⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode

Chapter 19

Chapter 19

 

===

 

ကော်အဖေက ပြောလာသည်။

 

“အို… ပြောရမယ်ဆို ဂူယွီက ကွက်တိပဲ… သူက ကွန်ပျူတာမေဂျာ ယူထားတာဆို…”

 

ဂူပင်းရှုက ပြန်ပြော၏။

 

“ဘာကွန်ပျူတာလဲ… ဂိမ်းရေးဆွဲတဲ့ဟာကို သင်နေတာ… တစ်နေ့တစ်နေ့ အိမ်ပြန်ရောက်ရင် ဂိမ်းဆော့ဖို့လောက်ပဲ သိတာ… ဆရာပေးတဲ့ အိမ်စာဆိုပြီး ပြောသေးတယ်… ငါကြည့်ရသလောက်တော့ စာသေချာမလုပ်ဘဲ ဖြစ်သလို နှစ်နှစ်လောက် တက်… ကျောင်းပြီးရင် ဆိုင်တစ်ဆိုင်လောက် ဖွင့်ပေးပြီး သူ့ဘာသာ ရပ်တည်ခိုင်းလိုက်ရင် ရပါပြီ…”

 

ဂူမိသားစုက အမြဲတမ်း ပါးစပ်သာ ကြမ်းပြီး စိတ်ထားနူးညံ့ကြသူများဖြစ်သည်။ ပါးစပ်ကသာ သားဖြစ်သူကို အပြစ်တင်နေသော်ငြား ရင်ထဲတွင်တော့ လမ်းခင်းပေးပြီးသားဖြစ်ကာ ပိုက်ဆံ၊ ပစ္စည်း စသည်ဖြင့် ထောက်ပံ့ပေးရာတွင်တော့ လုံးဝ လက်မတွန့်ကြပေ။

 

ကော်အဖေက ရယ်မောရင်း မြှောက်ပင့်ပြောဆိုလိုက်ရာ အစ်ကိုကြီးဖြစ်သူ၏ ရင်ထဲတွင် ကျေနပ်သွားတော့၏။

 

“တက္ကသိုလ်ကျောင်းသားဆိုတော့ ငါတို့ထက် ပိုသိမှာ သေချာတာပေါ့…”

 

ဂူပင်းရှုက ဂူယွီထံ ဖုန်းဆက်လိုက်ရာ ဟိုဘက်မှလည်း ချက်ချင်းလာခဲ့မည်ဟု အမြန်ပင် သဘောတူလိုက်လေသည်။

 

ကော်ကျင်းယွီမှာ ဤအစ်ကိုဝမ်းကွဲဖြစ်သူနှင့် ပတ်သက်၍ အမှတ်ရနေသေး၏။

 

ဂူယွီက ရိုးသားအေးဆေးသူဖြစ်ပြီး စာလည်း သိပ်မတော်လှသဖြင့် တတိယအဆင့် တက္ကသိုလ်တစ်ခုတွင် ဘွဲ့ရရုံမျှသာ တက်နေခြင်းဖြစ်သည်။

 

တစ်ခုတည်းသော ပြဿနာရှာဖူးသည့်အချိန်မှာ တက္ကသိုလ်မေဂျာရွေးချယ်ချိန်တွင် ဂိမ်းရေးဆွဲခြင်းကို အတင်းအကြပ် ရွေးချယ်ခဲ့ခြင်းပင်။

 

ဘွဲ့ရပြီးနောက် ပေကျင်းသို့သွားကာ နှစ်နှစ်ခန့် အလုပ်သွားလုပ်ခဲ့ပြီး မွဲတေကာ အိမ်ပြန်ရောက်လာခဲ့၏။ ထို့နောက်တွင်မူ ထပ်မံ၍ လျှောက်မလုပ်တော့ဘဲ ဂူပင်းရှုနှင့်အတူ သေသေချာချာ ဆိုင်ထိုင်ကာ စီးပွားရေးလုပ်နေတော့သည်။

 

နောက်ပိုင်းတွင် ကော်ကျင်းယွီ မိသားစုနှင့်အတူ ဆွေမျိုးများထံ အလည်ပြန်လာချိန်၌ သူ့ကို အကြိမ်အနည်းငယ် တွေ့ခဲ့ဖူးသေးရာ ဂူယွီမှာ ကိုယ်ဝါသနာပါသည့်အလုပ်ကို လုပ်ခွင့်ရသည့် သူ့ကို အားကျနေဆဲဖြစ်ပြီး ဂိမ်းနှင့်ပတ်သက်၍လည်း စိတ်မဖြတ်နိုင်သေးကြောင်း ကြားခဲ့ရလေ၏။

 

ထိုစဉ်က ကော်ကျင်းယွီ၏လက်ထဲတွင် အပိုငွေအနည်းငယ်ရှိနေသဖြင့် သူ့ကို ရင်းနှီးမြှုပ်နှံပေးချင်ခဲ့သော်လည်း ထိုအချိန်က ဂူယွီမှာ အချိန်ကာလ၏ ရိုက်ခတ်မှုကြောင့် အတောင်အလက်များ ကျိုးပဲ့နေခဲ့ပြီဖြစ်သည်။

 

ရည်မှန်းချက်များပါမကျန် ပျောက်ကွယ်သွားခဲ့ပြီး ရိုးအလွန်းလှသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်နေခဲ့ချေပြီ။ အကြောင်းစုံကို ကြားပြီးနောက်တွင် သူက ရယ်မောကာ လက်ခါပြရင်း ငြင်းဆန်ခဲ့လေ၏။

 

“မလုပ်ပါနဲ့… ငါ အခု ကိုယ့်ဘာသာ ဂိမ်းနှစ်ပွဲလောက် ဆော့ဖို့ပဲ သိတော့တယ်… ခေါင်းထဲမှာလည်း ဘာမှ မရှိတော့ဘူး… ဘာမှလည်း စဉ်းစားလို့ မရတော့ဘူး…”

 

ကော်ကျင်းယွီက ဤတစ်ကြိမ်တွင်တော့ တစ်ခုခု အကောင်အထည်ဖော်ချင်နေ၏။ သူတစ်ယောက်တည်းဆိုလျှင် အဆင်မပြေသေးသဖြင့် အစ်ကိုဝမ်းကွဲဖြစ်သူထံမှ အကူအညီယူရမည်သာ။

 

ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်တွင် သူက အထက်တန်းကျောင်းသား စာညံ့သည့်​​ကောင်​လေးတစ်ယောက်သာဖြစ်ပြီး လွတ်လပ်ခွင့်ဆိုသည်မှာ သနားစရာကောင်းလောက်အောင် နည်းပါးလှသည်။

 

ဂူယွီကတော့ ထိုသို့မဟုတ်ပေ။ သူကလည်း စာညံ့သူတစ်ယောက် ဖြစ်သော်ငြား တက္ကသိုလ်ကျောင်းသားဖြစ်နေပြီမို့ သွားလာလှုပ်ရှားရသည်မှာ သူ့ထက် အများကြီး ပို၍ အဆင်ပြေလေ၏။

 

မကြာမီမှာပင် ဂူယွီက ဆိုင်သို့ ရောက်လာခဲ့သည်။

 

လက်ရှိတွင် သူက အသက် ၂၀ ကျော်အရွယ်သာ ရှိသေးပြီး အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် နှာတံပေါ်တွင် မျက်မှန်တစ်လက်ကို တင်ထား၏။

 

ဆံပင်များက အနည်းငယ် ရှုပ်ပွနေပြီး ဝတ်ဆင်ထားသည့် အင်္ကျီမှာလည်း အပြင်ထွက်ခါနီး ဖြစ်သလို ကောက်စွပ်လာသည့်ပုံစံပေါက်နေသည်။

 

သူက အကွက်ကျားရှပ်အင်္ကျီ၏ အနောက်ဘက် ကော်လာတစ်ဝက်ခန့် ခေါက်ဝင်နေသည်ကိုပင် သတိမထားမိ​ပေ။ အိမ်ထဲတွင်သာ အောင်းနေသည်မှာ ရက်အတော်ကြာပြီဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်လေ၏။

 

ဂူပင်းရှုက သူ့အား အိမ်တွင် ကွန်ပျူတာထိုင်ကစားနေပြန်ပြီဟု အပြစ်တင်နေရင်း တစ်ဖက်ကလည်း ထမင်းစားပြီးပြီလားဟု မေးနေလေသည်။

 

ဂူယွီက အနေအေးသူဖြစ်သဖြင့် ပြုံးလျက် ဝင်လာကာ နှုတ်ဆက်လိုက်ပြီး ကော်ကျင်းယွီကို မြင်ချိန်တွင် မေးလိုက်၏။

 

“ကျင်းယွီ နွေရာသီကျောင်းပိတ်ပြီလား…”

 

ကော်ကျင်းယွီက သူ့ကိုမြင်သည်နှင့် အလွန်ရင်းနှီးစွာဖြင့် လက်တစ်ဖက်က လီထုန်ကျိုးကို ဆွဲကာ အခြားလက်တစ်ဖက်က အစ်ကိုဝမ်းကွဲဖြစ်သူ၏ လက်မောင်းကို ချိတ်လျက် ထောင့်တစ်နေရာသို့ ခေါ်သွားကာ စကားပြောလေတော့၏။

 

“အစ်ကို… ရောက်လာတာ ကွက်တိပဲ… ကျွန်တော် အစ်ကိုနဲ့ တိုင်ပင်စရာလေး ရှိလို့…”

 

ကော်ကျင်းယွီက အိတ်ကပ်ထဲမှ ကွန်ပျူတာ အပိုပစ္စည်းစာရင်းကို ထုတ်ပြလိုက်ပြီး သူ၏ အကြံအစည်ကိုပါ ပြောပြလိုက်သည်။

 

သူက တက္ကသိုလ်ကျောင်းသားများကို ပစ်မှတ်ထားလိုက်ခြင်းဖြစ်သည်။

 

ယခုအချိန်တွင် ကွန်ပျူတာဝယ်သူများ များပြားလာပြီး တက္ကသိုလ်ကျောင်းသားသစ် တော်တော်များများက ကျောင်းဖွင့်ချိန်တွင် ကွန်ပျူတာတစ်လုံးစီ ဆင်တတ်ကြသည်။

 

ဂူယွီတို့ကျောင်းက နာမည်ကြီးတက္ကသိုလ် မဟုတ်သော်ငြား ကျောင်းသားဦးရေက နှစ်သောင်း၊ သုံးသောင်းခန့် ရှိရာ ဤအထဲတွင် စီးပွားရေးအခွင့်အလမ်း ရှာဖွေရန်မှာ ခက်ခဲသည့်ကိစ္စ မဟုတ်ပေ။

 

ဂူယွီကိုယ်တိုင်လည်း ကွန်ပျူတာသုံးသူဖြစ်သော်ငြား ဤမျှနည်းပါးသော ဈေးနှုန်းကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သဖြင့် အံ့သြစွာဖြင့် မေးလိုက်၏။

 

“ဒီထဲမှာ အမြတ်က အဲ့လောက်တောင် များတာလား…!”

 

ဤဈေးနှုန်းတွင် အမြတ်အနည်းငယ် ကျန်နေသေးမည်ဖြစ်သော်လည်း ထပ်၍ ဈေးဆစ်ချရန်မှာမူ ခက်ခဲသွားပြီဖြစ်သည်။

 

ကော်ကျင်းယွီက ဤဈေးနှုန်းကို လက်ခံနိုင်လောက်သည်ဟု ယူဆထားပြီး ဘော့စ်ဝမ်၏ ဈေးထက်စာလျှင် အများကြီး ပို၍ အဆင်ပြေနေလေ၏။

 

အနည်းဆုံးတော့ အရင်းဈေးကို သိထားပြီးဖြစ်သဖြင့် ဆိုင်တွေထဲ လျှောက်ကြည့်သည့်အခါ ဝယ်ယူချိန်တွင် ရင်ထဲ၌ အကဲဖြတ်ထားနိုင်ကာ အလွန်အကျွံ ဂျင်းမိခြင်းမျိုးတော့ ဖြစ်တော့မည်မဟုတ်ပေ။

 

ဂူယွီက အရည်အသွေးပိုင်းနှင့် ပတ်သက်၍ စိုးရိမ်နေပြန်၏။

 

“အွန်လိုင်းပေါ်ကဟာတွေက အဆင်ပြေပါ့မလား…”

 

ကော်ကျင်းယွီက ဖြေလိုက်သည်။

 

“ဒါက လွယ်ပါတယ်… သူတို့မှာ အပြင်ဆိုင်တွေ၊ ပစ္စည်းသိုလှောင်ရုံတွေ ရှိမရှိ မေးကြည့်ပြီး သွားကြည့်လိုက်ရင် ရပြီလေ… ခုနက ကျွန်တော် အွန်လိုင်းဆိုင်တွေ ရှာတုန်းက ပစ္စည်းပို့တဲ့လိပ်စာက ဒီပြည်နယ်မြို့တော်ထဲမှာ ရှိတဲ့ဆိုင်တွေကိုပဲ သီးသန့်ရွေးရှာခဲ့တာ… အကုန်မှတ်ထားတယ်… ခပ်ဝေးဝေးမှာတော့ ရှိတယ်… တက္ကစီငှားပြီး သွားကြည့်မှရမယ်…”

 

ဂူယွီကလည်း လူငယ်တစ်ယောက်ဖြစ်သဖြင့် ညီဝမ်းကွဲ၏ စကားကို ကြားသောအခါ အနည်းငယ် စိတ်လှုပ်ရှားသွားပြီး ပြောလိုက်၏။

 

“တက္ကစီငှားစရာ မလိုပါဘူး… အကို ခုတလောမှ ကားမောင်းလိုင်စင် ရထားတာ… ခဏနေ လိပ်စာပြောပြ… အစ်ကို ကားမောင်းပြီး လိုက်ပို့ပေးမယ်…”

 

သူက စကားပြောရင်းနှင့် အနည်းငယ် တုံ့ဆိုင်းသွားကာ လူကြီးများရှိရာဘက်သို့ မနေနိုင်ဘဲ လှည့်ကြည့်မိသွားသည်။

 

ကော်ကျင်းယွီက ဝင်ပြောလိုက်၏။

 

“အာ… ကြည့်မနေနဲ့တော့… ကျွန်တော် အကုန်စီစဉ်ပြီးသွားပြီ…”

 

ဂူယွီက မေးလိုက်သည်။

 

“အစ်ကို ဘာတွေးနေလဲဆိုတာ မင်းသိလို့လား…”

 

ကော်ကျင်းယွီက ရယ်မောလိုက်၏။

 

“ဘာလို့ မသိရမှာလဲ… အစ်ကိုက ဦးလေးကြီး လိုက်လာမှာကို ကြောက်နေတာမလား… ဦးလေးသာ ပါလာရင် စကားနှစ်ခွန်း သုံးခွန်းလောက် မေးလိုက်တာနဲ့ အစ်ကို့အစီအစဉ်တွေ အကုန်ပေါ်သွားမှာလေ… ဒီလိုလုပ်… ကျွန်တော် လီထုန်ကျိုးကို ထားခဲ့မယ်…”

 

ဂူယွီက ထိုအခါမှသာ ညီဝမ်းကွဲဘေးတွင် ပါလာသည့် ကျောင်းနေဖက်သူငယ်ချင်းကို လှည့်ကြည့်လိုက်ပြီး နားမလည်စွာဖြင့် မေးလာသည်။

 

“သူကျန်ခဲ့ရင်… အစ်ကို့အဖေက မလိုက်တော့ဘူးလား…”

 

ကော်ကျင်းယွီက ပြန်ဖြေလိုက်၏။

 

“အစ်ကို နားမလည်ပါဘူး… သူက စာအရမ်းတော်တဲ့ ကျောင်းသားလေ…”

 

ဆယ်မိနစ်ခန့် ကြာပြီးနောက် ဂူပင်းရှုက လက်ဖက်ရည်ကောင်းကောင်း တစ်အိုးကို အသစ်ပြန်နှပ်လိုက်ပြီး ညီမ၊ ယောက်ဖဖြစ်သူတို့နှင့်အတူ ထိုင်ကာ လီထုန်ကျိုးကို စိတ်ဝင်တစားဖြင့် မျက်တောင်မခတ် ကြည့်နေကြလေ၏။

 

သူက တူဖြစ်သူထံမှ လီထုန်ကျိုး၏ အကြောင်းကို ကြားထားပြီးဖြစ်ရာ ယခု သူ့ကို မြင်သောအခါ မျက်လုံးများ အရောင်လက်နေတော့သည်။

 

“ရှောင်ကျိုး ဟုတ်လား… လာလာ… ထိုင်ပြီး လက်ဖက်ရည်သောက်ဦး… အိမ်က ကိုယ်တိုင်လှော်ထားတဲ့ လက်ဖက်ခြောက်လေး… မြည်းကြည့်ပါဦး…”

 

သူက လီထုန်ကျိုးကို ထိုင်ခိုင်းလိုက်ပြီးနောက် ဆက်မေးလေ၏။

 

“မင်း အိုလံပစ်သင်္ချာပြိုင်ပွဲမှာ ဆုရတယ်ဆို…”

 

လီထုန်ကျိုးက ခေါင်းညိတ်ပြကာ ဖြေလိုက်သည်။

 

“ဟုတ်ကဲ့…”

 

ဂူပင်းရှုက ထပ်မေးပြန်၏။

 

“ပုံမှန်ဆို တခြား ဘာပြိုင်ပွဲတွေ ဝင်ပါသေးလဲ…”

 

“ရူပဗေဒနဲ့ ဓာတုဗေဒ ပြိုင်ပွဲတွေလည်း ဝင်ပါပါတယ်…”

 

“အို… အို… အဆင့်ဘယ်လောက် ရခဲ့လဲ…”

 

“ပထမပါ…”

 

“အဲ့ဒီပြိုင်ပွဲတွေ အကုန်လုံး ပထမရတာလား…!”

 

“ဟုတ်ကဲ့…”

 

……

 

ဂူမောင်နှမနှစ်ယောက်စလုံး၏ မျက်နှာပေါ်တွင် အားကျမှုများ အပြည့်ဖြစ်နေကြ၏။

 

 ဘာကြောင့်မှန်းတော့ မသိပေ၊ ဂူပင်းရှု၏သားမှာ တတိယအဆင့် တက္ကသိုလ်တစ်ခုတွင် ဖြစ်သလိုတက်နေကာ ဂိမ်းရေးဆွဲခြင်းကို သင်ယူရင်း ဂိမ်းထဲတွင်သာ ရုန်းမထွက်နိုင်အောင် နစ်မွန်းနေ၏။

 

ဂူချန်ချင်းဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။ သူမက ကော်မိသားစုထဲ ချွေးမအဖြစ်ဝင်ပြီး ကော်ကျင်းယွီကို မွေးကတည်းက မိဘအစည်းအဝေးများတွင် တစ်ကြိမ်တစ်ခါမျှ ခေါင်းမမော့နိုင်ခဲ့ဖူးချေ။

 

ကော်ကျင်းယွီတစ်ယောက်တည်းတင် မဟုတ်ဘဲ ကော်မိသားစုဝင်များအားလုံးက မျက်ခုံးထူထူ မျက်လုံးဝိုင်းဝိုင်းနှင့် ရုပ်ရည်သန့်သန့်လေးများ ဖြစ်ကြသော်ငြား အကုန်လုံးက စာညံ့ကြသူတွေချည်းသာ ဖြစ်နေလေ၏။

 

မိဘတိုင်းက စာတော်သည့် ကလေးများကို သဘောမကျဘဲ မနေနိုင်ကြပေ။ လီထုန်ကျိုးကတော့ အတိအကျကို “သူများအိမ်က ကလေး” စစ်စစ်ကြီး ဖြစ်နေတော့၏။

 

လူကြီးသုံးယောက်မှာ လီထုန်ကျိုးကို ငေးကြည့်ရင်းဖြင့် သူတို့၏ ကလေးများ အဝေးသို့ ရောက်သွားသည်ကိုပင် အနည်းငယ်မျှ သတိမထားမိလိုက်ကြချေ။

 

ဂူယွီက ဖခင်ဖြစ်သူ၏ကားကို မောင်းရင်းဖြင့် အံ့သြဝမ်းသာစွာ ပြောလာသည်။

 

“မင်းပြောတဲ့အတိုင်း ကွက်တိပဲ… အဖေရော အဒေါ်တို့ရောက မင်းသူငယ်ချင်းကို တကယ်သဘောကျနေကြတာ…!”

 

ကော်ကျင်းယွီက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဆို၏။

 

“ဒါပေါ့…”

 

ဂူယွီက ပြောလိုက်သည်။

 

“ဒီ ‘အလှမာယာ’ သုံးလိုက်တာ တော်တော်မိုက်တယ်… နောက်ပိုင်းကျရင်…”

 

ကော်ကျင်းယွီက ချက်ချင်း ဝင်ပြောလိုက်၏။

 

“နောက်ပိုင်းဆိုတာ မရှိတော့ဘူး… တစ်ခါဆို လုံလောက်ပြီ…!”

 

Chapter 19 ended

 

ငယ်ရွယ်မှုဆီသို့ ပြန်သွားခြင်း

ငယ်ရွယ်မှုဆီသို့ ပြန်သွားခြင်း

Status: Ongoing Type: Author: Released: 2020

Description

 

ဇူလိုင်လ၏ ချွေးတပြိုက်ပြိုက်ကျလောက်အောင် အိုက်စပ်ပူလောင်လှသော ရာသီဥတုကြီးထဲတွင် လူတွေ ပြည့်ကျပ်ညပ်နေသော စာသင်ခန်းကြီးထဲက ကျောင်းသားများသည် ဆက်တိုက်ဆိုသလို စာမေးပွဲဆိုသည့် ဖိအားများအောက်၌ အသက်ပင် ဝဝမရှူရဲကြရှာချေ။

 

ကော်ကျင်းယွီတစ်ယောက် ချွေးစေးလေးတွေ ပြန်နေလျက်ကနေ မော့ကြည့်လိုက်သည့်အခါ သူ့ရှေ့မှာ ထိုင်နေသည့် ကျောပြင်လေးကို မြင်လိုက်ရ၏။

 

ထိုကျောပြင်လေးက အမြဲတမ်း မတ်မတ်လေး ဖြစ်သည်။ ကျောင်းဝတ်စုံအောက်က ရှပ်အင်္ကျီဖြူလေးဆီမှ ဆပ်ပြာနံ့ သင်းသင်းလေးက ရနေတတ်ပြီး ဆံပင်စလေးတွေကလည်း သပ်သပ်ရပ်ရပ် ရှိလှသည်။ ထို့ပြင် စာရေးလိုက်တိုင်း ထွက်ပေါ်လာတတ်သည့် တည်ငြိမ်သော ခဲတံခြစ်သံ တရှပ်ရှပ်ကိုလည်း ကြားနေရ၏။

 

ကော်ကျင်းယွီသည် ရင်ထဲက အလုံးကြီး ကျသွားသလို သက်ပြင်းချလိုက်ပြီး ရယ်သံလွင်လွင်လေးနဲ့အတူ သူ့ရှေ့ကလူကို ဘောပင်နဲ့ နှစ်ချက်လောက် ဖွဖွလေး ထိုးလိုက်သည်။ ထို့နောက် တိုးတိုးလေး ခေါ်လိုက်၏။

 

"လီထုန်ကျိုး..."

 

ရှေ့ကလူက ခဏလောက် တန့်သွားသည်။ ဘာသံမှ ထွက်မလာသော်လည်း လက်တစ်ဖက်ကိုတော့ သူ့နောက်ကျောဘက်ဆီ ဆန့်ထုတ်ပေးလာ၏။

 

ကော်ကျင်းယွီက စားပွဲခုံပေါ် မှောက်ချလိုက်ပြီး ထိုလူ၏ လက်ဖဝါးလေးကို လက်ညှိုးနဲ့ လှမ်းထိုးလိုက်သည့်အခါ တစ်ဖက်လူက သူ့လက်လေးကို နူးနူးညံ့ညံ့ ဆုပ်ကိုင်လာခဲ့သည်။

 

ဆယ်ကျော်သက်အရွယ်ရဲ့ ပြင်းပြတဲ့ အချစ်တွေကြားမှာ မင်းက ငါ့ရဲ့ တစ်ဦးတည်းသောသူပါပဲ...

 

****

 

တိတ်ဆိတ်ပြီး အစွဲအလမ်းကြီးတဲ့ ကုန်း X တက်ကြွရွှင်လန်းပြီး လွတ်လွတ်လပ်လပ် နေတတ်သော ရှို့

 

=====

     

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset