Little Creampie:
Chapter 23
သူ့ဦးနှောက်ထဲ ပေါ်လာသည့်ပုံများမှာ ကလေးများအတွက် တဖြည်းဖြည်းနှင့် မသင့်တော်သောများ ဖြစ်လာသည်။ ရှရှင်းချီ သည် ခေါင်းကို အလျင်အမြန် ခါယမ်းလိုက်ပြီး ရုတ်တရက် သူ့ကိုယ်သူ မေးခွန်းထုတ်လိုက်မိသည်။ ငါ့အခန်းက ဘယ်ဟာဖြစ်သင့်တာလဲ ?
နှစ်ကြိမ်ဆက်တိုက်လုံး သတိလစ်နေချိန်များတွင် လီချန်ယွမ်က သူ့ကို မလွှတ်တမ်းဆွဲထားရန် ဆန္ဒရှိနေခဲ့သည်။ သူအထင်မှားနေသည်ကို ဖော်ထုတ်နိုင်ခဲ့ပြီ။ ဒါကြောင့် အမှန်တရားတစ်ခုပဲ ရှိနိုင်သည်။ သူ့ကြည့်ရတာ ငါ့ကို သူ့လရောင်ဖြူလေးနဲ့ မှားနေတာဖြစ်ရမယ်!
အခု အရာအားလုံးက အဓိပ္ပါယ်ရှိလာပြီ။ လီချန်ယွမ် သူနှင့်တွေ့ဆုံပြီးနောက် မူလဇာတ်ကြောင်းအတိုင်း စေ့စပ်ပွဲကို မရပ်တန့်ခဲ့သည်မှာ အံ့သြစရာမဟုတ်သော်လည်း သူနှင့်အတူနေထိုင်ရန် လစဉ် လစာတစ်သန်းကိုပင် ကမ်းလှမ်းခဲ့သည်။
ရှရှင်းချီ သည် ကူပြောင်းလာသောအချိန်၌ သူ၏မူလခန္ဓာကိုယ်နှင့် ကူးပြောင်းသွားပြီး ဤရုပ်သွင်မှာ မူလပိုင်ရှင်နှင့် မတူကြောင်း သိလိုက်သည်။ လီချန်ယွမ် ရဲ့ “မြင်မြင်ချင်း အချစ်” လို့ ပြောတဲ့ အဲဒီနေ့က ငါ့ကို သူ့လရောင်ဖြူလေးနဲ့ ဆင်တူတာကိုမြင်တဲ့ အခိုက်အတန့် ချက်ချင်း အစားထိုးဖို့ တွေးမိတာကြောင့် ဖြစ်ရမယ်။
ရှရှင်းချီသည် သူပင် သတိမထားမိလိုက်ဘဲ အခန်းကဏ္ဍအသစ်တစ်ခုသို့ ဝင်လာမိကြောင်း သိလိုက်ရသောအခါ အံ့အားသင့်သွားမိသည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းသည် ဆိုးရွားလှသော ဇာတ်ကောင် မဟုတ်ခဲ့ဘဲ၊ အစားထိုးခံလေးဖြစ်ခြင်းသည် အမြောက်စာဖြစ်ခြင်းထက် ပိုကောင်းသည်။ သူသာ ကောင်းကောင်းစွမ်းဆောင်နိုင်ရင် ရှုံးမှာမဟုတ်ဘူး။
လီချန်ယွမ်က သူ့ဘာသာ ခဏလောက် ရေရွတ်နေပြီး နောက်ဆုံးမှာတော့ တုန်ရီနေတဲ့ သူ့လက်ကို လွှတ်လိုက်သည်။ ဤသည်ကိုမြင်သည်နှင့် သူလည်း အခန်းထဲက အမြန်ထွက်ပြီး ဆေးအကူအညီတောင်းဖို့ အောက်ထပ်ကို အမြန်ပြေးဆင်းလိုက်တော့သည်။
————
သူ မခေါက်ခင်မှာပင် အန်ကယ်တင်း၏ အခန်းတံခါးက သူ့ရှေ့မှာ ပွင့်သွားသည်။ လူအိုကြီးသည် အပေါ်ထပ်မှ လှုပ်ရှားမှုကြောင့် နိုးလာပြီး အပြင်ထွက်ကာ စစ်ဆေးကြည့်တော့မည့်ပုံပင်။
“သခင်လေး ဘာကိစ္စရှိလို့လဲ သခင်ကြီး နေမကောင်းပြန်ဘူးလား”
ရှရှင်းချီ က သူ့အသက်သွေးကြောကို ဆုပ်ကိုင်ခံထားရသကဲ့သို့ ချက်ချင်း ခေါင်းညိတ်ပြလိုက်ပြီး
“သူ အဖျားတက်နေတယ်၊ ဆရာဝန်နဲ့ ဆက်သွယ်ဖို့ ပြောခဲ့ပေမယ့် သူက မလုပ်နဲ့တဲ့။ ကျွန်တော့်ကိုလည်း ဖုန်းနံပါတ်မပြောပြဘူး”
ဦးလေးတင်း က “စိတ်မပူပါနဲ့ သခင်လေး ကျွန်တော် အခုပဲ ဒေါက်တာကျောက် ကို ခေါ်လိုက်ပါ့မယ်၊ မကြာခင် သူ ဒီမှာ ရောက်လာမှာပါ”
“အရင်သွားအနားယူလိုက်ပါ၊ ကျွန်တော်ဂရုစိုက်လိုက်ပါ့မယ်” ဟုပင် ထပ်လောင်းပြောခဲ့သေးသည်။
ရှရှင်းချီသည် လီချန်ယွမ်ကို စောင့်ကြည့်ပေးမည်ဟု ပြောထားသောကြောင့် စိတ်တင်းတင်းချကာ ချက်ချင်း ခေါင်းယမ်းလိုက်သည်။
သူ မအိပ်ရဲတော့ဘူး။ လီချန်ယွမ်သည် အချိန်မရွေးသေနိုင်သည်ကို သူသိနေသည်။ ထိုသူ နေမကောင်းဖြစ်တာကို မြင်သည်နှင့် သူ အလွန်ထိတ်လန့်သွားမိသည်။ သူအိပ်ရာကနိုးလာသောအခါ သူ့ခင်ပွန်းလောင်း သေဆုံးနေမည်ကို
တွေ့ရမည်ကို ကြောက်လန့်နေမိသည်။
အန်ကယ်တင်းသည် အနည်းငယ် အံ့သြသွားခဲ့သည်။ ယခုပင် မနက်သုံးနာရီ ထိုးနေပြီဖြစ်သော်လည်း ရှရှင်းချီမျက်နှာတွင် စိတ်မရှည်သည့် အမူအရာလုံးဝမတွေ့ရဘဲ သူ၏စိုးရိမ်သောအမူအရာမှာ သရုပ်ဆောင်နေတာ မဟုတ်ခဲ့ပေ။
စေ့စပ်ပွဲမစခင်၌ ထိုလူငယ်သည် အချိန်အတော်ကြာ သူရဲဘောကြောင်ပြီး တစ်ကိုယ်ကောင်းဆန်သူဟု ကောလာဟလများထွက်ပေါ်ခဲ့ပြီး “ခဏခဏနေမကောင်းဖြစ်တတ်တဲ့ လူတစ်ယောက်ကို မပြုစုချင်ပါဘူး” နှင့် “ကျွန်တော် လက်မထပ်ချင်ပါဘူး လီချန်ယွမ် ဘာလို့ အသက်ရှင်နေသေးတာလဲ။” ဆိုသော မကောင်းသည့်ဆင်ခြေများသာ ကြားခဲ့ရသည်။
သို့သော်လည်း ဤနှစ်ရက်ကြာ အတူနေပြီးနောက် ရှရှင်းချီ သည် ဤသို့စိတ်ဓာတ်မရှိကြောင်း ခံစားခဲ့ရပြီး တစ်စုံတစ်ယောက်ကသာ ရည်ရွယ်ချက်ရှိရှိ ဖြန့်ပစ်ခြင်း တစ်ခုခုဖြစ်ကောင်းဖြစ်နိုင်သည်။
ယခုတွင်မူ ပိုမိုသိသာထင်ရှားလာခဲ့သည်။ အမှန်တကယ်ပင် ထိုလူငယ်၌ မကောင်းသောအတွေးမရှိပေ။ ဤသည်မှာ လုပ်ကြံဖြန့်ပစ်ခြင်းဖြစ်မှန်း သူသဘောပေါက်ခဲ့သည်။
လူအိုကြီးက စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်ချကာ “စိတ်မပူပါနဲ့ သခင်ကြီး ဒီနှစ်မှာ ဖျားနာလွယ်ပေမယ့် သူမြန်မြန်သက်သာလာမှာပါ” လို့ ရှင်းပြလိုက်သည်။
ထိုသို့ပြောလိုက်ခြင်းက ရှရှင်းချီ ၎င်းကို စိတ်အနှောင့်အယှက်မဖြစ်စေရန်အတွက် ဖြစ်သည်။ လီချန်ယွမ်သည် မကြာခဏဖျားနာခြင်းမဟုတ်သော်လည်း သူဖျားနာသောအခါ အခြားသူများကိုဒုက္ခမပေးခဲ့ပေ။
အခြားသူများ၏သဘောထားများသည် လက်ရှိ လီချန်ယွမ် အား ထိခိုက်မည်မဟုတ်သော်လည်း ရှရှင်းချီကပါ သူ့ကို ငြိုငြင်လာပါက၊ သူ၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာများအား ဆိုးရွားသော ထိုးနှက်ချက်ဖြစ်လာမည်ဖြစ်သည်။
ရှချင်းချီသည် သွေးအေးသူ မဟုတ်ပေ။ ဦးလေးတင်းကို သတိပေးရန် စိုးရိမ်တကြီးဖြင့် ခေါင်းကို လက်ညှိုးထိုးပြလိုက်သည်-
“လီချန်ယွမ် သူ —”
ဦးလေးတင်းက သူ့အဓိပ္ပါယ်ကို ချက်ချင်းသိရှိလိုက်ပြီး ခဏလောက် တွန့်ဆုတ်နေခဲ့သည်။
– “သခင်ကြီးက အရင်က နည်းနည်း လှုံ့ဆော်ခံခဲ့ရတာမို့ ခဏခဏ စိတ်ရှုပ်ထွေးတတ်ပြီး သူ့ကိုယ်သူ အိမ်ဟောင်းမှာ ရှိနေတုန်းပဲလို့ ထင်နေတတ်တယ်.. ဒါက လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကပါ။ ဖြစ်ခဲပါတယ်။”
ထိုအကျဉ်းချုပ်ပြောပြခြင်းသည်ပင် အလွန်စာနာဖွယ်ဖြစ်သော်လည်း ရှရှင်းချီမှာ ခေါင်းညိတ်ပြရုံမှတပါး ရွေးချယ်စရာမရှိတော့ပေ။
မူရင်းဝတ္ထုတွင် ဗီလိန်သူဌေးကြီး၏ ငယ်စဉ်ကလေးဘဝ အတွေ့အကြုံများကို အသေးစိတ်မဖော်ပြခဲ့ပေ။ အကျဉ်းမျှသာ ရှိခဲ့သည်-
လီချန်ယွမ်သည် ငယ်စဉ်ကလေးဘဝကတည်းက စိတ်ချို့ယွင်းသူတစ်ယောက်ဖြစ်ခဲ့ပြီး သူ့အမေ၏ခန္ဓာကိုယ်ကို တစ်ညလုံး ဖက်ထားမှသာ အေးချမ်းစွာ အိပ်စက်နိုင်ခဲ့သည်ဟု ဆိုသည်။
အခု ပြန်စဉ်းစားကြည့်တော့ သူ့အမေ သူ့ကိုယ်သူ ကြိုးဆွဲချ သေသွားသည်မှာ သူ့အတွက်တော့ ကြောက်စရာကောင်းလောက်အောင် ရက်စက်ရာကျလွန်းသည်။
အမေဖြစ်သူက အသက်ရှင်ဖို့အတွက် ရူးသွပ်စွာရုန်းကန်နေရင်းကနေ နောက်ဆုံးမှာ မူလရုပ်သွင်ကိုတောင် ခွဲခြားလို့မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းတဲ့ သတ္တဝါတစ်ကောင်လို ဖြစ်သွားတာကို ကြည့်နေရတဲ့အချိန်မှာ လီချန်ယွမ်ရဲ့ စိတ်အခြေအနေက ဘယ်လိုရှိနေမလဲ။ သူနဲ့အမျိုးတော်စပ်သူတစ်ယောက် ဒီလိုဖြစ်နေတာကို သူ ဘယ်လိုများ ရပ်ကြည့်နိုင်တာလဲ။
ဒီအချက်က သူက ရူးသွပ်နေတဲ့ဗီလိန်ဆိုတာကို သက်သေပြပေးခဲ့ပေမယ့် ဒီနှစ်ရက်တာအတွင်း လီချန်ယွမ်နဲ့ အတူနေပြီးတဲ့နောက်မှာတော့ ရှရှင်းချီသည် ထိုလူက တအားကြီး ရူးသွပ်နေတာလို့ မခံစားရဘဲ ဒီတိုင်း တခြားလျှို့ဝှက်ချက်တွေ ရှိနေလို့သာ ထင်မိ၏။
ဘယ်လိုပဲဖြစ်ဖြစ် သူ အချိန်ဆိုးတွေ ကြုံတွေ့ခဲ့ရသည်မှာ သေချာ၏။ မဟုတ်ရင် ဘာအကြောင်းမှမရှိဘဲ ဒီလောက်ကြီး စိတ်ဖောက်ပြန်ပြီး ရူးသွပ်သွားမှာ မဟုတ်ဘူး။
ရှရှင်းချီက သက်ပြင်းတစ်ချက်ချလိုက်ပြီး အန်ကယ်တင်းဘက်လှည့်ကာ
” ဦးလေးအရင်ခေါ်လိုက်ပါ၊ ရေနွေးက အဆင်သင့်ဖြစ်နေပြီထင်တယ်။ ကျွန်တော် အရင်တက်ပြီး လီချန်ယွမ် အဖျားပျောက်ဆေးသောက်ပြီးပြီလား သွားကြည့်လိုက်ဦးမယ်”
အန်ကယ်တင်းသည် နံပါတ်ကိုခေါ်ဆိုနေရာမှ အလယ်တွင် သူ၏လက်များ ခေတ္တရပ်တန့်လိုက်ပြီး သူ၏အမူအရာမှာ အံ့အားသင့်သွားပုံရသည်-
“အဖျားပျောက်ဆေးလား? သခင်လေး အဲ့ဒီပဋိဇီဝဆေးကို ဘယ်ကရလာတာလဲ”
“ဟင်? ကျွန်တော် သူ့အခန်းထဲက အံဆွဲထဲကနေ ယူလိုက်တာပဲ……”
ရှရှင်းချီ၏ စကားလုံးများ ရပ်တန့်သွားသည်။ အကြောင်းအကျိုး ဆက်စပ်မှုတွေက ရှင်းရှင်းလင်းလင်း ပေါ်လွင်နေပြီး၊ သူ့မှာ မကောင်းတဲ့ အာရုံခံစားမှုတစ်ခု ဝင်လာခဲ့သည်။
– ဆေးသေတ္တာထဲမှာ ဘာကြောင့် အဖျားပျောက်ဆေးတွေ မရှိတာလဲ။ လျှို့ဝှက်အံဆွဲလေးထဲမှာ အကိုက်အခဲပျောက်ဆေး၊ စိတ်ငြိမ်ဆေး နှင့် အခြားဆေးများနဲ့အတူ အလားတူ ဆေးတွေကို ဘာကြောင့် ဝှက်ထားခဲ့တာလဲ။
ရှရှင်းချီသည် ချက်ချင်းပင် အပေါ်ထပ်သို့ အမြန်ပြေးတက်သွားကာ သူ့လည်ချောင်းထဲတွင် သူ့နှလုံးသားတစ်ခုလုံး ဆို့နင့်နေခဲ့သည်။
တံခါးကို အလျင်စလိုတွန်းဖွင့်လိုက်သောအခါတွင် အရာအားလုံးသည် အလွန်ပုံမှန်ဖြစ်နေပုံရသည်။ လီချန်ယွမ်သည် လုံးဝ နိုးကြားနေပုံရပြီး အိပ်ယာပေါ်တွင် ငြိမ်သက်စွာ လျောင်းနေပုံရပြီး ထုံးစံအတိုင်း သူ၏ဂရုမစိုက်သော မျက်နှာထားဖြင့် ရှိနေခဲ့သည်။
ဒါပေမယ့် ဒီအခြေအနေက ပိုပြီး သာမာန်ကျလေ၊ ရှရှင်းချီ ရဲ့ မကောင်းသော အတွေးစိတ်က အထွတ်အထိပ်သို့ ရောက်လေလေ ဖြစ်နေသည်။
အနီးကပ် သတိထားကြည့်လိုက်တော့ လီချန်ယွမ် ဟာ သကြားလုံးစားနေသကဲ့သို့ တစ်ခုခုကို မျက်နှာသေနဲ့ ဝါးနေ၏။
သူ့လက်ထဲတွင် ဆေးအခွံအလွတ်တစ်ခု ရှိနေပြီး၊ ခါးသီးခြင်းကို အင်မတန်ကြောက်သော ထိုသူသည် ဤအချိန်တွင် ဆေးကို ဖောက်ကာ ပါးစပ်ထဲ ထည့်ဝါးနေသည်။
“ငါ……..သေစမ်း…”
ဤအခိုက်အတန့်တွင် ရှရှင်းချီ၌ ထုတ်ပြောရန် စကားလုံးများကိုပင် မစုစည်းနိုင်တော့ပေ။ ဤအခြေအနေကိုကြည့်ရင်း သူ့ဝိညာဉ်တစ်ခုလုံး လွှင့်ပြန့်သွားမည်ကိုပင် စိုးရိမ်နေမိသည်။
သူသည် အသံတုန်တုန်ဖြင့် သတ္တိခဲကာမေးလိုက်သည်။
“လီချန်ယွမ် ခင်ဗျား ဘာလုပ်နေတာလဲ”
လီချန်ယွမ်သည် သူ၏ မဲမှောင်နက်နဲသော ပယင်းမျက်လုံးများကို စိုက်ကြည့်ကာ ကလေးတစ်ယောက်ကဲ့သို့ လက်ထဲမှ ဆေးကိုဝှက်ထားရင်း ကျူးကျော်သူကို တွေ့လိုက်ရသကဲ့သို့ အကြည့်စူးစူးဖြင့် တည့်တည့်စိုက်ကြည့်နေသည်။
“ထွက်သွား။”
သူ့အမူအရာက ကြောက်စရာကောင်းပြီး သူ့ရဲ့ပြင်းထန်တဲ့ ဩဇာအာဏာနှင့် အေးစက်စက်လေသံက ပုံမှန်အတိုင်းပင်။
ရှရှင်းချီသည် သူပြန်လည်ကောင်းမွန်လောက်ပြီဟု ထင်မှတ်ကာ ခြေတစ်လှမ်းဆုတ်ရန် ထွက်ခွာသွားခဲ့သည်။
သို့သော် သူလှည့်ထွက်သွားပြီးသည်နှင့် တစ်ခုခုမှားနေပြီမှန်း ခံစားလိုက်ရတဲ့အတွက် ချက်ချင်းပြန်လှည့်ကာ ခြေလှမ်းပေါင်းများစွာ ရှေ့ကို ပြေးသွားလိုက်သည်။
သူဟာ လီချန်ယွမ်၏လက်ကောက်ဝတ်ကို လှမ်းဆုပ်ကိုင်လိုက်ပြီး ဆေးအာနိသင်ကို ထိန်းချုပ်ရန်ရည်ရွယ်ချက်ဖြင့် နောက်ဆုံးကျန်နေတဲ့ ဆေးလုံးကို လှမ်းလုလိုက်သည်။ သူ၏ ဤသို့ရူးသွပ်သွပ်အမူအရာနှင့်ပတ်သက်ပြီး နောက်မှသာ ဆွေးနွေးရမည်ပင်။
ရှရှင်းချီဟာ ဒီလူက ပုံပန်းသဏ္ဌာန်နဲ့ မလိုက်ဖက်အောင် သန်မာတယ်ဆိုတာ သိပေမဲ့၊ ဒီလို ဖျားနာနေတာတောင် သူ့ကို ကိုင်တွယ်ရတာ ဒီလောက်ခက်ခဲလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။
နှစ်ယောက်ကို နှိုင်းယှဉ်ကြည့်ရင် သူ လီချန်ယွမ်ကို လုံးဝယှဉ်လို့မရဘူး။ ဆေးလုံးကိုလည်း မရလိုက်တဲ့အပြင် အိပ်ရာပေါ်ကိုပါ တန်းပါသွားခဲ့ရတယ်။
ရှရှင်းချီသည် မူလက ချုပ်ကိုင်နိုင်သည့်ရာထူးကို ရယူထားနိုင်သော်လည်း ယခုအခါ လီချန်ယွမ်နှင့် တိုက်ခိုက်ရန် အပြန်ပြန်အလှန်လှန် လှန်လှော ခုခံတိုက်ရင်း ကုတင်ပေါ်၌ ပြင်းထန်စွာ ဖိချခံရကာ ဖိနှိပ်ခံရခြင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အရူးတစ်ယောက်၏ ဦးနှောက်ပတ်လမ်းကြောင်း အလုပ်လုပ်ပုံကို တကယ်ကို နားမလည်နိုင်ပေ။ ရှရှင်းချီသည် ဆေးလုံးကို ဖမ်းသိမ်းရန်သာ အာရုံစိုက်နေသော်လည်း ယခုလေးတင် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည့် အဖြူရောင်ဆေးပြားကို လီချန်ယွမ်က အမှိုက်ကဲ့သို့ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်ကို မြင်လိုက်ရသည်။
မြေပြင်ပေါ် ကျသွားသောအသံနှင့်အတူ နှစ်ကြိမ်တိုင်တိုင် မြှောက်ခါသွားသည်။
ထိုကျသံနှစ်ခုကြားတွင် ရှရှင်းချီ သည် သူ့ကိုယ်သူ ဤအရူးဗီလိန်၏ပစ်မှတ်အသစ်ဖြစ်လာကြောင်း ရုတ်တရက်သိလိုက်ရသည်။
လီချန်ယွမ်၏ ခန္ဓာကိုယ်သည် ပူလောင်နေသော်လည်း သူ့လက်ချောင်းထိပ်များက အေးစက်နေသည်။
ခုခံရန် မဖြစ်နိုင်လောက်အောင် ခွန်အားဖြင့် သူသည် ရှရှင်းချီ ၏ ဘယ်ဘက်ပခုံးကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ညာလက်တစ်ဖက်ကို ထိန်းကိုင်ထားလိုက်သည်။
ချက်ချင်းဆိုသလို အနိုင်ကျင့်ပြီး ရှချင်းချီကို သူ့ခန္ဓာကိုယ် အောက်တွင် ဖိထားလိုက်တော့သည်။
ပရမ်းပတာအခြေအနေတွင်၊ သူ့စိတ်ထဲ၌ “သူ့ကိုဖမ်း” ဟူသောအတွေးတစ်ခုသာရှိခဲ့သည်။
လီချန်ယွမ်သည် သူ့သွားများကို အံကြိတ်ကာ ရှချင်းချီကို တင်းတင်းကြပ်ကြပ် ဖက်ထားလျက် လွှတ်ပေးဖို့ရန် လုံးဝအပြတ် ငြင်းဆန်သည်။ ဆုပ်ကိုင်ထားသည်မှာ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားတော့မည့် အရာတစ်ခုကဲ့သို့ တင်းကျပ်ကျပ်ဖြစ်နေခဲ့သည်။
ရှရှင်းချီသည် ထိုသူအား ကြည့်ရန်ခေါင်းထောင်လိုက်သည်နှင့် ဖုံးကွယ်ထားသော ပိုင်ဆိုင်လိုစိတ်များ ပြည့်နှက်နေသည့် ကြောက်မက်ဖွယ်ကောင်းသော အကြည့်များကိုသာ တွေ့လိုက်ရသည်။ တပြိုင်နက်ပင် သူ ချက်ချင်း အားအင်များလျော့ပါးသွားပြီး ထိုလူကို တွန်းထုတ်ရန်သာ အပြင်းအထန် ရုန်းကန်နိုင်ခဲ့သည်။
ဒီအရူးကောင်က သေချာပေါက် မှားပြန်ပြီဟ။ မင်းရဲ့လရောင်ဖြူလေးအတွက် မင်းရဲ့မုန်းတီးမှုတွေအားလုံးကို အပြစ်ကင်းတဲ့ လူကလေးဖြစ်တဲ့ငါ့အပေါ် မပုံချစမ်းပါနဲ့ကွာ။
တိုက်ပွဲက ပြင်းထန်နေသည်။
တံခါးနားမှ ခြေသံနှင့် စကားစမြည်သံများကိုပင် သူတို့ ဂရုမစိုက်နိုင်ပေ – “အဖျားလား? သူ အအေးမိသွားပြန်ပြီလား? ဒီရက်ပိုင်းတွေ ကျွန်တော် သူ့ကိုပြောသားပဲ – အားးး!”
သူ့စကားများ ချက်ချင်းပြတ်တောက်သွားကာ တုန်လှုပ်ခြောက်ခြားဖွယ် အာမေဋိတ်သံတစ်ခုသာ ကျန်တော့သည်။
ပေါ့ပေါ့ပါးပါး ၀တ်ဆင်ထားကာ ဆေးသေတ္တာကို သယ်ဆောင်လာသည့် ဒေါက်တာကျောက်က တံခါးကို တွန်းဖွင့်လိုက်သည်- ကုတင်ပေါ်ရှိ လူနှစ်ဦးသည် ထူးဆန်းသော အနေအထားဖြင့် လက်ဆယ်ချောင်းပင် အတူယှက်လျက် ရှိနေကြသည်။
ဘေးနားတွင် အချိန်အကြာကြီး ဝပ်နေကာ စူးစမ်းလိုစိတ်ရှိသည့် မျက်နှာဖြင့် အဖြူရောင် ကြောင်လုံးလေးကပင် ထိုလူသားနှစ်ဦး၏ ထူးဆန်းသော အပြုအမူကို သတိပြုမိသည်။
နွေဦးတောင် မရောက်သေးဘူးကို…ယ ဒီနှစ်ယောက်က ဘာကြောင့် မစောင့်နိုင်ရတာလဲဟု တွေးမိတော့သည်။
“မင်းတို့….!!” တိုက်ပွဲကြောင့် အလွန်ကြောင်အမ်းဆွံ့အသွားသော ကျောက်ယင်းဟယ်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် စကားမပြောနိုင်တော့ပေ။
သူတို့နှစ်ယောက် တရားဝင် လင်လင်နှစ်ယောက် ဖြစ်သွားကြပေမယ့် အခုအချိန်ကလည်း ညနက်ကြီး.. ပြီးတော့ အိပ်ယာပေါ်မှာ အချိန်၊ နေရာနဲ့ ပါဝင်သူတွေ အားလုံးအဆင်ပြေတယ်…။
အဲ့လိုဆိုမှတော့ ငါက ဒီမှာဘာလုပ်နေမိတာလဲ!
Chapter 23 end
Chapter 24
မြင်ကွင်းမှာ တစ်ခဏမျှ ငြိမ်သက် တိတ်ဆိတ်သွားလေ၏။
စက်တိုဖွယ်ကောင်းသည််မှာ လူးလွန့်ပြီးချိန်တွင် လီချန်ယွမ် ခွန်အားတို့ ကုန်သွားကာ ယိမ်းထိုးလျက် အောက်သို့ တန်းတန်း ပြုတ်ကျသွားလေသည်။ ဤအရာမှာ သူတို့နှစ်ဦး ဆယ့်ရှစ်နှစ်အောက် မကြည့်ရန် တားမြစ်ထားသည့် ကိစ္စအား ဆောင်ရွက်နေသည် မဟုတ်မှန်း ရှရှင်းချီကို တစ်ယောက်တည်း အစွမ်းကုန်ရှင်းပြရန် ချန်ခဲ့၏။
သို့ပေမယ့် ဒေါက်တာကျောက်က ကမ္ဘာအသစ်အား ရှာတွေ့သွားသော မျက်နှာပေးနှင့် နောက်နောက်ပြောင်ပြောင်ဖြင့်သာ ပြောလိုက်သည့် “ ရှင်းပြတယ်ဆိုတာ အဖြစ်မှန်ကို ဖုံးကွယ်တာပါ” ဆိုသည်မှာ ရှရှင်းချီအား ပိုလို့ပင် ရှက်ကိုးရှက်ကန်းဖြစ်စေသည်။ အမှတ်မထင် သူ အတော်လ သံသယဝင်သွားသည်မှာ ညအိပ်ဝတ်စုံနှင့် ချည်သားကွင်းထိုးဖိနပ်တို့ကိုသာ စီးထားသည့် ဒီကလိမ်ကကျစ် ဆရာဝန်က တကယ်ရော ယုံရရဲ့လား ဟုပင်။
ကံကောင်းစွာဖြင့် ကျောက်ယင်းဟယ်၏ ကျွမ်းကျင်မှုမှာ သူဟာ တကယ် ယုံရကြောင်း သက်သေပြခဲ့၏။ ရှရှင်းချီက စိတ်သက်သာရသွားသည့် သက်ပြင်းအား ချလိုက်ပြီး အဲ့ဒီ လှုံ့ဆော်သူ လီချန်ယွမ်ကို ကျိန်ဆဲချင်မိသွားခဲ့သည်။
မမျှော်မှန်းနိုင်လောက်အောင် ဒီလူမှာ အလွန်နုနယ်၍ မည်သူမှ သူ့အား ထိလည်းမထိရဲ ဆူလည်းမဆူရဲပေ။
အစာအိမ်ဆေးမှာ အလုပ်လုပ်ပုံ မပေါက်သေး။ လီချန်ယွမ်၏ မျက်နှာမှာ ဖြူဖျော့နေကာ သူ့မျက်တောင်ရှည်များသည် ချွေးအေးများဖြင့် စိုနေပြီး သူဟာ အံကို တိတ်ဆိတ်စွာ ကြိတ်လျက် ကွေးကွေးလေးနေနေခဲ့၏။
“အဲ့ဒါကြည့်ရတာ အစာအိမ်အောင့်တာနဲ့ တူတယ်” ကျောက်ယင်းဟယ်က ရေဘူးအား မ ကိုင်လိုက်သည်။ “သူဆေးသောက်ပြီးတာတောင် ဆက်အန်နေတုန်းပဲ၊ အဲ့ဒါကြောင့် ငါတို့ သူ့ကို အလျားလိုက်သာ လှဲခိုင်းထားနိုင်တယ်၊ အပူလေးနဲ့ဖိထား ဒါမှမဟုတ် သူ့ကို ညင်ညင်သာသာ နှိပ်ပေးလိုက်။”
ဆေးသောက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးပြောကာမှ ရှရှင်းချီက သူ အဖျားပျောက်ဆေးအများကြီးသောက်ပြီး အဆိပ်မိသွားမှာကို အတော်ပင် ပူပင်နေခဲ့၏။ သို့သော် ရလဒ် မှာ IVတပ်လိုက်သည်နှင့် ထိုလူက ရေချိုးခန်းထဲသို့ ဒယီးဒယိုင်လျှောက်သွားပြီး အမှောင်ထဲ အန်ခဲ့သည်။
အကြောဆေးအား နောက်လက်မောင်းတစ်ဖက်သို့ ပြောင်းချိတ်လိုက်ရ၏။
ဤအချိန်၌ သူနာကျင်နေသည်အားတွေ့ရသော် ရှရှင်းချီသည် မသိလိုက်ဘဲ လက်သီးဆုပ်မိသွားသည်။ သူ့မှာ သူ၏ အခြားလက်တစ်ဖက်အား သုံးကာ လီချန်ယွမ်၏ဗိုက်အား ငြင်သာစွာ ပွတ်သပ်ပေးဖို့ လှမ်းရုံကလွဲ အခြားရွေးချယ်စရာမရှိခဲ့ချေ။
ကျောက်ယင်းဟယ် အလုပ်ပြီးသွားသောအခါ သူ စတင် အားလာကာ ခုနလေးတင်တွေ့ခဲ့ရသည့် မသင်္ကာဖွယ် ရိုမန့်တစ်မြင်ကွင်းထဲ သူ့ကိုယ်သူ နစ်မြှုပ်နေခဲ့၏။ သူဟာ တကယ်ကြီး အချိန်အတော်ကြာ တုန်လှုပ်နေခဲ့ပြီး သူ့ကိုယ်သူ မကယ်တင်နိုင်ခဲ့ပေ။
မစ္စတာကျောက်မှာ ကာမရာဂနှိုးဆွသော မြင်ကွင်းများအား အများကြီး တွေ့ဖူးသော်လည်း တခြားတစ်ဖက်မှာ လီချန်ယွမ်ဖြစ်နေခဲ့လျှင် ဒါဟာ ထူးခြားသည့်ကိစ္စ ဖြစ်သွားပါ၏။
အဲ့ဒါကြောင့် ရှရှင်းချီ သူ့ခေါင်းအား လှည့်လိုက်ချိန်တွင် သူမြင်လိုက်ရသည်မှာ နောက်ပြောင်နေသော မျက်နှာပေးဖြစ်သည့် “မင်းက သူ့ကို အရမ်းချစ်တယ်” နှင့် “သူက မင်းကို အရမ်းချစ်တယ်” ဆိုသည်အား ဒီ ပုံမှန်မဟုတ်ကာ ရင်းနှီးသည့် ဆရာဝန်၏ မျက်နှာတစ်ခုလုံးအနှံ့ရေးထားကြောင်း တွေ့ရလေသည်။
သူက ဟိုလိုလို ဒီလိုလိုတောင် ပြုံးလိုက်ကာ ပြောလိုက်၏ : “တကယ်လို့ အဖျားပျောက်ဆေးသောက်ပြီး အဖျားမကျသေးရင် မင်းသူ့ကို ရေကူချိုးပေးလို့ရတယ်။ ခန္ဓာကိုယ်ကို အေးစေတဲ့ အာနိသင်က အရမ်းကို ကောင်းပါတယ်။”
ဆေးအား တဖြေးဖြေး ခုခံနိုင်စွမ်းရှိသွားသော လီချန်ယွမ် အဖို့ အဖျားပျောက်ဆေးများမှာ အသုံးမဝင်လုနီးပါးဖြစ်ကြောင်းမှာ မှန်ပေ၏။ ၎င်းတို့မှာ သူ့အား အစာအိမ်ပိုနာစေသည်မှလွဲ၍ အကျိုးမဲ့လေရာ ခန္ဓာကိုယ်အား အေးအောင်လုပ်ပေးခြင်းကိုသာ အစားသုံးရတော့မည်။
သို့ပေသည့် ကျောက်ယင်းဟယ်၏ ပါးစပ်မှလာသော် ဤစကားလုံးတို့မှာ အနည်းငယ် ညစ်ညမ်းနေ၏။
ရှရှင်းချီသည် ဒီယုံကြည်စရာမကောင်းသော ဆရာဝန်၏ နည်းလမ်းများအား သံသယဝင်နေမိသည်။ သူက သူတို့နှစ်ယောက်သားအား ပူးပေါင်းရန်သက်သက် သူ့အား ဇွတ်အတင်းခိုင်းနေသလားဟု သံသယဝင်ကာ : “တကယ်လား? တခြားသူတွေရော အရင်က သူ့ကို ဒီလိုပဲ ခန္ဓာကိုယ်အအေးခံပေးဖူးလား?”
“သေချာပေါက် မလုပ်ပေးဖူးဘူးပေါ့!” ကျောက်လင်းဟယ်မှာ ဒီတရားဝင်လက်ထပ်ထားသည့်ဇနီးလေးမှာ ရှာလကာရည်သောက် (သဝန်တို) နေသည်ဟုသာ တွေးခဲ့၏။ “စိတ်မပူပါနဲ့။ တခြားဘယ်သူကများ သူ့ကို ကိုယ်လုံးတီးချွတ်ပြီး ရေချိုးပေးရဲမှာလဲ။”
နှစ်ယောက်လုံးမှာ အချင်းချင်း လုံးဝကောင်းစွာ နားမလည်နေပါ။ ရှရှင်းချီမှာ အလွန် အံ့အားသင့်သွားလေသည် : “အဲ့ဒါဆို သူ အရင်က ဖျားဖူးလား။ သူ့ကိုယ်အပူချိန် မကျရင် ငါတို့ ဘာလုပ်သင့်လဲ”
သံမဏိလို သန်မာသော ခန္ဓာကိုယ်တွေတောင် ဆက်တိုက် အဖျားတက်တာကို မခံနိုင်ရင် လီချန်ယွမ်ရဲ့ အထိမခံ အခြေအနေကတော့ ပြောစရာတောင် မလိုတော့ဘူး။ သူဒီလိုနဲ့ သေသွားခဲ့ရတာများ ဖြစ်နိုင်လား?
လွန်ခဲ့သည့် နှစ်ရက်အတွင်း သူသည် ဘယ်ရောဂါကများ လီချန်ယွမ်၏ ဇီဝိန်အား ခြွေသွားခဲ့သလဲဆိုတာကို အပတ်တကုတ်ကြိုးစား လေ့လာနေခဲ့သည်။ အဲ့ဒါမှ သူ ကယ်ပေါက်ရှာတွေ့ကာ သူ့အား ပိုအသက်ရှည်အောင် လုပ်ပေးနိုင်လိမ့်မည်။ သို့သော် ယခု ကြည့်ရတာ ဒါဟာ ယိုစိမ့်နေသည့် နေရာများကို စစ်ပြီး ကွက်လပ်ပေါက်များအား ဖြည့်တာမဟုတ်ဘဲ နွီဝါးသခင်မ (တရုတ်ဒဏ္ဍာရီအရ ကမ္ဘာကြီး၏ မိခင်ဖန်ဆင်းရှင်) က ကောင်းကင်ဘုံကို ပြင်နေတာပဲကွ။
—-
“ဦးလေးတင်း သွားအိပ်ပါတော့” ရှရှင်းချီက သူ့ရင်ဘတ်အား ပုတ်လိုက်၏။ “စိတ်မပူပါနဲ့ဗျ၊ ကျွန်တော် IVကို ဆွဲဖြုတ်ပေးပြီး သူ့ကို ဒီည ကင်းစောင့်ပေးမှာပါ။”
ဦးလေးတင်းက အခုလေးတင် ကျောက်ယင်းဟယ်အား ပြန်လိုက်ပို့ခဲ့ပြီးဖြစ်ကာ ပြန်လာလို့ ဒီစကားကြားလိုက်ရချိန် သူ နေရာမှာတင် ငိုချင်းတောင် ချမိတော့မလို့ပင် –
သခင်လေးရှကို တစ်ကိုယ်ကောင်းဆန်ပြီး ဇိမ်ယူတတ်တယ်လို့ ကောလဟာလဖြန့်တာ ဘယ်သူပဲဖြစ်ဖြစ် သူအဲ့လူရဲ့ ခေါင်းအား ဦးနှောက်ထွက်ကျအောင် ရိုက်ပစ်ရမည်!
ဒါကိုတွေ့သော် ရှရှင်းချီမှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားကာ မူလပိုင်ရှင်၏ ဂုဏ်သတင်းဟာ ဆိုးလိုက်တာဟု သူ့ကိုယ်သူတွေးမိသည်။ ကိုယ်နဲ့စေ့စပ်ထားတဲ့သူကို ဂရုစိုက်ပေးရတယ်ဆိုတာ သဘာဝကျတယ်မဟုတ်ဘူးလား။
ထို့ကြောင့် သူ ရှက်စွာ သူ့လည်ပင်းအား သူကိုင်လိုက်ပြီး အပြုံးလေးဖြင့် ပြောလိုက်သည် : “ကျွန်တော် သူ့ကို ဂရုစိုက်ပေးသင့်ပါတယ်။ သူက ကျွန်တော်နဲ့ စေ့စပ်ထားတဲ့သူပဲလေ။ ကျွန်တော် သူ့ကို ချစ်တယ်။”
မတတ်နိုင်ပေ၊ သူပေးခဲ့တဲ့ ပိုက်ဆံမှာ များလွန်းသည်လေ။ ဘယ်သူကများ တစ်လ လစာ တစ်သန်းနဲ့ ဒီလောက် ရက်ရောတဲ့ ဒါနရှင်ကို မချစ်မိဘဲ နေနိုင်မည်နည်း။
အရည်အသွေးအကောင်းဆုံး နာတာရှည်ဆေးရုံကို စီစဉ်ပေးကာ လီချန်ယွမ်အား ဂုဏ်သိက္ခာဆုံးရှုံးသည့်အဖြစ်ကို တားဆီးပေးခြင်းဖြင့်သာလျှင် ငွေကြိုက်ခင်လေး ရှရှင်းချီမှာ စိတ်သန့်သန့်နဲ့ သူ့အမွေကို ဆက်ခံနိုင်လိမ့်မည်။
လီချန်ယွမ်က ညလယ်ကြီး အခြေအနေဆိုးလာချိန်တွင် တိတ်တိတ်လေးနေနေမည် သို့မဟုတ် ရူးနှမ်းကာ ဆေးတွေထပ်သောက်မည်ကိုလည်း သူ စိုးရိမ်နေပါ၏။
ဆေးသေတ္တာအား ဧည့်ခန်းထဲထားထားသည်မှာ အံ့ဩစရာမရှိတော့ချေ။ အဲ့ဒါသာ အဖျားပျောက်ဆေးမဟုတ်ခဲ့ဘဲ နိုက်ထရိုဂရစ်ဆလင်း ဖောက်ခွဲရေးပစ္စည်း သို့မဟုတ် တစ်ခုခု ဆိုပါက ဒီည သူ့အားကယ်တင်ဖို့ အလွန်နောက်ကျသွားလိမ့်မည်။ “သူရူး” ဟူသော စကားလုံးမှာ တကယ်တမ်း “မိုက်မဲသော” ဟု ဖြစ်နေလိမ့်မည်ဟူ၍ မည်သူကများ ထင်ထားမည်နည်း။
လီချိန်ယွမ်က ဘယ်သူ့ကိုမှ ဝန်ထုပ်ဝန်ပိုး မဖြစ်စေခဲ့ပါဘူး။ သူ့ရဲ့ ကိုယ်အပူချိန် တဖြည်းဖြည်း ကျဆင်းလာတဲ့အပြင် တစ်ညလုံး အသက်မဲ့စွာနဲ့ အသံတစ်ချက်မထွက်ဘဲ ငြိမ်သက်စွာရှိခဲ့ပါ၏။
ဒီလိုအခြေအနေမျိုးကြောင့် ရှရှင်းချီက သူ့ကိုသွင်းပေးထားတဲ့ IV ကို ဖြုတ်ပေးပြီးနောက် မတော်တဆ အိပ်ပျော်သွားခဲ့သည်။ အဲ့နောက် ညလယ်ကြီးမှာ နိုးလာတော့ လီချိန်ယွမ်ကို လှုပ်ရှားမှုမရှိဘဲ တွေ့တာကြောင့် အရမ်းထိတ်လန့်ပြီး သူအသက်ရှူသေးရဲ့လား၊ နွေးနေသေးရဲ့လားဆိုတာကို အလျင်အမြန် စမ်းသပ်ကြည့်ခဲ့ရသေး၏။
– – –
လီချန်ယွမ်က မျက်လုံးအား ဖြေးညှင်းစွာ ဖွင့်လိုက်သောအခါ အရုဏ်တက်ချိန်ပင် ရောက်နေလေပြီ။
အဖျားကြီး တက်ပြီးသည့်နောက် သူ ပုံမှန်လို ချမ်းစိမ့်စိမ့်ဖြစ်ခြင်းနှင့် ဗိုက်နာခြင်းတို့ မဖြစ်သည်မှာ ရှားလှ၏။ သို့သော် အဲ့အစား သူ နွေးထွေးကာ သက်တောင့်သက်သာရှိသလိုပင် ခံစားနေရသည်။ သူ ဒါကို အသားမကျချေ။
သူဖျားနေသောအခါ လုံးလုံး သတိမလစ်သွားပါ။ နိုးလာပြီးတဲ့နောက် သူ ကိုးရိုးကားယားဖြစ်သော မနေ့ညက အဖြစ်အပျက်များအား တဖြေးဖြေး မှတ်မိလာသည်။ အားလုံးကို တစ်ပြိုင်နက် သူသိလိုက်ရသည်မှာ ရှရှင်းချီက သူအသေအချာ ဖုံးကွယ်ခဲ့သော သူ့ ဖျားနာမှု၏ ရှက်စရာကောင်းမှုနှင့် ရုပ်ဆိုးမှုတို့အား မြင်တွေ့ခဲ့ကြောင်းဖြစ်ကာ မိုးကြိုးဖြင့် အပစ်ခံရသကဲ့သို့ သူ အေးခဲသွားသည်။
…… ရှရှင်းချီ ကြောက်သွားမလား။ သူ ရွံဖို့ ကောင်းတယ်လို့ တွေးမလား။
လီချန်ယွမ်က မျက်မှောင်ကြုတ်ကာ ထရပ်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ နူးညံ့ကာ နွေးထွေးသည့် လက်အား သူ့ ဝမ်းဗိုက်ပေါ်တွင် ခံစားလိုက်ရ၏။ သူ့တစ်ကိုယ်လုံးမှ နွေးထွေးမှုမှာ တကယ်တမ်း ရှရှင်းချီက သူ့အား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား၍ ဖြစ်လေသည်။
ရှရှင်းချီက သူလှုပ်သွားမှန်း ခံစားလိုက်ရသောကြောင့် သူ အိပ်ချင်မူးတူးဖြစ်နေသော်လည်း ချက်ချင်း အလိုအလျောက်တုံ့ပြန်မှုဖြင့် သူ့ဝမ်းဗိုက်အား လက်ဖြင့် စက်ဝိုင်းပုံသဏ္ဍာန် ပွတ်သပ်မိကာ နှစ်သိမ့်မှုပေးသည့် တစ်ခုခုကိုပြောနေသည့်အတိုင်း ရေရွတ်နေသေးသည်။
ကြက်တောင်မွေးမှ သူ့နှလုံးသားအထွတ်ကို အနည်းငယ် ယားယံအောင် ပွတ်တိုက်ထိသွားသကဲ့သို့ အားမှာ အလွန်ပင် ဖျော့၏။
လီချန်ယွမ်မှာ အိပ်မောကျနေသော လှပသည့် လူငယ်လေးအား မျက်နှာအမူအရာ မဲ့စွာဖြင့် ကြည့်နေရင်း သူ့လက်ချောင်းသွယ်သွယ်တို့မှာ ကွေးတက်သွားလေသည်။
အချိန်အတော်ကြာပြီးနောက်တွင် သူ ရှေ့သို့ အတန်ငယ် ကိုင်းကာ သူ၏ ချောမွတ်သည့် နဖူးပြင်လေးအား ဂရုတစိုက် တယုတယဖြင့် အနမ်းဖွဖွလေး ပေးလိုက်ပါသည်။
ယခင်ဖြစ်စေ ယခုဖြစ်စေ ဒီလူလိမ်ကလေးမှာ လူတွေကို လွယ်ကူစွာ အငိုက်မိအောင် လုပ်နိုင်စွမ်း ရှိသည်ပင်။ သူ ငွေကိုကြိုက်မှန်းနှင့် သူကိုယ်တိုင် အကွက်ကျကျဖြင့် တစ်ကြိမ် အလိမ်ခံရမှန်း သိသော်လည်း သူ ခဏခဏ စိတ်မလှုပ်ရှားဘဲ မနေနိုင်ပေ။
လီချန်ယွမ်က အသက်ပြင်းပြင်းရှူလိုက်လေသည်။ သူ ဒီအရာများအားတွေးမိချိန် အံကြိတ်မိလုမတတ်ဖြစ်ကာ ရှရှင်းချီအား တိတ်ဆိတ်စွာ အချိန်အကြာကြီး ကြည့်မိ၏။ သူ့ စိတ်ခံစားချက်တို့ မှာလည်း ရှုပ်ထွေးနေသည်။
အဆုံးတွင်တော့ သူ ထိုသူအား အိပ်ရာပေါ်ကနေ တိုက်ရိုက် ဆွဲမ လိုက်လေ၏!
Chapter 24 end