⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 47

Arc 3 ရုပ်ရှင်မင်းသားကို မြှူဆွယ်မယ့် အသည်းကျော်လေး

ARC 3

Chapter 47 : ရုပ်ရှင်မင်းသားကို မြှူဆွယ်မယ့် အသည်းကျော်လေး

 

ကပွဲပြီးသွားတော့ ဖေးလုက အချိန်အတိုင်းအတာတစ်ခုအထိ အနားယူဖို့ ပြင်ဆင်တယ်။ ဆက်တိုက် လုပ်ခဲ့တဲ့ Mission နှစ်ခုက သူ့ရဲ့ မျှော်မှန်းထားတာထက် ပိုပြီး ပင်ပန်းစေခဲ့တယ်။ သူ့ရဲ့ စိတ်ခံစားချက်တွေကို သေချာ ပြန်လည် ပြုပြင်ဖို့ လိုတယ်လို့ ခံစားရတယ်။

 

666 ကလည်း သူ့ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံတယ်။

 

ဆုံးဖြတ်ပြီးတာနဲ့ ဖေးလု တကယ်ပဲ အနားယူတော့တယ်။ နေ့တိုင်း ကျင်းမင်ရဲ့ Fan Club က Update တွေကို ကြည့်လိုက်၊ မာရှယ်ကြီးရဲ့ မူရင်းပုံ (Uncensored HD photos) တွေကို လိုက်စုလိုက်၊ 666 ကို ပွေ့ပြီး စားကောင်းသောက်ဖွယ် လိုက်ရှာလိုက်နဲ့ပဲ အချိန်ကုန်နေခဲ့တယ်။

 

ဒီလို အေးဆေးတဲ့ နေ့ရက်တွေ ၅ ရက်လောက် ကြာသွားတော့ တပ်မတော်က ကုသမှု Mission အသစ်တစ်ခု ချပေးလာတယ်။

 

တပ်မတော်ရဲ့ သတင်းအချက်အလက်က Terminal ပေါ် တန်းရောက်လာတယ်။ ဖေးလုက စာကို အကြာကြီး စိုက်ကြည့်နေတယ်။ နောက်ဆုံးတော့ စာပြန်ပြီး ယဉ်ယဉ်ကျေးကျေး ငြင်းလိုက်တယ်။ သူ့ရဲ့ အခြေအနေက သိပ်မကောင်းသေးဘူး။ အတင်းလုပ်ယူပြီး Mission လက်ခံတာက သူကိုယ်တိုင်ရော၊ လူနာအတွက်ပါ တာဝန်မဲ့ရာ ရောက်လိမ့်မယ်။

 

သူ့ရဲ့ အခြေအနေကို အမှန်အတိုင်း ပြောပြပြီး တခြား ကုထုံးပညာရှင်ကို ရှာဖို့ ယဉ်ယဉ်ကျေးကျေး အကြံပေးလိုက်တယ်။

 

ဖေးလု စာပြန်ပြီးတာနဲ့ ဝမ်းသာအားရပဲ စားလိုက်အိပ်လိုက် ဖြစ်ကတတ်ဆန်း ဘဝကို ဆက်လက် စံစားတော့တယ်။

 

ဒါပေမယ့် နောက်တစ်နေ့မှာ ပထမတပ်မတော်ရဲ့ ဆက်သွယ်ရေးမှူးက အိမ်ကို ရောက်ချလာတယ်။

 

ဆက်သွယ်ရေးမှူးရဲ့ နာမည်က ဒေါက်တာလော့။ သူက ပထမတပ်မတော်ရဲ့ ဆရာဝန် ဖြစ်ပြီး ဖေးလုရဲ့ ကုသမှု Mission တွေကို ခွဲဝေချထားပေးတဲ့သူ ဖြစ်တယ်။

 

အခုတော့ ဖေးလု Mission ငြင်းလိုက်လို့ ဒေါက်တာလော့ ကိုယ်တိုင် အိမ်ကို လိုက်လာတာ။

 

ဖေးလုက သူ့ကို လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးလိုက်တယ်။ ပြီးတော့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ပြီး ဘာကိစ္စလာလဲ ဆိုတာကို ပြောပြဖို့ တိတ်ဆိတ်စွာ စောင့်နေတယ်။

 

ဒေါက်တာလော့က လက်ဖက်ရည် တစ်ငုံကို အရင် သောက်လိုက်တယ်။ ပြီးမှ အေးအေးဆေးဆေး စပြောတယ်။

 

“မစ္စတာဖေး… ဒီတစ်ခေါက် လာရှာတာက တကယ်တော့ အကူအညီ တစ်ခု တောင်းချင်လို့ပါ”

 

လက်ဖက်ရည်ပူပူရဲ့ ရေနွေးငွေ့တွေက တစ်ဖက်လူရဲ့ မျက်နှာကို ဝါးသွားစေတယ်။ ဖေးလုက မျက်မှန်အောက်က စူးရှတဲ့ မျက်လုံးတွေကို ကြည့်ပြီး သူ့ရဲ့ ရည်ရွယ်ချက်ကို ရိပ်မိလိုက်ပြီ။

 

“ဒေါက်တာလော့… တောင်းပန်ပါတယ်။ ကျွန်တော့်ရဲ့ အခြေအနေက တကယ် မကောင်းသေးပါဘူး။ ခင်ဗျားရဲ့ တောင်းဆိုမှုကို ကျွန်တော် လက်ခံနိုင်မယ် မထင်ဘူး”

 

ဒေါက်တာလော့က မျက်မှန်ကို ပင့်တင်လိုက်တယ်။ ယူလာတဲ့ သားရေသေတ္တာကို ဖွင့်ပြလိုက်ကာ အထဲမှာ ပါတာတွေကို ဖော်ပြလိုက်တယ်။

 

“ဒါက ပထမတပ်မတော်က ထုတ်လုပ်ထားတဲ့ စိတ်စွမ်းအား ပြန်လည်ဖြည့်တင်းဆေးပါ။ ကုန်ဆုံးသွားတဲ့ စိတ်စွမ်းအားတွေကို လျင်မြန်စွာ ပြန်ဖြည့်ပေးနိုင်ပါတယ်”

 

ဖေးလု မကျေမနပ် မျက်မှောင်ကြုတ်လိုက်တယ်။ ဒေါက်တာလော့က အတင်းအကျပ် လုပ်နေတာကို သူ သဘောမကျဘူး။

 

“ဒေါက်တာလော့… ခင်ဗျား သိမှာပါ။ ကုထုံးပညာရှင်တွေက စိတ်အခြေအနေ မကောင်းတဲ့အချိန်မှာ ဘယ်လို ကုသမှု တောင်းဆိုချက်ကိုမဆို ငြင်းပယ်ပိုင်ခွင့် ရှိပါတယ်”

 

သူက “ဘယ်လို ကုသမှု တောင်းဆိုချက်ကိုမဆို”  ဆိုတဲ့ စကားလုံးပေါ်မှာ အသံဖိပြီး ပြောလိုက်တယ်။

 

ဒေါက်တာလော့က ခါးသက်သက် ပြုံးတယ်။ ဖေးလုရဲ့ သဘောထား ပြတ်သားနေတာကို မြင်တော့ လေသံကို လျှော့လိုက်ရတယ်။

 

“မစ္စတာဖေး… ကျွန်တော်က အတင်းအကျပ် လုပ်ချင်တာ မဟုတ်ပါဘူး။ တကယ်တမ်းကျတော့ ဒီတစ်ခေါက် Mission က ထူးခြားနေလို့ပါ။ အထက်က ခင်ဗျားကိုပဲ သီးသန့် ညွှန်ကြားထားလို့ပါ”

 

သူက လက်ညှိုးကို အပေါ်ဘက် ထိုးပြလိုက်တယ်။

 

ဖေးလု မကျေမနပ် မျက်မှောင်ကြုတ်နေတုန်းပဲ။သူ လက်မခံချင်ဘူး။ ဒါပေမယ့် 666 က ရုတ်တရက် ဝင်ပြောတယ်။

 

“ခင်ဗျားရဲ့ တောင်းဆိုမှုကို ကျွန်တော်တို့ ပြန်စဉ်းစားပေးပါ့မယ်။ အချိန် နည်းနည်းတော့ ပေးပါ”

 

ဖေးလုက လက်မခံချင်ဘူး ဆိုပေမယ့် ဒေါက်တာလော့ကတော့ မတတ်သာတဲ့အဆုံး ခေါင်းညိတ်လိုက်တယ်။ ဆေးတွေကို ထားခဲ့ပြီး တစ်ယောက်တည်း ပြန်သွားတယ်။

 

ဧည့်သည် ပြန်သွားတာနဲ့ ဖေးလုက ဆရာကြီးလုပ်တဲ့ 666 ကို ဆွဲမလိုက်တယ်။

 

“မင်း ဘာတွေ မကောင်းကြံနေပြန်ပြီလဲ?!”

 

666 က ခြေထောက်တိုတိုလေးတွေနဲ့ အတင်းကန်ကျောက်ပြီး ရုန်းနေတယ်။

 

“မင်းအတွက် ငါက လုပ်ပေးနေတာလေ! ဟိုတစ်ဖက် ကမ္ဘာတုန်းက မင်းရဲ့ စိတ်စွမ်းအားတွေ ထိခိုက်ခဲ့လို့ ခေါင်းခဏခဏ ကိုက်နေတာ မဟုတ်ဘူးလား? ပထမတပ်မတော်က ထုတ်တဲ့ စိတ်စွမ်းအား ပြန်လည်ဖြည့်တင်းဆေးက ပျက်စီးသွားတဲ့ စိတ်စွမ်းအားတွေကို ပြန်ကောင်းစေတယ်လို့ ငါ ကြားထားလို့ပါ”

 

“ဟိုတစ်ဖက်ကမ္ဘာ? စိတ်စွမ်းအား ထိခိုက်တယ်?”

 

 ဖေးလုက အဓိက အချက်ကို ဖမ်းမိလိုက်တယ်။ သူ သံသယဖြစ်စွာ မေးလိုက်တယ်။

 

“ဟိုတစ်ဖက်ကမ္ဘာက Mission အောင်မြင်ခဲ့တာ မဟုတ်ဘူးလား? ဘာလို့ ငါ့ရဲ့ စိတ်စွမ်းအားက ထိခိုက်ရတာလဲ?”

 

“ပြီးတော့ ငါ့ရဲ့ စိတ်စွမ်းအား ထိခိုက်နေတယ် ဆိုတာကို ငါကိုယ်တိုင်တောင် ဘာလို့ မသိရတာလဲ?”

 

666 : “…”

 

ပါးစပ်သရမ်းမိပြန်ပြီ။

 

666ရဲ့ မျက်လုံးလေးတွေ ကလယ်ကလယ် ဖြစ်သွားတယ်။ သူက ဉာဏ်ကောင်းစွာနဲ့ ပြန်ဖြေရှင်းတယ်။

 

“Log outလုပ်တဲ့အချိန်မှာ မတော်တဆမှု အသေးစားလေး ဖြစ်သွားလို့ပါ။ ပြဿနာ ကြီးကြီးမားမား မဟုတ်ပါဘူး။ ဒါပေမယ့် ပြောပြလို့ မရဘူး”

 

ပြောပြလို့ မရဘူး ဆိုရင်တော့ တကယ် မရတာပဲ ဖြစ်မယ်။ AI တွေအတွက် Mission အချက်အလက် ထိန်းသိမ်းရေး စည်းကမ်းက အရမ်း တင်းကျပ်တယ်။ 666 ပြောပြလို့ မရဘူးဆိုတဲ့ အရာတွေက စိတ်ဝိညာဉ်ကမ္ဘာနဲ့ ပတ်သက်ပြီး လုံးဝ ထုတ်ဖော်ခွင့် မရှိတဲ့ ကိစ္စတွေ ဖြစ်နေလို့ပဲ။

 

ဖေးလုက 666 ကို ကိုင်ပြီး ယမ်းလိုက်တယ်။ပြီးတော့ စားပွဲပေါ်က စိတ်စွမ်းအား ပြန်လည်ဖြည့်တင်းဆေးကို ကောက်ယူလိုက်တယ်။

 

“ဒါဆိုလည်း လက်ခံလိုက်တော့မယ်”

 

စိတ်စွမ်းအား ပြန်လည်ဖြည့်တင်းဆေးဆိုတာ ရှာရခက်တဲ့ ပစ္စည်း။ မယူရင် အရူးပဲ ဖြစ်မှာပေါ့။

 

666 က ဒေါက်တာလော့ဆီ စာရေးပြီး ပြန်ပို့လိုက်တယ်။ တစ်ဖက်က ကုသရမယ့် အချိန်ကို ချက်ချင်း ပြန်ပို့လာတယ်။

 

ဒေါက်တာလော့ရဲ့ ညွှန်ကြားချက်အတိုင်း ဖေးလုက ဆေးကို သောက်ပြီး အာဟာရအခန်းထဲ နောက်တစ်ခေါက် ဝင်ရောက်သွားတော့တယ်…

 

**********

 

“အကူအသစ်က ကျွန်မရဲ့ ဂျူနီယာပါ။ ရုပ်ရည်က သန့်ပြန့်ပြီး စိတ်သဘောထားလည်း ကောင်းပါတယ်။ ဒီတစ်ခေါက် ရှင်သာ ထပ်ပြီး မောင်းထုတ်လိုက်ရင် ကိုယ့်ဘာသာကိုယ်သာ လူရှာပေတော့…”

 

ချူးဟုန်က ဖုန်းထဲကနေ ပွစိပွစိ ပြောနေ​လေတယ်။ ဒါက ဒီနှစ်ထဲမှာ မုရှို့အတွက် ပြောင်းပေးရတဲ့ ၅ ယောက်မြောက် လက်ထောက် ဖြစ်နေပြီ။ ဝမ်စုက အလုပ်လိုနေလို့သာပေါ့၊ မဟုတ်ရင် ချူးဟုန် သူ့ရဲ့ ဂျူနီယာ​​လေး​ကို မီးတွင်းထဲ တွန်းပို့မှာ မဟုတ်ဘူး။

 

ဖုန်းတစ်ဖက်ခြမ်းက မုရှို့ကတော့ ဂရုမစိုက်တဲ့ လေသံနဲ့ ရယ်နေတယ်။ ချူးဟုန်ရဲ့ ရင်နာနေမှုကို နည်းနည်းလေးမှ နားလည်မပေးဘူး။ သူက ပျင်းရိတဲ့ လေသံနဲ့သာ ပြောတယ်။

 

“လူကိုသာ အရင် ခေါ်လာပြပါဦး။ ကြိုပြောထားမယ်နော်… အဆင်မပြေရင်တော့ နင့်ရဲ့ မျက်နှာကို ထောက်ပြီး အလကား ထမင်းကျွေးထားမှာ မဟုတ်ဘူး”

 

ချူးဟုန်က မုရှို့ရဲ့ စရိုက်ကို ကောင်းကောင်းသိတယ်။

“ရှင့်ရဲ့ နာမည်ပျက်က ဒီလောကမှာ ဘယ်လောက် ကျော်ကြားလဲ ဆိုတာလည်း ပြန်ကြည့်ဦး။ လူရှာပေးနိုင်တာကိုပဲ ကျေးဇူးတင်လှပြီမှတ်”

 

မုရှို့က ဆုတံဆိပ်နှစ်ခုရှင် ရုပ်ရှင်မင်းသားတစ်ယောက် ဖြစ်ပြီး ဖျော်ဖြေရေးလောကမှာ နေရာတစ်ခုထိ အခိုင်အမာ ရထားတဲ့​သူ။ သူ့ရဲ့ ကျော်ကြားမှုနဲ့ တန်းတူ လိုက်ဖက်တာကတော့ သူ့ရဲ့ ဒေါသကြီးမှုနဲ့ သန့်ရှင်းရေး အစွဲအလမ်းကြီးမှုပဲ။

 

မင်းသားမုက ငယ်ငယ်လေးကတည်းက အောင်မြင်ခဲ့တဲ့သူ။ ‘Flying Fish Entertainment’ ဆိုတဲ့ ကုမ္ပဏီကြီးရဲ့ ကျောထောက်နောက်ခံလည်း ရှိတော့ အနုပညာလောကကြီးမှာ ဘယ်သူ့မျက်နှာမှ မကြည့်ဘဲ ထင်ရာစိုင်းနေတာ။

 

သူ့ရဲ့ ပေါက်ကွဲတတ်တဲ့ ဒေါသကြောင့် အမျိုးသားလက်ထောက် ၃ ယောက်နဲ့ အမျိုးသမီးလက်ထောက် ၂ ယောက် ထွက်ပြေးသွားခဲ့ကြပြီ။ ယှဉ်ကြည့်လိုက်ရင် အမျိုးသမီးလက်ထောက်တွေက ဆက်ဆံခံရတာ နည်းနည်း ပိုကောင်းတယ် ဆိုပေမယ့် ‘နည်းနည်း’ လေး ပိုကောင်းရုံပါပဲ။

 

ဒီအနုပညာလောကထဲက လူတိုင်း မင်းသားမုရဲ့ အကျင့်စရိုက်ကို သိကြတယ်။ လစာ ဘယ်လောက်ကောင်းကောင်း မင်းသားမုရဲ့ ဒေါသကို ဘယ်သူမှ ရင်မဆိုင်ချင်ကြဘူး။

 

ချူးဟုန် ရှာလာပေးတဲ့ ဂျူနီယာလေး ဝမ်စုကတော့ အနုပညာလောကရဲ့ပြင်ပက လူသားလေး။ ချူးဟုန်က သူ့ရဲ့ဂျူနီယာအပေါ် ယုံကြည်မှု ရှိပေမယ့် မုရှို့က စိတ်ပါလက်ပါ လုပ်တတ်သူမို့ ဝမ်စုတစ်ယောက် မင်းသားမုရဲ့ မျက်စိထဲ ဝင်ပါ့မလား ဆိုတာ မသေချာဘူး။

 

…………

 

ချိန်းထားတဲ့ နေရာက ရိုက်ကွင်းမှာ။ မုရှို့က ရိုက်ကွင်းမှာ ရှိနေတုန်းပဲ။ ချူးဟုန်က ဝမ်စုတစ်ယောက် ရိုက်ကွင်းက အခြေအနေနဲ့ အဆင်ပြေမပြေ မသိသေးတာမို့ အရင်ဆုံး လွှတ်ပြီး အခြေအနေ ကြည့်ခိုင်းလိုက်တယ်။

 

မုရှို့က Action ခန်းတစ်ခုကို ရိုက်နေတာ။ ဒီအခန်းက ရုပ်ရှင်တစ်ခုလုံးအတွက် အရေးကြီးတယ်။ ဒါရိုက်တာရဲ့ တောင်းဆိုချက်ကလည်း မြင့်တော့ ၃-၄ ခါလောက် NG (No Good) ဖြစ်ထားပြီးပြီ။ မုရှို့ဘက်က ပြဿနာ မရှိပေမယ့် ပြဿနာက ဒုတိယမင်းသမီး လီယွီဆီမှာ ဖြစ်နေတာ။

 

သူမက သိုင်းအခြေခံ မရှိဘူး။ ကြိုးဆွဲထားရတဲ့အပြင် လှုပ်ရှားမှုတွေက ချောမွေ့ရမယ်၊ ဒိုင်ယာလော့ခ်တွေလည်း ရွတ်ရမယ် ဆိုတော့ အဆင်မပြေ ဖြစ်နေတယ်။ ရှေ့မှာ ၃ ခါလောက် မှားထားတော့ သူမလည်း ဖိအားတွေ များလာတယ်။ ဘယ်လိုမှ ရိုက်လို့မရ ဖြစ်နေပြီး မုရှို့ပါ ကြိုးတန်းလန်းနဲ့ လိုက်ဒုက္ခရောက်နေရတယ်။

 

ဒါရိုက်တာက သည်းမခံနိုင်တော့ဘဲ “Cut” အော်လိုက်တယ်။ သူက လီယွီကို ခေါ်ပြီး သီးသန့် သင်ပေးနေတယ်။ မုရှို့လည်း အားသွားတော့ ကိုယ်လက်လှုပ်ရှား လုပ်ပြီး ကမ်းခြေထိုင်ခုံပေါ်မှာ ဘုရင်တစ်ပါးလို လှဲနေလိုက်တယ်။

 

ချူးဟုန်က ဝမ်စုကို ခေါ်ပြီး ဝင်လာတယ်။ မုရှို့ရဲ့ မိုးမမြင်လေမမြင် ထိုင်ပုံကို တွေ့တော့ ရှက်ပြီး ချောင်းဟန့်လိုက်တယ်။

 

“မုရှို့… ဒါလက်ထောက်အသစ်လေး။ ငါ့ရဲ့ ဂျူနီယာ ဝမ်စုတဲ့”

 

ဖေးလု (ဝမ်စု) က မျက်လုံးလေးတွေ ကွေးသွားအောင် ပြုံးလိုက်ပြီး ရှေ့တစ်လှမ်းတိုးကာ ယဉ်ယဉ်ကျေးကျေး မိတ်ဆက်လိုက်တယ်။

 

“မင်္ဂလာပါ မင်းသားမု”

 

ပြောရင်းနဲ့ လက်တစ်ဖက် ကမ်းပေးလိုက်တယ်။

 

“နောက်နောင်ကျရင် လမ်းညွှန်ပြသပေးပါဦးခင်ဗျာ”

 

မုရှို့က သူ့ရဲ့ မျက်နှာရှေ့ ရောက်နေတဲ့ လက်ကို မျက်နှာသေနဲ့ပဲ စိုက်ကြည့်နေလေတယ်။

 

သူ့ရှေ့က လူငယ်လေးက ခန္ဓာကိုယ် သေးသွယ်တယ်။ ပန်းသီးပုံ မျက်နှာလေး နဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေ ရှိတယ်။ နူးညံ့တဲ့ မျက်နှာသွင်ပြင်က ဘေးကင်းတဲ့ ပုံစံ ပေါက်နေတယ်။ အားလုံး ပေါင်းလိုက်တော့ နူးညံ့ပျော့ပျောင်းတဲ့ သိုးငယ်လေး တစ်ကောင်လို ဖြစ်နေတော့တယ်။

 

ပြီးတော့ သူ့ရဲ့ အညိုဖျော့ရောင် ဆံပင်တိုလေးတွေက နူးညံ့ပြီး ခေါင်းပေါ်မှာ ပွပွလေး ဖြစ်နေတယ်။ ဆံပင်ကောက်ကွေးလေး တချို့က နဖူးပေါ် ဝဲကျနေတယ်။ တစ်ကိုယ်လုံးမှာ အီစိမ့်နေတဲ့ ခရင်မ် (Cream) အနံ့လေး ရနေသလိုပဲ။

 

ဖေးလုက ပြုံးပြီး ကြည့်နေတယ်။ ပန်းရောင်သမ်းနေတဲ့ သူ့ရဲ့နှုတ်ခမ်းထောင့်လေးတွေက ကွေးတက်နေတယ်။ ကမ်းပေးထားတဲ့ လက်ကို မရုတ်သိမ်းဘဲ ဇွဲရှိရှိ စောင့်နေတယ်။

 

မုရှို့က စိတ်ဝင်တစားနဲ့ အကဲခတ်နေတယ်။ သူ့ရဲ့ အကြည့်တွေထဲမှာ ရှားရှားပါးပါး စိတ်ဝင်စားမှု အရိပ်အယောင်တွေကို တွေ့ရတယ်။ သူက ကုလားထိုင် နောက်မှီပေါ် မှီပြီး ပြုံးစစနဲ့ ကြည့်နေတယ်။

 

ဖေးလု ခေါင်းလေး စောင်းလိုက်မိတယ်။ လက်ကို ရှေ့နည်းနည်း ထပ်တိုးပေးလိုက်တယ်။

 

“မင်းသားမု?”

 

လူငယ်လေးရဲ့ မျက်ဝန်းနက်နက်လေးတွေက ရီဝေဝေ ဖြစ်နေတယ်။ အသံလေးက နူးညံ့ပြီး သံသယဖြစ်နေတဲ့ ပုံစံလေး။ မင်းသားမုက ဘာလို့ သူ့ကို လက်ဆွဲမနှုတ်ဆက်တာလဲ ဆိုတာ နားမလည်တဲ့ ပုံစံ။

 

မုရှို့က အဲဒီအကြည့်ကြောင့် ရင်ထဲ လှုပ်ရှားသွားပြီး တစ်ခါမှ မလုပ်ဖူးတဲ့ အလုပ်ကို သူလုပ်လိုက်တယ်။

 

 လက်လှမ်းပြီး ပြန်ဆွဲလိုက်တာ! ပြီးတော့ ဖော်ရွေတဲ့ အပြုံးတစ်ခုနဲ့တောင် ပြုံးပြလိုက်သေးတယ်!

 

ဖေးလုက သူ့ရဲ့ လက်ကို ဆုပ်ကိုင်ပြီး အပေါ်အောက် ယမ်းလိုက်ပြီး သွားဖြူဖြူလေးတွေ ပေါ်အောင် ရယ်ပြလိုက်တယ်။ သွားလေးတွေက ညီညာပြီး ဖြူဝင်းနေလို့ မျက်စိကျိန်းစရာတောင် ကောင်းနေတယ်။

 

မုရှို့လည်း ပြုံးနေတယ်။ မျက်လုံးနဲ့ မျက်ခုံးကြားမှာ မကောင်းဆိုးဝါး ဆန်တဲ့ အငွေ့အသက်တွေတော့ ပါနေတယ်။ အကြောင်းစုံ မသိတဲ့ လမ်းသွားလမ်းလာတွေကတော့ သူ့ရဲ့ ကြောက်စရာကောင်းတဲ့ အပြုံးကို မြင်ပြီး ဘေးကင်းရာကို ရှောင်ကွင်းသွားကြတယ်။

 

ဘေးက ချူးဟုန်ကတော့ ပါးစပ်အဟောင်းသား ဖြစ်နေပြီ။ သူမ့ရဲ့ ဂျူနီယာလေးက မုရှို့ရဲ့ ဘယ်နေရာကို သွားထိလိုက်လို့ သန့်ရှင်းရေး အစွဲအလမ်းကြီးလွန်းတဲ့ မုရှို့က လက်ပြန်ဆွဲလိုက်ရတာလဲ ဆိုတာ စဉ်းစားလို့ မရတော့ဘူး!

 

မုရှို့ လက်ပြန်ရုတ်လိုက်ပြီးတော့ ညာဘက်လက်ကို နောက်ပစ်ပြီး လက်ချောင်းလေးတွေကို ပွတ်သပ်ကြည့်နေတယ်။ လက်ပေါ်မှာ ကျန်ခဲ့တဲ့ အပူငွေ့လေးကို သူ ခံစားကြည့်နေတာ။

 

နွေးထွေးတယ်။ စိုစွတ်တယ်။ နူးညံ့တယ်။ လက်ရိုးလေးတွေက သေးသွယ်တယ်… မုရှို့ ပြန်တွေးကြည့်နေမိတယ်။ ထူးဆန်းတဲ့ ခံစားချက် တစ်ခုခုပဲ။ ဒါပေမယ့် မမုန်းမိဘူး။

 

သူ ကိုယ်နေဟန်ထား ပြန်ပြင်ပြီး ပျင်းရိတဲ့ ပုံစံ ပြန်ဖမ်းလိုက်တယ်။

 

“သူ့ကိုပဲ ခန့်လိုက်မယ်”

 

ချူးဟုန် မျက်လုံးလှန်ကြည့်လိုက်တယ်။ပြီးတော့ ဖေးလုဘက် လှည့်ပြောတယ်။

 

“ဒါဆို အတည်ပြုလိုက်ပြီနော်။ နင် မုရှို့နဲ့ အရင် လိုက်နေလိုက်။ သူ့ရဲ့ နေထိုင်စားသောက်မှုတွေကို ဂရုစိုက်ပေး။ အချိန်ဇယားကို ငါ ခဏနေ ပို့ပေးမယ်”

 

ဖေးလု ခေါင်းညိတ်လိုက်တယ်။ပြီးတော့ သူ့ရဲ့ ထမင်းရှင်ကို ဦးညွှတ် ဂါရဝပြုလိုက်တယ်။

 

“မုကောကော”

 

မုရှို့ မျက်ခုံးပင့်လိုက်တယ်။ သူ့အကြည့်က ဖေးလုရဲ့ ပွယောင်းနေတဲ့ ဆံပင်တွေပေါ် ရောက်သွားတယ်။

 

ဒီလက်ထောက်လေးက… ကိုင်လို့ကောင်းမယ့်ပုံပဲ။

 

Chapter 47 ended

ငါ့လူနာတွေက ငါ့ကိုချစ်မိသွားကြတယ်တဲ့!

ငါ့လူနာတွေက ငါ့ကိုချစ်မိသွားကြတယ်တဲ့!

Status: Ongoing Type: Author: Released: 2017

ဇာတ်လမ်းအကျဉ်း

​ဖေးလုဆိုတာ ဖက်ဒရယ်နိုင်ငံရဲ့ နံပါတ် ၁ အဆင့်ရှိတဲ့ စိတ်ကုထုံးပညာရှင်တစ်ယောက်။

တစ်နေ့ကျတော့ ဖက်ဒရယ်အစိုးရရဲ့ ဖိတ်ကြားချက်အရ စိတ်ရောဂါခံစားနေရတဲ့ စစ်သည်တွေကို ကုသပေးဖို့ သူလက်ခံလိုက်တယ်။

ဒါပေမယ့် အခြေအနေက တစ်မျိုးကြီး ဖြစ်နေတယ်။ သူ့လူနာတွေအားလုံးက... သူ့ကို 'ချစ်' (တက်လုပ်) ချင်နေကြတာ။

​လူနာ (၁) - "မင်းက ငါ့အပိုင်ပဲ!"

လူနာ (၂) - "မင်း ထွက်သွားရဲရင် သွားစမ်း၊ ငါ မင်းကို သတ်ပစ်လိုက်မယ်!"

.....

လူနာ (N) - "ငါ သေသွားမှပဲ မင်း လွတ်မြောက်မှာပါ..."

​ဖေးလု - "..." (ဆွံ့အ)

​ဇာတ်ကောင်စရိုက်များ

​ အတည်ပေါက်ဖမ်းတတ်တဲ့ Shou × တကယ် ရောဂါရှိတဲ့ Gong

​မှတ်ချက် - Gong က တစ်ယောက်တည်းပါ။ Shou က သူ့ရဲ့ စိတ်စွမ်းအင်ကိုသုံးပြီး လူနာတွေရဲ့ စိတ်ကမ္ဘာထဲကို ဝင်ရောက်ကုသပေးရတာပါ။

​တစ်ကြောင်းတည်းနဲ့ ပြောရရင် - "ကျွန်တော်က ခင်ဗျားကို ရောဂါလာကုပေးတာလေ၊ ခင်ဗျားက ကျွန်​တော့်ကို ပြန်ပြီး တက်လုပ်ချင်နေတာလား!"

​【အထူးသတိပေးချက်】

Shou ရောက်နေတဲ့ ကမ္ဘာက အနာဂတ်ကာလဖြစ်ပါတယ်။ ဒီထဲက စိတ်ကုထုံးပညာရှင်ဆိုတာ သာမန် စိတ်ရောဂါကုဆရာဝန်မဟုတ်ပါဘူး။ လူနာကို ကုသတဲ့နေရာမှာ စိတ်စွမ်းအင်ကို သုံးပြီး ကုသတာမို့ 'စိတ်စွမ်းအားရှင်'ပုံစံမျိုးလို့ မှတ်ယူပေးပါ။ ဒါကြောင့် သာမန်ဆရာဝန်တွေနဲ့ မရောထွေးပါနဲ့နော်။

​အခြားအချက်အလက်များ

​Main Shou ပါ။ 1v1 (တစ်ယောက်တစ်ယောက်) ပါ။ Gong နဲ့ Shou ကလွဲပြီး တခြားလူမရှိပါဘူး။ Gong က စိတ်ဒဏ်ရာကြောင့် Personality တွေ ကွဲနေတာပါ။

​ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်းဖြစ်တာမို့ ယုတ္တိဗေဒLogicတွေ သိပ်လိုက်မရှာပါနဲ့၊ စာရေးသူက စားပစ်လိုက်ပါပြီတဲ့။

​ဇာတ်လိုက်များ - ဖေးလု(Shou)၊ ကျင်းမင်(Gong)

ဇာတ်ပို့များ - Gong 1, 2, 3, 4, 5,6....

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset