောင်က အဲဒီလောက် ကြိုးစားတဲ့သူ မဟုတ်ဘူး။ သူက သာမန် အလုပ်တစ်ခု ရပြီး ပိုက်ဆံတွေကို သုံးပြီး ဘဝကို ပျော်ရွှင်စွာဖြတ်သန်းချင်တာ။

မုယောင်က သူငယ်ချင်းတွေနဲ့အတူတူ နေရာအများကြီးကို ပျော်ရွှင်စွာ လျှောက်လည်ခဲ့တယ်။ သူ စိတ်ဝင်စားတဲ့ နာမည်ကြီး စားသောက်ဆိုင် အနည်းငယ်ကို အကုန်ဝင်စားခဲ့ပြီး တချို့ဆိုင်တွေက တကယ်ကို အရမ်းကောင်းတယ်လို့ တွေးမိတယ်။

သူတို့ A မြို့ကိုပြန်မယ့် အရှေ့တစ်ရက်မှာ မုယောင်နဲ့ လူအနည်းငယ်က နာမည်ကြီး ရှေးဟောင်းပစ္စည်းဆိုင်တန်းကို သွားကြည့်ချင်ကြတယ်။

ဒီမြို့ရဲ့ သမိုင်းအမွေအနှစ်က နက်ရှိုင်းတာကြောင့် ရှေးဟောင်းပစ္စည်းလုပ်ငန်းက အရမ်း တိုးတက်တယ်။ ဒီမြို့ရဲ့ရှေးဟောင်းပစ္စည်းဆိုင်တန်းက တစ်နိုင်ငံလုံးမှာလည်း နာမည်ကြီးတယ်။

.
မုယောင်က တန်ဖိုးရှိတဲ့ပစ္စည်းတွေကို ရှာဖို့ မဟုတ်ဘူး။ သူက အိမ်က လူတွေအတွက် လက်ဆောင်တွေ ဝယ်ဖို့ လာခဲ့တာ။
ဒီဆိုင်တန်းမှာ ပန်းချီကား၊ ကြွေထည်၊ ကြေးထည်စတဲ့ ကြီးမားတဲ့ ရှေးဟောင်းပစ္စည်းတွေတင် မဟုတ်ဘဲ နာရီအိတ်ဆောင်၊ ကျောက်မျက်ရတနာ လက်ကောက်စတဲ့ အသေးစားအလှဆင်ပစ္စည်းတွေလည်း ရှိတယ်။

မုယောင်တို့ ရောက်တဲ့အချိန်က အားလပ်ရက်နဲ့ တိုက်နေတယ်။

လမ်းပေါ်မှာ လူတွေ အရမ်းများတယ်။ အစပိုင်းမှာ လူအနည်းငယ်က အတူတူ သွားခဲ့ကြပေမယ့် လူအုပ်က ထိုလူအနည်းငယ်လေးကို ချက်ချင်း ကွဲသွားစေတယ်။ နောက်ဆုံးမှာ လူတိုင်းက တစ်ယောက်ချင်းစီ သွားဖို့နဲ့ နောက်ဆုံးမှာ ပြန်စုဖို့ ဆုံးဖြတ်လိုက်ကြတယ်။

မိန်းကလေး နှစ်ယောက်က ရှေးဟောင်း ကျောက်မျက်ရတနာ လက်ကောက်တွေ ရောင်းတဲ့ ဆိုင်ထဲကို အတူတူ ဝင်သွားကြတယ်။ ကျန်တဲ့ ယောက်ျားလေးတွေက တစ်ယောက်ချင်းစီ လျှောက်ကြည့်နေကြတယ်။

မုယောင်က ဘယ်ဘက်ညာဘက် ကြည့်နေရင်း ဆံထိုးတွေ ရောင်းတဲ့ ဆိုင်တစ်ခုက သူ့ရဲ့ အာရုံကို ဖမ်းစားသွားတယ်။
ဆိုင်ထဲက ဆံထိုးတွေက ကျောက်စိမ်းနဲ့ လုပ်ထားတယ်။ မုယောင် တံခါးဝကို ဝင်လိုက်တာနဲ့ သိုးဆီကျောက်စိမ်း ဆံထိုးလေးတစ်ခုကို ချက်ချင်း သဘောကျသွားတယ်။

အဲဒီဆံထိုးလေးက လှပပြီး လက်ရာမြောက်တယ်။ မုယောင်က တစ်ချက်ကြည့်တာနဲ့ ပိုင်ရန်ရဲ့စိတ်နေသဘောထားနဲ့ အရမ်းလိုက်ဖက်တယ်လို့ ခံစားလိုက်ရတယ်။

ဆိုင်ဝန်ထမ်းက မုယောင်ရဲ့အဝတ်အစားတွေကို ကြည့်ပြီး မုယောင်က ဝယ်နိုင်တယ်လို့ ခန့်မှန်းလိုက်တယ်။ ဒါကြောင့် မုယောင်ကို စိတ်အားထက်သန်စွာ ရှင်းပြပြီး မုယောင် ကြည့်လို့ရအောင် ထုတ်ပေးလိုက်တယ်။

Chapter 83 end

Chapter 84

 

မုယောင်ရဲ့မိသားစုနောက်ခံနဲ့ဆိုရင် အရည်အသွေးကောင်းမွန်ပြီး ထွင်းထုလက်ရာကောင်းတဲ့ ကျောက်စိမ်းပစ္စည်းတွေကို သဘာဝအတိုင်း မြင်ဖူးတယ်။ ဒီဆံထိုးက အကောင်းဆုံးလို့ မဆိုနိုင်ပေမယ့် လက်ဆောင်ပေးဖို့အတွက်ဆိုရင်တော့ သင့်တော်ပါတယ်။

မုယောင်က အသေးစိတ် ကြည့်ရှုစိတ်ဆေးပြီး ကတ်ဖြင့် အမြန်ရှင်းလိုက်ကာ တခြားလူတွေကို လက်ဆောင်တွေ သွားပြဖို့ စဉ်းစားလိုက်တယ်။

ဒါပေမယ့် မုယောင် ဆိုင်တံခါးဝကို လှမ်းထွက်လိုက်တာနဲ့ လူအုပ်ကြားမှာ လွတ်လွတ်လပ်လပ် သွားလာလို့ မရတော့ဘူး။ မုယောင်က လူနည်းတဲ့အချိန်ကို အနိုင်နိုင် ရှာပြီး လွတ်မြောက်ဖို့ ကြိုးစားနေတုန်း နောက်ကနေ ရုတ်တရက် လူတစ်ယောက်က မုယောင်ရဲ့နှာခေါင်းနဲ့ ပါးစပ်ကို ပိတ်လိုက်တယ်။ စူးရှတဲ့ အနံ့က ချက်ချင်း ထွက်လာပြီး မုယောင် သတိလစ်သွားတယ်။

မုယောင်ရဲ့လက်ထဲမှာ ကိုင်ထားတဲ့ လက်ဆောင်ဘူးလေးက မြေကြီးပေါ်ကို ပြုတ်ကျသွားတယ်။ အဝေးက စောင့်ကြည့်ကင်မရာက ဒီမြင်ကွင်းကို မှတ်တမ်းတင်ထားပေမယ့် အဲဒီလူက မုယောင်ကိုဆွဲခေါ်ပြီး ချက်ချင်း ပျောက်ကွယ်သွားတယ်။

မုယောင် မျက်လုံးဖွင့်လိုက်တော့ လည်ချောင်းက ခြောက်ကပ်နေတယ်။ သူ့ရဲ့အာရုံက အနည်းငယ် ဝေဝါးနေပြီး မှောင်မိုက်နေတဲ့ အခန်းကို မိနစ်အနည်းငယ်လောက်ကြည့်နေပြီးမှ သူ အဖမ်းခံရတယ်ဆိုတာကို သဘောပေါက်သွားတယ်။

မုယောင် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်တော့ ဒါက စွန့်ပစ်ထားတဲ့ ဂိုဒေါင်တစ်ခု ဖြစ်တဲ့ပုံပဲ။ သူ့ရဲ့လက်နဲ့ ခြေထောက်တွေကို ကုလားထိုင်မှာ ချည်နှောင်ထားပြီး ပါးစပ်မှာတော့ တိပ်ကပ်မထားဘူး။ မြို့ပြင်ကနေ ဝေးဝေးကို ရောက်နေပြီဆိုတော့ ပြန်ပေးဆွဲတဲ့သူတွေက သူ အော်ဟစ်မှာကို မကြောက်ဘူး။

မုယောင်ရဲ့စိတ်ထဲမှာ အနည်းငယ် လေးလံသွားတယ်။ သူက နှစ်ပေါင်းများစွာ ပြန်ပေးဆွဲခံရတာမျိုး မကြုံဖူးဘူး။

သူ ငါးနှစ် ခြောက်နှစ်အရွယ်မှာ ပြန်ပေးဆွဲတဲ့သူတွေက သူ့ကို တစ်ကြိမ် ခိုးယူဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက မုယွင်ဇီက အနီးအနားမှာ ရှိနေခဲ့တယ်။

မုယွင်ဇီရဲ့ဘေးမှာ ငယ်ငယ်ကတည်းက အစောင့်တွေ အမြဲတမ်း ရှိတယ်။ အဲဒီအချိန်ကစပြီး မုယောင် အသက် ၁၆ နှစ် မတိုင်ခင်အထိ သူ့ဘေးမှာ အစောင့် နှစ်ယောက် အမြဲတမ်း ရှိခဲ့တယ်။

မုယောင်က သူ့ကို ပြန်ပေးဆွဲပြီး ငွေညှစ်ဖို့ ဖြစ်နိုင်ခြေ ဘယ်လောက်ရှိလဲဆိုတာကို စဉ်းစားနေတယ်။ ဘာလို့လဲဆိုတော့ သူ ဘယ်သူ့ကိုမှ ရန်သူအဖြစ် ရန်ငြိုးဖွဲ့ထားတာ မရှိဘူး။

မုယောင်က သူ့ကို ပြန်ပေးဆွဲတဲ့သူတွေက သူက မုမိသားစုရဲ့ သခင်လေးဆိုတာသိလို့ ငွေညှစ်ချင်နေရုံပဲလို့ မျှော်လင့်တယ်။ ဒီလိုဆိုရင် ဒီလူတွေက သူ့ကို ထိမှာ မဟုတ်ဘူး။

ရဲစခန်းမှာ မုယွင်ဇီက စောင့်ကြည့်ကင်မရာ မှတ်တမ်းကို မျက်နှာမည်းကြီးနဲ့ ကြည့်နေတယ်။ စားပွဲပေါ်မှာ သိုးဆီရောင် ကျောက်စိမ်းဆံထိုး ထည့်ထားတဲ့ လက်ဆောင်ဘူးလေး ရှိနေပြီး ရဲတွေရဲ့မျက်နှာတွေကလည်း တည်ကြည်လေးနက်နေကြတယ်။

မုယွင်ဇီက နေ့လယ်ပိုင်းမှာ မုယောင်ကို မက်ဆေ့ခ်ျ အနည်းငယ် ပို့ခဲ့ပေမယ့် တစ်စောင်မှ ပြန်မဖြေလာဘူး။ နောက်ပိုင်းမှာ ဖုန်းခေါ်ကြည့်တော့လည်း ဖုန်းစက်ပိတ်ထားတာကို သိလိုက်ရတယ်။

တစ်ခုခု မှားနေပြီလို့ ခံစားရတဲ့ မုယွင်ဇီက လက်ထောက်ကို မုယောင်ရဲ့အတန်းဖော်တွေကို ဆက်သွယ်ခိုင်းလိုက်တယ်။ မုယောင်က သူတို့နဲ့ ပြန်မဆုံသေးဘူးဆိုတာကို သိလိုက်ရတော့ မုယောင်ရဲ့သတင်းကို လိုက်ရှာနေကြတယ်။

မုမိသားစုရဲ့အမွေဆက်ခံသူအနေနဲ့ သူက ငယ်ငယ်တုန်းက မုယောင် ပြန်ပေးဆွဲခံရလုနီးပါး ဖြစ်ခဲ့တဲ့ အချိန်ကို သတိရသွားတယ်။ စောင့်ကြည့်ကင်မရာကို ကြည့်လိုက်တော့ မျက်နှာကို မမြင်ရအောင် အုပ်ထားတဲ့ လူတစ်ယောက်က မုယောင်ကို ခေါ်သွားတာကို တွေ့လိုက်ရတယ်။

ပြီးတော့ လုပ်ငန်းစဉ်တစ်ခုလုံးက တစ်ယောက်တည်း လုပ်တာ မဟုတ်ဘူး။ သတိလစ်အောင် လုပ်တာကနေစပြီး ကင်မရာကို ရှောင်တာအထိ၊ ကားမောင်းပြီး ခေါ်သွားတာကနေ ကားလဲပြီး မြို့ကနေ ထွက်သွားတာအထိ အနည်းဆုံး လူသုံးယောက် ပါဝင်တဲ့ အဖွဲ့လိုက်လုပ်တာ ဖြစ်နိုင်တယ်။

အဆိုးဆုံးကတော့ မုယောင်ကို ခေါ်သွားတာ သုံးနာရီလောက် ရှိသွားပြီ။ မုယွင်ဇီဆီကို အခုထိ ငွေနဲ့ လူလာရွေးဖို့ ဖုန်းခေါ်မလာသေးဘူး။ ဒါက ပိုက်ဆံအတွက် မဟုတ်တာလည်း ဖြစ်နိုင်တယ်!

မုယောင်က နိုးလာပြီးနောက် မှောင်မိုက်နေတဲ့ အခန်းငယ်လေးထဲမှာ ဆယ်မိနစ်ကျော်လောက် နေပြီးမှ သူ့ရဲ့ အခြေအနေကို လာစစ်တဲ့သူ ပေါ်လာတယ်။

သူ နိုးလာတာကို မြင်တော့ သာမန်ရုပ်ရည်နဲ့အရပ်ရှည်တဲ့ အလယ်အလတ်အရွယ် ယောက်ျားတစ်ယောက်က သူ့ကို ချည်နှောင်ထားတဲ့ ကုလားထိုင်ကို ဆွဲထူပြီး သူ့ကို လူရော ကုလားထိုင်ရော အခန်းငယ်လေးထဲကနေ ဆွဲထုတ်သွားတယ်။

မုယောင်စိတ်ထဲမှာ ပိုပြီး လေးလံသွားတယ်။ ဒီလောက် ကြီးမားတဲ့ ခွန်အားနဲ့ဆိုရင် တစ်ယောက်တည်းပဲ ရှိရင်တောင် မုယောင်က သူ့လက်ထဲကနေ လွတ်မြောက်ဖို့ အရမ်း ခက်ခဲမှာ။

ထွက်လာတာနဲ့ အမြင်အာရုံက ပိုပြီး လင်းလာတယ်။ မုယောင်က ဒါက စွန့်ပစ်ထားတဲ့ ဂိုဒေါင်ကြီးတစ်ခုဆိုတာကို တွေ့လိုက်ရတယ်။ အခန်းထဲမှာ ဗလာကျင်းနေပြီး စွန့်ပစ်ထားတဲ့ ပျက်စီးနေတဲ့ ပျဉ်ပြား အနည်းငယ်ပဲ ရှိတယ်။

“ဟေး၊ ဒီကောင်လေး နိုးလာပြီ။ အသားအရေက နူးညံ့ပြီး နုနယ်လိုက်တာ!” ယောက်ျားတစ်ယောက်ရဲ့ နားထောင်လို့မကောင်းတဲ့ အသံက အခန်းထဲမှာ ပဲ့တင်ထပ်နေတယ်။ သူ့ရဲ့ အကြည့်တွေက မုယောင်ရဲ့မျက်နှာနဲ့ ခါးသေးသေးလေးကို ရည်ရွယ်ချက် မကောင်းတဲ့ အကြည့်တွေနဲ့ ကြည့်နေတယ်။

“မင်း ဘာမှ မတွေးနဲ့။ သူဌေးကို ဝင်ခေါ်လိုက်။” သူ့ဘေးက ယောက်ျားက ပြောလိုက်တယ်။ အဲဒီယောက်ျားက မကျေမနပ်နဲ့ နှာမှုတ်လိုက်ပေမယ့် ဒီတစ်ခါ အလုပ်ရှင် ပေးတဲ့ ပိုက်ဆံကို စဉ်းစားပြီး နာခံစွာနဲ့ အပြင်ကို လေဝင်လေထွက်သွားရှူတဲ့ သူဌေးကို သွားခေါ်လိုက်တယ်။

 

Chapter 84 end

Chapter 85

မုယောင် တံခါးဝကို စိုက်ကြည့်နေတယ်။ အဲဒီယောက်ျားက နှစ်မိနစ် သုံးမိနစ်လောက်ပဲ အပြင်ထွက်သွားပြီး လူငယ်တစ်ယောက်နဲ့အတူ ပြန်ဝင်လာတယ်။

“မူအန်း?” ထိုလူငယ်ရဲ့မျက်နှာကို မြင်တော့ မုယောင်ရဲ့မျက်လုံးအိမ်တွေ ကျုံ့သွားတယ်။

“ဟေး၊ နိုးလာပြီလား မုသခင်လေး။” မူအန်းက နှုတ်ခမ်းထောင့်မှာ အေးစက်တဲ့ အပြုံးတစ်ခုကိုချိတ်ဆွဲပြီး သူ့အသံက ဆိုးရွားလှတယ်။

“မင်း ဘာလုပ်ချင်တာလဲ?” မူအန်းကို မြင်တော့ မုယောင်ရဲ့နှလုံးသားထဲမှာ အေးစက်သွားတယ်။

သူ့ကို ပြန်ပေးဆွဲဖို့ လူငှားတဲ့သူက မူအန်းဆိုတော့ ငွေညှစ်တာနဲ့ ပြန်ပေးဆွဲတာနဲ့ ဘာမှ မဆိုင်တော့ဘူး။ ဒီလူက ရန်ငြိုးဖွဲ့နေတာ သေချာတယ်။ ဒါပေမယ့် မုယောင် နားမလည်ဘူး။ သူနဲ့ မူအန်းက နက်နက်ရှိုင်းရှိုင်း ရန်ငြိုးဖွဲ့ထားတာလည်း မရှိဘူး။ ဒါကို သူက ဘာလို့ မုမိသားစုကို ရန်စပြီး  သူ့ကို ပြန်ပေးဆွဲဖို့ အန္တရာယ်ယူနေရတာလဲ။

“မုယောင်၊ မင်းက တကယ်ကို တော်တဲ့သူပဲ။” မူအန်းက အဆိပ်ရှိတဲ့မြွေလို မုယောင်ရဲ့ဖြူဖွေးပြီး ချောမွေ့တဲ့ မျက်နှာကို ပွတ်သပ်လိုက်ပြီး အားနဲ့ ဖိလိုက်တော့ ကြောက်စရာကောင်းတဲ့ အနီကွက်တွေ ကျန်ခဲ့တယ်။

“ကြားတာကတော့ အရင်တစ်လလောက်တုန်းက လော့မိသားစုက အရူးက မင်းကို ချုပ်ထားတယ်တဲ့။ပြီးတော့ မုယွင်ဇီက  ရူးတော့မတတ် ဖြစ်သွားတယ်တဲ့။မင်းက တကယ်ကို မရွေးချယ်တတ်ဘူးပဲ။ မင်းရဲ့မွေးချင်းအစ်ကိုကိုတောင် မချန်ဘူး။ ဆွဲဆောင်နေချင်သေးတယ်။”

မူအန်းက မုယွင်ဇီနဲ့မုယောင်တို့ရဲ့ ဆက်ဆံရေးကို မသိဘူး။ သူက မုယောင်ကို အရှက်ခွဲနေရုံပဲ။

“မင်းက တကယ်ကို အရာအားလုံးကို လိုချင်နေတာပဲ။ ပိုင်ရန် တစ်ယောက်နဲ့တင် မလုံလောက်လို့ ဖေးယန်ရှင်းကိုပါ ဆွဲဆောင်နေလိုက်သေးတယ်။” ဒီအကြောင်းကို ပြောတော့ မူအန်းက ရက်အနည်းငယ်အလိုတုန်းက သူ ခြေချော်ပြီး ဖေးယန်ရှင်းရဲ့ရင်ခွင်ထဲကို ပြုတ်ကျသွားပေမယ့် ဖေးယန်ရှင်းက သူ့ကို မြေကြီးပေါ် တွန်းချလိုက်တာကို သတိရသွားတယ်။

အဲဒီအချိန်တုန်းက ပတ်ဝန်းကျင်မှာ လူအများကြီး ရှိနေပြီး လူတိုင်းက သူ့ကို ကြည့်ပြီး ရယ်မောနေကြတယ်။ လက်ညှိုးထိုးပြီး ပြောနေကြတဲ့ အသံတွေက မူအန်းကို မုယောင်ကို အရမ်း မုန်းသွားစေတယ်။

သူ့မှာ ချစ်သူ ရှိနေပြီးသားကို ဘာလို့ ဖေးယန်ရှင်းကို မလွှတ်ပေးရတာလဲ။ ခန်မိသားစုကလူကလည်း သူ့ကို ကြိုက်တယ်လို့ ပြောကြတယ်။ သူက ကောင်းမွန်တဲ့ မိသားစုနောက်ခံ ရှိရုံပဲလေ။ ဘာလို့ ကောင်းမွန်တဲ့အရာအားလုံးကို သူချည်းပဲ ရယူနေရတာလဲ။

ဒီအကြောင်းကို စဉ်းစားလိုက်တော့ မူအန်းရဲ့မျက်လုံးထဲက မုန်းတီးမှုတွေ ပိုပြီး နက်ရှိုင်းလာတယ်။ သူက မုယောင်ကို ငယ်ငယ်ကတည်းက မနာလိုဖြစ်ခဲ့တယ်။ သူ့ရဲ့မိသားစု နောက်ခံက သူ့ထက် ပိုကောင်းပြီး သူ့ရဲ့ရုပ်ရည်ကလည်း သူ့ထက် ပိုကောင်းတယ်။ သူက မိထွေးနဲ့ရတဲ့ ကလေးတစ်ယောက် ဖြစ်ပေမယ့် ဘာလို့ သခင်လေးလို့ ခေါ်ခံရတာလဲဆိုတာကို နားမလည်ဘူး။

မူအန်းရဲ့လက်သည်းတွေက မုယောင်ရဲ့မျက်နှာကို တင်းတင်းကျပ်ကျပ် ဆိတ်ထားတယ်။ စူးရှတဲ့နာကျင်မှုက မုယောင်ရဲ့ ဦးနှောက်ထဲကို ရောက်သွားတယ်။ သူက ရှောင်ဖို့ ကြိုးစားပေမယ့် မူအန်းက သူ့ရဲ့မျက်နှာကို ဆုပ်ကိုင်ထားလို့ ရှောင်လို့ မရဘူး။

“ငါနဲ့ဖေးယန်ရှင်း ဘယ်လိုဆက်ဆံရေးပဲ ရှိရှိ သူက မင်းကို မကြိုက်ဘူး။ မင်း တကယ်ကို နားမလည်တာလား?” မုယောင်က မူအန်းကို ဒေါသထွက်အောင် မလုပ်ချင်ဘူး။ ဒါပေမယ့် သူ အရမ်း အံ့အားသင့်နေမိတယ်။ မူအန်းက ဖေးယန်ရှင်းက သူ့ကိုပဲ(မူအန်း) စိတ်ဝင်စားပြီး မုယောင်ကိုတော့ လုယူသွားတဲ့သူလိုမျိုး ပြောနေတယ်။

သူတို့ အချင်းချင်းသိရင်တောင် မုယောင်နဲ့ဖေးယန်ရှင်းက ဂိမ်းထဲမှာ အရင်ဆုံး စသိခဲ့ကြတာ။ မူအန်း ပြည်ပကနေ ပြန်လာပြီး ပွဲတစ်ခုမှာ ဖေးယန်ရှင်းကို တွေ့ပြီး မြင်မြင်ချင်း ချစ်မိသွားကာ ထိုအချိန်ကစပြီး ဖေးယန်ရှင်းကို အတင်းလိုက်ကပ်နေတော့တာပဲ။

“မင်းသာ မရှိရင် ငါ့မှာအခွင့်အရေး အမြဲတမ်း ရှိနေမှာ!” မူအန်းရဲ့ မျက်နှာက နီရဲနေတယ်။ဖော်ထုတ်ခံရပြီး အရှက်ကွဲသွားလို့ ဒေါသထွက်နေတဲ့ပုံစံက သူကို ကြောက်စရာကောင်းစေတယ်။

“……” မုယောင်က ဘာမှ ဆက်မပြောတော့ဘူး။ ဒီမူအန်းက သူ့ကိုယ်သူ လှည့်စားနေတာ သိသာတယ်။ သူက ပိုပြောလေ မူအန်းရဲ့စိတ်ခံစားချက်တွေက ပိုပြင်းထန်လာလေ ဖြစ်မယ်။

“မင်း ဘာတွေ စဉ်းစားနေလဲဆိုတာ ငါ မသိဘူးလို့ မထင်နဲ့။  မုယွင်ဇီ မင်းကို လာကယ်မှာကို စောင့်နေတာ မဟုတ်လား?” မူအန်းက တိတ်ဆိတ်နေတဲ့ မုယောင်ကို ကြည့်ပြီး အေးစက်စွာ ရယ်လိုက်တယ်။

“မုယွင်ဇီ မလာခင် ငါက မင်းရဲ့မုန်းစရာကောင်းတဲ့ ဒီမျက်နှာကို ခြစ်ပစ်လို့ရတယ်။” ဒီစကားကို ပြောပြီး မုယောင်ရဲ့မျက်လုံးတွေ ကျယ်သွားတဲ့အချိန်မှာ မူအန်းက လူတစ်ယောက်ဆီက ချွန်ထက်တဲ့ ဓားငယ်လေးကို ယူလိုက်တယ်။

“ဒီလောက် လှတဲ့မျက်နှာလေးကို ခြစ်ပစ်လိုက်ရင် အရမ်း နှမြောစရာကောင်းမှာပဲ!” မူအန်း လုပ်တော့မယ့်အချိန်မှာ အရင်ကတည်းက မုယောင်ကို မဖွယ်မရာကြည့်နေတဲ့ အလယ်အလတ်အရွယ် ယောက်ျားက ပြောလာတယ်။
အဲဒီယောက်ျားရဲ့ ညစ်ညမ်းတဲ့ အကြည့်တွေက မုယောင်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကိုပဲ ကြည့်နေတယ်။ သူက ဒီလိုမျိုး လှပတဲ့ယောက်ျားတစ်ယောက်ကို ဘယ်တုန်းကမှ မမြင်ဖူးဘူး။

“ဘာလဲ၊ မင်း ယောက်ျားတွေကို ကြိုက်တာလား?” မူအန်းက ထိုယောက်ျားရဲ့စကားကြောင့် ဒေါသမထွက်ဘူး။ ထိုယောက်ျားရဲ့ပုံစံကို မြင်တော့ သူ့စိတ်ထဲ ဆိုးရွားတဲ့အတွေးတွေ ပေါ်လာတယ်။

“ဟုတ်တယ် သူဌေး။ ကျွန်တော်က အသားအရေ နူးညံ့ပြီး နုနယ်တဲ့ ကောင်လေးတွေကို အကြိုက်ဆုံးပဲ” မူအန်းက ဒေါသမထွက်ဘူးဆိုတာကို သိတော့ ထိုယောက်ျားက အလျင်အမြန် ပြန်ဖြေလိုက်တယ်။

“ကောင်းပြီလေ။ မင်းကို တစ်ခါ ပျော်စေပြီးမှ သူ့ရဲ့မျက်နှာကို ခြစ်ပစ်လိုက်မယ်။” မူအန်းရဲ့ဆိုးရွားတဲ့စကားတွေက ဗလာကျင်းနေတဲ့ အခန်းထဲမှာ ပဲ့တင်ထပ်နေလေတယ်။

Chapter 85 end

ရက်စက်သောညီငယ်လေး

ရက်စက်သောညီငယ်လေး

Status: Completed Type: Author:

Warning!!!!

Harem ပါ။ gong အကုန်နဲ့ညားပါတယ်။ incest / r@pe tag ပါပါတယ်။ သွေးတစ်ဝက်နှောအစ်ကိုက gongတွေထဲမှာ ပါပါတယ်။

 

Description

 

မုယွင်ဇီသည် ဇာတ်လိုက်၏မောင်းမ​ဆောင်တွင်ရှိသော gong တစ်ယောက်ဖြစ်၏။ မုယောင်သည် သူ၏ သွေးတစ်ဝက်တော်စပ်မှုရှိသော ညီလေးဖြစ်ကာ ရက်စက်သော အမြှောက်စာဇာတ်ကောင်ပင်။ သူသည် ထိုဇာတ်လိုက်က သူ့အစ်ကိုရဲ့အချစ်ကို အမြဲတမ်း ရနေနိုင်ခြင်းကို မနာလိုဖြစ်ခဲ့သည်။သို့ပေမယ့် သူ့အစ်ကိုကတော့ သူ့(မုယောင်)ကို လျစ်လျူရှူခဲ့လေ၏။

 

ဒါကြောင့် မုယောင်ဟာ ဇာတ်လိုက်shouကို gang-rape လုပ်ခိုင်းဖို့ တစ်စုံတစ်ယောက်ကို ရှာတွေ့သွားခဲ့သည်။ သို့ပေမယ့် ဇာတ်လိုက်shouကို သူ့ရဲ့gongက ကယ်တင်သွားမှာကို မလိုလားခဲ့ပေ။ နောက်ဆုံးမှာ grang-rape ခံခဲ့ရတဲ့သူက မုယောင်ဖြစ်လာတော့သည်။

 

(T/N- gang-rape... လူတွေအများကြီးဖြင့် မုဒိန်းကျင့်ခြင်း)

 

စိတ်အားငယ်စွာဖြင့် သူသည် သူ့၏ဘဝကို ရေထဲ ခုန်ချ၍ အဆုံးစီရင်ခဲ့၏။

 

သူ ပြန်လည်မွေးဖွားလာတဲ့အခါမှာတော့ ဇာတ်လိုက်shouနဲ့ သူ့ရဲ့gongတွေဆီကနေ အဝေးမှာနေဖို့ ပြင်ဆင်ခဲ့သည်။ဒါပေမယ့် နောက်ပိုင်းမှာ သူတို့တစ်ယောက်ချင်းစီတွင် တစ်ခုခုမှားယွင်းနေတယ်ဆိုတာ သူရှာတွေ့သွားခဲ့၏။

 

ဇာတ်လိုက်shouက မု​ယောင်နဲ့သူငယ်ချင်းလုပ်ဖို့ အမြဲတမ်းအတင်းတောင်းဆိုနေပေမယ့် မုယောင်ရဲ့နှုတ်ခမ်းတွေကိုတော့ တိတ်တခိုး စွဲစွဲလမ်းလမ်း နမ်းလေ့ရှိသည်။

 

မုယောင်အ​မြဲတမ်း တောင်းဆိုနေရတဲ့ အစ်ကိုဖြစ်သူကလည်း မုယောင်ကို စတင်ထိန်းချုပ်လာပြီး သူ့ကို အခြားယောင်္ကျားတွေနဲ့ အဆက်အသွယ်လုပ်ခွင့်မပေးပေ။

 

နောက်ပြီးတော့ မုယောင်ကို gang-rape ခံရစေပြီး gang-rape ခံရခြင်း၏ အရသာကို ထိတွေ့စေရန် ရည်ရွယ်ခဲ့တဲ့ လူကတော့ မုယောင်ရှေ့တွင် မျက်နှာပေါ်ရှိ ညိုးငယ်ထိုင်းမှိုင်းနေသော အကြည့်ဖြင့် ရပ်နေခဲ့သည်။ထိုသူက မုယောင်ကို နတ်ဘုရားတစ်ပါးကို ယုံကြည်ကိုးကွယ်သူတွေ ကြည့်သလိုမျိုး ကြည့်ကာ

"ကိုယ့်ကို ချစ်ပေးပါ" လို့ပြောလာ၏။

 

^^^^^^^^^^

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset