⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 42

Little Creampie:
Chapter 42

ဒါပေါ့ ကျင်းလော့က ပြင်းပြင်းထန်ထန် ငြင်းလိုက်တာပေါ့။

အခြေအနေအားလုံး ငြိမ်သက်သွားတဲ့နောက်၊ ကျင်းလော့က သူ့အခြေအနေကို ပြန်ညှိယူပြီး ရှောင်းဝမ်လင်ပေးလိုက်တဲ့ လိမ်းဆေးတစ်ဗူးကို လက်ထဲကိုင်ကာ ရပ်နေသည်။

ကျင်းလော့က ရှောင်းဝမ်လင်၏ လိမ်းဆေးကို အတော်ကြာ ငေးကြည့်နေပြီး၊ နောက်ဆုံးမှာတော့ ယူလိုက်သည်။

သူသည် တိုက်ခန်းကနေ ဖြည်းဖြည်းချင်း ထွက်သွားပြီး၊ ရှောင်းဝမ်လင်ရဲ့ ဘာမှန်းမသိနိုင်တဲ့ မျက်လုံးတွေအောက်မှာ နောက်ပြန်လှည့်ကာ ထပ်မေးလိုက်၏— “ငါတို့… သူငယ်ချင်းတွေလား?”

ရှောင်းဝမ်လင်က ညှစ်ချောင်းချောင်းနဲ့ ဖြေဖို့ကြိုးစားသလိုဖြစ်နေပြီး၊ အတော်ကြာမှ ပြောလိုက်သည်က “သူငယ်ချင်း?”

ရှောင်းဝမ်လင်က ခဏကြာ ရေခဲသွားသလိုရပ်နေပြီး၊ နောက်ဆုံးမှာ ပြုံးလိုက်သည်— “ငါဒါတွေအားလုံးကို လုပ်နေတာ သူငယ်ချင်းဖြစ်ချင်လို့လို့ ထင်လား”

ကျင်းလော့ပြောချင်သည်၊ သူတို့က သူငယ်ချင်းတွေတောင် မဟုတ်ဘူးလား။ ဒါပေမယ့် ရှောင်းဝမ်လင်ရဲ့ မျက်နှာအမူအရာကို ကြည့်လိုက်တဲ့အခါ၊ သူနားမလည်နိုင်တဲ့ တစ်ခုခု ရှိနေတယ်လို့ ခံစားလိုက်ရသည်။

ကျင်းလော့က နှုတ်ခမ်းစူပြီး အနည်းငယ် ရှောင်ဖယ်သလို ခံစားလိုက်ရသည်။

သူက နောက်ထပ်မေးခွန်းတွေ ဆက်မမေးတော့ဘဲ၊ သူ့တိုက်ခန်းကို ပြန်ဝင်ပြီး ပစ္စည်းတွေ ထုပ်လိုက်တယ်။ ကျင်းလော့၏ လေယာဉ်လက်မှတ်က ကြိုတင်ဝယ်ပြီးသားဖြစ်နေပြီပင်။

ပစ္စည်းတွေသယ်ရင်း ကျောနည်းနည်းနာလာခဲ့သည်။ ရှောင်းဝမ်လင် မလိုက်လာတာ ကံကောင်းတာပေါ့ဟု ကျင်းလော့ တွေးလိုက်မိသည်။

ရှောင်းဝမ်လင်ဆီက ခွဲထွက်ပြီးနောက် ကျင်းလော့ဟာ အိမ်ပြန်ရထားပေါ်တက်လိုက်သည်။ ရထားပြတင်းပေါက်ကနေ အပြင်က ရှုခင်းတွေကို ကြည့်ရင်း ရုတ်တရက် လက်တွေ့ဘဝဆီ ပြန်ရောက်သွားသလို ခံစားမိ၏။

ငါ့ကိုယ်ပိုင် လက်တွေ့ဘဝဆီ ပြန်ရောက်သွားပြီ။

*

ကျင်းလော့ အရင်ဆုံး အိမ်ကိုပြန်သွားလိုက်သည်။

သူ့အစ်ကိုကြီး ကျင်းဟောင်ဖေး၏သတင်းကို သူကြားပြီးသားပါ။ ဒါပေမယ့် သူ့ဖုန်းမှာ မကြာခဏမြည်နေသည့် ဖုန်းခေါ်သံတွေကို သူသတိထားမိ၏။  ဖုန်းကို ကောက်ကိုင်လိုက်တော့ အခြားဘက်ကနေ ကျယ်လောင်တဲ့အသံတစ်ခု ကြားလိုက်ရသည်- “မင်းနေတဲ့နေရာက ပြန်လာဖို့ ဘယ်လောက်ကြာဦးမှာလဲ?”

ကျင်းလော့က “ကြည့်ရအောင်” ဟုပြန်ဖြေလိုက်၏။

ချက်ချင်းပဲ အခြားဘက်ကနေ ရွံစရာကောင်းတဲ့စကားတွေ ထွက်ပေါ်လာသည်။ ကျင်းလော့ကတော့ ဒါတွေကို အကျင့်ရနေပြီပင်။

တကယ်တော့… သူ့ ‘မိသားစု’ဆိုတာကို ဘယ်လိုခံစားရမှန်း ကျင်းလော့ကိုယ်တိုင်တောင် မသိပေ။

ငယ်စဉ်ကတည်းက အခြားကလေးတွေရဲ့ မိသားစုတွေ ဘယ်လိုပျော်ရွှင်စွာ အတူနေထိုင်ကြတယ်ဆိုတာ ကျင်းလော့ မမြင်ဖူးခဲ့ရင်၊ ဒါကို ပုံမှန်လို့ထင်မိမှာပင်။

အားနည်းသူတွေကို ခွဲခြားအသုံးချခြင်း၊ အနိုင်ကျင့်ခြင်းဆိုတာ… ချစ်ခြင်းမေတ္တာကို ဖော်ပြနည်းတစ်မျိုးလား?

ဒါပေမယ့် ကျင်းလော့သိပါတယ် – ဒါက ပုံမှန်မဟုတ်ဘူး။ သူ့ကိုယ်သူတောင် လှည့်ဖြားလို့မရဘူး။

ကျင်းလော့ဟာ သူ့အစ်ကိုကြီးရဲ့ အသံကိုတောင် ဖွင့်မနားထောင်တော့ပေ။

သူ့အိမ်ကိုပြန်ရောက်လာခဲ့သည်။ ကိုယ်တိုင်တည်ဆောက်ထားတဲ့ သုံးထပ်အိမ်လေးပင်။ ဒါဟာ သူ့ အိုမီဂါအမေဆီက ဆင်းသက်လာတဲ့ အမွေအနှစ်ဖြစ်ပြီး ပြန်လည်ရောင်းချခွင့်မရှိချေ။

ကျင်းလော့က တံခါးကို ငေးကြည့်ရင်း၊ ခရီးဆောင်အိတ်ကို တင်းတင်းဆွဲကိုင်ထားပြီး လက်ချောင်းတွေကို ဖျစ်ညှစ်ကာ နောက်ဆုံးမှာ တံခါးကို တွန်းဖွင့်လိုက်သည်။

အခန်းတွေထဲက အလှဆင်မှုတွေက ရိုးရှင်းပြီး ကျေးလက်ဆန်၏။ ဧည့်ခန်းထဲမှာတော့ ကြမ်းတမ်းတဲ့ အသံတွေကြားနေရပြီပင်။

ဒုတိယမြောက် အစ်မဖြစ်သူ ကျင်းယွမ်၏ အသံက စူးရှနေ၏ “ကျင်းဟောင်ဖေး ခြေထောက်ကျိုးသွားတယ်ဆို?”

“ချီး ဘယ်သူ့လက်ချက်လဲ? ဆေးရုံတင်ပြီးပြီလား? လျော်ကြေးရလား? ဟင့်အင်း… မရဘူးလား? ဒါဖြင့် မတော်တဆထိခိုက်မှုလား၊ ဒါမှမဟုတ် ကျင်းဟောင်ဖေးက တာဝန်အပြည့်ရှိလား? ချီး… ဒါဘယ်လောက်ကုန်ကျမှာလဲ?”

“နင်တို့ ငါ့ကိုပဲ ထပ်ပြီး ပေးခိုင်းအုန်းမှာလား?!”

ကျင်းလော့က ခရီးဆောင်အိတ်ကို ဧည့်ခန်းထဲဆွဲသွင်းလိုက်သည်။

အယ်လ်ဖာ ကျင်းယွမ်က အရပ် ၁.၇၈ မီတာရှိပြီး အနည်းငယ်လှိုင်းထနေသည့် အနက်ရောင်ဆံပင်နှင့် ကြမ်းတမ်းသည့် မျက်နှာသွင်ပြင်ရှိသူပင်။ ဧည့်ခန်းက ရှေးကျတဲ့ ဆိုဖာပေါ်မှာ လူနှစ်ယောက် ထိုင်နေသည်။

ဒုတိယမြောက် အစ်မဖြစ်သူ ကျင်းယွမ်က နံဘေးမှာ ရပ်နေ၏။

ကျင်းလော့ မမြင်ဖူးတဲ့ လူငယ်တစ်ယောက်က ရိုးရိုး T-shirt ဝတ်ထားပြီး ခြေထောက်ချိတ်ထိုင်နေသည်။

အထက်တန်းကျောင်းသားဖြစ်ဟန်ထင်ရပြီး ခေါင်းငုံ့ကာ ဖုန်းနဲ့ကစားနေ၏။ ကျင်းယွမ်ရဲ့ အော်ဟစ်သံတွေကို လုံးဝဂရုမစိုက်သလို အေးစက်နေ၏။

ဆိုဖာရဲ့အခြားဘက်မှာတော့ ကျင်းလော့ရဲ့ တတိယမြောက် အမည်ခံအစ်ကိုဖြစ်သူ ကျင်းယွီက စားပွဲပေါ်ခြေတင်ပြီး ရပ်နေသည်။ ကျင်းယွမ်ထက် အရပ်ပုပြီး ပျော်ရွှင်သည့်အပြုံးနှင့် လည်ချောင်းသံဖျတ်ဖျတ်ဖြင့် ထူးဆန်းတဲ့ရယ်သံထုတ်လွှတ်လာသည်

“ဟားဟား!”

“ခြေကျိုးတာက ငါနဲ့မဆိုင်ပါဘူးလေ”

ခရီးဆောင်အိတ်မှ အသံတိုးလေးထွက်လာသည်နှင့် တတိယအစ်ကိုဖြစ်သူ ကျင်းယွီ၏ အာရုံကိုဆွဲဆောင်လိုက်သည်။ ကျင်းယွီက လှည့်ကြည့်ပြီး ကျင်းလော့ကိုတွေ့တော့ လည်ချောင်းသံနှင့် အော်လိုက်သည်၊ “ကြည့်စမ်းပါဦး… ဘယ်သူလာပါလိမ့်?”

“ဒါ ငါတို့ရဲ့ ဒုက္ခပေးတတ်တဲ့ ညီငယ်လေး မဟုတ်ဘူးလား?”

ကျင်းယွီက လက်ကောက်ဝတ်ရိုးတွေကို ဆုပ်ညှစ်ရင်း ပြုံးပြလိုက်သည် “ညီလေးရေ… မင်းသေမလိုဖြစ်နေတဲ့ အဖေ့အတွက် ငွေတွေ ပြန်ဆပ်ပြီးပြီလား?”

ကျင်းယွီရဲ့ ငယ်ရွယ်နုပျိုတဲ့ မျက်နှာပေါ်မှာ ရက်စက်တဲ့အပြုံးတစ်ခု ပေါ်နေသည်။

သူပြုံးနေပေမယ့် ရွံရှာစက်ဆုပ်မှုက တကယ်ပင် “ကြည့်ရအောင်… အို? မင်းက ခရီးဆောင်အိတ်ဆွဲပြီးလာတယ်? ဘာသဘောလဲ?”

ကျင်းယွီက ထူးဆန်းတဲ့အသံတစ်ချက်လွှတ်ပြီး ဆိုဖာပေါ်က အခြားလူနှစ်ယောက်ဆီ သဘောတူညီမှုရဖို့ကြည့်သလို မယုံနိုင်စရာမျက်နှာထားနဲ့ လှည့်ကြည့်လိုက်၏၊ “အော်.? မင်းဒီမှာ ဆက်မနေချင်တော့ဘူးလား?”

ကျင်းလော့က အေးစက်စွာပြန်ကြည့်လိုက်ပြီး ခရီးဆောင်အိတ်ကိုကိုင်ထားရင်း ဂရုမစိုက်သလိုပြောလိုက်သည် “ငါဒီမှာမနေရတော့ဘူးလို့ ဆိုလိုတာလား?”

“မဟုတ်ရင် ဘာများလဲ?”

ကျင်းလော့က အေးစက်စွာပြန်ပြောလိုက်သည် “ဒါဆို မင်းတို့ကရော ဘာလို့ဒီမှာနေကြတာလဲ?”

ကျင်းယွမ်က စိတ်ဆိုးသွားဟန်နှင့် ဖုန်းကိုပိတ်လိုက်ပြီး “အသံတွေမကျယ်နဲ့တော့!”

သူမက ကျင်းလော့ကိုကြည့်ပြီး ပြောလိုက်သည်၊ “နင်လည်း အရွယ်ရောက်နေပြီနော်! တိတ်တိတ်လေးနေစမ်းပါ!”

ကျင်းလော့က ကျင်းယွမ်ကိုကြည့်ပြီး နှုတ်ခမ်းထောင့်အနည်းငယ်ကွေးကာ မျက်နှာလွှဲလိုက်သည်။

ဆိုဖာပေါ်က ငယ်ရွယ်ချောမောသည့် အထက်တန်းကျောင်းသားကလည်း မျက်လုံးပင့်ပြီး ကျင်းလော့ကိုကြည့်လိုက်၏။ ကျင်းလော့ရဲ့ မျက်နှာအမူအရာကိုမြင်တဲ့အခါ သူ့မျက်လုံးထဲမှာ အံ့အားသင့်မှုတစ်စ ဖြတ်သွားသည်။

အရမ်းလှတဲ့မျက်နှာပဲ…

သူ့မှာ ဖြူဖွေးတဲ့ အသားအရေ၊ စံပြ ချောမွေ့တဲ့ မက်မွန်ပွင့် မျက်လုံးတွေနဲ့… အနက်ရောင် မျက်ဝန်းတွေထဲမှာ အေးစက်ပြီး လူသတ်ဝါဒီစိတ်ဓာတ်တွေ ပြည့်နေသည်။

အရောင်အသွေး စုံလင်လှပသည့် မျက်နှာအမူအရာ!

ထိုအချိန်မှာပဲ အထက်တန်းကျောင်းသားလေးရဲ့ မျက်လုံးတွေ ကျယ်လာပြီး သူက မတ်မတ်ထိုင်လိုက်ကာ ဖုန်းကို ချလိုက်၏။

ဒီအခိုက်အတန့်မှာပဲ လှေကားထစ်ကနေ နူးညံ့တဲ့ အသံတစ်ခု ကြားလိုက်ရသည်။ “အော် အစ်မကြီး ကျင်းယွမ်၊ ဒီအခန်းထဲက ပစ္စည်းတွေကို ဘယ်နားထားရမလဲ? ရှုပ်နေလို့”

မိတ်ကပ် တပုံတပင်လိမ်းထားသည့် အိုမီဂါကောင်လေးတစ်ယောက်က လှေကားထစ်မှာ ရပ်နေပြီး ကျင်းလော့ရဲ့ ခေါင်းအုံးနဲ့ စောင်ကို လက်ထဲကိုင်ထားသည်။ ကျင်းလော့အားမြင်သည့်အခါ အိုမီဂါရဲ့ မျက်နှာမှာ အံ့အားသင့်မှုများနှင့် ပြည့်သွားပြီး၊ “ဟင်? ကျင်းလော့ကော ပြန်လာပြီလား?”

အိုမီဂါက ပြုံးပြလိုက်ပြီး ကျင်းလော့ရဲ့ မှောင်နေတဲ့ ကြည့်ရှုမှုအောက်မှာ သူ့လက်ထဲက ခေါင်းအုံးကို ဂရုမစိုက်သလို ကြမ်းပြင်ပေါ်ပစ်ချလိုက်ပြီး မကျေနပ်သလို ပြောလိုက်သည် “စိတ်မရှိပါနဲ့နော် ကျင်းလော့ကော၊ တို့က ကောပြန်လာမယ်ဆိုတာ မသိခဲ့ဘူးလေ”

အိုမီဂါက ကျင်းယွမ်ကိုကြည့်ပြီး ပြောလိုက်သည်၊ “ကျင်းဟောင်ဖေး ဒီညပြန်လာမှာမို့လား? ငါတော့လူနာတစ်ယောက်နဲ့ အတူတူအိပ်ဖို့မဖြစ်နိုင်ဘူးနော်”

ကျင်းယွမ်က ဒီလိုအသေးအဖွဲကိစ္စတွေကို လုံးဝဂရုမစိုက်ပေမယ့် ဘေးနားက အထက်တန်းကျောင်းသားလေးက ဒီအချိန်မှာ စကားစပြောလိုက်သည်၊ “ကျင်းလော့လား? နာမည်လေးကောင်းလိုက်တာ”

အထက်တန်းကျောင်းသားလေးက ကျင်းလော့ကိုကြည့်ပြီး ပြောလိုက်၏၊ “ငါ့အိမ်မှာနေမယ်ဆိုရင်ကော?”

တူညီတဲ့စကားလုံး၊ တူညီတဲ့အဓိပ္ပာယ်… မနက်ခင်းကပဲ ရှောင်းဝမ်လင်ဆီကနေ ကြားခဲ့ရတဲ့ စကားတွေဟာ ကျင်းလော့ရဲ့နှလုံးသားကို ရေခဲသွားသလို အေးစက်သွားစေသည်။

ညစ်ပတ်နေတဲ့ဧည့်ခန်း၊ ဘယ်သူမှမရှင်းတဲ့အမှိုက်တွေ၊ ရှေ့ကနေတိုးဝင်လာတဲ့ ရန်လိုမှုတွေက ကျင်းလော့ကို ရုတ်တရက် သတိထားမိသွားစေ၏။ ကျင်းလော့က ဘာမှမပြောတော့ဘဲ ခရီးဆောင်အိတ်ကိုဆွဲကာ လှည့်ထွက်သွားပြီး ခြေထောက်နဲ့ တံခါးကိုကန်ဖွင့်လိုက်သည်။ တံခါးက “‘ဒေါက်”ခနဲမြည်ပြီး ပြင်းပြင်းထန်ထန်ပိတ်မိသွားသည့်အခါ ကျင်းယွီကတုန်လှုပ်သွား၏။

ပြီးတော့မှ ထိုင်လိုက်ပြီး ကျယ်လောင်စွာဆဲလိုက်သည် “သေချင်နေပြီလား ခွေးလိုကောင်က!?”

ကျင်းလော့သည် တံခါးနားတွင် ရပ်လျက်၊ မျက်နှာကို စောင်းငဲ့ကြည့်ပြီး သူ၏ မက်မွန်ပွင့်သဖွယ်မျက်လုံးများသည် ရေခဲလို အေးစက်နေလျက် ကျင်းယွီဘက်သို့ လှည့်ကြည့်လိုက်ကာ “ငါက ခွေးလိုကောင်ဆိုရင် မင်းက ဘာလဲ?”

ကျင်းလော့၏ ကိုယ်ခန္ဓာသည် ချွန်ထက်သော လေးကွေးသဏ္ဍာန်ကဲ့သို့ တင်းမာနေပြီး မည်သည့်အချိန်မဆို ပေါက်ကွဲနိုင်သကဲ့သို့ ရှိနေသည်။ သူသည် တံခါးကို ကန်ဖွင့်ပြီး နောက်ပြန်မကြည့်ဘဲ ထွက်ခွာသွားခဲ့သည်။ ထွက်ခွာရင်း ကျင်းလော့သည် အေးစက်သောအသံဖြင့် ပြောလိုက်၏ “ဒီအိမ်မှာ ငါနေထိုင်ခွင့်မရှိသလို၊ ဒီအိမ်လည်း ငါ့ဟာမဟုတ်ဘူး။ ငါဘာလို့ မင်းတို့ရဲ့ ဆေးကုသစရိတ်တွေကို ပေးရမှာလဲ?”

ကျင်းလော့၏ ပုံရိပ်သည် ပျောက်ကွယ်သွားခဲ့သည်။

ကျင်းယွီ ဆွေ့ဆွေ့ခုန်လာသည်  “ရပ်စမ်း! ထွက်မသွားခင် ငွေချေခဲ့!”

သူရရှိသော တစ်ခုတည်းသော အဖြေမှာ ခရီးဆောင်အိတ်၏ လှိမ့်သွားသောအသံသာ ဖြစ်သည်။ ကျင်းယွီ လိုက်ဖမ်းရန် ခုန်တက်သော်လည်း ကျင်းယွမ်က ပခုံးအားဆွဲလိုက်ပြီး ပြောလိုက်သည်- “သူ ပြန်လာမှာပါ။ ငါတို့ကို ဘယ်လိုထားခဲ့နိုင်မှာလဲ?”

ကျင်းယွမ်က သူ့အစ်ကိုကြီး ကျင်းဟောင်ဖေးရဲ့ အိုမီဂါရည်းစားဖြစ်သူ နုနယ်သွယ်လျတဲ့ အိုမီဂါလေးကိုကြည့်ပြီး ပေါ့ပေါ့ပါးပါးမေးလိုက်သည်၊ “ဧည့်ခန်းအလွတ်မရှိဘူးလား?”

အိုမီဂါက မျက်တောင်ခတ်လိုက်ပြီး သနားစရာကောင်းတဲ့အသံနဲ့ပြောလိုက်သည် “ဒါပေမယ့် အခန်းအသစ်ကို သန့်ရှင်းရေးလုပ်ဖို့လိုသေးတယ်လေ။ ကျွန်တော်ကအိုမီဂါပါ၊ အရမ်းများတဲ့အလုပ်တွေမလုပ်နိုင်ဘူး…”

ကျင်းလော့ တံခါးပေါက်ကနေ ထွက်သွားပြီပင်။ သူပထမကတော့ အရင်ဆုံးလမ်းလျှောက်သွားသည်၊ နောက်တော့ ပြေးထွက်လာခဲ့၏။ ခရီးဆောင်အိတ်ကိုဆွဲရင်း မကြာခဏခလုတ်တိုက်နေပြီးနောက် ကျင်းလော့ဟာ မောဟိုက်နွမ်းလျက် ရပ်လိုက်သည်။

ခရီးဆောင်အိတ်ဘီးတွေရဲ့ အသံတွေ ဖြည်းဖြည်းနှေးကွေးလာသည်။ ကျင်းလော့မျက်နှာပေါ်က ကာကွယ်ရေးရေခဲမျှင်တွေ တဖြည်းဖြည်းချွတ်ယွင်းသွားပြီး… အရည်မပျော်နိုင်သည့်နာကျင်မှုများနှင့်အမာရွတ်တွေ ပေါ်လာခဲ့သည်။

သူဟာ အရမ်းဝေးဝေးပြေးခဲ့ပြီပင်။ ဒါပေမယ့် အခုတော့ သူဟာ ဘာလုပ်ရမှန်းမသိ ရှုပ်ထွေးနေ၏။

ဒါက ပထမဆုံးအကြိမ်မဟုတ်သလို၊ နောက်ဆုံးအကြိမ်လည်း မဖြစ်နိုင်ပေ။

ဒါပေမယ့် အချိန်အတော်ကြာ မပြန်ဖြစ်တဲ့အခါ ကျင်းလော့ဟာ ရုတ်တရက် ဒီအရာအကုန်လုံးက မခံမရပ်နိုင်အောင် ဖြစ်လာတယ်လို့ ခံစားမိသည်။

ဘာကိုမဆို ချို့တဲ့လေလေ၊ ပိုလိုချင်လေလေပဲထင်တယ်။ ကျင်းလော့က လုံခြုံတဲ့ မိသားစုတစ်ခု ရှိချင်တယ်… ဒါမှသာ သူဟာ… ဒီလောက် အထီးကျန်မှာမဟုတ်တော့‌မှာ။

ဒါပေမယ့် ဒီဆွေးမြေ့ပျက်စီးနေတဲ့၊ နာကျင်စရာမိသားစုကနေ ထွက်သွားရင်… သူတစ်ယောက်တည်း ဖြစ်သွားမှာ။

ဒါက သူ့အတွက် ဒီကမ္ဘာမှာ ချိတ်ဆွဲထားစရာ ဆိုင်းတိုင်ပျောက်သွားသလိုပဲ။

သူဘယ်မှာရှိမှန်း သူမသေချာဘူး။

သူ့အိမ်က ဘယ်မှာလဲ…

ကျင်းလော့က ခရီးဆောင်အိတ်ကို ဆွဲကိုင်ရင်း၊ အားယုတ်လျော့စွာနှင့် အရိပ်ထဲကို လှမ်းဝင်သွားပြီး နံရံကို ပခုံးနှင့် လေးလံစွာ မှီလိုက်သည်။

လက်နှစ်ဖက်နဲ့ မျက်နှာကို ဖုံးကာ၊ မျက်လုံးတွေက တိတ်ဆိတ်ပြီး… ကွဲအက်နေ၏။

အချိန်အကြာကြီး ကုန်လွန်သွားခဲ့သည်…။

ကျင်းလော့ဟာ သက်ပြင်းတစ်ချက်ရှိုက်ပြီး အနီးအနားက ဟိုတယ်တစ်ခုခုကို ဘွတ်ကင်လုပ်ဖို့ စဉ်းစားနေသည်။

ထိုအချိန်မှာပဲ ရှောင်ဝမ်လင်ရဲ့ WeChat မက်ဆေ့က ပေါ်လာခဲ့သည်
“စဉ်းစားပြီးပြီလား? ငါနဲ့အတူလာဆော့မလား?”

ကျင်းလော့က တစ်ယောက်တည်း ရပ်နေသည့် အရိပ်ထဲကနေ ရှောင်းဝမ်လင်၏စာကို ကြည့်နေသည်။ သူ့လက်ချောင်းတွေက ခဏတာ ရပ်တန့်သွားသလိုပင်။
အချိန်အတော်ကြာ စောင့်ပြီးနောက် ကျင်းလော့က “မလိုပါဘူး” ဟုသာ ပြန်လိုက်၏။

ဆိတ်ဆိတ်ငြိမ်နေတဲ့ အမှောင်ထုထဲမှာ ကျင်းလော့က နစ်မြုပ်နေသည်။

သူ့ခရီးဆောင်အိတ်ကို ဆွဲရင်း တဂျိတ်ဂျိတ်မြည်သံနဲ့ ဟိုတယ်ဆီ လှမ်းလျှောက်သွား၏။

ကျင်းလော့က နွေရာသီအတွက် လျှောက်ထားထားတဲ့ အချိန်ပိုင်းအလုပ်ကို ကြည့်နေ၏။ ရက်အနည်းငယ်ကြာပြီးကတည်းက စီစဉ်ပြီးသားပင်။
အလုပ်ရှင်ကလည်း ပြန်ဖြေထားသည် – မနက်ဖြန်ကစပြီး အလုပ်စဝင်နိုင်တယ်၊ နေစရာအဆောင်လည်းပါတယ်။

ကျင်းလော့က ခရီးဆောင်အိတ်ကို ဆွဲရင်း… ခန္ဓာက ပင်ပန်းနေပေမယ့် သူ့စိတ်က ပိုပင်ပန်းနေသည်။

ကွဲအက်သွားသလိုပင်။

Chapter 42 ended

AကနေOဖြစ်ပြီးနောက် ငါ့ပြိုင်ဘက်ရဲ့လရောင်ဖြူလေးဖြစ်လာတယ်

AကနေOဖြစ်ပြီးနောက် ငါ့ပြိုင်ဘက်ရဲ့လရောင်ဖြူလေးဖြစ်လာတယ်

Status: Completed Type:
Description ကျောင်းလူဆိုးအဖြစ် ကျော်ကြားသည့် ကျင်းလော့သည် ရက်စက်ကာ စကားနည်း၏။ နှစ်ပေါင်းများစွာ တစ်ကိုယ်တည်းဖြတ်သန်းလာခဲ့ပြီး မြင်သမျှလူတိုင်းအား ရိုက်နှက်တတ်သည်ကြောင့် ကျောင်းသားများကြားတွင် မကောင်းသည့်အမြင်ဖြင့် ကျော်ကြားသည်။ ကောလဟာလများတွင် ကျင်းလော့ နှင့် ရှောင်ဝမ်လင်တို့သည် အသေအကြေရန်သူများပင်။ ထိုကဲ့သို့ အားလုံးက ထင်မှတ်နေကြသည့်တိုင်...ကျောင်းအဝတ်လဲခန်း၏ တစ်နေရာတွင်မူ ဝံပုလွေခေါင်းဆောင် ရှောင်ဝမ်လင်၏ မျက်ဝန်းများမှာတောရိုင်းတိရစ္ဆာန်ကဲ့သို့ ရိုင်းပြနေလျက်ရှိကာ၊ မိမိဥစ္စာအား မည်သူမျှ ထိပါး၍မရအောင် စောင့်ကြပ်နေသည့်ဟန်နှင့် ကျင်းလော့အား စူးစိုက်ကြည့်နေခဲ့၏။ သူသည် အေးစက်ကာ ဘာမထီမျက်နှာဘေးနှင့်သူ၏ ပေါင်ကြားအတွင်း ခြေထောက်များဖြင့် ထိုးသွင်းလိုက်ကာ... ကျဉ်းမြောင်းသည့်နံရံနှင့် ထိုသူ့အား တင်းတင်းကျပ်ကျပ် ဖိကပ်လိုက်လျက် ပြုံးရယ်ကာ ဆိုလိုက်၏။ “အချစ်ကလေး... မင်းရဲ့ မျိုးပွားအင်္ဂါလေးကို ကိုယ်ကြည့်ချင်တယ်..." လှပသည့် ကျောင်းလူဆိုးလေးမှာ သူ့အဝတ်သူ သွားနှင့်ကိုက်လျက် မျက်ရည်ဝိုင်းနေသည့် မျက်လုံး‌လေးများနှင့် ကြည့်နေ၏။ ယခင်က အေးစက်ကာ မာကြောပုံရသည့် မျက်လုံးလေးများမှာ ယခုတွင်မူ မျက်ရည်များဝေ့ဝိုက်နေလျက်ပင်။ “မင်း,မင်း အကျင့်ပျက်ကောင်...” ရှောင်ဝမ်လင်က ပြုံးလိုက်ကာ သူ၏ပူလောင်နေသည့်လိင်တံဖြင့် ကူကယ်ရာမဲ့နေသည့် ကျောင်းလူဆိုးလေး၏ ခါးနှင့်ဝမ်းဗိုက်အား ထပ်ခါထပ်ခါဖိပွတ်နေ၏။ “ဟုတ်လား? စိတ်မရှိပါနဲ့ကွာ” သူသည် နားထောင်ရသူတိုင်း တုန်ရီသွားစေလောက်မည့် လေသံနှင့် အက်ကွဲကွဲပြောလာ၏။ “ဖင်ကိုပင့်ပေးထား..ကိုယ်လိုးချင်တယ်” ***** ချစ်ခြင်းမေတ္တာ ချို့တဲ့နေတဲ့ ကြောင်ရိုင်းလေး vs ဒေါသကြီးပြီး 'ဒယ်ဒီဆန်တဲ့' အမဲလိုက်သမား သန့်ရှင်းဖြူစင်တဲ့ အချစ် ၊ နှစ်ယောက်စလုံးက တစ်ဦးတည်းအတွက် ဖြစ်တည်လာသလို တစ်ဦးအပြန်အလှန် ချစ်ကြတယ်။
ရိုးရှင်းပြီး ချစ်စရာကောင်းတဲ့ လူငယ်အချစ်ဇာတ်လမ်းလေးပါ။

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset