⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode

Chapter 42

Chapter 42

 

မကြာမီပင် တံခါးကို ‘ဒုန်း’ခနဲနေအောင် ဆောင့်ကန်သံနှင့်အတူ အံကြိတ်သံများ ထွက်ပေါ်လာခဲ့၏။

“ကျန့်ချီ၊ မင်း…ကောင်စုတ်! ငါ့ကို အခုချက်ချင်း အပြင်ထုတ်ပေး! မင်းတော့ သေပြီပဲ၊ ငါဘယ်သူလဲဆိုတာ သိရဲ့လား!”

 

ကျန့်ချီက အေးစက်တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

 “မင်းတို့ စိတ်ချလက်ချသာ စောင့်နေလိုက်။ ခဏနေရင် တံခါးလာဖွင့်ပေးမယ့်လူ ရှိတယ်။”

 

အတွင်းဘက်သည် နှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားပြီးနောက် ပို၍ပင် ပြင်းထန်စွာ ဆဲဆိုလာတော့၏။

 

သို့ဖြစ်လင့်ကစား၊ ကျန့်ချီသည် သက်တောင့်သက်သာဖြစ်မှုကို ခံစားနေရဆဲပင်။ အချိန်အကြာကြီး ဖိနှိပ်စုပုံနေခဲ့သော ဒေါသများ နောက်ဆုံးတွင် ပွင့်ထွက်သွားသကဲ့သို့ ခံစားလိုက်ရ၏။

 

အချိန်အများစုတွင် သူသည် ‘လူတွေက ငါ့ကို မထိပါးလျှင်၊ ငါကလည်း သူတို့ကို မထိပါး’ ဟူသော စိတ်ဓာတ်ကို မွေးမြူထားခဲ့သည်ပင်။ အနီရောင်မျဉ်းကို မကျော်လွန်သမျှ ကာလပတ်လုံး ကျန့်ချီသည် သည်းခံခြင်းကိုသာ ရွေးချယ်လိုခဲ့၏။

 

ရှောက်ဟန့်နှင့် ရင်ဆိုင်ရသော အကြိမ်များစွာတွင် သူသည် ယနေ့ကဲ့သို့ တုံ့ပြန်တိုက်ခိုက်ရန် စိတ်ကူးခဲ့ဖူးသည်။ သို့သော် နောက်ဆုံးတွင် စာအုပ်ထဲမှ ပိုင်ရှီယွီသည် ဤနည်းလမ်းဖြင့် ရှောက်ဟန့်၏ အာရုံစိုက်မှုကို ရရှိခဲ့သည်ကို သွားရောက်သတိရကာ သူ၏စိတ်ကူးကို ဖိနှိပ်ပြီး အကြိမ်ကြိမ် သည်းခံခဲ့ရသည်။

 

ဇာတ်လမ်းဇာတ်ကွက်ထဲမှ လူများနှင့် ရင်ဆိုင်ရချိန်တွင် ကျန့်ချီ၌ ဤမျှလောက်သော စိတ်ရှည်သည်းခံမှုမျိုး မရှိခဲ့ပေ။ သူ၏အရှေ့သို့ ရောက်လာပြီး ပြဿနာရှာသော ဤလူအနည်းငယ်သည် အနီရောင်မျဉ်းကို ကျော်လွန်သွားခဲ့ပြီဖြစ်ရာ သူတို့၏ပါးကိုပါ တစ်ပါတည်း ရိုက်ချလိုက်ခြင်း ဖြစ်၏။

 

 ကျန့်ချီ၏ သည်းခံစိတ်သည် သူဂရုစိုက်သောသူများအတွက်သာ ဖြစ်ပြီး၊ အတွင်းထဲမှ တစ်ကိုယ်လုံး မုန်းတီးစရာများဖြင့် ပြည့်နှက်နေသော ဤလူများအတွက် မဟုတ်ပေ။

 

ကျန့်ချီသည် ခြေရင်း၌ ကျနေသော အိတ်ကို ကောက်ယူလိုက်ပြီး ပြန်ရန်ပြင်လိုက်၏။ သူလှည့်လိုက်သည့်အခိုက်တွင် မလှမ်းမကမ်း၌ ရပ်နေသော ရှန်းရှုထင်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရသဖြင့် နေရာမှာပင် တောင့်ခနဲ ရပ်တန့်သွားသည်ပင်။

 

ရှန်းရှုထင်သည် ထိုနေရာတွင် မည်မျှကြာအောင် ကြည့်နေခဲ့သည်ကို မသိနိုင်ချေ။ ကျန့်ချီက သူ့ကို သတိပြုမိသွားချိန်တွင် သူ၏အမူအရာသည် တည်ငြိမ်နေဆဲဖြစ်၏။ အနည်းငယ်မျှ လှုပ်ရှားသွားခြင်းမရှိဘဲ၊ သူ၏အကြည့်တို့သည် ဆဲဆိုသံများ ဆက်လက်ထွက်ပေါ်နေသော သန့်စင်ခန်းကို ကျော်ဖြတ်ကာ ကျန့်ချီ၏ မျက်နှာပေါ်သို့ ကျရောက်လာခဲ့သည်။

 

“တံခါးဖွင့်လိုက်။”

 

သူသည် လုံခြုံသော အကွာအဝေးအပြင်ဘက်တွင် ရပ်နေခဲ့ပြီး၊ သူ၏ စိတ်ခံစားမှုကင်းမဲ့သော အသံသည် လေထုကိုဖြတ်ကာ နားစည်ထဲသို့ ထိုးဖောက်ဝင်ရောက်လာ၏။

 

တစ်ခဏမျှ ကျန့်ချီသည် သူကြားလိုက်သည်မှာ အမှားများလားဟု သံသယဝင်သွားမိသည်။

 

“ခုနက…”

 

“ဖွင့်လိုက်…”

 

မြစိမ်းရောင်မျက်ဝန်းများသည် အငြင်းမဆန်သာသော အေးစက်မှုနှင့် ပြတ်သားမှုတို့ဖြင့် ပြည့်နှက်နေခဲ့၏။ ရှန်းရှုထင်က ဆိုသည်။

“အတန်းဖော်ရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်ချုပ်ချယ်မှုနဲ့ မင်း စည်းကမ်းတစ်ခု ထပ်ချိုးဖောက်လိုက်ပြန်ပြီ။ တံခါးဖွင့်ပြီးတာနဲ့ ငါနဲ့အတူ ကျောင်းသားကောင်စီကို လိုက်ခဲ့။”

 

“…”

 

ကျန့်ချီသည် သူနှင့် ဤဇာတ်လမ်းထဲမှ ဇာတ်ကောင်များကြားတွင် ကံကြမ္မာမဆုံကြောင်း ရှာဖွေတွေ့ရှိသွားခဲ့၏။ ထို့အပြင် ရှန်းရှုထင်က သူ့ကို မုန်းတီးကြောင်း နောက်ဆုံးတွင် သူသေချာသွားခဲ့ပြီပင်။

 

ကျန့်ချီသည် ကျောင်းသားကောင်စီသို့ ဝင်ရောက်သွားတိုင်း သူ၏ရှုပ်ထွေးသော စိတ်အခြေအနေကို စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲလှ၏။ သူသည် ရှန်းရှုထင်၏ နောက်မှလိုက်ပါရင်း သူ၏ခေါင်းပေါ်သို့ ကျရောက်လာတော့မည့် ဓားတစ်စင်းကို စောင့်ဆိုင်းနေခဲ့သည်။

 

နောက်ဆုံးတွင် သူသည် ရှုံးနိမ့်သွားခဲ့ရသည်သာ။ သန့်စင်ခန်းတံခါးကို ဖွင့်လိုက်သောအခါ ပါးစပ်မှ နားမခံသာသော စကားလုံးများဖြင့် ပြည့်နှက်နေသော ဝူရှန့်ယွမ်သည် သူ၏မျက်စိရှေ့မှ ရှန်းရှုထင်ကို မြင်လိုက်ရချိန်တွင် ခုလေးတင် ဒူးထောက်ကျခဲ့သော သူ၏ဒူးခေါင်းသည် နောက်တစ်ကြိမ် ပျော့ခွေကျသွားမတတ် ဖြစ်သွား၏။ သူသည် ရှေ့နောက်မညီသော စကားများဖြင့် ရှင်းပြချက်တစ်ခုပေးပြီးနောက် ရှန်းရှုထင်က သူ့စကားကို မကြားဟန်ဖြင့် ကျန့်ချီကို ညနေကျလျှင် ကျောင်းသားကောင်စီသို့ လာခဲ့ရန် အမိန့်ပေးသကဲ့သို့ ပြောလိုက်သည်။ ဝူရှန့်ယွမ်၏ မျက်နှာသည် နီရဲတက်လာပြီး၊ ထိုအရာသည် ရှက်ရွံ့ခြင်းကြောင့်လား သို့မဟုတ် ဒေါသကြောင့်လား မသိနိုင်ချေ။ သူနှင့် အခြားအထူးကျောင်းသားနှစ်ယောက်သည် ခေါင်းငုံ့ကာ အလျင်အမြန် ထွက်ခွာသွားကြတော့၏။

 

ရိုက်နှက်ဆုံးမတာမျိုး မလုပ်ခဲ့ပါသော်လည်း ‘စည်းကမ်းဖောက်ဖျက်သူ’ ဟု တံဆိပ်ကပ်ခံလိုက်ရသော ကျန့်ချီသည် ထွက်သွားသော ထိုလူသုံးယောက်၏ နောက်ကျောပြင်ကို ကြည့်ရုံသာ တတ်နိုင်ခဲ့၏။ သူ၏စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ ဤသို့ဖြစ်မည်မှန်းသိလျှင် ခုနက ပိုမြန်မြန်ထွက်သွားပြီး ရှန်းရှုထင်နှင့် ထိပ်တိုက်တွေ့ခြင်းကို ရှောင်ရှားလိုက်ရမှာပင်။

 

ကျန့်ချီသည် ရှေ့သို့ဆက်လျှောက်နေစဉ် ‘ရပ်လိုက်’ ဟူသောအသံကို ရုတ်တရက် ကြားလိုက်ရသဖြင့် သူ၏ခန္ဓာကိုယ်သည် ဦးနှောက်ထက်ပို၍ လျင်မြန်စွာ တုံ့ပြန်လိုက်မိ၏။ ရှန်းရှုထင်သည် ထိုစကားနှစ်လုံးကို ပြောပြီးနောက် တစ်ချက်မျှပင် လှည့်မကြည့်တော့ဘဲ လျှို့ဝှက်နံပါတ်တစ်ခုကို ရိုက်ထည့်ကာ တံခါးသော့၏ အာရုံခံကိရိယာကို ဖိဖွင့်လိုက်သည်။ ကျန့်ချီသာ မိမိ ကျောင်းတော်ထဲတွင် ရှိနေသည်ကို မသိပါက တံခါးနောက်ကွယ်တွင် ရှားပါးသော ရတနာများ ဝှက်ထားသလားဟုပင် သံသယဝင်မိမည် ဖြစ်၏။

 

ထိုအရာသည် အခြေအမြစ်မရှိသော အတွေးတစ်ခုမျှသာ ဖြစ်သော်လည်း၊ ကျန့်ချီသည် ရှန်းရှုထင်၏ ရုံးခန်းကို မြင်လိုက်ရသောအခါ သူ၏စိတ်အခြေအနေသည် ရတနာများပြည့်နေသော အခန်းတစ်ခန်းကို မြင်ရခြင်းထက် မသာသာပင် ရှိတော့သည်။

 

သန့်ရှင်းလွန်းလှသည်၊ သပ်ရပ်လွန်းလှသည်။

 

ကျိဟွိုက်စစ်၏ ရုံးခန်းသည် သာမန်လူတစ်ယောက် လက်ခံနိုင်သော အတိုင်းအတာအတွင်းရှိ သန့်ရှင်းမှုမျိုးဟု ဆိုနိုင်လျှင်၊ မျက်စိရှေ့မှ ဤအခန်းကိုမူ ဖုန်တစ်မှုန်မျှ မရှိဟုပင် ဖော်ပြနိုင်ပေသည်။ ကျန့်ချီသည် ခြေချစရာနေရာကိုပင် မရှာနိုင်ခဲ့ဘဲ၊ သန့်ရှင်းတောက်ပြောင်နေသော ကြမ်းပြင်ပေါ်တွင် သူ၏ မည်းနက်သော ဖိနပ်ရာကြီးတစ်ခု ထင်ကျန်သွားမည်ကိုပင် စိုးရိမ်နေမိသည်။

 

အခန်းသည် ဤနေရာသို့ ရောက်လာသူတိုင်း၏ အတွေးများကို ဖတ်ရှုနိုင်စွမ်းရှိသကဲ့သို့ပင်။ ကျန့်ချီသည် ဝင်ပေါက်၏ ဘယ်ဘက်ခြမ်းရှိ စင်မြင့်တစ်ခုပေါ်တွင် ဖိနပ်စွပ်တန်းတစ်ခုကို တွေ့လိုက်ရ၏။ မည်သည့်သတိပေးချက်မျှ မရှိသော်ငြားလည်း သူသည် အလိုအလျောက်ပင် တစ်စုံကိုယူကာ စွပ်လိုက်သည်ပင်။

 

ထို ‘ရပ်လိုက်’ ဟူသော စကားသံနောက်တွင် ရှန်းရှုထင်သည် နောက်ထပ်စကားတစ်လုံးမျှ မပြောတော့ချေ။ သူသည် စားပွဲပေါ်မှ ဘောင်မဲ့မျက်မှန်တစ်လက်ကို ကောက်ယူတပ်ဆင်ကာ သူ၏ရှေ့မှ ကွန်ပျူတာကို ဖွင့်လိုက်၏။

 

 သူ၏သွယ်လျသော လက်ချောင်းများသည် ကီးဘုတ်ပေါ်တွင် ဖြည်းညင်းစွာ ရိုက်ခတ်နေပြီး၊ အခန်းထဲမှ ဒုတိယလူသားတစ်ယောက်ကို လုံးလုံးလျားလျား မေ့ထားသကဲ့သို့ပင်။

 

ကျန့်ချီသည် ဆက်တိုက်ထွက်ပေါ်နေသော ကီးဘုတ်ရိုက်သံကို နားထောင်ရင်း သူ၏ဘယ်ဘက်ခြေထောက်ပေါ်သို့ ဖိထားသော အလေးချိန်ကို ပြောင်းလိုက်၏။ ခြေထောက်သည် အနည်းငယ် ထုံကျင်နေခဲ့သည်။ သူသည် စမ်းသပ်သည့်အနေဖြင့် တစ်ကြိမ်ခေါ်လိုက်သည်။

“ဥက္ကဋ္ဌ။”

 

ကီးဘုတ်သံသည် ခေတ္တရပ်တန့်သွား၏။ ရှန်းရှုထင်သည် သူ၏ စိမ်းမြသော မျက်လုံးများကို မော့ကြည့်လာသည်။ မျက်မှန်သားကို ဖြတ်၍ သူ၏အရောင်ဖျော့သော မျက်ဝန်းများသည် စိတ်လှုပ်ရှားမှု လွန်စွာနည်းပါးပြီး မရှိသလောက်နီးပါး တည်ငြိမ်နေခဲ့၏။ သူ၏မျက်နှာပေါ်တွင် မည်သည့်အမူအရာမျှ မရှိသော်ငြားလည်း ပြောမပြတတ်သော ဖိအားတစ်ခုကိုမူ ခံစားနေရသည်။

“မင်း ဘာမှားသွားလဲဆိုတာရော သိရဲ့လား။”

 

ကျန့်ချီ၏ မျက်လုံးထောင့်သည် အနည်းငယ် တွန့်ကနဲဖြစ်သွားပြီး ပြန်ဖြေလိုက်သည်။

 “သိပါတယ်။ ကျွန်တော်က အတန်းဖော်တစ်ယောက်ရဲ့ လွတ်လပ်ခွင့်ကို မချုပ်ချယ်သင့်ဘူးလေ။”

 

“နောက်ထပ်ကော။”

 

“ပြီးတော့… သူတို့ကို အချိန်မီ ပြန်မလွှတ်ပေးခဲ့မိဘူး။”

 

ရှန်းရှုထင်က ဆိုသည်။

“နောက်တစ်ပတ်လုံး ညနေတိုင်း ကျောင်းဆင်းရင် ထိုက်လော့စ်အဆောက်အအုံရဲ့ ဒုတိယထပ်နဲ့ တတိယထပ်က စာသင်ခန်းတွေကို မင်း သန့်ရှင်းရေးလုပ်ရမယ်။ ငါပြောတာ ရှင်းမယ်လို့ထင်တယ်။ သဘောပေါက်ရင် သွားလို့ရပြီ။ တံခါးပြန်ပိတ်ခဲ့၊ စားပွဲပေါ်က တစ်ရှူးနဲ့ တံခါးလက်ကိုင်ကို ကိုင်ပြီးဖွင့်၊ လက်ကိုင်ဖုကို လက်နဲ့တိုက်ရိုက်မထိစေနဲ့။”

 

ကျန့်ချီသည် ဤသတင်းစကားကို ချေဖျက်ရန် ဆယ်စက္ကန့်ခန့် အချိန်ယူလိုက်ရ၏။ ပြောရမည်ဆိုလျှင် ဒေါသထွက်ခြင်းထက် အားအင်ချိနဲ့ခြင်းက ပို၍များနေသည်ပင်။ ရှန်းရှုထင်သည် သူ၏ကွန်ပျူတာအလုပ်ကို ပြန်လည်လုပ်ဆောင်နေပြီဖြစ်၏။ မျက်မှန်သားသည် မော်နီတာ၏ အလင်းရောင်နှင့် သူ၏တည်ငြိမ်သော မျက်လုံးများကို ထင်ဟပ်နေခဲ့သည်။ သူသည် ခုလေးတင် အမိန့်ပေးခဲ့ခြင်းဖြစ်ပြီး၊ ညှိနှိုင်းဆွေးနွေးခြင်းမဟုတ်ပေ။ ကျန့်ချီသည် ‘ဟုတ်ကဲ့’ ဟုသာ တစ်ခွန်းတည်း ပြန်ဖြေနိုင်ခဲ့ပြီး ရှန်းရှုထင်ပြောသည့်အတိုင်း တံခါးကိုဖွင့်ကာ အပြင်ထွက်ရန် ပြင်လိုက်စဉ်၊ ရှေ့မှ လျှောက်လာသော ကျိဟွိုက်စစ်နှင့် ထိပ်တိုက်တိုးလေ၏။

 

“ကျန့်ချီ။”

 

ကျိဟွိုက်စစ်၏ အကြည့်သည် အနည်းငယ် မှင်သက်သွားပြီးနောက် မရှင်းလင်းသော အလင်းရောင်တစ်ခုနှင့်အတူ သူသည် အနားသို့ချဉ်းကပ်လာကာ ဘေးရှိ တံခါးဆိုင်းဘုတ်ကို ကြည့်လိုက်သည်။

“မင်းက ဘယ်လိုလုပ် ရှန်းရှုထင်ရဲ့ ရုံးခန်းထဲကနေ ထွက်လာတာလဲ။”

 

“မမျှော်လင့်တာတစ်ခု ဖြစ်သွားလို့။ ဥက္ကဋ္ဌက ငါ့ကို ကိစ္စတချို့ ပြောစရာရှိတယ်ဆိုပြီး ခေါ်လိုက်တာ။”

ကျန့်ချီသည် မည်သို့ဖြစ်သည်မသိဘဲ အဖမ်းခံရသကဲ့သို့ ရှက်ရွံ့မှုကို ခံစားလိုက်ရပြီး သူ၏မေးစေ့ကို ပွတ်သပ်လိုက်သည်။

 

“သူက မင်းကို ဘာလုပ်ခိုင်းလိုက်လဲ။ စာသင်ခန်း သန့်ရှင်းရေးလုပ်ခိုင်းတာလား။” ဟု ကျိဟွိုက်စစ်က ဆို၏။

 

မည်သို့ စကားစရမည်ကို စဉ်းစားနေခဲ့သော ကျန့်ချီသည် ရှန်းရှုထင်အပေါ် ကျိဟွိုက်စစ်၏ နားလည်နိုင်စွမ်းကို မလေးစားဘဲ မနေနိုင်ခဲ့ပေ။ သူသည် ခေါင်းညိတ်လိုက်သည်။

 “အင်း၊ တစ်ပတ်တိတိ စာသင်ခန်းသန့်ရှင်းရေးလုပ်ရမယ်တဲ့။”

 

“တစ်ပတ်တောင်!”

 

ထိုစကားလုံးသည် ကျိဟွိုက်စစ်၏ မျက်ခုံးများကို တွန့်ချိုးသွားစေ၏။ သူသည် အခြားသူများကဲ့သို့ စိတ်မရှည်ဟန် မပြဘဲ၊ ရင်းနှီးကျွမ်းဝင်သော စိုးရိမ်ပူပန်မှုဖြင့် မေးလိုက်သည်။

“ဘာတွေဖြစ်ခဲ့လို့လဲ။ သူက ကျောင်းသားတစ်ယောက်ကို တစ်ပတ်လောက်ကြီးတောင် အပြစ်ပေးတယ်ဆိုတာ ရှားတယ်၊ ဖြစ်လေ့ဖြစ်ထမရှိဘူး။”

 

ကျန့်ချီသည် ရှန်းရှုထင်က သူ့ကို အမြင်မကြည်သောကြောင့် ဖြစ်မည်ဟု တွေးလိုက်မိပြီး ခုလေးတင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာကို အကျဉ်းချုံး၍ ပြောပြလိုက်လေ၏။

 

Chapter 42 ended

အထက်တန်းစားယောကျ်ားလေးများကျောင်း

အထက်တန်းစားယောကျ်ားလေးများကျောင်း

Status: Ongoing Type: Author: Released: 2021 Native Language: Chinese

Description

 

အစပိုင်းမှာတော့ ဘာအတိတ်နိမိတ်မှ မပါတဲ့ အိပ်မက်တစ်ခုသာ ဖြစ်သည်။

 

အိပ်မက်ထဲက မြင်ကွင်းတွေက လက်တွေ့ဘဝနဲ့ တစ်ခုပြီးတစ်ခု ကိုက်ညီလာတဲ့အခါမှာတော့ ကျန့်ချီက သူဟာ danmeiဝတ္ထုစာအုပ်ထဲမှာ နေထိုင်နေတာကို သိလိုက်ရသည်။

 

စာအုပ်ထဲမှ ဇာတ်လိုက်က အပြစ်ကင်းစင်ပြီး အားနည်းသူဖြစ်ကာ အထက်တန်းစားယောကျ်ားလေးကျောင်းမှ ဝံပုလွေတွေကြားထဲ ဝန်းရံခံနေရပြီး နောက်ဆုံးမှာတော့ 1vN အတင်းအကြပ် အချစ်ဇာတ်လမ်းနဲ့ အဆုံးသတ်သွားခဲ့သည်။

 

(T/N: 1 vs N ဆိုတာက ဇာတ်လိုက်က တစ်ယောက်တည်းဖြစ်ပြီး ပါတနာက အများကြီးကိုပြောတာပါ)

 

ပြီးတော့ သူကိုယ်တိုင်ကတော့ ဇာတ်လမ်းထဲမှာ ဇာတ်လိုက်ကို နေရာတိုင်းမှာ ချောက်ချပြီးနောက် ဆိုးဆိုးရွားရွား အဆုံးသတ်ခဲ့ရတဲ့ ဆိုးသွမ်းတဲ့ အမျိုးသား ဇာတ်ပို့ဖြစ်နေခဲ့သည်။

 

ဒါကို ကြိုတင်သိရှိသွားတဲ့ ကျန့်ချီဟာ ဇာတ်လိုက်ရဲ့ အချစ်ရေးကိစ္စတွေထဲ မဝင်ရောက်ဘဲ အထက်တန်းစားယောကျ်ားလေးကျောင်းမှာ ဘယ်သူမှ သတိမထားမိတဲ့ ရိုးသားတဲ့လူတစ်ယောက် ဖြစ်ဖို့ ကြိုးစားခဲ့သည်။

 

ဒါပေမဲ့ သူ တခြားသူတွေကို စပြီး မနှောင့်ယှက်ပါဘဲနဲ့ကို ပြဿနာတွေက သူ့ဆီကို တစ်ခုပြီးတစ်ခု ရောက်လာလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ။

 

ဇာတ်ကွက်က ပျက်စီးမယ့်လမ်းကြောင်းဘက်ကို ဆက်ပြီး တိုးတက်လာတဲ့အခါမှာတော့ ကျန့်ချီက ဇာတ်လိုက်Gongတွေ သူ့ကို ကြည့်တဲ့အခါ သူတို့ရဲ့မျက်လုံးတွေက နည်းနည်းလေး ကွဲပြားနေတယ်ဆိုတာကို နောက်ဆုံးမှာ တွေ့ရှိသွားခဲ့၏။

 

•••••••••••

Harem လေးပါ။ တော်တော်များများလည်း သိကြမှာပါ။

1 vs N ပါနော်။ gongက ငါးယောက်ထင်တယ်။

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset