⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 7

Chapter 7

 

ပထမဆုံးညပြီးနောက် လီကျွင်းက ဆက်နေပြီး ထွက်သွားဖို့ ငြင်းဆန်သည်။

 

သူ့ရဲ့ ပညာရပ်ဆိုင်ရာ အတန်းကိုလည်း မသွားဘဲ ဖေးလု နောက်ကို နေ့တိုင်း ကပ်နေသည်။ အရည်ပျော်နေသည့် မမိုချီတစ်ခုလို စေးကပ်နေသည်။ ဖေးလုသည် အထူးကြောက်တတ်သည်။ လီကျွင်း၏ တိတ်ဆိတ်သည့် အကြည့်ကို ရင်ဆိုင်ရသည့်အခါ သူ ငြင်းဆန်သည့် စကားကို မပြောနိုင်ခဲ့။

 

ဒါကြောင့် နေ့တိုင်း အတန်းထဲမှာ သူတို့နှစ်ယောက်ပဲ ရှိသည်။

 

နေ့ခင်းဘက်မှာ သူတို့နှစ်ယောက် အတူတူ အတန်းတက်ကြပြီး ညဘက်မှာတော့ အတူတူ တစ်ခုတည်းသော ကုတင်ပေါ်မှာ ဖိသိပ်အိပ်ကြသည်…။ အော် မဟုတ်တော့ဘူး၊ မကျပ်တော့ဘူး။ လီကျွင်း သူ့နဲ့အတူ ရောက်လာပြီး ဒုတိယအပတ်မှာ ဖေးလုရဲ့ အခန်းဖော် ပြန်ရောက်လာပြီး သူ့ပစ္စည်းတွေကို ထုပ်ပိုးကာ နောက်လှည့်မကြည့်ဘဲ ထွက်သွားသည်။

 

ပြီးတော့ လီချင်းရီက သူ့လက်ထောက်ကို ခေါ်လာပြီး အနီးအနားက စားသောက်ဆိုင်မှာ ဖေးလုကို ထမင်းစားဖို့ ယဉ်ကျေးစွာ ဖိတ်ခေါ်သည်။ ညစာစားပြီး အဆောင်ကို ပြန်ရောက်တော့ အဆောင်က မူရင်းအဆောင် မဟုတ်တော့ပေ။

 

နှစ်ယောက်ခန်းကို ဇိမ်ခံ တစ်ယောက်ခန်းအဖြစ် ပြောင်းလဲထားပြီး မူရင်းပရိဘောဂများကို ဖယ်ရှားကာ အဆင့်မြင့် သစ်သားပရိဘောဂများဖြင့် အစားထိုးထားသည်။ အဆောင်အလယ်မှာ ကုတင်ကြီးတစ်လုံး၊ ပြတင်းပေါက်ဘေးမှာ စားပွဲနှစ်လုံး ဘေးချင်းယှဉ်ထားပြီး နံရံမှာ ဗီရိုကြီးတစ်လုံး ထားရှိရာ လူနှစ်ယောက်ရဲ့ အဝတ်အစားများအတွက် လုံလောက်သည်။

 

လီချင်းရီက ယဉ်ကျေးစွာ ပြုံးနေဆဲပင်။ “ရှောင်မုန် လီကျွင်းကို မင်းဆီ အပ်နှံလိုက်ပြီနော်။”

 

ဖေးလု: “…”

 

အင်အားကြီးမားတဲ့ လူတစ်ယောက်ရဲ့ ရှေ့မှာ ဖေးလုက အညံ့ခံဖို့ ရွေးချယ်လိုက်သည်။

 

သူက စာဖတ်ဖော်ရာထူးကနေ အိပ်ယာဖော်ရာထူးကို တိုးမြှင့်ခံလိုက်ရသည်။

 

သူတို့ ကုတင်တစ်ခုတည်းမှာ အကြာကြီး အိပ်ခဲ့ကြတာကြောင့် ဖြစ်နိုင်သည်၊ သူငယ်ချင်းစိတ်ရင်းနဲ့ ပေါင်းသင်းလို့ရယ်ကြောင့်လည်း ဖြစ်နိုင်သည်။ လီကျွင်းရဲ့ ဖေးလုအပေါ် သဘောထားက အများကြီး ပြောင်းလဲသွားခဲ့သည်။

 

အထင်ရှားဆုံးကတော့ လီကျွင်းက သူ့ကို ပိုပြီး ကပ်တွယ်လာခြင်းပင်။ ခဏခဏ ထိတွေ့သည်၊ ခဏခဏ လက်ကို ချိတ်သည်၊ ခဏခဏ ဆံပင်ကို ထိသည်၊ ခဏခဏ ခါးကို ထိုးသည်…

 

ဘယ်လိုပဲဖြစ်ဖြစ် ထိတွေ့ရမှကိုး ကျေနပ်တာ!

 

မပြောဝံ့သည့် ဖေးလု: “…..” ငါလည်း ဘာတတ်နိုင်မလဲ၊ ငါလည်း ကူကယ်ရာမဲ့ပါပဲ။

 

666 သည် သူ့ကို သနားလုနီးပါး ဖြစ်ခဲ့သည်။ သူ ထိုမျှ ရိုးအသည့် လူကို မမြင်ဖူးခဲ့ပါ။ [တစ်ခုခု မှားနေတယ်လို့ မထင်ဘူးလား။]

 

“???” ဖေးလုက လီသခင်လေး၏ နားများကို သန့်ရှင်းပေးနေစဉ် ထိုစကားများကို ကြားတော့ “ဘာမှားနေလို့လဲ။”

 

666 သည် တိတ်ဆိတ်သွားပြီး နောက်ဆုံးတွင် ဖေးလုကို လေးနက်သောအသံဖြင့် ပြောနိုင်ခဲ့သည်မှာ [ပျော်နေရင်လည်း ပျော်သလိုသာနေပါ၊ ကံကောင်းပါစေလို့သာ ဆုတောင်းပေးလိုက်ပါတယ်ဟာ။]

 

“…မင်း ပြောင်းလဲသွားပြီ။ မင်း မကြာသေးခင်က တီဗီဒရာမာတွေ ကြည့်တာလည်း ရပ်လိုက်ပြီ။ ဗုဒ္ဓဘာသာကို ကူးပြောင်းသွားပြီလား။”

 

666 သည် တအင်းအင်း ဟန်ပိုလုပ်ပြီး လိုင်းဆင်းသွားခဲ့သည်။

 

“…” ဖေးလုသည် နားမလည်နိုင် ဖြစ်နေသည်။ သူ စိတ်ထဲတွင် တစ်ခုခုကို တွေးမိသည့်အခါ သူ့လက်များ၏ လှုပ်ရှားမှုများသည် အလိုလို နှေးကွေးသွားခဲ့သည်။

 

နားရှင်းနေသည်ကို သက်သောင့်သက်သာ ခံစားနေရသည့် လီကျွင်းက ကျေနပ်မှုမရှိစွာ သူ၏ ခြေထောက်ကို ကုတ်လိုက်သည်။

 

ဖေးလုသည် သတိပြန်ဝင်လာပြီး သူ၏ နားများကို ဆက်၍ ရှင်းပေးသည်။

 

ပြောရမည်ဆိုလျှင် နားရှင်းသည့် အလေ့အထသည် လက်သည်းညှပ်ခြင်းမှ ဆင်းသက်လာသည်။ လီကျွင်းက ထိုသို့သော ရင်းနှီးသည့် လုပ်ဆောင်မှုများကို နှစ်သက်ပုံရသည်။ ဖေးလု သူ့လက်ကို ကိုင်ပြီး ဂရုတစိုက် ညှပ်ပေးသည့်အခါတိုင်း သူသည် အလွန်ကျေနပ်သည့် အမူအရာကို ပြသခဲ့သည်။

 

သို့သော် လက်သည်းများ ညှပ်ပြီးသည့်အခါ ၎င်းတို့ ပျောက်ကွယ်သွားပြီး ဖြည်းဖြည်းချင်း ပြန်ရှည်လာသည်။ ဖေးလုသည် လက်ဗလာဖြင့် လက်ချောင်းများကို မြှောက်ပြကာ လက်သည်းညှပ်ခွင့်ပေးသည့် လီသခင်လေးကို ကြည့်ရင်း သူ၏စိတ်ခံစားချက်သည် ရှုပ်ထွေးနေသည်။

 

“မင်း လက်သည်းညှပ်ဖို့ မလိုတော့ဘူး။” ဖေးလုက သူ၏လက်ဖမိုးကို ပုတ်လိုက်သည်။ ထိုလက်သည်းများသည် မနေ့တနေ့ကမှ ညှပ်ထားခြင်းဖြစ်သည်။

 

“အို။” လီကျွင်းသည် စိတ်ပျက်စွာ သူ၏လက်များကို နှိမ့်ချလိုက်သည်။ သူ၏မျက်လုံးများသည် ကြမ်းပြင်ကို မှိုင်တွေစွာ စိုက်ကြည့်နေပြီး ပျော့ခွေနေပုံရသည်… ၎င်းမှာ သနားစရာ ကောင်းလှသည်။

 

ဖေးလုသည် သူ၏ အတွေးများကို အနည်းငယ် ခန့်မှန်းမိသည်။ လီကျွင်းသည် ခုနစ်နှစ်သားအရွယ်ကတည်းက သူ့မိသားစုမှလွဲ၍ မည်သူနှင့်မျှ ထိတွေ့မှု မရှိခဲ့ပေ။ သူ့မိသားစုကပင်လျှင် သူ့ရဲ့ စိတ်နေစိတ်ထားကြောင့် အလွန်နီးစပ်မည် မဟုတ်ပေ။ ကလေးမည်မျှပင် ထိုသို့ ကြီးပြင်းလာပါစေ။ အရေပြားကို ထိတွေ့လိုသည့် ဆန္ဒအနည်းငယ် ရှိနေမည်ဖြစ်သည်။ ထို့ကြောင့် လီကျွင်းသည် ယခုအခါ ထိုသို့သော ကိုယ်ထိလက်ရောက် ထိတွေ့မှုမျိုးကို အလွန်တွယ်တာနေခြင်းဖြစ်သည်။

 

သက်ပြင်းချရင်း ဖေးလုက ဆိုဖာပေါ် ထိုင်ချလိုက်သည်။ သူ၏ ပေါင်ကို တစ်ဖန်ပုတ်ပြီး လီကျွင်းကို “လှဲချလိုက်.. မင်းနားကို ရှင်းပေးမယ်” ဟု ပြောလိုက်သည်။

 

အဲ့ဒီကနေ လှုပ်ရှားမှုအသစ်တစ်ခု ပေါ်ပေါက်လာသည်။

 

နားရှင်းပြီးနောက် ဖေးလုက လီသခင်လေးရဲ့ ချောမောတဲ့မျက်နှာကို ပုတ်ကာ ထပြီး ရေချိုးဖို့ တိုက်တွန်းသည်။

 

လီကျွင်း မျက်လုံးတွေက မှုန်ဝါးနေပြီး ခုနက နားရှင်းခဲ့တဲ့ အရသာနောက်ကို လိုက်နေတာ သိသာသည်။ ပျင်းရိစွာ လှုပ်ရှားခြင်း မရှိပေ။

 

ဖေးလုက သူ့ကို ဘာမှ မလုပ်နိုင်တော့တာကြောင့် ကိုယ်တိုင်ပဲ အရင်ရေချိုးလိုက်သည်။ သူ အလွန်မြန်မြန် ရေချိုးလိုက်သည်။ နှစ်ကြိမ် သုံးကြိမ်လောက် ဆေးကြောပြီးတာနဲ့ ခါးမှာ မျက်နှာသုတ်ပဝါ ပတ်ပြီး ထွက်လာသည်။

 

လူငယ်လေး၏ ခန္ဓာကိုယ်သည် ပိန်သွယ်ပြီး ဖြူဖွေးနေသည်။ လီကျွင်း၏ မျက်လုံးများက သူ့အပေါ်မှာ စွဲငြိနေပြီး မရွေ့နိုင်ခဲ့ပေ။ ဖေးလု လှည့်လိုက်သည့်အခါ သူ၏ လိပ်ပြာအရိုးက လှပသော အကွေးအဝိုက်ကို ပေါ်လွင်စေသည်။ လီကျွင်း၏ လည်ချောင်းက အနည်းငယ် လှုပ်ရှားသွားပြီး မျိုချလိုက်သည့် အမူအရာ လုပ်လိုက်သည်။ ပြီးတော့ သူ၏ အကြည့်က ဖေးလု၏ ကျောပြင်အောက်ပိုင်းဆီ ရွေ့လျားသွားသည်…။

 

…လီကျွင်း၏ ခန္ဓာကိုယ်သည် မီးတောက်နေသကဲ့သို့ ဖြစ်နေပြီး သူ၏ လည်ပင်းပင် နီရဲတောက်နေသည်။

 

ဖေးလု အံ့အားသင့်သွားသည်။ သူ လီကျွင်း၏ နီရဲနေသော မျက်နှာကို မြင်ပြီး ပူသည်ဟု ထင်ကာ ဖိနပ်စီး ပြေးသွားပြီး လေအေးပေးစက် အပူချိန်ကို အနည်းငယ် လျှော့လိုက်သည်။ လေထွက်ပေါက်ကို လက်လှမ်းပြီး အပူချိန်ကို စမ်းကြည့်လိုက်ရာ အဆင်ပြေပြီဟု ထင်သဖြင့် လီကျွင်းကို ရိုးသားစွာ မေးလိုက်သည်မှာ “ပူနေသေးလား။”

 

“…” လီကျွင်း မျက်လုံးများကို မှိတ်လိုက်သည်။ သူ၏ လည်ဇလုတ် လှုပ်ရှားသွားပြီး အစ်အစ်အာအာဖြင့် ချက်ချင်း “ရေသွားချိုးတော့မယ်” ဟု ပြောလိုက်သည်။ ထို့နောက် ရေချိုးခန်းထဲသို့ အလျင်အမြန် ဝင်သွားသည်။

 

“သူ ဆီးသွားဖို့ အလျင်လိုနေတာများလား” ဖေးလုက သူ ဒီလောက်မြန်မြန် ပြေးသွားတာကို မြင်တော့ တွေးလိုက်မိသည်။

 

[တကယ်ကို အရေးပေါ်ဖြစ်ပုံ ရတယ်နော်။ မပြေးရင် ထိန်းထားနိုင်မှာ မဟုတ်တဲ့ပုံပဲ]

 

666 က စကားနှစ်ခွဖြင့် ပြောလိုက်သည်။

 

သို့သော် ဖေးလုက ရိုးသားပြီး ဖြူစင်သည့် လူတစ်ဦး ဖြစ်သောကြောင့် 666 ရဲ့ စကားနှစ်ခွအဓိပ္ပာယ်ကို လုံးဝ နားမလည်ခဲ့ပေ။

 

666: ဖြစ်လာမယ့်အရာအားလုံး မင်းနဲ့ထိုက်တန်တယ် ဟျောင့်

 

လီကျွင်းသည် ရေချိုးခန်းထဲတွင် အချိန်အတော်ကြာမှ ပြန်ထွက်လာသည်။ အပူဒဏ်ကြောင့် နီရဲနေသည်လား၊ သို့မဟုတ် အခြားဘာများ ဖြစ်နေသည်လား မသိပေ။ သူ၏ မျက်နှာတစ်ခုလုံး နီရဲတွတ်နေပြီး မျက်လုံးများကလည်း ဝေဝါးနေသည်။ ဖေးလုသည် သူ့ကို မည်သည့်အမျိုးသားမဆို နားလည်နိုင်သည့် အမူအရာဖြင့် ကြည့်ပြီး အလွန် ရိုင်းစိုင်းစွာ ပြုံးလိုက်မိသည်။ ဒီကောင် ရေချိုးခန်းထဲမှာ ပုန်းအောင်းပြီး ခိုးပြီး လက်ဖြင့် လုပ်နေတာ သေချာသည်။

 

ဖေးလု ခန့်မှန်းတာ မှန်သည်။ ဒါပေမဲ့ လီကျွင်း ထိုအလုပ်ကို လုပ်နေစဉ် သူ့အကြောင်း တွေးနေသည်ကိုသာ သူသိခဲ့လျှင် သူ ရယ်နိုင်တော့မည် မဟုတ်ပါ။

 

သူ စိတ်ကူးယဉ်နေသောသူမှာ အခု သူ့ကုတင်ပေါ်တွင် အပြစ်ကင်းစွာ လှဲနေပြီး သူ့ကို ကြည့်နေသည်။ ခုနကမှ ငြိမ်သွားခဲ့သော ပြင်းထန်သည့် အပူဓာတ်က တစ်ဖန် ပြန်လည် တက်ကြွလာသည်။ လီကျွင်းသည် စားပွဲဆီသို့ လျင်မြန်စွာ လျှောက်သွားကာ ရေအေးတစ်ခွက်ကို ငှဲ့ပြီး မော့ချလိုက်သည်။ နောက်ဆုံးတွင် မငြိမ်မသက် ဖြစ်နေခြင်းကို ဖိနှိပ်လိုက်သည်။

 

သို့သော် ဖေးလုသည် သေခြင်းတရားဆီသို့ သွားရာလမ်းပေါ်တွင် မြဲမြံစွာ ပြေးလွှားနေသည်။ သူသည် စောင်ကို သူ့နှာခေါင်းအောက်ထိ ဆွဲယူလိုက်ရာ မျက်လုံးတစ်စုံသာ ပေါ်နေသည်။ သူ့မျက်လုံးများက စိုစွတ်နေပြီး လီကျွင်းကို အိပ်ရန် ညင်သာစွာ ခေါ်လိုက်သည်မှာ “လာပါ၊ အိပ်တော့။ ငါ မနက်ဖြန်ကျရင် ပြန်ဖြစ်မယ်။ မိသားစုဆီ။”

 

“…” ခုနကမှ ဖိနှိပ်ထားသော မငြိမ်မသက်ဖြစ်မှုသည် သူ၏စကားကြောင့် ပြန်လည်နိုးထလာပြီး လီကျွင်း၏ မျက်နှာ ရုတ်တရက် မဲမှောင်သွားသည်။

 

ဖေးလုလို ရိုးအလွန်းတဲ့တစ်ယောက်က နောက်ဆုံးတွင် လီကျွင်း၏ပုံမှန်မဟုတ်သည့် အခြေအနေကို သတိပြုမိသွားသည်။ သူ့ကို မှုန်တေတေဖြင့် ကြည့်လိုက်ပြီး ဖေးလု ရယ်မောလိုက်သည်။ “ဟေး၊ ဘယ်လောက်ကြာအောင် ထိန်းထားတာလဲ။ မင်း ရေချိုးခန်းထဲမှာ အကြာကြီးနေပြီး မင်းဟာက မကျသေးဘူးလား။”

 

လီကျွင်းသည် ရေချိုးသုတ်ပဝါကို ပစ်ချပြီး စကားတစ်ခွန်းမှ မပြောဘဲ ကုတင်ပေါ်သို့ တက်လိုက်သည်။

 

“အေ့~” ဖေးလုက သူ့ခါးကို ထိုးလိုက်သည်မှာ “မင်း ထပ်ဖြေရှင်းစရာ မလိုတော့ဘူးလား။”

 

“…” သည်းမခံနိုင်တော့သည့် လီကျွင်းသည် ရိုးရိုးလေး လှည့်ပြီး သူ့အောက်သို့ ဖိချလိုက်သည်။

 

ဖေးလု: “…”

 

*လီကျွင်း၏ ညီလေးကို ထောက်မိသွား*

 

“ဆရာ  ကျွန်တော့်ကို ကူညီနိုင်မလား။” လီကျွင်းက ငုံ့ကိုင်းလိုက်ပြီး သူ၏ နှုတ်ခမ်းကို ဖေးလုရဲ့နားဘေးမှာ ကပ်လိုက်သည်။ သူ၏ တိုးတိုးလေးပြောသော အသံက နားဝင်ပီယံ ဖြစ်ပြီး စွဲဆောင်မှု ရှိသည်။

 

သူ့ပေါင်ပေါ်က ထိတွေ့မှုကို ခံစားလိုက်ရသည့်အခါ ဖေးလု၏ မျက်ရည်များ ထွက်လာတော့မလို ဖြစ်လာသည်။ သူသည် ခုနက အပေါစားစကားများပြောခဲ့သော သူ့ကိုယ်သူကို  နားရင်းတွေ အုပ် ပါးတွေသာ ရိုက်ပစ်လိုက်ချင်သည်။

 

“ဆရာ?” လီကျွင်းသည် သူ့ကိုယ်ကို နှိမ့်ချလိုက်ပြီး သူ၏ နှာခေါင်းကို ဖေးလုနှာခေါင်းထိပ်ဆီ ချိန်လိုက်သည်။ သူ၏မျက်လုံးနက်များသည် ဖေးလု၏ မျက်လုံးအောက်ခြေကို ဆက်၍ မြင်နေရသည်။

 

ဖေးလုသည် ထိတ်လန့်တကြား မျက်နှာကို ဘေးသို့ လှည့်လိုက်ပြီး သူ့ကို မကြည့်ရဲပေ။ သူ၏ နှလုံးခုန်နှုန်း မြန်လာသည်။ “ငါ့ကို လွှတ်ပေးပါ။ ဒီဟာက ဘာရယ်စရာမှ ကောင်းမနေဘူ။း”

 

လီကျွင်းသည် ညင်သာစွာ ပြုံးလိုက်သည်။ သူ ငိုတော့မည့်အခြေအနေကို မြင်သောအခါ သူ့ကို ချုပ်ထားသော လက်များကို လွှတ်ပေးလိုက်ပြီး ဖြည်းဖြည်းချင်း ထပ်ပြောလိုက်သည်မှာ “ကျွန်တော် ရေချိုးခန်းကို သွားတော့မယ်။”

 

ဖေးလုသည် ခဏတာမျှ မှင်တက်သွားသည်။ ထို့နောက် ရုတ်တရက် ကုတင်ပေါ်ကနေ ခုန်ထလာပြီး ဗီရိုထဲက အိပ်ရာဝင်ဝတ်စုံကို အလျင်အမြန် ထုတ်ယူဝတ်ဆင်ကာ စောင်နဲ့အတူ သူ့ကိုယ်သူ လုံးထွေးပြီး လှဲနေလိုက်တော့မှ နည်းနည်း စိတ်အေးသွားသည်။

 

“666၊ ငါ အရမ်း ထိတ်လန့်နေပြီ။”

 

[ဘာကို ထိတ်လန့်နေတာလဲ။] 666 က နှေးကွေးပြီး ဖေးလုရဲ့ စိုးရိမ်ပူပန်မှုများကို လုံးဝ နားမလည်ခဲ့ပေ။

 

ဖေးလုက စိတ်ပျက်အားငယ်စွာ ပြောလိုက်သည်မှာ “မင်း မမြင်ဘူးလား၊ သူ ငါ့ကို အဲ့ဒီအရာနဲ့ ထိုးလိုက်တာ။”

 

[ငါ့ရဲ့ မိတ်ဆွေကောင်းကြီးက စနေတာပါ။ ဒီလောက် စိတ်မပူပါနဲ့၊ အချစ်လေးရေ ] 666 က သူ့ကို နှစ်သိမ့်ဖို့ လေသံပြောင်းလိုက်သည်။

 

ဖေးလုက သူ လုံးဝ နှစ်သိမ့်မှု မရရှိဘူးဟု ခံစားရသည်။ ဒါကြောင့် သူက စောင်အောက်ထဲ ပြန်ဝင်ပြီး စိုးရိမ်ပူပန်စွာဖြင့် “သူ အတင်းအဓမ္မ လုပ်လာရင် ဘယ်လိုလုပ်မလဲ။ ငါ သူ့ကို မနိုင်ဘူးဟ QAQ”

 

“…” 666 က ခဏတာ တိတ်ဆိတ်သွားပြီးနောက် [သူက ကလေးတစ်ယောက်ပဲလေ၊ မင်း သန်မာချင်ရင် သန်မာနိုင်ပါတယ်။ မင်း အတွေးများနေတာပါ အချစ်လေး~] ဟု ပြောလိုက်သည်။

 

“ဟုတ်တယ်…” ဖေးလုသည် နှစ်သိမ့်မှုရသွားပုံရပြီး သူ့ကိုယ်သူ ပြောလိုက်သည်မှာ “ကလေးတစ်ယောက်ကို ဘာလို့ ကြောက်ရမှာလဲ။”

 

 

ဖေးလုသည် သူ့ကိုယ်သူ တိတ်တိတ်လေး အားပေးလိုက်သည်၊ မကြောက်နဲ့! ဘာမှမဖြစ်ဘူး! သတ္တိရှိရှိနေ!

 

အခန်းက အရမ်းနွေးထွေးသည်ဟု ဖေးလု တွေးရင်း… အိပ်ပျော်သွားခဲ့သည်။

 

လီကျွင်းက ပြဿနာကို ထပ်မံဖြေရှင်းပြီး ရေချိုးခန်းကနေ ထွက်လာတဲ့အခါ ဖေးလုက စောင်နဲ့ သူ့ကိုယ်သူ ပိုးအိမ်လို ရစ်ပတ်ပြီး ပါးစပ်အဟောင်းသားနဲ့ အိပ်ပျော်နေတာကို တွေ့လိုက်ရသည်။

 

သူ ရှေ့တိုးပြီး သူ့အတွက် စောင်ကို ဖြေပေးလိုက်သည်။ ခုနက အတွင်းခံတစ်ထည်တည်း ဝတ်ထားတဲ့ လူငယ်က အိပ်ရာဝင်ဝတ်စုံ အပြည့်အစုံကို ဝတ်ဆင်ထားပြီး သူ့ကိုယ်သူ တင်းတင်းကြပ်ကြပ် ပတ်ထားတာကို သူ တွေ့လိုက်ရသည်။

 

လီကျွင်းက သူ့ပါးစပ်ထောင့်ကို ကွေးလိုက်ပြီး ဖေးလုနှာခေါင်းကို ညှစ်လိုက်သည်။ သားကောင်ကို ဖမ်းဖို့ ချောင်းမြောင်းနေတဲ့ သားရဲတစ်ကောင်လို…

 

“ခင်ဗျား ထွက်ပြေးလို့

မရပါဘူးကွာ။”

 

Chapter 7 ended

 

ငါ့လူနာတွေက ငါ့ကိုချစ်မိသွားကြတယ်တဲ့!

ငါ့လူနာတွေက ငါ့ကိုချစ်မိသွားကြတယ်တဲ့!

Status: Ongoing Type: Author: Released: 2017

ဇာတ်လမ်းအကျဉ်း

​ဖေးလုဆိုတာ ဖက်ဒရယ်နိုင်ငံရဲ့ နံပါတ် ၁ အဆင့်ရှိတဲ့ စိတ်ကုထုံးပညာရှင်တစ်ယောက်။

တစ်နေ့ကျတော့ ဖက်ဒရယ်အစိုးရရဲ့ ဖိတ်ကြားချက်အရ စိတ်ရောဂါခံစားနေရတဲ့ စစ်သည်တွေကို ကုသပေးဖို့ သူလက်ခံလိုက်တယ်။

ဒါပေမယ့် အခြေအနေက တစ်မျိုးကြီး ဖြစ်နေတယ်။ သူ့လူနာတွေအားလုံးက... သူ့ကို 'ချစ်' (တက်လုပ်) ချင်နေကြတာ။

​လူနာ (၁) - "မင်းက ငါ့အပိုင်ပဲ!"

လူနာ (၂) - "မင်း ထွက်သွားရဲရင် သွားစမ်း၊ ငါ မင်းကို သတ်ပစ်လိုက်မယ်!"

.....

လူနာ (N) - "ငါ သေသွားမှပဲ မင်း လွတ်မြောက်မှာပါ..."

​ဖေးလု - "..." (ဆွံ့အ)

​ဇာတ်ကောင်စရိုက်များ

​ အတည်ပေါက်ဖမ်းတတ်တဲ့ Shou × တကယ် ရောဂါရှိတဲ့ Gong

​မှတ်ချက် - Gong က တစ်ယောက်တည်းပါ။ Shou က သူ့ရဲ့ စိတ်စွမ်းအင်ကိုသုံးပြီး လူနာတွေရဲ့ စိတ်ကမ္ဘာထဲကို ဝင်ရောက်ကုသပေးရတာပါ။

​တစ်ကြောင်းတည်းနဲ့ ပြောရရင် - "ကျွန်တော်က ခင်ဗျားကို ရောဂါလာကုပေးတာလေ၊ ခင်ဗျားက ကျွန်​တော့်ကို ပြန်ပြီး တက်လုပ်ချင်နေတာလား!"

​【အထူးသတိပေးချက်】

Shou ရောက်နေတဲ့ ကမ္ဘာက အနာဂတ်ကာလဖြစ်ပါတယ်။ ဒီထဲက စိတ်ကုထုံးပညာရှင်ဆိုတာ သာမန် စိတ်ရောဂါကုဆရာဝန်မဟုတ်ပါဘူး။ လူနာကို ကုသတဲ့နေရာမှာ စိတ်စွမ်းအင်ကို သုံးပြီး ကုသတာမို့ 'စိတ်စွမ်းအားရှင်'ပုံစံမျိုးလို့ မှတ်ယူပေးပါ။ ဒါကြောင့် သာမန်ဆရာဝန်တွေနဲ့ မရောထွေးပါနဲ့နော်။

​အခြားအချက်အလက်များ

​Main Shou ပါ။ 1v1 (တစ်ယောက်တစ်ယောက်) ပါ။ Gong နဲ့ Shou ကလွဲပြီး တခြားလူမရှိပါဘူး။ Gong က စိတ်ဒဏ်ရာကြောင့် Personality တွေ ကွဲနေတာပါ။

​ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်းဖြစ်တာမို့ ယုတ္တိဗေဒLogicတွေ သိပ်လိုက်မရှာပါနဲ့၊ စာရေးသူက စားပစ်လိုက်ပါပြီတဲ့။

​ဇာတ်လိုက်များ - ဖေးလု(Shou)၊ ကျင်းမင်(Gong)

ဇာတ်ပို့များ - Gong 1, 2, 3, 4, 5,6....

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset