⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 17

ဆရာတင်ခြင်း

Chapter 17

ဆရာတင်ခြင်း

 

=====

 

မဲ့ယွီခမျာ သူတို့မင်းသား၏အကြည့်ကို မတော်တဆ မြင်လိုက်ရချိန်တွင် မနေနိုင်ဘဲ ချမ်းတုန်သွားခဲ့သည်။

 

သူတို့မင်းသား ဘာဖြစ်သွားတာလဲ? လက်ထောက်အမတ်ရှန်းကို ကြည့်နေတဲ့ အကြည့်က ဘာလို့ အဲ့ဒီလောက်တောင် ကြောက်စရာကောင်းနေရတာလဲ?

 

ပိုင်ဟယ်လည်း ဒီနေ့ အတူလိုက်လာခဲ့ပြီး ရှောင်ကျင့်ယိ၏ အကြည့်ကို သတိထားမိလိုက်သည်။ ဤအကြည့်က မည်သည့်အဓိပ္ပာယ်ကို ဆောင်နေကြောင်းကို ရှောင်ကျင့်ယိကိုယ်တိုင်ထက်ပင် သူက ပို၍ နားလည်နေ၏။

 

ဘာပဲဖြစ်ဖြစ် သူ့မှာလည်း အမြဲတမ်း ရင်ထဲမှာ စွဲလန်းနေရတဲ့ လူတစ်ယောက် ရှိနေတယ်လေ။ အခုထက်ထိ အချစ်ရေးမှာ အကင်းမပါသေးတဲ့ လူကို ကြည့်ပြီး ပိုင်ဟယ်မှာ ခေါင်းကိုက်သွားသလို နဖူးကို ဖိကိုင်လိုက်မိသည်။ သူ စွဲလန်းနေရတဲ့ အဲ့ဒီလူက ရှောင်ကျင့်ယိရဲ့ အကြည့်တွေ ဘာလို့ ရုတ်တရက်ကြီး ကြောက်စရာကောင်းသွားရတာလဲ ဆိုတာကိုတောင် စပ်စုချင်နေသေးတာ!

 

ရှန်းရှစ်ရွှီနှင့် ရှောင်ကျင့်ယိတို့က ထျန်းရှန်းစားသောက်ဆိုင်ထဲသို့ ဝင်သွားကြသည်။ ရှောင်ကျင့်ယိက ဤနေရာတွင် နေရာကြိုတင်မှာထားပြီးဖြစ်ကာ ၎င်းက အပေါ်ဆုံးထပ်ရှိ ‘ထျန်း’ (ကောင်းကင်) အဆင့် သီးသန့်ခန်း ဖြစ်သည်။ လူနှစ်ဦးက စားပွဲထိုး၏ လမ်းညွှန်မှုဖြင့် သီးသန့်ခန်းဆီသို့ သွားကြ၏။

 

လူနှစ်ဦး ထိုင်ပြီးသည်နှင့် စားပွဲထိုးက နွေးထွေးစွာ နှုတ်ဆက်လာသည်။

 

” ဧည့်သည်တော်ကြီးနှစ်ယောက် ဘာများ သုံးဆောင်ချင်ပါသလဲခင်ဗျာ… ကျွန်တော်တို့ ထျန်းရှန်းစားသောက်ဆိုင်မှာ ကောင်းကင်မှာ ပျံတာ၊ ရေထဲမှာ ကူးတာ၊ မြေကြီးပေါ် ပြေးတာကအစ အကုန်လုံး ချက်တတ်ပါတယ်! ”

 

ရှန်းရှစ်ရွှီက အလွန် စကားတတ်သော စားပွဲထိုးကို ကြည့်ပြီး၊ ခုနက သူနှင့် ရှောင်ကျင့်ယိကြားရှိ အနည်းငယ် ထူးဆန်းနေခဲ့သော လေထုကိုပင် မေ့သွားကာ စိတ်ပါဝင်စားစွာဖြင့် မေးလိုက်၏။

 

” ဟုတ်လား… ငါတို့နှစ်ယောက်လုံး ဒီကို လာစားတာ ပထမဆုံးအကြိမ်ဆိုတော့ မင်းတို့ဆိုင်က ဟင်းလျာတွေကို သိပ်နားမလည်ဘူး… အဲ့ဒါကြောင့် ဆိုင်ရဲ့ နာမည်ကြီး ဟင်းလျာလေး တချို့လောက် မိတ်ဆက်ပေးပါလား…”

 

စားပွဲထိုးက ထိုစကားကို ကြားသောအခါ လက်ထဲရှိ ချွေးသုတ်ပုဝါကို ပခုံးပေါ်သို့ တင်လိုက်ပြီး ပြုံးရွှင်စွာဖြင့် မိတ်ဆက်ပေးတော့သည်။

 

” နာမည်ကြီး ဟင်းလျာဆိုရင်တော့ အများကြီးရှိတာပေါ့ခင်ဗျာ… ချယ်ရီဝက်သား၊ ဘဲကင်၊ ချိုးငှက်ကင်၊ ငါးကြွပ်ကြော်နှပ်၊ ကြာစွယ်ဝက်နံရိုးဟင်းချို… ”

 

ရှန်းရှစ်ရွှီက မိမိ၏ အကြိုက်အတိုင်း ဟင်းနှစ်ပွဲကို မှာလိုက်သည်။

 

” ဒါဆို ငါ့ကို ကြာစွယ်ဝက်နံရိုးဟင်းချို တစ်ပွဲနဲ့ ငါးကြွပ်ကြော်နှပ် တစ်ပွဲ ပေးပါ… ငါကတော့ ဒါပဲ… မင်း.. အဟမ်း… ကျင့်ယိ… ခင်ဗျားကြိုက်တာ နှစ်ပွဲလောက် ထပ်မှာလိုက်လေ!”

 

ရှောင်ကျင့်ယိမှာ ရှန်းရှစ်ရွှီဘက်ကနေ သူ့နာမည်ကို ခေါ်လိုက်သည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

 

ဘယ်လိုပြောရမလဲ? ရင်ထဲမှာ ထူးဆန်းတဲ့ ခံစားချက်တစ်ခု ဖြစ်ပေါ်လာပြီး၊ သူ့နာမည်က ရှန်းရှစ်ရွှီ၏ နှုတ်ဖျားမှ ထွက်ပေါ်လာချိန်တွင် ပို၍ပင် နူးညံ့သွားသလို ခံစားလိုက်ရ၏။

 

မိမိတွင် ဤသို့သော အတွေးမျိုး ဝင်လာကြောင်း သတိပြုမိချိန်တွင် ရှောင်ကျင့်ယိသည် သူ တကယ်ပဲ နေမကောင်းဖြစ်နေပြီဟု အလေးအနက် ခံစားလိုက်ရကာ၊ ခဏနေ ထမင်းစားပြီးလျှင် နန်းတွင်းသမားတော်ထံ သွားပြရန် ဆုံးဖြတ်လိုက်သည်။

 

” အဟမ်း… ငါ့ကိုတော့ အမဲသားပြုတ်လှီး တစ်ပွဲ၊ ရာသီပေါ်ဟင်းသီးဟင်းရွက်ကြော်နဲ့ ပုစွန်လုံးကြော် ပေးပါ… ပြီးတော့ ထမင်းနှစ်ပွဲနဲ့ အရက်ကောင်းကောင်း တစ်အိုး ယူခဲ့ပေးပါ…”

 

ရှန်းရှစ်ရွှီက သူ အရက်တစ်အိုး မှာလိုက်သည်ကို ကြားသောအခါ လက်ဆန့်ထုတ်၍ တားဆီးလိုက်၏။

 

” ဥပဒေအရ ရုံးချိန်အတွင်းမှာ အရက်သောက်ခွင့် မရှိဘူးလေ… ကျွန်တော် နေ့လယ်ဘက် ရုံးပြန်တက်ရဦးမှာ”

 

ရှောင်ကျင့်ယိမှာ သူ၏စကားကြောင့် ကြောင်အသွားပြီးနောက် ချက်ချင်း သတိပြန်ဝင်လာသည်။

 

” မင်းမပြောရင် ဒီကိစ္စကို ငါတောင် မေ့နေတော့မလို့ပဲ… ဒါဆိုလည်း အရက်မယူတော့ဘူး… မင်း ရုံးပိတ်ရက်ကျမှ ငါတို့ အတူတူ သောက်ကြတာပေါ့… ငါ့ဆီမှာ ‘လောကီမူးယစ်’ လို့ ခေါ်တဲ့ အရက်ကောင်းတစ်အိုး ရှိသေးတယ်…”

 

ရှန်းရှစ်ရွှီနှင့် ရှောင်ကျင့်ယိတို့ ထမင်းစားနေစဉ် ရုတ်တရက် တံခါးခေါက်သံ ကြားလိုက်ရသည်။ စားပွဲထိုးက အခက်တွေ့နေသော မျက်နှာဖြင့် ဝင်လာကာ

 

” ဧည့်သည်တော်တို့ခင်ဗျာ… ဒီအဘိုးကြီးက ဧည့်သည်တော်တို့နဲ့ တွေ့စရာရှိတယ်ဆိုပြီး ဇွတ်ဝင်လာလို့… တားလို့ကို မရလိုက်လို့ပါ…” ဟု ပြောသည်။

 

ဝင်လာသောသူမှာ အခြားသူ မဟုတ်ဘဲ အန်းကော်ကုန်း (အန်းနယ်စားကြီး) ပင် ဖြစ်သည်။

 

ရှန်းရှစ်ရွှီက သူ့ကို မသိချေ။ မိမိ မြို့တော်သို့ ရောက်သည်မှာ ရက်ပိုင်းမျှသာ ရှိသေးသဖြင့် သိကျွမ်းသူများ သိပ်မရှိသောကြောင့် ဤလူမှာ ရှောင်ကျင့်ယိကို လာရှာခြင်း ဖြစ်မည်ဟု တွေးကာ သိပ်ဂရုမစိုက်တော့ဘဲ ခေါင်းငုံ့၍ ဆက်စားနေလိုက်၏။

 

သို့သော် ထိုသူက သူ့ဆီသို့ တန်းတန်းမတ်မတ် လျှောက်လာပြီး အနီးသို့ရောက်သည်နှင့် သူ့လက်ကိုဆွဲကာ အပေါ်အောက် လှုပ်ရမ်းနှုတ်ဆက်လိမ့်မည်ဟု ဘယ်သူက ထင်မည်နည်း။

 

ရှန်းရှစ်ရွှီမှာ ထိုလူကို ကြည့်ပြီး ကြောင်တောင်တောင် ဖြစ်သွားသည်။ သူ့ရှေ့မှ လူကို သူ တကယ်ကို မသိကြောင်း သစ္စာဆိုရဲပေသည်။

 

ရှောင်ကျင့်ယိက ရှန်းရှစ်ရွှီ၏ ကြောင်တောင်တောင် ဖြစ်နေသော မျက်နှာကို ကြည့်ပြီး၊ ရှေ့သို့တိုးကာ အန်းကော်ကုန်း၏ လက်ကို ဖယ်ရှားပေးလိုက်ရင်း မေးလိုက်၏။

 

” အန်းကော်ကုန်း… ခင်ဗျား ဘာလုပ်တာလဲ…”

 

အန်းကော်ကုန်းက ရှန်းရှစ်ရွှီကို လာရှာချင်နေသည်မှာ ကြာပြီဖြစ်သည်။ သို့သော် သူ အမှုစစ်ဆေးနေကြောင်း ကြားထားသဖြင့် အမြဲတမ်း စောင့်ဆိုင်းနေခဲ့ရပြီး၊ ယနေ့တွင် အမှုပြီးဆုံးသွားပြီဟု ကြားလိုက်ရသဖြင့် မဆိုင်းမတွပင် လိုက်လာခဲ့ခြင်း ဖြစ်၏။

 

အရမ်း စိတ်လှုပ်ရှားသွားပြီး ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ဖြစ်ကာ ရှန်းရှစ်ရွှီကို လန့်သွားစေခဲ့သဖြင့် အားနာနာဖြင့် လက်ကို ပြန်ရုတ်လိုက်ပြီး တောင်းပန်စကား ဆိုလိုက်သည်။

 

” တကယ်ပဲ အားနာပါတယ်… လန့်သွားပြီလား! အဘိုးက လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက လက်ထောက်အမတ်ရှန်းဆီ လာလည်ချင်နေတာ… ဒါပေမဲ့ အဲ့ဒီတုန်းက မင်း အလုပ်များနေတယ်ဆိုလို့… ဒီနေ့ မင်းလက်ထဲက အလုပ်တွေ ပြီးသွားပြီလို့ ကြားကြားချင်းပဲ ကျေးဇူးလာတင်တာပါ… ပြီးခဲ့တဲ့ နေ့က မြင်းစီးပွဲလှည့်တဲ့နေ့မှာ ငါ့ရဲ့ မြေးလေးကို ကယ်တင်ပေးခဲ့လို့ ကျေးဇူးအများကြီး တင်ပါတယ်ကွယ်… အဘိုး လက်ဆောင်နည်းနည်းပါးပါး ပြင်ဆင်ပြီး မင်းရဲ့ အိမ်ကို ပို့ခိုင်းလိုက်ပြီ…”

 

အန်းကော်ကုန်းက သူ၏ကျေးဇူးတင်စကားနှင့် ဒုတိယမြောက် ရည်ရွယ်ချက်ကို ရှင်းပြ၍ မပြီးသေးခင်မှာပင်၊ ရှန်းရှစ်ရွှီက အလောတကြီး မတ်တတ်ရပ်လိုက်ပြီး စိုးရိမ်ပူပန်နေသော မျက်နှာဖြင့် ပြောလိုက်၏။

 

” ဒုက္ခပဲ… အိမ်မှာ ကျွန်တော့်အစ်ကိုကြီး ရှိတယ်ဗျ… လူတစ်အုပ်ကြီးက လက်ဆောင်တွေ လာပို့တာကို သူမြင်သွားရင်၊ သေချာပေါက် အထင်လွဲတော့မှာပဲ… ရန်တောင် ဖြစ်ကြဦးမလား မသိဘူး… မဖြစ်ဘူး… ကျွန်တော် အမြန် ပြန်မှရမယ်…”

 

ရှောင်ကျင့်ယိက သူ အလောတကြီး ထွက်သွားတော့မည်ကို မြင်သောအခါ လက်ဆန့်ထုတ်၍ သူ့ ယလက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်သည်။

 

” မလောပါနဲ့… ငါတို့ အတူတူ ပြန်ကြမယ်… အန်းကော်ကုန်းလည်း အတူတူ လိုက်ခဲ့ပါလား”

 

အန်းကော်ကုန်း၏ စကားများက မရှင်းလင်းသေးဟု ရှောင်ကျင့်ယိ ခံစားနေရသည်။ သူ ဤတစ်ကြိမ် လာရှာခြင်းမှာ ကျေးဇူးတင်ရုံသက်သက် မဟုတ်ဘဲ အခြား အကြောင်းပြချက် ရှိနေသေးပုံရ၏။

 

ရှန်းရှစ်ရွှီတို့သုံးယောက် ခြံဝင်းငယ်လေးထဲသို့ ပြန်ရောက်လာချိန်တွင် ထင်ထားသည့်အတိုင်းပင် ဖြစ်နေလေသည်။ ရှန်းဇယ်ရှီး၊ ရှောင်ရှစ်ထိုနှင့် ကျင်းပေါင်တို့ သုံးယောက်က လက်ထဲတွင် လက်နက်တစ်ခုစီ ကိုင်၍ တံခါးဝတွင် ပိတ်ရပ်ထားပြီး မျက်နှာချင်းဆိုင်မှ လူများကို သတိကြီးစွာဖြင့် ရင်ဆိုင်နေကြကာ၊ ဘေးပတ်လည်တွင်လည်း လူများစွာက ဝိုင်းအုံကြည့်ရှုနေကြ၏။

 

ရှန်းဇယ်ရှီးတို့နှင့် ရင်ဆိုင်နေသော လူအုပ်၏ ခေါင်းဆောင်မှာ အပြာရင့်ရောင် အဝတ်အစားကို ဝတ်ဆင်ထားသည်။သူက ရှန်းဇယ်ရှီးကို အခက်တွေ့နေသော မျက်နှာဖြင့် ကြည့်ကာ ပင်ပန်းနွမ်းနယ်စွာဖြင့် ရှင်းပြနေသည်။

 

” သခင်လေး… ကျွန်တော်တို့က တကယ်ကို အန်းကော်ကုန်း စံအိမ်က လူတွေပါ… ဒီပစ္စည်းတွေက အမတ်မင်းရှန်းအတွက် လက်ဆောင်လာပို့တာပါ… လာဘ်ပေးလာဘ်ယူ လုပ်တာ မဟုတ်ပါဘူး၊ လွန်ခဲ့တဲ့ နှစ်ရက်က ကျွန်တော်တို့ရဲ့ သခင်လေးကို ကယ်ပေးခဲ့လို့ ကျေးဇူးလာတင်တာပါခင်ဗျာ…”

 

ရှန်းဇယ်ရှီးက လုံးဝ မယုံကြည်ချေ။

 

” ခင်ဗျား ဒီမှာ လာလိမ်မနေနဲ့… ငါ့ညီက ဘယ်သခင်လေးကိုမှ ကယ်ခဲ့တယ်လို့ တစ်ခါမှ မပြောဖူးဘူး… ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ကို အထဲပေးဝင်မှာ မဟုတ်ဘူး… မြန်မြန် ထွက်သွား… မဟုတ်ရင် အရိုက်ခံရမယ်နော်…”

 

ဤအခိုက်အတန့်တွင် ရှန်းဇယ်ရှီး၏ ရင်ထဲ၌ ရှန်းရှစ်ရွှီကို စာမေးပွဲ သွားဖြေခိုင်းခဲ့မိသည်ကို အတော်လေး နောင်တရနေမိ၏။

 

နေ့ခင်းကြောင်တောင်ကြီးကိုတောင် ပစ္စည်းတွေ အများကြီးသယ်လာပြီး လာဘ်ထိုးရဲတယ်ဆိုတော့၊ ကွယ်ရာမှာဆိုရင် ဘယ်လိုတွေတောင် လာဘ်ထိုးကြမလဲ မသိဘူး။ သူ့ညီလေးလို သန့်ရှင်းစင်ကြယ်တဲ့ လူတစ်ယောက်က ဒီလို မှောင်မိုက်နေတဲ့ အမတ်လောကထဲမှာ ဘယ်လိုလုပ် ရပ်တည်နိုင်မှာလဲ?

 

ရှန်းရှစ်ရွှီကို ရာထူးမှ နှုတ်ထွက်ပြီး အိမ်ပြန်ရန် ဖျောင်းဖျရမလားဟု သူ တွေးနေချိန်မှာပင်၊ ရှန်းရှစ်ရွှီ၏ အော်ခေါ်သံကို ကြားလိုက်ရသည်။

 

” အစ်ကိုကြီး… အထင်လွဲနေတာ… သူတို့က တကယ် အန်းကော်ကုန်းစံအိမ်က လူတွေပါ… လာဘ်ထိုးဖို့ လာတာလည်း မဟုတ်ပါဘူး… ပြီးတော့ ဘယ်သူကများ နေ့ခင်းကြောင်တောင်ကြီး လူတွေ ဒီလောက်များနေတာကို လာဘ်လာထိုးပါ့မလဲ? ပြီးခဲ့တဲ့ နှစ်ရက်က ကယ်ခဲ့တဲ့ ကလေးက ကော်ကုန်းစံအိမ်က သခင်လေးဆိုတာ ကျွန်တော်လည်း အခုမှ သိတာ… မဟုတ်ရင် အစ်ကိုကြီးကို ကျွန်တော် ပြောပြပြီးပြီပေါ့…”

 

ရှန်းဇယ်ရှီးက သူ၏စကားကို ကြားမှသာ လက်ထဲရှိ တံမြက်စည်းကို ချထားလိုက်ပြီး၊ မိမိ တားဆီးထားခဲ့သော မျက်နှာချင်းဆိုင်မှ လူများကို ကြည့်ကာ အနည်းငယ် အားနာသွား၏။

 

သို့သော် ချက်ချင်း ပြန်တွေးကြည့်လိုက်ချိန်တွင်၊ မိမိ ဤမျှ သတိထားလိုက်သည်ကလည်း ကောင်းသည်ဟု ထင်လိုက်သည်။ တကယ်လို့ တစ်ယောက်ယောက်က သူ့ညီကို မနာလိုဖြစ်ပြီး လုပ်ကြံဖို့ လာရင် ဘယ်လိုလုပ်မလဲ?

 

” ဪ… ဒီလိုကိုး… ဦးလေးကြီး… ခုနက အားနာပါတယ်နော်… အကြောင်းစုံ သေချာ မသိဘဲ တံမြက်စည်းနဲ့ လိုက်ရိုက်မိလို့… ခုနက နာအောင်များ ရိုက်မိသွားသေးလား? တကယ် တောင်းပန်ပါတယ်…”

 

အန်းကော်ကုန်းစံအိမ်၏ အိမ်တော်ထိန်းက လက်ခါပြကာ ဂရုမစိုက်ကြောင်း ပြသလိုက်ပြီး၊ သူတို့၏ ကော်ကုန်းကြီး လာသည်ကို မြင်သောအခါ အမြန် ရှေ့တိုး၍ အရိုအသေပေးလိုက်၏။

 

” ကော်ကုန်းကြီး… ခိုင်းထားတဲ့ ကိစ္စက မအောင်မြင်ခဲ့ပါဘူး… တကယ်ပဲ ရှက်စရာကောင်းလိုက်တာ”

 

အန်းကော်ကုန်းက လက်ခါပြလိုက်သည်။

 

” ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့… ငါ စဉ်းစားတာ လိုအပ်သွားလို့ပါ…”

 

အန်းကော်ကုန်းက ရှေ့သို့ လျှောက်သွားကာ လူအများ၏ ရှေ့တွင် ရှန်းရှစ်ရွှီအား နောက်တစ်ကြိမ် ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက်၊ ခါးညွှတ်ကာ တောင်းဆိုလိုက်၏။

 

” အဘိုး ဒီလောက် လက်ဆောင်တွေ အများကြီး ပြင်ဆင်လာရတဲ့ အကြောင်းရင်းက ကျေးဇူးတင်ချင်လို့အပြင်၊ အရှက်မရှိ ငါ့မြေးလေးအတွက် ဆရာတစ်ယောက် ရှာပေးချင်လို့ပါ…”

 

 

Chapter 17 ended

 

နန်းတော်စာမေးပွဲတွင် ပထမရပြီးနောက် အရာရှိများအားလုံး ငါ့အတွေးတွေကို ကြားနေရပြီ

နန်းတော်စာမေးပွဲတွင် ပထမရပြီးနောက် အရာရှိများအားလုံး ငါ့အတွေးတွေကို ကြားနေရပြီ

Status: Ongoing Type: Released: 2025 Native Language: Chinese
[ နန်းတော်စာမေးပွဲတွင် ပထမရပြီးနောက် အရာရှိများအားလုံး ငါ့အတွေးတွေကို ကြားနေရပြီ ] Intro ရှန်းရှစ်ရွှီ ကျွမ်းယွမ်အဖြစ် ခန့်အပ်ခံရသည့်အချိန်တွင် ဆယ့်ရှစ်နှစ်ကြာ နောက်ကျနေသည့် ရွှေလက်ချောင်းကြီးသည် နောက်ဆုံး၌ ရောက်လာခဲ့ပေ၏။ ယခင်ဘဝက သူသည် ရေနစ်နေသော ကလေးငယ်တစ်ဦးအား ကယ်တင်ရန်အတွက် အသက်ပေးခဲ့ရပြီး ငယ်ရွယ်စဉ်မှာပင် ကွယ်လွန်သွားခဲ့၏။ ထို့နောက် သူ မျက်လုံးပြန်ဖွင့်လာချိန်၌ သမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ မပေါ်ပေါက်ခဲ့ဖူးသော တာ့ချန်မင်းဆက်သို့ ရောက်ရှိနေခဲ့သည်။ (T/N: ကျွမ်းယွမ် = နန်းတော်စာမေးပွဲတွင် ပထမရသူ) သူ့အပေါ် ချစ်ခင်ယုယသော မိဘများရှိလာရုံသာမက အလိုလိုက်သော အစ်ကိုကြီးတစ်ယောက်လည်း ရှိလာခဲ့ပေသည်။ မိသားစု၏ မေတ္တာအား ကျေးဇူးဆပ်လိုသဖြင့် သူက စာကို ကြိုးကြိုးစားစား ဖတ်ရှုခဲ့သည်။စာမေးပွဲတွင် အဆင့်ကောင်းကောင်းတစ်ခုရကာ ဆွေမျိုးအသိုင်းအဝိုင်းကို ဂုဏ်တက်စေချင်ခဲ့၏။ သို့သော် သူက ကျွမ်းယွမ်တစ်ယောက် ဖြစ်လာမည်ဟု လုံးဝမထင်မှတ်ထားခဲ့ချေ။ ကျွမ်းယွမ်အဖြစ် စာမေးပွဲအောင်ပြီးနောက် သူ၏ ရွှေလက်ချောင်းကြီးလည်း ရောက်ရှိလာခဲ့သည်။ သူ့အား အထက်သို့ တဟုန်ထိုး တက်လှမ်းနိုင်ရန် ကူညီပေးမည့် စနစ်တစ်ခုဟု သူ ထင်မှတ်ထားခဲ့သော်လည်း ၎င်းမှာ သတင်းတိုသတင်းထွာများအား စားသုံးရသည့် ဖရဲသီးစနစ် ဖြစ်နေမည်ဟု လုံးဝမထင်ထားခဲ့ပေ။ ပထမဆုံး စားသုံးရသည့် ဖရဲသီးမှာ ယခင်ကျွမ်းယွမ်ဟောင်းက ဇနီးနှင့် သားသမီးများကို စွန့်ပစ်ကာ လူပျိုအဖြစ် ဟန်ဆောင်ထားခဲ့ခြင်း အကြောင်းပင် ဖြစ်သည်။ ထို့နောက် ၎င်းက ဘဏ္ဍာရေးဝန်ကြီး၏ သမီးတော်နှင့် မျက်မှန်းတည့်သွားပြီး ဝန်ကြီး၏ သမက်တော် ဖြစ်လာခဲ့၏။ ဘဏ္ဍာရေးဝန်ကြီး၏ အကူအညီဖြင့် နန်းတွင်း၌ တစ်ဆင့်ပြီးတစ်ဆင့် ရာထူးတက်လာခဲ့သည်။ ယခုအခါ သူက အလုပ်အကိုင် အဆင်ပြေနေပြီး ဇနီးချောလေးနှင့် သားလေးမှာလည်း ဘေး၌ ရှိနေပေသည်။ သူက ဇာတိရွာတွင် ဒုက္ခခံနေရသော ဇနီးသည်နှင့် သမီးဖြစ်သူအား လုံးဝ ဂရုမစိုက်ဘဲ မိခင်အရင်း ဆုံးပါးသွားချိန်၌ပင် အိမ်သို့ ပြန်မလာခဲ့ချေ။ ရှန်းရှစ်ရွှီကမူ ဖရဲသီးများကို ဝမ်းသာအားရ စားသုံးနေပြီး သူ၏ စိတ်တွင်းအသံများမှာ နန်းတွင်းအမတ်များအားလုံးရှေ့၌ ပေါက်ကြားနေပြီဖြစ်ကြောင်းကို လုံးဝ မသိရှိခဲ့ပေ။ ဧကရာဇ်၊ အိမ်ရှေ့စံ၊ မင်းသားများနှင့် ဝမ်ရယ်များပင်လျှင် ကြည်လင်ပြတ်သားစွာ ကြားနေရ၏။ အစပိုင်းတွင် မည်သူမျှ မယုံကြည်ခဲ့ကြသော်လည်း ယိမ်းယိုင်နေသော ဘဏ္ဍာရေးဝန်ကြီး၏ ပုံစံအား မြင်လိုက်ရချိန်တွင် သူ၏ စိတ်ထဲ၌ ပြောနေသမျှ အရာအားလုံးမှာ အမှန်တရားများသာ ဖြစ်ကြောင်းကို နားလည်သွားကြသည်။ ဤသို့ဖြင့် ရှန်းရှစ်ရွှီမှာ ဖရဲသီးများကို မှီခိုကာ ရာထူးများ တစ်ဆင့်ပြီးတစ်ဆင့် တက်လာခဲ့ပြီး နန်းတွင်းအမတ်များမှာလည်း နေ့စဉ်နေ့တိုင်း အတင်းအဖျင်းများအား ဝမ်းသာအားရ နားထောင်နေကြ၏။ ယနေ့တွင် မင်းသမီးကြီးမှာ ခင်ပွန်းဖြစ်သူ၏ သစ္စာဖောက်ခြင်းကို ခံရကြောင်း ဖရဲသီးသတင်းကို ကြားရပြီး မနက်ဖြန်တွင် မည်သည့်အမတ်မင်းမှာ ဇနီးဖြစ်သူ၏ ဖောက်ပြန်ခြင်းကို ခံရကြောင်း စသည့်သတင်းများကို ကြားရလေသည်။ သန်ဘက်ခါတွင်မူ ရန်သူ့တိုင်းပြည်မှ သူလျှိုများက ဧကရာဇ်၏ အနောက်ဆောင်၌ လူလွှတ်ကာ စီစဉ်ထားကြောင်းကို ကြားရလေသည်။ သို့သော် ရှန်းရှစ်ရွှီက ဖရဲသီးစားသုံးရာမှ ရုတ်တရက် ဖရဲသီးအကြီးကြီးတစ်လုံးအား ဖော်ထုတ်သွားခဲ့မိသည်။ အဲ့ဒီအေးစက်စက် စစ်နတ်ဘုရားကြီးက ငါ့ကို ဘယ်လိုလုပ် သဘောကျနေရတာလဲ? Intro ended

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset