Chapter 19
World 2 ( Chapter 6 )
ဗီလိန်ကြီးက ပေါင်ပေါ်တင်ကာ အနမ်းရာများ ပေးခြင်း၊ ညီအစ်ကိုနှစ်ယောက်၏ ပြိုင်ဆိုင်မှုနှင့် စေးကပ်စိုစွတ်သော အနမ်းများ
*****
တံခါးဝမှ အသံက လူနှစ်ယောက်စလုံး၏ အာရုံကို တစ်ပြိုင်နက်တည်း ဆွဲဆောင်သွားသည်။ ယွီရှုးနင်က မတ်တတ်ရပ်ကာ တံခါးသွားဖွင့်ရန် ပြင်လိုက်သော်လည်း အဒေါ့ဖ် ၏ အနားမှ ဖြတ်သွားချိန်တွင် သူက လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ ပေါင်ပေါ်သို့ ဆွဲချလိုက်၏။
“အား—!” ယွီရှုးနင်မှာ အမျိုးသား၏ မာကျောသော ပေါင်ပေါ်တွင် ထိုင်လျက်သား ဖြစ်သွားပြီး တစ်ကိုယ်လုံး တောင့်တင်းသွားရသည်။ လည်ကုပ်ကို အဆွဲခံလိုက်ရသော ကြောင်ပေါက်လေး တစ်ကောင်ကဲ့သို့ပင်။ “အဒေါ့ဖ်… ခင်ဗျား ဒါ ဘာလုပ်တာလဲ…”
အဒေါ့ဖ်၏ သန်မာသော လက်မောင်းများက ရင်ခွင်ထဲရှိ အလှလေးကို ရစ်ပတ်ထားပြီး မေးစေ့ကိုပင် ပခုံးပေါ်သို့ တင်ထားလိုက်သည်။ “နင်… မင်း ခန္ဓာကိုယ်ပေါ်က အနမ်းရာတွေက… အပြင်က ယောကျ်ားတစ်ယောက် ပေးထားခဲ့တာလား…”
ယွီရှုးနင်က ကြောင်တောင်တောင်ပင် ဖြစ်သွား၏။ “အနမ်းရာ?”
“မင်း တကယ်ကို မသိတာပဲ။” အဒေါ့ဖ်က ပြုံးလိုက်သည်။ “နင်… သူက တကယ် ဆိုးတာပဲနော်… ဟုတ်တယ်မလား… အဲဒီယောကျ်ားက မင်း အိပ်ပျော်နေတဲ့အချိန်မှာ မင်းအိမ်ထဲကို လူမရှိတဲ့ နေရာတစ်ခုလို သဘောထားပြီး ခိုးဝင်လာတယ်… ပြီးတော့ မင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသားအနေနဲ့ အနမ်းရာတွေ ပေးသွားခဲ့တယ်…”
မဟုတ်သေးဘူး… ဘယ်လိုပဲဖြစ်ဖြစ် သူက တစ်ကိုယ်လုံး အနမ်းခံလိုက်ရတာကိုတောင် သတိမထားမိဘဲ နေမှာမဟုတ်ဘူး… သူ သတိလစ်နေခဲ့တာကလွဲရင်ပေါ့။
စောစောက စနစ်က တခြားလူတွေ ပေးတဲ့အရာတွေကို ဖြစ်ကတတ်ဆန်း မသောက်ဖို့ သတိပေးခဲ့သည်ကို တွေးမိပြီး ယွီရှုးနင်က တံတွေးမြိုချလိုက်၏။ [ရှုး များလား…]
System 520 — [ဟက်… မလွယ်ပါလား… တခြားလူတွေက အဖြေကို အမှုန့်ကြိတ်ပြီး မင်းပါးစပ်ထဲကို ခွံ့ကျွေးနေတာတောင် အခုမှ သိတော့တယ်။]
ယွီရှုးနင်က စိတ်ထဲမှ မျက်လုံးလှန်လိုက်သည်။ [မင်းပဲ အရမ်းစွမ်းပြနေ… မင်းသာဆိုရင်ရော သိမှာမို့လို့လား…]
System 520 က သတိကင်းမဲ့လွန်းသော Host နှင့် စကားမပြောချင်တော့ပေ။ ၎င်းသာဆိုလျှင် အစကတည်းက ဤမျှလောက် များပြားသော သောက်ရူးများကို ဆွဲဆောင်မိမည် မဟုတ်ချေ။
“သူ့ကို တံခါးဖွင့်ပေးမှာလား… သူက လူကောင်း မဟုတ်ဘူးနော်…” အဒေါ့ဖ်က တိုးညှင်းစွာ ပြောလိုက်၏။
ယွီရှုးနင်က မျက်နှာကို တည်ထားပြီး အဒေါ့ဖ်ကို တွန်းလိုက်သည်။ “ခင်ဗျား ကျွန်တော့်ကို လွှတ်… ခင်ဗျားကလည်း လူကောင်းမှ မဟုတ်တာ…”
“နင်နင်… ကိုယ် မင်းကို ဒီလိုခေါ်ချင်နေတာ ကြာပြီ… မင်း ပြောတာ မှန်ပါတယ်… ကိုယ်လည်း လူကောင်းတော့ မဟုတ်ဘူး… ဒါပေမယ့် အနည်းဆုံးတော့ ကိုယ်က အဲဒီယောကျ်ားလို ခိုးကြောင်ခိုးဝှက်တော့ မလုပ်ဘူးလေကွာ…”
တံခါးဘဲလ်သံက အထိန်းအကွပ်မဲ့စွာဖြင့် ပိုမို မြန်ဆန်လာ၏။ အဒေါ့ဖ်၏ မျက်ဝန်းများတွင် အေးစက်သော အလင်းရောင်များ လက်ခနဲ ဖြစ်သွားပြီး ရင်ခွင်ထဲရှိ လူ၏ သေးသွယ်သော ခါးလေးကို ဆုပ်ကိုင်ကာ ဖြူဖွေးနူးညံ့သော လည်ကုပ်လေးပေါ်သို့ ပူပြင်းလှသော အနမ်းပေါင်းများစွာကို ခြွေချလိုက်တော့သည်။
“အင်း…” ရင်းနှီးကျွမ်းဝင်နေသော အခေါ်အဝေါ်ကြောင့် ယွီရှုးနင် အနည်းငယ် လန့်သွားရသည်။ အနောက်တိုင်းသား တစ်ယောက်က ဘာဖြစ်လို့ သူ၏ နာမည်ပြောင်ကို ဤမျှလောက် ပီသစွာ ခေါ်နိုင်ရသနည်း ဆိုသည်ကိုပင် စဉ်းစားချိန် မရလိုက်ဘဲ အရေပြားပေါ်သို့ ကျရောက်လာသော ပြင်းထန်သည့် စုပ်နမ်းမှုများကြောင့် အာရုံများ လွင့်ပါးသွားရတော့၏။
သေးသွယ်သော အလှလေးမှာ အမျိုးသား၏ ရင်ခွင်ထဲတွင် လုံးဝ ရစ်ပတ်ခံထားရပြီး ခန္ဓာကိုယ် အရွယ်အစားက တစ်ဆခန့် သေးငယ်နေသဖြင့် အလွယ်တကူပင် ဖိချုပ်ခံလိုက်ရသည်။ လည်ပင်းနှင့် ညှပ်ရိုးပေါ်ရှိ အရောင်ဖျော့နေသော အရာလေးများပေါ်တွင် နောက်ထပ် ယောကျ်ားတစ်ယောက်၏ တံဆိပ်အဖြစ် အမှတ်အသား အသစ်များ ထပ်မံ ရိုက်နှိပ်ခံလိုက်ရတော့လေ၏။
“အဒေါ့ဖ်… မလုပ်ပါနဲ့…” ယွီရှုးနင်၏ မျက်ရည်လေးများပင် ထွက်လာတော့သည်။ အမျိုးသားက သူ၏ ခန္ဓာကိုယ်ပေါ်တွင် စည်းကမ်းမဲ့စွာ နမ်းရှိုက်နေရုံသာမက လက်များကလည်း အဆက်မပြတ် လှုပ်ရှားနေ၏။ ခံစားလွယ်သော ခါးဘေးဘက်ကို ပွတ်သပ်နေပြီး အပေါ်သို့ တဖြည်းဖြည်း တက်လာကာ လက်မက ချယ်ရီသီးလေး နှစ်လုံးကို ရှာတွေ့သွားပြီး အပြန်အလှန် ပွတ်တိုက်ပေးနေသည်။ ပါးပြင်လေးများ ပန်းရောင်သန်းနေသော အလှလေးမှာ တစ်ကိုယ်လုံး တုန်ရီနေပြီး ခါးလေးမှာ အလွန် ပျော့ခွေနေသဖြင့် ထိုင်၍ပင် မရတော့ချေ။
‘ဒိုင်း’ ဟူသော အသံနှင့်အတူ ပါးလွှာသော တံခါးချပ်လေးမှာ ကန်ဖွင့်ခံလိုက်ရသည်။ အဒေါ့ဖ်က မျက်နှာအမူအရာ မပြောင်းလဲဘဲ ရင်ခွင်ထဲမှ မိမိကိုယ်တိုင် ပြုလုပ်ထားသောကြောင့် အသက်ရှူမြန်နေသည့် အလှလေးကို ဖက်ကာ မတ်တတ်ရပ်လိုက်ပြီး ပြင်းထန်စွာ ဝင်လာသော လက်သီးတစ်ချက်ကို ရှောင်လိုက်၏။
“နင်… ဘာလို့ တံခါးမဖွင့်တာလဲ… မင်းကို လူဆိုးတွေ ဖမ်းထားမှာစိုးလို့ ကိုယ်က ရိုင်းရိုင်းစိုင်းစိုင်းပဲ တံခါးကို ကန်ဖွင့်လိုက်ရတယ်…” ရှုးက လက်သီးချက် လွဲသွားသော်လည်း စိတ်ပျက်မသွားခဲ့ချေ။ သူ၏ ယဉ်ကျေးသိမ်မွေ့သော ပုံစံကို ဆက်လက် ထိန်းသိမ်းထားဆဲပင်။ သို့သော် သူ၏ မျက်လုံးများကမူ ပူးကပ်နေသော လူနှစ်ယောက်ကို စူးစိုက်ကြည့်နေပြီး မျက်နှာအမူအရာက အနည်းငယ် ပုံပျက်နေ၏။
“ကျွန်တော့်ကို လွှတ်!” ဝူဝမ် နှင့် တူသော ရှုး ၏ အရှေ့တွင် ယွီရှုးနင်က အံ့သြဖွယ်ကောင်းသော ခွန်အားများ ထွက်ပေါ်လာသည်။ သူ တွန်းရုန်းနေမှုကြောင့် ဒဏ်ရာရသွားမည်ကို စိုးရိမ်သဖြင့် အဒေါ့ဖ် မှာ သူ၏ လှုပ်ရှားမှုများကို မလွှဲမရှောင်သာ ရပ်တန့်လိုက်ရတော့၏။
ယွီရှုးနင်က ကြမ်းပြင်ပေါ်သို့ ရောက်သည်နှင့် ရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်သွားလိုက်ပြီး အဒေါ့ဖ် ၏ ဘေးမှ ထွက်ခွာရန် ကြိုးစားလိုက်သည်။ သူ၏ လက်ထဲတွင် မျက်မမြင်တုတ် မရှိသဖြင့် အလောတကြီးဖြင့် လမ်းကြောင်း ပျောက်ဆုံးသွားပြီး ဘီရိုကို ဝင်တိုက်မိတော့မည့် အချိန်တွင် ရှုးက ဆွဲယူလိုက်ကာ ရင်ခွင်ထဲသို့ တစ်ပါတည်း ဖက်ထားလိုက်၏။
အေးစက်သော လက်ချောင်းများက အလှလေး၏ သေးသွယ်နူးညံ့သော လည်ပင်းလေးပေါ်သို့ ပွတ်သပ်သွားသည်။ ရှုး၏ မျက်ဝန်းများတွင် ရွံရှာသော အမူအရာများ လက်ခနဲ ဖြစ်သွားပြီး လက်ကိုင်ပဝါကို ထုတ်ကာ သေချာစွာ အကြိမ်အနည်းငယ် သုတ်သင်လိုက်၏။
“ရှုး…” အာရုံစူးစိုက်မှု မရှိသော အလှလေးက ခေါင်းကို မော့ကာ သူ့ကို ထိတ်လန့်ကြောက်ရွံ့စွာဖြင့် အပြစ်ကင်းစင်စွာ ကြည့်နေသည်။ ထို့ကြောင့် ရှုး၏ မျက်နှာအမူအရာက နူးညံ့သွားပြီး လူကို ဖက်ထားကာ ညင်သာစွာ ပုတ်ပေးလိုက်၏။
“မင်းက ဒီလို လူယောင်ဆောင်ထားတဲ့ ခွေးမျက်နှာမျိုးနဲ့ လူတွေကို လိမ်စားနေတာလား။” အဒေါ့ဖ်က ရှုး၏ ဟန်ဆောင်ကောင်းလှသော နူးညံ့သည့် ပုံစံကို ကြည့်မရချေ။ တကယ့် ဝံပုလွေကြီး ဖြစ်နေလျက်သားနှင့် လူကောင်းယောင်ဆောင်ကာ နင်နင် ကို လိမ်ညာနေတော့သည်။
“တိရစ္ဆာန်ထက် ဆိုးတဲ့သူတွေထက်တော့ ပိုကောင်းပါသေးတယ်။” ရှုး၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာ၏။ “နင်… ဒီလူက မင်းကို အနိုင်ကျင့်နေတာလား… ကိုယ် မင်းအတွက် သူ့ကို သင်ခန်းစာ ပေးလိုက်မယ်လေ…”
အဒေါ့ဖ်က မျက်လုံးများကို အနည်းငယ် မှေးလိုက်သည်။ “နင်နင်… မင်း ငါ့စကားကို မယုံသေးဘူးလား… သူက မင်း အိပ်ပျော်နေတဲ့ အချိန်မှာ လက်ဆော့ခဲ့တာ… တစ်နေ့ကျရင် မင်းလို သိုးပေါက်လေးကို အရိုးတောင် မချန်ဘဲ စားပစ်လိမ့်မယ်…”
ရှုးက အေးစက်စွာ ရယ်မောလိုက်ပြီး ဘီရိုရှေ့သို့ အမြန်လျှောက်သွားကာ နာရီထဲတွင် ဝှက်ထားသော လုံခြုံရေး ကင်မရာကို ဆွဲထုတ်လိုက်သည်။ ထို့နောက် ကြမ်းပြင်ပေါ်သို့ ပစ်ချကာ နင်းခြေပစ်လိုက်၏။
“နင်နင်… ဒီလူက ဒီနေ့ မင်းအိမ်ထဲမှာ ကင်မရာ တပ်ပြီး မင်းကို စောင့်ကြည့်ရဲတယ်ဆိုရင်… မနက်ဖြန်ကျရင် မင်းကို လူမရှိတဲ့ နေရာတစ်ခုဆီ ဖမ်းသွားပြီး သော့ခတ်ထားရဲလိမ့်မယ်…”
သူက တစ်ခါပဲ ကြားလိုက်ရသော်လည်း “နင်နင်” ဟူသော အသံထွက်ကို မှတ်မိသွားပြီး အလိုအလျောက် ပြောထွက်သွားခဲ့သည်။ ဤနာမည်လေးကို ရင်ထဲတွင် စောင့်ဆိုင်းနေခဲ့သည်မှာ ကြာပြီဟု ခံစားရသော်လည်း တခြားယောကျ်ားတစ်ယောက်၏ ပါးစပ်မှ ထွက်လာသည်ကို ကြားလိုက်ရသဖြင့် ရှုးကို အလွန် ဒေါသထွက်စေခဲ့၏။
အဒေါ့ဖ်၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားသည်။ ဤကဲ့သို့သော အတွေးမျိုး သူ့တွင် တကယ်ရှိခဲ့မှန်း သိသာလှ၏။ ရှုးက လူကို ဖက်ထားသော လက်ကို တင်းကျပ်လိုက်ပြီး အနည်းငယ်မျှ အလျှော့မပေးဘဲ သူ့ကို ရင်ဆိုင်နေလိုက်သည်။
ယွီရှုးနင်က ဗီလိန်ကြီး နှစ်ယောက် ရန်ဖြစ်နေသည်ကို ဘာလုပ်ရမှန်းမသိဘဲ နားထောင်နေရ၏။ မျက်နှာပေါ်ရှိ ဝေခွဲမရဖြစ်နေသော အမူအရာများမှာ အပြင်သို့ပင် လျှံကျလာတော့မည်။ “ကျွန်တော်… ခင်ဗျားတို့ အရင် မရန်ဖြစ်ကြပါနဲ့ဦး…”
သနားစရာကောင်းသော အလှလေး… ပထမက ဖော်ရွေပြီး နူးညံ့သည့် အိမ်နီးချင်း သူငယ်ချင်းက ညဘက် ပန်းခူးတဲ့ သူခိုး (ကာမလိမ်လည်သူ) ဆိုတာကို သိလိုက်ရတယ်… အခုကျတော့ အသစ်သိရတဲ့ အိမ်နီးချင်းကလည်း ကိုယ့်အိမ်မှာ ကင်မရာ လာတပ်တဲ့ သောက်ရူး ဖြစ်နေပြန်ရော… သူ ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ ဟု ယောကျ်ားနှစ်ယောက်က စိတ်တူကိုယ်တူ တွေးလိုက်ကြ၏။
“အဒေါ့ဖ်… ခင်ဗျား… ခင်ဗျား အရင် ပြန်သွားပါလား… ကျွန်တော့်မှာ ကိစ္စလေး ရှိသေးလို့…”
နောက်ဆုံးတွင်တော့ ယွီရှုးနင်က ရှုး ကို ရွေးချယ်လိုက်သည်။ ရှုးက တကယ်ပဲ ဝူဝမ် ဟုတ်မဟုတ် ဆိုတာကို သူ သိချင်သည်။ အဒေါ့ဖ်က သူ့နာမည်ပြောင်ကို ခေါ်လိုက်သည့် လေသံကလည်း ရင်းနှီးနေသော်လည်း ရှုးက ဖြစ်နိုင်ခြေ ပိုများနေသည် မဟုတ်လား…
ထိုစကားကို ကြားလိုက်ရသဖြင့် ရှုးက ရန်စသည့် အမူအရာကို ပြသလိုက်သည်။ အဒေါ့ဖ်၏ မျက်ဝန်းများ မှောင်မိုက်သွားပြီး ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားတော့၏။ ရှုး၏ ဘေးမှ ဖြတ်သွားချိန်တွင် သူက အသံကို နှိမ့်ကာ ပြောလိုက်သည်။
“သတိထား ဒေါက်တာ… ခင်ဗျားရဲ့ လျှို့ဝှက်ချက်ကို ကျုပ် သိတယ်… အရမ်း လွယ်လွယ်ကူကူနဲ့တော့ အဖမ်းမခံလိုက်နဲ့ဦး… ခင်ဗျားကိုသတ်ဖို့ ကျုပ်ကို အခွင့်အရေးလေးတော့ ပေးပါဦး…”
အဒေါ့ဖ်က သူ၏ အားနည်းချက်ကို သူ သိသည်။ နင်နင် နှင့် သိကျွမ်းခဲ့ရသော အချိန်က တိုတောင်းလွန်းသည်။ ထို့အပြင် သူသည် ထိုယောကျ်ားလို ဟန်ဆောင်မကောင်းချေ။ အဆိပ်ကို ချိုမြိန်သော သကြားလုံးဖြင့် ဖုံးအုပ်ကာ တခြားလူများကို ကျွေးတတ်မည် မဟုတ်ပေ။ သူက အစဦးဆုံးနှင့် အရိုင်းစိုင်းဆုံး နည်းလမ်းကို အသုံးပြုကာ လူကို သူ့အနားသို့ လုယူလာရုံသာ တတ်နိုင်၏။
ရှုးက တံခါးပိတ်သွားသည်ကို ကြည့်ပြီးနောက် အိမ်ထဲတွင် တစ်ပတ် လှည့်ပတ်ကြည့်ရှုလိုက်သည်။ ကင်မရာများ အားလုံးကို ဖြုတ်ယူကာ ဖျက်ဆီးပစ်လိုက်ပြီးမှသာ ယွီရှုးနင်ကို ဆွဲခေါ်ကာ ထမင်းစားပွဲရှေ့တွင် ထိုင်ခိုင်းလိုက်၏။ စက္ကူအိတ်ထဲမှ ကိတ်မုန့်ငယ်လေး တစ်ခုကို ထုတ်ယူလိုက်သည်။
“ဒါက ကိုယ် ဒီနေ့ သီးသန့် မှာထားတဲ့ ရေသူလေး ကိတ်မုန့်… ပြီးတာနဲ့ ကိုယ် သွားယူလာတာ… မင်း သဘောကျမယ်လို့ မျှော်လင့်ပါတယ်။”
ယွီရှုးနင်က ကြောင်တောင်တောင် ဖြစ်သွား၏။ ရှုးက အိပ်မက်ထဲတွင် သူ မေးခဲ့သော စကားကို မှတ်မိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက System 520 ကို ကိတ်မုန့်ကို ဓာတ်ပုံရိုက်ပြီး သူ၏ ဦးနှောက်ထဲတွင် ပြသခိုင်းလိုက်သည်။
System 520 မှာ ရှားရှားပါးပါးပင် ဟန်းသွားရ၏။ ယွီရှုးနင်က အလျင်စလို လုပ်ခိုင်းမှသာ ဓာတ်ပုံရိုက်ပြလိုက်သည်။ ယွီရှုးနင်က ကြည့်ပြီးနောက် ထိုနေရာတွင်ပင် အေးခဲသွားတော့၏။ System 520 ကလည်း ယခင်ကမ္ဘာက Host ၏ ရုပ်သွင်နှင့် အနည်းငယ်မျှပင် ကွာခြားမှု မရှိသော သကြားလုံး ရေသူလေး ကိတ်မုန့်ကို ကြည့်ကာ ဆွံ့အသွားတော့သည်။
[ယုတ္တိရှိရှိ ပြောရရင်… ကမ္ဘာငယ်လေးတစ်ခုက လူတစ်ယောက်က နောက်ထပ် ကမ္ဘာငယ်လေးတစ်ခုဆီကို ကူးသွားတယ်ဆိုတာ မဖြစ်နိုင်ပါဘူး…ချို့ယွင်းချက်များလား…] System 520 မှာ အလွန် အံ့အားသင့်နေ၏။
ယွီရှုးနင်က နှုတ်ခမ်းကို ကိုက်လိုက်သည်။ [စနစ်… တကယ်လို့ Bug ဖြစ်နေရင်တောင်… မင်း အဲဒါကို ပင်မစနစ်ဆီကို Report မတင်ဘဲ နေလို့ရမလား… ဘယ်လိုပဲဖြစ်ဖြစ် ငါက တာဝန်ကို သေချာ ပြီးအောင် လုပ်မှာပါ… အဲဒါက ဘာမှ မထိခိုက်နိုင်ပါဘူး… ဟုတ်တယ်မလား…]
Host ထံမှ ရှားရှားပါးပါး ထွက်ပေါ်လာသော သတိထားကာ မေးမြန်းသည့် စကားသံကို ကြားလိုက်ရသဖြင့် System 520 ၏ လည်ပတ်မှု အရှိန်က အလွန် လျင်မြန်စွာ မြင့်တက်လာ၏။ အချိန်အတော်ကြာပြီးနောက်မှသာ ပြန်လည် ဖြေကြားလိုက်သည်။
[ငါ အရင်ဆုံး Report မတင်သေးဘူး… ငါ့ကို စစ်ဆေးခွင့်ပြုပါဦး…]
ယွီရှုးနင်က ဘာမှမလှုပ်ရှားဘဲ ငြိမ်နေသည်ကို မြင်လိုက်ရသဖြင့် ရှုးက ဇဝေဇဝါဖြင့် မေးလိုက်၏။
“နင်နင်… ဘာဖြစ်လို့လဲ… မင်း သဘောမကျလို့လား…”
ယွီရှုးနင်က ကမန်းကတန်း ခေါင်းခါပြလိုက်သည်။ “မဟုတ်ပါဘူး… ကျွန်တော် သဘောကျပါတယ်… ကျွန်တော် စဉ်းစားနေတာက… ဘယ်လိုပုံစံလေး ဖြစ်မလဲဆိုတာကို အရမ်း မြင်ချင်နေလို့ပါ…”
ရှုးက မျက်လွှာချကာ နှုတ်ခမ်းကို စေ့လိုက်၏။
“မင်းရဲ့ မျက်စိတွေက… ဘာအကြောင်းကြောင့်… ပြန်ကောင်းလာဖို့ မရှိတော့တာလဲ…”
“အင်း… ဘာအကြောင်းကြောင့်မှန်းတော့ မသိဘူး… ပြန်မကောင်းနိုင်တော့ဘူး…” ယွီရှုးနင်က တိုးတိုးလေး ပြောလိုက်သည်။ တခြား ဘာအကြောင်း ရှိနိုင်ဦးမှာလဲ… အားလုံးက စနစ်ကြောင့်ပဲလေ။
“တကယ်ကို နှမြောစရာပဲ… ကိုယ့်ရဲ့ ရုပ်သွင်ကို မင်းကို ဘယ်လောက်တောင် မြင်စေချင်နေလဲဆိုတာ…” ရှုးက သက်ပြင်းချလိုက်၏။ တကယ်လို့ ရုပ်သွင်ကိုသာ မြင်ရရင် သူ့ကို တခြားသူတစ်ယောက်လို့ ထင်နေတော့မှာ မဟုတ်ဘူးမလား…
ယွီရှုးနင်က ယခုအခါ ရှုး သည် ယင်ဝူဝမ် ဖြစ်ကြောင်း ရှစ်ဆယ်ရာခိုင်နှုန်းခန့် သေချာနေပြီ ဖြစ်သဖြင့် သူ့အပေါ် ပို၍ ရင်းနှီးလာခဲ့သည်။ ထိုစကားကို ကြားလိုက်ရသဖြင့် ပြုံးလိုက်၏။
“ကျွန်တော် တခြားနည်းလမ်းနဲ့လည်း မြင်အောင် လုပ်လို့ရပါတယ်…”
ရှုးက နားလည်သွားသည့်အလား ပြုံးလိုက်ပြီး သူ၏ လက်ကို ဆုပ်ကိုင်ကာ မိမိ၏ မျက်နှာပေါ်သို့ တင်ပေးလိုက်သည်။ ယွီရှုးနင်က ရှုး မည်သို့ ရုပ်ထွက်ရှိသည်ကို စောစောကတည်းက သိထားပြီး ဖြစ်သည်။ သို့သော်လည်း သူက တစ်လက်မချင်းစီ သေချာစွာ ပွတ်သပ်ကြည့်လိုက်၏။ နက်ရှိုင်းသော မျက်ခွံချိုင့်မှသည် ချွန်မြသော နှာတံ၊ ပုံပန်းကျလှပသော နှုတ်ခမ်းများနှင့် ချောမောသော မျက်နှာလေးအထိပင်။
“ခင်ဗျားက သေချာပေါက် အရမ်းချောမှာပဲ။” ယွီရှုးနင်က ချစ်စရာကောင်းအောင် ပြုံးလိုက်၏။ “ရှုး က အရမ်း လူကြိုက်များမှာပဲနော်… ခင်ဗျားကို ချစ်ရေးဆိုတဲ့သူတွေ အများကြီး ရှိလား… ခင်ဗျား ရည်းစားထားဖူးလား…”
ရှုး၏ နှုတ်ခမ်းထောင့်က ကွေးညွတ်သွားပြီး နှုတ်ခမ်းများက အလှလေး၏ လက်ဖဝါးကို မသိမသာလေး ပွတ်တိုက်သွား၏။
“မရှိပါဘူး… ကိုယ်က လူတစ်ယောက် ပေါ်လာမယ့်အချိန်ကို အမြဲတမ်း စောင့်နေခဲ့တာပါ… အချစ်လေး…”
ယွီရှုးနင်၏ နှလုံးသားက ဒိတ်ဒိတ်ကြဲ ခုန်လာတော့သည်။ လက်ကို ပြန်ရုပ်လိုက်သော်လည်း ထိုနွေးထွေးသော အထိအတွေ့က လက်ချောင်းထိပ်များတွင် ကျန်ရစ်နေဆဲ ဖြစ်သဖြင့် သူ၏ ပါးပြင်များကို မထိန်းနိုင်ဘဲ ပူနွေးလာစေ၏။
“ရှုး… ခင်ဗျား ကျွန်တော့်ကို သဘောကျနေလား…” သူက တိုးတိုးလေး မေးလိုက်သည်။
မျက်နှာ နီမြန်းနေသော အလှလေးကို ကြည့်ရင်း ရှုးက သူ၏ စကားကို ပြန်မဖြေဘဲ သူ၏ မျက်နှာနားသို့ တဖြည်းဖြည်း တိုးကပ်သွား၏။
“အဲဒီလူ ပြောတာ တကယ်ဖြစ်နေမှာကို မင်း မကြောက်ဘူးလား… ကိုယ်က ညသန်းခေါင်ကြီး ခိုးဝင်လာပြီး မင်းအပေါ် မကောင်းတဲ့ကိစ္စတွေ လုပ်ခဲ့တယ်ဆိုတာကိုလေ…”
ယွီရှုးနင်က မျက်တောင်လေးများကို ပုတ်ခတ်လိုက်သည်။ “သူ ပြောတာတွေက အမှန်ဖြစ်ချင်မှ ဖြစ်မှာလေ…”
အမှန်ဖြစ်ချင်မှ ဖြစ်မှာလေ တဲ့လား။ System 520 က အညှာအတာကင်းမဲ့စွာဖြင့် အပြစ်တင်လိုက်၏။ Host က သူ၏ ယောကျ်ားဘက်ကို လိုက်နေတာ… သံသယရှိရုံလေး ရှိတဲ့သူတစ်ယောက်ကိုတောင်မှ သမုဒ္ဒရာကြီးတစ်ခုစာလောက် အလျှော့ပေးနေတာပဲ။
ရှုးက တိုးတိုးလေး ရယ်မောလိုက်၏။
“နင်နင်… ကိုယ် မင်းကို နမ်းလို့ရမလား…”
ပြောရင်းဖြင့် အမျိုးသားက အလှလေး၏ ကြွေသားကဲ့သို့ ဖြူဖွေးသော ပါးပြင်လေးနားသို့ အလိုအလျောက် တိုးကပ်သွားသည်။ သူ၏ အရှိန်က အနည်းငယ် နှေးကွေးနေပြီး နောက်ဆုံးအကြိမ် ငြင်းဆန်ရန်နှင့် ထွက်ပြေးရန် အခွင့်အရေး ပေးနေသည့်အလားပင်။
အလှလေး၏ ရှည်လျားပြီး ကော့ညွတ်နေသော မျက်တောင်လေးများက ထိတ်လန့်တကြားဖြင့် အကြိမ်အနည်းငယ် တုန်ယင်သွားသည်။ ၎င်းနောက် သူက မျက်လုံးများကို မှိတ်လိုက်၏။ လုံးဝ ခွင့်ပြုထားပြီး အနည်းငယ်မျှ ဖုံးကွယ်ထားခြင်း မရှိသော အနေအထားမျိုးဖြင့် ဖြစ်သည်။
ရှုး၏ မျက်ဝန်းများက မှောင်မိုက်သွားပြီး ခေါင်းကို ငုံ့ကာ သူ့ကို နမ်းလိုက်တော့၏။
နှုတ်ခမ်းများ တစ်ခုနှင့်တစ်ခု ထိကပ်သွားသည်။ ရှုးက အလှလေး၏ ပြည့်စုံသော နှုတ်ခမ်းသားလေးကို ငုံထွေးကာ တစ်ချက် စုပ်ယူလိုက်ပြီး သည်းခံမှု အပြည့်ဖြင့် သေချာစွာ လျက်ပေးနေ၏။ လျှာက နှုတ်ခမ်းသားကို ဖိကာ အထဲသို့ ဝင်ရောက်သွားပြီး စိုစွတ်နွေးထွေးကာ နူးညံ့သော ပါးစပ်လေးအတွင်းရှိ အသားနုလေးများကို ရစ်ပတ်လျက်ပေးနေသည်။ နောက်ဆုံးတွင်တော့ ပန်းရောင်သန်းနေသော လျှာလေးကို ငုံထွေးကာ အားပါပါဖြင့် စုပ်ယူလိုက်၏။ စေးကပ်သော ‘ပြွတ်… ပြွတ်…’ ဟူသည့် ရေစိုသံများက အဆက်မပြတ် ထွက်ပေါ်နေသဖြင့် ကြားရသူ၏ မျက်နှာကို နီမြန်းကာ ရင်ခုန်မြန်လာစေသည်။
ယွီရှုးနင်က ပါးစပ်ကို ဟထားပြီး အနမ်းခံရလွန်းသဖြင့် နှုတ်ခမ်းများမှာ စိုရွှဲကာ နီရဲနေပြီး လျှာရင်းများပင် ထုံကျဉ်နေ၏။ စေးကပ်စိုစွတ်သော အနမ်းကြောင့် သူ၏ ဦးနှောက်မှာ အောက်ဆီဂျင် ပြတ်လပ်သွားပြီး ခန္ဓာကိုယ်မှာ ပျော့ခွေသွားကာ အမျိုးသား၏ ရင်ခွင်ထဲသို့သာ မှီတွယ်ထားရတော့သည်။ လိမ္မာရေးခြားရှိစွာပုံစံလေးဖြင့်
အကူအညီမဲ့စွာ ခံယူနေရ၏။
အားလုံးက အတူတူပဲ… ဘယ်ကမ္ဘာက ဗီလိန်ကြီးပဲဖြစ်ဖြစ် လူကို နမ်းရင် အရမ်း ကြမ်းတမ်းတာချည်းပဲ။ ယွီရှုးနင်က မျက်လုံးများကို ဖွင့်လိုက်ပြီး လျှာဖျားဖြင့် အမျိုးသား၏ လျှာကို ထောက်ကာ တွန်းဖယ်ရန် ကြိုးစားလိုက်သည်။ သို့သော် လျှာကို ချိတ်ဆွဲခံလိုက်ရပြီး ပို၍ပင် ပြင်းထန်စွာ အနမ်းခံလိုက်ရ၏။ တိမ်သော လည်ချောင်း အပိုင်းကိုပင် အထိုးခံလိုက်ရသဖြင့် လှုံ့ဆော်မှုကြောင့် မျက်လုံးများ စိုရွှဲလာပြီး သနားစရာကောင်းသော ညည်းညူသံလေးများ ထွက်ပေါ်လာတော့သည်။
“အင်းဟင်း… မနမ်းနဲ့တော့…” ယွီရှုးနင်က အနည်းငယ် ရုန်းကန်လိုက်သည်။ နှုတ်ခမ်းပေါ် ရောက်တာနဲ့ ဘယ်လိုမှ စားလို့မဝနိုင်သလို ဖြစ်နေတဲ့ အကျင့်ကလည်း ပါလာသေးတယ်… ဒါက အရိုးထဲထိ စွဲနေတဲ့ လုယူချင်တဲ့ မျိုးရိုးဗီဇတွေပဲ။
ရှုးက သူ့ကို လွှတ်ပေးလိုက်ပြီး လက်ချောင်းထိပ်လေးဖြင့် အလှလေး၏ ရောင်ရမ်းနေသော နှုတ်ခမ်းလေးကို ပွတ်သပ်ပေးလိုက်၏။
“နင်နင်… မင်းက အရမ်း ချိုတာပဲ… တကယ်ကို ကိုယ့်ရဲ့ အချစ်လေးပဲ…”
ယွီရှုးနင်က မကျေမနပ်ဖြင့် အမျိုးသားကို တစ်ချက် ရိုက်လိုက်သည်။ ရှုးက အခြေအနေကို အခွင့်ကောင်းယူကာ မေးလိုက်၏။
“ဒီည ကိုယ်နဲ့ အတူတူ အိပ်မလား… အချစ်လေး…”
“ဟင့်အင်း။” ယွီရှုးနင်က အနည်းငယ်မျှပင် မစဉ်းစားဘဲ ငြင်းဆန်လိုက်တော့သည်။
မအိပ်ပါဘူး… ဒီတိုးတက်မှု အရှိန်ကလည်း အရမ်း မြန်လွန်းတယ်… ပြီးတော့ တကယ်လို့ သဘောတူလိုက်ရင် ကျားခံတွင်းထဲကို သိုးပေါက်လေး ဝင်သွားသလို ဖြစ်နေမှာပေါ့… ဒါ့အပြင် သူက [အိပ်မက်ထဲ ဝင်ရောက်ခြင်း] ကို သုံးရဦးမယ်လေ… ရှုး နဲ့ အတူတူ အိပ်ရင် ဘယ်လိုလုပ် သုံးလို့ရမှာလဲ။
ရှုးက နှမြောတသစွာဖြင့် ပြောလိုက်၏။
“ကောင်းပါပြီ… နင်နင်… အရှေ့တိုင်းသားတွေက အမြဲတမ်း ရှက်တတ်ကြတာပဲ… ကိုယ်နဲ့ အတူတူ အိပ်မယ့်နေ့ကို မျှော်လင့်နေပါ့မယ်…”
Chapter 19 ended
World 2 Chapter 6 ended