Chapter 29
ပြင်းထန်တဲ့ အနံ့မွှေးမွှေးတွေက နှာခေါင်းထဲ အတင်းတိုးဝင်လာတယ်။ ဖေးလု ကျေနပ်စွာနဲ့ အနံ့ခံလိုက်ပြီး တင်းမာနေတဲ့ အမူအရာတွေက နောက်ဆုံးတော့ နည်းနည်း လျော့သွားတယ်။
ဖေးလုတစ်ယောက် ညသန်းခေါင်ကျော်တဲ့အထိ အလုပ်ရှုပ်နေတော့တယ်။ ဟင်းရည်အနှစ်နဲ့ ချက်ထားတဲ့ အသားဟင်းတွေကို ရေပုံးကြီးနှစ်ပုံးထဲ အသီးအရွက် သက်သက်၊ အသား သက်သက် ခွဲထည့်တယ်။ ပုံးဝကို လေဝင်လေထွက်ကောင်းတဲ့ ပိတ်စပါးပါးနဲ့ လုံအောင် စည်းလိုက်ပြီး စမ်းချောင်းထဲ သွားစိမ်တယ်။
အခုရာသီက ပူနေတော့ အစားအသောက်တွေကို သေချာမသိမ်းရင် လွယ်လွယ်လေး ပုပ်သွားနိုင်တယ်။ တော်သေးတာက ဘုရားကျောင်းရှေ့က စမ်းချောင်းလေးက တောင်ပေါ်က စီးဆင်းလာတာမို့ ရေအပူချိန်က အေးစက်နေတာပဲ။ အထူးသဖြင့် ညဘက်ဆို ရေခဲရေလိုပဲ။
ဒါက ဖေးလုအတွက် အတော်အဆင်ပြေသွားစေတယ်။
ဟင်းရည်အနှစ်ကိုလည်း ရေပုံးထဲထည့်ပြီး စမ်းချောင်းထဲ စိမ်လိုက်တယ်။ မီးကို သတ်လိုက်ပြီး မီးမငြိမ်းသေးတဲ့ သစ်ကိုင်းတစ်ချောင်းကို မီးတုတ် လုပ်ကိုင်လိုက်တယ်။
“ကျွန်… ကျွန်တော် ပြန်တော့မယ်နော်”
ဖေးလု စိတ်မလုံသလို ပြောလိုက်တယ်။ ဒီသရဲက သူ့ကို မစားဘူးလို့ ပြောထားပေမယ့် စိတ်ပြောင်းသွားရင် ဘယ်လိုလုပ်မလဲ။
ချွီလော့ချန်က အမှောင်ရိပ်ထဲမှာ ပုန်းနေတယ်။ မီးရောင်ကြောင့် သူ့ရဲ့ လှပလွန်းတဲ့ မျက်နှာလေးက ပေါ်တစ်ချက် ပျောက်တစ်ချက် ဖြစ်နေပြီး ၎င်းက ဆွဲဆောင်မှု တစ်မျိုး ပိုနေတယ်။
“အင်း”
ခွင့်ပြုချက် ရပြီဆိုတော့ ဖေးလု သက်ပြင်းချလိုက်ပြီး ခြေလှမ်းကျဲကြီးကြီးနဲ့ လှမ်းထွက်လိုက်တယ်။ တားမယ့်ပုံ မပေါ်တာ သေချာမှ မီးတုတ်ကိုင်ပြီး တန်းခနဲ ပြေးတော့တာပဲ။
ချွီလော့ချန် မျက်လုံးတွေ အရောင်တောက်သွားတယ်။ ပျာပျာသလဲ ပြေးသွားတဲ့ ကျောပြင်လေးကို ကြည့်ပြီး ကိုယ်ယောင်ဖျောက်ကာ တိတ်တဆိတ် နောက်က လိုက်သွားတော့တယ်။
“စိတ်ဝင်စားစရာပဲ…”
………
ဖေးလုက ဘုရားကျောင်းရောက်တဲ့အထိ မနားတမ်း ပြေးတယ်။ ဘုရားကျောင်းရောက်မှ နောက်ကို လှည့်ကြည့်လိုက်တော့ ဘာသံမှ မကြားရသလို ဘာမှလည်း မရှိဘူး။ သရဲ မပါလာဘူး!
သတ္တိ နည်းနည်း ကောင်းလာပြီး ပတ်ပတ်လည် လှည့်ကြည့်တယ်။ တကယ်ပဲ မရှိဘူး! ဒီတော့မှ ရင်ဘတ်ကို ဖိပြီး သက်ပြင်းချလိုက်တယ်။ ရင်ခေါင်းထဲ ရောက်နေတဲ့ နှလုံးသားက ဗိုက်ထဲ ပြန်ကျသွားသလိုပဲ။
ဘေးကင်းပြီဆိုတော့ လက်ကျန် မီးတုတ်လေးကို ကျောက်တုံးကြား ထိုးစိုက်လိုက်ပြီး ဘောင်းဘီ ချွတ်လျှော်တော့တယ်။
ဖင်တုံးလုံးနဲ့ သူခိုးလိုပဲ ဘုရားကျောင်းထဲ ပြေးဝင်၊ လဲစရာ ဘောင်းဘီရှာဝတ်ပြီးမှ ဖေးလုတစ်ယောက် ယောကျ်ားတစ်ယောက်ရဲ့ သိက္ခာကို ပြန်ရသလို ခံစားလိုက်ရတယ်။ အဲ့တော့မှ စိတ်ပေါ့ပါးစွာနဲ့ ဝင်အိပ်လိုက်တော့တယ်။
ဘေးတစ်ဖက်မှာ ရပ်နေတဲ့ ချွီလော့ချန်ကတော့ ဖေးလုကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်နေတယ်။ သူ့ခေါင်းထဲမှာတော့ ဖြူဖြူသွယ်သွယ် ခြေတံရှည်လေးတွေက ဝဲပျံနေတုန်းပဲ။
ခဏလောက် ကြည့်ပြီးတော့ ချွီလော့ချန်က လက်ချောင်းလေးနဲ့ ဖေးလုရဲ့ နဖူးပြင်ပေါ်မှာ ဝဲပြီး တို့ထိလိုက်တယ်။ အနီရောင် အလင်းတန်းလေး တစ်ချက်လက်ပြီး ပျောက်ကွယ်သွားတယ်။
“ဒါဆိုရင်… မင်း ဘယ်တော့မှ ထွက်ပြေးလို့ မရတော့ဘူး…”
…….
နောက်တစ်နေ့ မနက်မှာ ဖေးလု စောစောစီးစီး နိုးလာတယ်။ အိပ်နေသေးတဲ့ ‘သူဖုန်းစားဂိုဏ်း’ သုံးယောက်သားကိုပါ နှိုးပြီး အကူအညီ တောင်းလိုက်တယ်။
ရေပုံးတွေကို စမ်းချောင်းထဲက ဆွဲတင်ပြီး အနံ့ခံကြည့်လိုက်တော့ မပုပ်သေးဘူး၊ အနံ့ကောင်းနေတုန်းပဲ။
ဟင်းရည်အနှစ်နဲ့ ချက်ထားတဲ့ ဟင်းပုံးနှစ်ပုံးနဲ့ အနှစ်ရည် ပန်းကန်လုံးကြီး တစ်လုံးကို သယ်ပြီး လေးယောက်သား တက်ကြွစွာနဲ့ တောင်အောက် ဆင်းလာကြတယ်။
ဆိုင်ခင်းမယ့်နေရာက ဖက်တီးရဲ့ နယ်မြေထဲမှာပဲ။ လူသွားလူလာများပြီး နေရာကောင်းမို့ ဈေးရောင်းဖို့ အကွက်ပဲ။
ဖက်တီးက စားပွဲတစ်လုံး သွားသယ်လာပြီး ခုံလုပ်ပေးတယ်။ ပြီးတော့ ဘေးက ပေါက်စီဆိုင်က မသုံးတဲ့ မီးဖိုနဲ့ ဒယ်အိုးကို ငှားလာတယ်။ မီးဖိုမီးမွေး၊ အနှစ်ရည်ကို အိုးထဲထည့် အပူပေးလိုက်တော့ အနံ့တွေ ပျံ့လာတယ်။ အဲဒီတော့မှ ဖေးလုက နှပ်ထားတဲ့ အသားဟင်းတွေကို အိုးထဲ ထည့်လိုက်တယ်။
ဒယ်အိုးက သိပ်မကြီးပေမယ့် တစ်ဖက်မှာ ဆီရွှဲရွှဲနဲ့ အာလူး၊ ကန်စွန်းဥတွေ၊ နောက်တစ်ဖက်မှာ အသားတုံးကြီးတွေနဲ့ ကလီစာတွေ ထည့်ထားလိုက်တယ်။
ထူးခြားပြီး မွှေးကြိုင်တဲ့ အနံ့က လူတွေကို ဆွဲဆောင်နေတော့ လမ်းသွားလမ်းလာတွေ ရပ်ကြည့်ကြတယ်။
လူတွေ များလာတော့ စပ်စုချင်တဲ့ ပရိသတ်တွေက စမေးကြတယ်။
ဖေးလုက ဖြူဖြူသန့်သန့်လေးနဲ့ အသံလေးကလည်း ကြည်ကြည်လင်လင်လေးနဲ့ စိတ်ရှည်လက်ရှည် ရှင်းပြတယ်။ ဈေးနှုန်းကို ပြောပြလိုက်တော့ တစ်ချို့က သဘောကျသွားတယ်။
“ကောင်လေး… အာလူး တစ်ပွဲလောက် ပေးစမ်းကွာ”
“…”
တစ်ယောက် စဝယ်လိုက်တာနဲ့ နောက်လူတွေ ဆက်တိုက် ဝယ်ကြတော့တယ်။ အရသာက ကောင်း၊ ဈေးကလည်း မကြီးတော့ လူတော်တော်များများက အစမ်းအနေနဲ့ ဝယ်စားကြတယ်။
တစ်ယောက်တစ်ပွဲ ဝယ်လိုက်ကြတာ ညနေစောင်းတော့ ပုံးနှစ်ပုံးလုံး ပြောင်သလောက် ဖြစ်သွားပြီ။ လက်ကျန် နည်းနည်းပါးပါးကို ဖေးလုက မရောင်းတော့ဘဲ လေးယောက်သား ညစာအနေနဲ့ ဝေစားလိုက်ကြတယ်။
ဖက်တီးက သူ့ဝေစုကို မြန်မြန်စားပစ်လိုက်ပြီး ကျန်တဲ့သူတွေ စားနေတာကို သွားရည်တမြားမြားနဲ့ ထိုင်ကြည့်နေတယ်။သူက စက္ကူပေါ်က ဟင်းရည်တွေကိုတောင် လျက်နေသေးတယ်။
“ကုံးတန်ရေ… မင်းလက်ရာ ဒီလောက်ကောင်းမှန်း မသိခဲ့ဘူး… အရင်ကတည်းက မလုပ်ဘဲ နေခဲ့တာ နှမြောစရာကြီးကွာ”
ဖေးလုက ခေါင်းငုံ့ပြီး စားနေတယ်။ ဘာမှ ပြန်မပြောဘူး။ ဘယ်လိုလုပ် ရှင်းပြရမှာလဲ။ တောင်ပေါ်မှာ တစ်ညအိပ်လိုက်တာနဲ့ စားဖိုမှူး ဖြစ်လာပါတယ်လို့ ပြောရမလား။
ဒါပေမယ့် စိတ်ကူးယဉ်ဘုရင် ဖက်တီးကို လျှော့တွက်လို့ မရဘူး။ ဖေးလု ပြန်မဖြေပေမယ့် ဖက်တီးက အကြောင်းပြချက် ရှာတွေ့သွားပြီ။
“မင်းရဲ့ အချစ်တော်က မင်းအပေါ် တော်တော်ကောင်းတာပဲနော်။ အရင်းအနှီး ထုတ်ပေးရုံမကဘူး၊ ဒီလောက်ကောင်းတဲ့ ဟင်းချက်နည်းပါ ပေးလိုက်သေးတယ်…”
ဖက်တီးက ဖေးလုနား တိုးကပ်လာပြီး ပခုံးချင်းတိုက်ကာ လေသံတိုးတိုးနဲ့ အတင်းပြောတယ်။
“မင်းရဲ့ အချစ်တော်က ကျောက်စိမ်းရုံက မုဆိုးမကျန်း မဟုတ်လား? ကြားဖူးတာတော့ သူ့ဘိုးဘေးတွေက နန်းတွင်းစားဖိုမှူး လုပ်ဖူးတယ်တဲ့… အဲဒီ မုဆိုးမလေးက လှလည်းလှ၊ သွေးသားလည်း ဆူဖြိုးတယ်ဆိုတော့… မင်းတော့ ကံကောင်းပြီဟေ့”
“…”
ဖေးလု… ဖေးလု ဘာပြောရမလဲ? ခေါင်းကိုသာ ခါလိုက်တယ်။
“မဟုတ်ပါဘူးဗျာ!”
ဒါပေမယ့် ဖက်တီးက လုံးဝ မယုံဘူး။ ပိန်ပိန်ညောင်ညောင် ဖေးလုကို ကြည့်ပြီး မနာလိုဖြစ်နေတယ်။ ဝါးခြမ်းပြားနဲ့ ကတုံးလေးကို လှည့်ပြီး ညည်းညူတော့တယ်။
” ငါသာ ပိန်သွားရင်လည်း အချစ်တော်တစ်ယောက်လောက် ရှာပြီး စံစားပစ်လိုက်ဦးမယ်…”
ဖေးလု ပြန်ပြောလိုက်တဲ့ စကားကတော့ လက်ကျန် ရေပုံးနှစ်ပုံးကို ဖက်တီးရှေ့ “ဒုန်း” ခနဲ ချပေးလိုက်ပြီး မျက်နှာသေနဲ့ ပြောလိုက်တာပါပဲ။
“ပြန်မယ်”
ဖက်တီး : “…”
လေးယောက်သား ပစ္စည်းသိမ်းပြီး တောင်ပေါ် ပြန်တက်ကြတယ်။
ညဘက်ကျတော့ ဟင်းချက်တာကို ကတုံးလေးကို လွှဲပေးလိုက်တယ်။ နေ့ခင်းက ရောင်းကောင်းတော့ ဖေးလုက ညဘက် ပိုချက်ချင်ပေမယ့် သရဲကြောက်လို့ မသွားရဲတော့ဘူး။ ကတုံးလေးကို သေချာမှာကြားပြီး သူကတော့ အိပ်ရာဝင်တော့တယ်။
ဖေးလု တစ်ရေးဝဝ အိပ်လိုက်တာ သန်းခေါင်ယံမှာ ချမ်းပြီး နိုးလာတယ်။ စောင်ကို စမ်းပြီး ရှာလိုက်တော့ လက်ထဲမှာ အေးစက်စက် အရာတစ်ခုကို သွားကိုင်မိတယ်။
ဖေးလု လန့်ပြီး “ဒိန်း” ခနဲ နိုးသွားတယ်။
မျက်လုံးဖွင့်ကြည့်လိုက်တော့ ဘုရားကျောင်းပျက်ထက် အဆပေါင်းများစွာ ခမ်းနားတဲ့ အခန်းကြီးတစ်ခုထဲ ရောက်နေတယ်။
ဖေးလု စိတ်ပျက်လက်ပျက် ညည်းတွားလိုက်တယ်။
“ဒီသရဲက ဘာလို့ ငါ့ကိုပဲ စွဲလမ်းနေရတာလဲ…”
666 က ခဏလောက် တိတ်ဆိတ်နေပြီးမှ လေးနက်တဲ့ လေသံနဲ့ ပြောတယ်။
“ကိစ္စတစ်ခုတော့ ရှိတယ်… ငါ မင်းကို ပြောပြဖို့ လိုပြီ ထင်တယ်…”
“ဘာကိစ္စလဲ? သတင်းကောင်း မဟုတ်ရင် မပြောနဲ့တော့”
ဖေးလုက သူ့စရိုက်ကို သိနေပြီ။ ဒီလေသံဆိုရင် သေချာပေါက် သတင်းကောင်း မဟုတ်ဘူး။
“Target အကြောင်းပါ…”
666 က ဖက်လှဲတကင်း Emoji လေး ပို့လိုက်တယ်။
“တကယ်တော့… မင်းကို ကပ်နေတဲ့ အဲဒီ သရဲကြီးက—”
“ဒီကမ္ဘာရဲ့ Target (ကုသရမယ့်သူ) ပဲ”
ဖေးလု နားကြားမှားတယ် ထင်သွားတော့ ကြောင်တောင်တောင်နဲ့ ပြန်မေးလိုက်တယ်။
“မင်း… မင်း ဘာပြောလိုက်တာလဲ? ငါ ကောင်းကောင်း မကြားလိုက်ရဘူး”
666 က လေးလေးနက်နက် ထပ်ပြောတယ်။
“စိတ်ခိုင်ခိုင်ထားပါ… ငါ မင်းကို ကူညီမှာပါ။ ငါ ဂိမ်းတောင် ဖြတ်လိုက်ပြီ။ ငါတို့ အတူတူ ကြိုးစားကြမယ်လေ နော်?”
“မလုပ်နိုင်ဘူး!”
ဖေးလု ဒေါသတကြီး အော်တယ်။
“ငါ အိမ်ပြန်မယ်!”
ဒီစောက်ရမ်း ကောင်းတဲ့ (ရွဲ့တာ) ကမ္ဘာကြီးမှာ တစ်စက္ကန့်တောင် ဆက်မနေချင်တော့ဘူး။ ဖက်ဒရယ်က တာဝန်လက်ခံပြီးကတည်းက ဘာလို့တွေ့သမျှ Target တိုင်းက ဒီလို နှာဘူးတွေချည်း ဖြစ်နေရတာလဲ?!
နေပါဦး… ဖေးလု တွေးရင်းနဲ့ တစ်ခုခု လိုနေသလို ခံစားလိုက်ရတယ်။ သူ ဘာလို့ ‘တွေ့သမျှ’ လို့ ပြောလိုက်တာလဲ?
အရင်ကရော ဒီလို နှာဘူး Target တွေနဲ့ တွေ့ဖူးလို့လား?
မျက်မှောင်ကြုတ်ပြီး စဉ်းစားနေတုန်း ဒေါသထွက်နေတာတောင် မေ့သွားတယ်။
“မင်း ဘယ်အချိန်ထိ ငေးနေဦးမှာလဲ”
အေးစက်တဲ့ အသံကြီး ထွက်ပေါ်လာတယ်။ ချွီလော့ချန်က ကုတင်ပေါ်မှာ တင်ပျဉ်ခွေ ထိုင်နေပြီး သူ့ကို မျက်မှောင်ကြုတ် ကြည့်နေတယ်။
ဖေးလု လန့်ပြီး တုန်သွားတယ်။ အတွေးပြတ်သွားပြီး သရဲအသိုက်ထဲ ရောက်နေမှန်း သတိရသွားတယ်။
သူ ခေါင်းကို တောင့်တောင့်ကြီး လှည့်ကြည့်လိုက်တယ်။ “ဟို… ဟိုလေ…”
ချွီလော့ချန် စိတ်အခြေအနေက သိပ်မကောင်းဘူး။ နေ့ခင်းက စိတ်ကူးပေါက်လို့ ဒီသူဖုန်းစားလေး ဘာလုပ်နေလဲ သွားကြည့်တာ သူတို့တွေ သူဖုန်းစားလေးရဲ့ ‘အချစ်တော်’ အကြောင်း ပြောနေကြတာ ကြားလိုက်ရတယ်လေ။
ဒီသူဖုန်းစားလေးက သူ့ကို ကျော်ခွပြီး အပြင်မှာ လူသွားရှာထားတယ်ပေါ့?!
ရင်ထဲမှာ ဒေါသတွေ အုံခဲနေပြီး မျက်နှာကြီးက မည်းမှောင်နေတယ်။ ဖေးလုကို ကြည့်တဲ့ မျက်လုံးတွေက အရှင်လတ်လတ် ဝါးစားတော့မယ့်အတိုင်းပဲ။ ဒါပေမယ့် ပြောလိုက်တဲ့ လေသံကတော့ နူးညံ့နေတယ်။
“ကြားတာတော့… မင်းမှာ အချစ်တော် ရှိနေပြီဆို?”
ဖေးလုရဲ့ ပထမဆုံး တုံ့ပြန်မှုက ‘ဘယ်သူပြောတာလဲ’ ဆိုတာပဲ။ ဒုတိယ တုံ့ပြန်မှုကျမှ –
“ခင်ဗျား ကျွန်တော်တို့ ပြောတာကို ချောင်းနားထောင်တယ်?!”
ချွီလော့ချန်က ပါးစပ်ဟပြီး ရယ်လိုက်တော့ အစွယ်ချွန်ချွန် နှစ်ချောင်း ပေါ်လာပြန်တယ်။သူက အေးစက်စက်နဲ့ ပြောတယ်။
“မင်းက ငါ့အပိုင်ပဲဟာ… နားထောင်တော့ရော ဘာဖြစ်လဲ?”
“…”
“ရ… ရပါတယ်”
ဖေးလု ချက်ချင်း ပျော့ကျသွားလို့ ကြောက်လန့်တကြား ပြန်ဖြေလိုက်တယ်။
ချွီလော့ချန် ကျေနပ်သွားပြီး ကုတင်ခေါင်းရင်းကို မှီချလိုက်တယ်။
“နိုးပြီဆိုတော့လည်း… သီချင်းလေး ဘာလေး ဆိုပြစမ်းပါဦး”
“…”
ဖေးလု ရင်ထဲမှာ မကောင်းတဲ့ နိမိတ်တစ်ခု ခံစားလိုက်ရတယ်။
“ဘာ… ဘာသီချင်းလဲဟင်?”
“၁၈ ကွက်”
“…”
ဖေးလု ကြောက်လန့်တကြား မော့ကြည့်လိုက်တယ်။ ဒီဝါသနာက ဟိုတလောက ငွေတစ်တုံး ပေးသွားတဲ့ နှာဘူးနဲ့ အတူတူပါလား။
ဟိုနှာဘူးကလည်း ချောတာတော့ ချောပါတယ်။ ဒါပေမယ့် ဒီလူလောက်တော့ ဆွဲဆောင်မှု မရှိဘူး။ ဒီလူက ပိုပြီး ခံ့ညားတယ်… ပိုပြီး… လူနဲ့ တူတယ်?
ချွီလော့ချန်က လက်တစ်ဖက်နဲ့ မေးထောက်ထားပြီး ပျင်းရိစွာ မေးတယ်။
“ဘာဖြစ်လို့လဲ?”
ဖေးလု တံတွေးမြိုချလိုက်ကာ ခေါင်းခါပြီး လည်ချောင်းရှင်းလိုက်တယ်။ထို့နောက် သူ ရိုးရိုးသားသားပဲ စဆိုတော့တယ်။
သရဲတစ်ကောင်နဲ့ ကုတင်တစ်လုံးတည်း အတူရှိနေပြီး ညစ်ညမ်းသီချင်း ဆိုနေရတာ။ ဖေးလုမှာ နားရွက်တွေ ရဲတွတ်နေပြီး အသံတွေတောင် တုန်နေတယ်။
ချွီလော့ချန်ကတော့ မျက်လုံးမှိတ်ထားပြီး တော်တော်လေး တည်ငြိမ်နေတယ်။ ဖေးလု တစ်ယောက်တည်း ညစ်ညမ်းတာတွေ တွေးနေသလိုပဲ။
ဘယ်သူမှ မကြည့်နေတော့ ဖေးလု နည်းနည်း စိတ်သက်သာသွားတယ်။ နားရွက်က အပူချိန်တွေ ကျသွားပြီး အသံလည်း ငြိမ်သွားတယ်။ ကောင်လေးတစ်ယောက်ရဲ့ ကြည်လင်တဲ့ အသံလေးနဲ့ ရိုင်းပျတဲ့ စာသားတွေကို ဆိုနေတာက တစ်မျိုးတစ်မည် ဆွဲဆောင်မှု ရှိနေလေတယ်။
ချွီလော့ချန်က မျက်လုံးမှိတ်ထားတယ် ဆိုပေမယ့် တကယ်တမ်းကျတော့ မျက်လုံးအနည်းငယ် ဖွင့်ပြီး ဖေးလုကို အကဲခတ်နေတာ ဖြစ်တယ်။
Chapter 29 ended
(စာရေးသူရဲ့စကား – ချွီလော့ချန် : မင်း အပြင်မှာ လူရှိတယ်လို့ ကြားတယ်? ခုတင်ပေါ်က မဆင်းချင်တော့ဘူးပေါ့လေ? : )
Chapter 30
ကောင်လေးရဲ့မျက်နှာလေးက အပြစ်ကင်းစင်နေတုန်း၊ ခန္ဓာကိုယ်လေးကလည်း သွယ်လျပြီး မတ်တတ်ရပ်လိုက်ရင် သူ့ရင်ဘတ်လောက်ပဲ ရှိတယ်။ ကြည့်ရတာ အရွယ်မရောက်သေးတဲ့ ကောင်လေးတစ်ယောက်လိုပဲ။ အသံကလည်း အသံမပျက်သေးဘဲ ကြည်လင်နေပြီး ရံဖန်ရံခါ ကလေးဆန်တဲ့ လေယူလေသိမ်းလေးတွေ ပါနေသေးတယ်။
‘ဒီကောင်လေးသာ ငိုလိုက်ရင်… တစ်မျိုးတစ်မည် အရသာရှိနေမှာပဲ…’
ချွီလော့ချန် နှုတ်ခမ်းကို လျက်လိုက်ပြီး မျက်လုံးထဲမှာတော့ အလင်းရောင်မှိန်မှိန်လေး ဖြတ်သန်းသွားတယ်။
ဖေးလုကတော့ ဘာမှမသိရှာဘူး။ မျက်လွှာချပြီး သီချင်းကို တိုးတိုးလေး ညည်းဆိုနေတယ်။ စာသားမမှတ်မိတဲ့ နေရာတွေဆို ဝါးချပြီး ဆိုသွားတယ်။
‘၁၈ ကွက်’ သီချင်းက စုစုပေါင်း ၁၈ ပိုဒ် ရှိတယ်။ စာသားတွေကလည်း အတော့်ကို ကွင်းလုံးကျွတ် ဖော်ပြထားတာ။ ဖေးလု တစ်ပိုဒ်ဆိုလိုက်တိုင်း ချွီလော့ချန်ရဲ့ အကြည့်တွေက ဖေးလုခန္ဓာကိုယ်ပေါ်မှာ နေရာရွေ့သွားတယ်။ သီချင်းဆုံးသွားတဲ့အချိန်မှာ ဖေးလု တစ်ကိုယ်လုံးကို ချွီလော့ချန် အကြည့်နဲ့ အကုန်စားသုံးလိုက်ပြီးပြီ။
ချွီလော့ချန် ကြည့်လေလေ ကျေနပ်လေလေပဲ။ လက်တစ်ဖက်စာပဲ ရှိမယ့် ခါးလေးပဲ ဖြစ်ဖြစ်၊ တစ်ကိုယ်လုံးမှာ အသားအများဆုံး ဖြစ်မယ့် တင်ပါးလေးပဲ ဖြစ်ဖြစ်… အကုန်လုံးက စားချင်စဖွယ်… အဟမ်း… အစာစားချင်စိတ် ဖြစ်စေတယ်။ ချွီလော့ချန် ကိုယ်နေဟန်ထား ပြောင်းလိုက်ပြီး ခန္ဓာကိုယ်အောက်ပိုင်းက ပြောင်းလဲမှုကို ဖုံးကွယ်လိုက်တယ်။
“ဆိုလို့ ပြီးပါပြီ”
ဖေးလု မျက်လုံးလေး ကလယ်ကလယ်နဲ့ သူ့ကို ကြည့်နေလိုက်တယ်။ မြန်မြန်ပြန်ခွင့်ရဖို့ သူ မျှော်လင့်နေတာ။ သရဲအိမ်နဲ့ ယှဉ်လိုက်ရင် ဘုရားကျောင်းပျက်ကြီးကမှ နတ်ပြည်ရောက်နေသလို လုံခြုံဦးမယ်။
“အင်း…” ချွီလော့ချန် မျက်လုံးဖွင့်လာပြီး ပျင်းရိစွာ သမ်းဝေလိုက်တယ်။ ဖေးလုရဲ့ မျှော်လင့်တကြီး အကြည့်တွေကို လျစ်လျူရှုပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်တယ်။
“အိပ်တော့…”
“…”
ဖေးလု တကယ်တော့ မအိပ်ချင်ဘူး။ ဒါပေမယ့် သူ မပြောရဲဘူးလေ QAQ
ဝမ်းနည်းပက်လက်နဲ့ ကျောပေးပြီး လှဲချလိုက်တယ်။ ဖေးလု ကိုယ့်ကိုယ်ကိုယ် ဘောလုံးလေးလို ကွေးလိုက်ပြီး အိပ်မပျော်အောင် မျက်လုံးကို အတင်းပြူးထားလိုက်တယ်။
ချွီလော့ချန်က သူဘာတွေးနေလဲ သိနေသလိုပဲ။ ထရပ်ပြီး စောင်အထူကြီးတစ်ထည် ယူလာကာ သူ့ဘေးနား လာချပေးတယ်။ ပြီးတော့ ခြေသံကျယ်ကျယ်နဲ့ အခန်းထဲက ထွက်သွားတယ်။
အခန်းထဲမှာ ဖယောင်းတိုင်မီး လင်းနေပြီး လိမ္မော်ရောင် အလင်းလေးက တငြိမ့်ငြိမ့် လှုပ်နေတယ်။ ဖေးလု မိနစ်နည်းနည်းလောက် စောင့်ကြည့်တယ်။ ပြန်လာတဲ့ ခြေသံမကြားရတော့မှ ဂရုတစိုက် လှည့်ကြည့်လိုက်တော့ တံခါးပိတ်ထားတာ တွေ့ရတယ်။
အဲဒီတော့မှ စိတ်ချလက်ချ ကိုယ်ကို ဆန့်လိုက်ပြီး ဘေးက စောင်အထူကြီးကို ဆွဲယူကာ ကိုယ်လုံးကို ပတ်လိုက်တယ်။ နွေးသွားတော့မှ စိုးရိမ်စိတ်နဲ့ပဲ အိပ်ပျော်သွားတော့တယ်။
………
ဖေးလု တစ်ရေးအိပ်လိုက်ပေမယ့် နှစ်နှစ်ခြိုက်ခြိုက်တော့ မရှိဘူး။ သူ… နွေဦးအိပ်မက်မက်နေတာ။
အိပ်မက်ထဲက ယောကျ်ားမှာ အပေါ်ကော့တက်နေတဲ့ မက်မွန်ပွင့်ပုံစံ မျက်ဝန်းတွေ ရှိတယ်။ ခန္ဓာကိုယ် ကြီးမားသန်စွမ်းပြီး အားလည်း သန်တယ်။ ဖေးလုကို အောက်မှာ ဖိထားပြီး စိတ်ကြိုက် နမ်းရှိုက်၊ ပွတ်သပ်နေတယ်။ အဲဒီလူရဲ့ ကြမ်းတမ်းတဲ့ လက်ဖဝါးတွေက လျှပ်စစ်စီးနေသလိုပဲ၊ ဖေးလု တစ်ကိုယ်လုံး ထုံကျင်ပြီး ရေလို အရည်ပျော်ကျမတတ် ပျော့ခွေနေတယ်။ အဲဒီလူ လုပ်သမျှကို ငြင်းဆန်နိုင်စွမ်း မရှိတော့ဘူး…
… အိပ်မက်ကနေ ရုတ်တရက် လန့်နိုးလာပြီး ဖေးလု ထထိုင်လိုက်တယ်။ အိပ်မက်ထဲက ခံစားမှုက မပျောက်သေးဘူး။ အရိုးထဲထိ စိမ့်ဝင်သွားတဲ့ သာယာမှုကြောင့် မျက်နှာတွေ ရဲ၊ ရင်တွေ တဒုန်းဒုန်း ခုန်နေတယ်။ အိပ်မက်ရဲ့ အရသာကို ပြန်ခံစားရင်း ကြောင်တောင်တောင် ထိုင်နေမိတယ်။
ဘောင်းဘီထဲက အေးစက်စက် အရည်တွေသာ မရှိရင် သူ နည်းနည်းလောက် ထပ်ပြီး ဇိမ်ခံနေဦးမှာ။
သူ မယုံနိုင်စွာနဲ့ စမ်းကြည့်လိုက်တယ်။ထို့နောက် စောင်လှန်ကြည့်လိုက်တော့ ဖေးလု မျက်နှာ ပြာလိုက် ဖြူလိုက် ဖြစ်သွားတယ်။ အိပ်မက်မက်တာ ကောင်းတယ်ဆိုပေမယ့် သူစိမ်းသရဲတစ်ကောင်ရဲ့ ကုတင်ပေါ်မှာ လာပြီး အိပ်မက်မက်၊ ပြီးတော့… ပေကုန်ပြီဆိုတော့… ဒါက တော်တော်လေး အနေခက်စရာကြီး။
ဖေးလု ခြေထောက်နှစ်ချောင်းကို ဂရုတစိုက် ပူးကပ်ပြီး ကုတင်ပေါ်က ဆင်းတယ်။ တော်သေးတာက အိပ်ရာခင်းပေါ် မပေသွားဘူး။ သူခိုးလူမိသလို စိတ်မလုံတာနဲ့ စောင်ကို သေသေချာချာ ပြန်ခေါက်၊ ခါးကို ကုန်းပြီး ခိုးကြောင်ခိုးဝှက် ထွက်ပြေးဖို့ ကြိုးစားတယ်။
နှစ်လှမ်းလောက်ပဲ ရှိသေးတယ်၊ အိမ်ရှင် ဖမ်းမိသွားပါလေရော။ ချွီလော့ချန်ရဲ့ အေးစက်စက် အသံကြီး ထွက်လာတယ်။
“မင်း ဘယ်သွားမလို့လဲ?”
ဖေးလု ခြေထောက်ကို ပူးကပ်ထားတဲ့ ပုံစံအတိုင်း ဖြည်းဖြည်းချင်း လှည့်ကြည့်တယ်။
“အိမ်… အိမ်သာ သွားမလို့”
ချွီလော့ချန်က သဘောကျသလို ရယ်တယ်။ သူ့မျက်လုံးတွေထဲမှာ အပျော်တွေ ပါနေတယ်။
“ငါက ထင်နေတာ… မင်း ထွက်ပြေးချင်နေတယ်လို့လေ”
သူ့ရဲ့ လက်သည်းရှည်ကြီးတွေကို ထုတ်လိုက်သွင်းလိုက်နဲ့ ကစားနေတယ်။
ဖေးလု ခြေထောက်ကို ပိုတင်းအောင် ညှပ်လိုက်ပြီး ခေါင်းကို အတင်း ခါပြတယ်။ မျက်နှာပေးက အပြစ်ကင်းစင်နေတာပဲ။
“မဟုတ်ပါဘူး… မဟုတ်ရပါဘူးဗျာ… ကျွန်တော် တကယ် အိမ်သာသွားချင်လို့ပါ (ΘvΘ)”
“ဟုတ်လား?” ချွီလော့ချန် ရှေ့တိုးလာပြီး အထက်အောက် ကြည့်တယ်။
“ဒါဆို ဘာလို့ ခြေထောက်ကြီး ပူးထားတာလဲ? နောက်တစ်ခါ ဘောင်းဘီထဲ ထပ်ပေါက်ချလိုက်ပြန်ပြီလား?”
ဖေးလု : “…”
သူ ဘာမှမပြောတော့ ချွီလော့ချန် ပိုတိုးကပ်လာတယ်။ နှာတံစင်းစင်းက ဖေးလု လည်ပင်းနားကပ်ပြီး အနံ့ခံလိုက်တယ်။ ပြီးတော့ မျက်နှာပေးက ပြောင်းသွားတယ်။
“ငါ ဘာအနံ့ရလဲ သိလား… မင်း ပြီးသွားတာကိုလေ”
“ဘုန်း” ခနဲ ဖေးလု မျက်နှာတစ်ခုလုံး ရဲသွားတယ်။ လည်ပင်းတွေရော နီရဲကုန်တယ်။ ရှက်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် အလုံးလေးလုပ်ပြီး နံရံကြားထဲသာ တိုးဝင်သွားချင်တော့တယ်။
“ငါ့ကုတင်ပေါ်မှာ ကိုယ့်ဘာသာ အာသာဖြေတယ်ပေါ့… မင်း စိတ်ထဲ ဘယ်သူ့ကို ပုံဖော်နေတာလဲ?”
ဖေးလု : “…”
ချွီလော့ချန်က ဖေးလု နားရွက်လေးကို ကစားနေတယ်။ နားရွက်သားလေးက ထူထူလေး၊ ဖြူဖြူဖွေးဖွေးလေးကနေ ရှက်စိတ်ကြောင့် ပန်းရောင်သန်းလာတယ်။ ပန်းရောင်သန်းနေတဲ့ အသားလေးက စားချင်စဖွယ် ကောင်းလိုက်တာ…
ချွီလော့ချန် လျှာထုတ်ပြီး ဖွဖွလေး လျက်လိုက်တယ်။
ဖေးလု လန့်ပြီး နားရွက်ကို အုပ်၊ နောက်ကို ဆုတ်သွားတယ်။ ကြောက်လွန်းလို့ စကားတောင် မပီတော့ဘူး။
“ခင်ဗျား… ခင်ဗျား ဘာလုပ်တာလဲ?!”
“ငါ ဗိုက်ဆာလို့လေ” ချွီလော့ချန် ပြုံးလိုက်တယ်။ မျက်ဝန်းထဲမှာ ခံစားချက်တွေက ပြင်းထန်နေတယ်။
“အော်…” ဖေးလု လည်ပင်းကို အုပ်ထားလိုက်ပြီး သတိထားကြည့်နေတယ်။
“ကိစ္စမရှိရင် ကျွန်တော် ပြန်တော့မယ်”
ချွီလော့ချန်က အမြတ်ထုတ်လို့ ဝပြီဆိုတော့ သဘောကောင်းနေတယ်။
“သွားလေ… ညကျ ပြန်လာခဲ့ဖို့ မမေ့နဲ့”
“…”
ဒီဘဝကြီးက နေလို့မကောင်းတော့ဘူး။ ဖေးလု စိတ်ပျက်လက်ပျက် တွေးလိုက်တယ်။
ခြေထောက်ကို ကွတကွတ လုပ်ပြီး အမြန်ဆုံး ပြေးထွက်သွားတယ်။ နောက်ကလူရဲ့ အကြည့်တွေ မည်းမှောင်သွားတာကိုတော့ သတိမထားမိလိုက်ဘူး။
ချွီလော့ချန် ကုတင်နား လျှောက်သွားပြီး စောင်ကို လှန်လိုက်တော့ ယောကျ်ားတစ်ယောက် ကိစ္စပြီးခါစ ရတတ်တဲ့ အနံ့သင်းသင်းလေး ရနေတယ်။ ကုတင်ပေါ်က ချိုင့်ဝင်နေတဲ့ နေရာလေးကို လက်နဲ့ စမ်းကြည့်ပြီး ချွီလော့ချန် ထူးထူးဆန်းဆန်း ပြုံးလိုက်တယ်။
‘မင်း ပြေးမလွတ်ပါဘူး…’
ဖေးလု အိမ်တံခါးဝက ထွက်လာတော့ ကြောင်သွားတယ်။ ဒီနေရာက လမ်းကို သူမှ မသိတာ!
တော်သေးလို့ 666 က GPS ဖွင့်ပေးပြီး လမ်းပြပေးလို့ ဈေးဘက်ကို ရောက်လာတာ။
ဒါနဲ့ အခုခေတ် သရဲတွေက လူကြားထဲမှာ အိမ်ဆောက်နေကြတာလား? ဖေးလု ထွက်လာတုန်းက သတိထားမိတယ်၊ ဒီအိမ်ကြီးအပြင် ဘေးနားမှာ တခြားအိမ်ကြီးအိမ်ကောင်းတွေ အများကြီးပဲ။ အိမ်ရှေ့မှာ အလုပ်သမားတွေ ဝင်ထွက်နေကြတာ မြင်ရတယ်။
ကြည့်ရတာ သာမန် သူဌေးအိမ်ပဲ။ သရဲအိမ်နဲ့ လုံးဝ မတူဘူး။
ဖေးလု စဉ်းစားမရလို့ စိတ်ထဲမှာ တီးတိုးရေရွတ်နေတယ်။
666 က သူ မျက်နှာမကောင်းတာမြင်တော့ စေတနာနဲ့ သတိပေးတယ်။
“ကိုယ့်လူ~ Target ရဲ့ အချက်အလက်တွေကို ကြည့်ကြည့်ပါလား”
ဖေးလု သတိရသွားတယ်။ ဟုတ်သားပဲ… ဒီကမ္ဘာရောက်ကတည်းက သရဲနဲ့ မျက်နှာချင်းဆိုင် တွေ့နေရလို့ ကြောက်ပြီး ရှောင်နေတာနဲ့ Target အကြောင်း လုံးဝ မေ့နေတာ။
သူ့ကို 666 မပြောပြရင် Target က ဘယ်သူမှန်းတောင် သိမှာ မဟုတ်ဘူး။
ဖေးလု သက်ပြင်းချလိုက်တယ်။ “666… ငါ သိပ်များ ပေါ့နေသလား”
“ကိုယ့်လူရယ်~ ရုန်းမရမှတော့လည်း ငြိမ်ခံပြီး ဇိမ်ယူလိုက်ပါတော့ ”
ဖေးလု ကိုယ့်ဘာသာ အားပေးစကား ပြောလိုက်တယ်။
“သရဲဆိုတာ ဘာမှမဟုတ်ပါဘူးကွာ… သူ့ကို ထူးခြားတဲ့ စိတ်ဝိဉာဉ်ပုံစံတစ်ခုလို့ သဘောထားလိုက်ရင် ပြီးတာပဲ…”
စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု လုပ်ပြီးတော့ ဖေးလု သတ္တိပြန်ဝင်လာတယ်။ 666 ကို ယုံကြည်မှုရှိရှိ ပြောလိုက်တယ်။
“ငါတို့ တာဝန်အောင်မြင်အောင် လုပ်နိုင်မှာပါ!”
666 ကလည်း အားတက်သရော ပြန်ပြောတယ်။ “ဟုတ်တာပေါ့! ငါတို့ လုလုက အတော်ဆုံးပဲ!”
ဖေးလု အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မျက်နှာပေါ်မှာ မျှော်လင့်ချက် အပြုံးလေးတွေ ပွင့်လန်းလာတယ်။
666 က ဆက်ပြောတယ်။ “စိတ်ရင်းနဲ့ ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်နော်~”
ဖေးလု : …
ဒီစကား ကြားတိုင်း နိမိတ်မကောင်းဘူးလို့ ခံစားရတယ်။
ဈေးထဲရောက်တော့ ဖေးလု တောင်ပေါ် တန်းမပြန်ဘဲ ဆိုင်ခင်းတဲ့နေရာ သွားကြည့်တယ်။ လူတွေ အုံနေတယ်။ ဖက်တီးတို့ သုံးယောက် အလုပ်ရှုပ်နေကြတယ်။ ဖက်တီးက ဆိုင်ထိန်းတယ်၊ ဝါးခြမ်းပြားက ပိုက်ဆံသိမ်း၊ ကတုံးလေးက ပါဆယ်ထုပ်ပေးတယ်။ သူ မရှိလည်း အကုန် အဆင်ပြေနေတယ်။
ဖေးလု စိတ်ချလက်ချနဲ့ တောင်ပေါ် ပြန်တက်လာခဲ့တယ်။
………
ဘုရားကျောင်းရောက်တော့ ဘောင်းဘီလဲ၊ သစ်ပင်အောက်က ကောက်ရိုးပုံပေါ် လှဲပြီး Target ရဲ့ အချက်အလက်တွေကို သေချာဖတ်ကြည့်တယ်။
Target နာမည်က ချွီလော့ချန်။ မူလက ‘နဂါးမင်းဆက်’ စစ်သူကြီးရဲ့ သား။ ငယ်ငယ်ကတည်းက စစ်တိုက်တော်ပြီး နိုင်ငံအတွက် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သူ။
ချွီမိသားစုမှာ စစ်သူကြီး နှစ်ယောက်တောင် ထွက်တာမို့ အဲဒီခေတ်က နာမည်အကြီးဆုံးပဲ။ ဒါပေမယ့် အဲဒါကပဲ မိသားစုကို ဒုက္ခပေးမယ့် အကြောင်းရင်း ဖြစ်လာတယ်။
အဲဒီခေတ်က ဘုရင်က မိုက်မဲတယ် မဆိုနိုင်ပေမယ့် နားယောင်လွယ်ပြီး သေမှာ ကြောက်တတ်တယ်။ ချွီမိသားစုနဲ့ မတည့်တဲ့ နိုင်ငံရေးသမားတွေက မိန်းမစိုးတွေကို လာဘ်ထိုးပြီး ဘုရင့်နား ကပ်ပြီးသွေးထိုးခိုင်းတယ်။ ကြာလာတော့ ဘုရင်က ချွီမိသားစုကို သံသယဝင်ပြီး သတ်ချင်လာတယ်။
ချွီလော့ချန်တို့ သားအဖ စစ်ထွက်တိုက်နေတဲ့အချိန်မှာ ဘုရင်က ပုန်ကန်မှုနဲ့ စွပ်စွဲပြီး ချွီမိသားစုတစ်ခုလုံးကို ဖမ်းဆီးလိုက်တယ်။ မိသားစုဝင် ၂၀၀ ကျော်လုံး အဖမ်းခံလိုက်ရတယ်။
ချွီလော့ချန်တို့ သားအဖ စစ်နိုင်ပြီး ပြန်ရောက်လာတော့ သူတို့ကို ကြိုဆိုနေတာက ဟာလာဟင်းလင်း ဖြစ်နေတဲ့ စစ်သူကြီးအိမ်တော်နဲ့ သံခြေချင်း နှစ်စုံပဲ။
သားအဖနှစ်ယောက်က မိသားစုဝင်တွေ အသက်အန္တရာယ် ရှိနေလို့ မပုန်ကန်ရဲကြဘူး။
ဘုရင်နဲ့ ပူးပေါင်းလိုက်ရင် အချိန်ဆွဲလို့ ရမယ်ထင်ပေမယ့် ဘုရင်က သတ်ဖို့ ဆုံးဖြတ်ပြီးသား ဖြစ်နေပြီ။ သူတို့ အညံ့ခံလိုက်တာက စကားပြောဖို့ အခွင့်အရေး မရလိုက်ဘဲ တမျိုးလုံး အသတ်ခံရမယ့် အမိန့်တော်ကိုပဲ ဖိတ်ခေါ်လိုက်သလို ဖြစ်သွားတယ်။
ချွီလော့ချန်က သူ့မိဘ ညီအစ်ကိုတွေ အပါအဝင် မိသားစုဝင် ၂၄၉ ယောက်လုံး ခေါင်းဖြတ်အသတ်ခံရပြီး အလောင်းတွေ ပြန့်ကျဲကုန်တာကို မျက်စိရှေ့မှာတင် မြင်လိုက်ရတယ်။
သူက ငယ်ငယ်ကတည်းက စစ်တိုက်လာတာမို့ သွေးစွန်းခဲ့ဖူးပြီး အငြိုးအတေးတွေ ရှိနေတဲ့သူ။ အခု သူ့မိသားစုတစ်ခုလုံး အသတ်ခံလိုက်ရတာ မြင်တော့ ရင်ထဲက အမုန်းတရားတွေက မိုးထိအောင် တက်သွားတယ်။ အလောင်းတွေကို သင်္ချိုင်းကုန်းမှာ လာပစ်လိုက်တဲ့အချိန်မှာ သူက သင်္ချိုင်းကုန်းက ယင်ဓာတ်ကို အသုံးပြုပြီး သရဲကြမ်းကြီးအဖြစ် ပြောင်းလဲသွားတော့တယ်။
သရဲဖြစ်ပြီး ပထမဆုံး လုပ်တဲ့ကိစ္စက နန်းတော်တစ်ခုလုံးကို သွေးချောင်းစီးအောင် သတ်ပစ်တာပဲ။ သူ့ရန်သူတွေရဲ့ မိသားစုတွေကိုပါ မျိုးဖြုတ်ပစ်လိုက်တယ်။
အဓိက တရားခံဖြစ်တဲ့ ဘုရင်နဲ့ နိုင်ငံရေးသမားတွေကိုတော့ အရှင်လတ်လတ် ဆွဲဖြဲပြီး ဝါးစားပစ်လိုက်တယ်…
Chapter 30 ended
စာရေးသူရဲ့စကား –
ချွီလော့ချန် : ငါ လူစားတတ်တယ်နော် : )