Little Creampie:
Chapter 27
မုယောင်သည် ဒီရက်ပိုင်း ပိုင်ရန်ကို ရှောင်နေသည်။ ဘာလို့လဲဆိုတော့ သူ့ကို ဘယ်လို ရင်ဆိုင်ရမှန်း မသိလို့ပဲ။
မုယောင် ပြန်လည်မမွေးဖွားလာခင်က ဒီအချိန်မှာ သူဟာ မုယွင်ဇီရဲ့ ပိုင်ရန်ကို အလွန်အကျွံ အာရုံစိုက်မှုအတွက် မကျေမနပ်ဖြစ်နေပြီး ပိုင်ရန်နဲ့ လော့ယင်တို့ ပိုပြီး ရင်းနှီးလာတာကြောင့် ပိုပြီးတော့တောင် ဒေါသထွက်ခဲ့သည်။
ဒါကြောင့် သူဟာ ပိုင်ရန်ကို ငွေမက်နေကြောင်း တစ်ကိုယ်တည်း City A မှာရှိတဲ့ အာဏာရှိသူတွေရဲ့ အိပ်ရာထဲကို ဝင်ချင်နေကြောင်းကိုလည်း သွယ်ဝိုက်ပြောဆိုခဲ့သည်။
ပိုင်ရန်က ဒီလိုမျိုးချစ်ခြင်းကို ဘာကြောင့် ခံယူခွင့်ရယူခွင့်ရှိတာလဲဆိုတာ မုယောင် နားမလည်နိုင်ဘူး။ ဘားမှာ “သူရဲကောင်းက အလှလေးကို ကယ်တင်ခြင်း” ကြောင့်လား။
ပိုင်ရန်ကိုကြည့်ရတာလည်း အချစ်ကို အရမ်းဦးစားပေးတဲ့သူ ပုံမပေါ်ဘူး၊ မုယောင်လည်း နားကိုမလည်နိုင်ဘူး။
မုယောင်သည် ဒီရက်ပိုင်း ပိုင်ရန်ရဲ့ မက်ဆေ့ချ်တွေကို စာမပြန်ခဲ့ချေ။ သူက အတန်းပြီးတာနဲ့ အဆောင်ကို ပြန်သွားပြီး အခန်းဖော်တွေနဲ့ နေ့လည်စာ စား၍ ပိုင်ရန်ကို သူ့ကို ဖမ်းဖို့ အခွင့်အရေးတောင် မပေးခဲ့ဘူး။
ဒါပေမယ့် လျှို့ဝှက်ချက်တစ်ရာမှာတောင် ချို့ယွင်းချက်တစ်ခုတော့ ရှိစမြဲပဲ။ စီးပွားရေးဥပဒေအတန်းပြီးလို့ မုယောင် ထွက်ခွာဖို့ ပြင်ဆင်နေချိန်မှာပဲ ကြိုတင်ပြင်ဆင်ထားတဲ့ ပိုင်ရန်က သူ့ကို အခန်းတံခါးဝမှာပဲ တိုက်ရိုက် တားဆီးလာသည်။
ဥပဒေမေဂျာမှလူတွေက ရက်အတော်ကြာ ကြောင်နှင့်ကြွက်ပြပွဲကို ကြည့်ရှုခဲ့ကြရပြီး ယခုတော့ အဆုံးသတ်ဇာတ်သိမ်းကို မြင်တွေ့လိုက်ရသောအခါ သူတို့အားလုံးက သူတို့နှစ်ယောက်ကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေကြသည်။
သူတို့က ဒီsemesterဟာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်လို့ ထင်မြင်မိကြတယ်။ ပထမတော့ တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေကြတဲ့ ကျောင်းမြက်လေးနဲ့ ကျောင်းပန်းလေးတို့က ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်လာကြတယ်။ နောက်ပိုင်းမှာတော့ သူတို့နှစ်ယောက် အကြောင်းပြချက်မရှိဘဲ လမ်းခွဲသွားကြတယ်။ ကျောင်းပန်းလေးက နေ့တိုင်း ကျောင်းမြက်ကလေးကို ရှောင်နေပြီး အခုတော့ သူတို့နှစ်ယောက် ထိပ်တိုက်တွေ့သွားကြပြီ။
ကျောင်းမြက်ကလေးက ပိုင်ရန်ဖြစ်ပြီး ကျောင်းပန်းကလေးကတော့….သေချာပေါက် မုယောင်ပေါ့။
ဒါပေမယ့် မုယောင်ကိုယ်တိုင်က သူ့ကို တခြားသူတွေက အဲဒီလိုခေါ်နေမှန်း မသိဘူး၊သိလိုက်လို့ကတော့ သူ အရမ်းစိတ်ဆိုးသွားနိုင်တယ်၊ ဘာလို့လဲဆိုတော့ ဌာနထဲက ယောက်ျားလေးရော မိန်းကလေးရော အားလုံးက သူ့ကို ရွေးချယ်ခဲ့ကြတာလေ။
ဇာတ်လမ်းရဲ့အစကတော့ သူက ပျော်စရာကောင်းတယ်ထင်ပြီး ပထမနှစ်မှာ အန်နီမေးရှင်းအသင်းထဲကို ဝင်ခဲ့သည်။ နောက်ပိုင်းမှာ စီနီယာအစ်မကြီးတစ်ယောက်ဆီကနေ လှည့်စားခံလိုက်ရသည်။ ယုန်ကောင်မလေးအဖြစ် ဟန်ဆောင်ဖို့ပေါ့။ပြီးတော့ သူ့ရဲ့ မိန်းကလေးအသွင်အပြင်နဲ့ ဓာတ်ပုံတွေဟာ သူငယ်ချင်းအသိုင်းအဝိုင်းမှာ ပျံ့နှံ့သွားပြီး ကောလိပ်ကျောင်းသားတွေရဲ့ ဝန်ခံချက်တွေကလည်း များပြားလာတော့သည်။
မုယောင်က နောက်ပိုင်းမှာ သူ့ရဲ့ ငွေကြေးသုံးစွဲနိုင်စွမ်းနဲ့ အားလုံးကို ဖျက်ပစ်ခဲ့ပေမယ့် လူတော်တော်များများကတော့ သူတို့ဖုန်းတွေမှာ သိမ်းဆည်းထားတုန်းပဲ။
မုယောင်က အတန်းထဲက သူ့ရဲ့ အတန်းဖော်တွေရဲ့ အတင်းပြောချင်နေသည့် မျက်လုံးတွေကို သတိထားမိလိုက်သည်။
သူက အရေပါးပြီး အတန်းဖော်တွေရှေ့မှာ ပိုင်ရန်နဲ့ စကားပြောရမှာ ရှက်နေတာကြောင့် ပိုင်ရန်ကို ဆွဲခေါ်ပြီး ထွက်ပြေးလာခဲ့လိုက်သည်။
သူနဲ့ပိုင်ရန် လူမှုရေးအဆောက်အအုံအပြင်ဘက်ကို ရောက်လာတဲ့အခါမှ မုယောင်သည် ပိုင်ရန်ရဲ့လက်ကို လွှတ်လိုက်၏။ပိုင်ရန်က မုယောင်ကိုင်ခဲ့တဲ့ သူ့လက်ကို ငေးကြည့်ပြီး မုယောင်ဘာတွေတွေးနေလဲ သိချင်နေမိသည်။
“ဘာလို့…ငါ့ကို ရှာနေတာလဲ?”
မုယောင်က လေထုထဲက ကိုးယို့ကားယားဖြစ်နေတာကို သည်းမခံနိုင်တော့ဘဲ စကားပြောလိုက်သည်။
“ယောင်ယောင်၊ ငါ မင်းကို ကြိုက်တယ်လို့ ပြောခဲ့တဲ့နေ့ကို မှတ်မိသေးလား?” ပိုင်ရန်က မုယောင်ရဲ့ လှပတဲ့ မျက်နှာကို အလေးအနက်ထားပြီး ကြည့်ရင်း ပြောလိုက်၏။
“အာ…” မုယောင်က သူ့ရဲ့အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး ဘာပြောရမှန်း မသိတော့ချေ။
“ယောင်ယောင်၊ ငါ မင်းရဲ့ချစ်သူဖြစ်ချင်တယ်” မုယောင်က ပိုင်ရန်ရဲ့တိုက်ရိုက်ဖွင့်ပြောမှုကြောင့် အံ့အားသင့်သွားသည်။
“…ငါ၊ ငါ ယောက်ျားလေးတွေကို မကြိုက်ဘူး” မုယောင်သည် မျက်လုံးပုတ်ခပ်ပုတ်ခပ်လုပ်ပြီး ပိုင်ရန်ရဲ့အကြည့်တွေကို ရှောင်ဖယ်လိုက်၏။
သူ့မှာ တခြားနည်းလမ်း မရှိတော့တာကြောင့် ယောက်ျားအဖြောင့်အဖြစ် ဟန်ဆောင်ဖို့ ဆုံးဖြတ်လိုက်သည်။
ပိုင်ရန်က မုယောင်ရဲ့ဆိုးဝါးသိသာလှသည့် လိမ်ညာမှုကြောင့် ရယ်မောလိုက်ပြီး “ဖူး… ယောင်ယောင်၊ မင်း အရမ်းချစ်ဖို့ကောင်းတာပဲ” လို့ ပြောလိုက်သည်။
“……”
မုယောင် ဒေါသထွက်သွား၏။
“ဘာကိုဆိုလိုတာလဲ? မင်း မယုံဘူးလား?”
“ယောင်ယောင်” ပိုင်ရန်က ခြေတစ်လှမ်းတိုးပြီး မုယောင်ရှေ့မှာ ရပ်လိုက်သည်။
“မင်း ငါ့ကို မုန်းနေတာလား?” ပိုင်ရန်ရဲ့ အသံက အရမ်း စိတ်ပျက်သွားပြီး နည်းနည်းလေး ဝမ်းနည်းနေသလိုပဲ။
“အာ…ငါ… မဟုတ်ပါဘူး” မုယောင် ချက်ချင်း ရှင်းပြလိုက်သည်။
“ဒါဆို ဘာလို့ ငါ့ရဲ့ရည်စားမဖြစ်ချင်ရတာလဲ?” ပိုင်ရန်က မျက်တောင်ခတ်လိုက်ပြီး ဝမ်းနည်းမှုက သူ့မျက်နှာပေါ်မှာ ပျံ့နှံ့သွားသည်။ သူ့ရဲ့ချောမောတဲ့မျက်နှာက ထင်ရှားသိသာတဲ့စိတ်ပျက်အားလျော့မှုကို ပြသနေသည်မှာ မိုးရွာပြီးနောက် ကြာပန်းအသစ်ပေါ်မှာ ဖုန်မှုန့်လေးတစ်ပွင့်ကျသွားသလိုပင်။
ချီးးပဲ၊ ဒီလိုမျိုးသနားစရာကောင်းတဲ့မျက်နှာကိုမြင်ရင် ဘယ်သူက အပြစ်မရှိဘူးလို့ ခံစားရမှာလဲ။
မုယောင်သည် သူ့နှလုံးသားထဲမှာ ညည်းညူလိုက်ပြီး ပိုင်ရန်ရဲ့အသွင်အပြင်ကြောင့် စိတ်မပျော့ဘဲ မနေနိုင်ဖြစ်သွားသည်။
“ဒါပေမယ့်၊ ဒါတွေက ကိစ္စနှစ်ခုပဲ။” မုယောင်ရဲ့လေသံက သူတောင်မသိလိုက်ပါဘဲ ပိုနူးညံ့သွား၏။
“ချိန်းတွေ့ပြီး ချစ်သူဖြစ်တယ်ဆိုတာ လူနှစ်ယောက်ကြားက ကိစ္စ။ အခု ငါမင်းကို မကြိုက်ဘူး။အဲ့တော့ မင်းရဲ့ ရည်စား မဖြစ်နိုင်ဘူး။”
“အဲဒါက…” ပိုင်ရန်ရဲ့ မျက်နှာက ပိုပြီး ဝမ်းနည်းသွားသည်။
“ငါက ယောင်ယောင်က အဲဒီနေ့တုန်းက ငါ့ကို မငြင်းခဲ့တာက ငါ့ကို သဘောကျလို့လို့ ထင်ခဲ့တာ…”
“!” မုယောင် အံ့အားသင့်သွားပြီး နားရွက်တွေလည်း ရဲလာသည်။
“ဘာလို့ အဲဒီလိုအကြောင်းတွေကို အပြင်မှာ ပြောနေတာလဲ?” မုယောင်က ပိုင်ရန်ကို စိုးရိမ်တကြီး ကြည့်ပြီး သူ့ပါးစပ်ကို ပိတ်စေချင်ပေမယ့် ပိုင်ရန်ရဲ့ အကြည့်ကို ခံနိုင်ရည်မရှိလေပေ။
“ဒါဆို ယောင်ယောင်၊ ငါ မင်းကို လိုက်လို့ရမလား?” ပိုင်ရန်က မုယောင်ကို သတိကြီးကြီးထားကာ ကြည့်လိုက်သည်။
“ငါ မင်းနဲ့ မထိုက်တန်ဘူးဆိုတာ သိပါတယ်၊ မင်းက မုမိသားစုက မင်းသားလေး၊ ငါက ဖအေလည်းမရှိ မအေလည်းမရှိတဲ့ မိဘမဲ့ တစ်ယောက်။ ငါတို့က အရမ်း ကွာခြားတယ်။ ဒါပေမယ့် ငါ မင်းကို တကယ် ကြိုက်တာ။”
ပိုင်ရန်ရဲ့ အသံက သူ့ရဲ့နောက်ကြောင်းနောက်ခံက နိမ့်ကျသလို ခံစားရတာကြောင့် တဖြည်းဖြည်း တိုးသွားသည်။
“မပြောပါနဲ့တော့….” မုယောင်က ညှိုးငယ်စွာ ပြောလိုက်သည်။
သူ ဘာကြောင့်လဲ မသိပေမယ့် ပိုင်ရန်ရဲ့ နိမ့်ကျတဲ့ စကားတွေကို ကြားရတာ သူ့အတွက် အရမ်းအဆင်မပြေဖြစ်စေ၏။
သူက ပိုင်ရန်ရဲ့သူ့အပေါ် နူးညံ့ညင်သာ ကြင်နာယုယတဲ့ အပြုအမူကို ပြန်စဉ်းစားမိသည်။။ လမင်းအောက်မှာ ဆန့်တန်းနေတဲ့ ခံတော်လာပန်းလေးလို လှပပြီး ညင်သာသည်။
“ဒါပေမယ့် ငါ…” ပိုင်ရန်က တစ်ခုခုကို ထပ်ပြောဖို့ ပြင်ဆင်နေချိန်မှာ မုယောင်က လက်ဆန့်ပြီး သူ့ရဲ့ ပါးစပ်ကို ပိတ်လိုက်တော့သည်။
“ငါ မင်းကို ကတိပေးတယ်၊ ဒါပဲ။ မင်း ငါ့ကို လိုက်ချင်ရင် လိုက်လို့ရတယ်။ ဒါပေမယ့် အဲဒီလိုတွေ မပြောပါနဲ့။” မုယောင်က တည်ငြိမ်ချင်ယောင်ဟန်ဆောင်ပေမယ့် တကယ်တော့ သူ့ရဲ့ နားရွက်တစ်ပြင်လုံး မီးလောင်နေသလို ရဲနေသည်။
“ငါ့ကို အခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ယောင်ယောင်။” ပိုင်ရန်က ညင်သာစွာ ပြုံးလိုက်သည်။ မုယောင်က သူ့ရဲ့ မျက်လုံးထဲမှာ ငါးကိုဖမ်းမိတဲ့ ကြောင်တစ်ကောင်လို အပြုံးကြီးကို သတိမထားမိလိုက်ဘူး။
(အိုးဟိုးးး ပိုင်ရန်တို့များ မထင်ရဘူး။ မုယောင်ရဲ့အားနည်းချက်ကို သူသိတယ်။သနားစရာကောင်းအောင် ပြောတတ် သရုပ်ဆောင်တတ်ပါပေ့ရဲ့)
Chapter 27 end
Chapter 28
မုယောင်ကတော့ ပိုင်ရန်က အဆိပ်ရှိသည်ဟု သံသယဝင်လာမိ၏။
ပိုင်ရန်ရဲ့သနားစရာကောင်းတဲ့ပုံစံကြောင့်နဲ့ မုယောင် ဘာလို့ သူ့ကိုလိုက်ခွင့်ပြုလိုက်မိတာပါလိမ့်။ မုယောင် ဆယ်မိနစ်လောက် ခုတင်ပေါ်မှာ လှဲနေပြီး အဖြေကို ရှာမတွေ့ပေ။
ပိုင်ရန်ရဲ့ ရုပ်ရည်က ဒီနေရာမှာ တကယ်ကို အားသာတယ်။ သူက မျက်နှာချောချောလေးပဲရှိတဲ့ ကောင်လေးမျိုး မဟုတ်ဘူး။
သူက လမင်းအောက်က ကြာပန်းလေး၊ လေထဲက ဝါးပင်လေး၊ တောထဲက နှင်းလေးတွေလိုပဲ။
ညင်သာမှုနဲ့ အလှတရားကို လေပြေလေညင်းနဲ့ လရဲ့အလင်းရောင်လို သူ့အပေါ် ပုံထားနိုင်သည်။ သူ့ကို စွန့်ပစ်ထားနိုင်စွမ်းလည်း မရှိဘူး၊ သူက ညင်သာတဲ့ တိမ်လေးတွေနဲ့ တွဲကပ်နေသလိုပဲ။
(အမလေးးး မောင်မုယောင်တို့များ ပိုင်ရန်ကို မကြိုက်လို့သာပဲ။ဖွဲ့နွဲ့နေလိုက်တာများ…ဟင်းးဟင်းး)
ဘယ်သူက ဒီလိုမျိုးလူကို ဝမ်းနည်းအောင် လုပ်ချင်မှာလဲ။
မုယောင် သက်ပြင်းချ၍ လှည့်အိပ်လိုက်သည်။
ဖေးယန်ရှင်းက ဒီရက်ပိုင်း သူ့ကို ဂိမ်းဆော့ဖို့ ခေါ်နေပေမယ့် သူ အမြဲတမ်း ငြင်းလိုက်သည်။
ခန်ချင်းဟန်က သူ့ရဲ့ ဖုန်းနံပါတ်ကို ဘယ်ကရလဲတော့မသိ။ သူ့ကို ကိုယ်တိုင် တောင်းပန်ချင်တယ်လို့ ပြောတယ်။ ဒါပေမယ့် မုယောင်က သူ့ကို မတွေ့ချင်တာကြောင့် ပေါ့ပေါ့ပါးပါးပဲ ကျော်သွားလိုက်သည်။
မုယောင်က ခန်ချင်းဟန်နဲ့ ဖေးယန်ရှင်းကို အဲဒီလောက် မမုန်းဘူး။
မုယောင်က လော့ယင်ကို အမုန်းဆုံးဖြစ်ပြီး မုယွင်ဇီကို အဆိုးဆုံးလို့ သတ်မှတ်ခဲ့တာ။ ခန်ချင်းဟန်နဲ့ ဖေးယန်ရှင်းတို့က သူ့ရဲ့ ဘဝဟောင်းမှာ သူတို့ရဲ့အပေါင်းအပါတွေထက် မပိုဘူး။
ဒါပေမယ့် မုယောင်က သူတို့နဲ့ထပ်ပြီး အဆက်အသွယ် မလုပ်ချင်ဘူး။ အဆက်အသွယ် များလေလေ၊ သူ့ကို ဝမ်းနည်းစေတဲ့ အရာတွေကို ပိုပြီး စဉ်းစားမိလေလေမို့လို့။
သူ့တစ်သက်လုံး မိမိကိုယ်ကို သနားပြီး မနေချင်ဘူး။
ပိုင်ရန်က သူ့ကို လိုက်နေတာကို စနောက်နေတာမဟုတ်ဘဲ တကယ်အတည်လို့ ပြောတယ်။ ပိုင်ရန်က အတန်းချိန်မှာ သူ့ဘေးမှာထိုင်ပြီး မှတ်စုရေးဖို့ ကူညီပေးတယ်။ အတန်းပြီးတဲ့အခါ ထမင်းစားဆောင်ကိုသွားပြီး သူ့အတွက် တန်းစီပြီး အစားအသောက်ဝယ်ပေးတယ်။ တစ်ခါတလေ သူ့ကို အပြင်မှာ အစားအသောက်စားဖို့ ဖိတ်တယ်။ ပိုင်ရန်မှာ အချိန်ပိုင်းအလုပ်လုပ်ဖို့ အချိန်ရောရှိသေးရဲ့လားလို့တောင် သူ သံသယဝင်မိတယ်။
ပိုင်ရန်ရဲ့ ဂရုတစိုက်ရှိပေးမှုက မုယောင်ကို သူ့ကို ချစ်မိသွားရင် ကောင်းမယ်လို့ ထင်ယောင်ထင်မှားဖြစ်စေ၏။
တနင်္ဂနွေနေ့မှာ ပိုင်ရန်က မုယောင်ကို ရုပ်ရှင်ကြည့်ဖို့ ဖိတ်ခေါ်လာသည်။
မုယောင်က အစပိုင်းမှာ မသွားချင်ဘူး။
သူက လှုပ်ရှားဖို့ ပျင်းနေပြီး အဆောင်မှာပဲနေကာ anime ကြည့်ချင်နေသည်။
ရလဒ်အနေနဲ့ ပိုင်ရန်က ထပ်ပြီး သနားစရာကောင်းတဲ့ ပုံစံမျိုးနဲ့ ကြည့်လာတဲ့အခါ မုယောင်မှာ ဦးညွှတ်ခံလိုက်ရသလိုမျိုး သဘောတူလိုက်မိသည်။
အဖြူရောင်ပန်းလေးက တကယ်ကို ကြောက်စရာကောင်းတာပဲ။
မုယောင်က Stitch ပုံပါတဲ့ အဖြူရောင် co-branded လည်ဝိုင်းချည်သားလက်ရှည်ကို ရွေးချယ်ပြီး ပေါ့ပါးတဲ့ အပြာရောင်ဂျင်းဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်ကာ အပြာရောင်နဲ့ အဖြူရောင် AJ ဖိနပ်ကိုစီးထားသည်မှာ သူ့ကို သန့်ရှင်းပြီး စင်ကြယ်တဲ့ ကောလိပ်ကျောင်းသားတစ်ယောက်ရဲ့စရိုက်ကို ဖော်ညွှန်းနေသည်။
“ငါက စောက်ချောကြီးပဲ” မုယောင် အပြင်မထွက်ခင် ခဏလောက် သူ့ကိုယ်သူ တွေးနေသည်။
ပိုင်ရန်က လမ်းဘေးမီးတိုင်ကို မှီကာ သူ့ကိုစောင့်နေသည်။ ပိုင်ရန်က သူ့လိုပဲ ဆင်တူအရောင်တွေ ဝတ်ဆင်ထားပြီး အဝေးကကြည့်ရင် စုံတွဲဝတ်စုံနဲ့တူနေသည်။
“ငါ ချောလား?” မုယောင်က သူ့ရဲ့ မျက်နှာလေးကို မြှောက်ပင့်ပြီး သူ့ရဲ့ ပါးစပ်ထောင့်ကနေလည်း ကျားသွားလေးတွေ ပေါ်လာတဲ့အထိ ပြုံးပြီး ပိုင်ရန်ကို ကြည့်လိုက်သည်။
ပိုင်ရန်က သူထွက်လာကတည်းက သူ့ကို စိုက်ကြည့်နေတာ။ သူ့ရဲ့ ချစ်စရာကောင်းတဲ့ ပုံစံကိုမြင်တော့ မနေနိုင်ဘဲ မျက်နှာလေးကို ညှစ်လိုက်သည်။
“ဘာလုပ်တာလဲ?” မုယောင်ရဲ့ မျက်နှာလေးက ရဲသွားတော့ ပိုင်ရန် သူ့ရဲ့မျက်နှာကို အမြန်လွှတ်လိုက်သည်။
“သွားကြစို့ ယောင်ယောင်။” ပိုင်ရန်က ညင်သာစွာ ပြုံးပြီး မုယောင်ရဲ့ လက်ကိုဆွဲ၍ ကျောင်းကနေ အပြင်ကို ထွက်သွားကြသည်။ မုယောင်က အစပိုင်းမှာ ရုန်းကန်ချင်ပေမယ့် ပိုင်ရန်ရဲ့ အေးဆေးတဲ့ အမူအရာကိုမြင်တော့ ဘာမှ မလုပ်တော့ဘူး။
ရုပ်ရှင်ရုံက ကျောင်းရဲ့ အရှေ့ဘက်တံခါးကနေ သိပ်မဝေးတာကြောင့် သူတို့နှစ်ယောက် ဆယ်မိနစ်လောက် လမ်းလျှောက်လာချိန်မှာ ရုပ်ရှင်ရုံကိုရောက်သွားကြတယ်။ ဒီအချိန်အတွင်းမှာ တစ်စုံတစ်ယောက်က သူတို့နှစ်ယောက် လက်ချင်းချိတ်တာကိုမြင်ပြီး တီးတိုးပြောနေတာကို မုယောင် မြင်လိုက်ပေမယ့် ပိုင်ရန်က သူ့ရဲ့လက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားသည်။
စနေ၊ တနင်္ဂနွေဖြစ်တာကြောင့် ရုပ်ရှင်ရုံမှာ လူတော်တော်များများ ရှိနေ၏။
ပိုင်ရန်က ပေါ့ပါးတဲ့ ရိုမန်တစ်ဟာသဇာတ်ကားကို ရွေးချယ်လိုက်သည်။ သူက မုယောင်ကို လက်မှတ်စစ်ဆေးတဲ့နေရာမှာ စောင့်ခိုင်းပြီးနောက် သူက တန်းစီ၍ ပေါက်ပေါက်ဆုပ်တစ်ပုံးကြီးနဲ့ ကိုကာကိုလာ နှစ်ခွက်ကို ဝယ်လိုက်သည်။
“ပိုင်ရန်က လှလိုက်တာ။ ဒါပေမယ့် သူ့မှာ ရည်စားပါဝါအများကြီး ရှိတယ်” မုယောင်ရဲ့ နားရွက်လေးတွေ နည်းနည်း ရဲသွားကာ သူ့စိတ်ထဲမှာ တွေးလိုက်သည်။
ပိုင်ရန်ရဲ့ ရုပ်ရှင်ရွေးချယ်မှုက ကောင်းမွန်ပြီး ဇာတ်အိမ်ကလည်း ကျစ်လျစ်ပြီး ရယ်စရာတွေ အများကြီးပါသည်။ မုယောင် တစ်ကားလုံး ကြည့်နေချိန်မှာ ပျော်ရွှင်စွာ ပြုံးနေသည်။နောက်ကျမှ ပိုင်ရန်က သူ့ကို ပေါက်ပေါက်ဆုပ် ဘယ်လောက်တောင်ခွံ့ကျွေးခဲ့လဲဆိုတာ သူသိချင်နေမိသည်။
နှစ်ယောက်စလုံးက အရမ်းကြည့်ကောင်းကြတော့ ရုပ်ရှင်ပြီးလို့ ထွက်လာတာနဲ့ မိန်းကလေးချောလေးနှစ်ယောက်က သူတို့ရဲ့ WeChat အကောင့်ကို လာတောင်းကြသည်။
ပိုင်ရန်က ဒီလိုကိစ္စမျိုးကို အများကြီး ကြုံဖူးတဲ့ပုံပဲ။ သူက မိန်းကလေးကို ညင်ညင်သာသာ ယဉ်ကျေးစွာ ငြင်းလိုက်ပြီး မုယောင်ကို ဆွဲခေါ်သွားလိုက်သည်။
အချိန်က အရမ်းမနှောင်းသေးတာကြောင့် သူတို့နှစ်ယောက်က ဟော့ပေါ့ စားဖို့ ဟော့ပေါ့ဆိုင်တစ်ဆိုင်ကို ရှာတွေ့ခဲ့ကြသည်။
ဟော့ပေါ့ဆိုင်က ထွက်လာတော့ အမှောင်ကျနေပြီမို့ သူတို့နှစ်ယောက် ကျောင်းတံခါးဆီကို လမ်းလျှောက်သွားကြလိုက်သည်။
သူတို့နှစ်ယောက် လမ်းတစ်လျှောက်လုံး စကားပြောရင်း ရယ်မောနေကြပေမယ့် အရှေ့ဘက်တံခါးမှာ ကားတစ်စီးရပ်ထားတာကို ဘယ်သူမှ သတိမထားမိလိုက်ကြဘူး။ ကားထဲတွင် ရုပ်ရည်ချောမောပေမယ့် မျက်နှာညှိုးငယ်နေတဲ့ ယောက်ျားတစ်ယောက် ထိုင်နေ၏။
Chapter 28 end
Chapter 29
ပိုင်ရန်က မုယောင်ကို အဆောင်အောက်ထပ်ထိ လိုက်ပို့ပေးခဲ့သည်။ နှစ်ယောက်လုံး တစ်က်ုယ်တည်းသမားတွေဆိုပေမယ့် အဆောင်ရဲ့ အတွင်းပိုင်းစီစဉ်မှုတွေကြောင့် ပိုင်ရန်က ဒီမှာနေ၍ မရပေ။
ပိုင်ရန်က မုယောင် အပေါ်ထပ်ကို တက်သွားတာကို ကြည့်ပြီးမှ ထွက်သွား၏။
မုယောင် ပျော်ပျော်ရွှင်ရွှင် အပေါ်ထပ်ကို တက်သွားရင်း ဖုန်းနဲ့ ဆော့နေသည်။ ထိုအချိန်တွင် မုယွင်ဇီဆီက ဖုန်းလာမယ်လို့ မမျှော်လင့်ထားဘူး။
မုယောင်လည်း လန့်သွားသည်။ အရင်တစ်ခါက ဖြစ်ခဲ့တဲ့ကိစ္စတွေက သူ့ကို အရိပ်မည်းကြီးတစ်ခုလို ဖြစ်စေခဲ့၏။ မုယွင်ဇီက အမှားလုပ်ခဲ့တဲ့သူဆိုတာ မှန်ပေမယ့် မုယောင်က သူ့ကို စိန်ခေါ်ဖို့ ယုံကြည်မှုမရှိလို့ ရှောင်ဖယ်ရုံပဲ တတ်နိုင်ခဲ့၏။
မုယောင် ခဏလောက် ဝေခွဲမရ ဖြစ်နေပြီး ဖုန်းကျလုဆဲဆဲမှာ ဖုန်းကိုင်လိုက်သည်။
“ဟယ်လို…” မုယောင်ရဲ့အသံက တိုးတိတ်ပြီး မသေချာမရေရာသည့်အသံမျိုးဖြစ်နေ၏။
“မုယောင်၊ မင်းအိမ်ကို ပြန်မလာတာ နှစ်ပတ်တောင် ရှိပြီ” မုယွင်ဇီရဲ့အသံကလည်း ဘာမှမဖြစ်ခဲ့သလိုမျိုး တည်ငြိမ်နေသည်။
“ကျွန်တော်… ကျွန်တော် ခုတလော ကျောင်းမှာပဲ နေချင်လို့ပါ…” မုယောင်က အပြင်မှာတော့ နာခံစွာ ဖြေနေပေမယ့် စိတ်ထဲမှာတော့ မုယွင်ဇီကို ပက်ပက်စက်စက် ဆဲဆိုနေလေသည်။
ဒီလူ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အရှက်မရှိနိုင်ရတာလဲ။ သူ့ညီကို အနိုင်ကျင့်ခဲ့တာအတွက် လုံးဝ နောင်တရမနေဘူး။ ငါ့ကိုလည်း ဘာလို့ အိမ်မပြန်လာတာလဲလို့ မေးရဲသေးတယ်။
မုယောင်က မျက်လုံးကို အပေါ်လှန်ပြီး ကြည့်လိုက်တာကို အရှက်မရှိတဲ့ မုယွင်ဇီက ဖုန်းထဲကနေ လှမ်းမမြင်နိုင်ခဲ့တာက တော်တော်လေးကို နှမြောစရာကောင်းသည်။
“မုယောင်၊ အခုချက်ချင်း အောက်ထပ်ကို ဆင်းလာပြီး ငါနဲ့ အိမ်ပြန်လိုက်ခဲ့။” မုယွင်ဇီရဲ့အသံက ရုတ်တရက် မပျော်မရွှင် ဖြစ်သွားပြီး ဖုန်းပြောရင်း မုယောင်ရှိတဲ့နေရာက လေအေးပေးစက်ကို ဖွင့်လိုက်သလားတောင် အောက်မေ့မိတယ်။
“အာ..” အရမ်းလန့်သွားတာကြောင့် မုယွင်ဇီက သူ အဆောင်မှာ ရှိနေတာကို ဘယ်လိုသိနေလဲဆိုတာကိုတောင် မစဉ်းစားမိလိုက်ဘူး။
“ငါ မင်းကို အရှေ့တံခါးဝမှာ စောင့်နေမယ်။” မုယွင်ဇီက ထိုသို့ပြောပြီး ဖုန်းကို ချလိုက်၏။ မုယောင်ကတော့ သူ ဘာဖြစ်နေလဲ လုံးလုံး မသိတော့ချေ။
မုယောင်က သူ့ကို လျစ်လျူရှုပြီး အဆောင်ခန်းကို ပြန်သွားချင်ခဲ့ပေမယ့် မုယွင်ဇီ ရူးသွားရင် တစ်ခုခု လုပ်လိုက်မှာကို ကြောက်တာကြောင့် နောက်ဆုံးမှာ အောက်ထပ်ကို ဆင်းသွားခဲ့လိုက်သည်။
အရှေ့တံခါးကနေ ထွက်လာတာနဲ့ မုယောင် သူသိနေတဲ့ ကားတစ်စီးကို တွေ့လိုက်သည်။ ကားရဲ့ ယာဉ်မောင်းသူဘက် မှန်က ဖြည်းဖြည်းချင်း အောက်ကိုဆင်းသွားပြီး မုယွင်ဇီရဲ့ မျက်လုံးတွေနဲ့ သူ့ရဲ့မျက်လုံးတွေ ဆုံသွား၏။
မုယောင် ခဏလောက် ကြောင်သွားသည်။ သူက သူ့ကိုယ်သူ လင်းယုန်ငှက်ရဲ့ စိုက်ဝိုင်းကြည့်ခံနေရတဲ့ ယုန်လေးတစ်ကောင်လို ခံစားလိုက်ရသည်။
မုယောင် နောက်တံခါးကိုဖွင့်ပြီး ကားထဲကိုဝင်သွားသည်။ သူက မုယွင်ဇီနဲ့အတူ အိမ်ပြန်ဖို့လာတာ မဟုတ်ဘူး။ရူးနေတဲ့ သူ့အစ်ကိုနဲ့ စကားပြောချင်ရုံပဲ။
စကားပြောနေချိန်မှာ မုယွင်ဇီရဲ့အရှိန်အဝါက သူ့ရဲ့ကိုယ်ပိုင်အတွေးလေးတွေကို လွှမ်းမိုးသွားမှာ ကြောက်သောကြောင့် သူ နောက်ခန်းမှာ သွားထိုင်လိုက်သည်။
“ကော ကျွန်တော်တို့ စကားပြောကြရအောင်။” မုယောင် ခဏလောက် စဉ်းစားကာ သတ္တိကိုးပြီး ပြောလိုက်သည်။
မုယွင်ဇီရဲ့ မီးခိုးရောင်မျက်လုံးတွေက ကားမှန်ထဲကနေ သူ့ကို စိုက်ကြည့်ပြီး “ဘာအကြောင်း ပြောချင်တာလဲ” လို့မေးလာသည်။
“ကျွန်တော်တို့က ညီအစ်ကိုတွေလေ။ အဲဒီနေ့မှာ ဖြစ်ခဲ့တာတွေကို မေ့လိုက်ကြရအောင်….”
“အဲဒီနေ့က ငါ အရမ်းစိတ်လှုပ်ရှားနေခဲ့တာ။မေ့ဖို့ဆိုရင်… နိုးထလိုက်တော့…မဖြစ်နိုင်ဘူး။” မုယွင်ဇီက သူ့စကားကို ဖြတ်ပြောလိုက်သည်။
“မင်းကို ငါချစ်လို့ အဲဒီလိုလုပ်ခဲ့တာ။” မုယွင်ဇီက မုယောင်ကို တိုက်ရိုက်ပြောလိုက်တော့ မုယောင် ကြောင်တတ်သွား၏။
ဒီဖြစ်နိုင်ခြေကို သူ မစဉ်းစားခဲ့တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့မသိစိတ်ထဲမှာ မုယွင်ဇီရဲ့အပြုအမူအတွက် ဆင်ခြေပေးချင်နေတုန်းပဲ။
ညီအစ်ကိုချင်း ချစ်ကြိုက်တာဟာ အရမ်းတုန်လှုပ်ချောက်ခြားစရာကောင်းလွန်းသည်။ ပြီးတော့ ပိုင်ရန်ကို ကြိုက်နေတဲ့ မုယွင်ဇီက ဘာလို့ ရုတ်တရက်ကြီး သူ့ကို ကြိုက်သွားတာလဲဆိုတာကိုလည်း သူ နားမလည်နိုင်ဘူး။
မုယောင်ရဲ့မျက်နှာအမူအရာကနေ တစ်ခုခုကို ရိပ်မိသွားတဲ့ မုယွင်ဇီက စကားစပြောလိုက်သည်။
“ငါ မင်းကို ဘာလို့ ကြိုက်လဲဆိုတာ ငါလည်း မသိဘူး။ ဒါပေမယ့် အဲဒီနေ့က တခြားတစ်ယောက်နဲ့အိပ်လာတဲ့မင်းကိုမြင်ရတာ ငါ့အတွက် အဆင်မပြေဘူး”
“အဲဒါကို ချစ်သူအချစ်လို့ မဆိုနိုင်ဘူးလေ။ မိသားစုဆွေမျိုးတွေကြားမှာလည်း အဲလို ဖြစ်နိုင်တာပဲ….”
“မုယောင်” မုယွင်ဇီရဲ့ အသံက တည်ငြိမ်ပြီး ထိန်းချုပ်ထားပုံရပေမယ့် သူပြောလိုက်တဲ့ စကားတွေက အရမ်း ညစ်ညမ်းသည်။
“ဘယ်အစ်ကိုက သူ့ညီကို အဲဒီလိုရမ်းကားမှာလဲ؟” မုယွင်ဇီက နောက်တစ်ခွန်းကို အေးအေးဆေးဆေး ဆက်ပြောသည်။
“မင်းပြောတဲ့အကြံကို ဖျက်ဆီးဖို့ လုပ်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် မုယောင်၊ မင်း အပြင်မှာ တခြားသူနဲ့အိပ်တာ အပြင်မှာ ချစ်ကြိုက်နေတာမျိုးတွေကို ငါ ခွင့်မပြုဘူး။”
“ဒီဘဝမှာ မင်းက ငါ့ရဲ့လူပဲ ဖြစ်ရမယ်။”
“ကျွန်တော်က ခင်ဗျားရဲ့ညီ!” မုယောင်သည် မုယွင်ဇီ ရူးသွားပြီဟု တွေးမိသည်။
“ဘာဖြစ်လဲ၊ ငါ,မုယွင်ဇီ လိုချင်တာမှန်သမျှ မရဘူးဆိုတာ မရှိဘူး။” မုယွင်ဇီရဲ့ မျက်လုံးတွေက မုယောင်ကို တချိန်လုံး စိုက်ကြည့်နေသည်။ မုယောင်ကို သံကြိုးနဲ့ တင်းကျပ်စွာ ရစ်ပတ်ချည်နှောင်ထားသလိုပဲ။
“ကျွန်တော့်မှာ ကြိုက်တဲ့သူရှိတယ်၊ ပြီးတော့ ကျွန်တော်တို့က အတူတူ ရှိသွားကြမှာ။” မုယောင် ကြောက်ကြောက်လန့်လန့်ဖြင့် ပြောလိုက်သည်။ မုယွင်ဇီကို နောက်ဆုတ်သွားအောင် ကြိုးစားရင်းပေါ့။
“ပိုင်ရန်လား?.. သူက တကယ်ကို အရည်အချင်းရှိပြီး ကြိုးစားတဲ့လူလေးပါ။ ဒါပေမယ့် ငါနဲ့ယှဉ်ပြိုင်ဖို့တော့ မထိုက်တန်ဘူး။” မုယွင်ဇီက ထိုသို့ပြောပြီးတာနဲ့ ကားကို တန်းမောင်းထွက်သွားသည်။
“!” မုယောင်ရဲ့ ခေါင်းထဲမှာ တရုန်းရုန်း ဖြစ်သွားပြီး ဘာလို့ မုယွင်ဇီက သူ့ကို အခုချက်ချင်းထွက်လာခိုင်းတာလဲဆိုတာကို ချက်ချင်း သဘောပေါက်သွားတော့သည်။ မုယွင်ဇီက သူ ပိုင်ရန်နဲ့ ချိန်းတွေ့နေတာကို မြင်သွားလို့ပင်။
Chapter 29 end
Chapter 30
မုယောင် အိမ်ဟောင်းကို မုယွင်ဇီနဲ့အတူ ပြန်မသွားချင်ပေမယ့် တစ်လမ်းလုံး မုယွင်ဇီရဲ့မျက်နှာကြီးက တင်းမာနေပြီး မုယောင်ကို လုံးဝ အာရုံမစိုက်ဘူး။
မုယောင်တစ်ယောက် ကားပြတင်းပေါက်ရဲ့တစ်ဖက်မှာရှိတဲ့ ရှုခင်းတွေ အလျင်အမြန်နဲ့ နောက်ကိုရောက်သွားတာကို ကြည့်၍ စိတ်မအေးချမ်းစွာ ထိုင်နေသည်။ မုယွင်ဇီက သူ့ကို သူ့အိမ်ကို ခေါ်သွားသည်။
ဦးလေးချန်နဲ့ အန်တီလီတို့က သူတို့ကို လာကြိုဖို့ ထွက်မလာကြပေ။ မုယောင်ရဲ့စိတ်မအေးမှုက ဆက်ပြီး တိုးလာသည်။
ဒါပေမယ့် ကားပေါ်က ဆင်းတာနဲ့ မုယွင်ဇီက သူ့လက်ကောက်ဝတ်ကို ဆွဲပြီး သူ့အခန်းထဲကို အတင်းဆွဲခေါ်သွားသည်။
တံခါးဖွင့်လိုက်တာနဲ့ မုယောင်ကို မုယွင်ဇီက လက်ကောက်ဝတ်ကနေ ဆွဲပြီး ကုတင်ပေါ်ကို ပစ်ချလိုက်သည်။ တံခါးက “ဒုန်း” ဆိုပြီး ပိတ်သွားတော့ မုယောင်ရဲ့ ရင်ဘတ်ထဲမှာလည်း တုန်လှုပ်သွားသည်။
“ဘာလုပ်မလို့လဲ؟” မုယောင်ရဲ့အသံက တုန်ယင်နေပြီး သူ့ရဲ့ လှပတဲ့ မျက်လုံးတွေက ထွက်ပြေးလမ်းကို ရှာနေသလို ဟိုဟိုဒီဒီကို ကြည့်နေသည်။
“မုယောင်” မုယွင်ဇီက ခြေတစ်ဖက်ကို ကုတင်ပေါ်မှာ တင်ပြီး ဒူးထောက်လိုက်သည်။ အရိုးပေါ်လွင်နေတဲ့ သူ့ရဲ့ လက်ကြီးတစ်ဖက်ကို ဆန့်တန်းပြီး မုယောင်ရဲ့ မျက်နှာကို ပွတ်သပ်လိုက်သည်။
“အဲဒီညက မင်းနဲ့အိပ်ခဲ့တဲ့သူက ပိုင်ရန်ပဲ ဖြစ်ရမယ်။” သူ့ရဲ့ အသံက အရမ်းတည်ငြိမ်နေပေမယ့် မုယောင်ကတော့ သူ ပုံမှန်မဟုတ်ဘူးလို့ ခံစားလိုက်မိသည်။
“ခင်ဗျားနဲ့ ဘာဆိုင်လဲ… ဘယ်အစ်ကိုက သူ့ညီရဲ့ပါတနာကို လိုက်ဂရုစိုက်နေမှာလဲ” မုယောင်က တည်ငြိမ်စွာဟန်ဆောင်၍ လှောင်ပြောင်လိုက်သည်။
သူ့ကိုယ်သူ အရမ်းခက်ထန်တဲ့ပုံလို့ ထင်နေပေမယ့် တကယ်တော့ မုယွင်ဇီရဲ့ မျက်လုံးထဲမှာတော့ ကြောက်နေပေမယ့် ရဲရဲဝံ့ဝံ့ ဒေါသထွက်နေတဲ့ ကြောင်ကလေးတစ်ကောင်နဲ့ အတူတူပဲ။
“ပိုင်ရန်က မင်းနဲ့မထိုက်တန်ဘူး။ ဆင်းရဲတဲ့ကောင်လေးတစ်ယောက်က ငါတို့ မုမိသားစုက သခင်ငယ်လေးနဲ့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ” မုယွင်ဇီက မုယောင်ရဲ့စကားကို လုံးဝ ဂရုမစိုက်ဘူး။အဲ့ဒီ့အစား ဒီလှပတဲ့ ကြောင်ကလေးကို ဘယ်ကစပြီး နမ်းရမလဲဆိုတာကိုပဲ စဉ်းစားနေသည်။
“သူက မထိုက်တန်ဘူးဆိုတာ ဟုတ်တယ်၊ ဒါပေမယ့် ခင်ဗျားကရော ထိုက်တန်လို့လား” မုယောင်က မဆင်မခြင်လွှတ်ခနဲ ပြောလိုက်မိပြီး စကားဆုံးတာနဲ့ ချက်ချင်း နောင်တရသွားသည်။
“ဟုတ်တယ်၊ ငါက ထိုက်တန်တယ်လေ။” မုယွင်ဇီက ရှားရှားပါးပါး ပြုံးလိုက်ပြီး သူ့ရဲ့သဘာဝမကျတဲ့ မီးခိုးရောင် မျက်လုံးတွေမှာ သေးငယ်တဲ့ အပြုံးတစ်ခု ပေါ်လာသည်။
သူ့အမေက လူဖြူတစ်ဝက်သွေးပါတာကြောင့် မုယွင်ဇီရဲ့ မျက်လုံးတွေကလည်း သာမန်လူတွေနဲ့ မတူဘူး။
“ဒါပေမယ့် ကျွန်တော်က ခင်ဗျားရဲ့ မွေးချင်းညီလေ! ကျွန်တော်က ခင်ဗျား အပြင်မှာတွေ့တဲ့ ချောချောလှလှကောင်လေးတွေလိုမျိုး မဟုတ်ဘူး!”
မုယောင်ရဲ့ စကားလုံးတွေက ဒေါသကြောင့် တုန်ရီနေသည်။ မုယွင်ဇီက ညီအစ်ကိုချင်း ဖောက်ပြန်တဲ့ ကိစ္စကို ဘယ်လိုလုပ် ဒီလောက်တောင် အေးအေးဆေးဆေးပြောနိုင်ရတာလဲဆိုတာကို သူ နားမလည်နိုင်ဘူး။
“ဘာဖြစ်လဲ.. မင်းက မုမိသားစုကဖြစ်နေကတည်းက မင်းက ငါ့ရဲ့လူပဲ။” မုယွင်ဇီက အစပိုင်းမှာ မိသားစုဆက်ဆံရေးကြောင့် ချည်နှောင်ခံထားရတာ မှန်ပေမယ့် ဒီမုမိသားစုရဲ့ နှင်းဆီလေးကို တခြားသူတွေက ပြုစုစောင့်ရှောက်ပေးတဲ့ ခံစားချက်ကို သူ သည်းမခံနိုင်ဘူး။
သူ အောက်ကို ငုံ့ပြီး မုယောင်ရဲ့ နီရဲတဲ့ နှုတ်ခမ်းတွေကို တိုက်ရိုက် ဖိကပ်ပြီး သူ့ကို ပြင်းထန်စွာ နမ်းလိုက်သည်။ သူ့လက်မှာ အား အနည်းငယ်ထည့်ပြီး မုယောင်ရဲ့တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းတွေကို ဖွင့်လိုက်ကာ သူ့လျှာက မုယောင်ရဲ့ချိုမြိန်တဲ့ ပါးစပ်ထဲကို တန်းဝင်သွားသည်။ဝင်မွှေနေသည်မှာ နေရာ တစ်လက်မလေးတောင် မလွတ်စေဘူး။
“ဖယ်!…” မုယောင်သည် သစ္စာဖောက်ခံလိုက်ရတဲ့ ခံစားချက်ကြောင့် အရမ်းခံစားသွားပြီး မျက်ရည်တွေ ဝဲလာသည်။လက်ဆန့်ကာ မုယောင်ရဲ့ ရင်ဘတ်ကျယ်ကြီးကို တွန်းထုတ်ဖို့ လုပ်လိုက်သည်။
မုယွင်ဇီက သူ့လက်ဖြင့် ပါးလွှာတဲ့ အဖြူရောင် လက်ကောက်ဝတ်လေးကို ဖမ်းဆုပ်လိုက်ပြီး သူ့နှုတ်ခမ်းဆီကို ယူသွား၍ ဂရုတစိုက် နမ်းလိုက်သည်။
မုယောင် နောက်ဆုံးမှာ အသက်ရှူဖို့ အခွင့်အရေးရသွားသည်။ သူ့ရဲ့ရင်ဘတ်က အဆက်မပြတ် အထက်အောက် တက်လိုက်ကျလိုက် ဖြစ်နေပြီး သူ့ရဲ့နောက်ကျောကလည်း ပျံသန်းတော့မည့် လိပ်ပြာငယ်လေးတစ်ကောင်လို တုန်ယင်နေသည်။
မုယွင်ဇီက မုယောင်ရဲ့ပုခုံးကို ဖက်ပြီး သူ့ရဲ့လက်မောင်းထဲမှာ ထားလိုက်သည်။
“မုယွင်ဇီ၊ ကျွန်တော်တို့ ညီအစ်ကိုတွေအဖြစ်နဲ့ပဲ နေလို့မရဘူးလား” မုယောင်က တွန့်ဆုတ်စွာနဲ့ မေးလိုက်သည်။
သူ့ရဲ့ နှုတ်ခမ်းတွေက မုယွင်ဇီရဲ့အနမ်းကြောင့် ရဲရဲလေး ဖောင်းနေပြီး အသံကလည်း တုန်ရီနေသည်။ သူ့ကို ကြည့်ရတာ အရမ်းကို သနားစရာကောင်းနေ၏။
“အစ်ကိုတို့တွေ ညီအစ်ကိုတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မင်းကတော့ အစ်ကိုရဲ့လူပဲ ဖြစ်နေရမယ်။” မုယွင်ဇီက လက်ဆန့်ပြီး မုယောင်ရဲ့အင်္ကျီကို အပေါ်ကနေ ဖြုတ်လိုက်ပြီး သူ့ရဲ့ ညှပ်ရိုးကို အသည်းအသန် ငုံ့နမ်းလိုက်သည်။
မုယောင်က မလိုချင်ပေ။ ဒါကြောင့် သူ အပြင်းအထန် ရုန်းကန်လိုက်သည်။သို့သော် သူက အလိုလိုက်ခံထားရတဲ့ သခင်ငယ်လေးတစ်ယောက်သာဖြစ်သောကြောင့် သူ့ထက် အရပ်လည်းရှည် ပိုပြီးတော့လည်းသန်မာတဲ့ လူကြီးတစ်ယောက်ရဲ့အားကို မတွန်းကန်နိုင်ပေ။
မုယွင်ဇီက သူ့ရဲ့ ရုန်းကန်မှုကို လုံးဝ ဂရုမစိုက်ချေ။ သူ့ရဲ့ စိုစွတ်ပြီး စေးကပ်တဲ့ အနမ်းတွေက တုန်ရီနေတဲ့ ပန်းရောင် အဖုလေးကို နမ်းမိတဲ့အထိ ဆက်တိုက်သွားနေသည်။
မုယွင်ဇီရဲ့ လျှာက ပန်းရောင်အသီးလေးကို လျက်လိုက် စုပ်လိုက်လုပ်နေသည်။ သူက သူ့ရဲ့သွားတွေနဲ့ နို့သီးခေါင်းလေးကို ညင်သာစွာ ကိုက်လိုက်တော့ ခံစားလွယ်တဲ့ ပဲနီလေးက ဖြည်းဖြည်းချင်း ပိုကြီးပြီး ပိုရဲလာသည်။
“နာတယ်….မလိုချင်ဘူး၊ ဖယ်ပေး…” မုယောင် အော်ဟစ်ပြီး သူ့အပေါ်မှာ မဖွယ်မရာပြုမူနေတဲ့လူကို ကန်ဖို့ သူ့ရဲ့ ခြေထောက်တွေကို ဆန့်လိုက်သည်။ ဒါပေမယ့် ထိုလူက သူ့ရဲ့ ခြေတံရှည်တွေကို မုယောင်ရဲ့ခြေထောက်နှစ်ခုကြားထဲမှာ ဖိထားလိုက်သည်။
Chapter 30 end