⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode

Chapter 25+26

Chapter 25

​”သတ်လိုက်တာပဲ ကောင်းပါတယ်လေ…” ဟု အမျိုးသားတစ္ဆေသည် တစ်ကိုယ်တည်း ရေရွတ်ရင်း သူ၏ချွန်ထက်သော လက်သည်းရှည်များဖြင့် ဖေးလုအား လှမ်း၍ဖမ်းဆွဲလိုက်သည်။

​”မလုပ်ပါနဲ့၊ ကျွန်တော့်ကို မသတ်ပါနဲ့!”

ဖေးလု အော်ဟစ်လိုက်၏။ သူသည် ကိုယ်ကိုလိမ်၍ အမျိုးသားတစ္ဆေ၏ လက်များကို တားဆီးရင်း ထစ်ထစ်ငေါ့ငေါ့ဖြင့် “ကျွန်တော်… ကျွန်တော်သာ သေသွားရင် ‘ယန်’စွမ်းအင် ရှိတော့မှာမဟုတ်ဘူးနော်” ဟု ရှင်းပြပေသည်။

ဖေးလုသည် ပြောစရာစကားလုံးများကို အသည်းအသန်ရှာဖွေရင်း ပြောလိုက်သည်။

“ခင်ဗျားက ကျွန်တော့်မှာ ‘ယန်’စွမ်းအင်တွေ ပြည့်ဝတယ်လို့ ပြောခဲ့တယ်မလား၊ ဒါဆို ခင်ဗျား ကျွန်တော့်ကို မွေးထားလိုက်ပေါ့၊ နောက်တစ်ချိန် ‘ယန်’စွမ်းအင် လိုအပ်လာတဲ့အခါ တခြားလူကို သွားရှာနေစရာမလိုတော့ဘူးလေ”

​သူသည် အမျိုးသားတစ္ဆေ၏ မျက်နှာအမူအရာကို သတိဖြင့်အကဲခတ်ရင်း “ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဆိုတာကို ခင်ဗျားသိတယ် မဟုတ်လား” ဟု မေးလိုက်သည်။

​အမျိုးသားတစ္ဆေက မျက်မှောင်ကြုတ်လိုက်သည်။

“…… တကယ်ကို စကားများတာပဲ”

​သူ၏အကြည့်တို့သည် ရုတ်ခြည်းစူးရှသွားကာ ချွန်ထက်သောလက်သည်းများဖြင့် ဖေးလုထံသို့ တည့်တည့်မတ်မတ် ကုတ်ခြစ်ချလိုက်လေသည်။

​ဖေးလုသည် စူးစူးဝါးဝါးအော်ဟစ်လိုက်ပြီး သူ၏လက်နှစ်ဖက်ဖြင့် ခေါင်းကိုအုပ်ထားလိုက်၏။ ထိုအခိုက်တွင် သူ၏ဘောင်းဘီကြားမှ နွေးထွေးသောအရည်တချို့သည် မထိန်းချုပ်နိုင်ဘဲ ပန်းထွက်လာခဲ့ပေသည်။

​အမျိုးသားတစ္ဆေ : ….

​”စား… ကျွန်တော့်ကို စားလိုက်ပါတော့… အသက်လည်း မရှင်ချင်တော့ပါဘူး”

ထိုသို့သာ ဖေးလု မြည်တမ်းလိုက်မိသည်ပင်။

​ဒါဟာ သူ့ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မတုံ့ပြန်မှုကြောင့်လား သို့မဟုတ် မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ စိတ်ခံစားချက်တွေ လွှမ်းမိုးနေလို့လားတော့မသိ၊ အချုပ်ပြောရလျှင်တော့ ဖေးလုမှာ ကြောက်လွန်း၍ ဘောင်းဘီထဲတွင် သေးထွက်ကျခဲ့လေပြီ။

​အမျိုးသားတစ္ဆေသည် သူ၏လက်သည်းများကို ပြန်ရုပ်သိမ်းလိုက်ပြီး နှစ်မီတာအကွာသို့ ရွှေ့သွားကာ နှာခေါင်းကိုပိတ်ရင်း ရွံရှာသလို ကြည့်လိုက်ပေသည်။

“ဟျောင့်!”

​ဖေးလု:  “……”

တစ္ဆေလက်က လွတ်မြောက်သွား၍ ပျော်ရွှင်ရမည်ဖြစ်သော်လည်း အကြောင်းပြချက်မသိဘဲ အနည်းငယ် ဒေါသထွက်နေမိသည်ကို သူခံစားလိုက်ရ၏။

​ဖေးလုသည် တောင်ပေါ်မှ အသည်းအသန် ပြေးဆင်းလာခဲ့ပြီး သူ၏စိုရွှဲနေသော ဘောင်းဘီကိုပင် ဂရုမထားနိုင်တော့ပေ။ တောင်ခြေရင်းသို့ တစ်ချိုးတည်းပြေးဆင်းလာပြီးမှသာ သူသည် အသက်ကိုပြင်းပြင်းရှူနိုင်တော့သည်။

ထို့နောက် စိတ်မခိုင်သေးသော သူ၏ရင်ဘတ်ကိုဖိကာ သစ်ပင်တစ်ပင်ကိုမှီရင်း အမောဖြေနေရသည်။

​”ဒီစောက်တလွဲကမ္ဘာကြီး!”

​ဖေးလုသည် 666 နှင့် အဆက်အသွယ် ပြန်လည်ပြုလုပ်လိုက်၏။ စောစောက ကြောက်လွန်း၍ မှင်သက်နေသဖြင့် သူ့မှာ 666 ရှိနေသည်ကိုပင် မေ့သွားခဲ့သည်။

​သူသည် တစ်ဖက်မှ ကမ္ဘာကြီးအကြောင်း အချက်အလက်များကို လက်ခံရယူရင်း တစ်ဖက်မှလည်း တုန်ယင်နေ၏။ ဖေးလုက ငိုသံပါပါဖြင့်…

“666၊ ဒီကမ္ဘာမှာ တစ္ဆေတွေရှိတယ် QAQ”

​666 က သက်ပြင်းချရင်း သူ့ကိုနှစ်သိမ့်ရန် ကြိုးစားပေသည်။

“တစ္ဆေဆိုတာ မသေခင်က လူပါပဲကွာ၊ ဘာမှကြောက်စရာမရှိပါဘူး ချစ်လေးရယ်~”

​”ဒါက သဘာဝလွန်ကမ္ဘာကြီးလား?!”

ဖေးလုသည် ပေးပို့လာသော အချက်အလက်များကို ကြည့်ရင်း မျှော်လင့်ချက်ကင်းမဲ့စွာ မေးလိုက်သည်။

​666 က သနားကရုဏာအပြည့်ဖြင့် “ဟုတ်တယ် ချစ်လေးရယ်~”

ဖေးလု : အလုပ်ထွက်တော့မယ်နော် 🙂

……..

​ဖေးလုသည် ဒေါသထွက်လိုက်၊ ကြောက်လန့်လိုက်ဖြစ်နေပြီး သူ၏နေရာမှာပင် အကြိမ်အနည်းငယ် လည်ပတ်နေ၏။ ထို့နောက် 666 ကို ဒေါသတကြီးပြောလိုက်သည်။

“မလုပ်တော့ဘူး၊ ငါထွက်မယ်။”

​သိထားရမည်မှာ ဖေးလုသည် ကောင်းကင်ကိုလည်းမကြောက်၊ မြေကြီးကိုလည်းမကြောက်ဘဲ တစ္ဆေကိုသာ ကြောက်တတ်သူဖြစ်၏။

​သူငယ်စဥ်အခါတုန်းက သူ့အစ်မဖြစ်သူက နောက်ပြောင်ပြီး 3D သရဲတစ္ဆေကားတစ်ကားကို ကြည့်ဖို့ ခေါ်သွားခဲ့ဖူးသည်။ 3D ရုပ်ရှင်ရုံထဲတွင် သူ့မျက်နှာရှေ့တည့်တည့်၌ ရယ်ကျဲကျဲလုပ်ပြနေသော အမျိုးသမီးတစ္ဆေကို သူဘယ်တော့မှမေ့နိုင်မည်မဟုတ်ပေ။ ထိုခံစားချက်မှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပြီး ထိုစဥ်က သူသည် ကြောက်လွန်း၍ တစ်လလုံး ကောင်းကောင်းမအိပ်နိုင်ခဲ့ချေ။ ထိုအချိန်မှစ၍ သူသည် တစ္ဆေကြောက်သည့်ရောဂါ စွဲကပ်သွားခဲ့၏။

​ဖေးလုသည် ပိုတွေးလေ ပိုကြောက်လေဖြစ်လာ၏။ စောစောက အသက်လုပြေးနေရသဖြင့် ကြောက်ဖို့ပင် အချိန်မရခဲ့ပေ။ အခု တည်ငြိမ်သွားမှ သူသည် တောနက်တောင်ကြီးထဲတွင် ရောက်နေပြီမှန်း သတိပြုမိသည်။

လရောင်ကမှိန်ဖျော့ဖျော့၊ သစ်ပင်အရိပ်များက ယိမ်းထိုးနေကာ ကြည့်လိုက်တိုင်း သရဲကားထဲက ဇာတ်ဝင်ခန်းတစ်ခုလိုပင်။ အနီရောင်ဝတ်စုံနှင့်တစ္ဆေ၏ ချွန်ထက်သောလက်သည်းများ၊ အေးစက်စက်အလင်းရောင်တောက်နေသည့် အစွယ်များကို ပြန်တွေးမိတိုင်း သူ သေးထပ်ထွက်ချင်လာသလိုပင်……

​ဖေးလုက နှာသံတရှုံ့ရှုံ့ဖြင့် ငိုသံကြီးနှင့် ပြောသည်။

“666၊ ငါပြန်ချင်နေပြီ QAQ”

​”မဖြစ်ဘူးလေ…”

666 မှာလည်း အခက်တွေ့နေ၏။ ဖေးလု တစ္ဆေကြောက်တတ်မှန်း သူသိသော်လည်း ဤမျှလောက်အထိ ကြောက်တတ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

“ဒီတာဝန်အတွက် စစ်တပ်က အထူးအမိန့်ထုတ်ထားတာ၊ ကုထုံးပညာရှင်ကို တာဝန်ကနေ ကြိုတင်နုတ်ထွက်ခွင့်မပြုဘူး။”

​ဖေးလုက ဒေါသဖြင့် အံကြိတ်ကာ…. “ဒါက ဘယ်တုန်းကအမိန့်လဲ၊ ငါဘာလို့မသိရတာလဲ?!”

​666 က သနားကမားလေသံဖြင့် သက်ပြင်းချကာ …. “မင်း အာဟာရခန်းထဲဝင်သွားတုန်းက ငါသတင်းရတာလေ၊ မင်းကိုပြောပြဖို့ အချိန်မရလိုက်ဘူး။”

​”……”

​ဖေးလုသည် မျှော်လင့်ချက်မဲ့စွာ မျက်နှာကို ပွတ်သပ်လိုက်သည်။

“အနီးအနားမှာ တည်းခိုလို့ရမယ့် အိမ်ရှိလား? ဒီမှာဆက်နေရင် ငါနှလုံးရောဂါနဲ့ သေသွားနိုင်တယ်”

​”…… မူလခန္ဓာကိုယ်ပိုင်ရှင်နေတဲ့နေရာက တောင်တစ်ဝက်မှာရှိတယ်။”

666 သည် သူ့ကိုထပ်ပြီး စိတ်ဒုက္ခမပေးလိုတော့သဖြင့် သတင်းကောင်းကိုသာ ရွေးပြောလိုက်ရ၏။

​ထိုသတင်းကိုကြားသည်နှင့် ဖေးလုသည် ချက်ချင်းပျော်ရွှင်သွား၏။ “ဘယ်မှာလဲ၊ ငါတို့အမြန်သွားကြစို့။”

ဒီတစ္ဆေနေရာမှာ သူတစ်စက္ကန့်လေးမှ မနေချင်တော့ဘူး။

​……

​666 ပေးသော လမ်းညွှန်ချက်အတိုင်း ဖေးလုသည် တောင်အောက်သို့ ဆင်းသောလမ်းအတိုင်း လျှောက်လာခဲ့၏။ လမ်းတစ်ဝိုက်တွင် မှောင်မည်းနေပြီး ကောင်းကင်တွင် လပြည့်ဝန်းက လင်းနေ၍သာ လမ်းကိုမြင်ရသည်ပင်။

​”……” 666 သည် ခဏတာ တိတ်ဆိတ်သွားပြီးနောက် “ငါမင်းအတွက် သီချင်းလေးဖွင့်ပေးမယ်လေ” ဟု ဆို၏။

ထို့နောက် သူသည် ဂိမ်းနောက်ခံတေးဂီတကို ဖွင့်ပေးလိုက်သည်။

​ကျယ်လောင်သော အသံများ နားထဲတွင် ပေါက်ကွဲထွက်လာမှ ဖေးလုသည် အနည်းငယ် စိတ်အေးသွား၏။ သူသည် ချွေးများကိုသုတ်ကာ တောင်အောက်သို့ ဆက်ပြေးလေသည်။

​မူလခန္ဓာကိုယ်ပိုင်ရှင် နေထိုင်ရာနေရာသည် မဝေးလှပေ။

​ဖေးလုသည် မောဟိုက်စွာဖြင့် တောင်တစ်ဝက်သို့ ပြေးဆင်းလာခဲ့၏။ ဟာလာဟင်းလင်းဖြစ်နေသော တောင်စောင်းပေါ်တွင် စုတ်ပြတ်သတ်နေသော ဘုရားကျောင်းတစ်ဆောင်သာရှိပြီး 666 ပြောသည့် နေအိမ်ကိုမတွေ့ရပေ။

​သူသည် မယုံသင်္ကာဖြင့် ပတ်ပတ်လည်ရှာကြည့်ပြီးနောက် သံသယဖြင့် … “မင်းငါ့ကို လမ်းမှားညွှန်နေတာတော့ မဟုတ်ပါဘူးနော်? ဒီနေရာက ဘယ်မှာ လူနေတဲ့ပုံပေါက်လို့လဲ?”

​”……ငါမင်းကို တစ်ခုပြောပြမယ်”

666 က ဖြည်းညင်းစွာဆိုသည်။

“မင်း စိတ်ထိန်းထားရမယ်နော်……”

ဖေးလု၏စိတ်ထဲတွင် မကောင်းသော နိမိတ်တစ်ခု ရုတ်တရက်ပေါ်လာ၏။

​”မူလခန္ဓာကိုယ်ပိုင်ရှင်နေတဲ့နေရာ…… ဆိုတာ မင်းရဲ့ ဒီစုတ်ပြတ်သတ်နေတဲ့ဘုရားကျောင်းပဲ……”

“……”

​ဖေးလုသည် သုံးမိနစ်ခန့် တိတ်ဆိတ်သွား၏။

​သုံးမိနစ်ကြာပြီးနောက် သူသည် ထုံကျဉ်သွားပုံရပြီး သေလုမျောပါးလေသံဖြင့် 666 ကိုမေးလိုက်သည်။

“နောက်ထပ် ဘာရှိသေးလဲ၊ မင်းတစ်ခါတည်းပြောလိုက်တော့။”

​3D လူအစစ်နှင့်တစ္ဆေ၊ စုတ်ပြတ်နေသော ဘုရားကျောင်းမှာတည်းခိုခြင်း…… ဒီထက်ပိုပြီး သည်းထိတ်ရင်ဖိုဖြစ်စရာ ဘာများရှိနိုင်ဦးမှာလဲ?!

​666 သည် ခဏစဉ်းစားပြီးနောက် သူ့ကို လမ်းဖွင့်ပေးရန် ဆုံးဖြတ်လိုက်၏။ ဂရုဏာသက်သောလေသံဖြင့်…

“မင်းဘာသာမင်း ဝင်ကြည့်ကြည့်ပါလား?”

​”……” ဖေးလုသည် သူ့မျက်စိရှေ့မှ တံခါးပင် မရှိတော့သော ဘုရားကျောင်းကိုကြည့်ရင်း အားတင်းကာ ခြေလှမ်းလိုက်သည်။

​ဘုရားကျောင်းပျက်ထဲတွင် မည်းမှောင်နေပြီး ယဇ်ပလ္လင်ပေါ်မှ နတ်ရုပ်တုမှာလည်း မရှိတော့ပေ။ ဟာလာဟင်းလင်းဖြစ်နေသော နတ်စင်တစ်ခုသာ ကျန်ရစ်ခဲ့၏။ ယခင်က မည်သည့်နတ်ကို ကိုးကွယ်ခဲ့သည်ကိုပင် မသိနိုင်တော့ပေ။ ဖေးလုသည် လက်အုပ်ချီကာ သုံးကြိမ်အရိုအသေပေးပြီးနောက် ခြေလှမ်းဝင်လိုက်သည်။

​ဘုရားကျောင်းပျက်ထဲသည် ထင်ထားသည်ထက် ပို၍သန့်ရှင်းနေ၏။ ဖုန်များမရှိသလို ပင့်ကူအိမ်နှင့် ကြွက်များကိုလည်း နေရာအနှံ့မတွေ့ရပေ။ ကြည့်ရသည်မှာ လူနေသည့်ပုံပင်။

​ဖျော့တော့သောလရောင်ကိုအားပြုရင်း ဖေးလုသည် အတွင်းသို့ သတိဖြင့်ဝင်သွား၏။ နတ်စင်၏နောက်သို့ရောက်သောအခါ မြေကြီးပေါ်တွင် ကောက်ရိုးများကို သပ်ရပ်စွာခင်းထားပြီး စောင်တစ်ထည်အုပ်ထားသည်ကို တွေ့လိုက်ရသည်။ စောင်အောက်တွင် အမည်းရောင်အရိပ်သုံးခုသည် အတန်းလိုက်လဲလျောင်းနေကြ၏။

​လူအရိပ်များကို မြင်နေရသော်လည်း ဖေးလုသည် လန့်သွားပြီး အလိုအလျောက်ပင် နောက်သို့ဆုတ်မိကာ လန့်အော်သံတိုးတိုးပြုမိသည်။

​သူ့အသံကြောင့် အရိပ်များထဲမှ တစ်ယောက်သည် နိုးလာပြီး ငိုက်မြည်းသံဖြင့် ဖေးလုရှိရာသို့ ကြည့်ကာ “တန်? မင်းလား?”

​ဖေးလု၏ နှလုံးခုန်နှုန်းမြန်လာပြီး အသက်ကိုပြင်းပြင်းအကြိမ်ကြိမ်ရှူကာ ကြောက်စိတ်ကိုထိန်းချုပ်ရင်း တုန်ယင်စွာဖြင့် “အေး…ငါပါ…”

​ထိုလူသည် ကျင့်သားရနေပုံပင်။ “အင်း” ဟုတစ်လုံးသာပြောပြီး မည်သည့်မေးခွန်းမှမမေးဘဲ ပြန်လှဲချလိုက်၏။ သူသည် ဖေးလုအတွက် ဘေးတွင်နေရာအနည်းငယ်ချန်ပေးရင်း “ပြန်ရောက်ရင်လည်း မြန်မြန်အိပ်တော့” ဟုဆိုသည်။

​ဖေးလုသည် သူ့လက်ထဲမှ အထုပ်ကို ဘေးချလိုက်ပြီး ကောက်ရိုးခင်းပေါ်တွင် တိတ်ဆိတ်စွာဝင်ထိုင်လိုက်၏။ ဘေးနားမှ တည်ငြိမ်သောအသက်ရှူသံများကြောင့် သူအနည်းငယ် စိတ်အေးသွားရသည်။

​ငိုင်တိုင်တိုင်ဖြင့် ခဏထိုင်နေပြီးနောက် စောစောကအသံသည် နောက်တစ်ကြိမ်ထွက်ပေါ်လာသည်၊ “မင်း ဘောင်းဘီထဲ သေးထွက်ကျပြန်ပြီလား? ဆီးနံ့လိုလိုရနေတယ်……”

​ဖေးလု၏မျက်နှာသည် “ဖောင်း” ခနဲ နီရဲတက်သွား၏။ သူသည် တောင်ပေါ်တွင် တစ္ဆေခြောက်ခံရ၍ ဘောင်းဘီထဲ သေးထွက်ကျခဲ့သည်ကို အခုမှ သတိရတော့သည်။

စောစောက အလောတကြီးပြေးဆင်းလာခဲ့ရာ စိုရွှဲနေသောဘောင်းဘီမှာ လေတိုက်၍ခြောက်သွားသည်ကိုပင် သတိမထားမိခဲ့ပေ။ သို့သော်လည်း ဆီးနံ့ကတော့ စွဲကျန်နေခဲ့သည်။

​သူ့ဘေးမှလူသည် သူ၏လှုပ်ရှားမှုကြောင့် စိတ်မရှည်ဖြစ်လာပြီး အသံကိုနှိမ့်ကာ…

“မင်းတင်ပါးမှာ ဝဲပေါက်နေလို့လား? ဘောင်းဘီပေနေရင် နောက်ဖေးသွားပြီးရေဆေးချေ၊ ပြန်လာပြီးမှ အိပ်……”

​”……” ဖေးလုသည် ရှက်လည်းရှက်၊ စိတ်လည်းညစ်ကာ ခေါင်းငုံ့ထားမိ၏။ နှစ်မိနစ်မကြာမီမှာပင် ဘောင်းဘီမှထွက်နေသော အနံ့ဆိုးများက သူ့နှာခေါင်းထဲသို့ ပြန်ဝင်လာသည်။

​တစ္ဆေကြောက်ခြင်းနှင့် ဘောင်းဘီအနံ့ဆိုးကြားတွင် အချိန်အတော်ကြာ စဥ်းစားနေပြီးနောက် ဖေးလုသည် နောက်ဆုံးတွင် သူ့ကိုယ်ပေါ်မှ အနံ့ကို သည်းမခံနိုင်တော့ဘဲ ကောက်ရိုးပုံပေါ်မှ ကုန်းရုန်းထကာ အပြင်ဘက်သို့ ဆေးကြောရန် ထွက်သွားတော့လေသည်။

ဘုရားကျောင်းပျက်ကြီး၏ နောက်ဘက်တွင် အက်ကွဲကြောင်းများ ထင်ဟပ်နေသော စဉ့်အိုးကြီးတစ်လုံးရှိပြီး ထိုအိုးထဲတွင် ရေတစ်ဝက်ခန့် ကျန်ရှိနေသေး၏။ ဖေးလုသည် စိတ်ထဲတွင် သက်သာရာရသွားပြီး သူ၏ ခန္ဓာကိုယ်မှ အနံ့ဆိုးထွက်နေသော အဝတ်အစားများကို အမြန်ချွတ်ပစ်လိုက်လေသည်။ ထို့နောက် ဘေးနားရှိ ရေမှုတ်ကို လှမ်းယူကာ ရေတစ်မှုတ်ကို ဂရုတစိုက် ခပ်ယူလိုက်သည်။

ညဉ့်နက်ချိန်ဖြစ်သဖြင့် တောင်ပေါ်လေအေးက အရိုးခိုက်မတတ် အေးစက်နေပေ၏။ ဖေးလုသည် ရေမှုတ်ကို ကိုင်လျက် ရေကို သူ့ကိုယ်ပေါ်သို့ နည်းနည်းချင်းစီ လောင်းချလိုက်သည်။ ရေအေးအေးက အရေပြားပေါ်သို့ ကျရောက်သွားချိန်တွင် သူသည် အအေးဒဏ်ကြောင့် လေစုပ်သံတစ်ချက် ပြုလိုက်မိလေသည်။

အေးစက်စူးရှသော အထိအတွေ့ကို ခံနိုင်ရန် အံကို ကြိတ်ရင်း ဖေးလုသည် စိတ်ကိုတင်းကာ ရေတစ်မှုတ်လုံးကို သူ့ခေါင်းပေါ်သို့ လောင်းချလိုက်တော့သည်။

မှောင်မိုက်နေသော ကောင်းကင်အောက်၌ ရေအိုးစင်ဘေးတွင် ပိန်ပါးသော လူရိပ်မည်းတစ်ခု ရပ်နေ၏။ ရေလောင်းချလိုက်သံနှင့် မောဟိုက်သံ သဲ့သဲ့ကို ရံဖန်ရံခါ ကြားနေရသည်။

ကံကောင်းသည်မှာ အနီးအနားတွင် မည်သူမျှ မရှိခြင်းပင်။ အကယ်၍များ တစ်စုံတစ်ယောက်သာ ရှိနေခဲ့ပါက ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ဖေးလုကဲ့သို့ အသည်းငယ်တတ်သူဆိုပါက ကြောက်လန့်ပြီး သေသွားနိုင်ပေသည်။

ဖေးလုသည် စီးကျလာသော ရေဖြင့် သူ့ခန္ဓာကိုယ်ကို အားကုန်ပွတ်တိုက် ဆေးကြောလိုက်သည်။ မူလခန္ဓာကိုယ်ပိုင်ရှင်သည် အတော်လေး ညစ်ပတ်သူဖြစ်ရာ ဖေးလု ဆေးကြောနေရင်းဖြင့် ဤရေချိုးခြင်းမှာ အချိန်အတော်ကြာလိမ့်မည်မှန်း သိလိုက်၏။ ကပ်ငြိနေသော ဂျီးများကို စေ့စေ့စပ်စပ် ပွတ်တိုက်ပြီးနောက်တွင် ဖေးလုသည် ခေါင်းပေါ်ရှိ စေးကပ်နေသော အညစ်အကြေးများကို ဆေးကြောရန် ရေတစ်မှုတ် ထပ်လောင်းလိုက်ပြန်သည်။

ခေါင်းလျှော်ရည် မရှိသဖြင့် ခပ်ကြမ်းကြမ်း ခေါင်းကုတ်ပြီးနောက် သန့်စင်သွားစေရန် ရေနှစ်မှုတ်ခန့် ထပ်လောင်းချလိုက်လေသည်။ ကိုယ်လုံးတီးဖြင့် ရပ်နေသော သူသည် အအေးဒဏ်ကြောင့် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ခါနေလေပြီ။

လဲစရာ အဝတ်အစား အပိုမရှိသဖြင့် ရေခြောက်သွားအောင် လေသလပ်ခံ၍ စောင့်ရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။ သိပ်မညစ်ပတ်လှသော အပေါ်အင်္ကျီကို ကောက်စွပ်လိုက်ပြီးနောက် ဖေးလုသည် သူ၏ဘောင်းဘီကို ရွံရှာသော မျက်နှာထားဖြင့် ကောက်ယူကာ လျှော်ဖွပ်ရန် ပြင်လိုက်၏။

ရေထည့်စရာ ဇလုံမရှိသည့်အတွက် သူသည် ဘောင်းဘီကို သန့်ရှင်းသော ကျောက်တုံးတစ်တုံးပေါ် ဖြန့်ခင်းလိုက်ပြီး ရေစွတ်ကာ ခါးကိုကုန်း၍ အားကုန် လျှော်ဖွပ်တော့လေသည်။

Chapter 25 ended

Chapter 26

ဖျာကျလာတဲ့ လရောင်မှိန်မှိန်လေးအောက်မှာ ဖေးလုရဲ့ ခြေတံသွယ်သွယ် ဖွေးဖွေးလေးတွေက ဝင်းလက်နေ၏။

မလှမ်းမကမ်းမှာရှိနေတဲ့ ချွီလော့ချန်တစ်ယောက် လည်ချောင်းတွေဘာတွေ နင့်ပြီး ခန္ဓာကိုယ်ထဲကနေ အလိုလိုနေရင်း ပူထူလာလေသည်။

သူက ဖေးလု ကျန်ခဲ့တဲ့ အနံ့ကိုခံပြီး ဒီအထိ လိုက်လာတာလေ။ ဖေးလုက သည်းမခံနိုင်လောက်အောင် ညစ်ပတ်နေပေမယ့် သူ့ကိုယ်ပေါ်က ထွက်နေတဲ့ သိပ်သည်းလွန်းတဲ့ ယန်ဓာတ်ကြောင့် စိတ်ကိုထိန်းပြီး လိုက်ရှာရတာပဲ။ ဒီလောက် အသားတုံးအကြီးကြီးကိုသာ သေချာမကြည့်ထားရင် တခြားသရဲတွေ ဝိုင်းဆွဲစားသွားကြမှာ။

ဖေးလု ရေချိုးဆေးကြောနေတာကို ကြည့်ပြီး ကျေနပ်အားရနေတဲ့ ချွီလော့ချန်တစ်ယောက် အသံမထွက်ဘဲ ပြုံးလိုက်တော့ အေးစက်နေတဲ့ အစွယ်ချွန်ချွန်တွေ ပေါ်လာသည်။

‘ဒီသူတောင်းစားလေး နောက်ဆုံးတော့လည်း သူ့ကိုယ်သူ သန့်အောင် ဆေးတတ်သွားပြီပဲ။’

စောစောကသာ ဗိုက်အရမ်းမဆာနေခဲ့ရင် ဒီလောက်ညစ်ပတ်တဲ့ သရဲသဘက်ရုပ်နဲ့ကောင်ကို ချွီလော့ချန်တစ်ယောက် ဘယ်လိုမှ ပါးစပ်နား ကပ်နိုင်မှာ မဟုတ်ဘူး။

ဒါပေမယ့်… သူတောင်းစားလေးက ရေဆေးလိုက်တော့ ဖြူဖြူဖွေးဖွေးလေး ဖြစ်သွားပေမယ့် ပိန်လိုက်တာလည်း မျောက်လောင်းလေးကျနေတာပဲ။ အသားဆိုလို့ တစ်ဖတ်မှမရှိဘူး။

ချွီလော့ချန်က နှမြောတသသနဲ့ တက်ခေါက်လိုက်တယ်။

‘ကြည့်ရတာ စားလို့ကောင်းအောင် နည်းနည်းလောက်တော့ ဝအောင် မွေးထားဦးမှ ဖြစ်မယ်၊ မဟုတ်ရင် ဝါးရတာ သစ်ကိုင်းခြောက် ဝါးနေရသလို ဖြစ်နေဦးမယ်…’

…….

ဘောင်းဘီကို ပျော်ပျော်ပါးပါး လျှော်နေတဲ့ ဖေးလုကတော့ သူ့ကို လူတစ်ယောက် (မဟုတ်ဘူး သရဲတစ်ကောင်) က ချောင်းကြည့်နေတယ်ဆိုတာ လုံးဝ မသိရှာဘူး။ သူက ဘောင်းဘီကို တဗွမ်းဗွမ်း လျှော်ဖွပ်၊ သစ်ကိုင်းခြောက်တစ်ခုပေါ် တင်လှန်းလိုက်ပြီးမှ သက်ပြင်းချနိုင်တော့သည်။

သူ သမ်းဝေလိုက်ရင်း မျက်လုံးကိုပွတ်၊ ညည်းညူပြီး အိပ်ဖို့ ပြင်တော့၏။

ကောက်ရိုးတွေက ခြောက်သွေ့နေပြီး စောင်ကလည်း သူ့သူငယ်ချင်းတွေရဲ့ အငွေ့နဲ့ နွေးနေတော့ ဖေးလုလည်း ဂျီးများမနေတော့ဘူး။ ခြေဖွဖွလေးတိုးဝင် လှဲချလိုက်ပြီး ဇိမ်ရှိရှိနဲ့ သက်ပြင်းချလိုက်သည်။

ဒီနေ့က စိတ်လှုပ်ရှားစရာတွေ ဆက်တိုက်ကြုံထားရတော့ ဖေးလုရဲ့ အာရုံကြောတွေက တက်ကြွနေပြီး ချက်ချင်း အိပ်မပျော်နိုင်ဘူး။ ဒါနဲ့ 666 ကို သွားနှောင့်ယှက်တော့တာပဲ။

“666… အိပ်ပြီလားဟ”

“မအိပ်သေးဘူး”

666 အသံက တက်ကြွနေသည်။ ဖေးလု နားထောင်လိုက်တာနဲ့ သိလိုက်ပြီ၊ ဒီကောင် တစ်ညလုံး ဂိမ်း Rank တက်နေပြန်ပြီ ဆိုတာ။

သူ့အကြောင်းသိနေတော့ ဖေးလုလည်း လိုရင်းပဲ ပြောလိုက်တယ်။

“… ကုသပေးရမယ့် Target(ပစ်မှတ်)က ဘယ်မှာလဲ”

ဘာကြောင့်မှန်းမသိဘူး၊ သူ့ရင်ထဲမှာ ထိတ်လန့်သလို ခံစားနေရတယ်။ Target အကြောင်း တွေးလိုက်တာနဲ့ မကောင်းတဲ့ နိမိတ်တစ်ခုခုကို ခံစားနေရသလိုပဲ။ ဒီကိစ္စကို သေချာမမေးရရင် ဒီည သူအိပ်ပျော်မှာ မဟုတ်ဘူး။

666 ကတော့ တစ်ဖက်အသင်းနဲ့ အကြိတ်အနယ် ဖိုက်နေတုန်းမို့ ယောင်ရမ်းပြီး ဖြေလိုက်တယ်။

“အပြင်မှာ ရောက်နေပြီလေ”

ဖေးလု: “…” ဟမ်… ဘာကြီး?

———

​ဖေးလုတစ်ယောက် တစ်ညလုံး အိပ်မက်ဆိုးတွေ မက်တော့တာပဲ။ အိပ်မက်ထဲမှာ သရဲလိုက်လို့ ပြေးလိုက်၊ လွတ်အောင်ပြေးနိုင်တုန်း မကောင်းဆိုးဝါး သရဲသဘက်တွေက မိသွားပြီး မြေကြီးပေါ် ဖိချ၊ သွေးစုပ် အသားစား ခံလိုက်ရလိုက်နဲ့ တစ်ညလုံး အနားကို မရတော့ဘူး။ တော်တော် သနားစရာကောင်းတဲ့ အဖြစ်ပါပဲ။

​နောက်တစ်နေ့ မနက်နိုးလာတော့ သူ့မျက်လုံးတွေက ပန်ဒါမျက်လုံးလို မည်းညစ်နေတာပဲ။ မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ သူငယ်ချင်းတွေ သူ့ကို မြင်တော့ ကြောင်တောင်တောင် ဖြစ်သွားကြတယ်။ ပထမဆုံး သတိထားမိတာက သူ့ရဲ့ မျက်ကွင်းညိုကြီးတွေပဲ။

“ကုံးတန်… မင်း ညက ဘာထလုပ်နေတာတုန်း”

​ပြီးတော့မှ တခုခုမှားနေမှန်း သူတို့ သတိထားမိကြတယ်။ ဒီနေ့ ကုံးတန်က သိပ်သန့်ပြန့်နေသလိုပဲ။ ဒီလိုပုံစံနဲ့ ဘယ်လိုလုပ် ပိုက်ဆံသွားတောင်းလို့ ရမှာလဲ။

“မင်းက မျက်နှာကို ဘာလို့ ဒီလောက်ပြောင်အောင် ဆေးထားရတာလဲ။ တော်ကြာ စားစရာ မရရင် ငါတို့ မင်းကို ခွဲမကျွေးဘူးနော်!”

​”တောင်း… ပိုက်ဆံတောင်းရမယ်?”

​ဖေးလု မျက်လုံးပြူးပြီး သူ့သူငယ်ချင်းအသစ်တွေကို လိုက်ကြည့်လိုက်တယ်။ဖက်တီးရယ်၊ ဝါးခြမ်းပြားရယ်၊ ပြီးတော့ ကတုံးလေးရယ်။

ခုနက စကားပြောလိုက်တာက ဖက်တီး။ လူက ဝတော့ သူ့မျက်နှာပေါ်က အစိတ်အပိုင်းတွေက အဆီတွေကြား မြုပ်နေပြီး ကြည့်ရတာ နည်းနည်းတော့ ရန်လိုမယ့်ပုံ ပေါက်တယ်။

ဝါးခြမ်းပြားကတော့ ပိန်ပိန်ရှည်ရှည်။ ဖေးလု သူ့အရပ်နဲ့ လှမ်းတိုင်းကြည့်တော့ ဝါးခြမ်းပြားရဲ့ ရင်ဘတ်လောက်ပဲ ရှိမယ်။

​သုံးယောက်ထဲမှာ စကားပြောရ အသက်သာဆုံးပုံစံက ကတုံးလေးပဲ။ ကြည့်ရတာ ဖေးလုနဲ့ ရွယ်တူလောက်ပဲ ရှိမယ်။ မျက်နှာပေါ်မှာ ရွှံ့တွေ သုတ်လိမ်းထားပေမယ့် မျက်နှာပေါက်လေးက သနားကမားလေးမှန်း သိသာတယ်။

​မင်းကတော့ ပျော့တဲ့အသီး ရွေးကိုင်ရမှာပဲလေ။ ဖေးလုက ဈေးကွက်အခြေအနေ သိပ်မသိတော့ ကတုံးလေးနား တိုးကပ်သွားပြီး စကားရောဖော လုပ်လိုက်တယ်။

“ငါ မင်းနဲ့ပဲ လိုက်ခဲ့မယ်လေ….နော်”

​ကတုံးလေးက အံ့သြသလို ကြည့်တယ်။ ကုံးတန်က ပုံမှန်ဆို ဖက်တီးနဲ့ တွဲနေကျလေ။ ဖက်တီးက အကောင်ထွားပြီး အားသန်တော့ တခြားသူတောင်းစားတွေဆီက အစာ လိုက်လုလို့ရတယ်။ သူကတော့ အားလည်းမရှိ ရန်လည်းမဖြစ်တတ်တော့ ရိုးရိုးသားသားပဲ တောင်းစားရရှာတာ။

​ဖေးလုက သူ့လက်မောင်းကို တံတောင်နဲ့ တွတ်ပြီး မျက်စ်ိတစ်ဖက် မှိတ်ပြလိုက်တယ်။

“နော်လို့… ရတယ်မလား”

​ကတုံးလေးက အသံတိုးတိုးနဲ့ ပြန်ဖြေတယ်။ စိတ်ထဲမှာတော့ တီးတိုးရေရွတ်နေရင်းပေါ့။

“အင်း… ရပါတယ်”

​အဖွဲ့ခွဲပြီးတာနဲ့ လေးယောက်သား တောင်ပေါ်က ဆင်းလာကြတယ်။ မဆင်းခင်လေးမှာ ဖက်တီးက ဖေးလု သန့်ပြန့်နေတာကို ကြည့်မရလို့ ကြမ်းပြင်ပေါ်က မြေကြီးတွေကို ကောက်ပြီး မျက်နှာပေါ် လာသုတ်ပေးသေးတယ်။ တော်သေးလို့ ဖေးလု ရှောင်လိုက်နိုင်တာ၊ နို့မို့ဆို ညက ရေချိုးထားသမျှ အကုန်သဲထဲရေသွန်ပဲ။

မူလခန္ဓာကိုယ်ပိုင်ရှင် ဘာလို့ ဒီလောက် ညစ်ပတ်နေလဲဆိုတာ အဖြေပေါ်သွားပြီ၊ တရားခံက ဒီကောင်ကိုး။

​သူတို့နေတဲ့ ဘုရားကျောင်းပျက်က တောင်ခါးပန်းမှာ ရှိတာ။ အောက်နည်းနည်း ဆင်းလိုက်ရင် မြို့ရောက်ပြီ။ မြို့က လူချမ်းသာတွေများပြီး ဈေးလည်း စည်ကားတယ်။ ပါးနပ်ရင် ပါးနပ်သလို တစ်နေ့ကို ကြေးပြား လေးငါးပြားလောက်တော့ ရပြီး ဟင်းကောင်းကောင်း စားရတတ်တယ်။

​နယ်မြေကတော့ အရင်ကတည်းက ခွဲထားပြီးသား။ ဖက်တီးက လူကောင်ထွားပြီး ရန်လုပ်ရဲတော့ သူ့နယ်မြေက အကောင်းဆုံးပဲ။

​ယှဉ်ကြည့်ရင် ကတုံးလေးရဲ့ နေရာက နည်းနည်းညံ့တယ်။ လူပြတ်တဲ့ ထောင့်ကျကျနေရာလေးမှာ။ မကောင်းဘူးလို့လည်း ပြောမရသလို ကောင်းတယ်လို့လည်း ပြောမရဘူး။ လူသွားလူလာ နည်းပေမယ့် ရံဖန်ရံခါ သူဌေးသားတွေ၊ အပျိုဖြန်းလေးတွေ ဖြတ်သွားတတ်လို့ နေ့စဉ် ဝမ်းရေးတော့ ဖူလုံရုံရပါတယ်။

ဖက်တီး​ကတော့ ကိုယ့်လူကိုယ် သိပ်ဂရုစိုက်တတ်တာပဲ။ဖေးလု စိတ်ထဲကနေ သူငယ်ချင်းသစ်ကို Like ပေးလိုက်တယ်။

ဖေးလုက ကတုံးလေးနောက်လိုက်ပြီး နံရံထောင့်မှာ ထိုင်လိုက်တယ်။ ရှေ့မှာတော့ အရောင်တောင် ခွဲခြားလို့ မရတော့တဲ့ ပန်းကန်ကွဲလေး တစ်လုံးချထားပြီး စောင့်နေကြတာပေါ့။

​လူတစ်ယောက် ဖြတ်သွားတိုင်း ကတုံးလေးက စက်ရုပ်လိုကြီး အော်တော့တာပဲ။

“သခင်လေးတို့ သခင်မလေးတို့… ကုသိုလ်ယူကြပါဗျာ! ကျွန်တော့်ကို သနားကြပါဦး!”

ဒီလို Marketing ဆင်းပုံမျိုးနဲ့ကတော့ ၁၀ ယောက်မှာ ၁ ယောက်လောက်ပဲ ပိုက်ဆံ ပစ်ချသွားမှာ။

​ဒီကလေးတော့ မဖြစ်ချေဘူး။ ဖေးလု သက်ပြင်းချလိုက်တယ်။

“ငါထင်တယ်… ဒီနေ့တော့ ထမင်းစားရဖို့ လမ်းမမြင်ဘူးဟေ့…”

​”ဒီကတုံးလေးက စီးပွားရေး မကျွမ်းကျင်လိုက်တာ”

​666 က မျက်စောင်းထိုးပြီး ဝင်ပြောတယ်။
“မင်း တတ်ရင် မင်း လုပ်ပြလိုက်လေ”

​”စကားကောင်းကောင်း ပြောလို့ မရဘူးလားဟ”
ဖေးလု ဆွံ့အသွားပြီး စိတ်ဆိုးသွားတယ်။ ဝက်သားမစားဖူးပေမယ့် ဝက်ပြေးတာတော့ မြင်ဖူးပါတယ်နော်။ (သူတောင်းစား မလုပ်ဖူးပေမယ့် တီဗီထဲ မြင်ဖူးပါတယ်ပေါ့)

ပါးစပ်အရသာခံပြီး လေဖမ်းခွင့် မရှိတော့ဘူးလား။

​တကယ်တမ်းလည်း ဖေးလု ခန့်မှန်းတာ မမှားဘူး။ ဒီနေ့ ကတုံးလေးရဲ့ စီးပွားရေးက သိပ်မကောင်းဘူး။ နေ့တစ်ဝက်ကျိုးသွားပြီ။ ပန်းကန်ကွဲလေးထဲမှာ ဘာမှမရှိသေးဘူး။ နေ့လယ်လောက်မှာ ဖက်တီးနဲ့ ဝါးခြမ်းပြား ရောက်လာပြီး မုန့်ပေါင်း တစ်ယောက်တစ်လုံး လာပေးသွားတယ်။ ကြည့်ရတာ ဒီနှစ်ကောင် နေ့လယ်စာ ငတ်တော့မယ်ဆိုတာ ကြိုသိနေပုံပဲ။

​မုန့်ပေါင်းကို ချွေတာပြီး စားနေရင်း ဖေးလုက လေးနက်တဲ့ပုံစံနဲ့ 666 ကို ပြောလိုက်တယ်။

“ငါတို့ ပိုက်ဆံရမယ့် နည်းလမ်း ရှာမှ ဖြစ်မယ်၊ မဟုတ်ရင် ငတ်သေတော့မယ်”

​”ဘယ်လိုရှာမှာလဲ”
666 က ဖေးလုရဲ့ သိက္ခာလေးကို ငဲ့ညှာသောအားဖြင့် လေသံအေးအေးလေးနဲ့ မေးလိုက်တယ်။

​”…”
ဖေးလု ဆွံ့အသွားပြီး ခပ်နွမ်းနွမ်းလေး ပြန်ဖြေတယ်။
“မစဉ်းစားရသေးဘူး…”

​”…”
666 က အကြံပေးတယ်။
“ဒါဆို မင်းပါ ဝင်အော်ကြည့်ပါလား”
လူများရင် အားရှိတာပေါ့။

​ဖေးလုက စိတ်ထဲမှာတော့ မလုပ်ချင်ဘူး။ ဆန်တစ်ပြည်အတွက်နဲ့ ငါ့ရဲ့ ဂုဏ်သိက္ခာကို အကျခံရမှာလား။

ဒါပေမယ့် ဂွီခနဲ မြည်လာတဲ့ ဗိုက်သံကိုကြားတော့ ချက်ချင်းပဲ ဒူးထောက် အရှုံးပေးလိုက်ရတယ်။ လတ်တလော ပိုက်ဆံရပေါက်က ဒါပဲရှိတာကိုး။ ကတုံးလေးနဲ့ အပြိုင် လိုက်အော်ရတော့တာပေါ့။

​”လှပပြီး သဘောကောင်းကြတဲ့ အစ်မချောချောလေးတို့ရေ… ကုသိုလ်ယူရင်း ထမင်းဖိုးလေး ပေးသနားကြပါ!!”

ဖေးလုကတော့ အနာဂတ်ကလာတဲ့ ဗဟုသုတရှိသူပီပီ သူ့ရဲ့ စျေးကွက်ထိုးဖောက်ပုံက ကတုံးလေးထက်တော့ သာပါတယ်။ ရလဒ်ကတော့ ပန်းကန်ကွဲလေးထဲမှာ ကြေးပြားတစ်ပြား ရောက်လာတာပါပဲ။

​ဖေးလုက ပြောင်ချောနေတဲ့ ကြေးပြားလေးကို ကိုင်ပြီး မျက်နှာကြီး မဲ့နေတယ်။

ဒုက္ခပါပဲ… ပိုက်ဆံမရရင် ညကျ ဗိုက်ဟောင်းလောင်း ဖြစ်တော့မယ်။

​666 လည်း လိုက်ပြီး သက်ပြင်းချနေတယ်။ (Rank ပွဲ နောက်တစ်ပွဲ ရှုံးသွားပြန်ပြီလေ : ) )

​အချိန်တွေ ကုန်တာမြန်လိုက်တာ။ လိမ္မော်ရောင် နေဝင်ချိန်က ရောက်လာပြီး ညနေခင်းတိမ်တိုက်တွေ ရဲရဲတောက်နေပြီ။

လမ်းသွားလမ်းလာတွေ နည်းလာပြီး ဆိုင်ခန်းတွေလည်း သိမ်းကုန်ကြပြီ။

ဖေးလုတစ်ယောက် ခေါင်းကြီးငိုက်စိုက်ကျပြီး နွမ်းလျနေတယ်။ တစ်နေ့လုံးနေမှ ကြေးပြားတစ်ပြားပဲ ရတယ်ဆိုတော့ ဝမ်းနည်းစရာ ကောင်းတာပေါ့။

​သူ့ဘာသာသူ ဝမ်းနည်းပက်လက် ဖြစ်နေတုန်း ရှေ့မှာ အရိပ်မည်းကြီးတစ်ခု ကျလာတယ်။ အနက်ရောင် ဘွတ်ဖိနပ်တစ်ရံ သူ့ရှေ့မှာ လာရပ်တယ်။ ဖေးလုကတော့ သူ့စိတ်နဲ့သူမို့ ဂရုမစိုက်မိဘူး။

​ရှေ့က ပန်းကန်ကွဲလေးထဲကနေ “ကလန်” ဆိုတဲ့ အသံမြည်လာပြီး ငွေစလေးတစ်ခု ကျလာတယ်။ ပြီးတော့ အသံနက်ကြီးတစ်ခု ထွက်လာတယ်။

“သီချင်း ဆိုတတ်လား”

​ဖေးလု မျက်လုံးတွေ အရောင်တောက်သွားပြီး ပန်းကန်ထဲက ငွေစလေးကို စိုက်ကြည့်နေမိတယ်။ ငွေစကို ကောက်ပြီး ရင်ဘတ်ထဲ ထိုးထည့်လိုက်ချင်တဲ့ စိတ်ကို မနည်းထိန်းထားရတယ်။ ပြီးမှ ရှေ့ကလူကို ဖြည်းဖြည်းချင်း မော့ကြည့်လိုက်တယ်။

​ရောက်လာတဲ့လူက အရပ်တော်တော်ရှည်တယ်။ အနီရောင်ရင့်ရင့် ဝတ်စုံရှည်ပေါ်မှာ အနက်ရောင် ပါးလွှာတဲ့ ဝတ်ရုံတစ်ထပ် ထပ်ဝတ်ထားတယ်။ ခါးမှာ နဂါးပုံစံ ကျောက်စိမ်းပြား ချိတ်ထားတယ်။ ကြည့်လိုက်တာနဲ့ လူချမ်းသာမှန်း သိသာတယ်။

​ဖေးလု အကြည့်တွေ အပေါ်ကို ထပ်ရွှေ့လိုက်တော့ အဲဒီလူရဲ့ မျက်နှာကို မြင်လိုက်ရတယ်။

လှလွန်းလို့ သရဲတောင် ခြောက်ခြားသွားနိုင်တဲ့ မျက်နှာမျိုး။ မျက်နှာပေါက်က အပြစ်ပြောစရာမရှိအောင် သေသပ်လွန်းတယ်။ မျက်ခုံးတန်းတန်း၊ နှာတံစင်းစင်း၊ နှုတ်ခမ်းပါးပါးလေးတွေက သွေးရောင်လွှမ်းနေသလိုပဲ။ မက်မွန်ပွင့်ပုံစံ မျက်ဝန်းတွေက အပေါ်ကို ကော့တက်နေပြီး… သံယောဇဉ် ကင်းမဲ့သလိုလိုနဲ့ သံယောဇဉ် တွယ်ချင်စရာ မျက်ဝန်းမျိုး။

​ဖေးလု တစ်သက်နဲ့တစ်ကိုယ် ဒီလောက်ချောတဲ့ ယောကျ်ားတစ်ယောက်ကို ပထမဆုံး မြင်ဖူးတာမို့ ကြောင်အသွားတယ်။

​”မေးနေတယ်လေ… သီချင်းဆိုတတ်လားလို့”
အဲဒီလူက စိတ်မရှည်သလို ထပ်မေးတယ်။

​ဖေးလု အသိပြန်ဝင်လာပြီး “ဆို… ဆိုတတ်ပါတယ်။ ဘာနားထောင်ချင်လို့လဲခင်ဗျ”

​အဲဒီလူက နှုတ်ခမ်းပါးလေးကို ဟပြီး ပြောလိုက်တယ်။
” ၁၈ ကွက် (၁၈ ချက် ကိုင်မယ် သီချင်း/Shiba Mo)”

​”…”

ဖေးလု သူ့ကို မယုံနိုင်တဲ့ မျက်လုံးတွေနဲ့ မော့ကြည့်လိုက်တယ်။

လမ်းမကြီးပေါ်မှာ သူတောင်းစားကို ‘၁၈ ချက် ကိုင်မယ်’ သီချင်း ဆိုခိုင်းနေတာလား။ မိတ်ဆွေ… ဦးနှောက်များ ပျက်နေသလား။

​အဲဒီလူက မျက်မှောင်ကြုတ်လိုက်တယ်။
“မဆိုတတ်ဘူးလား”

​”…”
ဖေးလုက ဘာပြောရတော့မှာလဲ။ အဲဒီသီချင်းကို ဘယ်သူမဆို ဆိုတတ်တာပဲ။ ဒါပေမယ့် လူသွားလူလာများတဲ့ လမ်းမကြီးပေါ်မှာ ဆိုဖို့ကကျ နည်းနည်းတော့ မကောင်းဘူးမလား။

​”ဒီနေရာကြီးမှာ ဆိုရမှာ… သိပ်မကောင်းပါဘူးဗျာ”

​အဲဒီလူက မျက်ခုံးပင့်လိုက်တယ်။
“ဒါဆို မင်း ငါနဲ့အတူ အခန်းထဲ လိုက်ဆိုချင်လို့လား”

​”…”

ပိုက်ဆံအတွက်ပဲလေ… သည်းခံလိုက်ပါမယ် : )

​ဖေးလု လည်ချောင်းရှင်းလိုက်ပြီး ရှက်ရှက်နဲ့ပဲ စဆိုလိုက်တော့တယ်။

“တစ်ချက်ကိုင်မယ်ဟေ့… မမရဲ့ ခေါင်းလေးပေါ်ကို ကိုင်မယ်… ဆံနွယ်လေးတွေက မင်ရည်စွန်းသလို နက်မှောင်… မိုးသားတိမ်တိုက်တွေ ဖုံးလွှမ်းနေသလိုပါပဲလား…”

​ကောင်လေးရဲ့ အသံက ကြည်လင်ပြတ်သားပေမယ့် ရှက်နေတာကြောင့် အသံက နည်းနည်း တုန်နေတယ်။ ဒီလို ညစ်ညမ်းတဲ့ သီချင်းမျိုးကို အပြစ်ကင်းတဲ့ အသံလေးနဲ့ ဆိုလိုက်တော့ ပြောမပြတတ်တဲ့ အရသာမျိုး ဖြစ်သွားတယ်။ အထူးသဖြင့် ရေဆေးပြီးလို့ ဖြူဖွေးနုဖတ်နေတဲ့ မျက်နှာလေးနဲ့ တွဲမြင်လိုက်ရတော့ သူ့ခန္ဓာကိုယ်ထဲက သွေးတွေ ဆူပွက်လာသလိုပဲ။

​ချွီလော့ချန်တစ်ယောက် သူ့ရှေ့က သူတောင်းစားလေးကို အထက်အောက် စုန်ချည်ဆန်ချည် ကြည့်နေမိတယ်။ မနေ့ကတည်းက သူသတိထားမိတယ်၊ ဒီသူတောင်းစားလေးရဲ့ အသံက သူ့ကို ထူးထူးဆန်းဆန်း ဆွဲဆောင်နေတယ် ဆိုတာကိုပေါ့။

Chapter 26 ended

​(စာရေးသူရဲ့စကား – ချွီလော့ချန် : ခြေသလုံးလေးတွေက ရှည်ပြီး ဖြူနေတာပဲ၊ လုပ်လို့ကောင်းမယ့်ပုံပဲ : )

T/N: နောက်အပိုင်းကစပြီး သူဖုန်းစား လို့ရေးပေးပါမယ်။ သူတောင်းစားကျ နည်းနည်းခက်ထန်နေသလားလို့။

 

 

ငါ့လူနာတွေက ငါ့ကိုချစ်မိသွားကြတယ်တဲ့!

ငါ့လူနာတွေက ငါ့ကိုချစ်မိသွားကြတယ်တဲ့!

Status: Ongoing Type: Author: Released: 2017

ဇာတ်လမ်းအကျဉ်း

​ဖေးလုဆိုတာ ဖက်ဒရယ်နိုင်ငံရဲ့ နံပါတ် ၁ အဆင့်ရှိတဲ့ စိတ်ကုထုံးပညာရှင်တစ်ယောက်။

တစ်နေ့ကျတော့ ဖက်ဒရယ်အစိုးရရဲ့ ဖိတ်ကြားချက်အရ စိတ်ရောဂါခံစားနေရတဲ့ စစ်သည်တွေကို ကုသပေးဖို့ သူလက်ခံလိုက်တယ်။

ဒါပေမယ့် အခြေအနေက တစ်မျိုးကြီး ဖြစ်နေတယ်။ သူ့လူနာတွေအားလုံးက... သူ့ကို 'ချစ်' (တက်လုပ်) ချင်နေကြတာ။

​လူနာ (၁) - "မင်းက ငါ့အပိုင်ပဲ!"

လူနာ (၂) - "မင်း ထွက်သွားရဲရင် သွားစမ်း၊ ငါ မင်းကို သတ်ပစ်လိုက်မယ်!"

.....

လူနာ (N) - "ငါ သေသွားမှပဲ မင်း လွတ်မြောက်မှာပါ..."

​ဖေးလု - "..." (ဆွံ့အ)

​ဇာတ်ကောင်စရိုက်များ

​ အတည်ပေါက်ဖမ်းတတ်တဲ့ Shou × တကယ် ရောဂါရှိတဲ့ Gong

​မှတ်ချက် - Gong က တစ်ယောက်တည်းပါ။ Shou က သူ့ရဲ့ စိတ်စွမ်းအင်ကိုသုံးပြီး လူနာတွေရဲ့ စိတ်ကမ္ဘာထဲကို ဝင်ရောက်ကုသပေးရတာပါ။

​တစ်ကြောင်းတည်းနဲ့ ပြောရရင် - "ကျွန်တော်က ခင်ဗျားကို ရောဂါလာကုပေးတာလေ၊ ခင်ဗျားက ကျွန်​တော့်ကို ပြန်ပြီး တက်လုပ်ချင်နေတာလား!"

​【အထူးသတိပေးချက်】

Shou ရောက်နေတဲ့ ကမ္ဘာက အနာဂတ်ကာလဖြစ်ပါတယ်။ ဒီထဲက စိတ်ကုထုံးပညာရှင်ဆိုတာ သာမန် စိတ်ရောဂါကုဆရာဝန်မဟုတ်ပါဘူး။ လူနာကို ကုသတဲ့နေရာမှာ စိတ်စွမ်းအင်ကို သုံးပြီး ကုသတာမို့ 'စိတ်စွမ်းအားရှင်'ပုံစံမျိုးလို့ မှတ်ယူပေးပါ။ ဒါကြောင့် သာမန်ဆရာဝန်တွေနဲ့ မရောထွေးပါနဲ့နော်။

​အခြားအချက်အလက်များ

​Main Shou ပါ။ 1v1 (တစ်ယောက်တစ်ယောက်) ပါ။ Gong နဲ့ Shou ကလွဲပြီး တခြားလူမရှိပါဘူး။ Gong က စိတ်ဒဏ်ရာကြောင့် Personality တွေ ကွဲနေတာပါ။

​ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်းဖြစ်တာမို့ ယုတ္တိဗေဒLogicတွေ သိပ်လိုက်မရှာပါနဲ့၊ စာရေးသူက စားပစ်လိုက်ပါပြီတဲ့။

​ဇာတ်လိုက်များ - ဖေးလု(Shou)၊ ကျင်းမင်(Gong)

ဇာတ်ပို့များ - Gong 1, 2, 3, 4, 5,6....

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset