Little Creampie:
Chapter 21
မနက် နှစ်နာရီ။
ဒုတိယအလွှာက တိတ်ဆိတ်နေပြီး နံရံကပ်မီးအိမ်တွေက လျှောက်လမ်းတစ်လျောက် အလင်းရောင်ပေးနေသည်။
ညအိပ်၀တ်စုံနဲ့ ရှရှင်းချီက တစ်ဖက်မှာ ရေနွေးဘူးကို လက်မောင်းကြားညှပ်ထားပြီး ကျန်လက်တစ်ဖက်က ရေနွေးနဲ့ အစာအိမ်ဆေးပါတဲ့ လင်ဗန်းကိုကိုင်ထားကာ လီချန်ယွမ်ရဲ့ အခန်းရှေ့ မတ်တပ်ရပ်နေမိသည်။
၀င်သွားရမလား မ၀င်ရဘူးလားဆိုတဲ့ အတွေးနဲ့ လွန်ဆွဲနေခဲ့ပြီး ပိတ်ထားတဲ့အခန်းတံခါးရှေ့ရပ်ကာ စိုက်ကြည့်နေမိတာ အချိန်တစ်ခုတောင်ကြာသွားခဲ့ပြီ။
အလုပ်တစ်ခုစလုပ်ရင် သူဌေးဆိုးနဲ့ စကားများငြင်းခုံဖို့က ရှရှင်းချီအဖို့ သိပ်တော့မထူးဆန်းပေ။ဒါပေမဲ့ အတွေးတချို့တွေးပြီးနောက် တစ်ခုခုတော့ မှားနေပြီလို့ သူ့ကိုယ်သူ ခံစားလိုက်မိသည်။ဒီတစ်ခါတော့ သူ့ရဲ့ပေါက်ကွဲမြန်တဲ့ စိတ်ကို ပြောင်းလဲသင့်ပြီလေ။
သူအစက လီချန်ယွမ် အစာအိမ်နာတာ သက်သာအောင် အစာပြေမုန့် ယူလာခဲ့ပေမဲ့ သူတို့ရဲ့ စစ်အေးတိုက်ပွဲကြောင့် မုန့်တွေကိုမေ့သွားခဲ့သည်။
သူ့ရဲ့ စိတ်၊စကားလုံးတွေနဲ့အပြုအမူတွေက ယေဘူယျအားဖြင့် ထူးဆန်းပြီး မုန်းစရာကောင်းပေမဲ့ လီချန်ယွမ် ဖြူဖျော့နေတဲ့မျက်နှာနဲ့ ဒယိမ်းဒယိုင်ကားထဲက ထွက်သွားခဲ့တဲ့ အတွေးက သူ့ကို စိုးရိမ်မှုတွေနဲ့ ပြန်နူးညံ့လာစေသည်။
ရှရှင်းချီ သက်ပြင်းချလိုက်ပြီး အခန်းထဲ တိတ်တိတ်လေး၀င်သွားပြီး သူအိပ်နေလားဆိုတာ တစ်ချက်ကြည့်ဖို့ သူ့တွေးခဲ့သည်။
သူ့စိတ်ကိုပြင်ဆင်ပြီးတဲ့နောက် တံခါးလက်ကိုင်ကို သူမဝံမရဲ ကိုင်လိုက်သည်။သူ့အသက်ရှုတာကိုပါ ထိန်းထားပြီး ဖြည်းညှင်းစွာ တံခါးကို အသာလေးဟလိုက်သည်။
အမှောင်ကို ကျင့်သားမရသေးတဲ့ သူ့မျက်လုံးတွေကြောင့် တစ်ခဏအတွင်း ဘာကိုမှသူမမြင်နိုင်ခဲ့။ အထဲမှာရှိနေတဲ့လူက အိပ်ပျော်နေတယ်ထင်ရအောင် အခန်းက တိတ်ဆိတ် ငြိမ်သက်နေခဲ့သည်။
ဒါပေမဲ့ မူလ၀တ္ထုကို သူဖတ်ပြီးတဲ့နောက်မှာ ဒီလူမှာ တိတ်ဆိတ်မှုကို သည်းခံနိုင်စွမ်းရှိတဲ့ ပင်ကိုစရိုက်ရှိမှန်း ရှရှင်းချီ သိထား၏။ညနက်အလယ် အစာအိမ်နာနေတဲ့ ကြမ်းကြုတ်တဲ့လူက တိတ်ဆိတ်မှုကို ထိန်းထားနိုင်တယ်ဆိုတာက မေ့လဲနေတဲ့ အခြေအနေဖြစ်နိုင်သည်။သူမျက်လုံးနဲ့သူ မမြင်ရမချင်း သူတကယ့်ကို စိတ်သက်သာရာရမှာ မဟုတ်ဘူးလို့ ခံစားလိုက်ရသည်။
ထို့ကြောင့် တိတ်ဆိတ်နေတယ်ဆိုတိုင်း သူအိပ်နေတာမဟုတ်ချေ၊၎င်းက ပြဿနာကြီးကို ဖန်တီးလိုက်တာနဲ့တူသည်။သူဘာမှမပြောရင် ညလယ်ကြီး အခန်းတံခါးကို ဖွင့်ပြီး၀င်လာတဲ့ သူ့အပြုအမူကို ဘယ်လိုရှင်းပြနိုင်မလဲ။
အကြောင်းပြချက်ပေးဖို့ သူ့ခေါင်းကို အလုပ်ပေးနေချိန်မှာ ရှရှင်းချီ အမှောင်ထုကို ကျင့်သားရဖို့ သူ့မျက်လုံးကို ပြူးနေအောင် ဖွင့်ထားပြီး ဗန်းကို အခန်းထဲယူလာခဲ့သည်။
မမျှော်မှန်းထားပါပဲ သူအခန်းထဲ ခြေမချရသေးခင် အဖြူရောင် ပေါက်စီလုံးကြီးက အလင်းရဲ့မြန်နှုန်းနဲ့ ဘယ်ကမှန်းမသိပေါ်ထွက်လာခဲ့သည်။
အခန်းတံခါးကို ပိတ်ဖို့ အရမ်းနောက်ကျသွားပြီ။ တံခါးအဟလေးကနေ Summerက အခန်းထဲကို တိုး၀င်သွားခဲ့သည်။
ရှရှင်းချီ:! ! !
###
အမှောင်ထဲမှာတော့ လီချန်ယွမ် ခေါင်းတစ်ဆစ်ဆစ်ကိုက်ကာ အစာအိမ်က ထိုးကိုက်နာနေပေမဲ့ အိပ်ချင်နေတာကြောင့် မျက်လုံးမှိတ်ထားခဲ့သည်။
သူ့တစ်ကိုယ်လုံးပူခြစ်နေပေမဲ့ အအေးဓာတ်ကြောင့်ကြက်သီးထသွားရသည်။သူနားအူနေတာကြောင့် အခန်းထဲက ပြောင်းလဲသွားတဲ့ ဘာအသံမှ သူမကြားနိုင်ခဲ့ပါ။
ဒီလိုမျိုး သူ့အသိစိတ်တွေ ဝေသွားတိုင်း လီချန်ယွမ် အိမ်မွေ့ချခံရသလိုမျိုး အချိန်နေရာတွေ မပြောနိုင်တော့ပေမဲ့ သူ့ရဲ့ ကျောရိုးထဲမှာ နစ်၀င်နေခဲ့တဲ့အသိကတော့___
ငါ အသံထွက်လို့မရဘူး…
ငါ ထပ်ပြီး နေမကောင်းဖြစ်တာကို သူတို့သိလို့မရဘူး…
တိတ်ဆိတ်မှုထဲမှာ လီချန်ယွမ်ရဲ့အိပ်ယာပေါ် Summerက “မြှောင်” သံပေးကာ ခုန်တက်သွားခဲ့ပြီး သူ့ဘေးမှာ အကြောဆန့်နေ၏။
လီချန်ယွမ်က ပုံမှန်ဆို အအိပ်ဆတ်ပြီး အခန်းထဲအ၀င်မခံတဲ့သူမို့ ဒါကတော့ summer ရဲ့ သမိုင်း၀င် အခိုက်အတန့်ပါပဲ။ ကြောင်က လက်သည်းဖွက်ထားတဲ့ သူ့လက်ကို မြှောက်လိုက်ပြီး လီချန်ယွမ်ရဲ့မျက်နှာပေါ်ကို ပုတ်ကာ သူနဲ့ကစားချင်စေနေ၏။
ဒါပေမဲ့ ဘယ်လိုပဲ အင်္ကျီကိုကုတ်ကုတ် နှာခေါင်းနားသွားပြီး သူ့အမွှေးဖွာတဲ့ အမြှီးကို ရမ်းနေပါစေ သူ့သခင်ကတော့ တုန်ယင်ကာ သတိလစ်နေခဲ့သည်။
သူ့သခင် အခြေအနေမကောင်းတာ ကြောင်ကသိသွားလို့ထင်ပါရဲ့၊ Summer စိတ်မရှည်တော့ဘဲ အိပ်ရာစွန်းဆီ ပြေးလွှားခုန်ပေါက်ခဲ့၏။
မကောင်းတဲ့ရည်ရွယ်ချက်မရှိပေမဲ့ ကြောင်လေးသည် အခြေအနေက အလေးနက်ထားရမဲ့အဖြစ်ကို လုံး၀နားမလည်ခဲ့ပါ။
အမှောင်ထုထဲမှာတော့ ကြောင်ဆယ်ကောင်ထက် ပိုလေးတဲ့ကြောင်ကြီးက ခေါင်းငုံ့ကာ လီချန်ယွမ်ကို ချိန်ရွယ်နေခဲ့၏။ထိုက်ရှန်တောင်ပေါ်က ခုန်ချခြင်းပုံစံဖြင့် လီချန်ယွမ်ကို နှိုးတော့မည့်ဟန်။
ဒါတွေက ခဏအတွင်းဖြစ်သွားပြီး ရှရှင်းချီရဲ့ အသားမကျသေးတဲ့ မျက်လုံးတွေက ဒါကို မြင်သွားပြီး သူ့ဝိညာဉ်တောင် ကြောက်လန့်ပြီး သူ့ကိုယ်ထဲက ထွက်သွားခဲ့တော့မလိုပင်။
အထဲ၀င်လာရတဲ့ သူ့ရဲ့အကြောင်းပြချက်တွေကို ဘေးဖယ်ပြီး သူ အရှေ့ကို ဆက်တိုးသွားခဲ့သည်။
ဘေးအန္တရယ် မကျရောက်ခင်လေးမှာပဲ ရှရှင်းချီရဲ့ မြန်ဆန်တဲ့ အလိုအလျောက်တုံ့ပြန်မှုကြောင့် ထပ်ခုန်ဖို့ ပြင်နေတဲ့ ကြောင်ကို တားနိုင်ခဲ့သည်။
Summer က ဒါကို သူ ပုတ်ကစားချင်တယ်လို့တွေးမိသွားတဲ့ပုံပဲ၊ ဦးတည်ချက် ချက်ချင်းပြောင်းသွားခဲ့ပြီး အိပ်ရာရဲ့ တခြားဖက်ကို ခုန်ချသွားသည်။ ကြောင်က ငြိမ်သက်စွာ နေရာကျသွားခဲ့ပြီး ရှရှင်းချီကို ရှောင်ဖို့ ဘယ်ညာလျှောက်ပတ် ရွေ့လျားနေခဲ့၏။
ကြောက်စရာအကောင်းဆုံးအရာကတော့ အဲ့ကြောင်က အခုထိ လီချန်ယွမ်ကို အတင်းနှိုးဖို့ကြိုးစားနေတုန်းဆိုတာပင်။
ရှရှင်းချီ အဲ့ကြောင်ရဲ့ အဖိုးတန် အားနည်းနေတဲ့ သခင်က သဘ်ောတန်ချိန်လောက်လေးတဲ့ ကြောင်အလေးချိန်အောက်မှာ မွကြေသွားမှာကိုကြောက်နေခဲ့ပြီး သူ့နှလုံးက လည်ပင်း၀ ရောက်နေသလို ခုန်ပေါက်နေခဲ့သည်။ လူတစ်ယောက်နဲ့ ကြောင်တစ်ကောင် တိတ်ဆိတ်စွာ အိပ်ရာပတ်လည် အမှောင်ထုထဲ လိုက်တမ်းပြေးတမ်းကစားနေခဲ့သည်။
ရှရှင်းချီရဲ့ ညအမှောင်ထဲ မြင်နိုင်စွမ်းက ကြောင်တစ်ကောင်နဲ့ အကွာကြီးဖြစ်နေပြီး လီချန်ယွမ်ရဲ့ အခန်းထဲကို ပထမဆုံး၀င်ဖူးတဲ့ အကြိမ်မို့ ပရိဘောဂပစ္စည်းတွေ ခင်းကျင်းပုံကိုလည်း သူမသိခဲ့ဘူး။
လိုက်ဖမ်းတာကြာလေလေ အဲ့မျိုးမစစ် Summer ဆိုတဲ့ကြောင်ကလည်း သူနဲ့ကစားနေတယ်လို့ ထင်ပြီး အချိန်အတော်ကြာအောင် ပျော်ပျော်ကြီး ပတ်ပြေးနေခဲ့သည်။
ဗီလိန်ရဲ့အိမ်မွေးကြောင်လို့ တွေးထားတဲ့အတိုင်း အဲ့ကြောင်စုတ်က အိပ်ခန်းထဲမှာ လူကို စိတ်ရောလူပါ ပင်ပန်းအောင် ကစားရဲကာ ခဏကြာအောင် ပစ္စည်းတွေပြုတ်ကျသံတွေနဲ့ ဆူညံနေခဲ့၏။
ရှရှင်းချီ ပိုပြေးရလေလေ ပိုဗျာများလာလေလေ ဖြစ်နေပြီး သူနေရာမှာတင် ပေါက်ကွဲပြီး “ငါ့အတွက် ရပ်ပေးပါတော့!” ဆိုပြီး အော်ပစ်ချင်နေခဲ့၏။
သူမောလွန်းလို့ အနားယူတော့မဲ့အခိုက် ဖြူဖွေးချောမွတ်နေတဲ့ အဲ့အမွှေးပွလုံးကြီးက အိပ်ရာပေါ်ခုန်တက်သွားပြန်၏။စောင်အောက်မှာ ကွေးနေတဲ့ လီချန်ယွမ်ရဲ့ ခြေထောက်ပေါ်မှာတောင် ကုတ်ကုတ်လေး ၀ပ်နေသေး၏။
ပတ်ကစားနေခြင်းက အဲ့ကြောင်ကို နောက်ဆုံးတော့ ပင်ပန်းသွားစေတာ ဖြစ်နိုင်ပေမဲ့ ဒါက တစ်ညလုံးမှာ ပထမဆုံး အနားယူတာဖြစ်သည်။
အဲ့ကြောင် ပြေးနေတာ နောက်ဆုံးတော့ ရပ်သွားတာကို မြင်လိုက်ရတာကြောင့် အမှန်တကယ် မောနေတဲ့ ရှရှင်းချီမှာ ကျန်တာအကုန်မေ့ပြီး အပျော်လွန်သွားခဲ့၏။ဒီကြောင်စုတ်ကို ဖမ်းရမယ်ဆိုတဲ့ အတွေးပဲ သူ့ခေါင်းထဲ ကျန်နေခဲ့၏။
သူ အလျင်စလိုနဲ့ Summer ဆီ အမြန်လျှောက်သွားလိုက်သည်။
သူ့ခြေထောက်တွေ ကြမ်းပြင်ကလွတ်ထွက်သွားတဲ့ အခိုက် ရှရှင်းချီ အသိစိတ်ထဲ တစ်ခုခုတော့မှားနေပြီဆိုတာ သိသွားခဲ့သည်။
သူလေပေါ်မြောက်တက်သွားတဲ့ တစ်စက္ကန့်က အဆုံးမရှိကြာနေခဲ့သည်လို့ ထင်ရသည်။
မှုန်ဝါးနေတဲ့ညမှာ summer သူ့ရှေ့ခြေထောက်ကို လျက်ဖို့အတွက် အေးဆေးစွာ မြှောက်လိုက်တာကို သူမြင်ခဲ့လိုက်သည်။ထို့နောက် သိသာထင်ရှားတဲ့ မာန်တက်မှုမျိုးနဲ့ သူ့ကိုကြည့်နေခဲ့၏။
အဲ့ဒီနောက် ကြောင်က ခုန်ချလိုက်ပြီး လီချန်ယွမ်ကို လျှပ်တပြက်အတွင်း ချန်ထားခဲ့၏။
အခုတော့ ကြားဖြတ်ရပ်နားဖို့ အလွန်နောက်ကျသွားပြီ။ရှရှင်းချီသည် “အဆုံသတ်ပြီပဲ” ဆိုပြီးပဲတွေးနိုင်တော့သည်။
အဲ့ထက်ပိုဆိုးတာရှိမယ်ဆိုရင် ကြောင်နဲ့လူရဲ့ ပြင်းထန်တဲ့ တိုက်ပွဲကြောင့် လီချန်ယွမ် နိုးလာပြီး summer ခုန်ထွက်သွားတဲ့အခိုက် သူက အိပ်ရာပေါ် ပြားပြားကြီး ကျသွားတယ်ဆိုတာပင်။
ဘုန်းးးးးး!
တစ်စက္ကန့်အကြာမှာပဲ ရှရှင်းချီ သူ့ကိုယ်သူ လီချန်ယွမ် အပေါ် ပစ်ချလိုက်မိလေသည်။
***
မူလရည်ရွယ်ချက်မှာ Summerကို လီချန်ယွမ်ပေါ် မဆင်းအောင် တားဖို့ဆိုပေမယ့်… အခုတော့ ရှရှင်းချီကိုယ်တိုင် သူ့ပေါ်ကို ပစ်ကျသွားပြီး ထိခိုက်မှုမှာ နှစ်ဆတိုးသွားလေသည်။
လီချန်းယွမ်မှာ ရုတ်တရက် ပြင်းထန်စွာထိခိုက်မိလိုက်တဲ့အခါ အသံထွက်လာလေသည်။
ရှရှင်းချီ ဘာမှမတုန့်ပြန်နိုင်ခင်မှာဘဲ၊ သူ့ခန္ဓာကိုယ်ပတ်လည်မှာ အပူချိန်တွေ မြင့်တက်နေသလို ခံစားလိုက်ရသည်။ ဒီနေ့ဟာ အတော်အတန်အေးပေမယ့်လည်း၊ သူ့အောက်မှာ မာကျောပြီး ပူနေတဲ့ အရာတစ်ခုကို ဖိမိနေသလို ခံစားရတယ်။ နည်းနည်းစိတ်လှုပ်ရှားနေတာကလွဲပြီး၊ ထိုအရာမှာနွေးနွေးလေး ရှိသည်ကိုတော့သူသိလေသည်။
ဒါပေမယ့် သူ ခဏလောက်သာ မှင်သက်သွားပြီး…
နောက်မိနစ်အကြာမှာတော့ သူလုပ်မိတာကို သတိထားမိသွားကာ ထိတ်လန့်ပြီး လီချန်ယွမ်ပေါ်ကနေ ချက်ချင်းထဖို့ ကြိုးစားလိုက်သည်။
ဒါပေမယ့် အမှောင်ထဲမှာ သိပ်မမြင်ရသည့်အတွက်…
သူ့လက်တစ်ဖက်က လီချန်ယွမ်ရဲ့ ရင်ဘတ်ပေါ် ထပ်မံဖိမိသွားလေတယ်။ “အာ…” ရှရှင်းချီ လန့်ဖြန့်သွားပြီး လက်ကိုရုတ်တရက် ဖယ်လိုက်သောအခါ လီချန်ယွမ်ပေါ်သို့ ပြန်လဲကျသွားခဲ့သည်။
Summerက အမှောင်ထဲမှာ မြင်နေရတဲ့ သူ့ရဲ့မျက်လုံးဝိုင်းကြီးတွေနဲ့… အိပ်ရာပေါ်က လူနှစ်ယောက်ကို ခေါင်းလေးစောင်းကာ စူးစမ်းကြည့်နေလေတယ်။ ကံကောင်းတာက သူက ကြောင်လေးတစ်ကောင်သာဖြစ်ပြီး…
ဒီအနေအထားက ဘယ်လောက်တောင် မသင့်တော်ဘူးဆိုတာ သူ နားမလည်ပေ။
ခဏလောက်ကြည့်ပြီးတဲ့နောက်…
Summerသည် ရှရှင်းချီရဲ့ကျောပေါ်သို့ ညင်သာစွာ ခုန်တက်လိုက်ပြီး လေးဘက်ခွာကာ လှဲအိပ်လိုက်သည်။
ရှရှင်းချီ- “…”
လီချန်းယွမ်ကတော့… ဒီလိုရုတ်တရက် အဖိခံလိုက်ရမှုကြောင့် အသက်ရှူကျပ်သွားပြီး ခဏတာ သတိလစ်တော့မလိုဖြစ်သွားသည်။
ဒီအခြေအနေက ရေချိုးကန်ထဲမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်နဲ့ ဆင်တူနေတယ်…ဒီတစ်ယောက်က သူ့ကို အနိုင်ယူဖို့မွေးဖွားလာတဲ့သူပဲ ဖြစ်ရမည်။
ရှရှင်းချီ စာအုပ်ထဲကူးပြောင်းလာစဉ်က လီချန်ယွမ်ဟာ သတိလစ်နေတယ်လို့ထင်ခဲ့တယ်။ တကယ်တော့ သူဟာ လှုပ်ရှားလို့ မရဘဲဖြစ်နေရခြင်းသာဖြစ်ပြီး… ထိုညက ရှရှင်းချီ ရုတ်တရက်ပေါ်လာတာကို သူသိခဲ့လေသည်။
ဒီနှစ်တွေအတွင်း သူမကြာခဏ လူတစ်ယောက် ရုတ်တရက်ပေါ်လာတဲ့ အမြင်မှားဖွယ် အိပ်မက်တွေ ကြုံခဲ့ရတယ်။ ဒါကြောင့် ရှရှင်းချီရဲ့လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကာ “ထွက်မသွားနဲ့” လို့ တောင်းဆိုခဲ့တာတောင်… လီချန်ယွမ်ဟာ ဒါ သူ့ရဲ့ထူးဆန်းတဲ့အိပ်မက်တစ်ခုလို့ပဲ ထင်နေခဲ့တာဖြစ်သည်။
မနက်ခင်း သူမျက်လုံးဖွင့်လိုက်တဲ့အခါ သူစဉ်းစားနေတဲ့ ဒီလူလေးက သူ့ခါးကိုဖက်ကာ ရင်ဘက်ထဲမှာ နွေးထွေးစွာ လှဲအိပ်နေတာကို တွေ့ရတော့… လီချန်ယွမ်ရဲ့စိတ်ထဲမှာ ပျော်ရွှင်မှုတွေ လှိုင်းထနေခဲ့လေသည်။
“ဟင်… ကိုယ်ပူနေတာလား?”
ရှရှင်းချီက လီချန်ယွမ်ရဲ့နဖူးကို လက်ဖဝါးနဲ့ကပ်ကြည့်ရင်း…
“အာ! ဘာလို့ဒီလောက်ပူနေရတာလဲ။”
လီချန်ယွမ်က အတော်ကြာတိတ်ဆိတ်နေပြီးမှ…
“အမ်… မင်း…” အသံတိုးတိုးလေးနဲ့ စကားစပြောလိုက်သည်။
ရှရှင်းချီက သူ့စကား မဆုံးခင်မှာပင် ခန့်မှန်းမိပြီး… အလျင်အမြန် လှည့်ကာ ဖြစ်ခဲ့တဲ့ပြဿနာကို ရှင်းပြဖို့ စကားစဉ်းစားနေလေသည်။
နောက်ဆုံးမှာတော့ လီချန်ယွမ်က… “ငါတို့ လက်ထပ်မှတ်ပုံတင် မလုပ်ရသေးဘူး-“ ဆိုပြီး ညည်းတွားသလို ပြောလိုက်သည်။
မင်း အရင်ကတည်းက ငွေတစ်ခုတည်းကိုသာ ကြိုက်နှစ်သက်တာမလား… မင်းရဲ့သတို့သားလောင်းကိုတောင် အမြန် သေစေချင်နေတာလား… လက်တောင်မထပ်ရသေးဘဲ သူ့ရဲ့ဥစ္စာတွေကို တရားဝင်အမွေဆက်ခံရဖို့ တွေးနေတာလား?
“အမ်… ဘာပြောလိုက်တာလဲ?”
ရှရှင်းချီက အနီးနားကပ်လာပြီး သူပြောတဲ့စကားကို ဆက်နားထောင်လိုက်ပေမယ့်… လီချန်ယွမ်က ခဏလေးသာ နိုးပြီး မကြာခင်မှာပင် ပြန်သတိလစ်သွားတယ်။ ဖြစ်နိုင်တာက အိပ်မက်ထဲမှာ စကားပြောနေတာပဲဖြစ်မယ်။
ဒီလောက်ဆူညံသွားကာ လူနာတောင် နိုးသွားပြီဆိုတော့… ရှရှင်းချီက အိပ်ရာဘေးက မီးအိမ်ကိုဖွင့်လိုက်ပြီး ပြဿနာရှာနေတဲ့ Summerကို အတိအကျဖမ်းလိုက်လေသည်။
သူ့ဘာသာသူ ပြဿနာတော်တော်လုပ်ထားမှန်း သိသွားတာလားမသိ… Summerက အေးအေးဆေးဆေး ငြိမ်သွားပြီး အခန်းကနေ အပြင်ကို နာခံစွာထွက်သွားလေသည်။
Chapter 21 end
Chapter 22
ပြဿနာသေးလေးကို ဖြေရှင်းပြီးသွားပေမယ့်…ပြဿနာကြီးတစ်ခုကျန်နေသေးတယ်။ မီးအလင်းရောင်အောက်မှာ လီချန်ယွမ်ရဲ့မျက်နှာက သွေးမရှိသလို ဖြူဖပ်ဖြူရော်ဖြစ်နေသည်။
ရှရှင်းချီရဲ့ “ဆယ်မျိုးသောကျွမ်းကျင်မှု” တွေထဲမှာ လူနာပြုစုခြင်းနဲ့ ရိုးရှင်းတဲ့ရောဂါရှာဖွေခြင်းတွေ ပါဝင်ပေမယ့်လည်း လီချန်ယွမ်က သတိလစ်နေတုန်းမှာတောင် အံကြိတ်ထားပြီး ဘယ်နေရာနာနေလဲဆိုတာ မသိနိုင်ဘဲ ဆေးမှန်မှန်ကန်ကန် မပေးနိုင်ပေ။
အရေးအကြီးဆုံးက အဖျားအရင်ကျဖို့ပဲ။ ဒီလိုမှမဟုတ်ရင် ဒီလူရဲ့ IQ အကန့်အသတ်ရှိတဲ့ဦးနှောက်မှာချက်ချင်း လောင်ကျွမ်းသွားနိုင်သည်။
ဧည့်ခန်းကနေ ဆေးသေတ္တာကိုယူလာပြီး ရှရှင်းချီက မျက်လုံးတွေကို ကာရန် ခေါင်းအုံးတစ်လုံးကောက်ယူကာ လီချန်ယွမ်ရဲ့မျက်နှာပေါ် ဖွဖွလေးအုပ်လိုက်သည်။ ပြီးတော့ သူကိုယ်တိုင် အခန်းထဲက အလင်းဆုံးမီးကို ဖွင့်လိုက်လေသည်။
စူးရှတဲ့မီးအလင်းရောင်ထဲမှာ ရှရှင်းချီက မျက်လုံးကိုကျဉ်းလိုက်ပြီးဆေးသေတ္တာထဲကို လက်နှင့်ထိုးကာရှာဖွေနေလေသည်။ ဒါပေမယ့် အဖျားကျဆေးတွေမတွေ့ဘဲ…
အဖျားကျပလာစတာတွေပဲ အများကြီးတွေ့ခဲ့သည်။ ဒါတွေက လီချန်ယွမ် မကြိုက်လို့ ဘယ်တော့မှမဖွင့်ဘဲ ဒီအတိုင်းထားတာပဲဖြစ်မယ်။
သူပလာစတာတစ်ခုကိုဖွင့်လိုက်ပြီး လီချန်ယွမ်ရဲ့မျက်နှာပေါ်က ခေါင်းအုံးကို လှန်ကာ နဖူးမှာ ပလာစတာကပ်ပေးလိုက်တယ်။ ပြီးတော့ မကျေမနပ်နဲ့ ဆေးသတ္တာကို ဆက်ရှာဖွေနေသည်။
ဦးလေးတင်းက ဆေးသေတ္တာကိုစီမံတာဖြစ်ပြီး စာအုပ်ထဲမှာလည်း လီချန်ယွမ်က အဖျားကြီးတတ်သူဆိုတာ ဖော်ပြထားတယ်။ ဒါဆို အဖျားကျဆေးတွေကုန်သွားပြီး ဖြည့်မထားတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
ဆက်ရှာဖွေနေစဉ်မှာပဲ..အိပ်ပျော်နေသူက လှုပ်ရှားလာလေသည်။ အရမ်းဖျားနေတဲ့အချိန်မှာ အအေးဒဏ်ကို ခံစားလိုက်ရကာ ပလာစတာက အေးမြပြီး ပူစပ်ပူလောင်အနံ့က သူ့ကိုရုတ်တရက် နှိုးလိုက်တာပင်ဖြစ်သည်။
ရှရှင်းချီ ဂရုတစိုက်အုပ်ထားတဲ့ ခေါင်းအုံးက ချော်ကျသွားတော့…လီချန်ယွမ်မှာ ရုတ်တရက်လင်းလာတဲ့မီးရောင်ကြောင့် မျက်စိမှိတ်ထားလိုက်ရသည်။
“ဟေ့! မခွာရဘူး။ ခင်ဗျား အဖျားတက်နေတာ။ အခုပဲ တိုင်းထားတာ ၃၉ ဒီဂရီ”
လီချန်ယွမ်က တိတ်ဆိတ်နေတယ်။ ဒီအခန်းထဲမှာ ဖြစ်သွားတဲ့ သူ့အခြေအနေတွေ၊ ကြောင်နဲ့လူတိုက်ခိုက်မှုတွေ၊ ပြီးတော့ အဖျားကျပလာစတာကို အာရုံစိုက်နေတာတွေ၊ သူလိုက်မမှီတော့ပေ။
ဒီအခြေအနေက မှားယွင်းနေတယ်ဆိုတာ ရှရှင်းချီ သိသွားကာ သူ့လက်နှစ်ဖက်နဲ့ လီချန်းယွမ်ရဲ့လက်ကိုဖိထားရင်း တွေးနေမိတယ်…
ဒီလူ့ဦးနှောက် လောင်ကျွမ်းသွားပြီလား?
လီချန်ယွမ်ရဲ့လက်တွေမှာ ဖိထားခံရတာကြောင့် လှုပ်မရဖြစ်နေသည်… ဒါကြောင့် နောက်ဆုံးမှာ အားနည်းတဲ့အသံနဲ့ ပြောလိုက်တယ် – “ငါ… အဖျားကျဆေးသောက်ရမယ်…”
“ဟုတ်ပြီ၊ ကျွန်တော်ရှာပေးမယ်။ အရင်ဆုံး ခဗျားအိပ်ရာဘေးက အစာအိမ်ဆေးသောက်လိုက်ဦး”
ရှရှင်းချီက ကလေးတစ်ယောက်ကို အားပေးသလို ပြောရင်း ဆက်ရှာနေတယ်။
မထင်မှတ်ဘဲ လီချန်ယွမ်က အိပ်ရာကနေ ရုတ်တရက်ထဖို့ကြိုးစားလိုက်တယ်။ ဖျားနေတာကြောင့် ခေါင်းမူးလာပြီး ခြေလှမ်းတစ်လှမ်းလှမ်းတာနဲ့ ယိုင်လုနီးဖြစ်သွားတယ်။
“ဘာလုပ်တာလဲ? ခဗျားလိုချင်တာကျွန်တော်ယူမယ်။ လှဲနေဦး!”
လီချန်ယွမ်က တိုးတိုးလေးပြန်ဖြေလိုက်တယ် – “အဖျားကျဆေးက ဟိုမှာ…”
သူညွှန်ပြတဲ့ဘက်ကို ကြည့်လိုက်တော့…အခန်းကျယ်ကြီးထဲက သိပ်မသိသာတဲ့ လျှို့ဝှက်အံဆွဲတစ်ခုဖြစ်သည်။
ရှရှင်းချီ ဖွင့်ကြည့်လိုက်တော့…
အဖျားကျဆေးတွေအပြင် အကိုက်အခဲပျောက်ဆေးနဲ့ တခြားနိုင်ငံခြားဆေးတချို့ပါ တွေ့လိုက်ရသည်။
ဘာလို့ ဧည့်ခန်းက ဆေးသေတ္တာထဲမထည့်ဘဲ အခန်းထဲမှာပဲထားတာလဲ? အလွယ်တကူသုံးလို့ရအောင်လား?
ထူးဆန်းတာက…အဒေါ်လီကလည်း လီချန်ယွမ်နှလုံးအောင့်ရင် ဧည့်ခန်းကဆေးရှာတယ်လို့ပြောဖူးတယ်။ဒါဆို အရေးပေါ်နှလုံးအောင့်ရင် အရေးကြီးတဲ့ဆေးတွေမှာ လက်လှမ်းမမှီဘဲ ဖြစ်နေမှာလား?
ဘာပဲဖြစ်ဖြစ်…တွေ့ပြီဆိုတော့ ကောင်းပြီ။ ဒီလိုတော်တဲ့သူတစ်ယောက်ရဲ့ ဦးနှောက်လောင်ကျွမ်းနေတာမြင်ရတာ စိတ်မကောင်းစရာပဲ။ ရှရှင်းချီက ဆေးသေတ္တာကို လီချန်ယွမ်ဆီသို့ လှမ်းပေးလိုက်တယ်။
“ဆေးသောက်လိုက်…အိုး ငါကြားဖူးတယ်၊ ချမ်းသာတဲ့သူတွေမှာ သီးသန့်ဆရာဝန်ရှိတယ်မလား? မင်းဆရာဝန်ရဲ့ဖုန်းနံပါတ်-“
“မခေါ်နဲ့!”
လီချန်ယွမ်က စကားမပြောဘဲနေတာကနေ ရုတ်တရက် အသံထွက်လာကာ စူးရှတဲ့အသံနဲ့ အော်လိုက်တယ်။
ဒီစကားက သူ့အမြီးကိုနင်းမိသလိုဖြစ်သွားပြီး… “ဆရာဝန်မခေါ်နဲ့! ငါမလို… ဟွတ်…အဟွတ်…”
စကားမပြီးခင် သူ့လက်သီးနဲ့ နှုတ်ခမ်းကိုဖိထားရင်း အပြင်းအထန်ချောင်းဆိုးလာတယ်။ အသက်ရှူမဝဖြစ်ပြီး မျက်နှာက ပို၍ဖြူဖတ်ဖြူရော်ဖြစ်လာသည်။
ရှရှင်းချီ အံ့အားသင့်သွားပြီး ချက်ချင်းသူ့ကျောကိုပုတ်ပေးရင်း…”စိတ်မလှုပ်ရှားနဲ့၊ စိတ်မလှုပ်ရှားနဲ့၊ ငါပြောမယ်။ ရေ နည်းနည်းသောက်ပြီး၊ အဖျားကျဆေးအရင်သောက်လိုက်။”
“ငါနေမကောင်းတာ ဘယ်သူ့ကိုမှမပြောနဲ့” လီချန်ယွမ်ရဲ့အသံက အားနည်းနေပေမယ့် ခပ်မာမာအသံနဲ့ အမိန့်ပေးနေဆဲပဲဖြစ်သည်။
ဒါပေမယ့် သူ့မျက်နှာမှာ ကြောက်ရွံ့ပြီး စိုးရိမ်တဲ့အရိပ်အယောင်တွေ့ရတယ်… အမှားတစ်ခုခုလုပ်မိသလို ခံစားနေရပုံပဲ။
ဒီစကားက ရှရှင်းချီကို စိတ်ရှုပ်သွားစေတယ်။ “အဲ… ဘာလို့လဲ?”
ဒီအိမ်မှာ အမြဲနေထိုင်တဲ့သူတွေက အဒေါ်လီနဲ့ ဦးလေးတင်း ပဲရှိတယ်။
သူတို့က လီချန်ယွမ် ကြီးပြင်းလာတာမြင်ဖူးပြီး သူ့ကျန်းမာရေးအခြေအနေကို သိကြတယ်။ အဖျားတက်တာက သာမန်ဖြစ်ရိုးဖြစ်စဉ်ပါပဲ။
ဖြစ်နိုင်တာက အစာအိမ်နာတာ ပိုဆိုးလာလို့ဖြစ်မယ်။ လီချန်ယွမ်က စကားဆက်မပြောတော့ဘဲ အိပ်ရာပေါ်မှာ ဘေးတစောင်းလှဲလိုက်ပြီး အနည်းငယ်ကွေးနေလေသည်။ လက်နှစ်ဖက်က ဗိုက်ကိုဖိထားပြီး နာကျင်နေပုံပေါ်သည်။
ရှရှင်းချီက သူ့လက်တွေ အရမ်းဖိထားတာမြင်တော့ ထိခိုက်မှာစိုးလို့…
အေးစက်နေတဲ့လက်ချောင်းတွေကို ဖြေးဖြေးချင်း ဖြုတ်ပေးလိုက်သည်။
ဒါပေမယ့် သူအခုထိမလှုပ်နိုင်ပဲ ဖြစ်နေတော့… “ကျွန်တော်နှိပ်ပေးလို့ရမလား? ကျွန်တော့် လက်တွေက အရမ်းနွေးတယ်။ ပြီးတော့ ကျွန်တော်က ပရော်ဖက်ရှင်နယ် အဆင့်နော်” လို့ ဖြည်းဖြည်းချင်း ဖျောင်းဖျပြောလိုက်တယ်။
ဒီစကားကို လီချန်ယွမ်ကြားသွားပြီး…သူ့ကိုခဏစိုက်ကြည့်ကာ နည်းနည်းစဉ်းစားပြီးမှ ဖြေးဖြေးချင်း စိတ်ကို လျှော့လိုက်တယ်။
လူတွေက နေမကောင်းရင် ကြည့်မကောင်းဘူးဆိုတာ မှန်ပေမယ့် လီချန်ယွမ်အတွက်တော့မဟုတ်ပေ။
သူရဲ့ အားနည်းနေတဲ့အလှမှာ အားကောင်းပြီး အေးစက်နေသော အရှိန်အဝါတွေနဲ့ ရောယှက်နေတယ်။
“နတ်သားတစ်ယောက်လိုပဲ”လို့ ပြောရင်လည်း မမှားပေ။
အနက်ရောင်ပိုးထည်အင်္ကျီမှတစ်ဆင့် ရှရှင်းချီမှာ သူ့ဗိုက်ပေါ်ကို နွေးထွေးတဲ့လက်တွေနဲ့ ဖြေးဖြေးချင်း နှိပ်နယ်ပေးလိုက်သည်။ နာကျင်မှုကို သည်းခံနေပြီး အနည်းငယ်တုန်ယင်နေတဲ့ခံစားမှုကိုပါ သိသိသာသာ ခံစားရသည်။
ညနေစာမစားဘဲ ထားတာရယ်၊ ကားထဲမှာ ရုတ်တရက်ဒေါသထွက်တာရယ်ကြောင့်…အစာအိမ်နာတာ မဆန်းပေ။ သူဒီလောက်ဒေါသထွက်တာကိူ မြင်ဖူးတာ ပထမဆုံးအကြိမ်ပဲဖြစ်သည်။
ရှရှင်းချီ နည်းနည်းစိတ်ရှုပ်ပြီး သူ့ကိုယ်သူတွေးမိတယ်…ဒီလူက သူ့မိသားစုရဲ့ ငွေရှာပေးတဲ့သူမလားး။
အကောင်းဆုံးဂရုစိုက်ပေးမယ်လို့ ကတိပေးထားပေမယ့် အခုတော့ သူ့ကိုဒေါသထွက်စေဖို့ပဲ ဖြစ်နေခဲ့သည်။
“ပရော်ဖက်ရှင်နယ် နှိပ်နယ်မှု” က တကယ်အလုပ်ဖြစ်သွားသလိုပဲ…
လီချန်ယွမ်ရဲ့မျက်နှာအရောင်မှာ နည်းနည်းပြန်ကောင်းလာပြီး၊ တင်းနေတဲ့ခန္ဓာကိုယ်လည်း ဖြေးဖြေးချင်းပြေလျော့လာကာ မျက်လုံးမှိတ်ပြီး ငြိမ်ငြိမ်လေးနေနေလေသည်။
ဒါကိုမြင်တော့ ရှရှင်းချီက တိတ်တဆိတ် လက်ကိုဖယ်လိုက်သည်။
လီချင်းယွမ်ကို ဆရာဝန်ပြဖို့လိုနေပြီ။ ဦးတင်းကို တိတ်တဆိတ်သွားပြီး အကူအညီတောင်းရမလား…
လက်ကို လုံးဝမဖယ်ရသေးခင်မှာပဲ အေးစက်နေတဲ့လက်တစ်ဖက်က ရုတ်တရက်သူ့လက်ကိုဖိလိုက်ပြီး၊လီချန်ယွမ်က မျက်လုံးပြန်ဖွင့်ကာ-
“မသွားနဲ့… အခုငါချမ်းသာနေပြီ… မသွားနဲ့…”
ရှရှင်းချီ အံ့အားသင့်သွားတယ်။
ဒီလူ အဖျားကြောင့် အိပ်မက်ဆိုးမက်နေတာပဲဖြစ်မယ်။
ဒါပေမယ့် အိပ်မက်ထဲက စကားတွေက သူ့စိတ်အတွင်းပိုင်းကခံစားချက်တွေကို ဖော်ပြနေတာဖြစ်သည်။ ဒီလိုမာနကြီးပြီး ချမ်းသာတဲ့သူတစ်ယောက်က ဘာလို့ဒီလိုစကားမျိုးပြောရတာလဲ?
သူ စာအုပ်ထဲကို ကူးပြောင်းလာတဲ့ညတုန်းကလည်း လီချန်ယွမ်က ဒီလိုပဲ ပြောနေခဲ့တာဖြစ်သည်။ အဲ့ဒီတုန်းက သူ့ကို ခဏတာပြုစုစောင့်ရှောက်ပေးဖို့ ပြောတယ်ပဲထင်ခဲ့နေတာ။ အခုတော့ သူ တစ်ယောက်ယောက်ကို ပြောနေတာလို့ နားလည်သွားသည်။
ဒီအတွေးနဲ့ပဲ ရှရှင်းချီ လန့်ဖြန်သွားပြီး… သူ့ဦးနှောက်ထဲက ကောလဟာလရေဒါတိုင်လေးတွေ ထောင်မတ်လာတယ်-
ဟင်… လီချန်ယွမ်လို ကြောက်စရာကောင်းတဲ့ ဗီလိန်ကြီးက ဒီလောက်တောင် အချစ်ကိုစွဲလမ်း နေပြီး၊ သတိမေ့မြောနေတဲ့အချိန်မှာတောင် သူ့ရဲ့ ‘ရည်းစားဟောင်း’ ကို သတိရနေသေးခဲ့သည်။
“ငွေလို့ပြောလိုက်တာက အရင် ဒီလူ့မှာ ငွေမရှိခဲ့လို့ ငွေမက်တဲ့ ရည်းစားဟောင်းက သူ့ကိုလမ်းခွဲခဲ့တာလား?”
“အချစ်ဇာတ်လမ်းများစွာဖတ်ဖူးသူ” ရှရှင်းချီရဲ့ ဦးနှောက်သေးသေးလေးထဲမှာ… ချစ်သူဟောင်းနဲ့ပတ်သက်တဲ့ ဝမ်းနည်းစရာအဖြစ်အပျက်တွေ ချက်ချင်းပြေးမြင်လာတယ်။
ရက်စက်ပြီး ကြောက်စရာကောင်းတဲ့ ဗီလိန်BOSS ရဲ့ စိတ်နေသဘောသဘာဝအရဆိုရင်…သူအခု အဲ့ဒီလူကိုဖမ်းပြီး သူ့အနားမှာချုပ်နှောင်ထားကာ နေ့ညမပြတ် [ဖော်ပြ၍မရသောအရာ] တွေလုပ်နေသင့်တာမဟုတ်ဘူးလား…?
—
စာရေးသူမှ ဖြည့်စွက်ချက်:
ရှရှင်းချီ: “ငါတကယ်ပဲ ဖမ်းဆီးခံခဲ့ရပြီး တစ်စုံတစ်ယောက်ရဲ့အနားရောက်နေတာကို လုံးဝသဘောမပေါက်ခဲ့ဘူး”
ဖရဲသီးစားနေကြသူများ: “ချစ်သား…ဒါတကယ်ပဲ ‘ခွေးသွေးဇာတ်လမ်း’ တစ်ပုဒ်ဆိုတာ သေချာရဲ့လား?” ဒါမှမဟုတ် [boy love] ဝက်ဘ်ဆိုဒ်ပေါ်က ‘အဝါရောင်ဇာတ်လမ်း’ တစ်ပုဒ်လား?”
လီချန်ယွမ်: “ဖမ်းခေါ်ခြင်း၊ ဖော်ပြ၍မရသောအရာ… တကယ်ကိုကောင်းတဲ့အကြံပဲ” (စဉ်းစားနေတဲ့ .jpg)
Chapter 22 end