⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 71+72+73+74+75

Little Creampie:
Chapter 71

မုယွင်ဇီတို့သုံးယောက်က ပိုင်ရန်ကို စိတ်ပျက်လက်ပျက်နဲ့ ကြည့်ပြီး အံကြိတ်ကာ သည်းခံလိုက်တယ်။

သူတို့မှာ ကိုယ်ပိုင်အသိစိတ်လေးတော့ ရှိသေးတယ်။ မုယောင်ရဲ့နှလုံးသားထဲမှာ သူတို့က ပိုင်ရန်နဲ့ယှဉ်ဖို့တောင် အရည်အချင်းမပြည့်မီဘူး။

မုယောင်က နောက်ဆုံးမှာ သဘောတူလိုက်တယ်။ သူမှာ တခြားရွေးချယ်စရာ မရှိသလို ဒီလူတွေကလည်း လက်လျှော့မှာ မဟုတ်ဘူး။

ခန်ချင်းဟန်က အတူတူနေမယ့်ကိစ္စကို ထုတ်ပြောလိုက်တယ်။ သူတို့က မုယောင်ကို တွေ့ဖို့ နေ့တိုင်း ကျောင်းကို သွားလို့မရသလို မုယောင်ရဲ့အတန်းဖော်တွေ တွေ့ရင်လည်း ကောလဟာလတွေ ထွက်လာလိမ့်မယ်။

နောက်ဆုံးမှာ လူအကုန်က ကျောင်းနဲ့ နှစ်ကီလိုမီတာလောက် ဝေးတဲ့ နေရာမှာ အိမ်တစ်လုံးဝယ်ဖို့ သဘောတူလိုက်ကြတယ်။ ကျောင်းနဲ့ သိပ်မဝေးသလို ဗီလာအိမ်တစ်လုံးကို ရွေးဖို့လည်း အဆင်ပြေတယ်။

ရက်အနည်းငယ်လောက် ရွေးပြီးနောက် နောက်ဆုံးမှာ စတုရန်းမီတာ၅၀၀လောက်ရှိပြီး သုံးထပ်ပါတဲ့ ဗီလာတစ်လုံးကို ရွေးလိုက်ကြတယ်။

ဗီလာအိမ်ရဲ့ပထမထပ်မှာ အခန်းခြောက်ခန်းရှိပြီး ဒုတိယနဲ့ တတိယထပ်မှာ လေးခန်းစီ ရှိတယ်။ အပြင်မှာ ရေကူးကန်နဲ့ ဥယျာဉ်အသေးလေးလည်း ပါသေးတယ်။ စုစုပေါင်း မြေဧရိယာက ၃၀၀ စတုရန်းမီတာလောက် ရှိတယ်။

လူတိုင်း ပိုက်ဆံအနည်းငယ် ထည့်ကြတယ်။ တခြားဘာကြောင့်မှ မဟုတ်ဘဲ အချစ်ပြိုင်ဘက်တွေဆီကနေ အမြတ်မထုတ်ချင်လို့ပဲ။

မုယောင်လည်း ပိုက်ဆံထည့်တယ်။ သူက ချမ်းသာပြီး ဘယ်သူ့အမြတ်ကိုမှ မယူချင်ဘူး။ ပိုင်ရန်က သိန်းဂဏန်းလောက် ပေးခဲ့တယ်။ ဒါက သူ့ရဲ့ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး စုဆောင်းထားတဲ့ ပိုက်ဆံတွေ။ ကျန်တဲ့ပိုက်ဆံတွေကို ရှေ့နေရုံးမှာ ရင်းနှီးမြှုပ်နှံခဲ့တယ်။

မုယောင်က ပိုင်ရန်ကို ဒီပိုက်ဆံတွေ ပေးလို့ အထင်သေးခံရမှာကို ကြောက်ပြီး သိန်းနဲ့ချီတဲ့ပိုက်ဆံတွေကို ပိုင်ရန်ဆီ တိတ်တဆိတ် လွှဲပေးလိုက်တယ်။ ပိုင်ရန်က လက်ခံဖို့ ငြင်းဆိုခဲ့တယ်။ မုယောင်က စိတ်ဆိုးဒေါသထွက်တော့မှ အဲဒီပိုက်ဆံတွေကို ယူခဲ့တယ်။

ဗီလာအိမ်ကို အရင်ပိုင်ရှင်ဆီက ဝယ်ခဲ့တာကြောင့် ပြန်ပြင်ဆင်ပြီးရင် နေလို့ရတယ်။ ငွေကြေးအင်အားရဲ့ အကူအညီနဲ့ လဝက်အတွင်း ဗီလာအိမ်ကို ပြင်ဆင်လို့ ပြီးသွားခဲ့တယ်။

ဒါကြောင့် မုယောင်နဲ့ပိုင်ရန်တို့က အဆောင်ကနေ ပြောင်းလာခဲ့ကြတယ်။ မုယွင်ဇီက အိမ်ပြောင်းတဲ့အချိန်မှာ တန်တန်ကိုလည်း ခေါ်လာခဲ့တယ်။

မုယောင်က တန်တန်ကို မြင်တာနဲ့ ပြေးသွားပြီး ဖက်လိုက်တယ်။ တန်တန်က မုယောင်ကို မှတ်မိနေသေးလို့ မခုခံခဲ့ဘူး။
မုယောင်က သူ့ရဲ့ မျက်နှာလေးကို တန်တန်ရဲ့နူးညံ့တဲ့ ဗိုက်လေးပေါ်မှာ ဝှက်ထားလိုက်တယ်။ တန်တန်လေးက ခဏလောက် အနိုင်ကျင့်ခံရပြီးနောက် မခံနိုင်တော့လို့ ကြောင်မုန့်သားကိတ်လို ဖြစ်သွားပြီး ဆိုဖာပေါ်ကို ခုန်တက်သွားတယ်။

မုယောင်က တန်တန်ကို ဝမ်းနည်းစွာ ကြည့်လိုက်တော့ တန်တန်က သူ့ရဲ့လှပတဲ့ အမွေးတွေကို လျှာနဲ့လျက်နေတယ်။

မုယွင်ဇီက မုယောင်နဲ့ကြောင်တစ်ကောင် ရန်ဖြစ်နေတာကို ကြည့်ပြီး ရယ်မောနေတယ်။ပြီးနောက် ကြောင်မုန့်ချောင်းတစ်ထုပ်ကို ပေးလိုက်တယ်။

မုယောင်က ခဏလောက် အံ့အားသင့်သွားပြီး ယူလိုက်တယ်။
သူက ကြောင်မုန့်ချောင်းထုပ်ကို ဖွင့်ပြီး တန်တန်ရဲ့ နှာခေါင်းအောက်မှာ တမင်တကာ ဝှေ့ယမ်းလိုက်တယ်။ ကြောင်လေးက စားချင်စိတ်ကြောင့် မုယောင်ရဲ့ခြေထောက်ဘေးမှာ ထိုင်ပြီး ချိုသာစွာနဲ့ ‘မြောင်~မြောင်~’ အော်နေတယ်။ မုယောင်ကို ဆွဲဆောင်ဖို့အတွက်လည်း တက်​ကြွစွာဖြင့် သူ့ရဲ့ ဗိုက်ဖြူဖြူလေးကို ပြနေတယ်။

မုယောင်က ကျေနပ်စွာပြုံးလိုက်တယ်။ လက်တစ်ဖက်က တံခါးဝက ကြောင်လေးကို ပွတ်သပ်နေပြီး လက်တစ်ဖက်က ကြောင်မုန့်ချောင်းကို ကျွေးနေတယ်။

ကြောင်မုန့်ချောင်းကို စားပြီးတော့ တန်တန်က ရက်စက်တဲ့လူမိုက်တစ်ယောက်လို လှည့်ထွက်သွားတယ်။ သူ့နောက်မှာတော့ မုယောင်က ဒေါသတကြီး ညည်းညူနေတယ်။

မုယွင်ဇီက မနေနိုင်တော့လို့ မုယောင်ကို လက်မောင်းနဲ့ ဖက်လိုက်တယ်။ မုယောင်က ရှုပ်ထွေးအံ့အားသင့်တဲ့ အကြည့်နဲ့ ကြည့်လာတော့ သူ့ရဲ့နီနီရဲရဲနှုတ်ခမ်းလေးကို ငုံ့နမ်းလိုက်တယ်။

မုယောင်က လန့်သွားပြီး သူ့ကို တွန်းထုတ်ပေမယ့် တွန်းမရဘူး။

မုယွင်ဇီက အရမ်း နူးညံ့စွာ နမ်းနေပြီး သူ့နဲ့ မတူဘူးလို့ ထင်ရလောက်အောင် နူးညံ့ညင်သာနေတယ်။ မုယောင်က တဖြည်းဖြည်းနဲ့ အဲဒီအနမ်းထဲမှာ နှစ်မြှုပ်သွားပြီး လှေကားက ခြေသံတွေကို ကြားလိုက်ရတယ်။

မုယောင် လန့်ပြီး မျက်လုံးတွေကို ဖွင့်ပြီး မုယွန်ဇယ်ကို ကြည့်လိုက်တယ်။ မုယွင်ဇီက မကျေမနပ် နှုတ်ခမ်းကို စုပ်လိုက်ပြီး မုယောင်ကို လွှတ်ပေးလိုက်တယ်။

သူက ဒုတိယထပ်ကနေ ဆင်းလာတဲ့ ဖေးယန်ရှင်းကို ဂုဏ်ယူတဲ့မျက်နှာပေးနဲ့ ကြည့်လိုက်တယ်။သူ့နှုတ်ခမ်းထောင့်မှာ သူ့ကိစ္စအောင်မြင်သွားလို့ ပျော်ရွှင်နေတဲ့ အပြုံးတစ်ခု ရှိနေတယ်။

သူတို့အားလုံးက ဒီနေ့ အတူတူ ပြောင်းလာကြတယ်။ ခုနက ပိုင်ရန်၊ ခန်ချင်းဟန်နဲ့ ဖေးယန်ရှင်းတို့က သူတို့အခန်းထဲကို ပစ္စည်းတွေ သယ်နေကြလို့ မုယွင်ဇီက အခွင့်ကောင်းယူပြီး နမ်းလိုက်တာ။

ဖေးယန်ရှင်း ဒုတိယထပ်က ဆင်းလာတာနဲ့ မုယွင်ဇီဆိုတဲ့ ခွေးက အခြေအနေကို အခွင့်ကောင်းယူနေတာ တွေ့လိုက်ရတယ်။ သူက ခြေသံကို တမင်တကာ ကျယ်အောင်လုပ်ပြီး မုယောင် ကြားအောင် လုပ်ခဲ့တယ်။

မုယောင်နဲ့ ဖေးယန်ရှင်း၊ ပိုင်ရန်တို့က ဒုတိယထပ်မှာ နေကြပြီး ခန်ချင်းဟန်နဲ့ မုယွင်ဇီတို့က တတိယထပ်မှာ နေကြတယ်။ ဒုတိယထပ်မှာ ကျန်တဲ့ အခန်းကို စာကြည့်ခန်းအဖြစ် ပြောင်းထားပြီး တတိယထပ်က အခန်းတစ်ခန်းကလည်း စာကြည့်ခန်းဖြစ်ပြီး နောက်အခန်းတစ်ခန်းက သိုလှောင်ခန်း ဖြစ်တယ်။ ပထမထပ်မှာလည်း စာကြည့်ခန်းနှစ်ခန်းအဖြစ် ထပ်ပြောင်းထားပြီး လူလေးယောက် အိမ်မှာ အလုပ်လုပ်တဲ့အခါ အဆင်ပြေအောင် လုပ်ထားတယ်။

ပထမထပ်မှာ မိသားစုရုပ်ရှင်ရုံနဲ့ဂိမ်းခန်းအဖြစ် ပြောင်းထားတယ်။ ဒါတွေအားလုံးက မုယောင်အတွက် ပြင်ဆင်ထားတာတွေပဲ။

ကျန်တဲ့ အခန်းတစ်ခန်းကို အားကစားခန်းမအဖြစ် ပြောင်းထားပြီး အခန်းတိုင်းမှာ အဝတ်အစားခန်းလေးတွေ ရှိလို့ နောက်ထပ် အဝတ်အစားခန်း ပြောင်းစရာ မလိုဘူး။

စာရေးသူ၏မှတ်ချက်။ နောက်ပိုင်းမှာ လော့ခွေးက(လော့ယင်) ဘယ်အခန်းမှာ နေမယ်လို့ ထင်လဲ။

Creamရဲ့ note>>အခန်းကတစ်ခန်းပဲ လွတ်တော့တာ။သေချာပေါက် အဲ့အခန်းက လော့ယင်အတွက်ပဲ ဖြစ်မှာပေါ့။
ဗီလာအိမ်က သုံးထပ်တိုက်
တတိယထပ်က ၄ခန်းရှိ (မုယွင်ဇီ၊ခန်ချင်းဟန်၊ သိုလှောင်ခန်း၊ စာကြည့်ခန်းတစ်ခန်း)

ဒုတိယထပ်မှာလည်း ၄ခန်းရှိ (မုယောင်၊ ပိုင်ရန်၊ ဖေးယန်ရှင်း၊ စာကြည့်ခန်းတစ်ခန်း)

ပထမအထပ်မှာ အခန်း၆ခန်းရှိ(ရုပ်ရှင်ရုံ၊ဂိမ်းကစားခန်း၊အားကစားအခန်း၊စာကြည့်ခန်းနှစ်ခန်း၊ တစ်ခန်းအလွတ်)

လော့ယင်ပဲ ကျန်တော့တာQwQ

စာကြည့်ခန်းက ဘာလို့လေးခန်းတည်းလဲ
Gong က ငါးယောက်ကို✧(≖ ◡ ≖✿)

 

Chapter 71 end

Chapter 72

လူငါးယောက်က တစ်နေ့လုံး အလုပ်ရှုပ်နေကြပြီး သန့်ရှင်းရေးလုပ်ဖို့ အကူတွေအများကြီးငှားလိုက်ရသေးတယ်။

ငှားထားတဲ့ အကူတွေက ငယ်ရွယ်ပြီး ချောမောတဲ့ ယောက်ျားတွေ အများကြီး ဘာလို့ အတူတူနေနေကြတာလဲဆိုတာ အနည်းငယ် သိချင်နေကြတယ်။

ဒါပေမယ့် ဒီလူတွေက ချမ်းသာတဲ့ မိသားစုနောက်ခံကလာတဲ့ပုံရပြီး လွယ်လွယ်နဲ့ ရန်စလို့ မရတဲ့ပုံလည်း ပေါ်တယ်။ နောက်ဆုံးမှာ ဘယ်သူကမှ မေးဖို့လောက်အထိ သိချင်စိတ် မပြင်းပြကြဘူး။

အကုန်လုံး ရှင်းပြီးချိန်မှာ ညနေ ၅ နာရီ ၆ နာရီလောက် ဖြစ်နေပြီ။ ပိုင်ရန်က ချက်ပြုတ်ဖို့ လုပ်ချင်ပေမယ့် မုယောင်က စိတ်မကောင်းလို့ သူ့ကို မချက်ခိုင်းဘူး။

လူအနည်းငယ်က စားသောက်ဆိုင်က အစားအသောက်တွေ ကိုမှာပြီး အမြန်စားလိုက်ကြတယ်။

မုယောင်က ချက်ပြုတ်ဖို့ အန်တီအကူကြီးတစ်ယောက် ရှာဖို့ အကြံပြုလိုက်တယ်။ နောက်ဆုံးမှာ မုယွင်ဇီက အတွင်းရေးမှူးကို ပါးစပ်လုံတဲ့ အန်တီတစ်ယောက်ကို ရှာခိုင်းပြီး နေ့တိုင်း အချိန်မှန် အိမ်ကို လာချက်ပြုတ်စေပြီး အများသုံးနေရာတွေကိုလည်း အချိန်မှန် သန့်ရှင်းရေးလုပ်စေတယ်။

မုယောင်က အသစ်စက်စက် ဗီလာအိမ်ကို ကြည့်ပြီး အတွေးတွေ ဝေဝါးသွားတယ်။

တစ်နေ့မှာ သူက ဒီလူတွေနဲ့ အတူတူ နေရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။

စားပြီးတော့ လူအနည်းငယ်က ပထမထပ်က ဆိုဖာပေါ်မှာ ထိုင်နေကြတယ်။ ပိုင်ရန်က မုယောင်အတွက် သစ်သီးတစ်ပန်းကန် လှီးပေးလိုက်တယ်။

မုယောင်က သစ်သီးစားရင်း ပိုင်ရန်ကို ပြုံးပြီး ကြည့်နေတယ်။ ကျန်တဲ့သုံးယောက်ကတော့ ထုံးစံအတိုင်း ပျော်မနေကြဘူး။

“တန်တန်ကို သင်းကွပ်ပေးရတော့မယ်။ မဟုတ်ရင် သက်တမ်း တိုသွားလိမ့်မယ်။” မုယွင်ဇီက ရည်ရွယ်ချက်ရှိရှိနဲ့ စကားစပြီး မုယောင်ရဲ့အာရုံကို ဆွဲဆောင်လိုက်တယ်။

“ဟုတ်သားပဲ။ တန်တန်က အထီးလေးဆိုတော့ သူ့ရဲ့ဘောလုံးလေးတွေကို ဖြတ်ပေးရတော့မှာ။” မုယောင်က တန်တန်ကို နာမည်ပေးတုန်းက တစ်နေ့မှာ သူ့ဥလေးတွေကို ဆုံးရှုံးရမှာမိုလို့ ဒီနာမည် ပေးခဲ့တာကို ပြန်သတိရသွားတယ်။

“မနက်ဖြန် အတူတူ သွားကြမလား?” မုယွင်ဇီက မေးလိုက်တယ်။

“အိုကေလေ။” မုယောင်က မဆိုင်းမတွ ပြောလိုက်တယ်။
တန်တန်က မုယောင်နဲ့ မုယွင်ဇီကိုပဲ သိတာကြောင့် ဒီရက်ပိုင်း တခြားလူတွေရှေ့မှာ မကစားရဲဘူး။ ဒါကြောင့် သူတို့နှစ်ယောက်ပဲ သွားလို့ရတယ်။

“မနက်ဖြန် တစ်ချိန်လုံး အစ်ကိုက တန်တန်ကို ပွေ့ထား။” မုယောင်က တရားမျှတစွာ ပြောလိုက်တယ်။

ကြောင်လေးတွေက သူတို့ရဲ့ဥလေးတွေကို ဖြတ်ပေးတဲ့သူကို မုန်းတီးတတ်တယ်လို့ ကြားဖူးတာကြောင့် မုယွင်ဇီကို လူဆိုးဇတ်သွင်းဖို့ ဆုံးဖြတ်လိုက်တယ်။

မုယောင်ရဲ့မျက်လုံးလေးတွေ လှည့်ပတ်နေတာကို မြင်တော့ မုယွင်ဇီကက ရယ်ပြီးတော့သာ တုံ့ပြန်လိုက်တယ်။

“​မောင်မောင် ၊ ခဏနေ ဂိမ်းခန်းမှာ ဂိမ်းသွားကစားကြမလား?” ဖေးယန်ရှင်းက ငြိမ်မနေနိုင်ဘဲ ပြောလိုက်တယ်။

“အင်း!” မုယောင်က ပျော်ရွှင်စွာနဲ့ ပြန်ပြောလိုက်တယ်။ သူက ဂိမ်း မဆော့ရတာ ကြာပြီ။

 

“မောင်မောင်?” ခန်ချင်းဟန်က တိုးတိုးလေး ပြောလိုက်ပြီး မုယောင်နဲ့ ဖေးယန်ရှင်းကို သံသယဖြစ်တဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။

“ကျွန်တော်နဲ့ ဖေးယန်ရှင်း စသိတုန်းက ကျွန်တော့်ID မှာ ကြောင်လေးဆိုတဲ့ စကားလုံးနှစ်လုံးပါလို့ သူက အဲဒီလိုပဲ ဆက်ခေါ်နေတာ။” မုယောင်က ရှင်းပြလိုက်တယ်။

‘ဒါတင် မဟုတ်ဘူး။’ ဖေးယန်ရှင်းက စိတ်ထဲမှာ တွေးလိုက်တယ်။ ‘မင်းက ချစ်စရာကောင်းပြီး ကြောင်လေးတစ်ကောင်နဲ့ တူလို့ အဲ့လို ခေါ်ခဲ့တာ။’

“အဲဒီလိုကိုး” ခန်ချင်းဟန်က ပြုံးလိုက်တယ်။

လူသုံးယောက်က မုယောင်ရှေ့မှာ မျက်နှာသာ ရဖို့ကြိုးစားနေကြတာ။ လက်ရှိအခြေအနေက သူ့အတွက် သိပ်အသားစီးရမနေဘူး။

“ယောင်ယောင်၊ ငါ နိုင်ငံခြားကနေ ယောက်ျားလေးသုံး ရေမွှေး မှာထားတယ်။ ရက်အနည်းငယ်လောက် ကြာရင် ရောက်လာမှာမိုလို့ ရောက်တဲ့အခါ မင်းအခန်းထဲ ထားထားပေးမယ်”

ခန်ချင်းဟန်က မုယောင်က ပုံမှန်ဆို ရေမွှေးနည်းနည်းဆွတ်တတ်တာကို အစောကြီးကတည်းက သတိထားမိတယ်။ ရေမွှေးအမျိုးအစား အနည်းငယ်ကို နမ်းပြီးနောက် မုယောင်ရဲ့ အကြိုက်ကို သေချာအောင် ဆုံးဖြတ်ပြီး သူ နိုင်ငံခြားကနေ အလားတူ ရေမွှေးတွေကို မှာထားတယ်။

“အင်း အင်း အင်း!” မုယောင်ရဲ့ မျက်လုံးတွေက တောက်ပသွားတယ်။

ခပ်ကြွားကြွားလူငယ်လေးတစ်ယောက်အနေနဲ့ မုယောင်က အပြင်ထွက်ရင် ရေမွှေး ဆွတ်တတ်တယ်။ ဒါပေမယ့် သူက အနံ့ အရမ်းပြင်းတာကို မကြိုက်ဘဲ လူငယ်ဆန်တာကို ပိုကြိုက်တယ်။

ခန်ချင်းဟန်ရဲ့စွမ်းရည်နဲ့ဆို မုယောင်က အရမ်းမွှေးတဲ့ ရေမွှေးတွေကို ရှာတွေ့မယ်ဆိုတာ သိတယ်။

“ယောင်ယောင်၊ သွားကြမယ်။ ဂိမ်းဆော့ကြမယ်။” ဖေးယန်ရှင်းက မုယောင်ရဲ့အာရုံကို ပြန်ဆွဲဆောင်ပြီး မုယောင်ကို ဂိမ်းခန်းကို သွားဖို့ တိုက်တွန်းလိုက်တယ်။

မုယောင်က နောက်ဆုံးသစ်သီးတစ်ကိုက်ကို မျိုချပြီး ကျန်တဲ့ လူသုံးယောက်ကို ကြည့်လိုက်တယ်။ “ကျွန်တော်တို့ ဂိမ်းဆော့ဖို့ သွားကြတော့မယ်!”

“အရမ်း နောက်ကျတဲ့အထိ မဆော့နဲ့နော်။ မနက်ဖြန် တန်တန်ကို သင်းကွပ်ပေးရမှာ။” မုယွင်ဇီက သတိပေးလိုက်တယ်။

“အင်းပါ။” မုယောင်က ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြပြီး သူ့အာရုံကတော့ ဂိမ်းကြောင့် လုံးဝပျံ့လွင့်သွားတယ်။

ပထမထပ်က ဧည့်ခန်းမှာ ပိုင်ရန်၊ ခန်ချင်းဟန်နဲ့ မုယွင်ဇီပဲ ကျန်တော့တဲ့အခါ သူတို့က တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး အပေါ်ထပ်ကို တက်သွားကြတယ်။

စာရေးသူ၏မှတ်ချက်။ ယောင်ယောင်ရဲ့ပျော်ရွှင်တဲ့ ဘဝလေး စတင်တော့မယ်!
အမျိုးသားလေးယောက်ရဲ့အချင်းချင်း ယှဉ်ပြိုင်မှုလည်း စတင်တော့မှာ အဟားဟားဟား။

Chapter 72 end

Chapter 73

ဖေးယန်ရှင်းက မုယောင်နဲ့အတူ လူတိုင်းကို သတ်ဖို့ ဦးဆောင်ပြီး အမှတ်တွေကို ဆက်တိုက် ရယူနေတယ်။ ည ၁နာရီကျော်တဲ့အထိ မုယောင်က လန်းဆန်းနေပြီး အိပ်ဖို့ ဆန္ဒမရှိသေးဘူး။

ဖေးယန်ရှင်းကလည်း အဲဒီအခွင့်အရေးကို ယူပြီး မုယောင်ကို သူ့နဲ့အတူ အိပ်ဖို့ ခေါ်သွားချင်တာကြောင့် မုယောင်ကို သတိမပေးဘဲ မုယောင် အိပ်ငိုက်လာမှ ခေါ်သွားဖို့ စဉ်းစားထားတယ်။

ဒါပေမယ့် သူ့ရဲ့အစီအစဉ်က ပျက်သွားလေတယ်။ ဘာလို့လဲဆိုတော့ တရားဝင်ဇနီးကြီး ပိုင်ရန်က မုယောင်ကို လာခေါ်သွားလို့ပဲ။

နောက်ကျောဆုပ်ကိုင်ခံထားရတဲ့ ကြောင်ပေါက်လေးတစ်ကောင်လို ပိုင်ရန်က မုယောင်ကို ဆွဲခေါ်သွားတယ်။

“ပေါင်ပေ့လေး၊  နာရီကိုလည်း ကြည့်ပါဦး။ ဘာလို့ ဂိမ်းပဲ ဆက်ဆော့နေတာလဲ?” ပိုင်ရန်ရဲ့အသံက ကူကယ်ရာမဲ့နေလေတယ်။

“သတိမထားမိလို့ပါ။ ဆက်တိုက် အနိုင်ရနေတော့ အရမ်းပျော်သွားပြီး တက်ကြွနေတာ။” မုယောင်က ပိုင်ရန်ကို ချော့မြူလိုက်တယ်။ ပိုင်ရန်က သူ့ကို သူ့အခန်းထဲကို ခေါ်သွားတယ်။

ကျန်တဲ့လူတွေက ထုံးစံတိုင်း မကျေနပ်ကြပေမယ့် ဘာမှ မပြောနိုင်ကြဘူး။

ပိုင်ရန်က မုယောင်ရဲ့တရားဝင်ချစ်သူဖြစ်တာကြောင့် အိမ်သစ်ကို ပြောင်းလာတဲ့ ပထမညမှာ ချစ်သူစုံတွဲလေး အတူတူ အိပ်ကြတာက သဘာဝကျတယ်လေ။

ပိုင်ရန်က မုယောင်အတွက် သွားတိုက်ဆေးကို ညှစ်ပေးလိုက်တယ်။ မုယောင်က သွားတိုက်ပြီး ရေမြန်မြန်ချိုးလိုက်တော့ ပိုင်ရန်က သူ့ကို စောင်ထဲကို ထည့်ပေးလိုက်တယ်။

“ပေါင်ပေ့လေး စောစော အိပ်နော်။ မနက်ဖြန် မင်းအစ်ကိုနဲ့ အတူ တန်တန်ကို သင်းကွပ်ပေးဖို့ သွားရမယ်ဆိုတာ မမေ့နဲ့ဦး။” ပိုင်ရန်က သတိပေးလိုက်တယ်။

“ဟုတ်သားပဲ။ ငါ မေ့တော့မလို့။” မုယောင်က သူ့ရဲ့ပါးလေးကို ပုတ်လိုက်တယ်။ ဂိမ်းဆော့ရတာ အရမ်းပျော်လို့ သူ့ရဲ့အချစ်ဆုံး ကြောင်လေးကို မေ့သွားတယ်။

မုယောင်က အရမ်းချစ်စရာကောင်းနေလို့ ပိုင်ရန်က ငုံ့ပြီး နမ်းလိုက်တယ်။

မုယောင်က ပျော်ရွှင်စွာနဲ့ တုံ့ပြန်ပြီး ပိုင်ရန်ရဲ့လျှာကို သူ့ပါးစပ်ထဲ စူးစမ်းဖို့ ရဲရဲတင်းတင်း ဖိတ်ခေါ်လိုက်တယ်။

ပိုင်ရန်က မုယောင်ရဲ့ခံတွင်းထဲက နူးနူးညံ့ညံ့အသားတွေကို စုပ်ယူပြီး လျှာချင်းအတူတူ ရစ်ပတ်ကာ ကခုန်လိုက်တယ်။ ငွေရောင်ချည်မျှင်လေးက လူနှစ်ယောက်ကို ဆက်သွယ်ထားပြီး အခန်းထဲမှာ အနမ်းသံများ ပြည့်နှက်နေတယ်။

မုယောင်က အသက်ရှူဖို့ ခက်ခဲတော့မယ့်အချိန်ကျမှ ပိုင်ရန်က ဖယ်လိုက်တယ်။

“အိပ်တော့ ပေါင်ပေ့လေး။” ပိုင်ရန်က တန်ဖိုးထားစွာနဲ့ မုယောင်ရဲ့နဖူးကို နမ်းလိုက်တယ်။ မုယောင်က သူ့မျက်လုံးတွေက အနည်းငယ် စိုစွတ်နေပြီလို့ ခံစားလိုက်ရတယ်။

“အင်း” မုယောင်က တုန်ယင်နေတဲ့ ငိုသံကို မထွက်အောင် ထိန်းချုပ်ပြီး ညင်သာစွာ တုံ့ပြန်လိုက်တယ်။

ပိုင်ရန်က အိပ်ရာပေါ်မှာ လှဲပြီး မီးပိတ်လိုက်တယ်။ စောင်နဲ့ဖုံးအုပ်ထားတဲ့ မုယောင်ရဲ့ခါးကို ဖက်လိုက်ကာ လူနှစ်ယောက်က ချိုမြိန်တဲ့ အိပ်မက်ထဲကို ကျဆင်းသွားတယ်။

မနက်မှာ မုယောင်က ပိုင်ရန်ရဲ့နှိုးဆော်မှုကြောင့် နိုးလာခဲ့တယ်။
မုယောင်က ဝေဝါးစွာနဲ့ ပိုင်ရန်ရဲ့ပွေ့ဖက်မှုကို ခံယူပြီး ထိုင်လိုက်တယ်။ ပိုင်ရန်က ကြီးမားပြီးလှပတဲ့ အရုပ်တစ်ရုပ်ကို ပြင်ဆင်နေသလိုမျိုး သူ့ကိုလည်း အဝတ်အစားတွေ ဝတ်ပေးပြီး ဖိနပ်စီးပေးလိုက်တယ်။ ပြီးတော့ သူ့လက်ကို ကိုင်ကာ သွားတိုက်ပေးပြီး မျက်နှာသုတ်ပုဝါဖြင့် ရေစိုနေတဲ့မျက်နှာကို သုတ်ပေးလိုက်တယ်။

မုယောင် အောက်ထပ်ကို ဆင်းသွားပြီး စားပွဲမှာ ထိုင်တဲ့အထိ သတိပြန်မဝင်သေးဘူး။

မုယောင်က အမျိုးသားလေးယောက်က ထမင်းစားပွဲမှာ သူ့ကို စောင့်နေတာကို တွေ့တော့ ရှက်ရွံ့ပြီး ပါးတွေ ရဲတက်လာတယ်။

“အခု ဘယ်အချိန် ရှိပြီလဲ?” မုယောင်က အနည်းငယ် ရှက်ရွံ့စွာ မေးလိုက်တယ်။

“ကိုးနာရီခွဲ ရှိပြီ။” ခန်ချင်းဟန်က မုယောင်ကို ပြုံးပြီး ကြည့်ကာ အခွံနွှာထားတဲ့ကြက်ဥထည့်ထားတဲ့ပန်းကန်ငယ်လေးကို သူ့ဆီ တွန်းပို့လိုက်တယ်။

“ခင်ဗျားတို့ ဘာလို့အရင် မစားကြတာလဲ?” မုယောင်က ပန်းကန်ငယ်လေးကို ယူပြီး ကြက်ဥဖြူလေးကို တစ်ကိုက် စားလိုက်တယ်။

“ပိုင်ရှင်က မစားသေးရင် ကျွန်တော်တို့လိုမယားငယ်လေးတွေက ဘယ်လိုလုပ် အရင်စားရဲမှာလဲ။” ဖေးယန်ရှင်းက မုယောင်ကို နောက်ပြောင်စွာ ကြည့်လိုက်တယ်။ (T/N: ငါအူတက် ဟားးဟားး)

ဒီတက္ကသိုလ်ကျောင်းသားရဲ့ထိတ်လန့်စရာကောင်းတဲ့ စကားတွေကြောင့် မုယောင် လည်ချောင်းနင်သွားတော့ ပိုင်ရန်က သူ့ကို နွားနို့ အမြန် ပေးလိုက်တယ်။
မုယောင်က နို့ကို တဝကြီး သောက်လိုက်ပြီး ရှက်ရွံ့စွာနဲ့​ ဖေးယန်ရှင်းကို စိုက်ကြည့်လိုက်တယ်။

“အစာစားတဲ့အချိန် နောက်ပြောင်တာမျိုး မလုပ်နဲ့။” မုယွင်ဇီက တည်ငြိမ်စွာ ပြောပြီး ဖေးယန်ရှင်းကို တစ်ချက် ကြည့်လိုက်တယ်။

ဖေးယန်ရှင်းကလည်း သူမှားမှန်း သိလို့ ပြန်မကြည့်တော့ဘူး။
မုယောင်က ကြက်ဥပြုတ်တစ်လုံးနဲ့ အမဲသားတုံးကြီးတစ်တုံးကိုစားပြီး နို့တစ်ခွက် သောက်လိုက်တယ်။ သူက ကုလားထိုင်ပေါ်မှာ လဲလျောင်းနေပြီး သူ့ပုံစံက မလှမ်းမကမ်းက ဆိုဖာပေါ်မှာ လဲလျောင်းနေတဲ့ တန်တန်နဲ့ တူနေလေတယ်။

သူ လဲလျောင်းနေတာ ၁၀ မိနစ်လောက်ကြာတော့ မုယွင်ဇီက သူ့ရှေ့ကို လျှောက်သွားပြီး သတိပေးရတော့တယ်။

“လှဲမနေကြနဲ့တော့။ တိရစ္ဆာန်ဆေးရုံကို သွားကြမယ်။”
ထိုသို့ပြောပြီးတော့ သူက တန်တန်ကို လှောင်အိမ်ထဲ ထည့်လိုက်တယ်။

တန်တန်က အရမ်းပျော်ရွှင်နေပြီး လှောင်အိမ်ထဲမှာ ကြောင်မုန့်သားကိတ်လို လဲလျောင်းနေတယ်။ဘာတွေဆုံးရှုံးရတော့မယ်ဆိုတာ သူ လုံးဝမသိဘူး။

စာရေးသူ၏မှတ်ချက်။ နေ့စဉ်ဘဝလေးတွေကို ရေးရတာ အရမ်းကြိုက်တယ်။ အရမ်းချိုမြိန်တာပဲ။

Chapter 73 end

Chapter 74

မုယွင်ဇီက ကားမောင်းပြီး မုယောင်ကို Aမြို့ရဲ့အကောင်းဆုံး တိရစ္ဆာန်ဆေးရုံကို ခေါ်သွားတယ်။

ဒီဆေးရုံမှာ ခွဲစိတ်မှုလုပ်ဖို့ဆိုရင် လဝက်လောက် ကြိုတင်ချိန်းဆိုရတယ်။ဒါပေမယ့် မုမိသားစုက ဒီမှာ ရှယ်ယာ၁၁% ရှိလို့ မုယွင်ဇီက ဒီနေ့အတွက် တိုက်ရိုက် ချိန်းဆိုလိုက်နိုင်တယ်။

“အယ်၊ ကျွန်တော်တို့မိသားစုက ဒီမှာ ရှယ်ယာတွေ ရှိတာလား?” မုယောင်က အံ့အားသင့်စွာနဲ့ မေးလိုက်တယ်။ သူက လုံးဝ မသိခဲ့ဘူး။

“အဖေ အရင်တုန်းက ရင်းနှီးမြှုပ်နှံခဲ့တာ။ အဲဒီအချိန်တုန်းက ဒီဆေးရုံမှာ ရန်ပုံငွေ မလုံလောက်လို့ ဆေးရုံအုပ်က အဖေ့ဆီကို လာဆွေးနွေးခဲ့တာ။ နောက်ဆုံးမှာ သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံခဲ့တယ်။” မုယွင်ဇီက စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြလိုက်တယ်။

“အဲဒီအချိန်တုန်းက မင်းက ငယ်သေးတယ်။ ပြီးတော့ ငါတို့မိသားစုအတွက် ဒီပိုက်ဆံက သိပ်များတာ မဟုတ်ဘူး။ ဒါပေမယ့် အခုဆိုရင် ဆယ်ဆကျော် တက်သွားလောက်ပြီ။”

“အဖေက ရင်းနှီးမြှုပ်နှံတတ်တယ်။” မုယောင်က ခေါင်းညိတ်လိုက်တယ်။ မုဖုန်းချွမ်ထက် ပိုက်ဆံပိုရှာတတ်တဲ့ စီးပွားရေးသမားကို သူ မမြင်ဖူးသေးဘူး။ စီးပွားရေးလောကရဲ့ဘုရင်လို့တောင် ခေါ်လို့ရတယ်။

မုယွင်ဇီက မုယောင်ကို အံ့အားသင့်စွာနဲ့ ကြည့်လိုက်တယ်။ မုယောင်က အခု မုဖုန်းချွမ်းအကြောင်းကို ဒီလိုမျိုး ပေါ့ပေါ့ပါးပါးနဲ့ ပြောပြီး “အဖေ” လို့တောင် ခေါ်မယ်လို့ မထင်ထားဘူး။

သူ မသိတာက မုယောင်က ဒီဘဝမှာ အရင်က မရခဲ့ဖူးတဲ့ ချစ်ခြင်းမေတ္တာတွေအများကြီးကို ရရှိခဲ့တာ။ အဲဒီချစ်ခြင်းမေတ္တာတွေက သူ့ရဲ့မပျော်ရွှင်တဲ့ ငယ်ဘဝကို ကုစားပေးနိုင်လောက်အောင်ထိကို များပြားတယ်။

အခု မုယောင်အတွက် မုဖုန်းချွမ်အကြောင်း ပြောရင် သူက အရမ်းချမ်းသာတဲ့ အဖေတစ်ယောက်လို့ပဲ ခံစားရပြီး သူ့ကို ဘာလို့မချစ်တာလဲဆိုတာကိုမျိုး မညည်းညူတော့ဘူး။

မုယွင်ဇီအပေါ် သူ့ရဲ့သဘောထားကလည်း အများကြီး ပြောင်းလဲသွားတယ်။ ဘာလို့လဲဆိုတော့ မုယွင်ဇီက သူ့အတွက် မနာလိုဖြစ်တတ်တယ်၊ သူ့ကြောင့် စိတ်ဆိုးပြီး လှည့်ကွက်တွေ သုံးတတ်တယ်ဆိုတာကို တွေ့ခဲ့လို့ပဲ။ ဒါက သူ့ကို မုယွင်ဇီကို မကြောက်တော့အောင် လုပ်ပေးတယ်။ သူ့မှာ မကျေနပ်ချက်တွေ ရှိနေနိုင်ပေမယ့် သူ့ကိုယ်သူ အများကြီး ဖြေလျှော့ထားတယ်။

“ရက်အနည်းငယ်အတွင်း အတွင်းရေးမှူးကို ဒီက ရှယ်ယာတွေကို စီစစ်ပြီး မင်းကို ပေးခိုင်းလိုက်မယ်။ မင်း ကြောင်လေးအတွက် ဘာလုပ်လုပ် အဆင်မပြေမှာကို ရှောင်လို့ရတာပေါ့။”

မုယွင်ဇီရဲ့ပေါ့ပေါ့ပါးပါးအသံက မုယောင်ကို ဒါက သိန်းထောင်ချီတဲ့ပိုင်ဆိုင်မှု မဟုတ်ဘဲ ထောင်ဂဏန်းလောက်ပဲလို့ ထင်သွားစေတယ်။

“မလိုပါဘူး။ ဒီပိုက်ဆံတွေက အရမ်းများတယ်။ အဖေ ကျွန်တော့်ကို ပေးထားတဲ့ ပိုက်ဆံတွေတောင် သုံးလို့ မကုန်သေးဘူး။” မုယောင်က အလျင်အမြန် ငြင်းဆိုလိုက်တယ်။

“မင်းကို ပေးရင် ယူထားလိုက်။ မုမိသားစုရဲ့သခင်လေးဖြစ်တဲ့မင်းမှာ ဘယ်လောက်ပိုက်ဆံရှိရှိ များလွန်းတယ်ဆိုတာ မရှိဘူး။” မုယွင်ဇီရဲ့အသံက တည်ကြည်နေတယ်။

သူက တကယ့်ကို အာဏာရှင်သူဌေးကြီးပဲ။ မုယောင်က စိတ်ထဲမှာ ပြောလိုက်တယ်။ သိန်းထောင်ချီတဲ့ပိုက်ဆံတွေကို ပေးချင်ရင် ပေးလိုက်တယ်။ ဒါကြောင့်လည်း အာဏာရှင်CEOစာပေတွေ ဒီလောက် ခေတ်စားနေတာပဲ။ ပိုက်ဆံက တကယ်ကိုပဲ ဆွဲဆောင်မှုရှိတယ်။

ဆေးရုံကို ရောက်တော့ ဒုဆေးရုံအုပ်က သူတို့နှစ်ယောက်ကို ကိုယ်တိုင် လာကြိုတယ်။ တန်တန်ကလည်း ကြောင်လောကရဲ့မင်းသားငယ်လေး ဖြစ်သွားတယ်။

ဒုဆေးရုံအုပ်က ကြောင်မင်းသားငယ်အတွက် ဆေးရုံရဲ့ အကောင်းဆုံးဆရာဝန်တွေကို စီစဉ်ပေးလိုက်တယ်။ တန်တန်ရဲ့ဘောလုံးလေးတွေကို နှင်းဖြူရောင် ခွဲစိတ်ကုသတဲ့ စားပွဲပေါ်မှာ တင်ထားလိုက်ကြတယ်။သူက အနည်းငယ် ကြောက်လန့်သွားပြီး အမြီးကို လှုပ်ကာ မုယောင်ကို ချိုသာစွာနဲ့ အော်နေတယ်။ သူက မကြာခင်မှာ မင်းသားငယ်လေး မဟုတ်တော့ဘဲ မိန်းမစိုးလေးဖြစ်တော့မယ်ဆိုတာ မသိရှာဘူး။

မုယောင်က တန်တန်ကို ပွတ်သပ်လိုက်တယ်။ တန်တန်က ရဲရင့်တဲ့ ကြောင်လေးတစ်ကောင် ဖြစ်လို့ ခဏလေးအတွင်းမှာ မကြောက်တော့ဘူး။ လှပတဲ့သူနာပြုဆရာမလေးကိုတောင် ချိုသာစွာနဲ့ အော်နေပြီး သူ့ရဲ့ ဗိုက်လေးကို ပွတ်သပ်ခိုင်းနေတယ်။

“ဒီကောင်စုတ်လေး တကယ်ကိုရုပ်ရည်ကြောင့် သခင်ကို မေ့သွားတာပဲ!” မုယောင်က စိတ်မကောင်းဖြစ်ပြီး ပြောလိုက်တယ်။

မုယွင်ဇီက ရယ်ပြီး မုယောင်ရဲ့ဆံပင်ကို ပွတ်သပ်လိုက်တယ်။ “မင်းက အရင်ဆုံး ထွက်သွားနှင့်မယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား?”

မုယောင်က တန်တန် သူ့ကို မုန်းမှာကို ကြောက်လို့ တန်တန်ရဲ့ ဥလေးတွေကို ဖြတ်တာ မကြည့်ချင်ဘူး။ အပြစ်အားလုံးကို မုယွင်ဇီအပေါ် ပုံချချင်ခဲ့တယ်။

“သွားပြီ သွားပြီ။” မုယောင်က တန်တန်ကို တစ်ချက်ကြည့်ပြီး အနီးအနားမှာ လျှောက်ကြည့်ဖို့ စဉ်းစားလိုက်တယ်။

မုယောင်က ဆေးရုံကနေ ထွက်ပြီး နို့လက်ဖက်ရည်ဆိုင်ကို ရှာပြီး နို့လက်ဖက်ရည် မှာလိုက်တယ်။ ပြီးတော့ မုယွင်ဇီကို အခြေအနေကို တစ်ချက်မေးလိုက်တယ်။

တန်တန်က သူ့ရဲ့ဥလေးကို ဖြတ်တော့ အရမ်းနာကျင်စွာ အော်နေတယ်တဲ့။  နောက်ပိုင်းမှာ သူက မင်းသားငယ်လေး မဟုတ်တော့ဘူးဆိုတာကို သိလို့ အရမ်းဝမ်းနည်းကြေကွဲစွာ အော်နေတယ်လို့ မုယွင်ဇီက ပြောလာတယ်။

ပြီးသွားတဲ့အခါ မုယောင်က ဆေးရုံကို ပြန်သွားခဲ့တယ်။
မျှော်လင့်ထားတဲ့အတိုင်းပဲ တန်တန်က အရာအားလုံးကို မုယွင်ဇီက လုပ်ခဲ့တယ်လို့ ထင်ပြီး သူ့ကို ဆက်တိုက် ဒေါသထွက်နေတယ်။ မုယောင်ကို မြင်တော့ ဝမ်းနည်းစွာနဲ့ အော်လာတယ်။

မုယောင်က တန်တန်ရဲ့ခေါင်းလေးကို စိတ်မကောင်းစွာ ပွတ်သပ်ပေးလိုက်တယ်။ တန်တန် သူ့ရဲ့ဒဏ်ရာကို လျှာနဲ့ မလျက်မိအောင် ပလာစတာတစ်မျိုးကို တပ်ပေးထားတယ်။

သူ့ကို လျော်ကြေးပေးဖို့ နှစ်ယောက်သားက သူ့အတွက် တစ်သောင်းကျော်တန်တဲ့ သရေစာတွေ ဝယ်ပေးလိုက်တယ်။ ကားထဲမှာ ထည့်ဖို့တောင် နေရာ မလောက်တော့ဘူး။

စာရေးသူ၏မှတ်ချက်။ တန်တန်က သူ့ရဲ့တန်တန်ကို တကယ် ဆုံးရှုံးလိုက်ရပြီ။ ရမ်းဝမ်းနည်းမိတာပဲ။ဗက်ဟက်ဟက်။

တန်တန် = ဥဥ

Chapter 74 end

Chapter 75

ပြန်ရောက်တော့ တန်တန်လေးက အရမ်းတိတ်ဆိတ်သွားတယ်။ မုယောင်က သူလေး စိတ်ထိခိုက်မှုတွေ အရမ်းများပြီး ခံနိုင်ရည် မရှိတော့မှာကို ကြောက်လို့ သူ့အတွက် ကြောင်စာ နှစ်ဘူး ဖွင့်ပေးလိုက်တယ်။

“အခုဆို နာမည်နဲ့ကြောင်နဲ့ အရမ်းကို လိုက်ဖက်သွားပြီ။” ဖေးယန်ရှင်းက ညှိုးနွမ်းနေတဲ့ ကြောင်လေးကို ဝမ်းသာအားရနဲ့ ကြည့်နေတော့ မုယောင်က သူ့ကို စိုက်ကြည့်လိုက်တယ်။

“ဒီရက်ပိုင်း သူ အစားအသောက်အပျော့စားတွေပဲ စားလို့ရမှာ” မုယွင်ဇီက ဆရာဝန်ပေးခဲ့တဲ့ သတိပေးချက်ညွှန်ကြားချက်တွေကို ကြည့်ပြီး မုယောင်ကို ပြောလိုက်တယ်။

“သိပြီ။” မုယောင်က တန်တန်ရဲ့ ခေါင်းလေးကို ပွတ်သပ်လိုက်တယ်။

“ယောင်ယောင်၊ ဒီည လော့ယွင်တန်မှာ မီးပုံပွဲ ရှိတယ်။ သွားကြည့်ချင်လား?” ခန်ချင်းဟန်က အသံကျယ်ကျယ်နဲ့ မေးလိုက်တယ်။

“သွားမယ်လေ!” မုယောင်က ခဏလောက် တုံ့ဆိုင်းနေပေမယ့် သွားကစားချင်နေတုန်းပဲ။

“ငါတို့ အဲ့ရောက်မှ ညစာစားလို့လည်း ရတယ်။” ခန်ချင်းဟန်က ကားသော့ကို ယူလိုက်တော့ မုယောင်က သူ့နောက်ကို လိုက်သွားလိုက်တယ်။

ဖေးယန်ရှင်းက မုယွင်ဇီနဲ့ပိုင်ရန်ကို ကြည့်ပြီး သူတို့အားလုံးမှာ စိတ်ကူးကိုယ်စီရှိနေကြတာပဲလို့ တွေးလိုက်တယ်။

သူက ဒီည မုယောင်ကို လှည့်စားပြီး ခေါ်ထုတ်သွားဖို့ စဥ်းစားထားတာ။ ဒါပေမယ့် တခြားသူက သူ့ထက် တစ်လှမ်းသာသွားပြီ။

မုယောင်က ကားပေါ်တက်ပြီး ရှေ့ခုံမှာ ထိုင်လိုက်တော့ ခန်ချင်းဟန်က သူ့ကို တစ်ချက်ကြည့်ပြီး သတိပေးလိုက်တယ်။

“ယောင်ယောင်၊ မင်းရှေ့က ဗီရိုထဲမှာ မုန့်တွေ ရှိတယ်။ ဗိုက်ကို အရင်ဖြည့်ထားသင့်တယ်။”

မုယောင် ဗီရိုကို ဖွင့်လိုက်တော့ မုန့်ထုပ်တွေ ပြည့်နေတာကို တွေ့လိုက်ရတယ်။

” ဘာလို့ မုန့်တွေ ဒီလောက် အများကြီး ထည့်ထားတာလဲ?” မုယောင်က အံ့အားသင့်သွားတယ်။

“ကိုယ့်အတွင်းရေးမှူးက ရှေ့ခုံမှာ မုန့်တွေ ထားပေးထားရင် ရည်းစားဖြစ်သူ စားချင်တဲ့အချိန် ဘယ်အချိန်ဖြစ်ဖြစ် အဆင့်သင့် ယူစားလို့ရတယ်လို့ ပြောတယ်။သူအဲ့လိုအကြံပေးပြီးတဲ့နောက် ကိုယ်ထည့်ခိုင်းလိုက်တာ။”

မုယောင်ရဲ့နားရွက်တွေ နီရဲသွားတယ်။ သူက အခွံခွာထားတဲ့ သီဟိုဠ်စေ့တစ်ထုပ်ကို ယူလိုက်တယ်။

“အရင်တစ်ခါက ခင်ဗျားကို ရည်ရွယ်ချက်ရှိရှိနဲ့ ရိုက်ခဲ့တာမဟုတ်ဘူး။” မုယောင်က တိုးတိုးလေး ပြောလိုက်တယ်။

“ကျွန့်တော် အဲဒီအချိန်တုန်းက အရမ်း စိတ်ဆိုးဒေါသထွက်နေခဲ့တာ။ ပြီးတော့ ပိုင်ရန်ကို တွေးမိတော့ စိတ်လည်းရှုပ်သွားခဲ့တယ်။”

“ဘာမှမဖြစ်ပါဘူး ယောင်ယောင်။” ခန်ချင်းဟန်က နူးညံ့စွာ ပြုံးလိုက်တယ်။

“ကိုယ်က အစကတည်းက မှားခဲ့တာလေ။ သူများ အန္တရာယ်ရောက်နေတာကို အခွင့်အရေး ယူခဲ့တာ။ ဒါပေမယ့် ကိုယ် နောင်တမရဘူး။ ဘာလို့လဲဆိုတော့ ယောင်ယောင်ကို ကိုယ် တကယ်ကို ကြိုက်လို့ပဲ။”

ရုတ်တရက် ချစ်ရေးဆိုခံရတော့ မုယောင် ရှက်သွားပြီး မျက်လုံးထောင့်တွေပါ နီရဲသွားတယ်။ တကယ်တော့ အခုချိန်ထိ သူက အရာအားလုံးက မှော်ဆန်တယ်လို့ ထင်နေတုန်းပဲ။

သူမှာ ဒီလိုမရှင်းမလင်းနဲ့ ချစ်သူအများကြီး ရှိနေပြီ။ သူတို့အားလုံးက သူ့ကို ချစ်ကြပြီး သူ့အတွက်လည်း ပြိုင်ဆိုင်ပြီး မနာလိုဖြစ်ကြတယ်။တီဗီဇာတ်လမ်းတွေမှာတောင် ဒီလိုရိုက်မှာ မဟုတ်ဘူးလို့ မုယောင်တွေးမိတယ်။

လော့ယွင်တန်ရှိ မီးပုံပွဲက အရမ်းခမ်းနားထည်ဝါတယ်။ အကြီးဆုံးစပွန်ဆာက ခန်ကော်ပိုရေးရှင်းဆိုတာကို မုယောင် သိလိုက်ရတယ်။

“ခင်ဗျားတို့ကုမ္ပဏီက စပွန်ဆာပေးတာလား?” မုယောင်က သိချင်စွာနဲ့ မေးလိုက်တယ်။

“ဒီပွဲက နာမည်အရမ်းကြီးတယ်။ ကိုယ်တို့ရဲ့ ကုန်ပစ္စည်းအသစ်ကို ကြော်ငြာဖို့ အခွင့်အရေး ယူလို့ရတယ်။” ခန်ချင်းဟန်က စိတ်ရှည်လက်ရှည်နဲ့ ပြောလိုက်တယ်။

ခန်ချင်းဟန်က စားသောက်ဆိုင်ကို အစောကြီးကတည်းက ကြိုတင်မှာထားပြီးသားဖြစ်ပေမယ့် မုယောင်က လူအများကြီး မီးပုံပတ်လည်မှာ ပျော်ပွဲစားထွက်နေတာကို မြင်တော့ သူလည်း အဲဒီ့လိုလုပ်ချင်လာတယ်။

ဒါကြောင့် ခန်ချင်းဟန်က စားသောက်ဆိုင်က အစားအသောက်တွေကို မှာပြီး အနီးအနားက ပျော်ပွဲစားအထုပ်ကို ဝယ်လိုက်တယ်။ ပစ္စည်းတွေကို ခင်းပြီး မုယောင်နဲ့ အတူတူ စားသောက်လိုက်တယ်။

မုယောင်က သူ့ပတ်ဝန်းကျင်က စုံတွဲတွေကို ကြည့်ပြီး ရှက်ရွံ့စွာ နှုတ်ခမ်းစေ့ထားလိုက်တယ်။

သူက အရင်က သူငယ်ချင်းတွေနဲ့အတူတူ လျှောက်သွားခဲ့ဖူးတယ်။ မီးပုံပွဲတွေကိုလည်း တက်ဖူးတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက သူတို့နဲ့အတူတူ အရက်ပဲ သောက်ခဲ့တာကြောင့် သိပ်ပြီး မပျော်ခဲ့ရဘူး။

ခန်ချင်းဟန်က အလင်းရောင်ထွက်တဲ့ ကြောင်နားရွက်စကုပ်လေးကို ဝယ်ပေးလိုက်တယ်။ မုယောင်က တပ်လိုက်တဲ့အခါ အရမ်း ချစ်စရာကောင်းသွားတယ်။

မုယောင်က ခန်ချင်းဟန် မမြင်အောင် ခွေးနားရွက်စကုပ်ကိုလည်း ဝယ်လိုက်ပြီး ခန်ချင်းဟန် မသိတဲ့အချိန်မှာ သူ့ခေါင်းပေါ်ကို တပ်ပေးလိုက်တယ်။

ခန်ချင်းဟန်က မုယောင် သူ့နဲ့ ကစားနေတာကို နှစ်သက်သွာပြည့်ပြီး မုယောင် စကုပ်အနေအထားကိုပြင်နိုင်အောင် ခါးကို ကွေးပေးလိုက်တယ်။

“ဝူးဝူးဝူး၊ အရမ်းချိုမြိန်လိုက်တာ။ တစ်ယောက်က ပြဿနာရှာနေတာကို ကျန်တစ်ယောက်ကလည်း ရယ်နေတာပဲလား!” မလှမ်းမကမ်းက မိန်းကလေးငယ်လေးတစ်ယောက်ရဲ့ မထိန်းချုပ်နိုင်တဲ့ အသံက လူနှစ်ယောက်ရဲ့ နားထဲကို ရောက်လာတယ်။

မုယောင်က အသံလာတဲ့နေရာကို ကြည့်လိုက်တော့ ချစ်စရာကောင်းတဲ့ မိန်းကလေးငယ်လေးတစ်ယောက်က သူတို့ကို ကြည့်ပြီး ရယ်နေတာကို တွေ့လိုက်တယ်။ ဘေးမှာရှိတဲ့ သူမ့ရဲ့ ချစ်သူက သူမ့ကို ကူကယ်ရာမဲ့စွာ ကြည့်နေတယ်။

မုယောင်က ပြုံးပြီး သူတို့ကို လက်ဝှေ့ယမ်းပြလိုက်တော့ ကောင်မလေးက စိတ်လှုပ်ရှားစွာနဲ့ တုံ့ပြန်လိုက်တယ်။

“ဒီကမ္ဘာကြီးက တကယ်ကို ကောင်းတာပဲ။” မုယောင်က စိတ်ခံစားချက်အပြည့်ဖြင့် ပြောလိုက်တယ်။

“အမ်?” ခန်ချင်းဟန်က မုယောင် ဘာလို့ ဒီလိုပြောလဲဆိုတာကို နားမလည်ချေ။ မုယောင်ကလည်း သူ့ကို ပြန်ဖြေဖို့ မပြင်ဆင်ထားဘူး။

“သွားကြစို့ သွားကြစို့။ ဟိုဘက်ကို သွားကြည့်ရအောင်။” မုယောင်က သူ့ကို မီးရှူးမီးပန်းတွေ လူတွေရှိတဲ့ နေရာကို ဆွဲသွားလိုက်တယ်။

စာရေးသူ၏မှတ်ချက်။ ဒီနောက်ပိုင်း အခန်းတွေက အရမ်းချိုမြိန်မှာ။ နောက်တစ်ခန်း နှစ်ခန်းလောက်ဆိုရင် ပင်မဇာတ်လမ်းကို ပြန်သွားတော့မယ်။

Chapter 75 end

ရက်စက်သောညီငယ်လေး

ရက်စက်သောညီငယ်လေး

Status: Completed Type: Author:

Warning!!!!

Harem ပါ။ gong အကုန်နဲ့ညားပါတယ်။ incest / r@pe tag ပါပါတယ်။ သွေးတစ်ဝက်နှောအစ်ကိုက gongတွေထဲမှာ ပါပါတယ်။

 

Description

 

မုယွင်ဇီသည် ဇာတ်လိုက်၏မောင်းမ​ဆောင်တွင်ရှိသော gong တစ်ယောက်ဖြစ်၏။ မုယောင်သည် သူ၏ သွေးတစ်ဝက်တော်စပ်မှုရှိသော ညီလေးဖြစ်ကာ ရက်စက်သော အမြှောက်စာဇာတ်ကောင်ပင်။ သူသည် ထိုဇာတ်လိုက်က သူ့အစ်ကိုရဲ့အချစ်ကို အမြဲတမ်း ရနေနိုင်ခြင်းကို မနာလိုဖြစ်ခဲ့သည်။သို့ပေမယ့် သူ့အစ်ကိုကတော့ သူ့(မုယောင်)ကို လျစ်လျူရှူခဲ့လေ၏။

 

ဒါကြောင့် မုယောင်ဟာ ဇာတ်လိုက်shouကို gang-rape လုပ်ခိုင်းဖို့ တစ်စုံတစ်ယောက်ကို ရှာတွေ့သွားခဲ့သည်။ သို့ပေမယ့် ဇာတ်လိုက်shouကို သူ့ရဲ့gongက ကယ်တင်သွားမှာကို မလိုလားခဲ့ပေ။ နောက်ဆုံးမှာ grang-rape ခံခဲ့ရတဲ့သူက မုယောင်ဖြစ်လာတော့သည်။

 

(T/N- gang-rape... လူတွေအများကြီးဖြင့် မုဒိန်းကျင့်ခြင်း)

 

စိတ်အားငယ်စွာဖြင့် သူသည် သူ့၏ဘဝကို ရေထဲ ခုန်ချ၍ အဆုံးစီရင်ခဲ့၏။

 

သူ ပြန်လည်မွေးဖွားလာတဲ့အခါမှာတော့ ဇာတ်လိုက်shouနဲ့ သူ့ရဲ့gongတွေဆီကနေ အဝေးမှာနေဖို့ ပြင်ဆင်ခဲ့သည်။ဒါပေမယ့် နောက်ပိုင်းမှာ သူတို့တစ်ယောက်ချင်းစီတွင် တစ်ခုခုမှားယွင်းနေတယ်ဆိုတာ သူရှာတွေ့သွားခဲ့၏။

 

ဇာတ်လိုက်shouက မု​ယောင်နဲ့သူငယ်ချင်းလုပ်ဖို့ အမြဲတမ်းအတင်းတောင်းဆိုနေပေမယ့် မုယောင်ရဲ့နှုတ်ခမ်းတွေကိုတော့ တိတ်တခိုး စွဲစွဲလမ်းလမ်း နမ်းလေ့ရှိသည်။

 

မုယောင်အ​မြဲတမ်း တောင်းဆိုနေရတဲ့ အစ်ကိုဖြစ်သူကလည်း မုယောင်ကို စတင်ထိန်းချုပ်လာပြီး သူ့ကို အခြားယောင်္ကျားတွေနဲ့ အဆက်အသွယ်လုပ်ခွင့်မပေးပေ။

 

နောက်ပြီးတော့ မုယောင်ကို gang-rape ခံရစေပြီး gang-rape ခံရခြင်း၏ အရသာကို ထိတွေ့စေရန် ရည်ရွယ်ခဲ့တဲ့ လူကတော့ မုယောင်ရှေ့တွင် မျက်နှာပေါ်ရှိ ညိုးငယ်ထိုင်းမှိုင်းနေသော အကြည့်ဖြင့် ရပ်နေခဲ့သည်။ထိုသူက မုယောင်ကို နတ်ဘုရားတစ်ပါးကို ယုံကြည်ကိုးကွယ်သူတွေ ကြည့်သလိုမျိုး ကြည့်ကာ

"ကိုယ့်ကို ချစ်ပေးပါ" လို့ပြောလာ၏။

 

^^^^^^^^^^

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset