⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 54

Chapter 54

 

​ကျန့်ချီသည် ဤသို့သော စကားများ ရှောက်ဟန့်ဆီကနေ ထွက်လာတာ အနည်းငယ်မျှ အံ့အားသင့်မသွားခဲ့ပေ။ ရှောက်ဟန့် ရုတ်တရက် အကျင့်ကောင်းသွားမှသာလျှင် ထူးဆန်းပေလိမ့်မည်။ ပြီးခဲ့သောတစ်ခေါက်က ဝမ်ချွမ်ရိုက်လိုက်၍ ဦးနှောက်ထိခိုက်သွားသလားဟုပင် သူသံသယဝင်မိပေမည်။ သူသည် အပေါ်မှပြောခဲ့သောစကားကို ထပ်ပြောလိုက်သည်။

 

ကျန့်ချီ : ငါ ပစ္စည်းကို ကျောင်းသားကောင်စီကို ပို့လိုက်မယ်၊ ယူခြင်း၊ မယူခြင်းက မင်းရဲ့ကိစ္စပဲ။

 

​တစ်ဖက်မှ ခဏတာတိတ်ဆိတ်သွားပြီးနောက် စာတစ်စောင်ဝင်လာသည်။

 

ရှောက်ဟန့်:  ငါ ဒီလောက် ​ပြင်းပြင်းထန်ထန် ဒဏ်ရာရနေတာ၊ မင်းက ငါ့ကို တစ်ချက်လေးတောင် လာမကြည့်ဘူး။

 

ကျန့်ချီ ​: ……

 

​ကျန့်ချီသည် ဤစကားနှင့် အပေါ်မှစကားတို့ မည်သို့ဆက်စပ်နေသည်ကို လုံးဝနားမလည်နိုင်ခဲ့ပေ။ သူ၏ဖုန်းသည် ရုတ်တရက် ဓာတ်ပုံတစ်ပုံကို လက်ခံရရှိလိုက်သည်။

 

အပေါ်မှ ရှောက်ဟန့်သည် မျက်လုံးများကို တစ်ဝက်တစ်ပျက်မှေးမှိတ်ထားပြီး ကင်မရာကို စိုက်ကြည့်နေကာ၊ သူ၏အမူအရာကို ဖော်ပြ၍မရပေ။

 

 သူ၏မျက်ခုံးရိုးပေါ်မှ သေးငယ်သောအမာရွတ်နှင့် မျက်နှာပေါ်မှ အခြားဒဏ်ရာများသည် ဓာတ်ပုံထဲတွင် မဖုံးမကွယ်ဘဲ ပေါ်လွင်နေခဲ့သည်။ မူလက ပရမ်းပတာနိုင်သောအသွင်ကို မလျော့ပါးစေသည့်အပြင်၊ ဤဒဏ်ရာများသည် သူ၏အရှိန်အဝါကို မြှင့်တင်ပေးသော အမာရွတ်များကဲ့သို့ပင် ဖြစ်နေခဲ့သည်။ ရှောက်ဟန့် ဤဓာတ်ပုံကိုရိုက်စဉ်က ကုတင်ပေါ်မှ ထထိုင်လိုက်ဟန်တူပြီး၊ သူ၏ကိုယ်ပေါ်တွင် အဝတ်အစားမဝတ်ထားပေ။ ကျန့်ချီသည် ထိုကြီးမားသောဓာတ်ပုံကို အမြန်ဖယ်ရှားလိုက်ပြီး၊ သူ၏မျက်လုံးထောင့်သည် မထိန်းနိုင်ဘဲ တွန့်ကနဲဖြစ်သွားခဲ့သည်။

 

​ရှောက်ဟန့် : တစ်ပတ်တောင်ရှိပြီ။ဒဏ်ရာက မပျောက်သေးဘူး။

 

​ကျန့်ချီသည် သူက ငြီးငွေ့နေတာလား ဒါမှမဟုတ် အခြားအရာဖြစ်နေတာလားဆိုတာကို နားမလည်နိုင်ခဲ့ပေ။ သူသည် လမ်းကြောင်းလွဲနေသော စကားကို ပြန်ဆွဲယူလိုက်သည်။

 

ကျန့်ချီ:  ငါ ခဏနေရင် ကျောင်းသားကောင်စီကို သွားတော့မှာ၊ မင်းမသွားယူရင် ငါ ဒုဥက္ကဋ္ဌကို ပို့ခိုင်းလိုက်မယ်။

 

​နောက်ဆုံးစကားသည် ရှောက်ဟန့်ကို ဒေါသထွက်စေရန် သုံးလိုက်ခြင်းဖြစ်သည်မှာ သေချာ၏။ ကျန့်ချီသည်လည်း ကိစ္စသေးသေးမွှားမွှားတိုင်းအတွက် ကျိဟွိုက်စစ်ကို အကူအညီတောင်းရန် အားနာလှပေသည်။ သို့သော် ဤအရာသည် ရှောက်ဟန့်အပေါ်တွင် အကျိုးသက်ရောက်မှုမရှိသည့်အပြင်၊ နောက်ထပ်ဝင်လာသော စာ၏အကြောင်းအရာကို ပို၍အန္တရာယ်ရှိစေခဲ့သည်။

 

ရှောက်ဟန့်:  မင်းက ကျိဟွိုက်စစ်ကို ငါ့ပစ္စည်းတွေ ထိခိုင်းမှာလား။

 

ကျန့်ချီ ​​: မင်း ငါ့ကိုပေးပြီးပြီ၊ အဲ့​တော့ ဒါ ငါ့ပစ္စည်းပဲ၊ ငါဘယ်လိုလုပ်လုပ် ရတယ်။

 

​ကျန့်ချီသည် သက်ပြင်းရှည်တစ်ချက်ချလိုက်၏။ မတတ်သာသည့်ကြားမှ အနည်းငယ်ရယ်ချင်သွားမိသည်။ သူသည်လည်း အတင်းအကျပ် လမ်းကြောင်းရှာတတ်ရန် သင်ယူခဲ့ရပြီပင်။ သို့သော် တစ်ဖက်မှလူသည် ရှောက်ဟန့်ဖြစ်သည်ဟု တွေးမိသောအခါ၊ ဤခံစားချက်သည် မဆိုးဟုဆိုနိုင်၏။

 

​ရှောက်ဟန့်: မင်းသာ သူ့ကို ပြန်ပေးခိုင်းမယ်ဆိုရင်၊ မကြာခင်မှာ ငါတို့ကိစ္စကို ကျောင်းတစ်ကျောင်းလုံးသိအောင် ငါလုပ်ပစ်မယ်။

 

ကျန့်ချီ ​: မင်း ဘာကိုဆိုလိုတာလဲ။

 

နောက်ဆုံးစကားလုံးအနည်းငယ်သည် ကျန့်ချီ၏စိတ်ထဲတွင် မကောင်းသောအတွေးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ မကြာမီမှာပင် ရှောက်ဟန့်ပို့လိုက်သော ဗီဒီယိုအတိုတစ်ပုဒ်က ထိုအတွေးကို အမှန်တကယ်ဖြစ်လာစေခဲ့သည်။

 

စောင့်​ကြည့်ကင်မရာသည် ရေကူးကန်အလယ်ကို တည့်တည့်ချိန်ထားပြီး၊ဗီဒီယိုထဲတွင် သူနှင့် ရှောက်ဟန့် ရေထဲတွင် ရုန်းကန်နေသည်ကို ရှင်းလင်းစွာမြင်တွေ့နိုင်၏။ ဤသို့ကြည့်လိုက်လျှင်၊ လူနှစ်ယောက်၏ ပူးကပ်နေသောအနေအထားသည် ပြောမပြတတ်သော ရင်းနှီးမှုတစ်ခု ရှိနေခဲ့သည်။

 

ကျန့်ချီသည် အစပိုင်းကို တစ်ချက်ကြည့်ပြီးသည်နှင့် ပိတ်လိုက်သည်။ သူသည် အသက်ပြင်းပြင်းရှူကာ သူ၏နှလုံးသားထဲမှ ဒေါသနှင့် မမျှော်လင့်ထားသော စိတ်တိုမှုကို ဖိနှိပ်ထားလိုက်သည်။ စာရိုက်နေသော သူ၏လက်ချောင်းများသည် အလွန်မြန်ဆန်သောကြောင့် တုန်ယင်နေခဲ့သည်။

 

ကျန့်ချီ : မင်း ဘာလုပ်ချင်နေတာလဲ။

 

​ရှောက်ဟန့်: ဘာမှမဟုတ်ပါဘူး၊ ပျင်းတဲ့အချိန်တွေမှာ ထုတ်ကြည့်ပြီး သဘောကျလို့ရတာပေါ့။

 

​ရှောက်ဟန့် : ငါ ဒီဗီဒီယိုကို တခြားသူတွေကိုမြင်အောင် မလုပ်ပါဘူး၊ ဒါပေမဲ့ လုပ်ရမှာက မင်းငါ့ကိုလာရှာဖို့ပဲ၊ တစ်ယောက်တည်းနော်။ ကျိဟွိုက်စစ်ကို သိခွင့်မပေးနဲ့။

 

​သဘောတူခြင်း၊ ငြင်းပယ်ခြင်းမဆိုသာနှင့်။ ကျန့်ချီ၌ နောက်ဆက်တွဲအန္တရာယ်ကို ထမ်းဆောင်နိုင်စွမ်းမရှိပေ။ ဤဗီဒီယို ဖိုရမ်ထဲတွင် ပေါ်ပေါက်လာမည့်မြင်ကွင်းကို စဉ်းစားလိုက်ရုံဖြင့် သူသည် ရွံရှာမှုနှင့် နှလုံးတုန်လှုပ်မှုကို မထိန်းနိုင်ဘဲ ဖြစ်ပေါ်လာခဲ့သည်။ အကယ်၍ ရှောက်ဟန့်က တင်လိုက်လျှင်၊ ရှောက်ဟန့်သည် မည်သည့်ထိခိုက်နစ်နာမှုနှင့် စွပ်စွဲမှုကိုမျှ ခံရမည်မဟုတ်ဘဲ၊ အသရေပျက်မည့်သူမှာ ဗီဒီယိုထဲမှ အခြားဇာတ်ဆောင်ဖြစ်သူ သူသာလျှင် ဖြစ်၏။

 

​ဤသို့သော မုန်တိုင်းကို သူတစ်ကြိမ်ခံစားဖူးပြီးဖြစ်သည်။

 

​ကျန့်ချီသိသည်မှာ ရှောက်ဟန့်သည် ဤကိစ္စကို လုပ်ရဲသည်ဟူ၍ပင်။ သူသည် မူလကတည်းက ဘာကိုမှဂရုမစိုက်သော အရူးတစ်ယောက်ဖြစ်၏။

 

ကျန့်ချီ ​: ငါလာခဲ့မယ်၊ မင်း ဗီဒီယိုကို ဖျက်လိုက်။

 

​ရှောက်ဟန့် : ကတိပေးတယ်။

 

———

 

​BC အဆောင်များသည် Taylorsအဆောက်အအုံ မြောက်ဘက်ရှိ သီးသန့်တိုက်ခန်းများဖြစ်၏။ ကျန့်ချီသည် ရှောက်ဟန့် ပြောထားခဲ့သော တိုက်ခန်းနံပါတ်ရှေ့သို့ ရောက်လာပြီး၊ စက္ကန့်အနည်းငယ်ရပ်တန့်ပြီးနောက် တံခါးဘဲလ်ကို နှိပ်လိုက်သည်။

 

​”ဝင်ခဲ့။”

​မျက်စိရှေ့မှ အခန်းကို ဇိမ်ခံတိုက်ခန်းတစ်ခန်းဟုဆိုလျှင် လွန်မည်မဟုတ်ပေ။ ကျန့်ချီသည် တံခါးဝတွင်ရပ်လျက် မဝင်သေးပေ။ မိနစ်အနည်းငယ်ကြာတော့ ရှောက်ဟန့်၏ အရိပ်သည် အိပ်ခန်းထဲမှ ထွက်ပေါ်လာခဲ့သည်။ သူသည် မီးခိုးရောင်ရေချိုးဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားပြီး၊ ရေချိုးပြီးခါစဖြစ်ဟန်တူသည်။ သူ၏မျက်နှာတွင် ပန်းရောင်သန်းနေပြီး၊ ဆံပင်သည် အနည်းငယ်ရှုပ်ပွနေသည်။ လည်ပင်းအဖွင့်သည် ရင်ဘတ်တစ်ခြမ်းကို မထင်မရှားပေါ်လွင်စေသည်။ သူသည် တံခါးဘောင်ကိုမှီကာ၊ ကျန့်ချီကို ကြည့်ပြီး နှုတ်ခမ်းကွေးလိုက်သည်။

 

 “မင်းကို ဝင်ခဲ့လို့ပြောတယ်မဟုတ်ဘူးလား။”

 

​ကျန့်ချီသည် အခန်းထဲသို့မဝင်ဘဲ၊ ခါးကိုင်းကာ လက်ဆောင်ဘူးကို ကြမ်းပြင်ပေါ်တွင် ချထားလိုက်ပြီး၊ ဂရုတစိုက်စကားတစ်ခွန်း ချန်ထားခဲ့သည်။

 

“မင်းရဲ့ပစ္စည်း။”

 

​ရှောက်ဟန့်၏ မျက်လုံးထောင့်သည် မကျေမနပ်ဖြင့် လှုပ်ရှားသွားပြီး၊ လက်ပိုက်ကာ တစ်လှမ်းရှေ့တိုးလာခဲ့သည်။ ကျန့်ချီသည် မရှောင်တိမ်းဘဲ၊ ရှောက်ဟန့်၏အကြည့်ကို ရင်ဆိုင်ရင်း အကွာအဝေးသည် လက်သီးတစ်လုံးစာအထိ ကျဉ်းမြောင်းလာသောအခါ၊ နောက်ဆုံးတွင် တည်ငြိမ်စွာ စကားစလိုက်သည်။

 

 “ငါ မင်းကိုတွေ့ပြီးပြီ၊ ဗီဒီယိုကို ဘယ်တော့ဖျက်မှာလဲ။”

 

​”ဒီလောက်မြန်မြန် ဘာလုပ်မလို့လဲ။”

 

ရှောက်ဟန့်၏ လက်သည် တံခါးဘောင်ကို ပိတ်ထားလိုက်ပြီး၊ ခေါင်းငုံ့ကာ ကျန့်ချီအနားသို့ တိုးကပ်လာသည်။ သူ၏အသက်ရှုငွေ့တွင် ပက်ပါမင့်ရေချိုးဆပ်ပြာရနံ့သင်းသင်း ရောနှောနေခဲ့သည်။

 

 “ငါ့ကို လာကြည့်တာမဟုတ်ဘူးလား။ နှစ်သိမ့်တဲ့အနေနဲ့ လက်ဆောင်တောင်မပါဘူးလား။”

​”ငါ ယူလာခဲ့တယ်မဟုတ်ဘူးလား။”

 

“ဒါက ငါမင်းကိုပေးတဲ့လက်ဆောင်။”

 

​”အားလုံးက လက်ဆောင်တွေပဲ၊ ကွာခြားမှုရှိလို့လား။”

 ကျန့်ချီ၏ လေသံသည် သိပ်မကောင်းလှပေ။ သူသည် သူ၏စိတ်ခံစားချက်ကို အလွန်အမင်းမပေါ်လွင်စေရန် တတ်နိုင်သမျှ ထိန်းချုပ်ထားခဲ့သည်။

 “တခြားကိစ္စများ ရှိသေးလား။”

 

​”ရှိတာပေါ့။”

 

​ရှောက်ဟန့်၏ မျက်နှာအမူအရာသည် မထင်မရှား မှောင်မိုက်သွားပြီး၊ လက်တစ်ဖက်ကိုဆန့်ကာ သူ၏တံခါးကို ပိတ်ဆို့ပြီး အခန်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။ တစ်ဖက်လူ၏ ရင်ဘတ်ကို ထိမိသည့်အခိုက်တွင် ကျန့်ချီသည် လျှပ်စစ်အလိုက်ခံရသကဲ့သို့ ရုန်းကန်ထွက်ခွာလိုက်သည်။ ဤသို့သောအခြေအနေမျိုး အကြိမ်များစွာ ဖြစ်ပွားခဲ့သောကြောင့်လားမသိ၊ သူသည် ထိုဗီဒီယိုကို သတိရသွားပြီး၊ နှုတ်ခမ်းကိုဖိကိုက်ကာ စိတ်တိုမှုကို ဖိနှိပ်ထားရင်း တည်ငြိမ်စွာနေလိုက်သည်။

 

​ဤအတွက် ရှောက်ဟန့်သည် အလွန်ကျေနပ်စွာ နှုတ်ခမ်းကို ကွေးလိုက်ပြီး၊ ချက်ချင်းပင် ထိုအမူအရာကို ဖိနှိပ်လိုက်သည်။ ကျန့်ချီက သူ့ကိုမတွေ့ရှိသွားသကဲ့သို့၊ ယခင်က အေးစက်အန္တရာယ်ရှိသော လေသံသို့ ပြန်လည်ရောက်ရှိသွားသည်။

 

“ငါ မင်းကို ပစ္စည်းပြန်ပေးဖို့ သဘောတူခဲ့လို့လား။”

 

​”ငါ မလိုချင်ဘူး။”

 

​”ဘာလို့လဲ။”

 

 ရှောက်ဟန့်သည် မျက်တောင်တစ်ချက်ခတ်လိုက်ပြီး၊ သူ၏စိတ်ခံစားချက်ကို ဖုံးကွယ်ထားတာ ဟုတ်လား မဟုတ်လား မသိနိုင်ပေ။

 

“မကြိုက်ဘူးလား။ မင်း ဒါကို လက်ညှိုးထိုးခဲ့တာမဟုတ်ဘူးလား။”

 

​ကျန့်ချီသည် ဤရယ်စရာကောင်းသောအရာကို နားထောင်ရင်း၊ စကားလုံးတစ်လုံးချင်း ပြန်ဖြေလိုက်သည်။

 

 “လက်ညှိုးထိုးပြတာနဲ့  ငါအဲဒါကို ကြိုက်ပါတယ်ဆိုပြီး မဖြစ်သွားဘူး။ တကယ်လို့ မင်းက ငါ့ကိုရွေးချယ်ခိုင်းခဲ့ရင်တောင်၊ ငါ ဒီပုံစံငယ်ကို ရွေးမှာမဟုတ်ဘူး။ မင်း ပြန်ယူသွားလိုက်ပါ၊ ဗီဒီယိုကို ဖျက်လို့ရပြီလား။”

 

​”ဒီစကားကလွဲရင် မင်းတခြားစကားမပြောတတ်တော့ဘူးလား!”

 

​ရှောက်ဟန့်သည် ဒေါသကြောင့်ရယ်မောလိုက်ဟန်ဖြင့်၊ လှည့်ကာ ဆိုဖာပေါ်ထိုင်လိုက်ပြီး၊ စားပွဲပေါ်မှ ရေတစ်ငုံသောက်လိုက်သည်။ သူသည် သူ၏လက်ထဲမှ ဖန်ခွက်ကို ပေါ့ပေါ့ဆဆလှုပ်ယမ်းရင်း၊ မျက်လုံးများကိုပင့်ကာ ကျန့်ချီကို စူးစိုက်ကြည့်လိုက်သည်။

 

“ငါသာ မဖျက်ပေးဘူးဆိုရင် မင်းဘယ်လိုလုပ်မှာလဲ။ ငါ့ကို ခြိမ်းခြောက်မှာလား။ ဟမ်…”

 

​ဘယ်လိုလုပ်ရမှာလဲ။ သူသည် အမှန်တကယ် ဘာမှမလုပ်နိုင်ပေ။

 

​ကျန့်ချီသည် နေရာမှာပင် ရပ်နေပြီး၊ ကျန်ရှိသော တစ်ခုတည်းသောရွေးချယ်မှုကို တွေးမိသောအခါ၊ သူ၏ရင်ဘတ်ထဲတွင် ပြောမပြတတ်သော လေးလံမှုနှင့် အားမလိုအားမရဖြစ်မှုတို့ လွှမ်းခြုံသွားခဲ့သည်။

 

​စာအုပ်ထဲမှ ရှောက်ဟန့်သည် မောက်မာပြီး စိတ်တိုင်းကျပြုမူတတ်ကာ၊ အခြားသူများကို ကစားစရာအဖြစ် သတ်မှတ်ခြင်းကို ပျော်ရွှင်မှုအဖြစ် ယူဆသည်။ ဤသို့သော ဆိုးရွားသည့်လူသည် နောက်ဆုံးတွင် မိမိကိုယ်ကို ခံစားချက်ထဲသို့ ထည့်ကစားလိုက်မိသည်။

 

သို့သော် ကျန့်ချီထင်သည်မှာ၊ ရှောက်ဟန့် နောက်ဆုံးတွင် ပိုင်ရှီယွီကို ချစ်သွားလျှင်ပင်၊ ၎င်းသည် အပေါ်ယံမာနကို ဖယ်ရှားလိုက်ခြင်းမျှသာဖြစ်ပြီး၊ သူသည် သူသာလျှင်ဖြစ်၏။ လုယက်တိုက်ခိုက်တတ်သော ဝံပုလွေမှ နူးညံ့သိမ်မွေ့သော အိမ်မွေးခွေးအဖြစ် ဘယ်တော့မှ ပြောင်းလဲသွားမည်မဟုတ်ပေ။

​ကျန့်ချီသည် ရှောက်ဟန့်၏ ပြောင်းလဲမှုကို မမြင်တွေ့နိုင်သလို၊ မြင်တွေ့ရန်လည်း မျှော်လင့်မနေခဲ့ပေ။ သူသည် ဤသို့သော အထက်စီးဆန်သော ရှောက်ဟန့်ကို စက်ဆုပ်ရွံရှာသော်လည်း၊ ဤသို့သော ရှောက်ဟန့်အပေါ်တွင် အနည်းငယ် စိတ်ချမိသည်။

 

ကျန့်ချီ တကယ်ကြောက်ရွံ့သည်မှာ ထိုစိတ်လိုက်မာန်ပါနမ်းရှုံ့မှုနောက်ကွယ်မှ အကြောင်းရင်းပင်။ အကယ်၍ ၎င်းသည် နောက်ပြောင်မှုတစ်ခုသာဖြစ်ပါက၊ သူသည် ဂရုမစိုက်ရန် မိမိကိုယ်ကို ဖျောင်းဖျနိုင်သေး၏။ သို့သော် ထိုမှလွဲ၍ အခြားမည်သည့်ဖြစ်နိုင်ခြေကိုမျှ သူသိချင်စိတ်မရှိပေ။

 

​အကောင်းဆုံးမှာ ထာဝရဤသို့ စက်ဆုပ်ရွံရှာဖွယ်ကောင်းနေပြီး၊ မည်သည့်အထူးပြုမူမှုနှင့် ပြောင်းလဲမှုမျှ မရှိလာလျှင် အကောင်းဆုံးပင်။

 

​”မင်း ငါလာရင် ဗီဒီယိုကို ဖျက်ပေးမယ်လို့ပြောခဲ့တယ်လေ။ အခု ကတိဖျက်မလို့လား။”

 

​ရှောက်ဟန့်သည် အမာရွတ်ရှိသော ဘယ်ဘက်မျက်ခုံးကို ပင့်တင်လိုက်ပြီး၊ မထီမဲ့မြင်ပြုသော နှုတ်မှုတ်အသံတစ်ချက်ပြုလိုက်သည်။ ဆိုဖာပေါ်မှ ထရပ်လိုက်ပြီး၊ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် နောက်သို့လှည့်ကာ နေရာမှာပင်ရပ်နေသော ကျန့်ချီကို လေးလံသော အသံဖြင့် ထုတ်ပြောလိုက်သည်။

 

“လာခဲ့။”

 

​ကျယ်ဝန်းသော ဧည့်ခန်းနှင့်တွဲလျက် မီးဖိုချောင်သည် မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့သည်။ ကျန့်ချီသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး၊ ရှောက်ဟန့် ဘာလုပ်ချင်သည်ကို နားမလည်နိုင်သေးပေ။ သူ၏နားထဲသို့ မမျှော်လင့်ဘဲ တိုက်ရိုက်အသိပေးချက်ကဲ့သို့သော စကားလုံးသုံးလုံး ဝင်ရောက်လာခဲ့သည်။

 

“ငါ ဗိုက်ဆာတယ်။”

 

=======

Chapter 54 ended

 

​ရှောက်ဟန့် : တကယ်တော့ သူက ငါ့ကိုလာကြည့်ချင်နေတာ၊ သူငါ့ကို အရမ်းချစ်တာ၊ သူက ထုတ်မပြောရုံလေးပဲ ^-^

 

အထက်တန်းစားယောကျ်ားလေးများကျောင်း

အထက်တန်းစားယောကျ်ားလေးများကျောင်း

Status: Ongoing Type: Author: Released: 2021 Native Language: Chinese

Description

 

အစပိုင်းမှာတော့ ဘာအတိတ်နိမိတ်မှ မပါတဲ့ အိပ်မက်တစ်ခုသာ ဖြစ်သည်။

 

အိပ်မက်ထဲက မြင်ကွင်းတွေက လက်တွေ့ဘဝနဲ့ တစ်ခုပြီးတစ်ခု ကိုက်ညီလာတဲ့အခါမှာတော့ ကျန့်ချီက သူဟာ danmeiဝတ္ထုစာအုပ်ထဲမှာ နေထိုင်နေတာကို သိလိုက်ရသည်။

 

စာအုပ်ထဲမှ ဇာတ်လိုက်က အပြစ်ကင်းစင်ပြီး အားနည်းသူဖြစ်ကာ အထက်တန်းစားယောကျ်ားလေးကျောင်းမှ ဝံပုလွေတွေကြားထဲ ဝန်းရံခံနေရပြီး နောက်ဆုံးမှာတော့ 1vN အတင်းအကြပ် အချစ်ဇာတ်လမ်းနဲ့ အဆုံးသတ်သွားခဲ့သည်။

 

(T/N: 1 vs N ဆိုတာက ဇာတ်လိုက်က တစ်ယောက်တည်းဖြစ်ပြီး ပါတနာက အများကြီးကိုပြောတာပါ)

 

ပြီးတော့ သူကိုယ်တိုင်ကတော့ ဇာတ်လမ်းထဲမှာ ဇာတ်လိုက်ကို နေရာတိုင်းမှာ ချောက်ချပြီးနောက် ဆိုးဆိုးရွားရွား အဆုံးသတ်ခဲ့ရတဲ့ ဆိုးသွမ်းတဲ့ အမျိုးသား ဇာတ်ပို့ဖြစ်နေခဲ့သည်။

 

ဒါကို ကြိုတင်သိရှိသွားတဲ့ ကျန့်ချီဟာ ဇာတ်လိုက်ရဲ့ အချစ်ရေးကိစ္စတွေထဲ မဝင်ရောက်ဘဲ အထက်တန်းစားယောကျ်ားလေးကျောင်းမှာ ဘယ်သူမှ သတိမထားမိတဲ့ ရိုးသားတဲ့လူတစ်ယောက် ဖြစ်ဖို့ ကြိုးစားခဲ့သည်။

 

ဒါပေမဲ့ သူ တခြားသူတွေကို စပြီး မနှောင့်ယှက်ပါဘဲနဲ့ကို ပြဿနာတွေက သူ့ဆီကို တစ်ခုပြီးတစ်ခု ရောက်လာလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ။

 

ဇာတ်ကွက်က ပျက်စီးမယ့်လမ်းကြောင်းဘက်ကို ဆက်ပြီး တိုးတက်လာတဲ့အခါမှာတော့ ကျန့်ချီက ဇာတ်လိုက်Gongတွေ သူ့ကို ကြည့်တဲ့အခါ သူတို့ရဲ့မျက်လုံးတွေက နည်းနည်းလေး ကွဲပြားနေတယ်ဆိုတာကို နောက်ဆုံးမှာ တွေ့ရှိသွားခဲ့၏။

 

•••••••••••

Harem လေးပါ။ တော်တော်များများလည်း သိကြမှာပါ။

1 vs N ပါနော်။ gongက ငါးယောက်ထင်တယ်။

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset