⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode

Chapter 31+32

Chapter 31

အချက်အလက်တွေကို ဖတ်ပြီးတော့ ဖေးလု တော်တော်ကြာအောင် ငြိမ်သက်နေမိတယ်။ သူက ဖက်ဒရယ်အစိုးရရဲ့ အလံတော်အောက်မှာ ပန်းပွင့်လေးလို ပြုစုပျိုးထောင်ခံလာရတဲ့သူ။ ဒီလောက် ရက်စက်ကြမ်းကြုတ်တဲ့ အဖြစ်အပျက်မျိုးကို အသက် ၂၀ ကျော်တဲ့အထိ တစ်ခါမှ မကြားဖူးဘူး။

အထူးသဖြင့် ဇာတ်လမ်းထဲက အဓိကဇာတ်ကောင်က အခု သူ့ရဲ့ လူနာ ဖြစ်နေတယ်။

အမြဲတမ်း အနီရောင်ဝတ်စုံကို ဝတ်ထားပြီး မျက်လုံးနက်နက်နဲ့ ကြည့်တတ်တဲ့ လူတစ်ယောက်ကို မြင်ယောင်မိတော့… ဖေးလု ရင်ဘတ်ကို ဖိပြီး သက်ပြင်းရှည်ကြီး ချလိုက်မိတော့တယ်။

“အရင်က ငါ မှားခဲ့တာ၊ ငါ မရှောင်ပြေးခဲ့သင့်ဘူး။”

ဖေးလုက မျက်လွှာချရင်း လက်ချောင်းတွေကို ပွတ်သပ်ကာ လေသံတိုးတိုးလေးနဲ့ ပြောလိုက်တယ်။

“ငါ တတ်နိုင်သလောက် သူ့ကို ကုသပေးမှာပါ”

လူနာရဲ့ စိတ်ကမ္ဘာက လက်တွေ့ဘဝရဲ့ အခြေအနေတချို့ကို ထင်ဟပ်နေတတ်တယ်။ စိတ်ကမ္ဘာကြီးက ဒီလောက် ရက်စက်ကြမ်းကြုတ်နေတယ်ဆိုတော့ လက်တွေ့က လူနာလည်း ဖိအားတွေ အများကြီး ခံစားနေရမှာပဲ။ ကိုယ်က ကြောက်ရွံ့နေတာလေး တစ်ခုတည်းနဲ့ တဖက်လူရဲ့ ဒုက္ခကို လျစ်လျူမရှုသင့်ဘူးလေ။

ပြီးတော့ တစ်ချိန်က နယ်စပ်ကို ကာကွယ်ခဲ့တဲ့ စစ်သူကြီးငယ်လေးပဲ။ သရဲကြမ်းကြီး ဖြစ်သွားတယ် ဆိုရင်တောင်… သိပ်ကြီး ဆိုးဝါးတဲ့ သရဲတော့ ဖြစ်လာမှာ မဟုတ်ဘူး… မလား?

လုံးဝ မျှော်လင့်ချက် မရှိတာတော့ မဟုတ်ပါဘူး။

ဖေးလု ပထမဆုံး တွေ့တဲ့အချိန်ကစပြီး အခုထိ ဖြစ်ပျက်ခဲ့တာတွေကို ပြန်စဉ်းစားကြည့်တယ်။ ချွီလော့ချန်က သူ့ကို အမြဲတမ်း ခြောက်လှန့်နေတတ်တယ်၊ ပုံမှန် သွေးနည်းနည်း စုပ်တယ်၊ ပြီးတော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ သီချင်းတွေ နားထောင်ရတာ ကြိုက်တယ်…

အတိုချုပ် ပြောရရင် အကျင့်ဆိုးတွေ များပေမယ့် တကယ်တမ်းကျတော့ ဖေးလုကို ကြီးကြီးမားမား ဒုက္ခပေးတာ မရှိဘူး။ ပြောရရင် ဟင်းရည်အနှစ် ရောင်းဖို့ အရင်းအနှီးကိုတောင် ချွီလော့ချန်က ပေးလိုက်တာလေ။

ဖေးလု ပြုံးလိုက်ကာ အပြစ်ကင်းစင်တဲ့ ပုံစံလေးနဲ့ 666 ကို ပြောလိုက်တယ်။

“ငါ သူ့ကို အထင်လွဲခဲ့တာ ဖြစ်နိုင်လောက်တယ်။ သူက သရဲကောင်းလေး တစ်ကောင် ဖြစ်နေနိုင်တာပဲလေ”

666 : “…”

မင်းပျော်ရင် ပြီးတာပါပဲ။ ငါ ဘာမှ ဝင်မပြောတော့ဘူး။

အချက်အလက်တွေကို ပြန်သိမ်းပြီး ဖေးလု နေပူစာလှုံရင်း ဇိမ်ယူနေလိုက်တယ်။ ချွီလော့ချန်နဲ့ ဘယ်လို ပိုရင်းနှီးအောင် ပေါင်းပြီး သူငယ်ချင်းကောင်း ဖြစ်အောင် လုပ်ရမလဲ ဆိုတာကို စဉ်းစားနေတော့တယ်။

…….

ညနေစောင်းလို့ ဖက်တီးတို့ ဈေးသိမ်းပြန်လာကြတော့ ဖေးလုက ကောက်ရိုးပုံပေါ်မှာ ကွေးကွေးလေး အိပ်ပျော်နေတာ တွေ့လိုက်ရတယ်။ နေဝင်ရီတရော အလင်းရောင်အောက်မှာ အိပ်ပျော်နေတဲ့ ပုံစံလေးက နူးညံ့ပြီး အသည်းယားစရာလေး။

ဖက်တီးတို့ အချင်းချင်း မျက်လုံးချင်း စကားပြောပြီး ခြေသံလုံအောင် နင်းကာ ဝင်လာကြတယ်။ ဘယ်သူမှ သူ့ကို မနှိုးရက်ကြဘူး။

……

ဖေးလုတစ်ယောက် ထမင်းဟင်းနံ့ ရလို့ နိုးလာတယ်။ ဖက်တီးတို့က စားသောက်ဆိုင်ကနေ ဟင်းပွဲတချို့ ပါဆယ် ဝယ်လာကြတယ်။ တောင်အောက် ယူသွားတဲ့ ဟင်းတွေ အကုန်ကုန်သွားပြီး ပိုက်ဆံလည်း မနည်းမနော ရလိုက်ကြတယ်။ နှစ်တွေအကြာကြီး ကောင်းကောင်းမွန်မွန် မစားခဲ့ရတော့ ပိုက်ဆံအိတ်လေး ပိုက်ပြီး ပထမဆုံးအကြိမ် စားသောက်ဆိုင် ထိုင်စားကြတာ။ ဖေးလု မပါလာတော့ သူ့အတွက် ပါဆယ် ဝယ်လာပေးပြီး အတူတူ စားဖို့ စောင့်နေကြတာ။

ဖေးလု အကြောဆန့်၊ သမ်းဝေပြီး သစ်တုံးခုံလေးနား သွားထိုင်တော့ ကတုံးလေးက ထမင်းတစ်ပန်းကန် ခပ်ပေးတယ်။ ဖေးလု ပန်းကန်ကို ကိုင်ပြီး တရှူးရှူးနဲ့ စားတော့တာပဲ။

ဒီရက်ပိုင်း သူလည်း ကောင်းကောင်းမစားရတော့ အခုလို ထမင်းဟင်းလျာ အစုံအလင် တွေ့တဲ့အခါ ငတ်ကြီးကျသလို ဖြစ်သွားတယ်။ ကျန်တဲ့ သုံးယောက်လည်း ထိုနည်းလည်းကောင်းပဲ။

ပြိုင်စားနေသလိုပဲ ပါလာတဲ့ ထမင်းဟင်းတွေ ခဏလေးနဲ့ ကုန်သွားတယ်။ ဖေးလု ကြမ်းပြင်ပေါ် တင်ပျဉ်ခွေထိုင်ပြီး ဗိုက်လေးပွတ်ကာ လေတက်လိုက်တယ်။ လေးယောက်သား ဟိုမှီဒီမှီနဲ့ ဗိုက်ပွတ်ပြီး ကျေနပ်နေကြတယ်။

“ဒါ ငါ့ဘဝမှာ အသန့်ရှင်းဆုံး စားဖူးတဲ့ ထမင်းတစ်နပ်ပဲ” ဖက်တီး ကျေနပ်စွာ ပြောလိုက်တယ်။

သူက သူဖုန်းစားတွေထဲမှာ ဗိုလ်ကျနေတဲ့သူ ဆိုပေမယ့်လည်း သူဖုန်းစားပဲလေ။ သူများဆီကနေ လုယက်စားရရင်တောင် ဗိုက်ပြည့်ရုံလောက်ပဲ စားရတာ။ ပြီးတော့ သူ့အောက်မှာ တပည့်ပေါက်စ သုံးယောက် ရှိနေသေးတာ။ သူများဆီကနေ လုလို့ရလာရင်တောင် ကိုယ်က တစ်လုပ်စားရင် ဟိုကောင်တွေကို သုံးလုပ် ပြန်ခွဲပေးရသေးတာ။

အဲဒီတုန်းက ဗိုက်ဝဖို့ဆိုတာ နတ်ပြည်ရောက်ဖို့သလိုပဲ။ သဲတွေရောနေတာ၊ သိုးနေတာ၊ ပုပ်နေတာ… အသက်ရှင်ဖို့အတွက် ဘာမဆို စားခဲ့ရတာချည်းပဲ။

ဖက်တီးက ဖေးလုပခုံးကို ဖွဖွလေး ထိုးလိုက်တယ်။

“ဒါတွေအကုန် မင်းကျေးဇူးကြောင့်ပါကွာ”

ဖေးလု ခေါင်းကုတ်လိုက်တယ်။သူ နည်းနည်းတော့ ရှက်သွားတယ်။ သူက သူ့စားဝတ်နေရေး ပြေလည်အောင် လုပ်ရင်းနဲ့ မူလခန္ဓာကိုယ်ရဲ့ သူငယ်ချင်းတွေပါ အကျိုးရှိသွားတာ။

“ငါတို့ နောက်ဆို မတောင်းစားကြရအောင်။ ဒီလိုပဲ စားစရာလေးတွေ လုပ်ရောင်းကြမယ်။ ပိုက်ဆံစုမိရင် တောင်အောက်မှာ အိမ်လေးတစ်လုံး ငှားပြီး တကယ့် စီးပွားရေးသမားတွေ လုပ်ကြမယ်လေ”

ဖက်တီးက တိတ်ဆိတ်ပြီး စဉ်းစားနေတယ်။ ဝါးခြမ်းပြားနဲ့ ကတုံးလေးကတော့ စိတ်လှုပ်ရှားနေကြပြီ။ ဖေးလု ပြောပြတဲ့ အနာဂတ်ပုံရိပ်ကို တွေးပြီး မျှော်လင့်ချက်တွေ ပြည့်နေကြတယ်။

ဖက်တီးကတော့ နည်းနည်း ပိုတွေးတယ်။ သူက သတ္တိရှိသလို ဉာဏ်လည်း ကောင်းတယ်။ ဖေးလု ပြောတာကို သူ သဘောတူပေမယ့် သူဖုန်းစား သုံးလေးယောက်က မုန့်ပဲသရေစာ လုပ်ရောင်းတာနဲ့ တကယ့် စီးပွားရေး လုပ်တာနဲ့က မတူဘူး။

သူတို့ ဈေးရောင်းတာ နှစ်ရက်ပဲ ရှိသေးတယ်၊ လူတချို့က စပ်စုနေကြပြီ။ ဝါးခြမ်းပြားနဲ့ ကတုံးလေးက နုံနုံအအဆိုတော့ သတိမထားမိပေမယ့် ဖက်တီးကတော့ ရိပ်မိတယ်။ ဒီနေ့ဆိုရင် လူမိုက်တချို့ သူတို့နား ယောင်လည်လည် လုပ်နေကြတာ။

ရေရှည်လုပ်ရင် မနာလိုတဲ့သူတွေ ဒုက္ခပေးလာမှာ သေချာတယ်။ သူ စိတ်ပူနေပေမယ့် ဖေးလုတို့ရဲ့ မျှော်လင့်ချက် မျက်နှာလေးတွေကို မြင်တော့ စိတ်ပူတာတွေကို ထုတ်မပြောတော့ဘူး။

“ကောင်းပြီ… ပိုက်ဆံရရင် တောင်အောက်မှာ အိမ်အကြီးကြီး ငှားမယ်။ တစ်ယောက် တစ်ခန်း နေကြမယ်”

သူက လေးယောက်ထဲမှာ အကြီးဆုံးလည်းဖြစ်၊ ရင့်ကျက်ဆုံးလည်း ဖြစ်တယ်။ သူဖုန်းစားအဘိုးကြီး ဆုံးသွားကတည်းက ကျန်တဲ့ သုံးယောက်က သူ့စကား နားထောင်လာကြတာ။ အခု သူကပါ သဘောတူလိုက်တော့ အကုန်လုံး ပျော်ပြီး အော်ဟစ်ကြတော့တယ်။

ဖေးလုလည်း သူတို့ ပျော်နေတာမြင်ပြီး လိုက်ပြုံးနေမိတယ်။

………

မိုးက အမြန်ပဲ ချုပ်သွားတယ်။ ဒီနေရာမှာ ညဘက် ဘာမှလုပ်စရာမရှိတော့ မိုးချုပ်တာနဲ့ အိပ်ကြတာပဲ။ ဝါးခြမ်းပြားနဲ့ ကတုံးလေးက အိပ်သွားပြီ။ ဖက်တီးက တံခါးဝမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ပြီး အိပ်ဖို့ ပြင်နေတယ်။

ချွီလော့ချန် မှာထားတာကို သတိရသွားပြီး ဖေးလုက ဖက်တီးဆီ ကပ်သွားတယ်။

“ငါ တောင်အောက် ခဏ ဆင်းလိုက်ဦးမယ်”

ဖက်တီးက ချက်ချင်း သဘောမပေါက်သေးတော့ အသံကျယ်ကြီးနဲ့ မေးတယ်။

“ဒီလောက် မိုးချုပ်နေပြီ ဘာသွားလုပ်မလို့တုန်း! မင်းက သရဲကြောက်တတ်တဲ့ကောင်၊ တော်ကြာ လမ်းမှာ ကြောက်ပြီး သေးထွက်ကျနေဦးမယ်”

ဝါးခြမ်းပြားနဲ့ ကတုံးလေးက လှဲနေရာကနေ ထလာပြီး ဖေးလုကို စပ်စုတဲ့ မျက်လုံးတွေနဲ့ လှမ်းကြည့်ကြတယ်။

“…”

ဖေးလု မျက်နှာကြီး နီရဲသွားတယ်။ ဖောက်ပြန်ဖို့ သွားမယ့် လင်ငယ်လေးလို သူ ခံစားလိုက်ရတယ်။

“ကိစ္စလေး နည်းနည်း ရှိလို့ပါဆို”

ဖက်တီးက ဖေးလု မျက်နှာရဲနေတာ မြင်တော့မှ သဘောပေါက်သွားသလို ခေါင်းကုတ်ပြီး ဟီးဟီး ရယ်တယ်။

“အေးပါ… အေးပါ… ငါ သိပြီ။ လိုက်ပို့ပေးရမလား။ မဟုတ်ရင် မင်းကြောက်ပြီး သေးပေါက်ချမိလို့ မင်းရဲ့ အချစ်တော် မြင်သွားရင် သိက္ခာကျနေဦးမယ်”

“…”

ဖေးလု ဒေါသထွက်လွန်းလို့ ဆဲချင်တဲ့ စကားလုံးတွေကို ပြန်မြိုချလိုက်ရတယ်။ ဖက်တီးကို မျက်စောင်းထိုးပြီး စိတ်ဆိုးမာန်ဆိုးနဲ့ တောင်အောက် ဆင်းလာခဲ့တော့တယ်။

လမ်းဝ ရောက်တော့မှ မှောင်မည်းနေတဲ့ တောလမ်းလေးကို ကြည့်ပြီး ကြောက်စိတ်က ဝင်လာတယ်။ ချွီလော့ချန်ကို မကြောက်တော့ဘူး ဆိုပေမယ့် တောင်ပေါ်မှာ တခြားသရဲတွေ မရှိဘူးလို့ ဘယ်သူပြောလဲ။ ဖေးလု လည်ပင်းကို ပုထားပြီး တောင်အောက်ကို ချောင်းကြည့်နေလိုက်တယ်။သူ စိတ်ကို မနည်းတင်းထားပေမယ့် ခြေလှမ်းက ရှေ့မတိုးရဲဘူး။

“ဘာတွေ ကြည့်နေတာလဲ”

နားနားကပ်ပြီး အသံကြားလိုက်ရတော့ ဖေးလု လန့်ပြီး တုန်သွားတယ်။ ထို့နောက် အသံပိုင်ရှင်ကို သိလိုက်တော့မှ စိတ်အေးသွားပြီး ဒေါသတကြီး အော်လိုက်တယ်။

“ခင်ဗျားက ဘာလို့ လူနောက်ကနေပဲ အမြဲ ပေါ်လာရတာလဲ!”

ချွီလော့ချန်က ဖေးလုရဲ့ ကြောင်သူတော်လေးလို ရန်လုပ်နေတဲ့ ပုံစံကို သဘောကျပြီး ရယ်လိုက်တယ်။

“သရဲဆိုတာ လူနောက်ကနေပဲ ထွက်လာရတာ မဟုတ်ဘူးလား?”

“…”

ဖေးလု : မင်းပြောတာ ဟုတ်နေတော့ ငါ့မှာ ပြန်ပြောစရာတောင် မရှိတော့ဘူး။

ဖေးလု လည်ပင်းလေးကို ပုပြီး လေသံပျော့ပျော့လေးနဲ့ ညှိနှိုင်းလိုက်တယ်။

“ဒါဆို နောက်ခါကျရင် နောက်ကနေ မခြောက်ပါနဲ့တော့လား”

မင်း ဒီလိုလုပ်ရင် ငါ နှလုံးရောဂါ ရတော့မယ်!

ချွီလော့ချန် အံ့သြသလို မျက်ခုံးပင့်လိုက်တယ်။ သူ့ကို တွေ့တိုင်း ငုံးငှက်လေးလို တုန်နေတဲ့ သူဖုန်းစားလေးက အခု သူ့ကိုတောင် အပေးအယူ လုပ်ရဲနေပြီ?

သူ ဖေးလုနား တိုးကပ်ပြီး အခုမှ စတွေ့သလို သေသေချာချာ ကြည့်လိုက်တယ်။

“ဒါပေမယ့်… ငါက ဘာလို့ မင်းစကား နားထောင်ရမှာလဲ?”

ဖေးလု ကြောင်သွားတယ်။ ဟုတ်သားပဲ… သူက ဘာလို့ ငါ့စကား နားထောင်ရမှာလဲ?

“ဟင်? ပြောလေ”

ချွီလော့ချန်က ဖေးလု ဆံပင်တစ်ခွေကို လက်ညှိုးနဲ့ ပတ်ကစားနေတယ်။ ကြည့်ရတာ လွယ်လွယ်နဲ့ လျှော့ပေးမယ့်ပုံ မဟုတ်ဘူး။

ဖေးလု မသေချာတော့ဘူး။ သူ့ဘက်က သူငယ်ချင်း ဖြစ်ချင်ပေမယ့် ဟိုဘက်က လက်ခံပုံ မရဘူး။ ဖေးလု ပြန်ကြောက်သွားပြီး လည်ပင်းလေး ပုကာ တိုးတိုးလေး ပြောလိုက်တယ်။

“ဘာလို့လဲဆိုတော့… ငါတို့က သူငယ်ချင်းတွေမို့လို့…?”

“သူငယ်ချင်း?”

ချွီလော့ချန် အံ့သြသလို ကြည့်လိုက်တယ်။ သူ့နှုတ်ခမ်းထောင့်က ကွေးတက်သွားပြီး လှောင်သလိုလို ပြုံးတယ်။နောက်ပြီး ဖေးလုရဲ့ နားသီးလေးကို သူ့လျှာနဲ့ ဖွဖွလေး လျက်လိုက်တယ်။

“ဒီလို လုပ်တဲ့ သူငယ်ချင်းလား?”

“…”

ဖေးလု နောက်ကို ဆုတ်လိုက်ကာ မျက်နှာကြီးလည်း ပူထူသွားတယ်။ အနိုင်ကျင့်ခံရတာက တစ်ပိုင်း၊ ကိုယ်က အဆင်ပြေအောင် ပေါင်းချင်ပေမယ့် ဟိုက အဖက်မလုပ်ဘူးလို့ ခံစားလိုက်ရတာက တစ်ပိုင်းမို့ ဖေးလု စိတ်ဆိုးသွားတယ်။ သူ မျက်နှာကို တင်းပြီး ပြတ်ပြတ်သားသား လှည့်ထွက်သွားလိုက်တယ်။

“မဟုတ်ရင်လည်း နေပေါ့…”

ချွီလော့ချန်က စိတ်ကောက်ပြီး ထွက်သွားတဲ့ ကျောပြင်လေးကို ကြည့်နေမိတယ်။ ပြုံးနေတဲ့ နှုတ်ခမ်းက တဖြည်းဖြည်း တည်သွားပြီး မျက်ဝန်းနက်နက်တွေထဲမှာတော့ မုန်တိုင်းထန်တော့မလို ဖြစ်လာတယ်။

ဖေးလု စိတ်ဆိုးမာန်ဆိုးနဲ့ မီတာရာချီအောင် လျှောက်လာခဲ့တယ်။ သူ သတိဝင်လာတော့မှ နောက်ကျောဘက်မှာ ဘာသံမှ မကြားရတော့ဘူး။ ရှေ့မှာက မှောင်မည်းနေတဲ့ လမ်း၊ နောက်မှာက တိတ်ဆိတ်လွန်းတဲ့ တောအုပ်။သူ မေ့ထားတဲ့ ကြောက်စိတ်တွေက ပြန်ဝင်လာတယ်လေ။ ဖေးလု တုန်တုန်ရီရီနဲ့ နောက်လှည့်ကြည့်လိုက်တယ်။

“ချွီလော့ချန်?”

“ဟမ်?”

အသံနက်ကြီး ထွက်လာတယ်။ ချွီလော့ချန်က အမှောင်ရိပ်ထဲကနေ အနီရောင် ဝတ်စုံနဲ့ ဖြည်းဖြည်းချင်း ထွက်လာတယ်။ ခုနက ကြည့်ပြီး ဒေါသထွက်စရာ ကောင်းတဲ့ မျက်နှာက အခုကျတော့ လုံခြုံမှု ပေးသလို ခံစားနေရသလားလို့….

ဖေးလု မျက်နှာမပျက်အောင် ဟန်ဆောင်ပြီး နှာခေါင်းရှုံ့လိုက်တယ်။ သူ လာတဲ့အထိ ရပ်စောင့်နေပြီး လေသံမာမာနဲ့ ပြောလိုက်တယ်။

“နာမည် လှမ်းခေါ်ကြည့်တာ။ ကျွန်တော် တောင်ဆင်းတဲ့လမ်း မသိလို့”

ချွီလော့ချန်က ခပ်တည်တည်နဲ့ ဟန်လုပ်နေတဲ့ ကောင်လေးကို စိတ်ဝင်တစား ကြည့်နေလိုက်တယ်။ ဘာမှတော့ ထပ်မပြောတော့ပါဘူးလေ။ ခုနကမှ ကောင်လေးက သူ့ကို စိတ်ဆိုးနေတာ၊ အခု သွားပြီး အရှက်ခွဲလိုက်ရင် တော်တော်နဲ့ ပြန်ချော့လို့ရမှာ မဟုတ်ဘူး။

“အင်း… ငါ့နောက် လိုက်ခဲ့”

ဖေးလုက ချက်ချင်းပဲ ငုံးငှက်လေးလို သူ့ဘေးနား ကပ်သွားလိုက်တယ်။ ခုနက စိတ်ဆိုးထားတာသာ မဟုတ်ရင် ခြေသလုံးကို ဖက်ထားမိနေလောက်ပြီ။

ချွီလော့ချန်က ကျေနပ်စွာ ပြုံးလိုက်တယ်။ တကယ်တော့ သူက ဖေးလုကို ဆွဲခေါ်ပြီး အိမ်ပြန်ရောက်အောင် လုပ်လိုက်လို့ ရတယ်။ ဒါပေမယ့် သူဖုန်းစားလေးရဲ့ ကြောက်နေတဲ့ ပုံစံလေးက ချစ်ဖို့ကောင်းသလို သူ့ကို အားကိုးနေတာလေးကလည်း သူ့ကို နေလို့ကောင်းစေတယ်။အဲဒါကို သူ သဘောကျတယ်။

အဲ့ဒါကြောင့်… လမ်းလျှောက်ပြန်ကြတာပေါ့။

ဖေးလုကတော့ သူ့စိတ်ကူးကို မသိရှာဘူး။ ချွီလော့ချန်နား ကပ်ပြီး ခြေထောက်အောက်ကိုပဲ ကြည့်လျှောက်နေတယ်။ ဟိုဟိုဒီဒီ မကြည့်ရဲဘူး။ တော်ကြာ တခြားသရဲတွေ ထွက်လာမှာ စိုးလို့။ သူ့ဘေးနားမှာ သရဲဘုရင်တစ်ကောင် ရှိနေတာတောင် တခြားသရဲတွေ လာနှုတ်ဆက်မှာ ကြောက်နေတုန်း။

Chapter 31 ended

 

Chapter 32

နှစ်ယောက်သား အဲဒီလိုနဲ့ လမ်းလျှောက်ပြန်လာကြတယ်။

တော်သေးတာက ချွီလော့ချန်အိမ်က သိပ်မဝေးဘူး။ တောင်အောက်ရောက်ပြီး ခဏဆက်လျှောက်လိုက်တာနဲ့ ရောက်သွားကြတယ်။

ဖေးလု ဒုတိယအကြိမ် ရောက်ဖူးတာဆိုပေမယ့် အံ့သြနေမိတုန်းပဲ။

“ခင်ဗျားရဲ့ သရဲအိမ်က တကယ့်အိမ်နဲ့ တူတာပဲနော်”

“တကယ့်အိမ်နဲ့ တူတယ်?”

ချွီလော့ချန် ရယ်ချင်သွားတယ်။

“ဘယ်သူက ဒါကို သရဲအိမ်လို့ ပြောလဲ?”

ဖေးလု ခဏလောက် ကြောင်သွားတယ်။ သူ မယုံနိုင်စွာနဲ့ မေးလိုက်တယ်။

“ဒါဆို ဒါ​က တကယ့်အိမ်ကြီး?ခင်ဗျား ဖန်ဆင်းထားတာ မဟုတ်ဘူးပေါ့?”

ချွီလော့ချန်က ဉာဏ်နည်းတဲ့လူကို ကြည့်သလိုမျိုး သူ့ကို ကြည့်နေလေတယ်။

“…”

ကိုယ့်ဉာဏ်ရည်ကို ကိုယ်တိုင် ဖော်မိသလို ဖြစ်သွားလို့ ဖေးလု အခြေအနေကို ကယ်ဆယ်ဖို့ ကြိုးစားလိုက်တယ်။

“ဒါဆို ခင်ဗျားက တော်တော် ချမ်းသာတာပဲနော်”

ဒီလောက် အိမ်အကြီးကြီးဆိုတော့ တော်တော် စျေးတန်မှာပဲ။

ချွီလော့ချန်က ဖေးလု ကျောကို ဖွဖွလေး တွန်းလိုက်တယ်။

“ဝင်သွားတော့”

ဖေးလု မှတ်မိတဲ့ လမ်းအတိုင်း အိမ်ထဲ ဝင်လာလိုက်တယ်။ မကြာခင်မှာပဲ အရင်အခန်းရှေ့ ရောက်သွားတယ်။ သူ တံခါးရှေ့ရပ်ပြီး မျက်လုံးလေးနဲ့ လှမ်းမေးလိုက်တယ်။

“ကျွန်တော် ဒီမှာ အိပ်ရမှာလား?”

ချွီလော့ချန်က အဓိပ္ပာယ်ပါပါ ပြန်ကြည့်တယ်။

“ရွေးပြီးပြီလား?”

ဖေးလု နားမလည်စွာနဲ့ ခေါင်းညိတ်လိုက်တယ်။

“အရင်တုန်းကလည်း ဒီအခန်းပဲ မဟုတ်လား?”

“အင်း”

ချွီလော့ချန် တံခါးတွန်းဖွင့်ပေးလိုက်တယ်။ အထဲမှာ မီးမထွန်းရသေးတော့ မှောင်မည်းနေတယ်။

“ဝင်လေ”

ဖေးလု အမှောင်ထဲ စမ်းဝင်ပြီး စားပွဲဆီ သွား၊ မီးခြစ်ကျောက်နဲ့ ဖယောင်းတိုင် ထွန်းလိုက်တယ်။ ဖယောင်းတိုင်မီး လင်းလာတော့ ရုတ်တရက် အလင်းရောင်ကြောင့် မျက်လုံး ကျိန်းသွားတယ်။

ချွီလော့ချန်က တံခါးပိတ်လိုက်ပြီး ဘီဒိုထဲက စောင်တစ်ထည်ကို သဘာဝကျကျ ဆွဲထုတ်ယူတယ်။ ပြီးတော့ အပေါ်ဝတ်ရုံချွတ်ပြီး လှဲချလိုက်ကာ ဖေးလုကို လှမ်းခေါ်တယ်။

“မိုးချုပ်နေပြီ… လာအိပ်တော့”

ဖေးလုက ကြောင်တောင်တောင် ကြည့်နေမိတယ်။

“ခင်ဗျားက ဘာလို့ ဒီမှာ လာအိပ်တာလဲ? ဒီလောက် အိမ်အကြီးကြီးမှာ တခြားအခန်း မရှိဘူးလား?”

“ဒါ ငါ့အခန်းလေ”

ချွီလော့ချန်က ပြုံးပြီး ကြည့်လာတယ်။ မီးရောင်အောက်မှာ သူ့မျက်နှာက နူးညံ့နေသလိုပဲ။

“ငါက ဒီမှာ မအိပ်ရင် ဘယ်သွားအိပ်ရမှာလဲ?”

“…”

ဖေးလု : မှားသွားပြီဟေ့ : )

သူ ဖယောင်းတိုင်ခွက်ကို ပြန်ကိုင်ပြီး အပြင်ထွက်ဖို့ ပြင်လိုက်တယ်။

“ဒါဆို ကျွန်တော် တခြားအခန်းမှာ သွားအိပ်လိုက်မယ်”

“ပြန်လာခဲ့!”

ချွီလော့ချန်ရဲ့အသံက အေးခဲသွားတယ်။

ဖေးလု ခန္ဓာကိုယ်လည်း တောင့်တင်းသွားတယ်။ သူ့ခဗျာ ဖယောင်းတိုင်ခွက်လေးကိုင်ပြီး ဗျာများနေရရှာတယ်။ နောက်ကျောဘက်က အပူချိန် ကျဆင်းလာတာကို ခံစားရလို့ နောက်ဆုံးတော့ ခေါင်းငိုက်စိုက်နဲ့ ပြန်လှည့်လာရတယ်။ ဖယောင်းတိုင်ကို စားပွဲပေါ်တင်၊ မကျေမနပ်နဲ့ အဝတ်တွေ ချွတ်ပြီး အတွင်းဘက် ဝင်လှဲလိုက်တယ်။

ချွီလော့ချန်က သူ့နောက်စေ့လေးကို ကြည့်ပြီး မျက်လုံးမှေးစင်းလိုက်တယ်။ သူ လက်ဝှေ့ယမ်းလိုက်တော့ ဖယောင်းတိုင်မီး ငြိမ်းသက်သွားပြီး အခန်းတစ်ခုလုံး အမှောင်ကျသွားတော့တယ်။

……..

ဖေးလု အိပ်မက်မက်ပြန်ပြီ။

အိပ်မက်ထဲမှာ အဲဒီလူပဲ။

အေးစက်တဲ့ နှုတ်ခမ်းပါးတွေက သူ့ကိုယ်ပေါ် လျှောက်သွားပြီး သူ့ကို ကြက်သီးထစေတယ်။ ဖေးလု သက်သောင့်သက်သာ ညည်းတွားလိုက်ပြီး အလိုက်သင့်လေး ခါးကော့ပေးလိုက်မိတယ်…

မနက်စောစော နိုးလာတော့ ဖေးလု သိလိုက်ရတယ်။ သူ ထပ်ပြီး နွေဦးအိပ်မက် မက်ပြန်ပြီဆိုတာ။

ဒီတစ်ခါတော့ ဘောင်းဘီထဲမှာ အေးစက်စက် အရည်တွေ မရှိဘူး။ ဒါပေမယ့် နှစ်ပေါင်းများစွာ တစ်ကိုယ်ရေသမား ဖြစ်ခဲ့တဲ့ မှော်ဆရာကြီး (လူပျိုကြီး) ပီပီ သူ့ကိုယ်သူ သိတယ်။ ဒီတုံ့ပြန်မှုက သေချာပေါက် ‘ပြီး’ သွားတဲ့ လက္ခဏာပဲ။ ဒါပေမယ့် ဘောင်းဘီထဲမှာ ဘာလို့ သန့်ရှင်းနေရတာလဲ?

ဖေးလု ပါးကို ကုတ်လိုက်တယ်။ ညဘက် နေရခက်လို့ ကိုယ့်ဘာသာကိုယ် ထဆေးလိုက်တာများလား?

“နိုးပြီလား?”

ချွီလော့ချန်က ကုတင်ပေါ် မှီထိုင်ရင်း လှမ်းကြည့်နေတယ်။

ဖေးလု “အင်း” လို့ ဖြေလိုက်တယ်။ သူ့ဦးနှောက်က သိပ်အလုပ်မလုပ်သေးဘူး။ ညဘက် ထဆေးသလား၊ မဆေးဘူးလား ဆိုတာကိုပဲ အသည်းအသန် စဉ်းစားနေလေတယ်။

ချွီလော့ချန်က သူ့ရဲ့ ဗျာများနေတဲ့ ပုံစံလေးကို ကြည့်ပြီး နှုတ်ခမ်းသပ်ကာ တိတ်တိတ်လေး ပြုံးနေတယ်။

‘သူဖုန်းစားလေးရဲ့ အရသာက မဆိုးဘူးပဲ… ယန်ဓာတ်လည်း ပြည့်ဝတယ်…’

ဖေးလု ခဏလောက် စဉ်းစားပေမယ့် အဖြေမထွက်တော့ ညဘက် အိပ်ချင်မူးတူးနဲ့ ထဆေးတာ ဖြစ်မှာပါလို့ပဲ မှတ်ယူလိုက်တယ်။ ကိစ္စပြတ်ပြီဆိုတော့ ပျော်ပျော်ရွှင်ရွှင်ပဲ စားစရာရှာဖို့ ထလိုက်တယ်။

အိမ်ထဲမှာ ပတ်ရှာပေမယ့် မီးဖိုချောင် ဘယ်နားရှိမှန်း ရှာမတွေ့ဘူး။အဲ့တော့ အိမ်ရှင်ကိုပဲ သွားမေးရတော့တယ်။

“မီးဖိုချောင်?”

ချွီလော့ချန် မျက်လုံး အရောင်တောက်သွားတယ်။

“မီးဖိုချောင် ရှာပြီး ဘာလုပ်မလို့လဲ?”

ဖေးလု ကြောင်တောင်တောင် ကြည့်လိုက်တယ်။ မီးဖိုချောင်ရှာတာ ဘာလုပ်ရမှာလဲ။

“ထမင်းချက်မလို့လေ”

ဒါနဲ့ နေပါဦး… သရဲတွေက ထမင်းစားတတ်လို့လား? ဖေးလု မသေချာတော့ဘူး။ အဲ့ဒါနဲ့ သတိထားပြီး မေးလိုက်တယ်။

“ဟို… ခင်ဗျား ထမင်းစားတတ်တယ် မလား?”

“…”

ချွီလော့ချန်က သူ့ကို စိုက်ကြည့်နေတယ်။ ဖေးလု ကြက်သီးထလာတော့မှ သူက စကားပြန်ပြောတယ်။

“ငါ့နောက် လိုက်ခဲ့”

ထိုသို့ ပြောပြီး တစ်ဖက်ကို ထွက်သွားတော့တယ်။

မီးဖိုချောင်က သန့်ရှင်းနေတယ်။ ဖေးလု ထင်ထားသလို ဖုန်တွေ၊ ပင့်ကူမျှင်တွေနဲ့ မဟုတ်ဘူး။ ဂျုံမှုန့်တစ်အိတ်နဲ့ ကြက်ဥတချို့တောင် တွေ့လိုက်ရသေးတယ်။

“ဒီကို လာသန့်ရှင်းရေး လုပ်တဲ့သူ ရှိတာလား?”

“အင်း”

ချွီလော့ချန် အသံက ပြေပြစ်နေတယ်။

“လဝက်တစ်ကြိမ် လာလုပ်ပေးကြတယ်”

ဒါက ချွီမိသားစုရဲ့ ဘိုးဘွားပိုင်အိမ်။ သူ လက်စားချေပြီးတော့ မိသားစုဝင်တွေရဲ့ အရိုးပြာအိုးတွေကို ယူပြီး ဒီကို ပြန်လာခဲ့တာ။ ပြီးတော့ ဒီကနေ ဘယ်မှ မသွားတော့ဘူး။

သူ ဒီအိမ်မှာပဲ ကြီးပြင်းခဲ့တာ။ နောက်ပိုင်း အဖေ ရာထူးတက်လို့ မြို့တော်က အိမ်သစ်ကို ပြောင်းသွားကြတယ်။ ဒါပေမယ့် သူ့စိတ်ထဲမှာတော့ ငယ်ငယ်တုန်းက အမေက မီးဖိုချောင်မှာ ချက်ပြုတ်နေတာ၊ ညီလေးနှစ်ယောက်က အမေနားမှာ ကပ်ပြီး ကြက်ဥ ပိုထည့်ပေးဖို့ ပူဆာနေတာတွေကို အမြဲ သတိရနေမိတယ်။

ဖေးလု ရေအိုးဖုံး ဖွင့်ကြည့်လိုက်တယ်။ ရေကလည်း ကြည်လင်နေတယ်။ သူ အဝတ်စကို ရေဆွတ်၊ စားပွဲခုံကို သုတ်၊ ပန်းကန်ခွက်ယောက်တွေကို ဆေးကြောပြီး မီးမွေးလိုက်တယ်။

တခြား စားစရာ မရှိတော့ ရှိတဲ့ ဂျုံမှုန့်ကိုပဲ ရေနွေးဆူဆူတည်၊ နယ်ပြီး အပြားလိုက် လှီးကာ ရေနွေးအိုးထဲ ထည့်ပြုတ်လိုက်တယ်။ ခေါက်ဆွဲပြားလေးတွေ ပွက်ပွက်ဆူလာတော့ ဆားနည်းနည်း ခတ်၊ အိမ်ရှေ့က ကြက်သွန်မြိတ်တွေ သွားခူးပြီး ထည့်လိုက်တယ်။ ကျက်ခါနီးကျတော့ ကြက်ဥ နှစ်လုံး ဖောက်ထည့်လိုက်တယ်။

“ငါ့ကို ကြက်ဥ ပိုထည့်ပေး”

တံခါးဝမှာ မှီပြီး ကြည့်နေတဲ့ ချွီလော့ချန်က ရုတ်တရက် လှမ်းပြောတယ်။

“အိုကေ”

ဖေးလု လှည့်ကြည့်ပြီး ပြုံးပြလိုက်တယ်။ လက်က မြန်မြန်ဆန်ဆန်ပဲ နောက်ထပ် ကြက်ဥတစ်လုံး ဖောက်ထည့်လိုက်တယ်။

ကြက်ဥ ကျက်သွားတော့ ပန်းကန်လုံးအကြီး နှစ်လုံးယူ၊ ခေါက်ဆွဲပြားတွေ ဆယ်ထည့်။ ပြီးတော့ ကြက်ဥတွေကို ခွဲထည့်တယ်။ တစ်ပန်းကန်မှာ တစ်လုံး၊ နောက်တစ်ပန်းကန်မှာ နှစ်လုံး။ ဟင်းရည်ဆမ်း၊ ကြက်သွန်မြိတ် ဖြူးလိုက်တော့ မွှေးကြိုင်နေတဲ့ ခေါက်ဆွဲပြားဟင်းရည် နှစ်ပွဲ ရသွားပြီ။

ကြက်ဥနှစ်လုံးပါတဲ့ ပန်းကန်ကို ချွီလော့ချန်ကို ပေးလိုက်တယ်။ ဖေးလုက သူ့ပန်းကန်သူ ကိုင်ပြီး ပူလွန်းလို့ နားရွက်ကို ကိုင်ကာ ထမင်းစားခန်းဘက် ပြေးတော့တယ်။

“ပူလိုက်တာ!”

ချွီလော့ချန်ကတော့ ပန်းကန်ထဲက ကြက်ဥနှစ်လုံးကို ငေးကြည့်နေတယ်။ ခဏကြာမှ နူးညံ့တဲ့ အပြုံးလေး ပြုံးလိုက်ပြီး ပန်းကန်ကို တယုတယ ကိုင်ကာ ဖေးလုနောက် လိုက်သွားတော့တယ်။

အဲဒီမနက်က ခေါက်ဆွဲပြားဟင်းရည် ပန်းကန်လုံးကြီး နှစ်လုံး ပြောင်သလင်းခါသွားခဲ့တယ်။

ချွီလော့ချန်က နှုတ်ခမ်းကို သပ်ရပ်စွာ သုတ်လိုက်တယ်။ ပူနွေးတဲ့ ဟင်းရည်ကြောင့် ဖြူဖျော့ဖျော့ ပါးပြင်မှာ သွေးရောင်လေး သမ်းလာတယ်။

ဖေးလုက ဟင်းရည်တောင် မကျန်တဲ့ ပန်းကန်လုံးကြီးကို ကြည့်ပြီး ဒီသရဲကြီးကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာ နည်းလမ်းတွေ့သွားပြီလို့ တွေးလိုက်တယ်။

သူ ပြုံးပြုံးလေးနဲ့ ပြောလိုက်တယ်။

“နောက်ကျ ဟင်းချက်စရာ ပိုဝယ်လာပြီး တခြားဟင်းတွေ ချက်ကျွေးမယ်လေ”

ချွီလော့ချန်ရဲ့လက်က ခဏရပ်သွားတယ်။ ခဏနေမှ သူပြန်ဖြေလိုက်တယ်။

“ကောင်းပြီ”

ဖေးလု ကျေနပ်စွာ ပြုံးလိုက်တော့တယ်။

……..

အချိန်တွေ တရွေ့ရွေ့ ကုန်သွားတယ်။ ဖေးလုက ညတိုင်း ချွီလော့ချန်ရဲ့အိမ်မှာ သွားအိပ်တယ်။ မနက်တိုင်း မနက်စာ ပူပူနွေးနွေးလေး ချက်စားကြတယ်။ ဒီလိုနဲ့ တစ်လလောက် ကြာသွားတော့ ဘာပြဿနာမှ မရှိဘဲ အဆင်ပြေနေကြတယ်။ ဖေးလုလည်း သရဲကြောက်စိတ်တွေ လျော့လာပြီး နောက်တာပြောင်တာတွေကိုတောင် လုပ်ရဲလာပြီ။

အဲဒီမနက်ကစပြီး ချွီလော့ချန်ရဲ့ သဘောထားကလည်း ၁၈၀ ဒီဂရီ ပြောင်းလဲသွားတယ်။

ခြောက်လှန့်တာ မလုပ်တော့တဲ့အပြင် ဖေးလု လိုချင်တာ မှန်သမျှ ရှာဖွေပြီး ယူလာပေးတယ်။ ဖေးလု လိုချင်တာ အများစုကတော့ ဟင်းချက်နည်း အသစ်တွေ စမ်းဖို့ ရှားပါးတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေပဲ။

ချွီလော့ချန်ရဲ့ ရုတ်တရက် အပြောင်းအလဲကို ဖေးလု နားလည်လိုက်တာက – ‘ငါ့လက်ရာကို သူ ကြိုက်သွားပြီ’ ပေါ့။

ဒါကြောင့် ချွီလော့ချန်ရဲ့ ပြင်းပြတဲ့ မျက်လုံးတွေကို မြင်တိုင်း ဖေးလု ကျေနပ်နေမိတယ်။ သရဲဘုရင်ကြီးတောင် ငါ့ရဲ့ ဒယ်အိုးအောက်မှာ ဒူးထောက်သွားပြီပဲ။ ငါ့ချက်ပြုတ်နည်းက တော်တော် စွမ်းတာပဲ။

——-

နွေရာသီ ကုန်လွန်သွားပြီး ရာသီဥတုလည်း အေးလာကာ ဆောင်းဦးရာသီ ရောက်လာလေပြီ။

သူငယ်ချင်းလေးယောက်ရဲ့ ဟင်းရည်အနှစ် လုပ်ငန်းက အရမ်း ရောင်းကောင်းနေတယ်။ 666 ပေးတဲ့ ဟင်းချက်နည်းက ကောင်းသလို ဖေးလုကလည်း ဒေသခံတွေ အကြိုက် ပြင်ဆင်ထားတော့ စားဖူးသူတိုင်း ကြိုက်ကြတယ်။ ဖောက်သည်တွေလည်း ပိုပိုများလာတယ်။

နှစ်လအတွင်းမှာ အရင်းနှုတ်ပြီး ၁၈ ကျပ်သား (၁၈ တန်) တောင် မြတ်တယ်။ သူဌေးတွေအမြင်မှာ မများပေမယ့် ဖက်တီးတို့လို လူတွေအတွက်တော့ ဒါက မမြင်ဖူးလောက်အောင် များတဲ့ ငွေပမာဏကြီးပဲ။

ပိုက်ဆံကို ဝါးခြမ်းပြားက ကိုင်တယ်။ သူက ဂဏန်းတွက် ကောင်းတယ်။ ဖက်တီးတို့လို ရာဂဏန်းလောက် ရောက်ရင် မူးသွားတာမျိုး မဟုတ်ဘူး။

ပိုက်ဆံ လုံလောက်ပြီ ထင်တဲ့အချိန်မှာ ဝါးခြမ်းပြားက မြေကြီးထဲ မြှုပ်ထားတဲ့ စုဘူးအိုးကို တူးထုတ်လိုက်တယ်။

အိုးက သိပ်မကြီးပေမယ့် ငွေစလေးတွေက အပြည့်ပဲ။ လှုပ်လိုက်ရင် တချွင်ချွင် မြည်နေတယ်။ လေးယောက်သား ဝိုင်းထိုင်ပြီး မျက်လုံးလေးတွေအရောင်တောက်ကာ ငွေတွေ သွန်ချလိုက်တာကို ကြည့်နေကြတယ်။

“စုစုပေါင်း ၁၈ ကျပ်သား”

ဝါးခြမ်းပြားက သေချာအောင် နောက်တစ်ခေါက် ထပ်ရေပြီး ပြောတယ်။

ဖက်တီးက ငွေစတွေကို ပွတ်သပ်ပြီး မျက်လုံးတွေက တောက်ပနေတယ်။

“ငါတို့တော့ သူဌေးဖြစ်ပြီဟေ့”

ကတုံးလေးလည်း ပျော်လွန်းလို့ ပါးလေးတွေ ရဲနေတယ်။

“ဒါဆို ငါတို့ အိမ်အကြီးကြီးမှာ နေလို့ရပြီလား?”

ဝါးခြမ်းပြားက ကြိုပြီး စုံစမ်းထားပုံရတယ်။

“ငါ ပွဲစားဆီ သွားမေးထားတယ်။ အိမ်ရှေ့နောက် ဝင်ထွက်ပေါက်ပါတဲ့ (တစ်ထပ်) အိမ်ဆို ၁၀ ကျပ်လောက် ပေးရမယ်။ ဒါပေမယ့် အခန်းက ၃ ခန်းပဲ ပါမယ်။ နှစ်ထပ်အိမ်ဆိုရင်တော့ အခန်းက လုံလောက်ပေမယ့် ဈေးအပေါဆုံးက ၃၀ လောက် ရှိတယ်။ ငါတို့ နည်းနည်း ထပ်စုမှ ရမယ်”

ကတုံးလေးက ထပ်စောင့်ရမယ်ကြားတော့ စိတ်ဓာတ်ကျသွားတယ်။

“တစ်ထပ်အိမ်လည်း ကောင်းပါတယ်… ငါက လူကောင်သေးတော့ ကျဉ်းကျဉ်းကျပ်ကျပ် နေလို့ရပါတယ်”

“တစ်ထပ်အိမ်ပဲ ဝယ်လိုက်ပါ၊ အဆင်ပြေပါတယ်”

ဖေးလုက ဝင်ပြောလိုက်တယ်။

“ငါ မပြောဖြစ်သေးတာ တစ်ခုရှိတယ်… ငါ ဒီကနေ ခွဲထွက်တော့မယ်”

ချွီလော့ချန်က သူ့ကို အိမ်ခေါ်ထားတာ ကြာပြီ။ ဖက်တီးတို့ကို စိတ်မချလို့သာ ဟိုပြေးဒီပြေး လုပ်နေရတာ။ အခု ပိုက်ဆံလည်း ပြည့်စုံပြီဆိုတော့ ဖက်တီးတို့ အိမ်ဝယ်ပြီးတာနဲ့ ဟင်းချက်နည်းတွေ ရေးပေးခဲ့ပြီး ထွက်ခဲ့တော့မယ်။ ဒီကောင် သုံးကောင် ပေါင်းလုပ်ရင် စီးပွားရေး ဖြစ်လောက်ပါပြီ။

“မင်း…”

ဖက်တီးက ပါးစပ်ဟပြီး တစ်ခုခု ပြောမလို့ လုပ်ပေမယ့် ပြန်ပိတ်သွားတယ်။သူက ခေါင်းငိုက်စိုက်ကျပြီး ဝမ်းနည်းစွာ ပြောလာတယ်။

“အင်းပါ… မင်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်။ တကယ်လို့ မင်းရဲ့ အချစ်တော်က မင်းကို ငြီးငွေ့သွားရင်လည်း ပြန်လာခဲ့။ အစ်ကိုကြီးက မင်းကို တင်ကျွေးထားမယ်”

Chapter 32 ended

စာရေးသူရဲ့စကား –

ချွီလော့ချန် : အားရှိတယ်၊ တစ်စက်မှ အကျန်မခံဘူး : )

T/N: သုတ်ရည်ခိုးသောက်တဲ့လူအား တွေ့ရှိရ^^

 

 

 

ငါ့လူနာတွေက ငါ့ကိုချစ်မိသွားကြတယ်တဲ့!

ငါ့လူနာတွေက ငါ့ကိုချစ်မိသွားကြတယ်တဲ့!

Status: Ongoing Type: Author: Released: 2017

ဇာတ်လမ်းအကျဉ်း

​ဖေးလုဆိုတာ ဖက်ဒရယ်နိုင်ငံရဲ့ နံပါတ် ၁ အဆင့်ရှိတဲ့ စိတ်ကုထုံးပညာရှင်တစ်ယောက်။

တစ်နေ့ကျတော့ ဖက်ဒရယ်အစိုးရရဲ့ ဖိတ်ကြားချက်အရ စိတ်ရောဂါခံစားနေရတဲ့ စစ်သည်တွေကို ကုသပေးဖို့ သူလက်ခံလိုက်တယ်။

ဒါပေမယ့် အခြေအနေက တစ်မျိုးကြီး ဖြစ်နေတယ်။ သူ့လူနာတွေအားလုံးက... သူ့ကို 'ချစ်' (တက်လုပ်) ချင်နေကြတာ။

​လူနာ (၁) - "မင်းက ငါ့အပိုင်ပဲ!"

လူနာ (၂) - "မင်း ထွက်သွားရဲရင် သွားစမ်း၊ ငါ မင်းကို သတ်ပစ်လိုက်မယ်!"

.....

လူနာ (N) - "ငါ သေသွားမှပဲ မင်း လွတ်မြောက်မှာပါ..."

​ဖေးလု - "..." (ဆွံ့အ)

​ဇာတ်ကောင်စရိုက်များ

​ အတည်ပေါက်ဖမ်းတတ်တဲ့ Shou × တကယ် ရောဂါရှိတဲ့ Gong

​မှတ်ချက် - Gong က တစ်ယောက်တည်းပါ။ Shou က သူ့ရဲ့ စိတ်စွမ်းအင်ကိုသုံးပြီး လူနာတွေရဲ့ စိတ်ကမ္ဘာထဲကို ဝင်ရောက်ကုသပေးရတာပါ။

​တစ်ကြောင်းတည်းနဲ့ ပြောရရင် - "ကျွန်တော်က ခင်ဗျားကို ရောဂါလာကုပေးတာလေ၊ ခင်ဗျားက ကျွန်​တော့်ကို ပြန်ပြီး တက်လုပ်ချင်နေတာလား!"

​【အထူးသတိပေးချက်】

Shou ရောက်နေတဲ့ ကမ္ဘာက အနာဂတ်ကာလဖြစ်ပါတယ်။ ဒီထဲက စိတ်ကုထုံးပညာရှင်ဆိုတာ သာမန် စိတ်ရောဂါကုဆရာဝန်မဟုတ်ပါဘူး။ လူနာကို ကုသတဲ့နေရာမှာ စိတ်စွမ်းအင်ကို သုံးပြီး ကုသတာမို့ 'စိတ်စွမ်းအားရှင်'ပုံစံမျိုးလို့ မှတ်ယူပေးပါ။ ဒါကြောင့် သာမန်ဆရာဝန်တွေနဲ့ မရောထွေးပါနဲ့နော်။

​အခြားအချက်အလက်များ

​Main Shou ပါ။ 1v1 (တစ်ယောက်တစ်ယောက်) ပါ။ Gong နဲ့ Shou ကလွဲပြီး တခြားလူမရှိပါဘူး။ Gong က စိတ်ဒဏ်ရာကြောင့် Personality တွေ ကွဲနေတာပါ။

​ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်းဖြစ်တာမို့ ယုတ္တိဗေဒLogicတွေ သိပ်လိုက်မရှာပါနဲ့၊ စာရေးသူက စားပစ်လိုက်ပါပြီတဲ့။

​ဇာတ်လိုက်များ - ဖေးလု(Shou)၊ ကျင်းမင်(Gong)

ဇာတ်ပို့များ - Gong 1, 2, 3, 4, 5,6....

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset