Little Creampie:
Chapter 44
မူယောင် အချိန်အတော်ကြာအောင် လူးလိမ့်နေပြီးနောက် အရမ်းပင်ပန်းနေပြီ။ဖေးယန်ရှင်းလည်း နောက်ဆုံးမှာ ကျေနပ်သွားပြီ။
သူက မုယောင်ကို ရေချိုးခန်းထဲ ခေါ်သွားပြီး ဂရုတစိုက် သန့်ရှင်းပေးလိုက်ပေမယ့် နောက်တစ်ခါ ထပ်ပြီး လုပ်ချင်စိတ်ပေါ်လာပြန်တယ်။
မုယောင်က အရမ်းအိပ်ချင်နေတာကြောင့် ခေါင်းအုံးကိုထိတာနဲ့ ချက်ချင်း အိပ်ပျော်သွားတယ်။ ဖေးယန်ရှင်းက သူ့ကို လက်မောင်းနဲ့ ဖက်ပြီး သူ့ရဲ့ချိုမြိန်စွာအိပ်စက်နေတဲ့ မျက်နှာလေးကိုကြည့်ပြီး သူလည်း အိပ်ပျော်သွားသည်။
မုယောင် မနက်မှာ နိုးလာတော့ အရမ်းစိတ်ပျက်သွားတယ်။ သူ့ရဲ့ ခေါင်းထဲမှာ သတင်းအချက်အလက်တွေ အများကြီးဝင်လာတာကြောင့် ချက်ချင်းပဲ အလုပ်မလုပ်နိုင်ဖြစ်သွားသည်။
မုယောင် တုန်တုန်ယင်ယင်နဲ့ သူ့ရဲ့ဖွေးအုနေတဲ့ လက်မောင်းတွေကို ဆန့်ထုတ်လိုက်တော့ သူ့ရဲ့လက်မောင်းတွေပေါ်မှာ အနမ်းရာ အမှတ်အသားတွေ အပြည့်နဲ့ ဖုံးအုပ်နေတာကို တွေ့လိုက်ရတယ်။
သူက သူ့ခေါင်းကို လက်တစ်ဖက်နဲ့ ထိန်းပြီး စိတ်ထဲ အသံတိတ် အော်ဟစ်နေမိတယ်။
ဖေးယန်ရှင်းက မုယောင်ရဲ့ လှုပ်ရှားမှုကြောင့် နိုးလာတယ်။
သူက မုယောင်တစ်ယောက် အိပ်ရာပေါ်မှာ ငုတ်တုတ်ထိုင်နေတာကို မြင်တော့ သူ့ကို လက်မောင်းနဲ့ဆွဲပြီး သူ့ရဲ့ရင်ထဲကို ဖက်ထားလိုက်တယ်။
“ကြောင်ပေါက်လေး၊ အိပ်ဦးလေ” သူ့ရဲ့အသံက အိပ်ချင်နေတာကြောင့် ခပ်နိမ့်နိမ့်ဖြစ်နေ၏။ထိုလိုမျိုးအသံက မုယောင်ရဲ့ မျက်နှာကို ရဲသွားစေတယ်။
မုယောင်က သူ့ခေါင်းကို ခါလိုက်ပြီး နားထောင်လို့ကောင်းတဲ့အသံနဲ့ ပြည့်ဝတဲ့ ရင်ဘတ်ကြွက်သားတွေကနေ အသိပြန်ဝင်လာပြီး ပြန်အိပ်တော့မယ့် ဖေးယန်ရှင်းကို တွန်းထုတ်လိုက်တယ်။
“ဖေးယန်ရှင်း၊မင်း ထဦး။” မုယောင်က သူ့ရဲ့သေးသေးသွယ်သွယ် လက်ချောင်းတွေကို ဖေးယန်ရှင်းရဲ့ ကျယ်ပြန့်တဲ့ ပုခုံးပေါ်တင်လိုက်တာက ဖော်ပြမရနိုင်လောက်အောင် ဆွဲဆောင်မှုရှိတယ်။
ဖေးယန်ရှင်းက မုယောင်ရဲ့ လက်ချောင်းကို ဆွဲယူကာ နမ်းလိုက်ပြီး မုယောင်ရဲ့နူးညံ့တဲ့လက်နဲ့ သူ့ရဲ့ နုပျိုပြီး ချောမောတဲ့ မျက်နှာကို အုပ်ထားစေလိုက်တယ်။
“ဘာတွေလုပ်နေတာလဲ။” မုယောင်ရဲ့မျက်နှာက ရဲသွားတယ်။
ဖေးယန်ရှင်းက သူ့ရဲ့ကြောင်ကလေးလက်ကို နမ်းပြီး နောက်ဆုံးမှာ နိုးလာတယ်။
သူ ထိုင်လိုက်တော့ သူ့ရဲ့ခန္ဓာကိုယ်ပေါ်က စောင်က ပြုတ်ကျသွားတယ်။ သူ့ရဲ့ ခန္ဓာကိုယ်အနှံ့က ကုတ်ခြစ်ရာနဲ့ ကိုက်ရာတွေအပြည့်နဲ့ ကာမဆန်တဲ့ အငွေ့အသက်တွေ ထွက်နေသည်။
မုယောင်ရဲ့ ပါးစပ်လေး ဟသွားပြီး ဒါတွေကို သူကိုယ်တိုင် လုပ်ခဲ့တယ်ဆိုတာ မယုံနိုင်ဖြစ်နေလေသည်။
“ကြောင်ပေါက်လေးက မနေ့ညက အရမ်းစိတ်အားထက်သန်လိုက်တာ။ကိုယ်တောင် ခံနိုင်ရည်မရှိ ဖြစ်သွားတယ်။” ဖေးယန်ရှင်းက စနောက်တဲ့လေသံဖြင့် ပြောလာသည်။
မုယောင် မနေ့ညက တအားမူးနေလို့ ဘာတွေဖြစ်ခဲ့လဲဆိုတာ သေချာမမှတ်မိတော့ဘူး။ ဒါပေမယ့် ဖေးယန်ရှင်းက သူ့ကို အရင်စခဲ့တာကိုတော့ မှတ်မိနေသေးတယ်။
“သိသိသာသာကြီးကို မင်းအရင်စလုပ်ခဲ့တာလေ…” မုယောင်က အထင်လွဲခံရသလို ခံစားရတယ်။ ယောက်ျားတွေက ဘယ်သူမှ မကောင်းဘူး။ သူက အရင်တောင် အပြစ်တင်နေတယ်။
“ဒါပေမယ့် ကြောင်ပေါက်လေးလည်း အရမ်းကြိုက်ခဲ့တာပဲလေ။အဲဒါကိုတော့ ငြင်းမှာမဟုတ်ဘူးမလား?” ဖေးယန်ရှင်းက မျက်နှာကို သူ့မျက်နှာနဲ့ နီးကပ်လာအောင် ကပ်လာတော့ မုယောင် နောက်မဆုတ်ဘဲ မနေနိုင်ပေ။
“…ငါ့မှာ ချစ်သူရှိတယ်၊ ပြီးတော့ မနေ့ညက ငါတို့နှစ်ယောက်စလုံး အရမ်းမူးနေတာ…” မုယောင်က သူ့ရဲ့အချိုးမပြေတဲ့ စကားတွေကို သတိလက်လွတ် ပြောမိသွားတယ်။
ဖေးယန်ရှင်းက မျက်လုံးတွေကို မှေးကျဉ်းလိုက်ပြီး ဖုန်းယူလိုက်တယ်။ သူ့ဖုန်းကိုဖွင့်ပြီး မနေ့ညက ဂရုတစိုက် ရိုက်ထားတဲ့ ဓာတ်ပုံတွေကို လှန်ကြည့်လိုက်တယ်။
“ကြောင်ပေါက်လေး မနေ့ညက မင်းကို ကိုယ်လုပ်ခဲ့တာ။”ဖေးယန်ရှင်းက တမင်တကာ လုပ်ယူဖန်တီးထားတဲ့ ဓာတ်ပုံကို မုယောင်ကို ပြလိုက်တယ်။
မုယောင်မှာ ထိုဓာတ်ပုံကို မြင်တော့ တစ်ကိုယ်လုံး ခရမ်းချဉ်သီးလို နီရဲသွားတယ်။
“မင်း အရမ်းအရှက်မဲ့တာပဲ… ဘယ်လိုလုပ်ပြီး ဒီလိုဓာတ်ပုံမျိုး ရိုက်ရတာလဲ?” မုယောင်က ဒေါသတကြီး ဖေးယန်ရှင်းရဲ့ ဖုန်းကို လှမ်းယူလိုက်ပေမယ့် ဖေးယန်ရှင်းရဲ့ လက်တံရှည် ခြေတံရှည်တွေကြောင့် မမီလိုက်ဘူး။
ဖေးယန်ရှင်းက သူ့ရဲ့ ဒေါသကို အခွင့်ကောင်းယူပြီး မုယောင်ကို ခိုးနမ်းလိုက်သည်။ထို့နောက် သူ့ရဲ့နှုတ်ခမ်းကို ကျေနပ်စွာ ပွတ်သပ်လိုက်တယ်။
“မင်း ဘာလိုချင်တာလဲ?” မုယောင်က ဖေးယန်ရှင်းက သူ့ရဲ့ အရန်အစီအစဉ်ကို မုယောင်နဲ့ အပေးအယူလုပ်ဖို့ သိမ်းထားတယ်ဆိုတာကို သဘောပေါက်လိုက်တာကြောင့် ဘယ်လိုပဲဖြစ်ဖြစ် မရနိုင်မှန်းသိလို့ ဆွဲယူဖို့ မကြိုးစားတော့ဘူး။
“ကိုယ် မင်းရဲ့ ချစ်သူဖြစ်ချင်တယ်။” ဖေယယန်ရှင်းက အတည်အကြည် အလေးအနက်ထားတဲ့လေသံနဲ့ ပြောလိုက်တယ်။
“မဖြစ်နိုင်ဘူး၊ ငါ့မှာ ချစ်သူရှိတယ်။” မုယောင်ကလည်း ချက်ချင်း ငြင်းဆိုလိုက်တယ်။
“ဒါဆို ငါ အပြင်လူအဖြစ် (ဒုတိယလူ) နေမယ်” ဖေးယန်ရှင်းက ချက်ချင်းပဲ ပြောလိုက်တယ်။
“!” မုယောင်သည် သူ့ရဲ့ အရှက်မရှိတဲ့စကားနဲ့ အပြုအမူကြောင့် အံ့သြသွားတယ်။ သူ ဖေးယန်ရှင်းကို သေချာကြည့်လိုက်တော့ အရင်က အေးစက်မှုနဲ့ နာမည်ကြီးတဲ့လူကို လုံးဝ မတွေ့ရတော့ဘူး။
“မင်း နည်းနည်းလေး ပုံမှန်ဖြစ်ပေးလို့ မရဘူးလား!” မုယောင်က ဒေါသတကြီး ကျိန်ဆဲချင်နေတယ်။
“ဒါဆို ကိုယ် ကြောင်ပေါက်လေးကို လိုက်လို့ရတယ်မလား?ကြောင်ပေါက်လေး ငြင်းလို့မရဘူးနော်” ဖေးယန်ရှင်းက ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ပြီး နောက်ဆုံးမှာ သူ့ရဲ့ ရည်ရွယ်ချက်ကို ရှင်းပြလိုက်တယ်။
မုယောင်က ဖေးယန်ရှင်းက နောက်ထပ် အလျှော့ပေးမှာ မဟုတ်ဘူးဆိုတာ သိလိုက်ရတော့ ခေါင်းညိတ်လိုက်ရတယ်။
သူ့ရဲ့စိတ်ထဲမှာ အရမ်းနောင်တရနေတယ်။ဒီလိုတွေ ဖြစ်လာမယ်မှန်းသာ သူသိခဲ့ရင် ကစားဖို့တောင် လာမှာမဟုတ်ဘူး။ အခုလို ဖေးယန်ရှင်းကို သွားဆွပေးမိလိမ့်မယ်လို့ မထင်ခဲ့ဘူး။
Chapter 44 end
Chapter 45
မုယောင်ဟာ ဖေးယန်ရှင်းရဲ့ တောင်းဆိုမှုကို မတတ်သာဘဲ လက်ခံလိုက်ရပြီးနောက် မနက်စာစားပြီး ထွက်ခွာသွားခဲ့တယ်။
ဖေးယန်ရှင်းက သူ့ကို ကျောင်းကို လိုက်ပို့ချင်ပေမယ့် မုယောင်က စိတ်ရှုပ်ထွေးနေတာကြောင့် ငြင်းဆိုလိုက်တယ်။
မုယောင် အဆောင်ကို ပြန်ရောက်တာနဲ့ ဖုန်းထဲမှာ ပိုင်ရန်ပို့ထားတဲ့ message တွေကို တွေ့တော့ စိတ်ထဲမှာ အရမ်းအပြစ်ရှိသလို ခံစားမိတယ်။
ပိုင်ရန်က သူ့အပေါ် အရမ်းကောင်းခဲ့ပြီး သူကလည်း ပိုင်ရန်ကို ဖြည်းဖြည်းချင်း ကြိုက်လာနေပြီ။ အခုတော့ ပိုင်ရန်ကို ဘယ်လို ရင်ဆိုင်ရမှန်း မသိတော့ဘူး။
နောက်ပြီး အရင်က မုယွင်ဇီ ရှိနေပြီး အခုနောက်ထပ် ဖေးယန်ရှင်းပါ ရှိလာသည်။နောက်ပြီး နှစ်ယောက်လုံးက ဆေးမှားသောက်ထားသလို သူ့ကို မျက်စိကျနေကြတယ်။
မုယောင်က ခုတင်ပေါ်မှာ လှဲနေပြီး ဘာလုပ်ရမှန်း မသိတော့ဘူး။ ပိုင်ရန်ကတော့ တစ်ညလုံး မုယောင်နဲ့ အဆက်အသွယ် မရတာကြောင့် ဖုန်းခေါ်လိုက်တယ်။
“ယောင်ယောင် မနေ့ညက အရက်တအားမူးသွားတာလား?” ပိုင်ရန်ရဲ့ချောမောကာနူးညံ့တဲ့ မျက်နှာက ဖုန်းထဲမှာ ပေါ်လာတော့ မုယောင်ရဲ့ မျက်လုံးတွေ နီရဲလာတယ်။
“ဟုတ်တယ်၊ မနေ့ညက အရက်တွေ အများကြီး သောက်ခဲ့တာ” မုယောင်က သူ့ရဲ့ နီရဲနေတဲ့ မျက်လုံးတွေကို တစ်နည်းနည်းဖြင့် ဖုံးကွယ်ရန် ကြိုးစားလိုက်သည်။
“မင်းကို အရမ်းလွမ်းနေတာ၊ ပိုင်ရန်။” မုယောင်က သူ့ရဲ့လေသံထဲက ငိုချင်တဲ့ အရိပ်အယောင်ကို ဖုံးကွယ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားလိုက်တယ်။
“ငါလည်း မင်းကို လွမ်းနေတာ ယောင်ယောင်။ ငါ နေ့လယ်စာကို မင်းနဲ့အတူစားဖို့ ပြန်လာခဲ့မယ်” ပိုင်ရန်က ပြုံးကာ ပြောလိုက်တယ်။ သူက မုယောင်ရဲ့ အမူအရာကို သတိထားမိလိုက်ပေမယ့် မုယောင်က ဘာမှ မပြောချင်ပုံရတယ်။
“ကောင်းပြီ။” မုယောင်က ခေါင်းညိတ်ပြီး ပိုင်ရန်ကို ချစ်ခင်ပြီး တမ်းတတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။
ပိုင်ရန်က သူ့နဲ့ ခဏလောက် စကားပြောပြီး သူ့ရဲ့ သူဌေးက သူ့ကို အလုပ်လုပ်ဖို့ ခေါ်လာတယ်။
“ပိုင်ရန်က ဘာနဲ့ အလုပ်ရှုပ်နေတာလဲ?” မုယောင် နည်းနည်း ထူးဆန်းသွားတယ်။ သူ မှတ်မိတာက ပိုင်ရန်က သူ့ရဲ့အရင်ဘဝမှာတုန်းက ဒီလောက် အလုပ်မရှုပ်ဘူး။
မုယောင် မစဉ်းစားနိုင်သေးခင်မှာပဲ သူ့ဖုန်းမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ နံပါတ်တစ်ခု ပေါ်လာတယ်။
မုယောင် ဖုန်းမဖြေဘဲ ဖုန်းက တစ်ခါပြီးတစ်ခါ လင်းလာပြီး ပြန်ငြိမ်းသွားတာကို ထပ်ခါထပ်ခါ ကြည့်နေတယ်။ ဖုန်းမြည်တာ ရပ်သွားမှ မုယောင် ဖုန်းကိုယူလိုက်တော့ နောက်ဆုံး မက်ဆေ့ခ်ျတွေကို တွေ့လိုက်ရတယ်။
“မုယောင်၊ ဖုန်းကိုင်။”
“မုယောင်၊ မင်းငါ့ကို မင်းကျောင်းကိုလာပြီး မင်းကိုဆွဲခေါ်သွားစေချင်လို့လား၊ မင်းရဲ့ချစ်သူလေးလည်း ကျောင်းမှာရှိနေတယ်မလား?”
သူ့ဆီရောက်လာတဲ့ ခြိမ်းခြောက်မှုကြောင့် မုယောင် အရမ်းဒေါသထွက်သွားတယ်။ ဘာလို့ ဒီကမ္ဘာကြီးမှာ မုယွင်ဇီလို အရှက်မရှိတဲ့လူက ရှိနေရတာလဲဆိုတာ သူ နားမလည်နိုင်ဘူး။
သူက မုယွင်ဇီကို ဒေါသတကြီး ဖုန်းခေါ်လိုက်တယ်။ ဖုန်းက နှစ်ခါလောက်မြည်ပြီးတော့ ဟိုဘက်က ကိုင်လာတယ်။
“ဟယ်လို!” မုယောင်ရဲ့လေသံက ပြင်းထန်နေတယ်။
“ငါ့ကို ဆက်သွယ်ဖို့ ဆန္ဒရှိလာပြီလား?” မုယွင်ဇီက စိတ်အခြေအနေကောင်းနေတယ်။
“ခင်ဗျား ဘာလိုချင်တာလဲ?” မုယောင်က အရမ်းဒေါသထွက်နေတယ်။
“ခင်ဗျား ဘယ်သူနဲ့ ကစားချင်နေတာလဲ? ခင်ဗျားရဲ့ညီအရင်းကို လိုက်နေတာ ဘယ်လောက်တောင် ရှက်ဖို့ကောင်းလိုက်လဲ?”
မုယောင်နဲ့ မုယွင်ဇီ မျက်နှာချင်းဆိုင်တွေ့ရင် မုယောင်က မုယွင်ဇီကို ဒီလို အော်ငေါက်ရဲမှာ မဟုတ်ဘူး။ ဒါပေမယ့် အခု သူတို့နှစ်ယောက်လုံး ဖုန်းနဲ့ပြောနေတာကြောင့် မုယောင် ပိုပြီး သတ္တိရှိလာတယ်။
“မုယောင်၊ ငါ့ဘေးမှာနေတာက ပိုမကောင်းဘူးလား? မင်းက ငါ့ရဲ့ညီဆိုတော့ မုမိသားစုက ဘယ်လောက် ချမ်းသာလဲဆိုတာ သိသင့်တယ်။ ငါနဲ့သာ အတူနေရင် တစ်မြို့လုံးမှာ မင်းထက် ပိုကောင်းတဲ့ဘဝကို နေနိုင်တဲ့ သခင်ငယ်လေး ရှိမှာမဟုတ်ဘူး။” မုယွင်ဇီက အရှက်မရှိစွာ ပြောလာတယ်။
“…” မုယောင်မှာ နွားပါး စောင်းတီးနေရသလို ခံစားချက်မျိုး ဖြစ်နေလေသည်။
“ခင်ဗျား ဒီလိုပဲလုပ်နေတော့မှာလား? ခင်ဗျားမှာ ကြိုက်တဲ့သူ မရှိဘူးလား?” မုယောင်က အရမ်းစိတ်ပျက်သွားတယ်။ သူ့ရဲ့ အရင်ဘဝက ဒီအချိန်မှာ မုယွင်ဇီက ပိုင်ရန်ကို စိတ်ဝင်စားနေပြီ။
အခု သူက မုယွင်ဇီကို ပိုင်ရန်ကို မကြိုက်စေချင်ပေမယ့် ပိုင်ရန်လို ဆင်းရဲနွမ်းပါးပေမယ့် ကြိုးစားတဲ့လူငယ်လေးတစ်ယောက်ကိုတော့ ကြိုက်စေချင်တယ်။
“မုယောင်၊မင်း အခုတော့ လက်ခံနိုင်သေးမှာမဟုတ်ဘူး၊ မင်းအရင် ရည်စားထားလို့ရတယ်။ ဒါပေမယ့် နောက်ဆုံးမှာ မင်းငါ့နဲ့ပဲ အတူနေရလိမ့်မယ်ဆိုတာကိုတော့ သိထားရမယ်။ ပိုင်ရန်ရဲ့နောက်ခံက ဘာလဲ? ဘာမှမရှိတဲ့ ဆင်းရဲသားလေး။ ငါ မင်းကို မကြိုက်ရင်တောင် မင်းတို့နှစ်ယောက် အချိန်အကြာကြီး အတူရှိမနေနိုင်ဘူး။”
‘ဒါဆို ခင်ဗျားကကျတော့ ပိုင်ရန်နဲ့ ဘာလို့ အတူနေနိုင်ရတာလဲ?’ မုယောင်က အရမ်းဒေါသထွက်ပြီး သတိလက်လွတ် ပြောလိုက်မိမလို ဖြစ်သွားပေမယ့် နောက်ဆုံးမှာ သတိပြန်ဝင်လာတယ်။
ဒါပေမယ့် မုယွင်ဇီပြောတာက မှားနေတာတော့ မဟုတ်ဘူး။ ပိုင်ရန်နဲ့ သူ့ရဲ့မိသားစုနောက်ခံက အရမ်း ကွာခြားလွန်းတယ်။ သူက ဂရုမစိုက်ပေမယ့် ပိုင်ရန် ဂရုစိုက်နေတာကို သူ မြင်နိုင်တယ်။
မုယောင် ဖုန်းတစ်ဖက်မှာ တိတ်ဆိတ်နေမိသည်။ မုယွင်ဇီက သူ့ကို အတင်း ဖိအားပေး မပြောခိုင်းခဲ့ဘူး။ သူ့လို အထက်တန်းလွှာတစ်ယောက်အတွက် မုယောင်ကို ထိန်းချုပ်ဖို့ဆိုတာ ခက်ခဲတဲ့ကိစ္စမဟုတ်ဘူး။ဒါပေမယ့် သူက လူကိုရော နှလုံးသားကိုရော လိုချင်သည်။
“မင်းကိုယ်တိုင် စဉ်းစားကြည့်ပါ။” မုယွင်ဇီရဲ့ အသံက အရမ်း မုန်းစရာကောင်းပြီး သူ နိုင်ပြီလို့ ယုံကြည်နေပုံရတယ်။
မူယောင် ဘာမှမပြောဘဲ ဖုန်းချလိုက်ပြီး စောင်ထဲဝင်သွားလိုက်တယ်။
O.S: မုယောင်:” ခင်ဗျားမှာ အရှက်ရော ရှိသေးရဲ့လား။ကျွန်တော်က ခင်ဗျားရဲ့ ညီနော်။”
မုယွင်ဇီ:”ဟုတ်တယ်။မင်းက ငါ့အတွက်ပဲ”
ဒီလူနဲ့ပြောရတာ နွားပါး စောင်းတီးနေရသလိုပဲ။
Chapter 45 end