⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 2

Chapter 2

World 1 Chapter 2

ဗီလိန်ကြီး၏ ပါးစပ်ထဲမှ သကြားလုံးကို လုယူခြင်း၊ ရေသးလေးက ကိုက်လိုက်သော်လည်း သူ့သွားများသာ နားသွားခြင်း၊ အတင်အကြပ် စာသင်ခိုင်းခံရခြင်း

 

*****

 

ယွီရှူးနင်က ထိုစောက်ရူးကြီးကို ဆက်ပြီး အသိအမှတ်ပြုဖို့ ငြင်းဆန်လိုက်တော့၏။

 

ရေသူလေးက သူ့အမြီးကို ခါရမ်းလိုက်ပြီး ဖူးယောင်နေသည့် အမြီးဖျားလေးကို ကိုင်ကာ အမျိုးသား၏ ရင်ခွင်ထဲတွင် မလှုပ်မယှက် ဝင်ခွေနေလိုက်ပြီး သူ၏ လှပသော မျက်နှာလေးကို ဖုံးကွယ်ထားလိုက်သည်။

 

ယင်ဝူဝမ်က ရေသူလေး၏ နူးညံ့သည့် ဗိုက်လေးကို လက်ညှိုးဖြင့် ထိုးလိုက်ရာ ညည်းတွားသံ သဲ့သဲ့လေးသာ ပြန်ရလိုက်၏။ ရေသူလေးက လှမ်းပြီး သူ့လက်ချောင်းကို ဆုပ်ကိုင်ထားကာ ဆက်မထိုးနိုင်အောင် တားဆီးထားသည်။

 

“တကယ်ကြီး စိတ်ဆိုးသွားတာလား”

 

ယင်ဝူဝမ်က သူ့လက်ကို ရုန်းထွက်ရန် ကြိုးစားလိုက်သော်လည်း ရေသူလေးက တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ သူက အတင်းအကျပ် ဆွဲမဖယ်တော့ဘဲ သုတေသီ လာပို့ထားသည့် အစားအစာများကို သူ့ရှေ့သို့ ဆွဲယူလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ဖြည်းဖြည်းချင်း စားသောက်နေလိုက်၏။

 

ရေသူလေးမှာ အေးစက်ပြီး နူးညံ့ကာ သေးငယ်သည့်အတွက် ပွေ့ဖက်ရတာ အဆင်ပြေလှသည်။ ယင်ဝူဝမ်က သူ့ကို ဖက်လုံးလေးတစ်လုံးလို ပွေ့ဖက်ထားလိုက်၏။

 

အခန်း၏ ဖွဲ့စည်းပုံကို သေချာ မသိသေးသည့်ယွီရှူးနင်က သူ၏ စိတ်စွမ်းအားများ တဖြည်းဖြည်း ဖိနှိပ်ခံလာရပြီး သေးငယ်သည့် လှုပ်ရှားမှုလေးများကိုသာ လုပ်နိုင်တော့သည်ကို ခံစားလိုက်ရသည်။ အချိန်အနည်းငယ် ကြာသွားပါက အရင်လိုမျိုး သူ့ကိုယ်သူ ဖုံးကွယ်ထားရန် မဖြစ်နိုင်တော့ဘူးဟု ကြိုတင် ခံစားသိရှိနေ၏။

 

အမျိုးသား စားသောက်နေချိန်တွင် ယွီရှူးနင်က မျက်နှာတစ်ဝက်ကို ဖြည်းဖြည်းချင်း ဖော်လိုက်ပြီး မျက်လုံးတစ်ဖက်ဖြင့် ခိုးကြည့်လိုက်သည်။

 

အစားအစာ ပန်းကန်ကို မြင်လိုက်ရချိန်တွင် ယွီရှူးနင် အလွန်တရာ အံ့သြသွားတော့၏။

 

[ဘုရားရေ! ဗီလိန်ကြီးက ဘာလို့ ဒီလောက် စုတ်ပြတ်နေတဲ့ အစားအစာတွေကို စားနေရတာလဲ။ သူက ဗိုလ်ချုပ်ကြီး မဟုတ်ဘူးလား]

 

System 520 – [ကြယ်တာရာခေတ်မှာ သက်ရှိနဲ့ သက်မဲ့တွေ အပါအဝင် မျိုးစိတ်တော်တော်များများ မျိုးသုဉ်းပျောက်ကွယ်သွားပြီလေ…. အဲဒါကြောင့် သူတို့ထဲက တော်တော်များများက အာဟာရရည်တွေကိုပဲ အားထားပြီး အသက်ရှင်နေကြရတာ…. ဗီလိန်ကြီးက ဒီလောက် အစားအစာတွေ စားနေရတာကိုက တော်တော်လေးကို ဇိမ်ကျနေပြီလို့ ဆိုရမယ်….]

 

ယွီရှူးနင်က ဗီလိန်ကြီး၏ ပန်းကန်ကို ကြည့်လိုက်၏။ ဘာမှန်းမသိရသော ဆန်ပြုတ်တစ်ပန်းကန်၊ အရသာမရှိမည့်ပုံ ပေါက်နေသည့် ဟင်းသီးဟင်းရွက်စိမ်း တစ်ပန်းကန်၊ ဘယ်ကလာမှန်းမသိသော စည်သွပ်ဘူးအသားနှင့် တွန့်လိမ်ခြောက်သွေ့နေသော လိမ္မော်သီးတစ်လုံးတို့ ဖြစ်သည်။

 

“စားမလား….”

 

ယင်ဝူဝမ်က ရေသူလေး၏ အကြည့်များကို သတိထားမိနေပြီ ဖြစ်၏။ သူက စားချင်စရာမရှိသည့် အသားတစ်ဖတ်ကို တူဖြင့် ညှပ်ယူလိုက်ပြီး ယွီရှူးနင်ကို ခွံ့ကျွေးလိုက်သည်။

 

“ဒါက ဒိုဟာငါးလေ…. မင်းတို့ရေသူတွေ သဘောကျလောက်မှာပေါ့… ဟုတ်တယ်မလား….”

 

ယွီရှူးနင်က စူးစမ်းချင်စိတ်ဖြင့် နည်းနည်းလေး ကိုက်စားကြည့်လိုက်ချိန်တွင် ညှီစော်နံပြီး ငန်တူးကာ ခါးသက်သက် အရသာကြီးကြောင့် ချက်ချင်းပင် ညည်းတွားလိုက်မိ၏။ အရသာက သိပ်ကို ဆိုးရွားလွန်းသည့်အတွက် သူ၏မျက်လုံးများထဲတွင် မျက်ရည်များပင် ဝဲတက်လာသည်။

 

ထိုအခြေအနေကို မြင်သောအခါ ယင်ဝူဝမ်က တူပေါ်တွင် ကျန်နေသည့် အသားကို သူကိုယ်တိုင် စားလိုက်ပြီး လိမ္မော်သီးကို အခွံနွှာလိုက်၏။ ထို့နောက် လိမ္မော်သီးမြွှာ သေးသေးလေး တစ်မြွှာကို ဖဲ့ပြီး သူ့ကို ကမ်းပေးလိုက်သည်။

 

“အဆင်မပြေဘူးလား…. သိပ်ကို နုနယ်တာပဲ…. ရော့… လိမ္မော်သီး စားလိုက်….”

 

ပါးစပ်ထဲမှ ထူးဆန်းသည့် အရသာကြီးကို ဖြေဖျောက်ပေးမည့် တစ်စုံတစ်ရာကို အသည်းအသန် လိုအပ်နေသည့် ယွီရှူးနင်က အများကြီး မစဉ်းစားတော့ဘဲ စားရန် ပါးစပ်ကို ဟလိုက်၏။ အလောတကြီး ဖြစ်နေမှုကြောင့် သူ၏ အေးစက်ပြီး နူးညံ့သည့် လျှာလေးက အမျိုးသား၏ လက်ချောင်းများကို လျက်မိသွားပြီး လိမ္မော်သီးမြွှာကို လိပ်ယူကာ စားလိုက်သည်။

 

လိမ္မော်သီးကို ကိုက်လိုက်သည့်အခါ အလွန်တရာ ချဉ်စူးသည့် အရသာကြီးကြောင့် ရေသူလေး၏ မျက်နှာမှာ ရှုံ့မဲ့သွားတော့၏။ အီစိမ့်သွားစေသည့် ခံစားချက်ကြီးက ပါးစပ်မှတစ်ဆင့် ဦးနှောက်ဆီသို့ ပြေးတက်သွားပြီး မီးဖြင့် စမ်းသပ်ခံလိုက်ရသလိုပင် ဖြစ်သည်။

 

ချဉ်လွန်းသည့် လိမ္မော်သီးကြောင့် ကြောင်တောင်တောင်လေး ထိုင်နေသည့် ရေသူလေးကို ကြည့်ပြီး ယင်ဝူဝမ်မှာ အသံထွက်အောင်ပင် ရယ်မောလိုက်မိတော့၏။

 

အမျိုးသားက ခန္ဓာကိုယ် တုန်ခါသွားသည်အထိ ရယ်မောနေသည့်အတွက် သူ၏ ပေါင်ပေါ်တွင် ထိုင်နေသည့် ယွီရှူးနင်ပင် အသိစိတ် ပြန်ဝင်လာတော့သည်။

 

နောက်ဆုံးတွင် အလွန်အမင်း ချဉ်စူးသည့် အရသာကြီးကို ကျော်ဖြတ်နိုင်သွားသည့် ယွီရှူးနင်က ဒေါသတကြီးဖြင့် ပါးဖောင်းလိုက်ပြီး “ဖူး….” ဟု အသံပြုလိုက်၏။

 

[စောက်ကျင့်ယုတ်လိုက်တာ! သိပ်ဆိုးတာပဲ!] ယ

 

သူက ငါးတစ်ကောင်ကို ဒီလိုမျိုး အနိုင်ကျင့်ရက်တယ်ပေါ့လေ?! ဝူး ဝူး ဝူး…!

 

ယွီရှူးနင်က စိတ်ထဲမှနေ၍ စနစ်ကို အော်ဟစ်ဆဲဆိုနေပြန်၏။ သူက ဗီလိန်ကြီးအတွက် မဟုတ်ဘဲ အရာအားလုံး၏ အရသာက ဆိုးရွားလွန်းနေသည့် ဒီကမ္ဘာကြီးမှာ ဘယ်လို ဆက်ပြီး အသက်ရှင်သန်ရမလဲ ဆိုသည့်အချက်အပေါ် တွေးပူလာတော့သည်။

 

​System 520 – [ဘယ်လိုပဲဖြစ်ဖြစ် Host က ကိုယ့်မူလကမ္ဘာမှာတုန်းကလည်း အစားအသောက်ကို ဆင်ခြင်ပြီး စားရတာပဲ မဟုတ်လား….]

 

​ယွီရှူးနင် – [အဲဒါနဲ့ ဒါနဲ့က တူမလား….ငါ့ကမ္ဘာမှုတုန်းက အရသာ အပေါ့ဆုံး အစားအစာတွေတောင် အခုလို အန်ချင်စိတ်ပေါက်လာလောက်အောင် မဆိုးရွားဘူးလေ….]

 

လုံလောက်အောင် ရယ်မောပြီးသွားသည့် ယင်ဝူဝမ်က မကျေမနပ်ဖြစ်ကာ နှာခေါင်းလေး နီရဲနေသည့် ရေသူလေးကို ကြည့်လိုက်၏။ သူက ကျန်နေသည့် လိမ္မော်သီးကို စားလိုက်ပြီး အိတ်ကပ်ထဲမှ အလုံးလေးတစ်လုံးကို ထုတ်ယူလိုက်သည်။

 

“သကြားလုံး စားမလား….”

 

ယင်ဝူဝမ်က သကြားလုံး အခွံကို ခွာလိုက်ချိန်တွင် ချိုမြိန်သည့် ရနံ့လေး ထွက်ပေါ်လာသည်။ထိုအခါ ရေသူလေး၏ မျက်လုံးလေးများ ချက်ချင်းပင် အရောင်လက်သွား၏။ သူ၏အကြည့်များက အလိုအလျောက်ပင် ထိုသူ၏ လက်ကို လိုက်ကြည့်နေမိသည်။

 

“ဒါက ရခဲတဲ့ သရေစာလေးလေ၊ အရမ်းလည်း စားလို့ကောင်းတယ်…. ခုနက ဟာတွေနဲ့ မတူဘူးနော်…. စိတ်ဝင်စားလား….”

 

ယင်ဝူဝမ်၏အသံက မြူဆွယ်သွေးဆောင်မှုများ အပြည့်ပါနေသော်လည်း ရေသူလေး၏ သံသယဖြစ်နေသည့် အကြည့်များကိုမူ လျစ်လျူရှုထားလိုက်၏။

 

ယွီရှူးနင် တုံ့ဆိုင်းသွားပြီး ဒီလူကို နောက်ဆုံးတစ်ကြိမ်လောက် ယုံကြည့်သင့်သည်ဟု တွေးကာ ခွံ့ကျွေးမည်ကို စောင့်ရင်း သူ၏ ပါးစပ်လေးကို ဟထားလိုက်သည်။

 

ယင်ဝူဝမ်က သကြားလုံးကို လက်ချောင်းများဖြင့် ညှပ်ကိုင်ထားပြီး သူ့နှုတ်ခမ်းနားသို့ တေ့ပေးလာ၏။ တောင့်တမှုကြောင့် အရောင်လက်နေသည့် မျက်လုံးလေးများဖြင့် ရေသူလေး၏ ခေါင်းက အလိုအလျောက်ပင် ရှေ့သို့ တိုးသွားသည်။ ရေသူလေး၏ ပန်းရောင်နှုတ်ခမ်းလေးက အနည်းငယ် ဟသွားရာ တက်ကြွနေသည့် လျှာဖျားလေးက အနည်းငယ် ထွက်ပေါ်လာ၏။

 

သူ သကြားလုံးကို ပါးစပ်ထဲ ငုံလိုက်တော့မည့် ဆဲဆဲတွင် အမျိုးသားက သူ့လက်ကို နောက်သို့ ဆုတ်လိုက်ပြီး သကြားလုံးကို သူ့ပါးစပ်ထဲသို့ ထည့်လိုက်လေ၏။

 

“ချိုလိုက်တာ….”

 

ယင်ဝူဝမ်က စားပွဲပေါ်ရှိ အရာအားလုံးကို ရှင်းလင်းပစ်ပြီးနောက် မင်းကို အပြစ်ကင်းစင်သည့် အမူအရာဖြင့် ပြန်ကြည့်နေသည့် ကြောင်တစ်ကောင်ကဲ့သို့ မျက်နှာပေးမျိုးဖြင့် ပြောလိုက်သည်။

 

ယွီရှူးနင် – “….”

 

ကျီးကန်း ချီးပါချလိုက်တာပဲ!

ယွီရှူးနင်မှာ လက်သီးလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်မိသွား၏။

 

သူ့ကမ္ဘာတွင် ယွီရှူးနင်၌ မျိုးရိုးလိုက် ဆီးချိုရောဂါ ရှိသည့်အတွက် သကြားနည်း၊ ဆားနည်း၊ အဆီနည်းသည့် အစားအစာများကိုသာ စားသုံးရသည်။ ကံဆိုးစွာဖြင့် သူက အချိုကြိုက်သူ တစ်ယောက်ဖြစ်ပြီး သကြားလုံးကို ရံဖန်ရံခါ စားရသည့် အကြိမ်အနည်းငယ်လေးက သူ၏ဘဝတွင် အပျော်ရွှင်ဆုံး အချိန်များပင် ဖြစ်၏။

 

အခုတော့! တစ်စုံတစ်ယောက်က သူ့ဆီကနေ! သကြားလုံးကို လုယူသွားတယ်ပေါ့!

 

သူ့ကို ပေးပြီးရင် အဲဒါ သူ့ဟာပဲလေ၊ ဘယ်လိုလုပ် ပြန်ယူသွားရတာလဲ!

 

ထို့နောက် တွေးခေါ်နိုင်စွမ်း ကင်းမဲ့သွားသည့် အချိန်လေးတွင် ယွီရှူးနင်က နောက်ပိုင်း၌ သူ အကြီးအကျယ် နောင်တရမည့် အရာတစ်ခုကို လုပ်မိသွားတော့သည်။

 

သူက အမျိုးသား၏ ကော်လာကို ဆွဲကိုင်လိုက်ပြီး သူ့အပေါ်သို့ ခုန်အုပ်ကာ နှုတ်ခမ်းများကို ကြမ်းတမ်းစွာ ကိုက်ပစ်လိုက်၏။ အေးစက်ပြီး လျင်မြန်လှသည့် ရေသူလေး၏ လျှာလေးက မထင်မှတ်ထားသည့် အမျိုးသား၏ ပါးစပ်ထဲသို့ တိုးဝင်သွားပြီး အနည်းငယ် အရည်ပျော်နေသည့် သကြားလုံးကို လျက်ကာ ကလော်ယူလိုက်သည်။

 

ယွီရှူးနင်က ချိုမြိန်သည့် အရသာလေးကို မြည်းစမ်းရင်း သူ၏လျှာဖြင့် သကြားလုံးကို ပတ်ချာလှည့်နေရင်း နှုတ်ခမ်းထောင့်တွင် အောင်နိုင်သူ၏ အပြုံးတစ်ခု ပေါ်လာ၏။

 

သူဆိုတဲ့ ယွီရှူးနင်ကို အနိုင်ကျင့်တဲ့အတွက် ခံလိုက်ရတာပဲ!ကျွန်တော် ခင်ဗျားကို သကြားလုံး မပေးနိုင်ဘူး!

 

ယင်ဝူဝမ်၏ နက်ရှိုင်းသည့် အကြည့်များနှင့် ဆုံမိသောအခါမှ ယွီရှူးနင်တစ်ယောက် သူ ဘာလုပ်မိသွားသလဲဆိုတာကို နောက်ကျမှ သဘောပေါက်သွားတော့သည်။ သူ၏ နားရွက်များက ပန်းရောင်ရင့်ရင့် ပြောင်းသွားပြီး ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ကာ ထိုသူ့အပေါ်သို့ မှီချလိုက်ပြီး အပြစ်ကင်းဟန်ဆောင်ကာ “ဖူး….” ဟူ၍ ညင်သာစွာ အသံပြုလိုက်၏။

 

ယင်ဝူဝမ်က လှောင်ရယ်လိုက်ပြီး ယွီရှူးနင် မော့ကြည့်လာစေရန် မေးစေ့ကို ဆွဲညှစ်လိုက်သည်။ တင်းမာသည့် အပြုံးတစ်ခုက သူ၏ နှုတ်ခမ်းထောင့်တွင် တွဲခိုနေပြီး…

 

 “ငါ့ပါးစပ်ထဲကနေ ပစ္စည်းတစ်ခုကို လုယူသွားတာ ဒါ ပထမဆုံးအကြိမ်ပဲ….” ဟု လှောင်ပြောင်လိုက်၏။

 

အမျိုးသား၏ အကြည့်များနှင့် ဆုံမိသောအခါ ယွီရှူးနင်က တိတ်ဆိတ်စွာပင် အကြည့်လွှဲလိုက်ပြီး…

 “ခင်ဗျား ဘာပြောနေလဲ ကျွန်တော် လုံးဝ နားမလည်ဘူး….” ဟူသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။

 

ယင်ဝူဝမ်က သူ၏ တုံ့ပြန်မှုကို သဘောကျသွား၏။ သူက ရေသူလေး၏ ပါးကို ဆွဲညှစ်လိုက်ပြီး ပါးစပ်ကို အတင်း ဟခိုင်းလိုက်ကာ သူ၏ ရှည်လျားသည့် လက်ချောင်းများကို ယွီရှူးနင်၏ နူးညံ့သည့် ပါးစပ်ထဲသို့ ထိုးသွင်းလိုက်ပြီး လျှာလေးကို အပြောင်အပျက် ကစားနေတော့သည်။

 

“အ့….”

 

အစကတော့ သူ့သကြားလုံးကို ပြန်ယူမည်ဟု ယွီရှူးနင် ထင်ခဲ့သည်။ သူ၏ နှုတ်ခမ်းနှင့် လျှာများ ထိန်းချုပ်မခံရခင် ခဏတာမျှ တုံ့ဆိုင်းသွားခဲ့သည်။ သူ၏ လျှာလေးမှာ အားပျော့သွားသည်အထိ ကစားခံလိုက်ရပြီး ပါးစပ်တစ်ခုလုံးလည်း နာကျင်လာကာ အေးစက်သည့် တံတွေးများက ထိန်းမရသိမ်းမရ စီးကျလာလေ၏။

 

မျက်လုံးများ နီရဲလာသည့် ယွီရှူးနင်က အမျိုးသား၏ လက်ချောင်းများကို သူ၏ လျှာဖြင့် တွန်းဖယ်ရန် ကြိုးစားလိုက်သော်လည်း ပို၍သာ စိတ်ကြွလာစေပြီး သူ၏ တံတွေးများ ပိုမို စီးကျလာတော့သည်။

 

ယင်ဝူဝမ်က ပါးစပ်လေး ဟနေပြီး သူ၏ လက်ချောင်းများနှင့် ရစ်ပတ်နေစဉ်အတွင်း နူးညံ့သည့် လျှာလေး တုန်ယင်နေသည့် သနားစရာ ရေသူလေးကို ကြည့်နေလိုက်၏။ လှပသည့် မျက်လုံးများထဲတွင် မြူခိုးများ လျင်မြန်စွာ ဝဲတက်လာပြီး သေးငယ်သည့် လက်လေးများက သူ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသော်လည်း သူ့ကို လုံးဝ မရွှေ့နိုင်ချေ။ ယင်ဝူဝမ်၏ မျက်လုံးများထဲတွင် နားလည်ရခက်သည့် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။

 

ကျိုးပဲ့လွယ်ပြီး လှပသည့် အရာများသည် များသောအားဖြင့် ကောက်ကျစ်သည့် တပ်မက်မှုများနှင့် ပိုင်ဆိုင်လိုစိတ်များကို ဆွဲဆောင်တတ်ကြ၏။

 

နောက်ဆုံး၌ လွတ်မြောက်သွားသောအခါ ယွီရှူးနင်မှာ အလွန်တရာ ဒေါသထွက်နေပြီး သွားများပင် ယားယံလာသည်။ထို့နောက် ကောက်ကျစ်သည့် အတွေးတစ်ခုက သူ၏ ခေါင်းထဲသို့ ဝင်လာသဖြင့် အမျိုးသား၏ လက်ကို ဆွဲယူကာ အားကုန် ကိုက်ချလိုက်တော့၏။

 

စက္ကန့်အနည်းငယ် ကြာပြီးနောက် ခံစားချက် ကင်းမဲ့နေခဲ့သည့် ရေသူလေးက မျက်ရည်များ ပေါက်ကျလာတော့သည်။ သူ၏ မျက်နှာပေါ်မှ မျက်ရည်ပေါက်ကြီးများ စီးကျလာပြီးနောက် ပုလဲများအဖြစ် ပြောင်းလဲသွားကာ အမျိုးသား၏ ရင်ခွင်ထဲသို့ ကျဆင်းသွား၏။

 

ခေါင်းကို မှီထားသည့် ယင်ဝူဝမ်က ရယ်မောလိုက်သည်။ သူ၏ လက်များက ချောမွေ့နေပြီး သွားရာတစ်ချက်မျှပင် မရှိဘဲ အရာမထင်ချေ။ သို့သော် ရေသူလေးကမူ သူ၏ မျက်နှာကို ဖုံးအုပ်ထားပြီး သွားကျိုးသွားပြီဟုပင် ထင်မှတ်နေတော့၏။

 

ရေသူလေး အလွန်တရာ ဝမ်းနည်းစွာ ငိုကြွေးနေသည်ကို မြင်ရသော်လည်း အမျိုးသားကမူ တရားခံဖြစ်နေမှုအပေါ် နောင်တရသည့်ဟန် မရှိချေ။ ထိုအစား သူက လုံးဝန်းပြီး ဖြူဖွေးနေသည့် ပုလဲလုံးလေးများကို တစ်လုံးချင်းစီ အေးအေးလူလူ လိုက်ကောက်နေပြီး သေတ္တာတစ်လုံးထဲသို့ ထည့်ကာ မျက်နှာပေါ်တွင် ကြင်နာသည့် အပြုံးတစ်ခု ပေါ်နေသည်။

 

“မင်း ငါ့အစားအစာတွေကို စားလိုက်တဲ့အတွက် ဒါတွေကို မင်းရဲ့ စားစရိတ်လို့ပဲ သဘောထားလိုက်မယ်….”

 

ရေသူလေးကို နောက်တစ်ကြိမ် ထပ်ပြီး ဒေါသထွက်စေခဲ့သည့် ဗီလိန်ကြီးမှာ ဒေါသတကြီး “ဖူး….” ဟူသည့် အသံတစ်ခုနှင့် သားပေါက်လေးတစ်ကောင်၏ ကုတ်ခြစ်မှု အနည်းငယ်ကို ရလိုက်လေ၏။

 

ယွီရှူးနင်က သူ၏ ရင်ခွင်ထဲတွင် ဆက်နေရန် ငြင်းဆန်လိုက်သည်။ သူ၏ အထိအတွေ့ငတ်မွတ်မှုမှာ အတော်လေး သက်သာသွားပြီဖြစ်ပြီး ဗီလိန်ကြီးနှင့်သာ ဆက်နေပါက သူ့ကို လက်သီးဖြင့် ထိုးချင်စိတ် ပေါက်လာနိုင်၏။

 

သတိလွတ်သွားသည့် အချိန်လေးကို အခွင့်ကောင်းယူပြီး ရေသူလေးက အမျိုးသား၏ ရင်ခွင်ထဲမှ ခုန်ထွက်လိုက်ကာ ရေချိုးခန်းထဲသို့ ရောက်ရန် စိတ်စွမ်းအားကို သုံး၍ teleport ဖြင့် သွားပြီး ရေချိုးကန်ထဲတွင် ဝင်ထိုင်နေလိုက်သည်။

 

ထိုအခါမှ သူက ဒီအဆင့်မြင့်နည်းပညာသုံး ရေချိုးခန်းကို ဘယ်လိုသုံးရမလဲ ဆိုသည်ကို မသိကြောင်း သတိထားမိသွားတော့၏။

 

ဒီသောက်ကျိုးနည်း ကြယ်တာရာခေတ်ကြီး! ဒါက ဘယ်လို တီထွင်မှုကြီးလဲ!

 

အချိန်အတော်ကြာအောင် ကလိနေပြီးနောက် ရေမထွက်လာသဖြင့် ယွီရှူးနင်က ရေချိုးကန်အစွန်းကို ဝမ်းနည်းစွာဖြင့် မှီနေလိုက်သည်။

 

သူ ဒီစောက်ရူးကြီးဆီမှာ သနားခံရတော့မှာလား….

 

ထိုအချိန်တွင် ယင်ဝူဝမ်က အေးအေးလူလူ ဝင်လာပြီး ရေချိုးကန်အစွန်းတွင် ထိုင်ကာ ရေသူလေး၏ ခေါင်းကို ထိုးလိုက်၏။

 

“တရားထိုင်နေတာလား….”

 

ယွီရှူးနင်က သူ့လက်ကို စိတ်ရှုပ်စွာဖြင့် ရှောင်လိုက်ပြီး အသက်မပါသည့် ငါးမျက်လုံးများဖြင့် အရှေ့ကို ကြောင်တောင်တောင် ကြည့်နေလိုက်သည်။

 

*ခင်ဗျားကို စကားပြောမယ် ထင်နေလား….*

 

“ရေချိုးခန်းက အသံနဲ့ ထိန်းချုပ်တာ….”

ယင်ဝူဝမ်က ပြောရင်း ရေချိုးကန်ထဲသို့ ရေဖြည့်လိုက်၏။

“အပူချိန် အဆင်ပြေလား….”

 

ယွီရှူးနင်က ပျင်းရိပျင်းတွဲ ညည်းတွားလိုက်ပြီး ရေထဲတွင် အခေါက်ရေ အနည်းငယ် ကူးခတ်လိုက်ချိန်၌ ရေဓာတ်ခန်းခြောက်နေသည့် ခံစားချက်များ သက်သာသွားလေသည်။

 

လက်တစ်ဖက်က သူ့ကို ရေထဲမှ ဆွဲထုတ်လိုက်ပြီး ရေသူလေး၏ စိုစွတ်နေသည့် ဆံပင်များကို သုတ်ပေးလိုက်၏။ ယင်ဝူဝမ်က ဆောင့်ကြောင့်ထိုင်လိုက်ပြီး မေးစေ့ကို လက်ဖြင့် ထောက်ထားကာ …

 

“ရေသူလေး… စကားမပြောနိုင်တာက အဆင်မပြေဘူး မဟုတ်လား…. မနက်ဖြန်ကျရင် ငါနဲ့ အတူတူ လာသင်လေ….”

 

ယွီရှူးနင်က မေးခွန်းထုတ်သည့် အကြည့်ဖြင့် ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။

 

ဘာလို့လဲ? တခြားကမ္ဘာ ရောက်နေတာတောင် သူက စာသင်ရဦးမှာလား?

 

[ဒီဗီလိန်ကြီးက ရူးနေတာလား! သူက ကြင်နာတတ်ပြီး ဖြောင့်မတ်ကာ ကိုယ်ကျိုးမဖက်တဲ့ ဖက်ဒရယ်ဗိုလ်ချုပ်ကြီးဆို…. ငါ မြင်နေရတာတွေနဲ့ ဘာလို့ လုံးဝ ကွာခြားနေရတာလဲ…. စနစ်… မင်း ငါ့ကို ပေးတဲ့ အချက်အလက်တွေက မှားနေတာလား?!]

 

System 520 က ခဏတာ တိတ်ဆိတ်သွား၏။ [Host… ကျွန်တော် အခြေအနေကို စစ်ဆေးနေပါတယ်….]

 

[မင်း ငါ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် လျော်ကြေးပေးရမယ်….]

 

စနစ်က သူ့ကို လျစ်လျူရှုထားသော်လည်း ယွီရှူးနင်က မစိုးရိမ်ပေ။ အကယ်၍ မလျော်ပေးပါက ရသည်အထိ နေ့တိုင်း ပြဿနာရှာမည် ဖြစ်သည်။

 

“ဒါဆို သဘောတူတယ်ပေါ့….”

 

ယင်ဝူဝမ်က သူ၏ ဆုပ်ကိုင်ထားမှုကို လွှတ်လိုက်ချိန်တွင် ရေသူလေးမှာ ဟန်ချက်ပျက်သွားပြီး ရေထဲသို့ ‘ဗွမ်း’ ခနဲ ပြုတ်ကျသွားကာ ဟန်ချက်ပြန်မထိန်းနိုင်ခင် အမြီးလေးက အခါအနည်းငယ် ယိမ်းယိုင်သွားလေ၏။

 

ယွီရှူးနင်က ယင်ဝူဝမ်၏ မှုန်ကုပ်နေသည့် မျက်နှာပေါ်သို့ ရေများ စင်သွားစေရန် ရည်ရွယ်၍ လက်များဖြင့် ရေကို ပုတ်ချလိုက်ချိန်၌ ရေပက်သံ အနည်းငယ် ထွက်ပေါ်လာသည်။

 

ရေသူတွေက ရေသီးတာမျိုး မရှိဘူးဆိုပေမယ့်လည်း! ရေသူလေးတစ်ကောင်ကို ဘယ်လိုများ ဒီလောက် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံနိုင်ရတာလဲ?!

 

ယင်ဝူဝမ်က ရေပက်ခံရခြင်းအတွက် ဒေါသမထွက်ပေ။ သူက အနက်ရောင် စတုဂံပုံသဏ္ဍာန် သေတ္တာငယ်လေး တစ်လုံးကို ယူလိုက်ပြီး ရေသူလေး၏ မျက်နှာချင်းဆိုင် နံရံပေါ်သို့ ပုံရိပ်ကို ပရိုဂျက်တာဖြင့် ထိုးပြလိုက်၏။ ပုံရိပ်မှာ လက်တွေ့ကျပြီး ရှင်းလင်းပြတ်သားကာ ယွီရှူးနင်က ဤအံ့မခန်း နည်းပညာကြောင့် လျင်မြန်စွာပင် ဆွဲဆောင်ခံလိုက်ရသည်။ သူက ရေကူးသွားပြီး ရေချိုးကန် အစွန်းမှနေ၍ လေ့လာကြည့်ရှုနေလိုက်၏။

 

“ပညာပေး ဗီဒီယိုလေး အရင် ကြည့်ကြရအောင်….”

 

ယင်ဝူဝမ်က ပြောရင်း စက်ကို ကလေးချန်နယ်သို့ ပြောင်းလိုက်သည်။ ယွီရှူးနင် အလွန်နီးကပ်စွာ ကြည့်နေသည်ကို မြင်သောအခါ ရေသူလေး၏ နဖူးကို ထိုးလိုက်ပြီး နောက်သို့ တွန်းပို့လိုက်၏။

 

“သိပ်အနီးကပ်ကြီး မကြည့်နဲ့… မျက်စိစွေသွားလိမ့်မယ်….”

 

ယွီရှူးနင်က အထိုးခံရသဖြင့် အနီရောင် အမှတ်လေး ထင်နေသည့် သူ၏ နဖူးကို အုပ်လိုက်ပြီး အမျိုးသား၏ လက်ကို သူ၏ အမြီးဖြင့် ရိုက်ချလိုက်သည်။

 

စိတ်ရှုပ်စရာ ကောင်းလိုက်တာ! လှပတဲ့ ရေသူလေးကို သူက ဘယ်လိုများ အဲဒီလို ပြောထွက်ရတာလဲ…. သူ မျက်စိမစွေပါဘူးနော်….

 

မျက်လုံးကြီးတွေ ပြူးကာ အမျိုးသား ထွက်သွားကြောင်း သေချာအောင် စောင့်ကြည့်ပြီးနောက် ယွီရှူးနင်က နောက်ဆုံးတွင် ရေထဲ၌ သက်တောင့်သက်သာ နေရာယူလိုက်ပြီး ဖန်သားပြင်ပေါ်တွင် ပြသနေသည့် ပညာပေး ဗီဒီယိုကို ကြည့်ရင်း စကားလုံး အနည်းငယ်ကို ရေရွတ်နေလိုက်သည်။ သို့သော် အချိန်တိုအတွင်းမှာပင် သူက ထိုအထဲ၌ နစ်မျောသွားတော့၏။

 

ယင်ဝူဝမ်က အပြင်ဘက်သို့ ထွက်သွားပြီး စာအုပ်တစ်အုပ်ကို ကိုင်ကာ ကုတင်ပေါ်တွင် ထိုင်နေလိုက်သည်။ အကယ်၍ တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်နေမည်ဆိုပါက သူ၏စိတ်က တခြားတစ်နေရာသို့ လုံးဝ ရောက်နေကြောင်းကို သတိပြုမိလိမ့်မည် ဖြစ်သည်။

 

ဘယ်ကနေ ဘယ်လို ရောက်လာမှန်းမသိ သူ့ကို လာကပ်တွယ်နေသည့် ရေသူလေးက သူ့ကို မြင်သည်နှင့် စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်တော့ဘဲ သူတို့၏ အလွန်အကျွံ နီးကပ်မှုအပေါ်တွင်လည်း စိတ်အနှောင့်အယှက်ဖြစ်သည့် အရိပ်အယောင်မ မပြဘဲ သူ့ကြောင့် အလွယ်တကူ ပျော်ရွှင်သွားတတ်သည်…

 

ယင်ဝူဝမ်က အနည်းငယ် ဇဝေဇဝါဖြစ်စွာဖြင့် သူ၏ နှုတ်ခမ်းများကို ထိကြည့်လိုက်၏။ ရေသူလေးက သူ့အပေါ်သို့ ဖိကပ်လိုက်ချိန်တွင် ပြီးပြည့်စုံသည့် ပြည့်ဝမှု ခံစားချက်တစ်ခုက သူ၏ အတွင်းပိုင်း၌ ပြည့်လျှံလာခဲ့သည်။ သူ၏ ပြီးပြည့်စုံသော အဖော်ကို နောက်ဆုံးတွင် ရှာတွေ့သွားသကဲ့သို့ သက်သာရာရသွားသည့် သက်ပြင်းတစ်ချက်ကို ချလိုက်မိသည်။

 

မူလကတော့ ယခင်ဘဝ၌ မည်သည့် သက်ရှိလက္ခဏာမျှ မပြခဲ့သော ရေသူဥလေးမှ ဤမျှလှပသည့် ရေသူလေးတစ်ကောင် မွေးဖွားလာသည်ကို မြင်တွေ့ရသောကြောင့်သာ သူက စိတ်ဝင်စားခဲ့ခြင်း ဖြစ်၏။ ၎င်းသည် သူ၏ ဘဝတွင် ပထမဆုံး မြင်ဖူးသည့် ထူးခြားသော အရာတစ်ခု ဖြစ်သောကြောင့် သူ အနည်းငယ် စိတ်ဝင်စားသွားခဲ့သည်။ ရေသူလေးနှင့် အပြန်အလှန် ဆက်သွယ်မှုက ဤမျှ ထူးဆန်းသည့် ခံစားချက်များနှင့် စိတ်အလိုလိုက်မှုများကို ဖြစ်ပေါ်စေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

 

ယင်ဝူဝမ်က ရေချိုးခန်းဆီသို့ လှမ်းကြည့်လိုက်ပြီး ရေသူလေး ပျော်ရွှင်စွာ ရေပက်ကစားနေသည့် အသံကို နားထောင်ရင်း သူ၏ မျက်လုံးများထဲတွင် အပြုံးတစ်ခု ဖြတ်ပြေးသွား၏။

 

အမျိုးသားက သူ၏ လက်ချောင်းများဖြင့် စားပွဲကို ခေါက်ရင်း ပေါ့ပေါ့ပါးပါး တွေးနေလိုက်သည်။

 

ထားလိုက်ပါတော့… ဘာပဲဖြစ်ဖြစ် ဒီလို ပျင်းစရာကောင်းတဲ့ ကမ္ဘာကြီးမှာ ဒီလောက် စိတ်ဝင်စားစရာကောင်းတဲ့ သတ္တဝါလေးကို တွေ့ရခဲတယ် မဟုတ်လား…. လောလောဆယ်တော့ သူ့ကို မွေးထားလိုက်မယ်… ကျန်တာကို နောက်မှပဲ ရှင်းတော့မယ်….

 

Chapter 2 ended

 

ရူးသွပ်နေသော ဗီလိန်များကို ကယ်တင်ရင်း အမြဲတမ်း အဖာ့ခ်ခံနေရသော ကျွန်တော်

ရူးသွပ်နေသော ဗီလိန်များကို ကယ်တင်ရင်း အမြဲတမ်း အဖာ့ခ်ခံနေရသော ကျွန်တော်

Status: Ongoing Type: Author:
Title - ရူးသွပ်နေသော ဗီလိန်များကို ကယ်တင်ရင်း အမြဲတမ်း အဖာ့ခ်ခံနေရသော ကျွန်တော်   Description     ကူးပြောင်းသွားသည့် ကမ္ဘာကြီးမှာ ပြိုကျပျက်စီးသွားပြီး ပင်မနတ်ဘုရားမှာလည်း ပျောက်ဆုံးသွားလေ၏။ ကမ္ဘာတစ်ခုချင်းစီမှ ရွေးချယ်ခံရသူများမှာ ဖောက်ပြန်ပျက်စီးသွားကြပြီး ရူးသွပ်နေသော ဗီလိန်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။   ယွီရှူးနင်သည် system 520 ၏ ရွေးချယ်ခြင်းကို ခံလိုက်ရပြီး ပင်မနတ်ဘုရား ပြန်လည်နိုးထလာစေရန်အတွက် ကမ္ဘာတစ်ခုချင်းစီသို့ သွားရောက်ကာ ထိုရွေးချယ်ခံရသူများကို ကယ်တင်ပေးပြီး ကမ္ဘာကြီး၏ စွမ်းအင်များကို ပြန်လည်ဖြည့်တင်းပေးရမည်ဖြစ်သည်။   system 520 - [မင်းမှာ ကမ္ဘာတိုင်းအတွက် အလန်းစား cheat စွမ်းရည်တစ်ခုစီ ရှိလိမ့်မယ်]   ယွီရှူးနင် (ပျော်ရွှင်စွာဖြင့်) - "တကယ်လား"   System 520 - [အဲဒီလိုပဲ ဆန့်ကျင်ဘက်အနေနဲ့ မင်းမှာ ကမ္ဘာတိုင်းအတွက် ချို့ယွင်းချက် တစ်ခုစီလည်း ရှိနေလိမ့်မယ်]   ယွီရှူးနင် (ကြောင်တောင်တောင်ဖြင့်) - "ဟင်..."   ဖြစ်နိုင်ချေရှိသော ချို့ယွင်းချက်များ - အသံပျောက်ခြင်း၊ အထိအတွေ့ငတ်မွတ်ခြင်း ၊ ခြေနှစ်ဖက်စလုံး သွက်ချာပါဒလိုက်ခြင်း၊ မျက်မမြင်ဖြစ်ခြင်း၊ နာကျင်မှုကို အာရုံခံလွယ်ခြင်း၊ သွေးဆာခြင်း...   *****   ယွီရှုးနင်သည် ရွေးချယ်ခံရသူ၏ ရှေ့တွင် ရပ်နေရင်း အကြောက်လွန်ကာ တုန်ယင်နေလေ၏။   "စနစ်... သူ့ကို ကြည့်ရတာ သိပ်ကြောက်စရာကောင်းတာပဲ... ငါ သူ့ကို တကယ် ကယ်တင်နိုင်ပါ့မလား"   System 520 - [ရပါတယ်၊ သူ့ကို ပြုံးပြကြည့်လိုက်]   ယွီရှူးနင်က စကားနားထောင်စွာဖြင့် အလွန်ချိုသာပြီး ချစ်ဖို့ကောင်းသော အပြုံးလေးတစ်ခုကို ပြုံးပြလိုက်သည်။ ထိုအခါ ရွေးချယ်ခံရသူ၏ အငွေ့အသက်များ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည့်အပြင် ထိုသူ၏ မျက်လုံးများကလည်း သူ့ကို အရှင်လတ်လတ် ဝါးစားပစ်ချင်နေသည့်အလား ဖြစ်နေသည်ကိုလည်း မြင်လိုက်ရ၏။   .....QAQ   ယွီရှူးနင်လေးမှာ ဝမ်းနည်းပက်လက် ငိုချလိုက်လေတော့၏။   "သူ... သူက ပိုတောင် ကြောက်စရာကောင်းလာသေးတယ်..."   System 520 က သူ့ကို နှစ်သိမ့်ပေးလာသည်။   [ကိစ္စမရှိဘူး၊ မင်း အောင်မြင်သွားပြီ]   *   ကမ္ဘာအသီးသီးမှ ရွေးချယ်ခံရသူများ၏ လှိမ့်ပိမ့်ဖာ့ခ်ခြင်းကို ခံလိုက်ရသော ယွီရှူးနင်လေးမှာ မျက်ရည်များ ဝဲတက်လာခဲ့သည်။   "ဝူး ဝူး... စနစ် မင်း... မင်းက ကယ်တင်ရမယ့်နည်းလမ်းက ဒါမျိုးကြီးဆိုတာ ငါ့ကို မပြောခဲ့ဘူးလေ..."   သူ၏မျက်ရည်ပေါက်ကြီးများမှာ ကြီးမားလှပြီး ကြည်လင်နေလေ၏။   "ကမ္ဘာတစ်ခုမှာ ရွေးချယ်ခံရတဲ့သူက တစ်ယောက်မကဘူးဆိုတာကိုလည်း မင်း ငါ့ကို မပြောခဲ့ဘူး... ဝူး ဝူး ဝူး..."   System 520 မှာ အပြစ်ရှိသလို ခံစားလိုက်ရသည်။   [မငိုနဲ့တော့၊ ငါ မင်းကို သကြားလုံး ကျွေးမယ်]   ယွီရှူးနင်သည် ရှိုက်ငိုနေရင်း သကြားလုံးကို စားလိုက်သည်။   "စောက်ကျင့်ယုတ်တဲ့ စနစ်... မင်း ငါ့ကို နောက်ထပ် တစ်ခုခု ဖုံးကွယ်ထားဦးမယ်ဆိုရင် မင်းကို ဘယ်တော့မှ စကားမပြောတော့ဘူး"   System 520 - [ဒါအကုန်ပဲ]   မဟုတ်သေးဘူး၊ နောက်ထပ်တစ်ခု ကျန်သေးသည်ဟု system 520က စိတ်ထဲမှ တွေးလိုက်၏။ သူ၏ host လေးက သိပ်ကို ချစ်ဖို့ကောင်းနေတာပဲ။   *****   ★ world 1 - ကြယ်တာရာခေတ် / နောက်ဆုံးကျန်ရစ်သော ရေသူထီးလေး (1v1)   ★ world 2 - မှုခင်းစုံစမ်းရေး / ဆင်ခြေဖုံးက တိုက်အိုကြီးထဲတွင် နေထိုင်သည့် မျက်မမြင် ကောင်လေးတစ်ယောက် (1v2)   ★ world 3 - သားရဲလူသားကမ္ဘာ / နာကျင်မှုကို အာရုံခံလွယ်တာလား၊ သူက နဂိုကတည်းက နာမှာကိုကြောက်တတ်ပါတယ်ဆိုနေမှ (1v3)   ★ world 4 - ရှေးခေတ် / ဒီလူက ဘယ်သူလဲ၊ သူ့သွေးနံ့လေးက သိပ်မွှေးတာပဲ (╹﹃╹ ) (1v1)   ★ world 5 - စင်တီနယ် - Guide / အသံပျောက်သွားလို့ အကူအညီတောင် မတောင်းနိုင်တော့ဘူး (1v2) (ဒီကမ္ဘာက guideverse လိုမျိုးပါပဲ။manhwa ဖတ်တဲ့လူတွေဆို သိလိမ့်မယ်)   ★ world 6 - အဆုံးမဲ့ဂိမ်း / သူ့ရဲ့ညာဘက်နားလေးတော့ လုံးဝကို ဆွံ့အသွားပြီ... (1v2)   ★ world 7 - ဖုန်းယွမ်တိုက်ကြီး / လွန်ခဲ့သော နှစ်တစ်ထောင်ဆီသို့ ပြန်သွားခြင်း   ★ world 8 - extra / ခေတ်သစ်ကမ္ဘာ     ————————   ★ မရေမတွက်နိုင်သော ကိုယ်ပွားများဖြင့် ခွဲထွက်နေသည့် ကုန်း။   ကမ္ဘာတစ်ခုစီတိုင်းမှာ ကုန်းအရေအတွက်က ကွာခြားပါတယ်။ တစ်ယောက်စီတိုင်းက ရူးသွပ်ပြီး စိတ်ထားကောက်ကျစ်နေတဲ့ စောက်ရူးနှာဗူးကောင်တွေချည်းပဲ။   ရှို့ကတော့ သကြားလုံးတစ်လုံးတည်းနဲ့ အလွယ်တကူ သိမ်းသွင်းလို့ရတဲ့ အပြစ်ကင်းစင်တဲ့ အသည်းယားစရာ ကောင်လေးပါ။ နောက်ပြီး ဒွိလိင်ပါ။   ————————   ★ 1v1, high H, Smut, R18   ————————   MC လေးက သိပ်ကို ချစ်ဖို့ကောင်းပြီး အရူးလုပ်ရ သိပ်လွယ်တာ။ တကယ်လို့ ဉာဏ်ကောင်းတဲ့ MC မျိုး ဒါမှမဟုတ် ကြာပန်းနက်မျိုးကို ဖတ်ချင်တယ်ဆိုရင်တော့ ဒီဇာတ်လမ်းနဲ့ အဆင်မပြေပါ။ --- WARNING ❗❗❗ SMUT / NSFW ပါ။ 21+ Novel ပါ။ စကားလုံးများ ညစ်ညမ်းရိုင်းစိုင်းပါတယ်။ uke က ဒွိလိင်ပါ။ ကလေးငယ်များဖတ်ရန် လုံးဝ မသင့်တော်ပါ။    

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset