Little Creampie:
Chapter 47
လီချန်ယွမ်ပေါ်လာတဲ့အခိုက်မှာ ရှေ့မှာရှိနေတဲ့ဧည့်သည်တွေနဲ့ အင်တာနက်သုံးသူတွေဟာ တစ်ချိန်တည်းမှာပဲ တိတ်ဆိတ်သွားကြသည်။
သိသာထင်ရှားတာက အွန်လိုင်းမှာတောင် ဓာတ်ပုံတင်လေ့မရှိတဲ့ ဒီလိုအေးဆေးနေတဲ့သူတစ်ယောက် ကြိုတင်အသိပေးချက်မရှိဘဲ ဒီမှာပေါ်လာမယ်ဆိုတာ ဘယ်သူမှမျှော်လင့်မထားကြပေ။
ဒီရုပ်သံအစီအစဉ်ကို “ဘဝအတွေ့အကြုံ”လို့ဆိုပေမယ့် တကယ်တမ်းကတော့ ဒုက္ခခံပြီး ခါးသီးမှုတွေကို ကျော်လွှားရတာပါ။ လူတိုင်းက နာမည်ကြီးလာခဲ့ပြီး ပိုက်ဆံတွေလည်းရှာနိုင်ခဲ့ကြတယ်၊ ဒါဆို ဒီလိုအဆင့်မြင့်ပြီး ဖူးဖူးမှုတ်ခံထားရတဲ့ ချမ်းသာတဲ့သူတစ်ယောက်က ဒီအစီအစဉ်မှာ ဘာအတွက်ပါဝင်လာတာလဲ?
[ဘာလဲကွာ?! ဒါ လီချန်ယွမ်လား?!]
[ဒါတကယ်ပဲ ကာတွန်းထဲက သူရဲကောင်းတစ်ယောက်လား? ဒီမျက်နှာ၊ ဒီခြေထောက်၊ ဒီခန္ဓာကိုယ်တစ်ခုလုံးက သာမန်လူတွေမှာရှိနိုင်တဲ့အရာလား?]
[အမယ်လေး၊ ခန္ဓာကိုယ်အချိုးအစားက ပြည့်စုံတယ်၊ ခြေထောက်တွေအရမ်းရှည်တယ်၊ အရပ်က ၁.၉ မီတာရှိမယ်ထင်တယ်။ ဒါကတော့ တကယ့်အဆင့်မြင့် အမျိုးသားနတ်ဘုရားပဲ]
[မယုံနိုင်ဘူး! ပြီးခဲ့တဲ့အပိုင်းတွေမှာ ဒုက္ခအများကြီးခံစားရတာ မြင်ပြီးသားပဲ၊ ဒါကို ဒီလိုအနေထားရှိတဲ့သူက ဒီအစီအစဉ်မှာ ပါဝင်မယ်ဆိုတော့ ရူးသွားတာလား]
[အမျိုးသားအနုပညာရှင်တစ်ယောက်နဲ့ ရောထွေးနေတာမဖြစ်နိုင်ဘူးလား။ ဒါ နတ်ဘုရင်ရဲ့မျက်နှာတုတစ်ခုပဲလား]
[မဟုတ်ဘူး မဟုတ်ဘူး! အပေါ်က ရှေ့တန်းရောက်နေတဲ့သတင်းကိုကြည့်! ဘဏ္ဍာရေးထိပ်သီးအစည်းအဝေးမှာ Mr. Li ရဲ့ဓာတ်ပုံတွေ အားလုံးပြန်ရှာတွေ့ပြီ! ဒါသူပဲ!]
[မိုက်လိုက်တာ၊ တကယ်ကို တော်တဲ့သူပဲ၊ ဒါဆို လီချန်ယွမ် ဒီအစီအစဉ်မှာ ဘာအတွက်ပါဝင်တာလဲဆိုတာ စဉ်းစားစရာပဲ]
[+၁၊ ဥပမာ… ဒီဧည့်သည်တွေထဲမှာ သူ့ချစ်သူပါနေတာလား?!]
ဒီအချိန် ရှရှင်းချီရဲ့ ဦးနှောက်ထဲမှာ မြင်းရိုင်းတွေသောင်းကျန်းနေသလို ခံစားနေရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လီချန်ယွမ် ဒီလောက်ထိ မထင်မှတ်ထားတဲ့ပုံစံနဲ့ ရုတ်တရက်ဒီမှာပေါ်လာမယ်လို့ သူမှန်းမထားမိခဲ့ဘူး။
သူသေတဲ့အထိ သူ့ပရိသတ်တွေက သူ့မျက်နှာကိုတောင် မသိခဲ့ရဖူးဘူး၊ ဒါကြောင့် မူရင်းဇာတ်ကွက်အတိုင်းမဟုတ်ဘဲ သူရုတ်တရက်ပေါ်လာပြီး ဇာတ်ကွက်ကို ဖျက်ဆီးပစ်လိုက်မိတဲ့အချိန်မှာ ရှရှင်းချီ အံ့အားသင့်သွားခဲ့တာဖြစ်သည်။
ရှရှင်းချီက သူ့မျက်နှာအမူအရာကို အရင်ဆုံးထိန်းဖို့ ကြိုးစားလိုက်တယ်၊ ဒီလိုမှမဟုတ်ရင် ဖန်သားပြင်ရှေ့မှ ရှားလော့ဟုမ်းတွေသည် မိနစ်ပိုင်းအတွင်း သူတို့ဇာတ်လမ်းကို သိသွားနိုင်သည်။
လူတိုင်းက “Mr. Li” “Mr. Li” လို့ ယဉ်ကျေးစွာခေါ်နေကြတာကိုမြင်တော့ သူလည်း သူ့ကိုမသိသယောင်ယောင် “မင်္ဂလာပါ Mr. Li” လို့ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
လီချန်ယွမ်က မျက်ခွံချလိုက်ပြီး မျက်လုံးထဲမှာ နားမလည်နိုင်တဲ့ အပြုံးတစ်ချက်နဲ့အတူသူ့ကိုကြည့်လိုက်သည်။
ရှရှင်းချီက ရုတ်တရက် မကောင်းတဲ့အာရုံခံစားမိလာတယ်၊ ဒီဗီလိန်ကြီး ကင်မရာရှေ့မှာတော့ ရူးရူးသွပ်သွပ်တွေ မလုပ်လောက်ပါဘူးလို့တွေးမိသည်။
ကံကောင်းတာက လီချန်ယွမ်က ဘာမှအထူးမလုပ်ခဲ့ဘူး၊ အပြုံးတစ်ချက်ပြပြီး မျက်နှာသေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ဒါရိုက်တာအဖွဲ့က ထိုအချိန်မှာ စကားပြောလိုက်တယ်- “အားလုံးကို ‘ဘဝအတွေ့အကြုံမျှဝေခြင်း’ အစီအစဉ်မှ ကြိုဆိုပါတယ်။ လာမယ့်တစ်ပတ်အတွင်း မတူညီတဲ့ဘဝအတွေ့အကြုံတွေကို အတူတူရှာဖွေကြရအောင်!”
“ဒါဆို အရင်ဆုံး ရိုးရှင်းတဲ့အလုပ်တစ်ချို့နဲ့ စတင်လိုက်ကြရအောင်-“
[ဟားဟား ဒါရိုက်တာအဖွဲ့ရဲ့ “အတူတူ”ဆိုတာ ဘာတုန်း၊ ဒီလူဆိုးအိုကြီးတွေ တကယ့်ကို ဆိုးကြတာပဲ!]
[ဒီအပိုင်းမှာ ဘယ်လိုအခက်အခဲမှမရှိဘဲ အခက်အခဲဖန်တီးတာကို ကြည့်ရအောင်!]
[အရင်ပရိသတ်တွေရဲ့အတွေ့အကြုံအရ ပထမနေ့က သွေးပူရုံလောက်ပဲ၊ တကယ်လည်း နည်းနည်းလွယ်ပါတယ်]
[ဒါဆို စိတ်ချရပြီ၊ ကျွန်တော်တို့ Mr. Li ကို ပင်ပန်းအောင်မလုပ်နဲ့နော်! သူ့ကိုအခက်အခဲမပေးနဲ့! (အသံကျယ်ကျယ်)]
[လီချန်ယွမ် ဒီအစီအစဉ်ကို ပိုက်ဆံထည့်ထားတာဖြစ်မယ်၊ သူတို့ အလုပ်ရှင်ကို အခက်အခဲပေးရဲမှာ မဟုတ်လောက်ဘူး]
နောက်တစ်ခါခက်မခက်တော့ မသေချာပေမယ့် ပထမအလုပ်က တကယ် မခက်ပါဘူး။ ရှယွီက ရှေ့တက်ပြီး ကဒ်ကိုယူဖတ်လိုက်တယ်-
“ညစာအတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကို စုဆောင်းပြီး ကိုယ်တိုင်ချက်ပြုတ်ပါ”
“ဧည့်သည်တွေကို သုံးအုပ်စုခွဲထားပြီး ဟင်းသီးဟင်းရွက်ခူးခြင်း၊ ဘဲဥကောက်ခြင်းနဲ့ ဈေးဝယ်ခြင်းတို့ကို သီးသန့်လုပ်ဆောင်ရမည်”
ပြီးတော့ ဘယ်သူမှမပြောခင်မှာပဲ ရှယွီက “လူကြီးလူကောင်း”ဆန်ဆန် စီစဉ်ပေးလိုက်တယ်- “ဈေးဝယ်တာက ပိုလွယ်ပြီး ညစ်ပတ်တာမျိုးမရှိဘူးထင်တယ်၊ မိန်းကလေးတွေနဲ့ပိုသင့်တော်တယ်။ အန်ကျင့်ကိုလုပ်ခိုင်းလိုက်ပါ?”
ထို့နောက် ဟန်ယွမ်ဟဲနဲ့ လီရှို့ ဘက်ကိုလှည့်ပြီး- “ဒါဆို အစ်ကိုဟန်နဲ့ အစ်ကိုလီ တို့က ဟင်းသီးဟင်းရွက်ခူးလိုက်ကြပါ။ ဒါက အရမ်းအားမစိုက်ရဘူးလို့ထင်တယ်”
လီရှို့က အကောင်ပေါက်မယ့်ဥတစ်လုံးကိုကိုင်ရင်း ပြောလိုက်တယ် – “ဒါဆို မင်းနဲ့ ရှင်းချီတို့ ငန်းဥကောက်ကြမယ်ပေါ့။ ငန်းတွေက ကြက်တွေဘဲတွေနဲ့မတူဘူး။ အိမ်စောင့်အကောင်တွေလို့ ကြားဖူးတယ်။ တကယ်လည်း အတော်ကြမ်းတယ်တဲ့။”
ဒါက သီအိုရီအရသိရတာပါ။ အားလုံးက မူလတန်းကျောင်းစာမှာ ဖတ်ဖူးတာပဲဖြစ်ပြီး ငန်းတွေဘယ်လိုလဲဆိုတာ တကယ်မြင်ဖူးသူမရှိဘူး။
ရှယွီက ရှရှင်းချီကို ထူးထူးခြားခြားလှမ်းကြည့်လိုက်ပြီး ဘာမှမသိသလိုပြုံးပြလိုက်တယ် – “ပြဿနာမရှိပါဘူး၊ အစ်ကိုရှင်းချီက အတွေ့အကြုံရှိပြီးသားပဲ။ ကျွန်တော်သူ့ကိုပဲ အားကိုးရမှာပေါ့!”
ရှရှင်းချီက စကားတစ်ခွန်းမှမပြောရသေးဘဲ အလိုလိုပါသွားတာကို နားမလည်နိုင်ပေ။ ကြည့်စရာတောင်မလိုပဲ အွန်လိုင်းမှာ ဘယ်လိုဆူညံနေမယ်ဆိုတာ သိနေတယ် –
[ဘာပဲဖြစ်ဖြစ် ရှရှင်းချီက ကျေးလက်ကလာတာပဲ သူ့အတွက် ဒါက ဘဝအတွေ့အကြုံမဟုတ်ဘူး၊ ပင်ကိုယ်နေရာပြန်ရောက်လာတာပဲ။]
[ကျွန်မတို့ ရှယွီက ချမ်းသာတဲ့မိသားစုကလာတာ၊ ဒီလိုဒုက္ခတွေ မကြုံဖူးဘူး။ ဒီ အဆင့်၁၈အနုပညာသမားက အလုပ်အကုန်လုပ်သင့်တယ်။]
[လူဆိုတာ ဘယ်သူဖြစ်ဖြစ်အတူတူပဲ၊ ရှရှင်းချီက ဘာလို့အလုပ်အများကြီးလုပ်ရမှာလဲ? ဒါမြင့်တာလား၊ နိမ့်တာလား? အံ့သြစရာ]
[ရှယွီရဲ့ပရိသတ်တွေအားလုံး ဒီလိုပဲပြောကြတာလား? မင်းတို့အခု လူတစ်ယောက်ကို နှိမ့်ချနေကြတာမဟုတ်ဘူးလား? ပရိသတ်တွေက ဟင်းချက်ပြီးရင် ပြုတ်ထားသလို၊ ဒုံးဝေနေကြတာပဲ။]
[ရှယွီက ဒီအတိုင်း အမှန်အတိုင်းပြောလိုက်တာပါ၊ ရှရှင်းချီက တောကလာတာ၊ အဲဒါမှားနေလို့လား၊ မင်းတို့ဘာလို့အရေးတကြီးလုပ်နေကြတာလဲ?]
ဒီနှစ်ယောက် အတူတူပေါ်လာတည်းက ကြည့်ရှုသူတွေရဲ့ မှတ်ချက်တွေဟာ ပြင်းထန်လာတယ်။ ရှယွီမှာ ပရိသတ်တွေအများကြီးရှိပြီး သူတို့က ရန်ဖြစ်တဲ့နေရာမှာ ထူးချွန်သူတွေဖြစ်တာကြောင့်၊ ကျိုးကြောင်းမဆီလျှော်တဲ့ကိစ္စတွေကိုတောင် အကြောင်းမဲ့ လှုံ့ဆော်နိုင်သည််။
ရှရှင်းချီကတော့ စိတ်တိုလွန်းပြီး ရှယွီကို ကန်ချင်နေမိသည််။ ငန်းဥကောက်တာက သိပ်အရေးမကြီးပေမယ့်၊ ဒါဘယ်လို မဖွယ်မရာ အုပ်စုဖွဲ့မှုလဲ?
တစ်ဖက်မှာ မြင်ရတာနဲ့ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ‘လက်ဖက်စိမ်းကောင်’ လိုလူမျိုး၊ နောက်တစ်ဖက်မှာလည်း ရုတ်တရက် ပေါ်လာတဲ့ စိတ်မနှံ့သူတစ်ယောက်၊ ရှရှင်းချီ အနေနဲ့ “ကူညီပါ… ဒီကိုမလာကြပါနဲ့!” လို့အော်ချင်နေမိသည််။
သူ ဒီနှစ်ယောက်ကို ဒီအတိုင်းထားခဲ့ပြီး၊ တစ်ယောက်ထဲပဲ ငန်းဥကောက်ချင်မိသည်။
ကင်မရာရှေ့မှာ ရှယွီနဲ့မသင့်မမြတ်ဖြစ်မှာကို ဘယ်သူမှမလိုချင်ကြဘူး။ အတင်းအကျပ်စီစဉ်ခံရတာကို နည်းနည်းတော့မကျေနပ်ပေမယ့်၊ လူတိုင်းအလုပ်တာဝန်ကို လက်ခံလိုက်ကြတယ်။
လီချန်ယွမ်ကတော့ ရှရှင်းချီကို စက္ကန့်ပိုင်းလောက် စိုက်ကြည့်ပြီးနောက်၊ အကြည့်လဲလိုက်ကာ “အင်း” ဆိုတဲ့သဘောနဲ့ ခေါင်းညိတ်လိုက်တယ်။
ရှရှင်းချီ: …
ရှရှင်းချီ က လီချန်ယွမ်နဲ့တွဲဖက်ချင်မနေတဲ့အပြင်၊ အန်ကျင့်ကလည်း အလုပ်တာဝန်ခွဲဝေလိုက်တဲ့အချိန်မှာ လူတွေက လီချန်ယွမ်ကိုသူမနဲ့တွဲဖက်ပေးမှာကို ထင်ရှားစွာကြောက်နေတယ်။
ဘာလို့လဲဆိုတော့ စျေးဝယ်ယူတဲ့တာဝန်က အေးအေးဆေးဆေးဖြစ်ပြီး ညစ်ပတ်ပင်ပန်းစရာမလိုတဲ့အပြင်၊ သူမကလည်း အဖွဲ့ထဲမှာတစ်ယောက်ထဲဖြစ်နေကာ ချမ်းသာပြီးအလုပ်ကြမ်းမလုပ်ဖူးတဲ့သူဌေးတစ်ယောက်အတွက် အကောင်းဆုံးရွေးချယ်စရာဖြစ်နေလို့ပဲဖြစ်သည်။
“အခုဆို လီချန်ယွမ်နဲ့ ထိတွေ့မိသမျှလူတိုင်းကို သံသယဝင်နေကြပြီဖြစ်သည်။ သူ့ရဲ့ ထူးဆန်းစွာရုတ်တရက်ရောက်ရှိလာမှုကြောင့် ပရိသတ်တွေက ‘Ms. Li’ ဒီအုပ်စုထဲမှာပါနေမယ်လို့ သိပ်ကိုယုံကြည်နေကြသည်။
မကြာသေးခင်က အနုပညာရှင်ငယ်တွေအများကြီး ဒီအခွင့်အလမ်းကို လိုက်ဖမ်းနေကြပေမယ့်၊ အန်ကျင့်မှာ တရားဝင်ရည်းစားရှိတာကြောင့် ဒီအရာကို ဝင်မပါဝင်ရဲပေ။
[ရှယွီ ဒီလိုသဘာဝကျကျ စီစဉ်ထားတာလား? Li သူဌေးဒီအုပ်စုထဲပါမယ်မှန်း သိနေသလိုပဲနော်]
[ဟမ်? ကောလဟာလနားစွင့်နေတာပါ! ]
[အရင်က Li သူဌေးရဲ့အချစ်ရေးက ယောက်ျားလေးနဲ့ဆိုတဲ့ စကားရှိတယ်၊ ချမ်းသာတဲ့အိမ်တော်တစ်ခုက လူငယ်လေးတစ်ယောက်ပေါ့]
[အိုး! ဒါဆို Li သူဌေးရဲ့ရှိုးကိုလာတာက…]
[အား! တကယ်ပဲ ကျွန်တော်တို့ ရှယွီလား? ! ရှယွီနဲ့ လိုက်ဖက်တယ်မလား! ချမ်းသာတဲ့လူငယ်လေးက သူဌေးနဲ့လိုက်တယ်! ]
[ဒါဆို ရှရှင်းချီက ဒီမှာအပိုဖြစ်နေတာပဲ၊ ရှောင်ယွီတို့ အချိုကြွေးတာကို မြင်ရဖို့ မစောင့်နိုင်တော့ဘူး]
[သေချာပေါက်ရယ်စရာပဲ၊ မင်းတို့ လီချန်ယွမ်ကို ဘယ်လိုကပ်တွဲရမလဲဆိုတာ တကယ်သိကြတာပဲ၊ ဘာတစ်ခုမှတောင်မစရသေးဘဲ မင်းတို့ ရှင်းချီကိုလူပိုတစ်ယောက်လို့သတ်မှတ်လိုက်ပြီလား? ]
[မင်းတို့ အဆင်ပြေကြရဲ့လား? ဘာမှလုပ်စရာမရှိရင် ဆီးသီးစားနေကြပါ၊ လူတိုင်းကို ဇွတ်ပေးစားမနေနဲ့၊ ငါတို့ Mr.Li ရဲ့အချစ်ရေးကို ထင်ကြေးပေးလို့မရဘူး]
မိနစ်နှစ်ဆယ်ကြာပြီးနောက် ထူးဆန်းပြီး ချောမောသောလူသုံးဦးဟာ ဘဲခြံအပြင်ဘက်ကို ရောက်ရှိလာခဲ့ကြသည်။
ရှရှင်းချီမှာ လီချန်ယွမ်နဲ့ စကားမပြောရဲပေ၊ ဒီလူ ထူးဆန်းတဲ့ စကားတစ်ခုခုပြောမိသွားပြီး၊ သူ့ရဲ့Mrs.Li ဆိုတဲ့ သူ့ဂုဏ်ပုဒ် ချက်ချင်းကွာကျသွားမှာစိုးလို့ပင်ဖြစ်သည်။
ရှယွီဆိုတဲ့ “လက်ဖက်စိမ်းကောင်” ကိုလည်း ဂရုမစိုက်ချင်ပေ၊ နာမည်ကြီးဖို့ ထူးဆန်တဲ့အပြုမူ တစ်ခုခု ထလုပ်မှာစိုးတယ်။
လီချန်ယွမ်ကတော့ စကားနည်းသူဆိုတော့ ရှယွီနဲ့စကားစပြောဖို့ ဖြစ်နိုင်ခြေမရှိဘူး။
ခဏအတွင်းမှာပဲ နာရေးအခမ်းအနားလို ထူးဆန်းတဲ့လေထုဖြစ်လာတယ်။ ငန်းတွေအော်သံကမှ ပိုပြီးစည်ကားနေလေသည်။
“ရှချီကောက တော်တော်လေးတော်ပြီး ငန်းတွေနဲ့ပတ်သက်ရင် အတွေ့အကြုံများမယ်ထင်တယ်” ရှယွီက အရှက်မရှိ ဆက်ပြောလိုက်တယ်၊ “ကျွန်တော်ကတော့ ငန်းတွေကို မျက်ဝါးထင်ထင် ဒီတစ်ခါ ပထမဆုံးမြင်ဖူးတာပဲ!”
ရှရှင်းချီ ပခုံးတွန့်လိုက်တယ်။ ဒီလူက သူ့ကိုသူ ချမ်းသာတဲ့သခင်လေးအဖြစ် ခဏခဏဖော်ပြပြီး တစ်ခါတည်း သူ့ကိုတောင်ကြားက “တောရိုင်းမျိုးစိတ်” တစ်ကောင်ကဲ့သို့ ရည်ရွယ်ပြီးပြောနေတာဖြစ်သည်။
ပြဿနာက ထိုသူမှာဘာမှ မလုပ်တတ်၍ “အတွေ့အကြုံရှိသူ” ကိုပဲ အလုပ်လုပ်စေပြီး ထိုသူမှာ ကိုယ့်ထက် လစာ သုညတစ်လုံးပိုနေမျိုးဖြစ်သည်။
ငွေမက်တဲ့ ရှရှင်းချီတစ်ယောက် ဘယ်လိုပြန်ဖြေရမလဲစဉ်းစားနေတုန်း၊ တစ်ချိန်လုံးနှုတ်ဆိတ်နေတဲ့ လီချန်ယွမ် က အေးစက်စက်ပြောလိုက်တယ် –
“မင်းမှာအတွေ့အကြုံမရှိရင်၊ ကမ္ဘာကြီးကို ပိုပြီးပတ်ကြည့်လိုက်။ အဓိပ္ပာယ်မရှိတာတွေ လာမပြောနဲ့။”
ရှယွီတုန်လှုပ်သွားပြီး လီချန်ယွမ်က ရှရှင်းချီ ဘက်ကရပ်တည်ပြောဆိုမယ်လို့ လုံးဝမမျှော်လင့်ထားခဲ့ဘူး။ သူဟာ အချိန်အတော်ကြာ စကားမပြောနိုင်အောင် ငေးငိုင်နေခဲ့ရတယ်။
[ဟားဟားဟား၊ အာဏာရှင်ကြီးက ဒီလိုလည်းပြန်ပြောတတ်သေးတယ်နော်! ငါတကယ်ပျော်သွားပြီ၊ နောက်ဆုံးတော့ လက်ဖက်စိမ်းကို အမြင်မကြည်တဲ့သူတစ်ယောက်ရှာတွေ့ပြီ၊ ရှယွီကို ရိုက်ချင်လိုက်တာ]
[အထက်က ရှရှင်းချီရဲ့အချစ်တော်လား? ဒါကို အမြင်မကြည်တယ်လို့ခေါ်မှာလား? ဒါတကယ်တော့ ချိုမြိန်နေတာကွ!]
[မှန်တယ်၊ သူက ရှရှင်းချီနဲ့စကားမပြောဘဲ ရှယွီကိုပဲ ကျေးလက်ဒေသကိုပိုလေ့လာဖို့ပြောတာ၊ ဒါသာမန်စကားပြောဆိုမှုပဲလို့မထင်ကြဘူးလား?]
[သူငယ်ချင်းတို့ရေ၊ ရှယွီရဲ့ပရိသတ်တွေ စိတ်ငြိမ်ဆေး အမြောက်အမြားဝယ်ထားဖို့လိုနေပြီထင်တယ် ဟုတ်တယ်မဟုတ်လား? ခေါင်းကို တစ်ခုခုနဲ့ ထိမိထားတာလားလား? ဦးနှောက်မှာ ပြဿနာတစ်ခုခုရှိနေတာလား?]
[မင်းတို့ မျက်လုံးတွေဖွင့်ကြည့်ကြအုန်း၊ ဒီနေ့သူက လကမ္ဘာပေါ် တက်ပြီး နာမည်ကြီးဖို့ကြိုးစားနေတာကို၊ ငါတို့ Li သူဌေးက သည်းခံနေရမှာလား!]
ရှရှင်းချီက လီချန်ယွမ် သူတစ်ပါးကို ဒီလိုပြန်ပြောတတ်လိမ့်မယ်လို့ လုံးဝမမျှော်လင့်ထားခဲ့ဘူး။ သူ တကယ်ကိုပြင်းပြင်းထန်ထန်ရယ်ချင်နေမိသည်။
သူ့ကိုယ်သူ အရမ်းမပြုံးမိအောင် ထိန်းချုပ်ရင်းနဲ့ သူဟာ ခြင်းကိုကောက်ယူပြီး အလုပ်မြန်မြန်ပြီးအောင် ခြံထဲကိုအရင်ဝင်ဖို့ ဆုံးဖြတ်လိုက်သည်။
Chapter 47 ended