⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 3+4

Chapter 3

World 1- Chapter 3

ရေသူလေးက ဗီလိန်ကြီး၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ စိတ်စွမ်းအားဖြင့် သက်သာရာ ရစေခြင်း

 

*****

 

ထိုညက ယွီရှူးနင်သည် ပညာပေး ဗီဒီယို ကြည့်ရင်း ရေချိုးကန်ထဲ၌ပင် အိပ်ပျော်သွားခဲ့၏။ သူ ပြန်နိုးလာချိန်တွင် ခန္ဓာကိုယ်ထဲမှ ထိုးကိုက်နာကျင်နေပြီး အရေပြားအောက်တွင်လည်း မခံမရပ်နိုင်အောင် ယားယံနေသည်။

 

“အ့… ဒီအထိအတွေ့ငတ်မွတ်တဲ့ ရောဂါက ရပ်ကို မရပ်တော့ဘူးလား….”

 

ယွီရှူးနင်က ပြန်ဖြေမည်ဟု မမျှော်လင့်ထားသော်လည်း စနစ်ကို ညည်းတွားပြောဆိုလိုက်၏။

 

“ဟင်… ငါ့လက်တွေ ကြီးလာသလိုပဲ….”

 

ဒါက ထင်ယောင်ထင်မှား ဖြစ်နေခြင်း မဟုတ်ပေ။ ယွီရှူးနင်က လက်ချောင်းများကို ဖြန့်ကားပြီး မျက်စိရှေ့သို့ မြှောက်ကြည့်လိုက်သည်။ သူ၏ နူးညံ့သည့် ရေသူလက်လေးများက ပို၍ ရှည်လျားပြီး သွယ်လျလာ၏။ သူက စွမ်းအားတစ်ခုကို ခံစားလိုက်ရပြီး ပုံစံပြောင်းကြည့်ရန် ကြိုးစားလိုက်ရာ သူ၏လက်များက လူသားတစ်ယောက်ထက် အဆပေါင်းများစွာ သန်မာသည့် အရေပြားဆက် လက်သည်းခွံများ အဖြစ်သို့ ပြောင်းလဲသွားသည်။

 

“ငါ ကြီးလာပြီပဲ!”

 

ယွီရှူးနင်၏ အမြီးလေးက ရေထဲတွင် ပျော်ရွှင်စွာ ရိုက်ခတ်သွား၏။ နာရီအနည်းငယ် အိပ်ပျော်သွားသည့် အချိန်လေးအတွင်းမှာပင် သူ၏ခန္ဓာကိုယ်က ကလေးငယ်အရွယ်မှ လူငယ်လေးအရွယ်အထိ ကြီးထွားလာခဲ့သည်။

 

“အင်း… လက်သည်းခွံတွေကလည်း စူးထက်မယ့်ပုံပဲ…. အနည်းဆုံးတော့ ယင်ဝူဝမ်ကို နောက်တစ်ခါ ထပ်ကုတ်ရင် ကိုယ့်ကိုယ်ကိုယ် ပြန်မနာတော့ဘူးပေါ့….”

 

System 520 က ခံစားချက်ကင်းမဲ့စွာဖြင့် ဆိုလာ၏။ [ရေသူဥလေးက အသက်ရှင်နေတာ နှစ်တစ်ရာကျော်နေပြီလေ…. မွေးလာကတည်းက လူကြီးအရွယ်ပဲ၊ အရွယ်အစားလေးပဲ သေးနေတာ…. ပြီးတော့ ကြီးထွားနှုန်းကလည်း အရမ်းမြန်တယ်….]

 

ယွီရှူးနင်က အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။

“ဝိုး! ဒါဆို ငါက အသက် တစ်ရာကျော်နေပြီပေါ့!”

 

သိပ်မိုက်တာပဲ!

 

သူ၏တကယ့်အသက်က ဒီခန္ဓာကိုယ်အသက်ရဲ့ အစိတ်အပိုင်းလေးတစ်ခုပဲ ရှိသေးသည်။ ထိုအကြောင်းကို တွေးမိတော့ အရိုးများထဲမှ ကြီးထွားလာမှုကြောင့် နာကျင်နေသည်ကိုပင် သူ မေ့သွားတော့၏။

 

မည်သို့ပင်ဆိုစေကာမူ နာကျင်မှုကို သည်းခံနိုင်သော်လည်း သူ၏ အသားထဲမှ ထွက်ပေါ်နေသည့် ဂနာမငြိမ်ဖြစ်မှု၊ ပူလောင်မှုနှင့် မသက်မသာ ဖြစ်မှုတို့ကိုမူ သည်းခံရန် အလွန်ခက်ခဲလှသည်။

 

နေ့ခင်းဘက်က ဗီလိန်ကြီးနှင့် ပွေ့ဖက်ချွဲနွဲ့ခဲ့ရသည်မှာ ရေငတ်ပြေရန် အဆိပ်သောက်လိုက်ရသကဲ့သို့ပင် ဖြစ်ပြီး နောက်ထပ် ပို၍ လိုလားတောင့်တလာစေရန် လောင်စာဖြည့်ပေးလိုက်သလိုသာ ဖြစ်သွား၏။

 

ယွီရှူးနင်က ရေချိုးကန်ထဲမှ ရုန်းထွက်လိုက်ပြီး အမြီးပေါ်မှ ရေများကို ခါချကာ ရေချိုးခန်းထဲမှ တိတ်တဆိတ် ထွက်လာခဲ့သည်။

 

ယင်ဝူဝမ် အိပ်ပျော်နေလောက်ပြီ မဟုတ်လား….

 

အလွန်ကောင်းမွန်သည့် ညဘက်အမြင်အာရုံဖြင့် ယွီရှူးနင်က ကုတင်ပေါ်တွင် မလှုပ်မယှက် အိပ်နေသော အမျိုးသားကို အကဲခတ်ကြည့်လိုက်၏။ အတန်ကြာ စောင့်ကြည့်ပြီးနောက် မည်သည့် လှုပ်ရှားမှုမျှ မတွေ့ရသောအခါမှ စိတ်ချသွားပြီး အနားသို့ သွားလိုက်သည်။

 

ယင်ဝူဝမ်က ဘေးတစောင်း အိပ်နေပြီး သူ၏ ချောမောသည့် မျက်နှာက အမှောင်ထဲတွင် ဖုံးကွယ်နေ၏။ မျက်လုံးများကို မှိတ်ထားပြီး အေးချမ်းစွာ အိပ်မောကျနေပုံရသည်။ ယွီရှူးနင်က သူ၏ဘေးတွင် ဝင်ခွေလိုက်ပြီး ရင်ခွင်ထဲသို့ သတိထားကာ တိုးဝင်လိုက်၏။ ထို့အပြင် သူ၏ အေးစက်စက် ပါးပြင်ကိုပင် ထိုသူ၏လည်ပင်း၌ ပွတ်သပ်လိုက်သေးသည်။

 

အသားချင်း ထိတွေ့ရသည့် ခံစားချက်က သိပ်ကို ကောင်းမွန်လွန်းလှ၏။ သဲကန္တာရထဲတွင် ရေငတ်နေသူတစ်ယောက်က အသက်ကယ်ရေကို တွေ့လိုက်ရသကဲ့သို့ သူ၏ အရေပြားပေါ်တွင် သိမ်မွေ့သည့် လျှပ်စီးကြောင်းတစ်ခု စီးဆင်းသွားသလို ခံစားလိုက်ရသည်။ သက်တောင့်သက်သာ ဖြစ်သွားသော ရေသူလေးက အမျိုးသား၏ ရင်ခွင်ထဲသို့ ပို၍ပင် နက်နက်ရှိုင်းရှိုင်း တိုးဝင်သွားတော့သည်။

 

ရုတ်တရက် မျက်လုံးများ မှိတ်ထားသည့် အမျိုးသားက လှုပ်ရှားမှု ပြောင်းလဲသွားပြီး ရေသူလေးကို သူ၏ ရင်ခွင်ထဲသို့ အပြည့်အဝ ပွေ့ဖက်လိုက်၏။ အေးစက်ပြီး နူးညံ့သည့် ရေသူလေးက နေ့ခင်းက သူ ဖက်ထားခဲ့ချိန်ထက် ပိုကြီးလာသလို ထင်ရသော်လည်း အရပ်ရှည်ရှည် အမျိုးသား၏ ရင်ခွင်ထဲတွင်မူ ဆိုဒ်တစ်ခုလောက် သေးငယ်နေဆဲဖြစ်ကာ ရင်ခွင်ထဲ တိုးဝင်လိုက်ချိန်တွင် လုံးဝ ဖုံးကွယ်သွားတော့သည်။

 

“ဟင်….”

 

ယွီရှူးနင်က သူ၏ ရုတ်တရက် ပွေ့ဖက်မှုကြောင့် လန့်သွား၏။ သူက မော့ကြည့်လိုက်သော်လည်း ထူးခြားမှု တစ်စုံတစ်ရာကို မတွေ့ရသဖြင့် မျက်လုံးများကို ပြန်မှိတ်ကာ အမျိုးသား၏ ရင်ဘတ်ပေါ်တွင် ခေါင်းမှီထားလိုက်သည်။

 

သို့သော် တိတ်ဆိတ်နေသည့် ညအချိန်တွင် ယွီရှူးနင်က ကြောက်ခမန်းလိလိ ကျယ်လောင်လှသည့် အရိုးကျိုးသံတစ်ခုနှင့် တစ်စုံတစ်ခု လှုပ်ရှားနေသည့် အသံကို ကြားလိုက်ရသဖြင့် အိပ်မပျော်နိုင်တော့ချေ။

 

ဒါ ဘာအသံလဲ….

 

 ယွီရှူးနင်က မျက်လုံးဖွင့်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ အရာအားလုံးက ငြိမ်းချမ်းနေသည်။ သူက မျက်လုံးများကို ပြန်မှိတ်ပြီး သေချာ နားထောင်ကြည့်လိုက်ရာ ထိုအသံက… အမျိုးသား၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေခြင်းဖြစ်ကြောင်း တွေ့လိုက်ရ၏။

 

ယွီရှူးနင် လန့်သွားပြီး ခေါင်းထဲတွင် ခန့်မှန်းချက်တစ်ခု ပေါ်လာတော့သည်။

 

သူ ဒီကမ္ဘာငယ်လေးကို စတင်ဝင်ချိန်တွင် စနစ်က ဇာတ်လမ်းအကျဉ်းချုပ်ကို ပေးခဲ့၏။ ရွေးချယ်ခံရသူသည် ပြိုင်ဘက်ကင်း SS အဆင့် စိတ်စွမ်းအား၊ ကြောက်မခန်းလိလိ သင်ယူနိုင်စွမ်းနှင့် အလွန်ကောင်းမွန်သည့် တိုက်ခိုက်ရေးစွမ်းရည်များကြောင့် ကြယ်တာရာ စစ်ပွဲများတွင် ကုသိုလ်ကောင်းမှု အမြောက်အမြား စုဆောင်းနိုင်ခဲ့ပြီး သာမန်အရပ်သားဘဝမှ အသက်အငယ်ဆုံး ဗိုလ်ချုပ်ကြီးအဖြစ်သို့ တက်လှမ်းနိုင်ခဲ့သည်။

 

ဒီကမ္ဘာတွင် လူသားများနှင့် Zergများ စစ်ဖြစ်နေကြ၏။ လူသားများက ခက်ခဲကြမ်းတမ်းစွာ တိုက်ပွဲဝင်ခဲ့ရပြီး အမြဲတမ်းလိုလို အသေအပျောက်များသည့် အောင်ပွဲကိုသာ ရရှိခဲ့ကြသည်။ သို့သော် Zergများကမူ သူတို့၏ အားကောင်းသည့် မျိုးပွားနှုန်းနှင့် စည်းလုံးညီညွတ်သည့် စိတ်ဓာတ်တို့ကြောင့် အမြဲတမ်း ပြန်လည် အင်အားကောင်းလာနိုင်ခဲ့၏။ ဖက်ဒရယ်အစိုးရ၏ ရှေ့ပြေးမှာ အင်ပါယာဖြစ်ပြီး ကျန်ရှိနေသည့် မှူးမတ်မျိုးနွယ်များက ရှေ့တန်းသို့ သွားရန် ဆန္ဒမရှိကြသဖြင့် သာမန်အရပ်သားများကို ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ရန် အခွင့်အရေး ရလာခဲ့ခြင်း ဖြစ်သည်။

 

ယင်ဝူဝမ်၏ မိဘများမှာ ရှေးဟောင်း ဂြိုဟ်ပြာကြီးအကြောင်းကို သုတေသနပြုလုပ်နေကြသည့် ပညာရှင်များ ဖြစ်ကြ၏။ သူ၏ နာမည်ကိုလည်း ဂြိုဟ်ပြာကြီးပေါ်ရှိ နိုင်ငံတစ်ခု၏ ရှေးဟောင်းစာပေမှ ယူထားခြင်းဖြစ်ပြီး ‘စိတ်နှလုံးတွင် တရားမျှတမှု ရှိပါက မကောင်းဆိုးဝါးများက နှောင့်ယှက်၍ မရနိုင်’ ဟု အဓိပ္ပာယ်ရသည်။ ယင်းက သူတို့ ကလေးအပေါ် ထားရှိသည့် မျှော်လင့်ချက်များကို ပြသနေ၏။

 

မူလက ဤကမ္ဘာ၏ ရွေးချယ်ခံရသူဖြစ်သည့်အလျောက် သူသည် စစ်မြေပြင်၌ မရေမတွက်နိုင်သော အခက်အခဲများနှင့် သေမလောက် အတွေ့အကြုံများကို ကျော်ဖြတ်ရမည် ဖြစ်၏။ ထိုသို့ ကျော်ဖြတ်ပြီးနောက် သူ၏ 3S အဆင့် စိတ်စွမ်းအားများ နိုးထလာရန် ကံကြမ္မာ ပါလာခဲ့သည်။ ထိုမှတစ်ဆင့် လူသားများကို ဦးဆောင်ကာ စစ်ပွဲတွင် အောင်ပွဲခံပြီး ဖက်ဒရယ်အစိုးရ၏ စည်းမျဉ်းစည်းကမ်းများကို ပြန်လည်ထိန်းသိမ်းပေးရမည် ဖြစ်၏။ ထို့အပြင် ဆင်းရဲမွဲတေနေသည့် ဂြိုဟ်များကို ဖျက်သိမ်း၍ စစ်မှန်သော တန်းတူညီမျှမှုကို ယူဆောင်လာပေးရန်လည်း ပါဝင်ပေသည်။

 

သို့သော် ကမ္ဘာငယ်လေး ပြိုကျပျက်စီးသွားပြီးနောက် ရွေးချယ်ခံရသူမှာ သူ၏ စွမ်းအားများကို မနိုးထနိုင်ခဲ့ချေ။ ထိုအစား သူသည် Zerg များ၏ ကူးစက်ခံရခြင်းကို ခံလိုက်ရ၏။ သူက စစ်ပွဲကို အနိုင်ရခဲ့သော်လည်း လူတစ်ဝက် Zerg တစ်ဝက် မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ လူသားတို့၏ တွေးခေါ်မှုနှင့် အသွင်အပြင်ကို ထိန်းသိမ်းထားနိုင်သော်လည်း Zerg များ၏ စွမ်းရည်အချို့ကို ပိုင်ဆိုင်သွားခဲ့သည်။

 

သူ ပြန်ရောက်လာချိန်တွင် ဖက်ဒရယ်အစိုးရ၏ အထက်ပိုင်းက “နတ်ဘုရားဖန်တီးခြင်း စီမံကိန်း” ကို စတင်ခဲ့ပြီး အသန်မာဆုံး စိတ်စွမ်းအားနှင့် တိုက်ခိုက်ရေးစွမ်းရည်များကို ပိုင်ဆိုင်ထားသည့် ယင်ဝူဝမ်ကို ရွေးချယ်ကာ မျိုးဗီဇများကို တုပပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့၏။ သူတို့၏ ရည်ရွယ်ချက်မှာ ကုန်ကျစရိတ်များကို မငဲ့ဘဲ သူ့ကို လူသားတို့၏ အကာအကွယ်ပေးသူအဖြစ် ဖန်တီးရန် ဖြစ်သည်။ ထိုအချိန်မှစ၍ သူရဲကောင်းကြီးမှာ သုတေသနဌာနမှ အကျဉ်းချခံထားရသည့် စမ်းသပ်ခံတစ်ဦး ဖြစ်သွားခဲ့တော့သည်။

 

ယင်ဝူဝမ်၏ ထူးခြားသည့် အသက်ရှင်သန်နိုင်စွမ်းနှင့် ရှားပါးမှုကို သူတို့ တွေ့ရှိသွားသောအခါ တာမျိုးနွယ်၏ မာကျောသည့် ကာကွယ်မှု၊ ပါးစ်မျိုးနွယ်၏ အလွန်ကောင်းမွန်သည့် အကြားအာရုံနှင့် အမြင်အာရုံ၊ ကန့်မျိုးနွယ်၏ အမြန်နှုန်း စသည့် သက်ရှိမျိုးစိတ် အသီးသီး၏ အစွမ်းထက် မျိုးဗီဇများကို သူ၏ ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ ထည့်သွင်းဆက်စပ်ခဲ့ကြ၏။

 

ဘယ်က ရလာမှန်းမသိသည့် ရေသူဥတစ်လုံးကိုပင် သူ့အား မျိုးဗီဇများ ထောက်ပံ့ပေးရန် အသုံးပြုခဲ့ကြသည်။ ရေသူများမှာ လက်ရှိတွင် အသက်အရှည်ဆုံးဟု လူသိများသည့် မျိုးနွယ်စု ဖြစ်၏။ လူသားများမှာ နည်းပညာကြောင့် ပျမ်းမျှသက်တမ်း ၁၂၀ ရှိသော်လည်း ၁၅၀ ထက် ကျော်လွန်လေ့ မရှိပေ။

 

သမိုင်းမှတ်တမ်းများအရ ရေသူများသည် အသက် ၃၀၀ မှ ၄၀၀ အထိ နေနိုင်ပြီး သူတို့၏ စိတ်စွမ်းအားက စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများကို ကုသပေးနိုင်၏။

 

ထို့ကြောင့် ရေသူမျိုးနွယ်မှာ အလွန်အကျွံ ဖမ်းဆီးအကျဉ်းချခံရမှုကြောင့် လွန်ခဲ့သည့် နှစ်တစ်ရာကတည်းက မျိုးသုဉ်းပျောက်ကွယ်သွားခဲ့သည်။ ထွက်ပြေးလွတ်မြောက်လာသည့် ဥလေးဖြစ်သော ယွီရှူးနင်ကို အစက အသေဥဟု ထင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် သက်ရှိလက္ခဏာများ ပြသလာသဖြင့် သုတေသနဌာနမှ ဝယ်ယူသွားခဲ့ခြင်း ဖြစ်သည်။

 

ယွီရှူးနင်၏ ရင်ထဲတွင် ဝမ်းနည်းမှုတစ်ခု ဖြစ်ပေါ်လာ၏။ ဗီလိန်ကြီးက သုတေသနဌာနထဲတွင် ရှိနေမှန်း သူ သိလိုက်ရချိန်ကတည်းက ဇာတ်လမ်းက “နတ်ဘုရားဖန်တီးခြင်း စီမံကိန်း” ကို ရောက်နေပြီဆိုတာ သူ သိခဲ့သည်။ သူ၏ တစ်ခုတည်းသော နှစ်သိမ့်မှုမှာ ဗီလိန်ကြီးက လုံးဝ မကောင်းဆိုးဝါး ဖြစ်မသွားသေးခြင်းပင်။

 

ယင်ဝူဝမ်က သူ၏ ကိုယ်ပိုင်အသိစိတ်များ ဖျက်ဆီးခံရတော့မည်ကို သိလိုက်ရချိန်မှသာ သူ၏ စွမ်းအားအပြည့်ကို ထုတ်သုံးခဲ့ပြီး ဖက်ဒရယ်အစိုးရ အထက်ပိုင်း တစ်ခုလုံးကို တစ်ယောက်တည်းနှင့် အပြတ်ရှင်းပစ်ခဲ့၏။ ခုခံကာကွယ်နိုင်စွမ်းမရှိသည့် အရပ်သားများကိုသာ ချန်ထားခဲ့သည်။ သို့သော် ဤဖြစ်ရပ်အပြီးတွင် အကြီးအကျယ် အင်အားဆုတ်ယုတ်သွားသည့် လူသားများမှာ Zerg များကို မယှဉ်နိုင်တော့ဘဲ ကမ္ဘာကြီးတစ်ခုလုံး အမှောင်ခေတ်ထဲသို့ ကျရောက်သွားခဲ့ရသည်။

 

ယင်းမတိုင်မီက ကြင်နာတတ်သည့် ယင်ဝူဝမ်သည် သူ၏ စွမ်းအားများကို အသုံးပြု၍ Zerg များကို တွန်းလှန်နိုင်ရန် မျှော်လင့်နေဆဲဖြစ်သော်လည်း ကံဆိုးစွာဖြင့်… မည်သူကမျှ သူ့ကို ထိုအခွင့်အရေး မပေးခဲ့ကြချေ။

 

ယင်ဝူဝမ် ဟူသည့် နာမည်မှာ နောက်ဆုံးတွင် မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဘဲ ဘေးဒုက္ခနှင့် ဖရိုဖရဲဖြစ်မှု၏ အဓိပ္ပာယ်သာ ဖြစ်သွားခဲ့တော့သည်။

 

သူ ဖတ်ခဲ့ရသည့် ဇာတ်လမ်းထဲတွင် မျိုးဗီဇပြုပြင်ခံထားရသည့် ယင်ဝူဝမ်မှာ ညစဉ်ညတိုင်း မျိုးဗီဇနှင့် အသားစများ ပြန်လည်ပေါင်းစပ်သည့် နာကျင်မှုကို ခံစားရမည်ဟုသာ ပါရှိသော်လည်း ဤသည်ကို ပထမဆုံးအကြိမ် တကယ့်လက်တွေ့ ကြုံတွေ့ရချိန်တွင်မူ ယွီရှူးနင်၏ မျက်လုံးများထဲ၌ မျက်ရည်များပင် ဝဲတက်လာစေ၏။

 

စောစောက အသံများမှာ အရိုးများ တစ်လက်မချင်းစီ ကျိုးကြေသွားပြီး ပြန်ဆက်သွားသည့် အသံ၊ အသားများထဲသို့ ချွန်ထက်သည့် အရိုးများ စူးဝင်သွားပြီး သူ၏ ထူးကဲသည့် ကုသနိုင်စွမ်းကြောင့် လျင်မြန်စွာ ပြန်လည်သက်သာလာသည့် အသံနှင့် မျိုးဗီဇ ပြောင်းလဲနေစဉ်အတွင်း သူ၏ ဦးနှောက်ထဲတွင် အဆက်မပြတ် ထိုးကိုက်နာကျင်နေမည့် အရာများကို မြင်ယောင်ကြည့်ရန် ခက်ခဲလှသည် မဟုတ်ပေ။

 

ယွီရှူးနင်မှာ ထိုအရာများကို တွေးကြည့်ရုံဖြင့် နာကျင်လွန်း၍ သတိလစ်တော့မလိုပင် ဖြစ်နေသော်လည်း ယင်ဝူဝမ်ကမူ ဘာမှ မဖြစ်သကဲ့သို့ မျက်နှာအမူအရာပင် မပြောင်းလဲဘဲ အေးချမ်းစွာ အိပ်မောကျနေ၏။ သူ့ခန္ဓာကိုယ်ထဲမှ အဆက်မပြတ် နာကျင်နေမှုများကို… သူ ကျင့်သားရနေပြီ ဖြစ်သည့်အလား။

 

စာနာတတ်သည့် ရေသူလေးမှာ ပုလဲလုံးလေးများကို ထပ်မံ ငိုချလိုက်မိပြန်သည်။သူက အိပ်ပျော်နေသည့် အမျိုးသားအတွက် စိတ်ပူနေဆဲပင်။ သူက အသံထွက်အောင် မငိုရဲဘဲ အမျိုးသား၏ ရင်ဘတ်ပေါ်တွင် တိတ်တဆိတ်သာ ရှိုက်ငိုနေလိုက်၏။

 

“ဟေ့… ရေသူလေး… သန်းခေါင်ယံကြီးကို ဘာလို့ ငိုနေတာလဲ….”

 

ယင်ဝူဝမ်၏နက်ရှိုင်းပြီး ဩဇာပါသည့် အသံမှာ အနည်းငယ် အက်ရှရှ ဖြစ်နေသည်။

“မင်းရဲ့ ပုလဲတွေ အကုန် ငါ့အင်္ကျီထဲ ကျကုန်ပြီ….”

 

အမျိုးသား၏ ရုတ်တရက် ထွက်ပေါ်လာသည့် အသံကြောင့် ယွီရှူးနင် လန့်သွား၏။ သူ ခေါင်းမော့ကြည့်လိုက်ရာ ယင်ဝူဝမ်က အိပ်ရာဝင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကော်လာမှာ အပြည့်အဝ ပွင့်ဟနေသည်ကို တွေ့လိုက်ရသည်။ ကော်လာထဲမှတစ်ဆင့် ကြည့်လိုက်ရာ သူ၏ ခါးနှင့် ဝမ်းဗိုက်ကြားတွင် လုံးဝန်းသည့် ပုလဲလုံးလေးများ ခိုအောင်းနေသည်ကို မြင်လိုက်ရ၏။

 

“အာ….”

 

ဆောရီး… ကျွန်တော် သတိမထားမိလိုက်ဘူး….

 

ယွီရှူးနင်က ပုလဲများကို ဖယ်ရှားရန် ဗီဇအရပင် အမျိုးသား၏ ကော်လာထဲသို့ လက်လှမ်းလိုက်သည်။

 

ယင်ဝူဝမ်က အင်္ကျီအပေါ်မှနေ၍ ရေသူလေး၏ အငြိမ်မနေသည့် လက်ကို ဆုပ်ကိုင်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် မေးစေ့ကို ဆွဲညှစ်ကာ သူ၏ မျက်နှာပေါ်ရှိ တောက်ပနေသည့် မျက်ရည်လမ်းကြောင်းများဖြင့် မော့ကြည့်စေလိုက်၏။ သူ၏ အကြည့်များက ရေသူလေး၏ ပိုမိုလှပလာသည့် မျက်နှာပြင်ပေါ်တွင် ရပ်တန့်သွားပြီး အရှက်အကြောက်ကင်းမဲ့စွာ စိုက်ကြည့်နေတော့သည်။

 

“မင်း ကြီးလာပြီပဲ ရေသူလေး…. ဒါနဲ့ မင်းက အရိုးတွေ ကြီးထွားလာလို့ နာပြီး ငိုနေတာလား….”

 

ကြီးထွားလာသည့် နာကျင်မှုက အနည်းငယ် နာကျင်သော်လည်း ယင်ဝူဝမ် ခံစားခဲ့ရသည့် ဒုက္ခများနှင့် နှိုင်းယှဉ်ပါက သူ၏ နာကျင်မှုမှာ ဘာမှမဟုတ်ဟု ယွီရှူးနင် ခံစားလိုက်ရသည်။

 

ယွီရှူးနင်က အမျိုးသား၏ လည်ပင်းကို ဖက်လိုက်ပြီး ရှေ့သို့ တိုးသွား၏။ ယင်ဝူဝမ်က ရေသူလေး၏ နဖူးချင်းထိကာ နူးညံ့သည့် ဆံပင်များက သူ၏မျက်နှာကို လာပွတ်တိုက်သည်အထိ တိုးဝင်လာသည်ကို ကြည့်နေလိုက်သည်။ အေးမြပြီး သက်တောင့်သက်သာရှိသည့် ခံစားချက်တစ်ခုက သူ့အပေါ် လွှမ်းခြုံသွားပြီး သူ၏ စိတ်ပိုင်းဆိုင်ရာ မသက်မသာ ဖြစ်မှုများကို အကြီးအကျယ် သက်သာသွားစေသည်။

 

ယင်ဝူဝမ်က ရေသူလေးကို ပွေ့ဖက်လိုက်ပြီး သူ၏လက်မောင်းဖြင့် ခါးကို ပေါ့ပေါ့ပါးပါး တိုင်းတာကြည့်လိုက်ရာ လက်တစ်ဖက်တည်းနှင့် သက်တောင့်သက်သာ ဖက်ထားနိုင်ကြောင်း တွေ့လိုက်ရသဖြင့် လက်တစ်ဖက်ကို လွှတ်ကာ ရေသူလေး၏ ဆံပင်များကို ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။

 

“SS အဆင့် စိတ်စွမ်းအားလား….”

 

ယင်ဝူဝမ်ကိုယ်တိုင်လည်း ထိုစွမ်းအားကို ပိုင်ဆိုင်ထားသဖြင့် ချက်ချင်းပင် သိလိုက်သည်။ သူ၏ မျက်လုံးများထဲတွင် အံ့အားသင့်သွားသည့် အရိပ်အယောင်လေးတစ်ခု ဖြတ်ပြေးသွားပြီး တောက်ပသည့် အလင်းတန်းတစ်ခုဖြင့် လျင်မြန်စွာ အစားထိုးသွား၏။

 

ဒီကမ္ဘာပေါ်မှာ သူနဲ့ တူညီတဲ့ ရေသူလေးတစ်ကောင် တကယ်ကြီး ရှိနေတာပဲ။ အကယ်၍ ထိုစောက်ရူးများသာ သိသွားပါက ရေသူလေး ဘာတွေ ကြုံတွေ့ရမည်ကို သူ ကောင်းကောင်းကြီး သိနေသည်။

 

ယင်းကို တွေးမိသည်နှင့် အမျိုးသား၏ ဒေါသများက ဆူပွက်လာတော့၏။ မူလက ထိုလူများ ကင်းလှည့်သည့် အချိန်အထိ စောင့်ပြီးမှ တစ်ပြိုင်တည်း ရှင်းလင်းပစ်ရန် သူ စီစဉ်ထားသော်လည်း သူနှင့်အတူ ရေသူလေး ရှိနေပါက အချိန်မရွေး ပေါ်ထွက်သွားနိုင်သည့် အန္တရာယ် ရှိနေသည်။

 

ယင်ဝူဝမ်က ရေသူလေးအား ပွေ့ဖက်ထားမှုကို ပိုမို တင်းကျပ်လိုက်၏။ သူ၏ စိတ်ထဲတွင် ‘ငါ့ရဲ့ ရေသူလေးက ငါ့အနားမှာပဲ နေရမယ်…. သူတို့ သူ့ကို လုံးဝ ထိလို့မရဘူး’ ဟု အော်ဟစ်လိုက်သည်။

 

အမျိုးသား၏ သန်မာသည့် လက်မောင်းများက သူ့ကို တင်းကျပ်စွာ ဖက်ထားသဖြင့် ယွီရှူးနင် နာကျင်သွား၏။ သူက အမြီးကို ကွေးပြီး ထိုလူ၏ ခြေထောက်ကို ပုတ်လိုက်သော်လည်း အမြီးဖျားလေး ဖြတ်သွားချိန်တွင် မတော်တဆ အထိမခံနိုင်သည့် နေရာတစ်ခုကို သွားထိမိသွားသည်။

 

အထိအတွေ့ကြောင့် လက်တွေ့ဘဝသို့ ပြန်ရောက်လာသည့် ယင်ဝူဝမ်က ရေသူလေး မလှုပ်ရှားနိုင်စေရန် အမြီးဖျားလေးကို ဆုပ်ကိုင်လိုက်၏။ အထိမခံနိုင်သည့် အမြီးဖျားလေးမှာ အမျိုးသား၏ ကြမ်းတမ်းသည့် လက်ချောင်းဖျားများကြားတွင် အပြောင်အပျက် ဆွဲညှစ်ကစားခံနေရသဖြင့် ယွီရှူးနင် မျက်နှာများ နီရဲလာပြီး သူ၏ စိတ်စွမ်းအားဖြင့် သက်သာစေရန် ကြိုးစားနေမှုများလည်း ရပ်တန့်သွားတော့သည်။

 

“ဖူး!”

ငါ့အမြီးကို လွှတ်စမ်း!

 

ယွီရှူးနင်က မျက်လုံးများဖြင့် အမူအရာ ပြလိုက်၏။

 

ယင်ဝူဝမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အမြီးဖျားလေးကို အေးအေးဆေးဆေးပင် လွှတ်ပေးလိုက်သည်။ သူ၏ နွေးထွေးသည့် လက်က အထက်သို့ ရွေ့လျားသွားပြီး ငါးအမြီး၏ အပေါ်ပိုင်းကို ဖုံးအုပ်လိုက်၏။

 

ယွီရှူးနင်က သူ၏ နေရာကို မသိမသာ ပြောင်းရွှေ့ရန် ကြိုးစားလိုက်သည်။ သို့သော် အမျိုးသား၏ လက်ကြီးက ထိုနေရာတွင် အတိအကျ ရောက်နေ၏။ အကယ်၍ သူ့မှာသာ ခြေထောက်တွေ ရှိနေမည်ဆိုပါက ထိုနေရာသည် တင်ပါးနေရာ အတိအကျပင် ဖြစ်နေမည်ဖြစ်သည်။

 

သို့သော် ယင်ဝူဝမ်က သူ့ကို လက်နှစ်ဖက်ဖြင့် ဖိထားပြီး လှုပ်ရှားခွင့် မပေးဘဲ တင်ပါးကို ဖွဖွလေး ပုတ်လိုက်ရာ အကြေးခွံရှိသည့် အချို့နေရာများမှာ ကွာခြားနေသည်ကို ခံစားလိုက်ရ၏။ အခြားနေရာများထက် ပို၍ နူးညံ့နေပြီး အစီအစဉ်လည်း မတူညီပေ။

 

ယင်ဝူဝမ်က ဗီဇအရပင် ရေသူလေး၏ အကြေးခွံများ ဖရိုဖရဲ ဖြစ်နေသည်ဟု ထင်မှတ်ကာ ထိုနေရာကို လက်ချောင်းဖြင့် ညင်သာစွာ ထိတွေ့လိုက်သည်။

 

“!!”

 

ယွီရှူးနင်မှာ နေရာမှပင် ခုန်ထွက်သွားမတတ် ဖြစ်သွားပြီး ဗီလိန်ကြီး ဒဏ်ရာရနိုင်သည် ဆိုသည်ကိုပင် မေ့သွားတော့၏။ သူ၏ အရေပြားဆက် လက်သည်းခွံများက အလိုအလျောက် ထွက်ပေါ်လာပြီး အမျိုးသား၏ ပခုံးကို အကြိမ်အနည်းငယ် ကုတ်ခြစ်လိုက်ရာ အနီရောင် အမှတ်အသား အရေးအရေးများ ကျန်ရစ်ခဲ့သည်။

 

“အာ့ အာ့!”

 

နှာဗူး! နှာဗူးစောက်ရူးကြီး!

 

ယွီရှူးနင်၏ မျက်နှာလေးမှာ ရဲရဲနီသွားပြီး သူ၏ လှပသော မျက်လုံးလေးများတွင် မျက်ရည်များ ဝဲတက်လာ၏။ သူက နှုတ်ခမ်းကို ကိုက်ထားပြီး အမျိုးသား၏ လက်ကို ရှောင်ဖယ်လိုက်သည်။

 

သူ ဘယ်လောက်တောင် ရဲတင်းလိုက်လဲ! ငါးတစ်ကောင်ရဲ့ အဲဒီနေရာကို သူက ဘယ်လိုများ ကိုင်ရဲရတာလဲ!

 

ယင်ဝူဝမ်မှာ သူ၏ ပြင်းထန်သည့် တုံ့ပြန်မှုကြောင့် အံ့အားသင့်သွားပြီးနောက် သူ ဘယ်နေရာကို ကိုင်မိသွားသလဲ ဆိုသည်ကို သဘောပေါက်သွားတော့၏။ သူက ချောင်းဟန့်လိုက်ပြီး….

 

 “မင်းရဲ့ အကြေးခွံတွေ ရှုပ်ပွနေတယ် ထင်လို့ ငါက သေသပ်သွားအောင် လုပ်ပေးမလို့ပါ….”

 

ရှုပ်ပွနေတိုင်း သေသပ်သွားအောင် လုပ်ပေးစရာ မလိုဘူးဟေ့! ဒီစောက်ရူးကြီးက OCD (အရာရာကို စည်းစနစ်ကျဖို့ လိုအပ်လွန်းတဲ့ရောဂါ) ရှိနေတာလား!

 

ယွီရှူးနင်က သူ၏ မကျေနပ်မှုကို ပြသသည့်အနေဖြင့် နှာခေါင်းရှုံ့လိုက်၏။

 

ဗီလိန်ကြီးက မရှက်လျှင်တောင် အနည်းဆုံးတော့ အားနာသွားလိမ့်မည်ဟု သူ ထင်ထားချိန်တွင် ယင်ဝူဝမ်က သူ၏ အရေပြားဆက် လက်သည်းခွံများကို ကြည့်ပြီး စူးစမ်းချင်စိတ်ဖြင့် ကောက်ကိုင်ကာ ကစားနေလေသည်။

 

သူ၏ လက်ခုံတွင် တောက်ပနေသည့် စိန်ပွင့်များကဲ့သို့ လှပသည့် ဖြူဖွေးသော အကြေးခွံကွင်းတစ်ခု ရှိနေ၏။ သူ၏ လက်သည်းများက ချွန်ထက်နေသော်လည်း လက်ချောင်းများမှာ သွယ်လျရှည်လျားပြီး ၎င်းတို့ကြားတွင် အလင်းပေါက်နေသည့် အမြှေးပါးလေးတစ်ခု ရှိနေကာ အေးစက်ပြီး ကိုင်ရသည်မှာ သက်တောင့်သက်သာ ရှိလှသည်။

 

ရုတ်တရက် လက်ကို အကိုင်ခံလိုက်ရသဖြင့် အမျိုးသားမှာ သန်မာမှန်း သိနေသော်လည်း သူ၏ ချွန်ထက်သည့် လက်သည်းများနှင့် ကုတ်မိမည်ကို ကြောက်သဖြင့် သူ၏လက်က လူသားလက်အဖြစ်သို့ ပြန်လည် ပြောင်းလဲသွား၏။ ထို့နောက် အမျိုးသားက ခေါင်းငုံ့ကာ သူ၏ လက်ချောင်းဖျားလေးကို စုပ်ယူလိုက်သည်ကို မြင်လိုက်ရသည်။ နွေးထွေးပြီး နူးညံ့ကာ သူ၏ လက်ချောင်းများကြားတွင် ညင်သာစွာ လျက်နေလေ၏။

 

ယွီရှူးနင် မျက်လုံးများ ပြူးကျယ်သွားပြီး ယင်ဝူဝမ် ဘာလုပ်နေသလဲဆိုတာကို နားမလည်နိုင်အောင် ဖြစ်နေသည်။ သူ၏ လက်ချောင်းများက နွေးထွေးကာ ကျင်စက်စက် ဖြစ်နေပြီး သူ၏ ရင်ထဲတွင်လည်း အနည်းငယ် တုန်ခါသွား၏။

 

သူက လက်ကို လျင်မြန်စွာ ပြန်ရုပ်လိုက်သော်လည်း အမျိုးသားက သူ့ကို မတားဆီးပေ။ သူက နှုတ်ခမ်းကိုသာ လျက်လိုက်ပြီး မျက်လုံးများထဲတွင် ကြင်နာမှုများ အပြည့်ဖြင့် ….

 

“မင်း ကြီးလာပြီပဲ… အခုဆို ပိုစားနိုင်ပြီပေါ့…. ငါးရက်လောက်ဆိုရင် လုံလောက်လောက်ပါတယ်….”

 

*ကျုပ်က ခင်ဗျားအပေါ်မှာ စိတ်စွမ်းအားတွေ သုံးထားပေးတာတောင် ခင်ဗျားက ကျုပ်ကို စားချင်နေတုန်းပဲလား!*

 

ယွီရှူးနင်က အမျိုးသား၏ လည်ပင်းကို ဒေါသတကြီးဖြင့် ကိုက်ချလိုက်၏။ သူ၏ သွားများလည်း ပြောင်းလဲသွားပြီ ထင်သည်။ ယနေ့တော့ သူ၏ သွားများ မနာကျင်တော့ဘဲ သွားရာလေး နှစ်ခုကို အောင်မြင်စွာ ချန်ထားနိုင်ခဲ့သည်။

 

“မင်းကို နောက်ထပ် နည်းနည်းလောက် အနားပေးထားလိုက်ရင် မင်းကို ပိုပြီးကြာကြာ စားနိုင်လောက်မှာပါ….”

 

ယင်ဝူဝမ်က ရေသူလေး၏ နှုတ်ခမ်းဆူနေသည့် မျက်နှာအမူအရာကို ချစ်စရာကောင်းသည်ဟု ထင်ကာ မစနောက်ဘဲ မနေနိုင်တော့ချေ။

 

“ဒီလောက် လှပတဲ့ ရေသူလေးဆိုတော့ အရသာလည်း သိပ်ရှိမှာပဲ… ဟုတ်တယ်မလား….”

 

ယွီရှူးနင်က သူ၏ ချွန်ထက်သည့် အရေပြားဆက် လက်သည်းခွံများကို ပြသရင်း အမျိုးသားကို ခြိမ်းခြောက်သည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။

 

ယင်ဝူဝမ်က ပြုံးလိုက်ပြီး ကြောက်ရွံ့သည့်ဟန် မပြဘဲ သူ၏ အရေပြားဆက် လက်ခုံတစ်ခုကို အပြောင်အပျက် နမ်းလိုက်သည်။

 

ယင်ဝူဝမ် မပြုံးသည့်အချိန်တွင် သူ၏ မျက်လုံးများက အေးစက်ပြီး ခံစားချက်ကင်းမဲ့ကာ တွင်းနက်ကြီးတစ်ခုလို နက်ရှိုင်းသည့် သူ၏ အရှိန်အဝါက လူများကို သူ့မျက်လုံးထဲသို့ တည့်တည့်ကြည့်ရန်ပင် ကြောက်ရွံ့စေ၏။ သို့သော် သူ ပြုံးလိုက်သည့်အခါတွင်မူ ကြောက်စရာကောင်းသည့် ခံစားချက်များ ပျောက်ကွယ်သွားပြီး ဖော်ပြ၍မရနိုင်လောက်အောင် ဆွဲဆောင်မှုရှိသည့် အလှတရားတစ်ခုဖြင့် အစားထိုးသွားတော့သည်။

 

“….”

 

ယွီရှူးနင်မှာ ရေသူလေး၏ ကိုယ်အပူချိန်နှင့်ပင် သူကိုယ်တိုင် မီးလောင်နေသကဲ့သို့ ခံစားလိုက်ရ၏။ သူ၏ ခြိမ်းခြောက်နေသည့် အရှိန်အဝါများလည်း ပျောက်ကွယ်သွားပြီး ဘောလုံးလေးတစ်လုံးလို ကွေးကွေးလေးဖြစ်ကာ အမျိုးသား၏ ရင်ခွင်ထဲသို့ ရှက်ရွံ့စွာဖြင့် ကျုံ့ဝင်သွားတော့သည်။

 

ယင်ဝူဝမ်၏ နူးညံ့သော်လည်း ဂရုမစိုက်သကဲ့သို့ ရှိသော အသံက ထွက်ပေါ်လာ၏။

 

“မနက်ဖြန် စကားပြောဖို့ စသင်ရမယ်…. အမြဲတမ်း ‘အာ’ နဲ့ ‘ဖူး’ လို့ပဲ အော်မနေနဲ့တော့….”

 

ကျင်စက်စက်ဖြစ်နေမှုနှင့် ရင်ခုန်နေမှုများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့၏။ ယွီရှူးနင်က ခံစားချက်ကင်းမဲ့စွာဖြင့် ကျောပေးကာ လှည့်အိပ်လိုက်သည်။

 

သူ့ကို ကယ်တင်ဖို့ ငြင်းဆန်ဖို့က အခုဆို နောက်ကျသွားပြီလား….

 

Chapter 3 ended

Chapter 4

World 1- Chapter 4

ဗလုံးဗထွေး စကား​ပြောသင်ခြင်း၊ ဗီလိန်ကြီးက ရေသူလေးကို သကြားလုံးဖြင့် မြူဆွယ်ခြင်း၊ ရေသူလေး၏မျိုးပွားရာသီတွင် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်း

******

ဒါက ယင်ဝူဝမ်အတွက် ရေသူလေးတစ်ကောင်ကို ပထမဆုံးအကြိမ် မွေးမြူရခြင်း ဖြစ်သဖြင့် သူက အခြေအနေကို ကြည့်ပြီး လုပ်ဆောင်နေရ၏။ ရေသူလေးက သူ၏ အင်္ကျီများကို ဝတ်ဆင်နိုင်ပြီး အနည်းငယ် ကြီးနေသော်လည်း အသားကတော့ ဝတ်ရတာ သက်တောင့်သက်သာ ရှိလှသည်။

မူလက ရေသူလေးကို ရေချိုးကန်ထဲတွင် အိပ်စေရန် ရည်ရွယ်ထားသော်လည်း ညတိုင်း သူနှင့်အတူ လာအိပ်ချင်နေသဖြင့် ယင်ဝူဝမ်က ခွင့်ပြုထားလိုက်၏။ ရေသူလေးက ဂျီးမများပေ၊ ကြည့်စရာ ပရိုဂျက်တာလေး တစ်ခုသာ ပေးထားလျှင် အချိန်အကြာကြီး ငြိမ်ငြိမ်လေး ထိုင်နေနိုင်၏။

ဒုက္ခအပေးဆုံးကတော့ သူ့ကို အစာကျွေးရခြင်းပင်။ ယင်ဝူဝမ်က ရေသူလေးကို အကြိမ်အနည်းငယ် အစာခွံ့ကျွေးကြည့်သော်လည်း ဘာမှ မစားနိုင်သည်ကို တွေ့ရချိန်တွင် တကယ်ကို စိတ်ပူသွားတော့သည်။ ကံကောင်းထောက်မစွာဖြင့် နောက်ဆုံးတွင် ရေသူလေး စားနိုင်သည့် အရာတစ်ခုကို သူ ရှာတွေ့သွား၏။ ယင်းမှာ ဂျင်ဂိုစေ့များပင် ဖြစ်သည်။

ဂျင်ဂိုစေ့များကို များသောအားဖြင့် ကလေးများကိုသာ ကျွေးလေ့ရှိပြီး အာဟာရဓာတ် ကြွယ်ဝသော်လည်း အရသာ သိပ်မရှိချေ။ ယွီရှူးနင်က မြည်းစမ်းကြည့်ပြီးနောက် သူ အရင်က သောက်ခဲ့ဖူးသည့် နွားနို့ထက် အနည်းငယ် ပိုကျဲသည့် နွားနို့နှင့်သာ တူသည်ဟု ခံစားလိုက်ရသည်။ နို့ဖြတ်ထားသည်မှာ ဆယ်နှစ်ကျော်နေပြီဖြစ်သော ယွီရှူးနင်မှာ မတတ်သာသည့်အဆုံး နို့ပြန်သောက်ရတော့၏။

ဗီလိန်ကြီးနှင့်အတူ ဆယ်ရက်ကျော် နေထိုင်ပြီးနောက် ယွီရှူးနင်မှာ ပို၍ပင် အရပ်ရှည်လာခဲ့သည်။ သူ၏ ငါးအမြီးကို ဆန့်ထုတ်လိုက်ချိန်တွင် အရွယ်ရောက်ပြီး အမျိုးသားတစ်ယောက်နီးပါး အရပ်ရှည်နေပြီ ဖြစ်သော်လည်း သူ၏ ဖြူဖွေးပြီး သွယ်လျသည့် ကိုယ်လုံးလေးနှင့် ပြီးပြည့်စုံသည့် ခန္ဓာကိုယ် အချိုးအစားတို့က နုပျိုသည့် စွမ်းအင်များကို ထုတ်လွှတ်နေဆဲပင်။

မကြာသေးမီက ယွီရှူးနင်၏ အထိအတွေ့ငတ်မွတ်သည့် ရောဂါမှာ ထမလာခဲ့ချေ။ ယင်ဝူဝမ်က အေးစက်ပြီး နူးညံ့သည့် ရေသူလေးကို ပွေ့ဖက်ထားရသည်ကို သဘောကျနေပုံရ၏။ ရေစိမ်နေသည့် အချိန်မှလွဲ၍ သူ အလုပ်လုပ်နေချိန်တွင်လည်း ပွေ့ဖက်ထားတတ်ပြီး သုတေသီများ မလာမီ အချိန်လေးမှာမှ ရေသူလေးကို ရေချိုးကန်ထဲ၌ အမြန်ဝှက်ထားလိုက်သည်။

“ငါ မင်းကို စာရေးဖို့ မသင်ပေးရသေးဘူးမလား…. ရေသူဖြစ်နေလို့ စာသင်စရာ မလိုတော့ဘူးလို့များ ထင်နေတာလား…. မင်း စာမဖတ်တတ် မရေးတတ်ဘူးဆိုရင် ဘယ်သူမဆို မင်းကို အလုပ်လုပ်ခိုင်းဖို့ အလွယ်လေး လှည့်စားသွားလိမ့်မယ်….”

ယင်ဝူဝမ်က ဆိုဖာပေါ်တွင် ထိုင်ကာ ရေသူလေးကို ပွေ့ဖက်ထားပြီး သူ၏ရှေ့တွင် အထူကြီးဖြစ်နေသည့် စာအုပ်တစ်အုပ်ကို ချထား၏။

“ခဏနေရင် ဒီအခန်းကို ကူးရေးရမယ်….”

ကယ်ကြပါဦး! ငါ့ကို လာမလိမ်ပါနဲ့!

ယွီရှူးနင်က နာကျင်စွာဖြင့် မျက်နှာရှုံ့မဲ့သွားပြီး အမျိုးသား၏ ရင်ခွင်ထဲသို့ ခေါင်းဝှက်ကာ သူပြောသည်ကို နားထောင်ရန် ငြင်းဆန်လိုက်သည်။

လူတိုင်းက ခင်ဗျားလို ပါရမီရှင်ကြီးလို့များ ထင်နေတာလား…. ဒါ့အပြင် ကလေးတစ်ယောက်ကို စကားပြောဖို့နဲ့ စာဖတ်ဖို့ သင်ပေးတာကို ဘယ်သူကများ “အခြေခံ စက်ရုပ်ပြုပြင်ခြင်း” ဆိုတဲ့ စာအုပ်ကြီးနဲ့ သင်ပေးလို့လဲ!

ယွီရှူးနင်က စကားပြောသည်ကို နားလည်နိုင်သော်လည်း ဤကမ္ဘာ၏ အရေးအသား စနစ်ကိုမူ မရင်းနှီးသဖြင့် သင်ယူရသည်မှာ ခေါင်းကိုက်စရာပင်။ ယင်ဝူဝမ်က သူ့ကို သင်္ချာသင်ပေးချင်နေသည်ကို သိလိုက်ရချိန်တွင်မူ သူက အသေကောင်လို ဟန်ဆောင်ကာ မျက်လုံးများကို မှိတ်ထားပြီး မလှုပ်မယှက် နေလိုက်တော့၏။

ယင်ဝူဝမ်က ရေသူလေး၏ နူးညံ့သည့် ပါးပြင်ကို ဆွဲညှစ်လိုက်ပြီး မျက်ခုံးပင့်ကာ…

 “ကြားလား… နင်နင်….”

ယွီရှူးနင်မှာ အတင်းအကျပ် မော့ကြည့်ခိုင်းခံရပြီး သူ၏ ပါးစပ်လေး ဟသွားကာ “ခက်… ခက်တယ်….” ဟု ဆိုလိုက်၏။

ဗီလိန်ကြီး၏ ရက်စက်လှသည့် လေ့ကျင့်မှုများအပြီးတွင် ယွီရှူးနင်က အခြေခံ စာလုံးတစ်ထောင်ခန့်ကို သင်ယူတတ်မြောက်သွားပြီ ဖြစ်သော်လည်း ရေးသည့်အခါတွင်မူ တစ်ခါတစ်ရံ မေ့သွားတတ်ပြီး စကားပြောလျှင်လည်း အများဆုံး စကားလုံး နှစ်လုံးခန့်သာ ပြောနိုင်သေးသည်။

စကားပြောတတ်လာပြီးနောက် ယွီရှူးနင်က ယင်ဝူဝမ်ကို သူ၏ နာမည်ကို အရင်ဆုံး ပြောပြခဲ့၏။ သူက စကားလုံး သုံးလုံးထက်ပိုပြီး အသံမထွက်နိုင်သဖြင့် သူ၏ နာမည်ကို အရင် စပြောခဲ့သော်လည်း အသံထွက်မှာ မမှန်ကန်ခဲ့ပေ။ “နင်” ဆိုသည့် အသံလေးသာ ကြားရသဖြင့် ယင်ဝူဝမ်က သူ့ကို ‘နင်နင်’ ဟု စတင် ခေါ်ဝေါ်ခဲ့ခြင်း ဖြစ်သည်။

ရေသူများ၏ အသံထွက် အင်္ဂါများမှာ လူသားများနှင့် မတူညီပေ။ အကယ်၍ သူ့တွင် ရေသူအဖော်တစ်ယောက်သာ ရှိပါက ရေသူဘာသာစကားသည် မျိုးဗီဇအရ အမွေဆက်ခံထားခြင်း ဖြစ်သဖြင့် အလွယ်တကူ ဆက်သွယ်ပြောဆိုနိုင်မည် ဖြစ်၏။ သို့သော် လူသားဘာသာစကားကို ပြောဆိုရခြင်းမှာမူ သူ့အတွက် အလွန်ခက်ခဲလှပြီး သူ၏ လျှာနှင့် သွားများမှာ ရန်ဖြစ်နေသကဲ့သို့ပင်။

ယင်ဝူဝမ်က “စက်ရုပ်” ဟု ပြောလျှင် သူက “ကျီးယား” ဟု ပြောပြီး ယင်ဝူဝမ်က “ပုမန်” ဟု ပြောလျှင် သူက “ပုဒီ” ဟု ပြောလေ၏။ သူ့ကို သင်ပေးနေစဉ် အမျိုးသား၏ မျက်ခုံးများမှာ တွန့်ချိုးသွားပြီး ရေသူလေးက အစွမ်းကုန် ကြိုးစားနေသော်လည်း မှားနေဆဲဖြစ်သည်ကို ကြည့်ကာ မျက်လုံးများပင် နီရဲလာတော့သည်။

နောက်ဆုံးတွင် သူက ယွီရှူးနင်၏ နှုတ်ခမ်းကို ဖိကပ်လိုက်ပြီး ပါးစပ်ထဲသို့ လျှာကို ထိုးသွင်းကာ စကားလုံးများကို အသံထွက်ရန် လျှာကို ဘယ်နေရာတွင် ထားရမည်ကို သင်ပေးရန်အတွက် ရေသူလေး၏ နူးညံ့သည့် လျှာဖျားလေးကို ရစ်ပတ်လိုက်တော့၏။

ယွီရှူးနင်မှာ ဤကဲ့သို့ စကားပြောသင်ခံရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သဖြင့် လုံးဝ ကြောင်တောင်တောင် ဖြစ်သွားတော့သည်။ လျှာချင်း ထိတွေ့ရသည့် ချိုမြိန်သည့် ခံစားချက်မှလွဲ၍ သူ ဘာကိုမျှ မမှတ်မိတော့ချေ။ သူ့ကို အကြိမ်ကြိမ် ပြင်ပေးလေလေ သူ၏ နှုတ်ခမ်းများ ပို၍ နီရဲလာလေလေဖြစ်ပြီး နဖူးမှာလည်း ပေါက်ကွဲထွက်တော့မတတ် ခံစားရလေ၏။ နောက်ဆုံးတွင်တော့ သူ မှန်ကန်အောင် အသံထွက်နိုင်သွားတော့သည်။

ယွီရှူးနင်က ဗီလိန်ကြီး၏ ပါးစပ်ထဲမှ သကြားလုံးကို သူ ဘယ်လို လုယူခဲ့ပြီး ဗီလိန်ကြီးက သူ၏ လက်ချောင်းများဖြင့် လျှာကို ကစားကာ လက်စားချေခဲ့ဖူးသည်ကို ပြန်လည်အမှတ်ရသွားသည်။ ယခုတော့ ဗီလိန်ကြီးက ဤကဲ့သို့ ထူးခြားသည့် သင်ကြားရေးနည်းလမ်းကို အသုံးပြုနေပြီး သူ့မှာလည်း ငြင်းဆန်နိုင်စွမ်း မရှိချေ။

ဘာပဲဖြစ်ဖြစ် သူ နေ့စဉ်စားနေရသည့် ဂျင်ဂိုစေ့များကို ယင်ဝူဝမ်က သုတေသီများဆီမှ ရယူပေးထားခြင်း ဖြစ်၏။ သူ၏ ကျေးဇူးရှင်ကို စိတ်ဆိုးအောင် လုပ်၍ မဖြစ်ပေ။ နောက်ဆုံးတွင် သူလည်း ကျင့်သားရသွားပြီး စာသင်ချိန် ပြင်ပတွင် ယင်ဝူဝမ်က သူ့ကို လာနမ်းသည့်အခါ၌ပင် သူက သိပ်ပြီး မတုံ့ပြန်တော့ချေ။

လျှာချင်းရစ်ပတ်ခြင်းနှင့် နမ်းရှိုက်ခြင်းတို့မှာ သူ သတိမထားမိလိုက်ခင်မှာပင် အစာစားရေသောက်သကဲ့သို့ သဘာဝကျလာတော့၏။ ယွီရှူးနင်မှာ နာကျင်စရာကောင်းသည့် သင်ယူမှုတွင်သာ နစ်မျောနေသဖြင့် ဗီလိန်ကြီးက ဘာကြောင့် ဒီလိုတွေ လုပ်နေရသလဲဆိုသည်ကို စုံစမ်းရန်ပင် မေ့လျော့နေတော့သည်။

“ခက်တယ်ဆိုရင် မသင်တော့ဘူးပေါ့?…. မင်းလို ရေသူတစ်ကောင်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် တက်ကြွမှု မရှိရတာလဲ….”

ယင်ဝူဝမ်က တကယ်တမ်းတော့ ရေသူလေးကို စာသင်စက်ရုပ်ကြီးအဖြစ် ပြောင်းလဲပစ်ချင်ခြင်း မဟုတ်ပေ၊ ယွီရှူးနင်က မနှိုးဆွလျှင် မလှုပ်ရှားသည့် ပျင်းရိပျင်းတွဲ ကောင်လေးတစ်ယောက် ဖြစ်ကြောင်း သူ သဘောပေါက်သွားခြင်းသာ ဖြစ်၏။ အရေးအကြီးဆုံးအချက်မှာ ရေသူလေးက စာဖတ်နေချိန်တွင် သူ၏ ဖောင်းအိနေသည့် ပါးလေးများကို ရှုံ့မဲ့ထားသည့် ပုံစံလေးက သိပ်ကို ချစ်စရာကောင်းလွန်းနေခြင်းကြောင့်ပင်။

ကံဆိုးစွာနဲ့ပဲ ငါတို့ ဓာတ်ခွဲခန်းထဲ ဝင်လာကတည်းက ဆက်သွယ်ရေး ကိရိယာတွေ အကုန်လုံး အသိမ်းခံလိုက်ရတယ်။

ငါ အပြင်ရောက်ရင် ရေသူလေးရဲ့ ရူးကြောင်ကြောင်နဲ့ ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေကို ရိုက်ကူးထားဖို့ ဆက်သွယ်ရေး ကိရိယာတစ်ခုတော့ သေချာပေါက် ဝယ်ရမယ် ဟု ယင်ဝူဝမ်က စိတ်ထဲမှ တွေးလိုက်၏။

ယွီရှူးနင်က သက်ပြင်းချလိုက်သည်။

“ငါး… သိပ်တုံးတာပဲ….”

သူက အဲဒီလိုမျိုး မပြောချင်သော်လည်း စာအုပ်ကိုတော့ တကယ်ကို မကူးရေးချင်တော့ချေ။

ယင်ဝူဝမ်က လက်သီးဆုပ်ကို နှုတ်ခမ်းတွင် ဖိကာ ပြုံးလိုက်ပြီး ရေသူလေး၏ ဆံပင်များကို သပ်တင်ပေးလိုက်၏။

“ကောင်းပြီလေ… ဒီနေ့တော့ စာအုပ်ကူးစရာ မလိုတော့ဘူး… ဒါပေမယ့် အလကားတော့ မဟုတ်ဘူးနော်….”

ဗီလိန်ကြီး၏ လျှို့ဝှက်အဓိပ္ပာယ်ကို ယွီရှူးနင် နားလည်လိုက်၏။ အလကား မဟုတ်ဘူးဆိုသည်မှာ တစ်ခုခုကို အလဲအလှယ်အနေဖြင့် တောင်းဆိုခြင်းပင်။

ဟူး… ရေသူလေးတစ်ကောင်ရဲ့ ဘဝက ခက်ခဲလိုက်တာ။

ဗီလိန်ကြီးက သူ့ကို အနမ်းခံဖို့ မြှူဆွယ်ချင်နေတာပဲ။

ယွီရှူးနင်က သူ၏ လည်ပင်းကို ဖက်လိုက်ပြီး နှုတ်ခမ်းများကို သူ၏ လျှာလေးဖြင့် လျက်လိုက်သည်။ထို့နောက် ထိုနှုတ်ခမ်းများကြားသို့ ဖြည်းဖြည်းချင်း တိုးဝင်သွားပြီး ဖြစ်သလို ဝင်ထွက်မွှေနှောက်နေလိုက်ရာ စိုစွတ်သည့် အသံအနည်းငယ် ထွက်ပေါ်လာ၏။

ယင်ဝူဝမ်က ရေသူလေး၏ ဂုတ်ကို ပွတ်သပ်ပေးကာ အားပေးလိုက်ပြီး ရေသူလေး၏ ဖြစ်သလို လှုပ်ရှားမှုများကို သူ ဆန္ဒရှိသည့်အတိုင်း လုပ်ခွင့်ပေးထားလိုက်သည်။ သူက ရေသူလေး၏ လျှာအရသာကို အကြိမ်အနည်းငယ် မြည်းစမ်းလိုက်ပြီး မျက်လုံးများကို မှိတ်ကာ သူ့ကို အလေးအနက် နမ်းရှိုက်နေသည့် ရေသူလေး၏ ပါးပြင်များ နီရဲလာသည်ကို ကြည့်နေလိုက်၏။ သူ၏ မျက်လုံးများ မှေးမှိန်သွားပြီး သူ၏ လျှာဖြင့် အနမ်းများကို ပိုမို နက်ရှိုင်းစေလိုက်တော့သည်။

အနမ်းများအပြီးတွင် ယွီရှူးနင်၏ ငွေပြာရောင် မျက်လုံးလေးများမှာ ကြည်လင်အေးချမ်းသည့် ရေကန်တစ်ခုကဲ့သို့ စိုစွတ်နေ၏။ အနမ်းကြောင့် နီရဲပြီး ပူနွေးနေသည့် သူ၏ နှုတ်ခမ်းများက ချစ်စရာကောင်းလောက်အောင် ဆူထော်နေသည်။

“ကဲ… သွားပြီး မင်းရဲ့ ‘ဘိုဘိုရဲ့ စွန့်စားခန်းများ’ သွားကြည့်တော့….”

ယင်ဝူဝမ်က ရေသူလေး၏ ကျစ်ဆံမြီးကို ဆွဲညှစ်လိုက်ပြီး ပရိုဂျက်တာ သေတ္တာလေးကို ထုတ်ပေးရင်း ပြောလိုက်၏။

ရေသူလေး၏ ဆံပင်များမှာ နူးညံ့ပြီး တောက်ပြောင်ကာ ပိုးသားကဲ့သို့ လှပလှသည်။ အစကတော့ ခါးအထိသာ ရှိသော်လည်း သူ ကြီးထွားလာသည်နှင့်အမျှ ဆံပင်များကလည်း ပိုရှည်လာပြီး ငါးအမြီး၏ အလယ်လောက်အထိ ရောက်လာကာ နေ့စဉ်ဘဝတွင် အတော်လေး အဆင်မပြေ ဖြစ်လာစေ၏။

ယွီရှူးနင်၏ ဆံပင်များ ဖိမိပြီး နာကျင်စွာဖြင့် မျက်ရည်ပေါက်လေးများ ကျလာသည့် အကြိမ်အနည်းငယ်အပြီးတွင် ယင်ဝူဝမ်က သူ၏ ဆံပင်များကို လှပစွာ ကျစ်ပေးတတ်ရန် သင်ယူခဲ့ခြင်း ဖြစ်သည်။

သေတ္တာငယ်လေးကို မြင်သည်နှင့် ယွီရှူးနင်၏ မျက်လုံးများ အရောင်လက်သွား၏။ သူက ၎င်းကို ဆွဲယူပြီး ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း ယင်ဝူဝမ်က သူ့ကို တားလိုက်သည်။

“ဒီမှာပဲ ကြည့်….”

ယွီရှူးနင်က ခေါင်းစောင်းလိုက်၏။

“ဆူညံနေမလား….”

ယင်ဝူဝမ်က သူ့ကို လက်တစ်ဖက်ဖြင့် ဖက်ထားပြီး စာအုပ်တစ်အုပ်ကို ကောက်ကိုင်ကာ အေးအေးဆေးဆေးပင် ပြောလိုက်သည်။

“စိတ်မပူပါနဲ့… မင်း ငါ့ကို မနှောင့်ယှက်နိုင်ပါဘူး….”

အိုကေလေ… ခင်ဗျား သဘောပဲ။

ယွီရှူးနင်က သေတ္တာငယ်လေးကို ဖွင့်လိုက်ပြီး သူ မကြာသေးမီက ကြည့်နေသည့် ကလေးပညာပေး ဗီဒီယိုဖြစ်သော “ဘိုဘိုရဲ့ စွန့်စားခန်းများ” ကို ဖွင့်လိုက်၏။

ယင်းမှာ ဘိုဘိုနှင့် သူ၏သူငယ်ချင်းများက အာကာသယာဉ်ဖြင့် စကြဝဠာကို စူးစမ်းလေ့လာကြပြီး ဂြိုဟ်အသီးသီးသို့ သွားရောက်ကာ လမ်းတစ်လျှောက်တွင် ရိုးရှင်းသည့် သိပ္ပံအချက်အလက်များကို မိတ်ဆက်ပေးသည့် အကြောင်း ဖြစ်သည်။ ယွီရှူးနင်က ၎င်းမှာ သူ့အတွက် အသင့်တော်ဆုံး ဖြစ်သည်ဟု ထင်နေ၏။

ယင်ဝူဝမ်က သူ့ကို မနှောင့်ယှက်နိုင်ဘူးဟု ပြောခြင်းမှာ အာရုံစိုက်နေချိန်တွင် ပြင်ပကမ္ဘာကို ပိတ်ဆို့ထားနိုင်စွမ်း ရှိခြင်းကို ရည်ညွှန်းခြင်း မဟုတ်ပေ။ သူ၏ အစွမ်းထက်သည့် စိတ်စွမ်းအားက ကွဲပြားခြားနားသည့် အရာများကို တစ်ပြိုင်နက်တည်း အာရုံစိုက်နိုင်စေပြီး အလုပ်မျိုးစုံကို တစ်ပြိုင်နက် လုပ်ဆောင်ရာတွင် အလွန် ထိရောက်စေသည်။

ကြည့်နေစဉ်အတွင်း ရေသူလေးက တစ်ခါတစ်ရံ တိုးညင်းသည့် အံ့သြသံလေးများ ထွက်လာသော်လည်း အမျိုးသားက အကုန်လုံးကို ကြားနေရ၏။

ပထမရက်အနည်းငယ်က ပျော်ရွှင်ခဲ့ရသည်မှလွဲ၍ ယွီရှူးနင်၏ အားလပ်ချိန်များမှာ အကြီးအကျယ် လျော့ကျသွားခဲ့သဖြင့် မိနစ်တိုင်းကို သူက တန်ဖိုးထားနေတော့သည်။ နောက်ဆုံးထွက် အပိုင်းများကို ကြည့်ပြီးသွားချိန်တွင် သူက ထွက်ရန်ပင် အနည်းငယ် နှမြောနေမိ၏။

ဤအချိန်တွင် ယင်ဝူဝမ်က သူ၏ အာရုံကို လွှဲပေးရန် လိုအပ်လာတော့သည်။

“နင်နင်… သကြားလုံး စားမလား….”

ယင်ဝူဝမ်က သကြားလုံး အခွံကို ခွာပြီး ပါးစပ်ထဲသို့ ထည့်လိုက်၏။

သကြားလုံးကို မြင်လိုက်သည်နှင့် ယွီရှူးနင်၏ နှာခေါင်းလေး ပွစိပွစိ ဖြစ်သွားသည်။ သူက ခန္ဓာကိုယ်ကို လိမ်ကောက်ပြီး လှမ်းလိုက်ကာ အမျိုးသား၏ နှုတ်ခမ်းများကို အငမ်းမရ လျက်ပြီး အထဲသို့ တိုးဝင်ရန် ကြိုးစားတော့၏။

သကြားလုံးက ဗီလိန်ကြီး၏ ပါးစပ်ထဲတွင် ကြာကြာနေလေ သူ စားရဖို့ ပိုနည်းလေပင်။ ယင်ဝူဝမ်မှာ ထူးဆန်းသည့် အကျင့်တစ်ခု ရှိနေ၏။ ၎င်းမှာ သူ့ကို တိုက်ရိုက် မပေးဘဲ လုယူခိုင်းရသည်ကို ပိုသဘောကျနေသည်။

ယွီရှူးနင်က ယင်ဝူဝမ် သကြားလုံးကို ဘယ်မှာ ဝှက်ထားသလဲဆိုတာကို ရှာဖွေပြီး ခိုးစားချင်ခဲ့သော်လည်း ဘယ်နေရာမှာမှ ရှာမတွေ့ခဲ့ပေ။ အကြိမ်တိုင်းတွင် အမျိုးသားက အိတ်ကပ်ထဲမှ သကြားလုံးကို ထုတ်ယူသည်ကိုသာ သူ မြင်ရပြီး ဘယ်လို ဝှက်ထားသလဲဆိုတာကိုတော့ သူ လုံးဝ မသိချေ။

သူ၏ ချိုမြိန်ပြီး နူးညံ့ကာ အေးစက်နေသည့် လျှာလေးက အထဲသို့ တိုးဝင်သွားပြီး သကြားလုံးကို မတွေ့မီအထိ သိမ်မွေ့စွာ စူးစမ်းရှာဖွေနေကာ နောက်ဆုံးတွင် တွေ့သွားသောအခါ လိပ်ယူပြီး သူ၏ ပါးစပ်ထဲသို့ ထည့်လိုက်တော့၏။

သကြားလုံးကို အသုံးပြု၍ ရေသူလေးဆီကနေ အနမ်းခံရန် မြှူဆွယ်သည့် နည်းလမ်းက အမြဲတမ်း အလုပ်ဖြစ်နေသည်။ ယင်ဝူဝမ်က သူ၏ နှုတ်ခမ်းပေါ်မှ အစိုဓာတ်များကို သုတ်ပစ်လိုက်၏။ အစပိုင်းကတော့ သူ ဘာကြောင့် ရေသူလေးကို စက်ဆုပ်ရွံရှာမှု မဖြစ်ရတာလဲ ဆိုသည်ကို စူးစမ်းချင်ရုံသာ ဖြစ်သော်လည်း နောက်ပိုင်းတွင်တော့ သူက ယင်းကို စွဲလမ်းလာခဲ့တော့သည်။

ယွီရှူးနင်က ဒီနေ့တော့ စာအုပ်ကူးရေးရမည့် အလုပ်မှ လွတ်ကင်းသွားခဲ့၏။ ထိုညက အမျိုးသား၏ ရင်ဘတ်ပေါ်တွင် အိပ်ပျော်နေစဉ် မနက်ဖြန်ကျရင် ထပ်ကူးရေးရဦးမှာလားဟု သူ တွေးနေမိသည်။

သို့သော် ယွီရှူးနင်၏ စိုးရိမ်ပူပန်မှုများမှာ တကယ်ဖြစ်မလာခဲ့ပေ၊ အကြောင်းမှာ နောက်နေ့တွင် သူ မသက်မသာ ဖြစ်လာတော့သောကြောင့်ပင်။

အထိအတွေ့ငတ်မွတ်သည့် ရောဂါထက် ပိုမို ပြင်းထန်သည့် ပူလောင်ပြီး ယားယံသည့် ခံစားချက်တစ်ခုက သူ၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။ ပုရွက်ဆိတ် တစ်သန်းလောက်က သူ၏ အသားထဲတွင် တွားသွားနေသကဲ့သို့ ခံစားရကာ အထူးသဖြင့် သူ၏ လျှို့ဝှက်နေရာများမှာ အထိအတွေ့ကို အသည်းအသန် လိုလားတောင့်တနေတော့၏။

“အ့….”

ယွီရှူးနင်က ကုတင်ပေါ်တွင် မသက်မသာဖြင့် လူးလှိမ့်နေပြီး သူ၏ ငါးအမြီးက သူ စုတ်ပြတ်သတ်နေအောင် ကုတ်ခြစ်ထားသည့် အိပ်ရာခင်းပေါ်တွင် စိတ်အိုက်စွာဖြင့် ရိုက်ခတ်နေသည်။

မျက်ရည်များ ဝဲတက်နေသည့် ယွီရှူးနင် – [ဘာတွေ ဖြစ်နေတာလဲ စနစ်….]

System 520 – [ရေသူတွေရဲ့ မျိုးပွားရာသီက ယေဘုယျအားဖြင့် အသက် ငါးဆယ်ကျော်မှ စတာ…. မင်းရဲ့ ခန္ဓာကိုယ်က အရွယ်ရောက်ပြီးသား ဖြစ်နေတော့ ဥထဲမှာ ဖိနှိပ်ထားတဲ့ မျိုးပွားစွမ်းအင်တွေ ထွက်ပေါ်လာတာပဲ…. အဲဒါကို မဖြည့်ဆည်းပေးရင် ဒီလိုမျိုး ဖြစ်လာလိမ့်မယ်….]

ယွီရှူးနင် – [မျိုးပွားရာသီဆိုတာက ဘာအဓိပ္ပာယ်လဲ…. ငါက ရေသူဥတွေ ဥရတော့မှာလား….]

System 520 – [Host အနေနဲ့ ဒါကို တိရစ္ဆာန်တွေလို heat ဝင်တယ်လို့ မှတ်ယူလို့ရတယ်….]

ယွီရှူးနင် – ? ?

ရေသူတစ်ကောင် ဖြစ်ရတာ သိပ်ခက်ခဲတာပဲ၊ မျိုးပွားရာသီက သိပ်ကို နေရခက်တာပဲ။

ယင်ဝူဝမ်က ရေသူလေး၏ ခန္ဓာကိုယ်ကို စစ်ဆေးနေစဉ် မျက်မှောင်ကြုတ်သွား၏။ ရေသူလေး၏ ကိုယ်အပူချိန်က မြင့်မားနေပြီး သူ၏ တစ်ကိုယ်လုံးမှာ ဖျားနေသည့်အလား နီရဲနေသည်ကို တွေ့လိုက်ရသည်။

သူ၏ အကြည့်များက ရေသူလေး၏ ဝမ်းဗိုက်အောက်ရှိ အနည်းငယ် ဟဟလေး ဖြစ်နေသော အရောင်ဖျော့သည့် အကြေးခွံတစ်ခုပေါ်သို့ ကျရောက်သွားသည်။ ထိုအခါ လှပသည့် ပန်းနုရောင် လိင်တံလေးတစ်ခု ထွက်ပေါ်လာကာ ၎င်းလိင်တံမှာ တုန်ယင်ပြီး မတ်တောင်နေကာ အရည်ကြည်များ ကျဆင်းနေသည်ကို မြင်လိုက်ရ၏။ ယင်ဝူဝမ်မှာ တစ်စက္ကန့်ခန့် ကြောင်သွားပြီးနောက် ရေသူလေး ဘာဖြစ်နေသလဲ ဆိုသည်ကို သဘောပေါက်သွားတော့သည်။

ယင်ဝူဝမ်က များများစားစား မစဉ်းစားတော့ဘဲ ရေသူလေးကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး မသက်မသာ ဖြစ်နေမှုများကို သက်သာစေရန် သူ၏ လိင်တံလေးကို သဘာဝကျကျပင် ဆုပ်ကိုင်ကာ အထက်အောက် ပွတ်သပ်ပေးလိုက်၏။

“အာ့….”

ယွီရှူးနင်၏နှုတ်ခမ်းများ အနည်းငယ် ပွင့်ဟသွားပြီး သူ၏ အရေပြားဆက် လက်သည်းခွံများက အမျိုးသား၏ လက်မောင်းကို ဆုပ်ကိုင်ထားကာ အောက်ပိုင်းမှ ထွက်ပေါ်လာသည့် သာယာမှုများကြောင့် သူ၏ ခန္ဓာကိုယ်လေးက တုန်ယင်နေသည်။

သို့သော် ထိုမျှနှင့် မလုံလောက်သေးပေ။ ယွီရှူးနင်က သူ၏ အရေပြားဆက် လက်သည်းခွံများကို ဆန့်ထုတ်လိုက်ပြီး သူ၏ အရှေ့ရှိ နူးညံ့ပြီး စိုစွတ်နေသည့် အပေါက်လေးကို စူးစမ်းချင်နေတော့၏။

ရေသူများတွင် သဘာဝအားဖြင့် လိင်သုံးမျိုး ရှိပြီး (ကျား/မ/ဒွိလိင်) သူ၏ မူလ ဒွိလိင် (လိင်အင်္ဂါနှစ်မျိုးလုံးပါရှိခြင်း) အခြေအနေမှာ ဤအထဲသို့ ပါလာခဲ့ခြင်း ဖြစ်သည်။ ဤရေသူလေး၏ ခန္ဓာကိုယ်ကလည်း အတူတူပင် ဖြစ်သဖြင့် လိင်တံကိုသာ ပွတ်သပ်ပေးရုံဖြင့် ယွီရှုးနင်အတွက် မလုံလောက်တော့ချေ။

ယင်ဝူဝမ်က သူ၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်၏။ ရေသူလေးကို ကူညီပေးနေစဉ်အတွင်း သူက အောက်ဘက်ရှိ စိုစွတ်နေသည့် ပန်းပွင့်ချပ်လေးကို သဘာဝကျကျပင် ရှာတွေ့သွားခဲ့သည်။ ရေသူလေးမှာ သူ၏ ကိုယ်ပိုင် အင်အားကို သတိမထားမိဘဲ ကိုယ့်ကိုယ်ကိုယ် နာကျင်စေမည်ကို စိုးရိမ်သဖြင့် အနည်းငယ်မျှပင် မလှုပ်ရဲချေ။ သူက ယင်ဝူဝမ်ကိုသာ ကိုင်တွယ်ခွင့် ပြုရတော့မည် ဖြစ်သည်။

ယင်ဝူဝမ်က သူ၏ ကျန်လက်တစ်ဖက်ကို လှမ်းလိုက်ပြီး စိုစွတ်နေသည့် အပေါက်ငယ်လေးကို ရှာတွေ့သွား၏။ သူ၏ လက်ချောင်းများက နူးညံ့ပြီး အိစက်နေသည့် အသားစများထဲသို့ နစ်ဝင်သွားသည်။ အထဲသို့ ဝင်ရောက်သွားချိန်တွင် အလွန်တရာ ကျဉ်းမြောင်းပြီး တင်းကျပ်နေသည့် နူးညံ့သော အတွင်းနံရံများ၏ ဆုပ်ကိုင်ခြင်းကို ခံလိုက်ရ၏။ ရှည်လျားသည့် လက်ချောင်းများဖြင့်ပင် ဆွဲဆန့်ခံထားရသကဲ့သို့ ခံစားလိုက်ရသည်။ ယွီရှူးနင်က ညည်းတွားလိုက်ပြီး အသက်ရှူသံ ခပ်ပြင်းပြင်း အနည်းငယ် ထွက်လာသည်။

အမျိုးသားက သူ၏ လိင်တံကို ပွတ်သပ်နှိပ်နယ်ပေးနေစဉ် သူ၏ လက်ချောင်းများကို အသုံးပြု၍ နူးညံ့သည့် လမ်းကြောင်းလေးထဲသို့ ဝင်လိုက်ထွက်လိုက် လုပ်ပေးနေပြီး စိုစွတ်နေသည့် လမ်းကြောင်းလေးကို မွှေနှောက်ကာ ညင်သာစွာ ပွတ်တိုက်နှိပ်နယ်ပေးနေ၏။ ထိုနေရာလေး ပြေလျော့သွားသောအခါ သူက နောက်ထပ် လက်ချောင်းတစ်ချောင်းကို ထပ်ထည့်လိုက်ပြီး အဝင်အထွက် အရှိန်ကို မြှင့်လိုက်သည်။

“အင်း….”

ယွီရှူးနင်မှာ လှုံ့ဆော်မှုများကြောင့် တစ်ကိုယ်လုံး တုန်ယင်နေပြီး မျက်ရည်များက ကုတင်ပေါ်သို့ လိမ့်ဆင်းလာကာ ရေအိုင်ငယ်လေးတစ်ခု ဖြစ်သွားတော့၏။ သူက ဗီဇအရပင် သူ အရင်းနှီးဆုံးနှင့် အမှီခိုဆုံးဖြစ်သည့် လူကို ရှာဖွေလိုက်ပြီး ခေါင်းကို နောက်သို့လှန်ကာ အမျိုးသား၏ နှုတ်ခမ်းများကို ရှာဖွေပြီး နှစ်သိမ့်မှုကို လိုလားနေတော့သည်။

“လိမ္မာတယ်….”

ယင်ဝူဝမ်က ခေါင်းငုံ့ကာ သူ၏ နှုတ်ခမ်းများကို နမ်းလိုက်ပြီး သွားများ၊ လျှာ၏ အနောက်ဘက်နှင့် အာခေါင်တို့ကို လျက်လိုက်သည်။ သူ၏ လျှာက ညင်သာစွာ ချိတ်ဆက်စုပ်ယူနေသဖြင့် ရေသူလေး၏ ခါးမှာ အားပျော့သွားပြီး အမျိုးသား၏ ရင်ခွင်ထဲသို့ ပျော့ခွေစွာ မှီကျသွားတော့၏။

လမ်းကြောင်းလေးထဲသို့ သူ၏ လက်ချောင်းများ ဝင်ထွက်နေသည့် အသံမှာ ရမ္မက်ဆန်ပြီး စိုစွတ်နေသည်။ အမျိုးသား ကိုင်တွယ်ထားသည့် နူးညံ့သော လိင်တံလေးမှာ တုန်ယင်လာပြီး သုတ်ရည်များ ပန်းထွက်သွားကာ ချက်ချင်းပင် လျှို့ဝှက်နေရာလေး၏ ကြွက်သားများက သူ၏ လက်ချောင်းများကို တင်းကျပ်စွာ ဆုပ်ညှစ်လိုက်ပြီး တက်ကြွစွာ ချိုမြိန်သော ချောကျိကျိ အရည်များကို အများအပြား ပန်းထုတ်လိုက်သဖြင့် အမျိုးသား၏ လက်ဖဝါးတစ်ခုလုံး စိုရွှဲသွားတော့သည်။

“နည်းနည်း သက်သာသွားပြီလား….”

ယင်ဝူဝမ်က သူ နမ်းထားသဖြင့် နီရဲနေသော ရေသူလေး၏ နှုတ်ခမ်းများဆီမှ ခွာလိုက်ရင်း တိုးညင်းစွာ မေးလိုက်၏။

ယွီရှူးနင်က အားနည်းစွာဖြင့် ခေါင်းညိတ်လိုက်ပြီး မျက်လုံးများကို မှိတ်ကာ ခဏတာမျှ မှေးခနဲ အိပ်ပျော်သွားတော့သည်။

ထို့နောက် သူ၏ အတွင်းပိုင်းမှ လှိုင်းလုံးကြီးများကဲ့သို့ တက်လာသည့် တပ်မက်မှုများကြောင့် သူ ပြန်နိုးလာခဲ့၏။ သူ heat ဝင်နေမှု၏ တွန်းအားများမှာ အဆုံးအစမရှိသကဲ့သို့ ဖြစ်နေပြီး သူ၏ အစာစားချင်စိတ်ကိုပင် လျော့ကျသွားစေသည်။

သူက ယင်ဝူဝမ်ကို ဖက်တွယ်ထားပြီး ထွက်မသွားနိုင်စေရန်အတွက် အမြီးဖြင့် အမျိုးသား၏ လက်ကောက်ဝတ်ကို ရစ်ပတ်ထားလိုက်၏။ ဤကမ္ဘာ၏ ဗီလိန်ကြီးဟု သတ်မှတ်ခံထားရသည့် အမျိုးသားမှာ သူ၏ စရိုက်နှင့် လုံးဝ ကင်းကွာနေပြီး ဂနာမငြိမ်ဖြစ်နေသည့် ရေသူလေးကို စိတ်ရှည်လက်ရှည်ဖြင့် ချော့မော့ကာ သူ၏ ပြဿနာများကို အကြိမ်ကြိမ် ဖြေရှင်းပေးနေတော့သည်။

ဆင်းရဲဒုက္ခများလှသည့် heat ဝင်ချိန်ကြီး နောက်ဆုံးတွင် ပြီးဆုံးသွားသောအခါ ယွီရှူးနင်ခမျာ သက်ပြင်းချလိုက်ပြီး ရေချိုးကန်ထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့၏။

ဒီလို ကြောက်စရာကောင်းတဲ့ heat ဝင်တဲ့အချိန်ကြီးကို ထပ်ခံစားရမယ့်အစား စာအုပ် ဆယ်အုပ်လောက် ကူးရေးရတာကမှ ပိုကောင်းဦးမယ်!

Chapter 4 ended

ရူးသွပ်နေသော ဗီလိန်များကို ကယ်တင်ရင်း အမြဲတမ်း အဖာ့ခ်ခံနေရသော ကျွန်တော်

ရူးသွပ်နေသော ဗီလိန်များကို ကယ်တင်ရင်း အမြဲတမ်း အဖာ့ခ်ခံနေရသော ကျွန်တော်

Status: Ongoing Type: Author:
Title - ရူးသွပ်နေသော ဗီလိန်များကို ကယ်တင်ရင်း အမြဲတမ်း အဖာ့ခ်ခံနေရသော ကျွန်တော်   Description     ကူးပြောင်းသွားသည့် ကမ္ဘာကြီးမှာ ပြိုကျပျက်စီးသွားပြီး ပင်မနတ်ဘုရားမှာလည်း ပျောက်ဆုံးသွားလေ၏။ ကမ္ဘာတစ်ခုချင်းစီမှ ရွေးချယ်ခံရသူများမှာ ဖောက်ပြန်ပျက်စီးသွားကြပြီး ရူးသွပ်နေသော ဗီလိန်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။   ယွီရှူးနင်သည် system 520 ၏ ရွေးချယ်ခြင်းကို ခံလိုက်ရပြီး ပင်မနတ်ဘုရား ပြန်လည်နိုးထလာစေရန်အတွက် ကမ္ဘာတစ်ခုချင်းစီသို့ သွားရောက်ကာ ထိုရွေးချယ်ခံရသူများကို ကယ်တင်ပေးပြီး ကမ္ဘာကြီး၏ စွမ်းအင်များကို ပြန်လည်ဖြည့်တင်းပေးရမည်ဖြစ်သည်။   system 520 - [မင်းမှာ ကမ္ဘာတိုင်းအတွက် အလန်းစား cheat စွမ်းရည်တစ်ခုစီ ရှိလိမ့်မယ်]   ယွီရှူးနင် (ပျော်ရွှင်စွာဖြင့်) - "တကယ်လား"   System 520 - [အဲဒီလိုပဲ ဆန့်ကျင်ဘက်အနေနဲ့ မင်းမှာ ကမ္ဘာတိုင်းအတွက် ချို့ယွင်းချက် တစ်ခုစီလည်း ရှိနေလိမ့်မယ်]   ယွီရှူးနင် (ကြောင်တောင်တောင်ဖြင့်) - "ဟင်..."   ဖြစ်နိုင်ချေရှိသော ချို့ယွင်းချက်များ - အသံပျောက်ခြင်း၊ အထိအတွေ့ငတ်မွတ်ခြင်း ၊ ခြေနှစ်ဖက်စလုံး သွက်ချာပါဒလိုက်ခြင်း၊ မျက်မမြင်ဖြစ်ခြင်း၊ နာကျင်မှုကို အာရုံခံလွယ်ခြင်း၊ သွေးဆာခြင်း...   *****   ယွီရှုးနင်သည် ရွေးချယ်ခံရသူ၏ ရှေ့တွင် ရပ်နေရင်း အကြောက်လွန်ကာ တုန်ယင်နေလေ၏။   "စနစ်... သူ့ကို ကြည့်ရတာ သိပ်ကြောက်စရာကောင်းတာပဲ... ငါ သူ့ကို တကယ် ကယ်တင်နိုင်ပါ့မလား"   System 520 - [ရပါတယ်၊ သူ့ကို ပြုံးပြကြည့်လိုက်]   ယွီရှူးနင်က စကားနားထောင်စွာဖြင့် အလွန်ချိုသာပြီး ချစ်ဖို့ကောင်းသော အပြုံးလေးတစ်ခုကို ပြုံးပြလိုက်သည်။ ထိုအခါ ရွေးချယ်ခံရသူ၏ အငွေ့အသက်များ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည့်အပြင် ထိုသူ၏ မျက်လုံးများကလည်း သူ့ကို အရှင်လတ်လတ် ဝါးစားပစ်ချင်နေသည့်အလား ဖြစ်နေသည်ကိုလည်း မြင်လိုက်ရ၏။   .....QAQ   ယွီရှူးနင်လေးမှာ ဝမ်းနည်းပက်လက် ငိုချလိုက်လေတော့၏။   "သူ... သူက ပိုတောင် ကြောက်စရာကောင်းလာသေးတယ်..."   System 520 က သူ့ကို နှစ်သိမ့်ပေးလာသည်။   [ကိစ္စမရှိဘူး၊ မင်း အောင်မြင်သွားပြီ]   *   ကမ္ဘာအသီးသီးမှ ရွေးချယ်ခံရသူများ၏ လှိမ့်ပိမ့်ဖာ့ခ်ခြင်းကို ခံလိုက်ရသော ယွီရှူးနင်လေးမှာ မျက်ရည်များ ဝဲတက်လာခဲ့သည်။   "ဝူး ဝူး... စနစ် မင်း... မင်းက ကယ်တင်ရမယ့်နည်းလမ်းက ဒါမျိုးကြီးဆိုတာ ငါ့ကို မပြောခဲ့ဘူးလေ..."   သူ၏မျက်ရည်ပေါက်ကြီးများမှာ ကြီးမားလှပြီး ကြည်လင်နေလေ၏။   "ကမ္ဘာတစ်ခုမှာ ရွေးချယ်ခံရတဲ့သူက တစ်ယောက်မကဘူးဆိုတာကိုလည်း မင်း ငါ့ကို မပြောခဲ့ဘူး... ဝူး ဝူး ဝူး..."   System 520 မှာ အပြစ်ရှိသလို ခံစားလိုက်ရသည်။   [မငိုနဲ့တော့၊ ငါ မင်းကို သကြားလုံး ကျွေးမယ်]   ယွီရှူးနင်သည် ရှိုက်ငိုနေရင်း သကြားလုံးကို စားလိုက်သည်။   "စောက်ကျင့်ယုတ်တဲ့ စနစ်... မင်း ငါ့ကို နောက်ထပ် တစ်ခုခု ဖုံးကွယ်ထားဦးမယ်ဆိုရင် မင်းကို ဘယ်တော့မှ စကားမပြောတော့ဘူး"   System 520 - [ဒါအကုန်ပဲ]   မဟုတ်သေးဘူး၊ နောက်ထပ်တစ်ခု ကျန်သေးသည်ဟု system 520က စိတ်ထဲမှ တွေးလိုက်၏။ သူ၏ host လေးက သိပ်ကို ချစ်ဖို့ကောင်းနေတာပဲ။   *****   ★ world 1 - ကြယ်တာရာခေတ် / နောက်ဆုံးကျန်ရစ်သော ရေသူထီးလေး (1v1)   ★ world 2 - မှုခင်းစုံစမ်းရေး / ဆင်ခြေဖုံးက တိုက်အိုကြီးထဲတွင် နေထိုင်သည့် မျက်မမြင် ကောင်လေးတစ်ယောက် (1v2)   ★ world 3 - သားရဲလူသားကမ္ဘာ / နာကျင်မှုကို အာရုံခံလွယ်တာလား၊ သူက နဂိုကတည်းက နာမှာကိုကြောက်တတ်ပါတယ်ဆိုနေမှ (1v3)   ★ world 4 - ရှေးခေတ် / ဒီလူက ဘယ်သူလဲ၊ သူ့သွေးနံ့လေးက သိပ်မွှေးတာပဲ (╹﹃╹ ) (1v1)   ★ world 5 - စင်တီနယ် - Guide / အသံပျောက်သွားလို့ အကူအညီတောင် မတောင်းနိုင်တော့ဘူး (1v2) (ဒီကမ္ဘာက guideverse လိုမျိုးပါပဲ။manhwa ဖတ်တဲ့လူတွေဆို သိလိမ့်မယ်)   ★ world 6 - အဆုံးမဲ့ဂိမ်း / သူ့ရဲ့ညာဘက်နားလေးတော့ လုံးဝကို ဆွံ့အသွားပြီ... (1v2)   ★ world 7 - ဖုန်းယွမ်တိုက်ကြီး / လွန်ခဲ့သော နှစ်တစ်ထောင်ဆီသို့ ပြန်သွားခြင်း   ★ world 8 - extra / ခေတ်သစ်ကမ္ဘာ     ————————   ★ မရေမတွက်နိုင်သော ကိုယ်ပွားများဖြင့် ခွဲထွက်နေသည့် ကုန်း။   ကမ္ဘာတစ်ခုစီတိုင်းမှာ ကုန်းအရေအတွက်က ကွာခြားပါတယ်။ တစ်ယောက်စီတိုင်းက ရူးသွပ်ပြီး စိတ်ထားကောက်ကျစ်နေတဲ့ စောက်ရူးနှာဗူးကောင်တွေချည်းပဲ။   ရှို့ကတော့ သကြားလုံးတစ်လုံးတည်းနဲ့ အလွယ်တကူ သိမ်းသွင်းလို့ရတဲ့ အပြစ်ကင်းစင်တဲ့ အသည်းယားစရာ ကောင်လေးပါ။ နောက်ပြီး ဒွိလိင်ပါ။   ————————   ★ 1v1, high H, Smut, R18   ————————   MC လေးက သိပ်ကို ချစ်ဖို့ကောင်းပြီး အရူးလုပ်ရ သိပ်လွယ်တာ။ တကယ်လို့ ဉာဏ်ကောင်းတဲ့ MC မျိုး ဒါမှမဟုတ် ကြာပန်းနက်မျိုးကို ဖတ်ချင်တယ်ဆိုရင်တော့ ဒီဇာတ်လမ်းနဲ့ အဆင်မပြေပါ။ --- WARNING ❗❗❗ SMUT / NSFW ပါ။ 21+ Novel ပါ။ စကားလုံးများ ညစ်ညမ်းရိုင်းစိုင်းပါတယ်။ uke က ဒွိလိင်ပါ။ ကလေးငယ်များဖတ်ရန် လုံးဝ မသင့်တော်ပါ။    

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset