⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 14

သူ့ကို သင်းကွပ်ပစ်လိုက်

Chapter 14

သူ့ကို သင်းကွပ်ပစ်လိုက်

 

====

 

【 ခန်းနင်းမင်းသမီးကြီးကို အဝေးက ဝမ်းကွဲညီမလို့ လိမ်ပြောခဲ့တာ… အားကိုးရာမဲ့နေလို့ဆိုပြီး မင်းသမီးကြီးကိုတောင် စောင့်ရှောက်ခိုင်းသေးတယ်… 】

 

ခန်းနင်းမင်းသမီးကြီးသည် မူလက တစ်ခါမှ မကြားဖူးတဲ့ ဒီလူရဲ့အသံကို မယုံချင်ခဲ့ပေမဲ့၊ သူပြောတဲ့စကားတွေက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကိစ္စတွေနဲ့ အံ့ဩစရာကောင်းလောက်အောင် တိုက်ဆိုင်နေခဲ့သည်။

 

လွန်ခဲ့တဲ့ ခြောက်နှစ်တုန်းက ကျန်ရှင်းပန်းက မိန်းမတစ်ယောက်နဲ့ အဲ့ဒီမိန်းမရဲ့ သားသမီးနှစ်ယောက်ကို မင်းသမီးကြီးရဲ့ စံအိမ်ကို တကယ် ခေါ်လာခဲ့ဖူးတယ်။ အဲ့ဒီတုန်းက သူ မိတ်ဆက်ပေးခဲ့တာက ဒီမိန်းမက သူ့ရဲ့ ဝမ်းကွဲညီမပါ၊ ယောက်ျားသေဆုံးသွားပြီး ဘေးနားမှာ ဆွေမျိုးသားချင်းလည်း မရှိလို့ တကယ်ကို လမ်းစပျောက်နေတာကြောင့် သူ့ဆီ လာခိုလှုံတာပါ ဆိုပြီးတော့ပဲ။

 

အဲ့ဒီအချိန်တုန်းက ခန်းနင်းမင်းသမီးကြီးက အဲ့ဒီမိန်းမရဲ့ အဖြစ်ကို သနားသွားခဲ့ပြီး၊ သူမနဲ့ ကျန်ပင်းကလွဲရင် ကျန်ရှင်းပန်းအတွက် ရှားရှားပါးပါး ဆွေမျိုးတစ်ယောက်ဖြစ်နေတာကြောင့် အဲ့ဒီသားအမိသုံးယောက်အပေါ် အရမ်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တယ်။

 

သူတို့ကို ခြံဝင်းကျယ်ကြီးတစ်ခု ဝယ်ပေးခဲ့ရုံသာမက လစဉ်လတိုင်းလည်း ငွေတွေ ထောက်ပံ့ပေးခဲ့တယ်။ ကိုယ်တိုင် လက်ဝတ်ရတနာတွေ၊ ပိုးထည်တွေ ဝယ်တဲ့အခါတိုင်းလည်း အဲ့ဒီဝမ်းကွဲညီမအတွက် တစ်စုံ အမြဲချန်ထားပေးခဲ့သေးတယ်။

 

အခု ပြန်တွေးကြည့်တော့ သူမက တကယ်ကို အမိုက်အမဲကြီး ဖြစ်ခဲ့တာပဲ။ သနားစရာ ဆွေမျိုးလေးကို စောင့်ရှောက်ပေးနေတယ်လို့ ထင်ခဲ့ပေမဲ့၊ တကယ်တော့ ကိုယ့်ယောက်ျားရဲ့ မယားငယ်နဲ့ ကလေးတွေကို ကိုယ်တိုင် ပြုစုပျိုးထောင်ပေးနေခဲ့ရတာပဲ။

 

ကျန်ပင်းကလည်း ဒါကို ကြားလိုက်ရချိန်မှာ ကြောင်အသွားသည်။ သူ ခံစားလိုက်ရတဲ့ တုန်လှုပ်မှုက ခန်းနင်းမင်းသမီးကြီးထက် မနည်းဘူး။ သူ့ရဲ့ အမှတ်တရတွေထဲမှာတော့ သူ့အဖေက တစ်မြို့တော်လုံးမှာ အကောင်းဆုံး အဖေတစ်ယောက်ပဲ။ သူ ဘယ်လောက်ကြီးတဲ့ အမှားမျိုးကိုပဲ လုပ်လုပ်၊ ဘယ်တော့မှ ပြင်းပြင်းထန်ထန် အပြစ်မပေးခဲ့ဘူး။ အမြဲတမ်း နူးနူးညံ့ညံ့နဲ့ပဲ အကျိုးအကြောင်း ရှင်းပြတတ်တယ်။

 

သူ နားမထောင်ရင်တောင်၊ သက်ပြင်းတစ်ချက်ချပြီး အမေဖြစ်သူကို သွားချော့တတ်သေးတယ်။

 

သူ့အဖေက အမေ့ကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူးလို့ သူ ထင်ခဲ့တာ။ ဒါပေမဲ့ စောစောစီးစီးကတည်းက သစ္စာဖောက်နေခဲ့တာပဲ။ သူ့အဖေက သူ့ကို ထာဝရ ချစ်ခင်ယုယသွားမယ်လို့ ထင်ခဲ့ပေမဲ့၊ ဒီမေတ္တာတရားက အစကတည်းက အပိုင်းပိုင်း ခွဲဝေပေးခံထားရတာပဲ။

 

ဒါကြောင့်ပဲ… ဒါကြောင့်မို့လို့ သူ့ကို ဓားစာခံလုပ်ဖို့ ဝန်မလေးခဲ့တာကိုး။

 

ရှန်းရှစ်ရွှီက ကျန်ရှင်းပန်းရဲ့ သတ္တိကို တော်တော်လေး လေးစားသွားမိတယ်။ ကိုယ့်ရဲ့ မယားငယ်နဲ့ တရားမဝင် ကလေးတွေကို မင်းသမီးကြီးရဲ့ ရှေ့အထိတောင် ခေါ်လာရဲတယ်ဆိုတော့၊ သူက မိသွားမှာကို တကယ် မကြောက်တာပဲ။

 

【 ဒီကျန်ရှင်းပန်းက တကယ်ကို အရည်အချင်းရှိတာပဲ… တခြားယောက်ျားတွေ ဖောက်ပြန်ရင် ကိုယ့်အမြီးကိုယ် အမြန်ဖုံးပြီး အိမ်က မယားကြီး မသိအောင် ကြောက်နေရတာ… သူကျတော့ တည့်တည့်ကြီးကို မယားကြီးရှေ့ ခေါ်လာတာပဲ… 】

 

【 သတ္တိကောင်းတာအပြင်၊ ခန်းနင်းမင်းသမီးကြီးက သူ့အပေါ် အရမ်းယုံကြည်ပြီး ချစ်လွန်းလို့ သူ့ကို သံသယမဝင်ခဲ့တာလည်း ပါမယ်။ သူကိုယ်တိုင် ဖန်တီးထားတဲ့ ပုံရိပ်ကလည်း တော်တော်လေး ကောင်းနေတာကိုး… အပြင်မှာ မယားငယ်ထားမယ်လို့ ဘယ်သူမှ မသင်္ကာစရာကို မရှိတာ။ တခြားလူတွေရှေ့မှာဆို ဇနီးနဲ့ သားကို အရမ်းချစ်တဲ့ ပုံစံမျိုး လုပ်ထားပေမဲ့ တကယ်တော့ သူက ကိုယ့်ကိုယ်ကိုယ်ပဲ အချစ်ဆုံးသူပဲ။ 】

 

ရှန်းရှစ်ရွှီရဲ့ စိတ်တွင်းအသံတွေကို ခန်းနင်းမင်းသမီးကြီးလည်း ကြားနေရသည်။ ရှန်းရှစ်ရွှီ ပြောတာ အရမ်းမှန်တယ်လို့ သူမ ခံစားလိုက်ရ၏။ သူမက သူ့ကို ယုံကြည်မှုတွေ အရမ်းပေးခဲ့မိလို့၊ ကျန်ရှင်းပန်းက သူမကို လှည့်စားရ လွယ်တယ်လို့ ထင်သွားတာပဲ။

 

ရှန်းရှစ်ရွှီက စနစ် 011 နှင့် ဆက်လက်၍ စိတ်ထဲမှ ပြောနေပြန်၏။

 

【 အရင်က ငါနဲ့ မင်းသားက ကျန်ရှင်းပန်းကို စစ်မေးတုန်းက၊ ဘာလို့ ကျန်ပင်းကို ဓားစာခံလုပ်ရတာလဲလို့ မေးခဲ့သေးတယ်။ သူ့မှာ တရားမဝင် ကလေးတွေ ရှိတယ်ဆိုတာ သေချာပေါက် မပြောခဲ့ဘူး။ ကြည့်ရတာ မင်းသမီးကြီးကို သူ့ရဲ့ မယားငယ်နဲ့ ကလေးတွေကို ဆက်မွေးခိုင်းထားဖို့ အကြံအစည် ရှိနေလို့ပဲ နေမယ်! 】

 

【 ဘာပဲဖြစ်ဖြစ် ခန်းနင်းမင်းသမီးကြီးက ဘာမှမှ မသိတာ။ ပြီးတော့ သူတို့နှစ်ယောက်က နှစ်ပေါင်းများစွာ သံယောဇဉ်တွေ ရှိခဲ့တာလေ။ သူ သေသွားပြီးတဲ့နောက်မှာတောင်၊ သူတို့ရဲ့ အရင်က သံယောဇဉ်တွေက ပိုပြီး မေ့ရခက်သွားစေမှာပဲ။ ခန်းနင်းမင်းသမီးကြီးက သူချန်ထားခဲ့တဲ့ အရာအားလုံးကို သေချာပေါက် ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးမှာပဲ။ အဲ့ဒီအထဲမှာ အဲ့ဒီသားအမိသုံးယောက်လည်း ပါတာပေါ့။ 】

 

ဤသည်ကို ကြားလိုက်ရချိန်တွင် ခန်းနင်းမင်းသမီးကြီးမှာ ရင်ဘတ်ကို မဖိထားဘဲ မနေနိုင်တော့ချေ။ ရင်ထဲတွင် အလွန် ရွံရှာအော့အန်ချင်လာပြီး မနေ့က စားထားသော ထမင်းများပင် ပြန်အန်ထွက်လာတော့မည်ဟု ခံစားလိုက်ရသည်။

 

ကျန်ပင်းက သူ၏ မိခင် အလွန် နာကျင်နေသည့် ပုံစံကို ကြည့်ပြီး အလွန် စိုးရိမ်နေမိသည်။ ကျန်ရှင်းပန်း၏ ကိစ္စဖြစ်ပြီးနောက်၊ အမြဲတမ်း လူတိုင်း၏ အမြင်တွင် အလေအလွင့် သခင်လေးအဖြစ် ရှိနေခဲ့သော သူမှာ တစ်ညတွင်းချင်းပင် လူကြီးဖြစ်သွားသည့်အလား ရှိနေ၏။

 

သူက ခန်းနင်းမင်းသမီးကြီးကို တွဲထားပြီး၊ အမတ်များနှင့် ဧကရာဇ်ဝူအန်းအား ယဉ်ကျေးစွာ အရိုအသေပေးကာ တောင်းပန်စကား ဆိုလိုက်သည်။

 

” အရှင်မင်းကြီးနဲ့တကွ အမတ်မင်းများခင်ဗျာ… ကျွန်တော့်အမေ နေမကောင်းဖြစ်နေလို့ ကျွန်တော်တို့ကို အရင် ပြန်ခွင့်ပြုပါ… အရှင်မင်းကြီးရဲ့ အဆုံးအဖြတ်အပေါ် ကျွန်တော်တို့ သားအမိနှစ်ယောက် လုံးဝ ကန့်ကွက်စရာ မရှိပါဘူး…”

 

” ဒါပေမဲ့ အဖေ့ကို နောက်ဆုံးအနေနဲ့ တစ်ခေါက်လောက်တော့ သွားတွေ့ချင်ပါသေးတယ်… တချို့ကိစ္စတွေကို လူချင်း မျက်နှာချင်းဆိုင် မေးချင်လို့ပါ…”

 

ကျန်ပင်း၏ တောင်းဆိုမှုကို ဧကရာဇ်ဝူအန်းက အလွယ်တကူပင် ခွင့်ပြုလိုက်သည်။ ၎င်းမှာ ကြီးမားသော ကိစ္စတစ်ခု မဟုတ်ချေ။

 

ထို့အပြင် ခန်းနင်းမင်းသမီးကြီး သွားတွေ့သည်မှာလည်း ကောင်းပါသည်။ ဧကရာဇ်ဝူအန်းက သူ၏ ညီမဖြစ်သူ၏ အကြောင်းကို သိသည်။ သူမက ချစ်ခြင်းနှင့် မုန်းခြင်းကို တိကျစွာ ခွဲခြားတတ်သူပင်!

 

ချစ်သည့်အချိန်တွင် ကျန်ရှင်းပန်းကို ကောင်းကင်ပေါ်အထိ မြှောက်ထားနိုင်သော်လည်း၊ မုန်းသည့်အချိန်တွင်လည်း ကျန်ရှင်းပန်းကို ငရဲပြည်သို့ ဆွဲချနိုင်စွမ်း ရှိပေသည်။

 

ခန်းနင်းမင်းသမီးကြီးက ချန်းချင်းနန်းဆောင်မှ ထွက်လာပြီးနောက် ခဏမျှ အနားယူကာ တရားလွှတ်တော်ချုပ်၏ အကျဉ်းထောင်သို့ တိုက်ရိုက် သွားရောက်ခဲ့သည်။

 

ကျန်ရှင်းပန်းကို တွေ့ချင်သည်ဟု တောင်းဆိုရာ မည်သူမျှ မတားဆီးရဲချေ။ ခန်းနင်းမင်းသမီးကြီး၏ ခင်ပွန်းမှာ အပြစ်ကြီးတစ်ခုကို ကျူးလွန်ခဲ့သော်လည်း ၎င်းမှာ မင်းသမီးကြီးနှင့် မသက်ဆိုင်ပေ။ တော်ဝင်မိသားစု မပြိုလဲသရွေ့ သူမ၏ မင်းသမီးကြီးဟူသော ဂုဏ်ပုဒ်မှာ ဘယ်သောအခါမှ ကျဆင်းသွားမည် မဟုတ်ချေ။

 

ထို့ကြောင့် ထောင်စောင့်များက သူမ လာသည်ကို မြင်သောအခါ လုံးဝ မနှောင့်နှေးရဲဘဲ ကျန်ရှင်းပန်း၏ အချုပ်ခန်းကို ချက်ချင်း ဖွင့်ပေးလိုက်ကြသည်။

 

ကျန်ရှင်းပန်းက သူမ လာသည်ကို မြင်သောအခါ သူ အသက်ရှင်ရန် လမ်းစရှိပြီဟု ထင်မှတ်ကာ နာကျင်မှုကို အောင့်ခံပြီး အတင်းပြုံးပြရင်း ခန်းနင်းမင်းသမီးကြီး၏ အနီးသို့ ကပ်သွားခဲ့သည်။ သို့သော် ပါးတစ်ချက် ဖြတ်ရိုက်ခြင်းကိုသာ ခံလိုက်ရ၏။

 

” သောက်ရမ်းကောင်းတဲ့ ကျန်ရှင်းပန်း! ငါက နင့်အပေါ် အသည်းနှလုံးတွေပါ ပုံအောပြီး ကောင်းပေးခဲ့တာကို၊ နင်က ငါ့ကို သစ္စာဖောက်ရဲတယ်ပေါ့! အပြင်မှာ မယားငယ်ထားတာက ထားပါတော့… မယားငယ်နဲ့ တရားမဝင် ကလေးတွေကိုပါ ငါ့ရှေ့အထိ ခေါ်လာပြီး ငါ့ကိုတောင် သေချာ ဂရုစိုက် စောင့်ရှောက်ခိုင်းသေးတယ်!”

 

” ငါ့ကို အရူးလုပ်ရတာ အရမ်း ပျော်နေလား? ငါက သူတို့အပေါ် အစွမ်းကုန် ကြိုးစားပြီး ကောင်းပေးနေတာကို ကြည့်ပြီး နင့်စိတ်ထဲမှာ အရမ်းကို ကျေနပ်နေခဲ့မှာပေါ့! ငါက ငမိုက်မကြီးမို့ နင့်ရဲ့ လက်ခုပ်ထဲက ရေလို ကစားခံနေရတာကို ကြည့်ပြီးတော့လေ!”

 

ကျန်ရှင်းပန်းမှာ သူမက မယားငယ်ထားသည့် ကိစ္စနှင့် တရားမဝင် ကလေးများအကြောင်းကို မည်သို့ သိသွားကြောင်း နားမလည်နိုင်ဖြစ်နေ၏။ သို့သော် ယခုအချိန်တွင် သူမကို လုံးဝ ဒေါသထွက်စေ၍ မဖြစ်သေးချေ။ ခန်းနင်းမင်းသမီးကြီးက သူ့ကို ကယ်တင်ပေးနိုင်လိမ့်မည်ဟု သူ မျှော်လင့်ထားဆဲ ဖြစ်သည်။

 

” အာယင်း… ကိုယ် ရှင်းပြတာကို နားထောင်ပါဦး… ကိုယ်လည်း တခြားလူတွေရဲ့ အကြံအစည်ထဲ ပါသွားတာပါ… အဲ့ဒီမိန်းမက ကိုယ့်ကို ဆေးခတ်ခဲ့လို့ ကလေးရသွားခဲ့တာပါ… အဲ့ဒီကလေးတွေက အပြစ်ကင်းပါတယ်… ကိုယ်က ရက်ရက်စက်စက် မလုပ်ရက်လို့ အခုလို အမှားကြီး ဖြစ်သွားရတာပါ… ဒါပေမဲ့ ကိုယ့်ရင်ထဲမှာ မင်းတစ်ယောက်တည်း ရှိတာပါ… ကောင်းကင်ကြီးကို တိုင်တည်ပြီး ကျိန်ရဲပါတယ်… ကိုယ်သာ မင်းကို လိမ်ခဲ့ရင် သေတာတောင် အလောင်းမလှဘဲ ဆိုးဆိုးရွားရွား သေပါစေ!”

 

ကျန်ရှင်းပန်း၏ သစ္စာဆိုစကားကို ကြားလိုက်ရသော်လည်း ခန်းနင်းမင်းသမီးကြီးက တစ်ခွန်းမှ မယုံကြည်ချေ။ သူမက ကျန်ရှင်းပန်းကို ကိုယ်တိုင်ကိုယ်ကျ ကောင်းကောင်း နှိပ်စက်ချင်နေသော်လည်း သူမ၏ ဘေးတွင် ကျန်ပင်း ရှိနေသည်။

 

မည်သို့ပင်ဖြစ်စေ ကျန်ရှင်းပန်းက ကျန်ပင်း၏ ဖခင်အရင်း ဖြစ်နေသေးသဖြင့် ကျန်ပင်း၏ ရှေ့တွင် ကျန်ရှင်းပန်းကို ကိုယ်ထိလက်ရောက် မနှိပ်စက်ရက်ချေ။ ကျန်ပင်းက ခန်းနင်းမင်းသမီးကြီး၏ တွေဝေနေသော မျက်နှာကို ကြည့်ပြီး သူမ ဘာကို စိုးရိမ်နေသလဲဆိုတာ နားလည်သွား၏။

 

သူကိုယ်တိုင် ရှေ့သို့ တက်သွားကာ ကျန်ရှင်းပန်း၏ ယောက်ျားအင်္ဂါကို ခြေထောက်ဖြင့် အားကုန် ကန်ချလိုက်လေသည်။

 

ကျန်ပင်းမှာ နှစ်ပေါင်းများစွာ သေရည်နှင့် မိန်းမကိစ္စများကြောင့် ခန္ဓာကိုယ် အားနည်းနေသော်လည်း၊ ကျန်ရှင်းပန်း၏ အခြေအနေမှာလည်း သိပ်မကောင်းလှချေ။ ထို့အပြင် မနေ့က ဒဏ်ပေးခံထားရသဖြင့် အလွန် အားနည်းနေချိန်တွင် ဤသို့ အကန်ခံလိုက်ရသဖြင့် ကျန်ပင်း၏ ကန်ချက်က သူ၏ မျိုးပွားအင်္ဂါကို တိုက်ရိုက် သင်းကွပ်လိုက်သကဲ့သို့ ဖြစ်သွားစေခဲ့သည်။

 

ခန်းနင်းမင်းသမီးကြီးပင် ဤမြင်ကွင်းကို ကြည့်ပြီး အံ့သြလွန်းသဖြင့် ပါးစပ်ကို လက်ဖြင့် အုပ်လိုက်မိ၏။ ကျန်ပင်းက ကျန်ရှင်းပန်းကို နာကြည်းမုန်းတီးသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

 

” ကျွန်တော်က မှူးမတ်အသိုင်းအဝိုင်းထဲမှာ အပျော်ရွှင်ရဆုံး သခင်လေးတစ်ယောက်လို့ အရင်က ထင်ခဲ့တာ… ဒါပေမဲ့ ခင်ဗျားက အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့တယ်… အမေ့ရဲ့ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကိုလည်း ဖျက်ဆီးခဲ့သလို၊ အဖေတစ်ယောက်အပေါ် ထားရှိတဲ့ ကျွန်တော့်ရဲ့ လေးစားမြတ်နိုးမှုတွေ အားလုံးကိုလည်း ဖျက်ဆီးပစ်ခဲ့တယ်… ခင်ဗျားက တကယ့် လူယုတ်မာကောင်ပဲ… ခင်ဗျားကို တစ်သက်လုံး မုန်းသွားမယ်!”

 

ခန်းနင်းမင်းသမီးကြီးက ကျန်ပင်း၏ နာကျင်နေသော ပုံစံကို ကြည့်ပြီး ရင်ကွဲမတတ် ခံစားရကာ သူ့ကို ရင်ခွင်ထဲသို့ ဆွဲဖက်လိုက်၏။

 

ကျန်ပင်းကို ဖက်ကာ နှစ်သိမ့်ပေးရင်း ကျန်ရှင်းပန်းအား ရက်စက်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

 

” နင် ငါတို့ကို လာချော့ပြီး အသက်ချမ်းသာပေးဖို့ တောင်းဆိုဖို့ မစဉ်းစားနဲ့တော့… အစ်ကိုကြီးက နင့်အတွက် အဆုံးအဖြတ် ချပေးလိုက်ပြီ… ဆောင်းဦးရောက်တာနဲ့ ခေါင်းဖြတ်ကွပ်မျက်ဖို့ပဲ! အဲ့ဒီမတိုင်ခင် အချိန်အတွင်းမှာတော့… စိတ်ချပါ… ငါ နင့်ကို ကောင်းကောင်း ဂရုစိုက်ပေးဖို့ လူတွေ သေချာ စီစဉ်ထားလိုက်မယ်…”

 

” နင့်ရဲ့ မယားငယ်နဲ့ ကလေးတွေကိုလည်း ငါ သေချာ ဧည့်ခံပြုစုပေးဖို့ မမေ့ပါဘူး…”

 

 

Chapter 14 ended

 

 

နန်းတော်စာမေးပွဲတွင် ပထမရပြီးနောက် အရာရှိများအားလုံး ငါ့အတွေးတွေကို ကြားနေရပြီ

နန်းတော်စာမေးပွဲတွင် ပထမရပြီးနောက် အရာရှိများအားလုံး ငါ့အတွေးတွေကို ကြားနေရပြီ

Status: Ongoing Type: Released: 2025 Native Language: Chinese
[ နန်းတော်စာမေးပွဲတွင် ပထမရပြီးနောက် အရာရှိများအားလုံး ငါ့အတွေးတွေကို ကြားနေရပြီ ] Intro ရှန်းရှစ်ရွှီ ကျွမ်းယွမ်အဖြစ် ခန့်အပ်ခံရသည့်အချိန်တွင် ဆယ့်ရှစ်နှစ်ကြာ နောက်ကျနေသည့် ရွှေလက်ချောင်းကြီးသည် နောက်ဆုံး၌ ရောက်လာခဲ့ပေ၏။ ယခင်ဘဝက သူသည် ရေနစ်နေသော ကလေးငယ်တစ်ဦးအား ကယ်တင်ရန်အတွက် အသက်ပေးခဲ့ရပြီး ငယ်ရွယ်စဉ်မှာပင် ကွယ်လွန်သွားခဲ့၏။ ထို့နောက် သူ မျက်လုံးပြန်ဖွင့်လာချိန်၌ သမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ မပေါ်ပေါက်ခဲ့ဖူးသော တာ့ချန်မင်းဆက်သို့ ရောက်ရှိနေခဲ့သည်။ (T/N: ကျွမ်းယွမ် = နန်းတော်စာမေးပွဲတွင် ပထမရသူ) သူ့အပေါ် ချစ်ခင်ယုယသော မိဘများရှိလာရုံသာမက အလိုလိုက်သော အစ်ကိုကြီးတစ်ယောက်လည်း ရှိလာခဲ့ပေသည်။ မိသားစု၏ မေတ္တာအား ကျေးဇူးဆပ်လိုသဖြင့် သူက စာကို ကြိုးကြိုးစားစား ဖတ်ရှုခဲ့သည်။စာမေးပွဲတွင် အဆင့်ကောင်းကောင်းတစ်ခုရကာ ဆွေမျိုးအသိုင်းအဝိုင်းကို ဂုဏ်တက်စေချင်ခဲ့၏။ သို့သော် သူက ကျွမ်းယွမ်တစ်ယောက် ဖြစ်လာမည်ဟု လုံးဝမထင်မှတ်ထားခဲ့ချေ။ ကျွမ်းယွမ်အဖြစ် စာမေးပွဲအောင်ပြီးနောက် သူ၏ ရွှေလက်ချောင်းကြီးလည်း ရောက်ရှိလာခဲ့သည်။ သူ့အား အထက်သို့ တဟုန်ထိုး တက်လှမ်းနိုင်ရန် ကူညီပေးမည့် စနစ်တစ်ခုဟု သူ ထင်မှတ်ထားခဲ့သော်လည်း ၎င်းမှာ သတင်းတိုသတင်းထွာများအား စားသုံးရသည့် ဖရဲသီးစနစ် ဖြစ်နေမည်ဟု လုံးဝမထင်ထားခဲ့ပေ။ ပထမဆုံး စားသုံးရသည့် ဖရဲသီးမှာ ယခင်ကျွမ်းယွမ်ဟောင်းက ဇနီးနှင့် သားသမီးများကို စွန့်ပစ်ကာ လူပျိုအဖြစ် ဟန်ဆောင်ထားခဲ့ခြင်း အကြောင်းပင် ဖြစ်သည်။ ထို့နောက် ၎င်းက ဘဏ္ဍာရေးဝန်ကြီး၏ သမီးတော်နှင့် မျက်မှန်းတည့်သွားပြီး ဝန်ကြီး၏ သမက်တော် ဖြစ်လာခဲ့၏။ ဘဏ္ဍာရေးဝန်ကြီး၏ အကူအညီဖြင့် နန်းတွင်း၌ တစ်ဆင့်ပြီးတစ်ဆင့် ရာထူးတက်လာခဲ့သည်။ ယခုအခါ သူက အလုပ်အကိုင် အဆင်ပြေနေပြီး ဇနီးချောလေးနှင့် သားလေးမှာလည်း ဘေး၌ ရှိနေပေသည်။ သူက ဇာတိရွာတွင် ဒုက္ခခံနေရသော ဇနီးသည်နှင့် သမီးဖြစ်သူအား လုံးဝ ဂရုမစိုက်ဘဲ မိခင်အရင်း ဆုံးပါးသွားချိန်၌ပင် အိမ်သို့ ပြန်မလာခဲ့ချေ။ ရှန်းရှစ်ရွှီကမူ ဖရဲသီးများကို ဝမ်းသာအားရ စားသုံးနေပြီး သူ၏ စိတ်တွင်းအသံများမှာ နန်းတွင်းအမတ်များအားလုံးရှေ့၌ ပေါက်ကြားနေပြီဖြစ်ကြောင်းကို လုံးဝ မသိရှိခဲ့ပေ။ ဧကရာဇ်၊ အိမ်ရှေ့စံ၊ မင်းသားများနှင့် ဝမ်ရယ်များပင်လျှင် ကြည်လင်ပြတ်သားစွာ ကြားနေရ၏။ အစပိုင်းတွင် မည်သူမျှ မယုံကြည်ခဲ့ကြသော်လည်း ယိမ်းယိုင်နေသော ဘဏ္ဍာရေးဝန်ကြီး၏ ပုံစံအား မြင်လိုက်ရချိန်တွင် သူ၏ စိတ်ထဲ၌ ပြောနေသမျှ အရာအားလုံးမှာ အမှန်တရားများသာ ဖြစ်ကြောင်းကို နားလည်သွားကြသည်။ ဤသို့ဖြင့် ရှန်းရှစ်ရွှီမှာ ဖရဲသီးများကို မှီခိုကာ ရာထူးများ တစ်ဆင့်ပြီးတစ်ဆင့် တက်လာခဲ့ပြီး နန်းတွင်းအမတ်များမှာလည်း နေ့စဉ်နေ့တိုင်း အတင်းအဖျင်းများအား ဝမ်းသာအားရ နားထောင်နေကြ၏။ ယနေ့တွင် မင်းသမီးကြီးမှာ ခင်ပွန်းဖြစ်သူ၏ သစ္စာဖောက်ခြင်းကို ခံရကြောင်း ဖရဲသီးသတင်းကို ကြားရပြီး မနက်ဖြန်တွင် မည်သည့်အမတ်မင်းမှာ ဇနီးဖြစ်သူ၏ ဖောက်ပြန်ခြင်းကို ခံရကြောင်း စသည့်သတင်းများကို ကြားရလေသည်။ သန်ဘက်ခါတွင်မူ ရန်သူ့တိုင်းပြည်မှ သူလျှိုများက ဧကရာဇ်၏ အနောက်ဆောင်၌ လူလွှတ်ကာ စီစဉ်ထားကြောင်းကို ကြားရလေသည်။ သို့သော် ရှန်းရှစ်ရွှီက ဖရဲသီးစားသုံးရာမှ ရုတ်တရက် ဖရဲသီးအကြီးကြီးတစ်လုံးအား ဖော်ထုတ်သွားခဲ့မိသည်။ အဲ့ဒီအေးစက်စက် စစ်နတ်ဘုရားကြီးက ငါ့ကို ဘယ်လိုလုပ် သဘောကျနေရတာလဲ? Intro ended

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset