⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 66+67+68+69+70

Little Creampie:
Chapter 66

 

မုယောင်ရဲ့စိတ်ထဲမှာ ရှိတာတွေကို မျက်နှာပေါ်မှာ ရေးထားသလို ဖြစ်နေတယ်။ လော့ယင်ကရယ်ပြီး သူ့ရဲ့ ပါးကို ညှစ်လိုက်တယ်။

“မင်း အားလုံးကို သိနေလောက်ပြီလို့ ငါထင်တယ်။ ငါတို့နှစ်ယောက်ရဲ့ အရင်ကဆက်ဆံရေးကြောင့် မင်း ငါ့ကို လှောင်ပြောင်ဖို့ စုံစမ်းထားမှာပဲ။”

မုယောင်က ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး မျက်လုံးတွေကို လှည့်ပတ်ကစားလိုက်တယ်။

“ဒါပေမယ့် မင်း လော့ဝမ်ရဲ့သေဆုံးမှုမှာ ငါ့လက်ချက်ပါဝင်ရုံတင် မကဘဲ သူ့အမေ ရူးသွားဖို့လည်း ငါက ကူညီခဲ့တယ်ဆိုတာကိုတော့ မင်းသိမှာ မဟုတ်ဘူး။”

လော့ယင်ရဲ့မျက်လုံးတွေထဲမှာ ကြောက်စရာကောင်းတဲ့ ရူးသွပ်မှုတွေရှိနေပြီး မုယောင်က ကြည့်ရင်း ကြောက်လန့်သွားတယ်။

“လော့ဟယ်ဆိုတဲ့ သေခါနီးဘိုးတော်ကြီးက ဝမ်ယန်ကို ငြီးငွေ့နေတာ ကြာပြီ။ သားတစ်ယောက်ရှိလို့သာ နေသာခဲ့တာ။ ဒါပေမယ့် လော့ဝမ် သေသွားတော့ ဝမ်ယန်က ငါနဲ့လော့ဟယ်ကို နေ့တိုင်း ကျိန်ဆဲခဲ့တာ။ လော့ဟယ်က သူမ့ကို ကွာရှင်းချင်ပေမယ့် သူမက သဘောမတူဘူး။ လော့ဟယ်က သူမ့ကို စိတ်ကယောင်ချောက်ခြားဖြစ်အောင် ဆေးတိုက်ချင်ခဲ့တယ်။ ဝမ်ယန်က ဆေးတွေ အများကြီး သောက်ပြီးတဲ့နောက် ငါက သူမ့ကို မတော်တဆ အဲဒီအကြောင်းသိသွားအောင် လုပ်ခဲ့လိုက်တယ်။”

“အဲဒီမိန်းမက ထင်ထားတဲ့အတိုင်းပဲလေ။ ပိုပြီး ရူးသွားတယ်။ လော့ဟယ်က အဆက်အသွယ်တွေရှာပြီး သူမ့ကို အတင်းအကျပ် ကွာရှင်းခဲ့တယ်။”

မုယောင်က သူ့ရဲ့အသက်ရှူနှုန်းကို ထိန်းညှိနေတယ်။ လော့ယင်ရဲ့ သူတို့အပေါ်မှာထားရှိတဲ့ မုန်းတီးမှုတွေကို မုယောင် ခံစားနိုင်တယ်။

လော့ဝမ်က လူတွေကို ခေါ်ပြီး လော့ယင်ကို အနိုင်ကျင့်ခဲ့တယ်လို့လည်း သူကြားဖူးတယ်။ လော့ဝမ်က ဂန်းစတားအုပ်စုတစ်စုကို ခေါ်ပြီး လော့ယင်ရဲ့ ကျောင်းတံခါးဝကိုသွားကာ လော့ယင်ရဲ့အမေက မယားငယ်လို့ အော်ဟစ်ခဲ့ပြီး လော့ယင်ကိုလည်း ထောင့်တစ်နေရာကို ဆွဲခေါ်ကာ ရိုက်နှက်ခဲ့တယ်။

အဲဒီအချိန်တုန်းက သူက အလယ်တန်းကျောင်းသားပဲ ရှိသေးပြီး သူ့သူငယ်ချင်းတွေက “အထက်တန်းလွှာတွေရဲ့ ပြဇာတ်” ကို ကြည့်ဖို့ ကျောင်းတောင် ပျက်ခဲ့ကြတယ်။

လော့ဝမ်တောင် ဒီလိုဆိုတော့ လော့မိသားစုရဲ့တရားဝင်ဇနီးဖြစ်တဲ့ ဝမ်ယန်က ပုံမှန်အချိန်တွေမှာ လော့ယင်ရဲ့ အမေကို ဘယ်လို နှိပ်စက်ခဲ့လဲဆိုတာ သိနိုင်မြင်နိုင်တယ်။

ဒါပေမယ့် ဝမ်ယန်က လော့ဟယ်နဲ့ လက်မထပ်ခင်မှာ လော့ယင်ရဲ့အမေ့အကြောင်းကို သိခဲ့တယ်။ လော့ဟယ်က သူမ့ကို လော့မိသားစုဆီ ခေါ်သွားခဲ့လို့ လော့ယင်ရဲ့ အမေက သူတို့ လက်ထပ်မယ်လို့ ထင်ပြီး ကလေးမွေးပေးခဲ့တာ။

ဒါပေမယ့် လော့ဟယ်က အာဏာကို မစွန့်လွှတ်နိုင်ခဲ့ဘူး။ လော့မိသားစုက အနည်းငယ် ခြိမ်းခြောက်လိုက်တာနဲ့ အဲဒီယောက်ျားက ပျော်ပျော်ရွှင်ရွှင်ကြီး နောက်ဆုတ်သွားခဲ့တယ်။

“လော့ဟယ်ကိုလည်း ငါ လွှတ်မပေးခဲ့ဘူး။ ဒီတစ်ခါ ငါကိုယ်တိုင် လုပ်ခဲ့တာ။” လော့ယင်က ပိုပြီး ပျော်ရွှင်စွာနဲ့ ရယ်မောလိုက်တယ်။

“ဒါတွေအားလုံးက သူကြောင့် ဖြစ်တာ။သူ့လုပ်ရပ်အတွက် သူ ပြန်ပေးဆပ်သင့်တယ်။”

လော့ဟယ်က မိန်းမငယ်လေးတစ်ယောက်ရဲ့အိမ်မှာ ရုတ်တရက် သေဆုံးသွားပြီး ကြီးမားတဲ့လော့မိသားစုတစ်ခုလုံးက လော့ယင်လက်ထဲကို ရောက်လာခဲ့တယ်။

မုယောင်က ဒါကိုကြားတော့ သူ့နှလုံးသားထဲထိ အေးစက်သွားတယ်။ လော့ယင်က ပုံမှန်မဟုတ်တဲ့စိတ်နေစိတ်ထားရှိတယ်ဆိုတာ သိပေမယ့် သူက တခြားသူရဲ့လက်ကို သုံးပြီး လူသတ်ရဲလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

“ငါက မင်းကို ဘာလို့ ကြိုက်တာလဲ။ဖြစ်နိုင်တာ​က မင်းကလည်း တရားမဝင်တဲ့သားတစ်ယောက် ဖြစ်နေလို့များလား။ ဒါပေမယ့် မင်းက ဂရုတစိုက် ပြုစုပျိုးထောင်ခံထားရတဲ့ နူးနူးညံ့ညံ့နှင်းဆီပန်းလေးတစ်ပွင့်လိုပဲ။”

“ငါကတော့ မှောင်မိုက်တဲ့နေရာမှာ ရှိနေတဲ့ ရေညှိလိုပဲ။ တစ်သက်လုံး ပုံပျက်ပန်းပျက် ဖြစ်ပြီး ရူးသွပ်ခဲ့တာ။”

သူက အသိုင်းအဝိုင်းထဲကို ဝင်ဆံ့အောင် ကြိုးစားခဲ့ရတယ်။ အသက်20ကျော်အရွယ် စိုးရိမ်ပူပန်မှုကင်းတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက် မဖြစ်နိုင်တော့ဘူး။ သူ့မှာ ရှိတဲ့ အရာအားလုံးက သူ လုယူခဲ့တာတွေချည်းပဲ။

သူက လူတစ်ယောက်ကို ဘယ်လို ချစ်ရမလဲဆိုတာ မသိဘူး။ သူက မုယောင်ကို ကြိုက်တယ်၊ မုယောင်က သူ့ကို မကြိုက်ဘူး၊ ဒါကြောင့် သူက လုယူခဲ့တယ်။

မုယောင်က လော့ယင်က သူ့ကို ဂရုတစိုက် ပြုစုပျိုးထောင်ခံထားရတဲ့ နူးနူးညံ့ညံ့နှင်းဆီပန်းလေးတစ်ပွင့်လို့ ပြောလာတာကြောင့် စိတ်တွေ လွင့်သွားတယ်။

ဘဝဟောင်းတုန်းကဆိုရင် ဘယ်သူကမှ သူ့ကို ဒီလို ချီးကျူးမှာ မဟုတ်ဘူး။ လူတိုင်းက သူက အပြင်ပန်းတင် လှပပြီး ဘာမှ မသိတဲ့ ပျက်စီးနေတဲ့ သခင်လေးတစ်ယောက်လို့ ထင်ကြတယ်။ ပြီးတော့ စိတ်ဓာတ်ဆိုးပြီး မုန်းစရာကောင်းတယ်ဆိုပြီးတော့ပေါ့။

ဒီဘဝမှာ သူက ပိုင်ရန်ကို ဆန့်ကျင်ဖို့ မကြိုးစားတော့ဘူး။ သူနဲ့ချစ်သူတွေတောင် ဖြစ်လာသေးတယ်။မုယောင်က သူ့ရဲ့ သူငယ်ချင်းတွေနဲ့လည်း မပွေရှုပ်တော့ဘူး။ ငယ်သူငယ်ချင်း ချန်ဖန်ရဲ့ဖိတ်ကြားမှုတွေကိုပဲ တုံ့ပြန်ခဲ့တယ်။

“ငါက အရင်က ဒီလို မဟုတ်ခဲ့ဘူး။” မုယောင်က တိုးတိုးလေး ရေရွတ်လိုက်တယ်။

 

လော့ယင်က ရှင်းရှင်းလင်းလင်း မကြားလိုက်ဘူး။ “ဘာရယ်?”

ဒါပေမယ့် မုယောင်က ထပ်မပြောတော့ဘူး။

မုယောင်က သူဖက်ထားတာကို ခံနေပေမယ့် ဦးနှောက်ထဲမှာတော့ မှောင်မိုက်ပြီး စိုစွတ်တဲ့ လမ်းကြားလေးကို မြင်ယောင်နေတယ်။ သူက မုယွင်ဇီနဲ့ တခြားလူတွေရဲ့မျက်နှာတွေရယ် ပွေ့ဖက်ခံထားရတဲ့ ပိုင်ရန်ရယ်ကို မြင်ယောင်တော့ စိတ်ထဲမှာ အမျိုးမျိုး ခံစားနေရတယ်။

“သူတို့ မကြာခင် ရောက်လာတော့မှာမလား?” မုယောင်က မေးလိုက်တယ်။

သူက ဒီနေ့ လော့ယင်ရဲ့ပုံမှန်မဟုတ်တဲ့ အမူအရာကို ခံစားမိတယ်။ ထွက်ခွာတော့မယ့် ဗီလိန်တစ်ယောက်က ရှည်လျားတဲ့ မိန့်ခွန်းပေး​​နေတဲ့ပုံစံမျိုးနဲ့ ဆင်တူနေတယ်။ (T/N: ဒီနေရာမှာ ငါအူတက်သေ QwQ)

“မကြာတော့ဘူး။” လော့ယင်က ငုံ့ပြီး မုယောင်ရဲ့ နူးညံ့တဲ့ နှုတ်ခမ်းတွေကို နမ်းလိုက်ပြီး နှုတ်ခမ်းကြားက ချိုမြိန်မှုကို တပ်မက်စွာ ခံစားနေတယ်။

စာရေးသူ၏မှတ်ချက်။ ပုံမှန်အားဖြင့် ဝမ်ယန် ရူးသွားရင် လော့ဟယ်က သူမ့ကို ကွာရှင်းလို့မရဘူး။ဒါပေမယ့် ပိုက်ဆံနဲ့ အာဏာကြောင့် ရသွားတာပါ။ အားလုံး နားလည်ကြမှာပါ။

Chapter 66 end

Chapter 67

မုယောင်က တွန်းထုတ်ဖို့ ကြိုးစားပေမယ့် လော့ယင်က ပိုနက်ရှိုင်းစွာ နမ်းလာတယ်။ သူ့လျှာက မုယောင်ရဲ့ပါးစပ်ထဲက နူးညံ့တဲ့ အသားတွေကို စုပ်ယူနေပြီး မုယောင်မှာ တစ်ကိုယ်လုံးအားပျော့သွားတဲ့အထိ နမ်းခံလိုက်ရတယ်။

မုယောင်ရဲ့အာရုံတွေ ဝေဝါးထွေပြားနေတုန်း တံခါးဝမှာ အသံအကျယ်ကြီးတစ်ခုကို ကြားလိုက်ရတယ်။ လော့ယင်က အလျင်အမြန် လှည့်ကြည့်လိုက်ပြီး မုယောင်လည်း တံခါးကို စိုက်ကြည့်လိုက်တယ်။

အနက်ရောင်ဝတ်ထားတဲ့ ကိုယ်ရံတော်တွေအချို့ အတင်းဝင်လာတယ်။ နောက်က လျှောက်လာတဲ့ ကိုယ်ရံတော်တွေက သူတို့နဲ့ မတူညီတဲ့အဝတ်အစားတွေ ဝတ်ထားတဲ့ ကိုယ်ရံတော် နှစ်ယောက်ကိုလည်း ဖမ်းထားတယ်။ အဲဒီလူတွေက လော့ယင်ရဲ့လူတွေ ဖြစ်ပုံရတယ်။

မုယွင်ဇီက အရင်ဆုံး ဝင်လာပြီး လော့ယင်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်တယ်။ လော့ယင်ကလည်း အရှုံးမပေးဘဲ ပြန်ကြည့်လိုက်တယ်။

ခန်ချင်းဟန်၊ ဖေးယန်ရှင်းနဲ့ ပိုင်ရန်တို့လည်း ဝင်လာတယ်။ ပိုင်ရန်ကို မြင်တာနဲ့ မုယောင်ရဲ့မျက်လုံးတွေ နီရဲလာတယ်။

“သူ့ကို ဖမ်းလိုက်။” မုယွင်ဇီက သူ့ရဲ့လက်အောက်ငယ်သားတွေကို အေးစက်စွာ အမိန့်ပေးလိုက်တယ်။ ကိုယ်ရံတော် သုံးလေးယောက်က ရှေ့တက်လာပြီး လော့ယင်လည်း သူတို့နဲ့ ရုန်းရင်းဆန်ခတ်တွေ ဖြစ်သွားတယ်။ နောက်ဆုံးမှာ ကိုယ်ရံတော်တွေက လူအများကြီး ဖြစ်တာကြောင့် သူလည်း ဖမ်းခံလိုက်ရတယ်။

မုယွင်ဇီက လော့ယင်ကို ထိုးလိုက်တယ်။ လော့ယင်က ဖမ်းခံထားရလို့ ပြန်မခုခံနိုင်ဘူး။ ကျန်တဲ့လူသုံးယောက်ကလည်း သူ့ကို ထိုးကြတယ်။ သူ့မျက်နှာမှာ အညိုအမည်းတွေ ဖြစ်ကုန်တယ်။

မုယွင်ဇီက လျှောက်လာပြီး မုယောင်ကို ပွေ့ဖက်ဖို့ ပြင်လိုက်ပေမယ့် မုယောင်က နောက်ကိုပဲ ဆက်တိုက် ဆုတ်နေတယ်။ သူကသာ မုယောင်ကို အကျဉ်းချထားတဲ့လူလို ဖြစ်နေတယ်။

မုယွင်ဇီက မျက်နှာပျက်သွားပေမယ့် မုယောင်က တစ်ပတ်ကြာ ပိတ်လှောင်ခံထားရတာကို ထောက်ထားပြီး စိတ်ကို ထိန်းထားလိုက်တယ်။

ပိုင်ရန်က ဆိုဖာရှေ့ကို လျှောက်သွားပြီး စိုးရိမ်တကြီးနဲ့ မုယောင်ကို ကြည့်လိုက်တယ်။ မုယောင်ရဲ့မျက်ရည်တွေက မထိန်းနိုင်တော့ဘဲ မျက်လုံးထောင့်ကနေ စီးကျလာတယ်။

ပိုင်ရန်က မုယောင်ကို ဂရုတစိုက်နဲ့ ပွေ့ချီလိုက်တော့ မုယောင်က ငိုပြီး သူ့ပခုံးပေါ်မှာ မျက်နှာအပ်ထားလာတယ်။

သူက ပိုင်ရန်ကို မတွေ့ရတာ ကြာပြီဖြစ်ပြီး စိတ်ထဲမှာလည်း မကျေနပ်ချက်တွေ ပြည့်နေတယ်။ အတင်းအကျပ် အကျဉ်းချခံထားရတဲ့ မကျေနပ်ချက်တွေတောင် ပေါ်လာပြီး တရှုံ့ရှုံ့နဲ့ ငိုနေတယ်။

ကျန်တဲ့ လူတွေရဲ့ မျက်နှာကလည်း သိပ်မကောင်းဘူး။ မုန်းတီးရန်လိုတဲ့အကြည့်လေးစုံက ပိုင်ရန်ဆီကို ရောက်လာပေမယ့် သူကတော့ အဲဒါတွေကို ဂရုမစိုက်နိုင်ဘူး။ မုယောင် ငိုနေတာကို မြင်တော့ သူ့မှာ အရမ်း စိတ်မကောင်းဖြစ်နေရတယ်။

“ယောင်​ယောင်၊ ငါ တောင်းပန်ပါတယ်။” သူက စိတ်မကောင်းစွာနဲ့ မုယောင်ရဲ့နဖူးလေးကို သူ့နဖူးနဲ့ ထိကပ်ပြီး တိုးတိုးလေး ပြောနေသလို ပြောလိုက်တယ်။

“ငါ နောက်ကျသွားတယ်။ မင်းကို စိတ်ဆင်းရဲစေခဲ့မိပြီ။” ပြောရင်းနဲ့ သူက ကလေးငယ်လေးကို ချော့မြှူနေသလိုမျိုး မုယောင်ရဲ့ ကျောပြင်ကို ဖြည်းဖြည်းချင်း ပုတ်ပေးလိုက်တယ်။

 

မုယောင်က နောက်မှ ရှက်သွားသည်။ ပိုင်ရန်ရဲ့တိုးတိုးလေး ချော့မြှူနေတဲ့ အသံကြောင့် သူ့ရဲ့နားရွက်တွေ အကုန် နီရဲသွားတယ်။

“မင်း ငါ့ကို လမ်းခွဲတော့မှာလား?” မုယောင်က ငိုသံပါတဲ့ အသံနဲ့ ပိုင်ရန်ကို မေးလိုက်တယ်။

“မဟုတ်ပါဘူး။ ယောင်ယောင်က ဘာလို့ ဒီလို တွေးနေတာလဲ?”

“ငါက သစ္စာဖောက်ခဲ့တယ်လေ။ ပြီးတော့ ငါက အခု…” မုယောင်က ပြောမထွက်ဘူး။ ဒါပေမယ့် ငတုံးတောင် ဒီတစ်ပတ်လုံး သူနဲ့လော့ယင် ဘာလုပ်ခဲ့လဲဆိုတာကို မြင်နိုင်တယ်။

“ဒါ ယောင်ယောင်ရဲ့အမှား မဟုတ်ဘူးလေ။ ယောင်ယောင်က လှလွန်းလို့ အဲဒီလူတွေက မကောင်းတာလုပ်ကြတာ”

ပိုင်ရန်က စဥ်းတောင် မစဉ်းစားဘဲနဲ့ အပြစ်အားလုံးကို တခြားသူတွေအပေါ် ပုံချလိုက်တယ်။ အဲဒီ “စိတ်ဓာတ် မကောင်းတဲ့” လူတွေက သူတို့ရဲ့ နောက်မှာ ရပ်နေတယ်။

“ယောင်ယောင်က အမြဲတမ်း သန့်ရှင်းပြီး လှနေမှာပါ။ ငါလည်း ယောင်ယောင်ကို အမြဲတမ်း ကြိုက်နေမှာ။” ပိုင်ရန်က မုယောင်ရဲ့ နှုတ်ခမ်းထောင့်ကို နမ်းလိုက်တယ်။ မုယောင်က ချော့မြှူခံရလို့ မငိုတော့ဘဲ ရှက်ရွံ့စွာနဲ့ မျက်နှာကို ပိုင်ရန်ရဲ့ ရင်ဘတ်ပေါ်မှာ ကပ်ထားလိုက်တယ်။

“အဟွတ်! အဟွတ်! အဟွတ်!” ပိုင်ရန်ရဲ့နောက်က ဖေးယန်ရှင်းက ရည်ရွယ်ချက်ရှိရှိနဲ့ ချောင်းဟန့်လိုက်တယ်။ အသံနည်းနည်း မထွက်ရင် ပိုင်ရန်က သူတို့ သေသွားပြီလို့ ထင်နေလိမ့်မယ်။

ပိုင်ရန်က သူတို့ကို လှည့်ကြည့်လိုက်ပြီး ယောက်ျားတွေရဲ့ မျက်လုံးထဲက ရန်လိုတဲ့ အကြည့်တွေကို မြင်တော့ ဂရုမစိုက်ဘဲ မုယောင်ကို ပိုပြီး တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်တယ်။

“ရဲတိုင်ကြရအောင်။” ခန်ချင်းဟန်က ပြောလိုက်တယ်။

သူနဲ့ မုယွင်ဇီ၊ ဖေးယန်ရှင်းတို့က မုယောင် ပျောက်ဆုံးနေတာကို စုံစမ်းနေရင်း မတော်တဆ တစ်ယောက်နဲ့ တစ်ယောက် သိသွားကြတယ်။ အဲဒီအချိန်တုန်းက မုယွင်ဇီရဲ့အောက်ခြေလိုင်းကိုသိလိုက်ရလို့ အံ့အားသင့်သွားခဲ့တယ်။

ပိုင်ရန်က နောက်မှ မုယွင်ဇီကို ဆက်သွယ်ပြီး လော့ယင်ကို သံသယရှိတဲ့ အကြောင်း ပြောပြခဲ့တယ်။ သူတို့က လော့ယင်နောက်ကို လိုက်ပြီး ဒီကို ရှာတွေ့ခဲ့တယ်။

ရဲတွေ ရောက်လာတော့ အိမ်ထဲမှာ ကိုယ်ရံတော်အုပ်စုကြီးကို မြင်ပြီး သူတို့ဘဝအပေါ် နည်းနည်းသံသယဝင်သွားမိတယ်။

ဘယ်သူက ရဲတိုင်တာလဲဆိုတာ သေချာ မသိဘူး။
လော့ယင်ကို ခေါ်သွားချိန်မှာ သူ့ရဲ့အကြည့်တွေက မုယောင်ဆီကနေ မခွာခဲ့ဘူး။ ဒါပေမယ့် မုယောင်ရဲ့မျက်လုံးထဲမှာ ပိုင်ရန်ပဲ ရှိပြီး သူ့ကို လှည့်တောင် ကြည့်မလာခဲ့ဘူး။

စာရေးသူ၏မှတ်ချက်။ ချစ်တီတူးနေတဲ့စုံတွဲလေးကြောင့် Gongလေးယောက်က မနာလိုအံ့အားသင့်သွားတယ်။
ပိုင်ရန်က တကယ့် ခေါင်းဆောင်ကောင်း တစ်ယောက်လိုပါပဲ။
လော့ခွေးက ထောင်ထဲမှာ အကြာကြီး မနေရပေမယ့် အသေးစား ထောင်ထဲမှာတော့ ခဏ နေရလိမ့်မယ်။

Chapter 67 end

Chapter 68

 

လော့ယင်ကို ရဲတွေက ခေါ်သွားပြီး မုယောင်နဲ့အခြားသူတွေကိုလည်း ရဲစခန်းမှာ ထွက်ဆိုဖို့ ခေါ်သွားတယ်။

မုယောင်တို့ ရဲစခန်းက ပြန်ထွက်လာချိန်မှာ ညစာစားချိန်နီးပါး ဖြစ်နေပြီ။

မုယောင်ကို ပိုင်ရန်က အမြဲတမ်း နောက်မှာ ကာကွယ်ပေးထားသည်။ ပိုင်ရန်က လှည့်လာပြီး မုယောင်ရဲ့လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်တယ်။

“ယောင်ယောင်၊ ညစာ ဘာစားချင်လဲ?”

ကျန်တဲ့လူတွေကလည်း အသံကြားတာနဲ့ အမြန် လှည့်လာကြပြီး ပိုင်ရန်ကို စိုက်ကြည့်လိုက်တယ်။ သူတို့ရဲ့ မျက်လုံးတွေထဲမှာ ကောင်းမွန်တဲ့ အငွေ့အသက်တွေ လုံးဝ မရှိဘူး။

“ဘာစားစား ရပါတယ်။” ဒီလိုအဖြစ်အပျက်တွေ ဖြစ်ပြီးနော​က် မုယောင်မှာ ညစာ ဘာစားရမလဲဆိုတာကို စဉ်းစားဖို့ စိတ်မပါဘူး။

“ဒါဆို ငါ မင်းအတွက် ချက်ပေးမယ်။” ပိုင်ရန်က မုယောင်ကို သူ့အိမ်ကို ခေါ်ပြီး မကြာခဏ ချက်ပြုတ်ကျွေးလေ့ရှိတယ်။ ဒါက ချစ်သူစုံတွဲလေးတွေရဲ့ချိန်းတွေ့တဲ့ ပျော်ရွှင်မှုတွေထဲက တစ်ခုပဲ။

“အဟမ်း! အဟမ်း!” မုယွင်ဇီက မျက်နှာမကောင်းစွာနဲ့ ချောင်းဟန့်လိုက်ပြီး ဖေးယန်ရှင်းနဲ့ခန်ချင်းဟန်တို့ရဲ့ မျက်နှာကလည်း သိပ်မကောင်းဘူး။

ဒီကောင်က ဘာကို ဆိုလိုတာလဲ။ မုယောင်ကို သူ့အိမ်ကို တိုက်ရိုက်ပြန်ပေးဆွဲသွားပြီး သူတို့ကိုတော့ သေသွားပြီလို့ သဘောထားတာလား။

.
ပိုင်ရန်က တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းထောင်ပြီး သူတို့ကို စိုက်ကြည့်လိုက်တယ်။ မုယောင်က ဒီမြင်ကွင်းကို မြင်တော့ အကြောင်းပြချက်မရှိဘဲ စိတ်ထဲမှာ အနည်းငယ် အားနာသွားတယ်။

သူက သူ့ကိုယ်သူ လှေပေါ်မှာ အလှလေးတွေနဲ့ ကစားနေတဲ့ လူယုတ်မာကြီးတစ်ယောက်လို ခံစားလိုက်ရပြီး နောက်ဆုံးမှာ လှေမှောက်သွားလို့ တရားဝင်ဇနီးက အရှုပ်ထုပ်တွေကို ရှင်းထုတ်ဖို့ ထွက်လာသလိုပဲ။

“မစ္စတာပိုင်က ကျွန်တော်တို့ သုံးယောက် နှောင့်ယှက်တာကို ဂရုစိုက်မှာ မဟုတ်လောက်ပါဘူး” မုယွင်ဇီရဲ့အသံက အနည်းငယ် အေးစက်နေတယ်။ သူတို့ သုံးယောက် ဘယ်လိုပဲ တွေးပါစေ အခုအချိန်မှာ တစ်ညီတည်းသော ရန်သူက ပိုင်ရန်ပဲ။

“သေချာတာပေါ့၊ ကျွန်တော် ဂရုမစိုက်ပါဘူး။” ပိုင်ရန်က အပြင်မှာ ပန်းပွင့်တွေနဲ့ ကစားနေတဲ့ တရားဝင် ဇနီးတစ်ယောက်လိုမျိုး အပြုံးနဲ့ ပြောလိုက်တယ်။

ပိုင်ရန်က ဒီလူသုံးယောက်က  စိုးရိမ်နေတာကြောင့် ထွက်သွားမှာ မဟုတ်ဘူးဆိုတာ သိတယ်။ ထပ်ခါထပ်ခါ ဆွဲလိုက် တွန်းလိုက်လုပ်မယ့်အစား အားလုံးအတူတူ ရှင်းရှင်းလင်းလင်းလုပ်လိုက်တာက ပိုကောင်းတယ်။

ခန်ချင်းဟန်နဲ့ မုယွင်ဇီတို့က သူတို့အတွင်းရေးမှူးတွေကို ကားမောင်းလာခိုင်းထားတာကြောင့် သူတို့တွေဟာ ကားနှစ်စီးနဲ့ ပိုင်ရန်ရဲ့ အိမ်ကို ရောက်သွားခဲ့တယ်။

ယောက်ျားငါးယောက်က အိမ်ထဲမှာ စုပြုံနေပြီး လေးယောက်က ၁၈၀စင်တီမီတာကျော် ရှိတာကြောင့် အိမ်က အရမ်းကျဉ်းကျပ်ပြီး သေးငယ်နေတယ်။

မုယွင်ဇီရဲ့မထီမဲ့မြင်ပြုမှုက မျက်နှာပေါ်မှာ ထင်ထင်ရှားရှား ပေါ်နေတော့ မုယောင်က ဒေါသတကြီး သူ့ကို ဆက်တိုက် စိုက်ကြည့်နေတယ်။

ပိုင်ရန်ကတော့ လုံးဝ နေရမခက်ဘူး။ သူက လူအနည်းငယ်ကို ထိုင်ဖို့ ပေါ့ပေါ့ပါးပါးပြောလိုက်ပြီး ရေခဲသေတ္တာထဲက ပါဝင်ပစ္စည်းတွေကို ထုတ်ကာ ချက်ပြုတ်ဖို့ ပြင်ဆင်လိုက်တယ်။

မုယောင်က ပိုင်ရန်ကို တွယ်ကပ်ပြီး မီးဖိုချောင်မှာ ချက်ပြုတ်တာကို အဖော်ပြုပေးနေတာကိုကြည့်ပြီး လူသုံးယောက်က မနာလိုဖြစ်နေကြတယ်။

“မင်း ဒီရက်ပိုင်း ဘာတွေလုပ်နေတာလဲ?” မုယောင်က သတ္တိကို စုစည်းပြီး မေးလိုက်တယ်။

“ငါ ရှေ့နေရုံးတစ်ခုဖွင့်ဖို့ အလုပ်ရှုပ်နေတာ။ငါ ပိုက်ဆံရှာပြီး ယောင်ယောင်ကို ပိုကောင်းတဲ့ ဘဝတစ်ခု ပေးချင်တယ်။” ပိုင်ရန်က မုယောင်ကို နူးညံ့စွာ စိုက်ကြည့်လိုက်တယ်။ မုယောင်က သူ့မျက်လုံးထဲက ချစ်ခြင်းမေတ္တာကို ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်။

“ဒါဆို မင်းက စိတ်ဆိုးပြီး ငါ့ကို လျစ်လျူရှုထားတာ မဟုတ်ဘူးပေါ့။” ပိုင်ရန်ရဲ့ မျက်လုံးတွေက မိုးမိနေတဲ့ ကြောင်ပေါက်လေးတစ်ကောင်လို စိုစွတ်နေတယ်။

“သေချာတာပေါ့။အဲလို မဟုတ်ဘူး။ ငါက မင်းကို ဘယ်လိုလုပ် စိတ်ဆိုးနိုင်မှာလဲ။” ပိုင်ရန်က မုယောင်ရဲ့မျက်လုံးထောင့်ကဝဲနေတဲ့မျက်ရည်တွေကို သုတ်ပေးလိုက်တယ်။

“တကယ်တော့ ….တကယ်တော့…ငါက အပြင်က လူသုံးယောက်နဲ့…” မုယောင်က သူ့ရဲ့ အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူတို့နဲ့လိင်ဆက်ဆံခဲ့ဖူးတယ်ဆိုတဲ့ အကြောင်းကို ပြောပြဖို့ ကြိုးစားနေတယ်။

“ငါ သိပါတယ်။ ယောင်ယောင်။” ပိုင်ရန်က မုယောင်ရဲ့ အောက်နှုတ်ခမ်းကို ကယ်တင်လိုက်တယ်။ သူ ထိုလူသုံးယောက်နဲ့ တွေ့တဲ့အချိန်မှာ သူ့ကို နောက်ဆုတ်ဖို့ လူသုံးယောက်လုံးက ပြောခဲ့ကြပြီးသား။

“မင်း ငါက အရမ်းရွံ့စရာကောင်းတယ်လို့ထင်လား…” မုယောင်ရဲ့ မျက်ရည်တွေက အကြီးကြီး ကျလာပြီး သူ့ရဲ့ ခန္ဓာကိုယ်ကလည်း တုန်ခါနေတယ်။

“မထင်ပါဘူးကွာ။ ယောင်ယောင်က အသန့်ရှင်းဆုံးနဲ့ အချစ်ခံရဖို့ အထိုက်တန်ဆုံးပဲ။” ပိုင်ရန်က အလျင်အမြန် မုယောင်ကို ပွေ့ဖက်လိုက်တယ်။

“ယောင်ယောင်၊ မင်း ဘာမှမှားတာ မလုပ်ခဲ့ဘူး။” ပိုင်ရန်က နှုတ်ခမ်းကို မုယောင်ရဲ့ နှုတ်ခမ်းပေါ်မှာ ဖိကပ်လိုက်တယ်။ နက်နက်ရှိုင်းရှိုင်း မဟုတ်ဘဲ ဒါက ချစ်သူတစ်ယောက်ဆီက နှစ်သိမ့်မှုတစ်ခုပဲ။

မုယောင်ရဲ့ စိတ်ခံစားချက်တွေက တဖြည်းဖြည်း တည်ငြိမ်လာတယ်။ “ဒါပေမယ့် ငါက လူအများကြီးနဲ့…”

“ကိစ္စမရှိပါဘူး ယောင်ယောင်၊ ငါ မင်းကို ချစ်တယ်။ ငါကတော့ အဲကိစ္စတွေက အဆင်ပြေတယ်လို့ ထင်တယ်။” ပိုင်ရန်က မုယောင်ရဲ့ ခေါင်းကို သူ့ရင်ဘတ်ပေါ်မှာ ဖိထားလိုက်တယ်။

ယောက်ျားတစ်ယောက်အနေနဲ့ သူက ဘာမှ မဖြစ်ဘူးလို့ မပြောနိုင်ပေမယ့် ဒါက မုယောင်ရဲ့အမှား မဟုတ်ဘူး။ အဲဒီလူတွေရဲ့ အမှားတွေပဲ။

Chapter 68 end

Chapter 69

မီးဖိုချောင်က အသံလုံတဲ့ နေရာမဟုတ်တာကြောင့် မုယောင်နဲ့ ပိုင်ရန်ရဲ့ စကားပြောသံတွေက ဧည့်ခန်းထဲက ယောက်ျားသုံးယောက်ရဲ့ နားထဲကို တဖြည်းဖြည်း ရောက်သွားတယ်။

လူသုံးယောက်ရဲ့မျက်နှာက မည်းမှောင်နေပေမယ့် ဘယ်သူကမှ ဘာမှ မပြောဘူး။

တကယ်တော့ သူတို့လုပ်ခဲ့တဲ့ အရာတွေက တော်တော်ရယ်စရာကောင်းတယ်။ အထက်တန်းလွှာသုံးယောက်က အချစ်အတွက် တတိယလူတွေ ဖြစ်လာကြပြီး ချစ်သူစုံတွဲလေးရဲ့ဘဝကို နှောင့်ယှက်နေကြတယ်။

သူတို့ရဲ့ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရားကို မြေကြီးပေါ် နင်းချပစ်တဲ့ ဒီလိုအပြုအမူမျိုးကို သူတို့ကိုယ်တိုင်သာ မကြုံတွေ့ခဲ့ရင် သူတို့ကိုယ်သူတို့ ယုံမိမှာတောင် မဟုတ်ဘူး။ ဒါပေမယ့် ဘယ်သူကမှ လက်လျှော့ဖို့ မပြင်ဆင်ထားဘူး။

ပိုင်ရန်နဲ့မုယောင်က ပန်းကန်တွေ ကိုင်ပြီး ထွက်လာတဲ့အထိ ဧည့်ခန်းက အရမ်း တိတ်ဆိတ်နေတယ်။

မုယောင်က လူသုံးယောက်ရဲ့အကြည့်တွေက သူ့ကို ဝိုင်းလည်နေတာကို တွေ့ပေမယ့် သူ လုံးဝ မပျော်ဘူး။အဲ့အစား ဆိုးဆိုးရွားရွား တစ်ယောက်ချင်းစီကို စိုက်ကြည့်လိုက်တယ်။

ထမင်းစားချိန်မှာ ဘယ်သူကမှ စကားမပြောဘူး။ မုယောင်က တကယ်ကို ဗိုက်ဆာနေပြီး အချိန်အကြာကြီး မစားရတဲ့ အစားအသောက်တွေကို စားနေရင်း ငိုချင်လာတယ်။

ယောက်ျား ငါးယောက်က မြန်မြန်စားလိုက်ကြလို့ မိနစ်နှစ်ဆယ်မပြည့်ခင်မှာပဲ စားပွဲပေါ်က အစားအသောက်တွေက ကုန်သွားတယ်။

ပိုင်ရန်က စားပွဲကို ရှင်းပြီး ပန်းကန်ဆေးဖို လုပ်လိုက်ပေမယ့် မုယောင်က တားဆီးလိုက်တယ်။

“မချက်ပြုတ်တတ်ရင် ပန်းကန်တော့ ဆေးတတ်ရမှာပေါ့” မုယောင်က ယောက်ျားသုံးယောက်ကို လှည့်ကြည့်ကာ ပြောလိုက်တယ်။

ခန်ချင်းဟန်က လက်ရှိအခြေအနေကို အကောင်းဆုံးသိလို့ ချက်ချင်း ထပြီး ပန်းကန်ဆေးဖို့ သွားလိုက်တယ်။ ဖေးယန်ရှင်းလည်း သတိရလာပြီး မီးဖိုချောင်ကို လိုက်သွားတယ်။

မီးဖိုချောင်ထဲမှာ တတိယလူ ဝင်ဖို့ နေရာမရှိတော့ဘူး။ မုယွင်ဇီက ခဏလောက် စဉ်းစားပြီး စားပွဲကို ရှင်းဖို့ စတင်လိုက်တယ်။

တကယ်တော့ ခန်ချင်းဟန်နဲ့ဖေးယန်ရှင်းတို့က ဟင်းအနည်းငယ် ချက်တတ်ပေမယ့် ပိုင်ရန်က ချက်မယ်ပြောလို့ သူတို့က ဝင်မလုပ်တော့တာ။

မုယောင်က ယောက်ျားကြီးသုံးယောက်က ဘာလုပ်ရမှန်း မသိဘဲ အလုပ်ရှုပ်နေတာကို ကြည့်ပြီး ကျေနပ်နေတယ်။ ပိုင်ရန်က ရယ်ပြီး သူ့နှာခေါင်းထိပ်ကို ကုတ်လိုက်တယ်။

အကုန်လုံး ရှင်းပြီးတဲ့နောက် လူအနည်းငယ်က ဧည့်ခန်းထဲမှာ ထိုင်လိုက်တဲ့အခါ ပိုင်ရန်က ဒီနေ့ရဲ့ အဓိကအကြောင်းအရာကို ရောက်လာပြီဆိုတာ သိလိုက်တယ်။

“မစ္စတာပိုင်၊ မုမိသားစုအကြောင်းကို ဘယ်လောက်သိလဲ ” မုယွင်ဇီက အရင်ဆုံး စတင်ဦးဆောင်တိုက်ခတ်လိုက်တယ်။

“မုမိသားစုက Aမြို့ရဲ့အကြီးဆုံး အထက်တန်းလွှာ မိသားစုတစ်ခု။ မုကော်ပိုရေးရှင်းရဲ့ အလုံးစုံ ခွန်အားကလည်း A မြို့မှာ အခိုင်မာဆုံး။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်ရင်လည်း ထိပ်တန်းပါပဲ။ ဒါကို A မြို့က လူတိုင်း သိတယ်လို့ ကျွန်တော် ထင်တယ်။” ပိုင်ရန်က နှိမ့်ချတာလည်း မဟုတ်သလို မောက်မာတာလည်း မဟုတ်ဘဲ ပြောလိုက်တယ်။

“ဟုတ်တယ်။ မစ္စတာပိုင်က မုကော်ပိုရေးရှင်းမှာ အလုပ်သင်အနေနဲ့လည်း လုပ်ခဲ့ဖူးတော့ အများကြီး သိမှာပါ။” မုယွင်ဇီရဲ့ အကြည့်တွေက ပိုင်ရန်ရဲ့မျက်နှာကို ဖြတ်သွားပြီး အထက်လူကြီးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ဆောင်ထားတယ်။

ပိုင်ရန်က မုယောင်ကို ကြိုက်နေလို့သာ မဟုတ်ရင် ပိုင်ရန်ရဲ့ခိုင်မာတဲ့စိတ်ဓာတ်ကို သူ အရမ်း သဘောကျ ချီးကျူးမိမှာ။ သူတို့နှစ်ယောက်က သူငယ်ချင်းတွေတောင် ဖြစ်နိုင်တယ်။

“မစ္စတာမု၊ ပြောချင်တာကို တိုက်ရိုက်ပြောလိုက်ပါ။”

“မင်းက မုယောင်နဲ့ မထိုက်တန်ဘူး။” မုယွင်ဇီရဲ့စကားတွေက လုံးဝ ယဉ်ကျေးမှုမရှိဘူး။

“ငါတို့မုမိသားစုက ဘယ်လို မိသားစုလဲဆိုတာ သေချာကြည့်လိုက်ပါ။ ခန်မိသားစုနဲ့ ဖေးမိသားစုကိုလည်း ကြည့်လိုက်။ ဆင်းရဲသားတစ်ယောက်အနေနဲ့ မုယောင်နဲ့အကြာကြီး အတူရှိနေနိုင်မယ်လို့ မင်း ထင်လား?”

“ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ?” မုယောင်က ဒေါသတကြီး လည်ပင်းကို ဆန့်ထုတ်ပြီး မုယွင်ဇီကို စိုက်ကြည့်လိုက်တယ်။ မျက်လုံးတွေထဲမှာလည်း မီးတွေ တောက်နေတယ်။

“မုယောင်၊ ငါ မင်းကို မကြိုက်ရင်တောင် မင်းနဲ့ပိုင်ရန် အတူတူရှိနေမှာကို ခွင့်မပြုဘူး။”

‘ဖာခ့်’ မုယောင်က စိတ်ထဲမှာ ကျိန်ဆဲလိုက်တယ်။ ‘သူသာ ငါ့ကို မကြိုက်ရင် ငါ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ဂရုစိုက်မှာ မဟုတ်ဘူး။ ငါ ဘယ်သူနဲ့ အတူတူရှိနေလဲဆိုတာကို ဘာလို့ဂရုစိုက်နေသေးလဲ’

မုယောင်က ထိုသူရဲ့အယောင်ဆောင်ပုံစံကို ကြည့်ပြီး သူ့ကို ကိုက်သတ်ပစ်ချင်လာတယ်။

ကမ္ဘာပေါ်မှာ သူပြောတဲ့ အကြောင်းပြချက်တွေကပဲ မှန်တယ်တဲ့လား။ သူ ပိုင်ရန်ကို ကြိုက်တော့ ပိုင်ရန်က ခံနိုင်ရည်ရှိတဲ့ ပန်းလေးတစ်ပွင့် ဖြစ်သွားတယ်။ သူ မကြိုက်တော့ ပိုင်ရန်က မထိုက်တန်တဲ့ ဆင်းရဲသားကောင်လေး ဖြစ်သွားရော။

ပိုင်ရန်က လက်ကို ဆန့်ပြီး မုယောင်ရဲ့ လက်ကို ဆုပ်ကိုင်ကာ နှစ်သိမ့်ဖို့ ပွတ်ပေးလိုက်တယ်။ မုယောင်ရဲ့အာရုံက ပိုင်ရန်ဆီကို ပြန်ရောက်သွားတယ်။

“မစ္စတာမု၊ ကျွန်တော်က ထိုက်တန်သည်ဖြစ်စေ မထိုက်တန်သည်ဖြစ်စေ အားလုံးက ယောင်ယောင်ကပဲ ဆုံးဖြတ်ရမှာပါ။ ခင်ဗျားက သူ့အဖေ မဟုတ်ဘူးဆိုတော့ ဆုံးဖြတ်ပိုင်ခွင့်လည်း မရှိဘူးလို့ ထင်တယ်။” ပိုင်ရန်က အေးဆေးစွာ ပြောလိုက်တယ်။

“ပြီးတော့ သူ့ရဲ့အစ်ကိုအနေနဲ့ ခင်ဗျားမှာ ဘာစိတ်ကူးတွေ ရှိတယ်ဆိုတာကို ခင်ဗျားအဖေရဲ့ သင်္ချိုင်းအုတ်ဂူမှာ သွားပြောရဲလား?” ပိုင်ရန်ရဲ့ အသံက သာမန်ဆိုပေမယ့် လှောင်ပြောင်ကဲ့ရဲ့ရှုတ်ချတဲ့ အဓိပ္ပာယ်တွေ အများကြီး ပါနေတယ်။ ကိုယ့်ညီလေးကို ကြိုက်တဲ့ လူတစ်ယောက်က သူ့ကို ထိုက်တန်တယ် မထိုက်တန်ဘူး ပြောဖို့ ဘယ်လိုတောင် ရဲရဲတင်းတင်း ရှိနေတာလဲ။

မုယွင်ဇီရဲ့အကြည့်တွေက အေးစက်သွားပေမယ့် ဘာမှ ထပ်မပြောတော့ဘူး။

စာရေးသူ၏မှတ်ချက်။ ယောက်ျားတွေ ပြိုင်ဆိုင်ကြရင် ငါ အရမ်းကြိုက်တာပဲ!

Chapter 69 end

Chapter 70

 

“မစ္စတာပိုင်၊ ဒါက မယဉ်ကျေးဘူးဆိုပေမယ့် ကျွန်တော် ပြောရဦးမယ်၊ မုသခင်လေးကို ကြိုက်တဲ့သူတွေ အများကြီး ရှိတယ်။”

ခန်ချင်းဟန်ရဲ့မျက်နှာကလည်း သိပ်မကောင်းပေမယ့် မုယွင်ဇီလောက် မောက်မာတာတော့ မရှိဘူး။ ဒါကလည်း သူ့ရဲ့ မိသားစု နောက်ခံအခြေအနေနဲ့ ဆက်စပ်နေတယ်။

မုယွင်ဇီက မုမိသားစုရဲ့တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်လို့ ဘယ်သူ့ကိုမှ ဘာကိုမှ ဦးညွှတ်နေစရာ မလိုဘူး။
ခန်ချင်းဟန်က မိသားစုဝင်အများကြီးကြားမှာ ရုန်းကန်ပြီး နောက်ဆုံးမှာ သူ့ရဲ့ ဦးလေးတွေကို ကျော်ကာ သူ့ရဲ့အဖိုးဆီကနေ အာဏာကို ရယူခဲ့တယ်။

သူက ကိစ္စတွေကို ဘယ်လိုကိုင်တွယ်ရမလဲ၊ဘယ်လို လှည့်ပတ်ပြောဆိုရမလဲ၊ ဘယ်လိုအစီအစဉ်ဆွဲရမလဲ၊ သူလိုချင်တဲ့ အရာတွေကို တဖြည်းဖြည်းချင်း ဘယ်လိုရယူရမလဲဆိုတာ သိတယ်။

“ကျွန်တော်နဲ့ဖေးသခင်လေးအကြောင်းကို ခဏထားလိုက်ပါ၊ လော့မိသားစုက အရူးက ရက်အနည်းငယ်လောက်ပဲ အကျဉ်းချခံရမှာ။” ခန်ချင်းဟန်က အသံကို နူးညံ့အောင် ထားပြီး ပြောလိုက်တယ်။

“မင်းက မင်းတစ်ယောက်တည်းနဲ့ ယောင်ယောင်ကို တစ်သက်လုံး ကာကွယ်ပေးနိုင်မယ်လို့  ထင်နေတာလား?”

“ကျွန်တော်က လက်တွေ့ကျကျ ပြောနေတာပါ။ မင်းက မင်းကိုယ်ပိုင်အင်အားနဲ့ Aမြို့မှာ နာမည်တစ်လုံး ရအောင် လုပ်နိုင်မှာပါ။ ဒါပေမယ့် မင်း အောင်မြင်ဖို့ ဘယ်လောက်ကြာမှာလဲ၊ ဘယ်လောက်အထိ နာမည်ရအောင် လုပ်နိုင်မှာလဲ?”

ဧည့်ခန်းက တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး ပိုင်ရန်ရဲ့ မျက်နှာက မကောင်းတော့ဘူး။ ခန်ချင်းဟန်က အရမ်းကို လက်တွေ့ကျကျ ပြောနေတယ်။

မုယောင်ရဲ့မိသားစုနောက်ခံအခြေအနေနဲ့ ရုပ်ရည်နဲ့ဆိုရင် သူ သာမန်ဘဝကို ပိုင်ဆိုင်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် သူက ချစ်သူအနေနဲ့ မုယောင်ကို မကာကွယ်နိုင်ရင် နောက်ဆုံးမှာ သူ့ကို ထိခိုက်စေလိမ့်မယ်။

“ဘယ်ခေတ်ကြီးထဲ ရောက်နေကြတာတုန်း။ ကျွန်တော့်ကို ကာကွယ်ပေးမယ့်သူ မရှိရင် အသက်မရှင်နိုင်တော့ဘူးလို့များ ထင်နေကြတာလား?” မုယောင်ရဲ့အသံက အနည်းငယ် အက်ကွဲနေပြီး အားနည်းစွာနဲ့ ပြောလိုက်တယ်။

လူအချို့က လှပတဲ့ သူ့ရဲ့ရုပ်ရည်ကိုပဲ စိုက်ကြည့်နေတယ်။ သာမန်မိသားစုမှာသာ မွေးဖွားလာရင် မုယောင်လို လှပတဲ့ အမျိုးသားတစ်ယောက်ကို ချမ်းသာတဲ့သူတွေက အစောကြီးကတည်းက လုယူပြီး အကျဉ်းချထားကြမှာပဲ။

လှပခြင်းက အမှားတစ်ခု မဟုတ်ပေမယ့် ရှိသမျှလူတိုင်းက ကာကွယ်ပေးဖို့ ဆန္ဒရှိကြတာ မဟုတ်ဘူး။ တချို့လူတွေက ရယူရုံတင် မကဘဲ ဖျက်ဆီးပြီး နင်းခြေကြလိမ့်မယ်။

ပိုင်ရန်က အချိန်အကြာကြီး တိတ်ဆိတ်သွားပြီး သူ့ရဲ့အသံထဲမှာ ပင်ပန်းနွမ်းနယ်မှုတွေ ပါနေတယ်။

 

“ခင်ဗျားတို့က ဘယ်လိုလုပ်ချင်လို့လဲ?” သူက မေးလိုက်တယ်။

လူသုံးယောက်က အကြည့်ချင်း ဖလှယ်လိုက်ပြီး ဘယ်သူကမှ လက်လျှော့ဖို့ ဆန္ဒမရှိကြဘူး။

“ဒီအတိုင်းပဲ ထိန်းထားတာက ပိုကောင်းမယ်ထင်တယ်။ ကြောင်ပေါက်လေးက ငါတို့ထဲက ဘယ်သူ့ကိုမှ ရွေးစရာ မလိုဘူးလေ။” ဘာမှမပြောဘဲနေနေတဲ့ ဖေးယန်ရှင်းက စကားစလိုက်တယ်။

 

“မင်း ဘာပြောလိုက်တာလဲ?” မုယောင်က ရုတ်တရက် ခေါင်းထောင်လိုက်ပြီး အချိန်နဲ့နေရာတွေ ရောထွေးသွားသလို ခံစားလိုက်ရတယ်။

“ကြောင်ပေါက်လေး၊ မင်းက ပိုင်ရန်နဲ့ မခွဲချင်ဘူးဆိုတာ ငါတို့သိတယ်။ ဒါပေမယ့် ငါတို့လည်း မင်းကို မဆုံးရှုံးချင်ဘူး။ ဒါက အကောင်းဆုံးနည်းလမ်းပဲလို့ ငါ ထင်တယ်။’ ဖေးယန်ရှင်းက အသံကို တိုးတိုးလေး ထားပြီး ပြောလိုက်တယ်။ ပိုင်ရန်က ချက်ချင်း လက်ခံနိုင်မှာ မဟုတ်ဘူးဆိုတာ သူ သိတယ်။

“ဒီလိုဆို ငါတို့အားလုံးက မင်းရဲ့ ချစ်သူတွေ ဖြစ်သွားမယ်။ ငါတို့အားလုံးက မင်းကို ကာကွယ်ပေးနိုင်သလို တန်ဖိုးလည်း ထားပေးနိုင်တယ်။”

“ဒါပေမယ့် လူတစ်ယောက်မှာ ချစ်သူတွေ အများကြီး ဘယ်လို လုပ်ရှိနိုင်မှာလဲ…” မုယောင်က ရှက်ရွံ့သွားပြီး မျက်လုံးထောင့်က ဖြည်းဖြည်းချင်း နီရဲလာတယ်။

“ဒီအကြံက ကောင်းတယ်လို့ ငါ ထင်တယ်။” ခန်ချင်းဟန်က ဖေးယန်ရှင်းကို တစ်ချက်ကြည့်လိုက်တယ်။ ဖေးမိသားစုရဲ့ သခင်လေးက စိတ်ကူးကောင်းတွေ ရှိတာပဲ။

“…ငါလည်း သဘောတူတယ်။” မကျေနပ်ပေမယ့် မုယွင်ဇီက နားလည်တယ်။ ဒီလူတွေထဲမှာ မုယောင်က သူ့ကို အမုန်းဆုံးပဲ။ သူက အာဏာကို သုံးပြီး ဒီလူတွေကို ဖိနှိပ်နိုင်ပေမယ့် မုယောင်က သူ့ကို တစ်သက်လုံး မုန်းနေမှာမျိုးတော့ မလိုချင်ဘူး။

“မင်းတို့တွေ စိတ်ရောဂါများ ရှိနေကြတာလား…” မုယောင်က တစ်ကိုယ်လုံး မသက်မသာဖြစ်ပြီး တိုးတိုးလေး ရေရွတ်လိုက်တယ်။

အရင်က သူက သူ့ကိုယ်သူ လူယုတ်မာတစ်ယောက်လို ဖြစ်နေတယ်လို့ မပြောခဲ့ဘူးလား။ သူတို့ အခု ဒီလိုလုပ်တော့မှ မုယောင်မှာ သူ့ကိုယ်သူ ရွှေရောင်ဝတ်ရုံနဲ့ဧကရာဇ်တစ်ပါး ဖြစ်သွားသလို ခံစားလိုက်ရတယ်။

 

“ငါ အဆင်ပြေတယ်လို့ ထင်တယ်။ ယောင်ယောင် မင်းရော သဘောတူလား?” ပိုင်ရန်က အချိန်အကြာကြီး တိတ်ဆိတ်သွားပြီး နောက်ဆုံးမှာ သဘောတူလိုက်တယ်။

မုယောင်က မျက်လုံးပြူးပြီး ပိုင်ရန်ကို ကြည့်လိုက်တယ်။ သူတို့အားလုံးက ယောက်ျားတွေ ဖြစ်တာကြောင့် ပိုင်ရန့်စိတ်ထဲမှာ မလုပ်ချင်ဘူးဆိုတာ သူ သိတယ်။ ဒါပေမယ့် မုယောင်အတွက် ဒီလိုလုပ်ဖို့ ဆန္ဒရှိနေတယ်။

“ပိုင်ရန်၊ မင်းကိုယ်မင်း အမြဲတမ်း စိတ်မကောင်းဖြစ်နေမှာကို ငါ မလိုချင်ဘူး။” မုယောင်က ပိုင်ရန်ရဲ့လက်ကို ဆုပ်ကိုင်ပြီး အသံတိုးတိုးလေးနဲ့ ပြောလိုက်တယ်။

“ငါ စိတ်မကောင်းမဖြစ်ပါဘူး ယောင်ယောင်။ မင်းက ချစ်ခြင်းမေတ္တာကို တောင့်တနေတာ ငါ သိတယ်။ အခု ငါနဲ့ တူတူ မင်းကို ချစ်မယ့်သူတွေ ပိုများလာပြီ။” ပိုင်ရန်က မုယောင်ရဲ့ ပါးပြင်ကို နမ်းလိုက်တယ်။

သူက တခြားသူတွေနဲ့အတူ မုယောင်ကို ချစ်ဖို့ ဆန္ဒရှိပေမယ့်သူက ယောင်ယောင်ရဲ့ နှလုံးသားထဲမှာ ထူးခြားတဲ့ တည်ရှိမှုတစ်ခုဖြစ်ကြောင်း တခြားသူတွေကို သိအောင် လုပ်ရမယ်။

စာရေးသူ၏မှတ်ချက်။ မကြာခင်မှာ အားလုံး အတူတူ နေကြတော့မှာပါ။

ပိုင်ရန်:  ငါက သဘောတူပေမယ့် မင်းတို့ သိထားရမှာက ဘယ်သူက တရားဝင်ဇနီးလဲဆိုတာပဲ။

Chapter 70 end

ရက်စက်သောညီငယ်လေး

ရက်စက်သောညီငယ်လေး

Status: Completed Type: Author:

Warning!!!!

Harem ပါ။ gong အကုန်နဲ့ညားပါတယ်။ incest / r@pe tag ပါပါတယ်။ သွေးတစ်ဝက်နှောအစ်ကိုက gongတွေထဲမှာ ပါပါတယ်။

 

Description

 

မုယွင်ဇီသည် ဇာတ်လိုက်၏မောင်းမ​ဆောင်တွင်ရှိသော gong တစ်ယောက်ဖြစ်၏။ မုယောင်သည် သူ၏ သွေးတစ်ဝက်တော်စပ်မှုရှိသော ညီလေးဖြစ်ကာ ရက်စက်သော အမြှောက်စာဇာတ်ကောင်ပင်။ သူသည် ထိုဇာတ်လိုက်က သူ့အစ်ကိုရဲ့အချစ်ကို အမြဲတမ်း ရနေနိုင်ခြင်းကို မနာလိုဖြစ်ခဲ့သည်။သို့ပေမယ့် သူ့အစ်ကိုကတော့ သူ့(မုယောင်)ကို လျစ်လျူရှူခဲ့လေ၏။

 

ဒါကြောင့် မုယောင်ဟာ ဇာတ်လိုက်shouကို gang-rape လုပ်ခိုင်းဖို့ တစ်စုံတစ်ယောက်ကို ရှာတွေ့သွားခဲ့သည်။ သို့ပေမယ့် ဇာတ်လိုက်shouကို သူ့ရဲ့gongက ကယ်တင်သွားမှာကို မလိုလားခဲ့ပေ။ နောက်ဆုံးမှာ grang-rape ခံခဲ့ရတဲ့သူက မုယောင်ဖြစ်လာတော့သည်။

 

(T/N- gang-rape... လူတွေအများကြီးဖြင့် မုဒိန်းကျင့်ခြင်း)

 

စိတ်အားငယ်စွာဖြင့် သူသည် သူ့၏ဘဝကို ရေထဲ ခုန်ချ၍ အဆုံးစီရင်ခဲ့၏။

 

သူ ပြန်လည်မွေးဖွားလာတဲ့အခါမှာတော့ ဇာတ်လိုက်shouနဲ့ သူ့ရဲ့gongတွေဆီကနေ အဝေးမှာနေဖို့ ပြင်ဆင်ခဲ့သည်။ဒါပေမယ့် နောက်ပိုင်းမှာ သူတို့တစ်ယောက်ချင်းစီတွင် တစ်ခုခုမှားယွင်းနေတယ်ဆိုတာ သူရှာတွေ့သွားခဲ့၏။

 

ဇာတ်လိုက်shouက မု​ယောင်နဲ့သူငယ်ချင်းလုပ်ဖို့ အမြဲတမ်းအတင်းတောင်းဆိုနေပေမယ့် မုယောင်ရဲ့နှုတ်ခမ်းတွေကိုတော့ တိတ်တခိုး စွဲစွဲလမ်းလမ်း နမ်းလေ့ရှိသည်။

 

မုယောင်အ​မြဲတမ်း တောင်းဆိုနေရတဲ့ အစ်ကိုဖြစ်သူကလည်း မုယောင်ကို စတင်ထိန်းချုပ်လာပြီး သူ့ကို အခြားယောင်္ကျားတွေနဲ့ အဆက်အသွယ်လုပ်ခွင့်မပေးပေ။

 

နောက်ပြီးတော့ မုယောင်ကို gang-rape ခံရစေပြီး gang-rape ခံရခြင်း၏ အရသာကို ထိတွေ့စေရန် ရည်ရွယ်ခဲ့တဲ့ လူကတော့ မုယောင်ရှေ့တွင် မျက်နှာပေါ်ရှိ ညိုးငယ်ထိုင်းမှိုင်းနေသော အကြည့်ဖြင့် ရပ်နေခဲ့သည်။ထိုသူက မုယောင်ကို နတ်ဘုရားတစ်ပါးကို ယုံကြည်ကိုးကွယ်သူတွေ ကြည့်သလိုမျိုး ကြည့်ကာ

"ကိုယ့်ကို ချစ်ပေးပါ" လို့ပြောလာ၏။

 

^^^^^^^^^^

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset