⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 35

Little Creampie:
Chapter 35

ရှရှင်းချီ ဖုန်းကိုချလိူက်ပြီးနောက် ပတ်ဝန်းကျင်လှည့်ကြည့်လိုက်စဉ် ရှေ့မှာရှိတဲ့မှန်ထဲမှာ ရှယွီက သူ့ကိုကြည့်နေတာကိုတွေ့လိုက်ရသည်။ ဘယ်ကတည်းက ကြည့်နေခဲ့မှန်းမသိပေ။

နှစ်ယောက်သား မျက်လုံးချင်းဆုံမိတဲ့အချိန်မှာ ရှယွီက မျက်လုံးမဖယ်ဘဲ ကောက်ကျစ်တဲ့အပြုံးနဲ့ကြည့်နေခဲ့တယ်။

မတော်တဆ သစ္စာဖောက်တစ်ယောက်ကဲ့သို့ စိုက်ကြည့်မှုကိုတွေ့ရတဲ့အခါ လူတိုင်းလန့်ဖြတ်သွားမှာအသေအချာပင်။

ရှရှင်းချီ တစ်ခဏတာတွေဝေသွားပြီး နဖူးကျုံ့လိုက်တယ်။ သူ့စိတ်ထဲမှာ မကောင်းတဲ့ခံစားချက်မျိုး ဝင်လာတယ်။ ရှယွီက ဒီမှာတစ်ခုခုဖျက်လိုဖျက်ဆီးလုပ်ဖို့ကြိုးစားနေတာလား?

ဒီအသိစိတ်ဖြတ်သန်းသွားတဲ့အခိုက်အတန့်မှာပဲ နားနေခန်းတံခါးမှာ ရုတ်တရက်ပွင့်သွားပြီး လေအေးတွေ တိုက်ခတ်လာသည်။

ပုံမှန်အလုပ်သမားတံဆိပ်အစား သတ္တုနာမည်တံဆိပ်တပ်ထားတဲ့ လူလတ်ပိုင်းအမျိုးသားတစ်ယောက်ဝင်လာသည်။ ထိုသူမှာ အစီအစဉ်တာဝန်ခံဖြစ်ပုံရပြီး နောက်မှာ လုံခြုံရေးနှစ်ယောက်လည်းပါလေသည်။

နားနေခန်းတာဝန်ရှိသူက အနုပညာရှင်တွေရဲ့အချိန်ဇယားညှိဖို့ ရေဒီယိုကိုင်ပြီးစီစဉ်နေတုန်း ထိုသူ့ကိုမြင်တော့ “မန်နေဂျာကျန်း” လို့နှုတ်ဆက်လိုက်သည်။

ထိုမန်နေဂျာကျန်းမှာ မာနကြီးဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ဒီအချိန်မှာ ရှရှင်းချီက ဘယ်သူ့ကိုမှဂရုမစိုက်တော့ဘဲ…တံခါးကိုဘယ်သူပိတ်မလဲဆိုတာကိုပဲ သိချင်နေတယ်။

နားနေခန်းထဲက အပူပေးစက်မှာ ရုတ်တရက် ပျက်သွားပြီ၊ ဒီလောက်အေးလာမယ်လို့ ဘယ်သူမှ ထင်မထားကြပေ… နာမည်ကြီးအနုပညာရှင်တွေကတော့ သူတို့လက်ထောက်တွေမှာ အင်္ကျီထူထူတွေ အမြန်ယူလာပေးတော့ နွေးနွေးထွေးထွေး နေနိုင်ကြသည်။ ဒါပေမဲ့ သူကတော့ ချမ်းလွန်းလွန်းလို့ တဆတ်ဆတ်တုန်နေလေသည်။

တံခါးကို ဒီအတိုင်းဖွင့်ထားရင် သူဟာ အအေးဒဏ်ကြောင့် သေဆုံးသွားမယ့် ပထမဆုံးလူ ဖြစ်မှာသေချာတယ်။

ဒါပေမဲ့ အဲဒီလူက ဟိုဟိုဒီဒီလျှောက်ကြည့်နေပြီး၊ ထွက်သွားဖို့ စိတ်ကူးရှိပုံမပေါ်ဘူး။ ရှရှင်းချီရဲ့ သွားတွေမှာ တဂျီဂျီမြည်နေပြီး၊ သူထိုင်နေတဲ့ နေရာကနေထကာ တံခါးသွားပိတ်ရင်ကောင်းမလားလို့ စဉ်းစားနေမိသည်။

ရုတ်တရက်… ကယ်တင်ရှင်တစ်ယောက်လိုပဲ တစ်ယောက်ယောက်က ဝုန်းခနဲ ဝင်လာပြီး ပထမဆုံး လုပ်လိုက်တာက တံခါးကို အမြန် ပိတ်ပစ်လိုက်တာပဲဖြစ်သည်။

လင်းမုန့်က လက်နှစ်ဖက်စလုံးမှာ ပူပူနွေးနွေး ကော်ဖီခွက်တွေကိုင်လာပြီး ခြေလှမ်းကျဲကျဲလျှောက်လာကာ၊ ရှရှင်းချီရဲ့ ချမ်းလို့နီရဲနေတဲ့ လက်ထဲသို့ အလျှင်အမြန်ထိုးပေးလိုက်တယ်။

“လက်ကို မြန်မြန်နွေးအောင်လုပ်လိုက်နော်” လင်းမုန့်က သူ ငှက်ကလေးလို တုန်နေတာမြင်တော့ ရင်ထဲမကောင်းဖြစ်သွားသည်။ “အဝတ်အထူတွေ မတွေ့လို့ ဒါလေးနဲ့ အရင်ဖြေရှင်းထားလိုက်ပါအုန်း”

ရှရှင်းချီက ခဏလေး ငိုင်သွားပြီး သူမျှော်လင့်မထားတဲ့ ကော်ဖီခွက်ကို လက်ခံလိုက်လေသည်။

ဂရုစိုက်ခြင်းမခံခဲ့ရတဲ့ “ဂေါ်ဖီထုပ်လေး” ဖြစ်ခဲ့သူမို့ ဗိုက်လည်းဆာ၊ ချမ်းလည်းချမ်း နေပေမယ့်လည်း တစ်ယောက်ထဲ ကျိတ်မှိတ်ခံတတ်တဲ့ အကျင့်ပါနေပြီး အကူအညီတောင်းဖို့ တစ်ခါမှ မတွေးမိဘူးပေ။ ဒါ့အပြင် လင်းမုန့်က ရုတ်တရက် သူ့ကို နွေးထွေးမှုပေးဖို့ ရောက်လာမယ်လို့လည်း စဉ်းတောင်မစဉ်းစားဖူးဘူး။

“ဟေ့ တကယ်ပဲ အေးခဲသွားပြီလား…” လင်းမုန့်က သူ့မျက်လုံးတွေ ငိုင်နေတာမြင်ပြီး နောက်ပြောင်သလို မေးလိုက်သည်။

ရှရှင်းချီ သတိပြန်ရလာတော့ စိတ်ထဲမှာ ကျေနပ်သွားပြီး ပြုံးမိလိုက်သည်။

“မုန့်မုန့်ကျဲကို ကျေးဇူးအရမ်းတင်ပါတယ်” လို့ ချိုသာစွာ ပြောဖို့ ပါးစပ်ဖွင့်လိုက်တဲ့အခိုက်မှာပဲ၊ မန်နေဂျာ ကျန်း ဆိုတဲ့လူမှာ ဒေါသတကြီး သူ့ဆီကို လျှောက်လာတာ တွေ့လိုက်ရသည်။

ရှရှင်းချီရဲ့ မျက်ခွံတွေ လှုပ်သွားပြီး ခုဏတုန်းက ရှယွီနဲ့ မျက်နှာချင်းဆိုင်လိုက်ချိန် ခံစားခဲ့ရတဲ့ မကောင်းတဲ့ခံစားချက်မျိုး ရင်ထဲ ပြန်ဝင်လာသည်။

အဲဒီလူ မျက်နှာရှုံ့မဲ့ပြီး ပြောလိုက်တာက –
“ဘယ်က နာမည်မရှိတဲ့သရုပ်ဆောင်ရောက်လာပြီး ကော်ဇော်နီပေါ် အခမဲ့ပါဝင်ဖို့ ကပ်နေတာလဲ? အခုခေတ်မှာ ခွေးတွေ ကြောင်တွေတောင် နားရွက်ထောင်ပြီး လာနေကြပြီကွ”

“ဟေ့ ရှောင်လီ မင်း ဒီကောင်ကို ဘာလို့ ဝင်ခွင့်ပေးလိုက်တာလဲ? ဒါ ငါတို့အဖွဲ့က ပယ်ထားတဲ့ကောင် မဟုတ်လား? လူတိုင်းကိုဝင်ခွင့်ပေးနေတာပဲ!

“ဘာငေးကြည့်နေတာလဲ? ကိုယ့်ဘာသာ ထွက်သွားစမ်း!”

ဒီလိုရိုင်းစိုင်းတဲ့ စကားတွေဟာ တမင်သက်သက် ထိုးနှက်နေတဲ့ ဓားသွားတွေလိုပါပဲ၊ အထူးသဖြင့် တိတ်ဆိတ်နေတဲ့ နားနေခန်းထဲမှာ ပိုပြီးတောင် ပြင်းထန်နေလေသည်။

ဒါဟာ ရုတ်တရက်ဖြစ်လာတာမို့ ဘာမှန်းမသိလိုက်ပေ။ ဒီလူက အပြစ်ရှာဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ကြိုတင်ပြင်ဆင်ထားပုံပဲ။

ရှရှင်းချီက မျက်ခုံးကျုံ့လိုက်ပြီး နောက်ပိုင်းမှာတော့ စိတ်ရှုပ်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။

“ရှောင်လီ” ဆိုတဲ့ တာဝန်ရှိသူက အသံကြားလို့ ချက်ချင်းရောက်လာပြီး “အဲ့ဒါမဟုတ်ဘူးဗျ၊ ဒီလူက…”

ကျန်းဟိုင်က ရှင်းပြတာကို နားမထောင်ဘဲ လက်ကာလိုက်ပြီး “လုံခြုံရေး…ဒီလူ့ကို အမြန်ဆုံး မောင်းထုတ်လိုက်!” လို့ ဒေါသတကြီး အော်ပြောလိုက်သည်။

ဒီလိုအခြေအနေမျိုးမှာ မကြုံဖူးတာတော့မဟုတ်ပေ။ တချို့သူတွေမှာ တိတ်တဆိတ်ရောထွေးဝင်ရောက်လာတတ်ပြီး အောင်မြင်စွာ ကော်ဇော်နီပေါ်ရောက်သွားတတ်ကြသည်။

အထူးသဖြင့် ရှရှင်းချီကို လူသိပ်မသိကြဘူး ဒါကြောင့် သူဟာ လူအုပ်ထဲမှာ သီးသန့်ဖြစ်နေသည်။

လက်ထောက်တစ်ယောက်က တိုးတိုးပြောလိုက်တယ်၊ “ကျွန်တော်လည်း အဲ့ဒါပြောချင်တာပဲ! ဒီလူကို အရင်က မတွေ့ဖူးဘူး။ နောက်ဆုံးမှာ ဘာလို့ထည့်ထားတာလဲ?”

နောက်တစ်ယောက်က ထပ်ပြီးတိုးတိုးပြောတယ်၊ “ပြီးတော့ သူ့ဝတ်ထားကိုကြည့်ပါဦး။ ရှယွီ ငှါးခဲ့ပေမယ့် ငြင်းပယ်ခံလိုက်ရတဲ့ အဝတ်အစားတွေပဲ။ ဒါအတုပဲဖြစ်မှာပေါ့၊ ဒီလောက်ထိ အရှက်မရှိဘယ်လိုဝတ်နိုင်ရတာလဲ?”

“ကျွန်တော်သိတယ်၊ သူ့နာမည် ရှရှင်းချီဆိုတာမလား? နာမည်မရှိတဲ့ အဆင့်၁၈အနုပညာရှင်တစ်ယောက်က နာမည်ကြီးချင်လို့ ဒီလိုလုပ်နေတာလား?”

ရှယွီက အနိုင်ရသူတစ်ယောက်ကဲ့သို့ပြုံးရွှင်မှုကို ဖုံးကွယ်ထားပြီး ဘေးကနေ မီးလောင်တာကို ကြည့်နေသည်။

တစ်နှစ်လုံး တစ်အိမ်တည်းနေခဲ့ရတဲ့အတွက် သူသိထားသည့__“ရှရှင်းချီ”မှာ ပျော့ညံ့ပြီးထိခိုက်လွယ်တဲ့စိတ်ရှိပြီး လူတွေရဲ့ မထီမဲ့မြင်ပြုမှုတွေဟာ ဒီအမှိုက်ရဲ့ယုံကြည်မှုကို အလွယ်တကူဖျက်စီးပစ်နိုင်သည်။

ဒါပေမယ့် သူမမျှော်လင့်ထားတာက ရှရှင်းချီလို စူးတွေနဲ့ဝန်းရံထားတဲ့လူမျိုးဟာ အပြစ်ရှာတာကို သည်းခံနေမှာမဟုတ်ပေ။ သူက ချက်ချင်းပဲ ပြန်ပြောလိုက်တယ် –

“ဒါဘယ်လိုတောင် ကြောင်တောင်တောင်နိုင်ရတာလဲ? လူစာရင်းဆိုတာများ မသိဘူးလား? ဦးနှောက်မသုံးချင်ရင် အလုပ်လုပ်မနေနဲ့။ ရေနဲ့ပြည့်နေတဲ့ဦးနှောက်ကို ဘယ်သူမှမလိုချင်ဘူး။”

“မင်းလူတွေကိုဆက်ဆံပုံက အိမ်တံခါးမှာချည်ထားတဲ့ ခွေးနဲ့တူနေတယ်။ အဲ့ဒါ မင်းရဲ့ဆွေမျိုးလား?”

ဒီလို ပွင့်ပွင့်လင်းလင်းပြောလိုက်တာမှာ ရယ်စရာကောင်းနေပြီး၊စကားပြန်ပြောဖို့ကြံနေတဲ့ လင်းမုန့်တောင် မရယ်ဘဲမနေနိုင်ဖြစ်သွားသည်။

ကျန်းဟိုင်မှာ ဒီတစ်ယောက် သူ့ကိုပြန်ပြောရဲမယ်လို့ ဘယ်တုန်းကမှမထင်ထားခဲ့ဘူး။ ဒေါသထွက်သွားပြီး “ဘာပြောလိုက်တယ်?! ထပ်ပြောစမ်းပါဦး!” လို့ အော်လိုက်သည်။

တာဝန်ရှိသူ ရှောင်လီမှာ ရှရှင်းချီရဲ့စကားကြောင့် သတိရသွားပြီး အလျင်အမြန်ပြောလိုက်တယ်၊ “ဟုတ်ပါတယ်၊ စာရင်းရှိပါတယ်။ မန်နေဂျာ ကျန်း၊ ဒီမှာကြည့်ပါဦး။”

အဖြူအမဲသဲကွဲစွာ ရှရှင်းချီရဲ့နာမည်ကို စာရင်းထဲမှာတွေ့လိုက်ရသည်။ ဒါဟာ သူလူမှားပြီး စွပ်စွဲခဲ့တာကို ရှင်းရှင်းလင်းလင်းပြသနေသည်။

ကျန်းဟိုင်က ထွက်မသွားဘဲ ဆက်ပြီး လုံခြုံရေးတွေကို အမိန့်ပေးလိုက်တယ်၊ “သူ့ကို အခုချက်ချင်း ဆွဲထုတ်မသွားသေးဘူးလား? မင်းတို့ တကယ်ပဲ သူ့ကိုကော်ဇောက်နီပေါ်လျှောက်ခွင့် ပေးတော့မလို့လား?”

လင်းမုန့်က ချက်ချင်းပဲ ရှရှင်းချီရဲ့ရှေ့မှာရပ်ပြီး ပြောလိုက်တယ်၊ “ဘာလုပ်နေတာလဲ? နာမည်ရေးထားတာ မြင်ရဲ့လား!”

သူမလည်း သဘောပေါက်သွားခဲ့ပြီ – တစ်ယောက်ယောက်က တမင်အပြစ်ရှာနေတာပဲဖြစ်မယ်။တကယ်တော့ ရှရှင်းချီက သူ့အနုပညာခရီးစဉ်စကတည်းက ဘယ်သူ့ကိုအပြစ်ပြုမိခဲ့လို့ ဒီလိုဖြစ်နေတာလဲ သူမကိုယ်တိုင်တောင်မသိပေ။

မမျှော်လင့်ထားဘဲ နောက်ဆုံးမှာကော်ဇော်နီလျှောက်ရန် ဖိတ်စာရခဲ့ပြီး နောက်ကွယ်မှ လက်မည်းကလည်း ဒီလိုထင်ရှားရှင်းလင်းစွာ နှောင့်ယှက်လာသည်။

ကျန်းဟိုင်က လင်းမုန့်ရဲ့စကားကိုကြားတော့ နှာမှုတ်လိုက်ပြီး ရှောင်လီဆီဖုန်းကိုပြလိုက်တယ်၊ “ကြည့်ကြည့်လိုက်၊ ဒီညဖိတ်ထားတဲ့ဧည့်သည်စာရင်းထဲမှာ သူမပါဘူး”

သူ့လက်ထဲမှာက ဧည့်သည်ဖိတ်စာ စာရင်းမှာ အရင်ကဖိတ်စာစာရင်းဖြစ်ပြီး၊ ကော်ဇော်နီလျှောက်ရန်စီစဉ်ထားတဲ့ အခုစာရင်းနဲ့မတူပေ။

ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်လက “ရှရှင်းချီ” ဆိုတာ အခုရှရှင်းချီမဟုတ်သေးပေ။ ဒီအတောအတွင်း သူရုတ်တရက်ကူပြောင်းလာတဲ့ သူရဲ့ခန္ဓာကိုယ်ပဲဖြစ်သေးတာကြောင့် မူလစာရင်းမှာ သူ့နာမည်မပါဝင်ခဲ့ပေ။

လီချန်ယွမ်ရဲ့ မျက်နှာမှာ အရမ်းကြီးလွန်းတော့ “ငါ့သတိုးသားလောင်းရဲ့အထောက်အထားကို လျှို့ဝှက်ထားပါ” လို့ အမိန့်ပေးလိုက်တဲ့အခါ၊ အဖွဲ့အစည်းက အလွန်အကျွံဂရုစိုက်မိပြီး အရမ်းကိုလျှို့ဝှက်ထားမိသွားတာဖြစ်သည်။

အထက်လူကြီးတစ်ချို့ကလွဲရင် ဘယ်သူမှ ရှရှင်းချီရဲ့ နောက်ခံအကြောင်းကို မသိကြပေ။

အနုပညာလောကဆိုတာ အကြောင်းမဲ့ကောလာဟလတွေ လွှတ်ပြီး ပြန့်နှံ့ရတာကို နှစ်သက်တဲ့နေရာတစ်ခု။ ဒါကြောင့် လူတွေ သံသယမဖြစ်စေဖို့ သူရောက်ရှိလာပုံကို အရမ်းကိုတိတ်တဆိတ်လုပ်ခဲ့ပြီး စာရင်းထဲမှာလည်း တိတ်တဆိတ်ထည့်သွင်းခဲ့သည်။

“ဒါ…?”

ရှောင်လီက ကြာကြာရှာပြီးနောက် သံသယဝင်စွာနဲ့ ကြည့်လိုက်သည်။

ဖိတ်ကြားချိန်လွန်ပြီးမှ ရုတ်တရက်ဖိတ်ခံလိုက်ရတဲ့သူဆိုတာ မရှိခဲ့ဖူးဘူး။ ဒါကြောင့် ညစာစားပွဲတိုင်းမှာ စာရင်းနှစ်ခုက ဖော်ပြပုံအစီအစဉ်ချင်းသာကွဲပြီး အခြေခံအားဖြင့် တူညီနေတတ်သည်။

ဒါကိုမြင်တော့ ယုံကြည်မှုအပြည့်နဲ့ရှိနေတဲ့ လင်းမုန့်တောင် စိတ်ထဲမှာ နည်းနည်းယိုင်လဲသွားသည်။

ပွဲစီစဉ်သူတွေက ရှရှင်းချီကို ဘာကြောင့်ရုတ်တရက် ဖိတ်လိုက်တာလဲဆိုတာ သူမလည်း နားမလည်နိုင်ခဲ့ဘူး။ အခုအချိန်မှာ ဒီကိစ္စကို ရုတ်တရက်မေးခွန်းထုတ်ခံရတော့ သူမစိတ်ထဲမှာ နည်းနည်းစိုးရိမ်စိတ်ဝင်လာသည်။

သူ့ရဲ့ငွေကြေးပံ့ပိုးသူအကြောင်း စဉ်းစားမိပေမယ့်၊ ယုတ္တိရှိရှိအရဆိုရင် ဒီလောကအတွင်းက ဂုဏ်သိက္ခာရှိအဖွဲ့အစည်းတစ်ခုကို လူအတင်းထည့်ခိုင်းနိုင်တဲ့သူဆိုတာ မဖြစ်နိုင်ပေ၊ တနည်းအားဖြင့် ဒီငွေကြေးပံ့ပိုးသူက ဘယ်လောက်ထိ အင်အားကြီးနိုင်မှာမို့လဲ?

ရှရှင်းချီက ခေါင်းလှည့်ကြည့်လိုက်တဲ့အချိန်၊ ရှယွီရဲ့ အနိုင်ရသူတစ်ယောက်ကဲ့သို့ မျက်လုံးတွေကို မျက်ဝါးထင်ထင်တွေ့လိုက်ရတယ် – ဒါဟာ တကယ့်ကို လက်ဖက်စိမ်းတစ်ယောက်ရဲ့ စိတ်ထားမျိုးပဲ။

သူတို့မျက်လုံးချင်းဆုံမိတဲ့အခိုက်မှာ ရှယီ ရဲ့လက်ထောက်က အတိအကျအချိန်ကိုက်ပြောလိုက်တယ်၊ “ကျွန်တော်တို့အေဂျင်စီမှာ သုံးနေရာပဲရထားတယ်။ အဲဒါတွေက ယွီကော၊ ကျန်းကောနဲ့ ပိုင်ကျဲပါ။ အခြားသူတစ်ယောက်မှမပါဘူး”

အဓိပ္ပာယ်က ရှင်းပါတယ်။ ရှရှင်းချီကလည်း ဒီကုမ္ပဏီကပါပဲ၊ ဒါပေမယ့် သူ့လိုနာမည်မကြီးတဲ့ အဆင့်၁၈အနုပညာရှင်အတွက် နေရာဘယ်လိုရနိုင်မှာလဲ။

လက်ဖက်စိမ်းတို့ရဲ့သဘာဝအတိုင်း ရှယီ က “အသံတိတ်နေစမ်း! ဒါမင်းနဲ့မဆိုင်ဘူး!” လို့ ဟန်ဆောင်ပြီး ဆူလိုက်သည််။

ဒါပေမယ့် သူက ဒီအဆိုကို မငြင်းဆန်ဘူး။

ရှရှင်းချီရဲ့မျက်ခုံးတွေ ပိုတောင်ကျုံ့သွားတယ်။ ရှယွီက လီချန်ယွမ်နဲ့သူ့ဆက်ဆံရေးကို သူဖော်မပြချင်တာကို သိနေခဲ့တယ်၊ ပြီးတော့ သူပြောပြရင်တောင် အနောက်ဘက်ကနေနေထွက်လာတာလိုမျိုး ဘယ်သူမှယုံကြမှာမဟုတ်ပေ။

ရှယွီပြောပြီးတဲ့အခါ အခြေအနေက ပိုဆိုးလာပြီး၊ လူအုပ်မှာ ပွင့်ပွင့်လင်းလင်းဆွေးနွေးလာကြတယ်:

“တော်တော်ကိုရူးမိုက်တာပဲ။ နာမည်ကြီးဖို့ဆိုရင် ဘာမဆိုလုပ်နိုင်တယ်နော်။ စာရင်းကိုပြောင်းဖို့ ဘာနည်းလမ်းသုံးခဲ့တာလဲ?”

“ရယ်စရာကောင်းလွန်းလို့ သေတော့မယ်၊ ကိုယ့်ကိုယ်ကိုယ် နောက်ဆုံးပိတ်အခမ်းအနားမှာ ပါဝင်ဖို့စီစဉ်ထားတဲ့အထိ မျက်နှာပြောင်လှပါလား။”

“ဒါက အဆင့်၁၈နုပညာရှင်တစ်ယောက်ရဲ့ ယုံကြည်မှုလွန်ကဲမှုပဲ။ မျက်နှာလှတာကလွဲရင် ဘာအသုံးဝင်လို့လဲ။”

“သူ့ကိုမုန်းတဲ့ပရိသတ်တွေနဲ့ အညစ်အကြေးသတင်းတွေကတော့ မရေမတွက်နိုင်အောင်ပဲ။”

“ကံမကောင်းတာက အချက်အလက်တွေ သေသေချာချာမပြောင်းနိုင်ခဲ့ဘူးပဲ။ မူရင်းစာရင်းမှာ သူမပါတာကို သက်သေပြနိုင်တယ်ဆိုတာ သူမတွေးမိခဲ့ဘူးထင်တယ်။”

ရှရှင်းချီက တစ်လုံးတစ်ပါဒမှမပြောဘဲနေတုန်းမှာပဲ မကောင်းတဲ့ထင်မြင်ယူဆချက်တွေက သူ့အတွက် ပြစ်မှုအားလုံး ဖန်တီးပြီးသွားပြီဖြစ်သည်။

ဒီအရာအားလုံးက ရှယွီရဲ့ထိန်းချုပ်မှုအောက်မှာဖြစ်နေပြီး သူ့ကိုစိတ်ထိခိုက်အောင်လုပ်ကာ အခမ်းအနားကနေ ထွက်ခွါသွားစေဖို့ဖြစ်သည်။

ကံကောင်းတာက ရှရှင်းချီဟာ အရင်ဘဝတုန်းက ဆိုးရွားတဲ့ဆက်ဆံမှုတွေနဲ့ ရွံမုန်းတဲ့မျက်နှာတွေကို ကျင့်သားရနေပြီးသားဖြစ်သည်။ ဒီလောက် ပြဿနာမျိုးနဲ့စိတ်ထိခိုက်သွားခဲ့ရင် သူ အကြိမ်ကြိမ်အခါခါ သေကြောင်းကြံစည် ခဲ့ပြီးပြီးဖြစ်သည်။

ဒီအချိန်မှာ လူကောင်ထွားထွားလုံခြုံရေးဝန်ထမ်းနှစ်ယောက်က သူ့ဆီကို အတင်းအဓမ္မလာပြီး ဘာမှပြောဆိုမှုမရှိဘဲ နားနေခန်းကနေ ထုတ်ပစ်ဖို့စီစဉ်နေပြီ။

လင်းမုန့်က ရုတ်တရက်စိုးရိမ်သွားပြီး “ခဏစောင့်ပါအုန်း! စာရင်းနှစ်ခုရှိတာဖြစ်ပြီး ပထမဆုံးတစ်ခုမှာ မှားနေတာမဖြစ်နိုင်ဘူးလား? မှားသွားရင် ဘယ်သူတာဝန်ယူမှာလဲ!”

ကျန်းဟိုင်က သူမကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီး မထီမဲ့မြင်နဲ့ပြောလိုက်တယ်၊ “သံသယရှိတယ်ဆိုရင် အရင်စစ်ဆေးကြည့်လိုက်၊ မင်းဖိတ်ကြားခံရတယ်ဆိုတာ သေချာပြီဆိုမှ ပါဝင်ခွင့်ရမယ်။”

ဒီအချိန်မှာ ရှောင်လီရဲ့လက်ထဲက စကားပြောစက်မှာ အသံထွက်လာပြီး ကော်ဇော်နီလျှောက်ရန် ရှယွီရဲ့အလှည့်ရောက်တော့မယ်လို့ အသိပေးလာသည်။

ဒါဟာ အချိန်အရမ်းနီးကပ်နေပြီလို့ ဆိုလိုတာပင်။ ဘာလို့လဲဆိုတော့ ရှရှင်းချီက သူ့နောက်မှာရှိနေလို့ပဲဖြစ်သည်။

ဒီ “ပြန်လည်စစ်ဆေးမှု” ဆိုတာက သူ့ကို ကော်ဇော်နီပေါ်မတက်ရောက်နိုင်အောင် တမင်အချိန်ဆွဲနေတာပဲဖြစ်သည်။

ရှယွီက ပြုံးပြုံးရွှင်ရွှင်နဲ့ထလိုက်တယ်၊ ရှရှင်းချီလို အမှိုက်တစ်စက သူနဲ့တန်းတူ စင်ပေါ်တက်ဖို့ မထိုက်တန်ဘူးလေ။

သူနဲ့ဆင်တူတဲ့ဝတ်စုံအမျိုးစားတွေ၊ ရာသီသစ်ဒီဇိုင်းတွေဝတ်ပြီး လူတွေကိုယှဉ်ကြည့်ခိုင်းကာ၊ သူ့ရဲ့အရင်းအမြစ်တွေက အဆင့်၁၈အနုပညာရှင်တစ်ယောက်ထက် နိမ့်ကျနေတာကို လူတွေသိသွားမှာမျိုး ဘယ်လိုမှအဖြစ်မခံနိုင်ဘူး။

ရှရှင်းချီက ရှယွီရဲ့ရွဲ့တဲ့တဲ့အပြုံးကိုမြင်ပြီး ဒေါသထွက်လာသည်။ သူ့သည်းခံနိုင်စွမ်းက ကန့်သတ်ချက်နားရောက်နေလေပြီ၊ ဒါကြောင့် သူခပ်ပြင်းပြင်းအသက်ရှူလိုက်သည်။

ဒီအချိန်မှာ ကျန်းဟိုင်ဆိုတဲ့ခွေးကောင်က လူရှေ့သူရှေ့မှာ ရဲရဲတင်းတင်းရှေ့ကိုတိုးလာပြီး လင်းမုန့်ကို အားနဲ့တွန်းလိုက်သည်!

ဒီအချိန်မှာ သူ လုံးဝသည်းမခံနိုင်တော့ပေ။ ရှရှင်းချီက ချက်ချင်းရှေ့ကိုတိုးသွားပြီး သူ့လက်ကောက်ဝတ်ကို ကျွမ်းကျင်စွာဖမ်းလိုက်ကာ “ဖျောက်” ဆိုတဲ့အသံနဲ့အတူ အားပြင်းပြင်း လှည့်လိုက်သည်!

ပထမဆုံးစတဲ့သူက အရိုက်ခံရမယ်ဆိုတဲ့စကားအတိုင်း ဒီအရူးက စတင်တိုက်ခိုက်လာတဲ့အတွက် သူ့ကိုပဲပြန်ရိုက်ရမယ်။

ကျန်းဟိုင်မှာ မမျှော်လင့်ထားတဲ့ နာကျင်မှုကြောင့်အော်ဟစ်လိုက်သည်။ သူ့လက်ကောက်ဝတ်ကို ဆွဲထုတ်ဖို့ကြိုးစားပေမယ့် နာလွန်းလို့မလှုပ်ရှားနိုင်တော့ဘူး။ သူ့လက်ကျိုးသွားပြီလို့သံသယရှိလာတယ်။

ရှရှင်းချီက သူ့ရဲ့နာကျင်မှုကို လျစ်လျူရှုထားပြီး အားကိုဆက်တိုးကာ မျက်နှာသေဖြင့် မေးလိုက်တယ်-

“ငါ့ခင်ပွန်းလောင်းက ဘယ်သူလဲဆိုတာ မင်းသိလား?”

ပုံမှန်အသံအနေအထားနဲ့ပြောလ်ိုက်ပေမယ့် သရော်သံအပြည့်နဲ့ဖြစ်သည်။

ကျန်းဟိုင်မှာ ဒေါသထွက်သွားပြီး အော်ဟစ်လိုက်တယ်၊ “လက်လွှတ်လိုက်! ဒီနေရာမှာ လာဖြဲမခြောက်နေနဲ့! မင်းဘယ်လို အခြေအနေရှိလဲဆိုတာ ငါသိတယ်!”

တကယ်တော့ ရှရှင်းချီက ဒီမေးခွန်းကို တကယ်ပဲအလေးအနက်ထားမေးလိုက်တာဖြစ်သည်။

သူသံသယဝင်နေတာက ဒီ ကျန်းဆိုတဲ့အရူးက သူ့ကိုတောင်မသိဘဲ၊ သူဘယ်လိုရောက်လာတာလဲဆိုတာကိုလည်း မသိဘဲ ရှယွီရဲ့သေနတ်အဖြစ်အသုံးချခံနေတာလားဆိုတာပါပဲ။

ဒီမေးခွန်းက အဖြေကိုရှာတွေ့သွားတယ်။

ဒီအချိန်မှာ ကျန်းဟိုင်က ရိုင်းပျပြီး ကိုယ့်ကိုယ်ကိုမထိန်းနိုင်တော့ဘဲ အော်လိုက်တယ်-

“လွှတ်လိုက်စမ်း! မင်းသတ္တိရှိရင် မင်းရဲ့ဖွတ်ကျားရည်းစားကို ငါ့လာရိုက်ခိုင်းလိုက်!”

ဒီအချိန်မှာပဲ တံခါးက သူ့အသံနဲ့တစ်ချိန်တည်းပွင့်သွားပြီး တံခါးအပြင်ဘက်မှာ မျက်နှာသေနဲ့ ချောမောတဲ့အမျိုးသားတစ်ယောက် ရပ်နေပြီး သူ့လက်မောင်းကြားမှာလည်း အင်္ကျီထူတစ်ထည် ချိတ်ထားသည်။

ဒီလိုရပ်နေရုံနဲ့ပဲ ထိုသူမှာ အာဏာရှိသူတစ်လိုမျိုး ခံစားရသည်။ ခဏလောက် လူအားလုံးမှာ ဘာမှမပြောနိုင်ဘဲ တိတ်ဆိတ်သွားကြပြီးအန္တရာယ်ကိုခံစားမိကြသည်။

လီချန်ယွမ်မှာ သိသိသာသာပင် ဒီစကားကိုကြားသွားခဲ့သည်။ဒါကြောင့် သူက မျက်နှာသေဖြင့် ကျန်းဟိုင်ကို လှည့်ကြည့်လိုက်သည််။

သူ့နောက်မှာတော့ ဒီပွဲရဲ့အဓိကစီမံခန့်ခွဲသူတွေ ပြုံးရွှင်စွာနဲ့လိုက်လာကြပြီး သူတို့က ရှရှင်းချီဘယ်သူလဲဆိုတာ သိကြသည်။ ဒီအခြေအနေကိုမြင်တော့ သူတို့ရဲ့ပြုံးနေတဲ့မျက်နှာတွေမှာ ချက်ချင်းတောင့်ခဲသွားပြီး နေရာတစ်ခုလုံး တိတ်ဆိတ်သွားလေသည််။

စာရေးသူမှ ဖြည့်စွက်ချက်:

ရှောင်းရှ: ကောင်းပြီ၊ သူ့ကို မင်းကိုရိုက်ခိုင်းလိုက်မယ် (ခွေးရုပ်အီမိုဂျီ)

Chapter 35 end.

နာမကျန်းဗီလိန်ကြီးနှင့်စည်းစိမ်ရှာသူတို့၏ အိမ်ထောင်ရေး

နာမကျန်းဗီလိန်ကြီးနှင့်စည်းစိမ်ရှာသူတို့၏ အိမ်ထောင်ရေး

Status: Ongoing Type: Author: Released: 2022

Name-နာမကျန်းဗီလိန်ကြီးနဲ့စည်းစိမ်ရှာသူတို့၏အိမ်ထောင်ရေး

Description

ရှရှင်းချီဟာ အရမ်းဆင်းရဲခဲ့တယ်။ သူသေသွားပြီး စာအုပ်ထဲကို ပြန်ဝင်စားလိုက်တော့ ချမ်းသာတဲ့မိသားစုက ပြန်ခေါ်ထားတဲ့ သခင်လေးဖြစ်သွားပြီး ချက်ချင်းကြီး ချမ်းသာသွားတာပေါ့။

ဒါပေမဲ့ စာအုပ်ထဲက သ​ေဘာတရားတွေက လွဲနေတော့ သူက အ​မြောက်စာ​ဇာတ်ကောင်သာဖြစ်ပြီး ဇာတ်လမ်းကို ခိုးယူသွားတဲ့ သခင်လေးအတုက ဇာတ်လိုက်ဖြစ်နေတယ်လေ။

မိဘနှစ်ပါးစလုံးရဲ့အချစ်ကို မရတဲ့ ရှရှင်းချီဟာ နာမကျန်းတဲ့ ဗီလိန်သူဌေးကြီး လီချန်ယွမ်နဲ့ အတင်းအိမ်ထောင်ချပေးခံလိုက်ရတယ်။ ဒီအိမ်ထောင်ရေးကနေ ထွက်ပြေးရင် သူသေမှာ။ စေ့စပ်ပွဲမှာ သခင်လေးအတုက ထောင်ချောက်ဆင်ပြီး သူ့ကို ထွက်ပြေးအောင်၊ ပြဿနာရှာအောင် လုပ်ပေမဲ့ သူကတော့ ချက်ချင်းပဲ မျက်လုံးတွေတောက်ပသွားပြီး “လောင်ကုန်း!” ဆိုပြီး အပြေးသွားလိုက်တယ်။

မသေမျိုး အမတလို ပုံစံ၊ ပခုံးကျယ်ကျယ် ခြေတံရှည်ရှည်နဲ့ ပြီးပြည့်စုံတဲ့ ကိုယ်လုံးကိုယ်ပေါက်... စည်းစိမ်ရှာသူလေးကတော့ အဲဒါတွေကို စိတ်မဝင်စားဘူး။ သူ့မျက်လုံးထဲမှာ သူ့ရဲ့စေ့စပ်ထားသူ လီချန်ယွမ်ကြီးက တလက်လက် တောက်ပနေတဲ့ လူပုံစံ ငွေထုတ်စက်ကြီးပဲ!

ရှရှင်းချီက လီချန်ယွမ်ရဲ့ပေါင်ပေါ်ကို ရဲရဲတင်းတင်းထိုင်ပြီး သူ့လက်ကို ချစ်ချစ်ခင်ခင်ကိုင်ထားလိုက်တယ်: “မစ္စတာလီ၊ မြင်မြင်ချင်း အချစ်ဆိုတာ ယုံကြည်လား?”

—သူကတော့ ငွေခေါ်သံကြားတာနဲ့ ယုံကြည်တယ်။

လူတိုင်း အံ့အားသင့်သွားပြီး ရှရှင်းချီဟာ တကယ်ကို အရူးပဲလို့ ထင်ကြတယ်။ ဗီလိန်သူဌေးကြီးက သူ့ကို ချက်ချင်းပဲ ကြမ်းပြင်ပေါ် ပစ်ချမှာပဲလို့ ထင်ကြတယ်။ မထင်မှတ်ပဲ လီချန်ယွမ်က တိတ်တဆိတ် အကြည့်ကိုအောက်ချလိုက်ပြီး ခဏကြာတော့ ပြုံးလိုက်တယ်: “ယုံကြည်တယ်”

လူအများရှေ့မှာပဲ သူက ရှရှင်းချီကို ပွေ့ချီပြီး အိမ်ကို ခေါ်သွားလိုက်တယ်။

ရှရှင်းချီလေး လန့်သွားတယ်: ခဏလေး! ကျွန်တော့်ကို လွှတ်ပေး! ဇာတ်လမ်းက မှားနေပြီဗျ!

ဇာတ်လမ်းလမ်းကြောင်းလွဲဖယ်သွားတော့ စည်းစိမ်ရှာသူလေးဟာ ဖျော်ဖြေရေးလောကထဲမှာ ငွေရှာပြီး ချမ်းသာအောင်လုပ်ရတော့တယ် — လီချန်ယွမ်ကို နောက်ဆုံးအချိန်ထိ ချစ်ခင်ယုယစွာ ပြုစုပေးရင်းပေါ့ —

မူရင်းစာအုပ်ရဲ့ဇာတ်လမ်းအရ ဗီလိန်ကြီးက မကြာခင်သေတော့မှာ။

လီချန်ယွမ်ရဲ့ မျက်နှာက ဖြူဖျော့နေပြီး အားနည်းတဲ့ အသံနဲ့ တိုးတိုးလေးမေးတယ်: “ငါပြောတာအားလုံးကို မင်းသဘောတူမှာလား?”

ရှရှင်းချီက မကြာခင် သူ့လက်ထဲရောက်လာတော့မယ့် 100 ဘီလီယံရှိတဲ့အမွေတွေကို တွေးပြီး ဝမ်းသာအားရ မျက်ရည်တွေနဲ့ ခေါင်းညိတ်လိုက်တယ်: “ပြောပါ၊ ကျွန်တော် သေချာပေါက် ကတိပေးမယ်”

သူအံ့အားသင့်သွားတာက သေတော့မယ့်လူက ချက်ချင်းထလာတယ်လေ: “မင်းစကားကို မင်းမှတ်ထား”

နောက်နေ့ အိပ်ရာကနေ မထနိုင်တဲ့ ရှရှင်းချီ: “ကျွတ်! နာမကျန်းဖြစ်လို့ သေတော့မယ့်လူက ဒီလိုမျိုးလုပ်နိုင်တယ်ပေါ့လေ!”

လီချန်ယွမ်: သူက ငါသေတော့မယ်လို့ အမြဲထင်နေတာ ဘာကြောင့်လဲတော့ မသိဘူး၊အဲ့တော့ ငါ ကျန်းမာတယ်ဆိုတာ သူ့ကို တခြားနည်းနဲ့ ပြရမယ်။

>>>>>>

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset