⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 16

အကြောင်းပြချက်မရှိသော အပြောင်းအလဲ 

Chapter 16

အကြောင်းပြချက်မရှိသော အပြောင်းအလဲ

 

====

 

ရှောင်ကျင့်ယိသည် ရှန်းရှစ်ရွှီက သူ့ကို အစ်ကိုဖြစ်သူနှင့် သွားတွေ့ရန် ခေါ်သွားမည်ဟု ကြားလိုက်ရချိန်တွင် ရင်ထဲ၌ ရုတ်တရက် အလွန် စိတ်လှုပ်ရှားသွားသည်။ ဤစိတ်လှုပ်ရှားမှုက သူ ပထမဆုံးအကြိမ် စစ်မြေပြင်သို့ ထွက်ခဲ့စဉ်ကထက်ပင် ပိုနေသေး၏။

 

ရှန်းဇယ်ရှီးက မြို့တော်သို့ ရောက်လာပြီးနောက်မှ ရှောင်ရှစ်ထို၏ ပါးစပ်မှတစ်ဆင့် သူ၏ ညီဖြစ်သူမှာ ကျွမ်းယွမ်အဖြစ် စာမေးပွဲအောင်ရုံသာမက ယခုအခါ တရားလွှတ်တော်ချုပ် လက်ထောက်အမတ်ပါ ဖြစ်နေပြီဖြစ်ကြောင်း၊ ရာထူးတက်တက်ချင်းမှာပင် အမှုကြီးတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သိလိုက်ရသည်။

 

ချက်ချင်းပင် သူက အလွန် ဂုဏ်ယူဝင့်ကြွားသွားပြီး သူကိုယ်တိုင် ကျွမ်းယွမ်ဖြစ်သွားသည်ထက်ပင် ပို၍ ပျော်ရွှင်နေခဲ့သည်။ သူတို့ဆိုင်များတွင်ပင် ပရိုမိုးရှင်းများ လုပ်ပေးလိုက်သေး၏။ လာမည့် သုံးရက်အတွင်း သူတို့ ရှန်းမိသားစုလက်အောက်ရှိ ဆိုင်များမှ ဝယ်ယူသော မည်သည့် ပစ္စည်းကိုမဆို ၃၀ ရာခိုင်နှုန်း လျှော့ဈေးဖြင့် ရောင်းချပေးမည် ဖြစ်သည်။

 

ညီဖြစ်သူ ရုံးဆင်းသည်နှင့် သူ့ကို ပြန်လာတွေ့မည်ဟု ကြားလိုက်ရသဖြင့် ကုလားထိုင်တစ်လုံးကို သယ်ကာ တံခါးဝတွင် ထိုင်ရင်း မျှော်လင့်တကြီး စောင့်နေခဲ့သည်။ စောင့်နေရင်းနှင့် အိမ်နီးချင်းများနှင့်လည်း စကားစမြည် ပြောနေသေး၏။ တိတိကျကျ ပြောရလျှင် သူတို့အား ကြွားလုံးထုတ်နေခြင်းပင် ဖြစ်သည်။

 

သူ၏ ညီဖြစ်သူက မည်မျှ တော်ကြောင်း၊ လိမ္မာရေးခြားရှိပြီး နားလည်မှုရှိရုံသာမက ယခုအခါ ကျွမ်းယွမ်ပင် ဖြစ်နေပြီဖြစ်ပြီး တရားလွှတ်တော်ချုပ်တွင် ရာထူးရနေပြီဖြစ်ကြောင်း ပြောပြနေလေသည်။

 

ချက်ချင်းပင် ထိုအနီးနားရှိ အဘိုးကြီး အဘွားကြီးများမှာ အလွန် အားကျသွားကြပြီး ကလေးများကို ဤမျှ တော်အောင် မည်သို့ သင်ကြားဆုံးမရမည်ကို ရှန်းဇယ်ရှီးထံ ဝိုင်းဝန်း အကြံတောင်းကြတော့သည်။

 

ရှန်းရှစ်ရွှီက ရှောင်ကျင့်ယိကို ခေါ်ကာ ပြန်လာချိန်တွင် သူ၏ အစ်ကိုဖြစ်သူက အဘိုးအဘွားများကြားတွင် ထိုင်ကာ လက်ထဲတွင် ဖရဲစေ့တစ်ဆုပ်ကို ကိုင်ထားရင်း ဘေးနားရှိ လူများနှင့် အလွန် စိတ်အားထက်သန်စွာဖြင့် လေဖမ်းနေသည်ကို မြင်တွေ့လိုက်ရ၏။

 

” အစ်ကိုကြီး! ”

 

ရှန်းရှစ်ရွှီက လှမ်းခေါ်လိုက်သော်လည်း သူ မကြားချေ။ ရှန်းရှစ်ရွှီ၏ ဘာပြောရမှန်းမသိ ဆွံ့အသွားသည့် ပုံစံကို ကြည့်ပြီး ရှောင်ကျင့်ယိမှာ မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။

 

အစ်ကိုဖြစ်သူက သူ့ကို ဂရုမစိုက်တာကို အသာထားဦး၊ ဘေးကလူကပါ ဝင်ပြီး လှောင်ရယ်နေသေးတာကို မြင်လိုက်ရတဲ့အတွက် ရှန်းရှစ်ရွှီမှာ ဒေါသထွက်လွန်းလို့ မျက်နှာလေးပါ နီရဲသွားခဲ့သည်။

 

” အစ်ကိုကြီး! ကျွန်တော် ပြန်လာပြီ!”

 

ဤအခါမှသာ ရှန်းဇယ်ရှီးက ရှန်းရှစ်ရွှီ သူ့ကို ခေါ်နေသည်ကို ကြားသွားပြီး သူ၏ အသည်းယားစရာ ညီလေး ပြန်ရောက်လာသည်ကို မြင်သောအခါ မျက်လုံးများ အရောင်လင်းလက်သွား၏။ ဘေးနားရှိ အဘိုးအဘွားများနှင့် ဆက်၍ စကားမပြောတော့ဘဲ သူထိုင်နေသော ကုလားထိုင်ကို မ,ကာ အပြေးလေး လျှောက်လာခဲ့သည်။

 

” အာရွှီ… မင်း ပြန်လာပြီလား! အာ… မင်းဘေးက တစ်ယောက်က မင်းပြောတဲ့ သူငယ်ချင်းဆိုတာလား?”

 

ရှန်းဇယ်ရှီးက ကုလားထိုင်ကို မကာ ပြေးလာချိန်တွင် ပထမဆုံး သတိပြုမိသည်မှာ သူ၏ ညီလေးဖြစ်ပြီး ဒုတိယအနေဖြင့် သတိပြုမိသည်မှာ သူ့ညီလေးဘေးတွင် ပါလာသော ရှောင်ကျင့်ယိပင်။

 

ရှောင်ကျင့်ယိကို တစ်ချက် အကဲခတ်ကြည့်လိုက်ပြီးနောက် ရှန်းဇယ်ရှီးက တိတ်တဆိတ် ခေါင်းညိတ်လိုက်မိသည်။ သူ့ညီ၏ သူငယ်ချင်းပီပီ သူ့ညီလေးကဲ့သို့ပင် တကယ်ကို အရည်အချင်းရှိသူ ဖြစ်ပေသည်။

 

အရပ်အမောင်းကလည်း မြင့်မားတောင့်တင်းပြီး ရုပ်ရည်ကလည်း အလွန် ကောင်းမွန်သည်။ ဝတ်ဆင်ထားသော အဝတ်အစားများကို ကြည့်ခြင်းအားဖြင့် ချမ်းသာသော မိသားစုမှဖြစ်ကြောင်း သိနိုင်ပြီး ရှန်းရှစ်ရွှီနှင့် အသက်အရွယ်ချင်း မတိမ်းမယိမ်း ရှိနေသဖြင့် မြို့တော်သို့ စာမေးပွဲလာဖြေသော ကျောင်းသားတစ်ဦးဖြစ်မည်ဟု ရှန်းဇယ်ရှီးက ခန့်မှန်းလိုက်၏။

 

ရှန်းရှစ်ရွှီက အစ်ကိုဖြစ်သူ လာသည်ကို မြင်သောအခါ သူ့ကို ခြံဝင်းထဲသို့ အတူတကွ ဝင်ရန် ခေါ်လိုက်ပြီး အထဲရောက်မှသာ တစ်ယောက်နှင့်တစ်ယောက် မိတ်ဆက်ပေးလိုက်သည်။

 

” မင်းသား… ဒါက ကျွန်တော့်ရဲ့ အစ်ကိုကြီး ရှန်းဇယ်ရှီးပါ!”

 

ရှောင်ကျင့်ယိအား ရှန်းဇယ်ရှီးနှင့် မိတ်ဆက်ပေးပြီးနောက်၊ ရှန်းရှစ်ရွှီ၏အခေါ်အဝေါ်ကြောင့် လန့်သွားသော ရှန်းဇယ်ရှီးဘက်သို့ လှည့်ကာ ထပ်မံ မိတ်ဆက်ပေးလိုက်၏။

 

” အစ်ကိုကြီး… ဒါက ကျွန်တော် မြို့တော်ကို ရောက်မှ အသစ်ရထားတဲ့ သူငယ်ချင်း၊ ကျင်းဝမ်မင်းသား ရှောင်ကျင့်ယိပါ!”

 

ရှောင်ကျင့်ယိက ရှန်းဇယ်ရှီးအား အရင် နှုတ်ဆက်လိုက်သည်။

 

” အစ်ကိုကြီးရှန်း!”

 

ရှန်းဇယ်ရှီးမှာ ကြောင်တောင်တောင်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် အချိန်အနည်းငယ် ကြာမှသာ ရှန်းရှစ်ရွှီဘက်သို့ လှည့်ကာ မေးလိုက်၏။

 

” ငါ… ငါ အရိုအသေပေးရမှာလား… ဒူးထောက်ရမှာလား?”

 

ရှောင်ကျင့်ယိမှာ ဤစကားကို ကြားလိုက်ရချိန်တွင် အမြန်ပြောလိုက်သည်။

 

” အစ်ကိုကြီးရှန်း… ကျွန်တော် ဒီတစ်ခေါက် လာတာက ရှစ်ရွှီရဲ့ သူငယ်ချင်းအနေနဲ့ လာတာပါ၊ ကျင်းဝမ်မင်းသားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မဟုတ်ပါဘူး… ကျွန်တော့်အပေါ် အဲ့ဒီလောက်ထိ ယဉ်ကျေးနေစရာ မလိုပါဘူး… အရိုအသေပေးဖို့က ပိုတောင် မလိုသေးတယ်…”

 

ရှန်းဇယ်ရှီးမှာ သူ့စကားကို တကယ် အတည်မယူရဲသဖြင့် ရှန်းရှစ်ရွှီအား တစ်ချက် လှမ်းကြည့်လိုက်ရာ ညီဖြစ်သူက ခေါင်းညိတ်ပြသည်ကို မြင်သောအခါမှသာ အနည်းငယ် စိတ်အေးသွားတော့သည်။

 

ရှန်းရှစ်ရွှီက ရှောင်ကျင့်ယိ ဤနေရာတွင် ဆက်နေမည်ဆိုပါက ရှန်းဇယ်ရှီး သေချာပေါက် နေရခက်နေမည်ကို သိသဖြင့် အရင် စကားစပြောလိုက်၏။

 

” အစ်ကိုကြီး… ကျွန်တော်နဲ့ မင်းသားက နေ့လယ်စာ အတူတူစားဖို့ ချိန်းထားလို့… အိမ်မှာ မစားတော့ဘူးနော်… ကျွန်တော့်အတွက် ထမင်းပြင်မထားနဲ့တော့… အရင်သွားနှင့်ပြီ!”

 

ရှန်းရှစ်ရွှီနှင့် ရှောင်ကျင့်ယိတို့ ခြံတံခါးမှ ထွက်လာကြသည်။ ရှန်းရှစ်ရွှီက ရှောင်ကျင့်ယိအား တိတ်တဆိတ် တစ်ချက် အကဲခတ်ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်ရှိ အမူအရာမှာ တည်ငြိမ်နေပြီး ခုနက ရှန်းဇယ်ရှီး၏ လုပ်ရပ်များကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားသည့်ပုံ မပေါ်သည်ကို မြင်လိုက်ရမှသာ သက်ပြင်းချနိုင်သွား၏။

 

” ကျွန်တော် မြို့တော်ကို ရောက်တာ သိပ်မကြာသေးတော့… ထျန်းရှန်းစားသောက်ဆိုင်အကြောင်း ကြားဖူးပေမဲ့ အဲ့ဒီက နာမည်ကြီး ဟင်းလျာက ဘာလဲဆိုတာ မသိဘူး…”

 

လူနှစ်ဦးက ရထားလုံးပေါ်သို့ တက်လိုက်ကြသည်။ ရှန်းရှစ်ရွှီက စကားလမ်းကြောင်း အရင် စပေးလိုက်၏။ သို့မဟုတ်ပါက စားသောက်ဆိုင်သို့ သွားရာလမ်းတစ်လျှောက်လုံး လူနှစ်ဦးသား အလကား ထိုင်နေရုံသာ ရှိမည်ဖြစ်သည်။

 

ရှောင်ကျင့်ယိက အလွန် ရိုးသားစွာဖြင့် ပြန်ဖြေလိုက်သည်။

 

” တကယ်တော့ ငါလည်း မသိဘူး… ထျန်းရှန်းစားသောက်ဆိုင်က ငါ နယ်စပ်မှာရှိနေတုန်းက ဖွင့်ခဲ့တာလေ… ငါကိုယ်တိုင်လည်း တစ်ခါမှ မသွားဖူးသေးဘူး၊ ဒီနေ့က ပထမဆုံးအကြိမ်ပဲ… ငါက မင်းကို ထမင်းကျွေးချင်လို့ တမင်သက်သက် သွားစုံစမ်းကြည့်တော့ သူတို့က ထျန်းရှန်းစားသောက်ဆိုင်ကို တော်တော်လေး အကဲဖြတ်ကောင်းကြတယ်… အဲ့ဒါကြောင့် ငါက နေရာကို အဲ့ဒီမှာ သတ်မှတ်လိုက်တာပဲ… မင်းရဲ့ အကြိုက်နဲ့ ကိုက်မကိုက်တော့ မသိဘူး… တကယ်လို့ အဆင်မပြေရင် တခြားနေရာ ပြောင်းကြတာပေါ့…”

 

ရှန်းရှစ်ရွှီက ခေါင်းယမ်းပြလိုက်သည်။

 

” ကျွန်တော့်အကြိုက်နဲ့ မကိုက်တာမျိုး မဖြစ်နိုင်ပါဘူး… ကျွန်တော်က ကျွေးရလွယ်တဲ့ လူစားမျိုးပါ… ဘာပဲဖြစ်ဖြစ် အကုန်စားတယ်… အချဉ်တော့ သိပ်မစားနိုင်ဘူးပေါ့…”

 

ရှောင်ကျင့်ယိမှာ သူ့စကားကို ကြားလိုက်ရချိန်တွင် လူနှစ်ဦးမှာ တကယ်ကို ရေစက်ပါသည်ဟု တွေးလိုက်မိ၏။ သူကိုယ်တိုင်လည်း အချဉ် သိပ်မစားနိုင်ပေ။

 

” ဟုတ်လား? ငါလည်း အတူတူပဲ… သိပ်ရှောင်တာမရှိပေမဲ့ အချဉ်ကိုတော့ သိပ်ခံနိုင်ရည်မရှိဘူး… အစပ်စားရတာကို ပိုကြိုက်တယ်၊ ခံစားချက်က ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းတယ်လေ…”

 

ရှန်းရှစ်ရွှီမှာ အနည်းငယ် အံ့သြသွား၏။

 

” ခင်ဗျားက အပေါ့အငန် နည်းနည်း လျော့တာကို ပိုကြိုက်မယ်လို့ ထင်ထားတာ… ခင်ဗျားရဲ့ အကြိုက်က ဒီလောက် ပြင်းထန်လိမ့်မယ်လို့ မထင်ထားဘူး… ဒါပေမဲ့ ကျွန်တော့်အကြိုက်နဲ့တော့ အတူတူပဲ… ကြည့်ရတာ ကျွန်တော်တို့ နောက်ဆို အတူတူ ထမင်းစားဖို့ ခဏခဏ ချိန်းလို့ရပြီ၊ ဒါမှမဟုတ် ကိုယ်ကြိုက်တဲ့ စားသောက်ဆိုင်တွေကို အချင်းချင်း ဖလှယ်လို့ရပြီပေါ့…”

 

ရှောင်ကျင့်ယိမှာ သူနှင့် ရှန်းရှစ်ရွှီ အကြိုက်တူညီနေသည့် အချက်အပေါ် အလွန် ဝမ်းသာနေမိသည်။

 

ထို့နောက်တွင် သူ တစ်ခုခု မမှန်သလို ခံစားလိုက်ရ၏။ သူက ရှန်းရှစ်ရွှီအပေါ် အရမ်း ဂရုစိုက်လွန်းနေသလိုပဲ။ ခုနက သူ့အစ်ကိုကို တွေ့ရမည်ဖြစ်၍ အကြောင်းပြချက် မရှိဘဲ စိတ်လှုပ်ရှားနေသကဲ့သို့၊ ယခုအခါတွင်လည်း သူနှင့် အကြိုက်တူညီနေခြင်းကြောင့် ပျော်ရွှင်နေမိသည်။

 

ဒါက တကယ်ကို ထူးဆန်းတဲ့ ခံစားချက်ပဲ။ တစ်ခါမှ မကြုံဖူးတဲ့ ရှောင်ကျင့်ယိကိုတောင် နည်းနည်း ကြောက်လန့်သွားစေတယ်။

 

မိမိတွင် မည်သို့သော ခံစားချက်များ ဖြစ်ပေါ်နေကြောင်း သတိထားမိသွားပြီးနောက် ရှောင်ကျင့်ယိမှာ အဓိပ္ပာယ်မရှိဟု ခံစားလိုက်ရ၏။ သူတစ်ယောက်တည်း ရန်သူ့စစ်သည်တော် သုံးထောင်ကို ရင်ဆိုင်ခဲ့ရချိန်တုန်းကတောင် မကြောက်ခဲ့ဖူးပါဘဲနဲ့၊ အခုအချိန်မှာများ ရုတ်တရက်ကြီး ကြောက်လာရတယ်လို့!

 

ရှန်းရှစ်ရွှီက သူ အချိန်အတော်ကြာအောင် စကားမပြောသည်ကို မြင်သောအခါ မနေနိုင်ဘဲ လက်လှမ်းကာ သူ၏မျက်နှာရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။

 

” ဘာလို့ ရုတ်တရက်ကြီး စကားမပြောတော့တာလဲ… မျက်နှာအမူအရာကလည်း တစ်ခုခု မမှန်သလိုပဲ၊ နေမကောင်းလို့လား… ဒါမှမဟုတ် ကျွန်တော်တို့ အရင် ဆေးခန်း တစ်ခေါက်လောက် ဝင်သွားကြမလား… ဒါမှမဟုတ် နန်းတော်ထဲ ဝင်ပြီး သမားတော် သွားပြမလား?”

 

ရှောင်ကျင့်ယိမှာ မိမိ၏ မျက်နှာရှေ့တွင် ဝှေ့ယမ်းနေသော လက်ကို ရုတ်တရက် ဖမ်းဆုပ်လိုက်ပြီး ရှန်းရှစ်ရွှီ၏လန့်ဖျပ်သွားသော မျက်ဝန်းများကို ကြည့်ကာ ပြောလိုက်သည်။

 

” နေမကောင်းတာမျိုး မရှိပါဘူး… ခဏလေး အတွေးလွန်သွားလို့ပါ…”

 

ရှောင်ကျင့်ယိ ဤစကားကို ပြောချိန်တွင်၊ ရှန်းရှစ်ရွှီကို ကြည့်နေသော သူ၏ အကြည့်များမှာ မည်မျှ ကြောက်စရာကောင်းနေကြောင်း သူကိုယ်တိုင်ပင် မသိရှိခဲ့ချေ။ သူက မိမိလိုချင်သော သားကောင်ကို စိုက်ကြည့်နေသည့် ဝံပုလွေတစ်ကောင်နှင့် တူနေပြီး၊ ရှန်းရှစ်ရွှီကို ကြည့်နေသော အကြည့်များထဲတွင် သူကိုယ်တိုင်ပင် မသိလိုက်သော လိုလားတောင့်တမှုများနှင့် ပိုင်ဆိုင်လိုမှုများ ပါဝင်နေသည်။

 

ရှန်းရှစ်ရွှီက ဝံပုလွေတစ်ကောင်ကဲ့သို့သော သူ၏ မျက်လုံးများကို ကြည့်ကာ ရင်ထဲတွင် အလွန် လန့်သွားပြီး၊ ရှောင်ကျင့်ယိဆုပ်ကိုင်ထားသော သူ၏ လက်ကို ရုန်းထွက်ရန်ပင် မေ့လျော့သွားခဲ့၏။

 

လူနှစ်ဦးမှာ တစ်ခဏမျှ အခြေအနေ တိတ်ဆိတ်သွားခဲ့ပြီး၊ အပြင်ဘက်မှ မဲ့ယွီက ထျန်းရှန်းစားသောက်ဆိုင်သို့ ရောက်ပြီဟု ပြောလိုက်ချိန်မှသာ ရပ်တန့်နေသော အခြေအနေက ဖြည်းညင်းစွာ ပြန်လည် လည်ပတ်သွားတော့သည်။

 

ရှောင်ကျင့်ယိမှာ ထိုအခါမှသာ မိမိက ရှန်းရှစ်ရွှီ၏ လက်ကို တစ်ချိန်လုံး ဆုပ်ကိုင်ထားမိကြောင်း သတိပြုမိသွား၏။ သူက အမြန် ပြန်လွှတ်ပေးလိုက်သော်လည်း လွှတ်ပေးပြီးနောက်တွင် အနည်းငယ် နှမြောတသဖြစ်မှုကို ခံစားလိုက်ရပြန်သည်။

 

” တောင်းပန်ပါတယ်… လမ်းတစ်လျှောက်လုံး မင်းလက်ကို ကိုင်ထားမိလို့… ငါ နာအောင်များ ဆုပ်ကိုင်မိသွားသေးလား?”

 

ရှန်းရှစ်ရွှီက ရှောင်ကျင့်ယိ ဆုပ်ကိုင်ထားခဲ့သော လက်ကို ကျောဘက်သို့ ဝှက်ထားလိုက်ပြီး ခေါင်းယမ်းပြလိုက်သည်။

 

” ရပါတယ်… ကျွန်တော်တို့ မြန်မြန် သွားစားကြရအောင်… ဗိုက်နည်းနည်း ဆာနေပြီ…”

 

ရှောင်ကျင့်ယိက ခေါင်းညိတ်လိုက်ပြီး ရှန်းရှစ်ရွှီ၏ အနောက်မှ တစ်လှမ်းနောက်ကျကာ လိုက်ပါသွား၏။ သူ၏ ကျောပြင်ကို ကြည့်နေသော မျက်ဝန်းများထဲတွင် ကျူးကျော်လွှမ်းမိုးလိုသော အရိပ်အယောင်များ ပါဝင်နေလေသည်။

 

 

Chapter 16 ended

 

နန်းတော်စာမေးပွဲတွင် ပထမရပြီးနောက် အရာရှိများအားလုံး ငါ့အတွေးတွေကို ကြားနေရပြီ

နန်းတော်စာမေးပွဲတွင် ပထမရပြီးနောက် အရာရှိများအားလုံး ငါ့အတွေးတွေကို ကြားနေရပြီ

Status: Ongoing Type: Released: 2025 Native Language: Chinese
[ နန်းတော်စာမေးပွဲတွင် ပထမရပြီးနောက် အရာရှိများအားလုံး ငါ့အတွေးတွေကို ကြားနေရပြီ ] Intro ရှန်းရှစ်ရွှီ ကျွမ်းယွမ်အဖြစ် ခန့်အပ်ခံရသည့်အချိန်တွင် ဆယ့်ရှစ်နှစ်ကြာ နောက်ကျနေသည့် ရွှေလက်ချောင်းကြီးသည် နောက်ဆုံး၌ ရောက်လာခဲ့ပေ၏။ ယခင်ဘဝက သူသည် ရေနစ်နေသော ကလေးငယ်တစ်ဦးအား ကယ်တင်ရန်အတွက် အသက်ပေးခဲ့ရပြီး ငယ်ရွယ်စဉ်မှာပင် ကွယ်လွန်သွားခဲ့၏။ ထို့နောက် သူ မျက်လုံးပြန်ဖွင့်လာချိန်၌ သမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ မပေါ်ပေါက်ခဲ့ဖူးသော တာ့ချန်မင်းဆက်သို့ ရောက်ရှိနေခဲ့သည်။ (T/N: ကျွမ်းယွမ် = နန်းတော်စာမေးပွဲတွင် ပထမရသူ) သူ့အပေါ် ချစ်ခင်ယုယသော မိဘများရှိလာရုံသာမက အလိုလိုက်သော အစ်ကိုကြီးတစ်ယောက်လည်း ရှိလာခဲ့ပေသည်။ မိသားစု၏ မေတ္တာအား ကျေးဇူးဆပ်လိုသဖြင့် သူက စာကို ကြိုးကြိုးစားစား ဖတ်ရှုခဲ့သည်။စာမေးပွဲတွင် အဆင့်ကောင်းကောင်းတစ်ခုရကာ ဆွေမျိုးအသိုင်းအဝိုင်းကို ဂုဏ်တက်စေချင်ခဲ့၏။ သို့သော် သူက ကျွမ်းယွမ်တစ်ယောက် ဖြစ်လာမည်ဟု လုံးဝမထင်မှတ်ထားခဲ့ချေ။ ကျွမ်းယွမ်အဖြစ် စာမေးပွဲအောင်ပြီးနောက် သူ၏ ရွှေလက်ချောင်းကြီးလည်း ရောက်ရှိလာခဲ့သည်။ သူ့အား အထက်သို့ တဟုန်ထိုး တက်လှမ်းနိုင်ရန် ကူညီပေးမည့် စနစ်တစ်ခုဟု သူ ထင်မှတ်ထားခဲ့သော်လည်း ၎င်းမှာ သတင်းတိုသတင်းထွာများအား စားသုံးရသည့် ဖရဲသီးစနစ် ဖြစ်နေမည်ဟု လုံးဝမထင်ထားခဲ့ပေ။ ပထမဆုံး စားသုံးရသည့် ဖရဲသီးမှာ ယခင်ကျွမ်းယွမ်ဟောင်းက ဇနီးနှင့် သားသမီးများကို စွန့်ပစ်ကာ လူပျိုအဖြစ် ဟန်ဆောင်ထားခဲ့ခြင်း အကြောင်းပင် ဖြစ်သည်။ ထို့နောက် ၎င်းက ဘဏ္ဍာရေးဝန်ကြီး၏ သမီးတော်နှင့် မျက်မှန်းတည့်သွားပြီး ဝန်ကြီး၏ သမက်တော် ဖြစ်လာခဲ့၏။ ဘဏ္ဍာရေးဝန်ကြီး၏ အကူအညီဖြင့် နန်းတွင်း၌ တစ်ဆင့်ပြီးတစ်ဆင့် ရာထူးတက်လာခဲ့သည်။ ယခုအခါ သူက အလုပ်အကိုင် အဆင်ပြေနေပြီး ဇနီးချောလေးနှင့် သားလေးမှာလည်း ဘေး၌ ရှိနေပေသည်။ သူက ဇာတိရွာတွင် ဒုက္ခခံနေရသော ဇနီးသည်နှင့် သမီးဖြစ်သူအား လုံးဝ ဂရုမစိုက်ဘဲ မိခင်အရင်း ဆုံးပါးသွားချိန်၌ပင် အိမ်သို့ ပြန်မလာခဲ့ချေ။ ရှန်းရှစ်ရွှီကမူ ဖရဲသီးများကို ဝမ်းသာအားရ စားသုံးနေပြီး သူ၏ စိတ်တွင်းအသံများမှာ နန်းတွင်းအမတ်များအားလုံးရှေ့၌ ပေါက်ကြားနေပြီဖြစ်ကြောင်းကို လုံးဝ မသိရှိခဲ့ပေ။ ဧကရာဇ်၊ အိမ်ရှေ့စံ၊ မင်းသားများနှင့် ဝမ်ရယ်များပင်လျှင် ကြည်လင်ပြတ်သားစွာ ကြားနေရ၏။ အစပိုင်းတွင် မည်သူမျှ မယုံကြည်ခဲ့ကြသော်လည်း ယိမ်းယိုင်နေသော ဘဏ္ဍာရေးဝန်ကြီး၏ ပုံစံအား မြင်လိုက်ရချိန်တွင် သူ၏ စိတ်ထဲ၌ ပြောနေသမျှ အရာအားလုံးမှာ အမှန်တရားများသာ ဖြစ်ကြောင်းကို နားလည်သွားကြသည်။ ဤသို့ဖြင့် ရှန်းရှစ်ရွှီမှာ ဖရဲသီးများကို မှီခိုကာ ရာထူးများ တစ်ဆင့်ပြီးတစ်ဆင့် တက်လာခဲ့ပြီး နန်းတွင်းအမတ်များမှာလည်း နေ့စဉ်နေ့တိုင်း အတင်းအဖျင်းများအား ဝမ်းသာအားရ နားထောင်နေကြ၏။ ယနေ့တွင် မင်းသမီးကြီးမှာ ခင်ပွန်းဖြစ်သူ၏ သစ္စာဖောက်ခြင်းကို ခံရကြောင်း ဖရဲသီးသတင်းကို ကြားရပြီး မနက်ဖြန်တွင် မည်သည့်အမတ်မင်းမှာ ဇနီးဖြစ်သူ၏ ဖောက်ပြန်ခြင်းကို ခံရကြောင်း စသည့်သတင်းများကို ကြားရလေသည်။ သန်ဘက်ခါတွင်မူ ရန်သူ့တိုင်းပြည်မှ သူလျှိုများက ဧကရာဇ်၏ အနောက်ဆောင်၌ လူလွှတ်ကာ စီစဉ်ထားကြောင်းကို ကြားရလေသည်။ သို့သော် ရှန်းရှစ်ရွှီက ဖရဲသီးစားသုံးရာမှ ရုတ်တရက် ဖရဲသီးအကြီးကြီးတစ်လုံးအား ဖော်ထုတ်သွားခဲ့မိသည်။ အဲ့ဒီအေးစက်စက် စစ်နတ်ဘုရားကြီးက ငါ့ကို ဘယ်လိုလုပ် သဘောကျနေရတာလဲ? Intro ended

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset