⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 37+38+39+40

Little Creampie:
Chapter 37

 

လူတွေကြားက ယဉ်ကျေးမှုဆိုတာ တကယ်ကို မတူညီဘူးပဲ။ သူဌေးကြီးတွေလို့ ပြောရင် မုယွင်ဇီက မျက်နှာကြီးတည်ပြီး မောက်မာနေတတ်ပြီး သူ့ရဲ့ပြဿနာကို လုံးဝ မစဉ်းစားဘူး။

မူယောင်က စားသောက်ရင်း မုယွင်ဇီကို စိတ်ထဲကနေ ဝေဖန်နေလိုက်တယ်။

အဲဒီအချိန်မှာပဲ ရုံးခန်းမှာ အလုပ်လုပ်နေတဲ့ မုယွင်ဇီက တစ်ကိုယ်လုံး အုံ့မှိုင်းနေတဲ့အခြေအနေဖြင့် စာရွက်စာတမ်းတွေကို အတည်ပြုနေတယ်။ သူက မုယောင်ကို သူ့ရဲ့ ထိန်းချုပ်မှုကနေ လွတ်မြောက်သွားလို့ဒေါသထွက်နေပြီး အခု မုယောင်က သူ့ကို ဆဲဆိုနေတာကိုတော့ သူ မသိချေ။

ခန်ချင်းဟန်က City Aမှာရှိတဲ့ လူချမ်းသာမိသားစုတွေမျိုးဆက်တွေထဲက ထူးချွန်တဲ့ အမွေခံသူတစ်ယောက်ဖြစ်တဲ့အတိုင်း စကားပြော အရမ်းကောင်းပြီး စကားပြောနည်းလည်း ကျွမ်းကျင်သည်။

သူက မသိမသာ မုယောင်ကို ကျောင်းရဲ့ ရယ်စရာကောင်းတဲ့ အကြောင်းတွေကို ပြောခိုင်းပြီး အဖေလို ဆုံးမလမ်းညွှန်းပေးတဲ့ ပုံစံမျိုးလည်း မပြဘဲ သူ့ရဲ့ တက္ကသိုလ်တုန်းက စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းတွေကိုလည်း သင့်တော်တဲ့အချိန်မှာ ပြောပြတာကြောင့် မုယောင်နဲ့ သူ မသိမသာ အချိန်အကြာကြီး စကားပြောဖြစ်သွားတယ်။

ဒါကြောင့် သဘာဝကျကျပဲ နှစ်ယောက်လုံး ဖုန်းနံပါတ်တွေ ဖလှယ်ပြီး WeChat လည်း သူငယ်ချင်းဖြစ်လိုက်ကြပါတယ်။

‘ခန်ချင်းဟန်က အပြင်မှာ မြင်ရသလောက် ခက်ခဲတဲ့လူ မဟုတ်ဘူးပဲ’ မုယောင်က သက်ပြင်းချပြီး စိတ်ထဲကနေ ပြောလိုက်သည်။

ခန်ချင်းဟန်က လူတွေကို တွေ့ရင် ယဉ်ကျေးစွာ ပြုံးပြတတ်ပြီး မုယွင်ဇီထက် ပိုပြီး ဆက်ဆံရလွယ်ကူပုံပေါ်စေတယ်။ ဒါပေမယ့် အဲ့ဒီအပြုံးက ကြည့်လိုက်တာနဲ့ စီးပွားရေးအတွက် ဖွင့်လှစ်ထားတဲ့ဆိုင်တစ်ဆိုင်လိုမျိုး  အရမ်းအတုအယောင်ဆန်တယ်။

ဒါပေမယ့် ဒီနေ့မှာ ခန်ချင်းဟန်က သူ့ကို နူးညံ့ပြီး အရမ်းအစစ်မှန်တဲ့ ခံစားချက်ကို ပေးခဲ့တယ်။ သူက မုယောင်ကို မရည်ရွယ်ဘဲ အကြံဉာဏ်တွေ ပေးခဲ့တာကြောင့် မုယောင်က သူ့ရဲ့ အနာဂတ်ဘဝအစီအစဉ်အတွက် အများကြီး​ပိုပြီး ဉာဏ်အလင်းရသွားတယ်လို့ ခံစားရတယ်။

“ကိုယ် မင်းကို ယောင်ယောင်လို့ ခေါ်လို့ရမလား?” ခန်ချင်းဟန်က မုယောင်ကို ကြည့်ပြီး မျက်နှာမှာ မသိစိတ်က အလိုလို နူးညံ့သွားပါတယ်။

“အာ၊ ရပါတယ်။” မူယောင်က ခဏလောက် စဉ်းစားပြီး သူငယ်ချင်းတွေ အဲ့လိုခေါ်တာက ဘာမှ မဖြစ်ဘူး အဆင်​ပြေတယ်လို့ ခံစားရတယ်။

ဟုတ်တယ်။ ခန်ချင်းဟန်က စကားပြော အရမ်းကောင်းတာကြောင့် မုယောင်က သူ့ကို သိပ်ရင်းနှီးမှုမရှိဘဲ ပေါ့ပေါ့ပါးပါး သူငယ်ချင်းအဆင့်မှာ ထည့်ထားလိုက်တယ်။

တကယ်ဆို မုယောင်က ဒီလူတွေနဲ့ ဝေးဝေးမှာနေသင့်ပေမယ့် တကယ်တမ်းမှာတော့ မုယောင်က သူတို့ကို အမြဲတမ်း တွေ့နေရတာကြောင့် မူယောင်လည်း ဂရုမစိုက်တော့ဘူး။

“ကျွန်တော် စားပြီးပြီ။” မုယောင်က စိတ်ထဲမှာ အတွေးတွေ တွေးနေပေမယ့် စားသောက်ဖို့တော့ မမေ့ဘူး။ ဒါကြောင့် သူ့ရှေ့က အစားအစာတွေက ဘာမှ မကျန်သလောက်ပဲ။

“အချိုပွဲ ထပ်ယူဦးမလား ယောင်ယောင်” ခန်ချင်းဟန်က မုယောင်က ကိတ်မုန့်ကို ကြောင်လေးလို  စားနေတာကို ကြည့်ပြီး စိတ်ထဲမှာ ယားယံလာပြီး သူ့ရဲ့ မွှေးညှင်းထူတဲ့ ခေါင်းလေးကို ကိုင်ကြည့်ချင်မိတယ်။

“မလိုတော့ပါဘူး။” မူယောင်က သူ့ရဲ့ ဝိုင်းစက်နေတဲ့ ဗိုက်လေးကို ပွတ်ပြီး ပြောလိုက်တယ်။

ခန်ချင်းဟန်က မုယောင်ရဲ့ပုံစံလေးက အရမ်းချစ်စရာကောင်းလွန်းလို့ မျက်လုံးလေးတွေ ကွေးသွားသည့်အထိ တောက်ပတဲ့ အပြုံးနဲ့ ကြည့်နေမိတယ်။

“ဒါဆို ကိုယ်တို့ အပြင်မှာ လမ်းလျှောက်ပြီး အစာကြေအောင် လုပ်ကြမလား?”

“!” မုယောင်ရဲ့ မျက်နှာက နည်းနည်းလေး ပူသွားပါတယ်။ ခုနက သူနဲ့ ခန်ချင်းဟန် စကားပြောနေရင်း အရမ်းပေါ့ပေါ့ပါးပါး ဖြစ်သွားတာကြောင့် နှစ်ယောက်လုံးက တကယ်တော့ သိပ်မရင်းနှီးသေးဘူးဆိုတာကို မေ့သွားတယ်။ သူက သူ့ရဲ့ ဗိုက်ကိုတောင် မရဲတရဲ ပွတ်လိုက်သေးတယ်။

“အင်း… အင်း” မူယောင်ရဲ့ အသံက အရမ်းသေးငယ်ပြီး မျက်လုံးတွေက ဟိုဒီကို လျှောက်ကြည့်နေတယ်။

ခန်ချင်းဟန်က စားပွဲထိုးကို ခေါ်ပြီး ပိုက်ဆံရှင်းလိုက်ပြီး နှစ်ယောက်သား အနီးအနားက ပန်းခြံမှာ လမ်းလျှောက်ထွက်သွားကြတယ်။ ခန်ချင်းဟန်က ကားမောင်းပြီး မုယောင်ကို ကျောင်းကို ပြန်ပို့ပေးခဲ့တယ်။

“ယောင်ယောင်မှာ ချစ်သူရှိလား?” ခန်ချင်းဟန်က ကားမောင်းရင်း မရည်ရွယ်သလို မေးလိုက်တယ်။

“…ကျွန်တော်မှာ ချစ်သူရှိပါတယ်။” မုယောင်က စဉ်းစားပြီး ခန်ချင်းဟန်ကို သူ့ရဲ့ ချစ်သူက ယောက်ျားလေးဆိုတာကို မပြောလိုက်ဘူး။

“ဟုတ်လား” ခန်ချင်းဟန်ရဲ့လေသံက မပြောင်းလဲပေမယ့် စတီယာရင်ကိုင်ထားတဲ့ သူ့ရဲ့ လက်ပေါ်က သွေးကြောတွေက တော့ ဖောင်းလာတယ်။

စကားဝိုင်းက ဒီမှာတင် ရပ်တန့်သွားတယ်။ မုယောင်လည်း နည်းနည်းလေး ပင်ပန်းနေတာကြောင့် ခုံပေါ်မှာ မှီပြီး မှေးနေလိုက်တယ်။

ကျောင်းရှေ့ရောက်တော့ မုယောင်က ပိုင်ရန်ရဲ့ message ကို တွေ့လိုက်ရတယ်။ သူက အခုမှ အလုပ်ဆင်းပြီး ကျောင်းဂိတ်ရှေ့ကို ရောက်နေပြီလို့ ပြောထားတယ်။

မုယောင်က သူ့ကိုလည်း ရောက်ပြီလို့ message ပို့လိုက်ပြီး သူ့ကို စောင့်ခိုငးလိုက်တယ်။ချစ်သူစုံတွဲလေးတွေဆိုတော့လည်း အမြဲတမ်း အတူတူရှိချင်ကြတာပါပဲ။

မုယောင်က ခန်ချင်းဟန်ကို နှုတ်ဆက်ပြီး ကားပေါ်က ဆင်းလာလိုက်တယ်။ ဆင်းလာတာနဲ့ ဂိတ်တံခါးဝမှာ အရပ်ရှည်ရှည် ပိန်ပိန်လေးကို တွေ့လိုက်တာကြောင့် ပျော်ရွှင်စွာ ပြေးသွားလိုက်တယ်။

ပိုင်ရန်က လက်နှစ်ဖက်ကို ဖွင့်၍ သူ့ကို ဖမ်းလိုက်ပြီး သူ့ကို ရင်ခွင်ထဲမှာ ဖက်ထားလိုက်တယ်။

“ဒီနေ့ အရမ်းပင်ပန်းတာပဲ။” မုယောင်က တိုးတိုးလေး ချွဲလိုက်ပြီး သူ့ရဲ့ အသံက မသိလိုက်ပါပဲ ချိုမြိန်ပြီး နူးညံ့နေပါတယ်။

“ကလေးလေး ပင်ပန်းသွားပြီ။” ပိုင်ရန်က သူ့ရဲ့ ဖြူဖွေးတဲ့ နားရွက်လေးကို နမ်းလိုက်ပြီး မေးရိုးကို သူ့ရဲ့ ပုခုံးပေါ်မှာ တင်လိုက်တယ်။

“!” မုယောင်က ပိုင်ရန် သူ့ကို အဲ့လိုခေါ်တာ ပထမဆုံးအကြိမ်ဖြစ်တာကြောင့် မျက်နှာလေး နီရဲသွားပြီး နည်းနည်းလေး ရှက်သွားတယ်။

ပိုင်ရန်က သူ့ကို အရမ်းချစ်စရာကောင်းတယ်လို့ ခံစားရပြီး သူ့ရဲ့ နားရွက်လေးကို ထပ်နမ်းလိုက်တယ်။

ပိုင်ရန်က မျက်လုံးကို မော့လိုက်တော့ မသွားသေးဘဲ ကားထဲမှာ ထိုင်နေတဲ့ ခန်ချင်းဟန်နဲ့ အကြည့်ချင်းဆုံသွားတယ်။
ခန်ချင်းဟန်ရဲ့ မျက်လုံးတွေက အေးစက်နေပြီး မုယောင်ကို မြင်တုန်းကလို ကြင်နာပြီး နူးညံ့မှုတွေ မရှိတော့ဘူး။

ပိုင်ရန်က နှုတ်ခမ်းကို အေးစက်စက် ကွေးလိုက်ပြီး သူ့ရဲ့ မိန်းမကို တင်းတင်းကြပ်ကြပ် ဖက်လိုက်ပြီး ခန်ချင်းဟန်ကို အသံတိတ် ရယ်မောပြလိုက်တယ်။

os: ပိုင်ရန်: ဘာကြည့်နေတာလဲ၊ ဒါ ငါ့မိန်းမ။

Chapter 37

Chapter 38

မုယောင်က သူတို့နှစ်ယောက်ကြားက ထူးဆန်းတဲ့ အငွေ့အသက်ဘာညာ ဘာမှ မသိဘူး။ သူက ပိုင်ရန်ရဲ့ ရင်ခွင်ထဲမှာ ခဏလောက် မှီနေပြီး နောက်တော့မှ ရှက်သွားတယ်။ ဘာလို့လဲဆိုတော့ ကျောင်းရှေ့မှာ လူတွေ အများကြီး သွားလာနေကြတာလေ။

သူက ပိုင်ရန်ရဲ့ အင်္ကျီလက်ကို ဆွဲပြီး “ငါတို့ ပြန်ကြရအောင်။” လို့ ပြောလိုက်တယ်။ မုယောင်ရဲ့ မျက်နှာလေးက ရဲနေပြီး ပိုင်ရန်က သူလေးက အရမ်းချစ်စရာကောင်းတယ်လို့ ထင်တယ်။

သူက ခေါင်းငုံ့ပြီး သူ့ရဲ့ ချစ်ရတဲ့ဇနီးလေးကို နမ်းလိုက်ပြီး “သွားကြစို့ ပေါင်ပေ့လေး” လို့ ပြောပြီး မုယောင်ရဲ့ လက်ကို ဆွဲလိုက်တယ်။

သူ့ရဲ့ ခေါင်းကို ပြန်မော့လိုက်တော့ ခန်ချင်းဟန်က ကားမောင်းပြီး ထွက်သွားတာကို တွေ့လိုက်ရတယ်။

ပိုင်ရန်က ခန်ချင်းဟန်ကို သိတယ်။ အဲ့ဒီတုန်းက ခန်မိသားစုရဲ့ အဘိုးကြီးရဲ့ မွေးနေ့ပွဲမှာ လော့ယင်က သူ့ကို ခေါ်သွားခဲ့တယ်။

သူက ခန်ချင်းဟန်က တစ်ကိုယ်တည်းသမားဆိုတာကို သိပေမယ့် သူက မုယောင်ကို စိတ်ဝင်စားနေလိမ့်မယ်လို့ မထင်ခဲ့ဘူး။

ပိုင်ရန်က ခေါင်းကို စောင်းပြီး လမ်းဘေးက နွေးထွေးတဲ့ အလင်းရောင်အောက်မှာ လှပပြီး နူးညံ့နေတဲ့ မုယောင်ရဲ့ မျက်နှာလေးကို ကြည့်လိုက်တယ်။ သူ့ရဲ့ နှုတ်ခမ်းမှာ အပြုံးလေးတစ်ခုနဲ့အတူငြိမ်သက်ကာ လှပနေသည်။

“ငါက ယောင်ယောင်ကို ဘယ်သူ့ကိုမှ မပေးဘူး။” ပိုင်ရန်က အဝေးက အထပ်မြင့် အဆောက်အအုံတွေကို ကြည့်ပြီး မုယောင်ရဲ့ လက်ကို တိတ်တဆိတ် ဆုပ်ကိုင်လိုက်တယ်။

မုယောင်က ပြန်ရောက်တာနဲ့ ရေချိုးခန်းထဲကို ပြေးဝင်ပြီး ရေချိုးလိုက်တယ်။ ပြီးတော့ ခေါင်းကို စောင်နဲ့ဖုံးပြီး အိပ်ပျော်သွားတယ်။ အရမ်းပင်ပန်းနေတဲ့ပုံစံပါပဲ။

တကယ်တော့ သူလုပ်ခဲ့တဲ့ အလုပ်က သိပ်မများပါဘူး။ ဒါပေမယ့် သူက ငယ်ငယ်ကတည်းက ဂရုတစိုက်နဲ့ ပြုစုပျိုးထောင်ခံခဲ့ရတာကြောင့် ဘာအလုပ်မှ မလုပ်ဖူးဘူး။

မုယောင်က အဆောင်မှာ ရက်အနည်းငယ်ကြာ နေခဲ့သည်။ ညဘက်မှာ အစားအသောက် မှာယူတော့မယ့်အချိန်မှာ ချန်ဖန်က ရုတ်တရက် သူ့ကို ဖုန်းခေါ်ပြီး အပြင်မှာ သွားကစားဖို့ ခေါ်လာတယ်။

“ဘယ်ဘားလဲ၊ ဘယ်သူတွေ ရှိလဲ?” မုယောင်က ဘားကို မသွားတာ ကြာပြီမို့ စိတ်ထဲမှာ သောက်စားကခုန်ချင်စိတ်တွေ ယားယံလာတယ်။

“မြို့ရဲ့အရှေ့ဘက်မှာ  အသစ်ဖွင့်ထားတဲ့စားသောက်ဆိုင်။ ဝေ့မို ဆိုတဲ့ ဘားပဲ။ငါ့ရဲ့ သူငယ်ချင်းအသစ်တွေလည်းပါတယ်။ မင်းအရင်ကလို အရူးတွေနဲ့ မကစားချင်တော့ဘူးဆိုတာ ငါသိပါတယ်ကွာ။” ချန်ဖန်က ပေါ့ပေါ့ပါးပါး နေတတ် ပြောတတ်ပေမယ့် သူ့အနီးအနားကလူတွေအပေါ်မှာတော့ ဂရုတစိုက်ရှိတယ်။

 

သူက မုယောင် ဒီလအနည်းငယ်အတွင်း အပြင်ထွက်မကစားတာကို သတိထားမိပြီး အရင်က စရိုက်မကောင်းတဲ့လူတွေနဲ့ ပျော်ပါးရလို့ စိတ်ပျက်နေတဲ့ပုံပဲ။ ဒါကြောင့် သူနဲ့ တခြားလူတွေနဲ့ အပြင်သွားကစားမှ မုယောင်ကို ခေါ်လိုက်တာ။

“အိုကေ၊ ည ၈ နာရီမှာ တွေ့ကြမယ်။” မုယောင်က မြို့ရဲ့အရှေ့ဘက်မှာ မကြာသေးခင်က ဖွင့်ထားတဲ့ အရမ်းကြီးတဲ့ ဘားတစ်ခုရှိပြီး အရမ်းကောင်းတယ်လို့လည်း ကြားထားတယ်။

ဒါပေမယ့် အတူတူသွားဖို့ ပိုင်ရန်က အချိန်မပေးနိုင်သလို ပိုင်ရန်ရဲ့ စတိုင်လ်ကလည်း ဒီလိုပုံစံတွေနဲ့ မကိုက်ညီပါဘူး။ ပြီးတော့ သူက ဘာမဟုတ်တဲ့လူတွေနဲ့ သွားကစားချင်စိတ်မရှိတာကြောင့် အဲ့barကို အခုထိ မသွားဖြစ်ခဲ့ဘူး။

မုယောင်က ပိုင်ရန်ကို ညဘက်မှာ သူ သူငယ်ချင်းတွေနဲ့ ဘားသွားတယ်လို့ message ပို့ပြီး အသိပေးလိုက်တယ်။

ပိုင်ရန်က ဘားရဲ့ နာမည်ကို မေးပြီး အချိန်ကောင်းလေးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်တယ်။ တကယ်တော့ ပိုင်ရန်က မုယောင် ဘားကို သွားတာကို မကြိုက်ဘူး။ ဘာလို့လဲဆိုတော့ မုယောင်က လူတွေကို အရမ်းဆွဲဆောင်နိုင်လွန်းလို့ပဲ။ သူသွားလိုက်တာနဲ့ ယောက်ျားလေးရော မိန်းကလေးရော အားလုံးရဲ့ အကြည့်တွေက သူ့ဆီမှာပဲ ရှိနေတာ။

ဒါပေမယ့် သူလည်း မုယောင်က ဘဝကို စားသောက်ကစားပျော်ပါးရင်း ကုန်ဆုံးတတ်တယ်ဆိုတာကို သိတယ်။ ချစ်သူတစ်ယောက်အနေနဲ့ မုယောင်ကို သူ့အတွက်နဲ့ ဘဝနေထိုင်မှုပုံစံကို ပြောင်းခိုင်းပိုင်ခွင့်မရှိဘူး။

ပိုင်ရန်ရဲ့ အကြောင်းပြန်ချက်ကို ရရှိတော့ မုယောင်ရဲ့ စိုးရိမ်စိတ် ပြေသွားခဲ့တယ်။ သူက ချန်ဖန်ကို တိုက်ရိုက် သဘောတူလိုက်ပေမယ့် ပိုင်ရန်က သဘောမတူမှာကို နည်းနည်းလေး ကြောက်နေခဲ့သေးတယ်။ ဘာလို့လဲဆိုတော့ ပိုင်ရန်က လိမ္မာတဲ့ ကျောင်းသားကောင်းတစ်ယောက်ဖြစ်ပြီး သူ့လို ပျော်ပါးတဲ့သူနဲ့ မတူဘူး။

မုယောင်က ညစာကို ပေါ့ပေါ့ပါးပါး စားပြီး ဆံပင်ကို မှုတ်လိုက်တယ်။ သူ့ကိုယ်သူ ကြည့်ကောင်းအောင် ပြင်ဆင်ပြီး ကားမောင်းပြီး ‘ဝေ့မို’ ကို သွားပါတော့တယ်။

မုယောင်က လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ကားအသစ်တစ်စီး ဝယ်ခဲ့တာ။နိုင်ငံခြားကနေ မှာယူထားတဲ့ GT ငွေရောင်နဲ့ Porsche 918 Spyder။ ဒီကားက ဝပ် ၁၃၀ ကျော် တန်ပြီး ကမ္ဘာပေါ်မှာ ၉၁၈ စီးပဲ ရှိတယ်။

မုယောင်က ဘယ်လောက်ချမ်းသာပါစေ ဒီကားကိုဝယ်တုန်းက ကြာကြာလေး စိတ်မကောင်းဖြစ်ခဲ့ရသေးတယ်။ နောက်ဆုံးမှာ ဒါက ကားတစ်စီးလေးပဲလေ။

ဒါပေမယ့် မုယောင် ခဏလောက်စဉ်းစားပြီး သူပြန်မွေးဖွားလာကတည်းက ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသင့်တယ်လို့ တွေးလိုက်တယ်။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ နှစ်စဉ် အမြတ်ငွေက သန်း ၇၀၊ ၈၀ လောက်ရှိတာပဲလေ။

မုယောင်က ကားကို ဘားရှေ့မှာ ရပ်လိုက်တော့ လူအုပ်ထဲမှာ နည်းနည်းလေး အုတ်အော်သောင်းဖြစ်သွားတယ်။ ဘာလို့ဆို ဒီကားက အရမ်းတန်ဖိုးကြီးလွန်းလို့ပဲ။ တစ်မြို့လုံးမှာ ဒီလိုကားကို မောင်းနိုင်တဲ့သူ နည်းနည်းလေးပဲ ရှိတယ်။ လူတိုင်းက ဘယ်သူ့ရဲ့ သားတော်မောင်က ဒီလောက် ချမ်းသာလဲဆိုတာကို ကြည့်ချင်နေကြပြီ။

မုယောင် ဆင်းလာတာနဲ့ လူတစ်ယောက်က ချက်ချင်းမှတ်မိသွားတယ်။

“ဒါ မုမိသားစုရဲ့ သခင်ငယ်လေးပဲ၊ အံ့သြစရာတော့ မဟုတ်ပါဘူး။” လူငယ်တစ်ယောက်က သူ့ရဲ့ ပတ်ဝန်းကျင်က လူတွေနဲ့ တီးတိုးပြောနေတယ်။

“မုမိသားစုက Aမြို့မှာ အချမ်းသာဆုံးနဲ့ အာဏာအရှိဆုံး မိသားစုပဲ၊ မုသခင်ငယ်လေးက ပိုပြီးတော့တောင် နာမည်ကြီးသေးတယ်။”

မုယောင်က ပတ်ဝန်းကျင်က လူတွေရဲ့ အကြည့်ကို ခံစားမိပေမယ့် ဘာမှ မပြောဘူး။ လူအုပ်ကို ပြုံးပြလိုက်ပြီး ဝန်ထမ်းတွေ ခေါ်ဆောင်သွားတဲ့နောက်ကို လိုက်သွားလိုက်တယ်။

မုယောင်က sport carတွေကို အကြိုက်ဆုံးပဲ။ သူ့မှာ ဇိမ်ခံကားတွေ ဂိုဒေါင်တစ်ခုလုံး အပြည့်ရှိပေမယ့် ဒါကတော့ သူ့ရဲ့ အခုလောလောဆယ် တန်ဖိုးအကြီးဆုံး ကားပဲ။

သူနဲ့ ပိုင်ရန် အပြင်သွားတွေ့တဲ့အခါ ကားမောင်းမသွားဘူး၊ ဒါမှမဟုတ် သိန်းဂဏန်းလောက်ပဲ တန်တဲ့ ကားကိုပဲ မောင်းတယ်။

သူက ပိုင်ရန်ရဲ့ မိသားစုနောက်ခံက မချမ်းသာဘူးဆိုတာကို သိတယ်။ ဒါကြောင့် ပိုင်ရန်က သူ့ကို မယှဉ်နိုင်ဘူးလို့ မခံစားရစေချင်ဘူး။ ဒါပေမယ့် မုယောင်မှာ ကားမောင်းပြီး ပျော်ပါးချင်တဲ့ အချိန်လေးတွေ ရှိတုန်းပဲ။

os: ပိုင်ရန်နဲ့ ယောင်ယောင်က ဆင်းရဲသားလေးနဲ့ ချမ်းသာတဲ့ မိန်းမလေးရဲ့ အချစ်ဇာတ်လမ်းပုံစံမျိုး ဖြစ်နေတယ်။
ယောင်ယောင်က အရမ်းချမ်းသာတာပဲ၊ နည်းနည်းလောက် ဝေမျှပေးပါဦး။

Chapter 38 end

Chapter 39

“ဟာ၊ မင်း ကားအသစ်ဝယ်လာတာလား!”

မုယောင် ရောက်ခါနီး ချန်ဖန်ကို messageကြိုပို့ထားလိုက်တော့ ချန်ဖန်က အချိန်ကို ခန့်မှန်းပြီး သူ့ကို လာကြိုတယ်။

တကယ်တော့ သာမန်သူငယ်ချင်းတွေဆိုရင် ချန်ဖန်က ဒီလိုမျိုး လုပ်မှာ မဟုတ်ဘူး။ ဒါပေမယ့် မုယောင်နဲ့သူက ငယ်သူငယ်ချင်းတွေဖြစ်သည်။ ငယ်ငယ်ကတည်းက အရမ်းရင်းနှီးနေတာကြောင့် ချန်ဖန်က သူ့ကို ဂရုစိုက်ရာမှာ အသားကျနေခဲ့တာပါ။

“ငါ နိုင်ငံခြားကနေ မှာယူထားတာ၊ အရမ်းပင်ပန်းခဲ့ရတယ်၊ လူတော်တော်များများနဲ့ လုယူခဲ့ရတာဟ။” မုယောင်က မာနလေးနဲ့ မျက်ခုံးပင့်ပြီး ပြောလိုက်တယ်။

“မင်းကတော့ တကယ်ကို စံပဲ!” ချန်ဖန်က သူ့ကို ချီးကျူးလိုက်တယ်။

ချမ်းသာတဲ့ မိသားစုက သားတွေနဲ့ ချမ်းသာတဲ့ ဒုတိယမျိုးဆက်က သခင်ငယ်လေးတွေက မတူညီကြဘူး။ မုယောင်က အဖေဆုံးသွားပြီး အမွေဆက်ခံတဲ့ ချမ်းသာတဲ့ဒုတိယမျိုးဆက်သခင်လေး။ Aမြို့မှာ သူ့ထက် ပိုချမ်းသာတဲ့ ဒုတိယမျိုးဆက် မရှိဘူးလို့ ပြောလို့ရတယ်။

ဒီ သိန်း ၁၀၀၀ ကျော်တန်တဲ့ ကားကို ချန်ဖန်ကသာ လိုချင်ရင် အိမ်ပြန်ပြီး လဝက်လောက် လိမ္မာတဲ့သားလေးတစ်ယောက်လို ဟန်ဆောင်ရလိမ့်မယ်။ မုယောင်ကတော့ အလွယ်တကူ ပေါ့ပေါ့ပါးပါးလေးနဲ့ ဝယ်နိုင်တာကြောင့် လူချင်းယှဉ်ရင် စိတ်ညစ်ရပါတယ်။

မုယောင်နဲ့ ချန်ဖန်တို့ ဘားထဲကို လျှောက်သွားကြတယ်။ ဒစ္စကိုဘားတစ်ခုဖြစ်ပေမယ့် သိပ်မဆူညံဘူး။ အပြင်အဆင်ကလည်း အရမ်းကောင်းတယ်။ အပေါ်ထပ် သုံးထပ်မှာ အဆင်တန်ဆာတွေ အများကြီးရှိပြီး ရှုပ်ပွမနေဘူး။ ကြည့်ရတာ အရမ်းခမ်းနားလှတယ်။

“သူတို့ရဲ့ အခန်းကို “ထျန်းသိရွှမ်” လို့ ခေါ်တယ်၊ ငါတို့က တတိယထပ်က “ထျန်းဇီ” အခန်းမှာ။” ချန်ဖန်က အပေါ်ထပ်ကို တက်ရင်း မုယောင်ကို ရှင်းပြလိုက်တယ်။

“ဟား၊ ငါ နည်းနည်းလေး ရယ်ချင်လာပြီ။” မုယောင်က ရုတ်တရက် ရယ်မောလိုက်တယ်။

ချန်ဖန်က မတတ်နိုင်စွာနဲ့ မုယောင်ကို မျက်လုံးလှန်ပြီး ကြည့်လိုက်ပြီး “ဆိုင်ရဲ့ သူဌေးကပဲ အဲ့လို နာမည်ပေးထားတာ။”

“ဒီတစ်ခါ ဘယ်သူတွေ ရှိလဲ?” မုယောင်က မေးလိုက်တယ်။

“မူမိသားစုရဲ့ အခုမှ ပြန်လာတဲ့ အငယ်ဆုံးလေးရှိတယ်၊ ဖေးမိသားစုရဲ့ အငယ်ဆုံးလေးရှိတယ်၊ တခြားလူတွေက သိပ်အရေးမကြီးပါဘူး။” ချန်ဖန်က ပေါ့ပေါ့ပါးပါး ပြောလိုက်တယ်။ သူ့ထက် နိမ့်ကျတဲ့သူတွေကို သူ သိပ်ဂရုမစိုက်ဘူး။

“ဖေးမိသားစုရဲ့ အငယ်ဆုံးလေး?” မုယောင်ရဲ့ နှလုံးသားလေး တုန်လှုပ်သွားလေတယ်။ ဖေးမိသားစုရဲ့ အငယ်ဆုံးလေးကဖေးယန်ရှင်း မဟုတ်ဘူးလား။

“ဖေယန်ရှင်းလေ၊ မင်း သိသင့်တယ်နော်။” ချန်ဖန်က မုယောင်ကို တစ်ချက်လှည့်ကြည့်ပြီး သူ့ကို ထူးဆန်းနေတယ်လို့ ခံစားလိုက်ရတယ်။

“သူက ဘာလို့ မင်းနဲ့ အတူတူ လာကစားနေတာလဲ?” မုယောင်က အံ့သြသွားတယ်။

“ယောင်ယောင်၊ မင်း အဲ့လို မပြောသင့်ဘူးနော်။ ငါက ဘာဖြစ်လို့လဲ? သူနဲ့ ကစားတာက သူ့ကို နိမ့်ကျသွားစေတယ်လို့ ထင်နေတာလား?” ချန်ဖန်က မုယောင်ကို ဖက်လိုက်ပြီး သူ့ရဲ့ ပါးကို ခပ်နာနာလေး ဆွဲလိုက်တယ်။

“သေစမ်း၊ အရမ်းနာတယ်ဟ ” မုယောင်က ဒီယောက်ျားသားကြီးက ဒီလောက် မညှာတာ ကိုင်လာတာကြောင့် မျက်ရည်ပါဝဲသွားတယ်။

“အဟမ်းး…အဟွတ် ဟွတ်” ချန်ဖန်က မုယောင်ရဲ့ ဖြူစင်ပြီး လှပတဲ့ မျက်နှာလေး နီရဲသွားတာကို မြင်တော့ နည်းနည်းလေး စိတ်မကောင်းဖြစ်သွားတယ်။

“အတည်ပြောနေတာ၊ သူက ငါတို့နဲ့ နယ်ပယ်တစ်ခုတည်းကကလူ မဟုတ်ဘူး။ သူက ဘာလို့ မင်း စီစဥ်တဲ့ပွဲကို လာတာလဲ?” မုယောင်က စိတ်ထဲမှာ တထိတ်ထိတ် ဖြစ်နေတယ်။ ဖေးယန်ရှင်းက သူ့အတွက် လာတာများလား။ ဒီအသိုင်းအဝိုင်းမှာ သူ့ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းက ချန်ဖန်ဆိုတာ ဘယ်သူမှ မသိပါဘူး။

မုယောင်က သူ့ကိုယ်သူ အရမ်းအထင်မကြီးချင်ပေမယ့် အဲ့ဒီတုန်းက သူနဲ့ဖေးယန်ရှင်းရဲ့ကြားက မရှင်းမလင်းဆက်ဆံရေးက သူ့ဘက်က တစ်ဖက်သတ်ချည်း မဟုတ်ဘူး။ တကယ်တော့ နှစ်ယောက်လုံးက အဲ့ကိစ္စနဲ့ပတ်သက်ပြီး နည်းနည်းလေး သဘောထားလေးတွေရှိခဲ့ကြတယ်။

“ဟား၊ ဘယ်သူသိနိုင်မလဲ။ ပင်လယ်ဝဋ်ဆင်းရဲ ခါးသီးလွန်းလို့ ပျော်ရွှင်မှုကမ်းကို ရှာဖွေနေတာလည်း ဖြစ်နိုင်တာပဲ” ချန်ဖန်က ပေါ့ပေါ့ပါးပါး နေတတ်တာကြောင့် သိပ်စဉ်းစားချင်ပုံမရဘူး။

“ထားလိုက်ပါတော့၊ သူက ပျော်ပါးဖို့လာတာလည်း ဖြစ်နိုင်ပါတယ်။” မုယောင်က သူ့မှာ ဒီလောက် ဆွဲဆောင်မှုရှိလိမ့်မယ်လို့လည်း မထင်ဘူး။

အခန်းတံခါးကို ဖွင့်လိုက်တော့ အတွင်းထဲမှာ လူ ၅ယောက် ၆ ယောက်ရှိပြီး ကစားနေကြပြီ။ အရမ်းလည်း ဆူညံနေတယ်။

မုယောင်က လူနှစ်ယောက် သီချင်းဖွင့်ပြီး ကခုန်နေတာကို တွေ့လိုက်ရတယ်။ ကျန်တဲ့လူတွေက အရက်သောက်ပြီး ဖဲချပ်လှန်နေကြတယ်။

ဖဲချပ်လှန်နေတဲ့သူတွေက ဆိုဖာပေါ်မှာ ထိုင်နေကြပြီး ဆိုဖာရှည်တစ်ခုမှာ လူတစ်ယောက်ပဲ ထိုင်နေတယ်။အဲလူက ဖေးယန်ရှင်းပဲ။

တကယ်တော့ ဒီအခန်းထဲမှာ ရုပ်ဆိုးတဲ့သူတစ်ယောက်မှ မရှိဘူး။ ဒါပေမယ့် ဖေးယန်ရှင်းကတော့ ကြည့်လို့အကောင်းဆုံးပဲလို့ ပြောလို့ရတယ်။

သူ့ရဲ့ မျက်ခုံးတွေက နည်းနည်းလေး ကျုံ့နေပြီး မျက်လုံးတွေက အေးစက်ကာ နှုတ်ခမ်းပါးလေးက အနည်းငယ် ပိတ်ထားတယ်။ မပြုံးတဲ့အခါမှာ ကောင်းကင်က မြင့်မားတဲ့ လမင်းကြီးလို အေးစက်နေတယ်။

ဒါပေမယ့် မုယောင်က သူ့ရဲ့ နောက်ပြောင်တာကို မြင်ဖူးသလို သူ့နဲ့ အတူ ဂိမ်းကစားသူတွေကိုလည်း ဆဲဆိုဖူးတယ်။ ဒါကြောင့် သူ့ရဲ့ ဒီလိုပုံစံကို ရုတ်တရက် မြင်ရတော့ သိပ်အဆင်မပြေဘူး။

“မုသခင်ငယ်လေး လာပြီပဲ!” ဘယ်သူခေါ်လိုက်လဲမသိ၊ လူတိုင်းရဲ့ အကြည့်တွေက ဒီကို ရောက်လာတယ်။

ဖေးယန်ရှင်းက ပျင်းရိနေပေမယ့် ဒီစကားကို ကြားလိုက်ရတော့ ချက်ချင်း တံခါးဝကို ကြည့်လိုက်ပြီး သူ အမြဲတမ်း တမ်းတနေတဲ့ ကြောင်လေးကို မြင်လိုက်ရတော့တယ်။

“ယောင်ယောင်။” ဖေးယန်ရှင်း​က သူ့ကို အရင်ဆုံး နှုတ်ဆက်ပြီး နွေးထွေးစွာပြုံးလိုက်တော့ သူ့ရဲ့ မျက်လုံးထဲက အေးစက်မှုတွေ ပျောက်ကွယ်သွားသည်။

“အာ… မင်္ဂလာပါ။” မုယောင်က သူပြောမလို့လုပ်လိုက်တဲ့စကားတွေကို မြိုချလိုက်တယ်။

ချန်ဖန်က သူတို့နှစ်ယောက်ရဲ့ စကားကို ကြားတော့ မျက်ခုံးပင့်ပြီး ဖရဲသီးနံ့ ရသွားတယ်။

ဖေးယန်ရှင်းက မုယောင်ရဲ့အေးစက်မှုကို ဂရုမစိုက်ဘဲ သူ့ရဲ့ ဘေးက နေရာကို ပုတ်ပြလိုက်တယ်။

“ယောင်ယောင် ဒီမှာ ထိုင်လေ၊ နေရာမရှိတော့ဘူး။” သူ့ရဲ့ အမူအရာက အပြစ်မရှိသလိုပါပဲ။ ပတ်ဝန်းကျင်က လူတွေကတော့ သူ့ကို အရမ်းရက်စက်တယ်လို့ စိတ်ထဲကနေ ပြောနေကြတယ်။ သူပဲ သူတို့အားလုံးကို တခြား ဆိုဖာကို မောင်းထုတ်ခဲ့တာလေ။

“အာ… အိုကေ။” မုယောင်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တော့ သင့်တော်တဲ့ နေရာကို မတွေ့တာကြောင့် ထိုနေရာမှာပဲ ဝင်ထိုင်လိုက်တယ်။

Chapter 39 end

Chapter 40

 

မုယောင် ထိုင်လိုက်တာနဲ့ တစ်ယောက်ယောက်က သူ့ကို အရက်လာငှဲ့ပေးတယ်။ သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တော့ မူမိသားစုရဲ့အငယ်ဆုံးလေးကို မတွေ့ရဘူး။

သူ့နဲ့ဖေးယန်ရှင်း၊ ချန်ဖန်တို့အပြင် မူမိသားစုက ဒီလူတွေထဲမှာ အချမ်းသာဆုံးလို့ ပြောလို့ရတယ်။

မုယောင်က ရေဆာနေတာကြောင့် ခွက်ကိုယူပြီး တစ်ခါတည်း မော့ချလိုက်တယ်။

သူက အရက်ကို မြိုချလိုက်တော့ သူ့ရဲ့ သေးငယ်တဲ့ လည်စလုပ်လေးက ဖြူဖွေးပြီး နူးညံ့တဲ့ လည်ပင်းပေါ်မှာ လှုပ်ရှားသွားတယ်။ ကြည့်ရတာ ဆွဲဆောင်မှုရှိပြီး လှပတယ်။

ဖေးယန်ရှင်းက မုယောင်ကို ငေးကြည့်နေပြီး ဒီမြင်ကွင်းက အခုမှ သန့်စင်ခန်းကနေ ပြန်လာတဲ့ မူအန်းကို နာကျင်စေတယ်။

(T/N: ဒီနေရာမှာ mtl trans မှာ မုယောင်ရဲ့မျိုးရိုး “Mu” နဲ့ မူအန်းရဲ့မျိုးရိုး “Mu” ချင်း engစာလုံးက တူနေပါတယ်။ ဒါ​ကြောင့် မုယောင်ရဲ့ မျိုးရိုးကို ‘မု’ လို့ဆက်ယူပြီး မူအန်းရဲ့မျိုးရိုးကို ‘မူ’ လို့ယူလိုက်ပါတယ်။ တရုတ်စာ တစ်လုံးမှ နားမလည်သည့်အတွက် နာမည်အသံထွက် မျိုးရိုးအသံထွက်များ မှားယွင်းနိုင်ပါသည်။)

“အို၊ ဘယ်သူများပါလိမ့်လို့။ ဒါ မုမိသားစုရဲ့ သခင်လေးပဲ။ မင်းရဲ့ အနေအထားကတော့ တကယ်ကို ကြီးကျယ်တာပဲ။ ငါ ဒီလမ်းတစ်လျှောက်လုံး မင်းရဲ့ ကားအသစ်အကြောင်းကို လူတွေပြောနေတာ ကြားခဲ့ရတယ်။”

မူအန်းက မဲ့ပြုံးနဲ့ ပြောလိုက်ပြီး သူ့ရဲ့ လေသံက လူတွေကို မျက်မှောင်ကြုတ်စေမိတယ်။

မုယောင်က မျက်လုံးကို မော့ကြည့်လိုက်တော့ ချောမောတယ်လို့ ပြောလို့ရတဲ့ လူငယ်တစ်ယောက်က ဒီဘက်ကို လျှောက်လာနေတာကို တွေ့လိုက်ရတယ်။

သူ့ရဲ့ မျက်ခုံးနဲ့ မျက်လုံးတွေက ငယ်ငယ်က ပုံစံအတိုင်းပဲ ရှိနေပြီး လူကလည်း အရင်တုန်းကအတိုင်းပဲ မုန်းစရာကောင်းနေတယ်။

“ဘာလဲ၊ မင်း ကြိုက်လို့လား၊ ငါ မင်းကို တစ်ခါလောက် မောင်းခွင့်ပေးရမလား?” မုယောင်က ပေါ့ပါးပါးပြုံးပြီး​ ပြောလိုက်တော့ မူအန်းရဲ့အမးအရာပြောင်းလဲသွားတာကို တွေ့လိုက်ရတယ်။

ဒီလူက ငယ်ငယ်ကတည်းက အပြောအဆိုမတတ် မာနကြီးပြီး မနာလိုစိတ်လည်း အရမ်းကြီးသေးတယ်။ ကြီးလာတော့လည်း ဒီအတိုင်းပဲ။

“သူ့ရဲ့ ပုံစံကို ကြည့်လိုက်ပါဦး၊ နှစ်ပေါင်း၈၀၀ရှိရင်တောင်  ပြောင်းလဲလို့ မရတဲ့ အကျင့်ဆိုး။” ချန်ဖန်က သူ့ကို မဲ့ရွဲ့ပြီး မုယောင်ကို တိုးတိုးလေး ပြောလိုက်တယ်။

“မင်း ဘာလို့ သူ့ကို ခေါ်လာတာလဲ?” မုယောင်က တိုးတိုးလေး ပြန်မေးလိုက်တယ်။ အစပိုင်းမှာ ချန်ဖန်က မူအန်း တရုတ်ပြည်ကိုပြန်ရောက်လာပြီးနောက် သူ စီစဥ်ထားတဲ့ပွဲကို လာတက်တော့ သူ အရမ်းအံ့သြသွားခဲ့တာ။ သူတို့နဲ့ မူအန်းရဲ့ ဆက်ဆံရေးက သိပ်မကောင်းပါဘူးလေ။

“သူက ဖေးယန်ရှင်းကို လိုက်နေတာလို့ ကြားတယ်။” ချန်ဖန်က အတင်းအဖျင်းပြောချင်နေတဲ့မျက်ခွက်ဖြင့် မုယောင်နား ကပ်ပြီး တိုးတိုးလေး ပြောလိုက်တယ်။

“သူ ပြန်လာပြီး ဖေးယန်ရှင်းကို တစ်ချက်မြင်ပြီးတဲ့နောက် သေလုမြောပါး လိုက်တော့တာပဲတဲ့။”

“ဖာ့ခ်!” မုယောင်ရဲ့ အသံက အံ့အားသင့်လွန်းလို့ မသိလိုက်ပါဘဲ ကျယ်သွားတယ်။ ဖေးယန်ရှင်းရဲ့ အကြည့်ကို သတိထားမိတော့ အပြစ်မရှိတဲ့ အပြုံးလေးနဲ့ ပြန်ပြုံးပြပေးလိုက်တယ်။

“သူ့မိသားစုက ခေတ်နောက်ကျတဲ့ အဘိုးကြီးက သူ့ရဲ့ခွေး ခြေထောက်တွေကို မရိုက်ချိုးပစ်ဘူးလား?” မုယောင်က အံ့အားသင့်စွာ မေးလိုက်ပါတယ်။

“ဟား၊ ရိုက်တော့ ရိုက်ပါတယ်။ ဒါပေမယ့် အပြောပါပဲကွာ။ သူကသာ မပြောင်းလဲရင် ဘာလုပ်လို့ရမှာလဲ၊ သူ့စိတ်က လူတစ်ယောက်ပေါ်မှာပဲ ရှိနေတာကိုး၊ ဖေးယန်ရှင်းကဖြင့် သူ့ကို မျက်လုံးနဲ့တောင် လှည့်မကြည့်ဘူး။”

မူအန်းက သူတို့ တီးတိုးပြောနေတာကို မြင်တော့ သူ့အကြောင်းကို ပြောနေတယ်လို့ ထင်သွားတယ်။ဒါပေမယ့် သူက သေချာမကြားလိုက်ရတာကြောင့် ဒီလူနှစ်ယောက်ကို အပြင်းအထန် စိုက်ကြည့်လိုက်တယ်။

လူတွေ စုံသွားတာကို မြင်တော့ အရင်က ကခုန်နေတဲ့ လူနှစ်ယောက်လည်း မကတော့ဘဲ အတူတူ အရက်လာသောက်ကြပါတယ်။

ပွဲကို ပျော်ရွှင်စေဖို့ ချန်ဖန်က ဘုရင်ဂိမ်း ကစားဖို့ အဆိုပြုလာတယ်။

သူတို့က ဝန်ထမ်းကို ပိုကာကတ်အသစ်တစ်စုံကို ယူခိုင်းလိုက်ပြီး အရက်သောက်ရင်း ကစားကြတော့တယ်။

မုယောင်က အစပိုင်းမှာ ကံကောင်းခဲ့သေးတယ်။ သူက ရိုးရိုးသားသား ပွဲကို ကြည့်နေပြီး ရွေးချယ်ခံရတဲ့သူက ဘေးကလူနဲ့ ရွံရှာဖွယ်ကောင်းစွာ နမ်းနေတာကိုလည်း ကြည့်နေလိုက်တယ်။ နောက်ပြီး ပေါင်ပေါ်မှာ ထိုင်ပြီး ပွတ်သီးပွတ်သပ်လုပ်တာ စတဲ့ ကန့်သတ်ချက်မရှိတဲ့ ကစားနည်းတွေကိုလည်း ကြည့်နေလိုက်တယ်။

နောက်ဆုံးမှာ ကံက သူ့ကို သိပ်ကြာကြာ မျက်နှာသာမပေးတော့ဘဲ စတုတ္ထအကြိမ်မှာ သူ ကံဆိုးမွဲလေး ဖြစ်သွားတယ်။

“မင်းရဲ့ ဘယ်ဘက်က လူနဲ့ ၁၀ စက္ကန့်ကြာ လျှာချင်းထိနမ်းပါ။” ဘုရင်ကတ်ကို ရတဲ့သူက ပျော်ရွှင်စွာ ပြောလိုက်တယ်။

မုယောင်က နည်းနည်းလေး ကြောင်သွားပြီး ခေါင်းကို လှည့်ကြည့်လိုက်တော့ သူ့ရဲ့ ဘယ်ဘက်မှာ ဖေးယန်ရှင်း ရှိနေတာကို တွေ့လိုက်ရတယ်။

“…ငါ အရက်သောက်လိုက်မယ်လေ၊ ငါ့မှာ အခု ချစ်သူရှိတယ်။” မုယောင်က တွန့်ဆုတ်စွာ ပြောလိုက်ပါတယ်။

“ဟာ၊ ဘယ်သူက မုသခင်လေးကို ခေါ်သွားတာလဲ၊ ယောက်ျားလေးလား?” အရက်သောက်နေတဲ့ လူအချို့က စိတ်ဝင်စားသွားတယ်။

“ငါ့ရဲ့ သူငယ်ချင်းတစ်ယောက်ပါ။ သူက အရမ်းကောင်းပါတယ်၊ ငါတို့ ဆက်ဆံရေးကလည်း အရမ်းကောင်းတယ်။” မုယောင်က ပြုံးပြီး ပြန်ဖြေလိုက်တော့ ဖေးယန်ရှင်းရဲ့ မျက်နှာက တဖြည်းဖြည်း မည်းမှောင်သွားတာကို သတိမထားမိလိုက်ဘူး။

မုယောင်က အရက်ကို ယူဖို့ ပြင်နေတုန်း မူအန်းရဲ့ မနှစ်မြို့စရာကောင်းတဲ့ အသံကို ကြားလိုက်ရတယ်။

“မုသခင်လေးက တကယ်ကို ရယ်စရာကောင်းတာပဲ၊ ဂိမ်းတစ်ခုကိုတောင် မကစားနိုင်ဘူးလား၊ မင်းရဲ့ ချစ်သူက မင်း အပြင်မှာ ဂိမ်းကစားနေလို့ ငိုနေမှာလား?”

မုယောင်က မူအန်းကို ဘာပြောရမှန်းမသိ ကြည့်နေမိတယ်။ ဒီကောင် ဘယ်လိုဖြစ်နေလဲ မသိဘူး။ သူ တကယ်လို့ ဖေးယန်ရှင်းကို သွားနမ်းလိုက်ရင် ငိုရမှာက လူက သူပဲဆိုတာ နားမလည်ဘူးလား။

“စကားမပြောတတ်ရင်လည်း နောက်ဘဝမှ လူလာဖြစ်ဖို့ အကြံပေးချင်တယ်။” မုယောင်က အေးစက်စက် ပြောလိုက်တယ်။

“မင်း!” မူအန်းက ဒေါသထွက်သွားသည်။

မုယောင်က တစ်ခုခု ပြောဖို့ ပြင်နေတုန်း သူ့ရဲ့ ခေါင်းကို တစ်ယောက်ယောက်က ဘယ်ဘက်ကို ညင်ညင်သာသာ လှည့်လိုက်တာကို ခံလိုက်ရတယ်။

ဖေးယန်ရှင်းက သူ့ရဲ့ မျက်နှာကိုကိုင်ပြီး ခေါင်းကို ငုံ့ကာ နမ်းလာတယ်။

“!” မုယောင်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားပြီး ရုန်းကန်ဖို့ ပြင်လိုက်ပေမယ့် ဖေးယန်ရှင်းက သူ့ကို ဖိထားလိုက်တယ်။

ဖေးယန်ရှင်းက လျှာကို မသုံးဘဲ နှုတ်ခမ်းချင်းပဲ ထိတွေ့ပြီး မုယောင်ရဲ့ နှုတ်ခမ်းကို ဂရုတစိုက်နဲ့ တန်ဖိုးထားစွာဖြင့် နမ်းလိုက်တယ်။

“မုယောင်မှာ ချစ်သူရှိနေပြီဆိုတော့ ဒီလောက်နဲ့ရပ်လိုက်ရအောင်၊ လျှာသုံးပြီး မနမ်းတော့ဘူး။” ဖေးယန်ရှင်းက သူ့နှုတ်ခမ်းနဲ့ မုယောင်ရဲ့ နှုတ်ခမ်းကို ၁၀စက္ကန့်လောက် ထိတွေ့ပြီးမှ နောက်ဆုတ်သွားတယ်။

တခြားလူတွေလည်း အံ့သြသွားပြီး ဒီစကားကို ကြားတော့ ရယ်မောလိုက်ကြတယ်။ “ရပါပြီ ရပါပြီ။”

မူအန်းကတော့ ဒေါသထွက်ပြီး တစ်ကိုယ်လုံး တုန်နေတော့တယ်။

Chapter 40 end

ရက်စက်သောညီငယ်လေး

ရက်စက်သောညီငယ်လေး

Status: Completed Type: Author:

Warning!!!!

Harem ပါ။ gong အကုန်နဲ့ညားပါတယ်။ incest / r@pe tag ပါပါတယ်။ သွေးတစ်ဝက်နှောအစ်ကိုက gongတွေထဲမှာ ပါပါတယ်။

 

Description

 

မုယွင်ဇီသည် ဇာတ်လိုက်၏မောင်းမ​ဆောင်တွင်ရှိသော gong တစ်ယောက်ဖြစ်၏။ မုယောင်သည် သူ၏ သွေးတစ်ဝက်တော်စပ်မှုရှိသော ညီလေးဖြစ်ကာ ရက်စက်သော အမြှောက်စာဇာတ်ကောင်ပင်။ သူသည် ထိုဇာတ်လိုက်က သူ့အစ်ကိုရဲ့အချစ်ကို အမြဲတမ်း ရနေနိုင်ခြင်းကို မနာလိုဖြစ်ခဲ့သည်။သို့ပေမယ့် သူ့အစ်ကိုကတော့ သူ့(မုယောင်)ကို လျစ်လျူရှူခဲ့လေ၏။

 

ဒါကြောင့် မုယောင်ဟာ ဇာတ်လိုက်shouကို gang-rape လုပ်ခိုင်းဖို့ တစ်စုံတစ်ယောက်ကို ရှာတွေ့သွားခဲ့သည်။ သို့ပေမယ့် ဇာတ်လိုက်shouကို သူ့ရဲ့gongက ကယ်တင်သွားမှာကို မလိုလားခဲ့ပေ။ နောက်ဆုံးမှာ grang-rape ခံခဲ့ရတဲ့သူက မုယောင်ဖြစ်လာတော့သည်။

 

(T/N- gang-rape... လူတွေအများကြီးဖြင့် မုဒိန်းကျင့်ခြင်း)

 

စိတ်အားငယ်စွာဖြင့် သူသည် သူ့၏ဘဝကို ရေထဲ ခုန်ချ၍ အဆုံးစီရင်ခဲ့၏။

 

သူ ပြန်လည်မွေးဖွားလာတဲ့အခါမှာတော့ ဇာတ်လိုက်shouနဲ့ သူ့ရဲ့gongတွေဆီကနေ အဝေးမှာနေဖို့ ပြင်ဆင်ခဲ့သည်။ဒါပေမယ့် နောက်ပိုင်းမှာ သူတို့တစ်ယောက်ချင်းစီတွင် တစ်ခုခုမှားယွင်းနေတယ်ဆိုတာ သူရှာတွေ့သွားခဲ့၏။

 

ဇာတ်လိုက်shouက မု​ယောင်နဲ့သူငယ်ချင်းလုပ်ဖို့ အမြဲတမ်းအတင်းတောင်းဆိုနေပေမယ့် မုယောင်ရဲ့နှုတ်ခမ်းတွေကိုတော့ တိတ်တခိုး စွဲစွဲလမ်းလမ်း နမ်းလေ့ရှိသည်။

 

မုယောင်အ​မြဲတမ်း တောင်းဆိုနေရတဲ့ အစ်ကိုဖြစ်သူကလည်း မုယောင်ကို စတင်ထိန်းချုပ်လာပြီး သူ့ကို အခြားယောင်္ကျားတွေနဲ့ အဆက်အသွယ်လုပ်ခွင့်မပေးပေ။

 

နောက်ပြီးတော့ မုယောင်ကို gang-rape ခံရစေပြီး gang-rape ခံရခြင်း၏ အရသာကို ထိတွေ့စေရန် ရည်ရွယ်ခဲ့တဲ့ လူကတော့ မုယောင်ရှေ့တွင် မျက်နှာပေါ်ရှိ ညိုးငယ်ထိုင်းမှိုင်းနေသော အကြည့်ဖြင့် ရပ်နေခဲ့သည်။ထိုသူက မုယောင်ကို နတ်ဘုရားတစ်ပါးကို ယုံကြည်ကိုးကွယ်သူတွေ ကြည့်သလိုမျိုး ကြည့်ကာ

"ကိုယ့်ကို ချစ်ပေးပါ" လို့ပြောလာ၏။

 

^^^^^^^^^^

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset