Chapter 20
World 2 Chapter 7
ရှုး၏ အကျပ်အတည်း၊ မြေပုံကျယ်ပြန့်လာပြီး ကမ္ဘာငယ်လေး အဆင့်တက်သွားခြင်း၊ အလှလေး လူမှားပြီး ဗီလိန်ကြီး၏ ခေါ်ဆောင်သွားခြင်းကို ခံရခြင်း
*****
System 520 က ရှုး၏ခန္ဓာကိုယ်တွင် ပုံမှန်မဟုတ်သည်များကို ရှာမတွေ့ခဲ့သဖြင့် Report မတင်ဘဲ မသိချင်ယောင်ဆောင်နေပေးမည်ဟု ပြောခဲ့သော်လည်း ယွီရှုးနင်မှာ မကြာသေးမီက အနည်းငယ် စိတ်ရှုပ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် [အိပ်မက်ထဲဝင်ရောက်ခြင်း] အား လုံးဝ အသုံးပြု၍ မရသောကြောင့် ဖြစ်၏။
ဤအခြေအနေက ရှုးနှင့် သူ၏ အကွာအဝေးက အလွန်ဝေးကွာနေခြင်းကြောင့် ဖြစ်နိုင်သလို ရှုးက လုံးဝ အိပ်မနေခြင်းလည်း ဖြစ်နိုင်ပေသည်။ ရှုးက တစ်နေ့ကုန် တစ်ညလုံး တရားထိုင်ပြီး နတ်သမီးဖြစ်တော့မည့်အလား ဘာတွေလုပ်နေမှန်းကို ယွီရှုးနင် မသိခဲ့ချေ။
ရှုးက ရုံးခန်းတွင် အိပ်ရေးဝအောင် အိပ်ထားသည်လား မသိသော်လည်း သူ့ဆီကိုလာပြီး အခွင့်အရေးယူသည့် အခါတိုင်းတွင်တော့ အလွန် တက်ကြွနေတတ်သည်။
သူမကျေမနပ်ဖြစ်နေသော ရှုးသည် အနည်းငယ်မျှ မတော်တဆဖြစ်သွားပါက အသက်အန္တရာယ်ရှိနိုင်သည့် အလွန်အန္တရာယ်များသော အခြေအနေထဲတွင် ရောက်ရှိနေကြောင်းကိုမူ ယွီရှုးနင် မသိရှိခဲ့ချေ။
ညဘက်အလုပ်ဆင်းချိန်တွင် ရှုးက ကားမောင်းမည့် အစီအစဉ်ကို စွန့်လွှတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် အချိန်မရွေး တာယာပေါက်ခြင်း၊ ဘရိတ်ပေါက်ခြင်းစသည့် မတော်တဆမှုများ ဖြစ်လာနိုင်သောကြောင့် ဖြစ်၏။ ထို့ကြောင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်ကိုသာ အသုံးပြုကာ တိုက်အိုကြီးဆီသို့ ပြန်လာခဲ့သည်။ လမ်းလျှောက်နေစဉ်တွင်လည်း လမ်းဘေးလူမိုက်များ၏ ဝိုင်းဝန်းရိုက်နှက်မှုကို သတိထားနေရ၏။ လူတစ်စုကို ထပ်မံ အနိုင်ယူပြီးနောက် အပေါ်ထပ်သို့ တက်လာကာ အလှလေး၏ တံခါးရှေ့သို့ ရောက်ရှိလာပြီး တံခါးဘဲလ်ကို နှိပ်လိုက်သည်။
“အချစ်လေး…”
ရှုးက အိမ်ထဲသို့ မဝင်တော့ဘဲ တံခါးဝတွင်ပင် ယွီရှုးနင်၏ ပခုံးများကို ဆုပ်ကိုင်ကာ နမ်းလိုက်တော့၏။ သူ၏ပါးစပ်ထဲတွင် လိုင်ချီးသီးအရသာ သကြားလုံးတစ်လုံးကို ငုံထားသည်။ အချိုအရသာများပြည့်နှက်နေသော လျှာဖျားက အလှလေး၏ နှုတ်ခမ်းကြားသို့ တိုးဝင်သွားပြီး ထိုသကြားလုံးကို သူ၏ နူးညံ့စိုစွတ်သော ပါးစပ်လေးထဲသို့ ထိုးသွင်းပေးလိုက်၏။ ထို့နောက် မွှေးပျံ့နူးညံ့သော လျှာလေးကို ဖိကပ်ကာ ပွတ်တိုက်လျက်ပေးရင်း ချိုမြိန်သော တံတွေးများကို စုပ်ယူနေတော့သည်။
“အင်း…”
အတူတူနေရသည့် အချိန်ပိုကြာလာလေလေ ရှုးနှင့် ဝူဝမ်တို့ကြားရှိ တူညီမှုများကို ပို၍ခံစားလာရလေလေပင်။ ယခုကဲ့သို့သော သကြားလုံးအနမ်းမျိုးအား ယခင်ကမ္ဘာတွင် ဘယ်နှစ်ကြိမ်လောက်တောင် လုပ်ခဲ့ဖူးမှန်း မသိတော့ချေ။ ရှုးကလည်း ဆရာမကူဘဲ ဤနည်းလမ်းကို အလိုအလျောက် တတ်မြောက်နေခဲ့သည်။ သူက ထိုအကျင့်များကို တဖြည်းဖြည်း ပြန်လည်ရှာဖွေတွေ့ရှိနေသကဲ့သို့ပင်…
ရှုးက တံခါးဝတွင် တမင်တကာ နမ်းပြနေခြင်း ဖြစ်သည်။ တစ်ဖက်ခန်းမှလူက သေချာပေါက် မြင်တွေ့နေရမည်ကို သူ သိ၏။ သူက အလှလေးကို ရင်ခွင်ထဲတွင် ဖက်ထားကာ မည်ကဲ့သို့ သေချာစွာ နမ်းရှိုက်ပြီး သူ၏အငွေ့အသက်များကို မည်ကဲ့သို့ ကူးစက်စေခဲ့သည်ကို ပြသနေခြင်း ဖြစ်သည်။
ဒီရက်ပိုင်းအတွင်း ရှုးမှာ အတော်လေး ဒုက္ခရောက်နေခဲ့သည်။ ရုတ်တရက်ပေါ်လာနိုင်သော လုပ်ကြံသတ်ဖြတ်မှုများကို အချိန်မရွေး နေရာမရွေး သတိထားနေရ၏။ ခွက်ထဲမှရေသည် အရောင်အသွေးမရှိ အနံ့အသက်မရှိသော အဆိပ်များ ဖြစ်နေနိုင်သလို အခန်းထဲတွင် အဆိပ်ငွေ့များ ပြည့်နှက်နေနိုင်ပြီး လမ်းလျှောက်နေစဉ်တွင်လည်း ဓားဖြင့် အထိုးခံရနိုင်ပေသည်။ ထိုယောကျ်ားမှာ အတော်လေး စွမ်းဆောင်ရည်ရှိသည်ဟု ဝန်ခံရမည် ဖြစ်၏။ တခြားလူသာဆိုလျှင် အကြိမ်ရာနှင့်ချီ၍ သေဆုံးနေလောက်ပြီ ဖြစ်သည်။
ဒီအတိုင်းဆက်သွားလို့တော့ မဖြစ်တော့ဘူး… သူ နင်နင်နဲ့ အတူနေဖို့ အချိန်တောင် မရှိတော့ဘူး… မနေ့ကတောင် သူက ဒီရက်ပိုင်း အလုပ်တွေ အရမ်းများနေတာလား၊ ဘာဖြစ်လို့ အလုပ်ဆင်းတာ အမြဲတမ်း နောက်ကျနေရတာလဲလို့ မေးနေသေးတယ်… ရှုးကလည်း အလှလေး ထိခိုက်ဒဏ်ရာရသွားမည်ကို စိုးရိမ်သဖြင့် သူ့အိမ်သို့ လာခိုင်း၍ မရခဲ့ပေ။
ရှုးက အလှလေးကို ရိုမန်တစ်ဆန်ဆန် ချစ်ရေးဆိုရန် စဉ်းစားနေခဲ့သေးသည်။ စက္ကန့်အနည်းငယ်ခန့် စဉ်းစားပြီးနောက် သူ၏ရင်ထဲတွင် အဖြေတစ်ခု ရရှိသွား၏။
“နင်နင်… ကိုယ်နဲ့အတူတူ အပြင်သွားလည်မလား…”
ရှုးက ယွီရှုးနင်၏ပခုံးကို တွန်းကာ အိမ်ထဲသို့ ဝင်သွားလိုက်သည်။ ခြံတံခါးက ‘ဂျက်’ ခနဲ ပိတ်သွားပြီး အပြင်ဘက်မှ အုံ့မှိုင်းစွာ ချောင်းကြည့်နေသော အကြည့်များကို ပိတ်ဆို့လိုက်တော့၏။
အဒေါ့ဖ်က တံခါးချပ်ကိုမှီကာ လက်ထဲမှ နို့သကြားလုံးကို အပေါ်သို့ မြှောက်တင်လိုက်၊ ဖမ်းလိုက် လုပ်နေသည်။ သူ၏လျှာဖျားက ပါးစောင်ကိုထိုးကာ တွန်းလိုက်၏။ အရင်က စမ်းသပ်ကြည့်ရုံသာ ရှိသေးသည်။ လူကိုခေါ်သွားချင်တယ်ဆိုရင်တော့ သူ တကယ်လုပ်တော့မှာကို အပြစ်မတင်နဲ့တော့။
*****
ယွီရှုးနင်က မေးစေ့ကို လက်နှစ်ဖက်ဖြင့်ထောက်ကာ ရှုး ပစ္စည်းလာသိမ်းမည့် အချိန်ကို စောင့်နေလိုက်သည်။ ရှုးက ယနေ့ ဆေးခန်းတွင် ခွင့်ရှည်ယူထားပြီး နိုင်ငံခြားသို့ အတူတူသွားလည်ရန် အစီအစဉ် ဆွဲထား၏။ ဤကမ္ဘာရှိ ဟွားနိုင်ငံသို့ သွားရန်ဖြစ်သည်။ ယွီရှုးနင်ကလည်း အလွန်စိတ်ဝင်စားနေပြီး ဤနေရာနှင့် သူ၏ကမ္ဘာကြားတွင် ဘာတွေကွာခြားမှုရှိလဲဆိုတာကို ကြည့်ချင်နေခဲ့သည်။
System 520 က အဆက်မပြတ် ရေရွတ်နေ၏။
[ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ… မြေပုံက ဘယ်လိုလုပ်ပြီး ကျယ်သွားရတာလဲ… Host… ဒီကမ္ဘာငယ်လေးက အဆင့်တက်တော့မယ်။]
ယွီရှုးနင် တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
[မဖြစ်နိုင်တာ ဘာမှမရှိဘူး 520 ရဲ့… မင်းရဲ့အမြင်ကို နည်းနည်းလောက် ကျယ်ကျယ်ထားပါဦး… ဒါက ပုံမှန်မဟုတ်တဲ့ အခြေအနေလို့ မသတ်မှတ်လောက်ပါဘူး… Report တင်စရာ မလိုပါဘူးနော်…]
ကမ္ဘာငယ်လေးက ကံကြမ္မာ၏သားတော်ကို ဗဟိုပြုကာ လည်ပတ်နေခြင်း ဖြစ်သည်။ ဇာတ်လမ်းထဲတွင်ပါဝင်သော လူအများစုမှာ နာမည်ပင် မရှိကြသော နောက်ခံလူများသာ ဖြစ်ကြ၏။ သူတို့က ကမ္ဘာကြီး၏ ဦးတည်ချက်ကို လွှမ်းမိုးနိုင်မည် မဟုတ်သော်လည်း အမှန်တကယ် တည်ရှိနေပြီး အသက်ရှင်နေသော လူသားများပင် ဖြစ်ကြသည်။
အဓိကဇာတ်လမ်းက ဤနိုင်ငံအတွင်း၌သာ ဖြစ်ပွားခြင်း ဖြစ်သည်။ အခြားနိုင်ငံများမှာ အွန်လိုင်းဂိမ်းများတွင် မဖွင့်ရသေးသော၊ မြူခိုးများ ဖုံးလွှမ်းနေသော မြေပုံများကဲ့သို့ပင်။ ထို့ကြောင့် ဤကမ္ဘာငယ်လေး၏ တာဝန်မှာ မလွယ်ကူသော်လည်း အဆင့်ကတော့ အတော်လေး နိမ့်ကျနေခြင်းဖြစ်၏။ သို့သော် ယခုအခါ ကံကြမ္မာ၏သားတော်က အပြင်သို့ထွက်တော့မည် ဖြစ်သဖြင့် ကမ္ဘာကြီးကလည်း လိုက်ပါ၍ အဆင့်တက်ရတော့မည် ဖြစ်သည်။
System 520 မှာ ဘာပြောရမှန်းပင် မသိတော့ချေ။ ကမ္ဘာကြီး အဆင့်တက်သွားခြင်းမှာ ရှားပါးသော်လည်း မရှိခဲ့သည်တော့ မဟုတ်ပေ။ Host က ရှုး၏ကိစ္စကို ပင်မစနစ်ထံ Report တင်သွားမည်ကို စိုးရိမ်နေသဖြင့် ဤသို့ သွယ်ဝိုက်သောနည်းဖြင့် ပြောနေခြင်း ဖြစ်သည်။ ၎င်းက သက်ပြင်းချလိုက်ပြီး…
[ဒီကိစ္စကို Report မတင်လည်း ရပါတယ်… ဒါပေမယ့် Host… တကယ်လို့ သိသာထင်ရှားတဲ့ Bug တွေ ပေါ်လာရင် ငါ Report မတင်ရင်တောင် ပင်မစနစ်က အလိုအလျောက် သိသွားလိမ့်မယ်နော်…]
ယွီရှုးနင် စိတ်အေးသွားတော့၏။
[အဲဒီလိုအခြေအနေမျိုးဆိုရင်လည်း ငါတို့ တတ်နိုင်တာမှ မဟုတ်တာ… နားလည်ပေးလို့ ရပါတယ်… ပင်မစနစ်ရဲ့ အာရုံစိုက်မှုကို မခံရအောင် တတ်နိုင်သလောက် ရှောင်ကြဉ်ရုံပေါ့… ကျေးဇူးပဲနော် 520~ ချစ်တယ်!]
System 520 မှာ တိတ်ဆိတ်သွားပြီး စနစ်အတွင်းရှိ လည်ပတ်မှုအရှိန်က ထပ်မံ၍ အလွန်အမင်း မြင့်တက်လာတော့သည်။ Overload ဖြစ်သွားမည့် အရသာကိုပင် ခံစားလိုက်ရလုနီးပါး ဖြစ်သွား၏။ ဟူး… ဘယ်လိုလုပ်မလဲ… သူက ငါ့ရဲ့ Host ဖြစ်နေတာကိုး… ကူညီနိုင်သလောက်တော့ ကူညီပေးရမှာပေါ့။
ထိုအချိန် တံခါးဘဲလ်မြည်လာသဖြင့် ယွီရှုးနင် မတ်တတ်ရပ်ကာ တံခါးသွားဖွင့်လိုက်သည်။ တံခါးဖွင့်လိုက်သည်နှင့် အမျိုးသား၏ ရင်ခွင်ထဲသို့ ဆွဲသွင်းခံလိုက်ရပြီး သံမဏိကဲ့သို့ မာကျောသော လက်မောင်းများက ခါးကို တင်းကျပ်စွာ ဖက်ထားကာ ပြင်းထန်သော အနမ်းတစ်ခုက ကျရောက်လာတော့၏။
နှုတ်ခမ်းသားလေးက အားပါပါစုပ်ယူခံလိုက်ရပြီး လျှာဖျားတွင် ချိုမြိန်သော နို့ရနံ့လေးကို ခံစားလိုက်ရသည်။ ဤကဲ့သို့သော အနမ်းမျိုးကို ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သဖြင့် ယွီရှုးနင်က အမျိုးသား၏ လည်ပင်းကိုဖက်ကာ ပါးစပ်ကိုဟပေးလိုက်ပြီး သူ၏လျှာကို အထဲသို့ ဝင်ရောက်ခွင့် ပြုလိုက်၏။ နှုတ်ခမ်းချင်းထိကပ်ကာ လျှာချင်း ရစ်ပတ်ပွတ်တိုက်နေပြီး ပါးစပ်အတွင်းရှိ အသားနုလေးများမှာ စိတ်ကြိုက် လျက်ခံ၊ စုပ်ခံနေရတော့သည်။ နို့သကြားလုံးလေးမှာ လူနှစ်ယောက်၏ ပါးစပ်ထဲတွင် အပြန်အလှန် ရောက်ရှိနေပြီး တဖြည်းဖြည်း အရည်ပျော်ကာ မွှေးပျံ့ချိုမြိန်သော နို့ရည်များအဖြစ် ပြောင်းလဲသွားပြီး တံတွေးများနှင့်အတူ အမျိုးသား၏ ပါးစပ်ထဲသို့ မျိုချခံလိုက်ရတော့၏။
ယနေ့အနမ်းက အနည်းငယ် ကြမ်းတမ်းနေသည်။ ယွီရှုးနင် လွတ်မြောက်သွားချိန်တွင် နှုတ်ခမ်းများမှာ သိသိသာသာ နီရဲနေပြီး သေးငယ်သော နှုတ်ခမ်းဖူးလေးမှာ စုပ်ခံထားရသဖြင့် ရောင်ရမ်းနေ၏။ လျှာဖျားလေးကလည်း အနည်းငယ် နာကျင်နေသည်။ သူက စိုရွှဲနေသော မျက်တောင်လေးများကို ပုတ်ခတ်လိုက်ပြီး အသက်ရှူသံက အနည်းငယ် မြန်ဆန်နေ၏။
“ရှုး… ခင်ဗျား ခွင့်တိုင်ပြီးပြီလား”
အမျိုးသားက ‘အင်း’ ဟု အသံပြုလိုက်သည်။
“ငါတို့ ထွက်သွားကြရအောင်”
သူ ခဏမျှ ရပ်တန့်သွားပြီးနောက် နောက်ထပ်တစ်ခွန်း ထပ်ဖြည့်ပြောလိုက်၏။
“အချစ်လေး…”
ယွီရှုးနင် လိမ္မာရေးခြားရှိစွာဖြင့် ‘အိုး’ ဟု ပြန်ထူးလိုက်ပြီး အမျိုးသား၏လက်ကို ဆွဲကာ အိမ်ထဲသို့ဝင်ရန် ပြင်လိုက်သည်။ သို့သော် ရှုးက သူ၏လက်ကို ရှောင်ဖယ်ကာ ခါးကို တိုက်ရိုက်ဖက်ပြီး လူကို အထဲသို့ ခေါ်သွားလိုက်၏။
“ကျွန်တော့်အိတ်က ဒီမှာ”
ယွီရှုးနင် ခရီးဆောင်အိတ်တစ်လုံးကို တွန်းထုတ်လိုက်သည်။
“ရှုး… ခင်ဗျားရဲ့အိတ်တွေကော သိမ်းပြီးပြီလား”
“သိမ်းပြီးပြီ… အောက်ထပ်က ကားထဲမှာ ရှိတယ်”
ရှုးက ယွီရှုးနင်၏ ခရီးဆောင်အိတ်ကို ကူယူပေးလိုက်ပြီး သူ၏ပခုံးကို ဖက်ထားလိုက်၏။
“အောက်ဆင်းရင် သတိထားနော်”
လှေကားက ကျဉ်းမြောင်းသည်။ အမျိုးသားက အနောက်မှ အိတ်ကိုဆွဲကာ လိုက်လာပြီး ယွီရှုးနင်က မျက်မမြင်တုတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း တစ်လှမ်းချင်းစီ ဖြည်းဖြည်းချင်း ဆင်းသွားလိုက်၏။ ရှုး၏လက်က သူ၏ပခုံးပေါ် ဖွဖွလေးတင်ထားသည်ကို သူ ခံစားနေရသည်။ သူသာ ခြေချော်ကျသွားပါက အမျိုးသား၏ သန်မာသောလက်က သူ့ကို ချက်ချင်းဆွဲဖက်ကာ ထိန်းထားပေးနိုင်မည် ဖြစ်၏။
“ခင်ဗျားရဲ့ကားက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပြင်ဖို့ ပို့ထားတယ်ဆို… ကားအသစ် ဝယ်လိုက်တာလား”
ယာဉ်မောင်းဘေးခုံတွင် ထိုင်ရင်း ယွီရှုးနင်က ကားအသစ် အနံ့တစ်ခုကို ရလိုက်၏။
“ကားမှန်လေးဖွင့်ပြီး လေဝင်လေထွက် လုပ်လိုက်ပါလား… ရှုး…”
ရှုးက ကားမှန်ကို အနည်းငယ်ဖွင့်လိုက်ပြီး ကားကို စတင်မောင်းနှင်လိုက်သည်။
“နင်နင်… လေယာဉ်ခရီးစဉ်ကို တခြားတစ်ခု ပြောင်းလိုက်တယ်… ဟွားနိုင်ငံကို သွားမှာတော့ ဟုတ်တယ်… ဒါပေမယ့် တခြားမြို့တစ်မြို့ကို သွားမှာ…”
ယွီရှုးနင် ခေါင်းလှည့်ကြည့်လိုက်သည်။
“ဟင်? မူလလေယာဉ်ခရီးစဉ်က ဘာဖြစ်လို့လဲ”
ရှုးက ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်၏။
“အစိတ်အပိုင်းတစ်ခုက စစ်ဆေးတဲ့အခါမှာ မအောင်လို့လေ… အဲဒါကြောင့် လက်မှတ်ပြောင်းလိုက်တာ…”
ယွီရှုးနင် ခေါင်းညိတ်လိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဟွားနိုင်ငံကို သွားမှာဆိုတော့ ဘယ်လေယာဉ်ပဲဖြစ်ဖြစ် ရပါတယ်လေ။
“ခင်ဗျား ထမင်းစားပြီးပြီလား… ကျွန်တော် တူနာငါးသုပ် နည်းနည်းဝယ်ထားတယ်”
“နင်နင်က ငါးမစားဘူး မဟုတ်ဘူးလား”
ရှုးက အလိုအလျောက် ပြောထွက်သွားတော့၏။
ဟင်? ဒီအချက်ကို သူ မှတ်မိနေသေးတယ်လို့ မထင်ထားခဲ့ဘူး။ ယခင်ကမ္ဘာတွင် ငါးမစားခဲ့ရခြင်းမှာ ပထမဆုံးအကြိမ် စားခဲ့ရစဉ်က စိတ်ဒဏ်ရာ အကြီးအကျယ် ရသွားခဲ့သောကြောင့် ဖြစ်သည်။ ဤကမ္ဘာတွင်တော့ အကြိမ်အနည်းငယ် စမ်းစားကြည့်ခဲ့ပြီးဖြစ်သည်။ သန့်ရှင်းစွာပြင်ဆင်ထားပြီး ညှီနံ့များမရှိတော့ဘဲ ဟင်းခတ်အမွှေးအကြိုင်များဖြင့် ငါးအနံ့ကို အများစု ဖုံးအုပ်ထားသော ဟင်းလျာများကို သူ စားနိုင်နေပြီဖြစ်၏။ ဥပမာ – ငါးခြောက်လေးများ၊ ကော့ဒ်ငါးကြော် စသည်တို့ကို သူ စားနိုင်နေပြီ ဖြစ်သည်။
ယွီရှုးနင် မျက်လုံးလေးများ ကွေးညွတ်သွားသည်အထိ ပြုံးလိုက်သည်။ ကမ္ဘာနှစ်ခုမှ ဗီလိန်ကြီးနှစ်ယောက်၏ ကွာခြားမှုများ တဖြည်းဖြည်း နည်းပါးလာသဖြင့် သူ ဝမ်းသာနေမိ၏။
“ကျွန်တော် အခု နည်းနည်းပါးပါး စားတတ်နေပါပြီ… ခင်ဗျားက ကျွန်တော် အရင်က ငါးမစားဘူးဆိုတာကို ဘယ်လိုလုပ်သိတာလဲ”
ရှုး ခဏမျှ တိတ်ဆိတ်သွား၏။
“မသိပါဘူး… ဒီလိုမျိုးပဲ ဖြစ်ရမယ်လို့ ထင်လို့…”
အရမ်းထူးဆန်းတာပဲ… သူက မသိစိတ်ကနေ အလိုအလျောက် ပြောထွက်သွားတာ… အဲဒါက တကယ်ကြီး မှန်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သို့သော် အမျိုးသားက ဤကဲ့သို့သော တိုက်ဆိုင်မှုများကို မုန်းတီးခြင်း မရှိခဲ့ချေ။
အိပ်ရာထစောလွန်းသဖြင့် ယွီရှုးနင် လမ်းတွင် အိပ်ပျော်သွားခဲ့သည်။ လေဆိပ်သို့ရောက်မှသာ သမ်းဝေရင်း နိုးလာတော့၏။
“ကိုယ်က မင်းကို ပွေ့ချီသွားမလို့ စဉ်းစားနေတာ”
ရှုးက ယာဉ်မောင်းဘေးခုံ တံခါးအပြင်ဘက်တွင် ရပ်ကာ ခါးကိုကိုင်းပြီး ထိုင်ခုံခါးပတ်ဖြုတ်ပေးနေသည်။ ယွီရှုးနင် နိုးလာသည်ကို မြင်လိုက်ရသဖြင့် နှုတ်ခမ်းပေါ်သို့ အနမ်းတစ်ပွင့် ပေးလိုက်၏။
ယွီရှုးနင်က အိပ်ချင်မူးတူး ဖြစ်နေသေးသဖြင့် အကျင့်ပါနေသည့်အတိုင်း ခေါင်းကိုမော့ကာ အမျိုးသား၏အနမ်းကို တုံ့ပြန်လိုက်သည်။
“မချီပါနဲ့… လူတွေအများကြီး ကြည့်နေကြမယ်…”
ရှုးက တိုးတိုးလေး ရယ်မောလိုက်သည်ကို သူ ကြားလိုက်ရသည်။ ထို့နောက် ချိုမြိန်နူးညံ့သော လျှာဖျားလေးကို တစ်ချက်စုပ်ယူလိုက်ပြီး နောက်ဆုတ်သွား၏။
“သွားကြရအောင်… နင်နင်…”
ယွီရှုးနင်ကို အမျိုးသားက ဖက်ကာ VIP နားနေခန်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ သေးသွယ်သော ခြေသလုံးလေးနှစ်ဖက်က ကြမ်းပြင်ပေါ်တွင် ချစ်စရာကောင်းအောင် တွဲလောင်းကျကာ လှုပ်ရှားနေ၏။ ရှုးက သူ့အတွက် နွားနို့ပူပူလေးတစ်ခွက် ငှဲ့ပေးလိုက်သည်။ ယွီရှုးနင်က ယူကာ တစ်ငုံသောက်လိုက်ပြီး…
“ပျားရည်မပါဘူးလား”
ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့စဉ်က ထိုယောကျ်ားဆိုးကြီးက သူ့ကို အထူးပါဝင်ပစ္စည်းတစ်ခုခု ထည့်ပေးခဲ့သည်မှလွဲ၍ ကျန်သည့်အချိန်များတွင် ရှုးက သူ့အတွက် နွားနို့ဖျော်ပေးတိုင်း ပျားရည် ထည့်ပေးလေ့ရှိသည်။
“ပျားရည်?”
ရှုးက တိုးတိုးလေးပြောလိုက်၏။
“အိုး… ဒီမှာမရှိဘူး… သိရင် ကိုယ် နည်းနည်းယူလာခဲ့ရမှာ…”
ယွီရှုးနင် သံသယမဝင်ဘဲ နွားနို့ကို ဖြည်းညှင်းစွာ သောက်နေလိုက်သည်။
“ရပါတယ်… ဒီနွားနို့က ချိုချိုလေးနဲ့ သောက်လို့ကောင်းပါတယ်”
နားနေခန်းထဲတွင် First-Class စီးမည့် အခြားအမျိုးသမီးတစ်ယောက်လည်း ရှိနေသည်။ သူမက စာအုပ်ဖတ်နေပြီး စာမျက်နှာလှန်လိုက်သည့် အချိန်တွင် ခေါင်းမော့ကာ အမျိုးသားကို တစ်ချက်ကြည့်လိုက်၏။ စောစောက ပေါင်မုန့်ကင်၏ဘေးတွင် ပျားရည်ရှိနေသည်ကို သူမ မြင်တွေ့ခဲ့ရသည်။
သို့သော် သူမ၏ အကြည့်များက အမျိုးသား၏ အသိအမှတ်ပြုထားသည့်အလား လှည့်ကြည့်လာသော အကြည့်များနှင့် ဆုံမိသွားချိန်တွင် သူမက မထိန်းနိုင်ဘဲ အကြည့်လွှဲလိုက်ရတော့သည်။ သူမခန္ဓာကိုယ်လေးပင် တုန်ယင်သွား၏။ ဤအမျိုးသား၏ အငွေ့အသက်က အရမ်းကို ကြောက်စရာကောင်းလွန်းသည်။ တကယ်လို့ သူမသာ ဖွင့်ပြောလိုက်ပါက မကောင်းတဲ့ကိစ္စတွေ ကြုံတွေ့ရလိမ့်မယ်လို့ သူမ ခံစားလိုက်ရသည်။
“ချိုလား… ကိုယ့်ကို မြည်းကြည့်ခွင့်ပြုပါဦး”
ရှုးက အလှလေး၏ မေးစေ့ကိုကိုင်ကာ မော့စေလိုက်ပြီး ခါးကိုကိုင်းကာ ပါးစပ်လေးထဲသို့ နမ်းလိုက်၏။ လျှာက အထဲသို့ ဝင်ရောက်ကာ နို့ရနံ့လေးအား တစ်ပတ်လှည့်ကာ အရသာခံလိုက်သည်။
ယွီရှုးနင်က မျက်နှာနီနီလေးဖြင့် သူ့ကို တွန်းလိုက်၏။
“အပြင်မှာ ဒီလိုမလုပ်ပါနဲ့…”
ရှုးက သူ့ကို လွှတ်ပေးလိုက်ပြီး ရင်ခွင်ထဲတွင် ဖက်ထားလိုက်သည်။ ထို့နောက် မေးစေ့ကို အလှလေး၏ ပခုံးပေါ်တွင်တင်ကာ ဖြစ်ကတတ်ဆန်း ပွတ်သပ်နေလိုက်၏။
“လူနှစ်ယောက်တည်း ရှိတဲ့အချိန်ကျရင် လုပ်လို့ရပြီပေါ့… ဘာလုပ်လုပ်ရတယ်ပေါ့…”
“အင်း…”
ယွီရှုးနင်က မျက်လွှာလေးချကာ ရှက်သွေးဖြာစွာဖြင့် သဘောတူလိုက်၏။
“ကျွန်တော်တို့က ချစ်သူတွေ ဖြစ်သွားပြီလားဟင်”
“ချစ်သူတွေ?”
အမျိုးသားက စကားလုံးအနည်းငယ်ကို ဖြည်းညှင်းစွာ ရေရွတ်လိုက်သည်။ ဇဝေဇဝါဖြစ်နေသလိုလိုနှင့် ဝမ်းသာနေသလိုလို ခံစားနေရသည့်အလားပင်။ သူက ယွီရှုးနင်ကို တင်းကျပ်စွာ ဖက်ထားလိုက်၏။
“ဟုတ်တယ်… သေချာသွားပြီ… နင်နင်… မင်းက ကိုယ့်လူဖြစ်သွားပြီ”
တိုးတက်မှုအရှိန်က သူခန့်မှန်းထားသည်နှင့် ကွာခြားနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ နောက်ဆုံးတွင်တော့ သူက အရင် လက်ဦးသွားခဲ့ပြီဖြစ်သည်။ အမျိုးသား၏ မျက်နှာပေါ်တွင် ဖုံးကွယ်၍မရသော အပြုံးများ ထွက်ပေါ်နေ၏။
System 520 မှာ တကယ်ကို ဆက်ကြည့်မနေနိုင်တော့ချေ။
[Host… မင်း တစ်ခုခု ထူးဆန်းနေတယ်လို့ မခံစားရဘူးလား]
ယွီရှုးနင်က အမျိုးသား၏ ရင်ခွင်ထဲတွင် မှီထားသည်။ သူက အရမ်းဝမ်းသာနေသည်ကို ခံစားလိုက်ရသဖြင့် သူ၏စိတ်အခြေအနေကလည်း ကောင်းမွန်လာခဲ့၏။
[ဘာထူးဆန်းတာလဲ… အခုတော့ သူက ဝူဝမ်ဆိုတာကို ငါ သေချာသွားပြီ]
System 520 မှာ ဖွင့်ပြော၍မရချေ။ သို့သော် ၎င်းကိုယ်တိုင်လည်း ထူးဆန်းနေသည်ဟု ခံစားနေရသည်။ Host က ဘယ်လိုလုပ်ပြီး မမှတ်မိနိုင်ရတာလဲ။ ယင်ဝူဝမ်ကို အနမ်းပေးတဲ့ ပုံစံကနေတစ်ဆင့် သူ မှတ်မိနိုင်ခဲ့တယ်… အမှန်ဆိုရင်တော့ လူနှစ်ယောက်ကို မှားစရာ အကြောင်းမရှိဘူးလေ…
ဒါမှမဟုတ် နောက်ထပ် ဗီလိန်တစ်ယောက်ကလည်း ယင်ဝူဝမ်နဲ့ ပတ်သက်နေလို့များလား… ဒီကမ္ဘာမှာ ရုတ်တရက် ကံကြမ္မာရဲ့ သားတော်တစ်ယောက် အပိုထွက်လာသလိုမျိုးလား…
ရုတ်တရက်ထွက်ပေါ်လာသော ခန့်မှန်းချက်ကြောင့် System 520 မှာ ခေါင်းကိုက်သွားရတော့၏။ ကမ္ဘာငယ်လေးတစ်ခုက ကံကြမ္မာရဲ့သားတော်က ဒီလောက်တောင် စွမ်းနေမယ်လို့ သူ လုံးဝမထင်ထားခဲ့ပေ။ သိရင် Host ကို အဲဒီကမ္ဘာကို ရွေးမပေးခဲ့ပါဘူး။
ယွီရှုးနင်၏လက်က အမျိုးသား၏ ရင်အုပ်ကြွက်သားများပေါ် တင်ထားသည်။ အောက်ဘက်ရှိ မာကျောပြီး ကျစ်လျစ်သော အကွေးအကောက်များကို ခံစားလိုက်ရသဖြင့် ပါးပြင်လေးများ တိတ်တဆိတ် ပူနွေးလာတော့၏။
“သဘောကျလား”
အမျိုးသားက သူ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ အောက်ဘက်သို့ တစ်လျှောက်လုံး ပွတ်သပ်သွားစေသည်။
“မျက်စိမမြင်ရရင် အထိအတွေ့က ပိုပြီးပြင်းထန်မှာပဲနော်…”
လိင်ဆက်ဆံတဲ့အချိန်ကျရင်လည်း သေချာပေါက် အရမ်းချစ်စရာကောင်းနေမှာပဲ… ဘာလို့လဲဆိုတော့ မျက်စိမမြင်ရတော့ နောက်တစ်စက္ကန့်မှာ ဘယ်နေရာကို အထိခံရမလဲဆိုတာ သူ သိမှာမဟုတ်ဘူးလေ… စက္ကန့်တိုင်းက အံ့သြစရာတွေနဲ့ ရင်ခုန်စရာတွေ ပြည့်နှက်နေတဲ့ အတွေ့အကြုံပဲ… မျက်စိမမြင်ရတော့ ခန္ဓာကိုယ်နဲ့ပဲ အဆက်မပြတ် ဖြစ်ပေါ်လာမယ့် သာယာမှုတွေကို ခံစားရမှာ…
တကယ်ကို… စောင့်ဆိုင်းဖို့တောင် မလွယ်တော့ဘူး… သူ့ရဲ့နင်နင်ကို အပြီးအပိုင် သိမ်းပိုက်ပစ်လိုက်ချင်ပြီ။
အမျိုးသားက ခေါင်းငုံ့ကာ အလှလေး၏ ဆံပင်များမှ သင်းပျံ့သော ရနံ့လေးကို ရှူရှိုက်လိုက်သည်။ မီးခိုးရောင်မျက်ဝန်းများမှ သားရဲတစ်ကောင်ကဲ့သို့သော ရက်စက်သည့် အလင်းရောင်များ ထွက်ပေါ်နေ၏။ သူက ခေါင်းမော့ကာ နာရီပေါ်ရှိ ဂဏန်းများကို ကြည့်လိုက်သည်။ လေယာဉ်ပေါ်တက်ရမည့် အချိန်နှင့် တဖြည်းဖြည်း နီးကပ်လာပြီဖြစ်သည်။
“xx လေယာဉ်ခရီးစဉ်မှ ကြိုဆိုပါတယ်… ခရီးစဉ်တစ်လျှောက်လုံး ပျော်ရွှင်ချမ်းမြေ့ပါစေ”
လေယာဉ်မယ်က လေယာဉ်လက်မှတ်၏အပိုင်းကို ဖြတ်ယူလိုက်ပြီး မျက်စိပသာဒဖြစ်ဖွယ်ကောင်းသော ဤချစ်သူစုံတွဲကို ပြုံးပြလိုက်၏။
လေယာဉ်လက်မှတ်ပေါ်ရှိ အမည်များမှာ — ယွီရှုးနင်နှင့်… အဒေါ့ဖ်ဟန့်တ်ဟု ရေးသားထားကြောင်း ထင်ရှားစွာ မြင်တွေ့ရပေသည်။
Chapter 20 ended
World 2 Chapter 7 ended