[Gp1]ဂန်းဆက်စ်လုပ်ရန် ဇာတ်လိုက်Gongများကို ခိုးယူခြင်း:
Chapter 1 (arc8)
Arc 8 ch 1
(အမြှောက်ကောင်ဇာတ်ကောင်နေရာလူစားထိုးခြင်း : ထန်ထန်သည် J City First Hospital မှ အကျော်ကြားဆုံးနှင့် အရည်အချင်းအရှိဆုံး ခွဲစိတ်ဆရာဝန်ဖြစ်သည်။ သူ၏ချောမောသော ရုပ်ရည်နှင့် အလွန်ကောင်းမွန်သော ကျွမ်းကျင်မှုများကြောင့် လူတိုင်းက သူ့ကို လေးစားချစ်ခင်ကြ၏။ သူ့တွင်အေးစက်သော အပြင်ပန်းသဏ္ဌာန်ရှိသော်လည်း ဒေါက်တာထန်သည် စေတနာထား၍ တာဝန်ယူတတ်သူပင်။ ကံမကောင်းစွာဖြင့် လူကောင်းများသည် အသက်မရှည်တတ်ကြပေ။)
J City First Hospital တွင် နေ့လည်စာစားချိန်ဖြစ်၏။ မှတ်ပုံတင်ခြင်းနှင့် ငွေပေးချေခြင်းအတွက် အောက်ထပ်နေရာသည် လူများကိစ္စပြီးစီးသွားသည်နှင့်အမျှ တဖြည်းဖြည်း လူကျဲသွားသည်။ ဆေးရုံသည် အမြဲတမ်း အလုပ်များနေပြီး၊ နံနက်ပိုင်းအလုပ်များသောကြောင့် ပင်ပန်းနေသော ဆရာဝန်များနှင့် သူနာပြုများသည် နေ့လည်ပိုင်းအတွက် အားပြန်ဖြည့်ရန် ခဏတာ အနားယူနေကြ၏။
ဒုတိယထပ်တွင် သူနာပြုဌာနမှ သူနာပြုအချို့ နေ့လည်စာစားနေကြ၏။ သူတို့၏ အလုပ်များသော အချိန်ဇယားများကြားတွင် သူတို့သည် စကားပြောရန် ခဏတာ အချိန်ခိုးယူခဲ့ကြသည်။ အမျိုးသမီးသူနာပြုတစ်ဦးသည် သူမ၏ နေ့လည်စာဘူးကို ကိုင်လျက် သူမဘေးမှ ယောက်ျားသူနာပြု၏ အစားအစာကို အံ့သြကာ ငေးကြည့်နေ၏။
“ကျာကျင်း၊ မင်းရဲ့နေ့လည်စာက အရမ်းကို လက်ရာမြောက်တာပဲနော်။”
ဤအသံကို ကြားပြီးနောက် အခြားအမျိုးသမီးသူနာပြုများစွာသည် ကြည့်ရန် စုရုံးရောက်လာပြီး သူတို့သည်လဲ သဘောတူကြသည်။
“အိုး၊ ဒါက တကယ်ကြည့်ကောင်းတာပဲ…!”
ဦးစွာစကားပြောသော သူနာပြု ကျုံးရာနန်သည် ရုတ်တရက် သူမ၏နေ့လည်စာသည် စားချင်စဖွယ်မကောင်းတော့ဟု ခံစားလိုက်ရသည်။ သူမသည် စိတ်အားထက်သန်စွာဖြင့် “ကျာကျင်း၊ မင်း ဒါကို ဘယ်မှာဝယ်ခဲ့တာလဲ? အဲ့ဒီနေရာကို ငါ့ကို ညွှန်းပေးပါဦးနော်၊ ” ဟု မေးလိုက်၏။
ကျာကျင်း၏ မက်မွန်ရောင် မျက်လုံးများသည် တောက်ပလာပြီး၊ အနည်းငယ် ရှက်ရွံ့သွားသဖြင့် သူသည် ခေါင်းကို ငုံ့လိုက်သည်။ သူသည် မြင်သူတိုင်း ကာကွယ်ပေးလိုစိတ်ကို ဖြစ်ပေါ်စေနိုင်သည့် အလွန်နူးညံ့သိမ်မွေ့သော အသွင်အပြင်ရှိ၏။ ရှက်ရွံ့စွာဖြင့် သူက “ငါ မဝယ်ခဲ့ဘူး။ ငါကိုယ်တိုင် လုပ်ခဲ့တာ။” ဟု ပြောလိုက်သည်။
“ဟာ၊ မင်းကိုယ်တိုင် လုပ်ခဲ့တာလား? အရမ်းတော်တာဘဲ… ငါကတော့ စားဖို့ပဲ သိတာ။”
“အင်း မင်းတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။”
မိန်းကလေးများသည် ရယ်မောကာ စကားပြောဆိုကြပြီး၊ တစ်ယောက်ကိုတစ်ယောက် စနောက်နေကြသည်။ ထိုအချိန်တွင် စင်္ကြံမှ ခြေသံများနှင့်အတူ အေးစက်သော ယောက်ျားလေး၏ အသံတစ်ခု ထွက်ပေါ်လာ၏။ သူတို့၏ ရယ်သံသည် ရုတ်တရက် တိတ်ဆိတ်သွားပြီး၊ နေ့လည်စာဘူးများကို ကိုင်လျက် အားလုံး အပြင်သို့ ချောင်းကြည့်နေကြသည်။
J City First Hospital တွင် ပိုးသတ်ဆေးရနံ့သည် နေရာတိုင်းသို့ စိမ့်ဝင်နေပြီး၊ ကြမ်းပြင်ကြွေပြားများသည် စွန်းထင်းမှုမရှိဘဲ ဖြူဖွေးနေ၏။ စင်္ကြံ၏အဆုံးမှ ဓာတ်လှေခါးတံခါးပွင့်လာပြီး၊ အဖြူရောင်ကုတ်အင်္ကျီဝတ်ထားသော ပိန်သွယ်သည့် လူငယ်တစ်ဦးကို ဝိုင်းရံထားသည့် အလုပ်သင်ဆရာဝန်အုပ်စုတစ်စု ထွက်လာသည်။ သူတို့သည် သူနာပြုဌာနသို့ ဦးတည်သွားကြ၏။
ထိုလူသည် ခေါင်းကို အနည်းငယ်စောင်းလိုက်ပြီး၊ အလုပ်သင်ဆရာဝန်ဘေးတွင် သူ၏ပါးလွှာသော နှုတ်ခမ်းများဖြင့် စကားပြောနေသသည်။ အလုပ်သင်ဆရာဝန်၏ မေးခွန်းတစ်ခုကို ဖြေကြားနေခြင်းဖြစ်ဟန်တူသည်။ သူသည် တုံ့ပြန်သည့်အနေဖြင့် ခေါင်းခါလိုက်ပြီး၊ သူ၏သွယ်လျသော နှာခေါင်းပေါ်ရှိ ဘောင်မပါသော မျက်မှန်ကို ပင့်တင်လိုက်သည်။ သူ၏အရိုးတည်ဆောက်ပုံမှာ ထင်ရှားပြီး၊ သူ၏လက်ခြေများသည် သွယ်လျ၍ အချိုးအစားကျကာ၊ သူ၏လက်များသည် ဖြူဖွေး၍ အပြစ်အနာအဆာမရှိဘဲ၊ ကျောက်စိမ်းဖြင့် ထွင်းထုထားသကဲ့သို့ ထင်ရသည်။
အမည်းရောင်ဆံပင်နှင့် ကြည်လင်သောအသားအရေရှိသော ဤဆရာဝန်သည် အဖြူရောင်ကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး၊ ဖော်ပြရန်ခက်ခဲသော ဆွဲဆောင်မှုတစ်ခုကို ထုတ်လွှတ်နေသည်။ အလုပ်သင်ဆရာဝန်များသည် သူ့ကို တစ်ခုခုမေးမြန်းကြပြီး၊ သူက အသေးစိတ်ရှင်းပြနေစဉ် သူသည် ရှည်လျား၍ ဖြောင့်စင်းသော ခြေထောက်များဖြင့် ရှေ့သို့ လျှောက်သွားသည်။
“ဒေါက်တာထန်။”
သူအနားရောက်လာသောအခါ သူနာပြုအချို့က သူ့ကို နှုတ်ဆက်ကြသည်။ ရှေ့ဆုံးမှ လူငယ်ဆရာဝန်သည် ခဏရပ်လိုက်ပြီး၊ သူတို့ကို ခေါင်းညိတ်ပြကာ၊ စင်္ကြံမှ အလုပ်သင်ဆရာဝန်အုပ်စုတစ်စုကို ခေါ်ဆောင်သွားသည်။
သူ၏ပုံရိပ်သည် တဖြည်းဖြည်း မြင်ကွင်းမှ ပျောက်ကွယ်သွားသောအခါ၊ အမျိုးသမီးသူနာပြုအချို့သည် နှမြောတသသည့်အမူအရာဖြင့် နောက်သို့ မှီထိုင်လိုက်ကြပြီး၊ သူတို့၏မျက်လုံးများမှာ သိလိုစိတ်ဖြင့် တောက်ပနေ၏။
“ဟေ့၊ ဒေါက်တာထန်က တကယ်ချောတာပဲနော်!!”
“ဟုတ်တယ်၊ ဒေါက်တာထန်က ငယ်သေးပေမယ့် သူက First Hospital မှာ ထိပ်တန်းခွဲစိတ်ဆရာဝန် ဖြစ်နေပြီ။ ငါထင်တာ တစ်နှစ် နှစ်နှစ်အတွင်း ငါတို့ သူ့ကို ဒါရိုက်တာလို့ စခေါ်ရတော့မယ်ဆိုတာ။”
မိန်းကလေးများသည် အားကျမှုအပြည့်ဖြင့် စကားပြောနေကြသည်။ အန်ကျာကျင်းသည် နှုတ်ခမ်းကို စူလိုက်ပြီး ဝင်ပြောလိုက်သည်၊ “သူက ချောပေမယ့်… .. ဒေါက်တာထန်က နည်းနည်းအေးစက်တယ် လို့ခံစားရတယ်”
မိန်းကလေးများကြား စကားပြောဆိုမှုသည် ရုတ်တရက် ရပ်တန့်သွား၏။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး၊ အနည်းငယ် ထူးဆန်းမသက်မသာ ဖြစ်သွားကာ အန်ကျာကျင်းသည် အဘယ်ကြောင့် ထိုသို့သော ထောက်ပြသည့် စကားများကို ရုတ်တရက် ပြောဆိုခဲ့သည်ကို သေချာမသိဖြစ်နေကြသည်။
နောက်ဆုံးတွင် ကျုံးရာနန်သည် ခေါင်းကို ကုတ်လိုက်ပြီး၊ မသေချာဖြစ်နေဟန်ဖြင့် “မင်း ရောက်လာတာမကြာသေးလို့…ဒေါက်တာထန်က အေးစက်ပုံရတယ်လို့ထင်နေတာပါ… သူက လူနာတွေအပေါ် တာဝန်ကျေပြီး ငါတို့အပေါ်မှာလည်း ယဉ်ကျေးသိမ်မွေ့တယ်။ သူက တကယ်ကို လူကောင်းတစ်ယောက်ပါ။” ဟု ပြောလိုက်၏။
အန်ကျားကျင်းသည် ပါးစပ်ကို ဖွင့်လိုက်ပြီး၊ သူများနောက်ကွယ်တွင် မကောင်းပြောရန် အနည်းငယ် စိတ်မသက်မသာဖြစ်နေဟန်တူသည်။ သူသည် တုံ့ဆိုင်းသွားပြီး၊ သူ့နေ့လည်စာဘူးကို ထိုးဆွကာ ညင်သာစွာ ပြောလိုက်သည်၊ “ခုတင်နံပါတ် ၇ မှာရှိတဲ့ လူနာအကြောင်း ဒီနေ့ ဒေါက်တာထန်ကို ငါမေးခဲ့တယ်။ ဒေါက်တာထန်က… လုံခြုံရေးအစောင့်ကို အဲ့လူနာကို နှင်ထုတ်ခိုင်းလိုက်တယ်ပြောတယ်။”
ကျုံးရာနန်သည် မျက်တောင်ပုတ်ခတ်ပြီး အံ့သြသွားကာ “ဒါက ပုံမှန်မဟုတ်ဘူးလား…? အခန်း ၇ မှာရှိတဲ့ အဘိုးကြီးက သူ့မှာ ပိုက်ဆံမရှိဘူးလို့ ပြောခဲ့တယ်လေ၊ ပြီးတော့ ဒေါက်တာထန်က သူ့ရဲ့ဆေးကုသစရိတ်အားလုံးကို ကျခံပေးခဲ့တာ။ တခြားလူနာတွေရဲ့ မိသားစုတွေက အဘိုးကြီး သူရဲ့သားကို ပိုက်ဆံပေးရာမလိုဘူး ဆေးရုံကသူ့ကို မကုပေးဘဲမနေရဲဘူးဆိုပြီး တိတ်တိတ်လေး ဂုဏ်ယူဝင့်ကြွားစွာ ဖုန်းပြောနေတာကြားခဲ့တာ”
သူနာပြုများသည် ဒေါက်တာထန်၏ လုပ်ရပ်များတွင် မမှန်ကန်သည့်အရာကို မတွေးကြပေ။ ပိုက်ဆံသည် ကောင်းကင်မှ ကျလာသည်မဟုတ်ချေ။ ကျေးဇူးမသိတတ်သော လူတစ်ယောက်အတွက် အဘယ်ကြောင့် ဖြုန်းတီးရမည်နည်း။
သို့သော် ခဏတွင် အန်ကျာကျင်း၏ စကားများသည် သူတို့၏ အတွေးအမြင်ကို လုံးဝ ပြောင်းလဲပစ်လိုက်၏။
နူးညံ့သိမ်မွေ့သော မျက်ခုံးများနှင့် အန်ကျာကျင်းက ပြန်ပြောလိုက်သည်၊ “ဘယ်လိုပဲဖြစ်ဖြစ်၊ လူနာတစ်ယောက်ကို မင်း နှင်ထုတ်လို့မရဘူး။ ဒါက အသက်ရှင်နေတဲ့ လူတစ်ယောက်ရဲ့ အသက်လေ။”
(………………….)
သူနာပြုအုပ်စုသည် တိတ်ဆိတ်သွားကြပြီး၊ တစ်ဦးချင်းစီသည် ခေါင်းကို ငုံ့၍ စားသောက်ကာ၊ အန်ကျာကျင်းအား သူတော်ကောင်းလား သို့မဟုတ် ငတုံး လားဟု မဆုံးဖြတ်နိုင်ဘဲတွေးနေကြ၏။ သို့သော် တစ်ခုသေချာသည်မှာ ဤကောင်လေးသည် အလွန်toxic ဆန်၏။
ဒီကောင်လေး ဘာတွေတွေးနေတာလဲ?!
တစ်ဖက်တွင် ဆရာဝန်၏ရုံးခန်း၌ သူ့အကြောင်းဆွေးနွေးခံနေရသော ဒေါက်တာထန်သည် အနားယူခန်းရှိ မှန်ရှေ့တွင် ရပ်နေသည်။ ရှေ့သို့ ကိုင်းထားပြီး၊ သူ၏အလင်းရောင်ဖျော့သော မျက်လုံးများသည် မှန်ထဲရှိ ဆရာဝန်ကို စူးစမ်းနေ၏။ ထို့နောက်… သူသည် ဘောင်မပါသော မျက်မှန်ကို ဖြည်းညှင်းစွာ ချွတ်လိုက်သည်။
မှန်ထဲမှ ထင်ဟပ်နေသော ဆရာဝန်သည် တည်ငြိမ်သော မျက်နှာထားရှိပြီး၊ လည်ပင်းအထိ ကြယ်သီးတပ်ထားသော အဖြူရောင်ကုတ်အင်္ကျီကို ဝတ်ဆင်ထားသည်။ လှပသော အနက်ရောင် ဘောင်းဘီနှင့် ရိုးရှင်းသော ခါးပတ်တို့နှင့် တွဲဖက်လိုက်သောအခါ ဆရာဝန်၏သွယ်လျသော ခါးနှင့် ရှည်လျားသော ခြေထောက်များသည် လူတိုင်းကို အံ့အားသင့်စေသော ပုံရိပ်ကို ဖန်တီးပေး၏။
ထန်ထန်သည် မျက်နှာအမူအရာတစ်ခု ပြုလုပ်လိုက်ပြီး၊ မှန်ထဲရှိ ဆရာဝန်၏ မျက်တောင်များသည် တုန်ခါနေသည်။ ပါးလွှာသော နှုတ်ခမ်းများသည် တင်းတင်းစေ့ထားပြီး၊ အရောင်ဖျော့သော မျက်လုံးများသည် စိတ်ဓာတ်မညံ့မှုကို ထင်ဟပ်နေသည်မှာ ဂုဏ်ယူစွာ ပွင့်လန်းနေသော နှင်းဆီဖြူတစ်ပွင့်ကဲ့သို့ ဖြစ်သည်။ ပင်စည်ပေါ်ရှိ ဆူးများသည် ဂရုတစိုက်မရှိသော ထိတွေ့မှုတွေကို သွေးထွက်အောင် စွမ်းဆောင်နိုင်ပုံရ၏။
ထိုဆရာဝန် သတိထားမိလား၊ မထားမိလား မသိပေမယ့် ဤစိန်ခေါ်သော အသွင်အပြင်သည် ယောက်ျားတစ်ဦး၏ လွှမ်းမိုးလိုသော ဆန္ဒကိုသာ ပို၍ လှုံ့ဆော်ပေးခဲမည်ဖြစ်သည်။
“အကျင့်သိက္ခာ…” ဒေါက်တာတန်က ပြုံးလိုက်ပြီး သူ့၏အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ နှင်းဆီဖြူသည် ဘိန်းပန်းအဖြစ်သို့ ပြောင်းလဲသွားပြီး၊ မသိစိတ်မှပင် ဆွဲဆောင်မှုရှိ၍ ခမ်းနားသော ကျက်သရေကို ထုတ်လွှတ်နေ၏။ သူက ရယ်မောလိုက်ပြီး “ကဲ ဒီတစ်ခါအတွက် ဆုက ဘာများလဲ ကြည့်ရအောင်။”
(ဆုရရှိမှုအတွက် ဂုဏ်ပြုပါသည်: ချောင်းကြည့်ခံရမှု သတိပေးချက်။ မင်းကို ဘယ်သူတွေ စောင့်ကြည့်နေလဲ သိချင်လား? ဟေ့ ငါလည်း သိချင်တယ်!)
(ဆုရရှိမှုအတွက် ဂုဏ်ပြုပါသည်: ဆေးပညာကျွမ်းကျင်မှု အားဖြည့်ချက်။ အပိုမှတ်ချက်။ တိုးတက်ချင်ရင် ကြိုးစားလေ့လာပါ။ အားထုတ်မှုမရှိဘဲ ရရှိဖို့ မမျှော်လင့်ပါနဲ့!)
အရင်ကပြောခဲ့သလိုပဲ ဆုပေးစနစ်မှာ အရာအားလုံးဟာ ယခုလက်ရှိကမ္ဘာတွင်မှာ အလိုအပ်ဆုံးအရာတွေဖြစ်တယ်၊ ဥပမာ ဆေးပညာကျွမ်းကျင်မှုတွေပေါ့။ ဇာတ်ဆောင်ဆုရ သရုပ်ဆောင်ဟာ သရုပ်ဆောင်စွမ်းကိုဘဲမှီခိုပြီး ခွဲစိတ်လို့မရပေ။ပိုတိုးတက်ဖို့အတွက် သူ ကြိုးစားလေ့လာဖို့ လိုအပ်သည်။
ထန်ထန်သည် မျက်မှန်ကို ပြန်တပ်လိုက်ပြီး၊ သိက္ခာရှိ တည်ငြိမ်သည့် အသွင်အပြင်သို့ ပြန်လည်ရောက်ရှိသွား၏။ သူသည် ဤကမ္ဘာ၏အကြောင်းကို စဉ်းစားနေပြီး ဤကမ္ဘာကြီး၏ တုန်လှုပ်ချောက်ချားဖွယ်ရာဇာတ်လမ်းကြောင့် အံ့အားသင့်သွားသည်။
ဇာတ်လိုက် ရှို့ အန်ကျာကျင်းသည် ထိုဆေးရုံတွင် သူနာပြုတစ်ဦးပင်။ အင်အားကျဆင်းနေသော မာဖီးယားမိသားစုမှ သခင်ငယ်လေးဖြစ်၏။ မွေးရာပါ စိတ်ထားကောင်းမွန်သူဖြစ်ပြီး၊ လူအများအကျိုးကို ဆောင်ရွက်လိုသောကြောင့် ဆရာဝန်စာမေးပွဲဖြေခဲ့ရာကျရှုံးပြီးနောက် သူနာပြုတစ်ဦး ဖြစ်လာခဲ့သည်။
ဤသည်မှာ စနစ်မှ ပေထားသော ဇာတ်လမ်းအကျဉ်းချုပ်ပင်။ မူရင်းဇာတ်ကြောင်းတွင် ဇာတ်လိုက် shouအား မာဖီးယားမိသားစုတွင် မွေးဖွားလာသူတစ်ဦးအဖြစ်လည်း၊ လူအများအကျိုးကို အမြဲလိုလို ဆောင်ရွက်လိုသူတစ်ဦးအဖြစ်ကြောင်းဖော်ပြထားသည်။ ကံမကောင်းစွာဖြင့် ဤဇာတ်လိုက် shouသည် ဖော်ပြထားသကဲ့သို့ တုံးအပြီးကြင်နာတတ်သူ မဟုတ်ပေ။
ကံမကောင်းစွာဖြင့် ဆရာဝန်ဖြစ်လိုသော အန်ကျာကျင်းသည် ဆေးစာမေးပွဲကို ကျရှုံးခဲ့၏။ ထို့ကြောင့် သူသည် မိသားစုကို တောင်းဆိုပြီး First Hospital တွင် သူနာပြုတစ်ဦး ဖြစ်လာခဲ့သည်။ သို့သော် အန်ကျာကျင်းသည် လူနာနှစ်ဦးကို ဆေးမှားပေးခဲ့သောကြောင့်နှလုံးရပ်သွားကာ First Hospital တွင် အကြီးမားဆုံး ဆေးဘက်ဆိုင်ရာ မတော်တဆမှု ဖြစ်ပွားခဲ့သည်။
စွပ်စွဲမှုများစွာအောက်တွင် ထိတ်လန့်တုန်လှုပ်နေသော အန်ကျာကျင်းသည် မိသားစုကို ဆက်သွယ်ပြီး၊ သူသည် တမင်လုပ်တာမဟုတ်ကြောင်း ငိုယိုပြောကြားခဲ့၏။ လူနှစ်ဦးသေဆုံးသွားခြင်းသာဖြစ်ပြီး ဇာတ်လိုက် shouသည် အခြေအနေကို သူ၏ဖခင်က အလွယ်တကူ ကိုင်တွယ်နိုင်ကြောင်း သိသောကြောင့် ဂရုမစိုက်ပေ။
အန်ကျာကျင်း မျှော်လင့်ထားသည့်အတိုင်း သူ့ဖခင်သည် ဆေးညွှန်းပေးခဲ့သော ဆရာဝန် ထံသို့ အပြစ်ပုံချလိုက်သည်။ သက်သေအထောက်အထားများသည် လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားပြီး၊ လူတို့၏ ဒေါသကို ဆရာဝန်ထံသို့ ပြန်လည်ရောက်ရှိသွားစေ၏။
လူနာမိသားစုများ ဆေးရုံတွင် အော်ဟစ်ငိုကြွေးကြပြီး အများပြည်သူ၏ ထင်မြင်ယူဆချက်များ မြင့်တက်လာသောအခါ ဆေးရုံသည် ဆရာဝန်ကို ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရပေ။ ဆရာဝန်၏ အပြစ်ရှိသောသူလို အပြုအမူကြောင့် လူအများက ဒေါက်တာထန်သည် ပြည်ပသို့ ထွက်ပြေးသွားပြီဟု တဖြည်းဖြည်း ယုံကြည်လာကြသည်။ လူတိုင်းမသိသည်မှာ အန်ကျားကျင်းသည် မိသားစုက အပြစ်ကို ဆရာဝန်ထံသို့ ပုံချသောအခါတွင် သဘောတူညီခဲ့သော်လည်း အမှန်တရား ပေါ်လာမှာကို စိုးရိမ်ကြောင်းသူ့ဖခင်ကို ပြောခဲ့၏။ သားဖြစ်သူ၏ ဝမ်းနည်းပူဆွေးမှုကြောင့် အန်ကျာကျင်း၏ဖခင်သည် မူလဆရာဝန်ကို လုံးဝ “ပျောက်ကွယ်” သွားစေရန် ဆုံးဖြတ်လိုက်သည်။
tsk, ဒီကမ္ဘာကြီးက တကယ်ကို လူဆိုးတွေနဲ့ ပြည့်နေတာပဲ။
ထန်ထန်သည် ရက်များကို တွက်ချက်ကြည့်ပြီး ယနေ့သည် ဇာတ်လိုက် shou၏ အမှားများအတွက် မူလပိုင်ရှင် အပြစ်တင်ခံရမည့်နေ့ဖြစ်ကြောင်း သိလိုက်၏။ သူ မျက်လံးမှိတ်၍စဥ်းစားလိုက်သောအခါ သူ၏သွယ်လျသောမျက်တောင်များနှင့်မျက်ခွံသည် အရောင်ဖျော့သောမျက်လုံးများကိုဖုံးအုပ်သွားသည်။
“ဇာတ်လိုက်အနေနဲ့ မင်း ဘာတွေစွမ်းဆောင်နိုင်လဲ ငါကြည့်ဦးမယ်။”
Arc 8 Ch 1 end