⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode

Chapter 46

Chapter 46 : လက်တွေ့ကမ္ဘာ (Real World)

 

ကပွဲကျင်းပမယ့် ပထမတပ်မတော်ရဲ့ ခန်းမဆောင်ကြီးမှာ….

 

ဖေးလုက 666 ကို ပွေ့ပြီး တပ်မတော်က အထူးစီစဉ်ပေးထားတဲ့ ကြိုပို့ယာဉ်ပေါ် တက်လိုက်တယ်။

 

လာကြိုတဲ့ ယာဉ်မောင်းက စစ်သားကောင်လေး တစ်ယောက်။ စစ်ဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်ထားပေမယ့် စရိုက်ကတော့ တက်ကြွတယ်။ ဖေးလုရဲ့ ငယ်ရွယ်လွန်းတဲ့ ရုပ်ရည်ကို မြင်တော့ အံ့သြသွားပြီး မျက်တောင်ခတ်နေတယ်။ ပြီးတော့မှ ရင်းရင်းနှီးနှီးပဲ ဖေးလုကို စကားတွေ စပြောတော့တာပဲ။

 

ပထမတပ်မတော်က နှစ်တိုင်း ကပွဲတစ်ခု ပုံမှန် ကျင်းပလေ့ရှိတယ်။

 

စစ်နတ်ဘုရား ကျင်းမင် ရှိနေကတည်းက ဖက်ဒရယ်ကြယ်စုက တော်တော် အေးချမ်းနေတာ။ တိုက်စရာ စစ်ပွဲ မရှိတော့ တပ်ထဲက ဟော်မုန်းတွေ ပေါက်ကွဲနေတဲ့ စစ်သွေးကြွတဲ့လူတွေက ပြဿနာရှာဖို့ပဲ စဉ်းစားနေကြတော့တယ်။

 

တပ်မတော် အထက်ပိုင်းက စစ်သားတွေရဲ့ ပိုလျှံနေတဲ့ အားအင်တွေကို ဖြန့်ခွဲတဲ့အနေနဲ့ နှစ်တိုင်း ကပွဲ လုပ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ကပွဲမှာ စစ်သားတွေကို ကိုယ့်ရဲ့လက်တွဲဖော်ရှာဖို့ကို အားပေးတယ်။

 

ပထမအကြိမ် ကပွဲက တော်တော် အောင်မြင်ခဲ့တော့ ဒီအစဉ်အလာကို ဆက်ထိန်းထားကြတယ်။ ဖေးလုတို့က ဒီတစ်ခေါက် ကပွဲနဲ့ ကွက်တိ သွားတိုးတာ။ ကုထုံးပညာရှင်တွေကို လေးစားကြောင်း ပြသတဲ့အနေနဲ့ တပ်မတော်က အထူး ဖိတ်ကြားထားတာ ဖြစ်ပြီး ဝတ်စုံပြည့်ပါ အကုန်စီစဉ်ပေးထားတဲ့အပြင် အကြိုအပို့ပါ လုပ်ပေးသေးတယ်။

 

အခု ဖေးလု ဝတ်ထားတာက တပ်မတော်က ပြင်ဆင်ပေးထားတဲ့ ဝတ်စုံပဲ။

 

ဝတ်စုံ စီစဉ်ပေးတဲ့သူက တော်တော် ဂရုစိုက်တဲ့ပုံရတယ်။ ဆိုဒ်ရော၊ စတိုင်လ်ရောက ဖေးလုနဲ့ ကွက်တိပဲ။

 

အဖြူရောင် ဝတ်စုံက နို့နှစ်ရောင် အသားအရေကို ပို၍ပေါ်လွင်စေတယ်။ မှိန်ဖျဖျ မီးရောင်အောက်မှာဆို ဖောက်ထွင်းမြင်ရတော့မလို ဖြူဝင်းနေတယ်။ အထဲမှာ အပြာနုရောင် ရှပ်အင်္ကျီကို ခံဝတ်ထားတယ်။ ရင့်ကျက်တဲ့ပုံ ပေါက်စေတဲ့ နက်ခ်တိုင်ကို မသုံးဘဲ သေးငယ်သပ်ရပ်တဲ့ လည်ပင်းစည်း (Bowtie) လေးကို တပ်ထားတော့ လူငယ်ဆန်ပြီး ဆွဲဆောင်မှု ရှိနေတယ်။

 

ဖေးလုက 666 ကို ပွေ့ပြီး ယာဉ်မောင်းကောင်လေးနောက်ကနေ ခန်းမထဲ ဝင်လာလိုက်တယ်။

 

ဒီတစ်ခေါက် ကျင်းမင်လည်း လာမယ်လို့ သတင်းထွက်နေတော့ ကပွဲကို လာတဲ့သူ မနည်းဘူး။ ဘေးပတ်ဝန်းကျင်မှာ ဖြတ်သွားဖြတ်လာ လုပ်နေတဲ့ အမျိုးသား၊ အမျိုးသမီးတွေ အကုန်လုံးက တောက်ပြောင်လှပစွာ ဝတ်စားဆင်ယင်ထားကြတယ်။

 

ယာဉ်မောင်းကောင်လေးက ဖေးလုကို ခန်းမတံခါးဝထိ လိုက်ပို့ပြီး စားပွဲထိုးနဲ့ လွှဲပေးလိုက်တယ်။ ပြီးတာနဲ့ အဝတ်သွားလဲဖို့ အလျင်စလို ပြေးထွက်သွားတယ်။ သူလည်း ကပွဲ နွှဲရဦးမယ်လေ။

 

ခန်းမကြီးက အရမ်းကျယ်ဝန်းတယ်။ မျက်နှာကြက် မြင့်မြင့်မှာ သလင်းကျောက် မီးဆိုင်းကြီးတွေ ချိတ်ဆွဲထားတယ်။ မီးဆိုင်းတွေအောက်မှာတော့ ကြီးမားတဲ့ ကပွဲကြမ်းပြင်ရှိတယ်။ ဂီတအဖွဲ့က ကပွဲကြမ်းပြင် ဘေးတစ်ဖက်စီမှာ နေရာယူထားတယ်။ ငြိမ့်ညောင်းတဲ့ ဂီတသံစဉ်တွေက ရေစီးကြောင်းလေးလို ခန်းမထဲ စီးဝင်နေတယ်။ လူတွေရဲ့ တိုးညှင်းတဲ့ စကားပြောသံတွေနဲ့ ရောနှောပြီး သာယာနာပျော်ဖွယ်ဖြစ်နေတယ်။

 

ဖေးလုက စားပွဲထိုးရဲ့ လမ်းညွှန်မှုနဲ့ ထောင့်ကျကျ နေရာလေးတစ်ခုမှာ ဝင်ထိုင်လိုက်တယ်။ ပထမတပ်မတော်ရဲ့ အတွင်းရေး ကပွဲမို့ ဧည့်သည်တွေက အချင်းချင်း သိကြတတဲ့လူတွေ။ သူတို့က ဟိုနားတစ်စု ဒီနားတစ်စု စုပြီး စကားပြောနေကြတယ်။

 

 ဖေးလုက ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်ပြီးတာနဲ့ အကြည့်ပြန်ရုတ်လိုက်ကာ 666 ကို ပွေ့ပြီး စားစရာ သွားရှာတော့တယ်။

 

ဒီက မုန့်တွေက အရသာ ရှိတယ်။ ဖေးလုက ပန်းကန်တစ်ချပ်နဲ့ မုန့်တွေ ထည့်လာပြီး ထောင့်မှာ ထိုင်ကာ ဖြည်းဖြည်းချင်း စားနေလိုက်တယ်။

 

 666 က ရင်ခွင်ထဲကနေ မျက်လုံး ပြူးပြူးလေးနဲ့ မော့ကြည့်နေတယ်။ သူက မျက်တောင်မခတ်ဘဲ ကြည့်နေတာ ဖြစ်ပြီး ဘာမှ မပြောဘဲ ငြိမ်နေတဲ့ ပုံစံလေးက လူကို လှည့်စားပစ်နိုင်တယ်။

 

“ကြည့်လည်း အလကားပဲ… မင်းမှ စားလို့မရတာ”

 

ဖေးလုက 666 ရဲ့ ခေါင်းလေးကို လက်နဲ့ တို့လိုက်တယ်။ AI တစ်ကောင်က ဘာလို့ အစားအသောက်ကို ဒီလောက် စွဲလမ်းနေလဲ ဆိုတာ သူ နားမလည်ဘူး။

 

“ငါက ဒီတိုင်း ကြည့်တာပါ”

 

666 က မကျေနပ်သလို ခေါင်းခါတယ်။ စက်ရုပ်အသံက မာတောင့်တောင့်ကြီး ဖြစ်နေပေမယ့် ဖေးလုကတော့ ဝမ်းနည်းသံလေး ပါနေတာကို ကြားလိုက်တယ်။

 

“…”

 

**********

 

ကျင်းမင် ဝင်လာတဲ့အချိန်မှာ တစ်ခန်းလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားတယ်။ သူက ပွဲတက်ဝတ်စုံ မဝတ်ဘဲ စစ်ဝတ်စုံပဲ ဝတ်ထားတယ်။ ကြယ်သီးကို လည်ပင်းထိ တပ်ထားပြီး ကော်လာကို ထောင်ထားတော့ အေးစက်ပြီး ဖြူစင်တည်ကြည်တဲ့ပုံစံ ပေါက်နေတယ်။

 

နတ်ဘုရားတစ်ပါးရဲ့ ဆွဲဆောင်မှုက ကျား/မ အသက်အရွယ် မရွေးဘူး။ ခန်းမထဲက လူတွေက သူ ဝင်လာတာ မြင်တာနဲ့ အာမေဋိတ်သံတွေ ထွက်လာပြီး တီးတိုး ပြောဆိုသံတွေ ဆူညံသွားတယ်။

 

ကျင်းမင်က တစ်ချက် ဝေ့ကြည့်လိုက်ပြီး လက်ကို မြှောက်ကာ အသာအယာ ဖိချပြလိုက်တော့ ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားကာ ငြိမ့်ညောင်းတဲ့ ဂီတသံစဉ်တွေပဲ ကျန်ရစ်တော့တယ်။

 

ဖေးလုလည်း သူ့ကို လှမ်းကြည့်လိုက်တယ်။ ခန်းမထဲမှာ လူတွေက များလွန်းတယ်။ ဖေးလုက နောက်ကျမှ ရောက်တာဆိုတော့ လူအုပ်ကြီးကြားကနေပဲ လှမ်းကြည့်နေရတာ။ သူ့ရဲ့ အရပ်မြင့်မြင့် ခန္ဓာကိုယ်နဲ့ ဝိုးတဝါး မျက်နှာသွင်ပြင်လောက်ပဲ မြင်နေရတယ်။

 

ကျင်းမင်က စကားပြောနေတယ်။ မူလကတည်းက တည်ငြိမ်လေးနက်တဲ့ သူ့ရဲ့ အသံက စပီကာကနေတဆင့် ပျံ့လွင့်သွားတော့ ပိုပြီး ဆွဲဆောင်မှုရှိသွားတယ်။ သူ့ရဲ့နားထဲမှာ ယားကျိကျိ ဖြစ်သွားတယ်။

 

ဖေးလုခဗျာ ခြေဖျားထောက်ပြီး မျှော်ကြည့်နေရတယ်။

“ငါ့ရဲ့ Idolက ရုပ်လည်းချော၊ ဘော်ဒီလည်း မိုက်၊ အသံကအစ ဆွဲဆောင်မှု ရှိလိုက်တာ…”

 

ဖေးလုရဲ့ အရူးအမူး ဖြစ်နေတဲ့ ပုံစံကို ရိုးနေပြီဖြစ်တဲ့ 666 က အထင်သေးသလို နှာမှုတ်လိုက်တယ်။ ပြီးတော့ ရင်ခွင်ထဲမှာ ဝပ်ပြီး အမြီးနှံ့နေလိုက်တယ်။

 

ကျင်းမင်က စကားများတဲ့သူ မဟုတ်ဘူး။ ခဏနေတော့ စကားပြောတာ ရပ်လိုက်ပြီး စင်ပေါ်ကနေ ဆင်းသွားတယ်။ ဂီတအဖွဲ့က သူ့ရဲ့ နောက်ကနေ တန်းစီပြီး တက်လာတယ်။

 

 ငြိမ့်ညောင်းတဲ့ ဂီတသံစဉ်တွေက ရုတ်တရက် တက်ကြွလာတယ်။ ခန်းမထဲက လေထုက သက်ဝင်လှုပ်ရှားလာပြီး ဧည့်သည်တွေက ကိုယ့်ရဲ့ တွဲဖက်ပါတနာတွေကို ခေါ်ကာ ကပွဲကြမ်းပြင်ထဲ ဝင်ရောက် ကပြကြတယ်။

 

ရှေ့နားက လူအုပ်ကြီး ကွဲသွားတော့ ဖေးလုက ရှေ့ကို ခြေလှမ်းနည်းနည်း တိုးလိုက်တယ်။ မျက်လုံးတွေက ကျင်းမင်ရဲ့ ကိုယ်ပေါ်ကနေ ခွာလို့မရဘူး ဖြစ်နေတယ်။ မြင်ကွင်းရှင်းသွားတော့ ဖေးလု ပိုပြီးသေသေချာချာ မြင်ရပြီ။

 

ကျင်းမင်က ပခုံးကျယ်တယ်၊ ခြေတံရှည်တယ်။ သူ့ရဲ့ အရပ်အမောင်းက ခန်းမထဲက လူတွေအားလုံးကို လွှမ်းမိုးထားတယ်။ အနည်းဆုံး ၆ ပေ ၃ (၁၉၀စင်တီ) လောက်တော့ ရှိမယ်။

 

သူက ခေါင်းကို ဘေးတစ်စောင်း လုပ်ထားပြီး သူ့ရဲ့ နောက်က ဒုတိယဗိုလ်ချုပ်ကို တိုးတိုးလေး တစ်ခုခု မှာနေတာ။ သူ့ရဲ့ ဘေးတိုက်မျက်နှာရဲ့ လိုင်းတွေက စူးရှထက်မြက်တယ်။

 

 ဖေးလုရဲ့ ခြေထောက်တွေက ကြမ်းပြင်မှာ ကပ်နေသလိုပဲ ရွေ့လို့မရတော့ဘူး။ မျက်တောင်မခတ်ဘဲ ကျင်းမင်ကိုသာ စိုက်ကြည့်နေမိတယ်။ ရုတ်တရက် ရင်းနှီးတဲ့ ခံစားချက်တစ်ခုက သူ့ရင်ထဲမှာ အလိုလို ပေါ်လာတယ်။

 

ဘာလဲဆိုတာ သေချာ မစဉ်းစားရသေးခင်မှာပဲ ကျင်းမင်က သူ့ဘက်ကို လှမ်းကြည့်လိုက်ပြီး ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်လာတာကို မြင်လိုက်ရတယ်။

 

ဖေးလု : “… ???”

ခိုးကြည့်နေတာ မိသွားပြီလား?!

 

ဖေးလုက ကြောက်လန့်တကြား လည်ပင်းကို ကျုံ့လိုက်ကာ ဘာမှမဖြစ်သလို ဟန်ဆောင်ပြီး ဟိုကြည့်ဒီကြည့်နဲ့ ဆန့်ကျင်ဘက်ကို ထွက်ပြေးဖို့ ပြင်တယ်။ ဒါပေမယ့် ကျင်းမင်က အရပ်ရှည် ခြေတံရှည်ဆိုတော့ ဖေးလုထက် အများကြီး ပိုမြန်တယ်။ ဖေးလု ဘေးကင်းရာကို မရောက်ခင်မှာပဲ ကျင်းမင်က မီလာတယ်။

 

“မစ္စတာဖေး”

 

ဖေးလုရဲ့ ခန္ဓာကိုယ် တောင့်သွားတယ်။သူ တောင့်တောင့်ကြီး လှည့်ကြည့်လိုက်တယ်။ ရင်ထဲမှာတော့ စိတ်လှုပ်ရှားဝမ်းသာတာနဲ့ ကြောက်လန့်တုန်လှုပ်တာတွေနဲ့ ဗျာများနေပြီ။

 

ကျင်းမင်က ပြန်ထူးသံ မကြားတော့ နောက်တစ်ခေါက် ထပ်ခေါ်တယ်။

 

“မစ္စတာဖေး?”

 

ဖေးလုရဲ့ အကြည့်က သူ့ရဲ့ နှုတ်ခမ်းပေါ်ပဲ ရောက်နေတယ်။ သူက မျက်လုံးချင်း မဆုံရဲဘဲ ကြောက်ကြောက်လန့်လန့်နဲ့ နှုတ်ဆက်လိုက်တယ်။

 

“မင်္ဂလာပါ မာရှယ်ကြီး”

 

ဖေးလုရဲ့ ခေါင်းက အင်္ကျီကော်လာထဲ ဝင်သွားတော့မတတ် ငုံ့နေတာကို မြင်တော့ ကျင်းမင် နှုတ်ခမ်းကို စေ့ကာ ပြောလိုက်တယ်။

 

“ဒီမှာ လူများတယ်”

 

ပြောပြီးတာနဲ့ ခြေတံရှည်ကြီးတွေနဲ့ ထောင့်ချောင်နေရာဘက် ဦးတည်ပြီး ထွက်သွားတော့တယ်။

 

ကြောင်တောင်တောင် ကျန်ခဲ့တဲ့ ဖေးလု : “…”

 

သတ္တိကြောင်တဲ့ ဖေးလုကတော့ မာရှယ်ကြီးရဲ့ အမိန့်ကို မလွန်ဆန်ရဲပါဘူး။ 666 ကို ပွေ့ပြီး ငုံးလေးတစ်ကောင်လို ကျင်းမင်ရဲ့ နောက်ကနေ လိုက်သွားတော့တယ်။ ညတိုင်း မာရှယ်ကြီးရဲ့ ဓာတ်ပုံကို ကြည့်ပြီး စိတ်ကူးယဉ်နေတဲ့ သတ္တိတွေက ဘယ်ရောက်သွားမှန်းတောင် မသိတော့ဘူး။

 

တိတ်ဆိတ်တဲ့ ထောင့်နေရာလေးကို ရောက်တော့ ကျင်းမင်က ဖေးလုအတွက် ထိုင်ခုံ ဆွဲထုတ်ပေးတယ်။ ဖေးလု ထိုင်ပြီးမှ သူက မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်တယ်။

 

ဖေးလုက အမျိုးသားနတ်ဘုရားရဲ့ ရုပ်ရည်ကို အနီးကပ် မြင်နေရတော့ ဝိညာဉ်ပါ လွင့်ထွက်မတတ် ဖြစ်နေတယ်။ စိတ်ထဲမှာ “ချောလိုက်တာ ချောလိုက်တာ” လို့ အော်ဟစ်နေပေမယ့် အပြင်ပန်းမှာတော့ လိမ္မာတဲ့ ကလေးလေးလို ငြိမ်ကုပ်နေတယ်။ မျက်တောင်ရှည်ကြီးတွေ ချထားပြီး အေးဆေးချစ်စရာကောင်းတဲ့ ပုံစံလေး ဖမ်းထားတယ်။

 

ကျင်းမင်က ဖေးလုရဲ့ အချက်အလက်တွေကို ပြန်စဉ်းစားလိုက်ပြီး လေသံကို အတတ်နိုင်ဆုံး လျှော့ကာ ပြောတယ်။

 

“ပထမတပ်မတော်ကို ကူညီပေးခဲ့တဲ့အတွက် မစ္စတာဖေးကို ကျေးဇူးတင်ပါတယ်”

 

“????”

 

ဖေးလုရဲ့ မျက်နှာမှာ မေးခွန်းထုတ်တဲ့ သင်္ကေတတွေနဲ့ ပြည့်သွားတယ်။ သူ့ကို ဘာကိစ္စနဲ့ လာရှာတာလဲ ဆိုတာ နားမလည်သေးတော့ ယဉ်ယဉ်ကျေးကျေးပဲ ပြန်ပြောလိုက်တယ်။

 

“မာရှယ်ကြီးကလည်း အားနာစရာကြီး။ ဒါ ကျွန်တော့်ရဲ့ တာဝန်ပါ”

 

ပြောပြီးတာနဲ့ ခေါင်းကို ပြန်ငုံ့ထားလိုက်ပြန်ရော!

 

ခေါင်းပေါ်က ချစ်စရာကောင်းတဲ့ ဆံပင်ကောက်ကွေးလေးတစ်ခုပဲ မြင်ရတော့တယ်။

 

ကျင်းမင်က ဖေးလုရဲ့ ဆံပင်ကောက်ကွေးလေးကို ငေးကြည့်နေမိတယ်။ ဖေးလုက မလာခင် ဆံပင်ကို လေမှုတ်လာတော့ ဆံပင်နက်နက်လေးတွေက ပွပွလေးနဲ့ နူးညံ့နေပုံရတယ်။

 

ကိုင်ကြည့်ချင်စရာလေး။

 

ကျင်းမင် ဒူးပေါ်တင်ထားတဲ့ သူ့လက်ချောင်းတွေကို ပွတ်သပ်လိုက်ပြီး ရုတ်တရက် ပေါ်လာတဲ့ ဆန္ဒကို ဖိနှိပ်လိုက်ပြီး ဆက်မေးလိုက်တယ်။

 

“မစ္စတာဖေးရဲ့ ဒီရက်ပိုင်း ကုသမှု Mission တွေ အဆင်ပြေရဲ့လား?”

 

ဖေးလုရဲ့ ခေါင်းပေါ်မှာ မေးခွန်းထုတ် သင်္ကေတတွေ ပိုများလာတယ်။သူက ကြောင်တောင်တောင်နဲ့ မော့ကြည့်လိုက်တယ်။

 

“အဆင်ပြေ… ပါတယ်”

 

Mission တွေလည်း ပြီးသွားပြီဆိုတော့ အဆင်ပြေတယ်လို့ ပြောရမှာပေါ့။

 

ပြောပြီးတာနဲ့ ဖေးလုက ခေါင်းပြန်ငုံ့သွားပြန်တယ်။ တကယ်တမ်းကျတော့ ဘယ်အချိန်မှာ လက်မှတ်တောင်းရင် ကောင်းမလဲ ဆိုတာကို တိတ်တိတ်လေး ကြံစည်နေတာ!

 

ကျင်းမင်ကတော့ သူ့ရဲ့ အတွေးကို မသိဘူး။ ငုံးလေးတစ်ကောင်လို ခေါင်းမဖော်ရဲအောင် ကြောက်နေတာကို မြင်တော့ သူ့ရဲ့ အရှိန်အဝါက ပိုလေးနက်သွားတယ်။

 

“မစ္စတာဖေးကလည်း ဟွားနိုင်ငံသားပဲလား?”

 

“ဟ… ဟုတ်ပါတယ်”

ဖေးလု တုန်တုန်ယင်ယင်နဲ့ ဖြေလိုက်တယ်။ အမျိုးသားနတ်ဘုရားရဲ့ မေးခွန်းတွေက ခုန်ပျံကျော်လွှားလွန်းတော့ သူ လိုက်မမီတော့ဘူး။

 

ကျင်းမင်ရဲ့ နှုတ်ခမ်းထောင့်လေး မသိမသာ ကွေးညွှတ်သွားတယ်။ နောက်ဆုံးတော့ တူညီတဲ့ ခေါင်းစဉ်တစ်ခုကို ရှာတွေ့ပြီ။

 

“တိုက်ဆိုင်လိုက်တာ… ကိုယ်လည်း ဟွားနိုင်ငံသားပဲ”

 

“ဪ… ဟုတ်လား”

 

ဖေးလုက ခြောက်ကပ်ကပ်ပဲ ပြန်ဖြေလိုက်တယ်။ ပြီးတော့ ခေါင်းငုံ့ပြီး ပြန်ငြိမ်နေလိုက်တယ်။သူ့ကြည့်ရတာ စကားပြောချင်စိတ် မရှိတဲ့ပုံပဲ။

 

တကယ်တမ်း သူ့ရဲ့ စိတ်ထဲမှာတော့ အော်ဟစ်သံတွေနဲ့ ပြည့်နှက်နေပြီ!!!

 

အမျိုးသားနတ်ဘုရားနဲ့ ငါနဲ့က ဇာတိတူတွေတဲ့! တကယ့်ကို ရေစက်ပဲ။ ဖက်ဒရယ်ကြယ်စုကြီးက ဒီလောက် ကျယ်ဝန်းတာ၊ ဟွားနိုင်ငံသားချင်း တွေ့ဖို့ဆိုတာ လွယ်တာ မဟုတ်ဘူးနော်!

 

တုံ့ပြန်မှု မရတဲ့ ကျင်းမင် : “…”

 

လေထုက ရုတ်တရက် တောင့်တင်းသွားတယ်။

 

ဖေးလုကတော့ သူ့ရဲ့ ကိုယ်ပိုင်ကမ္ဘာလေးထဲမှာ ပျော်မြူးပြီး ကခုန်နေတယ်။ ခေါင်းထဲမှာ ပန်းရောင်ပူဖောင်းလေးတွေ ပြည့်နေပြီ။ ခေါင်းသာ ငုံ့မထားရင် သူ့ရဲ့ မျက်နှာပေါ်က အရူးလို ပြုံးစိစိ ဖြစ်နေတာကို ဖုံးကွယ်နိုင်မှာ မဟုတ်ဘူး။

 

ကျင်းမင်ကတော့ ခါးမတ်မတ်နဲ့ ထိုင်ပြီး ဖေးလုရဲ့ ခေါင်းပေါ်က ဆံပင်ကောက်ကွေးလေးကို စိုက်ကြည့်နေတယ်။ သူ့မျက်နှာထားက တင်းမာနေပြီး အကြည့်တွေက စူးရှနေတယ်။

 

ရံဖန်ရံခါ ဒီထောင့်ချောင်က လူနှစ်ယောက်ကို သတိထားမိတဲ့သူတွေကတော့ ခေါင်းငုံ့ပြီး သနားစရာကောင်းနေတဲ့ ဖေးလုကို ကြည့်ပြီး ဂရုဏာသက်နေကြတယ်။

 

မာရှယ်ကြီးကလည်း ပန်းလေးတွေကို မညှာတာဘူး။ ကြည့်ပါဦး… ကောင်လေးခမျာ ကြောက်လွန်းလို့ တုန်နေပြီ။

 

ငါးမိနစ်လောက် တိတ်ဆိတ်စွာ သူတို့ထိုင်နေကြတယ်။

 

ဖေးလုရဲ့ စိတ်ကူးယဉ် ဇာတ်လမ်းတွေက ပိုပိုပြီး ကြမ်းတမ်းလာတယ်။ ‘မင်း နဲ့ ငါ’ (ကျင်းမင် x ငါ) ဆိုတဲ့ စာလုံးရေ ၃၀၀၀ လောက်ရှိတဲ့ အဝါရောင်စာပေ (Smut) တစ်ပုဒ်တောင် ရေးပြီးသွားပြီ!

 

သူ့နှလုံးသားလေးက တဒုန်းဒုန်း ခုန်နေပြီး သွေးတွေက မျက်နှာပေါ် ဆောင့်တက်လာတယ်။ ဖေးလုရဲ့ မျက်နှာလေးက နီရဲနေပြီး မျက်လုံးတွေက ရီဝေဝေ ဖြစ်နေတယ်။ လူတစ်ကိုယ်လုံး ရေကန်ထဲက လှေငယ်လေးလို ယိမ်းထိုးလှုပ်ရှားနေတယ်။

 

ဒါပေမယ့် ကျင်းမင်က မသိဘူး!

 

ကုထုံးပညာရှင်လေးက ကြည့်ရတာ ချစ်ဖို့ကောင်းတယ်။ နူးညံ့ပျော့ပျောင်းနေတာပဲ။ ကျင်းမင် ပထမဆုံး မြင်လိုက်ကတည်းက သတိထားမိတယ်။ တပ်ထဲက ကြမ်းတမ်းတဲ့ ကောင်တွေနဲ့ မတူဘူး။ ကုထုံးပညာရှင်လေးရဲ့ တစ်ကိုယ်လုံးက “လာဆွဲညှစ်လှည့်ပါ” ဆိုတဲ့ အချက်ပြလှိုင်းတွေ လွှင့်ထုတ်နေသလိုပဲ။

 

ကျင်းမင် စိတ်မကောင်း ဖြစ်သွားတယ်။ မိတ်ဆွေဖွဲ့ချင်လို့ လာတာ၊ မတော်တဆ ကုထုံးပညာရှင်လေးကို ခြောက်လန့်သလို ဖြစ်သွားတယ်။

 

သူ မေးရိုးကို တင်းလိုက်ပြီး သူ့ရဲ့ Terminal ကို ကမ်းပေးလိုက်တယ်။

 

“နောက်ဆို ကိစ္စရှိရင် ကိုယ့်ကို လာရှာလို့ ရတယ်”

 

ဖေးလုက သူ့ရဲ့ Terminal ကို ကြောင်တောင်တောင်ပဲ ကြည့်နေမိတယ်။ ပြီးမှ တွန့်ဆုတ်တွန့်ဆုတ်နဲ့ သူ့ရဲ့ Terminal ကို ကပ်ပေးလိုက်တယ်။ Terminal ချင်း ထိသွားတော့ “တီ” ဆိုတဲ့ အသံလေး မြည်သွားတယ်။ သူတို့နှစ်ယောက် သူငယ်ချင်း (Friend list) ဖြစ်သွားပြီ ဆိုတာ ပြနေတယ်။

 

ဖေးလုရဲ့ နှလုံးသားလေး နောက်တစ်ခေါက် ထပ်ခုန်ပြန်ပြီ။

 

ကျင်းမင်က ပွပွလေး ဖြစ်နေတဲ့ ဆံပင်တွေကို နှမြောတသ ကြည့်လိုက်ပြီး မတ်တပ်ရပ်ကာ ပြန်ဖို့ ပြင်တယ်။

 

“နောက်မှ တွေ့မယ်”

 

ဖေးလု မျက်လုံး ပြူးသွားတယ်။ သူ့ရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုက ဦးနှောက်ထက် ပိုမြန်တယ်။သူ ကျင်းမင်ရဲ့ အင်္ကျီလက်စကို လှမ်းဆွဲထားလိုက်တယ်။

 

ကျင်းမင်က ပြန်လှည့်ကြည့်တယ်။ မျက်နှာသေ ဖြစ်နေတုန်းပဲ ဆိုပေမယ့် သူ့ရဲ့ အရှိန်အဝါက နည်းနည်း ကြည်လင်လာတယ်။

 

“ကိစ္စ ရှိသေးလို့လား?”

 

ဖေးလု မျက်နှာ ရဲသွားတယ်။ ပြီးမှ ဗလုံးဗထွေးနဲ့ ပြောတယ်။

 

“ဟို… ကျွန်တော့်ကို လက်မှတ်ထိုးပေးလို့ ရမလားဟင်?”

 

ကျင်းမင်ရဲ့မျက်လုံး နည်းနည်း ဝိုင်းသွားတယ်။ ပြီးတော့ ရှားပါးတဲ့ အပြုံးတစ်ခုကို ပြုံးလိုက်တယ်။

 

“ရတာပေါ့”

 

……..

 

အပြာနုရောင် ရှပ်အင်္ကျီရဲ့ ကော်လာပေါ်မှာ သူ့ရဲ့ နာမည်ကို လေးလေးနက်နက် ရေးထိုးပေးလိုက်တယ်။ ကျင်းမင်က ဘောပင်ကို ဖေးလုဆီ ပြန်ပေးလိုက်တယ်။ သူ့ရဲ့ ပတ်ဝန်းကျင်က နွေဦးရာသီ ရောက်နေသလို သာယာနေတယ်။

 

ဖေးလုလည်း အရမ်း ကျေနပ်သွားတယ်။ အင်္ကျီပေါ်မှာ ထိုးလိုက်ရပေမယ့် ဒါက အမျိုးသားနတ်ဘုရားရဲ့ ကိုယ်တိုင်ရေး လက်မှတ်လေ! အွန်လိုင်းပေါ် တင်လိုက်ရင် ပရိသတ်လေးတွေ မနာလို ဖြစ်ကုန်မှာ သေချာတယ်။

 

ဖေးလုက ကျင်းမင်ကို အားရပါးရ ပြုံးပြလိုက်တယ်။သူ ပျော်လွန်းလို့ သေတော့မလို ခံစားရတယ်!

 

——-

 

စာရေးသူရဲ့စကား –

 

မာရှယ်ကြီး : ကိုယ်က မင်းနဲ့ မိတ်ဆွေဖွဲ့ချင်ရုံပါကွာ : )

ငါ့လူနာတွေက ငါ့ကိုချစ်မိသွားကြတယ်တဲ့!

ငါ့လူနာတွေက ငါ့ကိုချစ်မိသွားကြတယ်တဲ့!

Status: Ongoing Type: Author: Released: 2017

ဇာတ်လမ်းအကျဉ်း

​ဖေးလုဆိုတာ ဖက်ဒရယ်နိုင်ငံရဲ့ နံပါတ် ၁ အဆင့်ရှိတဲ့ စိတ်ကုထုံးပညာရှင်တစ်ယောက်။

တစ်နေ့ကျတော့ ဖက်ဒရယ်အစိုးရရဲ့ ဖိတ်ကြားချက်အရ စိတ်ရောဂါခံစားနေရတဲ့ စစ်သည်တွေကို ကုသပေးဖို့ သူလက်ခံလိုက်တယ်။

ဒါပေမယ့် အခြေအနေက တစ်မျိုးကြီး ဖြစ်နေတယ်။ သူ့လူနာတွေအားလုံးက... သူ့ကို 'ချစ်' (တက်လုပ်) ချင်နေကြတာ။

​လူနာ (၁) - "မင်းက ငါ့အပိုင်ပဲ!"

လူနာ (၂) - "မင်း ထွက်သွားရဲရင် သွားစမ်း၊ ငါ မင်းကို သတ်ပစ်လိုက်မယ်!"

.....

လူနာ (N) - "ငါ သေသွားမှပဲ မင်း လွတ်မြောက်မှာပါ..."

​ဖေးလု - "..." (ဆွံ့အ)

​ဇာတ်ကောင်စရိုက်များ

​ အတည်ပေါက်ဖမ်းတတ်တဲ့ Shou × တကယ် ရောဂါရှိတဲ့ Gong

​မှတ်ချက် - Gong က တစ်ယောက်တည်းပါ။ Shou က သူ့ရဲ့ စိတ်စွမ်းအင်ကိုသုံးပြီး လူနာတွေရဲ့ စိတ်ကမ္ဘာထဲကို ဝင်ရောက်ကုသပေးရတာပါ။

​တစ်ကြောင်းတည်းနဲ့ ပြောရရင် - "ကျွန်တော်က ခင်ဗျားကို ရောဂါလာကုပေးတာလေ၊ ခင်ဗျားက ကျွန်​တော့်ကို ပြန်ပြီး တက်လုပ်ချင်နေတာလား!"

​【အထူးသတိပေးချက်】

Shou ရောက်နေတဲ့ ကမ္ဘာက အနာဂတ်ကာလဖြစ်ပါတယ်။ ဒီထဲက စိတ်ကုထုံးပညာရှင်ဆိုတာ သာမန် စိတ်ရောဂါကုဆရာဝန်မဟုတ်ပါဘူး။ လူနာကို ကုသတဲ့နေရာမှာ စိတ်စွမ်းအင်ကို သုံးပြီး ကုသတာမို့ 'စိတ်စွမ်းအားရှင်'ပုံစံမျိုးလို့ မှတ်ယူပေးပါ။ ဒါကြောင့် သာမန်ဆရာဝန်တွေနဲ့ မရောထွေးပါနဲ့နော်။

​အခြားအချက်အလက်များ

​Main Shou ပါ။ 1v1 (တစ်ယောက်တစ်ယောက်) ပါ။ Gong နဲ့ Shou ကလွဲပြီး တခြားလူမရှိပါဘူး။ Gong က စိတ်ဒဏ်ရာကြောင့် Personality တွေ ကွဲနေတာပါ။

​ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်းဖြစ်တာမို့ ယုတ္တိဗေဒLogicတွေ သိပ်လိုက်မရှာပါနဲ့၊ စာရေးသူက စားပစ်လိုက်ပါပြီတဲ့။

​ဇာတ်လိုက်များ - ဖေးလု(Shou)၊ ကျင်းမင်(Gong)

ဇာတ်ပို့များ - Gong 1, 2, 3, 4, 5,6....

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset