⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 21

ဆရာလာကန်တော့သူ နောက်တစ်ယောက်

Chapter 21

ဆရာလာကန်တော့သူ နောက်တစ်ယောက်

 

=====

 

ရှောင်ယွမ်ချီက ရှောင်ကျင့်ယိပြောသော စကားကို သံသယမဝင်ခဲ့ချေ။ ရှောင်ကျင့်ယိက ပြောရဲသည်ဆိုလျှင် သေချာပေါက် လုပ်ရဲမည်ဖြစ်ကြောင်း သူ သိသည်။ သူတို့ ညီအစ်ကိုနှစ်ယောက်က တစ်ယောက်ကို တစ်ယောက် အလျှော့ပေးနေကြခြင်း မဟုတ်ဘဲ၊ တစ်ယောက်အပေါ် တစ်ယောက် နားလည်စာနာပေးနေကြခြင်း ဖြစ်၏။

 

“ငါ သိပါတယ်… ဒါပေမဲ့ မင်းအစ်ကို ငါက မင်းကို ဘယ်လိုလုပ် ဓားတောင်ကို ကျော်၊ မီးပင်လယ်ကို ဖြတ်ခိုင်းရက်မှာလဲ?”

 

ညီအစ်ကို နှစ်ဦး အချင်းချင်း ရင်ဖွင့်နေကြချိန်တွင် သမားတော် ရောက်လာခဲ့သည်။ ရှောင်ကျင့်ယိက မိမိတွင် ကြီးကြီးမားမား အနာရောဂါ မရှိသည်ကို သိသဖြင့် သမားတော်ကို ပြန်လွှတ်လိုက်ချင်သော်လည်း ရှောင်ယွမ်ချီက တားဆီးလိုက်၏။

 

“မလောပါနဲ့… ဘာပဲဖြစ်ဖြစ် သမားတော်က ရောက်နေပြီပဲ… ငါတို့နှစ်ယောက်လုံး သွေးခုန်နှုန်း စမ်းခိုင်းလိုက်တာပေါ့… သူ့ကို အလကား အပင်ပန်းခံပြီး လာရသလို ဖြစ်သွားအောင် ဘယ်လုပ်လို့ ရမလဲ?”

 

ထို့ကြောင့် ညီအစ်ကိုနှစ်ဦးက သမားတော်ဖုန်းကို သွေးစမ်းသပ်ခိုင်းလိုက်သည်။ ညီအစ်ကိုနှစ်ဦးလုံး၏ ကျန်းမာရေးမှာ အလွန် ကောင်းမွန်နေပြီး၊ ရှောင်ကျင့်ယိတစ်ယောက်သာ အနည်းငယ် စိတ်မတည်မငြိမ် ဖြစ်နေခြင်း ရှိ၏။

 

“အိမ်ရှေ့စံမင်းသားနဲ့ ကျင်းဝမ်မင်းသားတို့ နှစ်ပါးလုံး ကျန်းမာရေး ကောင်းမွန်ပါတယ်… ကျင်းဝမ်မင်းသားက နည်းနည်းလေး စိတ်မတည်မငြိမ် ဖြစ်နေတာပဲ ရှိပါတယ်… အမတ်ကြီးက စိတ်ငြိမ်ဆေးလေး တစ်ခွက်လောက် တိုက်ပေးရမလား?”

 

သမားတော်ဖုန်းက စားပွဲပေါ်ရှိ သွေးစမ်းသည့် ခေါင်းအုံးငယ်လေးကို သိမ်းဆည်းရင်း ရှောင်ကျင့်ယိအား ခါးညွှတ်ကာ မေးလိုက်သည်။ အခြားသော သခင်များဆိုလျှင် သူက တိုက်ရိုက်ပင် စိတ်ငြိမ်ဆေး တစ်ခွက် ဖော်စပ်ပေးခဲ့မည် ဖြစ်သော်လည်း ရှောင်ကျင့်ယိကိုတော့ သူ မိမိသဘောဖြင့် မဆုံးဖြတ်ရဲချေ။

 

ရှောင်ကျင့်ယိက ဤစကားကို ကြားသောအခါ လက်ခါပြလိုက်၏။

 

“မလိုပါဘူး… ငါ ကိုယ့်ဘာသာ အဆင်ပြေအောင် နေလိုက်ပါ့မယ်… ဆေးသောက်စရာ မလိုပါဘူး။”

 

သမားတော်ဖုန်းက ခေါင်းညိတ်လိုက်ပြီး အိမ်ရှေ့စံနှင့် ကျင်းဝမ်တို့အား နှုတ်ဆက်ကာ သူ၏ဆေးသေတ္တာကို ဆွဲပြီး နန်းတွင်းသမားတော်ရုံသို့ ပြန်သွားလေသည်။

ရှောင်ကျင့်ယိဘက်တွင် ရင်ထဲ၌ တွဲလွဲခိုနေသော ကျောက်တုံးကြီးတစ်ခု နောက်ဆုံးတော့ ကျသွားနိုင်ခဲ့ပြီ ဖြစ်သော်လည်း၊ ရှန်းရှစ်ရွှီမှာမူ သူ၏ အစ်ကိုဖြစ်သူက တတွယ်တွယ် လုပ်နေသဖြင့် အနည်းငယ် ခေါင်းကိုက်နေရ၏။

 

နှစ်ပေါင်းများစွာ ညီအစ်ကိုအဖြစ် နေလာခဲ့သဖြင့် ရှန်းဇယ်ရှီးတွင် သူ့အား ပြောစရာစကား ရှိနေသော်လည်း ပြောမထွက် ဖြစ်နေသည်ကို တစ်ချက်ကြည့်ရုံဖြင့် သူ သိနိုင်ပေသည်။

 

ရှန်းဇယ်ရှီးက သူနှင့် ရှောင်ကျင့်ယိတို့က ရှန်းရှစ်ရွှီ၏ စိတ်တွင်းအသံများကို ကြားနိုင်ကြောင်း ပြောပြချင်သော်လည်း၊ ပါးစပ်က ကော်ကပ်ထားသကဲ့သို့ ဘယ်လိုမှ ဟ၍မရ ဖြစ်နေသည်။

 

သူ အလွန် စိတ်လှုပ်ရှားနေသဖြင့် တစ်ကိုယ်လုံး အခိုးအငွေ့များပင် ထွက်လာတော့မည်ဟု ထင်ရ၏။ ရှန်းရှစ်ရွှီက သူ၏ နေရခက်နေသည့် ပုံစံကို ကြည့်ပြီး ဖျောင်းဖျလိုက်သည်။

 

“အစ်ကိုကြီး… တကယ်လို့ ပြောရခက်နေရင်လည်း မပြောနဲ့တော့လေ… အသက်အန္တရာယ်နဲ့ မသက်ဆိုင်သရွေ့ အရာအားလုံးက ကိစ္စသေးသေးလေးတွေချည်းပါပဲ။”

 

ရှန်းဇယ်ရှီးက သူ ဘယ်လိုမှ ပြောမထွက်နိုင်သည်ကို သိသဖြင့် လက်လျှော့ရန် ဆုံးဖြတ်လိုက်သည်။ ရှန်းရှစ်ရွှီ၏ စကားက သူ လက်လျှော့မည့် အမြန်နှုန်းကို ပို၍ မြန်ဆန်သွားစေခြင်းသာ ဖြစ်၏။

 

လက်လျှော့လိုက်ပြီးနောက် ရှောင်ကျင့်ယိနှင့် အန်းကော်ကုန်းတို့၏ မျက်နှာအမူအရာများကို သူ ပြန်လည် စဉ်းစားကြည့်လိုက်ရာ၊ သူတို့နှစ်ဦးလုံးက ကြိုတင်သိရှိထားပြီးသားဖြစ်သည့်အလား တည်ငြိမ်နေကြသည်ကို သတိပြုမိသွားသည်။

 

ဤသို့ဆိုလျှင် သူတို့ ယခင်က ကြားဖူးပြီးဖြစ်မည် သို့မဟုတ် တစ်ဦးဦးက ပြောပြဖူးခြင်း ဖြစ်ရမည်။

 

ဒီလိုဆိုရင်တော့ သူတို့သုံးယောက်တည်း ကြားနိုင်တာ မဟုတ်ဘဲ တခြားကြားနိုင်တဲ့သူတွေ အများကြီး ရှိနေနိုင်တယ်။ အများစုကတော့ နန်းတွင်းညီလာခံက အမတ်တွေ ဖြစ်လောက်ပြီး ဧကရာဇ်ကိုယ်တိုင်တောင် ကြားနိုင်လောက်တယ်။

 

ဒီလောက် လူတွေ အများကြီး ကြားနေရတာတောင် သူ့ညီလေးက ဘာမှမဖြစ်ဘူးဆိုတော့ သေချာပေါက် သူ့အသက်အန္တရာယ်ကို ထိခိုက်မှာ မဟုတ်ဘူး။ သူ့ညီလေး ပြောသလိုပဲ၊ အသက်အန္တရာယ်နဲ့ မသက်ဆိုင်သရွေ့ အရာအားလုံးက ကိစ္စသေးသေးလေးတွေပဲ။

 

ဒါဆို သူလည်း အရမ်းကြီး စိုးရိမ်နေစရာ မလိုတော့ဘူး။ ပြီးတော့ အန်းကော်ကုန်း ပြန်သွားတုန်းက မျက်နှာအမူအရာ အရမ်းဆိုးနေတာကို ကြည့်ရင် သူ့ညီရဲ့ စိတ်တွင်းအသံတွေက အများအားဖြင့် အမှန်တွေ ဖြစ်နိုင်တယ်။

 

ဒီအချက်က မူလကတည်းက တခြားလူတွေရဲ့ အတင်းအဖျင်းတွေကို နားထောင်ရတာ ကြိုက်တဲ့ ရှန်းဇယ်ရှီးကို အတော်လေး အားကျသွားစေခဲ့တယ်။ အိမ်မှာ ထိုင်နေရုံနဲ့ တခြားသူတွေကို လိုက်မေးနေစရာ မလိုဘဲ စိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စတော်တော်များများကို သိနိုင်တယ်လေ။ 011 ဆီမှာ တခြားညီအစ်ကိုမောင်နှမတွေ ရှိသေးလား မသိဘူး၊ သူ့အတွက်ရော တစ်ခုလောက် ရနိုင်မလား?

 

ရှန်းရှစ်ရွှီက ရုံးပြန်တက်ရန် ပြင်ဆင်နေချိန်တွင် ခြံတံခါး ထပ်မံ ခေါက်ခံရပြန်၏။ ရှောင်ရှစ်ထိုက အပြေးအလွှား သွားဖွင့်လိုက်ရာ တံခါးပွင့်ပွင့်ချင်းပင် ရိုးရှင်းသော အပြာရင့်ရောင် ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးက လက်ထဲတွင် အထုပ်အပိုးများ အပြည့်အစုံ ကိုင်ဆောင်ကာ တံခါးဝတွင် ရပ်နေသည်ကို မြင်လိုက်ရသည်။

 

“သခင်လေး… ဘယ်သူ့ကို ရှာမလို့လဲခင်ဗျာ?”

 

ကျန်ပင်းမှာ မိခင်ဖြစ်သူနှင့်အတူ ရွေးချယ်ထားသော ဆရာကန်တော့မည့် လက်ဆောင်များကို ကိုင်ဆောင်ကာ ရှန်းရှစ်ရွှီနေထိုင်သည့်နေရာကို စုံစမ်းပြီးသည်နှင့် မစောင့်နိုင်တော့ဘဲ ချက်ချင်း ရောက်လာခဲ့ခြင်း ဖြစ်သည်။ ယခု တံခါးလာဖွင့်သော အစေခံကို မြင်သောအခါ၊ ယခင်က မာနကြီးသော ကျန်သခင်လေးသာဆိုလျှင် ရှောင်ရှစ်ထိုအား မျက်နှာကောင်းပေးမည်မဟုတ်ဘဲ မင်းရဲ့သခင်ကို မြန်မြန် ထွက်လာခဲ့ဖို့သာ ရိုင်းစိုင်းစွာ ပြောဆိုမည် ဖြစ်၏။

 

သို့သော် ယနေ့ သူလာခဲ့ခြင်းမှာ အကူအညီတောင်းခံရန် ဖြစ်သည်။ ထို့အပြင် သူ အမှန်တကယ် ပြုပြင်ပြောင်းလဲချင်နေပြီး အလေအလွင့် သခင်လေးဟူသော ဂုဏ်ပုဒ်မှ ရုန်းထွက်ကာ နေ့တိုင်း တိုးတက်လိုသော လူငယ်ကောင်း တစ်ဦး ဖြစ်လာချင်နေ၏။

 

ထို့ကြောင့် အလွန် ဖော်ရွေသော သဘောထားဖြင့် ပြောလိုက်သည်။

 

 “အစ်ကိုလေး… ဒီနေရာက တရားလွှတ်တော်ချုပ် လက်ထောက်အမတ်ရှန်းရဲ့အိမ်များလား?”

 

ရှောင်ရှစ်ထိုက သူ ပစ္စည်းများ ကိုင်ဆောင်ထားပြီး သူ၏ သခင်လေးကို လာရှာခြင်းဖြစ်ကြောင်း သိလိုက်ရသဖြင့် ခုနက ဖြစ်ခဲ့သော ကိစ္စကို သတိရသွားကာ ဘာမှ မစဉ်းစားတော့ဘဲ တိုက်ရိုက် မေးလိုက်မိ၏။

 

“သခင်လေးကလည်း ဆရာလာကန်တော့တာလား?”

 

ကျန်ပင်းမှာ ဤစကားကို ကြားသောအခါ ကြောင်အသွားပြီးနောက် ချက်ချင်းပင် အခြေအနေကို နားလည်သွားသည်။ သူ မလာခင်ကတည်းက တစ်ယောက်ယောက်က ဆရာလာကန်တော့နှင့်ပြီး ဖြစ်မည်။

 

 “ကျွန်တော်က ဆရာလာကန်တော့တာပါ… အမတ်မင်းရှန်း ရှိနေမလား မသိဘူး?”

 

ရှောင်ရှစ်ထိုမှာ ခုနက စကားမှားသွားရုံ သက်သက်သာ ဖြစ်သည်။ ဤမျှ ချမ်းသာကြွယ်ဝပုံပေါက်သော သခင်လေးက တကယ်ကြီး ဆရာလာကန်တော့မည်ဟု မထင်ထားခဲ့သဖြင့် အိမ်ထဲသို့ အလျင်အမြန် လှမ်းအော်လိုက်၏။

 

“သခင်လေး! ဆရာလာကန်တော့တဲ့သူ နောက်တစ်ယောက် ရောက်နေပြန်ပြီ… အမြန် ထွက်လာကြည့်ပါဦး!”

 

ရှန်းရှစ်ရွှီက ရှောင်ရှစ်ထို ဤသို့ အော်ခေါ်သည်ကို ကြားသောအခါ အိမ်ထဲမှ အမြန် ထွက်လာခဲ့သည်။ ရှန်းဇယ်ရှီးသည်လည်း နောက်မှ လိုက်ထွက်လာကာ ဘယ်သူများ ဆရာလာကန်တော့ပြန်ပြီလဲဟု သိချင်နေ၏။

 

ရှန်းရှစ်ရွှီက လက်ဆောင်များ ကိုင်ဆောင်လာသော ကျန်ပင်းကို မြင်လိုက်ရချိန်တွင် မျက်မှောင်ကြုတ်သွားပြီး ဒီလူ ဦးနှောက်တစ်ခုခု မှားနေသလားဟု သံသယဝင်သွားမိသည်။

 

ဒီနေ့မနက်ကမှ သူရဲ့ အဖေအရင်းကို ထောင်ထဲပို့လိုက်တာ၊ နောက်မကြာခင်မှာ ခေါင်းဖြတ်စင်ပေါ် ရောက်တော့မှာ၊ ဒီလိုပြောရရင် သူက ကျန်ပင်းရဲ့ ဖခင်ကို သတ်တဲ့ရန်သူလို့တောင် ပြောလို့ရတယ်။ ဒါပေမဲ့ သူကတော့ ဆရာလာကန်တော့တယ်တဲ့လား?

 

“မင်းက ငါ့ကို ဆရာလာကန်တော့တာ?”

 

ရှန်းရှစ်ရွှီက မိမိကိုယ်ကို လက်ညှိုးထိုးကာ အံ့သြစွာဖြင့် ပြောလိုက်၏။

 

“ဒီနေ့မနက်ကမှ မင်းရဲ့အဖေအရင်းကို ငါကိုယ်တိုင် ထောင်ထဲ ပို့လိုက်တယ်ဆိုတာ မင်း မေ့သွားပြီလား… မကြာခင်မှာ သူ ခေါင်းဖြတ်စင်ပေါ် ရောက်တော့မှာလေ… ဒီလိုပြောရရင် ငါက မင်းရဲ့ ဖခင်ကို သတ်တဲ့ရန်သူလို့တောင် ဆိုလို့ရတယ်… ဒါပေမဲ့ မင်းက ငါ့ကို ဆရာလာကန်တော့တယ်တဲ့လား? ငါ့နားပဲ တစ်ခုခု မှားနေတာလား၊ ဒါမှမဟုတ် မင်းပဲ ရူးနေတာလား?”

 

ရှန်းဇယ်ရှီးလည်း ဆရာလာကန်တော့သူမှာ သူ၏ ညီဖြစ်သူနှင့် ဤမျှ ကြီးမားသော ပတ်သက်မှု ရှိနေမည်ဟု မထင်မှတ်ထားခဲ့ချေ။ ဤသည်ကို ကြားလိုက်ရချိန်တွင် ရှန်းရှစ်ရွှီက ကျန်ပင်း ဆရာလာကန်တော့သည့် အဓိက ရည်ရွယ်ချက်ကို သံသယဝင်နေသကဲ့သို့ သူကိုယ်တိုင်လည်း လိုက်၍ သံသယဝင်လာမိ၏။

 

ကျန်ပင်းကိုယ်တိုင်လည်း သူ၏ လုပ်ရပ်က သံသယဖြစ်စရာ ကောင်းနေကြောင်း သိသည်။ သူက လက်ထဲမှ လက်ဆောင်များကို မြေပြင်ပေါ်တွင် ချထားလိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်ကာ ရှန်းရှစ်ရွှီအား အရိုအသေပေးလိုက်ရင်း ပြောလိုက်၏။

 

“ခင်ဗျား ကျွန်တော့်ကို သံသယဝင်နေတယ်ဆိုတာ သိပါတယ်… ကျွန်တော်က ကလဲ့စားချေဖို့ ခင်ဗျားဘေးနား ကပ်ချင်နေတယ်လို့ ထင်နေမှာပဲ။ ဒါပေမဲ့ တကယ်တမ်းကျတော့ ကျွန်တော်နဲ့ အမေက ခင်ဗျားအပေါ် ဘာအငြိုးမှ မရှိပါဘူး… ဆန့်ကျင်ဘက်အနေနဲ့ ကျွန်တော်တို့ သားအမိနှစ်ယောက်လုံး ခင်ဗျားကို အရမ်း ကျေးဇူးတင်နေတာပါ။”

 

“ဒီတစ်ခေါက် ခင်ဗျားသာ ကျန်ရှင်းပန်းရဲ့ သရုပ်မှန်ကို မဖော်ထုတ်ပေးခဲ့ရင်၊ နောင်တစ်ချိန် ကျွန်တော်တို့ သားအမိနှစ်ယောက် သူလုပ်ကြံတာကို ဘယ်လို ခံရဦးမလဲ မသိနိုင်ဘူးလေ… ဒီတစ်ခေါက်တော့ သူ့အစား ကျွန်တော့်ကို အပြစ်ခံခိုင်းဖို့ လုပ်တယ်၊ နောက်တစ်ခါဆိုရင် သူ့ရဲ့ စိတ်ယုတ်တွေက အမေ့ဆီ ရောက်မလာဘူးလို့ ဘယ်သူပြောနိုင်မှာလဲ? ခင်ဗျား သူ့ကို ထောင်ထဲ ပို့လိုက်တာက ကျွန်တော်တို့ သားအမိကို သွယ်ဝိုက်တဲ့နည်းနဲ့ ကယ်တင်လိုက်တာပါပဲ… ကျွန်တော်တို့က ခင်ဗျားကို ဘယ်လိုလုပ် မုန်းနိုင်မှာလဲ?”

 

“ဆရာလာကန်တော့တဲ့ ကိစ္စကတော့ ကျွန်တော့်ရဲ့ ကိုယ်ပိုင် အကြံဉာဏ်ပါ… အရင်က ကျွန်တော်က အမေနဲ့ ကျန်ရှင်းပန်းကိုပဲ အမြဲ မှီခိုနေခဲ့တာ… အခု ကျန်ရှင်းပန်း မရှိတော့ဘူးဆိုတော့ ကျွန်တော်က အမေ့ကို အမြဲတမ်း ဆက်ပြီး မှီခိုနေလို့ မဖြစ်တော့ဘူးလေ။”

 

“ပြီးတော့ ကျွန်တော်က အမေ့ရဲ့ အားကိုးရာ ဖြစ်လာချင်တယ်… သေချာ စဉ်းစားကြည့်တော့ နန်းတော်တစ်ခုလုံးမှာ ကျွန်တော့်ကို သင်ပေးနိုင်တဲ့သူက ခင်ဗျားတစ်ယောက်ပဲ ရှိတယ်။”

 

“ပထမအချက်က ခင်ဗျားကို လေးစားလို့ပါ… ဒုတိယအချက်ကတော့ ခင်ဗျားရဲ့ အမှုစစ်တဲ့ စွမ်းရည်က အရမ်း တော်လွန်းလို့… ကျွန်တော်က ခင်ဗျားဆီက လေးငါးပုံလောက် သင်ယူနိုင်ရင်တောင် ကျွန်တော့်အတွက် လုံလောက်နေပါပြီ။”

 

“ဒါကြောင့် ကျေးဇူးပြုပြီး… အမတ်မင်းရှန်း ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါ။”

 

ရှန်းရှစ်ရွှီက သူ၏စကားများမှာ တကယ်ကို ရိုးသားမှန်ကန်ပုံရသည်ကို မြင်သောအခါ သူ့ကို အနည်းငယ် ထပ်မံ စမ်းသပ်ကြည့်ရန် စဉ်းစားလိုက်ပြီး မေးခွန်းတစ်ခု မေးလိုက်၏။

 

“မင်းကို တပည့်အဖြစ် လက်ခံရတာ ပြဿနာမရှိဘူး… ဒါပေမဲ့ မင်းက ငါ့ရဲ့ ဒုတိယတပည့်ပဲ ဖြစ်ခွင့်ရှိမယ်… မင်းရဲ့ အရှေ့မှာ အသက် ငါးနှစ်အရွယ် မင်းရဲ့ စီနီယာအစ်ကို တစ်ယောက် ရှိနေတယ်… ဒါဆိုရင်ရော မင်း သဘောတူနိုင်မလား?”

 

Chapter 21 ended

 

နန်းတော်စာမေးပွဲတွင် ပထမရပြီးနောက် အရာရှိများအားလုံး ငါ့အတွေးတွေကို ကြားနေရပြီ

နန်းတော်စာမေးပွဲတွင် ပထမရပြီးနောက် အရာရှိများအားလုံး ငါ့အတွေးတွေကို ကြားနေရပြီ

Status: Ongoing Type: Released: 2025 Native Language: Chinese
[ နန်းတော်စာမေးပွဲတွင် ပထမရပြီးနောက် အရာရှိများအားလုံး ငါ့အတွေးတွေကို ကြားနေရပြီ ] Intro ရှန်းရှစ်ရွှီ ကျွမ်းယွမ်အဖြစ် ခန့်အပ်ခံရသည့်အချိန်တွင် ဆယ့်ရှစ်နှစ်ကြာ နောက်ကျနေသည့် ရွှေလက်ချောင်းကြီးသည် နောက်ဆုံး၌ ရောက်လာခဲ့ပေ၏။ ယခင်ဘဝက သူသည် ရေနစ်နေသော ကလေးငယ်တစ်ဦးအား ကယ်တင်ရန်အတွက် အသက်ပေးခဲ့ရပြီး ငယ်ရွယ်စဉ်မှာပင် ကွယ်လွန်သွားခဲ့၏။ ထို့နောက် သူ မျက်လုံးပြန်ဖွင့်လာချိန်၌ သမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ မပေါ်ပေါက်ခဲ့ဖူးသော တာ့ချန်မင်းဆက်သို့ ရောက်ရှိနေခဲ့သည်။ (T/N: ကျွမ်းယွမ် = နန်းတော်စာမေးပွဲတွင် ပထမရသူ) သူ့အပေါ် ချစ်ခင်ယုယသော မိဘများရှိလာရုံသာမက အလိုလိုက်သော အစ်ကိုကြီးတစ်ယောက်လည်း ရှိလာခဲ့ပေသည်။ မိသားစု၏ မေတ္တာအား ကျေးဇူးဆပ်လိုသဖြင့် သူက စာကို ကြိုးကြိုးစားစား ဖတ်ရှုခဲ့သည်။စာမေးပွဲတွင် အဆင့်ကောင်းကောင်းတစ်ခုရကာ ဆွေမျိုးအသိုင်းအဝိုင်းကို ဂုဏ်တက်စေချင်ခဲ့၏။ သို့သော် သူက ကျွမ်းယွမ်တစ်ယောက် ဖြစ်လာမည်ဟု လုံးဝမထင်မှတ်ထားခဲ့ချေ။ ကျွမ်းယွမ်အဖြစ် စာမေးပွဲအောင်ပြီးနောက် သူ၏ ရွှေလက်ချောင်းကြီးလည်း ရောက်ရှိလာခဲ့သည်။ သူ့အား အထက်သို့ တဟုန်ထိုး တက်လှမ်းနိုင်ရန် ကူညီပေးမည့် စနစ်တစ်ခုဟု သူ ထင်မှတ်ထားခဲ့သော်လည်း ၎င်းမှာ သတင်းတိုသတင်းထွာများအား စားသုံးရသည့် ဖရဲသီးစနစ် ဖြစ်နေမည်ဟု လုံးဝမထင်ထားခဲ့ပေ။ ပထမဆုံး စားသုံးရသည့် ဖရဲသီးမှာ ယခင်ကျွမ်းယွမ်ဟောင်းက ဇနီးနှင့် သားသမီးများကို စွန့်ပစ်ကာ လူပျိုအဖြစ် ဟန်ဆောင်ထားခဲ့ခြင်း အကြောင်းပင် ဖြစ်သည်။ ထို့နောက် ၎င်းက ဘဏ္ဍာရေးဝန်ကြီး၏ သမီးတော်နှင့် မျက်မှန်းတည့်သွားပြီး ဝန်ကြီး၏ သမက်တော် ဖြစ်လာခဲ့၏။ ဘဏ္ဍာရေးဝန်ကြီး၏ အကူအညီဖြင့် နန်းတွင်း၌ တစ်ဆင့်ပြီးတစ်ဆင့် ရာထူးတက်လာခဲ့သည်။ ယခုအခါ သူက အလုပ်အကိုင် အဆင်ပြေနေပြီး ဇနီးချောလေးနှင့် သားလေးမှာလည်း ဘေး၌ ရှိနေပေသည်။ သူက ဇာတိရွာတွင် ဒုက္ခခံနေရသော ဇနီးသည်နှင့် သမီးဖြစ်သူအား လုံးဝ ဂရုမစိုက်ဘဲ မိခင်အရင်း ဆုံးပါးသွားချိန်၌ပင် အိမ်သို့ ပြန်မလာခဲ့ချေ။ ရှန်းရှစ်ရွှီကမူ ဖရဲသီးများကို ဝမ်းသာအားရ စားသုံးနေပြီး သူ၏ စိတ်တွင်းအသံများမှာ နန်းတွင်းအမတ်များအားလုံးရှေ့၌ ပေါက်ကြားနေပြီဖြစ်ကြောင်းကို လုံးဝ မသိရှိခဲ့ပေ။ ဧကရာဇ်၊ အိမ်ရှေ့စံ၊ မင်းသားများနှင့် ဝမ်ရယ်များပင်လျှင် ကြည်လင်ပြတ်သားစွာ ကြားနေရ၏။ အစပိုင်းတွင် မည်သူမျှ မယုံကြည်ခဲ့ကြသော်လည်း ယိမ်းယိုင်နေသော ဘဏ္ဍာရေးဝန်ကြီး၏ ပုံစံအား မြင်လိုက်ရချိန်တွင် သူ၏ စိတ်ထဲ၌ ပြောနေသမျှ အရာအားလုံးမှာ အမှန်တရားများသာ ဖြစ်ကြောင်းကို နားလည်သွားကြသည်။ ဤသို့ဖြင့် ရှန်းရှစ်ရွှီမှာ ဖရဲသီးများကို မှီခိုကာ ရာထူးများ တစ်ဆင့်ပြီးတစ်ဆင့် တက်လာခဲ့ပြီး နန်းတွင်းအမတ်များမှာလည်း နေ့စဉ်နေ့တိုင်း အတင်းအဖျင်းများအား ဝမ်းသာအားရ နားထောင်နေကြ၏။ ယနေ့တွင် မင်းသမီးကြီးမှာ ခင်ပွန်းဖြစ်သူ၏ သစ္စာဖောက်ခြင်းကို ခံရကြောင်း ဖရဲသီးသတင်းကို ကြားရပြီး မနက်ဖြန်တွင် မည်သည့်အမတ်မင်းမှာ ဇနီးဖြစ်သူ၏ ဖောက်ပြန်ခြင်းကို ခံရကြောင်း စသည့်သတင်းများကို ကြားရလေသည်။ သန်ဘက်ခါတွင်မူ ရန်သူ့တိုင်းပြည်မှ သူလျှိုများက ဧကရာဇ်၏ အနောက်ဆောင်၌ လူလွှတ်ကာ စီစဉ်ထားကြောင်းကို ကြားရလေသည်။ သို့သော် ရှန်းရှစ်ရွှီက ဖရဲသီးစားသုံးရာမှ ရုတ်တရက် ဖရဲသီးအကြီးကြီးတစ်လုံးအား ဖော်ထုတ်သွားခဲ့မိသည်။ အဲ့ဒီအေးစက်စက် စစ်နတ်ဘုရားကြီးက ငါ့ကို ဘယ်လိုလုပ် သဘောကျနေရတာလဲ? Intro ended

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset