Little Creampie:
Chapter 46
လူအုပ်ကြီးက ထပ်ပြီး ရန်ဖြစ်ကြတော့မယ်ဆိုတာ ရှရှင်းချီ မြင်လိုက်ရသည်။ဒါကြောင့် ပထမဆုံး သူနောက်ပြန်ဆုတ်ဖို့ ဆုံးဖြတ်ခဲ့သည်။ထို့နောက်မှာ လီချန်ယွမ်ရဲ့ စူပါ စကားဝိုင်းကို သူ လုပ်နေကြအတိုင်း သွားချောင်းလိုက်သည်။
တကယ်မုန်းဖို့ကောင်းတဲ့ လူပဲ။ သူ့ကိုယ်ပိုင် တရား၀င်ကြေညာချက်ကိုလုပ်ပြီးတည်းက သူ့ရဲ့ ပုရိတ်သတ်တွေဟာ သူ့ချစ်သူဟာ ဘယ်သူပါလိမ့်ဆိုပြီး တွေးနေကြရင်းတစ်စုံတစ်ယောက်ရဲ့ အကြောင်းကို ဝေဖန်နေကြဆဲဖြစ်သည်။
ထို့ကြောင့် ရှရှင်းချီဟာ နှစ်ရက်၊သုံးရက်လောက် ကြောက်လန့်နေခဲ့ရသည်။ရှားလော့ခ့်ဟုန်မ်း အယောင်ဆောင်ထားတဲ့ ဒီအုပ်စုက သူ့ကို ဂုတ်ကနေဆွဲခေါ်၊ ရေပူထဲ ထည့်ပြုတ်ပြီး အပိုင်းပိုင်းခုတ်ကာ အချဉ်ရည်နဲ့တို့စားမှာကို ကြောက်နေခဲ့သည်။
ကံကောင်းထောက်မစွာနဲ့ပဲ၊ လီချန်ယွမ်က သူ့စကားကို တည်နေတုန်းပင်။”လူတွေကို နည်းနည်းချင်းစီပဲ ပေးသိမယ်”ဆိုတဲ့ ကတိစကားနဲ့ သူရဲ့ လိင်အမျိုးအစားကိုတောင် အင်တာဗျူးအတွင်း ထုတ်ပြောခဲ့ခြင်းမပြုခဲ့ပါ။
ဒီနည်းလမ်းနဲ့ပဲ အခွင့်အလမ်းက အရမ်းကြီးသွားခဲ့သည်။ဖက်ရှင်ခန်းမကို တက်ရောက်တဲ့လူတွေက များနေခဲ့ပြီး ငယ်ရွယ်ပြီး လူလွတ်ဖြစ်တဲ့ အနုပညာရှင်တိုင်းဟာ သံသယဖြစ်စရာ ဖြစ်လာခဲ့သည်။
လူကြိုက်များလာဖို့အတွက်နဲ့ သူ့တို့အပေါ်ကို လူတွေထင်ကြေးပေးလာအောင် မရေရာတဲ့စကားလုံးတွေနဲ့ ရဲတင်းစွာ ပေါ်ထွက်လာခဲ့သူတွေလည်းရှိခဲ့သည်။ရေထဲ ရွံ့များလာတဲ့ အခါမှာ ဘယ်ဟာအမှန်၊ ဘယ်ဟာက အမှားလဲဆိုတာ ဆုံးဖြတ်ဖို့ ပိုခက်လာစေခဲ့သည်။
ထင်ကြေးပေးခံထားရတဲ့ များပြားတဲ့ လူစာရင်းကိုမြင်ပြီးမှ ရှရှင်းချီ စိတ်သက်သာရာရကာ သက်ပြင်းမော ချလိုက်နိုင်လေသည်။
ကံကောင်းတာက သူက လူသိနည်းသည်။ရေပန်းစားရင်လည်း ခဏပဲဖြစ်သည်။ဒါကြောင့် သူဟာ သတိထားခံရမှာမဟုတ်။
သူ ဂရုမထားတော့ပဲ ဖုန်းပွတ်နေခဲ့သည်။ရုတ်တရက်ပဲ လူကြိုက်များတဲ့ Weibo ပိုစ့်တစ်ခုကို သူမြင်လိုက်၏။
[အတွင်းသတင်းးး!ဥက္ကဌလီရဲ့ ချစ်သူက ချမ်းသာတဲ့ မိသားစုက သခင်လေးတစ်ယောက်၊ ယောက်ျားလေးတစ်ယောက်တဲ့!]
နေမထိထိုင်မသာဖြစ်ရင်း ဘယ်သူ သတင်းလွှင့်လိုက်လဲဆိုတာ ရှရှင်းချီ သိချင်သွားခဲ့ရ၏။
သူ့ အ၀တ်တွေ တစ်၀က်လောက် ဆွဲဖြဲခံလိုက်ရသလိုမျိုး။ရုတ်တရက် တင်းမာတဲ့ အာရုံမျိုး သူခံစားလိုက်ရ၏။ လူကြိုက်များမှုနဲ့ လိုက်ခ်အရေအတွက်ကလည်း ဆက်လက်မြင့်တက်နေ၏။ထိုအရာက လုံး၀ ကြောက်စရာကောင်းနေ၏။
ဒါပေမဲ့ သေချာတွေးပြီးတဲ့နောက်မှာ ဒီဖော်ပြချက်က တစ်ခုခုမှားနေခဲ့ကြောင်း သူခံစားလိုက်ရ၏။
ကားက ဒီအချိန်မှာပဲ ရပ်သွားခဲ့ပြီး လျှပ်စစ်တံခါးက ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။အစီအစဥ်၀န်ထမ်းတွေထဲက အသင်းတစ်ခုက တံခါးမှာစောင့်နှင့်နေခဲ့ပြီးသားဖြစ်နေခဲ့သည်။
ရွေးချယ်စရာမရှိပဲ သူ့ရှေ့မှာ ရှိနေတဲ့ ကိစ္စကိုသာ ရှရှင်းချီ အာရုံစိုက်ပြီး သံသယဝင်စရာကောင်းတဲ့ ဖွင့်ချချက်ကို အချိန်နဲ့အမျှ ဘေးဖယ်ထားခဲ့ရသည်။
_
ခဏတာ နှောင့်နှေးမှုကြောင့် အနည်းငယ်နောက်ကျပြီးမှ ရောက်လာတဲ့ ရှရှင်းချီသည် တံခါးကို ဖွင့်ကာ တစ်ခြားသူတွေ ရောက်နှင့်နေတဲ့ ဧည့်ခန်းထဲ ၀င်ခဲ့၏။
အဲ့ဒီမှာ ငယ်ရွယ်တဲ့ အိုင်ဒေါလ်စုံတွဲတစ်တွဲ ရှိနေခဲ့တယ်။ငယ်ရွယ်ပေမဲ့ လုပ်နိုင်စွမ်းရှိတဲ့ လူကြိုက်များတဲ့ သရုပ်ဆောင်နဲ့ လက်ဖက်စိမ်းစိတ်ဓာတ်နဲ့ လူတစ်ယောက်ရယ်ပေါ့။
သူအမြန်ဖတ်လိုက်ရတဲ့ သတင်းအချက်အလက်အကြောင်း ရှရှင်းချီ တစ်ကြိမ် ထပ်ပြီးစဉ်းစားလိုက်မိ၏။ထို အတွဲထဲက အရပ်ရှည်ပြီး ခန့်ညားတဲ့ အမျိုးသားက ဟန်ယွမ်ဟဲဆိုတာ သူသိထားခဲ့ပြီး အမျိုးသမီး အနုပညာရှင်ကတော့ အန်ကျင့် ဖြစ်၏။သူမဟာ သူမရဲ့နာမည်အတိုင်း တကယ့်ကို ငြိမ်သက်ပြပြီး သိက္ခာရှိသူတစ်ဦး ဖြစ်သည်။
ဒီအချိန်ခဏမှာ သူတို့နှစ်ယောက်ဟာ အသံကို နှိမ့်ချပြီးပြောနေခဲ့ကြ၏။အန်ကျင့်ရဲ့မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာတာကြောင့် တကယ့်ကို စိတ်ချမ်းသာရတဲ့ ခေါင်းစဉ်မျိုးပြောနေခဲ့တာပဲ ဖြစ်ရမည်။
သရုပ်ဆောင်အငယ်လေးရဲ့ နာမည်က လီရှို့ ဖြစ်ပြီး ရှရှင်းချီ အခန်းထဲ၀င်လာတဲ့ အချိန်မှာ လီရှို့ဟာ သူ့ခေါင်းကို ငုံနေခဲ့ပြီး မကြာခင် ကြက်ကလေးပေါက်လာေတာ့မဲ့ ကြက်ဥတစ်လုံးကို သေချာ လေ့လာနေခဲ့တာဖြစ်သည်။
သူရောက်တာကြောင့် လူတိုင်းက သူ့ကိုကြည့်လာကြပြီး ဖော်ရွေစွာပဲ နှုတ်ဆက်ခဲ့ကြသည်။ရှရှင်းချီလည်းပဲ အပြုံးလေးနဲ့ မင်္ဂလာပါလို့ ပြန်ပြောခဲ့သည်။
ရှယွီဟာ ချက်ချင်းပဲ သူ့ကို ကြည့်လာခဲ့ပြီး တစ်ခြားသူတွေထက် စိတ်အားတက်ကြွစွာနဲ့ “အကိုရှင်းချီ!”ဆိုပြီး ပျော်ပျော်ကြီး ထခေါ်ခဲ့၏။
ဘယ့်သူ့ကို “အကို”လို့ခေါ်နေတာလဲ။မင်းဘေးမှာရှိတဲ့ ခေတ်နောက်ပြန်ဆွဲနေတဲ့ လက်ဖက်ရည်အိုးကြီးကိုသာ “အကို”လို့ခေါ်သင့်တယ်။မိသားစုတစ်ခုတည်းပဲဟာကို။
ရှရှင်းချီဟာ ဒီစကားတွေကို သူ့ရင်ထဲကနေပြီးတော့ပဲ ကေရွတ်ခဲ့ပြီး မျက်လုံးလှန်ကြည့်ချင်နေခဲ့သည်။
တခြားသုံးယောက်ကတော့ ပြီးခဲ့တဲ့ သတင်းကြီးကို သာမန်လိုပဲ ကြားခဲ့သည်။ တစ်ယောက်ယောက်ရဲ့နောက်ကျောကို ဓားနဲ့ထိုးတဲ့ ရှယွီကို ဘယ်သူကမှ သူ့အနားသိပ်မကပ်ခဲ့ကြပါ။ဒါပေမဲ့ အပေါ်ယံအရာတွေကတော့ ဖြစ်သင့်သလိုမျိုး ကြည့်ေကာင်းဆဲ ကြည့်ကောင်းနေခဲ့သည်။
ရှရှင်းချီ ပွဲတစ်ခု စလိမ့်မယ်လို့ ခန့်မှန်းကြပေမဲ့ သူဟာ ရှယွီကို တစ်ချက်တောင်မကြည့်ပဲ နေရာမှာထိုင်ခဲ့သည်။
ရှယွီဟာ ရုတ်တရက်ပဲ ကြောင်တောင်တောင်နိုင်တဲ့ အခြေအနေကို ရောက်သွားခဲ့သည်။
ရင်းနှီးတဲ့ဆက်ဆံရေးကို ပြဖို့အတွက် ဆန့်တန်းေနခဲ့တဲ့ လက်တွေဟာ ဒေါသနဲ့ပြန်ရုတ်သွားခဲ့ပြီး နေရမလား ပြန်ဆုတ်ရမလားဆိုတဲ့ ဒွိဟကြား အပြုံးတုတစ်ခုကို သူ့မျက်နှာမှာ ချိတ်ဆွဲထားခဲ့သည်။
အခုတလောမှ ရုတ်တရက် အဆင့်မြင့်သွားတဲ့ပြီးတဲ့နောက် ရှရှင်းချီဟာ သေချာပေါက် သူ့ရဲ့ အပေါ်ယံသရုပ်ပြ ကျွမ်းကျင်မှုကို တိုးတက်အောင်လုပ်ခဲ့လိမ့်မယ်လို့ သူ အစက တွေးထားခဲ့တာဖြစ်သည်။ဒါကြောင့်ပဲ၊ရှရှင်းချီကို သူ့ကို လူကြားထဲ မျက်နှာပျက်အောင် လုပ်လိမ့်မယ်လို့မထင်ထားတာကြောင့် ရှက်ပြီး ဒေါသထွက်လာခဲ့သည်။
လူအုပ်ကြီးဟာ ရုတ်တရက်ပေါ်လာတဲ့ စစ်မြေပြင်နဲ့အတူအပြင်းအထန်ပေါက်ကွဲလာခဲ့တာကို မျက်မြင်တွေ့ရသည်။
[ဘာလဲဟ။ဒါကဘယ်သူလဲ…ငါတို့ရဲ့ ရှယွီက နှုတ်ဆက်ေနတာကို မင်းမမြင်ဘူးလား။အရမ်းရိုင်းတာပဲမလား]
[ရယ်ရလို့ သေတော့မယ်။ဒီ စက်ဆုပ်စရာေကာင်းတဲ့ ရှရှင်းချီက ပွဲအကြီးကြီး ကစားခံခဲ့ရတာ ဒါက ပထမဆုံး အကြိမ်မှမဟုတ်ပဲ။ဒီတော့ သူက အကျိုးသင့် အကြောင်းသင့် မလုပ်တော့ဘူးလား]
[နှစ်ယောက်က အရမ်းရယ်ချင်စရာပဲ။လူတစ်ယောက်ဆီက နောက်ကျောဓားနဲ့ ခဏခဏ ထိုးခံခဲ့ရပြီး ပွန်း တစ်ခုလို သွားလာနေရတဲ့အခါမှာ၊ အခြားတစ်ဖက်က နှစ်တစ်၀က်ကျော်ေလာက် ဆုပ်ကိုင်ထားတဲ့ အရင်းအမြစ်ရှိခဲ့တာ။ မင်းဘယ်လောက် ယဉ်ကျေးနိုင်မလဲ ကြည့်ရတာပေါ့]
[အဲ့လို ကိစ္စမျိုးရှိခဲ့တာလား။ငါ ခေါင်းမာတဲ့ ဒီညီငယ်လေးကို ကြိုက်သွားပြီ။အဲ့အတုအယောင် လူတွေထဲက တစ်ယောက်လိုမျိုး ဟန်ဆောင်ဖို့က ပျော်စရာမှကောင်းမှာပဲဟာ]
[တကယ့်သဘောထားကတော့ ပလပ်၀မ်း ပဲ ဆိုတာမျိုး။ယဥ်ကျေးသင့်တဲ့အချိန်ပဲမှာ ယဉ်ကျေးသင့်တယ်။ဒီတုံ့ပြန်ချပ်လေးက အရမ်းလှတာပဲ!]
[ရှယွီ ရှိန်ပြီး သူ့ကို”အကို”လို့ ခေါ်နေတာပဲ ကြည့်။မကောာင်းတာတွေ ရေလောင်းနေပြီး လူတွေရဲ့ မကောင်းသတင်း ရှာဖွေမှု စာရင်းတွေကို ၀ယ်နေတဲ့ အချိန်မှာ “အကို” လို့ခေါ်နေတာလေ]
[နင်ပြောနိုင်လား။ ငါတို့ရဲ့ ရှောင်းယွီက အရမ်း ယဉ်ကျေးတာပဲလို့။ ထင်ထားတဲ့အတိုင်း အဲ့တာတွေက ကောလဟာလသက်သက်ပဲ!]
[နင့် အိုင်ဒေါလ်က အပြစ်တွေဖုံးထားရုံသက်သက်ပဲ။တကယ့် သက်သေကို နင်မြင်တဲ့အခါ မျက်လုံးပြူးနေအောာင် ဖွင့်ကြည့်။အဓိပ္ပာယ်မရှိတာတွေ ထပ်ပြောနိုင်မလားဆိုတာ။ ဘယ်လို ဦးနှောက်သေနေတဲ့ ပုရိတ်သတ်လဲဟ]
. . . . . .
ရှရှင်းချီ မျက်တောင်ပုတ်ခတ်ကာ ဘေးဘီကိုကြည့်လိုက့သည်။ ဒီ “ဧည့်ခန်း(နာနေခန်း)”ဟာ reality show ရဲ့နာမည်ရဲ့ တကယ်လိုက်ဖက်သည်။ဒါကတကယ့်ကို “ဘ၀ကို ခံစားပါ” ဆိုတဲ့အတိုင်းပါပဲ”
မျက်နှာကြက်ဟာ သက်ကယ်နဲ့မိုးထားတာထက် မပိုသလို၊အိမ်အတွင်းမှာရှိတဲ့ ကြမ်းပြင်ကတောင်မှ မညီမညာနဲ့ ချိုင့်တွေဖြစ်နေသည်။အင်္ဂတေ ကိုင်ထားမျိုးလဲမရှိသလို ကြွေပြားခင်းထားတာမျိုးလဲမရှိပါ။
လူအုပ်က စုဝေးပြီးတာကို မြင်တာနဲ့ ဒါရိုက်တာက အချိန်ကိုက်ပဲ စကားပြောလာသည်။
“အားလုံးပဲ မင်္ဂလာနံနက်ခင်းပါ!အင်တာနက်ပေါ်ကလူတွေလည်း မင်္ဂလာနံနက်ခင်းပါနော်! <<အဆင့်ဆင့် ဘ၀ရဲ့ တွေ့ကြုံခံစားမှု!>>ကနေ ကြိုဆိုလိုက်ပါတယ်”
ရိုက်ကွင်းကို စတင်ဖို့ လူတိုင်း လက်ခုပ်ဩဘာတီးခဲ့ကြပြီး သွက်လက်တက်ကြွတဲ့ ဒရိုက်တာဟာ ဆက်လက်ပြီး ပြောနေခဲ့သည်။
“ကျွန်တော်တို့မှာ ဒီအပိုင်း ရိုက်ကူးရေးကို ပါ၀င်မဲ့ အထူးဧည့်သည်တော် တစ်ယောက်လည်း ရှိပါသေးတယ်။ လူတိုင်း လူတိုင်း အရမ်းအံဩရလိမ့်မယ်ဆိုတာ ကျွန်တော်ယုံကြည်တယ်!”
[ဝိုး….အထူးဧည့်သည်တော်တဲ့လား။သူ့ကိုမြန်မြန် ခေါ်ခဲ့ပါ။အဲ့တာက ဘယ်လို အံ့ဩစရာမျိုးလဲဆိုတာ ငါမြင်ချင်နေပြီ (ခွေးခေါင်း စတစ်ကာ)]
[ငါတော့မယုံဘူး။ တကယ်လို့ သူက နာမည်ကြီးပြီး လူကြိုက်များမယ်ဆိုရင် သူတို့သေချာပေါက် အကျိုးရှိအောင် ကြော်ညာ မားကတ်တင်းတွေ အမျိုးစုံလုပ်မှာပဲ။ေနာက်ဆုံးမိနစ်ေရာက်မှ ဘယ်ကမှန်းမသိ ပေါ်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး။အဲ့လိုဆို တကယ့်ကို ဖြုန်းတီးတာပဲနေမှာ]
[ဒါကအမှန်ပဲ။ ဥပမာအနေနဲ့ ပြောရရင် ရှရှင်းချီရဲ့ တစ်ခုတည်းသော ဆွဲဆောင်မှုက ရှယွီနဲ့ ရှိနေတဲ့ သူ့ရဲ့ ရန်ငြိုးဟောင်းပဲ။ပြီးတော့ သူ ၀င်မလာခင် အများကြီး မကြော်ညာ ခဲ့ဘူး။]
[ငါတို့ရဲ့ ညီငယ်လေးအကြောင်း မပြောပါနဲ့။ငါက သူ့ကို ကြည့်ချင်ရုံပဲ။ အာ အဲ့ဒီ လက်ဖက်စိမ်းပုတ်ကောင် ရှယွီကို ငါမမြင်ချင်ဘူး။]
ဒါရိုက်တာဟာ ဖန်သားပြင်ပေါ်က လူတိုင်းရဲ့ သံသယကို မြင်နိုင်ခဲ့တာကြောင့် သူ ဆက်ပြီး လူတွေကို ခန့်မှန်းရအောင် လုပ်ခဲ့၏။
“ သူက လူတိုင်းကို အော်ဟစ်သွားအောင် လုပ်နိုင်လိမ့်မယ်ဆိုတာ ကျွန်တော် ကတိပေးပါတယ်။ပြီးတော့လည်း သူက နိုင်ငံတော်အဆင့် နတ်ဘုရားတစ်ပါးတစ်ပါးပဲ ဖြစ်ပါတယ်!”
ထို စကားတွေ ပြောပြီးပြီးချင်းမှာပဲ၊ ရှရှင်းချီ ရုတ်တရက်ပဲ ကြိုတင်ဖြစ်လာမဲ့ မကောင်းတဲ့ နမိတ်ကို သူ့နှလုံးသားထဲကနေ ခံစားလိုက်ရပြီး သူသိတဲ့ ဗီလိန်တစ်ယောက်ဟာ သူ့စိတ်ထဲမှာ ပေါ်လာခဲ့သည်။
သူ ကားထဲက မထွက်ခင်တုန်းက လီချန်ယွမ်က ရုတ်တရက်ကြီး ဘာအကြောင်းမှ မရှိပဲ “စောင့်ဦး” ဆိုပြီး သူ့ဆီ စာပို့ခဲ့တာဖြစ်သည်။
[အားးးး! ငါ့ကို အိမ်မက်မက်ခွင့်ပေးပါဦး၊ မစ္စတာ လီများ ဖြစ်နေမလားးး]
[မဖြစ်နိုင်ဘူး။ အဲ့တာက မစ္စတာလီဆိုရင် ကြက်ကြော်ကို ငါ ဇောက်ထိုးကြီး စားပစ်မယ်]
[ဒါပေမဲ့ သူ့အပြင် ဘယ်သူ့ကို ဒါရိုက်တာက ဒီလို ငါတို့အော်ကြလိမ့်မယ်လို့ ဖော်ပြမှာတဲ့လဲ။]
[ငါကတော့ လီချန်ယွမ်လို့ပဲ ထင်တယ်! ဥက္ကဌလီ!ငါတကယ်ပဲ နတ်ဘုရားကို မြင်ရေတာ့မှာလား]
[တကယ်လား။အာ ငါ့ကိုကယ်ပါ။ စခရင်ရှော့ ယူဖို့ ငါ အဆင်သင့်ပဲ မြန်မြန်လေး!]
[အရမ်း အကောင်းမမြင်ကြပါနဲ့။သူ့ရုပ်ရည်က ပုံမှန်ေလာက်ပဲေနမှာပါ။ မင်းသိတယ်မလား ၊ “ကြည့်ကောင်းတယ်”ဆိုပြီး ကြွား၀ါေနကြတဲ့ အပြင်လူေတွကလည်း အနုပညာအသိုင်း၀ိုင်းထဲက လူတွေလောက် ကြည့်မကောင်းကြဘူးေလ]
[ဒီ လူချောက အစစ်အမှန်ဖြစ်ဖို့အတွက် အရမ်းကောင်းနေတယ် လို့ ငါထင်တယ်။သူက ပိုက်ဆံရှိတယ်။ဒါေပမဲ့ ကြည့်ေကာင်းတဲ့ ရုပ်ရည်နဲ့ အသံကောတဲ့လား။အဲ့လို ကောင်းတဲ့ အရာမျိုး ဘယ်လို ရှိနိုင်မှာလဲ။]
[ငါတော့ ဂရုမစိုက်ဘူး! ငါ့မျက်လုံးထဲမှာတော့ မစ္စတာလီက နတ်ဘုရားတစ်ပါးပဲ!]
ထို့နောက် ဒါရိုက်တာဟာ လေထုရဲ့ အရှိန်အတိုင်း လိုက်ပါလာခဲ့၏။
“လူေတွအများကြီးက ခန့်မှန်းပြီးသားဆိုတာကို ကျွန်တော်သိတယ်။ လုပ်စမ်းပါ၊လူတိုင်း လေထုရဲ့ ဖန်သားပြင်ေပါ်မှာ သူ့ရဲ့နာမည်ကို ရေးလိုက်ကြစမ်းပါ။ေနာက်ထပ် တစ်စက္ကန့်လေးအတွင်းမှာ သူပေါ်လာနိုင်တာပဲ!”
သူ ပြောလိုက်တာနဲ့တစ်ပြိုင်နက် ၀န်ထမ်းဟာ ဧည့်သည်တွေအတွက် ၀င်ပေါက်တံခါးကို တွန်းဖွင့်ချလိုက်သည်။
ထိုအမျိုးသားဟာ အရပ်ရှည်ပြီး ကပ်ချပ်ေနတဲ့ အနက်ရောင် ၀တ်စုံကို ၀တ်ထားသည်။ကျယ်ပြောတဲ့ ပုခုံးေတွနဲ့ ခြေတံရှည်တွေဟာ သူ့ခန္ဓာကိုယ် အချိုးအစားကို ပြီးပြည့်စုံေစခဲ့သည်။သူ ထွက်လာတဲ့ ဟန်ပန်က တစ်မူထူးခြားေနခဲ့ပြီး သူ့အရှိန်အဝါကလည်း သာမာန်ထက် ပို သန်မာနေခဲ့သည်။
သူ့ရဲ့ မျက်နှာက ပိုပြီးတော့တောင် ရင်သပ်ရှုမောဖွယ် ချောမောနေခဲ့ပြီး သူ့ကို အရမ်းကြည့်ကောင်းနေအောင်လို့ နတ်ဘုရားက သူ့ကို နည်းနည်းပိုသာပြီး ဘက်လိုက်ခဲ့တယ်လို့ လူတိုင်းကို သံသယ၀င်အောင် လုပ်နေခဲ့သည်။
ရှရှင်းချီ ချက်ချင်းပဲ ပြောစရာပျောက်သွားရပြီး ဒီရင်းနှီးတဲ့လူကို မယုံနိုင်စွာ ငေးကြည့်နေခဲ့မိသည်။
အားးး ဘုရားရေ၊ ပေကျင်းမှာ စိတ်အေးချမ်းသာယာစွာနဲ့ အလုပ်လုပ်နေမယ့် လီချန်ယွမ်က ဘာလို့ ဒီမှာ ပေါ်လာရတာလဲ?!
Chapter 46 ended