Chapter 16
World 2 ( Chapter – 3 )
ဆေးခန်းမှ စကားပြောဆိုမှု၊ ရေချိုးခန်းထဲမှ ကင်မရာ၊ ရေချိုးနေစဉ် ဗီလိန်ကြီး၏ စောင့်ကြည့်ခြင်းကို ခံရခြင်းနှင့် ဆရာဝန်၏ အတိတ်
*****
မြို့လယ်ခေါင်ရှိ စိတ်ပိုင်းဆိုင်ရာ အတိုင်ပင်ခံ အေဂျင်စီတစ်ခုသို့ ဧည့်သည်တစ်ယောက် ရောက်ရှိလာသည်။ သူသည် ပထမဆုံးအကြိမ် လာရောက်ခြင်း မဟုတ်မှန်းတော့ သိသာလှ၏။ ဧည့်ကြိုကောင်တာမှ လူနှင့် ရင်းနှီးကျွမ်းဝင်စွာ နှုတ်ဆက်လိုက်ပြီး သူ ကြိုတင်စာရင်းသွင်းထားသော ဆရာဝန်၏ ဆေးခန်းရှေ့သို့ ရောက်လာခဲ့သည်။
အထဲတွင် လူငယ်အမျိုးသားတစ်ယောက် ထိုင်နေ၏။ သူသည် အရောင်ဖျော့ဖျော့ ဆရာဝန်ကုတ်အင်္ကျီကို ဝတ်ဆင်ထားသည်။ အလင်းရောင်ကို ကျောခိုင်းထားသော နောက်ခံတွင် သူ၏ ခန့်ညားလှပသော မျက်နှာလေးသည် နတ်ဘုရားတစ်ပါးကဲ့သို့ နွေးထွေးပြီး ဆွဲဆောင်မှုရှိနေ၏။ သို့သော် သူ၏ မီးခိုးရောင် မျက်ဝန်းများကို သေချာစူးစိုက်ကြည့်မည်ဆိုပါက သူတစ်ကိုယ်လုံးသည် အေးစက်နေကြောင်းကို တွေ့ရှိရပေလိမ့်မည်။
“ဒေါက်တာလန်ဘတ်… ခင်ဗျားကို တွေ့ရတာ ဝမ်းသာပါတယ်။”
အမွေးပွပွ အညိုရောင် ဆံပင်ကောက်ကောက်များရှိသော လူငယ်လေးက ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီး ပြုံးကာ နှုတ်ဆက်လိုက်သည်။
ရှုးကလည်း အလားတူ နှုတ်ဆက်စကား ပြန်ပြောလိုက်သည်။ ထို့နောက် မတ်တတ်ရပ်ကာ အမွှေးတိုင်နှင့်ဖယောင်းတိုင်တို့ကို ထွန်းညှိလိုက်ပြီး လူငယ်လေးအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်၏။
“မတွေ့ရတာ ကြာပြီနော် ဒင်း… မင်း မလာဖြစ်တာ ရက်အတော်ကြာနေပြီပဲ။”
ဒင်းက ခါးသီးစွာ ပြုံးလိုက်သည်။
“ဒေါက်တာ… ကျွန်တော်က စည်းကမ်းမဲ့တဲ့ အတွေးတွေထဲမှာ နစ်မွန်းနေလို့ ခဏလောက် အချိန်မပေးနိုင်ခဲ့တာပါ။”
သူက လေကို ဖြည်းညှင်းစွာ ရှူသွင်းလိုက်၏။
“ဒီက အမွှေးတိုင် အနံ့လေးက တကယ်ကို ကောင်းတာပဲ… ကျွန်တော့်အတွက်
အမြဲတမ်း သက်တောင့်သက်သာ ဖြစ်စေတယ်။”
ရှုးက သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး လက်ဖက်ရည်ခွက်ကို တွန်းပေးလိုက်သည်။
“လက်ဖက်ရည်ကလည်း တော်တော်လေး ကောင်းပါတယ်… ဒါမှမဟုတ် မင်းရဲ့ စိတ်အခြေအနေကို ပိုကောင်းသွားစေဖို့ အချိုတစ်ခုခု စားချင်လား။”
“ဟားဟားဟား… ဒေါက်တာလန်ဘတ်… ကျွန်တော်က သကြားလုံးတစ်လုံး၊ ကိတ်မုန့်တစ်တုံးနဲ့ ချော့လို့ရတဲ့ ကလေးလေးတစ်ယောက် မဟုတ်တော့ပါဘူး။”
ဒင်းက လက်ဖက်ရည်ခွက်ကို ကိုင်ကာ တစ်ငုံ သောက်လိုက်၏။
“ကျေးဇူးတင်ပါတယ်ဗျာ… ကျွန်တော် လက်ဖက်ရည်ပဲ သောက်ပါ့မယ်။”
သကြားလုံးတစ်လုံး စားလိုက်ရုံဖြင့် ပျော်ရွှင်သွားတတ်သည့် အချစ်လေးကို သတိရသွားသောအခါ ရှုးက အလိုအလျောက် အနည်းငယ် ပြုံးလိုက်မိသည်။
“အဲဒါဆိုရင်… မင်း စဉ်းစားထားတဲ့ ရလဒ် ထွက်လာပြီလား။”
ဒင်းက သူ၏ နှုတ်ခမ်းထောင့်မှ အပြုံးကို အံ့သြစွာ ကြည့်လိုက်၏။ အို… ဒေါက်တာလန်ဘတ် ဒီလို နူးနူးညံ့ညံ့ ပြုံးတာကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ သူ၏ လူနာတစ်ယောက်အနေဖြင့် ယဉ်ကျေးမှုအရ ပြုံးပြခြင်းကိုသာ ရရှိခဲ့ဖူးသည်။
“အိုး… ဟုတ်ချင်လည်း ဟုတ်မယ်… မဟုတ်ချင်လည်း မဟုတ်ဘူးပေါ့။”
ဒင်းက ပခုံးတွန့်လိုက်ပြီး မျက်နှာပေါ်တွင် ဂရုမစိုက်သည့် အမူအရာ ပေါ်လာ၏။
“ဒါပေမယ့် ကျွန်တော် ဘာလုပ်ရမလဲဆိုတာကိုတော့ သိနေပါပြီ… ဒါပေမယ့် ဒေါက်တာရဲ့ ကောင်းကျိုးအတွက် ခင်ဗျားကို မပြောပြတာပဲ ကောင်းပါတယ်။”
ရှုးက သူ့ကို စူးစိုက်ကြည့်လိုက်ရာ မျက်ဝန်းများက လက်ခနဲ ဖြစ်သွားသည်။
“ကိစ္စမရှိပါဘူး… ငါ မင်းကို ထောက်ခံတယ်ဆိုတာကို မင်း သိထားရင် ရပါပြီ။”
ဒင်းက ရုတ်တရက် တိတ်ဆိတ်သွားသည်။ သူ၏ လက်နှစ်ဖက်က တစ်စုံတစ်ခုကို အတည်ပြုရန် အလျင်လိုနေသည့်အလား တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။ ၎င်းနောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ဒေါက်တာ… ကျွန်တော့်မှာ အပြစ်ကင်းရဲ့လား… ကျွန်တော် ဘာပဲလုပ်လုပ် ဘုရားသခင်က ကျွန်တော့်ကို ခွင့်လွှတ်ပေးမှာလား။”
ရှုးက ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ် ဒင်း… မင်းရဲ့ ယုံကြည်ချက်ကို ခိုင်မာအောင်ထားပါ။”
“ကျွန်တော် သိပါပြီ။”
ဒင်း၏ မျက်နှာပေါ်တွင် ဝန်ကျသွားသည့် အမူအရာလေး ပေါ်လာ၏။
“ဒါက ကျွန်တော် ဒေါက်တာဆီကို နောက်ဆုံးအကြိမ် လာတာ ဖြစ်နိုင်တယ်။”
ရှုးက လက်ခုပ်တီးလိုက်သည်။
“ငါ့ဆီကို လာတာက ကောင်းတဲ့ကိစ္စမှ မဟုတ်တာ… ဂုဏ်ပြုပါတယ်… မင်း လွတ်မြောက်မယ့် နည်းလမ်းကို ရှာတွေ့သွားပြီပဲ။”
စကားအနည်းငယ် ထပ်ပြောပြီးနောက် ကျေးဇူးတင်စကားဆိုကာ ထွက်ခွာသွားသော လူငယ်လေး၏ ကျောပြင်ကို ကြည့်ရင်း ရှုးက မျက်လွှာချကာ လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။
သူ၏ ဖရိုဖရဲဖြစ်နေသော ကလေးဘဝကို ပြန်လည်သတိရသွား၏။ သူ၏ မိခင်သည် ဖခင်ဖြစ်သူကို သတ်ဖြတ်ပြီးနောက် တစ်ကိုယ်လုံး သွေးများ ပေကျံနေခဲ့သည်။ ဆံပင်များက ဖရိုဖရဲဖြစ်နေပြီး မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများ အထင်းသား ပေါ်လွင်နေ၏။ ၎င်းအချိန်ကလည်း သူ့ကို ယခုကဲ့သို့ပင် တီးတိုးမေးမြန်းခဲ့ဖူးသည်။
“အမေ့မှာ အပြစ်ကင်းရဲ့လား… ဘုရားသခင်က အမေ့ကို ခွင့်လွှတ်ပေးမှာလား…”
“ဟုတ်တယ် အမေ… အမေက သားရဲ့ အသက်ကို ကယ်တင်ခဲ့တာပဲ… ဘုရားသခင်က အမေ့ကို သေချာပေါက် ခွင့်လွှတ်ပေးမှာပါ။”
ထိုကဲ့သို့ သွေးထွက်သံယို မြင်ကွင်းမျိုးကို မြင်တွေ့နေရသည့်တိုင်အောင် အေးချမ်းစွာ ပြုံးနေခဲ့သော ကောင်လေးက ထိုသို့ ပြန်လည်ဖြေကြားခဲ့သည်ကို ရှုး မှတ်မိနေသေး၏။
ကောင်လေးက တည်ငြိမ်စွာဖြင့် မိမိ၏ မိခင်ကို စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးမှုများ ပြုလုပ်ခဲ့သည်။ သူသည် လူတို့၏ စိတ်ကို ထိန်းချုပ်ရာတွင် ဆရာမကူဘဲ တတ်မြောက်ခဲ့၏။ သူ၏ ဘာသာရေး ကိုင်းရှိုင်းသော မိခင်အား ဖခင်ဖြစ်သူ၏ ခန္ဓာကိုယ်ကို မကောင်းဆိုးဝါးများ ဝင်ပူးသွားသောကြောင့် သူ၏ စိတ်နေသဘောထားက ဤမျှလောက် အစွန်းရောက်သွားကာ အခြားလူတစ်ယောက်လို ဖြစ်သွားရခြင်းဖြစ်သည်ဟု ထင်မြင်စေခဲ့သည်။
“အမေ… သား ကြောက်တယ်… အဲဒါ သားရဲ့အဖေ မဟုတ်ဘူးလို့ သား ထင်တယ်။”
“သူ့ကို သတ်လိုက်ရင် အမေ့ရဲ့ ယောကျ်ား ပြန်ရောက်လာလိမ့်မယ်။”
အတိတ်က ရေစီးကြောင်းတစ်ခုလို အရာမထင်ဘဲ ကုန်ဆုံးသွားခဲ့သည်။ ရှုးက ယနေ့ အပြင်ထွက်စဉ်က ဝယ်လာခဲ့သော ချောကလက်များကို ရေတွက်လိုက်ပြီး အားလုံးကို အိတ်ကပ်ထဲသို့ ထည့်လိုက်၏။ အလုပ်ဆင်းချိန်တွင် အရသာရှိသော ကိတ်မုန့် အချို့ကို ထပ်ဝယ်ရန် ပြင်ဆင်လိုက်သည်။
****
ပထမအသုတ် ပစ္စည်းများကို အားလုံး ပို့ဆောင်ပြီးသွားပြီဖြစ်သည်။ ယွီရှုးနင်၏ လက်အောက်တွင် ထိုးနေသည့် လည်စည်းမှာ ရှုးကို ပေးရန် ကတိပြုထားသော အရာဖြစ်၏။
System 520 က အချိန်အတော်ကြာ သတိပေးနေခဲ့သည်။ ဗီလိန်ကြီး နှစ်ယောက် ပေါ်လာသည်ဟုသာ ပြောခဲ့၏။ ရှုးအပြင် နောက်ထပ်တစ်ယောက်မှာ စောစောက အိမ်တိုင်ရာရောက် လာယူသွားသော အမြန်ချောပို့သမား အဒေါ့ဖ် ဖြစ်သည်။ သို့သော် အကြောင်းရင်းကိုတော့ ရှာမတွေ့ခဲ့ပေ။
တာဝန်တစ်ခုကနေ နှစ်ခု ဖြစ်သွားသောကြောင့် ယွီရှုးနင်က စနစ်ကို ထေ့ငေါ့ငေါ့ဖြင့် ပြန်ပြောလိုက်သည်။
[စွမ်းအင်တွေ စုပ်ယူပြီးရင် ပိုပြီး စွမ်းလာမယ်လို့တောင် ပြောသေးတယ်… ငါ့တာဝန်တွေ ပြီးဆုံးသွားတဲ့ အချိန်အထိ စောင့်ပြီးမှ မင်းက ရှာတွေ့တော့မှာလား။]
System 520 မှာ ဘာမှမတတ်နိုင်သဖြင့် Host ၏ ဦးနှောက်ထဲတွင် အစားအသောက် Vlogger တစ်ယောက် ကိတ်မုန့်လုပ်နေသည့် ဗီဒီယိုကို ဖွင့်ပြကာ သူ့ကို ငြိမ်သက်သွားစေရန် ပြုလုပ်လိုက်ရတော့သည်။
‘တီ’ ဟူသော အသံနှင့်အတူ ဖုန်းမြည်လာသဖြင့် ယွီရှုးနင်က ဖုန်းကို ယူလိုက်ပြီး ဖုန်းဖြေသည့် ခလုတ်ကို စမ်းကာ နှိပ်လိုက်၏။
“ဟဲလို?”
ယွီရှုးနင်က ဖုန်းကို ကိုင်လိုက်ချိန်တွင် တစ်ဖက်မှ အမျိုးသား၏ ဆွဲဆောင်မှုရှိပြီး နူးညံ့သည့် အသံကို ကြားလိုက်ရသည်။
“နင်… ကိုယ် ရှုး ပါ။”
ယွီရှုးနင် ─ “အင်း… ရှုး? ဘာကိစ္စရှိလို့လဲ။”
မနေ့ကမှ သူတို့နှစ်ယောက် ဖုန်းနံပါတ်တွေ ဖလှယ်ခဲ့ကြပြီး ယနေ့တွင်တော့ ရှုးက ဖုန်းဆက်လာခဲ့ပြီဖြစ်သည်။
ရှုးက နူးညံ့စွာ ပြောလိုက်သည်။
“နင်… ကိုယ် ကိတ်မုန့် နည်းနည်း ဝယ်လာတာ စားမကုန်လို့လေ… မင်းက ကိုယ့်ကို နည်းနည်းလောက် ကူစားပေးလို့ ရမလား။”
“ရတာပေါ့!!!! ကျွန်တော် ဆိုလိုတာက… ရပါတယ်။”
ယွီရှုးနင်က တံတွေးမြိုချလိုက်သည်။ သူ၏ အသံက အရမ်းကျယ်သွားပြီး အမျိုးသား ကြားသွားမည်ကို စိုးရိမ်နေမိ၏။ ဖုန်း၏ တစ်ဖက်မှ ရှုးကတော့ တိုးတိုးလေး ရယ်မောလိုက်သည်။
“ကောင်းပြီ နင်… ကိုယ် နောက်တစ်နာရီလောက်နေရင် ပြန်ရောက်မယ်… ခဏနေရင် ကိုယ် မင်းဆီ လာခဲ့မယ်နော်။”
ရှုးက စကားအနည်းငယ် ပြောပြီးနောက် ဖုန်းချသွားလေသည်။
System 520 က တိတ်ဆိတ်စွာဖြင့် ကိတ်မုန့်လုပ်သည့် ဗီဒီယိုကို ပိတ်လိုက်သည်။ ယွီရှုးနင်က နှုတ်ခမ်းကို တွန့်လိုက်ပြီး….
[မင်းက တကယ် အသုံးမကျတာပဲ… ငါ့ကို ဗီဒီယိုပဲ ဖွင့်ပြနိုင်တယ်… ငါ ဗီလိန်ကြီးကိုပဲ သွားရှာတာ ပိုကောင်းမယ်။]
လက်ထဲရှိ လည်စည်းမှာ သုံးပုံလေးပုံခန့် ပြီးစီးသွားပြီဖြစ်သည်။ ယွီရှုးနင်က မတ်တတ်ရပ်ကာ အကြောဆန့်လိုက်ပြီး ရေချိုးခန်းထဲသို့ ဝင်ကာ ရေချိုးရန် ပြင်ဆင်လိုက်၏။
ရေချိုးခန်း ကြမ်းပြင်တွင် ချော်မလဲစေရန် အခင်းများ ခင်းထားသည်။ ယွီရှုးနင်က အထဲသို့ ဝင်သွားပြီး အဝတ်အစားများကို တစ်ထည်ချင်းစီ ချွတ်ကာ ရေပန်းအောက်တွင် ရေနွေးဖြင့် ရေချိုးနေလိုက်၏။
ရေစီးကြောင်းများက သူ၏ နက်မှောင်သော ဆံပင်များကို စိုရွှဲသွားစေပြီး ပါးပြင်တစ်လျှောက် လိမ့်ဆင်းသွားသည်။ ထို့နောက် အလှလေး၏ သေးသွယ်ဖြူဖွေးသော ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားကာ ကြမ်းပြင်ပေါ်သို့ ကျရောက်သွား၏။ ညှပ်ရိုးနှင့် ခါးအချိုင့်လေးများတွင် ရေဝဲလေးများ ဖြစ်ပေါ်နေသည်။ ပန်းရောင်သန်းနေသော ထိပ်ဖျားလေးများမှာ ရေစီးကြောင်းကြောင့် အနည်းငယ် မတ်ထောင်နေပြီး လှပစွာ ပွင့်အာနေ၏။
ယွီရှုးနင်က ရေချိုးဆပ်ပြာရည်ကို အနည်းငယ် ညှစ်ယူကာ ခန္ဓာကိုယ်ပေါ်တွင် ပွတ်တိုက်ဆေးကြောလိုက်သည်။ ဖြူဖွေးသွယ်လျသော လက်ချောင်းလေးများက ပခုံး၊ လည်ပင်း၊ ရင်ဘတ်နှင့် ဝမ်းဗိုက်အောက်ပိုင်းတစ်လျှောက် ပွတ်သပ်သွား၏။ လက်ချောင်းထိပ်လေးများက ပေါင်ကြားရှိ လျှို့ဝှက်နေရာလေးသို့ ဝင်ရောက်လုနီးပါး ဖြစ်သွားချိန်တွင် သူက ရပ်တန့်လိုက်သည်။
[စနစ်?]
တုံ့ပြန်မှု မရှိချေ။ Host တစ်ယောက်အနေဖြင့် ရေချိုးခြင်း၊ လိင်ဆက်ဆံခြင်းစသည့် ကိုယ်ရေးကိုယ်တာ ကိစ္စများ ပြုလုပ်နေချိန် သို့မဟုတ် သင့်လျော်သော တောင်းဆိုမှုများ ပြုလုပ်ချိန်တွင် စနစ်အနေဖြင့် ရှောင်ဖယ်ပေးရမည် ဖြစ်သည်။
ဆပ်ပြာမြှုပ်များ ပေကျံနေသော လက်က နောက်ဆုံးတွင်တော့ ပေါင်ကြားသို့ ဝင်ရောက်သွားခဲ့သည်။ ယွီရှုးနင်က အနည်းငယ် စိတ်မပါတပါဖြင့် လိင်တံလေးနှင့် အပေါက်ငယ်လေး နှစ်ခုကို သန့်စင်လိုက်၏။ လက်ချောင်းထိပ်များက မတော်တဆ အင်္ဂါဝလေးထဲသို့ အနည်းငယ် ဝင်ရောက်သွားသဖြင့် သူက တိုးတိုးလေး ညည်းတွားလိုက်သည်။ ၎င်းနောက် လက်ကို ပြန်ထုတ်ကာ ရေပန်းအောက်တွင် ဆပ်ပြာမြှုပ်များကို စင်ကြယ်အောင် ဆေးကြောလိုက်၏။
ရေချိုးပြီးနောက် ယွီရှုးနင်က ချော်မလဲစေရန် ခင်းထားသော အခင်းပေါ်တွင် ရပ်ကာ စင်ပေါ်ရှိ ရေချိုးဝတ်စုံကို စမ်းယူလိုက်ပြီး ဝတ်ဆင်လိုက်သည်။ သူ၏ မျက်ခုံးများကတော့ အမြဲတမ်း အနည်းငယ်တော့ တွန့်ချိုးနေ၏။
ယခင်ကမ္ဘာက SS အဆင့် စိတ်စွမ်းအား၏ အကျိုးကျေးဇူးကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေမည်။ ဤကမ္ဘာတွင် သူ မျက်စိမမြင်ရသော်လည်း အာရုံခံစားမှုက အလွန် ထက်မြက်လှသည်။ ရေချိုးနေစဉ်အတွင်း တစ်စုံတစ်ယောက်၏ မျက်လုံးများက သူ့ကို စူးစိုက်ကြည့်နေသည်ဟု သူ အမြဲတမ်း ခံစားနေရ၏။
အပြင်သို့ ထွက်လာပြီးနောက် မြင်ကွင်းပိတ်ဆို့မှု ပြီးဆုံးသွားသဖြင့် ယွီရှုးနင်က စနစ်ကို ချက်ချင်း မေးလိုက်သည်။
[520… ဒီအိမ်ထဲမှာ ဘာတွေများ ပုံမှန်မဟုတ်တာ ရှိနေလဲဆိုတာ မင်း တွေ့မိသေးလား။]
System 520 ─ [Host ခဏလေး စောင့်ပါဦး… ငါ စကင်န်ဖတ်ကြည့်လိုက်ပါဦးမယ်။]
ယွီရှုးနင်က ကုတင်ဘေးတွင် ထိုင်လိုက်ပြီး မိမိကိုယ်ကို စောင်ဖြင့် လုံအောင်ပတ်ထားလိုက်မှသာ အနည်းငယ် လုံခြုံသွားသည်ဟု ခံစားလိုက်ရသည်။ သို့သော် စောင့်ကြည့်ခံနေရသည့် ခံစားချက်ကတော့ ပျောက်ကွယ်မသွားခဲ့ပေ။
စက္ကန့်အနည်းငယ်ကြာပြီးနောက် System 520 က ရုတ်တရက် ပြောလိုက်၏။
[Host… မလန့်သွားနဲ့နော်… အခုပုံစံနဲ့ အမူအရာကိုပဲ ဆက်ထိန်းထားပါ… အိမ်ထဲမှာ လုံခြုံရေး ကင်မရာတွေ ရှိနေတယ်။]
ယွီရှုးနင် ─ [!!!]
တကယ်ကြီး စိတ်ထင်နေတာ မဟုတ်ဘူးပဲ။ ဒါဆို စောစောက သူ… တကယ်ပဲ သောက်ရူးတစ်ယောက်ရဲ့ မျက်စိအောက်မှာ အဝတ်အစားတွေ ချွတ်ပြီး ရေချိုးလိုက်မိတာပေါ့လေ.။
ကြိုတင်သတိပေးချက် ရရှိထားသဖြင့် ယွီရှုးနင်၏ မျက်နှာက အနည်းငယ် တောင့်တင်းသွားသော်လည်း ခန္ဓာကိုယ်ကိုတော့ စောင်အောက်တွင် အမြဲတမ်း ဝှက်ထားခဲ့သည်။ မျက်နှာအမူအရာကလည်း ပြောင်းလဲမသွားခဲ့သဖြင့် ကင်မရာတစ်ဖက်မှ လူက သူ စောင့်ကြည့်ခံနေရကြောင်းကို ယွီရှုးနင် သိသွားပြီဆိုတာကို ရိပ်မိတော့မည် မဟုတ်ပေ။
ယွီရှုးနင်က အနည်းငယ် ထိတ်လန့်စွာဖြင့် မေးလိုက်သည်။ [520… အဲဒါ ဘယ်သူလဲဆိုတာ မင်း ရှာလို့ရလား။]
System 520 က တိတ်ဆိတ်သွားသဖြင့် ယွီရှုးနင်၏ စိတ်ထဲတွင် အနည်းငယ် ခန့်မှန်းမိသွား၏။
[ဗီလိန်ကြီးလား။]
ယွီရှုးနင်က စဉ်းစားကြည့်လိုက်သည်။ ရှုးနှင့် အဒေါ့ဖ် နှစ်ယောက်စလုံး အထဲသို့ ဝင်လာခဲ့ဖူးသည်။ သို့သော် အဒေါ့ဖ်က ပြန်ခါနီးတွင် သူ့ကို အိမ်သာ အသုံးပြုခွင့် တောင်းခဲ့၏။ ထိုအချိန်က သူသည် ဧည့်ခန်းထဲမှ ခဏထွက်သွားခဲ့သဖြင့် အဒေါ့ဖ် ဖြစ်ဖို့ သေချာသလောက် ရှိနေသည်။
System 520 ၏ နောက်ဆက်တွဲ စကားများက သူ၏ ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်၏။
[အဒေါ့ဖ်ပဲ… သူက အိမ်ထဲမှာ ကင်မရာ လေးလုံး တပ်သွားတယ်။]
ယွီရှုးနင်က ခဏမျှ အောင့်ထားပြီးနောက် ပြောလိုက်သည်။ [သူက တော်တော်ရူးတဲ့ သောက်ရူးပဲ။]
ဘာဖြစ်လို့ ကင်မရာတွေ တပ်ရတာလဲ။ သူ၏ နေ့စဉ်ဘဝမှာ ဘာတွေများ ကြည့်စရာရှိနေလို့လဲ။ ဗီလိန်ကြီးများ၏ စိတ်နေစိတ်ထားကိုတော့ တကယ်ကို နားလည်ရခက်လှသည်။
System 520 က သူ့ကို နှစ်သိမ့်ပေးသည့်အလား ပြောလိုက်၏။
[ဒါပေမယ့် ငါတို့ဘက်ကလည်း အကျိုးအမြတ် ရလိုက်ပါတယ်… အခု ဒုတိယဗီလိန်ကြီးရဲ့ အချက်အလက်တွေကို ရှာတွေ့သွားပြီ။]
အစပိုင်းတွင် စနစ်က ရှုးလန်ဘတ်၏ အချက်အလက်များကိုသာ ပေးခဲ့သည်။ ကံကြမ္မာ၏ သားတော်တစ်ယောက်အနေဖြင့် ရှုးသည် မူလက သာယာလှပသော မိသားစုတစ်ခုကို ပိုင်ဆိုင်ခဲ့၏။ သူသည် အသက်အငယ်ဆုံး စိတ်ပညာ ပါရဂူတစ်ဦးဖြစ်ပြီး ရာဇဝတ်မှုဆိုင်ရာ စိတ်ပညာကို ကျွမ်းကျင်သည်။ ဒေသခံ ရဲတပ်ဖွဲ့ အထူးစစ်ဆင်ရေးအဖွဲ့၏ အတိုင်ပင်ခံ ကျွမ်းကျင်ပညာရှင်တစ်ဦးလည်း ဖြစ်၏။ သူ၏ ဦးဆောင်မှုအောက်တွင် မြို့၏ ရာဇဝတ်မှုနှုန်းမှာ အနိမ့်ဆုံး စံချိန်သစ်သို့ ရောက်ရှိခဲ့သည်။
သို့သော် ကမ္ဘာငယ်လေး ပျက်စီးသွားပြီးနောက် ရှုး၏ ဖခင်က လောင်းကစားကို စွဲလမ်းသွားခဲ့သည်။ အိမ်ရှိ ငွေကြေးများကို အားလုံး ကုန်စင်အောင် ရှုံးသွားသည့်အပြင် အကြွေးများစွာလည်း တင်သွားခဲ့၏။ နေ့စဉ်ဘဝတွင် အနည်းငယ် စိတ်အလိုမကျသည်နှင့် သားအမိနှစ်ယောက်ကို အိမ်တွင်းအကြမ်းဖက်မှုများ ပြုလုပ်လေ့ရှိသည်။
ရှုး၏ မိခင်မှာ ခင်ပွန်းဖြစ်သူ၏ ရက်စက်ကြမ်းကြုတ်မှုများကို သည်းမခံနိုင်တော့ဘဲ ဟင်းနွှာဓားဖြင့် သူ့ကို ခုတ်သတ်လိုက်တော့၏။ ဖခင်သေဆုံးပြီး မိခင် ထောင်ကျသွားသဖြင့် ရှုးမှာ မိဘမဲ့ဂေဟာသို့ ရောက်ရှိသွားခဲ့သည်။ နောက်ပိုင်းတွင်တော့ လန်ဘတ် မိသားစု၏ မွေးစားခြင်းကို ခံခဲ့ရ၏။
သူသည် စိတ်ပညာလောကတွင် ပါရမီရှင် ဆရာဝန်တစ်ဦး ဖြစ်နေဆဲပင်။ သို့သော် သူ၏ ဖွံ့ဖြိုးတိုးတက်မှု ဦးတည်ချက်ကတော့ လုံးဝ ဆန့်ကျင်ဘက်သို့ ရောက်ရှိသွားခဲ့သည်။ ရှုးသည် အင်တာနက်၊ ဆေးခန်း၊ ကျောင်း စသည့် နေရာအနှံ့အပြားတွင် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများကို ခံစားနေရသော သားကောင်များ၏ မိသားစုဝင် များစွာနှင့် ရင်းနှီးခဲ့၏။ သူသည် သူတို့၏ စိတ်ဝိညာဉ်ကို လမ်းညွှန်ရန်အတွက် ဦးစွာ ယုံကြည်မှုကို အသုံးပြုခဲ့သည်။ ၎င်းနောက် သွေးကြွေးကို သွေးဖြင့် ပြန်ဆပ်ရန်၊ သူတို့၏ ဆွေမျိုး၊ သူငယ်ချင်း၊ ချစ်သူများအတွက် လက်စားချေရန်နှင့် အပြစ်ရှိသူများကို ဘုရားသခင်၏ တရားစီရင်မှုခံယူရန် ကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်ပေးရန် သွယ်ဝိုက်သောနည်းလမ်းများဖြင့် အကြံပေးခဲ့၏။
ရှုး၏ လွှမ်းမိုးမှုကို ခံခဲ့ရသော ပထမဆုံး သားကောင်၏ မိသားစုဝင်မှာ တက္ကသိုလ်ကျောင်းသူလေး တစ်ယောက်ဖြစ်ကြောင်း ယွီရှုးနင် မှတ်မိနေသေးသည်။
ထိုကောင်မလေး၏ ဖခင်မှာ သူဌေးသားတစ်ယောက် ဆေးသုံးပြီး ကားမောင်းလာသောကြောင့် တိုက်ခံရပြီး သေဆုံးသွားခဲ့ရသည်။ သို့သော် ထိုသူဌေးသားက အသိုင်းအဝိုင်း အဆက်အသွယ်ရှိသောကြောင့် သူ့ကိုယ်သူ ကာကွယ်နိုင်ခဲ့ပြီး သူ၏ ကိုယ်စား ထောင်ကျခံရန် အစားထိုးလူတစ်ယောက်ကို ငွေပေးပြီး ငှားရမ်းခဲ့၏။
ထောင်ကျနေသူမှာ တကယ့်လူသတ်သမား မဟုတ်မှန်း သူမ သိနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမဖခင်ကို တိုက်သွားသည်မှာ ဇိမ်ခံကားတစ်စီးဖြစ်ကြောင်း မျက်မြင်သက်သေတစ်ယောက်က သူမကို ပြောပြခဲ့သောကြောင့် ဖြစ်၏။ အစားထိုးရန် ခေါ်လာသူမှာ ဇိမ်ခံကားကို ဝယ်နိုင်စွမ်းမရှိမှန်း သိသာလှသည်။ သူမသည် တကယ့်လူသတ်သမားကို ရှာဖွေရန် အချိန်အတော်ကြာ အသုံးပြုခဲ့ရသော်လည်း သေချာသော သက်သေအထောက်အထား မရှိသဖြင့် ထိုသူဌေးသားကို တရားစွဲနိုင်ခြင်း မရှိခဲ့ချေ။ ထို့ကြောင့် နေ့စဉ် ဒေါသနှင့်အတူ ဝမ်းနည်းပူဆွေးမှုများကြားတွင်သာ ရှင်သန်နေခဲ့ရသည်။
တစ်နေ့တွင် ကောင်မလေးသည် ကျောင်း၌ ဒေါက်တာလန်ဘတ်နှင့် ဆုံတွေ့ခဲ့ပြီး သူတို့နှစ်ယောက် ရင်းနှီးသွားခဲ့သည်။
“ဒေါက်တာ… ဒီလောကကြီးမှာ ဘုရားသခင်ဆိုတာ တကယ်ရောရှိလားဟင်… ဘာဖြစ်လို့ ကြင်နာတတ်တဲ့သူတွေက အမြဲတမ်း ဒုက္ခရောက်နေပြီး အပြစ်ရှိတဲ့သူတွေကတော့ ကောင်းကောင်းမွန်မွန် နေနိုင်ရတာလဲ။”
ရှုးက သူမကို ပြောခဲ့သည်။
“ဒါက ဘုရားသခင်ရဲ့ စမ်းသပ်မှုပဲ… လူ့လောကကြီးထဲက အပြစ်တွေက ရေတွက်လို့တောင် မရနိုင်ဘူး… ကိုယ်တော်တိုင်လည်း ကူညီဖို့ တမန်တော်တွေ လိုအပ်တယ်… မဟုတ်ရင် ဒဏ္ဍာရီတွေထဲမှာ ဘာဖြစ်လို့ ကောင်းကင်တမန်တွေ ရှိနေရတာလဲ။”
“ကျွန်မ သိပါပြီ… ဘုရားသခင်ရဲ့ စမ်းသပ်မှုကို ကျွန်မ အောင်မြင်အောင် လုပ်ပါ့မယ်။”
ကောင်မလေးက ပြုံးလိုက်သည်။ သူမသည် ထိုသူဌေးသား မကြာခဏ သွားလေ့ရှိသော ညကလပ်တစ်ခုတွင် စားပွဲထိုးအဖြစ် အလုပ်ဝင်ခဲ့၏။ သူ ဆေးသုံးပြီး မူးယစ်နေချိန်တွင် သူ့ကို သီးသန့်အခန်းထဲ၌ လည်ပင်းညှစ်သတ်လိုက်တော့သည်။
[ရှုးကတောင် တော်တော်လေး ဗီလိန်ဆန်နေပြီ… ဟို အဒေါ့ဖ် ကရော ဘယ်လိုလဲ… ပိုပြီးတော့တောင် ကြမ်းနေဦးမလားမသိဘူး။]
ယွီရှုးနင်က ညည်းတွားစွာဖြင့် မေးလိုက်သည်။
System 520 ─ [ငါ အချက်အလက်တွေ စုစည်းပြီးရင် မင့်ဆီကို ပို့ပေးမယ်… အရင်ဆုံး မင်းကို ပြောပြချင်တာက သူတို့နှစ်ယောက်က ညီအစ်ကိုတွေ… ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်က မသိကြဘူး။]
ယွီရှုးနင်က သက်ပြင်းချလိုက်၏။ [တစ်မိသားစုလုံးက သောက်ရူး မျိုးရိုးဗီဇတွေပဲ။]
တံခါးဘဲလ် မြည်လာသဖြင့် ယွီရှုးနင်က မတ်တတ်ရပ်ကာ မျက်မမြင်တုတ်ကို ခေါက်ရင်း တံခါးဝသို့ သွားလိုက်သည်။ တံခါးအပြင်ဘက်မှ ရှုး၏ အသံကို ကြားလိုက်ရသဖြင့် သူက တံခါးကို ဖွင့်ပေးလိုက်၏။
“ရှုး… ကိုယ့်အိမ်က နည်းနည်းလေး ရှုပ်နေလို့… မင်းအိမ်ကို သွားထိုင်ကြမလား။”
ရှုးက အလှလေး၏ ခန္ဓာကိုယ်ပေါ်တွင် တစ်ရက်ကြာပြီးနောက် အနည်းငယ် အရောင်ဖျော့သွားသော အနီရောင်အရာလေးများကို ကြည့်ကာ ပြုံးလိုက်သည်။
“ကောင်းပြီလေ။”
အိမ်ထဲတွင် ကင်မရာ လေးလုံးရှိနေသဖြင့် ယွီရှုးနင်က ဆက်မနေချင်တော့ပေ။ အဒေါ့ဖ်၏ အခြေအနေ အတိအကျကို မသိရသေးသောကြောင့် ဖြစ်သည်။ ရှုးကလည်း သောက်ရူးဆန်ဆန် ပြုမူတတ်သော်လည်း အနည်းဆုံးတော့ သူကိုယ်တိုင် ကိုယ်ထိလက်ရောက် ကျူးလွန်မည် မဟုတ်ချေ။ သူ၏ နည်းလမ်းများမှာ စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးခြင်း၊ ညှို့ယူခြင်းနှင့် စကားလုံးများဖြင့် ထိန်းချုပ်ခြင်း စသည်တို့သာ ဖြစ်သည်။ ထို့ကြောင့် စနစ်ကို သတိပေးခိုင်းထား၍ ရပေသည်။
သို့သော် မနေ့ညက ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကိုသာ ယွီရှုးနင် သိရှိသွားမည်ဆိုပါက သူ ဤကဲ့သို့ တွေးတော့မည် မဟုတ်ချေ။ စည်းကမ်းများကြောင့် သတိပေးခွင့်မရှိသော System 520 မှာမူ မိမိ၏ သိုးပေါက်လေးကဲ့သို့သော Host သည် သားရဲကြီး ဗီလိန်၏ နယ်မြေထဲသို့ ဝင်ရောက်သွားသည်ကို မျက်စိရှေ့တွင်ပင် ကြည့်နေလိုက်ရတော့သည်။
ရှုးက သူ့ကို ခေါ်ဆောင်သွားပြီး ထိုင်ခိုင်းလိုက်သည်။ ထို့နောက် စတော်ဘယ်ရီ ကိတ်မုန့်နှင့် ချောကလက်ကို ကမ်းပေးလိုက်၏။ ယွီရှုးနင်က ခက်ရင်းကို ကိုင်ကာ တစ်လုပ် စားလိုက်သည်။
“အရမ်း စားလို့ကောင်းတာပဲ… ဒီနေ့ နေ့လယ်က ကျွန်တော် ကိတ်မုန့် အရမ်းစားချင်နေတာ… ကျေးဇူးပဲနော် ရှုး… ဒါ ဘယ်လောက်ပေးရလဲ။”
“ပိုက်ဆံပေးစရာ မလိုပါဘူး… ကိုယ် ပိုဝယ်လာတာမို့လို့။”
ရှုးက အလှလေး၏ နီထွေးနေသော နှုတ်ခမ်းထောင့်တွင် ပေနေသည့် မုန့်နှစ်အနည်းငယ်ကို ကြည့်လိုက်ရာ မီးခိုးရောင် မျက်ဝန်းများက နက်ရှိုင်းသွား၏။ သူက လက်ချောင်းထိပ်လေးများဖြင့် နူးညံ့သော နှုတ်ခမ်းလေးကို ပွတ်သပ်ကာ မုန့်နှစ်များကို သုတ်ယူလိုက်ပြီး ပါးစပ်နားသို့ တိုးကာ လျက်စားလိုက်သည်။
ယွီရှုးနင်က ခဏမျှ ရပ်တန့်သွားပြီး နှုတ်ခမ်းကို လျက်လိုက်ကာ ခြောက်ကပ်ကပ် ပြောလိုက်၏။
“မုန့်နှစ် ပေနေလို့လား… ကျွန်တော့်ဘာသာကျွန်တော် သုတ်လိုက်ပါ့မယ်။”
ရှုးက စကားမပြန်တော့ဘဲ ချောကလက်ကို အခွံခွာကာ သူ၏ ပါးစပ်နားသို့ တိုးပေးလိုက်သည်။
“ဒါက လုပ်ဖော်ကိုင်ဖက်က ပေးလိုက်တာ… ကိုယ်က အချို သိပ်မစားလို့ မင်းကို ကျွေးတာပါ။”
“အာ… ကျေးဇူးပဲ။”
ချောကလက်က နှုတ်ခမ်းနားကို ရောက်နေပြီဖြစ်သဖြင့် ယွီရှုးနင်က ပါးစပ်ဟကာ ကိုက်စားလိုက်ရတော့သည်။ သူက ရှုး၏ လက်ကို ရှောင်ဖယ်ချင်သော်လည်း မျက်စိမမြင်ရသဖြင့် အမျိုးသား၏ လက်ချောင်းထိပ်ကို လျက်မိသွားခဲ့၏။
“ဆောရီး… ကျွန်တော် မတော်တဆ…”
“ကိစ္စမရှိပါဘူး။”
ရှုးက လက်ကို ပြန်ရုပ်လိုက်သည်။ သူက တမင်တကာပင် လက်ချောင်းကို အလှလေး၏ နှုတ်ခမ်းကြားသို့ ထိုးသွင်းခဲ့သည်ကို အနည်းငယ်မျှပင် ရိပ်မိစရာ အကြောင်းမရှိပေ။
ကိတ်မုန့် စားပြီးနောက် ယွီရှုးနင်က ခဏမျှ အချိန်ဆွဲနေလိုက်သည်။ ထို့နောက် ရှုးနှင့်အတူ နူးညံ့သော ဆိုဖာပေါ်တွင် မှီကာ ရေဒီယို ဇာတ်လမ်းများကို နားထောင်နေလိုက်၏။
“နင်… ကိုယ့်အိမ်က ဘယ်လိုလဲ… မင်း သဘောကျလား။”
ရှုးက ရုတ်တရက် အသံထွက်လာသည်။
“မင်း ဒီနေ့ ကိုယ့်အိမ်မှာ နေတာ တော်တော် ကြာနေပြီနော်။”
“အာ… ဆောရီး… ကျွန်တော် အချိန်ကို သတိမထားမိလိုက်ဘူး။”
ယွီရှုးနင်က ဗီလိန်ကြီးက သူ့ကို အနှောင့်အယှက် ဖြစ်နေပြီဟု ထင်မှတ်သွားသည်။ ထို့ကြောင့် ကမန်းကတန်း မတ်တတ်ရပ်ကာ ထွက်သွားရန် ပြင်လိုက်၏။ ဟူး… အိမ်က ကင်မရာတွေကို သွားရင်ဆိုင်ရတော့မှာပဲ။
ရှုးက သူ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ အားပါပါဖြင့် ဆွဲယူလိုက်သည်။ ယွီရှုးနင်က နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး ဆိုဖာပေါ်သို့ လဲကျသွားရ၏။ သူ၏ ကျောပြင်က အမျိုးသား၏ ကျယ်ပြန့်ပြီး နွေးထွေးလှသော ရင်ခွင်ထဲသို့ ဝင်တိုက်မိသွားသည်။
“မဟုတ်ဘူး… ကိုယ်ဆိုလိုတာက… ကိုယ့်ကုတင်က အရမ်းကြီးတယ်… မင်း ဒီမှာပဲ ညအိပ်သွားမလားလို့ပါ.။”
ရှုး၏ နက်ရှိုင်းပြီး ချောမွေ့သော အသံက နားနားတွင် ထွက်ပေါ်လာရာ သတ်ဖြတ်နိုင်စွမ်း အလွန် ပြင်းထန်လှသည်။ ယွီရှုးနင်၏ တစ်ကိုယ်လုံး ကြက်သီးများပင် ထသွားတော့၏။
Chapter 16 ended
World 2 Chapter 3 ended