⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 34+35+36

Little Creampie:
Chapter 34

မုယောင် တစ်လမ်းလုံး ပြေးလာပြီး အဆောင်ကိုရောက်တော့ အခန်းဖော်တွေက သူ့ကို စနောက်ကြတယ်။

“မုယောင်၊ ဘာလို့ ပြေးလာတာလဲ။ ခွေးလိုက်လာလို့လား?”

ဒီsemesterမှာ အရမ်းဆိုးတဲ့ ခွေးလေခွေးလွင့်တစ်ကောင် သူတို့ကျောင်းဝန်းထဲရောက်လာပြီး ကျောင်းဝန်းထဲက လူတွေကို ကျပန်းလိုက်ဖမ်းရတာ သဘေကျသည်။

“…အဲလိုသဘောပါပဲ” လို့ မုယောင်က အသက်ကို မှန်မှန်ရှူပြီး လော့ယင်နဲ့ခွေးက မတူဘူးလို့တွေးလိုက်သည်။သူက ခွေးလောက်တောင် မကောင်းဘူး။ အနည်းဆုံးတော့ ခွေးလေးက ချစ်ဖို့ကောင်းသေးတယ်။

မုယောင် အပေါ်ထပ်အင်္ကျီနဲ့ ဘောင်းဘီကိုချွတ်ပြီး အိပ်ရ
ပေါ်တက်သွားတယ်။ သူ အိပ်ရာထဲကို ဝင်လိုက်တာနဲ့ ဖုန်းမှာ လူသုံးယောက်ဆီက မက်ဆေ့ခ်ျသုံးခု ရောက်လာတာကို တွေ့လိုက်ရတယ်။

ပိုင်ရန်က သူ့ကို ညစာ ဘာစားချင်လဲလို့ မေးပြီး ညဘက် သူ့နဲ့ အပြင်ထွက်စားချင်ကြောင်း WeChat မှာ မေးထားတယ်။

မုယွင်ဇီက WeChatမှာ မေးရုံတင်မက ဖုန်းလည်းဆက်လာတယ်။ သူ့ကို အိမ်ပြန်လာဖို့ WeChat မှာ ပြောထားပေမယ့် သူ ဂရုမစိုက်ခဲ့ဘူး။

သူ တစ်ပတ်ကျော်လောက် လျစ်လျူရှုထားတဲ့ ဖေးယန်ရှင်းလည်း မက်ဆေ့ခ်ျပို့လာပြီး ဘာလို့ သူ့ကို ဒီလောက်ကြာအောင် ဂရုမစိုက်တာလဲ၊ သူ ဘာမှားလို့လဲ၊ နောက်ဆို သူ့နဲ့ ဂိမ်းအတူ မဆော့ချင်တော့ဘူးလားလို့ မေးလာတယ်။

မုယောင်က ဒီအချိန်မှာ သူ့ကိုယ်သူ ကမ္ဘာ့အဆိုးဆုံး လူဆိုးကြီးတစ်ယောက်လို့ ခံစားလိုက်ရတယ်။

သူက ပိုင်ရန်ရဲ့မက်ဆေ့ခ်ျကို အရင်ဆုံး ပြန်လိုက်ပြီး ညစာကို သူကိုပဲ ဆုံးဖြတ်ခိုင်းလိုက်တယ်။ ပြီးတော့ သဘာဝကျကျ မုယွင်ဇီရဲ့မက်ဆေ့ခ်ျကို ကျော်သွားပြီး ဖေးယန်ရှင်းရဲ့ မက်ဆေ့ခ်ျကို ပြန်ဖို့ စဉ်းစားလိုက်တယ်။

တကယ်တော့ မုယောင်လည်း အရမ်းစိတ်ရှုပ်နေတာ။ ဘာလို့လဲဆိုတော့ သူ တာ့ယွဲရှင်းက ဖေးယန်ရှင်းမှန်း မသိခင်က ဖေးယန်ရှင်းနဲ့ ဂိမ်းအတူဆော့ရတာကို အရမ်းကြိုက်ခဲ့တာပါ။

ဖေးယန်ရှင်းရဲ့ အသံက အရမ်းချိုမြပြီး ဆဲဆိုခြင်းလည်း မရှိဘဲ သူ့ကို စကားပြောဖော်လည်း လုပ်ပေးသေးတယ်။ ဂိမ်းကျွမ်းကျင်မှုလည်း အရမ်းကောင်းတာကြောင့် ပြီးပြည့်စုံတဲ့ ဂိမ်းကစားဖော်လို့ ပြောလို့ရတယ်။

ဒါပေမယ့် တာ့ယွဲရှင်းက ဖေးယန်ရှင်းဖြစ်မှန်း သိလိုက်ရတော့ သူ အရမ်းစိတ်ပျက်သွားတယ်။

သူနဲ့ပိုင်ရန်က ချစ်သူတွေ ဖြစ်သွားကြပြီး မုယွင်ဇီနဲ့လည်း ဆက်ဆံရေးက မရေမရာ ဖြစ်နေတယ်။ လော့ယင်က ဘာလို့ အခုလိုရူးနေလဲ မသိသလို ခန်ချင်းဟန်နဲ့လည်း အရမ်းကိုးယို့ကားယားနိုင်တဲ့ ညတစ်ည ရှိခဲ့ဖူးတယ်။

မုယောင်က သူ ပိုင်ရန်ရဲ့နောက်လိုက်တွေကို စုဆောင်းနေတယ်လို့ခံစားရပြီး ပိုင်ရန်ကလည်း သူ့ရဲ့ ချစ်သူ ဖြစ်သွားပြီ။

အခြေအနေက အရမ်းရှုပ်ထွေးနေပြီး သူက ဒီတိုင်းကြောင်ပေါက်လေးတစ်ကောင်လိုအဖြစ်ပဲရှိတာကို သူက ဘာတွေ လုပ်နိုင်ပြီး ဘာတွေကို အဖြေရှာနိုင်မှာလဲ။

ဒါပေမယ့် ဖေးယန်ရှင်းနဲ့ လုံးဝ အဆက်အသွယ်မလုပ်ဘူးဆိုရင်လည်း နည်းနည်းလေး နှမြောမိပြန်တယ်။

ဖေးယန်ရှင်းနဲ့ ဂိမ်းဆော့ရတဲ့ အတွေ့အကြုံက အရမ်းကောင်းပြီး မုယောင်က ဂိမ်းစဆော့ကတည်းက အရမ်းစွဲလမ်းနေတာ။

ဖေးယန်ရှင်းက မုယောင်ရဲ့ WeChat မှာ စာရိုက်နေတာကို မြင်သွားပုံရတယ်။ သူ မုယောင် ဘာပြောရမှန်း မသိခင်မှာ နောက်ထပ် မက်ဆေ့ခ်ျတစ်ခု ပို့လိုက်တယ်။

“ကြောင်ပေါက်လေး၊မင်း ငါ့ကို မကြိုက်ဘူးဆိုရင်လည်း ငါတို့ ဂိမ်းပဲအတူတူ ဆော့ကြတာပေါ့။ မတွေ့ဖူးတဲ့သူတွေလိုပဲ သဘောထားလိုက်ပါ။”

(TN/ မောင်မောင် လို့မရေးတော့ဘဲ ကြောင်ပေါက်လေး လို့ပဲ ရေးပါတော့မယ်။ မောင်မောင်ဆို feel အောက်သလို ခံစားရလို့ QwQ)

မုယောင် ရှက်ရှက်နဲ့ စိတ်လှုပ်ရှားသွားတယ်။

​​ဖေးယန်ရှင်းက နောက်ထပ် ပြင်းထန်တဲ့ထိုးနှက်မှုတစ်ခုကို ပေါင်းထည့်လာတယ်။

“ဒီည ငါ အားတယ်။မင်းကို ကြယ် ၃၀ထိရောက်အောင် ခေါ်သွားပေးမယ်။ ကျန်တာတွေ နောက်မှ ကစားကြတာပေါ့။ ရာသီမကုန်ခင်  မင်းကို ပြည်နယ်အဆင့် နံပါတ်တစ်၊ လီပိုင်အဖြစ် ရအောင် လုပ်ပေးမယ်။”

“!” မုယောင် ငြင်းဆန်ချင်ပေမယ့် တစ်ဖက်လူက တကယ်ကို အများကြီး ပေးလာတာကြောင့် ငြင်းဆန်ဖို့ ခက်ခဲသွားတယ်။

“ဟုတ်ပြီလေ၊ ဒီည ကစားကြတာပေါ့” လို့ မုယောင်က ကြောင်လေး ခေါင်းလေးထုတ်နေတဲ့ အီမိုတီကွန်လေး ပို့လိုက်တယ်။

ဖုန်းတစ်ဖက်က ဖေးယန်ရှင်း သက်ပြင်းချလိုက်ပြီး စိတ်အခြေအနေက ကြည်လင်လာတယ်။

အရင်တုန်းကဆိုရင် သူ့ကို ဒီလို ဂရုမစိုက်တဲ့ ဘယ်သူ့ကိုမဆို လျစ်လျူရှုမိမှာပဲ။ ဒါ့အပြင် သူက မုယောင်ကို အရင်က မကြိုက်ခဲ့ဘူး၊ သူ့ကို ပျက်စီးနေတဲ့ ဒုတိယမျိုးဆက်သခင်ငယ်လေးလို့ ထင်ခဲ့တယ်။

ဒါပေမယ့် သူတို့ အတူတူ နေပြီးတဲ့နောက် မုယောင်က အရမ်းချစ်ဖို့ကောင်းပြီး စိတ်ဝင်စားဖို့ကောင်းတယ်လို့ ခံစားလိုက်ရတယ်။ ပထမဆုံး တွေ့ဆုံချိန်မှာတောင် အရင်က အကြိမ်ပေါင်းများစွာ တွေ့ဖူးတဲ့ မုယောင်ရဲ့ လှပတဲ့ မျက်နှာကို ကြည့်ပြီး ချက်ချင်း ကြွေသွားခဲ့တယ်။

မုယောင်ရဲ့အပြောင်းအလဲကို ရှင်းပြဖို့က ခက်တယ်။ သူက အရင်က ဝိညာဉ်မရှိတဲ့ ရှေးဟောင်းရုပ်သေးရုပ်တစ်ရုပ်လို လှပပေမယ့် ပျက်စီးပြီး ပုပ်သိုးနေတဲ့သဘောကို ဖော်ညွှန်းနေခဲ့တယ်။ အခုတော့ သူ့ကို ဝိညာဉ်တစ်ခု ပေးအပ်လိုက်ရသလိုပါပဲ။ သူ့ရဲ့ လှုပ်ရှားမှုတိုင်းက လန်းဆန်းတောက်ပနေပြီး နံနက်ခင်းမှာ နေရောင်ခြည်ကို ကြိုဆိုပြီး နှင်းရည်တွေကို

ခါထုတ်နေတဲ့ နှင်းဆီပန်းလေးလိုပဲ။

ဒီလို ကြည်လင်ပြီး လန်းဆန်းတောက်ပတဲ့ အလှကို ဘယ်သူမှ မကျရှုံးဘဲ မနေနိုင်ဘူး။ ဖေးယန်ရှင်းလည်း ထို့နည်း၎င်းပဲ။

ဒါပေမယ့် မုယောင်က သူ့ကို သိပ်မကြိုက်ဘူးလို့ ထင်ပါတယ်။ ပထမဆုံး တွေ့ဆုံချိန်မှာတောင် မုယောင်ရဲ့ ငြင်းဆန်မှုကို ခံစားမိခဲ့တယ်။ကံကောင်းထောက်မစွာ မုယောင်က ချစ်စရာကောင်းတဲ့၊ ချော့မော့ရလွယ်တဲ့ လူငယ်လေးဖြစ်နေတာကြောင့် သူ့ရဲ့ “ဂိမ်း” လို့ခေါ်တဲ့ ငါးစာကို အမိအရ ကိုက်ယူခဲ့တယ်လေ။

Chapter 34 end

Chapter 35

 

မုယောင်ဟာ ဂိမ်းကို ဒီလောက်ပျော်ရွှင်စွာ မကစားရသည်မှာ ကြပြီ။

ဒီရက်ပိုင်းတွေမှာ သူ ဖေးယန်ရှင်းကို ရှောင်နေခဲ့တယ်။ သူ့အတွက် ဂိမ်းအတူကစားပေးဖို့ အခြားလူကို ရှာဖွေခဲ့ပေမယ့်  သူတို့ရဲ့ ကျွမ်းကျင်မှုက မလုံလောက်တာနဲ့ စိတ်ဝင်စားစရာ မကောင်းတာတွေကြောင့် မုယောင်ကစားရတာ ပျော်ရွှင်တယ်လို့ မခံစားရဘူး။

ဒါက ငါးကြီးအသားတွေကိုပဲ စားတာ အသားကျနေတော့ ဟင်းသီးဟင်းရွက်တွေကို စားရတာ ခက်ခဲသွားတာနဲ့ တူပါတယ်။

မုယောင် ကုတင်ပေါ်မှာ ပေါင်ပေါ်လက်တင်ပြီး သက်ပြင်းချလိုက်တယ်။

“မုယောင်၊ မင်းဘာဖြစ်နေတာလဲ?” သူ့ဘေးက အခန်းဖော်က သူ့ရဲ့ သက်ပြင်းချသံကို ကြားတော့ မေးလာတယ်။

“ကောင်းမွန်တဲ့ ပေါင်လုံးတစ်ခုကနေ(ဂိမ်းမှာ ကူညီပေးနိုင်သူ) ယူလာပေးတဲ့ ဂိမ်းပျော်ရွှင်မှုကို တွေးမိလို့ပါ။” မုယောင်က ဝမ်းနည်းတဲ့လေသံနဲ့ ပြောပြီး သူ့စိတ်ထဲမှာ တောက်လျှောက် တွေးနေမိတယ်။ဖေးယန်ရှင်းသာ  ‘လပေါ်သို့ လျှောက်လှမ်းခြင်း'(တာ့ယွဲရှင်း)မဟုတ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။

“…” အခန်းဖော်က သူ့ကို ဘာပြောရမှန်း မသိတော့ဘဲ သူ့ကို ဂရုမစိုက်တော့ဘူး။

မုယောင်ဟာ ကျောင်းရဲ့ ဥပဒေအသင်းမှာ ပါဝင်ခဲ့ပြီး အသင်းရဲ့ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတို့က မူလတန်းကျောင်းကို ဥပဒေအကြောင်း ပို့ချပေးတဲ့ အစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့တယ်။

မုယောင်က သူ့ကိုယ်သူလည်း မသွားဖူးသေးတာကြောင့် နာမည်စာရင်းပေးပြီး သွားရောက်လေ့လာချင်ခဲ့တယ်။

သူနဲ့ တချို့လူတွေက နေရာမှာ စည်းကမ်းထိန်းသိမ်းရေး တာဝန်ကို ခွဲဝေပေးခံရတယ်။

ထွက်ခွာမယ့်နေ့မှာ သူက သပ်သပ်ရပ်ရပ် ဝတ်ဆင်ပြီး အဖြူရောင်တီရှပ်၊ ဂျင်းဘောင်းဘီနဲ့ ဘေ့စ်ဘောဦးထုပ်ကို ဝတ်ဆင်ပြီး ကလေးတွေကို နေရောင်ခြည်နဲ့အတူကြည့်ကောင်းတဲ့ အစ်ကိုကြီးတစ်ယောက်ရဲ့ ပုံရိပ်ကို ပေးချင်ခဲ့တယ်။

“မုယောင်က တကယ်ကို ကြည့်ကောင်းရုံတင် မဟုတ်ဘူး၊ သူ့ကိုယ်သူလည်း အမြဲတမ်း ကြည့်ကောင်းအောင် ပြင်ဆင်တတ်သေးတယ်။”

“ဒါက ချောမောတဲ့သူရဲ့ ကိုယ်ပိုင်အရည်အချင်းပဲ။”

အသင်းထဲက မိန်းကလေးနှစ်ယောက်က တီးတိုးပြောနေကြသည်။ မုယောင်က တကယ်တော့ ကြားလိုက်ရပေမယ့် မကြားချင်ယောင်ဆောင်ပြီး ခပ်တည်တည်နဲ့ ချောမောတဲ့ လူကြီးလူကောင်းတစ်ယောက် ဖြစ်ဖို့ ဆုံးဖြတ်လိုက်လေတယ်။

ပိုင်ရန်က ဒီနေ့မှာ အချိန်ပိုင်းအလုပ်တွေ ရှိတာကြောင့် မုယောင်နဲ့ အတူ မသွားနိုင်ဘူး။

မုယောင်က ပိုင်ရန်ကို အလုပ်တွေ အများကြီးလုပ်ရတဲ့အပေါ် နည်းနည်းလေး စိတ်မကောင်းဖြစ်မိပေမယ့် ပိုင်ရန်က သူ့ပိုက်ဆံကို မယူချင်တော့ မုယောင်လည်း မတတ်နိုင်ဘူး။

 

သူသိတယ်။ပိုင်ရန်က သူ့ကို မချစ်ဘဲ မုမိသားစုရဲ့ ငွေကြေးနဲ့ အာဏာကိုပဲ လိုချင်လို့ အတူတူရှိနေတယ်လို့ မုယောင် ထင်မှာကို ကြောက်နေတာကိုပေါ့။ ဒါပေမယ့် မုယောင်က ပိုင်ရန်ဟာ အဲ့လိုလူမျိုး မဟုတ်ဘူးဆိုတာ သိတယ်။ ပိုင်ရန်က ကြင်နာပြီး ခံနိုင်ရည်ရှိတဲ့သူ။ မုယောင် အတုယူချင်ပေမယ့် ဘယ်တော့မှ ဖြစ်မလာနိုင်မယ့်သူမျိုးပေါ့။

အခု သူ့အတွက်ကံကောင်းတာက ဒီလိုလူမျိုးက သူ့ကိုပဲ မျက်လုံးထဲ ရှိနေတာပဲ။

နေရာကိုရောက်တော့ မုယောင်က ဒီနေရာဟာ သူငယ်ငယ်က တက်ခဲ့တဲ့ ပုဂ္ဂလိက မူလတန်းကျောင်းလေး ဖြစ်နေတာကို တွေ့လိုက်ရတယ်။

မုယောင်က ငယ်ငယ်လေးကတည်းက ကြည့်ကောင်းတော့ မူလတန်းကျောင်းမှာ ဆရာ၊ ဆရာမတွေက သူ့ပါးလေးကို  ဆွဲရတာကြိုက်ကြတယ်။

မုယောင်က စိတ်လှုပ်ရှားစွာ ကားထဲက ဆင်းလိုက်ပြီး အသင်းသားတွေကို ဦးဆောင်နေတဲ့ ဆရာမနောက်ကနေ ခန်းမထဲကို လိုက်သွားတယ်။

ဒီခန်းမကြီးမှာ မုယောင်က ငယ်ငယ်က ချစ်စရာကောင်းလို့ နှစ်သစ်ကူးပွဲကို ဒီမှာပဲ တင်ဆက်ဖူးသည်။ မုဖုန်းချွမ်ရော၊ မုယွင်ဇီရော မလာကြဘူး။ ဦးလေးကျန်းပဲ သူ့ကို ဓာတ်ပုံရိုက်ပေးဖို့ လာခဲ့တာလေ။

မုယောင်က ခန်းမထဲက စင်ကို ငေးကြည့်ရင်း အတွေးတွေထဲမှာ နစ်မြောနေတုန်းမှာ စည်းကမ်းထိန်းသိမ်းရေးမှာ အတူတူလုပ်တဲ့ မိန်းကလေးတစ်ယောက်က သူ့ကို ပုတ်လိုက်တယ်။

“နင် ဘာဖြစ်နေတာလဲ”  ချစ်စရာကောင်းတဲ့ ဆံပင်တိုနဲ့ မိန်းကလေးက တိုးတိုးလေး မေးပြီး သူ့ကို ဘယ်ဘက်ကို သွားပြီး နေရာယူဖို့ အချက်ပြလိုက်တယ်။

“ကျွန်တော် ဒီမှာ မူလတန်းကျောင်းတက်ခဲ့တာ။ နည်းနည်းလေး လွမ်းမိလို့ပါ” မုယောင်က သူမကို ပြုံး၍ ပြောလိုက်ပြီး ခန်းမရဲ့ ဘယ်ဘက်ကို လျှောက်သွားလိုက်တယ်။

သူ ဘေးမှာနေရာယူပြီး မကြာခင်မှာပဲ နူးညံ့တဲ့ လက်သေးသေးလေးတစ်ဖက်က သူ့အင်္ကျီစကို ဆွဲလာတယ်။

မုယောင်က အမြန်ခေါင်းငုံ့ကြည့်လိုက်တော့ ကစားကွင်းပန်းခြံမှာ တွေ့ခဲ့တဲ့ ခန်ချင်းဟန်ရဲ့ တူမလေး နျောင်နျောင်က သူ့အင်္ကျီစကို ဆွဲနေတာကို တွေ့လိုက်ရတယ်။

ကောင်မလေးရဲ့ မျက်နှာလေးက နီရဲနေပြီး မျကိလုံးလေးတွေကလည်း တဖျတ်ဖျတ်နဲ့  အရမ်းချစ်စရာကောင်းတယ်။

“ကောကော!”  သူမက မုယောင်ကို ပျော်ရွှင်စွာ ခေါ်လိုက်တော့ မုယောင်က အမြန် သူ့လက်ညှိုးကို သူမဆီ ထိုးပြပြီး “ရှူး” လို့ ပြောလိုက်တယ်။

ကောင်မလေးက ရုတ်တရက် သဘောပေါက်သွားပြီး ပါးစပ်ကို လိမ္မာစွာ ပိတ်ပြီး မုယောင်ကို ချစ်စရာကောင်းစွာ ကြည့်နေတယ်။

မု ယောင်က အောက်ကိုငုံ့ပြီး တိုးတိုးလေး မေးလိုက်တယ် “နျောင်နျောင်လေးက မူလတန်းကျောင်းတက်နေပြီလား?”

မုယောင်က နျောင်နျောင်လေးက ငါးနှစ်၊ ခြောက်နှစ်ပဲ ရှိဦးမယ်လို့ ထင်ပြီး မူလတန်းကျောင်းတက်ဖို့ အရွယ်မရောက်သေးဘူးလို့ ခံစားရတယ်။

“မဟုတ်ပါဘူး ကောကော။ ညီမလေးက ဒီမှာ သူငယ်တန်းတက်နေတာ” လို့ နျောင်နျောင်လေးကလည်း တိုးတိုးလေး ပြန်ဖြေပြီး ယဉ်ကျေးပြီး ချစ်စရာကောင်းတဲ့ ပုံစံလေးနဲ့ နေနေတယ်။

ခေတ်တွေက တကယ်ပဲ တိုးတက်ပြောင်းလဲလာပြီပဲ။ မုယောင်က ဒီမှာ သူငယ်တန်းကျောင်းတောင်ရှိနေတာကို အံ့သြသွားတယ်။

မုယောင် ငယ်ငယ်တုန်းက သူငယ်တန်းကျောင်း မသွားချင်လို့ အိမ်မှာပဲ သင်ကြားပေးတဲ့ ဆရာခေါ်ခဲ့ရတယ်။

မုဖုန်းချွမ်က သူ့ကို ဂရုစိုက်ဖို့ ပျင်းနေတာကြောင့် ဦးလေးဝမ်ကို သူ့အတွက် သင်ကြားပေးမယ့် ဆရာရှာခိုင်းခဲ့တယ်။

OS: ကိုယ်တွေရဲ့မုယောင်က မာနကြီးတဲ့ နှင်းဆီလေး။

Chapter 35 end

Chapter 36

 

လှုပ်ရှားမှုတွေ ပြီးဆုံးသွားတော့ မုယောင်က အသင်းကလူတွေနဲ့ အတူပြန်ဖို့ စဉ်းစားထားပေမယ့် နျောင်နျောင်က သူ့ကို ကြည့်ပြီး မျက်ရည်လည်တယ်တယ်နဲ့ သူ့ရဲ့ အင်္ကျီစကို ဆွဲထားပြီး ငိုတော့မယ့်ပုံစံ ဖြစ်နေသည်။

မုယောင်က နျောင်နျောင်မှာ ချစ်စရာကောင်းလွန်းလို့ သူ့ရဲ့ နှလုံးသား တုန်ခါသွားသည်။ဒီလိုနဲ့ အသင်းကလူတွေကို အရင်ပြန်ခိုင်းပြီး သူကတော့ ကျန်နေခဲ့တယ်။

သူနဲ့နျောင်နျောင်တို့ သိကျွမ်းကြောင်းနဲ့ သူက ဥပဒေအကြောင်း ပို့ချပေးတဲ့ တက္ကသိုလ်ကျောင်းသား စေတနာ့ဝန်ထမ်းဖြစ်ကြောင်း သိရတဲ့အတွက် သူငယ်တန်းကျောင်းရဲ့ တာဝန်ရှိဆရာမက သူ့ကို ခဏလောက်နေခွင့်ပေးလိုက်သည်။ နောက်ထပ် နာရီဝက်လောက်ဆို သူငယ်တန်းကျောင်းလည်း ဆင်းတော့မှာ။

နျောင်နျောင်က မူယောင်ရဲ့ ရင်ခွင်ထဲကို အလိုလို တိုးဝင်ပြီး သူ့ကို ဖက်လိုက်တယ်။ သူမက ကောကောအချောလေးက ကြည့်ကောင်းသလို မွှေးလည်းမွှေးလို့ သူမ မြင်ဖူးတဲ့လူတွေထဲမှာ အကောင်းဆုံးလူလို့ ထင်သည်။

 

တခြားကလေးတွေလည်း မုယောင်ကို စိတ်ဝင်စားကြပေမယ့် နျောင်နျောင်လေးက အရမ်းတန်ဖိုးထားတတ်ပြီး ဘယ်သူနဲ့မှ မမျှဝေချင်ဘူး။ တစ်ယောက်ယောက်က လာလုရင် သူမက ငိုတော့မှာမို့ မုယောင်က သူ့ကိုပဲ အာရုံစိုက်ပြီး ချော့နေရတယ်။

ကျောင်းဆင်းချိန်ရောက်တော့ ဆရာမက နျောင်နျောင်ကို ခေါ်သွားပြီး သူမကို လာကြိုမယ့်သူကို စောင့်နေသည်။

မုယောင်လည်း တကယ်တော့ ပြန်ရတော့မှာ။ ဒါပေမယ့် နျောင်နျောင်က မသွားခိုင်းတော့ မုယောင်လည်း သူလိုပဲ စောင့်နေရတော့သည်။

မထင်မှတ်ဘဲ လာကြိုတဲ့သူက ခန်ချင်းဟန် ဖြစ်နေ​ေလတယ်။ မုယောင်က သူ့ကိုမြင်တော့ သူ့ရဲ့ ကံကောင်းမှုကို မယုံနိုင်လောက်အောင် ဖြစ်သွားတယ်။

ဒီခန်ချင်းဟန်က နျောင်နျောင်ရဲ့ဦးလေး မဟုတ်ဘူးလား၊ ဘာလို့ အမြဲတမ်း ကလေးထိန်းနေရတာလဲ၊ သူဌေးတွေက ဒီလောက်အားနေကြတာလား။

မုယောင်က စိတ်အနှောင့်အယှက်ဖြစ်သွားပေမယ့် ခန်ချင်းဟန်ကို မဆက်မဖြစ် နှုတ်ဆက်လိုက်ရတယ်။

ခန်ချင်းဟန်က မုယောင်ကိုမြင်တော့ မျက်လုံးထဲမှာ အံ့အားသင့်သွားပြီး ယဉ်ကျေးတဲ့ အပြုံးနဲ့ မုယောင်ကို နှုတ်ဆက်လိုက်တယ်။

ဆရာမက နျောင်နျောင်ကို ခန်ချင်းဟန်ဆီ ပို့ပေးပြီး အလုပ်ဆင်းသွားတယ်။ ခန်ချင်းဟန်ရဲ့ ဖိတ်ခေါ်မှုနဲ့ နျောင်နျောင်ရဲ့ မျက်လုံးလေးတွေကြောင့် မုယောင်က ခန်ချင်းဟန်ရဲ့ ကားပေါ်ကို တက်လိုက်ရတယ်။

အဲ့ဒီနေ့က ရှက်စရာကောင်းတဲ့ ကိစ္စကို မုယောင်က ဘာပြောရမှန်း မသိတော့ဘူး။

ခန်ချင်းဟန်ကလည်း နောက်ခန်းမှာ နျောင်နျောင်ထိုင်နေတာကြောင့် အဲ့ဒီအကြောင်းကို ဘာမှ မပြောဘူး။

သူက ကားမောင်းရင်း မုယောင်ကို ညစာစားပြီးပြီလားလို့ မေးတော့ မုယောင်က စားပြီးပြီလို့ ဖြေချင်ပေမယ့် ကျောင်းမှာ တစ်နေ့လုံးနေခဲ့ပြီး နောက်ခန်းမှာ နျောင်နျောင်လည်း ထိုင်နေတော့ လိမ်ပြောဖို့ဆိုတာ ခက်တယ်။

မုယောင်က သက်ပြင်းချပြီး မစားရသေးဘူးလို့ ပြောလိုက်တော့ ခန်ချင်းဟန်က ရယ်ပြီး သူ့ကို ညစာအတူစားဖို့ ခေါ်ပါတော့တယ်။

မုယောင်က ငြင်းချင်ပေမယ့် ခန်ချင်းဟန်က သူ့ကို အရင်ပြောလာတယ်။

“မုသခင်ငယ်လေးက ကျွန်တော့်ကို မျက်နှာလေးတောင် မပေးချင်ဘူးလား?”ခန်ချင်းဟန်ရဲ့ အသံက တည်ငြိမ်ပြီး နည်းနည်းလေး ဝမ်းနည်းနေသလိုပဲ။

မုယောင်က ထိုလူဟန်ဆောင်နေတာကို သိပေမယ့် ခန်မိသားစုနဲ့ မုမိသားစုက အမြဲတမ်း ဆက်ဆံရေးကောင်းနေပြီး သူက မာမိသားစုရဲ့ သခင်လေးအနေနဲ့ ခန်ချင်းဟန်ရဲ့ ဖိတ်ခေါ်မှုကို ထပ်ခါထပ်ခါ ငြင်းပယ်တာက မသင့်တော်ချေ။

“မစ္စတာကန်က ဘာပြောတာလဲ၊ ဒါဆို ကျွန်တော်တို့ ဟယ်ထန်မှာ သွားစားကြရအောင်။” မုယောင်က အပြုံးနဲ့ ပြောလိုက်တယ်။

 

ခန်ချင်းဟန်က မုယောင်ရဲ့စီးပွားရေးဆန်ဆန် ဟန်ဆောင်တဲ့ပုံစံလေးကို ကြည့်ပြီး သူ့ကို ပိုချစ်စရာကောင်းတယ်လို့ ခံစားလိုက်ရတယ်။

ခန်ချင်းဟန်က နျောင်နျောင်ကို သူ့အစ်မအိမ်ကို ပို့ပေးပြီး ဟယ်ထန်ကို မောင်းသွားလိုက်တယ်။

ဟယ်ထန်က အဆင့်မြင့်တရုတ်စားသောက်ဆိုင်တစ်ခုဖြစ်ပြီး ရှေးဟောင်းယဉ်ကျေးမှုပုံစံကို အထူးပြုထားတယ်။ ဆိုင်ရဲ့ အပြင်အဆင်တစ်ခုလုံးက ထန်မင်းဆက်ပုံစံဖြစ်ပြီး လက်ဖက်ရည်နဲ့ မုန့်တွေလည်း အဲ့လိုပါပဲ။

ပြီးတော့ သူတို့ဆိုင်ရဲ့ ဟင်းလျာတွေက ရှေးနည်းအတိုင်း ချက်ပြုတ်ထားတာမို့ အရသာလည်းကောင်းပြီး တမူထူးခြားလှတယ်။

 

မုယောင်က အရင်တစ်ခါက ချီစစ်စစ်နဲ့ ဒီကိုလာဖူးပြီး နှစ်ယောက်လုံးက ဒီကမုန့်တွေကို ကြိုက်သွားကြတာ။

ဒီနေရာက တကယ်တော့ အသင်းဝင်စနစ်နဲ့။ မုယောင်နဲ့ ချီစစ်စစ်တို့ အရင်တစ်ခါက လာတုန်းက ငွေအားနဲ့ မိသားစုနောက်ခံအားကို သုံးခဲ့ရတာ။

ခန်ချင်းဟန်ကတော့ ဒီမှာ အသင်းဝင်ဖြစ်ပုံရတယ်။ သူဝင်လိုက်တာနဲ့ ဝန်ထမ်းတွေက သူ့ကို အခန်းတစ်ခန်းကို ခေါ်သွားပါတယ်။

မုယောင်က သူ့နောက်က လိုက်သွားရင်း သူဌေးတစ်ယောက်ဖြစ်ရတာ တကယ်ကို ဂုဏ်သိက္ခါရှိပြီးအထင်ကြီးစရာကောင်းပေမယ့် သူ့မှာ အဲ့ဒီလိုဉာဏ်ရည်မျိုး မရှိတာ ဝမ်းနည်းစရာပဲ။

ထိုင်လိုက်တာနဲ့ ခန်ချင်းဟန်က နာမည်ကြီးဟင်းလျာတွေကို နှစ်မျိုး သုံးမျိုးလောက် မှာပြီး မုယောင်ကိုလည်း ကြိုက်တဲ့ ဟင်းလျာတွေ မှာခိုင်းတယ်။

မုယောင်လည်း အားနာမနေဘဲ သူကြိုက်တဲ့ အသားဟင်းနဲ့ မုန့်သရေစာတွေကို ထပ်မှာလိုက်တယ်။

စားပွဲထိုးက တံခါးကို ပိတ်ပြီး ထွက်သွားတော့ တိတ်ဆိတ်ပြီးကိုးယို့ကားနိုင်တဲ့ အငွေ့အသက်က အခန်းထဲမှာ ချက်ချင်း ပျံ့နှံ့သွားတယ်။

နှစ်ယောက်လုံးက ဘာမှ မပြောကြပေမယ့် အဲ့ဒီညကိစ္စက ဘယ်လိုကြည့်ကြည့် ရှက်စရာကောင်းပြီး ထိတ်လန့်စရာပဲ။

မုယောင်က ခန်မိသားစုရဲ့အတွင်းရေးကို စပ်စုဖို့ စိတ်ကူးမရှိဘူး။ဒါပေမယ့် ကံမကောင်းစွာဖြင့် သူက အဲ့ထဲ ဝင်မိသွားပြီး ဘာပြောရမှန်းမသိဖြစ်သွားသည်။

“အဲ့ဒီနေ့ကိစ္စ…”အကြာကြီး တိတ်ဆိတ်နေပြီးနောက် လူနှစ်ယောက်စလုံး တစ်ပြိုင်တည်း စကားပြောလိုက်ကြတယ်။

မုယောင်နဲ့ ခန်ချင်းဟန်တို့ ခဏလောက် အပြန်အလှန်ကြည့်နေကြပြီးနောက် မုယောင်က အမြန်ပြောလိုက်တယ်။

“စိတ်မပူပါနဲ့၊ ကျွန်တော် ဘယ်သူ့ကိုမှ မပြောပါဘူး။”

ခန်ချင်းဟန်ရဲ့ မျက်နှာက နည်းနည်းလေး ပြေလျော့သွားပြီး
“ကျေးဇူးတင်ပါတယ် မုယောင်။” လို့ ပြောလာတယ်။

“အဲ့ဒီနေ့က ဖြစ်ခဲ့တဲ့အရာအတွက် တောင်းပန်ပါတယ်။ ငါ ဆေးအထိုးခံခဲ့ရတာပါ။ အခု အားလုံးကို စုံစမ်းပြီးသွားပြီ၊ အဲ့ဒီနေ့က မင်းကို စော်ကားမိလို့ တောင်းပန်ချင်နေခဲ့တာ။”

“အာ…” မုယောင်ရဲ့ မျက်နှာက နီရဲသွားပြီး နည်းနည်းလေး ဘာပြောရမှန်း မသိ ဖြစ်သွားတယ်။

“ရပါတယ်။ ခင်ဗျားလည်း တမင်ရည်ရွယ်ပြီး လုပ်ခဲ့တာမှ မဟုတ်တာ၊ ပြီးတော့ နောက်​ပိုင်းမှာ ကျွန်တော့်ကို လွှတ်ပေးခဲ့တာပဲလေ။”

“တောင်းပန်ပါတယ်” ခန်ချင်းဟန်ရဲ့ သဘောထားက အရမ်းကို လေးနက်တာကြောင့် မုယောင်ရဲ့ သူ့အပေါ် အမြင်က အရမ်းတိုးတက်သွားတယ်။

Chapter 36 end

ရက်စက်သောညီငယ်လေး

ရက်စက်သောညီငယ်လေး

Status: Completed Type: Author:

Warning!!!!

Harem ပါ။ gong အကုန်နဲ့ညားပါတယ်။ incest / r@pe tag ပါပါတယ်။ သွေးတစ်ဝက်နှောအစ်ကိုက gongတွေထဲမှာ ပါပါတယ်။

 

Description

 

မုယွင်ဇီသည် ဇာတ်လိုက်၏မောင်းမ​ဆောင်တွင်ရှိသော gong တစ်ယောက်ဖြစ်၏။ မုယောင်သည် သူ၏ သွေးတစ်ဝက်တော်စပ်မှုရှိသော ညီလေးဖြစ်ကာ ရက်စက်သော အမြှောက်စာဇာတ်ကောင်ပင်။ သူသည် ထိုဇာတ်လိုက်က သူ့အစ်ကိုရဲ့အချစ်ကို အမြဲတမ်း ရနေနိုင်ခြင်းကို မနာလိုဖြစ်ခဲ့သည်။သို့ပေမယ့် သူ့အစ်ကိုကတော့ သူ့(မုယောင်)ကို လျစ်လျူရှူခဲ့လေ၏။

 

ဒါကြောင့် မုယောင်ဟာ ဇာတ်လိုက်shouကို gang-rape လုပ်ခိုင်းဖို့ တစ်စုံတစ်ယောက်ကို ရှာတွေ့သွားခဲ့သည်။ သို့ပေမယ့် ဇာတ်လိုက်shouကို သူ့ရဲ့gongက ကယ်တင်သွားမှာကို မလိုလားခဲ့ပေ။ နောက်ဆုံးမှာ grang-rape ခံခဲ့ရတဲ့သူက မုယောင်ဖြစ်လာတော့သည်။

 

(T/N- gang-rape... လူတွေအများကြီးဖြင့် မုဒိန်းကျင့်ခြင်း)

 

စိတ်အားငယ်စွာဖြင့် သူသည် သူ့၏ဘဝကို ရေထဲ ခုန်ချ၍ အဆုံးစီရင်ခဲ့၏။

 

သူ ပြန်လည်မွေးဖွားလာတဲ့အခါမှာတော့ ဇာတ်လိုက်shouနဲ့ သူ့ရဲ့gongတွေဆီကနေ အဝေးမှာနေဖို့ ပြင်ဆင်ခဲ့သည်။ဒါပေမယ့် နောက်ပိုင်းမှာ သူတို့တစ်ယောက်ချင်းစီတွင် တစ်ခုခုမှားယွင်းနေတယ်ဆိုတာ သူရှာတွေ့သွားခဲ့၏။

 

ဇာတ်လိုက်shouက မု​ယောင်နဲ့သူငယ်ချင်းလုပ်ဖို့ အမြဲတမ်းအတင်းတောင်းဆိုနေပေမယ့် မုယောင်ရဲ့နှုတ်ခမ်းတွေကိုတော့ တိတ်တခိုး စွဲစွဲလမ်းလမ်း နမ်းလေ့ရှိသည်။

 

မုယောင်အ​မြဲတမ်း တောင်းဆိုနေရတဲ့ အစ်ကိုဖြစ်သူကလည်း မုယောင်ကို စတင်ထိန်းချုပ်လာပြီး သူ့ကို အခြားယောင်္ကျားတွေနဲ့ အဆက်အသွယ်လုပ်ခွင့်မပေးပေ။

 

နောက်ပြီးတော့ မုယောင်ကို gang-rape ခံရစေပြီး gang-rape ခံရခြင်း၏ အရသာကို ထိတွေ့စေရန် ရည်ရွယ်ခဲ့တဲ့ လူကတော့ မုယောင်ရှေ့တွင် မျက်နှာပေါ်ရှိ ညိုးငယ်ထိုင်းမှိုင်းနေသော အကြည့်ဖြင့် ရပ်နေခဲ့သည်။ထိုသူက မုယောင်ကို နတ်ဘုရားတစ်ပါးကို ယုံကြည်ကိုးကွယ်သူတွေ ကြည့်သလိုမျိုး ကြည့်ကာ

"ကိုယ့်ကို ချစ်ပေးပါ" လို့ပြောလာ၏။

 

^^^^^^^^^^

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset