Little Creampie:
Chapter 38
ရှယွီ သည် အလွန်လျင်မြန်စွာ လျှောက်လှမ်းခဲ့ပြီး မူလအချိန်ဇယားမှာ လုံးဝပျက်ယွင်းသွားသောကြောင့် တာဝန်ရှိသူများက ရှရှင်းချီ အား အချိန်ကြန့်ကြာအောင် အချိန်ထပ်မံဆွဲထားပေးရန် တောင်းဆိုရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။
ဒါပေမယ့် အပိုအလုပ်တစ်ခုရှိခဲ့ရင်တောင် ရှရှင်းချီ က ကော်ဇောနီလမ်းလျှောက်ဖို့ ပြဿနာမရှိပါဘူး။ သူသည် runway ပေါ်တွင်လည်း ယခင်က အတွေ့အကြုံရှိခဲ့ပြီး အပျော်တမ်း မော်ဒယ်တစ်ဦးပင် ဖြစ်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိလူတိုင်းသည် ရှောင်ယွီ၏ ထူးဆန်းသောအမူအကျင့်ကို ယခုတိုင် ဆွေးနွေးနေကြဆဲဖြစ်ပြီး ရယ်မောလှောင်ပြောင်ကာ နှောင့်ယှက်မှုအောက်တွင်များ ရှိနေသလားဟု တွေးတောနေကြသည်။
သူတို့ ဆွေးနွေးနေကြစဉ်တွင် အဖြူရောင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည် ။
[အယ်? ဘာ့ကြောင့် ငါမသိတဲ့ ညီလေးတစ်ယောက်ရှိနေတာလဲ။]
[Wow ချောတယ် ah (sexy.jpg) ဒီလူနဲ့ပတ်သက်တဲ့ အချက်အလက်အားလုံးကို ငါလိုချင်တယ်။]
[ရှင်းချီ ! ! ! ဘုရား၊ ရင်တွေဝေနေပြီ၊ ငါ့ကလေးလေးကို မတွေ့ရတာ လနဲ့ချီနေပြီလို့ ခံစားရတယ်။]
[ဒါက……ရှရှင်းချီ? ဒီကောင်က ဒီလောက်ကြည့်ကောင်းတယ်လား? အရင်က သတိမထားမိတာ ထူးဆန်းတယ်]
[ငါတော့ သူ့ကို မှတ်မိတယ်၊ ဒါက ငါ့ရဲ့ idol ကို အတုယူဖို့ ကြိုးစားနေတဲ့ ဦးနှောက်မဲ့ အရှုံးသမားသာသာပဲ။]
[ဟုတ်တယ်၊ သူ့မှာ ဒုစရိုက်ငါးပါးစလုံးရှိတယ်။ သူက အခြားသူတွေနဲ့ ပေါင်းပြီး ဖျက်ဆီးဖို့တောင် ကြိုးစားသေးတယ်၊ လေထဲတိုက်အိမ်ဆောက်နေတာ……အဲ့တာအပြင်၊ သူက စကားထစ်ပြီး။ စိတ်ဓာတ်ပါ ချို့ယွင်းနေတယ်လို့ ငါထင်တယ်]
[သူ စကားထစ်တာမဟုတ်ဘူးလို့ ဘယ်နှစ်ခါပြောရမလဲ။ စိတ်ဓာတ်ပဲ! မင်းက အဆိပ်မိနေတာပဲ၊ ဒီလိုလှည့်စားမှုများတဲ့ မားကတ်တင်းအကောင့်မျိုးကို မင်းယုံလား။]
[ဝူးးဝူးး ဘာပဲပြောပြော ဒီအစ်ကိုက တကယ်ကို ရုပ်ချောတာပဲ]
[တောင်းပန်ပါတယ် အလှတရားက ငါ့အတွက် အမြဲ တရားမျှတတယ်။ သူက မော်ဒယ်တစ်ယောက်လား။ အရမ်းဂန္ထဝင်တွင်မယ့်ပုံရတယ်၊ ခြေတံရှည်ပြီး ရုပ်ရည်လည်း ကြည့်ကောင်းတယ်]
လမ်းသွားလမ်းလာတွေကို ပထမဆုံး သတိထားမိတာက သူ့ရုပ်ရည်က ကောင်းပါတယ်။ ချီးမွမ်းမှုကြားတွင် ရှရှင်းချီ၏ သနားစရာကောင်းသော ပရိသတ်အနည်းငယ်သည် နောက်ဆုံးတွင် ခေါင်းကို မော့ထားနိုင်ခဲ့သည်။
သို့သော် ပရိတ်သတ်များသည် ရှရှင်းချီသည် ၎င်းတို့၏အမှတ်တရများတွင် အမြဲလိုလို ဤကဲ့သို့ပုံပေါက်နေသော်လည်း အဘယ်ကြောင့် ဤမျှလောက် ရုပ်ရည်ချောမောသော ဤကလေးကို မတွေ့ရသနည်းဟု ပရိတ်သတ်များကလည်း တိတ်တဆိတ် အံ့သြနေကြသည်။
ပရိတ်သတ်အစစ်တွေထက်တောင် ဆန့်ကျင်ရေးပရိသတ်တွေက အားနည်းချက်တွေနဲ့ အမဲအညစ်အစက်အပြောက်အသစ်တွေကို ချက်ချင်းရှာတွေ့ခဲ့သည်-
[နောက်ဆုံးပေါ် ဆောင်းတွင်းစတိုင်ဝတ်ထားတဲ့ သူ့ကို ကြည့်လိုက်တော့ ငါရယ်မောနေမိတယ်။ သူတို့ဘရန်းတံဆိပ်က ရူးမနေရင် ဒီအဆင့်နိမ့်အနုပညာရှင်ကို ယောင်လို့တောင် ငှားမှာမဟုတ်ဘူး]
[ရှယွီ က တစ်ထည်တောင် မငှားနိုင်ဘူးလို့ ကြားတယ် ahhh၊ သူ အတုဝတ်ထားတာ ဟုတ်တယ်ဟုတ်?]
[သူ ဒီနေ့ ရှယွီ ကို ကျော်တက်ချင်နေတာလား။ စမ်းကြည့်လိုက်ပေါ့။ ငါတို့မိသားစုက ပရိတ်သတ်သန်းပေါင်းများစွာရှိတယ် သူ့လို ပရိတ်သတ်ထောင်လောက်ပဲရှိတဲ့ အရူးတစ်ယောက်က လာတုလို့တောင်မရဘူး]
[ဒါပေမယ့် ဒီဝတ်စုံက သူ့အတွက် ကြည့်ကောင်းနေပုံပဲ (lovestruck.jpg) ဒါက အစစ်နဲ့တူတယ်၊ ငါသဘောကျတယ်]
[ဆိုပါစို့၊ ဒါက အစစ်အမှန် ဖြစ်နိုင်ချေ ရှိတယ်လား။ အပျော်တမ်း အတုက အတု လက္ခဏာတချို့တော့ ရှိမှာပဲ]
[ အပေါ်ထပ်ကလူ စိတ်ရောမှန်လား။ ရှရှင်းချီ လို နိမ့်ကျတဲ့လူက အခုခေတ်မှာ ရေတပ်ရှိတာ ဖြစ်နိုင်သလား စဉ်းစားလေ။]
ဖျော်ဖြေရေးလမ်းကြောင်းတစ်ဝက်၌ ရပ်တန့်ခဲ့သည့် “လမ်းသရဲကြွက်” တစ်ကောင် အနေဖြင့် မူလပိုင်ရှင်အတွက် ၎င်း၏အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ရပ်ဆိုင်းခြင်းထက် ပိုဆိုးရွားသောအရာမရှိတော့ပေ။
ဒီလိုမှမဟုတ်ရင် ဒါတွေက သူ့မျက်နှာပေါ်လာရုံနဲ့ သူကြားရမယ့်အသံတွေဖြစ်ပြီး နုနယ်တဲ့စိတ်က စိတ်ဓာတ်ကျခါနီးဖြစ်နေလောက်ပြီ။
ရှရှင်းချီ သည် ယခုအချိန်တွင် စခရင်ပေါ်ရှိ သွေးထွက်သံယိုမုန်တိုင်းကို မမြင်နိုင်သလို ဂရုလည်းမစိုက်နိုင်ပေ။ သူ့ဟန်ပန်လေးအတိုင်း မှန်ကန်သော အပြုံးဖြင့် ကော်ဇောနီပေါ်သို့ အရှိန်ကိုထိန်းချုပ်လျက် အချိန်တိကျစွာ လျှောက်လာခဲ့သည်။
သူသည် host ထံသို့ တည့်တည့်မတ်မတ် လျှောက်သွားခဲ့ပြီး လုပ်ရိုးလုပ်စဉ်အတိုင်းပင် ကျိုးကြောင်းဆီလျော်စွာ သူကိုယ်တိုင် လက်မှတ်ထိုးပြီး ရှေ့ဆက်သွားဟန်ပြင်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ၊
ပွဲတွင်းအင်တာဗျူးများသည် နာမည်ကြီးအနုပညာရှင်များအတွက်သာ ဖြစ်သည်။
မမျှော်လင့်ဘဲ host က သူ့ကို တိုက်ရိုက် ထွက်ခွာခွင့် မပေးဘဲ အပြုံးဖြင့် မေးလာခဲ့သည်။
“ရှင်းချီ က ကျွန်တော်တို့ရဲ့ ဖက်ရှင် လျှောက်ပွဲ မှာ ပထမဆုံးအကြိမ် ပါဝင်ခဲ့တာမလားဗျာ၊ အခုဘယ်လိုခံစားရလဲဆိုတာလေး မျှဝေပေးနိုင်မလား။”
ဒါကိုမြင်တော့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေတဲ့ လင်းမုန့် က ချက်ချင်း ထရပ်ပြီး “အင်တာဗျူးအကြောင်းက ဘာလို့ရုတ်တရက်ကြီးလဲ သူတို့ဘာလို့ ကြိုအသိမပေးတာလဲ။” ဟူ၍ အလန့်တကြားမေးလိုက်တော့သည်။
တောင်ပို့ကို တောင်တန်းအဖြစ် ထုလုပ်ခြင်းအတွက် သူမကို အပြစ်မတင်ပါနှင့်။ အနုပညာရှင်တစ်ယောက်ဟာ စိတ်ကူးယဉ်ဆန်တဲ့ စွမ်းရည်အချို့ရှိသင့်ပေမယ့် “ရှရှင်းချီ” စကားထစ်တယ်လို့ လူတွေ ထင်နေကြမှာကို အရမ်းထိတ်လန့်သွားမိသည်။ သူဒီလိုကိစ္စမျိုးကို တကယ်မကိုင်တွယ်နိုင်ဘူး။
ရှောင်လီ က သူမကို အံ့အားသင့်သွားပြီး “အချိန်ပိုဆွဲထားဖို့ မေးလိုက်ရတာလေ.. အဲ့လိုမေးလိုက်တော့ သူပိုပြီး နာမည်ကြီးသွားတာ မဟုတ်…—” သူ့မျက်နှာကို ပိုပြဖို့က သူ့အတွက် ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလား ဟူ၍ပင် ဆက်မမေးခင်မှာပင် လီချန်ယွမ် သည် ရှရှင်းချီ ပေးသော ချောကလက်ပူပူကို ကိုင်ကာ ဘေးတွင်ထိုင်နေရင်း “သူ ကိုင်တွယ်နိုင်တယ်” ဟု တည်ငြိမ်စွာ ပြောလိုက်သည်။
လင်းမုန့် က ဒါကို မဖြစ်နိုင်ဘူးလို့ ထင်ခဲ့သည်။ သူ့အနုပညာရှင်တွေကို သူကောင်းကောင်းသိသည်။
သူမ နေရာ၌ “ဘုရင်မင်းမြတ်” ကို မရိုမသေ ငြင်းခုံနိုင်ခြင်း ရှိ၊ မရှိ ချီတုံချတုံ ဖြစ်နေချိန်တွင် ရှရှင်းချီ သည် ခေါင်းကို ငုံ့ကာ တွေးရင်း ရိုးရိုးရှင်းရှင်း အေးအေးဆေးဆေး ပြန်ဖြေလိုက်သည် ။
“ပထမဆုံးအနေနဲ့၊ လူတိုင်းရှေ့ ဒီနေရာလေးမှာ ပေါ်လာဖို့ အခွင့်အရေးပေးခဲ့တဲ့ ဖိတ်ခေါ်မှုအတွက် စီစဉ်သူတွေကို ကျေးဇူးတင်ချင်ပါတယ်။”
ထို့နောက် သူက တောက်ပစွာ ပြုံးလိုက်ပြီး သူ့မျက်ခုံးများ ကွေးညွတ်သွားကာ “ဒုတိယတစ်ခု အနေနဲ့ အခု ကျွန်တော် ဗိုက်ဆာနေပြီဗျာ ။ ဧည့်ခန်းမက ဘူဖေးကို အရမ်းပြေးစားချင်မိပြီ!”
[သေရော! ခပ်ချောချောကောင်လေးက ပြုံးလိုက်တိုင်း အရမ်းကြည့်ကောင်းတယ်။ သူ့မျက်ဝန်းတွေက ငါ့ကို သတ်နေတာပဲ ah ah ah ah ငါ့ကို ပွေ့ဖက်ခွင့်ပေးပါ ]
[ဒီလို ချစ်ဖို့ကောင်းပြီး ရိုးရိုးသားသား သရေစာလေး ဟီးဟီး။ ကျဲကျဲ မှာ သကြားလုံးတစ်အိတ်ရှိတယ်၊ ဘာအရောင်လေးလိုချင်လဲ ကလေး။]
[သေချာပါတယ်၊ မမှားဘူး၊ မယုံကြည်လိုက်သင့်ဘူး၊ ဒါသပ်သပ် ကောလာဟလတွေ ဖြန့်ထားတာပဲ။ ဘယ်သူက စကားထစ်တာလဲ။ ဒါကို စကားထစ်တယ်လို့ ခေါ်ရင်၊ ငါတို့က အနေတာလား]
[ ဆိုတော့ ပထမဝါကျက သူ့ကို တမင်တကာ အရင်းအမြစ်တွေမပေးဘဲ သူ့ကုမ္ပဏီက ဖိနှိပ်ထားတာလား။ အဲ့ကုမ္ပဏီမှာ ပြဿနာရှိနေတယ်လို့ပဲ ပြောခဲ့သားပဲ။]
[ဝေး! သူက အရပ်ပုပြီး အဆီဖောနေတာကို ငါကောင်းကောင်းမှတ်မိတယ်၊ အခု သူ့မှာ မားကတ်တင်းဆင်းလို့ကောင်းတဲ့ လူချောလေးဖြစ်နေပါရော့လား!.. တစ်ခုခု ရှိနေတာလား။ သေချာပေါက် လျှို့လျှို့ဝှက်ဝှက်နဲ့ ကိုယ်အလေးချိန် ကျသွားတာပဲ ။ ဘယ်လောက်မိုက်လိုက်တဲ့ အစီအစဥ်လဲ]
[အပေါ်ထပ်က ခေါင်းမကောင်းလို့ ဆေးကုဖို့ လိုနေပြီ။ ရှရှင်းချီကို အရင်က စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေတယ်လို့ မင်းပဲ ပြောတာမဟုတ်ဘူးလား။ အခု မင်းက ထပ်ပြီး အပုပ်ချဖို့ ကြံစည်နေတာလား။ မင်းက ကိုယ့်ဘာသာကို ဆန့်ကျင်နေတဲ့ anti-fan တွေပဲ…လာ ၊ တိုက်ကြရအောင်၊ ဟိုက်ရားး]
[ဒါဆို အတုဝတ်တဲ့ကိစ္စ ဘယ်သူကမှ ရှင်းမပြတော့ဘူးလားဟယ်။]
[သေအောင်ရယ်နေရပြီ။မင်းက ရှယွီရဲ့ ဓာတ်ပုံကို ပရိုဖိုင်ပုံတင်ထားပြီး ပြောနေတာ။ မင်းတို့လူက ခေတ်မမီတော့တဲ့ နွေရာသီ/ဆောင်းဦး ဖက်ရှင်မော်ဒယ်။ သူ့ကတော့ မော်ဒယ်အသစ်။ အဲဒါကြောင့် ရှက်ပြီး ဒေါသထွက်နေတာလား။ ]
[မင်းတို့ချကြ .. ဟင်းဟင်း ဒီချစ်စရာကောင်းပြီး ချောမောတဲ့ကောင်လေးကို ငါ တိတ်တိတ်လေး သယ်သွားပြီ။]
ကော်ဇောနီပေါ်မှ ဆင်းလာရာ လမ်းတစ်လျှောက်လုံးတွင် သူပေါ်လာသည့်နေရာတိုင်းက ဂယက်ထနေပြီး လူတိုင်းကို မျက်စိကျသွားစေခဲ့သည်။
သို့သော် ဤဖြစ်စဉ်များကို ပါဝင်ဖန်တီးခဲ့သူ ရှရှင်းချီက ထိုဂယက်များကို နောက်ပြန်မကြည့်ဘဲ တည့်တည့်လျှောက်သွားလေသည်။ သူသည် ဝမ်းသာအားရ သက်ပြင်းချကာ နောက်ဆုံးတွင် ပွဲအတွင်းတွင် သူ့ချစ်ရသော အခမဲ့ဘူဖေးကို သွားတွေ့ခဲ့သည်။
————
ထိုနေရာတွင် အနုပညာရှင်သမားများသာမက အလွှာပေါင်းစုံမှ သူဌေးကြီးများလည်း ရှိခဲ့သည်။
ထိုင်ခုံများကို နှစ်ခြမ်းခွဲထားသည်။ စင်မြင့်အနီးအနား၌ ဆူညံပွက်လောရိုက်နေသော အနုပညာရှင်များအတွက် သီးသန့်ထမင်းစားခန်းနှင့် ဝေးကွာပေမယ့် အားသာချက်ကတော့ ကင်မရာများစွာနဲ့ ထိတွေ့နိုင်ခြင်းပါပဲ။
တကယ်တော့ အနုပညာရှင်တွေဟာ ဒီနေရာ၌ ရှားရှားပါးပါး စားသောက်ကြပြီး စက်မှုလုပ်ငန်း သူဌေးတွေလို စီးပွားရေးအကြောင်း ဆွေးနွေးဖို့ အခွင့်အရေးကို မယူကြတဲ့အတွက် ဆူညံသံကို စိုးရိမ်စရာမရှိပေ။
ရှရှင်းချီ သည် လှည့်ပတ်ရှာဖွေခဲ့ရာ နောက်ဆုံးတွင် သူ့နာမည်ဖြင့် ထိုင်ခုံကို ပွဲစီစဉ်သူမှ စင်မြင့်နှင့် အနီးဆုံး စားပွဲ၌ ချထားခဲ့ကြောင်းမြင်လိုက်ရသည်။ မစ္စတာ လီ ၏ စေ့စပ်ထားသူလေးအား သူ၏ ရိုးသားမှုကို အပြည့်အ၀ စိတ်အားထက်သန်စွာ ဖော်ပြသည်ကို တွေ့ရှိခဲ့သည်။
ဒီအားထုတ်မှုက ပြင်းထန်လွန်းတယ်။
လူအသွားအလာများသော ဤစားပွဲသည် လူကြိုက်များသော idol များဖြင့် ပြည့်နှက်နေပြီး အဆင့်နိမ့် အနုပညာရှင်တစ်ဦးအဖြစ် သူ၏အသွင်အပြင်သည် တကယ်ကို ကန့်လန့်ဖြစ်လွန်းလှသည်။
အဆိုးဆုံးကတော့ ရှေ့တည့်တည့်ဖြစ်ရခြင်းရဲ့ ဝန်ထုပ်ဝန်ပိုးက ဒီနေရာက လူတိုင်းကို မကောင်းတဲ့ ဓါတ်ပုံမရိုက်မိအောင် ငြိမ်ပြီး မတ်မတ်ထိုင်စေတာပါပဲ။ အနောက်ဘက်ရှိ စားပွဲများနှင့် မတူဘဲ ဘူဖေးကို မည်သူမျှ လာလည်ခြင်းမရှိပေ။
ရှရှင်းချီက အရမ်းဗိုက်ဆာပြီး အစားအသောက်ကိုလည်း အင်မတန်နှစ်သက်ပေမဲ့၊ အခြေအနေကို ထည့်မတွက်ဘဲ စိတ်ကြိုက်လျှောက်သွားလောက်အောင်ထိတော့ အစားအသောက်နောက်ကို လိုက်တဲ့သူ မဟုတ်ဘူး။
ထို့ကြောင့် သူ့တွင် ရွေးချယ်စရာမရှိတော့ဘဲ နေရာတွင် ထိုင်ကာ ကင်မရာကို စိုက်ကြည့်ရင်း ဗိုက်ဆာလွန်းလို့ နှစ်ပေါင်မျှပင် ဆုံးရှုံးရမည်ဟု စိတ်ပျက်စွာဖြင့် တွေးလိုက်မိသည်။
အလွန်ကြည်လင်ပြတ်သားတဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာတွေမှာ အလှပြင် filter ပါဝင်နေရင်တောင်၊ ဘယ်သူတွေက မိတ်ကပ်လိမ်းတာ မကောင်းတာ ဒါမှမဟုတ် ဝက်ခြံရှိနေတာတွေကို မြင်နိုင်နေတုန်းပါပဲ။
ရှရှင်းချီ ၏အဝေးက ထမင်းစားခန်းဆီသို့ တောင့်တနေသည့်အကြည့်နှင့် သူ၏ စိတ်ပျက်အားငယ်နေသည့်အမူအရာတို့ကို ရှင်းရှင်းလင်းလင်း ဖမ်းဆုပ်ထားပြီး သူ့အသွင်အပြင်က ချစ်စရာကောင်းပြီး ရယ်စရာဖြစ်နေသည်။
[အဲဒီမှာ ချောမောနေတဲ့ကောင်လေးကို ကြည့်လိုက်တော့ အဖြူရောင်နဲ့ညီလေးပဲမလား။]
[ဟားဟားဟားဟား၊ ကလေးလေးကို အစာမငတ်စေနဲ့ မြန်မြန်ကျွေးလိုက်နော်။]
[ဟားဟားဟား အစားအသောက်မစားရတာ သူ့ဝိညာဉ်ကို ဆုံးရှုံးသွားသလိုပဲ]
[ချစ်ဖို့ကောင်းလိုက်တာ ဖက်ချင်တယ်]
idol တစ်ယောက်ချင်းစီ၏ ပရိသတ်များက ဤကင်မရာများကနေတစ်ဆင့် သူတို့မိသားစု၏ သခင်လေးတွေကို ကြည့်ရတာ သဘောကျကြသည်။ သို့သော် ကောမန့်များ ယခုကဲ့သို့ ရုတ်တရက် ပေါ်လာတာကို မြင်တော့ သူတို့ အံ့ဩသွားတော့သည်။
ထို့နောက် ၎င်းတို့သည် တစ်ချိန်ထဲမှာတွင် နာမည်ကြီးသောရှာဖွေမှု၌ “#အတန်းပြီးပြီဆိုတော့ အသေဆွဲပြီနှင့် နေ့လည်စာစားချိန်၌ အတန်းထပ်တက်ရမည်ဆိုသောအခါ ” ဟူ၍ ချက်ချင်းတက်လာသည်ကို တွေ့ရှိခဲ့သည်။
အင်တာနက်အသုံးပြုသူများသည် စိတ်ခံစားချက်ကို ဖော်ပြရန် အဖွင့်အစီအစဉ်သည် ပြီးသွားသောကြောင့် လျင်မြန်စွာလှုပ်ရှားခဲ့ကြပြီး ရှရှင်းချီ ၏မျှော်လင့်ချက်များစွာနှင့် စိတ်ပျက်အားငယ်မှုအပြည့်ရှိသောအမူအရာကို ဖမ်းယူထားပြီး ချစ်စရာ gif လေးများအဖြစ် ပြုလုပ်ထားသည်။
gifထဲက လူငယ်လေးသည် ဖြူစင်ချောမောနေပြီး သူပြုံးလိုက်တိုင်း ပါးချိုင့်လေးတွေ နှင့် စိတ်ဓာတ်ကျနေချိန်၌ သူ့ရဲ့ နှုတ်ခမ်းစူစူ အသွင်အပြင်လေးများမှာ လူတိုင်းကို သူ့ မျက်နှာဖောင်းဖောင်းလေးအား ကိုက်ချင်လာစေသည်။ နည်းနည်းလေးမှ ဟန်ဆောင်မှုမရှိဘဲ ချစ်စရာကောင်းလွန်းနေသည်။
ရှရှင်းချီ သည် တဖြည်းဖြည်း သူပရိသတ်အနည်းငယ်ရရှိလိုက်သည်ကို မသိဘဲ၊ ထောင်ပေါင်းများစွာသော တပ်ဖွဲ့ဝင်များက သူ့ခေါင်းလေးကို ပွတ်သပ်နိုင်ရန် ဆွေးနွေးနေကြသည်ကိုလည်း မသိခဲ့ပါ။
ထိုင်ခုံပေါ်တွင် ကြောင်တောင်တောင်ထိုင်ကာ အာရုံပြောင်းစေရန် သူ့စိတ်ထဲတွင် ဟင်းအမည်များကို စာရင်းပြုစုလိုက်သည်။ ဒါက သူ မစားရတဲ့အခါ လုပ်လေ့လုပ်ထရှိသော နည်းတစ်ခုပင်။
Chapter 38 end
————
Chapter 39
ရှရှင်းချီ သည် အများသူငှာ အမြင်ကို သိပ်ဂရုမစိုက်သော်လည်း ရှယွီမှာ ကွဲပြားသည်။ သူသည် ဒေါသတကြီးဖြင့် အံကိုကြိတ်လုနီးပါး ဖုန်းကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။
ရှရှင်းချီကြောင့် အောက်မှာ ပေါ်နေတဲ့ ရှာဖွေမှုတွေက သူ့ရဲ့ မကောင်းသတင်းနဲ့ ပတ်သက်တဲ့ hot searchနှစ်ခု ဖြစ်နေခဲ့သည်။
တစ်ယောက်က ကော်ဇောနီပေါ်မှာ မီတာ 100 အပြေး,ပြေးတာကို လှောင်ပြောင်ထားပြီး နောက်တစ်ယောက်က သူ့အရည်အသွေးက လူသစ်လောက်တောင် မကောင်းဘူး ဟူ၍ လှောင်ပြောင်ကြသည်။
ဤလူသစ်ဟုခေါ်သော လူသစ်သည် ရှရှင်းချီ ကို သဘာဝကျကျရည်ညွှန်းသည်။ သူ၏ gif များသည် လူကြိုက်များလာသောအခါတွင် လူများက သူ့အဝတ်အစားကို သဘာဝအတိုင်း အာရုံစိုက်လာကြသည်။
တတ်ကျွမ်းနားလည်သော ဖြတ်သွားဖြတ်လာများသည်ပင် အမှန်ပင် အစစ်မှန်ဘရန်းဖြစ်သည်ဟု သဘောတူပုံရသည်။
ရှယွီ ၏စျေးကွက်ရှာဖွေခြင်းကို မကျေမနပ်ဖြစ်နေသော ဖြတ်သွားဖြတ်လာ လူများသည် နောက်ဆုံးပေါ်မော်ဒယ်မ၀တ်ထားသောကြောင့် ရှယွီ ၏ပရိသတ်များကိုလှောင်ပြောင်လိုက်သည့်အတွက် သူတို့ကိုစစ်မှန်ကြောင်း မေးခွန်းထုတ်ခဲ့သည်။
“သူ ငါ့ကို လှောင်နေတယ်!” ရှယွီ က သူ့မန်နေဂျာ ဖုန်းယင်းရွှီ ကို အမြန်စာရိုက်ပို့လိုက်သည်။ “ရှရှင်းချီ၊ ဒီခွေးမသား၊ သူက ဒါကို ရည်ရွယ်ပြီး တမင် လုပ်ခဲ့တာဖြစ်မယ်!”
“ငါ့ကို အခွင့်ကောင်းယူချင်နေတဲ့ ငါ့antiပရိသတ်တွေအတွက် တမင်လုပ်တာ မဟုတ်ရင် သူဘာကြောင့် ဒီလိုဝတ်ပြီးလျှောက်မှာလဲ။ ဒါက ငါရလာတဲ့ တစ်ခုတည်းသော အာရုံစိုက်မှုကို လုချင်လို့ပဲမှော။”
“ပြီးတော့ သူက ငါနဲ့တူတဲ့ ဇာတ်ရုပ်ကို တမင်တကာ သရုပ်ဆောင်ထားတာ။ ဘယ်လောက်ချစ်စရာကောင်းလဲ ဟုတ်လား၊ သူက ငါ့ကို အတုခိုးထားတာ။”
“မနက်ဖြန် marketingအတွက် မကောင်းတဲ့သတင်းခေါင်းစဉ်ဝယ်ဖို့ အရမ်းနောက်ကျနေပြီ၊ မင်းငါ့အတွက် အခုသွားဝယ်ပြီး ဒီလူယုတ်မာကို အခုချက်ချင်းပဲ မကောင်းတဲ့hot searchရှာပေးစေချင်တယ်!”
ရှယွီ ဒေါသအမျက်ထွက်နေသည်ကိုမြင်လိုက်ရသဖြင့် ဖုန်းယင်းရွှီ သည် သူ၏အမူအရာကိုကြည့်ရန် တိုက်ရိုက်ထုတ်လွှင့်မှုဆီသို့ အမြန်သွားခဲ့သည်။
ကံကောင်းထောက်မစွာ၊ သူသည် “အပြစ်ကင်းစင်ပြီး ချစ်စဖွယ်” ပြုံးနေသေးသည်။ ညစ်ညမ်းသော စကားလုံး အမျိုးမျိုးကို ရိုက်ကာပြောနေမှန်း မည်သူမှ မသိနိုင်ပေ။
စိတ်သက်သာရာ ရသွားသလို ဖုန်းယင်းရွှီ က “ရှောင်ယွီ ၊ သူ့ရဲ့ နာမည်ကြီး ရှာဖွေမှုခေါင်းစဉ် ကို အဖွဲ့တစ်ဖွဲ့က တမင်လုပ်ဆောင်ခဲ့တာ ဖြစ်နိုင်တယ်။ ငါတို့ ကုမ္ပဏီရဲ့ မှတ်တမ်းတွေကို ငါ စစ်ဆေးခဲ့ပြီးပြီ အဲဒီခေါင်းစဉ်ကိုငါတို့ ကုမ္ပဏီအဖွဲ့က လုပ်ခဲ့တာ မဟုတ်ဘူး”
ရှယွီ က သူ့သွားတွေကို တင်းတင်းကြိတ်လိုက်သည်။ သူ့ ကုမ္ပဏီ၏အသင်းအဖွဲ့ မဟုတ်ကြောင်း သဘာဝကျကျသူသိသည်။ သူနှင့်အတူ၊ ရှရှင်းချီ သည် ကုမ္ပဏီ၏အရင်းအမြစ်များကို မည်သည့်အခါမျှ အသုံးပြုရန် မကြိုးစားနိုင်ပေ။
ထို့ကြောင့် ရှရှင်းချီ သည် အံ့သြစရာကောင်းလောက်အောင် နှလုံးသားနုသော ပရိသတ်များကို ဆွဲဆောင်ခြင်းဖြင့် သို့မဟုတ် ၎င်းကို လီချန်ယွမ် မှ ကြိုးကိုင်ထားခြင်းဖြစ်သည်။
ဖြစ်နိုင်ခြေ နှစ်ခုလုံးက သူ့ကို ပိုမို အံကြိတ်စေသည်။
ပထမအချက်က ရှရှင်းချီ ကို ဘယ်သူကမှ မနှစ်သက်သင့်တာကြောင့် သူ့ကို မနာလိုစိတ်နှင့် ရူးသွပ်စေခဲ့သည်။ ဒုတိယအချက်မှာ နာမည်ကြီးရှာဖွေမှုများမှာ အကြောင်းပြချက်မရှိ ရုတ်သိမ်း၍မရနိုင်ခြင်းကြောင့်ပင်။ သို့မဟုတ်ပါက လီချန်ယွမ် ကို ထိခိုက်စေမှာ သေချာသည်။
ရှယွီက ချက်ချင်းပြောလိုက်သည် “ဒါပေမယ့် လီချန်ယွမ် လုပ်တာတော့ မဖြစ်နိုင်ပါဘူး။ သူဒီလိုအရာတွေကို အမြဲတမ်း ရှောင်တယ်”
ထို့ထက်၊ ရှရှင်းချီ ကဲ့သို့သော တစ်စုံတစ်ယောက်သည် သူ့ထံမှ မျက်နှာသာပေးခံရရန် မည်သို့ ထိုက်တန်နိုင်မည်နည်း။
ဖုန်းယင်းရွှီ က သဘောမတူကာ ပြောလာသည်။ “ရှောင်ယွီ ငါ မင်းရဲ့ မကောင်းတဲ့ ရှာဖွေမှုခေါင်းစဉ်တွေကိုပဲ ဖယ်ရှားနိုင်မှာ၊ ဒီအချိန်မှာ ရှရှင်းချီပေါ် ရေညစ်တွေ မလောင်းနဲ့။”
“ဒါက ရေတို ပေါ်ပြူလာဖြစ်တာပါပဲ၊ ဘာလို့ သူ့ကို ဒီလောက် အလေးအနက်ထားရမှာလဲ”
သိသိသာသာသဘောမတူသဖြင့် ရှယွီ သည် သူ့မန်နေဂျာကို ထပ်မံ၍မယုံကြည်နိုင်ကြောင်းနှင့် ဖုန်းယင်းရွှီ က သူ့ကို ဤကိစ္စတွင် ကူညီမည်မဟုတ်ကြောင်း သိလိုက်သည်။
ဒါပေမယ့် ရှရှင်းချီ အတွက် လူတိုင်း၏ ချီးမွမ်းခြင်း နှင့် ချီးကျူးခြင်းများကို သူမြင်လိုက်တဲ့အခါ သူ မုန်းတီးပြန်သည်။ သူ တစ်ခုခုလုပ်ရမယ်။
အားလုံးရဲ့ မျက်စိအကျဆုံးလူက ဒီလူယုတ်မာ မဖြစ်သင့်ဘူး။ ရှရှင်းချီသာ ပေါ်မလာခဲ့ရင် သူသည် ရှ မိသားစု၏တစ်ဦးတည်းသောသားဖြစ်လိမ့်မည်။
သူ့ကို ရှက်ဖွယ်ကောင်းတဲ့ မွေးစားသားတစ်ယောက် ဖြစ်စေပြီး၊ သူ့ဘဝကို ခိုးယူကာ၊ အတုအယောင် သခင်လေးဖြစ်ရတဲ့ မူလအပြစ်ဒဏ် ကို ခံယူစေတာမျိုး မဟုတ်ဘဲ သူသည်သာ ရှမိသားစုရဲ့ တစ်ဦးတည်းသောသားဖြစ်ရမယ်။
————
ရှရှင်းချီ သည် ဟင်းလျာများ စိတ်ထဲမှတ်နေတာ များလာလေလေ သူ့စိတ်တွင် ဆာလောင်လေလေဖြစ်သည်။ သူကျော်ကြားပြီး ချမ်းသာလာတဲ့အခါ စားဖိုမှူးရှေ့မှာ ဤသို့ ရဲရဲတင်းတင်းပြောရမည်- “သိုးသားပေါင်း၊ ဝက်ပေါင်စွပ်ပြုတ်၊ ဝက်အမြီးပေါင်း… ငါဒါတွေ အားလုံးကို မှာမယ်!”
အတွေးတွေ ပျောက်ကွယ်သွားသလိုပင် သူ့မျက်လုံးထောင့်ကနေ ဂဏာမငြိမ် ခုန်ပေါက်နေသည့် အသွင်အပြင်ကို ရုတ်တရက် မြင်လိုက်ရသည်။ သူ လှမ်းကြည့်လိုက်တော့ အသုဘအခမ်းအနားမှာ ထိုင်နေသလို ထိုင်နေကြသည့်လူတိုင်းနှင့်ခြားနားစွာ ကင်မရာနောက်မှ ရပ်နေသည့် လူတစ်ယောက်ကို တွေ့လိုက်ရပြီး သူ့ကို လက်ပင် ဝှေ့ယမ်းပြနေသည်ကို တွေ့လိုက်ရသည်။
အားလုံးက ဒီလူကို သဘာဝအတိုင်း လှည့်ကြည့်လိုက်ကြသည်။ ရှရှင်းချီ ထိတ်လန့်သွားပြီး သူ့ကို ဝှေ့ယမ်းပြတဲ့လူက အရမ်းရင်းနှီးနေသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
အဲဒီညက ဆရာဝန်ပဲ !
ဘုရားရေ ၊ သူ ထိုညက လီချန်ယွမ် အတွက် အလွန်စိုးရိမ်ခဲ့ရသောကြောင့် ဤ “ဒေါက်တာကျောက်” ကို အနီးကပ်ကြည့်ရှုရန် မေ့လျော့နေခဲ့သည်။
ဒီနေ့ အနီးကပ် ကြည့်လိုက်ရတော့ အမြီးများ ပြန့်ကျဲနေသည့် ဒေါင်းလို ဂုဏ်ကြွကြွ လူငယ်လေး တစ်ယောက်ဆိုတာ သိလိုက်ရသည်။ သူ ဘယ်လိုပုံစံနဲ့ ဆရာဝန်တစ်ယောက် ဖြစ်လာပါလိမ့်။
ရှရှင်းချီ အံ့သြတကြီး လန့်သွားသည်။ လီချန်ယွမ် ကို ထိုးဆေး ထိုးပေးခဲ့တဲ့ ဒီလူရဲ့ “ဆေးပညာ” ကို သူသံသယဖြစ်လာခဲ့သည်…။
တစ်ယောက်က ထိုးရဲသတ်ရဲပြီး တစ်ယောက်က ခံရဲတယ်။ သူတို့နှစ်ယောက် တော်တော်လိုက်တာပဲ။
ဤနေရာတွင် အခြားလူအများစုသည် တရုတ်နိုင်ငံ၏ အကြီးဆုံး ရုပ်ရှင်ကုမ္ပဏီကြီး၏ မင်းသားလေးကျောက်ယင်းဟယ် ကို သိကြသည်။ ဒီလိုအချိန်မျိုးတွင် လှတတ်ရာရာ ပန်းလေးများကို အမြဲရွေးလေ့ရှိပြီး ထိုပန်းများကို ရွေးပြီးရင်လည်း အရင်းအနှီးများစွာကို အလွယ်တကူ ရက်ရောစွာ ပေးတတ်သူဖြစ်သည်။
ဒါပေမယ့် အခု သူ့ကြည့်ရတာ ပန်းတွေကောက်နေပုံမပေါ်ပေ။ သူ့သူငယ်ချင်းကို အတူတူကစားခိုင်းနေပုံရသည်။
ဘယ်သူက ဘယ်သူ့ကို ကစားခိုင်းတာလဲ ဟူ၍ အားလုံးက ထင်ကြေးပေးကြသည်။ အဲ့ကောင်လေးက ဒီလောက်ကြီးတဲ့ အဆက်အသွယ်ရှိတယ်ပေါ့။
အဲ့ဒီနောက်မှာတော့ သူတို့ “ဘာလို့ ဒီစားပွဲမှာ ထိုင်နေတာလဲ” လို့ စိတ်ထဲကနေ မေးနေခဲ့တဲ့ ရှရှင်းချီက ထရပ်ပြီး တိတ်တိတ်လေး ထွက်သွားတာကို သူတို့ တွေ့လိုက်ရသည်။
————
နှစ်ယောက်လုံး ကင်မရာမရှိသော နောက်ကျောဘက်သို့ ရှောင်သွားလိုက်ပြီး ကျောက်ယင်းဟယ် က ဂုဏ်ယူဝံ့ကြွားစွာပြောကာ “ပထမဆုံးအနေနဲ့ ငါက ဆရာဝန်တစ်ယောက်၊ လက်မှတ်လည်းရှိတယ်!” ။
ရှရှင်းချီ ၏ ထိတ်လန့်နေသော အမူအရာကို မြင်ရုံဖြင့် ကျောက်ယင်းဟယ် က သူဘာတွေတွေးနေမှန်း မှန်းဆလိုက်သည်။
နောက်ဆုံးတော့ သူ့ကို မကြာခဏ အမေးခံရသည့်အတိုင်း စကားပြောပြီးနောက် “ကျွန်တော် ကိုယ်တိုင် လေ့လာခဲ့တာ။ ပိုက်ဆံနဲ့ ဝယ်ခဲ့တာ မဟုတ်ဘူး!”။
ရှရှင်းချီ က သံသယစိတ်ဖြင့် မျက်တောင်ခတ်လိုက်ပြီး “ဪ့၊ ဒါဆို ဒေါက်တာကျောက်၊ အစ်ကို ကျောက် ခင်ဗျား ဘာလို့ ကျွန်တော့်ကို လာရှာတာလဲ။”
“အကြောင်းရင်းနှစ်ချက်ရှိတယ် ။ အရေးကြီးတာက –” ကျောက်ယင်းဟယ် က အလေးအနက်ထားပြီး အသံကို လျှော့လိုက်သည်။ “မင်းလုပ်ထားတဲ့ ကွတ်ကီးတွေကို နည်းနည်းမြည်းကြည့်လို့ရမလား”
ရှရှင်းချီ : ……အဲဒါက သိပ်အရေးမကြီးဘူးလို့ ထင်တယ်နော်။
ကျောက်ယင်းဟယ် က ခါးခါးသီးသီး ညည်းညူပြလိုက်သည်။
” လီချန်ယွမ် က ဘယ်လောက်ထိ တွန့်တိုတတ်လဲ မင်း သိလား ၊ သူက ငါ့ကို တစ်ကိုက်လေး စားခွင့်တောင် မပေးဘူး ၊ ပြီးတော့ ငါ့ကို ဘူးကိုတောင် ကိုင်ခွင့်မပေးဘူး !”
သူ့ကို မုန့်မကျွေးရုံတင်မကဘူး၊ ခွေးစာအတောင့်လောက်နဲ့ ခေါင်းကိုရိုက်ပြီး အိမ်မှာ ချစ်သူလေးတစ်ယောက်ရှိတာကို နေရာတိုင်းမှာ ဘယ်လောက်ကောင်းမှန်း ကြွားဝါနေသလိုပဲ။
ဒါကိုကြားသောအခါ ရှရှင်းချီ ၏နှုတ်ခမ်းထောင့်များ တွန့်သွားသည်။ အစားအသောက်သမားများသည် အလုပ်အကိုင်နှင့် အပေါင်းအသင်းကြား မခွဲခြားတတ်ပုံရသည်။
လီချန်ယွမ် လည်း ထူးဆန်းသည်။ ၎င်းသည် ကွတ်ကီးအနည်းငယ်မျှသာဖြစ်သော်လည်း သူသည် အခြားသူများကို ဤကဲ့သို့ မနာလိုဖြစ်အောင် ပြုလုပ်ခဲ့သည်။ အဆိုးဆုံးကတော့ သူ ဒီ့ထက်ပိုပြီး လုပ်နိုင်ပါတယ်။
“အနံ့က တကယ်ကို မွှေးနေတာပဲ။ အချိုပွဲဆိုင်က မုန့်တွေတောင် မင်းလုပ်တဲ့မုန့်လောက်မမွှေးဘူး။ လုပ်ပါ ငါ့ကို နည်းနည်းကျွေးလေ”
ရှရှင်းချီ က ခေါင်းညိတ်ပြရုံမှတပါး ရွေးချယ်စရာမရှိတော့ဘဲ ကျောက်ယင်းဟယ် ဆက်ပြောလာသည်ကို နားထောင်လိုက်သည် ” ဒုတိယတစ်ချက်ကတော့ လီချန်ယွမ် က မင်းကို ခဏလောက် ရှာမတွေ့တာနဲ့ ဒေါသထွက်လွန်ပြီး အစာအိမ်ပါ အောင့်နေရှာတာ…… မင်းဘာလို့ သူ့ကို သွားမကြည့်တာလဲ။”
ကျောက်ယင်းဟယ် က ဒါကို ကျင့်သားရနေတာ ကြာပြီ။ လီချန်ယွမ် ငယ်ငယ်က သွေးအန်တာကိုတောင် သူမြင်ဖူးသည်။ ဤသည်မှာ မိုးဖွဲလေးမျှသာ ဖြစ်ခဲ့သည်။
သို့သော် ရှရှင်းချီကတော့ သည်းမခံနိုင်ပါ။ သူဂရုတစိုက်ကျွေးမွေးခဲ့သည့် ကြောင်ကြီးမှာ စိတ်တိုတိုနှင့် ဗိုက်နာလာပြန်တယ်လို့ ကြားတာနဲ့ အမြန်ရှာတွေ့ဖို့ ပြင်လိုက်သည်။
————
ကံကောင်းထောက်မစွာ၊ ဤတစ်ခေါက်သည် မနေ့ညကလောက် မပြင်းထန်ဘဲ၊ နည်းနည်း သက်သာနေပြီဖြစ်သည်။ လီချန်ယွမ် ၏ နှုတ်ခမ်းများသည် အနည်းငယ် ဖျော့တော့နေပြီး အေးစက်သော အမူအရာဖြင့် ကဏန်းကို အခွံခွာနေရင်း သူ့ထိုင်ခုံတွင် ထိုင်နေသည်။
သူ့ကြည့်ရတာ တကယ်စိတ်အခြေအနေမကောင်းဖြစ်နေပုံရသည်။ ရှရှင်းချီ သည် သူခွာနေသောကဏန်းသားသည် သူ့အတွက်ဖြစ်သည်ကို အတွင်းစိတ်က သံသယဖြစ်ခဲ့ပေမယ့် နောက်ပိုင်း အတွေးများ အပိုင်းပိုင်းပြတ်တောက်သွားခဲ့သည်။
သူ့အနားရောက်လာသည်ကိုမြင်တော့ လီချန်ယွမ် က သူ့ရေသေမျက်လုံးတွေနဲ့ မော့ကြည့်ပြီး “ထိုင်” လို့ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
သူ့ဘေးတွင် ထိုင်ခုံအလွတ်တစ်လုံးရှိပြီး အခွံခွာထားသော ကဏန်းအသားကို ထိုထိုင်ခုံ၏ရှေ့မှ ပန်းကန်ပြားတစ်ခုပေါ်တွင် တင်ထားသည်။ ကဏန်းအပြင်၊ ထူးခြားဆန်းပြားသော အသားများ အပါအဝင် အရသာရှိသော အစားအစာ အမျိုးမျိုးရှိသည်။
ရှရှင်းချီ သည် အရသာရှိသော အစားအစာအားလုံးကို မျက်တောင်ခတ်ပြီး သူ ဘာကိုဆိုလိုသည်ကို နားမလည်သေးပေ။
ဗီလိန်ကြီးသည် သူ့အတွက် ကဏန်းများကို ဂရုတစိုက် အခွံနွှာပေးလောက်အောင် သဘောကောင်းသည်ဟု သူ မထင်ရဲဘဲ သေချာသည်မှာ ထိုလူက သူ့ကို အခွံခွာပြီး ကဏန်းစာကျွေးနိုင်သည်ဟု တွေးမိသည်။
ထို့ကြောင့် ဤအစားအစာသည် “နောက်ဆုံးညစာ” ဖြစ်မဖြစ်ကို တွေးတောရင်း နောက်ဆုံးတွင် သတိဖြင့် ထိုင်ချလိုက်သည်။
ဒါပေမယ့် အမှန်အတိုင်းပြောရမယ်ဆိုရင် ကော်ဇောနီလမ်းလျှောက်နေတဲ့အချိန်တွင် သူ ဖုန်းကို အသံပိတ်ထားခဲ့မိသည်။ သူသည် ဟင်းအမည်များကို မှင်တက်စွာ စာရင်းပြုစုပြီးမှတ်နေချိန်၌လည်း သူ့ဖုန်းကို မကြည့်ဖြစ်ခဲ့။ လီချန်ယွမ် က သူ့ဆီ ဖုန်းဆက်မရလို့ စိတ်ဆိုးသွားတာလို့ ဘယ်သူက ထင်မှာလဲ။
ရှရှင်းချီ က သူ့ခေါင်းကို ငုံ့လိုက်ပြီး ထူးဆန်းတဲ့ အတွေးတစ်ခု သူ့စိတ်ထဲမှာ ပေါ်လာသည် – လီချန်ယွမ် က စိတ်မဆိုးပါဘူး၊ တကယ်တော့ သူက ကြောက်နေခဲ့တာ။
သို့သော် ၎င်းကို ပို၍သေချာစွာတွေးပြီးနောက် ရှရှင်းချီ သည် သူ၏ကိုယ်ပိုင်စိတ်ကူးကို ပထမဆုံးအကြိမ်စွန့်ပစ်ခဲ့သည်။
ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သော ဗီလိန်တစ်ယောက်သည် “ကြောက်ရွံ့ခြင်း” ၏ ခံစားချက်ကို မည်သို့ခံစားနိုင်မည်နည်း။ ဖြစ်ခဲ့လျှင်ပင်၊ သူကိုယ်တိုင်ကဲ့သို့ အရေးမပါသော လူတစ်ဦး ပျောက်ဆုံးသွားခြင်းကို ကြောက်ရွံ့ရန် မဖြစ်နိုင်ပေ။
သူတွေးနေစဉ်မှာပဲ လီချန်ယွမ် က “စားလေ” ဟု ပေါ့ပေါ့ပါးပါး ပြောလိုက်သည်ကို သူကြားလိုက်ရသည်။
သူစကားပြောနေရင်းနှင့် နောက်ထပ်ပုဇွန်တွေကို အခွံခွာပြီး သူ့ရှေ့မှာ ပန်းကန်ပြားပေါ်တင်ပေးနေသည်။
ထိုခိုင်မာသောစကားလုံးကိုပြောသောအခါ ရှရှင်းချီ သည် လုံးဝ လက်မြှောက်ရှုံးသွားခဲ့သည်။ လီချန်ယွမ် သည် သူ့အတွက် ပုဇွန်ကို တကယ်ခွာနေမှန်း သူ မယုံနိုင်ဖြစ်မိသည်။
သူကြားတာပဲ မှန်သလား၊ ဒါမှမဟုတ် ဒါက ပူးပေါင်းကြံစည်မှုမျိုးလား ဟူ၍သာ သံသယဖြစ်မိသည်။
လီချန်ယွမ် ခေါင်းကို လှည့်ကြည့်လိုက်သည်နှင့် တပြိုင်နက် အနက်ရောင် မျက်လုံးဝိုင်းဝိုင်းကြီးဖြင့် သူ့ကိုယ်သူ ကိုက်စားခံရမည်စိုးရိမ်ပြီး အိုးတစ်လုံးထဲ ပြုတ်ကျသွားတော့မလိုမျိုး နိုးနိုးကြားကြားရှိနေသော ဖြူကောင်လေးက သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသောကြောင့် သူ မစရက်တော့ပေ။
“မင်းဗိုက်ဆာနေပြီလို့ ပြောလိုက်တာမဟုတ်ဘူး ရှောင်ချီ?”
သူ့လေသံမှာ တည်တည်ငြိမ်ငြိမ်ရှိသော်လည်း နောက်ဆုံးစကားလုံးနှစ်လုံးကို အနည်းငယ် အလေးပေး ဖိပြောထားသည်။ ဤအရာက ရှရှင်းချီ ကို အခြားသူများရှေ့တွင် ချစ်ဟန်ဆောင်ရန် အချိန်တန်ပြီဖြစ်ကြောင်း သတိပေးနေသည်ဟု ထင်ကာ ရုတ်တရက် ဉာဏ်အလင်းရစေခဲ့သည်။
ဒါက အဓိပ္ပာယ်ရှိတယ်။ ရှရှင်းချီ သည် နောက်ဆုံးတွင် ပျော်ဝင်သွားပြီး နာခံမှုဖြင့် ခေါင်းညိတ်ဟန်ဆောင်ကာ ပျော်ရွှင်စွာ စားသောက်နေတော့သည်။
ကူကယ်ရာမဲ့စွာဖြင့် လီချန်ယွမ် က သူ့လက်တွေကို သုတ်လိုက်ပြီး ခပ်ဖွဖွလေးနဲ့ အိအိလေးဖြစ်သည့် ခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ အစာစားနေချိန်၌ နှလုံးသားမရှိသူသည် ဘာကိုမှ သတိမထားမိပေ။
Chapter 39 end
————