⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 33+34

Little Creampie:
Chapter 33

အွန်လိုင်းအသံထုတ်လွှင့်မှုက အစပြုလိုက်တာနဲ့ပဲ တဖြည်းဖြည်းနွေးလာတယ်။ မင်းသားမင်းသမီးတွေကို စခရင်မှာမတွေ့ရဘူးဆိုပေမယ့် လူတိုင်းမှာ စိတ်လှုပ်ရှားမှုနဲ့အပြည့်အဝဖြစ်ပြီး၊ မျက်နှာပြင်အပေါ်မှာတော့ အကြောင်းပြန်စာတွေ များစွာထွက်နေပြီးသား ဖြစ်လာခဲ့၏။

[အခု ပေကျင်းမှာ အရမ်းအေးတယ်၊ ကြိုးပြတ်ဝတ်စုံ ဝတ်ရမယ့် မင်းရဲ့ဇနီးလေးကို သနားမိလား။ အင်း၊ ဒါက high-end ဇိမ်ခံပစ္စည်း ကြော်ငြာတွေရဲ့ ပြဿနာပဲ~]

[သြော် ဘုရားရေ (ပဲပုပ်ချွေးထွက်နေတဲ့ပုံ) high definition ဘယ်လောက် မိုက်လဲဆိုတာကို ကြည့်ပြီး ရှယွီရဲ့ screen marketing က ငါ့ကို ဖျားနာသလို ခံစားရစေဖို့ လုံလောက်တယ်]

[မင်းရဲ့ဝမ်းနည်းမုန်းတီးမှုက စခရင်ထဲကတောင် လျှောထွက်လာပြီ၊ မင်းရဲ့အမုန်းဒေါသကလည်း ဘာအကျိုးမှမရှိဘူးဟ။အော်ရယ်လိုက်ချင်တယ်။]

[ဆူညံ‌နေတာရပ်လိုက်တော့၊ တချို့ကိုတော့ ခုချိန်အတွင်း တားထားရမယ်။ ဒါနဲ့ပတ်သက်ပြီး ပြောရရင် ဒီနှစ်ဧည့်ခံနေရာကတော့ အထက်တန်းဆန်ပြီးအရမ်းလှတယ်နော်။]”

[ဟုတ်တာပေါ့၊ ဒီနှစ်မှာ လုပ်ငန်းအဆင့်အသီးသီးကအကြီးအကဲတွေတင်လာတာမဟုတ်ဘူး… လျှို့ဝှက်ဆန်းကြယ်တဲ့ အာဏာရှိလူကြီးတစ်ယောက်ပါ လာမယ်လို့ အတွင်းသတင်းရထားတယ်!]

[မလိုဘူး၊ ငါက ယောက်ျားပီသတဲ့ လူချောလေးတွေပဲကြည့်ချင်တယ်။ ကမ္ဘာ့အချမ်းသာဆုံးသူလာတယ်ဆိုရင်တောင် ငါ စိတ်မဝင်စားဘူး။]”

[တော်တော်‌ချောတဲ့လူတစ်ယောက်ပဲဆိုတာ ငြင်းမနိုင်တော့ဘူး။ ငယ်ရွယ်‌ချောမောသလောက် ငွေကြေးပိုင်းမှာလည်း ထူးချွန်ပြီး စီးပွားရေးကဏ္ဍထဲမှာ ဒဏ္ဍာရီတစ်ယောက်ပဲလို့ ပြောကြတယ်]

[ဘာလဲ? ဒီဖော်ပြချက်က ကြားဖူးသလားလို့ပဲ။ မင်းပြောတာက… လီချန်ယွမ်က ဒီကိုရောက်လာမယ်လို့ ပြောတာလား? တကယ်လား?]

[အာ~~~ ငါလည်း အဲ့ဒါကိုကြားခဲ့တယ်နော်! ငါ့ရဲ့ male god ကို တကယ်တမ်း မျက်မြင်‌တွေ့ရတော့မှာလား!]

သူတို့စကားတစ်ခွန်းက ငြိမ်‌နေတဲ့‌ ရေမျက်နှာပြင်ကို ခဲနဲ့‌ပေါက်လိုက်သလိုပဲ လှုပ်လှုပ်ရှားရှားဖြစ်သွား‌စေသည်။ လူတိုင်းက သတင်းအမှန်ဖြစ်နိုင်ခြေကို တွေးနေပြီး၊ သူဘာလို့ ဒီညပွဲကြီးကိုတက်လာလဲဆိုတာကိုလည်း ချက်ချင်းဆွေးနွေးကုန်ကြ၏။

ပြီးတော့ လူတစ်ယောက်က ဂုဏ်ယူစွာပြောလာသည်။

“သူငယ်ငယ်ကပုံ ကိုးပုံတောင် ငါမြင်ဖူးတယ်။မစ္စတာလီ ကင်မရာရှေ့ ပေါ်လာတာနဲ့တင်၊ တစ်ချက်မြင်တာနဲ့ ချက်ချင်း ငါမှတ်မိမယ်ဆို ငါသေချာပြောရဲတယ်!”

လူအများက မျှော်လင့်နေကြပေမဲ့ လီချန်ယွမ်ကတော့ ဒီညပွဲကြီးကို သရုပ်ပြရန်အတွက်ပဲ လာခဲ့တာဖြစ်၏။ဒါပေမယ့် ဒီလောက်ပဲဖြစ်ရင်တောင် ဧည့်ကြိုတဲ့သူက “မစ္စတာ ရောက်လာတာဟာ တကယ့်ကို ဂုဏ်ယူစရာပါပဲ! ဂုဏ်ယူစရာပါပဲ!” လို့ ခဏခဏပြောနေ‌တော့သည်။

အနီရောင်‌ကောဇောပေါ်မှာ သူလမ်း‌လျှောက်လာဖို့မျှော်လင့်တာကတော့ မဖြစ်နိုင်တဲ့အိပ်မက်တစ်ခုပင်။

VIP လျှို့ဝှက်၀င်‌‌ပေါက်ကနေတဆင့် ဝင်လာတဲ့ ကျောက်ယင်းဟယ်ကတော့ ချက်ချင်းပဲ စကြူတော့သည်။အနုပညာလောကမှာလှပတဲ့အမျိုးသမီးတွေ များပြားလှတဲ့အပြင်၊ မစ္စတာကျောက် လက်ထဲကိုဝင်ချင်တဲ့ပန်းလေးတွေလည်း မနည်းလှပါ။

လီချန်ယွမ်လို သံနဲ့လုပ်ထားတဲ့ အပင်တောင်‌ ပန်း‌တွေပွင့်နိုင်တယ်ဆိုရင်၊ မိန်းမ မရှိသေးတဲ့ အချစ်မဲ့လူတစ်ယောက်ဖြစ်တဲ့သူကလည်း တစ်နေ့မှာ ရုတ်တရက်နွေဦးကိုတွေ့နိုင်မယ်မလား?

ကျောက်ယင်းဟယ်ဆိုတာ သွားရာအရပ်တိုင်း ပန်း‌ကောက်တတ်တဲ့သူဖြစ်တယ်လို့ လူသိများနေပြီဖြစ်သည်။ဒါကြောင့် တာဝန်ခံသူကလည်း အံ့ဩမှုမရှိပဲ ၊မေးခွန်းအများကြီးမထုတ်ဘဲ တက်ကြွစွာ လီချန်ယွမ် ကို ဒုတိယထပ်မှာရှိတဲ့ သူအတွက်သီးသန့်ပြုလုပ်ထားတဲ့ lounge လေးဆီ ခေါ်သွားနေခဲ့တယ်။

နောက်ပိုင်းမှာမထင်မှတ်ပဲ၊ လီချန်ယွမ်လည်း ခဏရပ်လိုက်ပြီး တာဝန်ခံသူကို သူ့အလုပ်အဆုံးသတ်လို့ရပြီဆိုပြီးညွှန်ပြလိုက်သည်။

“မစ္စတာလီ၊ဒါဆို… မစ္စတာလည်း…” လို့ တာဝန်ခံသူက မနေနိုင်စွာ သံသယနဲ့မေးလိုက်သည်။ အချစ်မရှိတဲ့သူဆိုတဲ့အမည်တွင်ခဲ့တဲ့ သတ္တိကြီးသူတောင် ပြန်ကြူတော့မှာလား?အံဩစရာပဲ။

လီချန်ယွမ်ဟာ တာဝန်ခံ ဘာတွေးနေလဲဆိုတာ ချက်ချင်းသိသွားသည်။ ပုံမှန်ဆိုရင် ဒီလိုသေးငယ်တဲ့အရာတွေကို သူသိပ်မစဉ်းစားဖူးခဲ့။ ဒါပေမယ့် သူ့ရဲ့ ရှရှင်းချီနဲ့ ဆက်ဆံရေးကို “တရားဝင်ကြေညာ” လုပ်ဖို့ စီစဉ်နေရတဲ့အချိန်မှာတော့၊ ကိုယ့်ဂုဏ်သတင်းက အရေးကြီးနေသေးတယ်လို့ တွေးမိသည်။

ဒါကြောင့် သူ အေးအေးဆေးဆေးပြောလိုက်သည်။
“ငါ ဘယ်သူမှမလိုချင်ဘူး၊ ငါ လူတစ်ယောက်ကိုရှာဖို့လိုတယ်”

အမြဲတမ်းလို ပြေးလွှားနေပြီး ဖမ်းလို့ခက်တဲ့ သူ့ရဲ့ ဖြူကောင်လေး ရှရှင်းချီကို ဖမ်းဖို့ဖြစ်သည်။ ဖမ်းမိပြီဆိုရင် စနစ်တကျ သင်ခန်းစာတစ်ခုပေးလိုက်ဦးမည်။

ဒီအချိန်မှာတော့၊ ရှရှင်းချီက သူ့ထုံးစံအတိုင်း သူခိုးလိုလိုနဲ့ပတ်လည်ကြည့်နေခဲ့သည်။ အချိန်အားဖြင့် သူမမြင်ချင်တဲ့ ဗီလိန်ကြီး ရောက်နေပြီဖြစ်နိုင်တယ်လို့ သံသယဖြစ်နေသည်။

ပို့ပြီးသား မက်ဆေ့တွေအများကြီးကို သူတစ်ခုမှစာမပြန်ခဲ့တာကြောင့် ခွင့်ပြုချက်မရပဲ သူခိုးထွက်လာတာကို သူစိတ်ဆိုးနေတုန်းဆိုတာ သေချာသည်။အခုချိန် သူနဲ့တွေ့မိရင် ဒုက္ခလှလှတွေ့သလိုဖြစ်သွားလိမ့်မည်။

ကံဆိုးမှုတွေ သူ့အပေါ်ထပ်ပြီး ကျရောက်လာတာကို ရှောင်နိုင်ဖို့ရန်အတွက် ၊လူများတဲ့နေရာတွေကို ရှရှင်းချီ လျှောက်မသွားရဲပါ။လူမရှိတဲ့ထောင့်မှာ တိတ်တိတ်လေးနေပြီး ကောဇောနီပေါ်လျှောက်ရတဲ့ ခံစားချက်ကဘယ်လိုလဲဆိုတာကို သူစမ်းသပ်နေခဲ့သည်။

ယခင်တုန်းက သူ့ရဲ့အနုပညာကို ဘယ်လိုချပြရမလဲဆိုတာ လင်းမုန့် သူ့ကို အထူးသင်ကြားပေးခဲ့ဖူးသည်။ကောဇောနီပေါ်လျှောက်ရတာက မခက်ခဲပေမဲ့ လင်းမုန့်ကတော့ သူစင်ကြောက်နေမှာကို တွေးပူနေခဲ့သေးသည်။

အဆုံးမရှိတဲ့ပရိတ်သတ်တွေ ‌ကောဇောနီဘေးနှစ်ဖက်မှာရှိနေပြီး တိုက်ရိုက်ထုတ်လွင့်ပြသ‌နေတဲ့ ကင်မရာတွေကို ရင်ဆိုင်ရမှာကိုမဆိုနှင့် ဗီဒီယိုတစ်ခုမှတ်တမ်းတင်နေတာဆိုရင်ကို အရင်ရှရှင်းချီ ကင်မရာရှေ့မှာ စကားပြောရဲမှာမဟုတ်ပါ။

ကံကောင်းစွာနဲ့ပဲ၊ ယခု ရှရှင်းချီကတော့ အမြဲတမ်းလိုလို အရေထူနေခဲ့သည်။

ဒီလိုအသေးစားအကြောင်းအရာက သူ့ရဲ့ရက်စက်တဲ့ ချစ်သူဆီကနေ ပုန်းကွယ်ထွက်ပြေးနေရတဲ့စိတ်ဖိစီးမှုနဲ့ကြောက်ရွံ့မှုကို နှိုင်းစရာပင်မရှိပေ။

လီလျန်ယွမ်သည် ပုံမှန်အားဖြင့် ရှရှင်းချီကို ဘာမှကန့်သတ်ထားခြင်းမရှိပါ။ ဥပမာ သူဘာဝတ်သင့်လဲဆိုတာတောင် ပြောခြင်းမရှိ။ငွေကြေးထောက်ပံ့သူတွေအချို့လို၊ ဒုတိယအစားထိုးလိုချင်သူတွေလို စည်းကမ်းအတင်းအကျပ်နဲ့ အုပ်ချုပ်တာမျိုးလည်းမရှိပါ။

ဒါပေမယ့် ရှရှင်းချီ ရဲ့အပြုအမူတချို့က သူ့အထင်အမြင်နဲ့ မကိုက်တော့တဲ့အခါ၊ ဒါမှမဟုတ် ထွက်ပြေးနိုင်တဲ့အလားအလာကို မြင်တာနဲ့ လီချန်ယွမ်ချက်ချင်းပဲ စိုးရိမ်‌ဒေါသဖြစ်သွားတတ်သည်။ အမြီးကိုအနင်းခံလိုက်ရတဲ့ ကြောင်ကြီးတစ်ကောင်လိုပဲ၊ ချက်ချင်း ဒေါသငွေ့တွေမှုတ်ထုတ်တတ်‌လေသည်။

ဒါက အလုပ်မဖြစ်နိုင်လောက်ဘူးလို့ ရှရှင်းချီတွေးရင်း ခေါင်းရမ်းမိသည်။ထိန်းချုပ်ချင်စိတ်ကြီးတဲ့ သူ့လိုအိမ်ထောင်ဖက်ကို ဆက်ဆံရတာက သူဘယ်လောက်ပဲကြိုးစားပါစေ တစ်ခုခုကတော့ ၀ရုန်းသုန်းကားဖြစ်စေဦးမှာပဲ။

ပြီးတော့ တစ်ချိန်လုံးဒေါသထွက်နေရတာက သူ့ကျန်းမာရေးအတွက် မကောင်းဘူးလေ။အသက်‌တောင် တိုစေဦးမယ်။

သူရဲ့အသက်တိုတို‌နေရမဲ့သူဌေးကို စိတ်မဖိစီးအောင် ချော့ပေးနိုင်တဲ့ ဘယ်လိုအစီအစဉ်မျိုးရေးဆွဲရမလဲ၊ သူ့ဘဝကြာကြာ‌‌နေနိုင်အောင် ဘယ်လိုစီမံရမလဲဆိုပြီး တွေးနေချိန်မှာ—

သူ့နောက်ကနေ ရုတ်တရက်ခြေသံကြားလိုက်ရသည်။ပြီးတော့ လက်တစ်ဖက်က သူ့အပေါ်မှာ တစ်ချက်တင်ချလိုက်တာနဲ့ ရှရှင်းချီ တကယ်ပဲတုန်လှုပ်သွားရသည်။သူရောက်လာပြီလား?ဆိုတဲ့အတွေး မြန်မြန်ဆန်ဆန် ခေါင်းထဲ‌ပေါ်လာပြီး ပြေးဖို့တောင်စဉ်းစားလိုက်သေးသည်။

အဲ့အချိန်မှာပဲ လင်းမုန့် ရဲ့အသံကို ကြားလိုက်ရသည်။

“ရှင်းချီ ဒီမှာ ဘာလို့ပုန်း‌နေတာလဲ။ မင်း နာမည်ကြီးတွေကို မသွားကြည့်ချင်ဘူးလား”

လီချန်ယွမ် မဟုတ်ဘူးဆိုတာသိတာနဲ့ ရှရှင်းချီ စိတ်သက်သာရာရကာ သက်ပြင်းရှည်ကြီး ရှုထုတ်လိုက်၏။ လီချန်ယွမ့်လက်ထဲ‌ရောက်ပြီထင်သွားခဲ့ကာ လင်းမုန့်ဖြစ်နေလို့ သူစိတ်ချမ်းသာသွားရသည်။ဒါပေမယ့် သူ့ဘဝက အမြဲတမ်း ဒုက္ခအနားမှာပဲရှိနေရသလိုမျိုး ဘယ်အချိန်မှာမှ စိတ်သက်သက်သာသာနဲ့နေလို့ရမနေခဲ့ပါ။

ရှရှင်းချီ က လျှို့လျှို့ဝှက်ဝှက်နဲ့ လင်းမုန့် ကို ခပ်တိုးတိုးပြောလိုက်သည်။
“ကျွန်တော် စပွန်ဆာပေးသူကြီးနဲ့ တွေ့မှာ‌ကြောက်တယ်… ကျွန်တော်သူ့ကိုစိတ်ဆိုးအောင်လုပ်ခဲ့တာ၊လူအများရှေ့မှာတောင် ကျွန်တော့်ကို သူသတ်လိမ့်မှာ ကြောက်တယ်။”

လင်းမုန့် ဒီလိုကြားလိုက်ရတာ‌ကြောင့် အံ့သြသွားသည်။ ဒီညအခမ်းအနားမှာ လာဖို့ခွင့်ရတဲ့သူတွေက တကယ်ကို နာမည်ကြီးတဲ့ စီးပွားရေးရှင်တွေပဲဖြစ်သည်။ နာမည်၊ဂုဏ်သိက္ခာ ရှိကြတဲ့သူတွေ။

ဒီတော့ လင်းမုန့်တွေးမိတာက အရင်က ငွေလည်းမပေး၊အဝတ်တွေပဲဝယ်‌ပေးနေတဲ့ လူအိုဟောင်းတစ်ယောက်နဲ့လို့ ထင်ထားတာမှန်ပေမယ့်… တကယ်တော့ သူက တော်တော် အာဏာရှိနေသူတစ်ယောက်လား?။

လင်းမုန့် ပွဲအတွင်းလှည့်လည်ကြည့်ပြီးတဲ့အခါ၊ ရှရှင်းချီ ဝတ်ထားတဲ့ ၀တ်စုံအတုနဲ့ တူတဲ့ မူရင်းဝတ်စုံကို ဝတ်ထားတဲ့သူ တစ်ယောက်မှ မရှိတာကို သိလိုက်ရသည်။ထို့ကြောင့် “အတုဖြစ်ပေမယ့် ထင်ရှားမလား?” ဆိုတဲ့အန္တရာယ်က မရှိတော့ပါ။

အဲ့ဒီနာမည်ကြီး brand ရဲ့ ဆောင်းဥတုဒီဇိုင်းက တကယ်ကိုရဖို့ခက်တယ်လို့ ထင်ရသည်။ဒီ‌နေ့ အဲ့ဒီ brand ကိုဝတ်ထားတဲ့သူက ရှယွီတစ်ယောက်တည်း ဖြစ်ပြီး၊ လက်ရှိမော်ဒယ်ထက် နွေဥတုဒီဇိုင်းကို သူဝတ်ထားတာဖြစ်သည်။

လင်းမုန့် အံ့သြသွားပြီး မေးလိုက်မိသည်။

“ဒါဆို မင်းရဲ့ထောက်ပံ့သူက တကယ် ဒီမှာ‌ရောက်နေပြီလား”

လီချန်ယွမ် က ဒီနေရာကိုရောက်လာရုံတင်မကပဲ ထိပ်ဆုံးရှာဖွေမှုစာရင်းပါ ၀င်နေတာကိုတွေးရင်း ရှရှင်းချီ အကူအညီမဲ့သွားရသည်။သူတို့‌ အတင်းအဖျင်း Weibo ရဲ့ အတင်းအဖျင်း မှတ်ချက်ကိုတောင် လိုက်ခ် ပေးခဲ့တာမို့ စီစဉ်သူက လီချန်ယွမ်ရဲ့ ခွင့်ပြချက်ကိုရသင့်နေသင့်ပြီးဖြစ်သည်။

[အတွင်းသတင်း: မစ္စတာလီလည်း ဒီမှာရှိနေမယ်လို့ ငါကြားခဲ့တယ်! ငါတို့သူကို တွေ့နိုင်ပါ့မလားဆိုတာ‌ကိုတော့ ငါလည်းမသိဘူး]

ဒီသတင်းထွက်လာတဲ့ အခါမှာပဲ၊ဖက်ရှင်ပါတီကြီးတစ်ခုလုံး အသက်၀င်လာခဲ့တယ်!

နာမည်ကြီး လျှို့ဝှက်တဲ့ လူချမ်းသာရဲ့ ရုတ်တရက်ထွက်ပေါ်လာမှု၊ ပြီးတော့ လီချန်ယွမ်နဲ့ ပတ်သတ်တဲ့ ရှာဖွေမှုတွေက ထိပ်ဆုံး ရှာ‌ဖွေမှုတွေဆီ တစ်ဟုန်ထိုးရောက်သွားခဲ့သည်။လူတိုင်းထင်ကြေးပေးကြတာက တိတ်တဆိတ်နေတတ်တဲ့ သူလိုလူမျိုးကို ဘာကများ ဒီပွဲကို တက်အောင်လုပ်ခဲ့တာလဲ။

လီချန်ယွမ်သည် “male god” အဖြစ် သူ့ကိုယ်သူ ဖော်ပြရန် တမင်တကာ လျှိူ့ဝှက်နေခဲ့တယ်လို့ တချို့လူတွေက သံသယရှိကြသော်လည်း၊ သူ့ပရိတ်သတ်တွေ မေးလာမှာက-

“ဒီလူက ဒီလိုအရာကို ဘာအတွက်သုံးဖို့လဲ”

တခြားသူတွေက ပိုက်ဆံရှာဖို့ ဒီလိုရေပန်းစားအောင်လုပ်ချင်ရင်တောင်၊ တစ်ခဏလောက်‌တော့ သူတို့တွေ တိတ်ဆိတ်သွားရသည်လေ။

ရှရှင်းချီ တိတ်တိတ်လေး စိတ်ပူနေတာကို ကြည့်ပြီး သူအဲ့ဒီ ရက်စက်တဲ့လူအိုကြီးကြောင့် အခုလိုဖြစ်နေတာဆိုပြီး လင်းမုန့်တွေးလိုက်မိသည်။ ဒါကြောင့် သူမ တက်ကြွစွာပဲ အားပေးလိုက်သည်။

“ရှင်းချီ၊ အစ်မတို့တွေ ဘာလို့ ကောင်ချောလေးတွေကို သွားမကြည့်ကြမှာလဲ !”

သူမက ပြောရင်းပဲ သူမရဲ့ဖုန်းကို ထုတ်ပြီး ရှာဖွေမှုအများဆုံးစာရင်းကို ထောက်ပြလိုက်သည်။တကယ့် ခေါင်းစဉ်ကိုမှ ရွေးပြီး ပြောလိုက်သည်။

“ကြည့်ဦး! လီချန်ယွမ် ဒီမှာတကယ်ရှိတာပဲ! အကြိမ်အနည်းငယ်လောက်ပတ်ကြည့်ရင် သူနဲ့တိုးနိုင်မလားကြည့်ရအောင်!”

ရှရှင်းချီ တကယ် အံ့ဩစိတ်ပူသွားသည်။ သူနဲ့ မမျှော်လင့်ပဲ ဆုံတာက ကျားပါးစပ်ထဲ ပြေး၀င်တဲ့ သိုးနဲ့တူနေလိမ့်မည်။သူခေါင်းကို ဒရမ်ဆိုရင် အသံမြည်‌လောက်တဲ့အထိ ချက်ချင်းခါရမ်းမိလိမ့်မည်။

ဒါပေမဲ့ စိတ်အားထက်သန်နေတဲ့ လင်းမုန့်ကို ကြည့်ပြီး သူမကလည်း လီချန်ယွမ်ရဲ့ ပုရိတ်သတ် တစ်ယောက်ဆိုတာ သူသိလာခဲ့သည်။ ပြီးတော့ အခု နွားကိုးကောင်တောင် လင်းမုန့် “နတ်ဘုရား”ကို တွေ့ချင်တဲ့ စိတ်အားထက်သန်မှုကို တားနိုင်မှာမဟုတ်ပေ။

သို့သော်ငြား၊ လင်းမုန့် သူ့ကို မှတ်မိမှာမဟုတ်ပေ။ ပြီးတော့လည်း သူမဟာ လီချန်ယွမ်ကို ထိုညမှာပဲ မြင်ဖူးခဲ့တာ။

အမှန်တရားကတော့ မကြာခင်ပဲ ဖြစ်ဖြစ် နောက်မှပဲဖြစ်ဖြစ် ပေါ်ထွက်လာမည်ဖြစ်သည်။ပြီးတော့ ရှရှင်းချီ သံသယဖြစ်သည်က အဲ့တာသာ ပေါ်ထွက်လာခဲ့ရင်၊ အေးဂျင့်လင်းရဲ့ သွားတွေကြားမှာ သူပိတ်မိနေနိုင်သည်။
ဒီလိုစဉ်းစားကြည့်တော့ သူ အချိန်တစ်ခုရှာပြီး ဝန်ခံပြီး ခွင့်လွှတ်ဖို့ တောင်းပန်တာက အကောင်းဆုံးပဲ။

ဒါပေမဲ့ အခုကတော့ လုံး၀ အချိန်မှန်ဟုတ်မနေဘူး၊ သူ အကြောင်းပြချက်တစ်ခုကို မြန်မြန်ရှာမှဖြစ်မယ်။

“ကျွန်တော် သန့်စင်ခန်းသွားမလို့!အစ်မ မုန့်မုန့်၊ အစ်မပဲ အရင်သွားနှင့်လိုက်ပါ!”

Chapter 33 end

Chapter 34

မိနစ်တွေဟာ ညခုနစ်နာရီ မရောက်ခင်အထိ တဖြည်းဖြည်း ရွေ့လျားနေခဲ့သည်။ထို့နောက် အခမ်းအနားက ကြိုတင်ပြီး ပွက်ပွက်ဆူလာခဲ့သည်။

[အဲ့တာစတင်ပြီ!အဘွား၊ ဒီအဘွား‌စောင့်နေခဲ့တဲ့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုက နောက်ဆုံးတော့ ရောက်လာခဲ့ပြီ!]

[အံ့ဩစရာပဲ! မစ္စတာလီ ပါတယ်ဆိုတာ အမှန်ပဲလား။ငါတို့ နတ်ဘုရားကို တွေ့ရတော့မှာလား]

[တကယ် တကယ်!ညီအမတို့၊ Weiboရဲ့ အများဆုံးရှာဖွေမှုကို သွားကြည့်လိုက်၊ တကယ့် ချန်နယ်လ်ကတောင် “အတွင်းသတင်း”တွေကို လိုက်ခ် လုပ်ခဲ့တာ။ အံ့အားသင့်စရာကြီးးး]

[အဲ့တာကို ထပ်ကြည့်လိုက်ဦး၊ လီချန်ယွမ်က ထိပ်ဆုံးရှာဖွေမှုထဲမှာဆိုတာ ငါမှတ်မိပါတယ် (ဖရဲသီးစားနေခြင်း) အဲ့တာက ဘယ်ပျောက်သွားတာလဲ!]

[သစ္စာရှိတဲ့ ပရိတ်သတ် တစ်ယောက် အနေနဲ့၊ ငါပြောနိုင်တာ တစ်ခုက၊ အဲ့တာကို ‌နေသားကျအောင်လုပ်ဖို့ပဲ။ တို့တွေရဲ့ယောင်္ကျားရဲ့ ပိုက်ဆံရှာနိုင်တဲ့ အစွမ်းအစက ရေပန်းစားနေတဲ့ ရှာမှုတွေကိုတောင် လိုသလို ဖယ်ရှားနိုင်တယ်လေ]

တရစပ် မေးခွန်းတွေနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို နားနေခန်းထဲ‌‌ထိုင်ကာ ရှရှင်းချီ ကြည့်နေခဲ့သည်။သူက တကယ့်ကြီးမြတ်တဲ့ဗီလိန်ကြီးလို့လဲ တွေးနေခဲ့သည်။ဒါပေမဲ့ စာအုပ်ရဲ့အပြင်မှာရော အထဲမှာပါ သူ့ရဲ့ပုရိတ်သတ်တွေ အများကြီးရှိနေခဲ့သည်။

ပထမတော့ သူ စိတ်ဝင်စားစွာ အင်တာနက်စာမျက်နှာမှာ လျှောက်ဖတ်နေတာပဲ။ ဒါပေမယ့် “ခင်ပွန်း” ဆိုတဲ့စကားလုံးကို မျက်လုံးကျော်မိတဲ့အခါမှာတော့၊ သူရပ်တန့်သွားခဲ့ရသည်။

သူ့မျက်လုံးက အဲဒီစကားလုံးပေါ်မှာ တလဲလဲကြည့်နေခဲ့မိပြီး တချိန်ကြာပြီးနောက်မှာတော့၊ ‌စိတ်မသက်သာသလို ခံစားလာရသည်။

“သူက ငါ့မိသားစုနဲ့ဆိုင်တဲ့လူပါ။ မလိုလားအပ်တဲ့ အသုံးနှုန်းတွေ မခေါ်ပါနဲ့လား”

ထိုသို့ စဉ်းစားပြီးတဲ့နောက်မှာတော့ ဖော်မပြနိုင်တဲ့ ချဉ်ခြင်းကို အရမ်းနှမြောတတ်တာကြောင့်လို့ နောက်ဆုံးမှာ သူ သတ်မှတ်လိုက်သည်။ ဘယ်သူတွေ ဘယ်လိုပဲခေါ်ခေါ် လီချန်ယွမ်က သူ့ရဲ့ အချိုပွဲတွေကိုပဲ စားမှာဖြစ်ပြီး သူ့ကိုပဲ ကြီးမားတဲ့ လစာပေးမှာဖြစ်တယ်လို့လည်း ကိုယ့်ကိုယ်ကို နှစ်သိမ့်လိုက်သည်။

သို့သော်လည်း လူတွေက သူ့ကို ထိုသို့ ဆက်လက်ခေါ်ဆို‌နေကြပြီး အရမ်း အချစ်ခံနေရတာကြောင့် ရှရှင်းချီမှာ သူ့ရဲ့ ငွေသစ်ပင်ကြီး အလုခံလိုက်ရသလို ထင်ယောင်‌ထင်မှားပင် ဖြစ်လာရ၏။သက်သောင့်သက်သာမရှိသလိုပါ ပိုခံစားလာရ၏။

ရှရှင်းချီ ခေါင်းစောင်းကာ တစ်စိမ့်စိမ့်ထိုင်တွေးနေပြီး မိနစ်အနည်းငယ် အကြာမှာတော့ “ချီရှောင်းရှ” အမည်နဲ့ Weibo အကောင့်က စာရင်းသွင်းခဲ့ပြီးပြီ။

ဒီ “ပုရိတ်‌သတ်လေး”က မြန်ဆန်စွာပဲ လီချန်ယွမ်ရဲ့အထူး Chat ကို ၀င်ရောက်ခဲ့သည်။ပြီး‌‌တော့ သူ့ Weibo ရဲ့ ပထမဆုံးပိုစ့်က အကောင်းမြင်တဲ့ အသံအနေအထားပင်။

[ ချီရှောင်းရှ: မင်းတို့ကို ငါမိတ်ဆက်ပေးပါရစေ၊ ဒါက ငါ့ရဲ့ ခင်ပွန်းလောင်း၊ငါ့လူပဲ! @လီချန်ယွမ်]

ဒီပိုစ့်ဟာ ဖန်တစ်ချို့ကို ‌ရယ်မောစေပြီး လိုက်စ် လုပ်နေနိုင်ခဲ့သည်။ သူဟာ ဖန် အသစ်ဆိုတာကို မြင်ပြီး သူ့ကို စနောက်နေခဲ့ကြသည်။

ဒါပေမဲ့ ခဏအကြာမှာတော့ တစ်ခုခုမှားနေပြီဆိုတာ သူတို့ သဘောပေါက်သွားခဲ့သည်။

@အကောင့်ဟာ တကယ်ရှိနေခဲ့ပြီး အကောင့်အစစ်ဖြစ်ကြောင်းထင်ရှားတဲ့ အမှန်ခြစ်လေးကလည်း ရှိနေခဲ့သည်။ဒါတကယ်ပဲ လီချန်ယွမ် အစစ်ကြီးလား။

ဘုရားရေ၊ ဥက္ကဌလီ က တကယ်ပဲ Weibo အကောင့်ကို ဖွင့်ခဲ့တာလား။ ဘယ်တုန်းက ဖြစ်သွားခဲ့ပါလိမ့်။

ဘယ်အရာက ဒီလို လက်လှမ်းမမှီတဲ့လူကို ပြောင်းလဲစေခဲ့တာလဲ!

ရှရှင်းချီသည် အုံကြွလာတဲ့ လှိုင်းတွေကို သတိမထားမိခဲ့ပါ။သူ့ သက်ဆိုင်သူဖြစ်ကြောင်း ကြေညာချက်ထုတ်အပြီးမှာတော့ အရမ်းပျော်ရွှင်‌နေခဲ့သည်။ထို့နောက် တခြားအနုပညာရှင်တွေ ကောဇောနီပေါ်လျှောက်နေတဲ့ တိုက်ရိုက်တင်ဆက်မှုကို သူ့ဖုန်းကနေ ကြည့်နေခဲ့သည်။

နားနေခန်းထဲ လူတွေ တဖြည်းဖြည်း နည်းလာတာကို မြင်တော့လည်း၊ တန်းစီတဲ့ အစဉ်လိုက်နေရာနဲ့ ဂုဏ်သရေရှိ အဆင့်အတန်း (coffee position) ကြားက ဆက်စပ်မှုကို သူ မသိနားမလည်ခဲ့ဘူး။ ဒါကြောင့်လည်း နောက်ဘက်က လူတွေက အရေးမပါတဲ့အတွက် ရှုပ်ရှုပ်ရှက်ရှက် ရှိနေတာပဲလို့ ထင်လိုက်မိသည်။

ပြီးတော့လည်း၊အကယ်၍ မင်းသာ ခန်းမထဲအရင်၀င်လာခဲ့ရင်၊ အလကားစားရမဲ့ ဘူ‌ဖေးကို သွားစားနိုင်မှာလေ။ဒါဆိုရင် ဘေးပတ်ချာလည် လေ၀င်လေထွက်ကောင်းလွန်ပြီး အပူပေးစက်တွေ ပျက်နေတဲ့ နားနေခန်းထဲမှာ မင်းအေးခဲနေမှာမဟုတ်တော့ဘူးလေ။

ဒါပေမဲ့ သူ ခေါင်းလှည့်လိုက်တဲ့ အခါမှာတော့၊ လူကြိုက်များတဲ့ “အသိအကျွမ်း”က သူ့ကိုစောင့်နေတာကို မြင်လိုက်ရ၏။

ရှယွီဟာ သူ့ကို ခဏခဏ ပြန်ပြင်ဖို့ စတိုင်လစ်တွေနဲ့ မိတ်ကပ်ဆရာတွေနဲ့ ဝိုင်းရံထားပြီး မီးရောင်အောင်မှာ ပြီးပြည့်စုံတဲ့ပုံစံရအောင် ကြိုးစားနေခဲ့သည်။

သူတို့နှစ်‌‌ယောက် နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့ခြင်းက စေ့စပ်ဧည့်ခံပွဲမှာ။လူကြားထဲ ရှယွီကို သူကန်ထုတ်ခဲ့တဲ့ နေရာဖြစ်ပြီး
သူ့ရဲ့ လက်ဖက်စိမ်းပွဲကို အတင်းအကျပ် နှောင်ယှက်ခဲ့တဲ့အချိန်ဖြစ်သည်။ဒီအတောအတွင်းမှာ သူက ရှမိသားစုရဲ့ စျေးပေါတဲ့ သားအဖကိုလည်း အဆက်အသွယ်ဖြတ်ထားခဲ့သည်။ တစ်နေကုန် လာပြီး ဒုက္ခမပေးနိုင်အောင်လို့ပေါ့။

ကောက်ကျစ်တဲ့ဇာတ်လိုက်ရဲ့ လက်စားချေတတ်တဲ့ သဘာဝအရ အခုချိန်မှာ သူက ဖော်ရွေဟန်ဆောင်လို့တောင် မရနိုင်တော့ဘူး။

နှစ်ယောက်က ခဏ မျက်လုံးချင်းဆိုင်ကြရာမှာ၊ ရှယွီက မျက်လုံးအကြည့်လွှဲသွားပြီး မာန်၀င့်မှု အနည်းငယ်နဲ့အတူ ရွံရှာတဲ့ပုံမျိုးဖြစ်‌နေခဲ့ပြီး သူ့ကို မမြင်တဲ့ပုံမျိုး ဖမ်းနေခဲ့သည်။ဒါမှသာ ရှရှင်းချီ သူ့နာမည်‌ကျော်ကြားမှုအပေါ် တက်မလာအောင် ခါချနိုင်မှာဖြစ်သည်။

ရှရှင်းချီရဲ့ နှုတ်ခမ်းတွေ ကွေးညွတ်သွားသည်။ ဒီလို ကံဆိုးစေတဲ့ ‘လက်ဖက်စိမ်းဝိဉာဥ်’ မျိုးကို မြင်တာနဲ့ ခွေးတောင် ခေါင်းခါသွားလောက်သည်။ ဘယ်သူက ဂရုစိုက်လို့လဲ။

သူ့မှာ ခွဲပေးလို့ရတဲ့ အချိန်ရှိရင်တောင် သူ့ကြောင်ကြီးရဲ့ အမွှေးတွေကို ချောနေအောင် ပွတ်သပ်ရာမှာ သုံးလိုက်မည်။သူ ခန်းမကို ၀င်လာကတည်းက သူ့ကို ရှောင်နိုင်မည်မဟုတ်တာကြောင့် အခုတော့ သူ့ကို အပျော့ဆွဲဆွဲရတော့မည်။

မက်ဆေ့ခ်ျ အသံမြည်လာတဲ့အချိန် လီချန်ယွမ်သည် ဧည့်ခန်းထဲမှာ ထိုင်နေခဲ့သည်။ သူ့ရှေ့က ကြီးမားတဲ့ စခရင်ကလည်း နားနေခန်းရဲ့ ခြေရာမှတ်တမ်းကို ပြနေခဲ့သည်။

ရှရှင်းချီ ဖုန်းကောက်ကိုင်ကာ ကောက်ကျစ်စွာပြုံးရင်း သူ့ဆီ စာပို့နေတာကို သူထိုင်ကြည့်နေခဲ့သည်။

[ဟန်နီ~ အခုပျော်နေရဲ့လား။အစာအိမ်နာလာလို့ စိတ်တိုနေရင် ကျွန်တော် စိတ်မကောင်းဖြစ်နေမှာနော်။လူတိုင်းက ကိုယ့်ကျန်းမာရေးအတွက် ကိုယ့်မှာတာ၀န်ရှိတယ်လေ!]

[ကိုကို~ ခင်ဗျားက ကျွန်တော်နဲ့မတူပဲ ပုရိတ်သတ်တွေအများကြီးရှိတယ်နော်၊ ကျွန်တော်ကတော့ ကောဇောနီရဲ့ နောက်ဆုံးမှ လမ်းလျှောက်ဖို့ အလွှင့်ပစ်ခံရလောက်တယ်]

[အာ ဗိုက်ဆာတယ် ဗိုက်ဆာတယ်။ကျွန်တော် အခု နွားတစ်ကောင်လုံး‌တောင် စားနိုင်လောက်တယ်။အရသာရှိတာလေးတွေ အထဲမှာတွေ့မိလား]

[ဘာလို့ အခုထိ ကျွန်တော့်အလှည့်မရောက်သေးတာလဲ]

တကယ်တော့ ပွဲစီစဉ်သူက ထိပ်တန်းဧည့်သည်ကို အဆုံးမှာပဲဖိတ်ခေါ်တာဟာ ရိုးရာတစ်ခုလိုဖြစ်နေတာပါ။ ထိုကြောင့်ပဲ ရှချင်းချီကို လူသိများတဲ့ အိုင်ဒေါလ်ဖြစ်သူ ရှယွီထက်
နောက်ဆုံးမှာဖော်ပြဖို့ စီစဉ်ထားတာဖြစ်သည်။

ပုံမှန်အနုပညာရှင်တွေက ကိုယ့်ပုံရိပ်ကိုဂရုစိုက်ရတာနဲ့ အဝတ်အစားပေမှာကိုကြောက်ကြတာကြောင့်၊ အခမဲ့ ဘူဖေးကို စိတ်ဝင်စားကြတာ မရှိကြပါ။

ရှချင်းချီကတော့ ဒီအရာတွေကို မသိသေးတဲ့သူ၊ အသစ်တစ်ယောက်ဖြစ်တာကြောင့် အစားအသောက်အအပါ် စိတ်လှုပ်ရှားနေတာဖြစ်သည်။

ဒါပေမယ့် ရှယွီကတော့ အရာအားလုံးကို သဘောပေါက်နေပြီး လုပ်ငန်းအတွင်းစည်းမျဉ်းနဲ့သဘောထားများကို သိလျှက်နဲ့ အလှည့်ဇယားကိုကြည့်တဲ့အခါ စိတ်ဆိုးသွားခဲ့သည်။

သူတို့နှစ်ယောက်လုံးက အမည်တူအမှတ်တံဆိပ်ထဲက အဝတ်တွေဝတ်ထားကြပေမယ့် ရှယွီဟာ အရင်နှစ်က ထွက်တဲ့ နွေရာသီအရင်က design ဝတ်ထားပြီး ရှရှင်းချီကတော့ နောက်ဆုံးထွက်ထားတဲ့ ဆောင်းဦးအထည်အသစ်ဝတ်ထားတဲ့အတွက် သူ့ကိုစိတ်မသန့်အောင် လုပ်ထားတာဖြစ်မယ်လို့ ခံစားလာခဲ့ရ၏။။

သူသိချင်တာက ဘာစိတ်ကူးနဲ့ လီချန်ယွမ်က သူ့အတွက် ဒီဝတ်စုံကို ငွေကုန်ကျခံပြီး ဝယ်ပေးထားတာလဲဆိုတာပဲ။

ရှရှင်းချီ မရှိဘူးဆိုရင်၊ ရှ မိသားစုရဲ့ အရာအားလုံးကို တစ်ဦးတည်း‌သော သားဖြစ်တဲ့ သူပဲပိုင်ရမှာ။ ဒါဆိုရင်အစဉ်အလာအတိုင်း အဲဒီလက်ထပ်ပွဲကလည်း သူ့အပိုင်ပဲဖြစ်မှာပဲလေ။

ရှယွီဟာ သူနဲ့ပတ်သက်နေတဲ့ အရာအားလုံးကို ကိုယ့်အပိုင်လို့ ခံစားမှသာ အေးချမ်းမှု အနည်းငယ် ရနိုင်လိမ့်မည်။

နားနေခန်းမှာ အအေးတပြင်းပြင်းဖြစ်နေပြီး၊ အဲဒီနေရာကအပူပေးစက်ကို ပြုပြင်ဖို့လည်း အချိန်မလုံလောက်တော့ပေ။

ရှရှင်းချီဟာ ဂျာကင်တောင်မဝတ်ထားတာကြောင့် သူက ခန္ဓာကိုယ်တုန်ရင်စွာ ထိုင်နေရင်း သေအောင်အေးနေခဲ့ရသည်။ လက်ချောင်းတွေတောင် တုန်ယင်နေတာကြောင့် ဖုန်းကို ချပြီး လေပူ‌‌ငွေ့တွေ လက်ထဲမှုတ်နေခဲ့သည်။

အချိန်အတော်ကြာမှ လက်ချောင်းတွေ ပြန်‌နွေးလာသည်။
အဲဒီအချိန်မှာတော့ သူက လီချန်ယွမ်ကို ဆက်ပြီး သတင်းပေးဖို့ပြင်နေချိန်မှာပဲ၊ တစ်နေ့လုံး စကားတစ်လုံးတောင် မပြောဘဲ တစ်နေ့လုံး သူ့ကို လစ်လျှုရှုနေတဲ့ လူဆီကနေ မက်ဆေ့ခ်ျတစ်ခုရောက်လာသည်။

“အေးနေတာလား”

ရှရှင်းချီက ချက်ချင်း “အေးတယ် အေးတယ် အေးတယ်!” ဆိုပြီး ရိုက်လိုက်သည်။

ဒါပေမယ့် မပို့ခင်မှာတောင် တစ်ခုခုစိတ်ထဲထင့်လာသည်။ အရင်chatမှတ်တမ်းကို ပြန်ကြည့်တော့လည်း ဒီနေရာအေးတယ်ဆိုတာကို ဘယ်အချိန်မှာမှ လီချန်ယွမ်ကို သူ မပြောဖူးပါ။ ဒါဆိုရင်… သူဘယ်လိုသိတာလဲ။

ရှရှင်းချီက ဒါကိုသိတော့ အံ့အားသင့်သွားပြီး ခေါင်းလှည့်ကြည့်ရင်း တွေးမိတယ် – “လီချန်ယွမ်က ငါ့ကို တစ်နေရာရာက ကြည့်နေတာလား?”

တစ်ချက်လှမ်းကြည့်လိုက်တော့…
အနုပညာရှင်တွေနဲ့နာမည်ကြီးသူတွေသာ နားနေခန်းထဲမှာရှိတာကိုတွေ့လိုက်သည်။

အဆုံးသတ်မှာဖျော်ဖြေဖို့က သေချာပေါက်နာမည်ကြီးသူတွေဖြစ်ပြီး…အားလုံးက စတိုင်လစ်တွေဝိုင်းနေပြီး နောက်ဆုံးဖျော်ဖြေမှုအတွက်ပြင်ဆင်နေကြသည်။ ဒါပေမယ့် ရှရှင်းချီကတော့ အေဂျင်စီကမကြိုဆိုတဲ့အတွက်…တစ်ယောက်တည်း အထီးကျန်စွာထိုင်နေရသည်။

ကံကောင်းတာက သူ့မူလမျက်နှာမှာကြည့်ကောင်းနေကာ…မိတ်ကပ်ထပ်မလိုဘဲ သဘာဝအတိုင်းလှနေဆဲပဲဖြစ်သည်။

ခေါင်းလှည့်ကြည့်လိုက်ပေမယ့်…လူအုပ်ထဲမှာ လီချန်ယွမ်ကိုမတွေ့ရပေ။

ရှရှင်းချီက ခေါင်းငဲ့ပြီးတွေးနေတယ် – “သူကဒီအတိုင်း သာမန်ပဲမေးလိုက်တာလား? စီးပွါးရေးစျေးကွက်တွေမှာ နတ်ဘုရားလိုခန့်မှန်းနိုင်တဲ့သူက ဒီလိုအရာတွေမှာလည်းခန့်မှန်းတာ ကျွမ်းကျင်တယ်လား?”

ခဏတွေးပြီးတော့ သူက ခေါင်းငုံ့ကာ ပြန်ဖြေလိုက်တယ် –
[မအေးပါဘူး ပူတောင်ပူနေသလိုပဲ (ခွေးနဲ့နှင်းဆီ.jpg)]

လီချန်ယွမ် ဒီမက်ဆေ့ချ်ကိုလက်ခံရတဲ့အချိန်မှာ…သူက အင်္ကျီထူကြီးယူပြီး အပြင်ထွက်ဖို့အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

နားနေခန်းထဲက ဖန်သားပြင်မှာ ရှရှင်းချီရဲ့အေးလို့နီနေတဲ့နားရွက်တွေကိုမြင်ရင်း… ”မအေးဘူး”လို့ ဇွတ်ပြောနေတာကို ကြားလိုက်တဲ့အခါ မနေနိုင်ဘဲ ရယ်မိသွားသည်။

Chapter 34 end

နာမကျန်းဗီလိန်ကြီးနှင့်စည်းစိမ်ရှာသူတို့၏ အိမ်ထောင်ရေး

နာမကျန်းဗီလိန်ကြီးနှင့်စည်းစိမ်ရှာသူတို့၏ အိမ်ထောင်ရေး

Status: Ongoing Type: Author: Released: 2022

Name-နာမကျန်းဗီလိန်ကြီးနဲ့စည်းစိမ်ရှာသူတို့၏အိမ်ထောင်ရေး

Description

ရှရှင်းချီဟာ အရမ်းဆင်းရဲခဲ့တယ်။ သူသေသွားပြီး စာအုပ်ထဲကို ပြန်ဝင်စားလိုက်တော့ ချမ်းသာတဲ့မိသားစုက ပြန်ခေါ်ထားတဲ့ သခင်လေးဖြစ်သွားပြီး ချက်ချင်းကြီး ချမ်းသာသွားတာပေါ့။

ဒါပေမဲ့ စာအုပ်ထဲက သ​ေဘာတရားတွေက လွဲနေတော့ သူက အ​မြောက်စာ​ဇာတ်ကောင်သာဖြစ်ပြီး ဇာတ်လမ်းကို ခိုးယူသွားတဲ့ သခင်လေးအတုက ဇာတ်လိုက်ဖြစ်နေတယ်လေ။

မိဘနှစ်ပါးစလုံးရဲ့အချစ်ကို မရတဲ့ ရှရှင်းချီဟာ နာမကျန်းတဲ့ ဗီလိန်သူဌေးကြီး လီချန်ယွမ်နဲ့ အတင်းအိမ်ထောင်ချပေးခံလိုက်ရတယ်။ ဒီအိမ်ထောင်ရေးကနေ ထွက်ပြေးရင် သူသေမှာ။ စေ့စပ်ပွဲမှာ သခင်လေးအတုက ထောင်ချောက်ဆင်ပြီး သူ့ကို ထွက်ပြေးအောင်၊ ပြဿနာရှာအောင် လုပ်ပေမဲ့ သူကတော့ ချက်ချင်းပဲ မျက်လုံးတွေတောက်ပသွားပြီး “လောင်ကုန်း!” ဆိုပြီး အပြေးသွားလိုက်တယ်။

မသေမျိုး အမတလို ပုံစံ၊ ပခုံးကျယ်ကျယ် ခြေတံရှည်ရှည်နဲ့ ပြီးပြည့်စုံတဲ့ ကိုယ်လုံးကိုယ်ပေါက်... စည်းစိမ်ရှာသူလေးကတော့ အဲဒါတွေကို စိတ်မဝင်စားဘူး။ သူ့မျက်လုံးထဲမှာ သူ့ရဲ့စေ့စပ်ထားသူ လီချန်ယွမ်ကြီးက တလက်လက် တောက်ပနေတဲ့ လူပုံစံ ငွေထုတ်စက်ကြီးပဲ!

ရှရှင်းချီက လီချန်ယွမ်ရဲ့ပေါင်ပေါ်ကို ရဲရဲတင်းတင်းထိုင်ပြီး သူ့လက်ကို ချစ်ချစ်ခင်ခင်ကိုင်ထားလိုက်တယ်: “မစ္စတာလီ၊ မြင်မြင်ချင်း အချစ်ဆိုတာ ယုံကြည်လား?”

—သူကတော့ ငွေခေါ်သံကြားတာနဲ့ ယုံကြည်တယ်။

လူတိုင်း အံ့အားသင့်သွားပြီး ရှရှင်းချီဟာ တကယ်ကို အရူးပဲလို့ ထင်ကြတယ်။ ဗီလိန်သူဌေးကြီးက သူ့ကို ချက်ချင်းပဲ ကြမ်းပြင်ပေါ် ပစ်ချမှာပဲလို့ ထင်ကြတယ်။ မထင်မှတ်ပဲ လီချန်ယွမ်က တိတ်တဆိတ် အကြည့်ကိုအောက်ချလိုက်ပြီး ခဏကြာတော့ ပြုံးလိုက်တယ်: “ယုံကြည်တယ်”

လူအများရှေ့မှာပဲ သူက ရှရှင်းချီကို ပွေ့ချီပြီး အိမ်ကို ခေါ်သွားလိုက်တယ်။

ရှရှင်းချီလေး လန့်သွားတယ်: ခဏလေး! ကျွန်တော့်ကို လွှတ်ပေး! ဇာတ်လမ်းက မှားနေပြီဗျ!

ဇာတ်လမ်းလမ်းကြောင်းလွဲဖယ်သွားတော့ စည်းစိမ်ရှာသူလေးဟာ ဖျော်ဖြေရေးလောကထဲမှာ ငွေရှာပြီး ချမ်းသာအောင်လုပ်ရတော့တယ် — လီချန်ယွမ်ကို နောက်ဆုံးအချိန်ထိ ချစ်ခင်ယုယစွာ ပြုစုပေးရင်းပေါ့ —

မူရင်းစာအုပ်ရဲ့ဇာတ်လမ်းအရ ဗီလိန်ကြီးက မကြာခင်သေတော့မှာ။

လီချန်ယွမ်ရဲ့ မျက်နှာက ဖြူဖျော့နေပြီး အားနည်းတဲ့ အသံနဲ့ တိုးတိုးလေးမေးတယ်: “ငါပြောတာအားလုံးကို မင်းသဘောတူမှာလား?”

ရှရှင်းချီက မကြာခင် သူ့လက်ထဲရောက်လာတော့မယ့် 100 ဘီလီယံရှိတဲ့အမွေတွေကို တွေးပြီး ဝမ်းသာအားရ မျက်ရည်တွေနဲ့ ခေါင်းညိတ်လိုက်တယ်: “ပြောပါ၊ ကျွန်တော် သေချာပေါက် ကတိပေးမယ်”

သူအံ့အားသင့်သွားတာက သေတော့မယ့်လူက ချက်ချင်းထလာတယ်လေ: “မင်းစကားကို မင်းမှတ်ထား”

နောက်နေ့ အိပ်ရာကနေ မထနိုင်တဲ့ ရှရှင်းချီ: “ကျွတ်! နာမကျန်းဖြစ်လို့ သေတော့မယ့်လူက ဒီလိုမျိုးလုပ်နိုင်တယ်ပေါ့လေ!”

လီချန်ယွမ်: သူက ငါသေတော့မယ်လို့ အမြဲထင်နေတာ ဘာကြောင့်လဲတော့ မသိဘူး၊အဲ့တော့ ငါ ကျန်းမာတယ်ဆိုတာ သူ့ကို တခြားနည်းနဲ့ ပြရမယ်။

>>>>>>

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset