Little Creampie:
Chapter 36
ကျန်းဟိုင်သည် လီချန်ယွမ်ကို သူ့မျက်လုံးများဖြင့် တိုက်ရိုက်မမြင်ဖူးသော်လည်း ဒေါသမရှိသည့်တိုင် ဖိအားများပေးနိုင်သည့် အင်မတန်အေးစက်သောမျက်လုံးများဖြင့် တစ်ချက်ကြည့်ခံလိုက်ရသောအခါတွင် သူရုတ်တရက်သဘောပေါက်လာသည်။
သူ့ရှေ့မှာ များပြားလှတဲ့ အခြွေအရံနဲ့ သူ့ရဲ့အထက်အရာရှိရဲ့ မြှောက်ပင့်ပြုံးရယ်နေတဲ့ မျက်နှာကိုကြည့်ပြီး အဲ့ဒီသူဌေးကြီးမှလွဲလို့ တခြားဘယ်သူဖြစ်နိုင်ဦးမှာလဲ။
သို့သော် VIP ခန်းဆောင်သည် ကော်ဇောနီအတွက် ပြင်ဆင်ထားသော စောင့်ဆိုင်းနေရာနှင့် ဝေးကွာသည့် အတွင်းခန်းမ၏ ဒုတိယထပ်၌ တည်ရှိသည်။ မစ္စတာလီက ဒီကို ရုတ်တရက် ဘယ်လိုပေါ်လာတာပါလိမ့်။
ကျန်းဟိုင် နှင့် အခြားလူများက ဤအရာကို အလွန်အံ့အားသင့်သွားခဲ့ကြသည့်တိုင် ထိုလူ၏အမူအရာကို ခန့်မှန်းနိုင်ခဲ့ကြသူများ မဟုတ်ပေ။ ရှရှင်းချီ ကိုယ်တိုင်ပင်လျှင် အလွန်စိတ်ရှုပ်ထွေးနေခဲ့သည်။
အခုလေးတင် ရှရှင်းချီ က သူ့ကိုအေးလားလို့ မေးတော့ သူက ပြုံးပြုံးရွှင်ရွှင်နဲ့ ဟန်ဆောင်ပြုံးလိုက်ပြီး သူမအေးဘူးလို့ ပြန်ဖြေလိုက်တာ။
အမှန်တိုင်းဝန်ခံရလျှင်၊ သူတို့နှစ်ယောက်မှာ တကယ့်ချစ်သူတွေ မဟုတ်သည့်တိုင် သူတို့ကြား၌ သဘောတူညီမှုတစ်ခုရထားတဲ့ လူနှစ်ယောက်ပင်ဖြစ်၍ သူ့၏ လျစ်လျူရှုတတ်သောသူဌေးက အဝတ်အစားတွေ ပို့ပေးလိမ့်မည်ဟု မျှော်လင့်ဖို့ရန် လုံးလုံးမဖြစ်နိုင်ပေ။
သို့သော် လီချန်ယွမ်က သူ့လက်ထဲတွင် ကုတ်အင်္ကျီအထူကြီးဖြင့် သယ်လာသည်ကို မြင်လိုက်ရသောအခါ ရှရှင်းချီ ၏ နှလုံးခုန်သံများ ခုန်ပျံတက်သွားသည်- သူငါ့အတွက် အဝတ်တွေ တကယ်ယူလာပေးပါလား!!
ထိုအတွေးသည် သူ့အတွေးအိမ်အတွင်းသို့ ကျရောက်သွားသည်နှင့် တပြိုင်နက် ကလေးဘဝက အပူချိန် ရုတ်တရက် ကျဆင်းသွားသည့် အချိန်ကို သတိရမိသည်။ သူလည်း ထိုအချိန်မျိုး၌ တုန်တုန်ယင်ယင် ဖြစ်နေခဲ့ရပြီး တခြားကလေးများအား မိဘများက အနွေးထည်အသီးသီး ယူပေးလာသည်ကို ကြည့်ရင်း မနာလိုဖြစ်ခဲ့သည်။
ဖော်မပြတတ်သော ကျေနပ်မှုနှင့် ပျော်ရွှင်မှုတစ်ခုက သူ့နှလုံးသားကို ချက်ခြင်း ပြည့်နှက်သွားခဲ့သည်။ ဤသည်မှာ “မိဘများ” ထံမှ နွေးထွေးစွာဆက်ဆံမှု ပေးပို့ခံရခြင်း၏ခံစားချက်ဖြစ်သည်ကို နောက်ဆုံးတွင်သူတွေ့ရှိခဲ့ရသည်။
ရှရှင်းချီ သည် သူ့ပြိုင်ဘက်၏လက်ကို လွန်ခဲ့သောအခိုက်အတန့်က လိမ်ကိုင်ထားခဲ့သော်လည်း ယခုအခါတွင်မူ သူ့တစ်ကိုယ်လုံးရှိ မကောင်းသော ဆူးပင်များကို လွှတ်ချလိုက်သည်။
သူသည် ဗီလိန်၏အမြီးကို နင်းမိခဲ့ကြောင်း လုံးလုံးမေ့သွားပြီး မူလက အမဲလိုက်ခံရခြင်းမှ ရှောင်ရှားရန် လှည့်ပတ်ပြေးနေခဲ့သည်ကိုလည်း မေ့လျော့သွားသည်။
သူ၏ မသိစိတ်ဖြင့် လီချန်ယွမ် ဆီသို့ ခြေတစ်လှမ်းတိုးလိုက်မိသည်။ မထင်မှတ်ပဲ၊ ခဏတာ အာရုံစူးစိုက်မှု လွတ်သွားပြီး တစ်စုံတစ်ယောက်၏ တွန်းအားကြောင့် လဲကျသွားကာ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။
ကျန်းဟိုင်သည် လမ်းကိုပိတ်ဆို့နေသော ရှရှင်းချီ ကို ဘေးသို့တွန်းထုတ်လိုက်ပြီး သူ့အဖေကိုမြင်ရသလို လီချန်ယွမ် ဆီသို့ ပြေးသွားလိုက်သည်။ သို့သော် ထင်ရှားနေသည်မှာ၊ “မည်သူမျှအလေးမထား” သော ရှရှင်းချီ ၏ အရေးပါမှုကို ငွေကြေးဆိုင်ရာ ဘက်စုံသူဌေးကြီးတစ်ဦးနှင့် နှိုင်းယှဉ်၍ မည်သူမျှ အာရုံမရခဲ့ပေ။
ရှရှင်းချီ သည် ချက်ချင်းပင် ဒေါသတကြီးဖြစ်ကာ သူ့ကို သနားညှာတာမှု မပြုသင့်ဟု တွေးလိုက်သည်။ ဒီလူမိုက်က သူ့ဘဝတစ်ခုလုံးလိမ်ချိုးခံလိုက်ရသလို အရသာမျိုးကို မြည်းစမ်းကြည့်သင့်တယ်။
ကျန်းဟိုင် က ချက်ချင်းကပ်ဖားရပ်ဖားဖြင့် ရှေ့ကိုမော့ကြည့်ပြီး “မစ္စလီ၊ လူကြီးမင်း ဘာလို့ဒီကိုရောက်လာတာလဲခင်ဗျ။”
လီချန်ယွမ် ဟာ ဒီနေ့ သူ့ချစ်သူနှင့် အဖော်လိုက်ပေးဖို့ရန် ဒီမှာ ရှိနေသည်ဆိုသော အတွင်းသတင်းကို သူ အရင်ထဲက ကြားခဲ့ပြီးဖြစ်သည်။ မျက်နှာမပြဖူးသော သူဌေးကြီးသည် ကော်ဇောနီပေါ်တွင် လိုက်ပါလိုခြင်းမှာ အမှန်ဖြစ်နိုင်ပါ့မလား
ဟု တွေးခဲ့ဖူးသည်။
သူသည် ထိုပုဂ္ဂိုလ်၏ လျှို့ဝှက်ဆန်းကြယ်သော ချစ်သူ အမည်ကို ကာလကြာရှည်စွာ ခန့်မှန်းခဲ့သည်။ အမျိုးမျိုးသော ကောလဟာလများကိုအခြေခံကာ အသက်အရွယ်နှင့် အထောက်အထားကို ပေါင်းစပ်လိုက်ခြင်းဖြင့် ၎င်းသည် ရှ မိသားစု၏ တစ်ဦးတည်းသော သခင်လေး- ရှယွီ ဖြစ်ဖွယ်ရှိသည်။
ထို့ကြောင့် ကျန်းဟိုင်သည် သူ့အား စိတ်ကျေနပ်စေမည့် အရာတိုင်းကိုစွမ်းဆောင်ခဲ့ပြီးသားဖြစ်ပြီး၊ ဤအချိန်သည် အကြွေးယူရန် အချိန်မှန်လားဟု တွေးနေမိသည်။
သို့သော်လည်း လီချန်ယွမ် ၏အမူအရာမှာ သိသိသာသာ မဲမှောင်သွားပြီး စကားတစ်ခွန်းမှ မပြောဘဲ သူ့ကိုသာ စိုက်ကြည့်နေခဲ့သည်။ တစ်စုံတစ်ယောက်ကို တွန်းထုတ်လိုက်မိသည့် လုပ်ရပ်ကြောင့် တစ်ချိန်တည်းမှာပင် ကြောက်စရာကောင်းသော ဖိနှိပ်အားမှာ အဆမတန် ပြင်းထန်လာသည်။
သူ့အထက်လူကြီး၏ မျက်နှာသည် ယခုမှ အေးခဲသွားသည်ကို သတိပြုမိပြီး လူသေကိုကြည့်ရသကဲ့သို့ ကြောက်စရာကောင်းသော အမူအရာများဖြင့် သူ့ကို စိုက်ကြည့်နေကြသည်။
ဒီငမိုက်သားဟာဆိုရင်လည်း နောက်ဆုံးတွင် တစ်ခုခုမှားနေပြီဆိုတာ သဘောပေါက်သွားသည်။ ကျန်းဟိုင် သံသယဝင်လာပြီး တုန်တုန်ယင်ယင်အသံဖြင့် “မစ္စလီ၊ လူကြီးမင်းက-”
သူ့ဘေးနားရှိ ရှရှင်းချီ ၏ အသံသည် တိုးတိတ်စွာ ထွက်ပေါ်လာသည်-
“ဘာလဲ မင်း အခုချက်ချင်း လီချန်ယွမ်ကို ချတော့မလို့လား?၊ မင်း အရိုက်ခံရဖို့ကို အလျင်စလို ဖြစ်နေသလားလို့”
ကျန်းဟိုင် : ?
သူ အတော်လေးထိတ်လန့်နေပြီဖြစ်သော်လည်း ဤအဆင့်နိမ့် အနုပညာရှင်လေးသည် လီချန်ယွမ် ဟူသော ပုဂ္ဂိုလ်ကိုပင် အမည်ဖြင့် ခေါ်ဝံ့သောအခါ သူပို၍ပင် တုန်လှုပ်သွားပြီး ဒေါသဖြစ်ခဲ့ရသည်။
“မင်းဘာတွေ လျှောက်ပြောနေတာလဲ၊ ငါဘယ်တုန်းကပြောတာလဲ။”
“ငါက မစ္စတာလီ ကို အကြောင်းပြချက်မရှိဘဲ တိုက်ခိုက်ရအောင် ရူးနေလို့လားကွ။ ငါပြောတာ မင်းရဲ့ ခင်ပွန်းလောင်းကို…”
သူစကားမဆုံးခင်မှာ ကျန်းဟိုင် က တစ်စုံတစ်ခုကို သတိပြုမိသွားပြီး သူ့ရှေ့မှ “အဆင့်နိမ့်အနုပညာရှင်” ကို တစ္ဆေမြင်ရသလိုမျိုး မျက်လုံးပြူးကျယ်ကျယ်နှင့် စိုက်ကြည့်နေမိတော့သည်။
ရှရှင်းချီက က ပခုံးတွန့်လိုက်ပြီး “အင်းလေ ငါ့ခင်ပွန်းလောင်းက ဒီမှာ မရှိလို့လား”
ဒီစကားများ ထွက်ပေါ်လာသည်နှင့်အမျှ လူအုပ်ထဲသို့ ဗုံးတစ်လုံး ပစ်ချလိုက်သလိုပင်။
တီးတိုးပြောဆိုနေကြသောလူများသည် ချက်ချင်းငြိမ်သက်တိတ်ဆိတ်သွားကာ အားလုံးက ကျန်းဟိုင် ၏ ထိတ်လန့်တုန်လှုပ်နေသောအမူအရာကို ကြည့်ရင်း အချင်းချင်းလှည့်ကြည့်လိုက်ကြသည်။
“ဒါက လီ…..” လူတယောက်က တိုးတိုးလေး ကပ်ပြောသည်။
အခြားသူတစ်ဦးက သူမ၏ပါးစပ်ကို အမြန်ဖုံးထားလိုက်သည်- “တိတ်စမ်း၊ မင်းအသံကို လျှော့ထား!”
ကျယ်လောင်စွာ ခြိမ်းခြောက်ပြောဆိုခဲ့သော လက်ထောက်သည်လည်း ကြောက်လန့်တကြားဖြင့် တင်းတင်း ဆုပ်ကိုင်ထားသော ကော်ဖီပူပူကိုပင် ဆက်မထိန်းထားနိုင်တော့ဘဲ တဝက်ခန့်ကို သူ့အင်္ကျီကော်လာပေါ်သို့ မှောက်ကျသွားတော့သည်။
စိုစွတ်ကာ ကော်ဖီအပူလောင်နေသော်လည်း သူတချက်မညည်းညူရဲပေ။ ဆူညံ ပွက်လောရိုက်ပြီးနောက်၊ ထိုလူသည် ရှရှင်းချီ သူ့ကို သတိပြုမိမည်စိုးပြီး ထပ်မံ အသံမထွက်ဝံ့တော့ပေ။
မည်သို့ပင်ဆိုစေကာမူ ရှရှင်းချီ ကတော့ သူတို့ကို အာရုံစိုက်ဖို့ပင် စိတ်မ၀င်စားပေ။ သူသည် လီချန်ယွမ် ၏လက်ထဲမှ အဝတ်အစားကို စိတ်အားထက်သန်စွာ ချစ်မြတ်နိုးသော မျက်လုံးများဖြင့် လှည့်ကြည့်နေပြီးဖြစ်သည်။
— ဤအကြင်နာမဲ့သည့်ကလေးသည် သူယူလာသော အဝတ်အစားများကိုသာ အသိအမှတ်ပြုပြီး လူကိုကျမမှတ်မိပေ။ သူအမှတ်ကောင်းကောင်းရရန် ကြံရွယ်ထားပြီးမှ ဘတ်စ်ကားပေါ်တက်နေရင်း ဘတ်စ်ကား လွတ်ထွက်သွားသလိုပင် သူ့စိတ်ထဲ မပြေလည်သေးပေ။
လီချန်ယွမ် သည် မကျေမနပ်မျက်မှောင်ကြုတ်ကာ မှုန်ကုပ်ကုပ်မျက်နှာဖြင့် သူ့ကို လျစ်လျူရှုလျက် အဝတ်အစားများပေးရန် တမင်တကာ ငြင်းဆန်နေလိုက်ပြီး ခပ်တည်တည်ရပ်နေလိုက်သည်။
ဤသည်ကိုမြင်တော့ ဒါက သူဌေးတစ်ဦး၏ ရုတ်တရက် ကလေးဆန်မှုနှင့် ငယ်ရွယ်သော ချစ်သူများကြားက စိတ်ဆိုးစိတ်ကောက်ဖြစ်နေသည်ကို လူတိုင်းက သတိမထားမိကြဘဲ ..
လီချန်ယွမ် သည် ယခုကိစ္စနှင့် ပတ်သက်၍ အတော်လေးဒေါသထွက်နေပြီ ဟု သူတို့ထင်ကြကာ သူတို့ပါ ရောပါပျက်စီးမည်ကို စိုးရိမ်သောကြောင့် အသက်ဖြင့် ဖြောင့်ဖြောင့်မရှူဝံ့တော့ပေ။
“ဟက်ချူး!”
စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားခဲ့ရာမှ ရှရှင်းချီ ၏ ကျယ်လောင်သော နှာချေသံမှာ ထွက်ပေါ်လာသည်။
အေးလွန်းသောကြောင့် သူ့နှာခေါင်းထိပ်ဖျာနှင့် မျက်လုံးထိပ်များပင် နီရဲလာသည်။ သူ့အမူအရာက မပြောင်းလဲသည်မှာ သိသာထင်ရှားသော်လည်း အဝတ်အစားများကို မျက်တောင်တခတ်ခတ်ဖြင့် စိုက်ကြည့်နေသည့်ပုံစံက သနားစရာကောင်းသည်ဟု ထင်ယောင်ထင်မှားဖြစ်စေတော့သည်။
လီချန်ယွမ် က နှုတ်ခမ်းကို ဖွဖွစေ့ရင်း နောက်ဆုံးတွင် အားကိုးရာမဲ့စွာ သက်ပြင်းချလိုက်သည်။ နောက်ဆုံးတွင်၊ လူတစ်ဦးထံမှ အကူအညီတောင်းခံရရန် မစောင့်ဆိုင်းနိုင်မီတွင် သူ၏စိတ်နှလုံးမှာ ပျော့ပျောင်းလာကာ အနည်းငယ်မျှ အမှားအယွင်းဖြစ်မည်ကို မခံနိုင်တော့ပေ။
သူ့လက်ထဲ၌ရှိသော အဝတ်အစားများကို ရှရှင်းချီ ဆီသို့ တိုက်ရိုက်မလွှဲပေးဘဲ သူ့ဘေးနားက အတွင်းရေးမှူးယဲ့နှင့် တဆင့်ခံကာ ထိုလူကိုပေးဖို့ ပြောလိုက်သည်။
ထို့နောက် သူဝတ်ထားသော ကုတ်အင်္ကျီကိုပင် ရှရှင်းချီ ၏ ကိုယ်လုံးသိမ့်သိမ့်ပေါ်၌ တင်းတင်းကျပ်ကျပ် ဝတ်ပေးရန် ရှေ့သို့ တိုးလာစဉ် အေးခဲနေသော မျက်နှာ၏ အစိတ်အပိုင်း အနည်းငယ်မျှသာ မြင်ရသည်။
သူ့ကိုယ်ပေါ်ရောက်လာသောအင်္ကျီသည် နွေးနွေးထွေးထွေးရှိလှပြီး လီချန်ယွမ် ၏ ခန္ဓာကိုယ်မွှေးရနံ့ကို သယ်ဆောင်လာကာ ပတ်ဝန်းကျင်၏ အေးမြမှုကို ချက်ချင်းခံနိုင်ရည်ရှိစေသည်။
…… ခိုင်မြဲပြီး ယုံကြည်လို့ရတဲ့ ပွေ့ဖက်မှုတစ်ခုလိုပဲ။
ရှရှင်းချီ ၏ မျက်လုံးများသည် ချက်ချင်းပင် ပြူးကျယ်သွားသည်။ လီချန်ယွမ် ဤကဲ့သို့ ပြုမူလာမည်ကို သူ မမျှော်လင့်ခဲ့ပေ။
အထူးသဖြင့် အေးစက်တဲ့မျက်နှာဖြင့်ပင် ဒီလူက ခေါင်းအသာငုံ့ပြီး သူ့အဝတ်အစားတွေကို ဂရုတစိုက် ဝတ်ပေးနေတာကြောင့်.. ။ ဤနွေးထွေးမှုက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားရုံသာမကဘဲ သူ့နှလုံးသားအောက်ခြေအထိ စိမ့်ဝင်သွားကာ တုန်ယင်စေသော အပူလှိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
– သူက ကြည့်ကောင်းသားပဲ။
ရှရှင်းချီ သည် လီချန်ယွမ် ၏ ချောမောသော မျက်နှာကို နီးနီးကပ်ကပ် ကြည့်နေမိသဖြင့် ဤအတွေးတစ်ခုသည် သူ့စိတ်ထဲ ပေါ်လာသည်။
သူခဏလောက်စဉ်းစားပြီးနောက် အတွင်းရေးမှူးယဲ့၏လက်ထဲရှိ အင်္ကျီကိုယူကာ လီချန်ယွမ် ပေါ်တွင် ဝတ်ပေးလိုက်သည်။
သို့သော် ဤမရှင်းလင်းနှင့် ရှုပ်ထွေးသောလေထုသည် ၎င်းတို့နှစ်ဦးကြားတွင်သာ တည်ရှိနေခဲ့ပြီး အခြားသူများမှာ ကြီးစွာသောထိတ်လန့်မှုများဖြင့်သာ ပြည့်နှက်နေသည်။ သူတို့နှစ်ယောက်ကြားက အပြန်အလှန် ဂရုတစိုက်တုံ့ပြန်မှုကို ပိုတွေ့ရလေ သူတို့ရင်တွေ တသိမ့်သိမ့် ပိုတုန်လှုပ်သွားလေပါပဲ။
ထိုလူအများစုထဲမှ ခြေထောက်များ အားနည်းချိနဲ့သွားသည်အထိ ထိတ်လန့်နေသူမှာ ကျန်းဟိုင် ဖြစ်သည်။
ရှယွီ သူ့ကိုကမ်းလှမ်းသော လစာမြင့်မားမှုကြောင့် ထိုအဆင့်နိမ့်အနုပညာရှင်ကို ရှင်းလင်းသည့်နေရာ၌ ကူညီပေးခဲ့သော်လည်း တကယ့်အကြောင်းပြချက်မှာ ရှယွီ သည် လီချန်ယွမ် ၏ စေ့စပ်ထားသူဖြစ်ကြောင်း နှင့် ကျန်းဟိုင် က သူမျက်နှာလိုမျက်နှာရ လုပ်ချင်ခဲ့သည့် ထိုပုဂ္ဂိုလ်ကို နှစ်သက်စေလိုသော ဆန္ဒရှိခဲ့ခြင်းကြောင့်သာ သူဝင်ပါခဲ့ခြင်းဖြစ်သည်။
သူ့ရှေ့က မြင်ကွင်းကို သက်သေခံရင်း ကျန်းဟိုင်သည် အံ့သြတုန်လှုပ်စွာ ရပ်နေမိတော့သည်။ လီချန်ယွမ် ၏ စေ့စပ်ထားသူ မှာ ဘယ်လိုလုပ် ရှယွီ ဖြစ်နိုင်မည်နည်း။
သို့သော် ရှယွီ က သူ့ကိုယ်သူ ရှင်းရှင်းလင်းလင်း ဝန်ခံခဲ့သည်။
အာ! သေပြီ!
ရှယွီ က ဒါကို တိုက်ရိုက် ဝန်မခံဖူးကြောင်း ရုတ်တရက် သူ သဘောပေါက်သွားခဲ့ပြီး သူနားမလည်နိုင်အောင်သာ “အရိပ်အမြွက်” ဖော်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် သူ၏ အထောက်အထားကို လှည့်ဖြားပြီး သူ့ကိုအသုံးချရန်သာ အသုံးပြုခဲ့ခြင်းဖြစ်သည်- အမှန်တကယ်တွင် သူက အတုအယောင်တစ်ယောက်ထက်မပို။
သူသိလိုက်ရသည်မှာ နောက်ကျသွားပြီဖြစ်သည်။ အခုမှ ကျန်းဟိုင် က သူ့ လှည့်စားခံလိုက်ရပြီး တကယ့်ဆရာကြီး ရှရှင်းချီ ကို စော်ကားဖို့ လက်နက်အဖြစ် အသုံးပြုခံခဲ့ရသည်ကို ကျန်းဟိုင် ကောင်းကောင်းကြီး သိလိုက်သည်။
တစ်ချိန်တည်းမှာပင် ကြောက်ရွံ့ထိတ်လန့်သွားပြီး သူ့အဆုံးသတ်ဟာ မကောင်းနိုင်တော့ဘူး ဆိုတာကို သူသိလိုက်သည်နှင့် ခဏအကြာ သူပြန်အားတင်းလိုက်၍ ရှယွီ ကိုပါ သူနှင့်အတူ ဆွဲချရန် ဆန္ဒရှိနေခဲ့သည်။
သို့သော် သူ လူအုပ်ကြား ဝေ့ဝိုက်ကြည့်လိုက်သော်လည်း ရှယွီ ရဲ့ အရိပ်အယောင်ကိုပင် မမြင်ရတော့ပေ။
Chapter 36 end
————
Chapter 37
ယခုလေးတင် လီချန်ယွမ် ရောက်လာသောအခါ ရှယွီ မှာ တစ်ခုခုမှားနေပြီဖြစ်ကြောင်း သိလိုက်သောကြောင့် အားလုံးမှင်တက်နေသည့် အချိန်တွင် သူ အမြန်ထွက်သွားခဲ့သည်။
အရင်ကသူသည် လီချန်ယွမ် နှင့် စေ့စပ်ရန် အမြဲဆန္ဒရှိခဲ့သည်ဖြစ်၍ သူ့အကြောင်း သေသေချာချာ လေ့လာထားခဲ့သည်။ ထိုသူဒေါသထွက်ပြီးနောက် မည်မျှ ရက်စက်နိုင်သည်ကိုပါ သူသိထားပြီး မည်မျှ လိမ္မာပါးနပ်သည်ကို သူသိခဲ့သည်—
လီချန်ယွမ် ၏အကြည့်တစ်ချက်အောက်တွင် ကျန်းဟိုင်ထံမှ သူသည်သာ တရားခံဖြစ်ကြောင်း ချက်ချင်းသိနိုင်သည်။
ရှယွီ က သူ ချက်ချင်းမထွက်သွားရင် ဒီနေရာမှာပင် ချုပ်နှောင်ခံရလိမ့်မည် ဟု တွေးလိုက်မိသည်။
ကော်ဇောနီပေါ်မှထွက်သွားခြင်းသည် အသေးအဖွဲကိစ္စပင်။ သို့သော် အချိန်အတော်ကြာအောင် အရှိန်အဟုန်မြှင့်ပြီး ရေပန်းစားနေခဲ့ရာမှ ရုတ်တရက် ပျောက်ကွယ်သွားခြင်းဟာ တော်တော်ကသိကအောက်နိုင်လွန်းပြီး သူထွက်သွားရသည့် အကြောင်းရင်းကို မည်သို့ရှင်းပြရမည်နည်း။
မည်သို့ပင်ဆိုစေကာမူ သူသည် နာမည်ကြီး idol တစ်ယောက်ပင်။ သူ၏မျက်နှာကို screen time အနည်းငယ်သာပြသခြင်းသည်ပင် ပရိတ်သတ်များနှင့် ဆန့်ကျင်ပရိတ်သတ်များအကြားတိုက်ပွဲ၏ခေါင်းစဉ်ဖြစ်လာခဲ့သည်။
[ ရှယွီ ! အကြာကြီးစောင့်ပြီးမှ နောက်ဆုံးတော့ ငါ့ကလေးလေးရောက်လာပြီပေါ့။]
[ချောတယ်၊ အရမ်းချောတယ်၊ ရှောင်ယွီက သူ့ရဲ့ဘရန်းဝတ်စုံနဲ့ ဘယ်လောက်ကြည့်ကောင်းလဲဆိုတာ ကြည့်လိုက်စမ်းပါ။ သူတစ်ယောက်ထဲကပဲ ဒီတံဆိပ်ကို ငှားနိုင်တဲ့ တစ်ဦးတည်းသော သူနော်!။]
[အပေါ်ထပ်ကနေလူ တစ်နေ့လုံး ခုန်ပေါက်နေပါရောလား? မင်းရဲ့ idol က ဒီခေတ်ရေပန်းစားနေတဲ့ ရာသီရဲ့ဘရန်းကိုတောင် မဝတ်ထားတဲ့ကိစ္စ၊ မင်းက ဘာကိုပြောချင်တာ။]
[ အပြောကောင်းတယ်နော် ဒီလိုရာသီဥတုမျိုးမှာတောင် သူက နွေရာသီနဲ့ ဆောင်းဦးစတိုင်လ်ကို ၀တ်ဆင်ထားရဲသေးတယ်။ ရှက်လည်းမရှက်တတ်ဘူးလား။]
[ နင်တို့က သပ်သပ်မနာလိုဖြစ်နေတာပဲ။ ငါ့ကလေးလေးရှယွီက အဲ့ဒီဆောင်းရာသီဖက်ရှင်ကို မငှားရတာက brandဘက်က ငှားရမ်းခွင့် မပြုလို့ ဖြစ်ပါလိမ့်မယ်။ ဒီနေ့ တခြားဘယ်သူမှလည်း ဝတ်ထားတာ မရှိဘူး မဟုတ်လား။]
ရှယွီ သည် နဂိုက သူအလေးအနက်ထားဆုံးသော ဝတ်စုံဘရန်းနှင့် သူ၏ဂုဏ်သတင်းကို အမြဲတန်ဖိုးထားခဲ့သည် ၊ သို့သော် ယခုအချိန်တွင်မူ ၎င်းတို့ကို လုံးဝဂရုမစိုက်နိုင်ပေ။
ကော်ဇောနီပေါ်မတက်ရခင်အထိ တစ်ခုခုမှားနေပြီဆိုတာ သူ မသိခဲ့ပေ။ လီချန်ယွမ်ကသာ သူ့ကို အခင်းဖြစ်တဲ့နေရာမှာ ဆွဲထုတ်ဖို့ လုံခြုံရေးတွေကို ရုတ်တရက် အမိန့်ပေးလိုက်လျှင် ဒါဟာ ကြည့်ရှုသူ သန်းပေါင်းများစွာရှေ့မှာ အချိန်နှင့်တပြေးညီ တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ပြီး အကျိုးဆက်တွေက ပိုဆိုးရွားသွားလိမ့်မည်။
[ရှယွီ က ဒီနေ့ လမ်းလျှောက်တာ အရမ်းမြန်တာကို သတိထားမိကြလား။ သူ့နောက်ကို ကျားလိုက်နေသလိုပဲ။]
[ဒါက မင်းတို့မိသားစုရဲ့ ချမ်းသာပြီး မြင့်မြတ်တဲ့ သားလေးရဲ့ အပြုအမူလား။ နားလည်ပါတယ်လေ၊ သူတို့မိသားစုက အရှိန်နဲ့ လမ်းလျှောက်အပြေးပြိုင်ပွဲများ ကံကောင်းရင် ဝင်ပြိုင်လို့ရအောင် လေ့ကျင့်ပေးထားတာနေမှာပေါ့ (ခွေးခေါင်း.jpg)]
[ ဟားဟား ဟားးးးး အပေါ်ထပ်က တကယ်ကို ချက်ကျလက်ကျပဲဟေး။]
[သူ့အမူအရာက အရမ်းအိုဗာဖြစ်နေတာများ မသိတဲ့သူတွေကျ သူ့ကို လိုက်ဖမ်းနေတယ်လို့ပါ ထင်ကြလိမ့်မယ်။ သူ ကော်ဇောနီပေါ် ပြေးတော့မလို့များလား။]
————
တဖက်တွင် ကျန်းဟိုင် သည် သူ့အထက်လူကြီး၏အမိန့်အရ လုံခြုံရေးအစောင့်များက သူ့ကို တံခါးအပြင်သို့ ဆွဲထုတ်ခံလိုက်ရစဉ် ကျန်းဟိုင်သည် မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့သည်။
အနုပညာရှင်များကို သီးသန့်အနိုင်ကျင့်ရန် လာဘ်ယူခြင်းသည် တားမြစ်ချက်တစ်ခုဖြစ်ပြီး အဆိုးဆုံး အလုပ်ပြုတ်သွားမည်ဖြစ်သည်။ ၎င်း၏ က်ိုယ်ရေးမှတ်တမ်းတွင်လည်း မကောင်းသော အကျင့်ပျက်ခြစားမှုကို ထုတ်ပြန်နိုင်ခြင်းကြောင့် ဤလုပ်ငန်းတွင် ဆက်လက်လုပ်ကိုင်ရန် မဖြစ်နိုင်တော့သလို အခြားကဏ္ဍအားလုံးတွင် အလုပ်လျှောက်ထားရန် ခက်ခဲသွားမည်ဖြစ်သည်။
လီချန်ယွမ် က သူ့ကို ဘယ်လို ဆက်ဆံမလဲ ဆိုတာကတော့ ပိုကြောက်စရာကောင်းသည်။
တောင်းပန်စကားများနှင့် ကရုဏာသက်ရန် တောင်းဆိုမှုများအားလုံးသည် ကျိုးပဲ့သောရေကန်ထဲမှ ရေများလိုပင် တစ်ပြိုင်တည်း ပန်းထွက်လာကြသည်။ ဤသို့ဖြင့် ကျန်းဟိုင်ကို အပြင်သို့ ခေါ်ထုတ်သွားခဲ့လေသည်။
ရှရှင်းချီ က ဆွံ့အနေသကဲ့သို့ နားပိတ်ထားလိုက်သည်။ သူ့မျက်လုံးများကိုပင် တဖျက်ဖျက်ခတ်လိုက်ရင်း လီချန်ယွမ် ကို နောက်တစ်ကြိမ် ကြည့်လိုက်တော့ သူ့ခန္ဓာကိုယ်ပေါ်က အဝတ်အစားများသည် သူ့ဟာနှင့် အတူတူစုံတွဲဖြစ်နေသည်ကို သတိထားမိလိုက်သည်။ သူတကယ်ပဲ အနက်ရောင် စုံတွဲပွဲတက်ဝတ်စုံကို ဝတ်ထားသည်မှန်း ရုတ်တရက် သဘောပေါက်လိုက်သည်။
မန်နေဂျာ၏ အရောင်းစွမ်းရည်သည် နောက်ဆုံးတွင် လီချန်ယွမ် ကိုပင် အခြားတစ်စုံဝယ်ရန် ဆွဲဆောင်နိုင်လောက်အောင် အားကောင်းနေခဲ့ခြင်းဖြစ်ပေမည်။
ဒါကိုတွေးပြီး ရှရှင်းချီ က သူ့အလုပ်ဝင်ဖို့ အချိန်တန်နေပြီဟု တွေးလိုက်မိသည်။
လီချန်ယွမ် နှင့် သူ့၏ဆက်ဆံရေးအကြောင်း လူတွေကို မသိစေချင်သော်လည်း ကိစ္စတွေက ဒီလောက်အထိ ရောက်သွားခဲ့သည်။ လူတိုင်း၏မျက်စိအောက်တွင် သူ၏လျှို့ဝှက်ချက်များကို ထုတ်မပြနိုင်သောကြောင့် ရှရှင်းချီ သည် လီချန်ယွမ် ၏လက်မောင်းကို ချစ်ခင်စွာဖြင့် ဖက်တွယ်ရန် အနားသို့ လှစ်ခနဲ အမြန်တိုးသွားခဲ့သည်။
ဤကဲ့သို့ တစ်ကြိမ်နှစ်ကြိမ်လုပ်ပြီးသောအခါ သူသည်ပင် ရင်းနှီးသလိုလိုရှိလာသည်။ သူပိုပွတ်သပ်လေလေ၊ ပိုသဘာဝကျလေလေ၊ မသိစိတ်က သူ့ခေါင်းဖြင့် ဗီလိန်ကြီး၏ ပုခုံးပေါ်သို့ ပွတ်သပ်နေသယောင် ဖြစ်နေသည်။
နှစ်ကြိမ်မျှ ပွတ်သပ်လိုက်သော်လည်း အဆင်မပြေ။
လီချန်ယွမ် သည် သူ့ထက် အရပ်ပိုမြင့်သောကြောင့် ရှရှင်းချီ ၎င်းတို့ထံ ပွတ်သပ်နိုင်စေရန် သူ့ပခုံးကို အနည်းငယ် စောင်းထားတတ်သော်လည်း ယနေ့တွင် ဤလူသည် မလှုပ်မယှက်ဖြစ်နေသောကြောင့် ကိုယ့်ဘာသာ အနည်းငယ် ခြေဖျားထောက်လိုက်ရလေသည်။
ထိုအခါ ရှရှင်းချီ သည် သူ့အဖို့ကြောင်၏အမြီးကို နင်းမိသည့်ကိစ္စနှင့် ပတ်သက်၍ လက်စားချေချင်နေသည့် ရုပ်ကြီးမှာ မပြေလည်သေးကြောင်း သတိရမိသည်။ သူ မော့ကြည့်လိုက်သောအခါ လီချန်ယွမ် က သူ့ကို ဂရုမစိုက်ဘဲ စိုက်ကြည့်နေသည်ကိုသာ တွေ့လိုက်ရသည်။
ဤလူသည် သူ၏ တည်ငြိမ်လွန်းသောဣန္ဒြေကို ဘယ်သောအခါမှ ပျောက်ပျက်မသွားဘဲ သူ့စိတ်အနေအထား ပြောင်းလဲသွားတတ်သည်ဟု လူတိုင်း ထင်ထားသော်လည်း ယခု ရှရှင်းချီ သည် ထိုသူစိတ်ဆိုးနေကြောင်း အနည်းနှင့်အများ ပြောနိုင်ခဲ့သည်။
“ထွက်ပြေးဖို့ ကြိုးစားနေသော” သူသည် လီချန်ယွမ်၏ မိုင်းတွင်းကို မထိတွေ့၍မရပေ။ ရှရှင်းချီ သည် သူ့အကြောင်းကို ပိုတွေးလေလေ ပိုကြောက်လာလေလေဖြစ်သော်လည်း သူဘာပြောရမှန်းမသိဘဲ အေးခဲကာ လှုပ်ရှားပွတ်သပ်ခြင်းမရှိတော့ပေ။
တိတ်ဆိတ်နေချိန်မှာ လေထုက အေးစက်စက်ဖြစ်လာပြီး စကားပြောရဲသည့် သတ္တိမရှိတော့သည်ကို သိလိုက်ရတော့ ရှရှင်းချီက က သူ့ကို ကယ်တင်နိုင်မယ်လို့ မျှော်လင့်ပြီး အကူအညီတောင်းဖို့ လင်းမုန့်ကို လှည့်ကြည့်လိုက်တော့သည်။
လင်းမုန့် သည် လီချန်ယွမ် ၏ အမာခံပရိသတ်တစ်ပိုင်းအဖြစ် ခွေးသွေးဇာတ်ကွက်များကို စိတ်ကူးယဉ်ခြင်းနယ်ပယ်တွင် ကျွမ်းကျင်သူတစ်ဦးလည်းဖြစ်သည်။ သူမသည် ချောမောသော ရိုးသားသည့်ဒရိုက်ဘာနှင့် ယုတ်မာသော ကျေးဇူးရှင်ကြားက ဝမ်းနည်းဖွယ် သုံးပွင့်ဆိုင်အချစ် .. ဤအရာနှစ်ခုကို မည်သို့ချိတ်ဆက်ထားသည်ကို သူမ ရိုးရိုးရှင်းရှင်းပင် မသိတော့ဘဲ ဤသုံးပွင့်ဆိုင်အချစ်ကြီးသည် ဤကဲ့သို့ ရူးသွပ်သောအရာအဖြစ်သို့ ပြောင်းလဲသွားမည်ကို သူမ,မထင်ခဲ့မိပေ ။
သူမအတွေးများကြားမှ တုန်လှုပ်ချောက်ချားစွာ ရုန်းထွက်နိုင်ခဲ့ပြီး တိတ်ဆိတ်မှုကို ချိုးဖျက်ကာ သူ့ကို ကယ်တင်ရန် ရှရှင်းချီ က သူမအား အရိပ်အမြွက် အရိပ်အမြွက်ပြောနေသည်ကို သတိပြုမိလျက် ကျည်ဆန်ကို ကိုက်ခဲကာ အားတင်း၍ပြောလိုက်တော့သည်။
“မစ္စတာလီ၊ ချောကလက်ပူပူလေး သောက်မလားဟင်? ဒီခွက်က မထိရသေးဘူး၊ ဒါမှမဟုတ် တခြားတစ်ခုခု သောက်ချင်ရင် ကျွန်မ ချက်ချင်း သွားဝယ်ပေးလို့ရတယ်……”
လီချန်ယွမ် : “မလိုဘူး”
စကားတစ်ခွန်းဖြင့် စကားဝိုင်းကို ပြန်တိတ်ဆိတ်သွားပြန်သည်။
ရှရှင်းချီ သည် သူ အချို မသောက်ကြောင်း သိလိုက်ပြီး လေထုကို နွေးထွေးစေမည့် အကြောင်းအရာကို ပြောင်းလဲရန် ရုန်းကန်ရင်း သဘာဝအတိုင်း ဆက်ပြောသည် – ” ရှောင်ချီ့အစား ကျွန်တော် သောက်လိုက်ပါ့မယ် ”
ထို့နောက် ထိုသူသည် အပေါ်မှ မတ်တတ်ရပ်ကြည့်နေရင်း အသာငုံ့ကာ ရှရှင်းချီ လက်ထဲမှ ချောကလက်ပူပူတစ်ဝက်ကို အုပ်ကိုင်ရင်း သောက်လိုက်သည်။
သူ၏ လှုပ်ရှားမှုများသည် သဘာဝအတိုင်းဖြစ်သော်လည်း ရှရှင်းချီ ၏ မျက်လုံးများသည် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသလိုပင် ပြူးကျယ်သွားသည်။
သူ ဒီခွက်ထဲက စုပ်သောက်နေပြီ၊ ဒါပေမယ့် သန့်သန့်ပြန့်ပြန့်နေပြီး ဇီဇာကြောင်လွန်းတဲ့ အဲ့ဒီသူက သူ့ပါးစပ်နဲ့ထိထားတဲ့ပိုက်ကို သုံးပြီး သူ ဘယ်တော့မှမထိလောက်မယ့် ချောကလက်ပူပူကို အခု.. သောက်လိုက်တာလား။
လီချန်ယွမ် က သူ့နှုတ်ခမ်းကို အနည်းငယ် ပွတ်သပ်လိုက်သည်။ သူ့လျှာပေါ်တွင် ချိုအီအီအရသာ တည်ရှိနေကာ ပိုက်ပေါ်မှ ရှရှင်းချီ ၏ နူးညံ့နွေးထွေးသော နှုတ်ခမ်းများသည် တိုက်ရိုက် နမ်းလိုက်သကဲ့သို့ပင် အပူချိန်သည် ပိုက်ပေါ်၌ တဆက်တည်း ကျန်ရှိနေသကဲ့သို့ ဖြစ်နေသည်…။
ဒီထက်ပိုပြီး စဉ်းစားနေစရာ မလိုပါတော့ပေ။ သူ့နားများပင် အနည်းငယ် နီရဲလာသော်လည်း လီချန်ယွမ် ၏ အမူအရာမှာ လှိုင်း သို့မဟုတ် အမူအရာများ ကင်းစင်နေဆဲ ဖြစ်သည်။
တကယ်တော့ ဒါဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ခဲ့ပေ။ နှစ်ယောက်သား လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကလည်း အတူတူ သောက်ခဲ့ဖူးသည်။
ထိုအချိန်က တရားဝင်အကြောင်းပြချက်အမျိုးမျိုးရှိခဲ့သော်လည်း ယနေ့တွင်မူ သူသည် ရှရှင်းချီ မည်ကဲ့သို့တုံ့ပြန်မည်ကိုမြင်ချင်သောရည်ရွယ်ချက်ဖြင့် စနောက်နေခြင်းသာ။
လီချန်ယွမ် သည် သူ့မျက်လုံးများကို အနည်းငယ် ငုံ့ကြည့်လိုက်သော်လည်း ရှရှင်းချီ စက္ကန့်ဝက်မျှသာ အံ့အားသင့်သွားသည်ကို မြင်လိုက်ရပြီးနောက် သူ့လက်ကို ဆုပ်ကိုင်လိုက်သည်ကို တွေ့လိုက်ရသည်။ သူ့လက်ဖဝါးကို ညင်သာစွာ ပွတ်သပ်လိုက်သော လက်ချောင်းထိပ်လေးများ နီရဲသွားသည်ကို မြင်လိုက်သောအခါ သူ့အမူအရာက ကျီစယ်လိုစိတ်မရှိသော်လည်း မမျှော်လင့်ဘဲ ထက်သန်နေခဲ့သည်။
သူ့လက်ဖဝါးတွင် သိမ်မွေ့သောနွေးထွေးမှုတစ်ခုရှိနေပြီး လီချန်ယွမ် ထိတ်လန့်မသွားခဲ့ပေ။ သူ့အနားသို့ ရှချင်းချီ တဖြည်းဖြည်းတိုးကပ်လိုက်သည်မှာ သူ့နှုတ်ခမ်းဖျားများက သူ့နားရွက်ဖျားကို နမ်းမိလုနီးပါးပင်။
ရလဒ်အနေဖြင့် လီချန်ယွမ် ၏ နားရွက်မှ နီရဲသော အရောင်ဖျော့ဖျော့သည် သူ့လည်ပင်းဆီသို့ တဖြည်းဖြည်း ပျံ့နှံ့သွားပြီး ထာဝရ တည်ငြိမ်အေးချမ်းနေသူတစ်ဦးပင်လျှင် သူတို့၏ စိတ်များ လွတ်ကင်းသွားနိုင်သည်။
မျှော်လင့်ချက်များနှင့်ဆန့်ကျင်ဘက်ဖြစ်သော ရှရှင်းချီက က သူ၏နားထဲသို့ သံသယရှိစွာ တိုးတိုးပြောခဲ့သည်-
“ဒါက သွေးတွင်းသကြားဓာတ်နည်းတာ နဲ့လည်း မတူဘူး၊ အာ..၊ ဘယ်နေရာ မသက်မသာ ခံစားရလို့လဲ။ အဆင်ပြေရဲ့လား”
ထိုအချိန်အတောအတွင်း သူ၏ “ကြောင်ကြီးအား စောင့်ကြပ်ကြည့်ရှုမှုအတွေ့အကြုံ” အရ ရှရှင်းချီ သည် တစ်ဖက်၏လက်အပူချိန်ကို ခံစားခြင်းဖြင့် လီချန်ယွမ် ၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေကို ယေဘုယျသဘောပေါက်နိုင်သည်ကို တွေ့ရှိခဲ့သည်။
သို့သော် သူသည် ကျား၏ခြေသည်းကို အလျင်စလိုဆုပ်ကိုင်ဝံ့ခြင်းမရှိသည့်အပြင် လီချန်ယွမ် သည် သူ၏နာကျင်မှုအထက် ရဲရင့်သောမျက်နှာဖြင့် ဖုံးအုပ်ထားမည်ကို စိုးရိမ်သောအခါတွင်သာ ကြိုးစားရန် ပိုလိုလားလိမ့်မည်။
လီချန်ယွမ် : “……”
နောက်ဆုံးစကားလုံးလေးလုံးသည် အလွန်ရယ်သေစေနိုင်သည်။ ရှရှင်းချီ ၏ မိုက်မဲခြင်းအား ရယ်မောလုနီးပါးဖြစ်သော်လည်း ထိုကောင်စုတ်လေးက ဘာမှသတိမထားမိဘဲ သူ့ဝမ်းဗိုက်ကိုပင်စမ်းသပ်ရန် လက်လှမ်းလိုက်သေးသည်။
လီချန်ယွမ်သည် နောက်ဆုံးတွင် သည်းမခံနိုင်တော့ပေ။ ထိုနွေးထွေးသောလက်ကို ဆုပ်ကိုင်လိုက်ရင်း သွားများကို အံကြိတ်ကာ “ကိုယ် အဆင်ပြေတယ်” ဟူ၍သာ အသံတိုးတိုးနှင့် ပြောလိုက်သည်။
ရှရှင်းချီ သည် သူရုတ်တရက် ဒေါသထွက်ပြန်ရသည့်အကြောင်းရင်းကို မသိသော်လည်း သူ့နားနှင့်လည်ပင်းတို့မှာ နီရဲနေပြီး အေးစက်နေသော အသားအရည်နှင့် ဆန့်ကျင်ဘက်ဖြစ်နေကြောင်း ချက်ချင်းဆိုသလို သတိပြုမိသည်။
ဒါက သူအရင်က မကြုံဖူးသည့် အရာတစ်ခုပင် ။ ဘာတွေဖြစ်နေတာလဲ?
ရှရှင်းချီ က မေးတော့မည်ဖြစ်သော်လည်း တာဝန်ခံ ရှောင်လီ က အမြန်ပြေးလာပြီး “အစ်ကို ရှင်းချီ၊ ကော်ဇောနီပေါ် လျှောက်ဖို့ အလှည့်ကျတော့မယ်၊ အစ်ကို ရှယွီ က ဘာကို အမြန်လျှောက်နေလဲတော့ မသိဘူး၊ ဒါပေမယ့် သူသတ်မှတ်ထားတဲ့ အချိန်ထက် တစ်ဝက်လောက်တောင် စောသွားတယ်!”
ဤသည်ကိုပြောပြီးနောက် လီချန်ယွမ် မှာ လိုက်ဖက်သည့်စုံတွဲပွဲတက်ဝတ်စုံကို ၀တ်ဆင်ထားသည်ကို သူတွေ့လိုက်ရတော့ သူက သတိကြီးကြီးထားပြီး “မစ္စတာလီ၊ ကော်ဇောနီပေါ်မှာ ရှကောနဲ့ အတူ လျှောက်မလို့လား။”
လီချန်ယွမ် စကားမပြောမီ ရှရှင်းချီ က သူ့အတွက် ပြတ်ပြတ်သားသားဖြေခဲ့သည် “မဟုတ်ဘူး၊ သူမလျှောက်ဘူး၊ သူ မလုပ်ချင်ဘူး။”
ဤကဲ့သို့တရားဝင်ကြေငြာချက်သည် မိမိကိုယ်မိမိ ထိခိုက်စေမည့် အတိုင်းအတာတစ်ခုပင်ဖြစ်သည်။ ပရိသတ်တွေပင် လက်ခံဖို့ အချိန်လိုအပ်သည်။ သူထပ်ပြီးသာ ချက်ချင်းပြဿနာရှာမိရင် ငံပြာရည်နဲ့ အစိမ်းစားနေရလိမ့်မည်။
လီချန်ယွမ် : “……”
နောက်ခံလူအဖြစ် ပုန်းလျှိုးကွယ်လျှိုး မသိမသာ ဟန်ဆောင်နေသော လင်းမုန့် သည် ရှရှင်းချီ နှင့် ကော်ဇောနီလျှောက်ရာတွင် အမှန်တကယ် လျှောက်လှမ်းလိုခြင်းမရှိသော သူဌေးအကြောင်းကြားလိုက်ရသောအခါ ခဏတာ ထိတ်လန့်သွားသည်။
Chapter 37 end
————