Little Creampie:
Chapter 13
မုယောင် အခုအတော်လေးကို ကသိသအောက်ဖြစ်နေသည်။
ပိုင်ရန်က သူ့ဘယ်ဘက်မှာ ထိုင်နေပြီး လော့ယင်က လူအုပ်ထဲမှာ ကစားနေသည်။သူကတော့ ထွက်သွားချင်နေသည်။
“မုယောင်, ဘာဖြစ်လို့လဲ”
ပိုင်ရန်သည် လက်ထဲတွင် ရေခဲရေဘူးကို ကိုင်ထားပြီး မုယောင်ကို စိုးရိမ်ပူပန်နေသည့်မျက်နှာဖြင့် ကြည့်လာသည်။
ဒီရေဘူးက နောက်ပြီးကျ လော့ယင်ကို သွားပေးမယ့်ဟာဖြစ်သည်။ပိုင်ရန်နဲ့လော့ယင်တို့သည် ဆက်ဆံရေးကောင်းမွန်ကြသည်။
“ဘာမှမဖြစ်ပါဘူး” မုယောင် စိတ်အေးအေးထားပြီး ခဏနေကျ ထွက်သွားဖို့ ဆင်ခြေရှာရန် စီစဥ်လိုက်သည်။
ဒီလူတွေထဲမှာ မုယောင်သည် လော့ယင်ကို အမုန်းဆုံးပင်။ဘာလို့ဆို သူ လော့ယင်ရဲ့စရိုက်ကို သိသည်။
သူ့ကို ဖျက်ဆီးဖို့ gang rape ကို အရင်ဆုံး အဆိုပြုခဲ့တဲ့သူက လော့ယင်ဖြစ်လိမ့်မည်။
“ဟေးး သူတို့ပြီးသွားကြပြီ”
ပိုင်ရန်အသံက ရုတ်ချည်း ကျယ်လာသည်။မုယောင်မော့ကြည့်လိုက်တော့ စိတ်အားထက်သန်နေသည့်လော့ယင်ကို တွေ့လိုက်ရသည်။
မုယောင် မထိန်းနိုင်ဘဲ လော့ယင်ကို အမုန်းမျက်လုံးများဖြင့် စိုက်ကြည့်နေမိသည်။
“သူ့ကို ရေဘူးသွားပေးကြရအောင်” ချက်ချင်းပဲ မုယောင်မှာ ပိုင်ရန်၏ဆွဲခေါ်သွားခြင်းကို ခံလိုက်ရသည်။
မုယောင် အသိပြန်ဝင်လာတော့ ရုန်းထွက်ဖို့ ကြိုးစားလိုက်သည်။သို့သော် အကြောင်းပြချက်အချို့ကြောင့် ပိုင်ရန်က သူ့ထက် အများကြီးပိုသန်မာနေပြီး မုယောင်မှာ လုံးဝရုန်းထွက်လို့ကိုမရပေ။
“ငါ့ကို လွှတ်ပေး…” မုယောင် စကားတောင် မဆုံးသေး ပိုင်ရန်ကိုမြင်သွားတဲ့လော့ယင်က သူတို့ဆီ လျှောက်လာသည်။
“အာရန်,မင်းက ဒီမှာပဲ” လော့ယင်၏မျက်ဝန်းထဲက မောက်မာမှုတွေက ပျောက်သွားပြီး သူ့ကြည့်ရတာ တက်ကြွပြီး ချောမောတဲ့ သာမန်နှစ်ဆယ်ကျော် ကောင်လေးတစ်ယောက်လိုမျိုးပင်။
မုယောင်ကိုမြင်တော့ လော့ယင် မျက်မှောင့်ကြုတ်မိသွားသည်။
“မင်းက ဘာလို့ အာရန်နဲ့ ရှိနေတာလဲ။ မင်း သူ့ကို အနိုင်ထပ်ကျင့်ပြန်ပြီလား”
လော့ယင်ရဲ့လေသံက အစပိုင်းမှာ မာပေမယ့် ထိုနေ့က သူ့ကိုတွန်းထုတ်ခဲ့တုန်းက နားလည်ရခက်တဲ့မုယောင်ရဲ့မျက်လုံးရဲရဲလေးတွေကို ပြန်တွေးမိတော့ သူ လေသံကို လျော့လိုက်မိသည်။
“လော့ယင် အဲလိုမပြောပါနဲ့ဟ။ငါကသာ မုယောင်ကို ဒီကိုဆွဲခေါ်လာတဲ့သူ”
ပိုင်ရန်က မုယောင်ကိုကာကွယ်ပြောလိုက်ပြီး ရေခဲရေဘူးကိုလည်း လော့ယင်ဆီ လှမ်းပေးလိုက်သည်။
သူ မုယောင်နဲ့လော့ယင်တို့ကြားက တင်းမာနေတဲ့ဆက်ဆံရေးကို ဖျက်ပေးချင်သည်။သူ့အမြင်အရဆို, သူတို့နှစ်ယောက်ကြားမှာ ကြီးကြီးမားမားအငြင်းပွားမှုရယ်လို့ မရှိဘူး။သူ့ကြောင့်နဲ့ ရှားစောင်းစေးနဲ့မျက်ချေးလို ဖြစ်နေကြတာ။မိသားစုနှစ်ခုကလည်း အခုထိ စီးပွားရေးရာတွေ ရှိနေကြတုန်းပဲ။အဲ့တော့ နှစ်ယောက်ကြားက တင်းမာမှုကလည်း ပျောက်ဆုံးသွားသင့်နေပြီ။
“ဟွန့်” လော့ယင် တစ်ခုခုကိုပြောလိုက်ချင်ပေမယ့် ပိုင်ရန်ကိုမြင်တော့ ပြောမယ့်စကားလုံးတွေကို ပြန်မျိုချလိုက်သည်။
မုယောင်က လော့ယင်ကိုတွေ့ကတည်းက ငြိမ်သက်နေတာဖြစ်သည်။သူအဲ့လိုတိတ်ဆိတ်နေတာကလည်း တစ်ခုခုမှားနေသည်။
“ဟေး…..” လော့ယင် ဘာမှမပြောရသေးခင် မုယောင်က ရုတ်ချည်း အသိပြန်ဝင်လာသည့်ပုံပင်။သူက လော့ယင်ကို စက်ဆုပ်ရွံ့ရှာသလိုကြည့်ပြီး စကားတစ်ခွန်းမှ မပြောဘဲ လှည့်ထွက်သွားခဲ့သည်။
“ဒီမအေလုံးလေး….” နားလည်ရခက်စွာဖြင့် ထိုအကြည့်က လော့ယင်ကို နာကျင်စေသည်။မုယောင်လှည့်ထွက်သွားတော့ သူ မုယောင်ရဲ့လက်မောင်းကို ဖမ်းလိုက်ဖို့လုပ်လိုက်ပေမယ့် မုယောင်က သတိထားမိသွားပြီး ရှောင်လိုက်သည်။
“ငါ့ ကို လာ မ ထိ နဲ့ , လော့ ယင်” မုယောင်က ခေါင်းလှည့်ပြီး စကားလုံးတစ်လုံးချင်းစီတိုင်းကို ဖုံးကွယ်မထားတဲ့ အမုန်းတရားများဖြင့် ပြောလိုက်သည်။
လော့ယင်မှာ ထိုစာကြောင်းထဲတွင် ပါဝင်သည့် မုန်းတီးမှုများကြောင့် တုန်လှုပ်သွားသည်။သူအသိပြန်ဝင်လာတော့ ပိုင်ရန်နဲ့မုယောင်တို့က ထွက်သွားကြပြီဖြစ်သည်။
“လော့ယင်…ကစားချိန် ရောက်ပြီကွ” မနီးမဝေးကလူတစ်ယောက်က လော့ယင်ကို အော်ပြောလာသည်။
လော့ယင်သည် မခံမရပ်နိုင်ဖြင့် ရေဘူးအလွတ်ကို ဖိညှစ်ပြီး လှည့်လျှောက်သွားသည်။
“မုယောင်…မုယောင်..” မုယောင်အရှေ့ကနေ ခပ်သွက်သွက်လျှောက်သွားနေတုန်း ပိုင်ရန်က အနောက်ကနေ လိုက်ခေါ်နေသည်။
ဒါပေမယ့် မုယောင် အခုချိန် ဘယ်သူ့ကိုမှ အတန်းရှင်းမပေးချင်တာကြောင့် ပိုမြန်မြန်လျှောက်သွားလိုက်သည်။
မုယောင် ဘတ်စ်စကတ်ဘောကွင်းထဲကနေ မထွက်နိုင်သေးခင်မှာပဲ ပိုင်ရန်ဆီကနေ အဖမ်းခံလိုက်ရသည်။
ပိုင်ရန် နောက်ကနေ မုယောင်ရဲ့ခါးသိမ်သိမ်လေးကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။
နောက်ကနေ ရုတ်တရက်ချဥ်းကပ်လာတဲ့ရင်ဘတ်တစ်ခုကြောင့် မုယောင် စိတ်ဗလာဖြစ်သွားသည်။သူ့လက်ချောင်းတွေက အနည်းငယ်သာ တုန်ယီနေပေမယ့် သူ့ဦးနှောက်ကတော့ လုံးဝကို ပရမ်းပတာဖြစ်နေပြီဖြစ်သည်။
“ထွက်သွား! ငါ့ကို မထိနဲ့!”
မုယောင်ရဲ့မျက်လုံးလှလှလေးတွေက မှုန်မှိုင်းနေပြီး ကိုယ်ကလည်း အကြမ်းပတမ်းရုန်းနေသည်။
ပိုင်ရန်သည် မုယောင်တစ်ခုခုဖြစ်နေတာကို သတိပြုမိသွားတော့ မုယောင်ကို နောက်ပြန်လှည့်ကာ သူ့မျက်နှာလေးကို လက်တစ်ဖက်ဖြင့် ထိကိုင်လိုက်သည်။
“မုယောင်, ငါပါ, ပိုင်ရန်လေ” သူ အသံကို နှိမ့်ကာပြောလိုက်သည်။
ပိုင်ရန်ဆိုတဲ့နာမည်ကို ကြားတော့ မုယောင်ရဲ့မတည်မငြိမ်ဖြစ်နေတဲ့မျက်လုံးတွေက တစ်ချက်လင်းလက်သွားပြီးနောက် တဖြည်းဖြည်း တည်ငြိမ်သွားသည်။
မုယောင် နောက်ထပ်မရုန်းတော့တာကိုမြင်တော့ ပိုင်ရန် သူ့နောက်ကျောကို.ညင်ညင်သာသာ ကြင်ကြင်နာနာဖြင့် ထွေးပွေ့လိုက်သည်။
“မင်း ဘာတွေဖြစ်နေတာလဲ”
ပိုင်ရန်ရဲ့အသံဟာ အရမ်းနူးညံ့နေပြီး မုယောင်အရင်က လုံးဝမတွေ့ကြုံ မခံစားဖူးတဲ့ ကြင်နာယုယမှုတွေ ပါနေသည်။
မျက်ရည်များက မုယောင်ရဲ့မျက်ဝန်းထဲ ဖြည်းဖြည်းချင်း စုပုံလာသည်။သူ ပိုင်ရန်ရဲ့ ရင်ခွင်ထဲမှီကာ ကျယ်ကျယ်လောင်လောင် အော်ငိုနေမိသည်။ပိုင်ရန်ရဲ့အဝတ်တွေကို အသက်ကယ်ကောက်ရိုးကို ဆုပ်ကိုင်ထားရသလိုမျိုး သူ့လက်နှစ်ဖက်လုံးဖြင့် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။
ပိုင်ရန် မုယောင်ကို တင်းတင်းကြပ်ကြပ်ဖက်လိုက်သည်။ဒီလှပတဲ့နှင်းဆီခိုင်လေးအတွက်လည်း စိတ်မကောင်းဖြစ်မိသည်။သို့သော် တိတ်တဆိတ် သူပျော်ရွှင်ကြည်နူးနေမိသည်။ငန်းလေးက ကံဆိုးမိုးမှောင်ကျပြီးနောက် သေမျိုးတစ်ယောက်ရဲ့ ရင်ခွင်ထဲ ကျဆင်းလာတာပဲ။
မုယောင်ရဲ့ခံစားချက်တွေ တဖြည်းဖြည်းတည်ငြိမ်သွားတဲ့အချိန်မှာပဲ တဖြည်းဖြည်းရှက်လာမိသည်။သူတကယ်ကြီး ပိုင်ရန်ရဲ့ရင်ခွင်ထဲ အော်ငိုနေခဲ့တာပဲ။တအားရှက်စရာကောင်းတာပဲ။
ပိုင်ရန်က သူ့ထက် စင်တီမီတာနည်းနည်းပိုရှည်နေတာကိုလည်း သိသွားသည်။သူ့ထက်လည်း ပခုံးပြင် ပိုကျယ်သေးတယ်။အတော်လေး တုန်လှုပ်စရာပဲ!
ပိုင်ရန် မုယောင်ရဲ့မျက်နှာလှလှလေးပေါ်က မခံမရပ်နိုင်ဖြစ်မှုတွေကို မမြင်သလို ဟန်ဆောင်လိုက်ပြီး ညင်ညင်သာသာနဲ့ မျက်ရည်တွေကို သုတ်ပေးလိုက်သည်။
“ငါတို့ အခုကနေစပြီး သူငယ်ချင်းတွေဖြစ်သွားပြီမလား”
ပိုင်ရန် မေးလိုက်သည်။
“…..ဟုတ်လား” မုယောင် အင်တင်တင်နဲ့ မေးလိုက်သည်။သူ အခုလေးတင် ပိုင်ရန်ရင်ဘတ်ပေါ် ငိုယိုနေခဲ့တာဆိုတော့ ”နိုးး” ဆိုပြီး တိုက်ရိုက်ငြင်းလိုက်ဖို့လည်း ရှက်နေမိသည်။
“ဟုတ်တယ်လေ” ပိုင်ရန် နှစ်သက်သဘောကျဖွယ် ပြုံးကာ ပြောလိုက်သည်။ “ဒါဆို မင်း သူငယ်ချင်းရဲ့အိမ်ကို ထမင်းတစ်နပ်စားဖို့ အလည်လာချင်လား”
“….လာချင်တာပေါ့” မုယောင် ခဏလောက် တုံ့ဆိုင်းသွားပေမယ့် မငြင်းပယ်ခဲ့ပေ။
Chapter 13 end
Chapter 14
ဒါက မုယောင် ပိုင်ရန်အိမ်ကို ပထမဆုံးလာလည်ဖူးခြင်းဖြစ်သည်။
ပိုင်ရန်က မိဘမဲ့တစ်ယောက်ဖြစ်ပြီး သူ့မိဘတွေက သူအလယ်တန်းကျောင်းပြီးတဲ့အချိန် ကားအက်စီးဒင့်တစ်ခုမှာ သေဆုံးသွားခဲ့သည်။သူ့အတွက် ဟောင်းနွမ်းနေတဲ့အိမ်ငယ်လေးကိုသာ ချန်ရစ်နိုင်ခဲ့သည်။
အိမ်က မကြီးပေမယ့်လည်း မိုးဒဏ် လေဒဏ်ကနေ ကာကွယ်ပေးနိုင်သည်။ပိုင်ရန်အတွက်ကတော့ အထက်တန်းကျောင်းလခနဲ့နေထိုင်စရိတ်က သူ့ဘာသာသူ ရှာဖွေရသည်။
ဒါကြောင့် ပိုင်ရန်က အချိန်ပိုင်းအလုပ်တွေကို အထက်တန်းကျောင်းကတည်းက ကျောင်းလခပေးဖို့အတွက် လုပ်ခဲ့ရသည်။ဒါကြောင့်နဲ့ပဲ ဘားတစ်ခုမှာ အလုပ်လုပ်နေတုန်း မုယွင်ဇီနဲ့တွေ့ဆုံခဲ့သည်။သူတို့နှစ်ယောက် သူငယ်ချင်းတွေဖြစ်လာပြီး နောက်ပိုင်းမှာ ချစ်သူတွေဖြစ်လာခဲ့ကြသည်။ထို့နောက် လော့ယင်၊ခန်ချင်းဟန်နဲ့ ဖေးယန်ရှင်းတို့နဲ့ တွေ့ခဲ့သည်။
“အခန်းကတော့ ရိုးရိုးရှင်းရှင်းပဲ, မင်း အရင်ဆုံးထိုင်နေလိုက် ” ပိုင်ရန်က မုယောင်ကို ရှက်ကိုးရှက်ကန်းဖြင့် ကြည့်လာသည်။
“အတော်လေး ကောင်းပါတယ်” သေးငယ်ပေမယ့် ပိုင်ရန်ကိုယ်တိုင်အလှဆင်ထားတဲ့ နွေးထွေးပုံရတဲ့ အိမ်လေးကို ကြည့်ပြီး မုယောင် စိတ်ထဲရှိတဲ့အတိုင်း ပြောလိုက်သည်။
ပိုင်ရန် မုယောင်ရဲ့ချောမွေ့တဲ့မျက်နှာလေးကို ကြည့်ပြီး သူ့ရဲ့ရင်းနှီးကျွမ်းဝင်တဲ့အိမ်လေးကို ပြန်ကြည့်လိုက်သည်။ဒီအဖိုးတန်လှပတဲ့နှင်းဆီလေးကို ခူးပြီး အိမ်မှာ သိမ်းဆည်းထားမိတယ်လို့တောင် ပိုင်ရန် ထင်ယောင်ထင်မှားဖြစ်မိသည်။
(T/N= နှင်းဆီ/နှင်းဆီခိုင် / နှင်းဆီပွင့် ဆိုတာတွေက မုယောင်ကို ပြောတာပါ)
ပိုင်ရန် မုယောင်ကို သံပုရာရည်ထည့်ပေးလိုက်သည်။ ဧည့်ခန်းထဲမှာ နားနားနေနေ နေဖို့ပြောပြီးနောက် သူက ချက်ပြုတ်ဖို့ ထွက်သွားသည်။
ဧည့်ခန်းထဲမှာ စောင့်နေရင်း ပျင်းလာတဲ့မုယောင်က ပိုင်ရန်ချက်ပြုတ်နေတာကို ကြည့်ဖို့ တိတ်တဆိတ် မီးဖိုချောင်ထဲ ပြေးသွားလိုက်သည်။နေရောင်ခြည်က ပိုင်ရန်ရဲ့မျက်နှာချောချောလေးပေါ် ကျရောက်နေပြီး သူ့အပေါ်ကို ရွှေရောင်ဖျော့ဖျော့အလင်းရောင်ကို ဖြန့်ကျက်ထားသလို လင်းလက်နေသည်။
‘လူတွေအများကြီး သူ့ကို သဘောကျကြတာ မထူးဆန်းတော့ပါဘူးလေ။ပိုင်ရန်ကလည်း အတော်လေး သဘောကျချင်စရာ ကောင်းတာကို။’ မုယောင် စိတ်ထဲ တိုးတိုးလေးပြောနေလိုက်သည်။
“ဗိုက်ဆာနေပြီလား” ပိုင်ရန်က အပြုံးတစ်ပွင့်နဲ့ နောက်လှည့်ကြည့်လာပြီး ချောင်းကြည့်နေတဲ့ နှင်းဆီလေးကို ဖမ်းမိသွားသည်။
“အာ..မဆာသေးပါဘူး” မုယောင်မျက်နှာက နည်းနည်းနီရဲသွားသည်။ ”ငါက ဒီတိုင်း တစ်ချက်လာကြည့်ရုံပါပဲ”
“မကြာခင် ပြီးတော့မှာပါ… ပန်းကန်တွေ ကူသယ်ပေးချင်လား”
“အမ်?…ရတယ်လေ” မုယောင် ဟင်းပန်းကန်တွေကို လိမ်လိမ်မာမာနဲ့ စားပွဲပေါ် သွားချပေးလိုက်သည်။သူရဲ့ ထိုသို့လိမ္မာတဲ့ပုံစံက ပိုင်ရန်ကို အသည်းယားစေသည်။
ပိုင်ရန်က ရှုပ်ထွေးခက်ခဲတဲ့ဟင်းပွဲတွေကို အများကြီး မချက်ခဲ့ဘူး။ကိုလာကြက်တောင်ပံကြော်၊အာလူးနဲ့ အမဲသားစတူး၊ ဝက်နံရိုး၊ ဆောင်းရာသီဖရဲစွပ်ပြုတ်နဲ့ မုန့်ညှင်းရွက်ကြော်တို့ကို ချက်ထားသည်။
“အရသာကောင်းလား စားကြည့်ကြည့်”
ပိုင်ရန်က မုယောင်ကို ဝက်နံရိုးနဲ့ဆောင်းရာသီဖရဲစွပ်ပြုတ်တို့ကို ပန်းကန်လုံးလေးထဲ ထည့်ပေးလိုက်သည်။ ကြက်တောင်ပံနဲ့အမဲသားတို့ကိုလည်း ထည့်ပေးလိုက်သည်။
မုယောင် စွပ်ပြုတ်တစ်ဇွန်းကိုသောက်လိုက်တော့ ချက်ချင်းပဲ သူ့မျက်လုံးတွေ မြင့်တက်သွားသည်။အဲ့နောက် ကြက်တောင်ပံနဲ့အမဲသားကိုလည်း စားကြည့်လိုက်တော့ အဲ့နှစ်ခုလုံးကလည်း အရသာရှိနေရော။အန်တီလီ ချက်တဲ့ဟင်းထက်တောင် ပိုကောင်းနေသေးတယ်။
“မင်း ချက်ထားတာ အရသာရှိလိုက်တာ” မုယောင်ရဲ့နှုတ်ခမ်းရဲရဲလေးတွေက ဆီဖြင့် တောက်ပနေပြီး သူ့ရဲ့အလှကို ချစ်စရာကောင်းမှုကိုပါ ထပ်ပေါင်းထည့်စေသည်။
“မင်း ကြိုက်တဲ့အချိန်တိုင်း မကြာခဏ လာလည်လို့ရတယ်” ပိုင်ရန် တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်သည်။
“……” မုယောင် တုံ့ဆိုင်းသွားသည်။
သူ ဒီလူတစ်စုနဲ့ ထပ်မပတ်သက်ချင်တော့ပေ။ဒါပေမယ့် ပိုင်ရန်က သူ့အပေါ် ကြင်နာသည်။ဒီလိုကြင်နာယုယမှုက မုယွင်ဇီ သူ့ကို ဘယ်တုန်းကမှ မပေးခဲ့ဖူးတဲ့ အရာဖြစ်သည်။
“ငါတို့က သူငယ်ချင်းတွေ မဟုတ်လား။မဟုတ်လွှဲ ငါ့အိမ်က မင်းအတွက် အရမ်းရိုးရှင်းနေလို့လား” ပိုင်ရန်ရဲ့အသံက ဝမ်းနည်းမှုကို မဖုံးကွယ်ထားနိုင်ပေ။
“မင်း ငါ့ကို မကြိုက်ဘူးနဲ့တူတယ်။ အဲ့လိုဆိုရင်တော့ ငါမင်းကို အတင်းဖိအားမပေးပါဘူး”ပိုင်ရန်ရဲ့ မျက်ဝန်းလေးတွေက နည်းနည်း ညို့မှိုင်းပြီး အားငယ်နေသည်။
“အဲလို မဟုတ်ပါဘူး” ပိုင်ရန်က ထိုသို့ပြောလာတော့ မုယောင် အမြန်ငြင်းလိုက်သည်။ “ငါက မင်းကို ပြဿနာပေးမှာစိုးလို့ပါ”
“အဲ့လို မဖြစ်ပါဘူးကွာ…နောင်မှာ ထမင်းစားဖို့ အလည်များများ လာလှည်လှည့်” ပိုင်ရန်ရဲ့အားငယ်တဲ့ပုံစံက ချက်ချင်းပျောက်သွားသည်။
“…..” သူလှည့်စားခံလိုက်ရသလိုပဲ။
ညစာစားပြီးတော့ ပိုင်ရန်က မုယောင်ကို ဇာတ်ကားအတူကြည့်ဖို့ ဖိတ်ခေါ်လာသည်။
ပိုင်ရန်ရဲ့မိသားစုမှာ သာမန်TVတစ်လုံးသာ ရှိလေသည်။ပိုင်ရန်ရဲ့ ရှေ့ကစကားတွေကြောင့် မုယောင်သည် သူ မကြိုက်တာ မဟုတ်ရပါဘူး ဆိုတာကို သက်သေပြဖို့အတွက် မငြင်းတော့ပေ။
ဒါ့အပြင် ဒီနေ့ အစောကြီး အိမ်မပြန်ချင်ပေ။မုယွင်ဇီကိုလည်း မတွေ့ချင်ပေ။
ထင်မှတ်မထားစွာဖြင့် ဇာတ်ကား ဇာတ်သိမ်းခါနီးမှာ အပြင်မှာမိုးတွေ ရွာချလာသည်။ဒီတော့ မုယောင်မှာ ပိုင်ရန်ရဲ့အိမ်မှာ နေရတော့တာပေါ့။
ပိုင်ရန်အိမ်မှာ အခန်းနှစ်ခန်းပါပေမယ့် တစ်ခန်းသာ အိပ်ရာပါလေသည်။ဒါကြောင့် နှစ်ယောက်သား အတူတူအိပ်ရတော့သည်။
မုယောင် ရေချိုးနေတုန်း ပိုင်ရန်က သူ့အတွက် ညအိပ်ဝတ်စုံရှာပြီး အတွင်းခံအသစ်ကိုပါ ထုတ်လိုက်သည်။
.မုယောင် ရေချိုးခန်းထဲကနေ ထွက်လာတော့ ပိုင်ရန်မှာ မာတော့မလိုတောင် ဖြစ်သွားသည်။
မုယောင်ရဲ့ ဖြူဖွေးနုနယ်တဲ့မျက်နှာလေးက ရေပူကြောင့် ပိုပြီးတော့ နီရဲနေသည်။သူလည်း အရမ်းပူနေတဲ့ပုံပဲ။ဘောင်းဘီမဝတ်ဘဲ ထွက်လာသည်။သူ့ဖင်တုံးတွေကို ကာနိုင်တဲ့ နည်းနည်းကြီးတဲ့အင်္ကျီကိုသာ ဝတ်ထားသည်။သူ့ရဲ့ဖြူဖွေးသွယ်လျတဲ့ ခြေထောက်လေးတွေက ပန်းနုနုရောင်လေးဖြစ်နေပြီး လူတွေကို ထိုခြေထောက်လေးတွေကို ကွေးပြီး ငုံ့နမ်းမိအောင် ပြုစားနိုင်လွန်းသည်။
“ငါ ဆေးကြောလို့ပြီးပြီ။ မင်းသွားနှင့်လိုက်တော့လေ” နှင်းဆီလေးက ခုခံကာကွယ်မှုတွေ မထားဘဲ သူ့ရဲ့ မွှေးပျံ့သည့်သင်းရနံ့လေးကို ထုတ်ပြလာ၏။
ပိုင်ရန် ရေချိုးခန်းထဲ အမြန်ပြေးဝင်သွားသည်။သူ့နောက်ကျောပုံရိပ်က အထိတ်တလန့်ဖြင့် အဝေးကို ပြေးထွက်သွားတယ်လို့တောင် မှတ်ယူလို့ရ၏။
“ငါ ရေချိုးတာ အရမ်းကြာသွားလို့များလား။ သူက စောင့်တောင် မစောင့်နိုင်တော့ဘူးဆိုတော့။” မုယောင် သံသယဖြစ်နေလေသည်။
ရေချိုးခန်းထဲတွင် ပိုင်ရန်၏မျက်နှာက ရှက်သွေးဖြာနေသည်။မျက်လုံးများက ရမ္မက်များဖြင့် ပြည့်နှက်နေပြီး သူ့လိင်တံက အတော်လေး ထောင်မတ်နေသည်။
နည်းနည်းလေးသာ နောက်ကျသွားရင် ဘာမှမသိသေးတဲ့ အဖြူထည်သားကောင်အလှလေးက မုဆိုးရဲ့ မျက််လုံးများထဲက သူ့အတွက်ဖြစ်တည်လာတဲ့ ညစ်ညစ်ညမ်းညမ်း လိုအင်ဆန္ဒများကို တွေ့မြင်သွားနိုင်သည်။
“မုယောင်….” ပိုင်ရန်သည် မုယောင်၏ မျက်နှာလှလှလေးနဲ့ သွယ်သွယ်လျလျခါးလေးကို မြင်ယောင်ရင်း တွေးတောရင်း သူ့လက်တွေကို မြန်မြန် အလုပ်ပေးလိုက်သည်။
တိုးလျသောညည်းသံများက ရေချိုးခန်းထဲ ထွက်ပေါ်လာပေမယ့် ရေကျသံများကြောင့် နစ်မြုပ်သွားသည်။
နောက်ဆုံးတွင် ပိုင်ရန်သည် အိပ်ရာပေါ်တွင် နာနာခံခံ လဲလျောင်းပြီး သူ့ရနံ့တွေနဲ့ ဖုံးလွှမ်းသွားမည့် မုယောင်ကို တွေးရင်း ထုတ်လွှတ်လိုက်သည်။
အချိန်အရမ်းကြာသွားတာကြောင့် ပိုင်ရန် ထွက်လာတော့ မုယောင်က အိပ်ပျော်နေပြီဖြစ်သည်။
ပိုင်ရန်သည် သူနဲ့လုံးဝကို မတူညီကွာခြားသည့် သခင်ငယ်လေးဖြစ်သူ မုယောင်ကို နက်နက်ရှိုင်းရှိုင်းကြည့်မိ၏။
အချိန်ခဏကြာပြီးတော့ သူ ငုံ့ကာ မုယောင်ရဲ့အောက်နှုတ်ခမ်းကို အသာအယာ နမ်းလိုက်သည်။သူ့ရဲ့လျှာက ကျွမ်းကျင်စွာ မုယောင်ရဲ့လျှာကို ကလော်ထုတ်ပြီး သူ့လျှာနဲ့မုယောင်၏လျှာကို ကစားလိုက် စုပ်လိုက်လုပ်နေသည်။
မုယောင်မှာတော့ အိမ်မက်ထဲတွင် ခက်ခက်ခဲခဲ အသက်ရှူနေရလေ၏။သူ တိုးတိုးလျလျ ငြီးမိပေမယ့် ပိုင်ရန်က နောက်မဆုတ်တဲ့အပြင် ပိုပြီးတော့ အလွန်အကျွံလုပ်လာသည်။
မုယောင် နိုးလာခါနီးမှပဲ သူလွှတ်ပေးတော့၏။
ပိုင်ရန်လည်း မီးတွေပိတ်ပြီး မုယောင်၏လည်ပင်းတွင် အနမ်းရာထင်းထင်းကို ချန်လိုက်သည်။ထို့နောက် မုယောင်၏ခါးတစ်ဝက်တွင် သူလက်ကို ထားကာ အိပ်ရာဝင်သွား၏။
“ကောင်းသောညပါ ကိုယ့်ရဲ့နှင်းဆီလေး”
Chapter 14 end
Chapter 15
မုယောင် မနက်နိုးလာတော့ အလွန်ရှက်မိသွားသည်။ပိုင်ရန်ရဲ့ရင်ခွင်ထဲ သူကိုယ်က ရောက်နေပြီး ပိုင်ရန်ရဲ့လက်တွေကလည်း သူ့ပေါ်မှာ မြဲမြဲမြံမြံရှိနေတုန်းပင်။သူ့ခါးကို ဖက်ထားတာကြောင့် ပိုင်ရန်ရဲ့ရင်ခွင်ထဲကနေ မုယောင် ရုန်းထွက်လို့ မရပေ။
“လခွမ်းပဲ! ပိုင်ရန်က ငါ့ထက် လေးစင်တီမီတာတည်းပဲ ရှည်တာကို ဘာလို့ သူက ငါ့ထက် တအားသန်မာနေတာတုန်း ” မုယောင် ဒေါသတကြီးဖြင့် သန်မာသည့်ပုံ မပေါ်ပေမယ့် သူ့ထက်ပုခုံးပြင်ပါ ပိုကျယ်နေတဲ့ ပိုင်ရန်၏ရင်ဘတ်ကို ကြည့်လိုက်သည်။
“နိုးလာပြီလား? ယောင်ယောင်” ပိုင်ရန် မျက်လုံးဖွင့်ပြီး သူ့ရင်ခွင်ထဲက မုယောင်ကို ကြည့်လိုက်သည်။သူ အပေါ်ယံမှာတော့ တည်ငြိမ်နေပေမယ့် သူ့ရင်ထဲတွင်တော့ ဆူညံပွက်လောက်ရိုက်နေသည်။ ဒီနှင်းဆီလေး ဘယ်မှ ထပ်မသွားနိုင်တော့အောင် သူ့ရင်ခွင်ထဲ သော့ခတ်ပြီး သိမ်းဆည်းထားလိုက်ချင်၏။
“…..ဘာလို့ ငါ့ကို ယောင်ယောင် လို့ခေါ်တာလဲ” မုယောင် နည်းနည်းရှက်စိတ်ဝင်စွာဖြင့် မေးလိုက်၏။ဘယ်သူကမှ သူ့ကို ထိုသို့ မခေါ်ခဲ့ဖူးပေ။
“ငါတို့က သူငယ်ချင်းတွေလေ။ ငါမင်းကို ယောင်ယောင်လို့ခေါ်တာ ဘာမပျော်စရာ ရှိလို့လဲ” ပိုင်ရန်၏မျက်နှာက စော်ကားပုတ်ခတ်ပြောဆိုခြင်းမရှိဘဲ နူးညံ့ကာ ချောမောနေလေသည်။ ထိုသူ့မျက်နှာတွင် မကျေမနပ်အရိပ်အယောင် ပေါ်လာပါက လူတွေက ပူပန်သောကရောက်ပြီး သူ့မျက်ခုံးများကြားက ညိုးငယ်နေမှုကို ချောမွေ့သွားအောင် နှစ်သိမ့်ပေးချင်ကြသည်။
“မပျော်တာတော့ မဟုတ်ပါဘူး” မုယောင်သည် ဘယ်သူ့ဆီကမှ အလိုလိုက်ခံထားရတဲ့ ကလေးလို မဆက်ဆံခံရဖူးပေ။သူ့အချစ်ဆုံးသူငယ်ချင်းက သူ့ငယ်သူငယ်ချင်း ချန်ဖန်ဖြစ်ပေမယ့် ချန်ဖန်က ခပ်ပျော်ပျော်နေတတ်သူဖြစ်သည်။သူက အလှလေးတွေနဲ့ သူငယ်ချင်းဖွဲ့ရတာကို နှစ်သက်သည်။ပုံမှန်အားဖြင့် သူ ကစားချင်တဲ့အချိန်ကျမှ မုယောင်ကို ရှာလိမ့်မည်။
ကျန်ရှိတဲ့ဒုတိယမျိုးဆက်သူငယ်ချင်းတွေအကုန်လုံးက မကောင်းတဲ့သူတွေဖြစ်ကြသည်။အရင်ဘဝတုန်းက မနာလိုနေတဲ့သူ့ကို ပိုင်ရန်ကို gang rape ရန် လူရှာဖို့ နှိုးဆွပေးခဲ့တာလည်း သူတို့ပဲ။ဒီဘဝမှာတော့ သူတို့နဲ့ စည်းခြားလုနီးပါးပဲ။
ပိုင်ရန် လုပ်ပေးတဲ့မနက်စာကို စားပြီးနောက် မုယောင် အိမ်ပြန်သွားလိုက်သည်။
နေ့လယ်မှာ အလွန်နာမည်ကြီးတဲ့ စိတ်ပညာကျွမ်းကျင်သူနဲ့ ရက်ချိန်းပြုလုပ်ခဲ့သည်။သူ့အခြေအနေကို တစ်ချက် ကြည့်စေချင်သည့် ရည်ရွယ်ချက်ကြောင့်ပေ။
သူ အိမ်ပြန်ရောက်လာတော့ မုယွင်ဇီက အလုပ်ကိုသွားပြီဖြစ်သည်။မုယောင် တန်တန်နဲ့ ခဏလောက် ကစားပြီး နေ့လယ်စာစားလိုက်သည်။ထို့နောက် ဒေါက်တာဆီ သွားလိုက်သည်။
သူ ရက်ချိန်းလုပ်ခဲ့တဲ့ဒေါက်တာက နာမည်ကြီးနိုင်ငံခြားတက္ကသိုလ်ကနေ PhDဘွဲ့ရထားသည့် အသက်သုံးဆယ်ဝန်းကျင် ဒေါက်တာချန်ဆိုသူဖြစ်၏။
ထိုလူ့မှာ သာမန်ဆန်တဲ့မျက်နှာရှိပြီး သူ့မျက်လုံးများက ညင်သာသည်။၎င်းက လူတွေကို သဘာဝအလျောက် သူနဲ့နီးကပ်စေ၏။မုယောင်၏ စိတ်ကူးထဲက စိတ်ပညာကျွမ်းကျင်သူ(စိတ်ရောဂါဆရာဝန်)တစ်ယောက်၏ စံနှုန်းနဲ့ ကိုက်ညီပေသည်။
ဒေါက်တာချန်ကို သူ့အတိတ်ဘဝကို အိမ်မက်တစ်ခုအဖြစ် အကျဥ်းချုံး ပြောပြလိုက်၏။
ဒေါက်တာချန်က သူအကျဥ်းချုံးပဲ ပြောပြတာကို ကန့်ကွက်လာတာမျိုး မရှိပေ။လူတိုင်းက သူတို့ရဲ့ဆိုးဆိုးဝါးဝါးအတိတ်ကို အခြားသူတွေ မြင်အောင် ထားလိုစိတ်မရှိပေ။သူသည် ဇာတ်လမ်းမျိုးစုံနဲ့အိမ်မက်မျိုးစုံကို မြင်ဖူးကြားဖူးပြီး အချို့ကဆို သူငယ်ချင်းဖြစ်သူတွေနဲ့ စတင်ကြသည်။
(TN/ ဒေါက်တာချန်ပြောချင်တာက သူ့ဆီလာတဲ့သူတွေက သူတို့အကြောင်းကို ဇာတ်လမ်းပုံစံ အိမ်မက်ပုံစံနဲ့ ပြောပြကြတယ်။ အချို့ကဆို သူငယ်ချင်းကဖြစ်နေတာဆိုပြီး ပြောကြတာ။ ဥပမာ သူငယ်ချင်းတစ်ယောက်က သူ့ဘဝမှာ ဘယ်လိုဖြစ်တယ် ညာလိုဖြစ်တယ် ဘာညာပြောတာ။အမှန်က သူတို့ကိုယ်တိုင်တွေ့ကြုံနေရတာကို သူငယ်ချင်းက တွေ့ကြုံနေလို့ လာမေးတာဆိုပြီး ပြောကြတာ… အဲလိုမျိုးပါ)
“ဆိုလိုတာက မင်းသတိရှိနေတဲ့အချိန် သာမန်လူတွေ မင်းကိုထိတွေ့လာလို့ ခံစားရတဲ့အကြောက်တရားကို မင်းထိန်းချုပ်နိုင်တယ်။ဒါပေမယ့် မင်းသတ်မှတ်ထားတဲ့လူတွေနဲ့တော့ မထိန်းချုပ်နိုင်ဘူး။ ဟုတ်တယ်မလား”
“ဟုတ်ပါတယ် ဒေါက်တာ ” မုယောင် ခေါင်းငြိမ့်လိုက်၏။
“ဒါဆိုရင်တော့ မင်းရဲ့သတိထားရှိမှုက ငါထင်ထားတဲ့ထက်တောင် ပိုအားကောင်းတာပဲ” ဒေါက်တာက ညင်ညင်သာသာပြောလာ၏။
“ဒါတွေက အိမ်မက်တစ်ခုလေးပဲ ဖြစ်နေလို့နေမယ်” မုယောင် တိူးလျစွာပြောလိုက်သည်။
တကယ်တော့ အိမ်မက် မဟုတ်ချေ။ညစ်ညမ်းသွားတဲ့မုယောင်က သေဆုံးသွားပြီဖြစ်သည်။သူ့မှာ ထိုကြောက်စရာကောင်းတဲ့မှတ်ဉာဏ်များ ရှိပေမယ့် ဒီခန္ဓာကိုယ်ကတော့ အဲဒါတွေကို မတွေ့ကြုံဖူးသေးပေ။သူက မြင့်မြတ်ပြီးသန့်ရှင်းတဲ့မုယောင် ဖြစ်နေတုန်းပဲ။
ဒါပေမယ့် တစ်နေ့နဲ့တစ်နေ့ အတိတ်ကအိမ်မက်ဆိုးကြီးထဲ သူပိတ်မိသွားပြီး အဆုံးမှာ သူက ဘယ်သူလဲဆိုတာကိုတောင် မပြောနိုင်တော့မှာကို မုယောင် ကြောက်သည်။
“မင်းအခုလေးတင် ပြောလိုက်တယ်မလား။မင်းအိမ်မက်ထဲမှာ ကြောက်စိတ်ဝင်နေတဲ့အချိန် မင်းကို ပြန်ပြီး သတိဝင်အောင် ကူညီပေးခဲ့တဲ့လူရှိတယ်လို့လေ” ဒေါက်တာချန်က မုယောင်ရဲ့ ဆိုးရွားသောဆင်ခြင်ကို မဖော်ထုတ်ဘဲ ပိုင်ရန်အကြောင်း ပြောလာခဲ့သည်။
“ဟုတ်ပါတယ်။အဲ့လူက.အိမ်မက်ထဲမှာ ကျွန်တော် အနိုင်ကျင့်ချင်ခဲ့တဲ့ လူပဲ။အခုကျွန်တော်ကသာ အဲ့အိမ်မက်ထဲက မုယောင်လိုမျိုးဆိုရင် သူ ကျွန်တော့်ကို ဒီလိုမျိုး ဆက်ဆံမှာ မဟုတ်ဘူး။” မုယောင်ရဲ့အသံတွင် မသိစိတ်ကနေ တောင်းပန်သည့် အရိပ်အမြွက်များ ပါဝင်နေ၏။
ဒေါက်တာချန် စိတ်ထဲကနေ သက်ပြင်းချလိုက်ပေမယ့် သူ့အသံကတော့ ညင်သာနေဆဲပေ။
“ဒါဆိုရင် မင်း အဲ့လူနဲ့ ပိုပြီး အဆက်အသွယ်လုပ်သင့်တယ်။ဒီကမ္ဘာမှာ အဲ့လူက မင်းရဲ့ နယ်နိမိတ်လိုပဲ။မင်း ပုံရိပ်ယောင်ထဲ ရောက်နေလား တကယ့်လောကမှာ ရောက်နေလားဆိုတာ မင်းကိုယ်မင်း မပြောနိုင်တော့တဲ့အချိန် အဲ့လူရဲ့ မင်းအပေါ် ပြုမူတဲ့ အပြုအမူကိုကြည့်ပြီး ဆုံးဖြတ်လို့ရတယ်။”
“….သူနဲ့ အဆက်အသွယ်ပိုလုပ်ရမှာလား” မုယောင်၏အသံက နည်းနည်းတိုးနေသည်။
“ကျွန်တော်က သူနဲ့အခြားသူတွေနဲ့ အဝေးမှာ နေချင်တာ”
“မင်းရဲ့အခြေအနေက အရမ်းကြီး မပြင်းထန်လို့ ငါက ဆေးဝါးတော့ မညွှန်းပေးချင်ဘူး။နောက်ပြီး ထွက်ပြေးနေတာက ပြဿနာကို မဖြေရှင်းပေးနိုင်ဘူး။မင်းရဲ့အစ်ကိုက ဒီမှာဖြစ်ပြီး မင်းကလည်း သူနဲ့အတူ နေ့နေညည နေထိုင်နေတယ်။ဆိုတော့ မင်း သူ့ကို လုံးလုံးကြီး ရှောင်နေလို့ မရဘူးလေ။”
“…..ဟုတ်ပါပြီ။ကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ်” မုယောင်တွေးကြည့်လိုက်တော့လည်း ဒေါက်တာပြောတာ အဓိပ္ပါယ်ရှိတယ်လို့ ခံစားရသည်။
“မင်း လဝက် တစ်ခါ ဒါမှမဟုတ် တစ်လ တစ်ခါ မင်းရဲ့အခြေအနေပေါ်မူတည်ပြီး ဒီကိုလာလို့ရတယ်။” ဒေါက်တာက သူ့ကို အပြင်လိုက်ပို့ရင်း ပြောလာ၏။
“ကောင်းပါပြီ” မုယောင် ခေါင်းငြိမ့်ပြလိုက်၏။
Chapter 15 end