Chapter 52
မုရှို့၏ ကိုယ်ပေါ်တွင် တကယ်ပင် ညစ်ပတ်နေသည်။ ဝတ်စုံထူကြီးကို ဝတ်ပြီး နေ့ဝက်လောက် ရိုက်ကူးရေး လုပ်ထားရသည့်အပြင် သွေးများဖြင့်လည်း ပေကျံထားသဖြင့် တစ်ကိုယ်လုံး စေးကပ်ကပ် ဖြစ်နေသည်။ မုရှို့လို သန့်ရှင်းရေး အစွဲအလမ်းကြီးသူ မပြောနှင့်၊ ဖေးလုပင် ကြည့်ရတာ အဆင်မပြေ ဖြစ်နေရသည်။
ဖေးလုသည် တဘက်ကို ရေနွေးစွတ်လိုက်ပြီး မုရှို့၏ ခန္ဓာကိုယ်ကို ဂရုတစိုက် သုတ်ပေးလေသည်။ လူနာဝတ်စုံ ကြယ်သီးများကို ဖြုတ်လိုက်ပြီး နွေးထွေးသော တဘက်ဖြင့် လည်ပင်းမှ ရင်ဘတ်အထိ ဆွဲဆင်းကာ သုတ်ပေးလိုက်သည်။
မုရှို့၏ အသားအရေသည် ဖြူဝင်းနေသည်။ အင်္ကျီချွတ်လိုက်သောအခါ ပိန်ပါးသော်လည်း ကြံ့ခိုင်သန်မာသော ကြွက်သားများကို တွေ့လိုက်ရသည်။ ဝမ်းဗိုက်ကြွက်သား ရှစ်မြှောင်းက ထင်းနေပြီး လှပသော ခါးဘေးမျဉ်းကြောင်း (V-shape) သည် ခါးမှတဆင့် ဘောင်းဘီခါးပတ်အောက်သို့ လျှောဆင်းကာ ပျောက်ကွယ်သွားလေသည်။
တကယ့်ကို “အင်္ကျီဝတ်ထားရင် ပိန်တယ်၊ အင်္ကျီချွတ်လိုက်ရင် အသားပြည့်တယ်” ဆိုတာမျိုးပင်။
ဖေးလုသည် အားကျစွာဖြင့် လက်လှမ်း၍ စမ်းကြည့်လိုက်သည်။ သူကိုယ်တိုင်က ဘယ်လောက်လေ့ကျင့်လေ့ကျင့် ကြွက်သားတက်မလာတတ်သောသူ ဖြစ်သည်။ အပြင်ပန်းကြည့်လျှင်သာ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးလေး ဖြစ်သော်လည်း ဗိုက်ကို ဆွဲဖျစ်ကြည့်လိုက်လျှင် ပျော့အိနေသော အဆီများသာ ရှိလေ၏။
“ကြိုက်လား?”
မုရှို့၏ အကြည့်သည် သူ၏ ဝမ်းဗိုက်ကြွက်သားများပေါ်တွင် အကြိမ်ကြိမ် ပွတ်သပ်နေသည့် တဘက်စလေးဆီသို့ ရောက်နေပြီး တည်ငြိမ်စွာ မေးလိုက်သည်။
“…”
ဖေးလုသည် တံတွေးမြိုချလိုက်ပြီး “ခင်ဗျား ဘာပြောနေမှန်း ကျွန်တော် နားမလည်ပါဘူး” ဆိုသည့် အပြစ်ကင်းစင်သော မျက်နှာထားဖြင့် ပြန်ကြည့်လိုက်သည်။
သို့သော် မုရှို့က သူ၏ ဟန်ဆောင်မှုကို လက်မခံပေ။ အလွန်ရိုးသားဖြောင့်မတ်သော မျက်နှာထားဖြင့် ဖေးလုကို ကြည့်ကာ လေးနက်စွာ မေးပြန်သည်။
“ကြိုက်လားလို့? ကြိုက်ရင် ကိုင်ကြည့်လို့ ရတယ်လေ”
သူကိုယ်တိုင်လည်း သူ့အိမ်မွေးတိရစ္ဆာန်လေး၏ ခေါင်းကို ကိုင်ခဲ့ဖူးပြီ မဟုတ်လား။ အခုက အပြန်အလှန် သဘောမျိုးဖြင့် မျှတအောင် လုပ်ပေးခြင်း ဖြစ်သည်။
ဒီတွေးခေါ်ပုံကတော့ ဘာမှ အပြစ်ပြောစရာ မရှိပါဘူး!
“…”
မုရှို့က ရိုးသားဖြောင့်မတ်သော မျက်နှာထားဖြင့်သာ ပြောမနေလျှင် ဖေးလုသည် မုရှို့တစ်ယောက် သူ့ကို လာကြောင်နေသည်ဟု ထင်မိပေလိမ့်မည်။
ဖေးလုသည် ရှက်လွန်း၍ မီးခိုးများပင် ထွက်တော့မတတ် ဖြစ်နေ၏။ လက်ထဲမှ တဘက်ဖြင့် အောက်သို့ သတိလက်လွတ် ဆွဲသုတ်မိလိုက်ရာ မုရှို့ဆီမှ အောင့်အီးထားသော ညည်းသံတစ်ချက် ထွက်ပေါ်လာလေသည်။
“?????”
မုရှို့သည် မျက်မှောင်ကြုတ်ထားသည်။ နေလို့ကောင်းသလိုလို၊ နာကျင်သလိုလို ဖြစ်နေပြီး စိတ်ပျက်လက်ပျက်ဖြင့် ပြောလေသည်။
“မင်း ကိုင်လိုက်လို့ ပြန်မာလာပြန်ပြီ”
ဖေးလု၏ ကြောင်တောင်တောင် အကြည့်များသည် အောက်ဘက်သို့ ရောက်သွားတော့သည်။
“…”
သူသာ အမြန်မထွက်သွားလျှင် ရှက်လွန်း၍ သူ့အလိုလို မီးလောင်ကျွမ်းသွားတော့မည်ဟု ဖေးလု ခံစားလိုက်ရသည်။ သူသည် ထစ်အထစ်အဖြင့် ရှင်းပြလိုက်ရသည်။
“ကျွန်… ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူး”
မုရှို့သည် သူ့ကို အလိုလိုက်သလို၊ မတတ်သာသလို အကြည့်ဖြင့် ကြည့်လိုက်သည်။
“ကိစ္စမရှိပါဘူး… မင်း ကိုင်ချင်ရင် ကိုင်လို့ရပါတယ်”
“…”
ဖေးလု ရှင်းပြချင်သည့် စကားလုံးများအားလုံး လည်ချောင်းဝတွင် တစ်ဆို့ကုန်တော့သည်။ “ကိုင်လို့ရပါတယ်” ဆိုတာ ဘာစကားလဲ? အဲဒီနေရာက ကြုံသလို ကိုင်လို့ရတဲ့ နေရာမှ မဟုတ်တာ!
လေထုသည် ရုတ်တရက် ရပ်တန့်သွားသလို ဖြစ်သွားသည်။ ဖေးလုသည် တဘက်ကို ကိုင်ထားရင်း ရှေ့တိုးရခက် နောက်ဆုတ်ရခက် ဖြစ်နေ၏။ လူနာခန်းထဲတွင် ဖေးလုတစ်ယောက်တည်းသာ ခံစားနေရသော နေရခက်မှုများ လွှမ်းခြုံနေလေသည်။
သို့သော်လည်း ကျွန်တော်တို့၏ ရုပ်ရှင်မင်းသားကြီးတွင်တော့ ထိုကဲ့သို့သော ခံစားချက်မျိုး ရှိမနေပေ။ သူသည် ခဏမျှ လှဲနေပြီးနောက် ဖေးလုကို ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်တော့သည်။
“ပြန်မကျသွားဘူး… ပိုတောင် မာလာသေးတယ်”
တည်ငြိမ်နက်မှောင်သော မျက်လုံးအစုံသည် ဖေးလုကို စိုက်ကြည့်နေသည်။ ဘာစကားမှ မပြောသော်လည်း ဖေးလုသည် ထိုအကြည့်များ၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်လိုက်လေသည်။
ဖေးလု တစ်ယောက်လုံး ပေါက်ကွဲထွက်သွားမတတ် ဖြစ်သွားတော့သည်!!
မုရှို့၏ တည်ငြိမ်သော အကြည့်များသည် သူ့ကိုယ်ပေါ်သို့ ကျရောက်နေပြီး မီးစတစ်ခုကဲ့သို့ လောင်မြိုက်နေသဖြင့် ဖေးလု၏ ဆင်ခြင်တုံတရားများ ပျောက်ဆုံးသွားတော့သည်။ သူသည် ရေဇလုံကို ပိုက်ပြီး အခန်းထဲမှ အလောတကြီး ထွက်ပြေးရတော့၏။
မုရှို့သည် ဖေးလု၏ ပျာပျာသလဲ ထွက်ပြေးသွားသော ကျောပြင်ကို နားမလည်နိုင်စွာ ကြည့်နေမိသည်။ ပစ်ပယ်ခံလိုက်ရသလို ဝမ်းနည်းမှုမျိုးကို ခံစားလိုက်ရပြီး သူ့ညီအစ်ကိုကို မကျေမနပ် ထပ်ကြည့်လိုက်ပြန်သည်။ သူ့အလိုလို ပြန်ကျသွားအောင် စောင့်ရတော့မည့်ပုံပင်။
ဒီတစ်ခေါက် ဘယ်လောက်ကြာမှ ပြန်ပျော့သွားမလဲ မသိဘူး။ အရင်အခေါက်တွေထက် ပိုပြီး မာနေသလိုပဲဟု မုရှို့ စိတ်ပူပင်စွာ တွေးလိုက်မိလေသည်။
………..
ဖေးလုသည် ရေချိုးခန်းတံခါးကို ဂျက်ချလိုက်ပြီး ဘေစင်ရှေ့သို့ အမြန်ပြေးသွားကာ ရေအေးဖြင့် မျက်နှာသစ်လိုက်သည်။ မှန်ထဲမှ လူငယ်လေးသည် မျက်နှာတစ်ခုလုံး နီရဲနေ၏။ နဖူးမှ ဆံစများသည် ရေစိုနေပြီး မျက်တောင်လေးများတွင်လည်း ရေစက်လေးများ တွဲခိုနေသဖြင့် မြင်ရသည့် ပုံစံက တစ်မျိုးကြီး ဖြစ်နေသည်။
ဖေးလုသည် ဘေစင်ကို ဒေါသတကြီး ရိုက်ချလိုက်သော်လည်း တဒုန်းဒုန်း ခုန်နေသော ရင်ခုန်သံကိုမူ ထိန်းချုပ်၍ မရပေ။
တကယ် သရဲစီးနေတာပဲ!!
သူက မုရှို့ကို ကြည့်ပြီး ရင်တွေခုန်၊ မျက်နှာတွေ နီနေတာလား? အရူးပဲ!!
မျက်နှာသစ်ပြီးနောက် ဖေးလုသည် မှန်ရှေ့တွင် ခဏမျှ ငြိမ်နေလိုက်သည်။ မုရှို့ကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်ပြီဟု ခံစားရမှ တံခါးဖွင့်ပြီး ပြန်ထွက်လာခဲ့သည်။
ကုတင်ပေါ်တွင် မုရှို့သည် ရေချိုးခန်းဘက်သို့ မျှော်လင့်တကြီး ကြည့်နေလေသည်။ ဖေးလု ထွက်လာသည်ကို မြင်သောအခါ မျက်လုံးများ အရောင်တောက်သွားပြီးနောက် ဝမ်းနည်းပက်လက် ပြောလေသည်။
“ပြန်မကျသွားသေးဘူး… အရမ်း နေရခက်တာပဲ…”
“…”
ဖေးလု၏ ဟန်ဆောင်တည်ငြိမ်ထားသော မျက်နှာဖုံးမှာ ကွဲအက်သွားတော့သည်။
သူသည် မျက်နှာမည်းကြီးဖြင့် သူ့ကို ပြသရန် ကြိုးစားနေသော မုရှို့ကို ကုတင်ပေါ် ပြန်တွန်းချလိုက်ပြီး ရန်တွေ့လိုက်သည်။
“ကောင်းကောင်း လှဲနေ! မလှုပ်နဲ့!”
မုရှို့သည် အလွန် လိမ္မာစွာဖြင့် ငြိမ်ငြိမ်လေး လှဲနေလိုက်ပြီး ထပ်မထတော့ပေ။
သို့သော် သူ၏ ခန္ဓာကိုယ်သာ ငြိမ်နေခြင်း ဖြစ်ပြီး မျက်လုံးများကမူ မငြိမ်မသက် ဖြစ်နေသည်။ မျက်လုံးများက ဖေးလု၏ ခန္ဓာကိုယ်အနှံ့သို့ မီးရှို့နေသကဲ့သို့ လှည့်လည်ကြည့်ရှုနေ၏။ လျှာတစ်ချောင်းဖြင့် ဖေးလု၏ ခန္ဓာကိုယ် အနှံ့အပြားကို လျက်နေသကဲ့သို့ပင်။
တကယ်ကို သောက်ကျိုးနည်းပဲ!!
အရင်တုန်းက ဒီကောင်ကြီး မျက်လုံးထဲမှာ မျှားချိတ်တွေ ပါနေမှန်း သတိမထားမိခဲ့ဘူး။ ဖေးလုသည် သူ၏ အကြည့်များအောက်တွင် နေရခက်လာသဖြင့် လက်ဖြင့် မျက်လုံးကို အုပ်ပစ်လိုက်သည်။
လက်ဖဝါးအောက်တွင် မုရှို့သည် မျက်လုံးမှိတ်မသွားပေ။ မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ် လုပ်နေသဖြင့် နူးညံ့သော မျက်တောင်မွေးများသည် ဖေးလု၏ လက်ဖဝါးကို ပွတ်တိုက်မိကာ ယားကျိကျိ ခံစားမှုလေးသည် လက်ဖဝါးမှတဆင့် နှလုံးသားအထိ စီးဆင်းသွားတော့သည်။
ထိုအချိန်မှာပင် မုရှို့က သနားစဖွယ် လေသံဖြင့် ဖေးလုကို ပြောလာလေသည်။
“နာတယ်… ကူညီပါဦး”
“…”
ဖေးလုသည် စိတ်ကို မနည်း ထိန်းချုပ်ထားရသည်။ မဟုတ်လျှင် ဒီလူကို ကိုင်ပေါက်မိတော့မည်။
သူသည် မုရှို့၏ ဘောင်းဘီကြိုးကို ဖြေပေးလိုက်ပြီး လေသံမာမာဖြင့် ပြောလိုက်သည်။
“ကိုယ့်ဘာသာကိုယ် ရှင်းလိုက်”
မုရှို့သည် မျက်မှောင်ကြုတ်ကာ အောက်ဘက်သို့ ရွံရှာစွာ ကြည့်လိုက်ပြီး ပြတ်သားစွာ ပြောလေသည်။
“ညစ်ပတ်တယ်… မင်း လုပ်ပေး”
“…”
ဖေးလုသည် ပေါက်ကွဲလုနီးပါး ဖြစ်နေသော ဦးနှောက်ကို ဖိနှိပ်ထားပြီး စိတ်ကို အတတ်နိုင်ဆုံး လျှော့ကာ အကျိုးအကြောင်း ရှင်းပြရန် ကြိုးစားလိုက်သည်။
“ဒီလိုကိစ္စမျိုးကို သူများ အကူအညီ ယူလို့မရဘူးလေ… ကိုယ့်ဘာသာကိုယ် လုပ်ရမှာ”
သို့သော် မုရှို့က နားမထောင်ပေ။ နားမထောင်သည့်အပြင် သူ၏လက်ရှည်ကြီးများက လှုပ်ရှားမှု လျင်မြန်စွာဖြင့် ဖေးလု၏ အရာကိုပါ လှမ်းဆုပ်ကိုင်လိုက်တော့သည်။
“ငါလည်း မင်းကို ပြန်ကူညီပေးလို့ ရတာပဲ”
သူက စမ်းသပ်သည့်အနေဖြင့် ဖျစ်ညှစ်ကြည့်လိုက်၊ ပွတ်သပ်ကြည့်လိုက် လုပ်ပြီးနောက် ကျေနပ်စွာ ပြောလေသည်။
“တွေ့လား… ငါတို့ အပြန်အလှန် ကူညီလို့ ရတာပဲ”
“…”
အခုကျတော့ မညစ်ပတ်တော့ဘူးလား 🙂
ဖေးလု၏ခန္ဓာကိုယ်သည် တောင့်တင်းသွားပြီး မလှုပ်ရဲတော့ပေ။ သူသည် လက်လျော့စွာ ပြောလိုက်ရတော့သည်။
“ခင်ဗျား အရင် လွှတ်လိုက်ပါဦး”
“မရှက်ပါနဲ့… ငါ ကူညီပေးမယ်”
မုရှို့က လေးနက်စွာ ပြောလိုက်သည်။ သူ့အိမ်မွေးတိရစ္ဆာန်လေး၏ အင်္ဂါအစိတ်အပိုင်းသည် သူ့ကို ရွံရှာစေခြင်း မရှိပေ။ ထို့အပြင် လက်ဖဝါးထဲမှ ပျော့အိအိ အရာလေးကို အားအမျိုးမျိုး သုံးကာ စမ်းသပ်ကိုင်တွယ်ကြည့်ချင်စိတ်ပင် ဖြစ်မိသေးသည်။
မကြာမီမှာပင် ပျော့အိအိ အရာလေးသည် မာတောင်လာတော့သည်။
“…”
ဖေးလု ရူးချင်သွားပြီဖြစ်သည်။ သူသည် ပြင်းထန်သော စိတ်လှုံ့ဆော်မှုကို သည်းခံရင်း အကျိုးအကြောင်း ဆက်ရှင်းပြရန်လည်း လက်မလျော့သေးပေ။
“ခင်ဗျား အရင်လွှတ်လိုက်… ကျွန်တော်တို့ ဒီလို လုပ်လို့မဖြစ်ဘူး”
မုရှို့၏ မျက်ဝန်းများ နီရဲလာသည်။ သူသည် ဖေးလုကို နားမလည်နိုင်စွာ ကြည့်လိုက်ပြီး အသံအက်အက်ဖြင့် မေးလေသည်။
“မင်း မကြိုက်ဘူးလား?”
မေးရုံသာမက လက်ထဲမှ အရာကိုပါ အားထည့်ပြီး ဆွဲပွတ်လိုက်သေးသည်။
ဖေးလုခမျာ ခြေထောက်များ ပျော့ခွေသွားပြီး စကားပင် ဆက်မပြောနိုင်တော့ပေ။
ဖေးလုဆီမှ အသံထွက်မလာတော့ဘဲ တဟင်းဟင်း ဖြစ်နေသည်ကို မြင်သောအခါ မုရှို့က ဖေးလု ထပ်ရှက်နေပြန်ပြီဟု ယူဆလိုက်သည်။ ထို့ကြောင့် သူသည် ဖေးလု၏ လက်ကို ကိုင်ပြီး သူကိုယ်တိုင် စတင် လှုပ်ရှားလိုက်တော့သည်။
………
လက်ဖဝါးပေါ်တွင် ထူးဆန်းသော အထိအတွေ့နှင့် အနံ့များ ကျန်ရစ်နေခဲ့သည်။ ဖေးလုသည် ကုတင်ဘေးတွင် ကြောင်တောင်တောင်ဖြင့် ထိုင်နေမိပြီး စိတ်အာရုံများလည်း လွင့်မျောနေ၏။
မုရှို့သည် ပြန်မကျနိုင်သည့် ပြဿနာကောင်ကို ဖြေရှင်းလိုက်နိုင်ပြီ ဖြစ်သဖြင့် စိတ်လက်ပေါ့ပါးနေသည်။ လက်တစ်ဖက်ဖြင့် ဖေးလုကို သူ့ရင်ခွင်နယ်မြေထဲတွင် ပွေ့ဖက်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ဖေးလု၏ ခန္ဓာကိုယ်ကို ပွတ်သပ်ဖျစ်ညှစ်နေလေသည်။
အိမ်မွေးတိရစ္ဆာန်လေး၏ တစ်ကိုယ်လုံးသည် နူးညံ့နေသည်။ ကိုင်လို့ ကောင်းလိုက်တာ… အိပ်မက်ထဲက ဝါဂွမ်းတုံးလေးအတိုင်းပဲ…
………..
ထို့ကြောင့် ချူးဟုန် ရောက်လာသောအခါ သူတို့နှစ်ယောက်ကို မြင်လိုက်ရသည့် မြင်ကွင်းမှာ – တစ်ယောက်က ကုတင်ဘေးတွင် ကြောင်တောင်တောင် ထိုင်နေပြီး၊ နောက်တစ်ယောက်က မျက်နှာပေါ်တွင် နားလည်ရခက်သော အပြုံးတစ်ခုကို ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရခြင်း ဖြစ်သည်။
“…”
ချူးဟုန်သည် လေထုက ထူးဆန်းနေသည်ဟု ခံစားမိသည်။ သူမ ခေါင်းခါလိုက်ပြီး စိတ်ထဲမှ မသိုးမသန့် ခံစားချက်ကို လစ်လျူရှုလိုက်သည်။
“ဘာလို့ ဘယ်သူမှ စကားမပြောကြတာလဲ?”
“ဒဏ်ရာက ဘယ်လိုလဲ? နာနေသေးလား?”
မုရှို့သည် သူ၏ စိတ်ကူးယဉ်ကမ္ဘာထဲတွင် ဈာန်ဝင်စားနေဆဲ ဖြစ်ပြီး မျက်လုံးကို စောင်းကာ သူမကို တစ်ချက် ကြည့်လိုက်သော်လည်း ဘာမှပြန်မပြောဘဲ မသိချင်ယောင် ဆောင်နေလိုက်သည်။
ဖေးလုမှာမူ… ကြီးမားသော စိတ်လှုပ်ရှားမှု လှိုင်းလုံးကြီးအောက်တွင် နစ်မြုပ်နေဆဲ ဖြစ်ကာ ရှုပ်ထွေးနေသော ဦးနှောက်က အလုပ်ပြန်မလုပ်နိုင်သေးပေ။
ချူးဟုန်က သူ့ပါးကို ပုတ်လိုက်သည်။
“ဘာတွေ ငေးနေတာလဲ? ကြောင်သွားပြီလား?”
ဖေးလု ရုတ်တရက် သတိဝင်လာသည်။ ထိုအခါမှ သူ့ရှေ့တွင် ချူးဟုန် ရောက်နေမှန်း သိလိုက်ပြီး ကမန်းကတန်း မတ်တတ်ထရပ်လိုက်ကာ ဗလုံးဗထွေး ပြန်ဖြေလေသည်။
“ဘာ… ဘာမှ မဟုတ်ပါဘူး”
ချူးဟုန်သည် သူ့၏ တုံ့ပြန်မှုက ကြီးမားလွန်းသဖြင့် လန့်သွားပြီး နားမလည်နိုင် ဖြစ်သွားသည်။ သူမသည် ဖေးလု ထိုင်ခဲ့သော နေရာတွင် ဝင်ထိုင်လိုက်ပြီး မုရှို့နှင့် အလုပ်ကိစ္စ ဆွေးနွေးလိုက်သည်။
ဖေးလုသည် စိတ်နဲ့လူနဲ့ မကပ်ဘဲ နားထောင်နေသော်လည်း ခေါင်းထဲတွင် စောစောက မြင်ကွင်းများသာ ပြန်ပေါ်နေသည်။
မုရှို့သည် အတွေ့အကြုံ မရှိမှန်း သိသာလှသည်။ လက်ချောင်းများက ဗရမ်းဗတာ ပွတ်သပ်ချေမွပြီး အားစိုက်မှုကလည်း တစ်ခါတရံ ပြင်းထန်လိုက်၊ တစ်ခါတရံ ပျော့သွားလိုက် ဖြစ်နေခဲ့သည်။ အရုပ်အသစ်လေး တစ်ရုပ်ကို ဆော့ကစားနေသကဲ့သို့ပင် ဖေးလုကို အပေါ်မရောက် အောက်မရောက် ဖြစ်အောင် လုပ်ပြီး ခြေထောက်များ ပျော့ခွေသွားစေခဲ့သည်။
မုရှို့သည် ခါးတွင် ဒဏ်ရာရထားသဖြင့် မလှုပ်ရှားနိုင်ပေ။ သို့သော်လည်း သန်မာသော လက်မောင်းနှစ်ဖက်ဖြင့် ဖေးလုကို ပွေ့ချီကာ သူ့ပေါင်ပေါ်တွင် မျက်နှာချင်းဆိုင် ထိုင်စေပြီး အလုပ်ကိစ္စ ပြီးမြောက်အောင် လုပ်ဆောင်ခြင်းကိုတော့ မတားဆီးနိုင်ခဲ့ပေ။
… ဖေးလုသည် စဉ်းစားလေ မျက်နှာ ပိုနီလေ ဖြစ်လာပြီး မျက်လုံးများက ကုတင်ပေါ်သို့ မကြာခဏ ရောက်သွားတော့သည်။
မုရှို့သည် ကုတင်ပေါ်တွင် တစ်ပိုင်း လှဲလျောင်းနေပြီး ချူးဟုန်နှင့် စကားပြောနေသည်။ မျက်နှာထားက တည်ငြိမ်လေးနက်နေပြီး စောစောက ဖေးလုကို ပေါင်ပေါ်တင်ပြီး ဆွဲဆောင်ဖြားယောင်းခဲ့သော လူနှင့် လုံးဝ မတူတော့ပေ။
“ရိုက်ကွင်းမှာ နင့်ရဲ့ အခန်းတွေ ပြီးသွားပြီ။ နောက်ရက်နည်းနည်းလောက်နေရင် ကြားဖြတ်ရိုက်ကူးမှုတွေ ပြီးတာနဲ့ ဇာတ်ကားတစ်ခုလုံး ရိုက်ကူးရေး ပြီးပြီ…”
“《လူဆိုး》 ရိုက်ကွင်းဘက်ကိုလည်း ငါ ပြောပြီးပြီ။ နင့်ရဲ့ အပိုင်းတွေကို နောက်ရွှေ့ထားပေးမယ်။ ဒဏ်ရာ ပျောက်တဲ့အထိ ကောင်းကောင်း အနားယူလို့ ရတယ်”
ချူးဟုန်သည် မှတ်စုစာအုပ်ကို ကိုင်ပြီး တစ်ချက်ချင်း ပြောပြနေသည်။
မုရှို့သည် ခေါင်းကို လက်နဲ့ ထောက်ပြီး နားထောင်နေသည်။ မျက်လွှာချထားသဖြင့် ကြည့်ရသည်မှာ သေချာ နားထောင်နေသည့်ပုံ ပေါက်နေသည်။
သို့သော် လက်တွေ့တွင်မူ သူ၏ မျက်လုံးများ ညောင်းနေပြီ ဖြစ်သည်။ မျက်လုံးထောင့်မှတဆင့် ဖေးလုကိုသာ တောက်လျှောက် စိုက်ကြည့်နေခြင်း ဖြစ်၏။
အိမ်မွေးတိရစ္ဆာန်လေးက ဘာတွေ တွေးနေမှန်း မသိပေ။ မျက်ဝန်းများတွင် မျက်ရည်စများ ဝေ့သီနေပြီး ပါးပြင်လေးများသည် ပန်းရောင်သမ်းနေသည်။ သွားဖြူဖြူလေးများဖြင့် ပန်းနုရောင် နှုတ်ခမ်းလွှာကို ကိုက်ထားသည်မှာ ကြည့်ရသည်မှာ အလွန် မွှေးကြိုင်နူးညံ့မည့်ပုံ ပေါက်နေသည်။
ခန္ဓာကိုယ်ထဲမှ ပြောမပြနိုင်သော အပူလှိုင်းတစ်ခု ထပ်မံ ထွက်ပေါ်လာပြန်သည်။ မုရှို့သည် စိတ်ရှုပ်ထွေးစွာဖြင့် အင်္ကျီကော်လာကို ဆွဲဟလိုက်ပြီး မျက်နှာထားတွင် စိတ်မရှည်မှုများ ပါဝင်လာသည်။
ချူးဟုန်သည် သူ့နားတွင် နေလာသည်မှာ နှစ်များစွာ ကြာပြီ ဖြစ်သဖြင့် သူ၏ စိတ်ခံစားချက်ကို အကဲခတ်ရာမှာ ကောင်းမွန်သည်။ မုရှို့ ဘာကြောင့် စိတ်ရှုပ်သွားမှန်း မသိသော်လည်း ဆက်လက် ပြောဆိုမည့် အကြောင်းအရာများကို နားထောင်ရန် စိတ်ရှည်တော့မည် မဟုတ်ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူမသည် မှတ်စုစာအုပ်ကို ပိတ်လိုက်ပြီး ပြောလိုက်သည်။
“ငါ့ဘက်မှာ အလုပ်ကိစ္စလေးတွေ ရှိသေးလို့ ဝမ်စု (ဖေးလု) ကိုပဲ နင့်ကို စောင့်ရှောက်ခိုင်းခဲ့လိုက်မယ်။ နင် ဒဏ်ရာ သက်သာအောင် ကောင်းကောင်း အနားယူနော်။ ကိစ္စရှိရင် ငါ့ကို အချိန်မရွေး ဆက်သွယ်လိုက်”
ပြီးနောက် သူမသည် ဖေးလုဘက် လှည့်ပြောလိုက်သည်။
“မုရှို့ကို နင့်လက်ထဲ အပ်ခဲ့မယ်နော်။ အချိန်ဇယားတွေက စာအုပ်ထဲမှာ ပါတယ်။ နင် ဖတ်ကြည့်ထားလိုက်။ ပြီးရင် အချိန်ရရင် Weibo မှာ Fan တွေနဲ့ စကားနည်းနည်းလောက် ပြောပေးလိုက်ဦး”
ဖေးလုသည် မှတ်စုစာအုပ်ကို လှမ်းယူပြီး ကြောင်တောင်တောင်ဖြင့် ခေါင်းညိတ်လိုက်သည်။
ချူးဟုန် ထွက်ခွာသွားသောအခါ လူနာခန်းထဲတွင် နှစ်ယောက်တည်း ကျန်ရစ်ခဲ့ပြန်သည်။ လေထုသည် ရုတ်တရက် စေးပျစ်သွားသလို ဖြစ်လာသည်။
ဖေးလုသည် စာအုပ်ကို ပိုက်ပြီး မုရှို့နှင့် အဝေးဆုံး ဆိုဖာအစွန်းတွင် သွားထိုင်နေလေသည်။ သူက ခေါင်းကို ငိုက်စိုက်ချထားပြီး နွမ်းလျနေသည့် ပုံစံလေး ဖြစ်နေသည်။
မုရှို့သည် သူ့ကို ရှောင်ဖယ်နေသော ဖေးလုကို ကြည့်ပြီး မကျေမနပ် မျက်မှောင်ကြုတ်လိုက်သည်။
“ဒီကို လာခဲ့”
“…”
ဖေးလုသည် တိတ်တဆိတ်ဖြင့် ဖင်ကို ရွှေ့လိုက်ပြီး ပိုဝေးသည့် နေရာသို့ ထပ်တိုးလိုက်သည်။
မုရှို့၏ မျက်ခုံးများ လှုပ်ရှားသွားပြီး မျက်နှာထား တင်းမာစွာ ပြောလိုက်သည်။
“ငါ ရေဆာတယ်”
Chapter 52 ended