⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 22

အဖေဖြစ်သွားခြင်း

Chapter 22

အဖေဖြစ်သွားခြင်း

 

=====

 

ကျန်ပင်းက ထိုစကားကို ကြားသောအခါ မျက်နှာပေါ်ရှိ သူ့အမူအရာက အနည်းငယ် တွန့်ဆုတ်သွားသည်။ ခုနက တစ်ယောက်ယောက်က ရှန်းရှစ်ရွှီကို ဆရာလာကန်တော့ပြီးသားဆိုသည်ကို သိထားသော်လည်း ထိုသူက ဆရာကန်တော့ခြင်း အောင်မြင်သွားမည်ဟု မထင်ထားခဲ့သလို၊ အသက်ကလည်း ငါးနှစ်အရွယ်သာ ရှိသေးမည်ဟု ပို၍ပင် မထင်မှတ်ထားခဲ့ချေ။

 

သို့သော် သေချာ ပြန်တွေးကြည့်လိုက်လျှင် ဤသည်မှာ ကိစ္စမရှိချေ။ ထို့အပြင် သူ၏ အသက်က ရှန်းရှစ်ရွှီထက်ပင် အနည်းငယ် ကြီးနေသေးသည်။ မိမိထက် အသက်ငယ်သူကိုပင် ဆရာအဖြစ် လက်ခံနိုင်သေးသည်ဆိုလျှင်၊ အသက်ပိုငယ်သော စီနီယာအစ်ကိုတစ်ယောက် ပိုလာခြင်းကတော့ ပြောစရာပင် မလိုတော့ချေ။

 

ထို့ကြောင့် ရှန်းရှစ်ရွှီ၏ မယုံနိုင်သော အကြည့်အောက်တွင်ပင် ကျန်ပင်းက သဘောတူလိုက်၏။

 

” သဘောတူပါတယ်… ခင်ဗျားကသာ ကျွန်တော့်ကို တပည့်အဖြစ် လက်ခံမယ်ဆိုရင်၊ အသက်ငါးနှစ်အရွယ် စီနီယာအစ်ကိုတစ်ယောက် ပိုလာတာ မပြောနဲ့၊ သုံးနှစ်အရွယ် ဆရာဦးလေးတစ်ယောက် ပိုလာမယ်ဆိုရင်တောင် ကျွန်တော် သဘောတူပါတယ်။ ”

 

ရှန်းရှစ်ရွှီက သူ၏မျက်နှာပြောင်တိုက်နေသော ပုံစံကို ကြည့်ပြီး နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။ ဤကောင်လေး၏ အကျင့်စရိုက်နှင့်ဆိုလျှင် သဘောတူမည် မဟုတ်ဟု သူ ထင်ထားခဲ့သော်လည်း၊ ကြည့်ရသည်မှာ လူတစ်ယောက်၏ မျက်နှာပြောင်တိုက်နိုင်စွမ်းကို သူ လျှော့တွက်ထားမိခြင်း ဖြစ်ပေမည်။

 

” မင်းက သဘောတူမှတော့လည်း၊ မင်းရဲ့ စီနီယာအစ်ကိုနဲ့ တစ်ရက်တည်းပဲ ဆရာကန်တော့ပွဲ လုပ်လိုက်တော့လေ… နှစ်ရက်နေရင် ငါရုံးပိတ်ရက်မို့ အဲ့ဒီနေ့ပဲ သတ်မှတ်လိုက်မယ်… ငါ ရုံးသွားဖို့ လောနေလို့ အရင်သွားနှင့်ပြီ… အချိန်ကျရင် မင်း မမေ့ဖို့ပဲ လိုတယ်။ ”

 

ကျန်ပင်းမှာ သူ့ကို တပည့်အဖြစ် လက်ခံလိုက်ပြီဟု ကြားသောအခါ ဝမ်းသာလွန်း၍ ၎င်းဝမ်းသာခြင်းက မျက်နှာတွင် အထင်းသား ပေါ်လွင်နေသည်။ ရှန်းရှစ်ရွှီက တရားလွှတ်တော်ချုပ်သို့ သွားရမည်ဟု ကြားလိုက်ရသဖြင့် အနောက်မှ ကပျာကယာ လိုက်ပြေးလာခဲ့သည်။

 

” ဆရာ… ကျွန်တော် လိုက်ပို့ပေးပါ့မယ်။ ”

 

ရှန်းရှစ်ရွှီက မငြင်းဆန်ဘဲ ကျန်ပင်း၏ ရထားလုံးပေါ်သို့ တိုက်ရိုက် တက်လိုက်သည်။ ကျန်ပင်းက လမ်းတစ်လျှောက်လုံး အလွန် အောက်ကျို့ဖားယားကာ မုန့်ယူကျွေးလိုက်၊ လက်ဖက်ရည် ငှဲ့ပေးလိုက် လုပ်နေ၏။

 

ရှန်းရှစ်ရွှီ ရထားလုံးပေါ်မှ ဆင်းချိန်တွင် ဗိုက်ပင် ကွဲထွက်တော့မည်ဟု ခံစားနေရသည်။ သူက မိမိ၏ ရုံးခန်းသို့ သွားကာ အနောက်ဘက်တွင် အမတ်ဝတ်စုံကို အရင် လဲလှယ်လိုက်သည်။ လဲလှယ်ပြီးသည်နှင့် တစ်ပြိုင်နက် သူနှင့် အရောင်တူ အမတ်ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက် ဝင်လာခဲ့၏။

 

လူနှစ်ဦး၏ အမတ်ဝတ်စုံ အရောင်နှင့် ပုံစံမှာ အတူတူပင် ဖြစ်သော်လည်း၊ တစ်ယောက်က ငယ်ရွယ်ပြီး ရုပ်ရည်ချောမောကာ ပြိုင်ဘက်ကင်းနေပြီး၊ နောက်တစ်ယောက်က အသက်အရမ်း မကြီးလှသော်လည်း လူလတ်ပိုင်းအရွယ်သို့ ရောက်ရှိနေကာ ဗိုက်ပူပူကြီး ထွက်နေပြီ ဖြစ်သည်။ ဘယ်လိုကြည့်ကြည့် ရှန်းရှစ်ရွှီက အဆပေါင်းများစွာ သာလွန်နေ၏။

 

ရှန်းရှစ်ရွှီက သူ့ကို ဘယ်သူမှန်း မသိသော်လည်း မိမိ၏ ကိုယ်ပေါ်ရှိ အမတ်ဝတ်စုံနှင့် ပုံစံတူ ဝတ်ဆင်ထားသည်ကို ကြည့်ခြင်းအားဖြင့်၊ သူသည် အခြားတရားလွှတ်တော်ချုပ် လက်ထောက်အမတ်တစ်ဦးဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။ လူနှစ်ဦးမှာ အဆင့်တူဖြစ်သဖြင့် သဘာဝကျစွာပင် အရိုအသေပေးစရာ မလိုချေ။

 

” အမတ်မင်းကို ဘယ်လိုများ ခေါ်ရမလဲခင်ဗျာ? ”

 

မာကျန့်နန်က သူ့ကို ခေါင်းညိတ်ပြလိုက်ပြီး ပြောသည်။

 

” ကျွန်တော်က မာကျန့်နန်ပါ… လက်ထောက်အမတ်ရှန်းက ဒီနှစ်ရဲ့ ကျွမ်းယွမ်အသစ်ဆိုတာ ကြားထားလို့… ကျွန်တော့်မှာ အကူအညီတောင်းစရာလေး တစ်ခု ရှိလို့ပါ။ ”

 

ရှန်းရှစ်ရွှီက သူ့စကားကို ကြားသောအခါ အလိုအလျောက် မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် သတိထားသည့် လေသံဖြင့် မေးလိုက်၏။

 

” အမတ်မင်းမာက ဘာကိစ္စများ အကူအညီတောင်းချင်လို့ပါလဲ? ”

 

မာကျန့်နန်က အားနာနာဖြင့် မိမိ၏ ဗိုက်ပူပူကြီးကို ပုတ်လိုက်ပြီး၊ ရိုးသားအေးချမ်းပုံရသော မျက်နှာကြီးဖြင့် မေတ္တယျဘုရားကဲ့သို့ ပြုံးပြလိုက်သည်။

 

” ဟီးဟီး… ကြီးကြီးမားမားကိစ္စတော့ မဟုတ်ပါဘူး… ဒီရက်ပိုင်း အိမ်မှာ ကလေးတစ်ယောက် တိုးလာလို့… ကျွမ်းယွမ်အမတ်မင်းကို ကလေးအတွက် နာမည်လေး ပေးခိုင်းချင်လို့ပါ… အမတ်မင်းဆီက ဉာဏ်ပညာတွေ ကူးစက်လာအောင်လို့ပါ။ ”

 

မာကျန့်နန်သည်လည်း စာသင်သား တစ်ဦးဖြစ်သော်လည်း သူ၏ အဆင့်မှာ ဒုတိယအဆင့်အပြင်ဘက်တွင် ရှိနေသဖြင့် ကျွမ်းယွမ်ကိုတော့ မမီနိုင်ချေ။

 

ထို့အပြင် ဤကလေးမှာ သူ မနည်းရထားသော သားလေးဖြစ်သဖြင့် သဘာဝကျစွာပင် သူ၏ သားအတွက် ပို၍ အရည်အချင်းရှိသူ တစ်ဦးကို နာမည်ပေးစေချင်ပြီး နိမိတ်ကောင်းလေး ယူချင်ရုံသာ ဖြစ်၏။

 

ရှန်းရှစ်ရွှီမှာ သူ့ကို ပြဿနာလာရှာသည်ဟုပင် ထင်ထားခဲ့သော်လည်း၊ တကယ်တမ်းကျတော့ ဒီကိစ္စအတွက် ဖြစ်နေသည်။ သူက လက်ထဲရှိ မှတ်တမ်းများကို ချထားလိုက်ပြီး စကားပြောရန် ပြင်လိုက်ချိန်မှာပင် စနစ် 011 က ရုတ်တရက် ထွက်ပေါ်လာပြန်၏။

 

【 အစ်ကို… သတင်းထူး (ဖရဲသီး) ရှိတယ်!… အခု ဒီအမတ်မင်းမာနဲ့ ပတ်သက်တာ… သူ အသစ်ရထားတဲ့ သားက သူ့ရဲ့သားအရင်း မဟုတ်ဘူး! 】

 

မာကျန့်နန်မှာ ဤအသံကို ကြားလိုက်ရချိန်တွင် ကြောင်အသွားသည်။ စနစ် 011 ရှိနေခြင်းကြောင့် မဟုတ်ဘဲ၊ သူ ပြောလိုက်သော စကားကြောင့် ဖြစ်၏။

 

ရှန်းရှစ်ရွှီ၏ ကိုယ်ပေါ်တွင် စနစ်တစ်ခု ပါလာသည့် ကိစ္စက နန်းတွင်းအမတ်များကြားတွင် ပျံ့နှံ့နေသည်မှာ ကြာပြီဖြစ်သည်။ သူက ဤရက်ပိုင်းအတွင်း အိမ်တွင် ခွင့်ယူထားခဲ့သော်လည်း၊ ယနေ့မွန်းတည့်ချိန်တွင် ရုံးသို့ ရောက်ရောက်ချင်းမှာပင် အထက်လူကြီး၏ ခေါ်ယူခြင်းကို ခံရကာ သတိပေးခံခဲ့ရပြီး ဖြစ်သည်။

 

ထို့ကြောင့် 011 ရုတ်တရက် အသံထွက်လာခြင်းအပေါ် အလွန် အံ့ဩခြင်း မရှိသော်လည်း၊ သူ ပြောလိုက်သော စကားအပေါ်တွင်တော့ အံ့ဩသွားမိ၏။

 

ငါ အသစ်ရထားတဲ့ သားက ငါ့သား မဟုတ်ဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ? ငါ့သား မဟုတ်ဘူးဆိုရင် တခြားလူရဲ့ သားများလား?

 

ရှန်းရှစ်ရွှီက မာကျန့်နန်ကို သနားစရာကောင်းသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။ မေတ္တယျဘုရားလို ပြုံးနေသော ဤလုပ်ဖော်ကိုင်ဖက်၏ ခေါင်းပေါ်တွင် အနည်းငယ် စိမ်းနေပြီပဲ (မိန်းမဆီကနေ ဖောက်ပြန်ခံရခြင်း)။ အိမ်ရှေ့စံထက်တောင် ပိုစိမ်းနေသေးတယ်။

 

အိမ်ရှေ့စံက အရင်က မိန်းမဆီကနေ ဖောက်ပြန်ခံရတယ်ဆိုပေမဲ့၊ အနည်းဆုံးတော့ အိမ်ရှေ့စံမိဖုရားလောင်းကို နန်းတော်ထဲအထိ တရားဝင် မယူလိုက်ရသေးဘူးလေ။ ဒါပေမဲ့ ဒီအမတ်မင်းမာကတော့ အဲ့ဒီလို မဟုတ်ဘူး… မိန်းမဖောက်ပြန်တာ ခံရတဲ့အပြင် တခြားသူရဲ့ ကလေးကိုပါ ကိုယ့်ကလေးလုပ်ပြီး ဖေဖေ ဖြစ်သွားရသေးတယ်။

 

【 ရှောင်ရီ … ဘယ်လိုဖြစ်တာလဲဆိုတာ သေချာ ရှင်းပြပါဦး… 】

 

မာကျန့်နန်မှာ မနေနိုင်ဘဲ ရှန်းရှစ်ရွှီ၏ အနီးသို့ တိုးကပ်သွားမိသည်။ သေသေချာချာ ပြတ်ပြတ်သားသား ကြားရစေရန် ဖြစ်၏။ သူတစ်ယောက်တည်းသာ မဟုတ်ဘဲ၊ တရားလွှတ်တော်ချုပ်ဝန်ကြီးကပါ ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိဘဲ အနီးသို့ တိုးကပ်လာခဲ့သည်။

 

မာကျန့်နန်က သူ၏ အထက်လူကြီးကို တစ်ချက် ကြည့်လိုက်သည်။ သူသည် အထက်လူကြီး၏ လှောင်ပြောင်ခြင်းကို ခံရမည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ကိစ္စ၏ သရုပ်မှန်ကိုသာ အမြန် သိချင်နေတော့၏။

 

【 အမတ်မင်းမာ အသစ်ရထားတဲ့ သားက တိတိကျကျ ပြောရရင် မယားငယ်က မွေးတဲ့သားပဲ… သူ့ရဲ့ နောက်ကောက်မယား (ဒုတိယဇနီး) က မွေးပေးထားတဲ့ ကလေးလေ။ သူ့ရဲ့ ဇနီးမယားကြီးက ဆုံးသွားတာ ဆယ်နှစ်ကျော်နေပြီ၊ သူတို့နှစ်ယောက်မှာ သားသမီး မရှိခဲ့ဘူး။ အမတ်မင်းမာက မယားကြီးနဲ့ အရမ်း သံယောဇဉ်ကြီးတော့ မယားကြီး ဆုံးသွားပြီးတဲ့နောက် နောက်အိမ်ထောင်မပြုတော့ဘဲ တစ်ယောက်တည်းပဲ နေလာခဲ့တာ။ 】

 

【 သူ အသစ်ယူထားတဲ့ ဒုတိယဇနီးက သူအကြံအစည် ခံရပြီးမှ ယူလိုက်ရတာ… အရင်က သူကိုင်တွယ်နေတဲ့အမှုတစ်ခုကြောင့် မြို့တော်ကနေ ထွက်သွားခဲ့ရဖူးတယ်… အဲ့ဒီတုန်းက သူက ရုပ်ဖျက်ပြီး စုံစမ်းဖို့အတွက် တည်းခိုခန်းတစ်ခုမှာ တည်းခဲ့တယ်။ 】

 

【 အဲ့ဒီတည်းခိုခန်းပိုင်ရှင်က သိပ်မရိုးသားဘူး… အမတ်မင်းမာနဲ့ သူရဲ့ လက်အောက်ငယ်သားတွေ အပြင်ထွက်သွားတုန်း၊ သူ့ရဲ့ အထုပ်အပိုးတွေကို ခိုးမွှေရင်း သူ့ရဲ့ အမတ်အထောက်အထားအပြားကို တွေ့သွားတာ။ သူက မြို့တော်ကို လူလွှတ်ပြီး စုံစမ်းကြည့်တော့ အမတ်မင်းမာမှာ ဇနီးရော၊ မယားငယ်ရော၊ သားသမီးပါ မရှိဘူးဆိုတာ သိသွားတော့ အကြံယုတ်တွေ ဝင်လာတာပဲ။ အဲ့ဒါနဲ့ သူ့မိန်းမ (အခု အမတ်မင်းမာရဲ့ ဒုတိယဇနီး) နဲ့ ပေါင်းပြီး အကွက်ဆင်တော့တာပဲ။ 】

 

【 သူက အမတ်မင်းမာရဲ့ ရာထူးကို မသိတဲ့ပုံစံ ဟန်ဆောင်ပြီး အမတ်မင်းမာနဲ့ သူငယ်ချင်း လုပ်တာ။ အမတ်မင်းမာကလည်း အဲ့ဒီပိုင်ရှင်က သူ့ရဲ့ ရာထူးကို သိနေပြီဆိုတာ မသိဘူးလေ။ တည်းခိုခန်း ဖွင့်လာတာ နှစ်တွေကြာပြီဆိုတော့ အမှုနဲ့ ပတ်သက်ပြီး တစ်ခုခု သိနိုင်လောက်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူနဲ့ သူငယ်ချင်း လုပ်လိုက်တာ။ 】

 

【 တည်းခိုခန်းပိုင်ရှင်က အမတ်မင်းမာနဲ့ ရင်းနှီးသွားတော့ သူ့မိန်းမကို ဇာတ်လမ်းဆင်ပြီး မိတ်ဆက်ပေးတာပဲ။ သူ့မိန်းမက သူ့ရဲ့ ညီမပါတဲ့၊ မကြာခင်ကမှ ယောက်ျားသေသွားလို့ ယောက္ခမအိမ်ကနေ မောင်းထုတ်ခံရပြီး မုဆိုးမ ဖြစ်နေတာလို့ ပြောတာ။ 】

 

【 အမတ်မင်းမာက အစကတော့ အဲ့ဒီမိန်းမကို စိတ်မဝင်စားဘူး… ဒါပေမဲ့ နောက်ပိုင်း သူ အရက်မူးပြီး အဲ့ဒီမိန်းမနဲ့ ကုတင်ပေါ် ရောက်သွားတာ… တကယ်တမ်းကျတော့ သူ့အရက်ထဲမှာ ဆေးခတ်ခံလိုက်ရတာ! 】

 

【 အမတ်မင်းမာက လူကြီးလူကောင်း ပီသပါတယ်… ကိုယ်က မိန်းကလေးတစ်ယောက်ရဲ့ အပျိုစင်ဘဝကို ဖျက်ဆီးမိသွားပြီဆိုတော့ တာဝန်ယူချင်သွားတာပေါ့။ သူက အဆင့်အတန်း ဂုဏ်ပုဒ်တွေကို ဂရုမစိုက်ဘဲ အဲ့ဒီမိန်းမကို ဇနီးအဖြစ် တိုက်ရိုက်တင်မြှောက်လိုက်တာပဲ။ 】

 

【 သူတို့နှစ်ယောက် လက်ထပ်ပြီး သိပ်မကြာခင်မှာပဲ၊ အဲ့ဒီမိန်းမက ကိုယ်ဝန်ရပြီလို့ ပြောတာ… တကယ်တော့ အဲ့ဒီကလေးက သူ့ရဲ့ ယောက်ျားအရင်းဖြစ်တဲ့ တည်းခိုခန်း ပိုင်ရှင်ရဲ့ ကလေးပဲ!】

 

【 တည်းခိုခန်းပိုင်ရှင်ကလည်း ဒီကိစ္စကို သိတယ်… သူ့မိန်းမမှာ ကိုယ်ဝန်ရှိနေပြီဆိုတာ သိလို့ သူတို့ကလေးကို မွေးလာရင် အဆင့်အတန်းမြင့်မြင့် နေရအောင် ဒီလို အကြံယုတ်ကို စဉ်းစားလိုက်တာပဲ။ 】

 

【 အမတ်မင်းမာကလည်း အဲ့ဒီမိန်းမနဲ့ တကယ်ကြီး ဘာမှ မဖြစ်ခဲ့ဘူး… သူတို့ လက်ထပ်ဖို့ အကြောင်းဖန်လာတဲ့ အဲ့ဒီတစ်ကြိမ်ကလည်း အမတ်မင်းမာက အရက်မူးလွန်းလို့ ဘာမှကို မလုပ်နိုင်ခဲ့တာ။ 】

 

【 လက်ထပ်ပြီးတဲ့နောက် ညတိုင်း အဲ့ဒီမိန်းမက အမတ်မင်းမာကို အိပ်ဆေးတွေ ခတ်တာ… အမတ်မင်းမာကတော့ တကယ့်ကို အလိမ်ခံရတဲ့ အရူးကြီးဖြစ်သွားတာပဲ၊ ဘာမှလည်း မရလိုက်ဘူး… အရောင်တောက်တောက် ဦးထုပ်စိမ်းကြီးတစ်လုံးရယ်၊ သူနဲ့ သွေးသားမတော်စပ်တဲ့ သားတစ်ယောက်ရယ်ပဲ ရလိုက်တယ်။ 】

 

မာကျန့်နန်မှာ 011 ၏ စကားကို ကြားပြီးနောက် မိုးကြိုးပစ်ခံရသကဲ့သို့ ခေါင်းတွေ မိုက်ကနဲ ဖြစ်သွားသည်။ မိမိက ဤမျှ လွယ်ကူစွာဖြင့် သူများ၏ အကြံအစည်ထဲ ကျရောက်သွားခဲ့ပြီး၊ အရူးတစ်ယောက်လို သူများ ထောင်ထားသော ထောင်ချောက်ထဲသို့ ဝင်သွားရုံသာမက ပျော်ရွှင်နေခဲ့သေးသည်။ တကယ်ကို 011 ပြောသလို အလိမ်ခံရသည့် အရူးကြီး ဖြစ်နေခဲ့၏။

 

တရားလွှတ်တော်ချုပ်ဝန်ကြီးက သူ မတ်တတ်မရပ်နိုင်တော့သည်ကို မြင်သောအခါ အမြန် လှမ်းထိန်းပေးလိုက်သည်။ထို့နောက် သူ၏အားထားရသော လက်အောက်ငယ်သားကို အလွန် သနားစရာကောင်းသည့် အကြည့်များဖြင့် ကြည့်လိုက်လေတော့သည်။

 

 

Chapter 22 ended

 

နန်းတော်စာမေးပွဲတွင် ပထမရပြီးနောက် အရာရှိများအားလုံး ငါ့အတွေးတွေကို ကြားနေရပြီ

နန်းတော်စာမေးပွဲတွင် ပထမရပြီးနောက် အရာရှိများအားလုံး ငါ့အတွေးတွေကို ကြားနေရပြီ

Status: Ongoing Type: Released: 2025 Native Language: Chinese
[ နန်းတော်စာမေးပွဲတွင် ပထမရပြီးနောက် အရာရှိများအားလုံး ငါ့အတွေးတွေကို ကြားနေရပြီ ] Intro ရှန်းရှစ်ရွှီ ကျွမ်းယွမ်အဖြစ် ခန့်အပ်ခံရသည့်အချိန်တွင် ဆယ့်ရှစ်နှစ်ကြာ နောက်ကျနေသည့် ရွှေလက်ချောင်းကြီးသည် နောက်ဆုံး၌ ရောက်လာခဲ့ပေ၏။ ယခင်ဘဝက သူသည် ရေနစ်နေသော ကလေးငယ်တစ်ဦးအား ကယ်တင်ရန်အတွက် အသက်ပေးခဲ့ရပြီး ငယ်ရွယ်စဉ်မှာပင် ကွယ်လွန်သွားခဲ့၏။ ထို့နောက် သူ မျက်လုံးပြန်ဖွင့်လာချိန်၌ သမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ မပေါ်ပေါက်ခဲ့ဖူးသော တာ့ချန်မင်းဆက်သို့ ရောက်ရှိနေခဲ့သည်။ (T/N: ကျွမ်းယွမ် = နန်းတော်စာမေးပွဲတွင် ပထမရသူ) သူ့အပေါ် ချစ်ခင်ယုယသော မိဘများရှိလာရုံသာမက အလိုလိုက်သော အစ်ကိုကြီးတစ်ယောက်လည်း ရှိလာခဲ့ပေသည်။ မိသားစု၏ မေတ္တာအား ကျေးဇူးဆပ်လိုသဖြင့် သူက စာကို ကြိုးကြိုးစားစား ဖတ်ရှုခဲ့သည်။စာမေးပွဲတွင် အဆင့်ကောင်းကောင်းတစ်ခုရကာ ဆွေမျိုးအသိုင်းအဝိုင်းကို ဂုဏ်တက်စေချင်ခဲ့၏။ သို့သော် သူက ကျွမ်းယွမ်တစ်ယောက် ဖြစ်လာမည်ဟု လုံးဝမထင်မှတ်ထားခဲ့ချေ။ ကျွမ်းယွမ်အဖြစ် စာမေးပွဲအောင်ပြီးနောက် သူ၏ ရွှေလက်ချောင်းကြီးလည်း ရောက်ရှိလာခဲ့သည်။ သူ့အား အထက်သို့ တဟုန်ထိုး တက်လှမ်းနိုင်ရန် ကူညီပေးမည့် စနစ်တစ်ခုဟု သူ ထင်မှတ်ထားခဲ့သော်လည်း ၎င်းမှာ သတင်းတိုသတင်းထွာများအား စားသုံးရသည့် ဖရဲသီးစနစ် ဖြစ်နေမည်ဟု လုံးဝမထင်ထားခဲ့ပေ။ ပထမဆုံး စားသုံးရသည့် ဖရဲသီးမှာ ယခင်ကျွမ်းယွမ်ဟောင်းက ဇနီးနှင့် သားသမီးများကို စွန့်ပစ်ကာ လူပျိုအဖြစ် ဟန်ဆောင်ထားခဲ့ခြင်း အကြောင်းပင် ဖြစ်သည်။ ထို့နောက် ၎င်းက ဘဏ္ဍာရေးဝန်ကြီး၏ သမီးတော်နှင့် မျက်မှန်းတည့်သွားပြီး ဝန်ကြီး၏ သမက်တော် ဖြစ်လာခဲ့၏။ ဘဏ္ဍာရေးဝန်ကြီး၏ အကူအညီဖြင့် နန်းတွင်း၌ တစ်ဆင့်ပြီးတစ်ဆင့် ရာထူးတက်လာခဲ့သည်။ ယခုအခါ သူက အလုပ်အကိုင် အဆင်ပြေနေပြီး ဇနီးချောလေးနှင့် သားလေးမှာလည်း ဘေး၌ ရှိနေပေသည်။ သူက ဇာတိရွာတွင် ဒုက္ခခံနေရသော ဇနီးသည်နှင့် သမီးဖြစ်သူအား လုံးဝ ဂရုမစိုက်ဘဲ မိခင်အရင်း ဆုံးပါးသွားချိန်၌ပင် အိမ်သို့ ပြန်မလာခဲ့ချေ။ ရှန်းရှစ်ရွှီကမူ ဖရဲသီးများကို ဝမ်းသာအားရ စားသုံးနေပြီး သူ၏ စိတ်တွင်းအသံများမှာ နန်းတွင်းအမတ်များအားလုံးရှေ့၌ ပေါက်ကြားနေပြီဖြစ်ကြောင်းကို လုံးဝ မသိရှိခဲ့ပေ။ ဧကရာဇ်၊ အိမ်ရှေ့စံ၊ မင်းသားများနှင့် ဝမ်ရယ်များပင်လျှင် ကြည်လင်ပြတ်သားစွာ ကြားနေရ၏။ အစပိုင်းတွင် မည်သူမျှ မယုံကြည်ခဲ့ကြသော်လည်း ယိမ်းယိုင်နေသော ဘဏ္ဍာရေးဝန်ကြီး၏ ပုံစံအား မြင်လိုက်ရချိန်တွင် သူ၏ စိတ်ထဲ၌ ပြောနေသမျှ အရာအားလုံးမှာ အမှန်တရားများသာ ဖြစ်ကြောင်းကို နားလည်သွားကြသည်။ ဤသို့ဖြင့် ရှန်းရှစ်ရွှီမှာ ဖရဲသီးများကို မှီခိုကာ ရာထူးများ တစ်ဆင့်ပြီးတစ်ဆင့် တက်လာခဲ့ပြီး နန်းတွင်းအမတ်များမှာလည်း နေ့စဉ်နေ့တိုင်း အတင်းအဖျင်းများအား ဝမ်းသာအားရ နားထောင်နေကြ၏။ ယနေ့တွင် မင်းသမီးကြီးမှာ ခင်ပွန်းဖြစ်သူ၏ သစ္စာဖောက်ခြင်းကို ခံရကြောင်း ဖရဲသီးသတင်းကို ကြားရပြီး မနက်ဖြန်တွင် မည်သည့်အမတ်မင်းမှာ ဇနီးဖြစ်သူ၏ ဖောက်ပြန်ခြင်းကို ခံရကြောင်း စသည့်သတင်းများကို ကြားရလေသည်။ သန်ဘက်ခါတွင်မူ ရန်သူ့တိုင်းပြည်မှ သူလျှိုများက ဧကရာဇ်၏ အနောက်ဆောင်၌ လူလွှတ်ကာ စီစဉ်ထားကြောင်းကို ကြားရလေသည်။ သို့သော် ရှန်းရှစ်ရွှီက ဖရဲသီးစားသုံးရာမှ ရုတ်တရက် ဖရဲသီးအကြီးကြီးတစ်လုံးအား ဖော်ထုတ်သွားခဲ့မိသည်။ အဲ့ဒီအေးစက်စက် စစ်နတ်ဘုရားကြီးက ငါ့ကို ဘယ်လိုလုပ် သဘောကျနေရတာလဲ? Intro ended

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset