Little Creampie:
Chapter 40
ဖုန်းတစ်ဖက်ကလူသည် မိမိရဲ့ဆဲဆိုမှုတွေကို ကျင်းလော့၏ဖုန်းကနေ ပြန်ကြားရမယ်လို့ မမျှော်လင့်ခဲ့ပေ။ သူတစ်ခဏတာတုံ့ဆိုင်းသွားပြီး နောက်မှပြန်တုန့်ပြန်သည်။
“မင်းဘယ်သူလဲ? ဒီခွေးကောင်ရဲ့ဖုန်းကို ဘာလို့ ကိုင်ထားတာလဲ?”
ဆဲဆိုမှုတွေကို ကြားရတိုင်း ရှောင်းဝမ်လင်သည် မျက်မှောင်ကျုံ့လိုက်သည်။ အိပ်ရာပေါ်တွင် အိပ်ပျော်နေသည့် အိုမီဂါကိုကြည့်ပြီး အသံကိုလျှော့ကာ အပြင်ထွက်လိုက်သည်။
ရှောင်းဝမ်လင်သည် တိုက်ရိုက်ပြန်ဆဲချင်စိတ်တွေဖြစ် ပေါ်သော်လည်း ကျင်းလော့၏မိသားစုအရေးကို ရှောင်တိမ်းနေပုံနှင့် “မိသားစု” ဆိုသည့်စကားလုံးကို သတိရလိုက်မိ၏။ နဖူးပေါ်က သွေးပြန်ကြောတွေထောင်တက်လာပြီး နံရံကိုတစ်ချက်ထိုးလိုက်သည်။ ဒုန်းခနဲ ဆူညံသံကြီးဖြစ်သွားပြီး ဖုန်းတစ်ဖက်က ဆဲနေသူ၏အသံသည်လည်း တုန်လှုပ်သွားကာ တိုးသွားလေတော့၏။
ရှောင်းဝမ်လင်၏ မျက်လုံးများသည် ရေကြမ်းပြင်လို နက်ရှိုင်းစွာတောက်ပြောင်နေသည်။
“ငါက…” ရှောင်းဝမ်လင်၏ မျက်ဝန်းထဲတွင် အရိပ်တစ်ခု ဖြတ်သန်းသွားပြီး ရုတ်တရက် သူ၏နှုတ်ခမ်းထောင့်များ အေးစက်စွာ ကွေးတက်လာသည်— “ဒီဖုန်းကို ဘေးကနေ ကောက်တွေ့တာပါ။”
ကျင်းလော့သည် သူ့မိသားစုကိစ္စတွေကို ရှောင်းဝမ်လင်အားမသိစေချင်မှန်း သိသည်…
သူ အေးအေးလူလူ တွေးလိုက်သော်လည်း ကျင်းလော့မသိစေဘဲ ဒီလူတွေကို အပြီးတိုင် ဖြေရှင်းနိုင်မည့် နည်းလမ်းများစွာ သူ့လက်ထဲတွင်ရှိသည်ပင်။
ဖုန်းတစ်ဖက်က အယ်လ်ဖာသည် တစ်ခဏလောက် တုံ့ဆိုင်းသွားပြီး “ဒါကြောင့်ပဲ သူက မက်ဆေ့တွေကို ပြန်မဖြေတာကိုး” ဟု ကြိမ်းမောင်းပြောဆိုကာ ဖုန်းကိုချက်ချင်းဖြတ်ချသွား၏။
ဖုန်းထဲမှာ ဆက်သွယ်ဆဲအသံသာ ကျန်ရစ်ခဲ့သည်။
ရှောင်းဝမ်လင်သည် ဖုန်းနံပါတ်အား စိုက်ကြည့်ပြီး အိပ်ခန်းထဲဝင်ကာ ကျင်းလော့၏လက်ကိုကိုင်ယူ၍ ဖုန်းစခရင်ကိုဖွင့်၊ ဖုန်းခေါ်ဆိုမှုမှတ်တမ်းကိုဖျက်ကာ၊ နံပါတ်ကိုမှတ်သားပြီး သူ၏လူများထံပို့ကာ ထိုလူ၏အချက်အလက်များကို စုံစမ်းစေခဲ့သည်။
အရာအားလုံးပြီးဆုံးသွားချိန်တွင် ရှောင်းဝမ်လင်သည် ကျင်းလော့အိပ်ရာရှေ့တွင် ဖုန်းကိုင်လျက် ရပ်နေ၏။ သူ၏လက်ဖဝါးထဲမှ စီးကရက်တစ်လိပ်ထုတ်ယူကာ ပါးစပ်ထဲသို့ သွင်းလိုက်သည်။ နက်ရှိုင်းစွာ ရှူရှိုက်လိုက်သောအခါ စီးကရက်မှ အနီရောင်အလင်းလေး မှိတ်တုတ်မှိတ်တုတ်ဖြစ်လာသည်။ ထွက်ပေါ်လာသော မီးခိုးများသည် သူ၏စူးရှသော မျက်နှာပုံရိပ်ကို ဝါးမြိုသွားစေကာ အနှစ်သာရမရှိသည့် တစ်ကိုယ်တည်းသော ပုံရိပ်ကို ဖန်တီးလိုက်သည်။ အိပ်ခန်းထဲတွင် အလင်းရောင်မရှိ၊ မှန်ပေါက်ကြီးမှ ဖြတ်ဝင်လာသော ဖြူဖွေးသည့်လရောင်မှ အလင်းများသာ ပရိဘောဂများပေါ်တွင် မှေးမှိန်သော အရိပ်များအဖြစ် ကျရောက်နေသည်။
ရှောင်းဝမ်လင်သည် နောက်ခံအလင်းနှင့် ဆန့်ကျင်ဘက်ဖြစ်နေသော နေရာတွင် ရပ်နေကာ အိပ်ရာပေါ်ရှိ လူငယ်လေးကို မျက်ခြေမပြတ် စိုက်ကြည့်နေသည်။
အသွင်လှပသော လူငယ်၏ မျက်ဝန်းထောင့်များမှာ နီရဲနေဆဲဖြစ်ပြီး သူ၏ ရှည်လျားသောမျက်ခွံများသည် ပုံမှန်အားဖြင့် တင်းမာနေသော မျက်နှာအမူအရာကြောင့် အေးစက်ပြီး ပင်ပန်းနွမ်းနယ်နေဟန်ရှိသော်လည်း ယခုအခါတွင်မူ အိပ်ပျော်နေသောကြောင့် နူးညံ့သိမ်မွေ့စွာ ပြေလျော့နေသည်။ သူကိုယ်တိုင် ကိုက်ဖြတ်ထားသော သနားစရာကောင်းသည့် နှုတ်ခမ်းပါးလွှာများမှာ အနည်းငယ်ဟန့်တားနေပြီး အထဲတွင် သွားရာများ ကျန်ရစ်နေကာ ကြည့်ရသူ၏ စိတ်ထဲတွင် သနားကရုဏာဖြစ်စေသည်နှင့်တစ်ပြိုင်နက် အမှောင်ထုအတွင်း သူ့ကို ရက်စက်စွာ နှိပ်စက်ချင်စိတ်ကိုလည်း ပေါက်ဖွားစေသည်။
သူ့အသားအရေသည် အလွန်ဖြူဖွေးနေပြီး အရမ်းကိုဖြူလွန်းလှသည်။ မည်းနက်သောအိပ်ရာခင်းပေါ်တွင် လှဲနေသည့်အခါ လှပသောအရောင်ခြားနားမှုတစ်ခုကို ဖန်တီးနေ၏။ အိုမီဂါများကြားတွင် ပေါ်ထွက်နေသော သူ၏နုနယ်သောမျက်နှာအမူအရာများအောက်တွင် အံ့ဩဖွယ်ကောင်းလောက်သည့် အလှတရားကိုပင် ပြသနေသည်။
မည်သည့် အယ်လ်ဖာမဆို အမြဲတမ်းဤမျှလှပပြီး ချစ်စဖွယ်ကောင်းသော အိုမီဂါတစ်ဦးကို ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာသာခံစားရမည်၊ သူ့ကို အသိုက်ထဲပြန်ခေါ်ကာ ချီးမြှောက်စွာကာကွယ်လိုစိတ်သာ ဖြစ်ပေါ်လာမည်မဟုတ်လော။ အနုပညာလက်ရာတစ်ခုလို လှပနုနယ်တဲ့ ဒီသူကို ဘယ်သူများ နှိပ်စက်ရက်စက်ရဲမှာလဲ။
ကျင်းလော့ အိပ်ရာပေါ်တွင် လှဲနေသည်ကိုကြည့်ရင်း ရှောင်းဝမ်လင် နက်နက်ရှိုင်းရှိုင်း သိလိုက်ရသည် – ကျင်းလော့သည် အယ်လ်ဖာနှင့်နှိုင်းယှဉ်လျှင် အလွန်အားနည်းနေသည်ကို။
သို့သော် ကျင်းလော့ အိုမီဂါဖြစ်ကြောင်း မသိခင်က သူသည် ဤသို့ လုံးဝစဉ်းစားမိခဲ့ခြင်းမရှိ၊ သူ့ကို ပန်းနုလေးတစ်ပွင့်လို သဘောမထားခဲ့ပေ။
အကြောင်းရင်းမှာ ကျင်းလော့သည် ကြံ့ခိုင်သောသူတစ်ဦးဖြစ်နေသောကြောင့် ဖြစ်နိုင်သည်။
သူ့မှာ သာမန် အိုမီဂါတွေမှာမရှိတဲ့ ကြံ့ခိုင်မှု၊ ရက်စက်မှုနဲ့ အေးစက်လှပတဲ့ အလှတရားတွေ ရှိနေသည်။
ရှောင်းဝမ်လင်က သူ့ကိုကြာကြာငေးကြည့်နေခဲ့ပြီး စီးကရက်မီးခိုးတွေကြားက မီးစကလေးက တဝိုက်ဝိုက်လောင်နေ၏။ စီးကရက်မီးက သူ့လက်ချောင်းတွေကို ပူလောင်လာတဲ့အခါမှသာ ကျင်းလော့ကိုငေးကြည့်ရင်း ခဲခဲယဉ်းယဉ်းရပ်တန့်နေခဲ့တဲ့ သူ့မျက်လုံးတွေက ပြန်လည်လှုပ်ရှားလာ၏။
သူက ကျန်ရစ်ခဲ့တဲ့ စီးကရက်ဖင်ကို ဘေးနားက ပြာခွက်ထဲ ဂရုမစိုက်ဘဲ ပစ်ထည့်လိုက်ပြီး အသစ်တစ်လိပ်ကို ထုတ်ယူလိုက်၏။
တိတ်ဆိတ်အေးချမ်းနေသည့် ညအချိန်မှာ ပြာခွက်ထဲကို စီးကရက်တို ခုနစ်ခု ရှစ်ခု ကျဆင်းဝင်ရောက်ခဲ့၏။ ရှောင်းဝမ်လင်ရဲ့ ဖုန်းက တုန်ခါလာပြီး အချက်အလက်အပြည့်အစုံနဲ့ မက်ဆေ့တွေ အလုံးအရင်းနဲ့ ရောက်လာခဲ့သည်။
ရှောင်းဝမ်လင်က လက်ထဲက စီးကရက်ကို ဖြတ်ပစ်လိုက်ပြီး ရေချိုးခန်းထဲဝင်ကာ လက်ကိုဖြည်းဖြည်းချင်း ဆေးကြောသည်။ ထို့နောက် အခန်းထဲက လပ်တော့ကို ထုတ်ယူလိုက်သည်။
သူက စောင်ကို ဖယ်ရှားပြီး ကျင်းလော့နားမှာ ထိုင်လိုက်ကာ လပ်တော့အား ဖွင့်လိုက်၏။ လက်ပ်တော့မှ ထွက်လာသည့် တောက်ပတဲ့ အလင်းရောင်က ရှောင်းဝမ်လင်ရဲ့ မျက်နှာပေါ်ကို ကျရောက်လာသည်။
ရှောင်းဝမ်လင်သည် လက်တစ်ဖက်ဖြင့် နံဘေးကလူ၏ မျက်နှာကို ပွတ်သပ်ရင်း၊ အခြားလက်ဖြင့် ဖိုင်ကို ဖွင့်လိုက်သည်။
ရှောင်းဝမ်လင် ခဏတာ စဉ်းစားနေမိသည်။
အချက်အလက်ရှာဖွေရန် ကူညီပေးသူများသည် အလွန်ထိရောက်သော လုပ်ဆောင်မှုဖြင့် အချက်အလက်များကို အပြည့်အစုံ စုဆောင်းပေးထား၏။
အထက်ပါ အချက်အလက်များတွင် “အစ်ကို”ဟု အမှတ်အသားပြုထားသော ကျင်းလော့၏ ဖုန်းနံပါတ်နှင့် သက်ဆိုင်သည့် အမှန်တကယ် နေထိုင်ရာလိပ်စာ၊ သူ၏ ပညာရေးအတွေ့အကြုံအလုံးစုံ၊ မိသားစု၊ လူမှုဆက်ဆံရေး၊ ပညာရေးဆိုင်ရာ စည်းကမ်းချိုးဖေါက်မှုများ၊ အလုပ်အကိုင်ဆိုင်ရာ အချက်အလက်များနှင့် လူမှုကွန်ရက်ပေါ်ရှိ မကြာသေးမီက စာတိုများ၊ မိန့်ခွန်းများအထိပင်။
စာရွက်စာတမ်းအားလုံးကို ရှင်းလင်းစွာ ခွဲခြမ်းစိတ်ဖြာထားပြီး စုစုပေါင်း GB ခုနစ်ဆယ် ရှစ်ဆယ်ခန့် ပမာဏရှိသော အကြောင်းအရာများသည် “အစ်ကို”၏ လက်ရှိအခြေအနေကို လုံးဝနီးပါး သုံးသပ်ဖော်ပြကာ ရှောင်ဝမ်လင်းအား ထုတ်ဖော်ပြသလိုက်သည်။
ရှောင်းဝမ်လင်၏ လက်ဝါးများသည် ကျင်းလော့၏ ကျောပြင်ကို အချိန်နှင့်အမျှ ပွတ်သပ်လျက်ရှိပြီး သူ၏နွေးထွေးသော လက်ဖဝါးများသည် နှစ်သိမ့်ပေးနေသကဲ့သို့ ခံစားရသည်။
သူ့မျက်လုံးများသည် “မိသားစုဆက်ဆံရေး” အုပ်စုရှိ ဖိုင်တစ်ခုပေါ်သို့ ရွေ့လျားသွားပြီး လက်ချောင်းတစ်ချောင်း ခဏရပ်တန့်ကာ မှတ်တမ်းဖိုင်ကို နှိပ်လိုက်သည်။
စုံစမ်းစစ်ဆေးခံရသူ ကျင်းဟောင်ဖေးသည် အယ်လ်ဖာတစ်ဦးပင်။ သူ၏ အိုမီဂါအမေသည် သူငယ်စဉ်ကတည်းက ကိုယ့်ကိုယ်ကိုသတ်သေသွားခဲ့ပြီး အဖေမှာ အရက်သမားတစ်ဦးဖြစ်သည်။ သူ့တွင် ညီမတစ်ဦး၊ ညီငယ်တစ်ဦးနှင့် အခြားမိခင်၏သားတစ်ဦးရှိသည်။
စုံစမ်းစစ်ဆေးမှုအရ ကျင်းဟောင်ဖေး၏ဖခင်သည် လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်က သူ၏မွေးနေ့ပွဲသို့ တက်ရောက်လာသည့် အဒေါ်ကို အဓမ္မပြုကျင့်ခဲ့သည်။ မျိုးဆက်ပြန့်ပွားရေးဥပဒေကြောင့် အဒေါ်မှာ သူ၏အခြားမိခင်၏သားကို မွေးဖွားခဲ့ရပြီး ကလေးမွေးပြီးနောက် စိတ်ဓာတ်ကျခြင်းကြောင့် အဆောက်အဦးမှခုန်ချကာ သေဆုံးခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ၏ အိုမီဂါအမေလည်း နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။
မှတ်တမ်းတွင် ရိုးရိုးရှင်းရှင်းပါဝင်သော ဝါကျတစ်ကြောင်းသာရှိပြီး ညီငယ်၏အမည်ကို ဖော်ပြထားသည်။
‘ကျင်းလော့’
ရှောင်းဝမ်လင်၏မျက်နှာတွင် ရုတ်တရက် ရေခဲသွားသကဲ့သို့ ဖြစ်သွားပြီး ခဏတာ အသက်ရှူရပ်သွားသည့်အလား တည်ငြိမ်နေခဲ့သည်။ ထို့နောက် သူ၏ အာရုံစိုက်မှုကို ဖြည်းဖြည်းချင်း ရွေ့လျားစေကာ ကျင်းလော့အား စိုက်ကြည့်လိုက်သည်။
ကျင်းလော့၏ ဖြူစင်နုပျိုသော မျက်နှာလေးသည် ခေါင်းအုံးထဲတွင် နစ်မြုပ်နေပြီး မျက်ဝန်းထောင့်များတွင် ငိုပြီးကျန်ရစ်ခဲ့သော အနီရောင်ရိပ်များ ရှိနေဆဲပင်။ သူ၏ မျက်လုံးအဆုံးသတ်ကွေးညွှတ်မှုများသည် သိမ်မွေ့လှပနေပြီး ကြည့်ရသူအား သူ၏စိတ်တွင် ကျေနပ်မှုရှိပြီး အခြားသူများနှင့် အတူမနေလိုသည့် သဘောထားကို မှန်းဆရစေသည်။
သူငယ်စဉ်က အလွန်ခက်ခဲခဲ့မှာပဲ.
ရှောင်းဝမ်လင် ရုတ်တရက် ကျင်းလော့ကို ပထမဆုံးအကြိမ် မြင်ဖူးခဲ့စဉ်က အခြေအနေကို သတိရလိုက်သည်။
ထိုအချိန်မှာ မူလတန်းကျောင်းသား အရွယ်ပင်။
ထိုအချိန်က အယ်လ်ဖာလေးသည် အသားအရေ ဖြူဖွေးသော်လည်း လက်မောင်းနှင့်ခြေထောက်များ တိုနေပြီး လက်ရှိလို စိုပြေတောက်ပနေခြင်းမရှိဘဲ အစာအာဟာရ ချို့တဲ့မှုကြောင့် ပိန်လှီနေသော ကိုယ်ခန္ဓာရှိသည်။ သို့သော် ဤပိန်လှီသော အသွင်အပြင်ကပင် သူ၏ ထူးချွန်ထင်ရှားသည့် မျက်နှာအမူအရာကို ဖုံးကွယ်နိုင်ခဲ့ခြင်းမရှိပေ။
ထိုအချိန်က ငယ်ရွယ်နုနယ်သော ကျင်းလော့၏ မက်မောဖွယ်ကောင်းသည့် မျက်လုံးလေးများတွင် လူများအပေါ် သံသယနှင့်… ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
ရှောင်းဝမ်လင်သည် ထိုအကြောင်းကို ဆက်လက်တွေးတောခြင်း မပြုတော့ပေ။
ကျင်းလော့နှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များစွာ ရှိခဲ့သည် – သူ၏ကိုယ်ပေါ်တွင် အမြဲတမ်းပါလာတတ်သော ခရမ်းရောင်ဒဏ်ရာများ၊ အလွန်အမင်းခေါင်းမာသော ကြည့်ရပ်ဟန်နှင့် အနည်းငယ်ထိမိရုံမျှဖြင့် ပေါက်ကွဲထွက်လာတတ်သော ကာကွယ်လိုစိတ်… ပြီးတော့ သူ၏ငွေကြေးအခက်အခဲများ။
“ကလစ်” ဆိုသည့်အသံနှင့်အတူ မီးခြစ်လေးမှာ အလင်းရောင်တောက်လာခဲ့သည်။ ရှောင်းဝမ်လင်သည် ခေါင်းငုံ့ကာ စီးကရက်ကိုကိုက်ပြီး နက်ရှိုင်းစွာ ရှူရှိုက်လိုက်ကာ ကျင်းလော့အား စိုက်စိုက်မတ်မတ် ကြည့်နေခဲ့သည်။
နောက်ဆုံးတွင် ရှောင်းဝမ်လင်သည် ဤကြီးမားပြီး အသေးစိတ်ကျသော အချက်အလက်အားလုံးကို ပိတ်လိုက်ကာ Recycle Bin ထဲသို့ ဆွဲထည့်ပစ်လိုက်သည်။
သူ နောက်ထပ်မကြည့်တော့ပေ။
သူ ကွန်ပျူတာကို ဘေးဖယ်ထားလိုက်သည်။
ရှောင်းဝမ်လင်သည် မိသားစုအကြောင်းပြောသည့်အခါ ကျင်းလော့ပြသော ကာကွယ်လိုသည့် မျက်နှာအမူအရာကို သတိရမိပြီး သူ၏နှုတ်ခမ်းမှ မီးခိုးများ ပြန့်ထွက်သွားသည်။
သူ၏ မျက်လုံးများ အနည်းငယ်ကျဉ်းသွားပြီး နောက်တွင် ဖြည်းညင်းစွာ ပြန်ကျယ်လာသည်။
ရှောင်းဝမ်လင် တွေးမိသည်။ တစ်နေ့မှာ…
ကျင်းလော့ကို သူ့အား သူ၏အတိတ်အကြောင်းများ ဆွေးနွေးပြောပြလိုစိတ် ဖြစ်ပေါ်အောင် လုပ်မည်။
သို့သော် ထိုအရာမတိုင်မီ…
ရှောင်းဝမ်လင်သည် သူ၏မှောင်မိုက်သော မျက်လုံးများကို ဖော်ပြလိုက်ပြီး စီးကရက်ကို ဖိချေပစ်လိုက်သည်။
သူသည် သူ၏အိုမီဂါကို ပွေ့ဖက်ထားကာ ကျောပြင်ကို တစ်ကြိမ်ပြီးတစ်ကြိမ် ပွတ်သပ်ပေးနေသည်။
ဖုန်းကိုဖွင့်လိုက်ကာ သူ၏မျက်လုံးများတွင် အေးချမ်းသော သဘောထားဖြင့် အနည်းငယ်ပြုံးရင်း ရိုင်းစိုင်းမှုနှင့် သွေးစွန်းသော သဘောထားကို ဖော်ပြလိုက်သည် “အရင်ဆုံး သူ့ခြေထောက်တစ်ဖက်ကို ချိုးလိုက်”
ရှောင်းဝမ်လင်၏ မျက်လုံးထဲတွင် သွေးရောင်တစ်စက် ဖြတ်ခနဲ လင်းလက်သွားခဲ့သည်။
Chapter 40 ended