Little Creampie:
Chapter 18
ရှရှင်းချီ က အံ့သြသွားပြီး လူတွေကို အနိုင်ကျင့်ဖို့ လစာများပေးထားတာ ရှိလားဟူ၍ တွေးမိသွားသည်။ ဒီလိုလူမျိုးကို အမြတ်မထုတ်နိုင်ရင် အဓိပ္ပါယ်မဲ့သွားလိမ့်မယ်။
သူက လိမ္မော်ရောင် သကြားလုံးတစ်လုံးကိုဖောက်ပြီး ပါးစပ်ထဲပစ်ထည့်လိုက်သည်။
“သန့်ရှင်းရေး အမျိုးသမီးရဲ့ အမှိုက်အိတ်ကို လုဖို့ အရမ်းစိတ်အားထက်သန်နေတာလားဟ ။ မင်းနဲ့ ဘယ်သူကမှ ပြိုင်လုမှာ မဟုတ်ပါဘူး။”
အားလုံးက စကားမပြောဘဲ ငြိမ်သက်နေတာကြောင့် မြင်ကွင်းဟာ ခဏတာ ဆိတ်ငြိမ်သွားပြီး တရားမျှတမှုရပြီးနောက် နာကြည်းမှုတွေကို စွန့်လွှတ်ခြင်းကနေ ထွက်ပေါ်လာသည့် နှစ်သိမ့်မှုများ တစ်စတစ်စ ထွက်ပေါ်လာသည်။
လူစုထဲမှ တစ်ယောက်ယောက်က
“ဟန်နဉ်ယွီ က ဘာလို့ သူ့ကိုယ်သူကို ဒီထဲပစ်ဝင်လာနိုင်လဲဆိုတာ မင်းသိလား? သူ့စပွန်ဆာက ဒီတံဆိပ်အတွက် အများဆုံးရင်းနှီးမြှပ်နှံထားပြီး ဒီနေ့ နောက်ဆုံးမှာ ရှိနေမယ်ပြောခဲ့တာတဲ့”
တခြားလူက ထပ်မံပြောလာသည်။
“အမ်? အဲဒါနဲ့ပဲ ငါတို့လို အပြစ်မဲ့သူတွေပါ ဒုက္ခရောက်တော့မှာလား။ ငါတို့ ဘာမှ မလုပ်ဘူးလေ ငါတို့ပါ ရောပါတော့မှာလား? ငါ့သူငယ်ချင်းတစ်ယောက်ဆီက ကြားထားတာရှိတယ်သိလား အဲ့ဒီဟန်နဉ်ယွီကလေ…”
ဒေါသကိုမြိုသိပ်လျက် ပျက်စီးမှုတွေအကြောင်း ကိုယ်ချင်းစာနာစရာ စစ်မှန်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို မျှဝေပြီးတဲ့နောက်မှာတော့ ကြောက်ရွံ့ထိတ်လန့်နေသည့် အနုပညာရှင်လေးတွေက နှုတ်ဆိတ်သွားတော့သည်။
အားလုံးက ရှရှင်းချီ ကို လှည့်ကြည့်လာပြီး သူတို့၏အမူအရာများ ပြောင်းလဲသွားသည်။
လူတစ်ယောက်က ရှရှင်းချီ ဘက်ကိုလှည့်ပြီး ဖြောင်းဖျသောလေသံနှင့်ပြောလာသည်။
“ညီအစ်ကို၊ ငါတို့လိုလူလေးတွေက သူ့ကိုဘယ်လိုတွန်းလှန်နိုင်မှာလဲ။ မင်းဘာလို့ မြန်မြန်သွားမတောင်းပန်တာလဲ။”
“သူက ကျောထောက်နောက်ခံနဲ့မို့ ခဏနေ မင်းကို ထုတ်ဖို့ ကြိုးစားလိမ့်မယ်”
ဤအဖြစ်အပျက်ကို တစ်စတစ်စ ပေးပို့လာသောအခါတွင် လူတိုင်းသည် စကားစမြည်ပြောဆိုနေကြဆဲဖြစ်ပြီး တဖြည်းဖြည်းနှင့် ဖော်ရွေမှုမရှိဖြစ်လာသည်။ ၎င်းတို့ထဲမှ အချို့သည် စီနီယာများကဲ့သို့ လူများကို ဆရာကြီးလုပ်လာကြသည်။
“မာနဆိုတာ အရင်းအနှီးလိုတယ်၊ ဒါပေမယ့် မင်းမှာ အာဏာနဲ့ အရင်းအနှီးရှိပြီလား”
“မင်းဒီနယ်ပယ်ကိုလာတာ နှစ်ဝက်ပဲရှိသေးတယ်မလား၊ ဒီလိုခက်ခဲတဲ့လူသစ်တွေ ငါ အများကြီးတွေ့ဖူးပေမယ့် နောက်ဆုံးမှာတော့ သူတို့အားလုံး ဘာမှမတတ်နိုင်ကြဘဲ အဆုံးသတ်ရတာပဲ”
“သွားတောင်းပန်ပြီး ဟန်နဉ်ယွီဒေါသကို ဖြေလျှော့လိုက်ရအောင်။ မင်းကို ရှင်းထုတ်ဖို့က သူ့အတွက် လေတစ်ချက်မှုတ်ထုတ်လိုက်ရုံပဲ”
ရှရှင်းချီ သည် ၎င်းတို့အား ဂရုမစိုက်ဘဲ ဇာတ်ညွှန်းဖတ်ရန် အသာဖွင့်ဖတ်နေလိုက်သညိ။- ဤကြော်ငြာတွင် ဟန်နဉ်ယွီ က “အမျိုးသားဇာတ်ဆောင်” အဖြစ် သရုပ်ဆောင်ထားပြီး အနှိပ်ကုလားထိုင်ဆားဗစ်ပေးသူများအပြင် အခြားအများစုမှာ အနှိပ်ကုလားထိုင်ဝန်ထမ်းများအဖြစ် ပါဝင် သရုပ်ဆောင်ကြရမည်ဖြစ်သည်။
“အဓိက” ဟူ၍ ပြောလာရသည့် အကြောင်းအရင်းမှာ ရှရှင်းချီသည် တစ်ဦးတည်းသော “မဖြစ်စလောက်” လေး ဖြစ်နေလို့ပင်။
သူလုပ်ရမှာက ဟန်နဉ်ယွီ ခြေထောက်ဆေးတဲ့ရေကို ယူလာပြီး ခြေထောက်နှိပ်နယ်ပေးရမယ်တဲ့လား ?
ထိုထက်ပို၍ ဒေါသထွက်ရသည်မှာ ဟန်နဉ်ယွီက ခြေဆေးရည်ကို သူ၏ ခေါင်းနှင့်ခန္ဓာကိုယ်အနှံ့စိုသွားအောင် ခြေထောက်ဖြင့် ကန်ထုတ်ပြီးနောက် ဤအမှတ်တံဆိပ်၏ လျှပ်စစ်ခြေထောက်ရေချိုးစက်ကို ပြောင်တင်းတင်းကိုင်ကာ ပြုံးလျက် ခြေထောက်ကို ထပ်မံဆေးကြောခြင်းဖြစ်သည်။
ရှရှင်းချီ : ……?
ဒီလို ပြောင်ပြောင်တင်းတင်း ကလဲ့စားချေတာ ၊ ငွေရေးကြေးရေး ကျောထောက်နောက်ခံ ရှိတာ ကောင်းတယ် မဟုတ်လား ။
ဇာတ်ညွှန်းကို လူတိုင်းဖတ်ပြီးနောက်၊ တော်တော်များများက “ငါသိနေတယ်” နှင့် “သူ့ကို မှန်မှန်ကန်ကန် ဆက်ဆံသင့်တယ်” ဆိုတဲ့ အသုံးအနှုန်းတွေကို ချက်ချင်းမျက်နှာပေါ် ပေါ်လာကြသည်။
တစ်ယောက်ကပြောလာသည်ာ
“မင်း တောင်းပန်မှာမဟုတ်ဘူးလား။”
ဤသည်မှာ အားကြီးသူများသည် စိတ်ပိုင်းဆိုင်ရာ ရူးသွပ်ကာ အားနည်းသူများကို ဓားများဖြင့်ထိုးသည့် ဟာသပြဇာတ်၏ တိုက်ရိုက်တင်ဆက်မှုဖြစ်သည်။
ရှရှင်းချီ သည် ခေါင်းတညိမ့်ညိမ့်လုပ်လိုက်ပြီး သူ့ပါးစပ်ထဲရှိ လိမ္မော်ရောင်သကြားလုံးဝါးရင်း ဇာတ်ညွှန်းကို ကြည့်ကာ ပြောလိုက်သည်။
“မဟုတ်ဘူး၊ ဒီသခင်ကြီးက မရိုက်တော့ဘူး”
သူသည် တစ်သက်လုံး ဆင်းရဲစွာဖြင့် နေထိုင်ခဲ့ရပြီး ၎င်းသည် သူ့အား လိမ္မာပါးနပ်သူတစ်ယောက် ဖြစ်စေသော်လည်း သူ၏ ကြမ်းတမ်းသောဒေါသများနှင့် စိတ်အခြေအနေကို လုံးဝ မပြောင်းလဲနိုင်ခဲ့ပေ။
သူ့စိတ်ဓာတ်ကြောင့် အတော်ကြာ ဒုက္ခရောက်ခဲ့ရသော်လည်း သူသည်ခေါင်းမာစွာဖြင့် ထပ်တလဲလဲပြုလုပ်ရန် ရွေးချယ်နေဦးမည်ဖြစ်သည်။
ယွမ် 20,000 …..ဤများပြားသော ကြော်ငြာခသည် အမှန်တကယ်ပင် သူ့အား အနည်းငယ် ဝမ်းနည်းစေခဲ့သည်၊ သို့သော် ရှရှင်းချီ က ထပ်တွေးပြန်သည်။
အခု ငါ လစဉ် ၀င်ငွေ တစ်သန်း ရှိတဲ့ လူတစ်ယောက်ကွ။ ကဲ ငွေရေးကြေးရေးအထောက်အပံမရှိတာ ဘယ်သူလဲပြော ။
ဤသို့တွေးလိုက်ကာ ချက်ခြင်းပင် တည့်တည့်မတ်မတ်ရပ်လိုက်ပြီး သူ့ရင်ဘတ်အနီးတွင် ချိတ်ဆွဲထားသော မိုးလောက်မြင့်အောင်ဈေးကြီးသော ပြောင်လက်လက်စိန်လက်စွပ်ကို ထိလိုက်သည်။
“ငါ ငတ်ပြတ်လို့ မသေနိုင်ဘူး” ဆိုသည့် ယုံကြည်ချက်က သူ့ကို ခေါင်မိုးအပေါ်သို့ ချက်ချင်းပျံတက်သွားစေသည်။
သူက အလျှော့မပေးသောပုံပေါက်သည်ကိုမြင်တော့ ပရောဂျက်မန်နေဂျာက မထီမဲ့မြင်ပြုကာ ပြောလာသည်။
“အဲဒါဘာ အပြုအမူလဲ၊ ဟမ်!၊ မလုပ်ဖို့ ခြိမ်းခြောက်ချင်တာလား။ ဘယ်သူက မင်းကို အတင်းလုပ်ခိုင်းနေတာလဲ”
အောက်တန်းစား အနုပညာရှင်များသည် လူမှုကျင့်ဝတ် သို့မဟုတ် ဂုဏ်သိက္ခာ မရှိသည့်အပြင် အလွှာပေါင်းစုံမှ လူများကို ၎င်းတို့က တနေကုန် နင်းချေချင်ကြသည်။
တစ်စုံတစ်ယောက်က တစ်ဖက်ကို တမင်တကာ မျက်နှာသာပေးကာ ဝေဖန်လာပြန်သည်။
“ရှရှင်းချီ၊ ဒီကိစ္စမှာ မင်းက ပထမဆုံး မယဉ်ကျေးခဲ့တဲ့လူပဲ။ လူတိုင်းရဲ့ တိုးတက်မှုကို လိုက်မပိတ်ပင်ထားနဲ့ ဟုတ်ပြီလား?”
“အစ်ကိုဟန်ကို မြန်မြန် တောင်းပန်လိုက်ပါ။ သူက အကြီးပဲ”
ရှရှင်းချီ က သူတို့စကားသံတွေကို နားထောင်ပြီး စိတ်ရင်းမှန်နဲ့ ထုတ်ဖော်ပြောလိုက်သည်
“ဒီနယ်ပယ်မှာက အသက်ပိုကြီးတာနဲ့ ရာထူးပါပိုကြီးသွားတာလား?”
**
ဟန်နဉ်ယွီ သည် သူ၏ VIP အခန်းသို့ ပြန်သွားပြီး ဒေါသတကြီး ပြောမိလိုက်သည်။
“ရုပ်ရည်လေးကြည့်ကောင်းနေတာအပြင် သူ့မှာ ဘာအားသာချက်တွေရှိနေလို့လဲ”
“ဒီလောက် မာနကြီးဖို့ အခွင့်အရေးကို ဘယ်သူကများ သူ့ကို ပေးရဲတာလဲ။”
“ငါက အဝတ်အစားအစစ်ကို အတုနဲ့မခွဲတတ်ဘူးလို့ ဘယ်လိုတောင် ပြောရဲရတာလဲ။ သူ့ဖုန်းကတောင် ဒီလောက်ကွဲနေတာ။ နာမည်ကြီးတံဆိပ်နဲ့ ၀တ်စုံတစ်ခုအတွက် ဒေါ်လာထောင်ချီကို သူ ဘယ်လိုတတ်နိုင်မှာလဲ၊ အတုတွေပဲ နေမှာပေါ့!”
အကြာကြီး တစ်ခြားသူ၏ လက်ပါးစေဖြစ်ခြင်းသည် လူ၏စိတ်ကို ပျက်စီးစေနိုင်သည်။
သူဌေးထံ၌ ဒူးထောက်ကာ ကပ်ဖားနေရစဉ်တွင် သူ့အရှက်ကို ကယ်တင်ရန် အဆင့်နိမ့်အနုပညာရှင်များရှေ့တွင် သူတို့ကို အနိုင်ကျင့်ချုပ်ကိုင်ထားရင်း သူ၏ကွဲလွဲသော ကိုယ်ရည်ကိုယ်သွေးကို ပြသနိုင်မည်ဖြစ်သည်။
သူ့လက်ထောက်သည် ဟန်နဥ်ယွီ၏ အပြုအမူကို ကြာရှည်စွာ ကျင့်သားရသောကြောင့် သူ့ကို နှစ်သိမ့်ရန် အမြန်ပြောလိုက်သည်။
ထိုအချိန်တွင် ဖုန်းမြည်လာသဖြင့် လှမ်းကြည့်လိုက်စဉ် သူ၏နောက်ခံသူဌေးဖြစ်နေသည်ကို ဟန်နဉ်ယွီမြင်လိုက်ရသည်။
သူ၏ ဒေါသတကြီးဖြင့် မောက်မာ ရုပ်ဆိုးတဲ့ပုံစံကို အမြန်ဖယ်ချလိုက်ပြီး နာခံမှုရှိပြီးသနားစဖွယ်ရုပ်ဖြင့် တိုင်ကြားဖို့ အခွင့်အရေးယူမယ်ဟု တွေးကာ နာခံမှုရှိသော အပြုံးလေးနှင့် ဖုန်းကို ပြန်ဖြေလိုက်သည်။
သူ့အကျင့်စရိုက်မှာ စာအုပ်တစ်အုပ်ကို လှန်လိုက်သလို ချက်ချင်းပြောင်းလဲသွားသည်။
ဤအရာက မမြန်ဆန်သေးပေ။ ချက်ချင်းဆိုသလိုပင် သူ့နောက်မှ လက်ထောက်သည် ဟန်နဉ်ယွီ၏ “ပြုံးခြင်း” မှ “ထိတ်လန့်ခြင်း” သို့ ပြောင်းလဲကာ ဖုန်းခေါ်သံကို ထပ်မံ နားထောင်ပြီးနောက် “သနားစဖွယ်” အဖြစ်သို့ ပြောင်းလဲသွားသည်ကို ကူကယ်ရာမဲ့စွာ စောင့်ကြည့်နေခဲ့သည်။
နောက်ဆုံးတွင်၊ ၎င်းသည် “ကွယ်လွန်သူမိဘများအတွက် ဝမ်းနည်းပြခြင်း” ဖြစ်လာခဲ့သည်။
မသိသူများက ဟန်နဉ်ယွီ သူ့စပွန်ဆာ သေသွားပြီဟု သတင်းကြားလိုက်ရလို့လားဟူ၍ပင် ထင်ကောင်းထင်နိုင်သည်။
ဟန်နဉ်ယွီသည် သူ့အသံကို ထိန်းထားကာ အချိန်အတော်ကြာပြီးနောက် တုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။
“ဒါ..ဒါဆို ရှရှင်းချီက ……?!”
*
ကြောက်တတ်ကာ ပျော့ညံ့သော ရှရှင်းချီတစ်ယောက် သူမ မရှိချိန် အနိုင်ကျင့်ခံရမည်စိုး၍ လင်းမုန့် အလုပ်ပြီးနောက် ကမန်းကတန်း ပြန်သွားခဲ့၏။
ရလဒ်အနေဖြင့် သူမ တံခါးကို ဖြတ်လာသည်နှင့် တစ်ပြိုင်နက် ရှရှင်းချီက လက်ယမ်းပြကာ ဖျော်ဖြေမှုကို ခေါင်းမာစွာဖြင့် အရှုံးပေးလိုက်ကြောင်း သူမ တွေ့လိုက်ရသည်။ သူ ထွက်ခွါရန် သူ့ပစ္စည်းတွေကို ထုတ်ပိုးနေစဉ် သူက တခြား ကြယ်ပွင့်များ …… မဟုတ် လက်အောက်ငယ်သားများအား စကားဖြင့်စစ်ဖက်ပြိုင်နေခဲ့လေသည်။
သူ စကား သိပ်မပြောခဲ့ပါ။ သို့သော် စကားတစ်လုံးစီတိုင်းမှာ ကျောက်မျက်ရတနာကဲ့သို့ ဖြစ်ခဲ့သည်။ သူ ပါးစပ်ဖွင့်လိုက်တိုင်း လူတွေ ဒေါသထွက်လွန်းလို့ အုပ်စုဖွဲ့ ရန်ဖြစ်မှုတောင် ဖြစ်ပွါးတော့မလုပင်။
“ဘာတွေဖြစ်နေတာလဲ” ဒီတိုက်ပွဲကြောင့် လင်းမုန့်မှာ ထိတ်လန့်သွားရ၏။
ရှရှင်းချီက ကြော်ငြာဇာတ်ညွှန်းအား သူမ လက်ထဲ လွှဲပြောင်းပေးလိုက်ရာ သူမ အလျင်စလို ရှေ့တိုးကာ ထိုအရာကို ကြည့်လိုက်၏။
အခုလေးတင် ဒီဒေါသထွက်နေသော လူတို့သည် သူ့ အေးဂျင့် အနားကပ်လာသည်ကို တွေ့သော် နောက်ဆုံးတော့ သူ့ကို ဆုံးမဖို့ လူတစ်ယောက် ရှိပြီဟုတွေးကာ မျှော်လင့်စောင့်စားနေကြ၏။
ဒီ မသိမိုက်မဲသည့် ကလေး က သူ့ကံဆိုးမှု ချဉ်းကပ်လာသည်နှင့် နေထိုင်ဖို့ ရုန်းကန်နေရတာကို ကြည့်စမ်းပါဦး။
ဖက်! ဆိုတဲ့ အသံမထွက်မီ လေထုက တစ်ခဏမျှ ငြိမ်သက်နေခဲ့ပြီး လင်းမုန့်က ဇာတ်ညွှန်းအား စားပွဲပေါ်သို့ မာန်ပါစွာ ပစ်ချလိုက်သည်။
ရှရှင်းချီ အဆူခံရတော့မည်ဟု မျှော်လင့်နေကြသော အကြည့်များအောက် သူ ဒေါသတကြီး ပြောလိုက်လေသည် : “ရှရှင်းချီ ငါတို့ ပြန်ကြမယ်! ဘယ်လိုတောင် အဓိပ္ပါယ်မဲ့တဲ့ ဇာတ်ညွှန်းလဲ၊ မဖျော်ဖြေနဲ့။”
အားလုံး : ……
အလွှာနိမ့်သရုပ်ဆောင်တွေနဲ့ တတိယတန်းစား အေးဂျင့်တွေက ဒီလောက် စိတ်ရူးပေါက်ကြတာ ပုံမှန်ပဲလား။
လင်းမုန့်သည် အမြဲ သူမ၏ အနုပညာရှင်များကို အရမ်းကာကွယ်ပေးတတ်ကာ ဒီအရာများမှာ သူမ၏ အောက်ခြေစည်းကို ကျော်သွားပြီး အထိန်းအကွပ်မရှိချေ။ သဘာဝကျစွာပင် သူမသည် ဒီလို စော်ကားတဲ့ ဇာတ်ညွှန်းမျိုးကို စဉ်းစားမည်မဟုတ်ပေ။
ရှက်တတ်ကာ သူရဲဘောကြောင်သော ရှရှင်းချီက နောက်ဆုံးတော့ သူ့ကိုယ်သူအတွက် ရပ်တည်ပြီး ဂျုံလို သူများ နယ်တာ ခံတော့မည်မဟုတ်ကြောင်း သူမ တွေ့သွားခဲ့၏။ အဲ့အစား သူမက သူမမိသားစု၏ သား ကြီးပြင်းလာသည်ကိုကြည့်ရသလို ပျော်ရွှင်မှုကို ခံစားခဲ့ရသည်။
သူတို့နှစ်ယောက်လုံးက ခေါင်းမာကြတာကို တွေ့လိုက်ရသည့် ပရောဂျက်မန်နေဂျာမှာ မကြောင်အဘဲ မနေနိုင်ခဲ့။ သူသည် အချိန်အကြာကြီး ဆွံ့အနေပြီးမှ မလုံမလောက်သော ကွန်ဖီးဒန့်ဖြင့် ပြောလိုက်လေသည် : “…… မင်းတို့ ဒါ စာချုပ်ကို ချိုးဖောက်နေတာပဲ! မင်းတို့ထွက်သွားလို့ရတယ် ဒါပေမယ့် လျော်ကြေးပြန်ပေးရလိမ့်မယ်!”
ရှရှင်းချီက သူ့ပစ္စည်းများအား ထုပ်ပိုးလို့ပြီးသွားကာ သူသည် ပိုက်ဆံကိစ္စနှင့် ပတ်သက်လာလျှင် အခြာသူများထက် ဉာဏ်ကောင်း၏ : “ခင်ဗျားပဲ ဇာတ်ညွှန်းကို ကြုံရာကျပန်းပြောင်းပြီး စာချုပ်ကို ချိုးဖောက်တာမဟုတ်ဘူးလား။ ပြန်ရေးထားတဲ့ ဇာတ်ညွှန်းက ဥပဒေနဲ့မဆန့်ကျင်နေဘူးလား။”
ဤသည်မှာ အရှိုက်တည့်တည့်ထိ၍ ပရောဂျက်မန်နေဂျာ၏ ကွန်ဖီးဒန့်မရှိရခြင်းအကြောင်းအရင်းအား ဖော်ထုတ်နိုင်ခဲ့၏။
ဒီbrandက ဟန်နဉ်ယွီရဲ့ စပွန်ဆာဆီက ရင်းနှီးမြှုပ်နှံမှုရထားတယ် ဆိုလျှင်တောင် သူတို့က ဒီကြော်ငြာရဲ့ contentကို မျက်ကန်းလို ပြောင်းလိုက်လို့ မရပေ။
ဒါဟာ မသိမိုက်မဲတဲ့ တက်သစ်စလေးကို ခြောက်လှန့်ဖို့ နည်းလမ်းလေး တစ်ခုသာဖြစ်လေ၏။ သူတို့က ရှရှင်းချီကို ဦးညွှတ်တောင်းပန်ကာ သူ့အမှားကို ဝန်ခံစေပြီး ဇာတ်ညွှန်းကို ပြန်ပြောင်းချင်ဟန် ဆောင်မလို့ပင်။
ရှရှင်းချီ ပြုံးကာ ကြင်နာစွာ သတိပေးလိုက်၏ : “ခင်ဗျားက စာချုပ်ကို ချိုးဖောက်တယ်နော်။ နစ်နာကြေးငွေအတွက် ကျွန်တော်တို့ကို ဆက်သွယ်ဖို့ သတိရလိုက်ပါ။”
ပရောဂျက်မန်နေဂျာမှာ အံ့မကြိတ်ဘဲ မနေနိုင်တော့။ တက်သစ်စတွေကို အနိုင်ကျင့်ရတာက ဖြစ်နေကျပဲလေ ဒါပေမယ့် ဒီအခြေအနေကိုကြည့်ရသလောက်တော့ သူဟာ သူ့အား အရှုံးပေးရတော့မည်။
မဟုတ်လျှင် ထိခိုက်နစ်နာမှုအတွက် လျော်ကြေးပေးရမှာက အသေးအဖွဲဖြစ်သော်လည်း ရှုတင်၌ ပုဂ္ဂိုလ်ရေး လွှမ်းမိုးမှုကို အသုံးချခြင်းက သူ နောက် ပြန်မရှင်းပြနိုင်မည့် ကိစ္စကြီး ဖြစ်လာလိမ့်မည်။
နှစ်ဖက်လုံးမှာ မတိုးသာမဆုတ်သာ အခြေအနေတွင် ရှိကြ၏။ အဲ့နောက်တွင် တံခါးက “ဘုန်း” ခနဲ ပွင့်သွားသည်။ ထိုအရာမှာ ဟန်နဉ်ယွီ၏ ပင်ကိုယ်အမှတ်တံဆိပ်ဖြစ်သော ထင်ပေါ်စွာ ကိုယ်ထင်ပြခြင်းပင်ဖြစ်ကာ သူ ကမန်းကတန်း အထဲသို့ ပြေးဝင်လာခဲ့လေသည်။
Chapter 18 end
Chapter 19
ရှရှင်းချီက သူရန်ပွဲစတင်တော့မည်လားဟုတွေးကာ သူ့အား သံသယဖြင့် စောင့်ကြည့်နေပါသည်။ သူ စာပေစစ်ထိုးပွဲကနေ သိုင်းတိုက်ပွဲအဖြစ် ပြောင်းဖို့များ လိုမလား။
သူက သူ့အား ပုခုံးကနေ ကိုင်ပေါက်ဖို့ ပြင်နေတုန်းမှာပဲ ဟန်နဉ်ယွီဟာ ဘေးသို့ လွှတ်ပစ်ခံထားရသော တရားလွန်သည့် ဇာတ်ညွှန်းကို လျင်မြန်စွာ ဆွဲယူလိုက်ပြီး သူ့ကိုယ်ပိုင် ဇာတ်ညွှန်းအား ရှရှင်းချီ လက်ထဲသို့ စိတ်အားထက်သန်စွာ ထိုးထည့်ပေးခဲ့သည်။
“ကောကော!” မျက်တောင် တစ်ခတ်အတွင်းမှာပဲ ဟန်နဉ်ယွီဟာ ဂန္ဓမာပန်း ပွင့်သည်နှင့်တူသော အပြုံးမျက်နှာအဖြစ် ပြောင်းလဲသွားပြီး သူ့အား ဆက်တိုက် “ကောကော” နေခဲ့သည်။
“ထွတ်မြတ်တဲ့ ထိုက်တောင် (အရေးကြီးတဲ့လူ) ကို သတိမထားမိတာ ကျွန်တော့် မျက်လုံးတွေ (အပြစ်) ပါ။ ကျွန်တော် အစ်ကို့ကို ကျွန်တော့်ဇာတ်ညွှန်းပေးမယ်။ ကျွန်တော့်ဟာကို သုံး၊ ဒီအရေးမကြီးတဲ့လူကို မမှတ်ထားနဲ့။ ဆရာခင်ဗျ! ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော်မှားသွားပါတယ်!”
ရှရှင်းချီမှာ ဒီ စီချွမ်း အော်ပရာစတိုင် မျက်နှာအပြောင်းအလဲကြောင့် မှင်သက်သွားပြီး ဒီလူ ဘာသောက်ကျိုးနည်းတွေပြောနေမှန်းလည်း မသိပါ။
သူ နေကာမျက်မှန် တပ်ထားလို့များ သူဘယ်သွားနေမှန်းမသိဘဲ နံရံကို ဝင်ကျုံးပြီးလို့ ဦးနှောက်ချောင်သွားတာများလား?
အဲ့ဒါ တကယ်ကို သနားစရာကောင်းလှသည်။ သူက နဂိုတည်းကဖြင့် ဉာဏ်ကောင်းတာမဟုတ်တဲ့ကြားထဲ။
ဒါဟာ အနာကို ဆားဖြူးလိုက်သလိုပင်။
လောလောဆယ် အံ့ဩနေသည့် ပရောဂျက်မန်နေဂျာအပါအဝင် ရှရှင်းချီကို တောင်းပန်ခိုင်းသူဖြစ်စေ သူ့အား စိတ်ကြီးဝင်နေသည်ဟူ၍ ခနဲ့ခဲ့သောသူဖြစ်စေ ဒီမြင်ကွင်းအား မျက်မြင်တွေ့လိုက်ရချိန် သူတို့အားလုံး ကြောင်အသွားရသည်။
ရှရှင်းချီ၏ ကြော်ငြာခမှာ ယွမ် ၂၀၀၀၀ သာလျှင်ဖြစ်ကာ နစ်နာမှုလျော်ကြေးငွေမှာ ကြော်ငြာခပေါ် မူတည် တွက်ရသဖြင့် သိပ်မများနေပါ။
ဟန်နဉ်ယွီ သူ့ကို ဆက်နေဖို့ တိုက်တွန်းနေတာကိုကြည့်ရတာ ဒီလူ သူ့မိသားစုစည်းစိမ်တွေပါ ပြုတ်နိုင်သလား။
အကယ်၍…… ရှရှင်းချီသာ တကယ့် hidden boss မဖြစ်ရင်ပေါ့။
သူ့ကိုလှောင်ခဲ့ခြင်းမှာ မပါခဲ့သူများသည် ချက်ချင်းပင် စိတ်သက်သာရာရသွားကာ အကြည့်ချင်း ဖလှယ်မိကြသည်။
ဟန်နဉ်ယွီရဲ့ လက်မရွံ့နောက်လိုက်များအဖြစ် ပါဝင်ခဲ့သူများကတော့ အလွန် နောင်တရနေမည်မှာ ဖြစ်တန်ရာ၏။
ရှရှင်းချီက သူ့ခေါင်းအား အနည်းငယ် စောင်းလိုက်သည် – လူချမ်းသာတွေရဲ့ ကမ္ဘာက တကယ်ကို ပရမ်းပတာတွေနဲ့ ပြည့်နေတာပဲ။ မင်း ခေါင်းကို လှည့်ရမှာ မကြောက်ဘဲ ၁၈၀ ဒီဂရီသာ လှည့်ကြည့်လိုက်ရင် ဒီပရမ်းပတာတွေကို မင်း နေရာတိုင်းမှာ တွေ့နိုင်လိမ့်မယ်။
ဘာတွေဖြစ်နေသလဲဆိုတာကို ကောင်းကောင်း ခန့်မှန်းမိပြီ။ ထို့ကြောင့် သူ လီချန်ယွမ်၏ ကြောက်စရာ အပြုံးတုကို တုပလိုက်ကာ ဟန်နဉ်ယွီအား တိုးတိုးလေး မေးလိုက်သည် : “ဒါပေမယ့် “မင်း ငါ့ကို မှတ်မိတယ်” လို့ အခုနလေးတင် မပြောခဲ့ဘူးလား။”
“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ပါဘူး! ကျွန်တော် ဆိုလိုတာ ခင်ဗျားက ကျွန်တော့်ရဲ့ ကောပဲ အမြဲ ဖြစ်နေလိမ့်မယ်လို့ပဲ ပြောတာပါ!”
ဟန်နဉ်ယွီ မှာ ရှရှင်းချီက ရှမိသားစုရဲ့ သခင်လေးဖြစ်ရုံတင်မဟုတ် လီချန်ယွမ်ရဲ့ ချစ်သူလို့ပါ တွေးလိုက်မိချိန် သူ သူ့ကိုယ်သူ ပါးရိုက်ချင်သွားမိသည်။
“မင်းကဖြင့် အသက် တော်တော် ကြီးနေပြီ ဘယ်သူက မင်း ကောတုန်းကွ?”
ရှယွီကဲ့သို့ သူတို့နှစ်ယောက်ကြား ဘာပတ်သက်မှုမှ မရှိသော်ငြား သူ့အား အစ်ကိုဟု အမှတ်မှားနေသူ နောက်တစ်ယောက် ထပ်တိုးလာခြင်းသည်ကပင် ခေါင်းကိုက်စရာဖြစ်နေပြီးနေပြီ။
ဤသို့ ပြောပုံဆိုပုံ ရုတ်တရက် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသော လင်းမုန့်မှာ စိတ်အရှုပ်ထွေးဆုံးသူ ဖြစ်လေ၏။
သူမက ဟန်နဉ်ယွီသည် အားနည်းသူအား တက်နင်းကာ အားကြီးသူအား မျက်နှာချိုသွေးတတ်ကြောင်း သိခဲ့ရာ ဒီမြင်ကွင်းမှာ မှားနေသည်နှင့် တူနေသည်။ သူမ၏ စိတ်ဓါတ်ကျစရာ careerက ရုတ်တရက် ဤအချိန်တွင် ကဏ္ဍသစ်တစ်ခု ဖွင့်ပေးလိုက် သည်လော –
စိတ်ကြီးဝင်နေသော ပရောဂျက်မန်နေဂျာမှာ ဖုန်းဖြေပြီး ပြန်လာချိန်တွင် သူ့ကိုယ်နေဟန်ထားက ပုံမှန်မဟုတ်ဘဲ လုံးဝပြောင်းပြန်သွား၏။ သူသည် လက်ဖက်ရည်နှင့် ရေနွေးကြမ်းအား ထပ်မံ ဧည့်ခံ၍ သူမအား ဒီbrand ၏ အနှိပ်ခုံကို တွေ့ကြုံခံစားရန် ယဉ်ကျေးပျူဌာစွာ ဖိတ်ခေါ်ခဲ့လေသည်။
သူမက သူမ၏တိတိလေး အတန်သင့် ကောင်းကောင်းလုပ်ခဲ့ပြီမှန်း သိ၏။
* တိတိ = မောင်*
*
ပြီးတော့ နောက်ခံအားပေးအဖြစ် အလုပ်လုပ်ခဲ့သည်မှာ ဤသို့ မဖြစ်ဖူးချေ။ ဒီအကြောင်းအား သူမ ပိုတွေးလေ ပိုအပြစ်ရှိသလို ခံစားရလေဖြစ်၏။ တကယ်လို့ သူတို့သာ မတွေ့သင့်တဲ့သူနဲ့ ထိပ်တိုက်တွေ့မိပါက အတော် ကိုးရိုးကားယားနိုင်လိမ့်မည်။
ရှရှင်းချီ မှာ ကြော်ညာရိုက်ဖို့အတွက် ထွက်သွားပြီးလေပြီ။ ထို့ကြောင့် သူမ အချိန်တစ်ခုထိ တည်ငြိမ်ကာ ကောင်းစွာတတ်သိနားလည်ချင်ဟန်ဆောင်ရတော့မည် – ပြီးတဲ့အခါမှ ယုန်ပေါက်လေးအား စောင့်ဖမ်းကာ နှိပ်စက်၍ ဖြောင့်ချက်တောင်းရပေမည်။
—
ရှရှင်းချီ ကြော်ငြာရိုက်ခြင်း ပြီးဆုံးသွားချိန်တွင် ညသန်းခေါင်ပင် ရောက်လုနီးနေပြီ။ သူသည် နာရီအနည်းငယ်နေလျှင် ရရှိတော့မည့် သိန်းထောင်ပေါင်းများစွာကို တွေးလိုက်တိုင်း အလွန်ပျော်နေကာ ငွေကြိုက်ခင်လေးမှာ သူ့နှလုံးသားထဲ၌ ပျော်ရွှင်စွာ ပလန်ချနေသည် :
အတိတ်ကာလ၌ သူဟာ အလုပ် နှစ်ခု သုံးခုအား ပြိုင်လုပ်ခဲ့ရသည်။ သို့သော် ယခု သူသည် ကြွေးမြီကင်းစင်နေ၏။
သူ အနုပညာလောကအတွင်း ပိုက်ဆံရှာဖို့ အာရုံစိုက်ကာ လီချန်ယွမ်၏ ချစ်သူကဏ္ဍအဖြစ် သရုပ်ဆောင်နေသရွေ့ သူ ချမ်းသာနိုင်လိမ့်မည်!
နေပါဦး…… လီချန်ယွမ်?
စိန်ပြေနပြေ အနှိပ်ခုံနှင့် ကစားနေတုန်း ရှရှင်းချီ၏ လက်များ အေးခဲသွား၏။
သူတစ်ခုခုမေ့နေသလို ခံစားခဲ့ရ၏။ အဲ့အချိန်မှာပဲ သူ နောက်ဆုံး နားလည်သဘောပေါက်သွားသည်မှာ သူအရေးကြီးဆုံးသူအား မေ့နေသည်ကိုပင်။
ရှရှင်းချီ တွင် အမြဲတစေ ဆွေမျိုးရော သူငယ်ချင်းပါ ကင်းမဲ့ခဲ့ရာ ရုတ်တရက် အဖော်ပြုခံရခြင်းအပေါ် လုံးဝ ကျင့်သားမရခဲ့ပေ။ ဒီည အလုံးစုံသော ဇာချဲ့ထားသည့် ဟာသပြကွက်များနှင့် ပေါင်းလိုက်သော် ကြောင်ကြီးအား အစာကျွေးမယ့် ကိစ္စမှာ ရိုးရှင်းစွာ အမေ့ခံလိုက်ရ၏။
သူသည် ပြတင်းပေါက်သို့ ခြေလှမ်းအနည်းငယ်သာသုံး၍ ကမန်းကတန်းသွားလိုက်ပြီး လက်တုန်တုန်နှင့် လိုက်ကာအားဖွင့်လိုက်ရာ တွေ့လိုက်ရသည်မှာ –
သိပ်သည်းသော ည၌ လက်လက်ထနေသည့် Silbert ကားလေးမှာ အဲ့နေရာတွင် လင်ကို စောင့်ကြည့်နေသည့် ကျောက်တုံးကဲ့သို့ ငြိမ်သက်စွာ ရပ်နေလေ၏။
……
ဘာလို့များ သူကိုယ်သူ တာဝန်မဲ့တဲ့ ဆန်ကုန်မြေလေးတစ်ကောင်လို့ အထင်မှားနေရတာပါလိမ့်။
သူတော့ သေပြီဟု နှလုံးသားထဲ၌ ဟစ်ကြွေးကာ သူလျှပ်စစ်ရှော့တိုက်ခံလိုက်ရသကဲ့သို့ ခုန်လျက် အဝတ်လဲခန်းထဲ အလောသုံးဆယ် ပြေးဝင်သွားပြီး လေပွေလို သူ့ပစ္စည်းတွေကို အကုန် လှမ်းဆွဲပြီးနောက် ပြေးထွက်သွားခဲ့လေသည်။
ကံကောင်းစွာဖြင့် လူသူကင်းမဲ့နေလေရာ ဘယ်သူကမှ သူတိတ်တဆိတ် မီတာ ၁၀၀ကို အမှောင်ထဲ၌ တစ်ဟုန်ထိုး ပြေးနေသည်အား သတိမထားမိကြပါ။
သူမရပ်တန့်နိုင်မီ ကားအရှေ့သို့ ပြေးသွားကာ လေကာမှန်ပေါ်ကပ်လျက် အထဲသို့ ကြည့်၏။ လီချန်ယွမ်မှာ ကားခုံပေါ်တွင် လှဲနေပြီး သူ့မျက်စိတို့အား မှိတ်ထားလေသည်။ အိပ်နေသည့်အချိန်တွင် တိတ်ဆိတ်ကာ အထိမခံသော အလှလေးသာဖြစ်လျက် သူ့တွင် ရန်လိုစိတ် တို့အား ရှာမတွေ့နိုင်ချေ။
ရှရှင်းချီ မျက်တောင်ခတ်မိ၏။ သူ့အကြည့်တို့မှာ မသိလိုက်ဘဲ သူ့ရဲ့ ရှည်ကာ ထူသော မျက်တောင်တို့နှင့် မြင့်မားသော နှာတံ၊ ဖြူဖျော့လျက် ပါးလွှာသော နှုတ်ခမ်းတို့ အကြား လျှောက်သွားနေခဲ့သည်။
အဆုံးမှာတော့ သူ့လည်ချောင်းပေါ်က ဆွဲဆောင်မှုရှိစွာ ငေါထွက်နေသည့်အပိုင်းလေးဆီသို့ အမှတ်တမဲ့ ရောက်သွားခဲ့၏။
မူလ သူ ကားတံခါးပေါ် ခေါက်ချင်နေသောလက်မှာ တစ်ခဏမျှ ရပ်တန့်သွားရပြီးနောက် သူတိတ်တိတ်လေး ပြန်ချလိုက်သည်။
ဒီလူမှာ ကြောက်စရာကောင်းသည့် ဗီလိန် ဖြစ်သည်မှလွဲ၍ စာအုပ်ထဲမှ “ဆွဲဆောင်မှုတို့၏ အထွတ်အထိပ်” ဟူသော သူ့ဂုဏ်ပုဒ်မှာ ထိုက်တန်လှပါ၏။
ရှရှင်းချီ စူးစိုက်ကြည့်နေစဉ်မှာပဲ လီချန်ယွမ်က ရုတ်တရက် တစ်ခုခုခံစားမိကာ မျက်စိဖွင့်လိုက်ရာ ခိုးကြောင်ခိုးဝှက်ချောင်းကြည့်နေသူလေးနှင့် အချိန်ကိုက် အကြည့်ဆုံမိသွားလေသည်။
ညလယ်ခေါင်ကြီး မျက်စိဖွင့်လိုက်ချိန် လေကာမှန်ပေါ်တွင် မျက်နှာတစ်ခုကပ်နေကာ မျက်လုံးပြူးများဖြင့် သူ့အားကြည့်နေသည့် ကြောက်မက်ဖွယ်မြင်ကွင်းကို တွေ့လိုက်ရမည့် မည်သူမဆို ထိတ်လန့်သွားပါလိမ့်မည်။
-သို့သော် လီချန်ယွမ်က ဤအချင်းအရာကိုတွေ့လိုက်ချိန် သူအပြည့်အဝ မနိုးသေးလျက် မျက်မှောင်အနည်းငယ်သာ ကြုံ့ခဲ့၏။ သူဟာ မှန်အပြင်ဘက်က မြင်ကွင်းအား အလွန်ကျေနပ်သကဲ့သို့ပင် တစ်မူထူးလျက် စိတ်ကောင်းဝင်နေလေသည် –
ရှရှင်းချီ၏ မျက်နှာအား ဒီလောက်နီးနီးတွေ့လိုက်ရချိန် သူ့နှုတ်ခမ်းဖျားများမှာ မြင့်တက်သွားကာ နောက်ဆုံးတွင် သူအိပ်မက်မက်နေတုန်းဖြစ်နေသလို အပြုံးဖျော့ဖျော့လေးအား ပြသခဲ့၏။
ရှရှင်းချီမှာ ကြက်သေ သေသွားကာ အချိန်ကြာပြီးနောက် သူအသိစိတ်ပြန်ဝင်လာချိန်တွင် အနောက်သို့ ခြေလှမ်းများကို အပြစ်ရှိစွာ ဆုတ်လိုက်သည်။
လီချန်ယွမ်သည်လည်း တစ်ခုခုမှားသွားမှန်း သိသွားပုံရ၏။ သူ့မျက်လုံးများမှာ လျင်မြန်စွာ တည်ငြိမ် လျစ်လျူရှူခြင်းနှင့်အတူ စိတ်မရှည်ခြင်းတို့ဖြင့် ပြန်ပေါ်လာကာ သူက သူ့အား ကားထဲသို့ ဝင်လာရန် လက်မြောက်၍ အချက်ပြလိုက်လေသည်။
– ဒီ ဗီလိန်က တကယ်ကြီး အိပ်မက်မက်နိုင်တယ်တဲ့လား။
သူ့အား ဒီလောက် ကောင်းမွန်စွာ ပြုံးစေတဲ့အထိ သူဘာအကြောင်း သို့မဟုတ် ဘယ်သူ့ကိုများ အိပ်မက်မက်နေသလဲ ဆိုတာအား ရှရှင်းချီ သိချင်မိသွား၏။
သူ passenger seatဆီ ပတ်လျှောက်ကာထိုင်တော့မလို့ လုပ်နေတုန်း လင်းမုန့်၏ အသံက ရုတ်တရက် သူ့နောက်မှ ထွက်ပေါ်လာ၏ : “ရှင်းချီ? နင် ဘာလို့ အခုထိ ထွက်မသွားသေးတာလဲ။ ဘာတွေကြည့်နေတာတုန်း။”
မှောင်နေလွန်းသဖြင့် သူမသည် ကား အနီးသို့ မကပ်မချင်း ကားတွင်းရှိ မည်သူ့ကိုမျှ မတွေ့နိုင်ပေ။ ထို့ကြောင့် သူမက ရှရှင်းချီသည် ကားကို သေသေချာချာနှင့် ပေါကြောင်စွာ တစ်ယောက်တည်း ကြည့်နေသည်ကိုသာ တွေ့သွားသည်။
ရှရှင်းချီက တစ်ယောက်ယောက်မှ သူ့အား အချစ်ဇာတ်အတွင်းမိသွားသည့်အတိုင်း ရုတ်တရက် တုန်ရီသွားခဲ့၏။
သူ အလိုအလျောက်တုံ့ပြန်မှုအရ လင်းမုန့်အား ရှေ့ခုံအား မမြင်နိုင်စေရန် ပိတ်ရပ်လိုက်ပြီး မြန်မြန်စကားလွှဲလိုက်သည် : “အစ်မမုန့်မုန့် ဘာလို့ မပြန်သေးတာလဲ။”
လင်းမုန့်က သူမ ဘိုကင်တင်ထားသည့် အဌားယာဉ်အား ယာယီ cancelလိုက်၏။ ထိုကားမှာ ဒီနေရာသို့ လာနေသော်ငြား ကီလိုမီတာ အနည်းငယ် လိုသေးပါသည်။
အဲ့ဒါ မှန်သွားတာပါပဲ။ သူမ အခုလေးတင် ရှရှင်းချီအား “နှိပ်စက်ရန်” အခွင့်အရေးမရခဲ့ ကာ ရှရှင်းချီအား ဘာမှမဖြစ်ခဲ့သည့်အတိုင်း တာ့တာလုပ်ဖို့ကလွဲ ရွေးချယ်စရာမရှိခဲ့မလို့ပင်။ သို့သော် ယခု မည်သူမျှ အနားတွင်မရှိချိန် သူမ သူ့အား တစ်ယောက်တည်း ဖမ်းမိခဲ့၏။
“ကလေး ငါ့ကို မှန်မှန်ပြောစမ်းပါ၊ နင် သူတို့နဲ့ ဒီနေ့ ဘာဖြစ်သွားတာလဲ။ နင် ငါ့ဆီကနေ တစ်ခုခုများ ဖုံးထားနေလား?!”
“အာ-“ ရှရှင်းချီမှာ ဤစကားလုံးများကိုကြားချိန် လေသံအား အပြစ်ရှိစွာ စွဲမိလျက် အသံတိုးတိုးဖြင့် ပြောလိုက်သည် “ အဲ့ အဲ့ဒါက ပြောရမယ်ဆိုရင် အရှည်ကြီးပါ။”
သူ အစစ်အမှန်သခင်လေးဖြစ်ကြောင်း အထောက်အထားနှင့် အတင်းအကြပ်မင်္ဂလာပွဲအကြောင်းအား ဘယ်ကနေ စပြောရမလဲ မသိပေ။
အဘယ့်ကြောင့်ဆိုသော် ဒီမင်္ဂလာပွဲမှာ သဘောတူညီမှု သက်သက်မျှဖြစ်သည်ဟု ပြော၍ မရသောကြောင့်ပင်။ လင်းမုန့်က ဘယ်လိုလုပ်များ ဗိုက်ကြီးသည် ဆင်ဂယ်မားသားများမှလွဲ၍ တခြားသူတစ်ယောက် အကြောင်းအရင်းမရှိ လျှပ်တစ်ပြက် လက်ထပ်သည်ကို လက်ခံနိုင်မည်နည်း။
ရှရှင်းချီက သူပြောရမယ့်စကားအား မြန်မြန်စီနေတုန်းမှာပင် သူသည် ကားတံခါး ပွင့်လာသည့် အသံတိုးတိုးလေးအား ကြားလိုက်ရ၏ – သွားပြီ ကြည့်ရတာ မစ္စတာ ငွေသစ်ပင်ကြီးက စောင့်ရတာ စိတ်မရှည်တော့ဘူးနဲ့ တူတယ်။
အေးဂျင့်လင်း နှင့် မျက်နှာချင်းဆိုင်ရသော် သူထိုအကြောင်းအား ဘယ်လိုပြောရမလဲ စဉ်းစားမရသေးမီ သူ့ဌေးကြီးက တိုက်ရိုက်ကြီး ကိုယ်ထင်ပြလာခဲ့လေသည်။ သူ ဘယ်လို သူ့အား မိတ်ဆက်ပေးရမည်ကို မသိသဖြင့် သူ့နှုတ်ခမ်းများမှာ တွန့်သွားကာ ဗလာပင်ဖြစ်နေ၏။
Chapter 19 end
Chapter 20
လင်းမုန့် မှာ ကားထဲ၌ တစ်ချိန်လုံး လူတစ်ယောက် ရှိနေမည်ဟု မထင်မှတ်ထားသဖြင့် လန့်သွားသည်။
ဤအမျိုးသားတွင် အရပ်ရှည်ကာ ထောင်မတ်သော ပုံသဏ္ဋာန်၊ ကျယ်ပြန့်သော ပုခုံးနှင့် သွယ်လျသော ခါးတို့ ရှိ၏။ သူ့ခြေထောက်များသည် ရှည်လျားကာ ကျစ်လျစ်ပြီး သူ့အရပ်က ၁.၉ မီတာရှိသည်ဟု ခန့်မှန်း၍ရသည်။
မြူဆိုင်းသော အမှောင်ထုထဲ၌ သူ၏ ချောမောသော မျက်နှာအား ဝိုးတဝါး တွေ့နိုင်လေ၏။ ၄င်းသည် ဖြားယောင်းသွေးဆောင်ဖွယ် နီးပါး ဖြစ်လျက် ကြည့်ကောင်းလွန်းသည်မှာ တကယ့်လူနှင့်ပင်မတူ။ နောက်ပြီး သူ့အသားမှာ အလွန့်အလွန် ဖြူဖျော့နေခဲ့သည်……
လေအေးတချို့ တိုက်သွားသော် လင်းမုန့် ခိုက်ခိုက်တုန်သွားသည်။ ညလယ်ခေါင်ကြီးမှာ ဒါ သရဲဖြစ်နိုင်လား?!
ထို့နောက် သူမသည် “သရဲ” က အဝေးသို့ ခေါင်းလှည့်လိုက်ကာ သူ့နှုတ်ခမ်းများကို အုပ်၍ အကြိမ်အနည်းငယ်ချောင်းဆိုးနေသည်အား တွေ့လိုက်ရ၏။
ရှရှင်းချီက လီချန်ယွမ်၏ ချောင်းဆိုးသံကိုကြားပြီး တစ်ဖက်သို့လှည့်ကာ သူ့အား တွန်းလိုက်သည် : “အပြင်မှာ အေးတယ်။ ကားထဲ အရင်ဝင်နှင့်ပါ။”
အဆုံးတွင် သူသည် ဒီလူကြီး ဘာတွေစဉ်းစားနေမှန်းမသိခဲ့ချေ။ သို့သော် သူက အဲ့နေရာမှာပဲ ရပ်ကာ သူ့အား စိုက်ကြည့်ဖို့ ဆုံးဖြတ်ထားသလို မလှုပ်မယှက် ရပ်နေခဲ့၏။
ပြဿနာမှာ သူ လင်းမုန့်အား ထားခဲ့ပြီး လီချန်ယွမ်နှင့်အတူ ကားထဲလိုက်မဝင်နိုင်ပါ။ သူ့ရှေ့၌ ဝံပုလွေရှိနေပြီး သူ့နောက်၌ ကျားရှိနေ၏။ သို့ပေတည်း သူသည် ဒီအရူးကြီး သူ့အား ပြန်ပေးဆွဲကာ နေရာမှာတင် ချက်ချင်းထွက်သွားသကဲ့သို့ ရက်စက်သည့် အပြုအမူများကို မလုပ်ရန် ဆုတောင်းနေခဲ့သည်။
“အစ်မမုန့်မုန့် ဒါ…… “ ရှရှင်းချီ တစ်ခဏမျှ တွေးကာပြောလိုက်သည် “ကျွန်တော့် သူငယ်ချင်းပါ……”
သူပြောလို့မပြီးခင်မှာပဲ လီချန်ယွမ်က အနည်းငယ် မျက်မှောင်ကြုတ်ကာ ချောင်းထပ်ဆိုးနေသည်အား တွေ့လိုက်ရသည်။
သူအခုမှ အိပ်ရာထလာတုန်း ဒါမှမဟုတ် နေမကောင်းတာ ဖြစ်နိုင်၏။ သို့သော် သူ ပုံမှန်လို သန်မာကာ စိတ်မဝင်စားသည့်ပုံလည်း မဟုတ်နေချေ။
ရှရှင်းချီက သူ့ရဲ့ ထိရှလွယ်သည့် ဘက်ခြမ်းအား ဘယ်တုန်းကမှ မမြင်ဖူးခဲ့ကာ ကလေးဘဝတည်း၌ စိတ်ထားနူးညံ့ပြီး ဂရုစိုက်တတ်သောကြောင့် ၄င်းအား မြင်လိုက်ရချိန် ချက်ချင်း စိတ်ပူပင်သွား၏။
အခြားအရာအားလုံးကို လျစ်လျူရှုကာ သူတစ်ပတ်လှည့်လိုက်ပြီး ထိုသူဝတ်ထားသည့် အနွေးထည်အား အပေါ်ထိ ကြယ်သီးတပ်ပေးလိုက်သည်။
သို့သော် သူ ခေါင်းငုံ့၍ လီချန်ယွမ်၏ ကြယ်သီးအား တပ်နေချိန် ထိုလူ့မျက်နှာအပြောင်းအလဲအား မမြင်နိုင်ခဲ့ပေ –
အခု သူ့ကိုကြည့်ရတာ အားနည်းမှုနဲ့ ဖျားနာမှုအား နည်းနည်းလေးတောင် ဘယ်မှာ တွေ့နိုင်မည်နည်း?
လင်းမုန့်က ထိုနှစ်ယောက်သားအား ပထမ၌ မှင်သေစွာ ကြည့်နေခဲ့၏။ သို့သော် လီချန်ယွမ်၏ ခက်ထန်ကာ ကြောက်စရာကောင်းသည့်အကြည့်ကြောင့် လန့်သွားလေသည်။ ကြီးမားသည့် ဖိနှိပ်သော ခံစားမှုက သူမအား လွှမ်းခြုံသွားသည်!
အဲ့နောက် ချက်ချင်း လီချန်ယွမ်က သူ့ခေါင်းအား စောင်းကာ ရှရှင်းချီ၏ နဖူးအား ဖွဖွလေး နမ်းလိုက်သည်ကို တွေ့လိုက်ရ၏။ သူ့မျက်လုံးတို့မှာလည်း ပိုင်ဆိုင်လိုစိတ်တို့ ပြည့်နေလျက်။
၄င်းမှာ သူ၏ အချုပ်အခြာအာဏာအား အခိုင်အမာ ဆိုနေသည်နှင့် တူ၏။ ဒါဟာ ရှရှင်းချီပြောခဲ့သည့် “သူငယ်ချင်း” တစ်ယောက်မှန်း သိသိသာသာ ဟုတ်မနေချေ။
****
ရှရှင်းချီ အင်္ကျီကြယ်သီးတပ်တာကို အာရုံစိုက်နေချိန် သူ့နှဖူးပေါ်မှာ အေးမြမှုကော နွေးထွေးမှုပါ ပေးတဲ့အထိအတွေ့တစ်ခုကိုတစ်ပြိုင်နက်ခံစားလိုက်ရ၏။
“ဟမ်…”
သူ ဘာဖြစ်သွားတာလဲဆိုတာကို သဘောမပေါက်သေးပဲ ခေါင်းရှုပ်သွားရကာ သူအနမ်းခံလိုက်ရတဲ့ နေရာကို လက်နဲ့ထိလိုက်မိ၏။
သူ့ရဲ့ဘေးမှာ တစ်ချိန်လုံးရှိနေကာ အကုန်မြင်လိုက်ရတဲ့ လင်းမုန့်မှာ လျှပ်စီးလပ်တာမြင်လိုက်ရသလိုခံစားလိုက်ပြီး “သူကဘယ်သူလဲ” ဆိုပြီးမေးချင်နေခဲ့သည်။
ထိုအမျိုးသားသည် ချမ်းသာကြွယ်၀ပြီး အာဏာရှိပုံပေါ်ပြီး
Sport ကားတွေနဲ့ ချိတ်ဆက်နေခဲ့သည်။
သူမ နှလုံးတုန်ရင်တုန်ဖြစ်လာရသည်။ ရှရှင်းချီက သူဌေးတစ်ယောက်ဆီက ထောက်ပံ့တာကိုခံနေရတာဖြစ်နိုင်လား။
ဒါပေမဲ့ တစ်ဖက်လူက ဘာလို့ ယောင်္ကျားကြီးဖြစ်နေရတာလဲ။ရှရှင်းချီ တကယ်ပဲ လိင်တူကြိုက်တာလား၊ မဟုတ်မှ ဖိအားပေးခံနေရတာလား။
အရေးကြီးဆုံးက ဒါက အိုင်ဒေါလ်ဒရမ်မာကား ဟုတ်မနေဘူး!။ တကယ့်လက်တွေ့ဘ၀ပဲ!။ ဘယ်လိုများ အဲ့ဒီ အရင်းရှင်စနစ်ရဲ့ မိကျောင်းတွေက တကယ့်ကို ကြည့်ကောင်းပြီး ငယ်ရွယ်ချောမောနေရတာလဲ။ဒီလူ လူလိမ်ပဲဖြစ်ရမယ်!။
ရှရှင်းချီ ရုတ်တရက် အသိပြန်လည်လာပြီး ယခုဘာတွေ ဖြစ်ပွားခဲ့လည်းဆိုတာ သဘောပေါက်လာ၏။အဲ့ဒါကြောင့် သူ လီချန်ယွမ်ကို ဒေါသမျက်လုံးတွေနဲ့ကြည့်ပြီး တိတ်တဆိတ် “ခင်ဗျား ကျွန်တော့်ကို ဘာလို့ နမ်းလိုက်တာလဲ!” လို့မေးနေခဲ့၏။
ကြောင်ကြည့်နေတဲ့ လင်းမုန့် ကို ရှင်းပြဖို့အသာထား ၊ သူတောင် စကားအကျယ်ကြီး မပြောရဲပေ။ သူ့လစဉ် လစာက တစ်မီလီယံရထားကြောင်း၊ လူဆိုးကြီးရဲ့ ချစ်သူအဖြစ် ကြိုးကြိုးစားစား သရုပ်ဆောင်နေရတယ်ဆိုတာရော သူ မရှင်းပြနိုင်ဘူး။
အားလုံးကို ပြောဖို့လုပ်လိုက်ရင် အဲ့နောက် ချစ်သူကို အနမ်းပေးတယ်ဆိုတာက ဘယ်လိုလုပ် အနမ်းခိုးတယ်လို့ပြောလို့ရတော့မလဲ။
ရှုပ်ထွေးနေတဲ့ မျက်နှာထားနဲ့ အချိန်အကြာကြီး တိတ်ဆိတ်နေတဲ့ လင်းမုန့်ကို မြင်ပြီးတဲ့ နောက်မှာ၊ လူတစ်ယာက်ရဲ့ မျက်နှာအမျိုးအမျိုးပြောင်းလဲခြင်းကို သူမ မျက်မြင်ကိုယ်တွေ့ဖြစ်သွားတယ်ဆိုတာ ရှရှင်းချီ သဘောမပေါက်ခဲ့တဲ့ အပြင် အပြစ်ရှိတယ်လို့တောင် တခဏ ခံစားလိုက်ရသည်။
အနုပညာရှင်အားလုံးဟာ လူလွတ်ဖြစ်ရမဲ့ ပုံပဲလို့ သူ့ကိုယ်သူတွေးမိလိုက်ပြီး အစ်မမုန့်မုန့် ကလည်း သူ့မှာ ချစ်သူရှိတာကို လက်ခံနိုင်ပုံပေါ်မနေခဲ့။ လီချန်ယွမ်က ခုချက်ချင်း အသိအမှတ်ပြုလက်မှတ် ရနိုင်မဲ့ စေ့စပ်ထားတဲ့သူမျိုးလို့လဲ သူမပြောနိုင်ဘူး။
ရှရှင်းချီ ဘာမှ မတတ်နိုင်တော့ပဲ ခပ်ပြုံးပြုံးအနေအထားနဲ့ပဲ “အစ်မမုန့်မုန့် ကဘယ်မှာနေတာလဲ။ကျွန်တော်တို့ပြန်ပို့ပေးရမလား”
မဟုတ်..နေပါဦး၊ ဘယ်တုန်းက “ငါတို့”ဆိုပြီး ဖြစ်သွားရတာလဲ။ သူ့ဘာသာသူပဲ ဆုံးဖြတ်ချက်ချလိုက်ပြီး “ဒရိုင်ဘာလီ”ကိုလည်း သူသဘောတူပါ့မလား မမေးခဲ့မိလိုက်။
ပြီးတော့လည်း ဒါက ထိုင်ခုံနှစ်ခုပဲပါတဲ့ sport ကားလေ။သူ သူမကို ကားအမိုးပေါ် တက်ထိုင်စေချင်ခဲ့တာလား။
လင်းမုန့် ဆိုင်းတွခြင်းမရှိ ချက်ချင်းဆိုသလိုထပြောလိုက်သည်။
“မလိုပါဘူး….ငါ ကားတစ်စီးခေါ်ထားပြီးသား။အိုး…ဟုတ်တယ်၊ အဲ့ဒီ အဖြူရောင်ကားပဲ”
သူမ အစတည်းက သရဲတွေ၊ တရား၀င်ဒရမ်မာတွေ၊ ခွေးသွေးပြဇာတ်တွေအပါအ၀င် ဖြစ်နိုင်ချေတွေ တစ်သီကြီးနဲ့ တက်လာခဲ့ဖူးပြီးသား။
ဘာကိစ္စမှာမဆို အရေးကြီးဆုံးက သူများရဲ့ ဒိတ်မှာ ရုတ်တရက်ပေါ်လာတဲ့လူ ဖြစ်တာကို ရှောင်ဖို့ပဲ။ နောက်ထပ် တစ်စက္ကန့်လေးတောင် ထပ်နေသင့်ရဲ့လားလို့ သူမ သံသယဖြစ်လာပြီး အဲ့မှောင်မိုက်ပြီး ကြောက်စရာကောင်းတဲ့လူက လေးမီတာရှည်တဲ့ တောခုတ်ဓားကို ချက်ချင်းထုတ်လာမှာ ကြောက်သည်။
သူမ ထွက်သွားတာကို မြင်တော့ ရှရှင်းချီ သူ့နှဖူးသူထိလိုက်မိပြီး လီချန်ယွမ်ကို ဖြေရှင်းချက်ပေးမလား ဆိုတဲ့ အကြည့်နဲ့ ကြည့်နေခဲ့သည်။ဘာလို့ လူဆိုးကြီးက သူ့တို့ဖူးကို စားချင်နေခဲ့တာလဲဆိုပြီး အတွေးကျယ်နေ၏။
“မင်းလုပ်တာကောင်းတယ်” လီချန်ယွမ် သာမန်ကာလျှံကာ ချီးကျူးလိုက်တယ်။
“နောက်အခါကျရင်တော့ လက်ဦးမှုကို ရအောင်ယူပေါ့”
ရှရှင်းရှီ ဦးနှောက်ခြောက်သွားရသည်။ သူ့တို့ဖူး ဘာလို့ အဲ့လို ယုံကြည်မှုမျိုးနဲ့ အစားခံလိုက်ရလဲဆိုတာ ။ ဒီတော့ သူ နောက်ပြောင်ကာ ပြောလိုက်မိသည်။
[T/N: တို့ဟူးစားခြင်း= အသားယူခြင်း]
“ဆရာ၊ ကျွန်တော်တို့က သရုပ်ပြဖို့ လက်ထပ်ခဲ့ကြရုံပါပဲ။ ကျွန်တော့် အနုပညာပဲရောင်းတယ်၊ကိုယ့်ကိုကိုယ်တော့ မရောင်းဘူး။ အခုလို အသစ်အဆန်းလေးလိုချင်ရင် ဈေးနှုန်းကတော့ ထပ်တိုးရမှာပေါ့”
သူနောက်ဆုံးပြောလိုက်တာက လူသိများတဲ့ ဟာသတစ်ခုပင်။ဒါပေမဲ့ လီချန်ယွမ်ရဲ့ အကြည့်တွေက ချက်ချင်းအေးစက်သွားခဲ့ပြီး ရှရှင်းချီကို စေ့စေ့စပ်စပ် စစ်ဆေးချင်မှု အပြည့်နဲ့ သုန်မှုန်စွာ စိုက်ကြည့်နေခဲ့၏။ထို့နောက် လှည့်ထွက်သွားကာ စကားတစ်ခွန်းမှ မဟပဲ ကားထဲ၀င်သွား၏။
ရှရှင်းချီ:……..?
သေစမ်း၊တို့ဖူး မစားဖို့တားမြစ်တာကနေ မလိုက်နာတာကော ဒေါသပုန်ထတာပါ ပါလာပြီလား။
ကာယလုပ်သားတွေမှာ စကားပြောခွင့်တောင်မရှိတော့ဘူးလား။
ကားထဲကလေထုက နေရထိုင်ရခက်တဲ့ရာသီဥတုလိုပဲ။နှစ်ယောက်သား လုံး၀ ကီးမကိုက်ပဲ သူတို့စိတ်ထဲမှာလဲ ခြားနားတဲ့အရာတွေကိုတွေးနေကြသည်။
ရှရှင်းချီ အဲ့အကြောင်းတွေးလေလေ ဒေါကပိုဖြစ်လာလေလေ။ သူ့နှဖူးပေါ်ခံစားခဲ့ရတဲ့ နှုတ်ခမ်းအထိအတွေ့က အံ့ဩစွာနဲ့ သူ့ကို စိတ်မကျေမနပ်မဖြစ်စေခဲ့တဲ့အပြင် အဲ့တာက ကိစ္စကြီးလည်း မဟုတ်ပါ။ဒါပေမဲ့ ဒီသတ်မှတ်ထားတဲ့ ၀န်ဆောင်မှုထက်ပိုပြီး လုပ်လို့ သတိပေးတာကို သူကဘာလို့ ဒေါသထွက်သွားရတာလဲ။
ရှရှင်းချီ စိတ်တို၍စကားမပြောပဲ ကားပြတင်းအပြင်ကို ကြည့်လိုက်သည်။အကယ်၍ လုပ်ဖော်ကိုင်ဖက်က ကောင်ကင်မင်းကြီး၊ချမ်းသာကြွယ်၀မှုရဲ့ နတ်ဘုရားဆိုရင်တောင် သူတောင်းပန်ဖို့ကို တွေးမှာမဟုတ်ဘူး။
“မင်းမျက်လုံးထဲမှာ ပိုက်ဆံအပြင် တခြားဟာရှိသေးရဲ့လား”
တိတ်ဆိတ်မှုက ရုတ်တရက်ပြိုကွဲသွားခဲ့ပြီး လီချန်ယွမ် အေးစက်စွာပြောလိုက်သည်။
“အဲ့ထက်ပိုများတဲ့ ပိုက်ဆံအတွက်ဆို မင်းဘာမဆို စိတ်လိုလက်ရ လုပ်ပေးမှာပဲလား”
ထိုစကားတွေပြောပြီးတာနဲ့အမျှ ရှရှင်းချီ မျက်နှာထားက ထိုးကျသွားရသည်။ ရွံရှာစရာ မနှစ်မြို့ဖွယ် မှတ်ဉာဏ်တစ်ချို့က တရွေ့ရွေ့ ပြန်ပေါ်လာခဲ့သည်။
သူ့အနုပညာပဲရောင်းပြီး ခန္ဓာကိုယ်မပါဘူးဆိုပြီး နောက်ပြောင်တာက သူ့ရဲ့နောက်ဆုံးကျည်ဆံပဲဖြစ်ပြီး လီချန်ယွမ်ဆီက ဗြောင်မေးခံလိုက်ရမှာကိုတော့ သူလုံး၀မမျော်လင့်ထားခဲ့ပါ။
အလွန်တရာ စိတ်ပျက်ဖို့ကောင်းတဲ့ ပုံရိပ်အချို့ကထွက်ပေါ်လာခဲ့ပြီး ရှရှင်းချီရဲ့ နောက်ဆုံးသည်းခံနိုင်စွမ်းကို ကျော်လွန်ပြီး ပြင်းပြင်းထန်ထန် ပေါက်ကွဲလာစေသည်။ သူဒေါသထွက်စွာပြောလိုက်သည်။
“ဟုတ်ပါတယ် ဟုတ်ပါတယ် ဟုတ်ပါတယ် ၊ ကျွန်တော်က ရေပေါ်ဆီ၊ ဘာအိမ်မက်မှလည်းမရှိတဲ့အပြင် ပိုက်ဆံကိုပဲကြိုက်တာ!တိုးတက်ကြီးပွားလိုစိတ်လဲ မရှိတဲ့ လူဆင်းရဲမို့ ငွေရဖို့ ကျွန်တော်ဘာမဆို လုပ်နိုင်တယ်!”
အကယ်လို့ လီချန်ယွမ်က အပျော်အပါးမလိုက်စားဘူးဆိုတာ သူမသိခဲ့ရင် ဘယ်လောက်ငွေပမဏပဲဖြစ်နေပါစေ အပျော်မယားလုပ်ဖို့ သူလက်ခံမှာမဟုတ်ဘူး။
“မစ္စတာလီ ကျွန်တော်က ငွေသာရှိနေရင် ဘာမဆိုလုပ်မဲ့ လူဆင်းရဲ ငမွဲလေ။ ကြေး မှန်ရင် ကျွန်တော်ဒီည ခင်ဗျားနဲ့အိပ်ပေးမယ်၊ ငွေက ခင်ဗျားကို အကောင်းဆုံးအရာတွေ ၀ယ်ပေးနိုင်တာ ခင်ဗျားသိပါတယ်”
“ရှ! ချင်း! ချီ!”
အဲ့တာတွေကြားလိုက်ရတဲ့ လီချန်ယွမ်က ဒေါသကန်ထွက်လာ၏။
စိတ်မချမ်းမြေ့စရာလေးနည်းနည်းက မီးတောက်လေးကို မြောက်အမေရိကရဲ့ မြက်ခင်းလွင်ပြင်ဒေသလောက်ရှိတဲ့ ဒေါသမီးအဖြစ်ပြောင်းနိုင်မယ်လို့ ဘယ်သူထင်မှာလဲ။
ရှရှင်းချီ အကျပ်ကိုင်တာမျိုး မခံနိုင်ပေမဲ့ ဖြောင်းဖျတာခံနိုင်သည်။ပြီးတော့ ဒီလိုဒေါသပေါက်ကွဲတာက ကိုင်တွယ်ဖို့ပိုခက်သည်။
အဆိုးရွားဆုံးဖြစ်နိုင်တာက သူ အလုပ်ဖြုတ်ခံရတာ ဒါမှမဟုတ်လည်း နေရာမှာတင် ဒီလူကြီး သူ့ကို သေတဲ့အထိလည်ပင်းညှစ်သတ်တာမျိုးပဲ ဖြစ်မှာပေါ့။
အတိတ်တုန်းက ဒုတိယမျိုးဆက်လူချမ်းသာတွေကိုတောင် သူထုရိုက်ရဲခဲ့သည်။ အဲ့ဒီနောက် သူ ရက်အနည်းငယ် လမ်းမလျှောက်နိုင်တဲ့အထိ ထိုးနှက်ခံရပြီး ပြန်ပေးဆပ်ရရင်တောင် သေတဲ့အထိ သူနောက်ထပ် အဲ့လူတွေကို ရိုက်နှက်ရဲခဲ့သည်။
လီချန်ယွမ် စတီယာကွင်းကို လက်တဖက်နဲ့ ဆွဲလှည့်ပြီး လမ်းဘေးမှာရပ်ဖို့ ဘရိတ်ကို ဆောင့်အုပ်လိုက်၏။ သူ့လက်ချောင်းထိပ်တွေကလည်း ဒေါသကြောင့် တုန်ယင်နေခဲ့သည်။
ပိုက်ဆံပဲပေးတဲ့….လူတိုင်း ပိုက်ဆံပေးနိုင်တာပဲ မဟုတ်ဘူးလား….
နှစ်တွေအကြာကြီး သူ့ရင်ထဲ မြတ်နိုးတန်ဖိုးထားခဲ့ရတဲ့လူက ဒါကသူ့ကိုယ်သူ ဘယ်လို တန်ဖိုးထားတယ်ဆိုတာလား။အဲ့လောက်သူ့ကိုယ်သူ အထင်သေးတာလား။
ရှရှင်းချီ အထီးကျန်ဆန်တဲ့ညကို ငေးကြည့်လိုက်ပြီး ဒါကနေရာကောင်းပဲလို့ ဒေါသထွက်ထွက်နဲ့တွေးနေခဲ့၏။အရိုက်ခံတာမှမဟုတ် အသတ်ခံရရင်တောင် ဒီလူယုတ်မာလိုသလိုသုံးနိုင်တဲ့ သိပ်ကို အဆင်ပြေ အခန့်သင့်တဲ့ ဆိတ်ငြိမ်တဲ့နေရာလေ။
သူအဲ့လိုတွေ တွေးနေချိန် လီချန်ယွမ်မှာ အသက်ပြင်းပြင်းရှုကာ သူ့ခံစားချက်တွေကို ထိန်းချုပ်နေခဲ့သည်။ထို့နောက် အသံဩဩနဲ့မေးလိုက်သည်။
“တစ်ကြိမ်ကို ဘယ်လောက်ကျလဲ”
ရှရှင်းချီ ကြက်သေသေသွားခဲ့ပြီး ခဏကြအောင် သူ့နားတွေပဲ ကောင်းကောင်းအလုပ်မလုပ်တော့တာလားလို့ သံသယဖြစ်နေခဲ့၏။
၀တ္ထုထဲက ဗီလိန်သူဌေးကြီး၊ အသောက်အစားအပျော်အပါးမရှိတဲ့လူ၊ သေမျိုးတွေနဲ့မတူတဲ့ အဆင့်မှာပဲ သူ့ကိုသူ ထားတဲ့လူက ပြည့်တန်ဆာအကြောင်းကို စိတ်ရောကိုယ်ပါနှစ်ပြီး မေးနေတာလား။
အချိန်အနည်းငယ်ကြာပြီးနောက် ရှရှင်းချီ ဒေါသတွေအကုန်လုံး တစ်ချိန်တည်းပေါက်ကွဲသွား၏။
“ခင်ဗျား လီးမို့လို့ အတည်ကြီးပြောနေတာလား။ လီချန်ယွမ်၊ခင်ဗျားဘာဖြစ်ချင်နေတာလဲ! တစ်ညကို 1 billion နှုန်းပဲ၊ တစ်ပြားတစ်ကျပ်လောက် လျော့တာနဲ့ အရောင်းအ၀ယ် မဖြစ်ဘူးပဲ”
သူ ခဏလောက်တော့ ဒေါသမထိန်းထားနိုင်ခဲ့ဘူး။အဲ့ဒါက သူထောက်ပံ့သူရဲ့ ပုဂ္ဂိုလ်ရေးကိုတိုက်ခိုက်တဲ့ အဆင့်ထိရောက်လာပြီ။လည်ပင်းညှစ်သတ်ခံရရုံက မလုံလောက်ဘူး။ သူ ငါးမန်းစာပါ အကျွေးခံရတော့မယ်လို့ ရှရှင်းချီတွေးမိလိုက်၏။
ထင်ထားတာနဲ့တစ်ခြား၊ ထိုအရာကို ကြားပြီးနောက် လီချန်ယွမ် စိတ်သက်သာရာရသွားသလို သက်ပြင်းချလိုက်သည်။ မီးတောက်လွင်ပြင်ကြီးက ရုတ်တရက် ရေဖြန်းသတ်ခံလိုက်ရသလိုပဲ ဒေါသမီးတစ်ချို့က ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
နောက်ဆုံးတော့ လီချန်ယွမ် သူ မေ့နေတဲ့အချက်ကို သတိရသွားသည်။သူ့စိုးရိမ်စိတ်က သူ့ကို စိတ်ရှုပ်သွားစေနိုင်ပေမဲ့ သူဒီလို အတွေးနောက်ကျတာကတော့ ရှားသည်။သူအခုမှ သဘောပေါက်သွားသည်က ရှရှင်းချီက သူ့ကိုတမင်ရွဲ့နေတာဖြစ်ပြီး တကယ် သူ့ကိုယ်သူရောင်းစားမည်မဟုတ်။
ဒါပေမဲ့ သူတို့ကြားမှာရှိတာက ငွေနဲ့ဆိုင်သောပတ်သတ်မှုတစ်ခုတည်းဆိုတဲ့ အချက်က အမည်ဖော်မရတဲ့ မီးတောက်ကို ရင်ထဲမှာ ဆက်ကျွမ်းလောင်စေ၏။
တိတ်ဆိတ်စွာပဲ သူ့ကားကိုမောင်းတဲ့ အရှိန်ပမာဏကို ပြန်တင်ပြီး အိမ်ပြန်တဲ့လမ်းတစ်လျောက် စကားတစ်လုံးမှမပြောကြတော့။
Chapter 20 end