⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode

Chapter 16+17+18

Little Creampie:
Chapter 16

မုယောင် အိမ်ပြန်ရောက်တော့ အဝတ်အစားတောင် မလဲရသေး အန်ကယ်ဝမ်က အပူခံဘူးနှစ်ခုကို သူ့ဆီ လှမ်းပေးလာသည်။

 

“အန်ကယ်ဝမ်….အန်ကယ် ဘာလုပ်နေ….” မုယောင် ရှုပ်ထွေးသွား၏။

 

“အကြီးဆုံးသခင်လေးက ညစာစားဖို့ ပြန်လာမှာမဟုတ်လို့ သခင်ငယ်လေးကို သူ့ဆီ အစားအသောက်လာပို့ဖို့ မှာလိုက်ပါတယ်။ဒီထဲမှာ နှစ်ယောက်စာပါတယ်။”
အန်ကယ်ဝမ် ပြုံးလိုက်မိသည်။ဒီညီအစ်ကိုတွေကြားက ဆက်ဆံရေးက နောက်ဆုံးတော့ ရင်းနှီးလာပြီလေ။

 

“ဘာလို့လဲ။ သူ့ဘာသာသူ မှာမစားနိုင်ဘူးလား…”မုယောင် ညည်းညူလို့ ​မပြီးခင် အန်ကယ်ဝမ်က သူ့ကို အိမ်အပြင်တွန်းထုတ်လိုက်သည်။

 

“…….”မုယောင် တံခါးရှေ့ရပ်ပြီး အပူခံဘူးတွေကို အကြာကြီး စိုက်ကြည့်နေ၏။နောက်ဆုံးမှာ လက်လျော့ပြီး ထိုဘူးများဖြင့် ကားဂိုဒေါင်ဆီ လျှောက်သွားလိုက်သည်။

 

‘မုယွင်ဇီက ဘာတွေ အရူးထနေတာလဲမသိ’ မုယောင် စိတ်ထဲကနေကို မကျေမနပ်ပြောနေလိုက်သည်။

မပျော်မရွှင်ဖြစ်နေတဲ့သခင််ငယ်လေးက ကားကို ဘားတံလေးက ကန့်သတ်အမြန်နှုန်းကို ထိမိတော့မည့်အထိ မုအုပ်စုဆီ မြန်မြန်မောင်းသွား၏။

လှ​ပသောအကွက်လေးဖြင့် ကားကို မုအုပ်စုဝင်ပေါက်တွင် ပါကင်ထိုးလိုက်သည်။

မုယောင် အပူခံဘူးတွေကို ဆွဲရင်း အထဲဝင်သွားလိုက်၏။ဧည့်ကြိုကောင်တာကဝန်ထမ်းက သူ့ကိုတွေ့တော့ လာနှုတ်ဆက်ပြီး အထဲဝင်ခွင့်ပေး၏။

 

အရင်က မုယွင်ဇီကို ဒီကိုလာတွေ့ရတာကို သူ သဘောကျခဲ့၏။မုယွင်ဇီကတော့ သူ့နဲ့ စကားပြောရမှာကို မကြိုက်ပေ။သူ့အတွင်းရေးမှူးကို မုယောင်ကို ဧည့်ခန်းထဲ ခေါ်သွားခိုင်းပြီး သူကတော့ အလုပ်ဆက်လုပ်နေသည်။ပြီးတော့ မုယောင်ကို လာတွေ့တာလည်း အတော်ရှား​သည်။

 

သို့သော် အရင်ဘဝတုန်းက ပိုင်ရန် မုယွင်ဇီကိုတွေ့ဖို့ ဒီကိုရောက်လာတာကို မုယောင်မြင်ဖူးသည်။မုယွင်ဇီက သူလုပ်နေတာတွေကို ချက်ချင်းပစ်ချပြီး ပိုင်ရန်ကို ဘာလို့ဒီကိုရောက်လာတာလဲဆိုပြီး မေးလိမ့်မည်။သူ့ရဲ့ဂရုတစိုက်မေးလာတဲ့အကြည့်က မုယောင်ကို နာကျင်စေ၏။

 

အရင်ဘဝတုန်းက ထိုအချိန်ကမှစ၍ ကုမ္ပဏီမှာ မုယွင်ဇီကို သူထပ်သွားမရှာတော့ပေ။

မုယွင်ဇီ၏အတွင်းရေးမှူးက အမြန်ရောက်လာပြီး အရင်ဘဝတုန်းလိုပဲ မုယောင်ကို တလေးတစားဖြင့် လမ်းကိုဦးဆောင်လာ၏။

 

မတူတော့တာက ဒီတစ်ခါမှာ သူမက ဧည့်ခန်းဆီ ဦးဆောင်သွားနေတာ မဟုတ်ဘဲ မုယွင်ဇီ၏ရုံးခန်းဆီ ဦးတည်သွားနေတာဖြစ်သည်။

 

“မုသခင်ငယ်လေး…ဥက္ကဋ္ဌမုက သခင်ငယ်လေးကို အထဲမှာ စောင့်နေပါတယ်။” အတွင်းရေးမှူးက မုယွင်ဇီ၏ရုံးခန်းတံခါးကိုခေါက်ပြီး မုယောင်ကို တိုးတိုးပြောလာ၏။

သူမက တံခါးကိုဖွင့်ပြီး မုယောင်ကို အထဲဝင်စေကာ ပြီးမှ တံခါးကိုပိတ်ပြီး ထွက်သွားလိုက်၏။

 

မုယောင် အထဲဝင်သွားလိုက်တော့ အလုပ်လုပ်နေတဲ့ မုယွင်ဇီကို တွေ့လိုက်ရသည်။ (TN/ ယောင်ယောင်ရယ်….သူက အလုပ်မလုပ်နေဘဲ ရုံးခန်းထဲ ကနေမှာလားTwT)

ထိုအမျိုးသားက ခဲဖျော့ရောင် suit ကို ဝတ်ဆင်ထားပြီး သူ့တွင် ရှည်လျားသည့်အရပ်အမောင်းနဲ့ ချောမောခန့်ညားသည့်အသွင်အပြင်ရှိသည်။မင်းသာ သူလေးလေးနက်နက် အလုပ်လုပ်နေတဲ့ပုံကို ဓာတ်ပုံရိုက်ပြီး တင်လိုက်မယ်ဆိုရင် လူတိုင်း သူ့ဆီကနေ ညို့ယူခံရလိမ့်မည်။

 

မုယောင်ကတော့ သူ့ကိုတွေ့ရင် စိတ်အနှောင့်အယှက်ဖြစ်တယ်လို့ပဲ ခံစားရတော့၏။

အရင်ဘဝတုန်းကတော့ သူ မုယွင်ဇီကို မရပ်မနားကပ်ခဲ့ပေမယ့် မုယွင်ဇီကတော့ လျစ်လျူရှုခဲ့၏။ဒီဘဝမှာ သူ မုယွင်ဇီကို မတွေ့ချင်တော့တဲ့အခါကျ မုယွင်ဇီက ဆက်တိုက် သူ့ကို လာအနှောင့်အယှက်ပေးနေလေသည်။

 

အခုတော့ ဒါက ဘာလဲ?

ခင်ဗျားက ကျွန်တော့်ကို အတိတ်တုန်းကကျ ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် သဘောမထားဘဲ အခုကျမှ လွတ်သွားတဲ့ငါးက အရသာရှိတယ်လို့ တွေးမိလို့လား?

မုယောင် သူ့ကိုယ်သူ လှောင်ရယ်မိလိုက်သည်။သူ သတိမပြုမိတာက သူဝင်လာကတည်းက မုယွင်ဇီရဲ့အကြည့်တွေက သူ့ဆီကို တိတ်တခိုးရောက်နေတယ်ဆိုတာပဲ။မျက်လုံးလှလှလေးတွေကနေ စပြီး ကောင်းကောင်းမွန်မွန် ပုံဖော်ထားခြင်းခံထားရတဲ့ နှုတ်ခမ်းလေးတွေရယ် ​သေးသွယ်လျလျ ခါးလေးရယ် ရှည်လျားသွယ်သွယ်လျလျ ခြေထောက်တွေအဆုံး သူလိုက်ကြည့်မိသည်။

မုယွင်ဇီပုံစံက သူ့ပိုင်နက်နယ်မြေကို ကင်းလှည့်နေတဲ့ ခြင်္သေ့ထီးတစ်ကောင်လိုမျိုးဖြစ်နေ၏။သူ ဒီလိုတွေလုပ်နေတာက မှားယွင်းနေတယ်ဆိုတာ သိပေမယ့် သူ့အကြည့်ကို မထိန်းချုပ်နိုင်ပေ။

 

” ဟိုပေါ်မှာ သွားထိုင်နေ” မုယွင်ဇီ ဘေးက ကော်ဖီစားပွဲနဲ့ ဆိုဖာရှိရာကို  မေးဆတ်ပြလိုက်သည်။

 

မုယောင် နှုတ်ခမ်းကွေးပြီး ဆိုဖာပေါ်သွားထိုင်​လိုက်သည်။မုယွင်ဇီလည်း လာထိုင်၏။

မုယောင် အပူခံဘူးတွေကို ဖွင့်ပြီး အန်တီလီလုပ်ပေးထားတဲ့ နှစ်ယောက်စာပါတဲ့အစားအစာတွေကို ယူလိုက်သည်။သူတို့နှစ်ယောက်လုံး ဘေးတစ်ဖက်စီထိုင်ပြီး စတင်စားကြတော့၏။

 

‘သူက ဘာလုပ်ချင်နေတာတုန်း။ညစာစားဖို့ အဖော်ရှာနေတာလား’   မုယောင်၏မျက်နှာက မေးခွန်းများဖြင့် ပြည့်နှက်နေပေမယ့် မမေးရဲဘူးဖြစ်နေ၏။

မုယွင်ဇီ မုယောင်၏ရှုပ်ထွေးနေမှုကို မြင်၏။သို့သော် ဘာကြောင့် ဒီလိုလုပ်ခဲ့တာလဲ သူကိုယ်တိုင်ကလည်း မရှင်းပြတတ်ချေ။

 

မုယောင် မနေ့ညက အိမ်ကိုပြန်မလာခဲ့ပေ။သူ ဖုန်းခေါ်မလို့ လုပ်လိုက်ပြီး လိပ်စာစာအုပ်ထဲ မုယောင်၏နံပါတ်ကို အကြိမ်များများရှာပေမယ့် မတွေ့ခဲ့ချေ။ဒါကြောင့် သူ ဖုန်းမခေါ်နိုင်ခဲ့ပေ။

သူ အစ်ကိုကြီးတစ်ယောက်ရဲ့တာဝန်ဝတ္တရားကို ဘယ်တုန်းကမှ မဖြည့်ဆည်းပေးခဲ့ဘူး။အဲဒါကြောင့် သူ့ညီငယ်လေးကို သာမာန်အစ်ကိုတစ်ယောက်လိုမျိုး ဖုန်ခေါ် ဂရုစိုက်ဘာညာ လုပ်နိုင်ခြင်းမရှိချေ။

 

ဒါ့အပြင် သူ့ညီငယ်လေးအတွက် ထားရှိတဲ့ခံစားချက်က ထိုသို့အစ်ကိုတစ်ယောက်က ညီတစ်ယောက်အပေါ် ထားရှိသည့် ခံစားချက်မျိုး မဟုတ်တဲ့ပုံပဲ။

 

သူ အသိပြန်ဝင်လာတော့ မုယောင် ခေါင်းငုံ့ပြီး စားလိုက်တဲ့အချိန်  သူ့လည်ပင်းအနောက်ရှိ အမှတ်အသားတစ်ခုကို မုယွင်ဇီ တွေ့သွားသည်။ထိုအမှတ်​အသားက ကော်လံအတွင်းထဲ ရှိနေပြီး အနမ်းရာနဲ့ တူနေသည်။

 

သူ ချက်ချင်း ထိုနေရာကို ဖိလိုက်သည်။သူ့သုံးထားတဲ့အားက မပြင်းထန်ပေမယ့် ဒေါသထွက်မှုအပြည့်နှင့်ဖြစ်သည်။

 

“မင်း မနေ့ညက ဘာတွေ လုပ်ခဲ့တာလဲ” သူက အေးစက်စွာမေးလိုက်၏။

 

မုယောင်လေးက အစားအသောက်ကို ပျော်ပျော်ရွှင်ရွှင်စားနေတာဖြစ်သည်။ မုယွင်ဇီ သူ့လည်ပင်းနောက်ကို ဖိလာတဲ့အချိန်  သူ့ပန်းကန်လုံးတောင် ပြုတ်ကျသွားတော့မလိုပဲ။

 

သူ ဒေါသတောင် မထွက်ရသေး….မုယွင်ဇီရဲ့အသံက ထွက်ပေါ်လာသည်။ထိုအသံက အေးစက်လွန်းလိုက်တာမှ လူတွေကို နေရခက်စေသည်။

 

“ကော ဘာတွေလုပ်နေတာလဲ” မု​​ယောင် ပန်းကန်လုံးကို စားပွဲပေါ်ချပြီး မုယွင်ဇီ၏ လက်ကို ဒေါသတကြီးဖြင့် တွန်းဖယ်လိုက်သည်။

 

“ငါ့မေးခွန်းကို ဖြေ!”  မုယွင်ဇီ၏အသံက ဒေါသများဖြင့် ပြည့်နှက်နေသည်။

မုယောင် ထပ်သည်းမခံနိုင်တော့ပေ။သူက ချက်ချင်းမတ်တပ်ရပ်လိုက်ပြီး မုယွင်ဇီကို စိုက်ကြည့်လို​က်သည်။

 

“ခင်ဗျား အခုတလော ဘာလုပ်ချင်နေတာတုန်း။ကျွန်တော် အပြင်ထွက်တိုင်း အမြဲလိုက်မေးနေတယ်။ကျွန်တော့်အသက် ၁၉နှစ်ရှိပြီ။ ၉နှစ်မဟုတ်ဘူး။ခင်ဗျား အရင်ကကျ ဘာတွေများ လုပ်နေလို့တုန်း။ဘာလဲ။ အခုကျမှ ခင်ဗျားက ကျွန်တော့်အစ်ကိုဆိုတာ မှတ်မိသွားတာလား”    မု​ယောင် သူပြောလေလေ ပိုပိုပြီး မကျေမနပ်ဖြစ်လာလေလေပဲ။သူမျက်ဝန်းတို့က တဖြည်းဖြည်း အနီရောင်သန်းလာသည်။

 

သူ မုယွင်ဇီရှေ့တွင် မျက်ရည်မကျချင်ခဲ့ပေ။ဒါပေမယ့် သူ ထိခိုက်နစ်နာသလို ခံစားရသည်။

 

ကလေးဘဝကတည်းက သူ ဘယ်သူ့အိမ်မှာ ဘယ်လောက်နေနေ မုယွင်ဇီက ဘယ်တော့မှ တစ်ချက်လှည့်မကြည့်သလို တစ်ခါမှလည်း မမေးခဲ့ဖူးဘူး။သူ့အရင်ဘဝက ထိုဖြစ်ရပ်မှာတောင် မုယွင်ဇီက သူ့ကို ဘယ်တော့မှ မကူညီခဲ့ပေ။ဘာကြောင့်ဆိုရင် မုယောင်က သူ့ရဲ့ညီငယ်ဖြစ်နေလို့ပဲ။သူ မနေ့ညက ဘယ်သွားပြီး ဘာလုပ်ခဲ့လဲဆိုတာ ဘယ်လိုမျက်နှာမျိုးနဲ့ လာမေးရဲနေတာတုန်း။

 

မုယွင်ဇီသည် မု​ယောင် တဖြည်းဖြည်းပိုပိုပြီး မကျေမနပ်ဖြစ်ပြီး ဒေါသထွက်လာတာကို ကြည့်နေသည်။သူ့မျက်လုံးတွေက မျက်ရည်တွေစိုးမိုးလာပြီး အသံက စကားပြောဖို့ တအားကွဲအက်နေသည်။

 

မုယောင်ကလည်း သူ့ဆီကနေ ဘာအဖြေမှ မမျှော်လင့်ချေ။လက်ဖြင့် မျက်ရည်တွေကို သုတ်လိုက်ပြီး မုယွင်ဇီရုံခန်းထဲကနေ လှည့်ထွက်သွားလိုက်သည်။

 

မုယွင်ဇီ ထိုနေရာတွင်ပဲ ကျောက်ရုပ်ကဲ့သို့ ရပ်နေသည်။သူ သူ့မျက်လုံးတွေကို မယုံကြည်နိုင်စွာဖြင့် မှိတ်လိုက်၏။သူ့ရင်ထဲ လိမ့်တက်လာတဲ့ လိုအင်ဆန္ဒရမ္မက်တွေကို ခံစားမိလို​က်လို့ပင်။

သူ့ညီရဲ့ မျက်ရည်တွေကို မြင်ပြီး မုယွင်ဇီ မာလာခြင်းဖြစ်သည်။

 

ထိုမျက်ရည်များကြောင့် သူ နည်းနည်း နောင်တရပြီး ရင်ထဲ နာကျင်သွားပေမယ့် တဖြည်းဖြည်း ပြင်းထန်သည့် ရမ္မက်များနဲ့ နက်ရှိုင်းလှသည့် ပိုင်ဆိုင်လိုစိတ်များက သူ့ထံ ပေါ်ထွက်လာသည်။

 

‘မုယောင်က အိမ်ရာပေါ် မှာ ငိုတဲ့အချိန်ဆိုလည်း အရမ်းကြည့်ကောင်းမှာပဲ’  မုယွင်ဇီ မနေနိုင်ဘဲ တွေးမိလိုက်သည်။

Chapter 16 end

Chapter 17

မုယောင်နဲ့မုယွင်ဇီတို့ ထိုနေ့က စိတ်မချမ်းမြေ့ဖွယ် လမ်းခွဲပြီးနောက် မုယောင်သည် အိမ်ဟောင်းတွင် မုယွင်ဇီကို တမင်တကာ သိသိသာသာကို စရှောင်နေတော့သည်။

ပိုင်ရန်နဲ့ကတော့ တဖြည်းဖြည်းရင်းနှီးလာ၏။

ပိုင်ရန်က အလွန်နူးညံ့သိမ်မွေ့သည့်လူဖြစ်၏။အရသာရှိတဲ့အစားအသောက်တွေလည်း ချက်ပေးပြီး မုယောင်ကိုလည်း ဂရုတစိုက်ရှိ၏။

အတန်းကလည်း တူတူပဲမိုလို့  အတန်းပြီးတာနဲ့ ပိုင်ရန်က မုယောင်ကို လာတွေ့၏။မုယောင်စိတ်ထဲတွင် ပိုင်ရန်တစ်ယောက် အချိန်ပိုင်းအလုပ်တွေ လုပ်စရာမလိုတော့ဘူးလားဆိုတာ သိချင်ပေမယ့် တိုက်ရိုက်ထုတ်မေးဖို့ရာလည်း ရှက်နေမိ၏။

မုယောင်သည် မုယွင်ဇီဆီက ဖုန်းအခေါ်လက်ခံရရှိတဲ့အချိန်တွင် သူတို့နှစ်ယောက် အချင်းချင်းစကားမပြောဖြစ်သည်မှာ လဝက်တောင်ရှိသွားပြီဖြစ်၏။

“ခန်မိသားစုက လူအိုကြီးက မနက်ဖြန် သူ့မွေးနေ့ကို ကျင်းပမှာ။ ညနေ ၇နာရီကျ ကုမ္ပဏီကို လာခဲ့” အခြားတစ်ဖက်ရှိ မုယွင်ဇီက ပြောလာ၏။

“အိုခေ…သိပြီ။ကျွန်တော် လုပ်စရာရှိသေးလို့ အခုဖုန်းချလိုက်တော့မယ်”

မုယွင်ဇီပြန်ပြောတာကို မစောင့်တော့ဘဲ မုယောင်သည် ဖုန်းချလိုက်သည်။

 

မုယွင်ဇီသည် တစ်ဖက်က ဖုန်းချလိုက်သည့်အသံကိုနားထောင်ပြီး သူ့ရင်ထဲရှိ ခံစားချက်ကို ဖော်မပြတတ်ပေ။

မုယောင် သူ့ကိုကပ်တွယ်ခဲ့တုန်းက သူက စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည်ဟု တွေးခဲ့ပြီး ဂရုမစိုက်ချင်ခဲ့ပေ။အခု မုယောင်က သူနဲ့ဝေးသွားတော့မှ မုယောင်အကြောင်း မတွေးဘဲမနေနိုင်ဖြစ်နေ၏။

 

နှစ်ရက်တာက ဖြတ်ခနဲ ကုန်ဆုံးသွားသည်။မုယောင်သည် ကုမ္ပဏီဆီသို့ မောင်းသွားခဲ့၏။

သူ မုယွင်ဇီထံ သူရောက်နေပြီဟု wechatမက်ဆေ့ချ်တစ်စောင် ပို့လိုက်ပြီးနောက် ကားကို မှီရင်း မုယွင်ဇီအလာကို စောင့်နေလိုက်သည်။

သူသည် ကိုယ်နဲ့ကွက်တိကျတဲ့ အဖြူရောင်suitကို ဝတ်ဆင်ထားပြီး ရင်ဘတ်တွင် လှပသည့်ခနီလာရောင်ပန်းဖွားရင်ထိုးကို ထိုးထားသည်မှာ ဂလက်ဆီထဲတွင် ဖြေးဖြေးချင်း စီးဆင်းနေတဲ့ပင်​လယ်တစ်ခုနဲ့ပင် တူနေလေ၏။
(ခနီလာရောင်=အပြာရောင်=ပြာလဲ့လဲ့)

 

မုယွင်ဇီ ထွက်လာတော့ မုယောင်ကို မြင်၏။လူငယ်လေးတွင် လှပသည့်မျက်လုံးများနှင့် သွယ်လျသည့်အသွင်အပြင်ပုံစံရှိ၏။ရင်ဘတ်ပေါ်က ခနီလာရောင်ရင်ထိုးက သူရဲ့တောက်ပမှုကို မှေးမိန်းမသွားစေဘဲ အဲ့အစား သူ့ကို ကမ္ဘာကြီးအကြောင်း မသိနားမလည်သေးတဲ့ မင်းသားငယ်လေးတစ်ပါးနဲ့တူသွားစေ၏။

ဖြတ်သွားတဲ့လူတွေက သူကို ခိုးခိုးကြည့်သွားကြ၏။သို့သော် သူကတော့ ဖုန်းနဲ့ကစားရင်း အလုပ်ရှုပ်နေတာကြောင့် လူအုပ်ထဲက အံအားသင့်တဲ့အကြည့်တွေ လိုချင်တပ်မက် ငမ်းငမ်းတက်နေတဲ့အကြည့်တွေကို သတိမထားမိချေ။

 

မုယွင်ဇီသည် မျက်မှောင်ကြုတ်ပြီး လျှောက်သွားလိုက်သည်။ထို့နောက် မုယောင်၏ရှေ့တွင် တည်တည်ငြိမ်ငြိမ်ဖြင့် ရပ်​ပြီးခိုးကြည့်နေတဲ့အကြည့်တွေကို ပိတ်စို့လိုက်တော့သည်။

“သွားကြမယ်” မုယွင်ဇီက ညင်သာစွာပြောလိုက်၏။

 

မုယောင်လည်း မုယွင်ဇီနောက်လိုက်ပြီး ကားထဲဝင်လိုက်သည်။မုယောင်ရဲ့ကားက အရမ်းကြီးထင်ပေါ်လွန်းပြီး ခန်မိသားစုဆီ မောင်းသွားဖို့ရာ မသင့်တော်ပေ။

သူတို့ရောက်တော့ အခမ်းအနားပွဲက စတင်ရုံရှိသေး၏။ခန်ချင်းဟန်က မုယွင်ဇီလာတာကိုမြင်တော့ နှုတ်ဆက်ဖို့ သွားလိုက်သည်။

ခန်ချင်းဟန်က ခန်ဘိုးဘိုးကြီးရဲ့မြေးတွေထဲမှာ ဒုတိယမြောက်မြေးဖြစ်၏။ဒုတိယမြောက်မြေးဖြစ်ပေမယ့် ခန်ဘိုးဘိုးကြီးရဲ့ အနှစ်သက်ဆုံးမြေးလည်းဖြစ်သည်။ကုမ္ပဏီကိုတောင် သူ့ရဲ့စိတ်ပျက်စရာသားတွေကိုကျော်ပြီး ခန်ချင်းဟန်ဆီကိုသာ တိုက်ရိုက်လက်လွှဲပေးထား၏။

“မတွေ့တာ ကြာပြီနော် ယွင်ဇီ” ထိုသို့ပြောပြီးနောက် ခန်ချင်းဟန်သည် သူ့အကြည့်တွေကို မုယောင်ဆီပို့လိုက်သည်။

 

“မုသခင်ငယ်လေးကိုလည်း နောက်ဆုံးတွေ့ခဲ့တာ ကြာပြီပဲ။နျောင်နျောင်ရဲ့ကိစ္စအတွက် မင်းကိုကျေးဇူးတင်ရမှာပဲ”

“မဟုတ်တာ။မလိုပါဘူး။နျောင်နျောင်ကလည်း ချစ်စရာလေးပါ” မုယောင်သည် သူ့ကို ယဥ်ယဥ်ကျေးကျေးနှုတ်ဆက်လိုက်သည်။သူ့စိတ်ထဲတွင်တော့ ဒီလူနှစ်ယောက်နဲ့ ခပ်ဝေးဝေးကို ရှောင်ထွက်ချင်နေသည်။

 

မုယွင်ဇီသည် မုယောင်က သူတို့နဲ့ မနေချင်တာကို မြင်တော့ လက်ယမ်းပြလိုက်သည်။

“သွားကစားနေလိုက်။အရမ်းကြီးလည်း သောက်မနေနဲ့”

ထိုဟာကိုကြားတော့ မုယောင်သည် လျင်ခနဲထွက်သွား၏။

မုယောင် အချိုပွဲရှိရာဆီ သွားလိုက်သည်။အရသာရှိပုံရတဲ့အချိုပွဲနည်းနည်းကိုယူ၍ ထောင့်စွန်းနားသွားပြီး ဘရန်ဒီတစ်ခွက်ကိုလှုပ်ကာ  သောက်နေလိုက်သည်။

စူးရှထက်မြက်သည့်အကြည့်​ရှိသူတစ်စုံတစ်ယောက်က မုမိသားစုရဲ့သခင်ငယ်လေးကို သတိထားမိသွားသည်။မုယောင်ကို ခေါ်​လိုက်ချင်ပေမယ့် မုယောင်က လက်ကိုဝေ့ယမ်း​ကာ ခဏလောက် သူတစ်ယောက်တည်းနေချင်ကြောင်း အရိပ်အမြွက်ပြလိုက်၏။

 

မုယောင်တွင် စီးပွားရေးအတွက် ပါရမီမရှိချေ။ဒါကြောင့် သူ့ရဲ့အသုံးမဝင်မှုကို လူမှုကွန်ယက်မှာ တိုးချဲ့စရာမလိုပေ။သူ ဒီလိုမြင်ကွင်းတွေကို မကြိုက်ပေ။ထိုသူတို့၏အပြုံး​များနှင့် ရင်းရင်းနှီးနှီးဆက်ဆံမှုများက တအားကို အတုအယောင်ဆန်သည်ဟု ခံစားရ၏။

အစကတော့ မုယောင်သည် တစ်ယောက်တည်းပျော်ရွှင်နေတာဖြစ်သည်။ဒါပေမယ့် မဖိတ်ခေါ်ထားတဲ့ဧည့်သည်တစ်ယောက်က သူရဲ့အေးအေးဆေးဆေး သက်တောင့်သက်သာနေနေခြင်းကို လာနှောင့်ယှက်လိမ့်မည်ဟု မထင်ထားပေ။

လော့ယင်သည် မုယောင်နဲ့ဆန့်ကျင်ဘက်ဆိုဖာတွင် ​​​ြဗုန်းစားကြီး ထိုင်ချပြီး မုယောင်ကို ရီဝေဝေအကြည့်ဖြင့် (သောက်ထားလို့) စိုက်ကြည့်နေသည်။

 

လော့ယင်ကိုတွေ့တော့ မုယောင်ရဲ့မျက်နှာက အနည်းငယ်ပြောင်းလဲသွားသည်။ ဒေါက်တာချန်ဆီ နှစ်ကြိမ်သွားပြီး သူပြောသလို စိတ်ဒဏ်ရာကို ကုသနိုင်ဖို့ ပိုင်ရန်နဲ့ အဆက်အသွယ်များများလုပ်ခဲ့၏။ဒါ့ကြောင့် လော့ယင်ကိုတွေ့တော့ အရင်ကလောက် ပြင်းပြင်းထန်ထန်ကြီး မတုံ့ပြန်တော့တာဖြစ်၏။

ဒါပေမယ့် ဒါက ​လော့ယင်ကို သူမုန်းတီးနေခြင်းကို လျော့မသွားစေပေ။

မုယောင် ချက်ချင်း စားချင်စိတ်ပျောက်သွားသည်။လော့ယင်ကို တစ်ချက်ခိုးကြည့်လိုက်ပြီး ထကာ သန့်စင်ခန်းဆီ သွားမလို့လုပ်လိုက်၏။

မထင်မှတ်ဘဲ လော့ယင်ကလည်း သူနဲ့အတူ မတ်တပ်ရပ်လိုက်သည်။လူအချို့က ဒီမြင်ကွင်းကိုမြင်ပြီး အနားကလူတွေဆီ တီးတိုးပြောနေကြသည်။

“ဟေ့…အဲ့နှစ်ယောက် ဘာတွေလုပ်နေကြတာလဲ။ထပ်ပြီး ရန်သတ်ကြတော့မှာလား” အထက်တန်းလွှာတွင် သူနဲ့လော့ယင်က ကျမ်းကျိန်ထားတဲ့ရန်သူတွေဆိုတာ မသိသူမရှိပေ။
(ဒီနေရာမှာ သုံးထားတဲ့ကျမ်းကျိန်တာက တင်စားပြီးပြောထားတာပါ)

 

အခုက မစ္စတာခန်ရဲ့မွေးနေ့ပါတီဖြစ်တာကြောင့် မုယောင်သည် သူနဲ့ ဘာပြဿနာမှ မဖြစ်ချင်ပေ။လော့ယင် သူနောက် လိုက်လာသည်ကို မုယောင် ဘာမှမပြောဘဲ နေလိုက်၏။

 

တိတ်တဆိတ်ဖုန်းကိုဖွင့်ပြီး မုယွင်ဇီ၏contactမျက်နှာပြင်ကို ဖွင့်ထားလိုက်သည်။တစ်ခုခုမှားတာနဲ့ အမြန်ဆုံး မုယွင်ဇီဆီ ဖုန်းခေါ်လို့ရအောင်ပင်။ဒီနေရာက ခန်မိသားစုရဲ့နယ်မြေဖြစ်တာကြောင့် မုယွင်ဇီ သူ့ကို လျစ်လျူရှုမှာ မဟုတ်ဘူး။

Chapter 17 end.

Chapter 18

သန့်စင်ခန်းအိမ်သာက အစွန်းအဖျားနေရာတွင် တည်ရှိပြီး ကော်ရစ်တာတစ်လျှောက် လူနည်းနည်းရှိနေသည်။

မုယောင်က ရှေ့ကနေ လျှောက်ပြီး လော့ယင်က နောက်ကနေ တိတ်တဆိတ်လိုက်၏။သူ့ကိုယ်ပေါ်က အရက်နံ့က လေညှင်းနဲ့အတူ မုယောင်အနီးတွင် ပေါ်လောပေါ်လာ၏။မုယောင်၏ခြေလှမ်းတွေလည်း မြန်သထက် မြန်လာ၏။

လော့ယင်လုပ်ချင်နေသည့်အရာကို မုယောင် မခန်းမှန်းနိုင်ပေ။အရင်ဘဝက ဒီလိုအချိန်တွင် သူနဲ့လော့ယင်သည် ပိုင်ရန်ကြောင့် ရန်သူတွေ မဖြစ်သေးပေ။

 

အနီးအနားမှာ လူတစ်ယောက်မှ မရှိတော့တဲ့အခါ မုယောင်သည် နောက်လှည့်ပြီး ခက်ထန်စွာပြောလိုက်သည်။

“လော့ယင်..မင်း ဘာလို့ ငါ့နောက် လိုက်နေတာလဲ”

လော့ယင်က ရပ်တန့်သွားပြီး မုယောင်ရဲ့မျက်နှာကို ရီဝေဝေမျက်လုံးတွေဖြင့် စိုက်ကြည့်နေသည်။

မုယောင်တစ်ယောက် စိတ်မရှည်တော့ဘဲ တစ်ခုခုပြောမလို့လုပ်တဲ့အချိန် လော့ယင်က ရုတ်တရက် ခြေလှမ်းကြီးကြီးနှစ်လှမ်း လှမ်းလာပြီး မုယောင်ရှေ့ကို ​အမြန်ရောက်လာ၏။

မုယောင် မတုံ့ပြန်နိုင်ခင်မှာပဲ သူသည် မုယောင်ကို ကော်ရစ်တာနံရံဆီ ဖိလိုက်၏။သူ့လက်တစ်ဖက်ကိုမြှောက်ကာ မုယောင်ရဲ့ခါးသွယ်သွယ်လေးကို ဖိကိုင်ထားပြီး သူရဲ့ရှည်လျားသည့်ကိုယ်ကြီးနဲ့ မုယောင်ကို နေရာကျဥ်းလေးထဲ ချုပ်ထားသည်။

“မင်း ဘာတွေ အရူးထနေတာလဲ” မုယောင် လန့်သွားသည်။လော့ယင်က သူ့ထက် အများကြီးပိုသန်မာ၏။သူ ပိုင်ရန်တုန်းကတောင် မရုန်းထွက်နိုင်တာကို လော့ယင်ဆိုရင် ဝေးရော။

 

လော့ယင်က အခုထိ ဘာစကားမှမပြောချေ။သူ့နောက်လက်တစ်ဖက်ကိုမြှောက်ပြီး မုယောင်၏မျက်လုံးထောင့်စွန်းကို ပွတ်လိုက်၏။

မျက်လုံးရဲ့နုနယ်တဲ့ထောင့်စွန်းလေးက ညင်သာဂရုစိုက်မှုမရှိ သောပွတ်သပ်မှုကြောင့် တဖြည်းဖြည်း နီရဲလာသည်။ဖြူဖွေးပြီး နူးညံ့ချောမွေ့သောအသားအရည်ပေါ်တွင်ဖြစ်တည်လာသော အနီရဲရဲသည်  နှင်းပေါ်တွင် ကြွေကျနေသော အနီရောင်ဇီးပန်းလေးကဲ့သို့ ငယ်ရွယ်လှပမှုအသွင်အပြင်ဖြင့် တောက်ပနေသည်။

“လှလိုက်တာ” လော့ယင်ရဲ့အသံနေအသံထားက ထူးဆန်းနေသည်။ မုယောင်သည် လော့ယင်၏ပွတ်သပ်မှုကြောင့် ခက်ခက်ခဲခဲ မျက်လုံးဖွင့်လိုက်ရ၏။

 

“မင်း သောက်ထားတာများနေပြီပဲ။ ငါက မုယောင်။ ပိုင်ရန်မဟုတ်ဘူး!” မုယောင်သည် သူ့အထိအတွေ့ကြောင့် နည်းနည်းပျာယာခတ်သွားပြီး အဲ့ဒီ့ရှက်စရာမှတ်ဉာဏ်များက သူ့စိတ်ထဲ တစ်ဖန် ပြန်ပေါ်ပေါက်လာသည်။

“ထွက်သွား!” လော့ယင်သည် ဘယ်ခြေထောက်ကို ဆန့်ပြီး လော့ယင်ကို ကန်လိုက်၏။သို့သော် လော့ယင်က သူ့ခြေထောက်ကို ခုနကမျက်လုံးထောင့်ကိုပွတ်သပ်နေသည့်လက်ဖြင့် ဖမ်းဆုပ်လိုက်သည်။

 

သို့သော် လော့ယင်က မူးနေပြီး သူ့ရဲ့လှုပ်ရှားမှုက နည်းနည်းများသွားတာကြောင့် မုယောင်ခြေထောက်ကို ဖမ်းဆုပ်ထားတဲ့လက်က အနည်းငယ်ပြေလျော့သွားသည်။

မု​ယောင်လည်း အခွင့်အရေးကို အရယူလိုက်သည်။လက်ဆန့်ထုတ်ပြီး လော့ယင်ကို ကြမ်းကြမ်းတွန်းထုတ်လိုက်၏။လော့ယင်သည် အငိုက်မိသွားပြီး တစ်ဖန်ပြန်မှီချလာပြန်၏။မုယောင်သည် နံရံနဲ့လော့ယင်ကြားက အဟလေးကနေ တိုးထွက်လိုက်သည်။

လော့ယင် ခက်ခက်ခဲခဲမတ်တပ်ရပ်နေရတာကို မြင်တော့ မုယောင်သည် သူ့နှုတ်ခမ်းကိုကွေးလိုက်ပြီး ရှေ့ကိုလျှောက်သွားကာ လော့ယင်ကို ခပ်ကြမ်းကြမ်းကန်လိုက်၏။

 

ကန်ချက်က အားပြင်းလွန်းသော​ကြောင့် လော့ယင်သည် ကျယ်လောင်တဲ့အသံဖြင့် ကြမ်းပြင်ပေါ် ခွေကျသွား၏။မု​ယောင်ရဲ့ခြေထောက်လည်း နာသွားသည်။

 

“ဒီမှာ ထိုင်ပြီး လေအေးတွေကိုသာ မှုတ်ထုတ်နေလိုက်!” မု​ယောင်သည် လော့ယင်ကို တစ်ချက်ကြည့်ပြီး အခြားလမ်းကနေ ထွက်သွားလိုက်၏။

သူ့နှလုံးက မြန်မြန်ခုန်လှုပ်နေပြီး သူ့လက်တွေခြေတွေက ခုနက လော့ယင်နဲ့အထိအတွေ့အဆက်အဆံလုပ်လိုက်ခြင်းကြောင့် ကြောက်လ​န့်ကာ ထုံနေ၏။ဒါပေမယ့် သူ အချို့ပြင်းထန်တဲ့တုံ့ပြန်မှုတွေကို မလုပ်မိစေရန် စီမံနိုင်ခဲ့ပြီး လော့ယင်ကိုတွေ့ရင်လည်း အရင်ကလို စိတ်ဖိစီးပူပန်သောက မရောက်တော့ချေ။

မုယောင်သည် သူလာခဲ့တဲ့လမ်းအတိုင်း ပြန်မသွားခဲ့ပေ။အခုလေးတင် သူ လော့ယင်ကို အသံကျယ်ကျယ်ထွက်အောင် ကန်ချခဲ့ပြီး တစ်ယောက်ယောက်က မကြာမီ လော့ယင်ကိုလာရှာလိမ့်မည်ဟု သူတွေးမိ​၏။နောက်ပြီး သူ ခန်မိသားစုပိုင်နက်ထဲမှာ ပြဿနာမ​တက်ချင်သောကြောင့် အခြားလမ်းကနေ ပြန်သွားခြင်းဖြစ်သည်။

ဒါပေမယ့် မုယောင်သည် သူ့ရဲ့လမ်းရှာနိုင်စွမ်းကို အထင်ကြီးလွန်းခဲ့သည်။သူ ဧည့်ခံပွဲကျင်းပရာခန်းမကို မရှာတတ်တော့ပေ။

 

နည်းနည်းလောက် ထပ်လျှောက်ပြီး တစ်ယောက်ယောက်ကို လမ်းမေးမလို့ စီစဥ်နေတုန်းက မုယောင်သည် ရုတ်တရက် ဖြူဖျော့ပိန်းပါးသည့်လူတစ်ယောက်က လျှောက်လမ်းတစ်လျှောက် ခိုးကြောင်ခိုးဝှက်ဖြင့် လျှောက်နေသည်ကို တွေ့လိုက်ရသည်။

ထိုလူက ပတ်ပတ်လည်တစ်ချက်ကြည့်ပြီး ခဏခဏကြောက်ကြောက်ရွံရွံနဲ့ နောက်ပြန်လှည့်လှည့်ကြည့်နေသည်။သူ့မျက်နှာပေါ်တွင် ‘ငါ မကောင်းတာ တစ်ခုခုလုပ်တော့မလို့’ ဟု ရေးထားသလိုပဲ။

မုယောင် ထိုသူလုပ်နေတာကို စိတ်ဝင်စားသွားသည်။သူလည်း ပြန်လမ်းမရှာတတ်တော့မှတော့ ဒီလူ ဘာလုပ်မလို့လဲဆိုတာ ကြည့်ချင်သည်။

ထိုလူက. လမ်းအခွဲဆီ မြန်မြန်လျှောက်သွားသည်။မုယောင်သည် ထိုသူ ကော်ရစ်တာအဆုံးရှိ အခန်းထဲ ဝင်သွားတာကို ကြည့်နေလိုက်သည်။

“အဲ့လူ တစ်ခုခုခိုးဖို့ လုပ်နေတာလား” မုယောင်လည်း တွေဝေသွားသည်။သူထင်ထားတာက ဒီလူက တစ်ယောက်ယောက်နဲ့အဆက်အသွယ်လုပ်ပြီး ကြီးကြီးမားမားတစ်ခုခုကို ဖြစ်အောင်လုပ်တော့မည်ဟုပင်။

မုယောင် ပျင်းလာပြီး ထွက်သွားမလို့လုပ်လိုက်ချိန်တွင် အခန်းထဲကနေ ကျယ်လောင်တဲ့အသံတစ်သံက ရုတ်တရက်ထွက်ပေါ်လာပြီး မုယောင် အလန့်တကြားဖြစ်သွား၏။

သူ အခန်းထဲကနေ လူတွေ စကားများရန်ဖြစ်နေသလို အသံမျိုးကို ကြားလိုက်ရသည်။သူသည် ကြောက်လန့်နေပြီး ရဲခေါ်ရမလား ဗျာများနေ၏။ထိုအချိန်တွင် ရုတ်တရက် အခန်းတံခါးပွင့်လာသည်။

ပိန်းပါးသည့်ခုနကလူက သွေးထွက်နေတဲ့နဖူးကို အုပ်ကိုင်ရင်း တယိမ်းတယိုင်ဖြင့် ထွက်လာသည်။ထိုသူက အခန်းထဲကို တစ်ချက်ကြည့်ပြီး တစ်ခုခုကိုမြင်သွားကာ ကြောက်လန့်နေတဲ့မျက်နှာဖြင့် ပြေးထွက်သွား၏။

မုယောင်သည် နည်းနည်းစပ်စုချင်နေပြီး နည်းနည်းလည်း ကြောက်နေသည်။ဒါပေမယ့် ကြောင်တွေလိုပဲ။ကြောက်ပေမယ့် ကြည့်ချင်ကြသည်။

 

ဒါကြောင့် မုယောင်သည် အသံတိတ်လျှောက်သွားပြီး တံခါးကြားကနေ အထဲကို ခိုးကြည့်လိုက်သည်။

သူ ဘာမှ ​မမြင်ရသေးခင် လက်တစ်ဖက်က သူ့ကို အတင်းဆွဲပြီး တံခါးဘေးက နံရံဆီ ဘန်းခနဲ ဆောင့်ဖိသည်။

“မင်း သေချင်နေတာလား….” အမျိုးသားက သူ့ရဲ့အေးစက်ပြီးဒေါသတငွေ့ငွေ့ဖြစ်နေတဲ့စကားလုံးတွေကို မုယောင်ရဲ့မျက်နှာလှလှလေးကို ရုတ်တရက်မမြင်သွားခင်အထိ ပြောနေ၏။

မုယောင်ရဲ့နောက်ကျောတစ်ခုလုံးက နံရံဆီ အညှာအတာမရှိ ဆောင့်ဖိခံရခြင်းကြောင့် မချိမဆံနာကျင်နေသည်။မျက်ရည်များက မရည်မရွယ်ဘဲ သူ့မျက်လုံးထဲ ကျဆင်းလာတော့မယ့် အလွှာပါးလေးတစ်ခုလို စုစည်းလာသည်။မုယောင်ပုံစံလေးက သနားစရာကောင်းနေလေ၏။

Chapter 18 end.

ရက်စက်သောညီငယ်လေး

ရက်စက်သောညီငယ်လေး

Status: Completed Type: Author:

Warning!!!!

Harem ပါ။ gong အကုန်နဲ့ညားပါတယ်။ incest / r@pe tag ပါပါတယ်။ သွေးတစ်ဝက်နှောအစ်ကိုက gongတွေထဲမှာ ပါပါတယ်။

 

Description

 

မုယွင်ဇီသည် ဇာတ်လိုက်၏မောင်းမ​ဆောင်တွင်ရှိသော gong တစ်ယောက်ဖြစ်၏။ မုယောင်သည် သူ၏ သွေးတစ်ဝက်တော်စပ်မှုရှိသော ညီလေးဖြစ်ကာ ရက်စက်သော အမြှောက်စာဇာတ်ကောင်ပင်။ သူသည် ထိုဇာတ်လိုက်က သူ့အစ်ကိုရဲ့အချစ်ကို အမြဲတမ်း ရနေနိုင်ခြင်းကို မနာလိုဖြစ်ခဲ့သည်။သို့ပေမယ့် သူ့အစ်ကိုကတော့ သူ့(မုယောင်)ကို လျစ်လျူရှူခဲ့လေ၏။

 

ဒါကြောင့် မုယောင်ဟာ ဇာတ်လိုက်shouကို gang-rape လုပ်ခိုင်းဖို့ တစ်စုံတစ်ယောက်ကို ရှာတွေ့သွားခဲ့သည်။ သို့ပေမယ့် ဇာတ်လိုက်shouကို သူ့ရဲ့gongက ကယ်တင်သွားမှာကို မလိုလားခဲ့ပေ။ နောက်ဆုံးမှာ grang-rape ခံခဲ့ရတဲ့သူက မုယောင်ဖြစ်လာတော့သည်။

 

(T/N- gang-rape... လူတွေအများကြီးဖြင့် မုဒိန်းကျင့်ခြင်း)

 

စိတ်အားငယ်စွာဖြင့် သူသည် သူ့၏ဘဝကို ရေထဲ ခုန်ချ၍ အဆုံးစီရင်ခဲ့၏။

 

သူ ပြန်လည်မွေးဖွားလာတဲ့အခါမှာတော့ ဇာတ်လိုက်shouနဲ့ သူ့ရဲ့gongတွေဆီကနေ အဝေးမှာနေဖို့ ပြင်ဆင်ခဲ့သည်။ဒါပေမယ့် နောက်ပိုင်းမှာ သူတို့တစ်ယောက်ချင်းစီတွင် တစ်ခုခုမှားယွင်းနေတယ်ဆိုတာ သူရှာတွေ့သွားခဲ့၏။

 

ဇာတ်လိုက်shouက မု​ယောင်နဲ့သူငယ်ချင်းလုပ်ဖို့ အမြဲတမ်းအတင်းတောင်းဆိုနေပေမယ့် မုယောင်ရဲ့နှုတ်ခမ်းတွေကိုတော့ တိတ်တခိုး စွဲစွဲလမ်းလမ်း နမ်းလေ့ရှိသည်။

 

မုယောင်အ​မြဲတမ်း တောင်းဆိုနေရတဲ့ အစ်ကိုဖြစ်သူကလည်း မုယောင်ကို စတင်ထိန်းချုပ်လာပြီး သူ့ကို အခြားယောင်္ကျားတွေနဲ့ အဆက်အသွယ်လုပ်ခွင့်မပေးပေ။

 

နောက်ပြီးတော့ မုယောင်ကို gang-rape ခံရစေပြီး gang-rape ခံရခြင်း၏ အရသာကို ထိတွေ့စေရန် ရည်ရွယ်ခဲ့တဲ့ လူကတော့ မုယောင်ရှေ့တွင် မျက်နှာပေါ်ရှိ ညိုးငယ်ထိုင်းမှိုင်းနေသော အကြည့်ဖြင့် ရပ်နေခဲ့သည်။ထိုသူက မုယောင်ကို နတ်ဘုရားတစ်ပါးကို ယုံကြည်ကိုးကွယ်သူတွေ ကြည့်သလိုမျိုး ကြည့်ကာ

"ကိုယ့်ကို ချစ်ပေးပါ" လို့ပြောလာ၏။

 

^^^^^^^^^^

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset