⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 5+6

Chapter 5

World 1 – Chapter 5

ထပ်ပုန်းနေရင် မင်းကို ရိုက်ရလိမ့်မယ်၊ ဒေတာတွေကို ဖွင့်ချဖို့ ဓာတ်ခွဲခန်းကို ဖျက်ဆီးခြင်း ၊ ရေသူလေးကို ခေါ်ဆောင်သွားခြင်းနှင့် အနစ်နာခံသည့် အနမ်း

 

*****

 

heat ဝင်သည့်အချိန် ပြီးဆုံးသွားပြီးနောက် ယွီရှူးနင်က ဗီလိန်ကြီးကို တကယ် ရှောင်ဖယ်ချင်နေခဲ့သော်လည်း အခန်းက သေးငယ်လွန်းသဖြင့် ဗီလိန်ကြီးက သူ့ကို လျင်မြန်စွာ ဖမ်းမိသွားပြီး ပေါင်ပေါ်တွင် အတင်းအကျပ် ထိုင်ခိုင်းကာ သူ၏ရှေ့တွင် စာအုပ်တစ်အုပ်ကို ဘုန်းခနဲ ချလိုက်၏။

 

အမျိုးသားက ရက်စက်သည့် အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။

 

“အရင်ကတော့ မင်းကို ပုန်းခွင့်ပေးထားခဲ့ပေမယ့် ဒီနေ့ကစပြီး နှစ်ဆ ကြိုးစားရလိမ့်မယ်….”

 

ယွီရှူးနင် – “….”

 

ဟက်… နှစ်ဆ? ငါက အဲဒီထက်တောင် ပိုပြီး ဆပွားပေးလိုက်ဦးမယ်!

 

“မဖြစ်နိုင်တာ… တခြားလူရဲ့ ပါးစပ်ထဲက သကြားလုံးကိုတောင် လုစားရဲတဲ့ နင်နင်က အခုကျမှ ရှက်နေတာလား…. ဟုတ်လား….”

 

ယင်ဝူဝမ်က သူ၏လက်ထဲမှ ဂျင်ဂိုစေ့တစ်စေ့ကို မြှောက်ကစားလိုက်ရာ လေထုထဲတွင် သရော်လှောင်ပြောင်နေသည့် အငွေ့အသက်များ ဖုံးလွှမ်းနေသည်ကို ယွီရှူးနင် ခံစားလိုက်ရ၏။

 

ယွီရှူးနင်က အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် “….ခင်ဗျားက ဆိုးတယ်! ” ဟု ပြောလိုက်သည်။

 

“အခုဆို မင်းက မနားတမ်း စကားလုံး နှစ်လုံး ပြောနိုင်နေပြီပဲ… ကြည့်ရတာ နင်နင်က စကားပြောဖို့ လှုံ့ဆော်မှု နည်းနည်း လိုနေတာပဲ ဟုတ်လား….”

 

ယင်ဝူဝမ်က ဂျင်ဂိုစေ့ကို သူ၏ လက်ဖြင့် အပေါက်ဖောက်လိုက်၏။

 

“ဒီကိုလာပြီး သောက်… မဟုတ်ရင် မင်းကို ရိုက်ရလိမ့်မယ်….”

 

ယွီရှူးနင်က နှုတ်ခမ်းဆူကာ သွားလိုက်ပြီး ဂျင်ဂိုစေ့ကို လက်ဖြင့် အုပ်ကိုင်ကာ မွှေးပျံ့သည့် အရည်များကို စုပ်ယူလိုက်သည်။

 

ယင်ဝူဝမ်က သူ၏ ဖောင်းအိနေသည့် ပါးလေးများကို ထိုးလိုက်ပြီး စူးစမ်းချင်စိတ်ဖြင့် မေးလိုက်၏။

 

“ဒါနဲ့ ရေသူတွေရဲ့ တင်ပါးက ဘယ်မှာလဲ…. ခန္ဓာကိုယ် တည်ဆောက်ပုံအရဆိုရင် နေရာချင်း အတူတူပဲ မဟုတ်ဘူးလား….”

 

သူက ပြောရင်းဆိုရင်း လက်လှမ်းကာ ရေသူလေးကို ကောက်မလိုက်ပြီး သူ၏ အမြီးပေါ်သို့ လက်ဖြင့် ပွတ်သပ်လိုက်ကာ အမြီးဖျားလေးကို ကျွမ်းကျင်စွာ ပွတ်နယ်ဆွဲညှစ်လိုက်သည်။

 

အကယ်၍ ယွီရှူးနင်သာ ကြောင်တစ်ကောင်ဖြစ်ပါက သူ့ကို လာစမ်းသပ်နေသည့် ဗီလိန်ကြီးကို သူ၏ သွားများ၊ လက်သည်းများနှင့် ကုတ်ခြစ်ကိုက်ခဲနေလောက်ပြီ ဖြစ်၏။ သို့သော် ယခုအချိန်တွင် သူက သနားစရာကောင်းပြီး အကူအညီမဲ့နေသည့် ရေသူလေးသာ ဖြစ်နေသဖြင့် ခေါင်းလေးငိုက်ကျကာ သူ၏ အမြီးကိုသာ ကွေးထားနိုင်တော့သည်။

 

ယွီရှူးနင်က အသုံးများသည့် စာလုံးများအားလုံးကို သင်ယူပြီးသွားချိန်တွင် ယင်ဝူဝမ်က ရုတ်တရက် သူ့ကို ဖက်လိုက်ပြီး ပြောလာ၏။

 

“နင်နင်… ပြင်ပကမ္ဘာကို ကြည့်ချင်လား….”

 

ယွီရှူးနင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

 

“ဟင်….”

 

သူတို့ ကြည့်ချင်တယ်ဆိုရင်တောင် အရင်ဆုံး အပြင်ထွက်ရဦးမယ် မဟုတ်လား။

 

“မကြာခင် ရောက်တော့မှာပါ….”

 

ယင်ဝူဝမ်က ခေါင်းငုံ့ကာ ရေသူလေး၏ နူးညံ့သည့် နှုတ်ခမ်းကို ရှာတွေ့သွားပြီး နက်ရှိုင်းစွာ နမ်းရှိုက်လိုက်၏။ သူ၏ လျှာက ရေသူလေး၏ နူးညံ့စိုစွတ်သည့် ပါးစပ်လေးကို လျက်ကာ ပွတ်သပ်လိုက်ပြီး သဲ့သဲ့လေး ရနေသည့် နွားနို့အရသာကို မြည်းစမ်းလိုက်ရာ နီရဲနုနယ်နေသည့် လျှာလေးမှာ ကျင်စက်စက် ဖြစ်သွားတော့သည်။

 

ရုတ်တရက် အနမ်းခံလိုက်ရသဖြင့် ယွီရှူးနင်မှာ နီရဲနေသည့် နှုတ်ခမ်းလေးကို စေ့ထားလိုက်ပြီး သူ၏ ခေါင်းထဲတွင် မေးခွန်းထုတ်စရာများ ပြည့်နှက်သွားတော့၏။

 

ယွီရှူးနင်က ယင်ဝူဝမ် အလကားသက်သက် ပြောနေသည်ဟုသာ ထင်ကာ သိပ်ဂရုမစိုက်ခဲ့ချေ။

 

သို့သော် ရက်အနည်းငယ်ကြာပြီးနောက် သူ နိုးလာပြီး ယင်ဝူဝမ်ကို သကြားလုံး ပူဆာနေချိန်တွင် ယင်ဝူဝမ်က သူ့ကို ရင်ခွင်ထဲသို့ သွင်းလိုက်ပြီး သူ၏ နူးညံ့သည့် ဆံပင်များကို ဖွလိုက်၏။

 

“မကြောက်နဲ့နော်… ပြီးတော့ အသံလည်း မထွက်နဲ့….”

 

ယင်ဝူဝမ်က ဩဇာပါသည့် အသံဖြင့် ပြောလိုက်သည်။

 

ယွီရှူးနင်က သူ့ခါးကို ဖက်ထားသည့် အမျိုးသား၏ လက်မောင်းကို ဆုပ်ကိုင်ထားပြီး သူ၏ ငါးအမြီးလေးမှာ ယိမ်းယိုင်နေကာ မျက်နှာပေါ်တွင် ဇဝေဇဝါ ဖြစ်နေမှုများ အပြည့်ဖြင့် …

 

“ဆာတယ်….”

 

ယင်ဝူဝမ်က ပိုမို တင်းကျပ်စွာ ဖက်ထားလိုက်၏။

 

“လိမ္မာတယ်… ခဏနေမှ စားရမယ်… ငါ မင်းကို သကြားလုံး နှစ်လုံး ပေးမယ်….”

 

“အို….”

 

ယွီရှူးနင် ငြိမ်ကျသွားပြီး သူ၏ ဝိုင်းစက်နေသည့် မျက်လုံးလေးများက စူးစမ်းချင်စိတ်များ အပြည့်ဖြင့် အမျိုးသားကို ကြည့်နေကာ ဗီလိန်ကြီး ဘာတွေ ကြံစည်နေသလဲဆိုတာကို သူ မသိချေ။

 

ယင်ဝူဝမ်က တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသကဲ့သို့ တိတ်ဆိတ်စွာ ရပ်နေ၏။ စက္ကန့်အနည်းငယ် အကြာတွင် ကြီးမားသည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

 

“!!”

 

ယွီရှူးနင်မှာ အလွန်တရာ လန့်သွားသဖြင့် ယင်ဝူဝမ်၏ ရင်ခွင်ထဲသို့ တိုးဝင်သွားပြီး သူ၏ ချွန်ထက်သည့် အရေပြားဆက် လက်သည်းခွံများနှင့် သွားများကို ထုတ်ဖော်ကာ အပြင်ဘက်ကို သတိထားပြီး ခိုးကြည့်လိုက်၏။

 

ယင်ဝူဝမ်က သူ့ကို စိတ်အေးသွားစေရန် ပုတ်ပေးလိုက်ပြီး သူ၏ နက်မှောင်နေသည့် မျက်လုံးများထဲတွင် ရှုပ်ထွေးသည့် ခံစားချက်များ ဖြတ်ပြေးသွားသည်။

 

သူ၏ အတိတ်ဘဝက မြင်ကွင်းများမှာ အပိုင်းအစများကဲ့သို့ ခေါင်းထဲတွင် ဖြတ်ပြေးသွား၏။ ခွန်အားက အရာအားလုံးကို အနိုင်ယူနိုင်သည်ဆိုသည့် ရိုးရှင်းသည့် ယုံကြည်မှု၊ သူ၏ ကနဦး အောင်မြင်မှုများအပြီးတွင် ကျဆင်းသွားခဲ့ရမှု…

 

သုတေသနဌာန၏ အမြဲတမ်း စူးရှနေသည့် မီးရောင်များ၊ ငါးနှစ်တိုင်တိုင် အကျဉ်းချခံရပြီး ပြန်လည် ပြုပြင်မွမ်းမံခံရသည့် နာကျင်မှုများ၊ အထက်ပိုင်းက သူ၏ အသိစိတ်များကို ဖျက်ဆီးပြီး နာခံတတ်သည့် ကိရိယာတစ်ခုအဖြစ် ပြောင်းလဲပစ်ချင်နေကြောင်း သိလိုက်ရချိန်တွင် ဖြစ်ပေါ်လာသည့် ဒေါသများ…

 

ထို့နောက် ကျေးကျွန်များကဲ့သို့ အသက်ချမ်းသာပေးရန် တောင်းပန်မှုများ၊ အထက်တန်းလွှာတို့၏ ရွံရှာဖွယ် အပြုအမူများ၊ အရာအားလုံး ဖျက်ဆီးခံလိုက်ရပြီးနောက် ဖြစ်ပေါ်လာသည့် ဟာလာဟင်းလင်း ဖြစ်မှုနှင့် စိတ်ပျက်လက်ပျက် ဖြစ်မှုများ၊ လူသားများ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးနေကြသည်ကို ကြည့်နေချိန်တွင် ဖြစ်ပေါ်လာသည့် အေးစက်ပြီး ဂရုမစိုက်သည့် ခံစားချက်များ။ သူ ကိုယ်တိုင် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်သွားရန် ဆုံးဖြတ်လိုက်သည့် နေ့တွင် အရာအားလုံး အဆုံးသတ်သွားခဲ့သည်။

 

သူ နောက်တစ်ကြိမ် ပြန်လည် နိုးထလာချိန်တွင် ရင်းနှီးနေသည့် ထိုဓာတ်ခွဲခန်းထဲ၌ပင် ဖြစ်ပြီး ထိုလူများက သူ့ကို လေးစားမှု အကြွင်းအကျန် အနည်းငယ်ဖြင့် ဗိုလ်ချုပ်ကြီးဟု ခေါ်ဝေါ်နေကြဆဲပင်။ သူက ထိုလူများကို ခါးသီးသည့် အပြုံးတစ်ခုဖြင့် ကြည့်နေလိုက်၏။

 

သို့သော် ယခုတစ်ကြိမ်တွင်မူ ရေသူလေးတစ်ကောင် ရှိနေသည်။

 

လှပပြီး၊ ချွဲနွဲ့တတ်ကာ၊ စကားနားထောင်ပြီး ရယ်စရာကောင်းသည့် ရေသူလေး။

 

ရေသူလေး အသစ်ရောက်လာသည့်အတွက် သူ၏ ယခင်ဘဝက အဆင့်များကို သူ ထပ်မလုပ်ချင်တော့ပေ။ ရေသူလေးက ပြင်ပကမ္ဘာကို တစ်ခါမှ မမြင်ဖူးချေ။ သူ စားဖူးသမျှထဲတွင် အကောင်းဆုံးအရာမှာ ရိုးရှင်းသည့် သကြားလုံး တစ်လုံးသာ ဖြစ်၏။ သူက “ဘိုဘိုရဲ့ စွန့်စားခန်းများ” ကို ကြည့်ရသည်ကို သဘောကျသော်လည်း ကျယ်ပြောပြီး ခမ်းနားလှသည့် စကြဝဠာကြီးကို ကိုယ်တိုင် မမြင်တွေ့နိုင်ပေ။

 

သူတစ်ယောက်တည်းသာ ဤသုတေသနဌာနထဲတွင် ဆွေးမြည့်သွားခဲ့ရသည်မှာ လုံလောက်ပြီဖြစ်ပြီး ရေသူလေးကတော့ ဒီထက်ပိုကောင်းသည့် အရာများနှင့် ထိုက်တန်သည်ဟု ယင်ဝူဝမ်က တွေးလိုက်၏။

 

ဒီနေ့ပဲ အရာအားလုံးကို အဆုံးသတ်လိုက်ကြတာပေါ့။

 

ရေသူလေး ရောက်လာသည့်နေ့ကတည်းက သူ ဤနေ့အတွက် စီစဉ်နေခဲ့ခြင်း ဖြစ်သည်။

 

ကျယ်လောင်သည့် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်နေပြီး စူးရှသည့် နှိုးဆော်သံများနှင့် အနီရောင် မီးလုံးများ တစ်ပြိုင်နက် လင်းလက်လာကာ အပြင်ဘက်ရှိ အစောင့်များလည်း လှုပ်လှုပ်ရွရွ ဖြစ်လာပြီး အခြေအနေကို စုံစမ်းရန် အဖွဲ့ အနည်းငယ် ခွဲလိုက်ကြ၏။

 

ယွီရှူးနင်က အမျိုးသား၏ ခါးကို ဖက်ထားရင်း ဒီအမျိုးသားက ကြီးမားသည့် တံခါးကြီးကို လက်ဝှေ့ယမ်းကာ ဖွင့်လိုက်ပြီး ဝင်ပေါက်ရှိ အစောင့်များကို အားစိုက်စရာမလိုဘဲ လဲကျသွားအောင် လုပ်လိုက်သည်ကို အံ့သြတကြီးဖြင့် ပါးစပ်အဟောင်းသား ကြည့်နေမိသည်။

 

[ဘာ… ဘာတွေ ဖြစ်နေတာလဲ စနစ်…]

ယွီရှူးနင်က စနစ်ကို အသည်းအသန် ခေါ်လိုက်၏။ [ဇာတ်လမ်းက လုံးဝကို လမ်းလွဲသွားပြီ!]

 

System 520 – [ရှာဖွေနေပါတယ်….]

 

ယွီရှူးနင်က ယင်ဝူဝမ်ကို ကြီးမားသည့် အလှဆင်ပစ္စည်းတစ်ခုကဲ့သို့ ဖက်တွယ်ထားပြီး မေးစေ့ကို အမျိုးသား၏ ပခုံးပေါ်တွင် တင်ထားလိုက်၏။ အမျိုးသား၏ တည်ငြိမ်ပြီး အားကောင်းလှသည့် နှလုံးခုန်သံကို သူ၏ အရေပြားပေါ်မှတစ်ဆင့် ခံစားလိုက်ရချိန်တွင် သူ ဖြည်းဖြည်းချင်း တည်ငြိမ်သွားတော့သည်။

 

ဘာပဲဖြစ်ဖြစ် သူက ဇာတ်လမ်းကို ပြောင်းလဲပစ်တော့မှာပဲလေ။

 

ယင်ဝူဝမ်က ကောက်ကျစ်သည့် ဟာသဉာဏ်ရှိပြီး သူ့ကို စနောက်ရသည်ကို သဘောကျကာ သူ၏ နှုတ်ခမ်းများ ရောင်ရမ်းလာသည်အထိ မကြာခဏ စုပ်နမ်းတတ်သော်လည်း ထိုလူက… သူ၏ ဆံပင်များကို လှပစွာ ကျစ်ပေးတတ်ပြီး သူစားနိုင်သည့် အစားအစာ မျိုးစုံကို ရှာဖွေပေးကာ ဤကမ္ဘာတွင် အသက်ရှင်သန်နိုင်မည့် နည်းလမ်းများကို သင်ပေးခဲ့သည်။

 

ယွီရှူးနင် တစ်ခုခု လိုအပ်တိုင်း ယင်ဝူဝမ်က သူ၏ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးခဲ့၏။

 

ယွီရှူးနင်က မူလတုန်းက သူ၏ စိတ်စွမ်းအားများကို လေ့ကျင့်ချင်ခဲ့သည်။ ရေသူများ၏ စိတ်စွမ်းအားကို စိတ်ပိုင်းဆိုင်ရာ ကုသမှုများအတွက် အသုံးပြုနိုင်သဖြင့် ၎င်းက စိတ်ပိုင်းဆိုင်ရာ အဆင့်ကို တိုက်ရိုက် သက်ရောက်မှု ရှိ၏။ ကုသပေးနိုင်သကဲ့သို့ သဘာဝကျကျပင် ဒဏ်ရာလည်း ရစေနိုင်သည်။

 

သုတေသနဌာနက ၎င်းတို့၏ “နတ်ဘုရားဖန်တီးခြင်း စီမံကိန်း” ကို စတင်လုပ်ဆောင်နေသည်မှာ တစ်နှစ်ပင် မပြည့်သေးဘဲ ဗီလိန်ကြီး မကောင်းဆိုးဝါးဖြစ်သွားပြီး ဖျက်ဆီးပစ်မည့် အချိန်ရောက်ရန်လည်း အများကြီး လိုပါသေးသည်။ သူက ယင်ဝူဝမ်ကို ဓာတ်ခွဲခန်းထဲမှ ခေါ်ထုတ်သွားနိုင်လောက်အောင် အစွမ်းထက်လာမည့် အချိန်အထိ စောင့်ချင်ခဲ့ပြီး ထိုအခါမှ သူတို့နှစ်ယောက် အတူတကွ ပူးပေါင်းကြမည်ပင်။

 

ဒါမဲ့ ယင်ဝူဝမ်က ဒီလောက် မြန်မြန် ထွက်ပြေးလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ?!

 

ယွီရှူးနင်တစ်ယောက် ပေါက်ကွဲမှုကို ဘယ်လို ဖန်တီးလိုက်သလဲ ဆိုသည်ကိုလည်းကောင်း၊ ဗီလိန်ကြီး၏ စွမ်းအားက တစ်နှစ်အတွင်း ဘယ်လိုလုပ်ပြီး ဤမျှလောက် အစွမ်းထက်လာရသလဲ ဆိုသည်ကိုလည်းကောင်း နားမလည်နိုင်အောင် ဖြစ်နေတော့၏။

 

သူ စဉ်းစားလို့ မရခင်မှာပဲ အနောက်မှ ပြေးလာကြသော အစောင့်များက သေနတ်ကဲ့သို့သော လက်နက်များကို သူတို့နှစ်ဦးထံ ချိန်ရွယ်ထားသည်ကို ယွီရှူးနင် မြင်လိုက်ရသည်။ သူ လန့်သွားပြီး ဗီဇအရပင် သူ၏ စိတ်စွမ်းအားများကို ထုတ်လွှတ်လိုက်၏။

 

အခန်းထဲမှ ထွက်လာပြီးနောက် သူ အခြေအနေ ပြန်ကောင်းလာခဲ့သည်။ သူ၏ နူးညံ့သော်လည်း ကြံ့ခိုင်သည့် စိတ်စွမ်းအားများက သူ၏ ထိန်းချုပ်မှုအောက်တွင် အစောင့်များ၏ ဦးနှောက်ထဲသို့ ဝင်ရောက်သွား၏။ သူ၏ လက်ကောက်ဝတ်ကို အနည်းငယ် ဝှေ့ယမ်းလိုက်ရုံဖြင့် လိုက်ဖမ်းလာသူများမှာ ရိတ်သိမ်းခံရသည့် ဂျုံပင်များကဲ့သို့ လဲကျသွားတော့သည်။

 

ယွီရှူးနင်က သူ၏ မျက်စိရှေ့မှ အရာအားလုံးကို ဖြူရော်နေသည့် မျက်နှာဖြင့် ကြောင်တောင်တောင် ကြည့်နေမိ၏။

 

ယင်ဝူဝမ်က သတိထားမိသွားပြီး သူ၏ နားရွက်ကို ဆွဲညှစ်လိုက်သည်။

 

“စိတ်မပူပါနဲ့… သူတို့တွေ မသေပါဘူး၊ သတိလစ်သွားရုံတင်ပါ….”

 

ရေသူလေး သက်ပြင်းချသွားသည်ကို မြင်သောအခါ သူက အနမ်းတစ်ပွင့်ဖြင့် ဆုချလိုက်၏။

 

 “နင်နင်က သိပ်တော်တာပဲ… မင်း ကိုယ့်ကို အများကြီး ကူညီပေးခဲ့တာပဲ….”

 

“အင်း!”

 

ယွီရှူးနင် အနည်းငယ် နေလို့ကောင်းသွားပြီး မျက်နှာကို အမျိုးသား၏ ပခုံးထဲ၌ ဝှက်ကာ ချစ်စနိုးဖြင့် ပွတ်သပ်လိုက်သည်။

 

ယင်ဝူဝမ်က အပြင်ဘက်သို့ ထွက်မသွားဘဲ ဗဟိုချက်ဆီသို့ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်သွားသည်ကို သူ သတိထားမိလိုက်၏။ အထဲတွင် အစောင့်များ သိပ်မရှိသော်လည်း ယင်ဝူဝမ်က ထပ်ခါတလဲလဲ ချထားသည့် စကားဝှက်များ၊ မျက်လုံးသူငယ်အိမ် စကန်ဖတ်ခြင်းများနှင့် လက်ဗွေရာ ကာကွယ်မှုများကို အကြမ်းပတမ်း ဖောက်ထွင်းဝင်ရောက်သွားသည်။

 

ဖက်ဒရယ်အစိုးရ၏ အခိုင်မာဆုံးသော အဆောက်အအုံ ပစ္စည်းများနှင့် အဆင့်အမြင့်ဆုံးသော ကာကွယ်ရေး စနစ်များမှာ ယင်ဝူဝမ်၏ အရှေ့တွင် စက္ကူများကဲ့သို့ ဖြစ်နေပြီး သူ၏ လက်ဗလာဖြင့်ပင် အလွယ်တကူ ချိုးဖျက်ခံလိုက်ရ၏။

 

နောက်ဆုံးတွင် အစောင့်များနှင့် သုတေသီများက အနားသို့ပင် မကပ်ရဲကြတော့ချေ။ သူတို့က ထွက်ပြေးရန် အလုအယက် ကြိုးစားနေကြပြီး လူတိုင်း၏ ခေါင်းထဲတွင် စကားလုံး တစ်လုံးတည်းသာ ပဲ့တင်ထပ်နေတော့သည်—

 

မကောင်းဆိုးဝါး!

 

သူတို့၏ “နတ်ဘုရားဖန်တီးခြင်း စီမံကိန်း” က တကယ်ပဲ နတ်ဘုရားကို ဖန်တီးနေခြင်း ဟုတ်ရဲ့လား? ဗိုလ်ချုပ်ယင်က မကောင်းဆိုးဝါးကြီး ဖြစ်သွားပြီ!

 

ယွီရှူးနင်က သူ ဘယ်သွားနေမှန်း မသိသဖြင့် ဇဝေဇဝါဖြင့် မေးလိုက်၏။

 

“ခင်ဗျား ထွက်မသွားဘူးလား….”

 

ယင်ဝူဝမ်က ရှင်းလင်းသည့် ရည်ရွယ်ချက်ဖြင့် လျှောက်သွားနေသည်။

 

“သွားမှာပေါ့… ဒါပေမယ့် မသွားခင် သုတေသနဌာနကို လက်ဆောင်လေး တစ်ခုလောက် ပေးခဲ့ကြရအောင်….”

 

ဗဟိုချက်ထဲတွင် သုတေသန ပညာရှင်အချို့ နေထိုင်ကြပြီး သူတို့က “နတ်ဘုရားဖန်တီးခြင်း စီမံကိန်း” ကို အဆိုပြုသူများနှင့် အကောင်အထည်ဖော်သူများ ဖြစ်ကြ၏။ ယင်ဝူဝမ် ရောက်သွားချိန်တွင် သူတို့၏ သက်တော်စောင့်များက စက်ရုပ်များထဲတွင် ရှိနေကြပြီး ကျူးကျော်လာသူထံသို့ လက်နက်များဖြင့် ချိန်ရွယ်ထားကြသည်။

 

“ဆိုတော့ မင်းတို့က ငါ့ကို ဒီလိုမျိုး ကြိုဆိုနေတာပေါ့လေ….”

 

ယင်ဝူဝမ်က အေးစက်ပြီး နက်ရှိုင်းသည့် မျက်လုံးများဖြင့် အေးအေးလူလူ ပြုံးလိုက်၏။

 

“ဒီလိုမျိုး လုပ်လိုက်ရင် ငါ့ကို သတ်နိုင်မယ်ထင်လို့ မပြေးကြတာလား….”

 

ယွီရှူးနင်က ခဏရပ်သွားပြီး အမျိုးသား၏ နားထဲသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။

 

 “စကားများရင် သေတတ်တယ်!”

 

ဗီလိန်တွေက စကားများလွန်းလို့ သေတတ်တယ်ဆိုတာ ခင်ဗျား မသိဘူးလား! အလကား စကားတွေ ပြောမနေဘဲ လိုရင်းကိုသာ သွားစမ်းပါ!

 

ယင်ဝူဝမ်၏ နက်ရှိုင်းသည့် မျက်လုံးများထဲတွင် ဆူပွက်နေသော လူသတ်ချင်စိတ်များက ချက်ချင်းပင် ပျောက်ကွယ်သွားပြီး အံ့အားသင့်သွားသည့် အရိပ်အယောင်လေးများဖြင့် အစားထိုးသွား၏။ သူက ရင်ခွင်ထဲရှိ ရေသူလေးကို ငုံ့ကြည့်လိုက်သည်။

 

 “နင်နင်… အခုဆို မင်း စကားလုံး သုံးလုံး ပြောနိုင်နေပြီပဲ….”

 

ဒီလိုအချိန်ကြီးမှာ ဘာလို့ အဲဒါကို သွားဂရုစိုက်နေရတာလဲ!

 

ယွီရှူးနင်မှာ စိတ်မရှည်စွာဖြင့် အမျိုးသား၏ ခေါင်းကို ပြန်လှည့်ပေးလိုက်၏။

 

 “သွား… သွားရိုက်တော့!”

 

ယင်ဝူဝမ်က ရယ်မောလိုက်သည်။

 “ကောင်းပြီလေ….”

 

ချောမောသည့် မျက်နှာက တဖြည်းဖြည်း မည်းနက်သွားပြီး ပြုံးနေသည့် မျက်နှာထားကလည်း ရက်စက်ပြီး ကြောက်မခန်းလိလိ အသွင်သို့ ပြောင်းလဲသွား၏။ သူ၏ ခန္ဓာကိုယ်က ပိုမို ကြီးထွားလာပြီး အင်္ကျီများ ဆုတ်ပြဲသွားကာ Zerg များတွင် တွေ့ရလေ့ရှိသည့် အတောင်ပံများက သူ၏ ကျောပြင်မှ ထွက်ပေါ်လာသည်။

 

အမျိုးသား၏ မျက်နှာမှာ ယခုအခါ လုံးဝ စိမ်းသက်သွားပြီ ဖြစ်၏။ စမ်းသပ်မှု ပြုပြင်မွမ်းမံမှုများက နောက်ဆုံးတွင် ယင်ဝူဝမ်အပေါ်တွင် အရာထင်သွားခဲ့ပြီး လူသားတစ်ယောက်မှ မကောင်းဆိုးဝါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲပစ်လိုက်ပြီ ဖြစ်သည်။

 

ဆန့်ကျင်ဘက် စက်ရုပ်များမှ ပစ်ခတ်လိုက်သည့် တိုက်ခိုက်မှုများအားလုံး အချည်းနှီး ဖြစ်သွား၏။ အမျိုးသားမှာ သာမန် အသားစများဖြင့် ဖွဲ့စည်းထားသကဲ့သို့ ထင်ရသော်လည်း တိုက်ခိုက်မှုများမှာ သူ၏ ကာကွယ်မှုများကို ဖောက်ထွင်းနိုင်ခြင်း မရှိချေ။ ထိုအစား အသစ်စက်စက် စက်ရုပ်များကသာ တဖြည်းဖြည်း ပြိုကွဲပျက်စီးလာပြီး ၎င်းမှာ အထဲမှ ထိတ်လန့်တကြား ဖြစ်နေသည့် လူသားများကို ထုတ်ဖော်ပြသနေသည်။

 

ယခင်က တည်ငြိမ်နေခဲ့သည့် အမျိုးသားတစ်ယောက်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွား၏။ သူက သူ၏ လူများကို လျှို့ဝှက်လမ်းကြောင်းမှ ထွက်ပြေးရန် အမိန့်ပေးလိုက်သည်။ သို့သော် ယင်ဝူဝမ်က တရားခံကို ထွက်ပြေးခွင့် မပေးပေ။

 

ထိုလူများ ညည်းတွားလိုက်ပြီး သူတို့၏ ခေါင်းထဲမှ ကျယ်လောင်သည့် “ဒိုင်း” ဆိုသည့် အသံကြီးကို ကြားလိုက်ရသည်။ ထို့နောက် မျက်လုံးများ ပြူးကျယ်သွားပြီး မျက်နှာအပေါက်များမှ သွေးများ ယိုစီးကျလာကာ လဲကျသွားတော့၏။

 

တုန်ရီနေသည့် အစောင့်များကို လျစ်လျူရှုကာ ယင်ဝူဝမ်က ထိန်းချုပ်ရေး ခလုတ်ခုံရှေ့တွင် ရပ်လိုက်ပြီး စကားဝှက်ကို ရိုက်ထည့်လိုက်သည်။ ထိုစကားဝှက်မှာ သူ၏ယခင်ဘဝတွင် တစ်စုံတစ်ယောက်က သူ့အသက်ကို ချမ်းသာပေးရန် တောင်းပန်စဉ်က ပေးခဲ့သည့် အပေးအယူများထဲမှ တစ်ခုဖြစ်ပြီး ပုံများ၊ စာသားများ၊ ဇယားများ အပါအဝင် ဓာတ်ခွဲခန်း၏ အချက်အလက်များ အားလုံး ဤနေရာတွင် ရှိနေသည်။

 

ယင်ဝူဝမ်က အလွန်တရာ နက်ရှိုင်းစွာ ဖုံးကွယ်ထားသည့် ဤအမှောင်ထု နေရာကြီးကို အေးစက်စွာ လှည့်ပတ်ကြည့်ရှုလိုက်၏။ သူ ကြုံတွေ့ခဲ့ရသည်များမှာ ရေခဲတောင်၏ ထိပ်ဖျားလေးမျှသာ ဖြစ်သည်။

 

ဒီအရာတွေ အားလုံးကို ဖွင့်ချရမယ့် အချိန်ရောက်ပြီ။

 

စစ်မြေပြင်တွင် တောက်ပနိုင်မည်ဟု ထင်မှတ်ထားခဲ့ကြသည့် အရပ်သား ပါရမီရှင်များမှာ အလင်းရောင် လုံးဝ မရှိသည့် ဓာတ်ခွဲခန်းထဲတွင် ပိတ်လှောင်ခံထားရသည်။ အာကာသ ခရီးစဉ်များအတွင်း ပျောက်ဆုံးသွားခဲ့သည့် ဂြိုဟ်သားပေါင်း မြောက်မြားစွာမှာ စမ်းသပ်မှုအတွက် မျိုးဗီဇများ ထောက်ပံ့ပေးရန် ဖမ်းဆီးခံခဲ့ရသည်။ ဖက်ဒရယ်အစိုးရသည် အခြားလူများ၏ ဒေါသကိုလည်း ခံစားသင့်သည်။ တရားမျှတပြီး ဘက်မလိုက်ပါဘူးဟု ဆိုသည့် ဖက်ဒရယ်အစိုးရမှာ အမှန်တကယ်တော့ အင်အားကြီး မိသားစုများ၏ လက်ပါးစေမျှသာ ဖြစ်ကြောင်းကိုလည်း ကမ္ဘာကြီး သိသင့်သည်။

 

ဒီလူတွေရဲ့ တုံ့ပြန်မှုတွေက သူ့ကို စိတ်ပျက်မသွားစေဖို့ပဲ မျှော်လင့်ရသည်။

 

ယင်ဝူဝမ်က သရော်လှောင်ပြောင်သည့် အပြုံးတစ်ခုကို ပြုံးလိုက်ပြီး ပေးပို့ရန် ခလုတ်ကို နှိပ်လိုက်၏။

 

ဓာတ်ခွဲခန်း၏ မက်ဆေ့ချ်ကို ထိပ်ဆုံးတွင် pin လုပ်ထားပြီး ဖျက်ပစ်၍ မရနိုင်ပေ။

 

ဒါက မင်းတို့ကိုယ်တိုင် လုပ်ထားတာတဲ့စနစ်လေ…အခုတော့ စမ်းဖျက်ကြည့်လိုက်ကြပါဦး…

 

အရာအားလုံး ပြီးစီးသွားပြီးနောက် ယင်ဝူဝမ်က အခြားသူများအားလုံးကို လျစ်လျူရှုကာ အသုံးမပြုရသေးသည့် မက်ချာတစ်ခုပေါ်သို့ တက်လိုက်သည်။

 

တည်ငြိမ်သွားပြီးနောက် ယင်ဝူဝမ် သတိထားမိလိုက်သည်မှာ သူ စတင်သတ်ဖြတ်လိုက်သည့် အချိန်မှစ၍ ရေသူလေးမှာ မလှုပ်မယှက်ဘဲ သူ၏ ရင်ခွင်ထဲတွင် ခန္ဓာကိုယ် တောင့်တင်းစွာဖြင့် ခေါင်းမမော့ဘဲ တိတ်ဆိတ်စွာ နေနေခြင်းပင် ဖြစ်၏။

 

တိတ်ဆိတ်နေသည့် အခန်းငယ်လေးထဲတွင် တိတ်ဆိတ်မှုများ လွှမ်းမိုးနေသော်လည်း အမျိုးသား၏ အတွင်းပိုင်းရှိ သားရဲကြီးမှာမူ ပေါက်ကွဲထွက်တော့မတတ် ဖြစ်နေပြီး ပြင်းထန်သည့် မုန်တိုင်းတစ်ခုကို ဖန်တီးတော့မည့်အလား ဟိန်းဟောက်နေတော့သည်။

 

“ကိုယ့်ကို ကြောက်နေတာလား….”

 

ယင်ဝူဝမ်က ယွီရှူးနင်၏ ဂုတ်ကို ဆုပ်ကိုင်လိုက်ပြီး သူ့ကို မော့ကြည့်လာစေရန် အနည်းငယ် ဖိအားပေးလိုက်၏။

 

“နင်နင်… ဒါက ကိုယ့်ရဲ့တကယ့် အသွင်အပြင်ပဲ….”

 

မင်း ကြောက်နေတာလား? မကောင်းဆိုးဝါးတစ်ကောင်လို ဖြစ်နေတဲ့ ကိုယ့်ကိုလေ…

 

ချောမောတဲ့ အသွင်အပြင်နဲ့ ကြင်နာတဲ့ စိတ်နှလုံးတွေ ကင်းမဲ့နေပြီး ရက်စက်ကြမ်းကြုတ်ကာ အထီးကျန်ဆန်တဲ့ ဘဝတစ်ခုပဲ ကျန်တော့တဲ့အပြင် သွေးတွေကိုပဲ တောင့်တရှာဖွေနေတော့တဲ့ မကောင်းဆိုးဝါးတစ်ကောင်လို ဖြစ်နေတဲ့ ကိုယ့်ကို မင်း ကြောက်နေတာလား…

 

ယွီရှူးနင်က သူ၏ မျက်လုံးများကို ကြောင်တောင်တောင်လေး စိုက်ကြည့်နေမိ၏။

 

သူ၏ ကြောက်စရာကောင်းသည့် အသွင်အပြင်နှင့် ရက်စက်သည့် လုပ်ရပ်များ ရှိနေသော်ငြားလည်း ထိုမျက်လုံးများက သူ့ကို ကြည့်လာသည့်အခါတွင်မူ ကြင်နာမှု အရိပ်အယောင်လေးများ ရှိနေဆဲပင် ဖြစ်သည်။

 

သူက ဘယ်လိုလုပ်ပြီး ထိုသူ့ကို ကြောက်နိုင်မှာလဲ?

 

ယွီရှူးနင်၏ လက်ချောင်းများက အမည်းရောင် သွေးကြောများဖြင့် ဖောင်းကြွနေသည့် အမျိုးသား၏ လည်ပင်းပေါ်သို့ ရွေ့လျားသွား၏။ သူ၏ ဖြူဖွေးနေသည့် လက်များနှင့် အမည်းရောင် အသားအရေတို့၏ ဆန့်ကျင်ဘက်ဖြစ်မှုမှာ သိသာထင်ရှားလှသည်။ သူက မျက်လုံးများကို မှိတ်လိုက်ပြီး ယင်ဝူဝမ်၏ နှုတ်ခမ်းများကို နမ်းလိုက်တော့၏။

 

ရက်စက်ကြမ်းကြုတ်သည့် မျက်နှာထားနှင့် အရပ်ရှည်ရှည် တောင့်တောင့်တင်းတင်း အမျိုးသားက အပြစ်ကင်းစင်ပြီး နုနယ်ကာ လှပသည့် ရေသူလေးကို သူ၏ ရင်ခွင်ထဲတွင် ပွေ့ဖက်ထားသည်။ သူတို့၏ ခန္ဓာကိုယ်များမှာ တင်းကျပ်စွာ ပူးကပ်နေပြီး တစ်ယောက်၏ ပါးစပ်မှတစ်ဆင့် အခြားတစ်ယောက်က အသက်ရှူသံများနှင့် ငြိမ်းချမ်းမှုများကို ရယူနေကြ၏။

 

​အမျိုးသား၏ ကြောက်မခန်းလိလိ အကျည်းတန်နေသည့် ရုပ်သွင်ကြီးသာ မရှိခဲ့လျှင် ဤမြင်ကွင်းသည် သူတော်စင်တစ်ပါး အနစ်နာခံနေသည့် ပန်းချီကားတစ်ချပ်ပမာ လှပနေမည်မှာ အမှန်ပင်။

 

ယင်ဝူဝမ်က ယွီရှူးနင်ကို တင်းကျပ်စွာ ဖက်ထားပြီး ခေါင်းငုံ့ကာ ပြင်းပြင်းပြပြ နမ်းရှိုက်လိုက်သည်။ သူ၏ အနမ်းများတွင် ပိုင်ဆိုင်လိုစိတ်များ အပြည့်အဝ ပါဝင်နေ၏။ သူက ရေသူလေး၏ ချိုမြိန်မှုနှင့် နူးညံ့မှု အစိတ်အပိုင်းလေး တစ်ခုကိုမျှ အလွတ်မပေးချေ။ သူ၏ ရက်စက်သည့် သဘာဝများလည်း ပေါက်ကွဲထွက်လာတော့သည်။ ရေသူလေးက ဤမျှ ပြင်းထန်သည့် အနမ်းကို ခံနိုင်ရည် ရှိမရှိကို သူ ဂရုမစိုက်တော့ဘဲ သူ၏ ဗီဇများကိုသာ ထုတ်ဖော်ပြသနေတော့၏။

 

“အင်း….”

 

ယွီရှူးနင်က အသက်ရှူရန် အနည်းငယ်သာ နောက်ဆုတ်လိုက်နိုင်ပြီး ချက်ချင်းပင် ပြန်လည် ဖိချခံလိုက်ရကာ သူ၏ လျှာက ပြင်းပြပြီး နက်ရှိုင်းသည့် အနမ်းတစ်ခုထဲသို့ တိုးဝင်သွားတော့သည်။

 

ရေသူလေး၏ လှပသည့် မျက်လုံးများမှာ စိုစွတ်နေပြီး ရမ္မက်ဆန်သည့် အလင်းတန်းများ တောက်ပနေ၏။ သူ၏ နှုတ်ခမ်းနှင့် လျှာများမှာ လုံးဝ ဖုံးလွှမ်းခံထားရပြီး တံတွေးများကိုပင် မထိန်းနိုင်တော့လောက်အောင် ပါးစပ်ကို ဟထားရသဖြင့် နာကျင်လာချိန်တွင်မှ ရူးသွပ်နေသည့် အမျိုးသားက နောက်ဆုံးတွင် သူ့ကို လွှတ်ပေးလိုက်တော့သည်။

 

ယင်ဝူဝမ်သညိ ရေသူလေးကို နမ်းပြီးနောက် သူ၏ အသွင်အပြင်မှာ တဖြည်းဖြည်း ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိသွား၏။ သူက ယွီရှူးနင်ကို ခရီးသည် ခုံတွင် ထိုင်စေပြီး ခါးပတ်ပတ်ပေးကာ သူကိုယ်တိုင် မက်ချာမောင်းသူ နေရာတွင် ဝင်ထိုင်လိုက်သည်။

 

“သုတေသနဌာနက တကယ်ကို ချမ်းသာတာပဲ… အာကာသခရီးသွားနိုင်ပြီး အာကာသထဲ ခုန်ကူးနိုင်တဲ့ နောက်ဆုံးပေါ် မက်ချာတွေကိုတောင် သူတို့ ရထားတာပဲ….”

 

ယင်ဝူဝမ်က မက်ချာကို ပေါ့ပေါ့ပါးပါးပင် ဖွင့်လိုက်၏။

 

“နင်နင်… သွားကြစို့….”

 

ယွီရှူးနင်က သူ၏ အမြီးကို ခါရမ်းလိုက်သည်။

 

“ဘယ်ကိုလဲ….”

 

ယင်ဝူဝမ်က ပြုံးလိုက်၏။

 

“‘နင်နင်ရဲ့ စွန့်စားခန်းများ’ သွားရိုက်ကြတာပေါ့… သွားရမယ့်နေရာ သတ်မှတ်မထားဘူး၊ ကိုယ်တို့ ရောက်တဲ့နေရာကို သွားကြတာပေါ့….”

 

Chapter 5 ended

Chapter 6

World 1- Ch6

ရေသူလေးက ဗီလိန်ကြီးကို ကာကွယ်ပေးရခြင်း၊ သူ၏ နှုတ်ခမ်းများ ပွတ်တိုက်ခံရခြင်း၊ နီရဲနေပြီး ရင်သားများမှာ ရောင်ရမ်းလာသည်အထိ ဆွဲညှစ်ခံရကာ ဆေးလူးပေးနေစဉ် သူ၏ နို့သီးခေါင်းများကို စုပ်ယူခံရခြင်း

*****

အမြင့်ဆုံး ဓာတ်ခွဲခန်းကြီး ဖျက်ဆီးခံလိုက်ရပြီး စမ်းသပ်မှု အချက်အလက်များ အားလုံး ဖွင့်ချခံလိုက်ရသဖြင့် ဖက်ဒရယ်အစိုးရတစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားတော့၏။ ဆန္ဒပြမှုများ၊ ချီတက်ပွဲများ၊ စစ်ဘက်ဆိုင်ရာ အဓိကရုဏ်းများ၊ သပိတ်မှောက်မှုများနှင့် ကျောင်းသား သပိတ်များ ဆက်တိုက် ဖြစ်ပေါ်လာခဲ့သည်။ လူ့အဖွဲ့အစည်းကြီးမှာ ဖက်ဒရယ်အစိုးရ၏ အထက်ပိုင်း ခေါင်းဆောင်များအပေါ် အဆုံးအစမရှိသည့် သံသယများဖြင့် ပြည့်နှက်သွားပြီး ကြိုတင်ပြင်ဆင်ထားခြင်း မရှိသည့် အထက်တန်းလွှာ မိသားစုများမှာလည်း အကူအညီမဲ့သွားကြတော့၏။

ယင်ဝူဝမ်အတွက် ကြယ်တာရာတစ်ခွင်လုံး အလိုရှိကြောင်း ကြေညာချက်များလည်း ထွက်ပေါ်လာခဲ့သည်။ သူ၏ ထင်ရှားသည့် လက္ခဏာများမှာ အနက်ရောင် ဆံပင်နှင့် အနက်ရောင် မျက်လုံး၊ အရပ်ရှည်ပြီး သန်မာကာ ချောမောသည့် အသွင်အပြင် ရှိပြီး အဆင့်မြင့် စိတ်စွမ်းအားနှင့် မြင့်မားသည့် သတ်ဖြတ်နိုင်စွမ်းတို့ ရှိကြောင်း ပါရှိ၏။ သူနှင့်အတူ ငွေဖြူရောင် ရေသူတစ်ကောင်လည်း ပါရှိကြောင်း ဖော်ပြထားသည်။

အမျိုးသား၏ ပခုံးပေါ်တွင် ထိုင်နေသည့် ယွီရှူးနင်က အလိုရှိကြောင်း ကြေညာစာကို မျက်လုံးပြူးပြီး ကြည့်နေမိ၏။

သူက ယင်ဝူဝမ်ရဲ့လက္ခဏာရပ်တွေထဲက တစ်ခုအဖြစ် စာရင်းသွင်းခံထားရတယ်တဲ့လား! သူ့အတွက် သီးသန့် အလိုရှိကြောင်း ကြေညာစာ ထုတ်ပေးဖို့ မထိုက်တန်ဘူးလား!

သူတို့နှစ်ယောက်က လမ်းမပေါ်တွင် ခပ်ကြွားကြွား လျှောက်သွားနေကြသော်လည်း ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ အလွန်တရာ သိသာထင်ရှားလှသည့် ဤလူနှင့် ရေသူတို့ကို လုံးဝ သတိမထားမိကြသည့်အလား အလျင်စလို ဖြတ်လျှောက်သွားကြ၏။ ထိုနှစ်ဦး၏ ပုံပန်းသဏ္ဍာန်မှာ အလိုရှိကြောင်း ကြေညာစာများပေါ်ရှိ ပုံများနှင့် တစ်ပုံစံတည်း ဖြစ်နေသည်ကိုပင် မည်သူမျှ သတိမပြုမိကြချေ။

ရေသူလေး၏ စိတ်စွမ်းအားများမှာ လှည့်စားထားသည့် ကုဒ်တစ်ခု (cheat codeပါ) ကဲ့သို့ပင် ဖြစ်၏။ ယင်ဝူဝမ်က သူ့ကို စမ်းသပ်ရန် နည်းလမ်းမျိုးစုံ ပံ့ပိုးပေးထားသဖြင့် ယွီရှူးနင်မှာ ရေသူများ၏ SS အဆင့် စိတ်စွမ်းအားက တကယ်တမ်းတွင် မည်မျှ ကြောက်စရာကောင်းကြောင်းကို ပိုမို သိရှိလာတော့သည်။

စဉ်းစားသာ ကြည့်ပါ— ၎င်းက စိတ်ပိုင်းဆိုင်ရာကို တိုက်ရိုက် သက်ရောက်မှုရှိပြီး အခြားသက်ရှိများ၏ တွေးခေါ်မှုများ၊ အာရုံခံစားမှုများနှင့် မှတ်ဉာဏ်များကိုပင် ခြယ်လှယ်နိုင်စွမ်း ရှိ၏။ သူသာ ဆန္ဒရှိပါက မည်သည့် သက်ရှိကိုမဆို အိပ်ပျော်နေစဉ်အတွင်း တိတ်တဆိတ် သေဆုံးသွားစေရန် လုပ်ဆောင်နိုင်ပေသည်။

ယွီရှူးနင်ကိုယ်တိုင်ပင် အနည်းငယ် ထိတ်လန့်သွားသော်လည်း ယင်ဝူဝမ်ကမူ သူ၏ စိတ်စွမ်းအားများကို ပိုမို ဖော်ထုတ်နိုင်ရန် စိတ်အားထက်သန်နေတော့၏။

ဗီလိန်ကြီးကတော့ တကယ့်ကို ဗီလိန်ကြီးပါပဲ။ သူက စိတ်စွမ်းအားတွေကို သုံးတတ်သွားပြီး သူ့ကို ပြန်လည် လှည့်စားမှာကို နည်းနည်းလေးတောင် မစိုးရိမ်ဘူးလား?

အင်း… သူက တကယ်ကို နည်းနည်းလေးတောင် မစိုးရိမ်တာပါ။

ယင်ဝူဝမ်က သူ့အပေါ်တွင် စမ်းသပ်မှုလုပ်ရန် တောင်းဆိုခဲ့သည့်အချိန်ကို ယွီရှူးနင် မှတ်မိနေသေး၏။ သူက တုံ့ဆိုင်းနေခဲ့သော်လည်း ယင်ဝူဝမ်က တည့်တည့်ပင် ပြောလာခဲ့သည်။

“အခုကစပြီး နင်နင်က ကိုယ့်ကို ကာကွယ်ပေးရတော့မှာလေ…. ကိုယ်က ဘယ်လိုလုပ် ဆက်သန်မာနေစရာ လိုတော့မှာလဲ ….”

အမျိုးသားက လုံးဝ လိမ်ပြောနေသည့်ပုံ မပေါ်ဘဲ သူ့ထက် ဆိုဒ်တစ်ခုလောက် သေးငယ်သည့် ယွီရှူးနင်၏ အပေါ်သို့ အားနည်းစွာဖြင့် မှီချလာ၏။

ကမ္ဘာဖျက်မယ့် ဗီလိန်ကြီး၊ လူသားတွေ အားလုံးကို သုတ်သင်ပစ်ခဲ့တဲ့သူက သူ့ကို ကာကွယ်ပေးရမယ်လို့ တကယ်ကြီး ပြောနေတာတဲ့လား။ ယွီရှူးနင်မှာ ကြီးမားသည့် ဖိအားများကို ခံစားလိုက်ရတော့သည်။

ထိုနေ့မှစ၍ ယင်ဝူဝမ်သည် အရင်ကကဲ့သို့သော စွမ်းအားများကို နောက်ထပ် တစ်ခါမျှ ထုတ်မသုံးတော့ချေ။ စနစ်၏ တုံ့ပြန်မှုမှာ အမည်မသိ အမှားအယွင်းတစ်ခုဟုသာ ပြသော်လည်း ယွီရှူးနင်ကိုယ်တိုင်ကတော့ ယုတ္တိကျကျ စဉ်းစားကြည့်လိုက်၏။

ယင်ဝူဝမ်က သူ၏ စိတ်စွမ်းအားများကို ဖိနှိပ်မခံရတော့မည့် နည်းလမ်းကို ရှာတွေ့သွားပုံရသည်။ ထို့နောက် အချိန်ကြာမြင့်စွာ ညှဉ်းပန်းနှိပ်စက် ခံခဲ့ရမှုများကြောင့် သူ၏ စွမ်းအားများ ပေါက်ကွဲထွက်လာကာ ဓာတ်ခွဲခန်းကြီးကို ဖောက်ခွဲပစ်လိုက်ခြင်း ဖြစ်နိုင်၏။ ယခု ထိုပေါက်ကွဲမှုကြီး ပြီးဆုံးသွားချိန်တွင် သူ့၌ စွမ်းအားများ မကျန်တော့သဖြင့် အားနည်းနေခြင်း ဖြစ်ရမည်။

ယွီရှူးနင်သည် သူ၏ ပုံရိပ်မှာ ရုတ်တရက် အလွန်တရာ မြင့်မြတ်သွားသကဲ့သို့ ခံစားလိုက်ရ၏။ သူက ဘာပဲဖြစ်ဖြစ် ဗီလိန်ကြီးကို ကယ်တင်ရမည်ဖြစ်ရာ သူ့ကို ကာကွယ်ပေးရန်ကလည်း သူ၏ တာဝန်ပင် ဖြစ်သည် မဟုတ်လား!

ထို့ကြောင့် ဗီလိန်ကြီး၏ ရင်ခွင်ထဲတွင် ဝင်ခွေနေဆဲဖြစ်သော ရေသူလေးက အမျိုးသား၏ ပခုံးကို အလေးအနက် မျက်နှာထားဖြင့် ပုတ်ကာ ခန့်ညားစွာ ပြောလိုက်၏။

“ကျွန်တော် ခင်ဗျားကို ကာကွယ်ပေးမယ်!”

ထိုအချိန်တွင် ယွီရှူးနင်က သူတို့နှစ်ဦးကို သူ၏ အစွမ်းထက်ပြီး နူးညံ့သည့် စိတ်စွမ်းအားများဖြင့် လွှမ်းခြုံလိုက်ပြီး အခြားသက်ရှိများ၏ အာရုံခံနိုင်စွမ်းကို ပြောင်းလဲပစ်လိုက်၏။ ပြင်ပလူများ၏ အမြင်တွင် ထိုနှစ်ဦးမှာ လမ်းပေါ်ရှိ သာမန် လမ်းလျှောက်နေသူများကဲ့သို့သာ ပေါ်လွင်နေမည်ဖြစ်သည်။ ဤသည်မှာ သူတို့၏ ဦးနှောက်များက အလိုအလျောက် ပြောပြနေသည့်အရာဖြစ်ပြီး မည်သူကမျှ သံသယ မဝင်ကြချေ။

====

“စာအုပ် မကူးဘူး!”

ယွီရှူးနင်က အမျိုးသား၏ ခြေထောက်ကို သူ၏ အမြီးဖြင့် ပုတ်လိုက်၏။

“သကြားလုံး စားချင်တယ်!”

သူတို့နှစ်ဦးမှာ မြို့တော်နှင့် အလွန်နီးကပ်သည့် ပါမေလာ ဟုခေါ်သော ဂြိုဟ်ပေါ်တွင် ရောက်ရှိနေခြင်း ဖြစ်၏။ မြို့လယ်ခေါင်ရှိ အစည်ကားဆုံးသော စျေးဝယ်စင်တာကို မြင်လိုက်ရချိန်တွင် ယွီရှူးနင် တစ်ခု သဘောပေါက်သွားသည်။ ကြယ်တာရာခေတ်တွင် မျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်သွားမှုကြောင့် အစားအစာ ရှားပါးသည်ဆိုသော်လည်း ဤသည်မှာ သာမန်လူများအတွက်သာ ဖြစ်၏။ အထက်တန်းလွှာများမှာမူ သေချာစွာ ပြင်ဆင်ထားသည့် အရသာရှိသော အစားအစာများစွာကို ခံစားခွင့် ရှိနေဆဲပင် ဖြစ်သည်။

သေချာသည်မှာ ထို “အရသာရှိသော အစားအစာများ” မှာ သူ၏ကမ္ဘာရှိ သာမန်လူများ၏ အစားအစာများလောက်တော့ မကောင်းမွန်ပေ။ သို့တိုင်အောင် ဓာတ်ခွဲခန်းထဲတွင် ယင်ဝူဝမ်ကို ကျွေးမွေးခဲ့သည့် အစားအစာများမှာ အလွန်တရာ ဖြစ်ကတတ်ဆန်း နိုင်လွန်းလှပြီး နောက်ပိုင်းတွင် သူတို့၏ ကြံစည်မှုများကို ကြိုတင် အရိပ်အမြွက် ပြသနေခြင်း ဖြစ်သည်။

မြို့တော်ပြီးလျှင် ဒုတိယမြောက် အစည်ကားဆုံး ဂြိုဟ်ဖြစ်သည့်အလျောက် ပါမေလာတွင် မှူးမတ်များနှင့် ကျော်ကြားသူ အများအပြား နေထိုင်ကြ၏။ ကူးသန်းရောင်းဝယ်ရေးများ စည်ပင်ဝပြောနေသည့် ဗဟိုမြို့တော်မှာမူ ဖက်ဒရယ်အစိုးရ၏ အစွန်အဖျားများတွင် စစ်သားများ ရင်ဆိုင်နေရသည့် အသက်အန္တရာယ်ရှိသော တိုက်ပွဲများကို လုံးဝ သတိမပြုမိသည့်အလား အလွန်အကျွံ သုံးစွဲပျော်ပါးနေကြသည့် မြင်ကွင်းမျိုး ဖြစ်နေသည်။

——ဘာပဲဖြစ်ဖြစ် သူတို့က မြို့တော်နဲ့ အလွန်နီးကပ်ပြီး လုံခြုံတဲ့ ဗဟိုဒေသမှာ ရှိနေတာလေ၊ ဘယ်လို အန္တရာယ်မျိုးပဲ ကြုံလာပါစေ သူတို့က ပထမဆုံး သေရမယ့်လူတွေမှ မဟုတ်တာ။ ဒါဆို အလင်းနှစ်တွေချီပြီး ဝေးကွာနေတဲ့ နေရာက လူတွေကို ဘယ်သူက ဂရုစိုက်နေမှာလဲ?

ယင်ဝူဝမ်က ဤစည်ကားလှသည့် နေရာကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် သရော်လှောင်ပြောင်မှုနှင့် ရွံရှာမှု အရိပ်အယောင်လေးများ ဖြတ်ပြေးသွား၏။

လူသားတွေကို ပြင်ပအရာတွေက ဘယ်တော့မှ အနိုင်မယူနိုင်ဘူး၊ သူတို့က သူတို့ကိုယ်သူတို့ပဲ အမြဲတမ်း အနိုင်ယူနေကြတာပဲ။

မြို့တော်ဂြိုဟ်မှာ လုံခြုံရေး အလွန် တင်းကျပ်လွန်းသဖြင့် ယင်ဝူဝမ်က ဤနေရာတွင်သာ အခြေချရန် ဆုံးဖြတ်လိုက်ပြီး ရေသူလေးကို လိုက်လည်ပြကာ သူတို့၏ လိုအပ်ချက်များကို ဖြည့်တင်းရန် ရည်ရွယ်ထား၏။

အမျိုးသားများ၏ ငွေသုံးနိုင်စွမ်းကို အထင်မသေးသင့်ပေ၊ ရက်အနည်းငယ် အတွင်းမှာပင် ထိုလူက ငွေများကို ရေလို သုံးပစ်နေတော့သည်။ ယင်ဝူဝမ် ဘာတွေတွေးနေသလဲကိုတော့ ယွီရှုးနင် မသိရသော်လည်း ထိုသူ၏ နာမည်နှင့် ချိတ်ဆက်ထားသည့် ကတ်ထဲတွင်တော့ ငွေလုံးဝနီးပါး မရှိတော့ချေ။ ထိုအစား သူ၏ ပိုင်ဆိုင်မှုများ အားလုံး ပါဝင်သည့် အမည်မသိ ကြယ်တာရာကတ်တစ်ခုသာ သူ၌ ရှိနေ၏။

ယင်ဝူဝမ် ငွေသုံးနေသည်ကို မြင်ရတိုင်း ယွီရှူးနင်၏ ရင်ထဲတွင် သွေးထွက်မတတ် ခံစားရသည်။

သူက ဘာလို့ ခရုခွံပုံစံ ကုတင်၊ ငါးမန်းပုံစံ စပီကာ၊ ကြယ်ငါးပုံစံ ကုလားထိုင်နဲ့ သန္တာကျောက်တန်းပုံစံ အဝတ်ချိတ်စင်တွေကို ဝယ်ရတာလဲ!

ယင်ဝူဝမ်က ဆံပင်နှင့် အသားအရေ ထိန်းသိမ်းသည့် ပစ္စည်းများကိုလည်း အများအပြား ဝယ်ယူခဲ့ပြီး အခြား အကြေးခွံပါသည့် သတ္တဝါများအတွက် ထုတ်လုပ်ထားသည့် ခရင်မ်များကို သုတေသနလုပ်ကာ ကိုယ်တိုင် ဖော်စပ်နိုင်ရန်အတွက် ပါဝင်ပစ္စည်း စာရင်းအသစ်ကိုပင် ရေးဆွဲခဲ့သေး၏။

ဗီလိန်ကြီး ဖော်စပ်ထားသည့် အကြေးခွံလိမ်း ခရင်မ်ကို ငါးအမြီးပေါ်သို့ ပထမဆုံးအကြိမ် သုတ်လိမ်းခံလိုက်ရချိန်တွင် ယွီရှူးနင်မှာ မိန်းမောသွားတော့မတတ်ပင်။

ကလေးမွေးတာက လွဲပြီး ယင်ဝူဝမ် မလုပ်နိုင်တာ ဘာများ ရှိသေးလို့လဲ?

ဗီလိန်ကြီး၏ နေ့စဉ် အလိုလိုက် အကြိုက်ဆောင်မှုများကြောင့် ရေသူလေးမှာ မွှေးပျံ့ပြီး တောက်ပလာကာ ယခင်က ဖြူရော်နေခဲ့သည့် မျက်နှာလေးပင် ပန်းသွေးရောင် သန်းလာတော့၏။ အကယ်၍ သူ့မှာ မကျေနပ်ချက်တစ်ခုခု ရှိမည်ဆိုပါက ၎င်းမှာ ယင်ဝူဝမ်က သူ့ကို မိစ္ဆာတစ်ကောင်ကဲ့သို့ စာတွေ ဆက်သင်ခိုင်းနေခြင်းနှင့် သူ၏ နေ့စဉ် သကြားစားသုံးမှုကို ထိန်းချုပ်နေခြင်းပင် ဖြစ်သည်။

ယခုလေးတင် ယင်ဝူဝမ်က စာအုပ်ဆိုင်မှ မျက်စိကျစရာ စာအုပ်များ အများအပြားကို ဝယ်လာခဲ့၏။ ယွီရှူးနင်က သူ၏ ထက်မြက်သည့် မျက်လုံးများဖြင့် *ရေသူ စွယ်စုံကျမ်း* စာအုပ်ကို တွေ့လိုက်ရသော်လည်း ကျန်စာအုပ်များမှာ သူ နားပင်မလည်နိုင်သည့် ခေါင်းစဉ်များ ပါဝင်သော သီအိုရီ စာအုပ်များသာ ဖြစ်သဖြင့် အလွန် ပျင်းစရာကောင်းပြီး စိတ်ဝင်စားစရာ မရှိသကဲ့သို့ ဖြစ်နေသည်။

ရေသူလေးက နေ့စဉ် သကြားလုံး ပူဆာနေပြီး ယင်ဝူဝမ်က ၎င်းကို ကျွမ်းကျင်စွာပင် ချော့မော့လိုက်၏။

“မင်း ခုနလေးတင် လိမ္မော်ရောင်တစ်လုံး စားထားတယ် မဟုတ်လား…. တစ်နေ့ကို အများဆုံး နှစ်လုံးပဲ စားရမယ်၊ ဒီလောက် အများကြီး ဝယ်ပြီး ဘာလုပ်မလို့လဲ….”

“ဒီတိုင်း ထားထားရုံပဲ… လှတယ်!”

ယွီရှူးနင်က ပုံမှန်ဆိုလျှင် စကားလုံး သုံးလုံးတွဲများကိုသာ ပြောလေ့ရှိပြီး စိတ်အရမ်းလှုပ်ရှားလာသည့် အခါမျိုးတွင်မှ လေးလုံးအထိ ထွက်လာတတ်သည်။ ထို့ကြောင့် ယခု ထွက်ကျလာသည့် စကားက သူ၏ ပြင်းထန်လှသော စိတ်ခံစားချက်ကို ရှင်းလင်းစွာ သက်သေပြနေလေသည်။

ဟူး… ဒီလိုဆိုတော့လည်း ဒီလိုပဲပေါ့လေ….

ယင်ဝူဝမ်က ရေသူလေး၏ မေးစေ့ကို ဆွဲညှစ်ပြီး မော့ကြည့်ခိုင်းလိုက်သည်။ထို့နောက် သူက ရှေ့သို့ အနည်းငယ် တိုးသွားပြီး ပန်းပွင့်ချပ်လေးများကဲ့သို့ ပန်းရောင်သန်းနေသည့် နှုတ်ခမ်းလေးများကို သူ၏ ပါးစပ်ထဲသို့ ငုံယူလိုက်၏။

သူ၏လျှာက စိုစွတ်ပြီး နူးညံ့နေသည့် ပါးစပ်လေးထဲတွင် ကျွမ်းကျင်စွာ စူးစမ်းရှာဖွေနေပြီး ချိုမြိန်သည့် လိမ္မော်သီး အရသာကို မြည်းစမ်းကာ ရေသူလေး၏ နှုတ်ခမ်းများကို တောက်ပသည့် အနီရောင် ပြောင်းသွားသည်အထိ စုပ်ယူလိုက်တော့သည်။

ရေသူလေး၏ နူးညံ့အိစက်နေသည့် လျှာလေးမှာ အကောင်းဆုံးသော မုန့်ချိုလေး တစ်ခုကဲ့သို့ဖြစ်ပြီး အမျိုးသားကို အနားမပေးဘဲ စုပ်ယူလျက်ချင်စိတ်များ ဖြစ်ပေါ်လာစေသည်။ တစ်ခုလုံးကို မျိုချပစ်ချင်သည့်အလား၊ ပါးစပ်ထဲမှ ချိုမြိန်သည့် အရည်လေး တစ်စက်မကျန် စုပ်ယူပစ်ချင်သည့်အလား ဖြစ်နေတော့၏။

“အင်း….”

ယွီရှူးနင်သည် အမျိုးသား၏ လက်မောင်းကို ဒေါသတကြီးဖြင့် ဆွဲဆိတ်လိုက်သည်။သူ့ခမျာ အနမ်းများကြောင့် လျင်မြန်စွာပင် ခေါင်းမူးလာပြီး အတင်းအကျပ် အနမ်းခံရသဖြင့် မျက်လုံးများမှာလည်း အနီရောင်ရင့်ရင့်သို့ ပြောင်းသွားတော့သည်။

ထို့နောက်ပိုင်းတွင် အစားအစာများမှာ ဂျင်ဂိုစေ့များသာ မကတော့ချေ။ ယင်ဝူဝမ်က ရေသူလေး စားနိုင်သည့် အခြားသော အာဟာရပြည့်ဝသည့် အစားအစာ အနည်းငယ်ကို ထပ်မံ ရှာဖွေတွေ့ရှိခဲ့၏။

ရေသူလေး၏ မူလက အရိုးများကိုပင် စမ်းမိနိုင်လောက်အောင် ပိန်သွယ်နေခဲ့သည့် ခန္ဓာကိုယ်လေးမှာ အခုတော့ အနည်းငယ် အသားတက်လာပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် နူးညံ့စွာ တွယ်ကပ်နေတော့သည်။ သူ၏ ခါးလေးမှာ ချောမွေ့နေသည့် ဖြူဖွေးသော နေရာလေးတစ်ခုဖြစ်ပြီး ကိုင်တွယ်ရသည်မှာ အလွန်ကောင်းမွန်လှသဖြင့် အမျိုးသားမှာမူ လက်မှပင် မချနိုင်အောင် ဖြစ်နေတော့၏။

ထို့နောက်တွင် သူ၏ အင်္ကျီများဖြင့် ဖုံးကွယ်ထားသည့် နူးညံ့သော ရင်သားလေးများလည်း ရှိနေသေးသည်။ အနည်းငယ် ဖောင်းအိပြီး နုနယ်ကာ ဖြူဖွေးနေသည့် အသားအရေပေါ်တွင် ပန်းနုရောင် နို့သီးခေါင်းလေး နှစ်ခုကို အလှဆင်ထားပြီး ယင်းတို့က ပါးလွှာသည့် အဝတ်အစားများကြားမှ တစ်ခါတစ်ရံ ပေါ်လာတတ်၏။ ယင်ဝူဝမ်က အလွန်တရာ တပ်မက်စွာဖြင့် ကြည့်နေပြီး ရေသူလေး အိပ်ပျော်နေချိန်များတွင်သာ ထိတွေ့ပွတ်နယ်လေ့ရှိသည်။

ယခုအချိန်တွင် ရေသူလေး၏ ခါးကို ဖုံးအုပ်ထားသည့် လက်ကြီးက အလိုအလျောက်ပင် အထက်သို့ ရွေ့လျားသွားပြီး ရေသူလေး၏ ရင်သားငယ်လေး တစ်ဖက်ကို ညင်သာစွာ ဆွဲညှစ်လိုက်၏။

ယွီရှူးနင် တုန်ယင်သွားပြီး သူ၏ လည်ချောင်းထဲမှ တိုးညင်းသည့် ညည်းတွားသံလေးတစ်ခု ထွက်ပေါ်လာကာ ဖိကပ်နမ်းရှိုက်မှုများအောက်တွင် လျင်မြန်စွာပင် ပျောက်ကွယ်သွားတော့သည်။ သူ၏ မျက်လုံးများထဲတွင် မျက်ရည်များ ဝဲတက်လာပြီး ၎င်းတို့က မျက်လုံးထောင့်များမှ လိမ့်ဆင်းတော့မလို ဖြစ်နေ၏။

ဘာကြောင့်မှန်းမသိ ယွီရှူးနင်သည် အမျိုးသား၏ အထိအတွေ့အောက်တွင် အလွန်တရာ အထိမခံနိုင်အောင် ဖြစ်လာခဲ့သည်။ ဤကဲ့သို့ ညင်သာသည့် အထိအတွေ့လေးကပင် သူ၏ အသက်သွေးကြောကို ဆုပ်ကိုင်ထားခံရသကဲ့သို့ ခံစားရစေပြီး သူ၏ ခါးလေးမှာ အားပျော့သွားကာ အမျိုးသား၏ ရင်ခွင်ထဲသို့ မှီကျသွားတော့၏။

ယင်ဝူဝမ်က ယွီရှူးနင်၏ ရင်သားငယ်လေး နှစ်ဖက်လုံးကို ညင်သာသော်လည်း တင်းကျပ်စွာဖြင့် ဆွဲညှစ်လိုက်ရာ နူးညံ့သည့် နို့သီးခေါင်းလေးများမှာ လုံးဝန်းတင်းမာလာပြီး မှည့်နေသည့် ဘယ်ရီသီးလေးများကဲ့သို့ နီရဲလာကာ အင်္ကျီအပေါ်မှပင် ရှင်းလင်းစွာ မြင်နေရတော့သည်။

ဤကဲ့သို့ အစနောက်ခံရသဖြင့် ရေသူလေးမှာ ပုလဲအနည်းငယ် ကျသွားရပြန်၏။ အမျိုးသားက သူ၏ ပုလဲလုံးလေးများကို တစ်လုံးချင်းစီ သေချာစွာ သိမ်းဆည်းထားပြီး ယခုဆိုလျှင် ရာနှင့်ချီ၍ပင် ရှိနေပြီ ဖြစ်သည်။

နောက်ဆုံး၌ လွှတ်ပေးလိုက်ချိန်တွင် သူ၏ ပါးစပ်ထဲမှ ကျန်ရှိနေသည့် သကြားလုံး အရသာများမှာလည်း ပြောင်စင်သွားအောင် စုပ်ယူခံလိုက်ရပြီး အမျိုးသား၏ ရမ္မက်ဆန်သည့် အနံ့များသာ ကျန်ရစ်တော့၏။ ယွီရှူးနင်က သူ၏ နှုတ်ခမ်းကို စေ့ထားလိုက်ပြီး သကြားလုံး ဝယ်ပေးဖို့ ထပ်ပြောရန် လုံးဝ မရဲတော့ချေ။

သူ၏ ရင်သားငယ်လေးများမှာ နီရဲပြီး ဖူးယောင်နေဆဲဖြစ်ကာ နုနယ်သည့် အသားအရေလေးက အဝတ်အစားများနှင့် ပွတ်တိုက်မိသဖြင့် နာကျင်နေ၏။ ယွီရှူးနင်က သူ၏ အင်္ကျီကို ညင်သာစွာ ဆွဲချလိုက်သည်။သူ ဒေါသထွက်နေသော်လည်း အသံထွက်မပြောရဲချေ။

စကားလုံးများဖြင့် ဖျောင်းဖျ၍ မရသည့်အခါတိုင်း ဗီလိန်ကြီးက လက်တွေ့ အကောင်အထည်ဖော်တတ်၏။ ခုခံငြင်းဆန်ခြင်းက ပိုမိုကြာရှည်စွာ ဖိကပ်နမ်းရှိုက်ခံရခြင်းကိုသာ ဖြစ်စေပြီး ယနေ့တွင်တော့…

 ဒီနေ့ ယင်ဝူဝမ်က အဲ့နေရာကိုတောင် ပွတ်နယ်ခဲ့သေးတယ်!

 ယွီရှူးနင်၏ မျက်နှာလေး နီရဲသွားတော့သည်။

ယင်ဝူဝမ်က ယွီရှူးနင်ကို ပွေ့ချီကာ သူတို့ ယာယီတည်းခိုသည့် နေရာသို့ ပြန်လာခဲ့၏။ သူတို့ ဘာလုပ်ခဲ့ကြသလဲ ဆိုသည်ကို မည်သူမျှ သိမည်မဟုတ်ကြောင်း သူ သိသော်လည်း ရေသူလေး၏ နီရဲနေသည့် မျက်နှာလေးနှင့် တောက်ပနေသည့် မျက်လုံးများကို သူ့တစ်ယောက်တည်းသာ လျှို့ဝှက် သိမ်းဆည်းထားချင်နေမိသည်။

“နာနေလား….”

ယင်ဝူဝမ်က ရေသူလေးကို ကုတင်ပေါ်တွင် တင်ပေးလိုက်ပြီး စစ်ဆေးရန်အတွက် သူ၏ အင်္ကျီများကို လှန်တင်လိုက်၏။

“ဆေးလူးပေးရမလား….”

ယွီရှူးနင်က သူ၏ ရင်ဘတ်ကို လက်မောင်းများဖြင့် ကာကွယ်ထားလိုက်ပြီး သတိထားကာ ခေါင်းခါပြလိုက်သည်။

“မထိနဲ့!”

“မင်း နေလို့ မကောင်းဘူးဆိုရင် ဆေးလူးပြီးရင် အနားယူလို့ရတယ်လေ….”

ယင်ဝူဝမ်က ထိုသို့ ပြောလိုက်တော့ ထိုစကားကြောင့် ရေသူလေး၏ မျက်လုံးများ အရောင်လက်သွားတော့၏။

အကယ်၍ အနားယူရမည်ဆိုပါက အဲဒါက သူ ဒီနေ့ စာသင်စရာ မလိုတော့ဘူးဆိုတဲ့ အဓိပ္ပါယ်ပေါ့!

ယွီရှူးနင်က ချက်ချင်းပင် လက်များကို ဖယ်ရှားလိုက်ပြီး သူ၏ သေးငယ်သည့် ရင်သားလေးကိုပင် ကိုင်ပြလိုက်၍ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ အပြည့်ဖြင့် ပြောလိုက်သည်။

“နေလို့ မကောင်းဘူး….”

ယင်ဝူဝမ်၏ မျက်လုံးများ မှေးမှိန်သွား၏။ သူက ခေါင်းငုံ့ကာ လုံးဝန်းပြီး ပန်းရောင်သန်းနေသည့် နို့သီးခေါင်းလေး တစ်ခုကို ပါးစပ်ထဲသို့ ငုံယူလိုက်ပြီး သူ၏ လျှာဖြင့် စက်ဝိုင်းပုံစံ လှည့်ပတ်ကာ ညင်သာစွာ စုပ်ယူလိုက်တော့သည်။

“အား… ခင်ဗျား လိမ်တယ်….”

သူ၏ ရင်ဘတ်ထဲတွင် နစ်ဝင်နေသည့် အမျိုးသားကို ကြည့်ရင်း ယွီရှူးနင်၏ အမြီးလေးမှာ ရှက်သွေးဖြာစွာဖြင့် ကွေးကောက်သွားတော့၏။

ဆေးလူးပေးမယ်ဆို? ဘာလို့ ပါးစပ်ထဲ ထည့်စုပ်နေတာလဲ!

ကျင်စက်စက်နှင့် ယားယံသည့် ခံစားချက်တစ်ခုက ဝိညာဉ်ထဲမှ ထိုးတက်လာသည့် လျှပ်စီးကြောင်းလေး တစ်ခုကဲ့သို့ ဖြစ်ပြီး အကြေးခွံများအောက်ရှိ လျှို့ဝှက်နေရာလေးကလည်း ကြည်လင်သည့် အရည်အနည်းငယ် အလိုအလျောက်ပင် စိမ့်ထွက်လာသည်။

ယွီရှူးနင်တွင် မျိုးရိုးလိုက် ဆီးချိုရောဂါ ရှိ၏။ သင့်တော်သည့် အစားအသောက် စနစ်ဖြင့်ဆိုပါက အသက်အန္တရာယ် မရှိနိုင်သော်လည်း သူ့တွင် အခြားသော ပြင်းထန်သည့် နောက်ဆက်တွဲ ရောဂါများလည်း ရှိနေသေးသည်။ ငယ်စဉ်ကတည်းက ဆေးရုံသို့ အဝင်အထွက် မကြာခဏ လုပ်ခဲ့ရပြီး နောက်ပိုင်းတွင်တော့ ဆေးရုံကုတင်ပေါ်တွင်သာ အချိန်ဖြုန်းခဲ့ရသည်။

နောက်ပိုင်းတွင် သူ၏ မိဘများက ကလေး နောက်တစ်ယောက် ထပ်ရခဲ့သည်။ ထို့နောက် သူ့ကို စကားဖြင့် ဂရုစိုက်ကြောင်း ပြသနေကြဆဲ ဖြစ်သော်လည်း ဆေးရုံသို့ လာလည်သည့် အကြိမ်အရေအတွက်မှာ တဖြည်းဖြည်း နည်းပါးလာခဲ့၏။ သူတို့က သူ့အတွက် အိမ်တိုင်ရာရောက် ဆရာများ ငှားပေးခဲ့သော်လည်း မည်သူကမျှ ဇီဝကမ္မဗေဒ အကြောင်းကို မသင်ပေးခဲ့ကြချေ။ သူက အခြားသူများနှင့် မတူညီကြောင်းကို စာအုပ်များ ဖတ်ရှုခြင်းဖြင့်သာ ကိုယ်တိုင် လေ့လာသိရှိခဲ့ရသည်။

သို့သော် ယွီရှူးနင်မှာ လုံးဝ အထီးကျန်မနေခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် သူ့တွင် ဆေးရုံတက်ဖက် သူငယ်ချင်းများနှင့် သူ သဘောကျရသည့် လူများစွာ ရှိနေသောကြောင့်ပင်။ သူတို့က…

ဟင်? သူ တစ်ခုခုကို တွေးမိလိုက်တာလား?

ရုတ်တရက် ယွီရှူးနင်၏ ခေါင်းထဲတွင် ဟာလာဟင်းလင်း ဖြစ်သွားတော့၏။

သူ မမှတ်မိတော့ပေ။ သိပ်အရေးကြီးမှာ မဟုတ်ပါဘူးလေ။

ဆေးရုံမှာ နေရသည့်အတွက် ယွီရှူးနင်က အရာများစွာကို နားမလည်ခဲ့ချေ။ လူနာဆောင်ထဲတွင် အငယ်ဆုံးဖြစ်သဖြင့် လူတိုင်းက သူ့ကို အလိုလိုက်ပြီး အလိုဆန္ဒ ဖြည့်ဆည်းပေးခဲ့ကြ၏။ ​ယွီရှူးနင်၏ စရိုက်လက္ခဏာမှာ အပြစ်ကင်းစင်သည့် ရိုးသားမှုနှင့် လောကအကြောင်း ဘာမှမသိသေးသည့် ဖြူစင်မှုတို့ ပါဝင်နေသည်။

မည်သူမဆို အကယ်၍ သူတို့၌ မကောင်းသည့် ရည်ရွယ်ချက် အနည်းငယ်မျှ ရှိနေမည်ဆိုလျှင်ပင် ဤမျှ ဖြူစင်နေသည့် စာရွက်လွတ်လေးပေါ်တွင် သူတို့၏ အမှတ်အသားကို ချန်ထားချင်ကြမည်မှာ သေချာ၏။

ယင်ဝူဝမ်လိုပင်… ဤကဲ့သို့ နီးကပ်စွာ နေထိုင်ရခြင်း၏ အဓိပ္ပာယ်က အလွန်အကျွံ ဖြစ်နေသလား ဆိုသည်ကို ရေသူလေး နားလည်မည် မဟုတ်ကြောင်း သူ သိနေ၏… ရေသူလေးက ကလေးတစ်ယောက်လို သံယောဇဉ်မျိုးဖြင့် သူ့ကို အားကိုးနေခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သူ ဘယ်လောက်ပဲ လွန်လွန်ကျူးကျူး လုပ်ခဲ့ပါစေ၊ ရေသူလေးက ဒေါသထွက်ကောင်း ထွက်နိုင်သော်လည်း နောက်ဆုံးတွင်တော့ သူ့ကို ခွင့်လွှတ်ပေးမည်သာ ဖြစ်သည်။

ယင်ဝူဝမ် ပိုမို ရှင်းလင်းစွာ နားလည်လာလေလေ၊ ရေသူလေးအပေါ် သူ၏ အမှတ်အသားများ ချန်ထားချင်လေလေ ဖြစ်ပြီး ထိုဖြူစင်နေသည့် စာရွက်လွတ်လေးပေါ်တွင် ထာဝရ တည်တံ့မည့် အမှတ်အသားတစ်ခု ချန်ထားရန် ဆုံးဖြတ်ချက်ချလိုက်တော့၏။

“ကိုယ် မလိမ်ပါဘူး… ဒါက ဆေးလူးပေးနေတာလေ….”

ယင်ဝူဝမ်က သူ စုပ်ယူနေသည့် စိုစွတ်နေသော နို့သီးခေါင်းလေး တစ်ခုကို လွှတ်ပေးလိုက်သည်။

“အများကြီး ပိုသက်သာသွားတယ် မဟုတ်လား….”

ပြောရင်းဆိုရင်း သူက အခြား ပန်းနုရောင် နို့သီးခေါင်းလေး တစ်ခုကို ရှာတွေ့သွားပြီး ပြွတ်ခနဲ အသံမြည်အောင် စုပ်ယူလျက်လိုက်ပြန်၏။

“အင်း….”

ယွီရှူးနင်က အလိုအလျောက်ပင် အမျိုးသား၏ ဆံပင်များကို ဆွဲဖွလိုက်၏။ အနည်းငယ် ပိုသက်သာသွားသလို ခံစားရသော်လည်း ဤခံစားချက်ကြီးက သိပ်ကို ထူးဆန်းလွန်းနေသည်။

ဒါမျိုး မဖြစ်သင့်ဘူးလို့ သူ ခံစားနေရတယ်… ဒါပေမယ့် ဘာကြောင့်လဲ ဆိုတာကိုတော့ သူ မသိဘူး။ ယင်ဝူဝမ် ပြောတာက အမြဲတမ်း မှန်နေသလိုပဲ။

System 520 က သူ၏ မျက်စိရှေ့မှ အရာအားလုံးကို ကြည့်ရင်း တိတ်ဆိတ်စွာ သက်ပြင်းချလိုက်၏။

ဗီလိန်ကြီးက အရာအားလုံးကို အခွင့်ကောင်း ယူနေကြောင်း သူ့ရဲ့ တုံးအတဲ့ Host လေးကို သတိပေးသင့်သလား?

Chapter 6 ended

ရူးသွပ်နေသော ဗီလိန်များကို ကယ်တင်ရင်း အမြဲတမ်း အဖာ့ခ်ခံနေရသော ကျွန်တော်

ရူးသွပ်နေသော ဗီလိန်များကို ကယ်တင်ရင်း အမြဲတမ်း အဖာ့ခ်ခံနေရသော ကျွန်တော်

Status: Ongoing Type: Author:
Title - ရူးသွပ်နေသော ဗီလိန်များကို ကယ်တင်ရင်း အမြဲတမ်း အဖာ့ခ်ခံနေရသော ကျွန်တော်   Description     ကူးပြောင်းသွားသည့် ကမ္ဘာကြီးမှာ ပြိုကျပျက်စီးသွားပြီး ပင်မနတ်ဘုရားမှာလည်း ပျောက်ဆုံးသွားလေ၏။ ကမ္ဘာတစ်ခုချင်းစီမှ ရွေးချယ်ခံရသူများမှာ ဖောက်ပြန်ပျက်စီးသွားကြပြီး ရူးသွပ်နေသော ဗီလိန်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။   ယွီရှူးနင်သည် system 520 ၏ ရွေးချယ်ခြင်းကို ခံလိုက်ရပြီး ပင်မနတ်ဘုရား ပြန်လည်နိုးထလာစေရန်အတွက် ကမ္ဘာတစ်ခုချင်းစီသို့ သွားရောက်ကာ ထိုရွေးချယ်ခံရသူများကို ကယ်တင်ပေးပြီး ကမ္ဘာကြီး၏ စွမ်းအင်များကို ပြန်လည်ဖြည့်တင်းပေးရမည်ဖြစ်သည်။   system 520 - [မင်းမှာ ကမ္ဘာတိုင်းအတွက် အလန်းစား cheat စွမ်းရည်တစ်ခုစီ ရှိလိမ့်မယ်]   ယွီရှူးနင် (ပျော်ရွှင်စွာဖြင့်) - "တကယ်လား"   System 520 - [အဲဒီလိုပဲ ဆန့်ကျင်ဘက်အနေနဲ့ မင်းမှာ ကမ္ဘာတိုင်းအတွက် ချို့ယွင်းချက် တစ်ခုစီလည်း ရှိနေလိမ့်မယ်]   ယွီရှူးနင် (ကြောင်တောင်တောင်ဖြင့်) - "ဟင်..."   ဖြစ်နိုင်ချေရှိသော ချို့ယွင်းချက်များ - အသံပျောက်ခြင်း၊ အထိအတွေ့ငတ်မွတ်ခြင်း ၊ ခြေနှစ်ဖက်စလုံး သွက်ချာပါဒလိုက်ခြင်း၊ မျက်မမြင်ဖြစ်ခြင်း၊ နာကျင်မှုကို အာရုံခံလွယ်ခြင်း၊ သွေးဆာခြင်း...   *****   ယွီရှုးနင်သည် ရွေးချယ်ခံရသူ၏ ရှေ့တွင် ရပ်နေရင်း အကြောက်လွန်ကာ တုန်ယင်နေလေ၏။   "စနစ်... သူ့ကို ကြည့်ရတာ သိပ်ကြောက်စရာကောင်းတာပဲ... ငါ သူ့ကို တကယ် ကယ်တင်နိုင်ပါ့မလား"   System 520 - [ရပါတယ်၊ သူ့ကို ပြုံးပြကြည့်လိုက်]   ယွီရှူးနင်က စကားနားထောင်စွာဖြင့် အလွန်ချိုသာပြီး ချစ်ဖို့ကောင်းသော အပြုံးလေးတစ်ခုကို ပြုံးပြလိုက်သည်။ ထိုအခါ ရွေးချယ်ခံရသူ၏ အငွေ့အသက်များ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည့်အပြင် ထိုသူ၏ မျက်လုံးများကလည်း သူ့ကို အရှင်လတ်လတ် ဝါးစားပစ်ချင်နေသည့်အလား ဖြစ်နေသည်ကိုလည်း မြင်လိုက်ရ၏။   .....QAQ   ယွီရှူးနင်လေးမှာ ဝမ်းနည်းပက်လက် ငိုချလိုက်လေတော့၏။   "သူ... သူက ပိုတောင် ကြောက်စရာကောင်းလာသေးတယ်..."   System 520 က သူ့ကို နှစ်သိမ့်ပေးလာသည်။   [ကိစ္စမရှိဘူး၊ မင်း အောင်မြင်သွားပြီ]   *   ကမ္ဘာအသီးသီးမှ ရွေးချယ်ခံရသူများ၏ လှိမ့်ပိမ့်ဖာ့ခ်ခြင်းကို ခံလိုက်ရသော ယွီရှူးနင်လေးမှာ မျက်ရည်များ ဝဲတက်လာခဲ့သည်။   "ဝူး ဝူး... စနစ် မင်း... မင်းက ကယ်တင်ရမယ့်နည်းလမ်းက ဒါမျိုးကြီးဆိုတာ ငါ့ကို မပြောခဲ့ဘူးလေ..."   သူ၏မျက်ရည်ပေါက်ကြီးများမှာ ကြီးမားလှပြီး ကြည်လင်နေလေ၏။   "ကမ္ဘာတစ်ခုမှာ ရွေးချယ်ခံရတဲ့သူက တစ်ယောက်မကဘူးဆိုတာကိုလည်း မင်း ငါ့ကို မပြောခဲ့ဘူး... ဝူး ဝူး ဝူး..."   System 520 မှာ အပြစ်ရှိသလို ခံစားလိုက်ရသည်။   [မငိုနဲ့တော့၊ ငါ မင်းကို သကြားလုံး ကျွေးမယ်]   ယွီရှူးနင်သည် ရှိုက်ငိုနေရင်း သကြားလုံးကို စားလိုက်သည်။   "စောက်ကျင့်ယုတ်တဲ့ စနစ်... မင်း ငါ့ကို နောက်ထပ် တစ်ခုခု ဖုံးကွယ်ထားဦးမယ်ဆိုရင် မင်းကို ဘယ်တော့မှ စကားမပြောတော့ဘူး"   System 520 - [ဒါအကုန်ပဲ]   မဟုတ်သေးဘူး၊ နောက်ထပ်တစ်ခု ကျန်သေးသည်ဟု system 520က စိတ်ထဲမှ တွေးလိုက်၏။ သူ၏ host လေးက သိပ်ကို ချစ်ဖို့ကောင်းနေတာပဲ။   *****   ★ world 1 - ကြယ်တာရာခေတ် / နောက်ဆုံးကျန်ရစ်သော ရေသူထီးလေး (1v1)   ★ world 2 - မှုခင်းစုံစမ်းရေး / ဆင်ခြေဖုံးက တိုက်အိုကြီးထဲတွင် နေထိုင်သည့် မျက်မမြင် ကောင်လေးတစ်ယောက် (1v2)   ★ world 3 - သားရဲလူသားကမ္ဘာ / နာကျင်မှုကို အာရုံခံလွယ်တာလား၊ သူက နဂိုကတည်းက နာမှာကိုကြောက်တတ်ပါတယ်ဆိုနေမှ (1v3)   ★ world 4 - ရှေးခေတ် / ဒီလူက ဘယ်သူလဲ၊ သူ့သွေးနံ့လေးက သိပ်မွှေးတာပဲ (╹﹃╹ ) (1v1)   ★ world 5 - စင်တီနယ် - Guide / အသံပျောက်သွားလို့ အကူအညီတောင် မတောင်းနိုင်တော့ဘူး (1v2) (ဒီကမ္ဘာက guideverse လိုမျိုးပါပဲ။manhwa ဖတ်တဲ့လူတွေဆို သိလိမ့်မယ်)   ★ world 6 - အဆုံးမဲ့ဂိမ်း / သူ့ရဲ့ညာဘက်နားလေးတော့ လုံးဝကို ဆွံ့အသွားပြီ... (1v2)   ★ world 7 - ဖုန်းယွမ်တိုက်ကြီး / လွန်ခဲ့သော နှစ်တစ်ထောင်ဆီသို့ ပြန်သွားခြင်း   ★ world 8 - extra / ခေတ်သစ်ကမ္ဘာ     ————————   ★ မရေမတွက်နိုင်သော ကိုယ်ပွားများဖြင့် ခွဲထွက်နေသည့် ကုန်း။   ကမ္ဘာတစ်ခုစီတိုင်းမှာ ကုန်းအရေအတွက်က ကွာခြားပါတယ်။ တစ်ယောက်စီတိုင်းက ရူးသွပ်ပြီး စိတ်ထားကောက်ကျစ်နေတဲ့ စောက်ရူးနှာဗူးကောင်တွေချည်းပဲ။   ရှို့ကတော့ သကြားလုံးတစ်လုံးတည်းနဲ့ အလွယ်တကူ သိမ်းသွင်းလို့ရတဲ့ အပြစ်ကင်းစင်တဲ့ အသည်းယားစရာ ကောင်လေးပါ။ နောက်ပြီး ဒွိလိင်ပါ။   ————————   ★ 1v1, high H, Smut, R18   ————————   MC လေးက သိပ်ကို ချစ်ဖို့ကောင်းပြီး အရူးလုပ်ရ သိပ်လွယ်တာ။ တကယ်လို့ ဉာဏ်ကောင်းတဲ့ MC မျိုး ဒါမှမဟုတ် ကြာပန်းနက်မျိုးကို ဖတ်ချင်တယ်ဆိုရင်တော့ ဒီဇာတ်လမ်းနဲ့ အဆင်မပြေပါ။ --- WARNING ❗❗❗ SMUT / NSFW ပါ။ 21+ Novel ပါ။ စကားလုံးများ ညစ်ညမ်းရိုင်းစိုင်းပါတယ်။ uke က ဒွိလိင်ပါ။ ကလေးငယ်များဖတ်ရန် လုံးဝ မသင့်တော်ပါ။    

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset