⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 33+34+35

Chapter 33

ဖေးလုက ခွဲထွက်တော့မယ်ဆိုတာကို ဝါးခြမ်းပြားနဲ့ ကတုံးလေး ​ကြားတော့ စိတ်မကောင်း ဖြစ်သွားကြတယ်။ ကတုံးလေးက အသက်အငယ်ဆုံးဆိုတော့ မျက်ရည်ဝဲရင်း ဖေးလုအင်္ကျီစကို ဆွဲထားရှာတယ်။

“ငါတို့ ပြောထားကြတာလေ… ပိုက်ဆံရှိလာရင် အိမ်အကြီးကြီး ဝယ်မယ်၊ တစ်ယောက် တစ်ခန်း နေကြမယ်ဆို…”

ဖေးလုက ကတုံးလေးရဲ့ ခေါင်းပြောင်ပြောင်လေးကို ပွတ်ပေးရင်း ရယ်လိုက်တယ်။

“ဘာဖြစ်လို့လဲကွာ…ခုပုံစံက ငါ လုံးဝ ပြန်မလာတော့မယ့်ပုံ ဖြစ်နေပြီ။ ငါက မြို့အရှေ့ဘက်က ချွီအိမ်တော်မှာ နေမှာပါ။ ဈေးနဲ့လည်း နီးနီးလေး”

“နောက်ဆို တွေ့စရာ အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်”

အဲဒီတော့မှ သုံးယောက်သား စိတ်သက်သာရာ ရသွားကြတယ်။

ဖက်တီးက မြေကြီးပေါ်က ငွေစတွေကို ရေတွက်ပြီး ၅ ကျပ်သား (၅ တန်) ဖယ်ထုတ်ကာ ဖေးလုဆီ တွန်းပေးလိုက်တယ်။သူက မျက်နှာနည်းနည်း ပူသလိုနဲ့ ပြောတယ်။

“တကယ်တော့ ဒီပိုက်ဆံတွေ အကုန်လုံးက မင်းပိုက်ဆံတွေ ဖြစ်သင့်တာ… ဒါပေမယ့် ငါတို့က အိမ်ဝယ်ရတော့မယ်၊ အရင်းအနှီးလည်း ချန်ရဦးမယ်ဆိုတော့ ဒီ ၅ ကျပ်ပဲ အရင်ယူထားကွာ။ ကျန်တာကို အစ်ကိုကြီး မှတ်ထားပါ့မယ်။ နောက်မှ ပြန်ပေးမယ်နော်”

ဖေးလု စကားမပြောနိုင်တော့ဘဲ ဖက်တီးကို လက်သီးနဲ့ ထိုးလိုက်တယ်။

“ဖန်းယဲ့က ချမ်းသာလာတော့ ညီအစ်ကိုချင်းတောင် စာရင်းရှင်းနေပြီပေါ့?”

ဖက်တီး မျက်နှာကြီး ရဲတွတ်သွားတယ်။

“ဟို… ဟို… အဲဒါက မဟုတ်ပါဘူးကွ!”

ဖေးလု ငွေစတွေကို ပြန်ရောပစ်လိုက်ပြီး လက်ကာပြလိုက်တယ်။

“ဒီကိစ္စတွေ မပြောကြေးကွာ။ ပိုက်ဆံတွေကို မင်းတို့ပဲ ယူထား။ ငါ အခု မလိုသေးဘူး”

ဖေးလုက ပြတ်ပြတ်သားသား ငြင်းနေတော့ ဖက်တီးလည်း မပြောနိုင်တော့ဘဲ ပိုက်ဆံ ပြန်သိမ်းလိုက်ရတယ်။

ဒါပေမယ့် နောက်ပိုင်း ပိုက်ဆံစုတိုင်း ဖေးလုဝေစုကို သက်သက် ဖယ်ဖယ်ထားတတ်တယ်။ များလာရင် ကုံးတန်ကို ပြန်ပေးမယ်လို့ တွေးထားပေမယ့်… နောက်ဆုံးတော့ ဒီစေတနာကို ပေးခွင့် မရလိုက်ပါဘူး။

………

သြဂုတ်လ အစပိုင်းလောက်မှာ သူတို့ အိမ်ဝယ်ပြီးသွားပြီ။ ဘုရားကျောင်းပျက်ထဲက ပစ္စည်းတွေကို သိမ်းဆည်းပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ တောင်အောက်ဆင်းကာ အိမ်သစ်လေးဆီ ပြောင်းလာကြတယ်။

ဖေးလုက မနေဘူးဆိုတော့ အိမ်မကြီး ၃ ခန်းက တစ်ယောက်တစ်ခန်း ကွက်တိပဲ။ ခြံဝင်းကလည်း ကျယ်တယ်။ ခြံထဲမှာ မက်မွန်ပင်တစ်ပင်လည်း ရှိတယ်။ အခုရာသီကတော့ အရွက်တွေကြွေပြီး အကိုင်းတွေပဲ ကျန်တော့တယ်။

ကတုံးလေးက အထုပ်အပိုးလေး လွယ်ပြီး ငှက်ကလေးတစ်ကောင်လို ခြံထဲ ပတ်ပြေးနေတယ်။ ဝမ်းသာအားရ အော်ဟစ်သံတွေက ခြံထဲမှာ ပဲ့တင်ထပ်နေတယ်။

အိမ်တစ်ပတ် လျှောက်ကြည့်ပြီးတော့ စိတ်လှုပ်ရှားတာတွေ ငြိမ်သွားပြီး အလုပ်စလုပ်ကြတယ်။ အင်္ကျီလက် မ၊ သန့်ရှင်းရေး စလုပ်ကြတာ မိုးချုပ်ခါနီးမှ ပြီးသွားတယ်။

လူမနေတာ ကြာပြီဆိုတော့ ဖုန်တွေ တော်တော်ထူတယ်။ လေးယောက်သား တစ်နေကုန် တိုက်ချွတ်ဆေးကြောလိုက်ကြတာ မောလွန်းလို့ ကြမ်းပြင်ပေါ် ဘုန်းခနဲ လှဲချလိုက်ကြတယ်။

ဖက်တီးက အမောဆုံးပဲ။ သူက အားရှိပြီး လူကောင်ထွားတော့ အပင်ပန်းဆုံး၊ အညစ်ပတ်ဆုံး အလုပ်တွေ သူပဲ လုပ်ခဲ့ရတာ။ အခုတော့ ပက်လက်ကြီးလန်ပြီး ဗိုက်ဆာကြောင်း အော်ဟစ် ညည်းညူနေတယ်။

ကတုံးလေးက သက်သာသေးတယ်။ ပိုက်ဆံယူပြီး စားစရာ သွားဝယ်ပေးမယ်ဆိုပြီး ထွက်သွားတယ်။

သူပြန်ရောက်ပြီး ထမင်းစားကြတဲ့အချိန်မှာ မိုးချုပ်နေပြီ။

သူတို့တွေ အိမ်ရှေ့ခန်းမှာ ဖယောင်းတိုင် ထွန်းလိုက်ကြတယ်။ အလင်းရောင် ကောင်းကောင်း ရပြီဆိုတော့ အမှောင်ထဲ စမ်းစရာ မလိုတော့ဘူး။ ကိုယ်လက်သန့်စင်ပြီး စားပွဲဝိုင်းမှာ ထိုင်ကာ အငမ်းမရ စားကြတော့တယ်။

ဖေးလုလည်း တော်တော် ပင်ပန်းနေပြီ။ ဗိုက်ဝအောင်စား၊ ရေချိုးပြီးတာနဲ့ ချွီအိမ်တော်ကို သွားဖို့ အားတောင် မရှိတော့ဘူး။ ဒါနဲ့ပဲ ကတုံးလေးအခန်းထဲမှာပဲ တစ်ည ဝင်တိုးအိပ်လိုက်တယ်။

……..

သန်းခေါင်ယံမှာ ဖေးလု ချမ်းပြီး နိုးလာခဲ့တယ်။ အရိုးထဲထိ စိမ့်ဝင်လာတဲ့ အအေးဓာတ်ကြောင့် တုန်တက်သွားတယ်။ အိပ်ချင်မူးတူး မျက်လုံးဖွင့်ပြီး စောင်ရှာမလို့ လုပ်တုန်း ကုတင်ဘေးမှာ အနီရောင် လူရိပ်ကြီး ရပ်နေတာကို တွေ့လိုက်ရတယ်။

ဖေးလုမှာ လန့်ပြီး “ဒိန်း” ခနဲ ဖြစ်သွားကာ အိပ်ချင်စိတ်တွေတောင် လွင့်စင်သွားတယ်။

ကုတင်ဘေးမှာ ရပ်နေတာ ချွီလော့ချန်ကြီး။

သူ ဘယ်လောက်ကြာကြာ ရပ်နေခဲ့လဲ မသိဘူး။ မျက်နှာချောချောလေးက ရေခဲရိုက်ထားသလို အေးစက်နေတယ်။ သူ့ခြေထောက်အောက်ကနေ ပင့်ကူအိမ်လို ရေခဲလွှာတွေက ကြမ်းပြင်ပေါ် တဖြည်းဖြည်း ပျံ့နှံ့နေတာ။ ဖေးလု နိုးလာတာကလည်း ဒီအအေးဓာတ်ကြောင့်ပဲ။

ဖေးလု သူ့ကိုယ်ပေါ် တင်ထားတဲ့ ခြေထောက် (ကတုံးလေးခြေထောက်) ကို ဖယ်လိုက်ပြီး ထထိုင်လိုက်တယ်။သူ တိုးတိုးလေး မေးလိုက်တယ်။

“ခင်ဗျား ဘယ်လိုလုပ် ရောက်လာတာလဲ?”

ချွီလော့ချန်က စကားမပြောဘဲ သူ့ကို စိုက်ကြည့်နေတယ်။ နှုတ်ခမ်းပါးပါးကို တင်းတင်းစေ့ထားပြီး မျက်ဝန်းနက်နက်ထဲမှာတော့ ခံစားချက်တွေက ဆူပွက်နေတယ်။

သူ ဖေးလုကို ဒီလိုအကြည့်နဲ့ မကြည့်တာ ကြာပြီ။ဖေးလုရဲ့ စိတ်ထဲ ထိတ်လန့်လာပြီး လက်မောင်းကို သွားတို့ကြည့်ကာ အသံလေး ပျော့ပျော့နဲ့ မေးလိုက်တယ်။

“ခင်ဗျား ဘာဖြစ်လို့လဲ?”

ချွီလော့ချန်ရဲ့လက်မောင်း လှုပ်ခတ်သွားတယ်။ ခဏကြာမှ သူ့အသံထွက်လာတယ်။

“ငါနဲ့ ပြန်လိုက်ခဲ့”

သူ့အသံက အက်ရှရှ ဖြစ်နေကာ တစ်စုံတစ်ခုကို အသည်းအသန် ထိန်းချုပ်ထားသလိုပဲ။ ဖေးလုလည်း နည်းနည်း လန့်သွားတယ်။ ပျောက်ကွယ်နေတဲ့ ကြောက်စိတ်တွေ ပြန်ဝင်လာပြီး အင်္ကျီ အမြန်ကောက်ဝတ်ကာ ချွီလော့ချန်နောက်ကနေ ငြိမ်ငြိမ်လေး လိုက်သွားတော့တယ်။

……..

ချွီအိမ်တော်ကို ရောက်တော့…

ချွီလော့ချန်က ဖေးလု လက်ကောက်ဝတ်ကို ဆွဲပြီး အခန်းထဲ အတင်း ဆွဲခေါ်သွားတယ်။

တံခါးကို “ဂျိမ်း” ခနဲ ပိတ်လိုက်တော့ ဖေးလု ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားတယ်။ ချွီလော့ချန် ပုံမှန် မဟုတ်မှန်း သိလိုက်ပြီ။ ပုံမှန်ဆိုရင် သူ့အပေါ် ဒီလောက် ကြမ်းတမ်းမှာ မဟုတ်ဘူး။

ဖေးလု လက်ကို ရုန်းလိုက်တယ်။

“လွှတ်ပါ… ခင်​ဗျား ဒီလိုလုပ်တော့ ကျွန်တော် ကြောက်လာပြီ”

ချွီလော့ချန်က သူ့ကို ကုတင်ပေါ် တွန်းလှဲလိုက်တယ်။ အကြည့်တွေက ဖေးလုကို အရိုးပါမကျန် ဝါးစားချင်နေတဲ့ အကြည့်မျိုး။

“မလှုပ်နဲ့!”

ဖေးလု ငြိမ်ကျသွားတယ်။ ဆက်မရုန်းရဲတော့ဘူး။ သူနဲ့ ချွီလော့ချန် အတူနေတာ ကြာပြီ။ အစပိုင်း စနောက်တာလောက်ပဲ ရှိခဲ့ပြီး နောက်ပိုင်း သူ့အလို လိုက်လွန်းလို့ ချွီလော့ချန်ရဲ့ မူလသရုပ်မှန်ကို မေ့နေခဲ့တာ။

ချွီလော့ချန်က ဖေးလုရဲ့ လည်ပင်းသားတွေကို နှာခေါင်းနဲ့ ပွတ်သပ်နေတယ်။ အေးစက်တဲ့ အသက်ရှူငွေ့တွေ ထိတွေ့လာတော့ ဖေးလု ကြက်သီးတွေ ထကုန်တယ်။ သူ လည်ပင်းကို မော့ပေးလိုက်ပြီး အားနည်းချက်ကို ဖော်ပြလိုက်ကာ အသံတုန်တုန်နဲ့ ပြောလိုက်တယ်။

“ခင်ဗျား… ဖြည်းဖြည်း လုပ်နော်…”

ချွီလော့ချန်ရဲ့ လှုပ်ရှားမှုတွေ ရပ်တန့်သွားတယ်။ ဖြူဖွေးနုဖတ်နေတဲ့ လည်ပင်းလေးကိုသာ လျက်လိုက်တယ်။ ကုတင်ပေါ် ထောက်ထားတဲ့ လက်သီးတွေက ကျစ်ခနဲ ဆုပ်လိုက်၊ ပြန်ဖြည်လိုက်နဲ့ တစ်ခုခုကို အသည်းအသန် အောင့်အီး သည်းခံနေပုံရတယ်။

ဖေးလုက သေမင်းကို ရင်ဆိုင်နေသလို မျက်လုံးမှိတ်ထားတယ်။ မျက်တောင်လေးတွေက တုန်ခါနေပြီး နှုတ်ခမ်းကိုလည်း ဖိကိုက်ထားတယ်။ ချွီလော့ချန် သူ့သွေးကို မသောက်တာ ကြာပြီ။ အခုမှ ရုတ်တရက်ကြီး သောက်မယ်လုပ်တော့ စိတ်ထဲမှာ ဝမ်းနည်းသလိုလို ဖြစ်လာတယ်။

တော်တော်ကြာတဲ့အထိ နာကျင်မှုက ရောက်မလာသေးဘူး။ ဖေးလု မျက်လုံးတစ်ဖက် ဖွင့်ပြီး ချွီလော့ချန်ကို ခိုးကြည့်လိုက်တယ်။

ချွီလော့ချန်ရဲ့မျက်နှာပေါ်မှာ ချွေးတွေ စိုရွှဲနေတယ်။ မျက်လုံးထဲမှာ ဗျာများနေတဲ့ အရိပ်အယောင်တွေကိုလည်း တွေ့နေရတယ်။ သည်းခံပြီးရင်း သည်းခံ၊ နောက်ဆုံးတော့ ရင်ထဲက ဆူပွက်နေတဲ့ ဆန္ဒတွေကို ဖိနှိပ်လိုက်ပြီး ဖေးလု နဖူးပြင်ပေါ်မှာ အနမ်းတစ်ပွင့်သာ ခြွေချလိုက်တယ်။

“မကြောက်ပါနဲ့…”

နူးညံ့ပြီး ခြောက်သွေ့တဲ့ နှုတ်ခမ်းအထိအတွေ့လေး ရလိုက်တော့ ဖေးလု ရင်တွေ တဒိန်းဒိန်း ခုန်သွားတယ်။ ပါးစပ်ဟပြီး တစ်ခုခု ပြောမလို့ လုပ်ပေမယ့် မပြောရသေးခင်မှာပဲ ချွီလော့ချန်က ထပြီး အခန်းထဲကနေ အလျင်စလို ထွက်သွားတော့တယ်။

ဖေးလု ကြောင်တောင်တောင်နဲ့ နဖူးကို အုပ်ထားမိတယ်။ ခဏနေမှ သတိဝင်လာပြီး ဖင်ကုန်းထကာ နောက်ကနေ ပြေးလိုက်တော့တယ်။

“ချွီလော့ချန်? ခင်ဗျား ပြန်လာခဲ့!”

——-

ချွီလော့ချန် တောင်ပေါ်ကို တရှိန်ထိုး ပြေးတက်သွားတယ်။ အနီရောင် ဝတ်ရုံရှည်ကြီးက မှောင်မည်းနေတဲ့ ညဘက်မှာ သွေးရောင် လွှမ်းနေသလိုပဲ။

လမင်းက ပြည့်ခါနီးပြီ။ နောက်မကြာခင် လပြည့်တော့မယ်။

ချွီလော့ချန် မိုးပေါ်မော့ပြီး အော်ဟစ်လိုက်တယ်။ နက်ရှိုင်းတဲ့ အော်သံကြီးက တောနက်ထဲ ပဲ့တင်ထပ်သွားတယ်။ လူသံနဲ့ မတူတော့ဘဲ သားရဲတစ်ကောင် ဟိန်းဟောက်သံနဲ့ တူနေတယ်။ လက်သည်းမည်းမည်း ရှည်ရှည်တွေက ထိန်းမနိုင်သိမ်းမရ ထွက်ပေါ်လာတယ်။ မျက်လုံးကို မှေးစင်းလိုက်တော့ အနက်ရောင် မျက်ဝန်းထဲမှာ အနီရောင် အလင်းတန်းတွေ ဖြတ်ပြေးသွားတယ်။

တောင်ခါးပန်းမှာ ရပ်ပြီး နှာခေါင်းရှုံ့ကာ လေးဖက်လေးတန်က အနံ့တွေကို ခွဲခြားစိတ်ဖြာနေတယ်။ ခဏလောက် အနံ့ခံပြီးတော့ သူ့နှုတ်ခမ်းထောင့်က ကွေးတက်သွားတယ်။ အေးစက်တဲ့ လရောင်အောက်မှာ အစွယ်တွေက ပိုပြီး ကြောက်စရာ ကောင်းလာခဲ့တယ်။

မြို့အစွန်က ဒီတောင်က တော်တော်ကြီးတယ်။ ဖေးလုတို့ နေခဲ့တဲ့ ဘုရားကျောင်းပျက်က တောင်ကုန်းအသေးလေး တစ်ခုပေါ်မှာပဲ ရှိတာ။ တောင်ဘက် ဆက်သွားရင်တော့ မတ်စောက်ပြီး ရှည်လျားတဲ့ တောင်တန်းကြီးတွေ ရှိတယ်။ အဲဒီမှာ လူဆိုးလူမိုက်တွေ ပုန်းခိုနေတတ်ကြတယ်။

ချွီလော့ချန်က လေထဲက အနံ့ကို ခံပြီး တစ်ဟုန်ထိုး ပြေးသွားတယ်။ မကြာခင်မှာပဲ ဒီညအတွက် အစာကို ရှာတွေ့သွားတယ်။

လူသုံးယောက်။ ခေါင်းဆောင်လုပ်တဲ့သူက အဝတ်အစား မလုံမခြုံနဲ့ မိန်းကလေးတစ်ယောက်ကို ရင်ခွင်ထဲ ပိုက်ထားတယ်။ မီးပုံဘေးမှာ ဝိုင်းထိုင်ပြီး အရက်သောက်ရင်း မနက်ဖြန် အစီအစဉ်ကို တိုင်ပင်နေကြတာ။

ချွီလော့ချန် အမှောင်ရိပ်ထဲမှာ ပုန်းပြီး သူတို့ပြောတာ နားထောင်နေတယ်။ သူတို့ စကားအရဆိုရင် ဒီရက်ပိုင်း အလုပ်ကြီးကြီး တစ်ခု လုပ်ဖို့ ရှိတယ်တဲ့။ ဒါကြောင့် ဒီည နေရာလာကြည့်ရင်း လမ်းမှာတွေ့တဲ့ မိန်းကလေးကို ပြန်ပေးဆွဲလာတာ။

တောင်ပေါ်လေက တိုက်ခတ်လာတော့ အေးစက်တဲ့ အငွေ့အသက်တွေ ပါလာတယ်။ မိန်းကလေးက ချမ်းလွန်းလို့ တုန်နေတယ်။ အင်္ကျီရင်ဘတ် ဟထားတဲ့ ခေါင်းဆောင်လူမိုက်လည်း ချမ်းသွားပြီး ဆဲဆိုကာ မိန်းကလေးကို ရင်ခွင်ထဲ အတင်း ဆွဲကပ်လိုက်တယ်။

“သောက်ကျိုးနည်း ရာသီဥတုကွာ… ဘာလို့ ရုတ်တရက်ကြီး အေးလာတာလဲ?”

တပည့်နှစ်ယောက်ကလည်း ခေါင်းဆောင်ပြောတာကို ထောက်ခံနေကြတယ်။ အမှောင်ရိပ်ထဲက လူကို ဘယ်သူမှ သတိမထားမိကြဘူး…

ချွီလော့ချန်ရဲ့မျက်လုံးတွေက လုံးဝ အနီရောင် ပြောင်းသွားပြီ။ လည်ပင်းက အကြောတွေ ထောင်တက်လာပြီး ပါးစပ်ထဲကနေ မောဟိုက်သံတွေ ထွက်လာတယ်။ သူ သည်းခံနိုင်စွမ်း ကုန်ဆုံးသွားခဲ့ပြီ…

“ဘယ်သူလဲ?!”

ခေါင်းဆောင်လူမိုက်က ပုံမှန်မဟုတ်တဲ့ အသက်ရှူသံကို ကြားလိုက်ရတော့ သတိထားမိပြီး မတ်တတ်ရပ်လိုက်တယ်။ ရင်ခွင်ထဲက မိန်းကလေးကို ကြမ်းပြင်ပေါ် ပစ်ချလိုက်တော့ ခေါင်းနဲ့ ကျောက်တုံး ဆောင့်မိပြီး သွေးတွေ ထွက်လာတယ်။

အဲ့လိုနဲ့ လေထဲမှာ သွေးနံ့တွေ ပျံ့လွင့်သွားခဲ့တယ်။

ချွီလော့ချန် အမှောင်ထဲကနေ ဖြည်းဖြည်းချင်း ထွက်လာခဲ့လိုက်တယ်။ အနီရောင်ဝတ်စုံက ညမှောင်မှောင်မှာ စူးရှပြီး ကြောက်မက်ဖွယ် ကောင်းနေတယ်။ သူ့ရဲ့ အစွယ်တွေနဲ့ လက်သည်းတွေကို မြင်လိုက်ရတော့ လူမိုက်တွေ ရင်ထဲ ထိတ်လန့်သွားကြတယ်။

“မင်း… မင်းက လူလား သရဲလား?”

နီးနီးနားနားက တပည့်နှစ်ယောက်က နောက်ဆုတ်သွားတော့ ခေါင်းဆောင်လူမိုက်က ရှေ့ဆုံးမှာ ကျန်နေခဲ့တယ်။

ချွီလော့ချန်က သွေးဆာနေတဲ့ အပြုံးတစ်ခုကို ပြုံးလိုက်တယ်။ မျက်လုံးထဲက အနီရောင် အလင်းတွေက ပိုပိုတောက်ပလာတယ်။ သူ့ရှေ့က လူတွေကို ပုရွက်ဆိတ်တွေလို သဘောထားပြီး ဖြည်းဖြည်းချင်း လျှောက်လာခဲ့တယ်။

“ပြေးဟေ့!”

ခေါင်းဆောင်လူမိုက်က ကြမ်းပြင်ပေါ်က မိန်းကလေးကို ဆွဲထူပြီး ချွီလော့ချန်ဆီ ပစ်ပေါက်လိုက်ကာ နောက်လှည့်မကြည့်ဘဲ တောင်အောက်ကို ပြေးတော့တယ်။ တောင်ပေါ်မှာ သရဲရှိတယ်လို့ ကြားဖူးပေမယ့် တကယ် မကြုံဖူးတော့ အရေးမလုပ်ခဲ့တာ။ အခုတော့ ကံဆိုးပြီး တကယ် လာတိုးနေပြီ။

ဒီမိန်းကလေးက အချိန်ခဏလောက်တော့ ဆွဲထားနိုင်မယ်လို့ တွေးမိပြီး ခေါင်းဆောင်လူမိုက်က ပြေးရင်းနဲ့ ဉာဏ်ဆင်ခဲ့တယ်။ ရှေ့ရောက်နေတဲ့ တပည့်နှစ်ယောက်ကို မြင်တော့ စိတ်ကို တင်းပြီး သူ့နားက ကောင်ကို တွန်းလှဲပစ်လိုက်တယ်။

လဲကျသွားတဲ့ တပည့်က ခြေခေါက်သွားပြီး ချက်ချင်း မထနိုင်တော့ဘူး။သူက နာကြည်းစွာနဲ့သာ လှမ်းကြည့်နေခဲ့တယ်။ ခေါင်းဆောင်လူမိုက်ကတော့ ရက်စက်တဲ့ အပြုံးနဲ့ လှည့်မကြည့်ဘဲ ဆက်ပြေးသွားတော့တယ်။

Chapter 33 ended

စာရေးသူရဲ့စကား –

ချွီလော့ချန် : မထိန်းနိုင်တော့ဘူး… လူစားချင်နေပြီ : )

 

Chapter 34

“မင်း ပြေးမလွတ်ဘူး—”

ချွီလော့ချန်က ရုတ်တရက် ခေါင်းဆောင်လူမိုက်ရှေ့မှာ ပေါ်လာပြီး တောင်ဆင်းလမ်းရဲ့ တစ်ခုတည်းသော လမ်းကြောင်းကို ပိတ်ရပ်လိုက်တယ်။

ခေါင်းဆောင်လူမိုက်က လန့်ပြီး ကြမ်းပြင်ပေါ် လဲကျသွားတယ်။ တုန်တုန်ရီရီနဲ့ နောက်က တပည့်ကို လက်ညှိုးထိုးပြီး အော်တယ်။

“ငါ့ကို မစားနဲ့… သူ့ကို စား! သူ့ကို စားလိုက်!”

ချွီလော့ချန်ရဲ့မျက်လုံးတွေက ရက်စက်သွားတယ်။ထို့နောက် လက်သည်းချွန်ချွန်တွေက ခေါင်းဆောင်လူမိုက်ရဲ့ နှလုံးသားကို ဖောက်ဝင်သွားတော့တယ်။ ကျောက်စရစ်ခဲတွေကို ပွတ်တိုက်နေသလိုမျိုး အသံနက်ကြီးက ထွက်ပေါ်လာတယ်။

“သစ္စာမရှိ၊ မေတ္တာမရှိတဲ့ကောင်… သေသင့်တယ်!”

ခေါင်းဆောင်လူမိုက်ရဲ့မျက်လုံး​တွေ ပြူးကျယ်သွားတယ်။ သူ့နှုတ်ခမ်းတွေက လှုပ်ရွနေပေမယ့် စကားတော့ ထွက်မလာနိုင်ခဲ့တော့ဘူး။

ချွီလော့ချန်က သူ့လည်ပင်းကို ကိုက်ချလိုက်တယ်။ အစွယ်တွေက သွေးလွှတ်ကြောကို ဖောက်ဝင်သွားပြီး ပူနွေးတဲ့ သွေးတွေက ခြောက်သွေ့နေတဲ့ လည်ချောင်းထဲ စီးဝင်လာတယ်။ ချွီလော့ချန်က သဲကန္တာရထဲမှာ ရေတွေ့တဲ့ ခရီးသည်လိုပဲ အငမ်းမရ မျိုချလိုက်တယ်။

နောက်က တပည့်ကတော့ ကြောက်လွန်းလို့ ကြောင်သွားလေပြီ။ သူ့တစ်ကိုယ်လုံးက တုန်ယီနေပြီး တံတောင်နဲ့ ထောက်ကာ နောက်ဆုတ်ဖို့ ကြိုးစား​နေတယ်။

ချွီလော့ချန် လူသွေးမသောက်ရတာ ကြာပြီ။ ဒီလူမိုက်ရဲ့ သွေးက သိပ်တော့ မကောင်းပေမယ့် အငတ်ပြေရုံတော့ ရတယ်။ အရိုးစုလို ခြောက်ကပ်သွားတဲ့ အလောင်းကို လွှတ်ချလိုက်ပြီး ကြောက်လန့်နေတဲ့ တပည့်ဆီ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်တယ်။

“မ… မသတ်ပါနဲ့ဗျာ… ကျွန်တော့်အိမ်မှာ အသက် ၈၀ အရွယ် အမေအိုကြီးနဲ့ ၃ နှစ်သားလေး ရှိပါသေးတယ်… မသတ်ပါနဲ့…”

အဲဒီလူက မျက်ရည်တွေ၊ နှပ်တွေနဲ့ တုန်ရီနေပြီး မြေကြီးပေါ် ခေါင်းနဲ့ဆောင့်ကာ အကြိမ်ကြိမ် တောင်းပန်နေတယ်။

“သွားစမ်း!”

ချွီလော့ချန် မျက်လုံးမှိတ်လိုက်ပြီး ပြန်ဖွင့်လိုက်တော့ မျက်လုံးထဲက အနီရောင် အရိပ်တွေက ပျောက်ကွယ်သွားပြီ။

အဲဒီလူက ကြောင်သွားပြီးမှ ဝမ်းသာအားရနဲ့ ချွီလော့ချန်ဘေးက ကွေ့ပတ်ကာ တောင်အောက်ကို လှိမ့်ဆင်းပြေးတော့တယ်။

ချွီလော့ချန် ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ကာ ခေါင်းဆောင်လူမိုက်ရဲ့ အလောင်းပေါ်ကို အေးစက်တဲ့ အငွေ့အသက်တွေ ရိုက်ထည့်လိုက်တယ်။ လက်ဝါးကို ဆုပ်လိုက်တာနဲ့ အလောင်းက ဖုန်မှုန့်တွေအဖြစ် ပြောင်းလဲသွားတော့တယ်။

……..

ဖေးလု မီးအိမ်လေးကိုင်ပြီး ကြောက်ကြောက်လန့်လန့်နဲ့ လူလာရှာတယ်။

ချွီလော့ချန်က ညကြီးမိုးချုပ် ဘာစိတ်ဖောက်လဲ မသိဘူး၊ တောထဲ တစ်ရှိန်ထိုး ပြေးသွားတာ။ ဖေးလု စိတ်မချတာနဲ့ 666 ကို အတင်းပူဆာပြီး လမ်းပြခိုင်းကာ လိုက်လာခဲ့တယ်။

လိုက်လာတယ် ဆိုပေမယ့် ရင်ထဲမှာတော့ ကြောက်နေတုန်းပဲ။ တောင်အောက် ရောက်တော့ အမှောင်ထုက ပါးစပ်ဟထားတဲ့ ဘီလူးကြီးလိုပဲ။ ဖေးလုခဗျာ ကြောက်စိတ်တွေ ပြန်ဝင်လာပြီး ဂနာမငြိမ် ဖြစ်နေတယ်။

“ဖေးလု… မင်း လုပ်နိုင်တယ်!”

သူ ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်တယ်။

“သရဲပဲဟာ… ဘာကြောက်စရာ ရှိလဲ။ အကြမ်းဆုံး သရဲနဲ့တောင် အတူအိပ်ဖူးပြီးပြီပဲ… မကြောက်နဲ့…”

“မင်း ဘာတွေ ပွစိပွစိ ပြောနေတာလဲ?”

အသံနက်ကြီးက သူ့နောက်ကျောဘက်ကနေ ထွက်လာတော့ ဖေးလု လန့်ပြီး လက်ထဲကမီးအိမ်လည်း လွတ်ကျသွားတယ်။ ဖယောင်းတိုင် လဲကျသွားပြီး စက္ကူမီးအိမ်က မီးထတောက်တော့တယ်။

ဖေးလု ခြေထောက်ကို အတင်း ညှပ်ထားလိုက်တယ်။ ခုနက လန့်သွားတုန်းက နည်းနည်းလေး ထွက်ကျသွားသလိုပဲ…

ချွီလော့ချန်က သူ့ရဲ့ ကြောက်နေတဲ့ ပုံစံလေးကို ကြည့်ပြီး ပြုံးလိုက်တယ်။ နားသီးလေးကို ပွတ်သပ်ပေးပြီး လေသံအေးအေးလေးနဲ့ ပြောလိုက်တယ်။

“ငါ့ကို လာရှာတာလား?”

ဖေးလု ဘာမှပြန်မပြောဘဲ ခေါင်းပဲ ညိတ်ပြလိုက်တယ်။ စိတ်ထဲမှာတော့ ဘောင်းဘီ စိုသွားလား၊ မစိုဘူးလား ဆိုတာကိုပဲ ဗျာများနေတယ်။

ချွီလော့ချန်ရဲ့ မျက်လုံးတွေ ပိုမိုနူးညံ့သွားတယ်။အဲ့နောက် ဘောင်းဘီခွကြားကိုပဲ ငုံ့ကြည့်နေတဲ့ ဖေးလုရဲ့ မျက်နှာကို မော့ယူလိုက်တယ်။

“မကြည့်နဲ့တော့… စိုသွားလည်း ငါ သဘောကျတယ်”

“…”

ဖေးလုရဲ့ မျက်နှာကြီး နီရဲသွားပြီး မျက်လုံးတွေလည်း ကလယ်ကလယ် ဖြစ်သွားတယ်။

“ခင်ဗျား… ခင်ဗျား ညကြီးမိုးချုပ် ဒီကို ဘာလာလုပ်တာလဲ?”

ချွီလော့ချန်ရဲ့ အပြုံးတွေ တန့်သွားတယ်။ ဟုတ်တစ်ဝက်၊ မဟုတ်တစ်ဝက် ဖြေလိုက်တယ်။

“ဗိုက်ဆာလို့”

ဖေးလုက သိပ်မစဉ်းစားဘဲ နောက်နေတယ်ပဲ ထင်လိုက်ကာ သူ့မေးစေ့ကို ကိုင်ထားတဲ့ လက်ကို ဖယ်ချလိုက်တယ်။

“ခင်ဗျားကို အလိုလိုက်ထားတာ များသွားပြီ။ ဗိုက်ဆာရင် ကျွန်တော့်ကို ညစာ လုပ်ခိုင်းပေါ့။ ဘာကိစ္စ စကားတစ်ခွန်းမှ မပြောဘဲ ထွက်ပြေးသွားရတာလဲ”

ချွီလော့ချန် အောင့်ထားပေမယ့် မရတော့ဘဲ ရယ်မိသွားတယ်။

“ကောင်းပြီ… နောက်ဆို ဗိုက်ဆာရင် မင်းကိုပဲ ရှာတော့မယ်”

ဖေးလု သူ့မျက်နှာကို ငေးကြည့်နေမိတယ်။ ချွီလော့ချန်က မူလကတည်းက ချောမောတဲ့သူ။ ပုံမှန်ဆို မျက်နှာတည်ထားတတ်လို့ ဘယ်သူမှ သေချာမကြည့်ရဲကြဘူး။

အခု သူပြုံးလိုက်တော့… အရွက်မရှိတဲ့ မက်မွန်ကိုင်းမှာ တစ်ညတည်းနဲ့ ပန်းတွေ ဝေနေအောင် ပွင့်သွားသလိုပဲ။ ဆွဲဆောင်မှုရှိလွန်းလို့ ဖေးလု မျက်လုံးမခွာနိုင်တော့ဘူး။

ချွီလော့ချန်က သူ့ကို ငေးကြည့်နေတာ မြင်တော့ ပါးလေးကို ပုတ်ပြီး စနောက်လိုက်တယ်။

“ချောလား?”

“ချောတယ်…”

အလှကြိုက်တဲ့ ဖေးလုကတော့ စိတ်လွတ်ကိုယ်လွတ်ပဲ ရိုးရိုးသားသား ဖြေလိုက်မိတယ်။

“အင်း… ဒါဆို အိမ်ပြန်ရောက်မှ ဖြည်းဖြည်းချင်း ကြည့်”

ချွီလော့ချန်က သဘာဝကျကျပဲ ဖေးလုလက်ကို ဆွဲပြီး ပခုံးချင်းယှဉ် လျှောက်လာခဲ့တယ်။ ဖေးလု အသိပြန်ဝင်လာတော့ ခုနက ငတ်ကြီးကျပြီး ငေးကြည့်မိတာကို တွေးမိပြီး ရှက်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် သတ်ပစ်ချင်စိတ် ပေါက်သွားတယ်။

ချွီလော့ချန်ကတော့ မသိချင်ယောင်ဆောင်ပြီး လမ်းတစ်လျှောက်လုံး လက်ကိုပဲ တင်းတင်းဆုပ်ကိုင်ထားခဲ့တယ်။ ဖေးလု လက်ဖဝါးမှာ ချွေးတွေ စိုရွှဲလာတာတောင် သူလွှတ်မပေးခဲ့ဘူး။

………

အိမ်ပြန်ရောက်တော့ ဖယောင်းတိုင်မီးက ငြိမ်ငြိမ်လေး လင်းနေတုန်းပဲ။ အခန်းထဲ လင်းနေတာ မြင်မှ ဖေးလု စိတ်သက်သာရာ ရသွားတယ်။

အဲ့နောက် သူ့လက်ကို ရုန်းလိုက်ပြီး ညစာသွားလုပ်ဖို့ ပြင်လိုက်တယ်။ သူ လှည့်ထွက်မလို့ လုပ်တုန်း ချွီလော့ချန်ရဲ့ ရင်ဘတ်မှာ ရေစိုနေတာ တွေ့လိုက်ရတယ်။

“ခင်ဗျားအင်္ကျီ စိုနေပါလား။ ချွတ်လိုက်လေ… မနက်ကျ ကျွန်တော် လျှော်ပေးမယ်”

ချွီလော့ချန် ငုံ့ကြည့်လိုက်တော့ ရင်ဘတ်မှာ အကွက်လေး တစ်ကွက် စိုနေတာ တွေ့တယ်။ သေချာ အနံ့ခံကြည့်ရင် သွေးညှီနံ့လေး ရနေသေးတယ်။

“မလိုပါဘူး… ငါ့ဘာသာ လဲလိုက်မယ်”

ချွီလော့ချန်ရဲ့ အပြုံးတွေ ပျောက်သွားတယ်။ သူ ကိုယ်ကို တစ်ဖက်စောင်းပြီး အရိပ်ထဲ ဝင်ရပ်လိုက်တယ်။ ဖေးလုကို အဲဒီ ‘ရေကွက်’ကို သေချာမမြင်စေချင်ဘူး။

“မင်း ညစာ သွားလုပ်ချည်… ငါ အင်္ကျီ လဲလိုက်ဦးမယ်”

ဖေးလုက သံသယမဝင်ဘဲ ပြုံးပြုံးရွှင်ရွှင်နဲ့ မီးဖိုချောင်ထဲ ဝင်သွားတယ်။

ချွီလော့ချန်က ပျော်ရွှင်နေတဲ့ ကျောပြင်လေးကို ကြည့်ပြီး ညစ်ပေနေတဲ့ အင်္ကျီကို ချွတ်လိုက်တယ်။ အဝတ်ကို ညစ်ပတ်တဲ့ အရာဝတ္ထုတစ်ခုလို သဘောထားပြီး လက်ဖဝါးပေါ်ကနေ အဖြူရောင် မီးတောက်တစ်ခု ဖန်တီးကာ အင်္ကျီတစ်ထည်လုံးကို မီးရှို့ဖျက်ဆီးပစ်လိုက်တယ်။

ဖေးလု အရိုးပြုတ်ရည် ခေါက်ဆွဲနှစ်ပွဲ ကိုင်ပြီး ပြန်လာတဲ့အချိန်မှာ ချွီလော့ချန်က အဝတ်အစားသစ် လဲပြီးနေပြီ။

———

ညစာစားပြီးတော့ ဖေးလုရဲ့ မျက်လုံးတွေ စင်းလာပြီး အိပ်ချင်လာတာနဲ့ အိပ်ရာဝင်လိုက်တော့တယ်။

တစ်ညလုံး ဘာမှမဖြစ်ဘဲ ကုန်ဆုံးသွားတယ်။

ညက နောက်ကျမှ အိပ်တော့ နောက်တစ်နေ့ မနက်မှာ ဖေးလု နေဖင်ထိုးမှ နိုးလာတယ်။ ဘေးနားကလူက မရှိတော့ဘူး။ ဖေးလု စောင်လုံးလေး ဖက်ပြီး ပျင်းရိစွာ လှိမ့်နေလိုက်တယ်။

စောင်က နွေးနေတော့ သူ မထချင်ဘူးလေ။

“တီ~ ဂုဏ်ယူပါတယ် ကိုယ့်လူရေ… Target ရဲ့ Progress Bar(လုပ်ဆောင်မှုဘားတန်း) က ၂၂ ရာခိုင်နှုန်း ရောက်သွားပါပြီ~”

ဖေးလု လှိမ့်နေတာ ရပ်သွားတယ်။ ဖင်ကုန်းပြီး မှောက်လျက်သားနဲ့ သူ မေးလိုက်တယ်။

“ငါ ဘာမှတောင် မလုပ်ရသေးဘဲနဲ့ ဘာလို့ Progress တက်သွားတာလဲ?”

666 ရဲ့အသံက အပြစ်ကင်းစင်နေတယ်။

“ဒါက System ကနေ လူနာရဲ့ လက်တွေ့အခြေအနေကို သုံးသပ်ပြီး ဆုံးဖြတ်တာပါ”

ဖေးလု ပါးကုတ်လိုက်တယ်။ ချွီလော့ချန်ရဲ့ အချက်အလက်တွေအရဆိုရင် လက်တွေ့ဘဝက လူနာမှာ အကြမ်းဖက်လိုစိတ်တွေ ဖုံးကွယ်ထားတာ ရှိနိုင်တယ်။ ဒါဆိုရင် သူ့တာဝန်က ချွီလော့ချန်ရဲ့ အန္တရာယ်ရှိတဲ့ အတွေးတွေကို ပြောင်းလဲပေးဖို့နဲ့ မူလဇာတ်လမ်းထဲက လူသတ်ပွဲကြီး မဖြစ်အောင် တားဆီးဖို့ပဲ။

စိတ်ကမ္ဘာရဲ့ ဇာတ်လမ်းသွားကို ထိန်းချုပ်နိုင်ရင် လက်တွေ့ဘဝက လူနာလည်း စိတ်ကမ္ဘာပြိုလဲပြီး ရောဂါဖောက်တာမျိုး ဖြစ်တော့မှာ မဟုတ်ဘူး။

ဒါပေမယ့် ချွီလော့ချန်နဲ့ အတူနေခဲ့တဲ့ အချိန်ကာလ တစ်လျှောက်လုံးကို ပြန်ကြည့်ရင် ချွီလော့ချန်က တစ်မြို့လုံးကို သတ်ပစ်မယ့် လူသတ်သမား ဖြစ်လာမယ်လို့ ဘယ်လိုမှ မထင်မိဘူး။

သူ တွေးမိတာကို မေးလိုက်တယ်။

“မင်းပြော… ချွီလော့ချန်က နောက်ပိုင်းကျ ဘာလို့ တစ်မြို့လုံးကို သတ်ဖြတ်ပစ်တာလဲ?”

666 က စီးကရက်တစ်လိပ်လောက် ခဲထားချင်တဲ့ မျက်နှာပေးနဲ့ ပြောတယ်။

“လူကို အပေါ်ယံပဲကြည့်လို့ မရဘူးလေ။ နှာဘူးတွေရဲ့ မျက်နှာပေါ်မှာ ‘ငါက နှာဘူးပါ’ လို့ ရေးမထားတတ်ဘူး”

“…”

ဖေးလု : မင်းပြောတာ ဟုတ်သလိုလို ရှိပေမယ့် ငါ လက်မခံချင်ဘူး။

“ငါကတော့ ချွီလော့ချန်က လူဆိုး မဟုတ်ဘူးလို့ ထင်တာပဲ”

ဖေးလုရဲ့စိတ်က ယိမ်းယိုင်နေပြီမို့ 666 ဘာပြောပြော ချွီလော့ချန်ဘက်ကပဲ ရပ်တည်တော့မှာ။

—=====

‘လူကောင်း’ ချွီလော့ချန်က ဈေးထဲက ပြန်လာတယ်။ ဖေးလု နောက်ကျမှ နိုးတော့ အိမ်မှာ စားစရာ မရှိလို့ သူက ဆန်ပြုတ်နဲ့ ပေါက်စီ သွားဝယ်လာတာ။

ဖေးလု ပေါက်စီကို ပါးလုပ်ပွကြီးနဲ့ စားရင်း 666 ကို ကြွားလိုက်တယ်။

“တွေ့လား… ငါ ပြောသားပဲ သူက လူကောင်းပါလို့”

666 : “…”

မင်းရဲ့ လူကောင်းလက်မှတ်ကလည်း ဈေးပေါလိုက်တာ။

ဖေးလုကတော့ ဆန်ပြုတ်ကို တရှူးရှူး သောက်နေပြီး သူ့ကို ဂရုမစိုက်တော့ဘူး။

………..

နောက်နှစ်ရက်ဆိုရင် တရုတ်ဆောင်းဦးလယ်ပွဲတော် ရောက်ပြီ။ မြို့ထဲမှာ အိမ်တိုင်းလိုလို မီးပုံးနီလေးတွေ ချိတ်နေကြပြီ။ ဖေးလု ချွီအိမ်တော်ရဲ့ တံခါးဝက ပြောင်သလင်းခါနေတာကို ကြည့်ပြီး ပိုက်ဆံအိတ်ယူကာ ဈေးဝယ်ထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။

ချွီလော့ချန်က ဒီရက်ပိုင်း အစပျောက်နေတယ်။ ညသန်းခေါင်မှ ပြန်လာပြီး မနက်အစောကြီး ပျောက်သွားရော။ ထူးဆန်းလိုက်တာ။ ဖေးလု စိတ်ထဲမှာ တီးတိုးရေရွတ်ရင်း ချွီလော့ချန်ကို အကြိမ်ကြိမ် မေတ္တာပို့ (ပွစိပွစိပြော) နေမိတယ်။

နောက်နှစ်ရက်ဆို ပွဲတော်ရောက်ပြီမို့ မြို့ထဲမှာ စည်ကားနေတယ်။ လမ်းမပေါ်မှာ ရောင်စုံမီးပုံးတွေ ချိတ်ထားကြတယ်။ နေ့ခင်းမို့ မီးမထွန်းရသေးပေမယ့် ညကျရင် ဘယ်လောက်လှမလဲ ခန့်မှန်းလို့ရတယ်။ ဖေးလု လမ်းဘေးဆိုင်လေးတွေ ကို လိုက်ကြည့်ရင်း မီးပုံးတွေအပြင် တခြားပစ္စည်းလေးတွေပါ ဝယ်မိတယ်။ လမုန့်၊ ပန်းမီးအိမ်၊ ယုန်ရုပ်လေးတွေ…

လျှောက်ကြည့်ရင်း ဝယ်ရင်းနဲ့ ပစ္စည်းတွေ အများကြီး ရလာတယ်။ ပစ္စည်းတွေဆွဲပြီး ဖက်တီးတို့ဆီ သွားလက်ဆောင်ပေး၊ နေ့လယ်စာ အတူစားပြီးမှ ချွီအိမ်တော်ကို ပြန်လာခဲ့တယ်။

ကစားစရာ တိုလီမိုလီတွေကို ကတုံးလေးကို ပေးခဲ့တော့ လက်ထဲမှာ ကျန်တဲ့ပစ္စည်း သိပ်မရှိတော့ဘူး။ ဖေးလု အေးအေးဆေးဆေး ပြန်လာတုန်း လမ်းတစ်ဝက်မှာ တာအိုဆရာကြီးတစ်ယောက် လမ်းပေါ် မှောက်နေတာကို တွေ့လိုက်ရတယ်။ မူးလဲနေတာလား၊ ဘာလား မသိဘူး။

ဖေးလု ပစ္စည်းတွေချပြီး သွားထူပေးလိုက်တယ်။ မူးမေ့နေပုံရလို့ နှာခေါင်းအောက်က အကြောကို ဖိပြီး နှိုးလိုက်တယ်။

“အဘိုး… အဘိုး… ထပါဦး”

တာအိုဆရာကြီး မျက်လုံးပွင့်လာပြီး သူ့ကို ထူပေးထားတဲ့လူကို မြင်တော့ ဟီးခနဲ ရယ်တယ်။

“လူလေး… စားစရာလေး ပါလား?”

ဖေးလု ဝယ်လာတဲ့ လမုန့် ရှိနေတာနဲ့ သူ့ကို ထိုင်ခိုင်းပြီး လမုန့် နှစ်လုံး ထုတ်ပေးလိုက်တယ်။

ဆရာကြီးက တော်တော် ဗိုက်ဆာနေပုံရတယ်။ လမုန့်အကြီးကြီး နှစ်လုံးကို သုံးလုပ်လောက်နဲ့ မျိုချပစ်လိုက်တာ။ ဖေးလုတောင် ကြောင်ကြည့်နေမိတယ်။ ရေလည်း မပါတော့ “ဖြည်းဖြည်းစားပါ” လို့ပဲ ပြောနိုင်တယ်။

ဆရာကြီးက ရင်ဘတ်ကို ပုတ်၊ လမုန့်ကို အတင်းမျိုချပြီး သက်ပြင်းချလိုက်တယ်။

“ကျေးဇူးပါပဲ လူလေးရာ… ငါ ထမင်းမစားရတာ ရက်တော်တော် ကြာနေပြီ”

ဖေးလု ခေါင်းခါလိုက်ပြီး နောက်ထပ် လမုန့် ၃ လုံး ထပ်ထုတ်ပေးလိုက်တယ်။

“ရော့… အဘိုး ယူစားလိုက်ပါ”

ဆရာကြီးက အားနာမနေဘဲ ဝမ်းသာအားရ ယူလိုက်တယ်။ ပြီးတော့ ဖေးလုရဲ့ မျက်နှာကို သေချာကြည့်ပြီး သူ့အမူအရာက လေးနက်သွားတယ်။

“လူလေးရဲ့ နဖူးမှာ အမည်းရောင် သမ်းနေတယ်။ အဲဒီကြားထဲမှာ အနီရောင်အလင်းတန်းလေး ရှိနေတယ်… မကြာခင်မှာ သွေးထွက်သံယို ဘေးအန္တရာယ် ကြုံရကိန်း ရှိနေတယ်”

Chapter 34 ended

စာရေးသူရဲ့စကား –

ချွီလော့ချန် : Surprise ဖြစ်သွားလား? ရင်ခုန်စရာ ကောင်းတယ်မလား? မထင်ထားဘူး မဟုတ်လား : )

 

Chapter 35

“လူလေးရဲ့ နဖူးမှာ အမည်းရောင် သမ်းနေတယ်။ အဲဒီကြားထဲမှာ အနီရောင်အလင်းတန်းလေး ရှိနေတယ်… မကြာခင်မှာ သွေးထွက်သံယို ဘေးအန္တရာယ် ကြုံရကိန်း ရှိနေတယ်”

ဖေးလု : “…”

ငါ့လမုန့်ကို စားပြီးတာနဲ့ ချက်ချင်း ကျိန်စာတိုက်တာ ဘာသဘောလဲ?!

တာအိုဆရာကြီးက ဖေးလု မယုံမှန်းသိတော့ အတင်းမပြောတော့ဘူး။ သစ်သားပြားအိုလေး တစ်ခုကိုသာ ကမ်းပေးတယ်။

“အဘိုးကို မုန့်ကျွေးခဲ့တဲ့ကျေးဇူး ရှိတော့ ဒီသစ်သားပြားလေး ပေးခဲ့ပါရစေ။ နောက်ပိုင်း အခက်အခဲ ရှိလာရင် ဒီပြားလေးကို ကိုင်ပြီး ‘နဂါးလေးတောင်’ကို လာခဲ့ပါ။ အဘိုးက အဲဒီမှာ တရားကျင့်နေတာ”

ဖေးလု မယုံပေမယ့် လူကြီးတစ်ယောက်က ပေးတာဆိုတော့ မငြင်းရက်ဘူး။အဲ့ဒါနဲ့ ယဉ်ကျေးစွာပဲ ကျေးဇူးတင်စကားပြော၊ လက်ခံပြီး အိမ်ပြန်လာခဲ့လိုက်တယ်။ တာအိုဆရာကြီး မှာခဲ့တဲ့စကားကိုတော့ လမ်းမှာတင် မေ့ပစ်ခဲ့တယ်။

…….

မျက်စိတစ်မှိတ်အတွင်း တရုတ်ဆောင်းဦးလယ်ပွဲတော် ရောက်လာပြီ။

ဖေးလု မနက်စောစောထပြီး အလုပ်တွေလည်း ရှုပ်နေတယ်။ မနေ့တုန်းက ဈေးကနေ စားစရာတွေ အများကြီး ဝယ်လာတာလေ။ သူနဲ့ ချွီလော့ချန်ရဲ့ အကြိုက်က တူတယ်။ အစပ်ကြိုက်တယ်၊ အချိုကြိုက်တယ်။ ဒါကြောင့် ဟင်းချက်ရတာ အဆင်ပြေတယ်။ သူကြိုက်ရင် ချွီလော့ချန်လည်း ကြိုက်မှာ သေချာတယ်။

တစ်နေကုန် အလုပ်ရှုပ်ပြီးတော့ အသားငါးတွေကို အသင့်ပြင်ဆင်ပြီးပြီ။ ညနေစောင်းရင် ချက်ဖို့ပဲ ကျန်တော့တယ်။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ လမုန့်တွေကို ပန်းကန်ထဲ ပြင်ဆင်ပြီး ဖေးလု နေဝင်မယ့်အချိန်ကို ပျော်ပျော်ရွှင်ရွှင် စောင့်နေလိုက်တယ်။

ညနေစောင်းလာတော့ ဖေးလု စိတ်လှုပ်ရှားစွာနဲ့ မီးပုံးတွေ လိုက်ထွန်းတယ်။ ဈေးက ဝယ်လာတဲ့ ပန်းမီးအိမ်လေးတွေကို ဝရန်တာနဲ့ ပန်းခြံထဲမှာ ကြိုးတန်းပြီး ချိတ်လိုက်တယ်။ ကောင်းကင် မမှောင်သေးပေမယ့် မီးအိမ်လေးတွေရဲ့ အလင်းရောင်ကြောင့် အိမ်လေးက နွေးထွေးသွားတယ်။

မီးဖိုချောင်ထဲမှာ ဟင်းတွေ ချက်နေပြီး ဟင်းပွဲတစ်ပွဲပြီးတိုင်း စားပွဲပေါ် သွားချတယ်။ တစ်ယောက်တည်း လုပ်နေရပေမယ့် ချွီလော့ချန် အံ့သြဝမ်းသာသွားမယ့် ပုံစံကို တွေးပြီး ဖေးလု အားတွေရှိနေတယ်။

ဟင်းပွဲတွေ အကုန်ပြင်ဆင်ပြီးချိန်မှာ မိုးလည်း ချုပ်သွားပြီ။ ပန်းမီးအိမ်လေးတွေရဲ့ လိမ္မော်ရောင် အလင်းလေးက ကောင်းကင်ပေါ်က လပြည့်ဝန်းကြီးနဲ့ အပြိုင် လင်းလက်နေတယ်။

ဖေးလု စားပွဲဝိုင်းကြီးရှေ့ထိုင်ပြီး ပွစိပွစိ ပြောနေလိုက်တယ်။ ချွီလော့ချန်က မနက်ကတည်းက ပျောက်သွားတာ အခုထိ ပြန်မလာသေးဘူး။ ပြန်လာမယ် ထင်ထားပေမယ့် အရိပ်အယောင်တောင် မတွေ့ရဘူး။

သူ ဂနာမငြိမ်ဖြစ်ရင်း ထပ်စောင့်နေပေမယ့် ချွီလော့ချန်ကတော့ ပြန်မလာသေးဘူး။ ဖေးလု စိတ်မရှည်တော့ဘဲ 666 ကို လှမ်းခေါ်လိုက်တယ်။

“သူ ဘယ်သွားလဲ ကြည့်ပေးစမ်းပါဟာ… နောက်ကျရင် ဟင်းတွေ အေးကုန်တော့မယ်”

666 : “…”

ကိုယ့်လူရေ… ငါက Google Map မဟုတ်ဘူးလေ။

ဖေးလု နှုတ်ခမ်းဆူလိုက်တယ်။

“အခြားလူကို ရှာခိုင်းတာမှ မဟုတ်တာ… သူ ဘယ်မှာရှိလဲ ကြည့်ပေးပါဆို”

666 မတတ်သာတော့ဘဲ ​ချွီလော့ချန်ရဲ့ တည်နေရာကို ကြည့်လိုက်တယ်။

“သူ မြောက်ဘက်ခြံဝင်းထဲမှာ ရှိတယ်”

ဖေးလု စဉ်းစားလိုက်တယ်။ အဲဒီနေရာက ချွီလော့ချန်ရဲ့ မိဘတွေ နေခဲ့တဲ့နေရာပဲ။

“ပွဲတော်ရက်ဆိုတော့ လွမ်းပြီး မိဘတွေအခန်းထဲမှာ သွားငိုနေတာများလား”

666 က ဖေးလုရဲ့ အကြံအစည်ကို ရိပ်မိပြီး တားတယ်။

“မင်း မသွားတာ ကောင်းမယ်နော်။ အချက်အလက်တွေအရဆိုရင် Target က လစဉ် ၁၅ ရက်နေ့ (လပြည့်နေ့) တိုင်းမှာ ရောဂါဖောက်တတ်တယ်”

ဖေးလုက မယုံဘူး။

“အချက်အလက်တွေထဲမှာ သူက လူသတ်သမားလို့လည်း ရေးထားတာပဲ။ မင်း သူ လူသတ်တာ မြင်ဖူးလို့လား?”

666 : “…”

ဖေးလုက နှာမှုတ်ပြီး မီးအိမ်ဆွဲကာ မြောက်ဘက်ခြံဝင်းဆီ ထွက်လာခဲ့လိုက်တယ်။

မြောက်ဘက်ခြံဝင်းက သူတို့နေတဲ့ နေရာထက် ပိုတိတ်ဆိတ်ခြောက်ကပ်တယ်။ ဖေးလု မီးအိမ်ကိုင်ပြီး သတိထား ဝင်လာလိုက်တယ်။ ချွီလော့ချန်ရဲ့ နာမည်ကို ခေါ်ကြည့်ပေမယ့် ပြန်မထူးဘူး။

သူ သတ္တိမွေးပြီး အတွင်းဘက်ထဲ ဝင်သွားလိုက်တယ်။ ခြံဝင်းထဲမှာ အပြင်ဘက်ထက် ပိုမှောင်နေတော့ ဖေးလု တံတွေးမြိုချပြီး ဘေးဘီဝဲယာ ကြည့်လိုက်မိတယ်။

“666… သူ ဘယ်အခန်းထဲမှာလဲ ကြည့်ပေးပါဦး”

666က သက်ပြင်းချပြီး တိကျတဲ့ နေရာကို ပြောပြလိုက်တယ်။

ဖေးလုက “ကျေးဇူးပဲ ဟေ့ကောင်ရေ” လို့ ပြောပြီး ချွီလော့ချန် ရှိတဲ့နေရာကို ပျော်ပျော်ကြီး သွားတော့တယ်။

666 ပြောတာအရဆိုရင် ချွီလော့ချန်က နောက်ဖေးပန်းခြံထဲမှာ ရှိရမှာ။ ဖေးလု မီးအိမ်နဲ့ လိုက်ရှာပေမယ့် ချွီလော့ချန်ရဲ့ အရိပ်အယောင်ကို မတွေ့ဘူး။

“ချွီလော့ချန်?”

တခြား ထူးဆန်းတဲ့အရာတွေ လန့်သွားမှာစိုးလို့ တိုးတိုးလေး ခေါ်လိုက်တယ်။

ရုတ်တရက် သူ့နောက်ကျောဘက်မှာ အေးစက်တဲ့ ခန္ဓာကိုယ်တစ်ခုက လာကပ်တယ်။

“ငါ့ကို ရှာနေတာလား?”

အအေးဓာတ်က ကျောပြင်ကနေတစ်ဆင့် စိမ့်ဝင်လာလို့ ဖေးလု တုန်သွားတယ်။သူ ချွီလော့ချန်ရဲ့ လက်ဖမိုးကို စမ်းကြည့်လိုက်တယ်။

“ခင်ဗျား ကိုယ်တွေ ဘာလို့ ဒီလောက်အေးနေတာလဲ?”

“ဒါ မင်းကိုယ်တိုင် ကိုယ့်ဘာသာကိုယ် လာအပ်တာနော်… ငါ့ကို အပြစ်မတင်နဲ့…”

ချွီလော့ချန်က ဖေးလု မေးတာကို မကြားချင်ယောင်ဆောင်ပြီး နားနားကပ်ကာ တိုးတိုးလေး ရေရွတ်တယ်။

ဖေးလု ကျောချမ်းသွားတယ်။ “ချွီလော့ချန်?!”

“အင်း… ငါပါ”

ချွီလော့ချန်က နောက်ကနေ သိုင်းဖက်လိုက်တယ်။ အေးစက်တဲ့ နှုတ်ခမ်းတွေက ဖေးလုရဲ့ ခေါင်းထိပ်လေးကို ပွတ်သပ်နေတယ်။ ဖေးလု မျက်နှာကြီး ရဲသွားပြီး လည်ပင်းကို ပုကာ ရှောင်ဖို့ ကြိုးစားတယ်။ တော်သေးတာက မှောင်နေလို့ ဖေးလုရဲ့ မျက်နှာ ဘယ်လောက်ရဲနေလဲ ဆိုတာ ချွီလော့ချန် မမြင်ရဘူး။

“မင်းဆီက အနံ့လေးက မွှေးလိုက်တာ…”

ချွီလော့ချန်က ညည်းတွားလိုက်တယ်။

“ငါ ဒီနေ့ကို စောင့်နေတာ ကြာပြီ…”

“ငါ့ကို အပြစ်မတင်နဲ့…”

ဖေးလု နားမလည်လိုက်ဘူး။ ဘာပြောတာလဲ?

ရုတ်တရက် သူ့မျက်နှာနဲ့ စားပွဲကို ဖိချခံလိုက်ရတယ်!

ကြီးမားတဲ့ ခန္ဓာကိုယ်ကြီးက အပေါ်ကနေ ဖိချလာတယ်။

ဖေးလု ကြောင်အသွားတယ်။ ရုန်းမရ၊ ပြန်မချနိုင်နဲ့ စားပွဲပေါ် မှောက်လျက်သား ဖြစ်သွားတယ်။ ဦးနှောက်ကလည်း ဗလာဟင်းလင်း ဖြစ်သွားတယ်။

ချွီလော့ချန်က စနူကာကစားသမားတစ်ယောက် ကျူတံ (လိင်တံ) ကို ကိုင်ပြီး ကျင်း (အနောက်ပေါက်) ကို ချိန်နေသလိုပဲ။ သူက စနူကာကို ပထမဆုံးအကြိမ် ကစားဖူးတာမို့ ချိန်သားနဲ့ အားကို ကောင်းကောင်း မထိန်းနိုင်သေးဘူး။ ပထမတစ်ချက် ထိုးလိုက်ပေမယ့် ဘောလုံး (လိင်တံထိပ်ဖူး) က ကျင်းထဲ မဝင်ဘူး။

ဖေးလု သက်ပြင်းချနိုင်လိုက်ပြီး ဒုတိယတစ်ချက် မလာခင် ပြန်တိုက်စစ်ဆင်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် ခွန်အားချင်း ယှဉ်မရတော့ သူ့ရဲ့ ခုခံမှုလေးက အလွယ်တကူပဲ အနှိမ်နင်းခံလိုက်ရတယ်။

ချွီလော့ချန်က နောက်တစ်ကြိမ် ထပ်ချိန်လိုက်တယ်။ ဒီတစ်ခါတော့… တစ်ချက်တည်းနဲ့ ကျင်းထဲ တန်းဝင်သွားတယ်။

ဘောလုံးတွေ တိုက်မိပြီး အသံမြည်သွားတယ်။ ချွီလော့ချန် မျက်နှာပေါ်မှာ ကျေနပ်တဲ့ အပြုံးတစ်ခု ပေါ်လာတော့တယ်…

——–(T/N: ငလူးး…သူတို့ရဲ့ကားက တစ်မျိုးဟ။ နားမလည်မှာစိုးလို့ မင်မင်က (….) နဲ့ ထည့်ပေးထားတယ်နော်။service ကောင်းတယ်မလား 🙂

ဖေးလုတစ်ယောက် တစ်ညလုံး ဘယ်နှစ်ခါလောက် အလှန်ခံလိုက်ရလဲ မသိတော့ဘူး။ တစ်ကိုယ်လုံးမှာ နေရာကောင်း တစ်ကွက်မှ မကျန်တော့ဘူး။ ချွီလော့ချန်သာ သူ သနားစရာကောင်းအောင် ငိုနေတာကို မြင်ပြီး မိုးလင်းခါနီး လွှတ်မပေးခဲ့ရင် ဖေးလု ၃ ရက်၊ ၅ ရက်လောက်ထိ အိပ်ရာထဲ လဲနေရမှာ သေချာတယ်။

ဒါတောင်မှ နောက်တစ်နေ့ ဖေးလု မထနိုင်ဘူး။ကုတင်ပေါ်မှာပဲ တောင့်တောင့်ကြီး လှဲနေရတယ်။ ခန္ဓာကိုယ်အောက်ပိုင်း သေသွားတဲ့ လူနာလိုလည်း ခံစားနေရတယ်။ ပိုဆိုးတာက အလွန်အကျွံ အသုံးပြုခံထားရတဲ့ နေရာက ပြန်မစေ့တော့ဘဲ တဆတ်ဆတ် တုန်နေပြီး တစ်ခုခု တပ်ရက်သား တန်းလန်းကြီး ကျန်ခဲ့သလို ခံစားနေရတယ်။

ဖေးလု ငါးသေမျက်လုံးကြီးနဲ့ မျက်နှာကျက်ကို ကြောင်ကြည့်နေလိုက်တယ်။ အဓမ္မကျင့်ခံလိုက်ရတဲ့ (တကယ်တော့ စိတ်ပါလက်ပါပါပဲ) အဖြစ်အပျက်ကနေ စိတ်မပြန်ဝင်သေးဘူး။

အဲ့ချိန် တံခါးဖွင့်သံ “ကျွီ” ခနဲ ကြားလိုက်ရတယ်။ ချွီလော့ချန်က ဆန်ပြုတ်ပန်းကန်ကိုင်ပြီး လန်းလန်းဆန်းဆန်း ဝင်လာတယ်။ ဖေးလုကတော့ အသံကြားတာနဲ့ မျက်လုံး အတင်းမှိတ်ပြီး အိပ်ချင်ယောင် ဆောင်လိုက်တယ်။

ချွီလော့ချန်က ဆန်ပြုတ်ကို စားပွဲပေါ်တင်ပြီး ကုတင်ဘေးမှာ ဝင်ထိုင်တော့ ကုတင်မွေ့ရာလေးက နိမ့်ဆင်းသွားတယ်။ ဖေးလု အိပ်ချင်ယောင် ဆောင်နေပေမယ့် မျက်ခွံအောက်က မျက်လုံးတွေက ဂနာမငြိမ် ဖြစ်နေတော့ မျက်တောင်လေးတွေက ယပ်တောင်ခတ်သလို တုန်နေတယ်။

ချွီလော့ချန်က တုန်နေတဲ့ မျက်တောင်လေးတွေကို နူးညံ့စွာ ကြည့်နေတယ်။သူက မျက်တောင်လေးတွေကို လက်နဲ့ ပွတ်သပ်ပြီး တမင် ခြိမ်းခြောက်လိုက်တယ်။

“မထသေးဘူးလား? မထရင် နမ်းလိုက်မှာနော်…”

ဖေးလုရဲ့မျက်တောင်တွေ ပိုတုန်လာကာ နားရွက်တွေပါ နီရဲလာတယ်။ ဒါပေမယ့် မျက်လုံးကိုသာ ပိုတင်းအောင် မှိတ်ထားလိုက်တယ်။

ချွီလော့ချန်က ရယ်လိုက်ပြီး နှုတ်ခမ်းလေးကို ဖိလိုက်တယ်။

“တကယ် အနမ်းခံချင်နေတာလား?”

ပြောပြီးတာနဲ့ ဖေးလု တုံ့ပြန်တာကို မစောင့်ဘဲ နဖူးပြင်လေးပေါ် အနမ်းတစ်ပွင့် ခြွေချလိုက်တယ်။

နူးညံ့တဲ့ နှုတ်ခမ်းအထိအတွေ့က ခေါင်းကနေ ခြေဖျားအထိ လျှပ်စစ်စီးသွားသလို ဖေးလု တစ်ကိုယ်လုံး တုန်တက်သွားတယ်။

မျက်လုံးမှိတ်ထားတာကလွဲရင် နိုးနေတာနဲ့ ဘာမှမခြားတော့ဘူး။ ဖေးလုရဲ့ ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတဲ့ ပုံစံလေးက ချစ်ဖို့ကောင်းလွန်းလို့ ချွီလော့ချန်ရဲ့ စိတ်ထဲ ယားကျိကျိ ဖြစ်လာကာ ထပ်ပြီး စချင်လာတယ်။

“မလောက်သေးဘူးလား?”

ချွီလော့ချန်က စဉ်းစားသလိုလိုနဲ့ လက်ချောင်းကို ကွေးပြီး နားထင်ကို ခေါက်နေတယ်။

“နောက်ထပ် ဘယ်နေရာကို နမ်းရမလဲ?”

ဖေးလု နှုတ်ခမ်းကို ဖိကိုက်လိုက်တယ်။ သူ့ရင်တွေ တဒုန်းဒုန်း ခုန်လာပြီး မျက်လုံးကို ဖွင့်ကြည့်မိတော့မလို ဖြစ်လာတယ်။

“ဒီနေရာဆိုရင် ကောင်းမယ်…”

ချွီလော့ချန် ပြုံးလိုက်တယ်။ ပွန်းပဲ့နေတဲ့ နှုတ်ခမ်းလေးကို လက်နဲ့ပွတ်ပြီး ကိုယ်ကိုကိုင်းကာ လျှာဖျားနဲ့ နှုတ်ခမ်းကြောင်းတစ်လျှောက် လျက်လိုက်တယ်။

ဖေးလုက အခုမှ လူပျိုရည်ပျက်ကာစ။ ဒီလောက် ပြင်းထန်တဲ့ အပြုအမူကို ဘယ်ခံနိုင်ပါ့မလဲ။ သူ့နှလုံးသားက ခုန်ထွက်တော့မလို ဖြစ်ပြီး လူလည်း လန့်ဖျပ်ကာ ထခုန်မိတော့တယ်။

“အားး!!”

ထခုန်လိုက်တဲ့ ‘ဒရယ်’လေးက ဒဏ်ရာကို သွားထိမိတော့ စုစည်းထားတဲ့ သတ္တိတွေ ပျောက်ကုန်ပြီး ကုတင်ပေါ် ပြန်ပြုတ်ကျသွားတယ်။သူ့ခဗျာ နာလွန်းလို့ လေစုပ်ပြီး မျက်ရည်တွေပါ ဝဲလာတယ်။

ချွီလော့ချန်လည်း မျက်မှောင်ကြုတ်သွားတယ်။ သူ ဖေးလုကို ရင်ခွင်ထဲ ဆွဲဖက်၊ ခေါင်းလေးကို ပွတ်ပေးပြီး ကိုယ်ကို ပြန်လှန်ကာ ဒဏ်ရာကြည့်ဖို့ လုပ်တယ်။ ဖေးလု ရုန်းဖို့ကြိုးစားတော့ ဖင်ကို ဖွဖွလေး ရိုက်ပြီး သတိပေးလိုက်တယ်။

“မလှုပ်နဲ့… သွေးထွက်လား ကြည့်မလို့”

ဖေးလု အရိုက်ခံလိုက်ရတော့ မျက်နှာရော ဖင်ပါ ပူထူသွားတယ်။

ချွီလော့ချန်က ကျန်နေတဲ့ ဘောင်းဘီတိုလေးကို ဆွဲချွတ်ပြီး ဒဏ်ရာရထားတဲ့ ‘ပန်းပွင့်လေး’ ကို စစ်ဆေးကြည့်တယ်။ ပွတ်တိုက်မှုများလို့ နီရဲရောင်ရမ်းနေတာကလွဲရင် သွေးတော့ မထွက်ဘူး။

ဝယ်လာတဲ့ ဆေးကို ဂရုတစိုက် လိမ်းပေးပြီး ဘောင်းဘီ ပြန်ဝတ်ပေးကာ ကုတင်ခေါင်းရင်းမှာ မှီခိုင်းလိုက်တယ်။

ဆေးအရှိန်ကြောင့် အေးစိမ့်သွားပြီး ဖေးလု နေရတာ သက်သာသွားတယ်။ ဒါပေမယ့် ရှက်တာရော ဒေါသထွက်တာရော ပေါင်းပြီး မျက်နှာလွှဲထားလိုက်ကာ ချွီလော့ချန်ကို စကားမပြောတော့ဘူး။

ဘယ်သူမဆို ကိုယ့်သူငယ်ချင်းအရင်းခေါက်ခေါက်က ရုတ်တရက်ကြီး ကိုယ့်ကို ‘သိမ်းပိုက်’ လိုက်ရင် စိတ်ထဲ ဘယ်ချောင်မလဲ။

ချွီလော့ချန်က ဖေးလု စိတ်ကောက်နေမှန်း သိတော့ စကားအများကြီး မပြောဘူး။ ခါးနောက်မှာ ခေါင်းအုံးအပျော့လေး တစ်လုံး ခုပေးလိုက်တယ်။ ပြီးတော့ အအေးခံထားတဲ့ ဆန်ပြုတ်ကို ယူပြီး ခွံ့ကျွေးတယ်။

ဆန်ပြုတ်ပူပူလေး ပါးစပ်နား ရောက်လာပေမယ့် ဖေးလုကတော့ ပြတင်းပေါက်ဘက်ကို ခေါင်းလှည့်ကာ နှုတ်ခမ်းကို စူထားလိုက်တယ်။

မစားဘူး!

ချွီလော့ချန်က စိတ်ရှည်လက်ရှည် ဇွန်းကို ကိုင်ထားပြီး စနောက်လိုက်တယ်။

“လိမ္မာပါတယ်… ဆန်ပြုတ်လေး သောက်လိုက်နော်။ ဒါမှမဟုတ် ပါးစပ်ချင်းတေ့ပြီး ခွံ့ပေးရမလား?”

“…”

ဖေးလု ဒေါသတကြီး လှည့်ကြည့်လိုက်တယ်။

“လူယုတ်မာ! နှာဘူး!”

ချွီလော့ချန်က အခွင့်ကောင်းယူပြီး ဇွန်းကို ပါးစပ်ထဲ ထိုးထည့်ပေးလိုက်တယ်။

“ဟုတ်ပါပြီ… ဟုတ်ပါပြီ… လူယုတ်မာ၊ နှာဘူး၊ ကဲ… နောက်တစ်လုပ် စားပါဦး”

ဖေးလုက လူသတ်ချင်တဲ့ မျက်လုံးနဲ့ ကြည့်ရင်း ဆန်ပြုတ်ကို ဒေါသတကြီး မြိုချလိုက်တယ်။ တကယ်တမ်းတော့ သူ ဗိုက်ဆာနေတာ။ ဆန်ပြုတ်ပူပူလေး ဝင်သွားတော့ ဗိုက်ထဲ နွေးသွားတယ်။

တစ်ဇွန်းပြီး တစ်ဇွန်း ခွံ့ကျွေးလိုက်တာ ပန်းကန် အောက်ခြေတောင် မြင်ရသွားပြီ။ ဖေးလု ပန်းကန်အလွတ်ကို ကြည့်ပြီး ထပ်စားချင်ပေမယ့် မာနကြောင့် မတောင်းရဲဘူး။

ချွီလော့ချန်က သူ့အကြံကို သိနေတော့ ပါးလေးကို ဆွဲပြီး ရယ်တယ်။

“သည်းခံလိုက်ဦး… အခု အများကြီး စားလို့မရဘူး။ မဟုတ်ရင်… အိမ်သာသွားရင် နာလိမ့်မယ်”

Chapter 35 ended

စာရေးသူရဲ့စကား –

ချွီလော့ချန် : ဗိုက်ကားအောင် စားလိုက်ရတယ် : )

 

 

 

 

 

 

ငါ့လူနာတွေက ငါ့ကိုချစ်မိသွားကြတယ်တဲ့!

ငါ့လူနာတွေက ငါ့ကိုချစ်မိသွားကြတယ်တဲ့!

Status: Ongoing Type: Author: Released: 2017

ဇာတ်လမ်းအကျဉ်း

​ဖေးလုဆိုတာ ဖက်ဒရယ်နိုင်ငံရဲ့ နံပါတ် ၁ အဆင့်ရှိတဲ့ စိတ်ကုထုံးပညာရှင်တစ်ယောက်။

တစ်နေ့ကျတော့ ဖက်ဒရယ်အစိုးရရဲ့ ဖိတ်ကြားချက်အရ စိတ်ရောဂါခံစားနေရတဲ့ စစ်သည်တွေကို ကုသပေးဖို့ သူလက်ခံလိုက်တယ်။

ဒါပေမယ့် အခြေအနေက တစ်မျိုးကြီး ဖြစ်နေတယ်။ သူ့လူနာတွေအားလုံးက... သူ့ကို 'ချစ်' (တက်လုပ်) ချင်နေကြတာ။

​လူနာ (၁) - "မင်းက ငါ့အပိုင်ပဲ!"

လူနာ (၂) - "မင်း ထွက်သွားရဲရင် သွားစမ်း၊ ငါ မင်းကို သတ်ပစ်လိုက်မယ်!"

.....

လူနာ (N) - "ငါ သေသွားမှပဲ မင်း လွတ်မြောက်မှာပါ..."

​ဖေးလု - "..." (ဆွံ့အ)

​ဇာတ်ကောင်စရိုက်များ

​ အတည်ပေါက်ဖမ်းတတ်တဲ့ Shou × တကယ် ရောဂါရှိတဲ့ Gong

​မှတ်ချက် - Gong က တစ်ယောက်တည်းပါ။ Shou က သူ့ရဲ့ စိတ်စွမ်းအင်ကိုသုံးပြီး လူနာတွေရဲ့ စိတ်ကမ္ဘာထဲကို ဝင်ရောက်ကုသပေးရတာပါ။

​တစ်ကြောင်းတည်းနဲ့ ပြောရရင် - "ကျွန်တော်က ခင်ဗျားကို ရောဂါလာကုပေးတာလေ၊ ခင်ဗျားက ကျွန်​တော့်ကို ပြန်ပြီး တက်လုပ်ချင်နေတာလား!"

​【အထူးသတိပေးချက်】

Shou ရောက်နေတဲ့ ကမ္ဘာက အနာဂတ်ကာလဖြစ်ပါတယ်။ ဒီထဲက စိတ်ကုထုံးပညာရှင်ဆိုတာ သာမန် စိတ်ရောဂါကုဆရာဝန်မဟုတ်ပါဘူး။ လူနာကို ကုသတဲ့နေရာမှာ စိတ်စွမ်းအင်ကို သုံးပြီး ကုသတာမို့ 'စိတ်စွမ်းအားရှင်'ပုံစံမျိုးလို့ မှတ်ယူပေးပါ။ ဒါကြောင့် သာမန်ဆရာဝန်တွေနဲ့ မရောထွေးပါနဲ့နော်။

​အခြားအချက်အလက်များ

​Main Shou ပါ။ 1v1 (တစ်ယောက်တစ်ယောက်) ပါ။ Gong နဲ့ Shou ကလွဲပြီး တခြားလူမရှိပါဘူး။ Gong က စိတ်ဒဏ်ရာကြောင့် Personality တွေ ကွဲနေတာပါ။

​ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်းဖြစ်တာမို့ ယုတ္တိဗေဒLogicတွေ သိပ်လိုက်မရှာပါနဲ့၊ စာရေးသူက စားပစ်လိုက်ပါပြီတဲ့။

​ဇာတ်လိုက်များ - ဖေးလု(Shou)၊ ကျင်းမင်(Gong)

ဇာတ်ပို့များ - Gong 1, 2, 3, 4, 5,6....

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset