⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 56

Chapter 56

 

မုရှို့က ရှေ့က သွားနေပြီး ဖေးလုက နောက်မှ နွမ်းနယ်စွာ လိုက်ပါသွားသည်။ မုရှို့၏ ဂုဏ်သိက္ခာကိုလည်း ဂရုမစိုက်နိုင်တော့ဘဲ ခေါင်းငိုက်စိုက်ကျကာ စိတ်မပျော်မရွှင် ဖြစ်နေသည်။

 

သူတို့သည် တိတ်ဆိတ်စွာဖြင့် ၃၆ ထပ်သို့ ရောက်လာကြသည်။ ရုံးခန်းတံခါးကို ပိတ်လိုက်သည်နှင့် အေးစက်တည်ငြိမ်သော မုရှို့သည် ဖေးလုကို ရင်ခွင်ထဲသို့ ဆွဲသွင်းပြီး အားရပါးရ ပွတ်သပ်တော့သည်။

 

လူငယ်လေး၏ ကိုယ်သင်းနံ့သည် နှာခေါင်းထဲတွင် စွဲကျန်နေသော ရေမွှေးနံ့များကို ဖယ်ရှားပေးလိုက်သည်။ မုရှို့သည် မျက်နှာကို ဖေးလု၏ လည်ပင်းကြားထဲတွင် မြှုပ်နှံလိုက်ပြီး အားရပါးရ ရှူရှိုက်လိုက်သည်။ လက်နှစ်ဖက်ကလည်း ဖေးလု၏ ခါးနှင့် ကျောပြင်ပေါ်တွင် မရိုးမသား ပွတ်သပ်နေလေသည်။

 

ဖေးလုသည် ရင်ထဲတွင် မွန်းကြပ်နေသည်။ သူသည် အဖက်မခံချင်သဖြင့် လက်မောင်းဖြင့် မုရှို့၏ ရင်ဘတ်ကို အတင်း တွန်းထုတ်နေမိတော့သည်!!

 

ဖေးလု အခုမှ ပြန်သတိရလိုက်သည်။ စောစောက လှပသော အမျိုးသမီးမှာ Flying Fish ၏ ထိပ်တန်းမင်းသမီး လော့ရှန်ရှန် ဖြစ်သည်။ သူမသည် မုရှို့ထက် ၃ နှစ် ကြီးပြီး လွန်ခဲ့သော ၂ နှစ်ခန့်က မုရှို့နှင့်အတူ ဇာတ်ကားကောင်းများ အတူတွဲရိုက်ခဲ့သဖြင့် ပရိသတ်များက သူတို့ကို အကောင်းဆုံး စုံတွဲ (Best Couple) အဖြစ် သတ်မှတ်ထားကြသည်။

 

နှစ်ဖက် Fan များကလည်း သူတို့နှစ်ဦး အပြင်တွင်ပါ တွဲနေကြသည်ဟု ထင်ကြသည်။ လော့ရှန်ရှန်၏ သဘောထားမှာ ဝါးတားတား ဖြစ်နေပြီး မုရှို့ကလည်း တစ်ခါမှ ရှင်းလင်းချက် မပေးသဖြင့် ရိုက်ကွင်းပြင်ပတွင် စကားမပြောကြသော်လည်း တရားဝင် CP အဖြစ် သတ်မှတ်ခံထားရသည်။

 

ဖေးလု စဉ်းစားလေ ဒေါသထွက်လေ ဖြစ်ပြီး လက်ထဲတွင် အားပိုစိုက်လိုက်မိသည်။

 

မုရှို့သည် နားမလည်နိုင်စွာဖြင့် သူ့ကို အနည်းငယ် လွှတ်ပေးလိုက်သည်။

 

“နာသွားလို့လား?”

 

ဖေးလုသည် နှုတ်ခမ်းထော်နေပြီး သူ့ကို ပြန်မဖြေပေ။

 

ကလေးဆန်စွာ ရစ်နေခြင်းပင်။

 

မုရှို့သည် ဖေးလု၏ မျက်နှာလေးကို အုပ်ကိုင်လိုက်ပြီး နှာခေါင်းချင်း ထိကပ်ကာ ပွတ်သပ်လိုက်သည်။ တစ်ခါတစ်ရံတွင် ဖေးလု၏ ဖူးပြည့်နေသော နှုတ်ခမ်းလေးကို ဖွဖွလေး နမ်းလိုက်သေးသည်။

 

“ဘာလို့ စိတ်မပျော်မရွှင် ဖြစ်နေတာလဲ?”

 

ဖေးလုကတော့ မျက်လွှာချထားပြီး တစ်ယောက်တည်း စိတ်ကောက်နေလေသည်။ သူ့စိတ်ထဲတွင် မကျေမနပ် ဖြစ်နေသော်လည်း မုရှို့အပေါ်တွင် စိတ်ကောက်ပြနေမိသည်မှာ မကောင်းဘူးဟု တွေးမိသဖြင့် အတင်းအဓမ္မ ပြုံးပြလိုက်သည်။

 

“စိတ်မဆိုးပါဘူး… ရုတ်တရက် အိပ်ချင်လာလို့ပါ”

 

မုရှို့သည် သူ့ကို လေးနက်စွာ စိုက်ကြည့်နေသည်။ ခဏကြာသောအခါ ဖေးလုကို ရုတ်တရက် ပွေ့ချီလိုက်ပြီး ဆိုဖာပေါ်သို့ ပစ်တင်ကာ အပေါ်မှ ဖိချလိုက်တော့သည်။

 

“?????”

 

ဖေးလု ခေါင်းထဲတွင် မေးခွန်းသ​င်္ကေတပေါင်းများစွာ ပေါ်ထွက်လာပြီး သူ၏ ရုတ်တရက် လုပ်ရပ်ကို နားမလည်နိုင် ဖြစ်နေရသည်။

 

“ခင်ဗျား ဘာလုပ်… အွန်း~”

 

မုရှို့သည် ပိုစ့်တစ်ခုတွင် ဖတ်ဖူးသည်ကို သတိရသွားသည်။ “ချစ်သူ စိတ်ဆိုးနေရင် တစ်ချီလောက် ဆွဲလိုက်ရင် အဆင်ပြေသွားလိမ့်မယ်။ မပြေသေးရင် နှစ်ချီ ဆွဲလိုက်” တဲ့။

 

လျှာဖျားဖြင့် ဖေးလု၏ နှုတ်ခမ်းများကို အတင်း ဖွင့်ဟလိုက်ပြီး ခံတွင်းထဲသို့ ရူးမိုက်စွာ တိုးဝင်မွှေနှောက်လိုက်သည်။ လူသူကင်းမဲ့နေသော ရုံးခန်းထဲတွင် စိုစွတ်သော အသံများ ထွက်ပေါ်လာတော့၏။

 

တံတွေးချင်း ဖလှယ်ပြီး ခန္ဓာကိုယ်ချင်း ထိကပ်ထားသော်လည်း မုရှို့သည် ရွံရှာခြင်း အလျဉ်းမရှိပေ။ တစ်စက္ကန့်ထက် တစ်စက္ကန့် ပို၍သာ နှစ်သက်လာသည်။

 

ရင်ထဲတွင် ပြည့်သိပ်နေသော ခံစားချက်များအတွက် ထွက်ပေါက်ရှာမရသဖြင့် သနားစဖွယ် ခံတွင်းလေးကိုသာ ရူးမိုက်စွာ ကျူးကျော် သိမ်းပိုက်နေမိတော့သည်။

 

ဖေးလုသည် မုရှို့၏ ကျောပြင်ကျယ်ကြီးကို “အူး…အူး” နှင့် ထုရိုက်နေသော်လည်း မုရှို့၏ အကြမ်းပတမ်း ကျူးကျော်မှုအောက်တွင် ပါးစပ်ဟပြီး ငြိမ်ခံနေရုံမှတစ်ပါး မတတ်နိုင်တော့ပေ။

 

တံတွေးကြည်များသည် နှုတ်ခမ်းထောင့်မှတဆင့် စီးကျလာသည်။

 

အနမ်းသည် အချိန်အတော်ကြာသည်အထိ မရပ်တန့်ပေ။ ဖေးလုသည် ရေပေါ်ရောက်လာသော ငါးတစ်ကောင်ကဲ့သို့ အသက်ကို ပြင်းပြင်းထန်ထန် ရှူရှိုက်နေရသည်။ ခါးရော ခြေထောက်ပါ ပျော့ခွေနေပြီဖြစ်သည်။

 

မုရှို့သည် သူ့ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်နေသည်။ သူ့အသည်းကျော်လေးကို ဗိုက်ထဲ မျိုချပစ်လိုက်ချင်သော်လည်း စိတ်ကို ထိန်းချုပ်ကာ နှုတ်ခမ်းထောင့်မှ တံတွေးစီးကြောင်းလေးများကို ဂရုတစိုက် သုတ်ပေးလိုက်သည်။

 

ဖေးလုသည် ဒေါသတကြီးဖြင့် သူ့လက်ချောင်းကို ကိုက်လိုက်သည်။ ညှာတာမှုမရှိဘဲ ကိုက်လိုက်သဖြင့် မုရှို့ “ရှီး” ခနဲ ဖြစ်သွားသော်လည်း လက်ကို မရုတ်ဘဲ ဆက်ကိုက်ခိုင်းထားလိုက်သည်။

 

နောက်ဆုံးတွင် ဖေးလုကသာ စိတ်မရှိတော့ဘဲ ကိုက်ထားသော အားကို လျှော့လိုက်ပြီး သွားရည်ယိုနေသော ကလေးတစ်ယောက်လို လက်ချောင်းကို ငုံထားလိုက်တော့သည်။

 

မုရှို့၏မျက်ဝန်းများမှ မေတ္တာရည်များ ယိုစီးကျလာမတတ် ဖြစ်သွားသည်။ သူသည် အားနေသော လက်တစ်ဖက်ဖြင့် သူ့အိမ်မွေးတိရစ္ဆာန်လေး၏ ပါးကို တို့ထိလိုက်သည်။

 

“စိတ်ပြေသွားပြီလား?”

 

ဖေးလုသည် နှာခေါင်းရှုံ့လိုက်ပြီး လက်ချောင်းကို မလွှတ်ဘဲ ဆက်ကိုက်ထားလိုက်သည်။

 

မုရှို့က ရယ်လိုက်သည်။ အေးစက်သော မျက်ခုံးမျက်လုံးများသည် အရည်ပျော်ကျသွားပြီး အလွန် နူးညံ့သော အပြုံးတစ်ခု ပေါ်ထွက်လာသည်။

 

“ကိုယ့်ကို ဒီလောက်တောင် စုပ်ပေးချင်နေတာလား?”

 

ဒါကလည်း ပိုစ့်တစ်ခုထဲက ဖတ်ထားတာကို လက်တွေ့ ပြန်အသုံးချလိုက်ခြင်းပင်။ ပါရမီပါတယ်လို့ ပြောရမယ်။

 

ဖေးလုရဲ့မျက်နှာတစ်ခုလုံး ပေါက်ကွဲထွက်မတတ် နီရဲသွားသည်။ ရှက်လွန်း၍ တစ်ကိုယ်လုံး ကျုံ့ဝင်သွားပြီး ကိုက်ထားသော လက်ချောင်းကို လွှတ်ရမလို၊ မလွှတ်ရမလို ဖြစ်နေတော့သည်။

 

မုရှို့ မျက်ခုံးပင့်လိုက်မိသည်။ ရုတ်တရက် သူ့နှုတ်ခမ်းထောင့်တွင် မရိုးသားသော အပြုံးတစ်ခု ပေါ်လာပြီး လွတ်လပ်သွားသော လက်ချောင်းကို အပြင်မထုတ်ဘဲ ခံတွင်းထဲတွင် မွှေနှောက်ကစားလိုက်တော့သည်။

 

“ပြွတ်… ပြွတ်…” ဆိုသော အသံများသည် ရပ်တန့်မသွားပေ။ မုရှို့သည် လက်ချောင်းဖြင့် ဖေးလု၏ လျှာကို ညှပ်ကာ ကစားနေပြီး မနေနိုင်တော့ဘဲ ကိုယ်ကို ကိုင်းကာ ထပ်နမ်းလိုက်ပြန်သည်။

 

ဖေးလု၏ ကျန်ရှိနေသေးသော ဆင်ခြင်တုံတရားများသည် ဆွဲဆောင်မှုပြင်းထန်သော လေထုအောက်တွင် လောင်ကျွမ်းပျောက်ကွယ်သွားပြီ ဖြစ်သည်။ ရင်ထဲမှ အနက်ရှိုင်းဆုံး ဆန္ဒများ၊ နီးကပ်လိုသော စိတ်ဆန္ဒများ ထွက်ပေါ်လာပြီး မုရှို့ကို တုံ့ပြန်ကာ ပြန်လည် ပွေ့ဖက်နမ်းရှိုက်လိုက်မိသည်။

 

နှစ်ယောက်သား အသက်ရှူမဝသည်အထိ နမ်းနေကြသော်လည်း ဘယ်သူမှ စမလွှတ်ချင်ကြပေ။ ဖေးလုသည် မုရှို့ကို တင်းကျပ်စွာ ဖက်ထားပြီး ခန္ဓာကိုယ်ချင်း ပူးကပ်ကာ အပြန်အလှန် တောင့်တမှုများကို ခံစားနေကြသည်။

 

“အူး…”

 

ဖေးလုသည် မုရှို့ကို အားကိုးတကြီး ဖက်တွယ်ကာ မျက်လုံးများ မှိတ်ထားသော်လည်း ရင်ထဲက ဆန္ဒများအတွက် ထွက်ပေါက်မရှိသဖြင့် မျက်ရည်များ စီးကျလာတော့သည်။

 

“အသည်းလေး လိမ္မာတယ်နော်… သည်းခံလိုက်… ရုံးခန်းထဲမှာ ဘာပစ္စည်းမှ မရှိဘူး။ ကိုယ် မင်းကို နာကျင်စေမိမှာ စိုးလို့ပါ”

 

မုရှို့လည်း သည်းခံရခက်နေပြီ ဖြစ်သည်။ သို့သော် စိတ်မြန်နေသော ဖေးလုကို စိတ်ရှည်လက်ရှည် ချော့မော့နေရသဖြင့် မျက်လုံးများပင် နီရဲနေပြီ ဖြစ်သည်။

 

ဖေးလုသည် ချောမွတ်သော ငါးတစ်ကောင်ကဲ့သို့ မုရှို့၏ အောက်တွင် လူးလိမ့်နေသဖြင့် မုရှို့၏ နောက်ဆုံး ကျန်ရှိနေသော ထိန်းချုပ်နိုင်စွမ်းကို ကုန်ဆုံးသွားစေတော့သည်။

 

“ဖြောင်း!”

 

အသံကျယ်ကြီး တစ်ချက် ထွက်ပေါ်လာပြီး ဖေးလု တုန်သွားသည်။ ထို့နောက် ပြင်းထန်သော ရှက်ရွံ့မှုကြောင့် ငိုသံထွက်လာတော့သည်။

 

မုရှို့က သူ့ကို ရိုက်လိုက်တာ!! မနာသော်လည်း ထိုကဲ့သို့ အပြစ်ပေးခံရသည့် အပြုအမူသည် သူ့ကို ပို၍ ရှက်ရွံ့စေသည်။

 

ဖေးလုသည် မုရှို့၏ ရင်ခွင်ထဲတွင် မလှုပ်မယှက် ဝပ်နေလိုက်သည်။ မျက်ဝန်းအိမ်များသည် ငိုထားသဖြင့် နီရဲနေပြီး မျက်ရည်စများသည် စိုနေသော မျက်တောင်များမှာ သနားစဖွယ် တွဲခိုနေကြသည်။

 

မုရှို့သည် ဖေးလု၏ နားသန်သီးလေးကို ကိုက်ရင်း အသံအက်အက်ဖြင့် သတိပေးလိုက်သည်။

 

“ငြိမ်ငြိမ်နေ… မဟုတ်ရင် မင်းကို အခုပဲ ‘စား’ ပစ်လိုက်မယ်”

 

ဖေးလုသည် ကြောက်လန့်တကြား တုန်လှုပ်သွားပြီး မုရှို့ ပွေ့ချီသွားသည်ကိုသာ ငြိမ်ခံနေလိုက်ရသည်။ မုရှို့သည် သူ့ကို ပွေ့ချီပြီး ရုံးခန်းအတွင်းရှိ နားနေခန်းလေးထဲသို့ ဝင်သွားတော့သည်။

 

……

 

လောင်ကျွမ်းနေသော ဆန္ဒမီးများ ငြိမ်းသွားသောအခါ အသိစိတ်များ ပြန်ဝင်လာကြပြီး နေရခက်မှုများပါ တပါတည်း ပါလာတော့သည်။ ဖေးလုသည် မုရှို့၏ ရင်ခွင်ထဲတွင် ရောက်နေပြီး သပ်ရပ်နေသော ရှပ်အင်္ကျီသည် အချဉ်ဖတ်ကဲ့သို့ တွန့်ကြေနေပြီ ဖြစ်သည်။

 

မုရှို့သည် လက်တစ်ဖက်ဖြင့် သူ့ကို ပွေ့ဖက်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် အင်္ကျီပေါ်မှနေ၍ ကျောပြင်ကို ဖြည်းဖြည်းချင်း ပွတ်သပ်ပေးနေသည်။

 

ဖေးလုသည် ငှက်ကုလားအုတ်ကဲ့သို့ ခေါင်းကို ရင်ခွင်ထဲ ဝှက်ထားပြီး သေချင်ယောင် ဆောင်နေလိုက်သည်။

 

ကြားထဲတွင် ခြားထားသော စာရွက်ပါးလေး စုတ်ပြဲသွားပြီ ဖြစ်သည်။ အရင်ကဆိုလျှင် မုရှို့ အတင်းအကျပ် လုပ်လို့ပါဟု အကြောင်းပြနိုင်သော်လည်း ဒီတစ်ခေါက်တော့ ဘယ်လိုမှ ငြင်းလို့မရတော့ပေ။ သူကိုယ်တိုင်က စတင်ခဲ့ခြင်း မဟုတ်လား။

 

စောစောက မြင်ကွင်းများကို ပြန်စဉ်းစားမိသောအခါ ဖေးလု မျက်နှာတစ်ခုလုံး ပူထူလာသည်။ ထိုကဲ့သို့ တက်ကြွစွာ တောင်းဆိုခဲ့သည့် ပုံစံမျိုးကို သူ လုပ်ခဲ့မိသည်ဆိုတာ မယုံကြည်နိုင်ပေ။

 

“ကျွန်တော် ပြန်ချင်တယ်”

 

ဖေးလုသည် အသံအုပ်အုပ်ဖြင့် ပြောလိုက်သည်။ အသံထဲတွင် သာယာမှု အကြွင်းအကျန်များ ကပ်ငြိနေဆဲ ဖြစ်သည်။

 

“ကောင်းပြီ”

 

မုရှို့က လှုပ်ရှားလိုက်ပြီး အသံအက်အက်ဖြင့် ပြောလေသည်။

 

“ကိုယ် ရေအရင် သွားချိုးလိုက်ဦးမယ်”

 

ဖေးလုသည် မျက်နှာကို ဆိုဖာပေါ်တွင် အပ်ထားပြီး ဘာမှ ပြန်မပြောပေ။

 

မုရှို့ ဘာကြောင့် ရေသွားချိုးရသည်ဆိုသော အကြောင်းအရင်းကို သူအသိဆုံးပင်။ မုရှို့၏ အောက်ပိုင်းသို့ လှမ်းကြည့်လိုက်ပြီးနောက် ဖေးလုသည် လိပ်ပြာမလုံစွာဖြင့် ခေါင်းကျုံ့လိုက်မိသည်။

 

နာရီဝက် ကြာသောအခါ မုရှို့ ရေချိုးခန်းမှ ပြန်ထွက်လာသည်။ ဆံပင်များ သပ်ရပ်နေပြီး အဝတ်အစားများလည်း သန့်ရှင်းနေကာ ပုံမှန် အေးစက်သော ပုံစံအတိုင်း ပြန်ဖြစ်နေပြီဖြစ်သည်။

 

ဖေးလုသည် ဆိုဖာပေါ်တွင် အရိုးမရှိသကဲ့သို့ ပျော့ခွေနေပြီး မလှုပ်ချင်တော့ပေ။

 

မုရှို့သည် ရေနွေးစွတ်ထားသော တဘက်ကို ယူလာပြီး ဖေးလု၏ မျက်နှာနှင့် လက်များကို သုတ်ပေးသည်။ ပြီးနောက် ကိုယ်ပေါ်မှ အင်္ကျီများကို ချွတ်ယူကာ အဝတ်လျှော်စက်ထဲ ထည့်လျှော်ပြီး အခြောက်ခံလိုက်သည်။

 

ဖေးလုသည် ရှက်မနေတော့ပေ။ သူသည် အတွင်းခံဘောင်းဘီလေး တစ်ထည်တည်းဖြင့် ဆိုဖာပေါ်တွင် ပက်လက်လှန်ကာ ခြေထောက်နှစ်ဖက်ကို လက်ရန်းပေါ်တင်ပြီး လှုပ်ချည်ယမ်းချည် လုပ်နေတော့သည်။

 

မုရှို့သည် ခြောက်သွားသော အဝတ်များကို ထုတ်ယူပြီး မီးပူတိုက်စက်ဖြင့် သေချာ ပြန်မီးပူတိုက်ပေးသည်။ သူ မတ်တတ်ရပ်နေသော နေရာသည် ဆိုဖာနှင့် မျက်နှာချင်းဆိုင် ဖြစ်နေသဖြင့် လှုပ်ယမ်းနေသော ခြေထောက်ဖြူဖြူလေးများကို အတိုင်းသား မြင်နေရသည်။ ဖေးလု လှုပ်လိုက်တိုင်း သူ၏အကြည့်များကလည်း လိုက်လံ လှုပ်ရှားနေသည်။

 

“မပြီးသေးဘူးလား?”

 

ဖေးလု ခေါင်းလှည့်ကြည့်လိုက်တော့ မုရှို့က မီးပူတိုက်စက်ကို ကိုင်ပြီး သူ့ရဲ့ခြေထောက်ကို ကြောင်တောင်တောင်နဲ့ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

 

“နှာဘူးကြီး!!”

 

ဖေးလုသည် ခြေထောက်ကို ချက်ချင်း ပြန်ရုတ်လိုက်ပြီး ဒေါသတကြီး မျက်စောင်းထိုးလိုက်သည်။

 

မုရှို့သည် တိုးတိုးလေး ရယ်လိုက်ပြီး အကြည့်လွှဲကာ အဝတ်အစားများကို ဆက်လက် မီးပူတိုက်နေတော့သည်။

 

အဝတ်အစားများ သပ်ရပ်သွားသောအခါ မုရှို့သည် ဖေးလုကို ကိုယ်တိုင် ဝတ်ဆင်ပေးလေသည်။ ဖေးလုသည် အလွန် လိမ္မာစွာဖြင့် လက်မောင်းမြှောက်ခိုင်းလျှင် မြှောက်ပေးသည်။ ခြေထောက်မြှောက်ခိုင်းလျှင် မြှောက်ပေးသည်။

 

မုရှို့သည် ဖေးလုကို ဘောင်းဘီဝတ်ပေးပြီးသောအခါ လက်ဖဝါးကြီးဖြင့် ခြေထောက်တစ်လျှောက် ပွတ်သပ်ဆင်းလာပြီး ခြေဖဝါးနုနုလေးများကို ဆုပ်ကိုင်လိုက်သည်။

 

ခြေဖဝါးကို ကိုင်လိုက်သဖြင့် ဖေးလုတစ်ယောက် မနေတတ်ဘဲ ခြေချောင်းလေးများကို ကွေးလိုက်ရာ ခြေခုံလေးမှာ လှပစွာ ကွေးညွှတ်သွားသည်။

 

“မလှုပ်နဲ့… ဖိနပ်စီးပေးမလို့”

 

မုရှို့သည် မငြိမ်မသက် ဖြစ်နေသော ခြေထောက်လေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ခြေအိတ်စွပ်ပေးကာ ဖိနပ်ပါ စီးပေးလိုက်သည်။

 

ဖေးလုသည် သူ့ကို ငုံ့ကြည့်နေရင်း သပ်ရပ်နေသော ဆံပင်များကို မနေနိုင်ဘဲ ဆွဲဖွလိုက်သည်။

 

မုရှို့က မတားဘဲ ငြိမ်ခံနေသည်။ ဖေးလု၏ လက်ဖဝါးကိုပင် ပြန်လည် ပွတ်သပ်ပေးလိုက်သေးသည်။ သူ့မျက်နှာပေါ်တွင်တော့ အလိုလိုက်ထားသော အပြုံးများဖြင့် ပြည့်နှက်နေ၏။

 

နှစ်ယောက်သား ရုံးခန်းထဲတွင် နှစ်နာရီခန့် အချိန်ဖြုန်းပြီးမှ ပြန်ထွက်လာကြသည်။ အပြင်ရောက်သည်နှင့် ဖေးလုသည် ပရော်ဖက်ရှင်နယ် လက်ထောက်တစ်ယောက်၏ ပုံစံသို့ ပြန်ပြောင်းသွားပြီး မုရှို့၏ အနောက်တွင် ခြေတစ်လှမ်းအကွာမှ ကပ်လိုက်ပါလာသည်။

 

မုရှို့က မကျေမနပ်ဖြစ်ကာ သူ့ကို နံရံတွင် ကပ်ပြီး နမ်းလိုက်သည်။ ဖေးလုသည် အတင်း တွန်းထုတ်လိုက်ပြီး အားမပါသော အသံဖြင့် ဟန့်တားလိုက်သည်။

 

“မလုပ်နဲ့… ခဏနေ ဆံပင်တွေ ရှုပ်ကုန်ဦးမယ်!”

 

မုရှို့က နှုတ်ခမ်းကို သပ်လိုက်ပြီး လေးနက်သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

 

“ပြန်ရောက်မှ မင်းကို အပြစ်ပေးမယ်”

 

ဖေးလု မျက်လွှာချလိုက်သည်။ ဘယ်လို အပြစ်ပေးမလဲ ဆိုတာကိုတော့ မတွေးရဲတော့ပေ။

 

Chapter 56 ended

 

 

 

ငါ့လူနာတွေက ငါ့ကိုချစ်မိသွားကြတယ်တဲ့!

ငါ့လူနာတွေက ငါ့ကိုချစ်မိသွားကြတယ်တဲ့!

Status: Ongoing Type: Author: Released: 2017

ဇာတ်လမ်းအကျဉ်း

​ဖေးလုဆိုတာ ဖက်ဒရယ်နိုင်ငံရဲ့ နံပါတ် ၁ အဆင့်ရှိတဲ့ စိတ်ကုထုံးပညာရှင်တစ်ယောက်။

တစ်နေ့ကျတော့ ဖက်ဒရယ်အစိုးရရဲ့ ဖိတ်ကြားချက်အရ စိတ်ရောဂါခံစားနေရတဲ့ စစ်သည်တွေကို ကုသပေးဖို့ သူလက်ခံလိုက်တယ်။

ဒါပေမယ့် အခြေအနေက တစ်မျိုးကြီး ဖြစ်နေတယ်။ သူ့လူနာတွေအားလုံးက... သူ့ကို 'ချစ်' (တက်လုပ်) ချင်နေကြတာ။

​လူနာ (၁) - "မင်းက ငါ့အပိုင်ပဲ!"

လူနာ (၂) - "မင်း ထွက်သွားရဲရင် သွားစမ်း၊ ငါ မင်းကို သတ်ပစ်လိုက်မယ်!"

.....

လူနာ (N) - "ငါ သေသွားမှပဲ မင်း လွတ်မြောက်မှာပါ..."

​ဖေးလု - "..." (ဆွံ့အ)

​ဇာတ်ကောင်စရိုက်များ

​ အတည်ပေါက်ဖမ်းတတ်တဲ့ Shou × တကယ် ရောဂါရှိတဲ့ Gong

​မှတ်ချက် - Gong က တစ်ယောက်တည်းပါ။ Shou က သူ့ရဲ့ စိတ်စွမ်းအင်ကိုသုံးပြီး လူနာတွေရဲ့ စိတ်ကမ္ဘာထဲကို ဝင်ရောက်ကုသပေးရတာပါ။

​တစ်ကြောင်းတည်းနဲ့ ပြောရရင် - "ကျွန်တော်က ခင်ဗျားကို ရောဂါလာကုပေးတာလေ၊ ခင်ဗျားက ကျွန်​တော့်ကို ပြန်ပြီး တက်လုပ်ချင်နေတာလား!"

​【အထူးသတိပေးချက်】

Shou ရောက်နေတဲ့ ကမ္ဘာက အနာဂတ်ကာလဖြစ်ပါတယ်။ ဒီထဲက စိတ်ကုထုံးပညာရှင်ဆိုတာ သာမန် စိတ်ရောဂါကုဆရာဝန်မဟုတ်ပါဘူး။ လူနာကို ကုသတဲ့နေရာမှာ စိတ်စွမ်းအင်ကို သုံးပြီး ကုသတာမို့ 'စိတ်စွမ်းအားရှင်'ပုံစံမျိုးလို့ မှတ်ယူပေးပါ။ ဒါကြောင့် သာမန်ဆရာဝန်တွေနဲ့ မရောထွေးပါနဲ့နော်။

​အခြားအချက်အလက်များ

​Main Shou ပါ။ 1v1 (တစ်ယောက်တစ်ယောက်) ပါ။ Gong နဲ့ Shou ကလွဲပြီး တခြားလူမရှိပါဘူး။ Gong က စိတ်ဒဏ်ရာကြောင့် Personality တွေ ကွဲနေတာပါ။

​ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်းဖြစ်တာမို့ ယုတ္တိဗေဒLogicတွေ သိပ်လိုက်မရှာပါနဲ့၊ စာရေးသူက စားပစ်လိုက်ပါပြီတဲ့။

​ဇာတ်လိုက်များ - ဖေးလု(Shou)၊ ကျင်းမင်(Gong)

ဇာတ်ပို့များ - Gong 1, 2, 3, 4, 5,6....

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset