⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode

Chapter 28+29

Little Creampie:
Chapter 28

ဗန်းပေါ်မှာ ရှရှင်းချီ တစ်ချိန်လုံးတောင့်တနေတဲ့ အမဲသားစတိတ်နှင့် နို့ကိတ်အမျိုးမျိုး ပါလေသည်။

“မင်္ဂလာပါ Sir, ကျွန်တော်တို့ဆိုင်ရဲ့ ၉၉ ယောက်မြောက်ဧည့်သည်ဖြစ်တဲ့အတွက် ဒါလေးလက်ဆောင်ပေးတာဖြစ်ပါတယ်-“ ဆိုပြီး ဝန်ထမ်းက ပုံမှန်အပြုံးဖြင့် ပြောလိုက်သည်။

“ခဏလေး… ဒါကဘာပွဲလဲ?”

ရှရှင်းချီ အံ့အားသင့်သွားပြီး ဗန်းပေါ်က အစားအစာတွေကို ထပ်ကြည့်ကာ…”ဒါတွေအားလုံး ကျွန်တော့်ကိုပေးတာလား?” လို့ မေးလိုက်တယ်။

– ဒီလိုအဆင့်မြင့်စားသောက်ဆိုင်မှာ ဒီလိုထူးဆန်းပြီး ရိုးရှင်းတဲ့ပွဲရှိတယ်လား?

– ပိုအရေးကြီးတာက ဒီ “လက်ဆောင်တွေ”က သူမှာထားတာတွေထက်တောင် ဘာလို့ဈေးကြီးနေတာလဲ?

– ဒါ လှည့်ဖြားမှုတစ်ခုလား? တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ဒါလိမ်ညာမှုတစ်ခုဟုတ်ရဲ့လား?

မေးခွန်းများစွာ ရှရှင်းချီရဲ့ ဦးနှောက်ထဲမှာ လည်ပတ်နေချိန်…အမဲသားစတိတ်ရဲ့အနံ့ကို ရုတ်တရက်ရလိုက်သည်။

သူမျှော်လင့်ထားတာထက် ပိုမွှေးနေပြီး ဒီအနံ့က သူ့ဝိညာဉ်တစ်ဝက်ကို ဖမ်းစားလိုက်ပြီးနောက် သံသယတွေအားလုံး ပျောက်ကွယ်သွားသည်။

“ဒီပွဲက ကျွန်တော်တို့ရဲ့ဓလေ့ပါဘဲ! ကျွန်တော်တို့သူဌေးနဲ့ သူဌေးကတော်ရဲ့ အိမ်ထောင်နှစ်ပတ်လည်အထိမ်းအမှတ်ပါ။” စားပွဲထိုးက စိတ်အားထက်သန်စွာပြုံးပြလိုက်ရင်း…“Sir က တကယ့်ကို ကံကောင်းတဲ့သူပဲ!”

ဒီစကားလုံးတွေက အရမ်းယုံကြည်ဖို့ကောင်းပြီး အပြုံးကလည်း အသက်ဝင်နေလေသည်။ ရှရှင်းချီ အပြည့်အဝယုံကြည်သွားပြီး…စိတ်လှုပ်ရှားစွာ “ဝိုး! ငါဆီမှာ ကံကောင်းခြင်းတွေ ရောက်လာပြီ!” လို့ တွေးလိုက်သည်။

လီချန်ယွမ်က သူ့ရဲ့ပြုံးရွှင်သွားတဲ့မျက်နှာလေးကိုကြည့်ရင်း…အနည်းငယ်ပြုံးလိုက်သည်။ စားပွဲထိုးဘက်ကိုလှမ်းကြည့်ကာ ခေါင်းညိတ်ပြလိုက်ရင်း…သူ့ရဲ့သရုပ်ဆောင်မှုကို သဘောကျကြောင်း အသိအမှတ်ပြုလိုက်သည်။

ကောင်းကင်ကနေ ငွေမိုးရွာသွန်းလိုက်သလိုမျိုး ရလိုက်တဲ့အရာက…
ငွေကြေးကိုမြတ်နိုးတဲ့သူတစ်ယောက်အတွက် အပျော်ဆုံးအရာပဲ။
ကံကောင်းမှုကြောင့်ရတဲ့ပျော်ရွှင်မှုက ဘယ်ငွေနဲ့မှလဲလို့မရဘူး။

ဒါကြောင့် စားပွဲထိုးထွက်သွားတဲ့အထိ… ရှရှင်းချီက သဘောတကျရယ်နေပြီး အချိန်အတော်ကြာမှ စားဖို့သတိရလေသည်။

သူမျှော်လင့်ထားတဲ့ အရသာတိုင်းပဲဆိုတော့ ဈေးကြီးရတာမဆန်းပေ-
နို့ကိတ်က အရမ်းနူးညံ့ပြီး ချိုပေမယ့်မစေးဘူး၊ နို့နံ့ သင်းသင်းလေးဖြစ်သည်။ အမဲသားစတိတ်ကလည်း အကျက်ညီပြီး နူးညံ့နေသည်။

ဟင်းတိုင်းက သူ့အကြိုက်နဲ့ကိုက်ညီတော့…ရှရှင်းချီ မျက်လုံးမှိတ်ပြီး ပျော်ရွှင်စွာစားနေမိသည်။ လီချန်ယွမ် သူ့ရဲ့ဖောင်းနေတဲ့ပါးလေးကို ထိကြည့်ချင်လာသည်။

…..

ဒါပေမယ့် ငွေရှင်းဖို့အချိန်ရောက်လာတော့ ရှရှင်းချီ နာနာကျင်ကျင်နဲ့ငွေရှင်းဖို့ပြင်နေချိန်မှာ…ငွေကောက်ခံဖို့လာတဲ့စားပွဲထိုးမှာ စကားပြောတာ နည်းနည်းမူမဟန်ဖြစ်နေတာတွေ့လိုက်ရတယ်။

“Sir, Mr.လီ…ကကျွန်တော်တို့ရဲ့ အထူးVIPဖြစ်တာကြောင့် ဒီနေ့ဟင်းတွေအားလုံး…”

ရှရှင်းချီ သံသယဖြစ်စွာကြည့်လိုက်ပြီး ဒီစားပွဲထိုးမှာ အလုပ်ခန့်တုန်းကတည်းက စကားထစ်တတ်သူလား ဒါမှမဟုတ် သွက်လက်မချက်ချာတဲ့ သူတစ်ယောက်လား?

ဒါကိုမြင်တော့ လီချန်ယွမ်က နဖူးတွေကျုံ့လိုက်ပြီး တိတ်တဆိတ် “၅” ဆိုတဲ့လက်ဟန်လုပ်ပြလိုက်သည်။

“ဟုတ်ကဲ့! ဒီနေ့ဟင်းတွေအားလုံး ၅၀% လျှော့ပေးပါမယ်!” စကားမပီသလိုဖြစ်နေကာ စိတ်လှုပ်ရှားနေတဲ့စားပွဲထိုးလေးမှာ နောက်ဆုံးတော့ ဒီခက်ခက်ခဲခဲအလုပ်ကိုအဆုံးသတ်နိုင်ခဲ့လေသည်။

ငွေကြေးအကြောင်းရောက်တော့ ရှရှင်းချီရဲ့ ပါးနပ်မှုမှာ ပိုထက်မြက်လာသည်။ အထူးသဖြင့် ဒီလို ဝန်ထမ်းတစ်ယောက်နဲ့ ရင်ဆိုင်ရတဲ့အခါမှာပေါ့။

ရှရှင်းချီက တစ်ခုခုမှားနေတာကို သိလိုက်ပြီး…ချက်ချင်းပဲ စားပွဲထိုးကို စိုက်ကြည့်ကာမေးလိုက်တယ် –
“မင်း တစ်ယောက်ယောက် ပြောခိုင်းတဲ့အတိုင်း ပြောနေတာလား? ဒါဆို ဘယ်သူကပြောခိုင်းတာလဲ?”

စကားပြောရင်း သံသယဖြစ်စရာတစ်ယောက်ကို လှည့်ကြည့်လိုက်ရင်း…ခုနက “၉၉” ဆိုတဲ့ပွဲကလည်း တမင်လုပ်ထားတာမှန်းနားလည်သွားသည်။

လီချန်ယွမ်က ပုံမှန်အတိုင်း ခပ်ချေချေမျက်နှာနဲ့…ရေနွေးသောက်နေလေသည်။ ဒီလို “သေးသေးမွှားမွှား” အရာတွေကို ဂရုစိုက်မှာမဟုတ်သလို…ဒီလိုလုပ်မှာလည်းမဟုတ်ဘူးဆိုတဲ့မျက်နှာပေးနဲ့ဖြစ်သည်။

“လီချန်ယွမ် ခဗျား..”
ရှရှင်းချီစကားမဆုံးခင်မှာပဲ စားပွဲထိုးလေးရဲ့ ငိုချင်လာတဲ့ပုံကိုသတိထားမိသွားသည်။

အလုပ်ကြိုးစားတဲ့ဝန်ထမ်းတစ်ယောက်ကို အခက်အခဲမဖြစ် စေချင်တဲ့အတွက်…ကတ်ထဲမှ ကြော်ငြာရိုက်လို့ရတဲ့ပိုက်ဆံနဲ့ ငွေရှင်းလိုက်သည်။ အနည်းငယ်နာကျင်သွားပေမယ့် အောင်မြင်မှုအရသာမျိုး ခံစားမိလိုက်သည်။

စားပွဲထိုးထွက်သွားပြီးနောက် အခန်းမှာတိတ်ဆိတ်သွားကာ၊ ရှရှင်းချီက လီချန်ယွမ်ရဲ့မျက်နှာကို သံသယနဲ့ထပ်ကြည့်လိုက်သည်။

ဒါပေမယ့် လီချန်ယွမ်က ခေါင်းငုံ့လိုက်ကာ ခေါင်းစဉ်ပြောင်းပြီး၊ “ဘာလို့လက်စွပ်မဝတ်ထားတာလဲ”လို့မေးလိုက်သည်။

ရှရှင်းချီ ကတ်ပေးတုန်းက သူ့ညာဘက်လက်ခလယ်မှာ ဘာမှမရှိတာသတိထားမိသွားတာဖြစ်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က အနုပညာရှင်သမား တစ်ယောက်ဆိုတော့”၊ “လူတွေမြင်မှာစိုးလို့ပါ” ဟုပြောရင်း ရှရှင်းချီက လည်ပင်းမှာဆွဲထားတဲ့လက်စွပ်ကိုပြလိုက်သည်။

စဉ်းစားကြည့်တော့ နည်းနည်းမှားနေသလိုခံစားလိုက်ရပြီး ရှရှင်းချီက လီချန်ယွမ်ကိုကြည့်ကာ အပြစ်တင်ပြောဆိုလိုက်တယ် –
“ဒါတွေအားလုံး ခင်ဗျားအပြစ်ပဲ! ခင်ဗျားက အရမ်းကျော်ကြားလွန်းတော့ ပရိသတ်တွေက ခင်ဗျား အသက်ငယ်ငယ်လေးနဲ့လက်ထပ်ပြီးပြီဆိုတာ သိသွားရင် ကျွန်တော့်ကိုသတ်ကြမှာအသေချာပဲ!”

တဒင်္ဂအတွင်းမှာပဲ သူ့အခန်းကဏ္ဍက…”ငွေမက်တဲ့ လူဆိုးလေးက လက်ထပ်ပွဲကို ဖုံးကွယ်ထားတာ”ကနေ၊ “သူ့ခင်ပွန်းမှာ အရမ်းကျော်ကြားလွန်းတာကြောင့် လက်ထပ်ထားတာကို ဖုံးကွယ်နေရတဲ့ သနားစရာကောင်လေး” အဖြစ် ပြောင်းသွားသည်။

လီချန်ယွမ် – “…”

ရှရှင်းချီ စကားပြောပြီးတဲ့အခါ သူ့စိတ်ထဲမှာ လစာနဲ့ပတ်သက်ပြီး နည်းနည်းစိတ်ပူသွားတယ်။ အနုပညာရှင်တစ်ယောက်အနေနဲ့ ဒီဆက်ဆံရေးကိုဖုံးကွယ်နေရရင်၊ ကုမ္ပဏီကလည်း သူ့လစာလျှော့လိုက်မယ်ဆိုရင် ဘယ်လိုဖြစ်သွားမလဲ?

ဒါကြောင့် သူ ဒီကိစ္စကိုအချိန်ဆွဲဖို့ အကြံတစ်ခုထုတ်လိုက်သည်- “ပြောပြလို့က ရပါတယ်၊ ဒါပေမယ့် ခင်ဗျားပရိသတ်တွေ ဖြည်းဖြည်းချင်းလက်ခံဖို့ အချိန်ပေးရမယ်လေ”

ဒါကလည်း အမှန်ပါပဲ။ ရုတ်တရက်ကြေညာလိုက်ရင် ရှရှင်းချီကို တိုက်ရိုက် လာသတ်ကြမှာသေချာသလို…ရှင်းတုဟယ်နဲ့ သူ့ရဲ့အနုပညာလောကအိပ်မက်လည်း ပျက်စီးသွားမှာပဲ။

ဘာပဲဖြစ်ဖြစ် လီချန်ယွမ်က အမြဲတမ်းရိုးရိုးရှင်းရှင်းနေတတ်ပြီး… တစ်နေကုန် အလုပ်တွေနဲ့ပဲ ရှုပ်ထွေးနေတတ်တော့ ဒီကိစ္စကို လျစ်လျူရှုသွားမှာသေချာတယ်။

ဒါပေမယ့် ရှရှင်းချီမသိသေးတာက ဒီစကားတွေဟာ လီချန်ယွမ်ကို အတွေးနယ်ချဲ့စေခဲ့တယ်ဆိုတာပါပဲ။

နောက်ဆုံးတော့ စားသောက်ဆိုင်ကနေထွက်လာပြီး ကားပေါ်တက်တဲ့အခါ လီချန်ယွမ်က ဖုန်းထဲကနေမက်ဆေ့ချ်တချို့ကို တိတ်တဆိတ်ပို့လိုက်သည်။

…..

ဆောင်းဦးညမှာကြည်လင်ပြီး ဗီလာရှေ့က ကောင်းကင်မှာလည်း ကြယ်တွေမှိတ်တုတ်မှိတ်တုတ်လင်းလက်နေလေသည်။

ကတိတည်သော အလုပ်သမားတစ်ယောက်အနေနဲ့၊ ဘော့စ်မှာ နေ့လယ်ကုမ္ပဏီသွားပြီး အခုထိပြန်မလာသေးသော်လည်း ရှရှင်းချီက သူ့ခေါင်းအုံးနဲ့စောင်ယူကာ အခန်းထဲသို့ဝင်လာခဲ့သည်။

လီချန်ယွမ် ဘာကြောင့်ဒီလိုလုပ်ရတာလဲဆိုတာ သူနားမလည်ပေ။ ဒါပေမယ့် နောက်ဆုံးတော့ အကြောင်းပြချက်တစ်ခုရသွားတယ် – လီချန်ယွမ်က အိပ်ရာနွေးအောင်လုပ်ဖို့သူ့ကိုလိုနေတာပဲဖြစ်မယ်။

ဒီလူက ကိုယ်ခံအားနည်းပြီး အအေးဒဏ်မခံနိုင်ဘူး။ ဒါကြောင့် နွေးနွေးထွေးထွေးအိပ်ရဖို့ဆိုလျှင်…ရေနွေးအိတ်နဲ့လျှပ်စစ်စောင်ထက် လူသားအပူပေးစက်က ပိုအဆင်ပြေတာပေါ့။

ဒါကိုတွေးပြီး ရှရှင်းချီက ခဏလေးတုံ့ဆိုင်းသွားပြီး နောက်ဆုံးမှာတော့ သူယူလာတဲ့စောင်ကိုပြန်သိမ်းကာ လီချန်ယွမ်ရဲ့စောင်တစ်ထည်တည်းကိုပဲ အိပ်ရာပေါ်ချန်ထားလိုက်သည််။

ည ၁၀ နာရီကျော်တဲ့အထိ လီချန်ယွမ်ရဲ့အရိပ်အယောင်မတွေ့တော့… “အန်တီလီ သူဘာလို့ဒီလောက်နောက်ကျနေတာတောင် ပြန်မလာသေးတာလဲ? ဒီညပါတီသွားစရာရှိတာလား? အဲ့ဒါဆို အရက်သောက်နေမှာစိုးရတယ််၊ သူ့အစာအိမ်က ဒီလောက်အထိခိုက်မခံနိုင်တာ”

အဒေါ်လီ ဒီလိုလင်လင်ချင်း ချစ်ချစ်ခင်ခင်ရှိတာကိုမြင်ရတော့… “စိတ်မပူပါနဲ့ကွယ်၊ ဆရာက သူ့အခြေအနေသူသိတယ်။ ဘယ်သူမှသူ့ကိုအရက်တိုက်ဖို့မရဲဘူး။ ဒီနေ့ အလုပ်တွေများနေလို့ပဲဖြစ်မယ်”

ရှရှင်းချီ ရုတ်တရက် လီချန်ယွမ်ရဲ့ရေချိုးကန်ထဲမှာပေါ်လာပြီး အလျင်အမြန်ထွက်ပြေးခဲ့တဲ့အချိန်ကစပြီး လီချန်ယွမ်က သူ့ကိုရှာကာ ရုတ်တရက်စေ့စပ်ထိမ်းမြားလိုက်တော့…တကယ်ကိုအလုပ်တွေအများကြီးစုပုံသွားခဲ့တာဖြစ်သည်။

ရှရှင်းချီက ခေါင်းညိတ်လိုက်တယ်။

တစ်ဖက်မှာလည်း သူညနေစာမစားရသေးတာစိုးရိမ်နေပြီး…တစ်ဖက်မှာလည်း ဒီလိုကကောင်းပါတယ်လို့တွေးမိသည််။ သူ့ဘေးမှာ ကြောက်စရာကောင်းတဲ့ဗီလိန်ကြီးလှဲနေရင် အိပ်မပျော်မှာစိုးရတယ်။

လီချန်ယွမ်မရှိခိုက် အခွင့်ကောင်းယူပြီး၊ ရှရှင်းချီက ရေချိုးကန်ထဲဆင်းကာ သေချာရေချိုးလိုက်သည်။ ပြီးတော့ ဆံပင်အခြောက်ခံစက်နဲ့ သူ့ဆံပင်ကိုအလိုအလျောက်အခြောက်ခံလိုက်သည််။

ညအိပ်ဝတ်စုံအသစ်တစ်စုံကိုလည်း ယူကာဝတ်ထားလိုက်သေးသည်။

ရေချိုး အဝတ်အစားလဲပြီးတဲ့အခါ သန့်ရှင်းမှုကိုအရမ်းကြိုက်ပြီး ဒေါသကြီးတဲ့ “နတ်ဘုရား”ရဲ့ အိပ်ရာပေါ်တက်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာ သေချာသွားတော့…မီးပိတ်ပြီး စောင်ထဲမှာကွေးလျက်လှဲလိုက်သည််။

စောင်မှာ လီချန်ယွမ်ရဲ့ခေါင်းလျှော်ရည်နံ့နဲ့ ရေမွှေးအနံ့လေးတွေစွဲနေပြီး… အနံ့မှာ အရမ်းမွှေးနေသည််။

ရှရှင်းချီ အားရပါးရနမ်းလိုက်ပြီး နောက်ဆုံးမှာတော့ သူ့ကိုယ်သူစောင်နဲ့အပြည့်ထုပ်လိုက်သည််။ သူက အလွယ်တကူအိပ်ပျော်တတ်ပြီး အိပ်ရာမရွေးတဲ့သူဆိုတော့…ခေါင်းအုံးနဲ့ထိလိုက်တာနဲ့ ချက်ချင်းအိပ်ပျော်သွားသည််။

ဒါကြောင့် လီချန်ယွမ် နံနက်စောစောပြန်ရောက်တဲ့အခါ အခန်းထဲဝင်လိုက်တာနဲ့ အိပ်ရာပေါ်က လုံးဝန်းဖောင်းကြွနေတဲ့အရာတစ်ခုကိုတွေ့လိုက်ရပြီး ထိုအရာမှာ အနည်းငယ်လှုပ်ရှားနေသလိုပဲ။

သူတစ်ခဏတာတွေဝေသွားပြီး ဒါဘာလဲဆိုတာ နားမလည်နိုင်ခဲ့ဘူး။

ရင်ထဲမှာ ရုတ်တရက် “ပျော်ရွှင်မှု”တစ်ခုဝင်လာကာ၊သူ လူလိမ်လေးကို လှည့်စားထားခဲ့မှန်း သတိရသွားသည််။

ရေငြိမ်အိုင်လို စိတ်နှလုံးသားမှာ ရုတ်တရက်တဖျတ်ဖျတ်ခုန်လာပြီး၊လီချန်ယွမ်ရဲ့မျက်လုံးထဲမှာ နွေးထွေးမှုအနည်းငယ်ဝင်လာသည်။ ထို့နောက် စောင်ကိုဖြေးဖြေးချင်းမကာ လက်ဆောင်ထုပ်ဖွင့်သလိုမျိုး ဖွင့်လိုက်လေသည်။

ရှရှင်းချီက သတိလက်လွတ် ခေါင်းအုံးကိုဖက်ထားရင်း အိပ်ပျော်နေကာ သူ့ရဲ့ဖြူဖွေးနေတဲ့ခြေထောက်လေးတွေမှာလည်း ချောင်နေတဲ့ညအိပ်ဝတ်စုံကနေ ထွက်နေပြီး ခေါင်းအုံးပေါ်မှာ ကိုလာဝက်ဝံလေးသစ်ပင်ဖက်နေသလိုမျိုးပင်ဖြစ်သည်။

ညအိပ်ဝတ်စုံအနားတွေမှာလည်း လှုပ်ရှားမှုကြောင့် တွန့်တက်နေပြီး…ကျစ်လျစ်ကာ လူငယ်ဆန်တဲ့ခါးသွယ်သွယ်လေးပေါ်နေသည်ကို တွေ့လိုက်ရသည််။

သူတို့နှစ်ယောက်သုံးတဲ့ ရေချိုးဂျယ်မှာအတူတူဆိုပေမယ့် သူ့ဆီကထွက်တဲ့အနံ့က ပိုမွှေးနေသလိုပါပင်။

လီချန်ယွမ်က နှုတ်ခမ်းကိုကိုက်လိုက်ပြီး မျက်လုံးထဲမှာတော့ ပူလောင်မှုနဲ့ သည်းခံမှုတစ်ချို့ပါနေသည်။ အတော်ကြာပြီးနောက် ကိုယ်ကိုကိုင်းညွှတ်လိုက်ပြီး ရှရှင်းချီရဲ့လက်ကို ဖြေးဖြေးလေးထိလိုက်သည််။

စာရေးသူမှ ဖြည့်စွက်ချက်-

ဇနီးသည်ကို ရေချိုးပြီးအဆင်သင့်ပို့ပေးထားပြီးပါပြီ Mr.လီ၊ ဘာလို့လက်လေးနဲ့ထိပြီး မနှိုးသေးတာလဲ? အမြန်နှိုးလိုက်ပြီး ဆွဲဆောင်လိုက်စမ်းပါ! (ခွေးခေါင်း.jpg)

Chapter 28 end.

Chapter 29

နေမမြင့်လာခင်မှာပင် ရှရှင်းချီ မှိန်းခနဲ မျက်လုံးပွင့်လာသည်။

သူဘေးဘက်သို့ အနည်းငယ် လှည့်လိုက်သောအခါ သူ့မျက်နှာသည် နူးညံ့အိစက်သော အမွေးများကြားတွင် မြုပ်သွားသည်-

မြတ်စွာဘုရား! ၊ လီချန်ယွမ်က ကြောင်လေး ဖြစ်သွားတာလား!

မဟုတ်ခဲ့ပေ။ သခင်က သူ့အိပ်ယာပေါ်မှ ထသွားချိန်၌ ပျော်ပျော်ကြီး သခင်​ဖြစ်သူ၏ အိပ်ရာ၌ လာခွေရင်း မြူးတူးနေသည့် ကြောင်ဖြူကြီး Summer ဖြစ်နေသည်။ ရှရှင်းချီ နိုးလာသည်ကို မြင်သည်နှင့် သူ့ဘေးတွင် လဲလျောင်းနေသော ဖက်ထုပ်ဖြူကြီးသည် မျက်လုံးပြူးကျယ်ကျယ်ဖြင့် သူ့ကို တိတ်တဆိတ်ကြည့်နေပြီး ခဏအကြာ ချက်ချင်းထ ထွက်သွားလေသည်။

အေးစက်စက် နှင့် ဂရုမစိုက်ဘဲ၊ သူကပဲ ချောင်းကြည့်နေသူ မဟုတ်သကဲ့သို့ ပြုမူလိုက်သေးသည်။ တစ်စုံတစ်ယောက်ကဲ့သို့ပင်။

ရှရှင်းချီ မနေ့ညက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။ သူ လီချန်ယွမ်ရဲ့ ရင်ခွင်ထဲ တိုးဝင်ပြီး တစ်ညလုံး အဲဒီလို အိပ်ပျော်နေခဲ့တယ်ဆိုတာကို အနည်းငယ်မျှတောင် သတိမထားမိခဲ့ပေ။

ရက်စက်ကြမ်းကြုတ်တဲ့ ဗီလိန်ကြီးဆီက ညသန်းခေါင်မှာ သူ့ကို အတင်းနိုးပြီး ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်တာ မခံခဲ့ရတဲ့အပေါ် စဉ်းစားရင်း… သူကတော့ ရည်ရွယ်ချက်ရှိရှိ ဖက်အိပ်ဖို့ ယူလာတဲ့ ခေါင်းအုံးကြောင့် ဖြစ်ရမယ်လို့ တွေးလိုက်မိသည်။ အဲ့ဒါရှိလို့သာ လူတွေကို ဟိုလိုဒီလို သွားမဖက်မိတာ။ သူ လီချန်ယွမ်ရဲ့အနားယူမှုကို အနှောက်အယှက် မပေးခဲ့တာ ဖြစ်နိုင်သည်။

အမှန်တရားမှာ‌တော့ သူ့လက်ထဲမှခေါင်းအုံးသည် ညအချိန်၌ မညှာမတာ ကုတင်အောက်သို့ပစ်ထုတ်ခံခဲ့ရပြီး မနက်အိပ်ရာထချိန်မှသာ လီချန်ယွမ်က တိတ်တဆိတ် ပြန်ထားပေးခဲ့ခြင်းဖြစ်သည်။

————

အဲ့ဒီနောက်မှစ၍ ရက်အတော်ကြာတဲ့အထိ ထူးထူးခြားခြားမဖြစ်ပျက်ခဲ့ပေ။ သေသည်အထိ အလုပ်ကြိုးစားလုပ်ခဲ့သော အလုပ်သမားတစ်ဦးအနေဖြင့် ရှရှင်းချီသည် ငါးဆားနူကဲ့သို့ အေးအေးဆေးဆေး အသက်ရှင်နေထိုင်ရသည်မှာ ရှားပါးလှသည်။

တစ်ခုတည်းသောအလုပ်မှာ “အိပ်ရာကိုနွေးအောင်လုပ်ရန်” သာကျန်တော့သည်။ ထိုအချိန်အတောအတွင်း လီချန်ယွမ် သည် သူ့ခန္ဓာကိုယ်အား အာဟာရဖြစ်စေရန် တုန်တုန်ယင်ယင်နှင့် ခေါင်းကို အသာဖိနှိပ်ထားရင်း ဆေးကို ကြိတ်မှိတ်သောက်ခဲ့ရသည်။

ရှရှင်းချီသည် သူ၏နေ့စဉ် အသက်မွေးဝမ်းကြောင်းကို ဖြည့်ဆည်းပြီး ငွေရှာလိုသော်လည်း အနှီကုမ္ပဏီသည် အရင်းအမြတ်များကို တမင်တကာ ခွဲဝေမပေးဘဲ ထုံးစံအတိုင်းပင်၊ အဆင့်နိမ့်မင်းသားတစ်ယောက်အနေဖြင့် မည်သူ့ကိုမျှ သူ့အိမ်သို့ တကူးတကလာရန် မမျှော်လင့်နိုင်ခဲ့ပေ။

အဲ့ဒီ့ လူပါးနပ်ရှယွီက မူလပိုင်ရှင်ကို သူ့စီမံခန့်ခွဲမှုကုမ္ပဏီထဲ ဝင်ခွင့်ပြုခဲ့တဲ့ အကြောင်းရင်းက နှိုင်းယှဉ်စရာတစ်ခု ဖန်တီးဖို့တင်မကဘဲ၊ ကုမ္ပဏီရဲ့ နာမည်ကြီး ထိပ်တန်းအမျိုးသားအနုပညာရှင်တစ်ယောက်အနေနဲ့ မူလပိုင်ရှင်ရဲ့ အရင်းအမြစ်မျိုးစုံကို လုယူဖို့ပဲ။

ရှရှင်းချီသည် ဆိုဖာပေါ်တွင် လှဲလျောင်းနေရင်း သူစတင်လျှောက်ထားနိုင်မည့် အမြတ်အစွန်းရှိသော အလုပ်များကို ဂရုတစိုက်ရှာဖွေနေသည်။ သို့သော်လည်း ယုံကြည်စိတ်ချရသည့်အရာ တစ်ခုမှ မရှိပေ၊ အားလုံးမှာ စိတ်ကူးယဉ်အလုပ်များနှင့် လိမ်လည်မှုများသာ ရှိပုံရသည်။

လင်းမုန့် ဖုန်းခေါ်လာသည်နှင့် စခရင်မှာ ဖြတ်ခနဲ ပွင့်လာသည်။

ထိုညက လီချန်ယွမ်၏ အခြေအနေကို သူမမြင်ပြီးကတည်းက ရှရှင်းချီ၏ အခြေအနေအတွက် သူမ ပိုပိုပြီး စိုးရိမ်လာခဲ့သည်။

စျေးကြီးသော Limited Edition စူပါကားတစ်စီးပေါ်က မသေမျိုးရုပ်အသွင်အပြင်ဖြင့် အံ့ဩဖွယ်ကောင်းသော လူငယ်တစ်ဦးနှင့် ထိုအချိန်က သူ့မောင်လေး(ရှရှင်းချီ)၏ ပြောမပြနိုင်သော အမူအရာ ……

ခွေးသွေးဇာတ်လမ်းများရှိ ဇာတ်ကွက်အမျိုးမျိုးအရ လင်းမုန့် သည်လည်း အတော်ပင်ယုံကြည်ဖွယ်ကောင်းသော အဖြေတစ်ခုကို ကောက်နှုတ်ချပစ်သည်- ထိုလူငယ်ချောချောသည် ရှရှင်းချီကို လာကြိုဖို့အတွက် ကားမောင်းသူသာသာ တာဝန်ရှိသည် ဖြစ်ရမည်!။

ထောက်ပံ့သူမှာ တခြားတစ်ယောက်ပင်။

အခြားသော ငွေကြေး ပံ့ပိုးကူညီသူများသည် ၎င်းတို့၏ ငယ်ရွယ်သော အနုပညာရှင်များအား အရင်းအမြစ်များနှင့် ချိတ်ဆက်မှုများ ပေးစွမ်းနိုင်သော်လည်း သူမ၏သနားစရာမောင်လေးသည် နေ့စဉ် အိမ်တွင် ပိတ်မိနေပြီး “အစ်မမုန့်မုန့် ကျွန်တော့်မှာ အလုပ်အချိန်ဇယား မရသေးဘူးလား” ဟုသာ မေးမြန်းနေခဲ့သည်။

အားကိုးလောက်စရာမရှိသော ထိုလူယုတ်မာထောက်ပံ့သူသည် ရှရှင်းချီကို ကုမ္ပဏီ၌သာ တစ်ပိုင်းတစ်ပျက် ဖုံးကွယ်ထားခဲ့ပြီး ဘာမှ မလုပ်ပေးခဲ့။ ၎င်းသည် အခကြေးငွေမပေးဘဲ ဝန်ဆောင်မှုများကို လိမ်လည်ရယူခြင်းဖြစ်သည်။

ချိုမြိန်သော အပြစ်ကင်းသော ကောင်လေး၊ ချမ်းသာသော လူဆိုးကြီးနှင့် ချောမောသော ကားမောင်းသူကြားရှိ ဝမ်းနည်းဖွယ် သုံးပွင့်ဆိုင်အချစ်သည် လင်းမုန့်၏ စိတ်ထဲတွင် ချက်ချင်း ပုံပေါ်လာသည်။

“ဟယ်လို ကောင်းသောမနက်ခင်းပါ အစ်မမုန့်မုန့်” စကားပြောနေစဉ်တွင် ရှရှင်းချီသည် Summer ကို ကြောင်အစာဖြင့် ဖျားယောင်းကာ ပွတ်သပ်ရန် ကြိုးစားခဲ့သည်။

လင်းမုန့်ကလည်း သူအနိုင်ကျင့်ခံရမည်ကို စိုးရိမ်ကာ မကြာခဏဖုန်းခေါ်သည်။

သို့သော်လည်း ယနေ့တွင် သူမသည် ထူးခြားစွာ စိတ်လှုပ်ရှားနေပြီး

“သတင်းကောင်းရှိတယ် ရှင်းချီ၊ နောက်တစ်ပတ်ရဲ့ ဖက်ရှင်ရှိုးပွဲအတွက် နင် ဖိတ်ခေါ်ခံရတယ်!”

ညစာစားပွဲသို့ ဖိတ်ကြားခံရသူများသည် လူကြိုက်များသော အနုပညာရှင်များ နှင့် အလွှာပေါင်းစုံမှ ခေါင်းဆောင်များ ဖြစ်ကြပြီး အဆင့်အတန်းရှိ နာမည်ကြီးသော ချမ်းသာ ကျော်ကြားသူ အများအပြား နှင့်အတူ ၊ စီမံခန့်ခွဲမှုကုမ္ပဏီတစ်ခုလုံးတွင် ဤဖိတ်ကြားလွှာကို လက်ခံရရှိသူ သုံးဦးသာရှိသည်။ ရှရှင်းချီသည် ဖိတ်စာတွေအကုန် ဖိတ်ပြီးသည့် နောက်မှ ရုတ်တရက် စတုတ္ထမြောက်ဖိတ်ကြားခံရသူ ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။

” ဒါဆို ကျွန်တော်တို့ အလုပ်တစ်ခုရပြီပေါ့” ရှရှင်းချီ သည် ထိုသတင်းစကားကိုကြားလိုက်သည်နှင့် ချက်ချင်းပင် နားရွက်ဖျားလေးများ ထောင်သွားသည်။

အမှန်တော့ ဒီသတင်းသည် သူသိထားပြီးတဲ့ အရာတစ်ခုပင်။
ဘာလို့လဲဆိုတော့ ရှယွီက အချိန်အတော်ကြာအောင် “ဘဝင်မြင့်စွာ” ကြွားလုံးထုတ်နေခဲ့တာကိုး။ မနေ့တုန်းကလည်း သူက ဟန်ဆောင်ပြီး ထိပ်တန်းဇိမ်ခံအမှတ်တံဆိပ်ရဲ့ ဈေးကြီးဝတ်စုံကို ငှားလာပါတယ်လို့ ကြေညာခဲ့သေးတယ်။ သူ့ရဲ့ မာနကြီးတဲ့ပုံစံက ဖန်သားပြင်ကိုတောင် ထိုးဖောက်တော့မလိုပဲ။

သူတွေးနေတုန်းမှာပင် လင်းမုန့် က အကြောင်းအရာပြောင်းသွားသည်ကို ကြားလိုက်ရသည်။ “ဒါပေမယ့် …….. တန်ဖိုးကြီး ၀တ်စုံ ငှားဖို့ကလည်း ရှိသေးတယ်”

နောက်ဆုံးတွင်၊ ကော်ဇောနီထက်မှ ပြိုင်ဆိုင်မှုများသည် နာမည်ကြီး ဘရန်းတံဆိပ်နာမည် အရည်အသွေးပေါ်တွင်သာ ဖြစ်သည်။ ပြီးနောက် အလွှာပေါင်းစုံက မီဒီယာများက ထိုပြိုင်ဆိုင်မှုများကို မျက်ထောင့်ရှည်ရှည်ဖြင့် စိတ်အားထက်သန်စွာ ရှည်လျားလွန်းသော ဝေဖန်ရေးဆောင်းပါးများ ရေးကြမည်သာ ဖြစ်သည်။

လောလောဆယ် ရှရှင်းချီတွင် ထောက်ခံချက်တစ်စုံတစ်ရာမရှိပေ၊ ထို့အပြင် လူသိမများသေးသောကြောင့် မည်သည့်ဘရန်းတံဆိပ်ကမှ သူ့အား ဝတ်စုံ အလကားပေးမည်မဟုတ်ပေ။ သူ့ကို ဝတ်စုံငှားခွင့်တောင် ပေးမည်မဟုတ်ချေ။

၎င်းသည် အနည်းငယ် ညံ့ဖျင်းသော အမှတ်တံဆိပ်ဖြစ်လျှင်ပင် ငှားရမ်းခ တစ်ခုတည်းအတွက် သောင်းနှင့်ချီ ကုန်ကျမည်ဖြစ်သည်။ ပိုခက်သည်မှာ ကုမ္ပဏီက သူ့ကို ပိုက်ဆံ ပြန်မပေးသည့်အတွက် ငှားချင်လျှင်ပင် သူကိုယ်တိုင်ငွေပေးချေရမည်။

ရှရှင်းချီသည် စျေးနှုန်းကိုကြားပြီးနောက် အသက်ရှုကြပ်လာမိသည် ။

စျေးကြီးလွန်းလို့ သူ့အဝတ်တွေ အကုန်ချွတ်ပြီး ကိုယ်လုံးတီးနဲ့ ပွဲတက်တာကမှ ပိုကောင်းဦးမယ်။

————

ထို့ကြောင့် တစ်မနက်လုံး သူသည် လီချန်ယွမ် ဝယ်ပေးထားသော နေ့စဉ်အ၀တ်အစားများ ပြည့်နေသည့် အင်္ကျီဗီရိုကို တွေးမိရင်း ထိုင်ကာ စဉ်းစားနေမိသည်။

အများကြီးစဉ်းစားပြီးတဲ့အထိ အကြံဉာဏ်မရှိတဲ့အခါ ရှရှင်းချီ က သက်ပြင်းချလိုက်ပြီး ဝမ်းနည်းနေတဲ့ဖားတစ်ကောင်လို လင်းမုန့်ကို မေးလိုက်သည်။

“အစ်မမုန့်မုန့်၊ ငါတို့အွန်လိုင်းကပဲ ပွဲတက်ဝတ်စုံဝယ်လိုက်ရင်ရော? ကျွန်တော်ကြည့်ကြည့်တော့ 88 ယွမ်ပဲရှိတဲ့ ဝတ်စုံတစ်စုံ တွေ့ခဲ့တယ်၊ ပို့ခလည်း ပါပြီးသား။”

လင်းမုန့် သည် အစပိုင်းတွင် သူနောက်ပြောင်နေမှန်း သိသော်လည်း အဝတ်အစားနှင့်ပတ်သက်လာသောအခါတွင် သူ့မောင်လေးသည် အမှန်တကယ် အကူအညီမဲ့ဖြစ်နေကြောင်းကိုလည်း သိခဲ့သည်။

“တကယ်တော့လေ မင်းရဲ့ နောက်က ကျေးဇူးရှင်ကို မေးလိုက်ရင်ရော” ဟူ၍ မပြောခင် သူမ အချိန်အတော်ကြာအောင် တွန့်ဆုတ်နေခဲ့သည်။

ထိုစကားပြောပြီးနောက် သူမသည် ထိုခွေးသွေးပြဇာတ်ကို ပြန်မမြင်ယောင်ဘဲ မနေနိုင်ပေ။ ဒီအကြောင်းကို သူမ ပိုတွေးမိလေလေ၊ စိတ်ဓာတ်ကျမိလေလေပင်၊ ရှရှင်းချီ ပြန်ပေးဆပ်ရမယ့် နာကျင်စရာ “တန်ဖိုး” အမျိုးမျိုးကို စိတ်ကူးယဉ်ကြည့်မိသည်။

ရှရှင်းချီ သည် ယခုလက်ရှိအတွက် သူမ ထင်သလို မဆင်းရဲသေးဘဲ နှစ်စဉ် လစာ သိန်းဆယ်နှင့်ချီ ရှိကြောင်း သူမ မသိခဲ့ပေ။ သူ့ကို ထိန်းချုပ်ထားသည့် တစ်ခုတည်းသော အရာမှာ “တွန့်တိုသော” ဟူသော စကားလုံးဖြစ်သည်။

“အဲဒီနာမည်ကြီးဘရန်းတွေက ငါတို့လို သာမန်လူတွေတောင် မတတ်နိုင်တဲ့ အရာတွေပဲ၊ ဒါပေမယ့် မင်းရဲ့ ကျေးဇူးရှင်က မင်းကို သေချာပေါက် ပိုက်ဆံတောင်းမှာ မဟုတ်ဘူး။”

သန်းသောင်းချီတန်တဲ့ ဇိမ်ခံကားကိုတောင် မောင်းနိုင်မှတော့ သူ့ချစ်သူကို သိန်းသောင်းနဲ့ချီပြီး မတောင်းလောက်ပါဘူး။

ရှရှင်းချီ လည်း အဲဒါအဓိပ္ပါယ်ရှိတယ်လို့ တွေးမိကာ မျက်တောင်တဖျက်ဖျက်ခတ်လိုက်သည်။ လီချန်ယွမ် ၏အခြေအနေအရ၊ သူသည် မည်သည့်တံဆိပ်ကိုမဆို အလွယ်တကူဝယ်ယူနိုင်ပြီး ရှရှင်းချီ ကိုလည်း ကျသင့်ငွေ ပေးဆောင်ရန် တောင်းဆိုမည်မဟုတ်ပေ။

ခင်ဗျား ကျွန်တော့်ကို လစာ တစ်သန်းပေးပေမယ့် အဲ့လစာကို သုံးရမှာ ဝန်လေးတယ်။ ခင်ဗျားရဲ့ပိုက်ဆံအိတ်ကို ဆက်ညှစ်ချင်နေတုန်းပဲ။

ရှရှင်းချီ၏ တိတ်ဆိတ်မှုကို သတိပြုမိလိုက်ရာ လင်းမုန့် က သူသည် ထိုကဲ့သို့သော “တန်ဖိုး” ကို ပေးဆောင်ရန် အမှန်တကယ် ဝန်လေးနေပြီဟု ထင်မိသဖြင့် သူမသည်ဝမ်းနည်းစွာဖြင့် သူ့ကို ပြန်ဖြောင်းဖြခဲ့ရသည်-

“ဒါကို မင်းမလုပ်ချင်ဘူးဆိုရင်လည်း အဆင်ပြေပါတယ်။ သူ့ကို တခြားနည်းနဲ့ ချော့ပြောလိုက်လေ.. သူပျော်ရင် မင်းအတွက် တန်ဖိုးအကြီးဆုံး အဝတ်အစားကို ငှားပေးနိုင်မှာပါ”

၎င်းတို့နှစ်ဦးစလုံးသည် တူညီသော အတွေးလိုင်းပေါ်တွင် လုံးဝမရှိခဲ့ကြသော်လည်း သံသယမဝင် အတားအဆီးမရှိဘဲ ဆက်လက် ဆက်သွယ်နေကြသည်။ ရှရှင်းချီ သည် သူမပြောသောစကား၏ ဒုတိယပိုင်းကို ကြားရုံမျှဖြင့် ငွေမကုန်မည့် နည်းလမ်းကို တစ်ချက်လှမ်းမြင်လိုက်သကဲ့သို့ မျက်လုံးများ တောက်ပလာကာ

“ကျွန်တော် သူ့ကို ဘယ်လိုချော့ပြောရမလဲ။ အစ်မမုန့်မုန့် ကျွန်တော့်ကို သင်ပေးပါ!”

လင်းမုန့် : ?

သူချစ်ရတဲ့ ကားမောင်းသမားအတွက် ဘာကြောင့်များ အသက်ပေးပြီး သေတဲ့အထိ မတိုက်ရဲတာလဲ။ ရက်စက်ကြမ်းကြုတ်တဲ့ ကျေးဇူးရှင်က ဘယ်လောက်တောင် ဆိုးဆိုးရွားရွားကြောက်စရာကောင်းလိုက်တာလဲ!?

“အရင်ဆုံး မင်း စကားချိုချိုပြောရမယ်။ ချီးမွမ်းတာကို ဘယ်သူမှ မငြင်းပယ်နိုင်ဘူး။ မင်း ချိုချိုသာသာ စကားပြောပြီးနောက် မင်းလိုချင်တာကို လိမ္မာပါးနပ်စွာ တောင်းဆိုလို့ရတယ်။”

“ဒုတိယအချက်က သူ့ကို တန်ဖိုးထားကြောင်း ပြသဖို့ အရသာရှိတဲ့ အစားအစာကို ချက်ကျွေးလိုက် ။ အရသာရှိတဲ့ အစားအစာကို စားရတဲ့သူတိုင်းက စိတ်ထဲ ပျော်လာမယ်။ သူပျော်နေတဲ့အခါ ကျိန်းသေ မင်းတောင်းသလောက် ပေးလိမ့်မယ်။”

“နောက်ဆုံးတစ်ခုက ၊ ရုပ်ပိုင်းဆိုင်ရာ အထိအတွေ့တွေက နှလုံးသားတွေကြားက အကွာအဝေးကို ကျုံ့စေနိုင်တယ်။ အဲဒါကို စဉ်းစားကြည့်လိုက်၊ သူငယ်ချင်းကောင်းတွေကြားမှာတောင် တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးလေ၊ သူတို့ရဲ့ ဆက်ဆံရေးက ပိုခိုင်မြဲလေပဲ။”

ရှရှင်းချီသည် စီးပွားရေးဈေးကွက်အားလုံးကို ရှင်းရှင်းလင်းလင်း သဘောပေါက်သော်လည်း လူများကို ပျော်ရွှင်အောင်ပြုလုပ်ခြင်းသည် သူ့အတွက် အမှန်တကယ်ပင် ခက်ခဲသည်။ သူ့မှာ မိဘမရှိ၍ ငယ်စဉ်ကတည်းက တစ်ယောက်တည်းနေခဲ့ရသည်။ အိမ်တွင် ချော့ပြောရန် ဘယ်သူမှ မရှိခဲ့ပေ။

အပြင်မှာ အလုပ်လုပ်တဲ့အခါ သူ့ရုပ်သွင်ပြင်ကို အမြတ်အစွန်းအဖြစ် အသုံးပြုရသည်ကို သူအင်မတန်မုန်းတီးပြီး ဖောက်သည်များအပေါ် မည်သည့်အကြောင်းနှင့်မျှ ဆွဲဆောင်မည် မဟုတ်ပေမယ့် အကြောင်းတစ်ခုခုကြောင့်ပဲဖြစ်ဖြစ် လီချန်ယွမ်ကို ဆွဲဆောင်ရမှာက သူ့ကို စိတ်လိုလက်ရ ခံစားရစေပြီး စိတ်မသက်မသာ မဖြစ်စေခဲ့ပေ။

လင်းမုန့် ပြောပြသည့်အချက်များသည် မှန်ကန်ပြီး ကောင်းစွာအခြေခံထားသည်ကို မြင်လိုက်ရသဖြင့် ရှရှင်းချီ သည် ဤ “ဖြတ်လမ်းကုဒ်များ” ကို ချက်ချင်းယုံကြည်ခဲ့ပြီး ၎င်းတို့ကိုပင် သူ၏လမ်းညွှန်မူဦးစားပေးများအဖြစ် မှတ်ယူခဲ့သည်။

လင်းမုန့်ဟာ တကယ်တော့ Single ဖြစ်ပြီး အချစ်ရေး၌ တစ်ခါမှ အတွေးအကြုံမရှိဖူးကြောင်း သူ မသိခဲ့ပေ။ သူမတွင် အချစ်အတွေ့အကြုံ သို့မဟုတ် နောက်မှ စပွန်ဆာပေးမည့်သူမရှိဘဲ .. မရေမတွက်နိုင်သော ခွေးသွေးဝတ္ထုများဖတ်ခြင်းမှရရှိသော အသိပညာများ စုဆောင်းထားခြင်းမျှသာဖြစ်သည်။

ဖုန်းပြောနေစဉ် သူမသည် <<အနိုင်ယူကြမ်းကြုတ်လွန်းသည့် လူဆိုးကြီးနှင့် စေ့စပ်ထားသောဇနီးလေး>> စာအုပ် ကို အမြန်ကောက်ကိုင်လိုက်ပြီး လှန်ကြည့်နေခဲ့သည်။

“ယုံကြည်စိတ်ချရသော” အဖြေကိုရှာဖွေရန် သူမကြိုးစားနေခဲ့သည်။

Chapter 29 end

နာမကျန်းဗီလိန်ကြီးနှင့်စည်းစိမ်ရှာသူတို့၏ အိမ်ထောင်ရေး

နာမကျန်းဗီလိန်ကြီးနှင့်စည်းစိမ်ရှာသူတို့၏ အိမ်ထောင်ရေး

Status: Ongoing Type: Author: Released: 2022

Name-နာမကျန်းဗီလိန်ကြီးနဲ့စည်းစိမ်ရှာသူတို့၏အိမ်ထောင်ရေး

Description

ရှရှင်းချီဟာ အရမ်းဆင်းရဲခဲ့တယ်။ သူသေသွားပြီး စာအုပ်ထဲကို ပြန်ဝင်စားလိုက်တော့ ချမ်းသာတဲ့မိသားစုက ပြန်ခေါ်ထားတဲ့ သခင်လေးဖြစ်သွားပြီး ချက်ချင်းကြီး ချမ်းသာသွားတာပေါ့။

ဒါပေမဲ့ စာအုပ်ထဲက သ​ေဘာတရားတွေက လွဲနေတော့ သူက အ​မြောက်စာ​ဇာတ်ကောင်သာဖြစ်ပြီး ဇာတ်လမ်းကို ခိုးယူသွားတဲ့ သခင်လေးအတုက ဇာတ်လိုက်ဖြစ်နေတယ်လေ။

မိဘနှစ်ပါးစလုံးရဲ့အချစ်ကို မရတဲ့ ရှရှင်းချီဟာ နာမကျန်းတဲ့ ဗီလိန်သူဌေးကြီး လီချန်ယွမ်နဲ့ အတင်းအိမ်ထောင်ချပေးခံလိုက်ရတယ်။ ဒီအိမ်ထောင်ရေးကနေ ထွက်ပြေးရင် သူသေမှာ။ စေ့စပ်ပွဲမှာ သခင်လေးအတုက ထောင်ချောက်ဆင်ပြီး သူ့ကို ထွက်ပြေးအောင်၊ ပြဿနာရှာအောင် လုပ်ပေမဲ့ သူကတော့ ချက်ချင်းပဲ မျက်လုံးတွေတောက်ပသွားပြီး “လောင်ကုန်း!” ဆိုပြီး အပြေးသွားလိုက်တယ်။

မသေမျိုး အမတလို ပုံစံ၊ ပခုံးကျယ်ကျယ် ခြေတံရှည်ရှည်နဲ့ ပြီးပြည့်စုံတဲ့ ကိုယ်လုံးကိုယ်ပေါက်... စည်းစိမ်ရှာသူလေးကတော့ အဲဒါတွေကို စိတ်မဝင်စားဘူး။ သူ့မျက်လုံးထဲမှာ သူ့ရဲ့စေ့စပ်ထားသူ လီချန်ယွမ်ကြီးက တလက်လက် တောက်ပနေတဲ့ လူပုံစံ ငွေထုတ်စက်ကြီးပဲ!

ရှရှင်းချီက လီချန်ယွမ်ရဲ့ပေါင်ပေါ်ကို ရဲရဲတင်းတင်းထိုင်ပြီး သူ့လက်ကို ချစ်ချစ်ခင်ခင်ကိုင်ထားလိုက်တယ်: “မစ္စတာလီ၊ မြင်မြင်ချင်း အချစ်ဆိုတာ ယုံကြည်လား?”

—သူကတော့ ငွေခေါ်သံကြားတာနဲ့ ယုံကြည်တယ်။

လူတိုင်း အံ့အားသင့်သွားပြီး ရှရှင်းချီဟာ တကယ်ကို အရူးပဲလို့ ထင်ကြတယ်။ ဗီလိန်သူဌေးကြီးက သူ့ကို ချက်ချင်းပဲ ကြမ်းပြင်ပေါ် ပစ်ချမှာပဲလို့ ထင်ကြတယ်။ မထင်မှတ်ပဲ လီချန်ယွမ်က တိတ်တဆိတ် အကြည့်ကိုအောက်ချလိုက်ပြီး ခဏကြာတော့ ပြုံးလိုက်တယ်: “ယုံကြည်တယ်”

လူအများရှေ့မှာပဲ သူက ရှရှင်းချီကို ပွေ့ချီပြီး အိမ်ကို ခေါ်သွားလိုက်တယ်။

ရှရှင်းချီလေး လန့်သွားတယ်: ခဏလေး! ကျွန်တော့်ကို လွှတ်ပေး! ဇာတ်လမ်းက မှားနေပြီဗျ!

ဇာတ်လမ်းလမ်းကြောင်းလွဲဖယ်သွားတော့ စည်းစိမ်ရှာသူလေးဟာ ဖျော်ဖြေရေးလောကထဲမှာ ငွေရှာပြီး ချမ်းသာအောင်လုပ်ရတော့တယ် — လီချန်ယွမ်ကို နောက်ဆုံးအချိန်ထိ ချစ်ခင်ယုယစွာ ပြုစုပေးရင်းပေါ့ —

မူရင်းစာအုပ်ရဲ့ဇာတ်လမ်းအရ ဗီလိန်ကြီးက မကြာခင်သေတော့မှာ။

လီချန်ယွမ်ရဲ့ မျက်နှာက ဖြူဖျော့နေပြီး အားနည်းတဲ့ အသံနဲ့ တိုးတိုးလေးမေးတယ်: “ငါပြောတာအားလုံးကို မင်းသဘောတူမှာလား?”

ရှရှင်းချီက မကြာခင် သူ့လက်ထဲရောက်လာတော့မယ့် 100 ဘီလီယံရှိတဲ့အမွေတွေကို တွေးပြီး ဝမ်းသာအားရ မျက်ရည်တွေနဲ့ ခေါင်းညိတ်လိုက်တယ်: “ပြောပါ၊ ကျွန်တော် သေချာပေါက် ကတိပေးမယ်”

သူအံ့အားသင့်သွားတာက သေတော့မယ့်လူက ချက်ချင်းထလာတယ်လေ: “မင်းစကားကို မင်းမှတ်ထား”

နောက်နေ့ အိပ်ရာကနေ မထနိုင်တဲ့ ရှရှင်းချီ: “ကျွတ်! နာမကျန်းဖြစ်လို့ သေတော့မယ့်လူက ဒီလိုမျိုးလုပ်နိုင်တယ်ပေါ့လေ!”

လီချန်ယွမ်: သူက ငါသေတော့မယ်လို့ အမြဲထင်နေတာ ဘာကြောင့်လဲတော့ မသိဘူး၊အဲ့တော့ ငါ ကျန်းမာတယ်ဆိုတာ သူ့ကို တခြားနည်းနဲ့ ပြရမယ်။

>>>>>>

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset