⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode

Chapter 101

[Gp1]ဂန်းဆက်စ်လုပ်ရန် ဇာတ်လိုက်Gongများကို ခိုးယူခြင်း:
Arc-8 Chapter-15

သူနာပြုဌာနတွင် ဒေါက်တာထန်ကိစ္စသည် အချိန်အတော်ကြာ ပွတ်လောရိုက်သွားလေသည်။

စစ်ဆေးခန်းတွင် အမေးမြန်းခံရပြီးနောက် ဒေါက်တာထန်သည် နောက်ဆုံးတော့ သူ့ရုံးခန်းကို ပြန်သွားလို့ ရခဲ့၏။ ဒီပန်းတွေကို ဖယ်ဖို့ တစ်ယောက်ယောက်ကို သူ ခေါ်ချင်ခဲ့သည်။

ဤကဲ့သို့ ကြီးမားသည့်အရာမှာ ဆေးရုံတွင် ထားဖို့ တကယ်ပင် မသင့်တော်ပင်။

‌သို့သော် ဒေါက်တာထန် ရုံးခန်းတံခါးကို ဖွင့်လိုက်ချိန်တွင် မဖိတ်ခေါ်ထားသော ဧည့်သည် သုံးယောက်သည် သူ့အခန်းထဲသို့ ရောက်နေကာ သူ့ရုံးခန်းအား စူးစမ်းနေလေသည်။

ဗင်းဆင့်သည် ပြတင်းပေါက်နားတွင် ရပ်ကာ မဂ္ဂဇင်းတစ်ခုကို ဖတ်နေ၏။ ချူးဝမ့်သည် လည်သာခုံပေါ်တွင် ထိုင်ကာ စားပွဲပေါ်ရှိပုံများအား ကြည့်နေလေသည်။ ယွီဇီရှုသည် ဆေးစစ်ကုတင်ပေါ်တွင် မှီထိုင်နေကာ သူ့လက်ထဲတွင် အလှဆင်ထားသော လက်ဆောင်ဘူးကလေးအား ပိုက်ထားလေသည်။

‌ နေရောင်ခြည်သည် ပြတင်းပေါက်မှ အခန်းထဲသို့ သက်ဆင်းနေကာ အခန်းအား နွေးထွေးပုံ ပေါ်စေ၏။သူတို့ကို ကြည့်ရသည်မှာ အလွန်တောက်ပနေပြီး သိပ်မကျယ်ဝန်းလှသော အခန်းလေး၌ သူတို့၏ ချောမောလှသော မျက်နှာသည် အခန်းအား အလင်းပေးနေပုံပေါ်ကာ သက်တောင့်သက်သာရှိသော လေထုအား ဖြစ်ပေါ်စေလေသည်။

ထန်ထန်သည် အထဲသို့ မဝင်ခင် ခြေလှမ်းများ တုံ့ဆိုင်းသွား၏။ သူ ဤအမျိုးသားသုံးယောက်ကို မမြင်ရ‌သည်မှာ ရက်အနည်းငယ်ပင် ကြာလေပြီ။ ဆေးရုံသို့ ပြန်လာပြီးနောက် သူသည် ကြီးကြပ်ရေးဌာနကို တောင်းပန်ကာ ပညာတော်သင် ပို့ရန် တောင်းဆိုခဲ့သည်။

သူ ခဏ တုံ့ဆိုင်းသွားသော်လည်း နိုင်ငံခြားဆေးရုံသို့ သွားရန် သဘောတူခဲ့၏။

သူ၏ ရင်ထဲက တစ်နေရာတွင်တော့ မွေးရပ်မြေ၌ ဆက်လက်အလုပ်လုပ်ချင်ကာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုသာ ဆက်လက် လုပ်ကိုင်သွားချင်လေသည်။

ဆေးရုံသည် သူ့အား အလုပ်များစေခဲ့သည်။ ထမင်းစားဖို့ပင် အချိန်မရှိချေ။ အလုပ်က ပြန်လာသောအခါတွင်လည်း သူ၏ အေးစက်သော အိမ်ကလေးသည် နွေးထွေးမှု ကင်းမဲ့နေ၏။ သို့ရာတွင် သူ၏ ဘဝသည် ငြိမ်းချမ်းကာ သာမန်လေး ပြန်ဖြစ်သွားလေတော့သည်။

အဲ့ဒီနေ့ မတိုင်ခင်ထိပေါ့!

တစ်နေ့တွင် သူ အလုပ်သို့ လာသောအခါ သူသည် လက်ဆောင်တွေများစွာ စတင်ရခဲ့လေသည်။ များစွာသောပစ္စည်းတွေမှစကာ နေ့လည်စာဘူးနှင့် အသီးအနှံတွေအထိပင်။

ပျက်ကွက်ခြင်း မရှိပါဘဲ သူ ရုံးခန်းသို့ ဝင်လာတိုင်း စားပွဲပေါ်တွင် သူ အကြိုက်ဆုံးဟင်းများပါသည့် နေ့လည်စာဘူးများသည် အမြဲရှိနေတတ်၏။

ဒေါက်တာသည် သူတို့အား စိတ်ပျက်သွားမည်ကို ကြောက်သောကြောင့် သူတို့သုံးယောက် လူကိုယ်တိုင် ပေါ်မလာခဲ့ပေ ။ ထန်ထန်သည် သူတို့အား ခွင့်လွှတ်ပေးမယ့်နေ့ကို မျှော်လင့်ရင်း ထန်ထန် ကျေနပ်ဖို့ သတိကြီးကြီးနှင့် ကြိုးစားကြလေသည်။

တံခါးဖွင့်သံသည် လူသုံးယောက်၏ အာရုံကို ဖမ်းစားလိုက်၏။ တံခါးကို လှမ်းကြည့်လိုက်သောအခါ ဆရာဝန်သည် အထီးကျန်ဆန်သည့် အနေအထား၌ ရပ်နေသည်အား တွေ့လိုက်ရလေသည်။ သူ ရောက်ရှိနေသည်ကို မြင်သည်နှင့် သူတို့မျက်လုံးတွေသည် လင်းလက်သွားလေသည်။ သူ့ကို မတွေ့ရသည်မှာ ကြာလေပြီ၊ သို့သော်ငြား ဒီလူယုတ်မာကြီး သုံးယောက်က ဒေါက်တာအား အမြဲစောင့်ကြည့်နေခဲ့၏။

မနေ့၌ ဒေါက်တာ အိမ်ပြန်ရောက်ပြီးနောက် သူသည် ဝိုင်နီသောက်ကာ မီးခိုးရောင် ပိုးထည်ညအိပ်ဝတ်စုံကို ‌လဲဝတ်လိုက်လေသည်။
ရေချိုးနေစဉ် ရေစက်လေးများသည် သူ့အရေပြားပေါ်၌ တွယ်ကပ်နေကာ ရတနာတစ်ခုကဲ့သို့ တောက်ပနေလေသည်။

သွယ်လျသော ခါးနှင့် ခြေတံရှည်များဖြင့် သူ့ပုံသဏ္ဍာန်သည် မည်သူ့ကိုမဆို ဖမ်းစားစေနိုင်ခဲ့၏။ ကံမကောင်းစွာပင် ထန်ထန်သည် ရေချိုးပြီးသွားသောအခါ အမျိုးသားများသည် အနည်းငယ် စိတ်ပျက်သွားသည်။

သူတို့သည် ဒေါက်တာ အိပ်နေသည်အား ကြည့်ပြီး ဖန်သားပြင်ကို ညင်သာစွာနမ်း၍

“ဂွတ်နိုက်ပါ” ဟု ပြောလိုက်ကြသည်။

ဤသည်မှာ ၎င်းတို့၏ မှောင်မိုက်သော အတွေးများထဲတွင် စွဲလမ်းနေသော အတွေးများကို ကျေနပ်စေမည့် တစ်ခုတည်းသော နည်းလမ်းပင်။

သူတို့သည် နှင်းဆီဖြူကို ညှိုးနွမ်းစေရန် ဖန်လုံအိမ်ထဲတွင် ချုပ်နှောင်ထားမည့်အစား တောင်တန်းများနှင့် မြစ်များ၏ လှပသောရှုခင်းတွင် တစ်ယောက်တည်း ပွင့်လန်းစေခဲ့သည်။

သို့တိုင် အေးစက်သော ဖန်သားပြင်နှင့် ဓာတ်ပုံများသည် တကယ့်အရာနှင့် မယှဉ်နိုင်ပေ။ လောဘကြီးစွာဖြင့် သူတို့ရှေ့မှ ဒေါက်တာကို စိုက်ကြည့်ရင်း သားရဲများ၏ နှလုံးသားများသည် စည်းချက်ညီညီ ခုန်နေကြ၏။

မည်သူမျှ စကားမပြော‌ပေ။

ဒေါက်တာသည် သူ့နှုတ်ခမ်းကို တင်းထားလိုက်သည်။ တံခါးဖွင့်၍ အထဲသို့ မဝင်ဘဲ ထိုနေရာတွင် ရပ်နေ၏။

“မင်းတို့ ဒီမှာ ဘာကိစ္စရောက်နေတာလဲ”

သူစိမ်းကဲ့သို့ မရင်းနှီးသည့် လေသံသည် လူယုတ်မာကြီးသုံးဦးကို အနည်းငယ် တုန်လှုပ်သွားစေပြီး သူတို့၏ အမူအရာတွေသည် သိသိသာသာ ပြောင်းလဲသွားသည်။

ထန်ထန်သည် သူ့ခံစားချက်တွေကို ဖုံးကွယ်ကာ သူတို့ကို ဘယ်လိုချဉ်းကပ်ရမှန်း မသိပေ။

ဒီလို ရှုပ်နေသည့် ဆက်ဆံရေး…

အဓိပ္ပါယ်မရှိချေ။

” ကော…”

ယွီဇီရှုသည် ဆေးစစ်ကုတင်အား မမှီတော့ဘဲ နာခံစွာ ရပ်လိုက်သည်။ သူသည် ဒေါက်တာ၏လက်ကိုကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး အသံတိုးတိုးလေးဖြင့် ခေါ်၏။

ဗင်းဆင့်သည် မဂ္ဂဇင်းကိုပိတ်လိုက်ပြီး ချူဝမ်၏ ကိုယ်ဟန်အနေအထားမှာလည်း ပြေလျော့သွားခြင်းမရှိတော့ပေ။

သူတို့အားလုံးသည် ဒေါက်တာကို စူးစိုက်ကြည့်ကာ လူများကိုပင် နှစ်မြှုပ်နိုင်သည့် ခံစားချက်များဖြင့် ပြည့်နှက်နေပုံရသည်

နောက်ဆုံးတွင် ချူးဝမ့်သည် ကုလားထိုင်ကို ဖယ်ကာ မတ်တပ်ထရပ်က၍ တံခါးဆီသို့ လျှောက်သွားပြီး ဒေါက်တာကို ပွေ့ဖက်လိုက်သည်။ ရုတ်တရက် ပွေ့ဖက်မှုသည် ထန်ထန်အား ကြောင်အသွားစေ၏။

ယွီဇီရှုသည် ဤတစ်ကြိမ်တွင် ထိုလူကို ဆွဲမချခဲ့ပေ။ ထိုအစား ဒေါက်တာ၏ လှပသွယ်လျသော လက်နှင့် သူ့လက်ချောင်းများကို ယှက်ထားသည်။

“ကိုယ် မင်းကို အရမ်းလွမ်းတယ်..”

ချူးဝမ့်သည် ထန်ထန်ပေါ်ရှိ အေးမြသောရနံ့ကို ပြင်းပြင်းထန်ထန် ရှူရှိုက်ရင်း သူ့လေသံမှာ ပျင်းရိသော်လည်း ထူးထူးခြားခြား ချစ်စရာကောင်းနေသည်။

“ကလေးလေး.. ကိုယ့်ကိုရော လွမ်းလားဟင်”

မရင်းနှီးသေးသော ရနံ့တစ်ခုသည် သူ့ကို လွှမ်းခြုံထားသည်။

ထန်ထန်၏ နှလုံးသသည် ခုန်ပေါက်လာသည်။ သူသည် ထိုလူ၏ ရင်ခွင်ထဲမှ ရုန်းထွက်ကာ မျက်မှန်ကို ညှိ၍ ဘာပြောရမှန်း မသိဖြစ်နေပုံပေါ်‌လေသည်။ ထို့နောက် သက်ပြင်းချကာ

“ငါ အလုပ်ကျန်သေးတယ်။ ပျင်းစရာကောင်းတဲ့ ဂိမ်းတွေကို မင်းတို့နဲ့ ကစားဖို့ အချိန်မရှိဘူး၊ လက်ဆောင်တွေ ဗီဒိုထဲမှာ ရှိတယ်။ မင်းတို့ ထွက်သွားတဲ့အခါ ယူသွားဖို့ မမေ့နဲ့။ နောက်နောင်လည်း ထပ်မပို့နဲ့”

“လက်ဆောင်တွေ ထပ်ပို့ရင် ငါ လက်မခံဘူး” ဟု အခိုင်အမာပြောခဲ့သည်။

ချူးဝမ့်၏ အပြုံးသည် တင်းမာလာကာ ဗင်းဆင့်သည်လည်း မျက်လွှာချလိုက်သည်။

ယွီဇီရှုသည် ထန်ထန်၏လက်ကို မသိစိတ်က တင်းကျပ်စွာ ဆုပ်ကိုင်ထားကာ သူ့ကို ထိခိုက်မည်ကို ကြောက်သဖြင့် လုံးဝလွှတ်ရန် ချီတုံချတုံ ဖြစ်နေ၏။

လေထုသည် ခဏတာ တိတ်ဆိတ်သွားသည်။ နောက်ဆုံးတွင် ဗင်းဆင့်သည် မဂ္ဂဇင်းကို ချလိုက်ပြီး ထမင်းပုံးထဲမှ အစားအစာများကို ထုတ်ကာ

“ထမင်းစားချိန် နီးပြီ၊ စားကြရအောင်” ဟု ပြောခဲ့သည်။

ယွီဇီရှုနှင့် ချူးဝမ့်တို့သည် ခေါင်းစဉ်ပြောင်းရန် ပူးပေါင်းခဲ့ကြပြီး သူတို့၏ နှင်းဆီဖြူလေးသည် ၎င်းတို့၏နှလုံးသားများကို ဆက်လက်ထိုးနှက်သွားစေရန် မလိုလားပေ။

တကယ်…. ရင်ထဲ၌ နာကျင်ရလို့ပင်။ .

“အင်း၊ အရင်စားရအောင်”

ချူးဝမ့်က သူ့ကို ဆွဲလိုက်ပြီး ထန်ထန်ကို ရုံးထိုင်ခုံပေါ် ထိုင်စေကာ ပန်းကန်ကို ပေးလိုက်သည်။

ယွီဇီရှုသည် ဖျော်ရည်ကိုဖွင့်ကာ ထန်ထန်ရှေ့၌ ချပေးလိုက်၏။

ဗင်းဆင့်သည် တစ်သျှူး ကို ထုတ်လိုက်ပြီး ဒေါက်တာ၏ လက်ချောင်းများကို သေချာစွာ သုတ်ပေးလိုက်သည်။

ထန်ထန် “…”

ဒေါက်တာ၏ နှုတ်ခမ်းများ အနည်းငယ် လှုပ်သွားသည်။ ဒီဟာသည် နည်းနည်းချဲ့ကားလွန်းသည်ဟု ထင်သော်လည်း ဘာမှ မပြောဘဲ တူဖြင့် ဟိုဟာ စားမလိုလို ဒီဟာ စားမလိုလို လုပ်နေလေသည်။

ထန်ထန်သည် သူ၏လှုပ်ရှားမှုများကို ရပ်တန့်လိုက်၏။ ရိုးရိုးသားသားပြောရရင် ဒီဟင်းလျာတွေက ဘာတွေမှန်းပင် မသိချေ။

လွန်ခဲ့သည့် ရက်အနည်းငယ်က သပ်ရပ်သော နေ့လယ်စာသေတ္တာများနှင့် နှိုင်းယှဉ်ပါက ယနေ့ နေ့လယ်စာသည် အဆင့်များစွာ နိမ့်ကျနေပါသည်။

မျှော်လင့်ခြင်း နှင့် စိတ်မသက်မသာဖြစ်သော အရိပ်အမြွက်များဖြင့် ပြည့်နေသော ထိုမျက်လုံးသုံးစုံကို ကြည့်လိုက်သောအခါ ထန်ထန်သညိ နားလည်သွား၏။

ထိုလူသုံးယောက်ကိုယ်တိုင် သူ့အတွက် ချက်ပြုတ်လာတာပဲ!

သူ့နှလုံးသားထဲမှာ ဘာဖြစ်နေသလဲ ဆိုတာပင် သူ မဖော်ပြနိုင်တော့ချေ။

ချက်ပြုတ်နည်းကို သိသော ယွီဇီရှုသည် ဒီလို အရှုပ်အထွေးများကို ဘယ်လိုပင် ဖန်တီးနိုင်ခဲ့လဲဆိုတာကို သူ အံ့ဩသွားမိသည်။

နေ့လယ်စာစားရန် အချိန်အကန့်အသတ် ရှိသဖြင့် ဒေါက်တာသည် အလွန်အမင်း မစဉ်းစားဘဲ ဟင်းအနည်းငယ်ကို အမြန်ယူလိုက်သည်။

သူ့အမူအရာသည် မပြောင်းလဲဘဲ ဘာမှပြန်မပြောချေ။ ထို့နောက် သူသည် တူများကို ချလိုက်ပြီး အလုပ်ပြန်စရန် ရုံးမှ ထွက်လာခဲ့၏။

အထီးကျန်နေသော သူသုံးယောက်က မိနစ်အနည်းငယ်ကြာအောင် မတ်တပ်ရပ်လိုက်ပြီး အပြင်ထွက်ကာ ဆရာဝန်ရှာဖို့ ဆုံးဖြတ်လိုက်သည်။ အနည်းဆုံးတော့ သူ့ကိုတွေ့ရရင် သူတို့စိတ်နှလုံးကို ရွှင်လန်းလာလိမ့်မည်။

ထန်ထန်ရုံးခန်းမှ ထွက်လာကာ သူ့ခြေလှမ်းများ ပိုသွက်လာသည်။ နောက်ဆုံးတွင် သူသည် ရေသန့်စက်ရှိရာသို့ အမြန်သွားကာ တစ်ခါသုံးခွက်ကို ကိုင်၍ ရေဖြည့်ကာ တစ်ကျိုက်တည်း သောက်လိုက်ပြီး ထပ်ခါတလဲလဲ ရေထပ် သောက်လေသည်။

ဂလု..ဂလု…

သူ့အရသာခံသည့် ဂလန်းတွေပင် ဆိုးရွာလွန်းသည့် အရသာကြောင့် အကြိမ်ကြိမ် သတ်သေခါနီးအထိ ဖြစ်ခဲ့သော်လည်း အချိန်မီ ကယ်တင်နိုင်ခဲ့၏။

ဖူးး… အဲဒါ ကြောက်စရာပဲ…

သူသည် သက်ပြင်းချရင်း၊ တကယ်တော့ ဟိုတစ်ခါက ယွီဇီရှု ချက်ပြုတ်ပေးထားသည်မှာ ဝယ်လာသောအစားအစာများပင် ဖြစ်ရမည် ဟု သဘောပေါက်သွားလေသည်။

မြေအောက်လောကရှိ လူများ၏ ဟင်းချက်ခြင်းစကေး သည် ၎င်းတို့အတွက် အလွန်သင့်တော်၏။

သူတို့ချက်ပြုတ်သော ဟင်းသည် လူကိုပင် သတ်နိုင်သည်အထိ ဆိုးရွားလို့ပင်!

သူ ထေ့ငေါ့၍ မပြီးသေးခင်မှာပင် လူနာတွေ၏ မိသားစုဝင်တွေသညိ သူနာပြုဌာန၌ ကျယ်လောင်စွာ ကျိန်ဆဲနေတာကို တွေ့လိုက်ရသည်။

သူနာပြုမလေး ကျုံးရာနန်သည် ချွေးများ စီးကျကာ တစ်စုံတစ်ခုကို ငိုတော့မတတ် အဆက်မပြတ် ရှင်းပြနေ၏။ အချို့သော လူနာများသည် သူနာပြုများ၏ ကျယ်လောင်သော ရှင်းပြချက်များကို နားထောင်ရင်း စိတ်မသက်မသာသော အမူအရာများ ရှိကြသည်။

ထန်ထန်သည် မျက်မှောင်ကြုတ်ကာ လမ်းလျှောက်လာရင်း တင်းမာစွာပြောသည်

“နေ့လည်စာစားချိန်မှာ မင်းဘာလုပ်နေတာလဲ။ ဆေးရုံက ဆူညံသံတွေကို တားမြစ်ထားတယ်။ မင်း တခြားလူနာတွေကို အနှောင့်အယှက်ပေးနေပြီ။ မင်း ဆက်ပြောနေရင်လုံခြုံရေးကို ဖုန်းဆက်လိုက်မယ်။”

” ဒေါက်တာထန်” ဆိုတဲ့ ခေါ်သံကို ကြားသောအခါ ကျုံးရာနန် ရဲ့ မျက်လုံးတွေ တောက်ပလာသည်။

သူမသည် တစ်ခုခုကို တွေးနေပုံကာ ထန်ထန်ကို အမြန် အချက်ပြလိုက်၏။

ထန်ထန်သည် သူနာပြု၏ ရည်ရွယ်ချက်ကို နားမလည်သော်လည်း “ဒေါက်တာထန်” ဟူသော စကားလုံးသည် ထန်ထန်၏ အထောက်အထားကို လူနာမိသားစုဝင်များအား သိရှိစေကာ မှတ်ချက်တွေ စပေးလာတော့သည်။

“အို၊ ဒီလိုလူငယ်လေးဟာ လိင်တူချစ်သူဖြစ်သွားတာ မင်းမိဘတွေသိလား?”

“ကြည့်ရတာ တော်တော်ချောတာ။ သူက ဘာလို့မိန်းမငယ်လေးတွေလို ယောက်ျားတွေကို ဘာလို့ကြိုက်တာလဲ”

“မင်းက ဒေါက်တာထန် ဖြစ်ရမယ်။ ဆေးပညာရှင်တစ်ယောက်အနေနဲ့ ပေါ့ပေါ့ပါးပါး လိင်ဆက်ဆံတာ ၊ မင်း ရောဂါတွေကို မကြောက်ဘူးလား။ မင်းဆီကနေ ငါတို့ကို ကူးစက်ရင် ဘာဖြစ်မလဲ။ ဒါ ဒေါသထွက်စရာပဲ

“ဟုတ်တယ်။”

ထန်ထန်၏ မျက်နှာသည် အေးစက်သွားသည်။ ချက်ခြင်းမှာပဲ သူက အန်ကျာကျင်း ဒုက္ခပေးပြန်ပြီ ဆိုတာ သိသည်။

အန်ကျာကျင်း တကယ်ကို အရှုံးမပေးဘူး ဟု တွေးရင်း သူ လှောင်ရယ်ခဲ့၏။

“အရင်ဆုံး၊ ကျန်းမာရေးဝန်ထမ်းတွေက ပုံမှန်ဆေးစစ်တယ်။ ဒါ့ပြင်…”

ထန်ထန်သည် သူ့မျက်မှန်ကို ပြင်လိုက်ကာ သူ့အသံက တုန်လှုပ်ခြင်းမရှိဘဲ ငြိမ်သက်နေသည်။

“ငါက ကုသရေးနှင့် အသက်များကို ကယ်တင်ရန် တာဝန်ရှိတဲ့ ဆရာဝန်ပဲ။ ငါ လိင်တူချစ်တဲ့သူ ဟုတ်လား မဟုတ်ဘူးဆိုတာ ငါ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စပါ။ မင်းမှာ စုံစမ်းမေးမြန်းပိုင်ခွင့်မရှိဘူး၊ ငါ့မိဘတွေကိုယ်စား ငါ့ကို ပညာပေးဖို့ မင်းဘာသာ တစ်ယောက်တည်း တွေးနေတာ။ ဒါ့ပြင် ဆေးရုံက ဆူညံသံတွေကို တားမြစ်ထားတယ်။ မကျေနပ်ရင် ဆေးရုံဒါရိုက်တာကို တိုင်ကြားဖို့ အကြံပြုချင်ပါတယ်။”

ဆရာဝန်သည် အေးစက်သော အမူအရာဖြင့် သူ့လက်ကို ခါလိုက်သည်။

အရှက်အကြောက်ကြီးသော သက်လတ်ပိုင်းအမျိုးသမီးများသည် အသံတိတ်သွား၏။ စက္ကန့်အနည်းငယ်ကြာတော့ သူတို့ မကျေမနပ် ညည်းတွားလာပြန်သည်။

“ဘယ်သူ..ဘယ်သူ ထင်မှာလဲ မင်းက ရူးနေတယ်လို့! အိုး.. ဆေးရုံမှာ ဒီလိုနေရတာ မသက်သာလိုက်တာ…”

“ဟုတ်တယ်၊ သူက ဂျူတီကုတ်ဝတ်ထားတဲ့ နတ်ဆိုး ဖြစ်ရမယ်။ သူ သာမန်လူတွေကို လှည့်စားတာမလား?”

“အရှက် မရှိတဲ့ လူ!”

လူစုလူဝေးက ပိုကျယ်လာပြီး ပိုစည်ကားလာ၏။

ကျယ်ပြောလှသောကမ္ဘာကြီးတွင် ကျောက်ခေတ် နေထိုင်နေသကဲ့သို့ ငြင်းခုံခြင်းကို နှစ်သက်ကြသူများ အပါအဝင် လူအမျိုးမျိုးရှိသည်။ အချို့သောလူများက ဆရာဝန်ကို ထောက်ခံပြီး လူလတ်ပိုင်းအမျိုးသမီးများကို ဆန့်ကျင်ပြောဆိုကြ၏။

သို့သော် လူနာအများစုနှင့် ၎င်းတို့၏မိသားစုများသည် ဉာဏ်ပညာရှိကြပြီး ထိုအမျိုးသမီးများအား အခြားသူများ၏ကိစ္စများတွင် ဝင်ရောက်စွက်ဖက်သည်ဟု ဆူပူကြိမ်းမောင်းလေတော့သည်။

“မင်းက ဘယ်သူမို့လို့လဲ? ဒေါက်တာက ယောက်ျားတွေကို သဘောကျတာ မင်းနဲ့ ဘာဆိုင်လဲ? အရှက်ကို မရှိဘူး!”

အရှုံးကိုလက်မခံလိုသော အဒေါ်ကြီးတစ်ယောက်သည် လည်ပင်းကို အတင်းထိုးကာ

“ဖက်…ဖက်..ဖက်.. အားလုံးနားလည်လား”

သူမ နှုတ်ခမ်းကို မဲ့ရွဲ့ရင်း

“ငယ်ငယ်ရွယ်ရွယ်နဲ့!
ကြည့်ရတာ မင်းမှာ အရည်အချင်း သိပ်မရှိဘူး၊ မင်းဘာလို့ မနှုတ်ထွက်တာလဲ။”

ထိုအချိန်တွင် မစ္စစ်ဝမ်သည် ရေနွေးအိုးကို ကိုင်ဆောင်ကာ အောက်ထပ်မှ အပေါ်ထပ်သို့ ဆင်းလာကာ ထိုစကားပြောသံကို ကြားလိုက်ရသည်။ သူမသည် ချက်ချင်းပင် ရေနွေးအိုးကို ချလိုက်ပြီး အင်္ကျီလက်များကို လှန်တင်ကာ ပြေးလာ၍ ငြင်းခုံတော့၏။

“နင် စောက်အဓိပ္ပာယ်မရှိတာ‌တွေ လျှောက်မပြောနဲ့။ ဒေါက်တာထန်က ငါ့ခင်ပွန်းကို ခွဲစိတ်ပေးထားတာ။ လူတိုင်းကို နင့်ရဲ့ တန်ဖိုးမဲ့ မိသားစုလို ထင် မနေနဲ့။ ဒေါက်တာထန်က အရည်အချင်းရှိတယ်။ မဟုတ်တမ်းတရား စကားတွေကို ဆက်ပြောလို့ကတော့ နင့်ပါးစပ်ကို ဆွဲဖြဲပစ်လိုက်မယ်။”

လျှာစောင်းထက်သောအမျိုးသမီးသည် အသက်ရှုမဝတော့ဘဲ မစ္စစ်ဝမ်ကို အနိုင်မယူနိုင်မှန်းသိလိုက်သည်။ လှောင်ပြောင်သံဖြင့် လူအုပ်ထဲမှ ရုန်းထွက်ခဲ့၏။

နောက်တွင် ပုန်းနေသော အန်ကျာကျင်းသည် သူ့နှုတ်ခမ်းကို ကိုက်လိုက်ပြီး “အသုံးမဝင်”ဟု တိတ်တဆိတ် ကျိန်ဆဲလိုက်၏။

ထိုအချိန်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် လူစုလူဝေး၏ အနားမှ ရုတ်တရက် ခုန်ဝင်လာသည်။ အန်ကျာကျင်း၏ မျက်လုံးများ‌သည် တောက်လောက်သွားသကဲ့သို့ ဖြစ်သွား၏။

လီရုံးကျွင့်သည် ကုတင်7 မှ မစ္စတာလီ၏သားပင်။ အစပိုင်းတွင် ထန်ထန်သည် မစ္စတာလီ၏ ဆေးဖိုးများကို ပေးဆောင်ခဲ့သဖြင့် သူတို့သည် တစ်ဝက်သာ ပေးခဲ့ရပြီး နောက်ပိုင်းတွင် ၎င်းတို့၏ မိသားစုတစ်စုလုံးသည် ဒေါက်တာထန်အား ဒေါသတကြီး ဖြစ်လာကြ၏။ သူတို့သည် သူ့အား ကြောင်သူတော်ဟု မြင်လေသည်။

သူတို့ ပိုက်ဆံပေးရင်လည်း ကျန်နေတဲ့စရိတ်တွေကို ဘာလို့ တစ်ခါတည်း မပေးလဲ။

နောက်ပိုင်းတွင် အန်ကျာကျင်းသည် ဆေးပေးထားသော ဆေး၏ ပမာဏကို ပြောင်းလဲကာ မစ္စတာလီသည် အိပ်ရာထဲတွင် လေဖြတ်သွားခဲ့သည်။

မိသားစုသည် ဒေါသတကြီးဖြစ်ကာ လျော်ကြေးရရန် အန်ကျာကျင်းကို မီဒီယာအား ထုတ်ဖော်ရန်ပင် စီစဉ်ခဲ့၏။

သို့သော် အံ့အားသင့်စရာမှာ အန်ကျာကျင်း ၏မိသားစုသည် လူမိုက်လောက နှင့် အဆက်အသွယ်ရှိခဲ့သည်။ လီ မိသားစုသည် အန်ကျာကျင်းဖခင်နှင့် အပေါင်းအသင်းများ၏ လက်တုံ့ပြန်မှုကို ရင်ဆိုင်ခဲ့ရပြီး အန်ကျာကျင်းကို ဒုက္ခမပေးရဲတော့ပေ။

မစ္စတာလီသည် လေဖြတ်သွားသဖြင့် မိသားစုသည် ပိုက်ဆံကို ရေလို သုံးရကာ ဆေးကုရ၍ လီရုံးကျွင့်သည် အရက်ဝယ်ရန် ပိုက်ဆံပင် မတတ်နိုင်တော့ဘဲ ငွေအမြန်ရလိုစိတ်ဖြင့် လောင်းကစားဘက်သို့ လှည့်ကာ အကြွေးများစွာ တင်ခဲ့၏။

အကြွေးတောင်းသူတွေ တံခါးခေါက်သောအခါ အန်ကျာကျင်းသည် သူ့ဆီ ချဉ်းကပ်လာသည်။

ကံကြမ္မာအလှည့်အပြောင်းတစ်ခုတွင် အန်ကျာကျင်းက သူ့ကို ဆေးဘက်ဆိုင်ရာအနှောက်အယှက် ပြုလုပ်ရန်အတွက် ဒေါက်တာထန်အား သတ်ရန် ကမ်းလှမ်းခဲ့သည်။

အန်ကျာကျင်းသည်ကး ရုန်းရင်းဆန်ခတ်ဖြစ်မှုကို အခွင့်ကောင်းယူကာ သူ့ကို ဆေးရုံထဲသို့ ခေါ်ဆောင်လာခဲ့၏။ လီရုံးကျွင့်သည် ငွေသားသေတ္တာကြီးတစ်လုံးကို ကိုင်ဆောင်ကာ လူမိုက်လောကရှိ အန်ကျာကျင်း၏ ဆက်သွယ်မှုများကို တွေးတောနေခဲ့သည်။ သူ့သွားတွေကို အံကြိတ်ရင်း လုပ်ဖို့ ဆုံးဖြတ်လိုက်၏။

ထန်ထန်သည် လူစုလူဝေးနှင့် ဝေးရာသို့ မျက်နှာမူကာ မစ္စဝမ်၏ ရေနွေးအိုးကို ကောက်ယူရင်း တည်ငြိမ်၍ ကြင်နာစွာ စကားပြောဆိုခဲ့သည်။ ထို့နောက်…

လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ညစ်ပတ်သောအသွင်အပြင်နှင့် အရက်သောက်ထားကာ လူအုပ်အတွင်းမှ ဆရာဝန်ကို စိုက်ကြည့်နေ၏။ သူက သူ့အဝတ်နဲ့ ဖုံးထားတဲ့ ဓားကို တင်းတင်းကြပ်ကြပ် ကိုင်ထားပြီး လူအုပ်ထဲမှ ခုန်ဆင်းကာ ဓားကို ဆွဲထုတ်လိုက်ရင်း…

“မင်း အကြင်နာမဲ့တဲ့ ဆရာဝန်၊! သေစမ်း!”

ဟင်းချက်ဓားမှ လေအားဖြတ်ကာ ခုတ်လိုက်သည့် အသံ ထွက်ပေါ်လာသည်။

ထန်ထန်၏ နှလုံးသားသည် ခုန်သွားကာ သူ လှည့်မကြည့်ခင်မှာပင် လူသုံးယောက် အပြေးအလွှား ပြေးလာတာကို တွေ့လိုက်ရပြီး သူတို့မျက်နှာသည် ထိတ်လန့်သွားလေ၏။

ထိုနောက် ထန်ထန်သည် ချက်ခြင်းပင် တင်းတင်းကျပ်ကျပ် နွေးထွေးစွာ ပွေ့ဖက်ခံလိုက်ရသည်။

ဓားဖြင့်ထိုးလိုက်ကာ အသားစများ စုတ်ပြဲသွားသောအသံနှင့် ရောထွေးနေသော ယောက်ျားတစ်ယောက်၏ ညည်းညူညည်းတွားသံများ သူ့နားထဲတွင် ထွက်ပေါ်လာသည်။

သူ့ကျောရိုးသည် ချက်ချင်းပင် တောင့်တင်းသွားသည်။ လှည့်ကြည့်လိုက်သောအခါ နွေးထွေးသော ပွေ့ဖက်မှုတစ်ခုက သူ့ကို ဆုပ်ကိုင်ထားသည်။ သူ့နားထဲသို့ သွေးယိုသံအတူနှင့် တိုးတိုးတိတ်တိတ် ညည်းညူသံများ ဝင်ရောက်လာ၏။

“ကောကော.. မကြောက်ပါနဲ့..”

“အား… သွေး တွေ…”

“လူသတ်နေတယ်!”

လူအုပ်ကြီးသည် ထိတ်လန့်တကြား အော်ဟစ်ကာ အသံများ ကျယ်လောင်ကာ ဖရိုဖရဲ ဖြစ်နေကြသည်။

ပြင်ပကမ္ဘာကို ရှင်းရှင်းလင်းလင်း မကြားရသကဲ့သို့ တန်ထန်၏ ခေါင်းသည် တုန်ခါသွားသည်။ “လူသတ်မှု” ဆိုတဲ့ စကားလုံးကို ကြားမိပြီး တစ်ကိုယ်လုံး တုန်ခါသွားသည်။

သူ့လက်ထဲမှ ရေနွေးအိုးသည် မြေပြင်ပေါ်သို့ ပြိုကျကာ လုံးလုံး ကွဲအက်သွားသည်။ ရေသည် ဖြည်းဖြည်းချင်း စီးကျလာပြီး ကြမ်းပြင်ကို စွန်းထင်းသွား၏။

အနီရောင်တောက်တောက် သွေးတစ်စက်သည် ချက်ချင်း ပြန့်ကျဲသွားသည်…။

ထန်ထန်၏ အေးစက်သော အမူအရာသည် ပြောင်းလဲသွားသည်။ ယွီဇီရှု၏ ခပ်ဖျော့ဖျော့မျက်နှာကို တွေ့လိုက်ရပြီး သူ့ကိုယ်သူ ပြန်ကြည့်လိုက်၏။

သူ့နှလုံးနောက်ကျောမှ သွေးများ စီးကျလာသည်။ အဲဒီလူသည် သူ့ကို တိုးတိုးလေးခေါ်ကာ

“ကောကော.. ကျွန်တော် မှားသွားပြီ…မ..မကြောက်နဲ့နော်… ကြည့်လည်း…မကြည့်နဲ့”

သူ့အသံသည် တိုးနေကာ ဒေါက်တာပေါ်သို့ လဲကျသွား၏။သူ၏ အဖြူရောင်အင်္ကျီလက်ရှည်သည် သွေးတွေ စွန်းထင်းနေကာ သူ့အင်္ကျီသည်လည်း သွေးများ စိုရွှဲနေလေသည်။

ထန်ထန်၏ မျက်ဆံများသည် ရုတ်တရက် ကျုံ့သွားသည်။

သူ့ထက် အရပ်ရှည်သော ဒီလူကို တွဲရန် သူ ရုန်းကန်နေရင်း သူ့အသံသည် တုန်လှုပ်သွား၏

“ကုတင်ကို မြန်မြန်တွန်း၊ အရေးပေါ် ကုသဖို့ ပြင်ဆင်ထား!”

ထိတ်လန့်တုန်လှုပ်နေသော သူနာပြုများစွာသည် ဖျော့တော့သွားသည်။ ၎င်းတို့သည် လုံခြုံရေးဌာနသို့ အလျင်အမြန် သွားရောက် အကူအညီ တောင်းခဲ့ပြီး ကျန်သူများသည် လူနာခုတင်ကို အမြန်ရွှေ့ခိုင်းသည်။

ဗင်းဆင့်သည် လျင်မြန်စွာ ရှေ့သို့ တိုးလာကာ ထန်ထန်သည် ယွီဇီရှုကို တွဲကာ ပြုတ်ကျခြင်းမှ ကာကွယ်ရန် ကူညီပေးခဲ့သည်။ ချူးဝမ့် သည် တရားခံနောက်ကို လိုက်ကာ လီရုံးကျွင့်၏ ခြေထောက်များကို ချောင်ကျသောနေရာတွင် သေနတ်ဖြင့် ပစ်ခဲ့၏။

လူလတ်ပိုင်းအရွယ် အမျိုးသား၏ အော်သံသည် အသတ်ခံ‌ရ‌တော့မည် ဖြစ်သော ဝက်တစ်ကောင်၏ အော်ဟစ်သံကဲ့သို့ လမ်းကြားထဲတွင် ပျံ့နှံ့နေ၏။ သို့သော် ဤနတ်ဆိုးများ၏နေရာတွင် သူ့ကို စာနာမည့်သူမရှိပေ။

“ဆက်ပြေး..”

ချူးဝမ့်၏ မျက်လုံးများသည် အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ ပြုံးနေကာ မသိမသာ ကျဉ်းမြောင်းသွားသည်။

ဒေါက်တာရုံးခန်းမှ ထွက်လာချိန်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ထူးထူးခြားခြား အပြုအမူများ ပြုလုပ်ကာ သူ့လက်ထဲတွင် ဖုံးကွယ်ထားသည့် အရာတစ်ခုဖြင့် လူအုပ်ထဲသို့ ဝင်ရောနေသည်ကို တွေ့လိုက်ရ၏။ နှလုံးခုန်သံတွေ မြန်သွားကာ သူတို့ ဆရာဝန်ဆီ ပြေးသွားကြသည်။

ယွီဇီရှုသာ ခြေတစ်လှမ်း ပိုမမြန်ရင် ထန်ထန်ကို ဓားနှင့် ထိုးမိလိမ့်မည်။ ဤအတွေးကို တွေးမိသောအခါ ချူဝမ်၏ အမူအရာမှာ ကြောက်ခမန်းလိလိ အေးစက်လာ၏။

သူ့လက်ကို မြှောက်လိုက်ပြီး အနက်ရောင် သေနတ်သည် နှစ်ချက် ထပ်ပစ်လိုက်ကာ လူလတ်ပိုင်းအရွယ် အမျိုးသားရဲ့ ခြေထောက်မှာ သွေးထွက်သံယို အပေါက်တွေ ဖြစ်လာလေသည်။

“အား..”

လီရုံးကျွင့်သည်တုန်တုန်ယင်ယင် အော်လိုက်၏။ သူ၏ မျက်ဆံများသည် နာကျင်မှုကြောင့် ပိုကျယ်လာကာ သူ့ထဲသို့ နတ်ဆိုး နီးကပ်လာသည်ကို သူ ကြည့်မိလိုက်သည်။

နောက်ဆုံးတွင် သူငုတ်တုတ်ထိုင်ချလိုက်ပြီး အနက်ရောင်သေနတ်က သူ့လည်ပင်းကို ဖိထားသည်။ ချူးဝမ့်သည်အသံတိုးတိုးနှင့် မေးလာသည်

“ပြောစမ်း ဒေါက်တာထန်ကို တိုက်ခိုက်ဖို့ ဘယ်သူက အမိန့်ပေးတာလဲ။”

လီရုံးကျွင့်၏ နှုတ်ခမ်းများ တုန်တုန်ယင်ယင်နှင့်ကြောက်ရွံ့နေကာ သူ့ကိုယ်သူ ဒေါသ ထွက်သွားသည်။

အရေးပေါ်ထွက်ပေါက်၌ အန်ကျာကျင်းသည် စိုးရိမ်တကြီး သူ့ဖုန်းကို ထုတ်လိုက်သည်။ သူ့အဖေကို ဖုန်းခေါ်ချင်ပုံသော်လည်း မဆိုင်းမတွ ဖုန်းကိုပြန်ချလိုက်၏။

လီရုံးကျွင့်သည် ဤပရမ်းပတာအ‌ခြေအနေအတွင်းမှ လွတ်မြောက်ရမည် ဖြစ်ကြောင်း သူ့ကိုယ်သူ ပြောနေခဲ့သည်။ လီရုံးကျွင့်ကို သူခိုင်းသည် ဖြစ်ကြောင်း မည်သူမှ မသိနိုင်ပေ။

ဟုတ်တယ်…

လီရုံးကျွင့်၌ ဘာအထောက်အထားမှ မရှိပေ။ သူ့လူများက လီရုံးကျွင့်အား သတ်သွားသည်နှင့် ဤလျှို့ဝှက်ချက်သည် ထာဝရ လုံခြုံသွားလိမ့်မည်။

အန်ကျာကျင်း စိတ်သက်သာရာရသွားပြီး ထန်ထန်ကို ဓားမှ ကာကွယ်သည့်အတွက် ယွီဇီရှုအကြောင်း ညည်းညူတော့၏ယ

သူသည် ထိုယောကျ်ားများထံမှ ရွေးချယ်ခံရသူဖြစ်ရန် စိတ်ကူးယဉ်နေသော်လည်း သူ စိတ်ကူးယဉ်နေချိန်တွင် ချူးဝမ့်ထံမှ ဖုန်းတစ်‌ကောကြောင့် မိသားစုတစ်ခုသည် ပြိုပျက်သွားကြောင်း သူအနည်းငယ်မျှပင် မသိခဲ့ပေ။

အန်၏ဖခင်သည် ရဲစခန်းသို့ ရာဇ၀တ်မှုများစွာဖြင့် လွှဲပြောင်းခံခဲ့ရ၏။

အခြေအနေသည် ဗရမ်းဗတာတွေ ဖြစ်နေသောကြောင့် အန်ကျာကျင်းသည် အိမ်ပြန်ရန် ဆုံးဖြတ်လိုက်သည်။

သူသည် ဆေးရုံအဝင်ပေါက်ဆီသို့ လျှောက်သွားကာ နောက်ထပ် အန္တရာယ်ရှိသော အစီအစဉ်ကို ကြံစည်နေသည်။ မြေခွေးဆိုးကြီးထံမှ အမျိုးသား သုံးယောက်ကို ကယ်တင်ခြင်းအကြောင်း ရေရွတ်ရင်း သူ့နောက်ကွယ်မှ သူတော်စင်ရောင်ခြည်သည် လက်ဖက်စိမ်းတအားဆန်ကာ ကမ္ဘာကြီးကိုပါ အလင်းပေးနိုင်သည့်ပုံပင်။

“ဟက်…. သူတော်တော်ကံကောင်းတယ်၊ ဒါပေမယ့် ကိစ္စမရှိပါဘူး။ အဲ့မြေခွေးက သူနဲ့ ထိုက်တန်တဲ့ ကလဲ့စားချေမှုကို ရအောင် သေချာလုပ်ပစ်မယ်”

အန်းကျာကျင်း ဆေးရုံက ထွက်လာပြီး ဒေါသတကြီး စကားတွေ မပြီးပြတ်သေးခင်မှာတင် လူတစ်ယောက်သည် သူ့အနားကို ကပ်လာကာ ဆာလဖျူရစ်အက်ဆစ်ပုလင်းဖြင့် ရုတ်တရက် ပက်လိုက်သည်။

“အာ:!!!”

အန်ကျာကျင်းသည် အော်ဟစ်ကာ မျက်နှာကို အုပ်လိုက်သည်။ အနီးနားရှိလူများသည် တုန်လှုပ်ခြောက်ခြားကာ ကူညီရန် ကြံရွယ်သော်လည်း အန်ကျာကျင်း၏ ကျယ်လောင်သော အော်သံကြောင့် ရပ်တန့်သွားခဲ့၏။

“အား… အရမ်းနာတယ်…ဘာလို့လဲ..ဘာလို့ ဘယ်သူမှမတားတာလဲ…မင်းတို့အားလုံးစာနာစိတ်မရှိကြဘူး..”

ပတ်ဝန်းကျင်က လူတွေ၏ မျက်နှာတွေသည် ချက်ချင်းကြီး ရုပ်ဆိုးသွားသည်။

ဒါက ဘာအဓိပ္ပာယ်လဲ?

ဆာလဖျူရစ်အက်ဆစ်ကနေ သူ့တို့ ခန္ဓာကိုယ်ကို သုံးကာ သူ့အား အကာအရံမပေးခြင်းအတွက် သူတို့ကို အပြစ်တင်နေတာလား?

မည်သူမဆို တွေးမိသွားသည်…
ဘာကြောင့်လုပ်ပေးရမှာလဲ?

ဒီလူက အရမ်းမာနကြီးပုံပေါ်ပြီး လူတိုင်းက သူ့မိဘတွေလို သူ့နောက်ကျောမှာ ကာ‌ကွယ်ပေးမယ်လို့ သူတကယ်ယုံကြည်နေခဲ့တယ်!

သူတို့၏ ဒေါသတွေကို ထိန်းပြီး အန်ကျာကျင်းကို ဆေးရုံကို ခေါ်ဖို့ ကြိုးစားကြလေသည်။

ထိုအချိန်တွင် ရဲယူနီဖောင်းဝတ်ထားသည့် လူနှစ်ယောက် ချဉ်းကပ်လာသည်။ အန်ကျာကျင်းသည် ခေါင်းငုံ့ကာ ငိုနေသောကြောင့် အသွင်အပြင်နှင့် အဝတ်အစားအပေါ်တွင်သာ စီရင်ဆုံးဖြတ်ခဲ့ကြ၏။ သူတို့သည်

“မစ္စတာအန်၊ မင်းက လူသတ်မှုနဲ့ သံသယရှိခံနေရတာ။ ကျေးဇူးပြုပြီး ငါတို့နဲ့လိုက်ခဲ့” ဟု ပြောလိုက်သည်။

အန်ကျာကျင်းသည် ဝေဒနာကို ခံစားနေရပြီး လုံးလုံး စိတ်လွတ်သွားသည်။ သူ၏ စူးရှသည့် အသံဖြင့် အော်ဟစ်လာ၏။

“ငါ မဟုတ်ဘူး!!! ငါ လီရုံးကျွင့်ကို မသိဘူး၊ ဒေါက်တာထန်ကို သတ်ဖို့ မတောင်းဆိုခဲ့ဘူး”

မိမိကိုယ်ကို ဖော်ထုတ်မိပြီးနောက် သူသည် ခါးသီးစွာ ကျိန်ဆဲလာသည်

“ထန်ထန်၊ ထန်ထန်၊ မင်း ကောင်းသော သေခြင်းနဲ့တောင် သေရမှာ မဟုတ်ဘူး အား…”

ဆေးရုံမှာ ဖြစ်ပျက်ခဲ့တာတွေကို မသိသော လူနာတွေသည် ရုတ်တရက် ဆွေးနွေးမှုတွေနဲ့ ဆူညံနေ၏။ အချို့သော သဲလွန်စမရှိသေးသည့် လူများသည် ၎င်းတို့၏ ပေါက်ပေါက်စုပ်ကိုပင် အမြန်ယူကာ ဤလူ ၏ မကောင်းသောအကျင့်များကို အခြားသူများကို ပြန်အတင်းတုတ်အတွက် အဆင်သင့်ဖြစ်နေသည်။

ချူးဝမ့်သည် လီရုံးကျွင့်နှင့် ဖြေရှင်းပြီး သူ့သေနတ်ကို အေးအေးဆေးဆေး သုတ်လိုက်၏။

သူ့လက်အောက်ငယ်သားထံမှ တစ်စုံတစ်ရာကို ကြားလိုက်ရမှသာလျှင် “အိုး” ဟု တုံ့ပြန်ခဲ့သည်။

“သူရူးသွားပြီလား?”

လက်အောက်ငယ်သားက အလျင်အမြန် ခေါင်းညိတ်သည်။ အန်းကျာကျင်း၏ အခြေအနေမှာ ပုံမှန်လို မဟုတ်ပဲ အမှန်တကယ်ပင် စိတ်လွတ်သွားနိုင်သည်။ သို့သော် ချူးဝမ့်သည် ဖြည်းညှင်းစွာ ရယ်လိုက်ပြီး

“ဟုတ်လား? ဒါပေမယ့် သူ ရူးသွားပြီလို့ မထင်ပါဘူး…”

လက်အောက်ငယ်သားများ နားလည်၏။ တတိယသခင်လေးက အန်ကျာကျင်းသည် အရူးမဟုတ်ဘူးလို့ ပြောရင် သူ မဟုတ်လို့ပင်။

သူထိုက်တန်တဲ့ ပြစ်ဒဏ်ကို ရင်ဆိုင်ရမှာဖြစ်ပြီး ထောင်ထဲမှာ သူ့အဖေနဲ့တွေ့ကာ လက်စားချေခြင်းကနေ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ချူးဝမ့်သည် သူ့သေနတ်ကို ကိုင်ဆောင်ကာ သူ့လက်အောက်ငယ်သား ပေးသည့် အင်္ကျီကိုယူရင်း သွေးများစွန်းထင်းနေသော ဖရိုဖရဲ အပျက်အစီးများပေါ်မှ ထွက်လာခဲ့သည်။

သူ့ကိုယ်သူ သူတော်စင်မဟုတ်ဟု ထင်မြင်ယူဆလျက် ဤပုရွက်ဆိတ်နှစ်ကောင်သည် သေရန် စိတ်အားထက်သန်နေလျှင် အဘယ့်ကြောင့် သူတို့တို့၏ဆန္ဒကို မဖြည့်ဆည်းပေးနိုင်ရမည်နည်း။

သူတို့စိုက်ထားသည့် အရာကိုသာ ရိတ်သိမ်းရမည်!

ထန်ထန်၏မျက်နှာသည် ဖြူဖျော့သွားကာ ကျောက်တုံးကဲ့သို့ စင်္ကြံတွင်ရပ်ကာ ခွဲစိတ်ခန်း၏သတိပေးအလင်းရောင်ကို စိုက်ကြည့်နေ၏။ ဒီတစ်ခါတော့ သူက ပင်မခွဲစိတ်ဆရာဝန်တော့ မဟုတ်ပါ‌ပေ။

ခွဲစိတ်ခန်းထဲဝင်ခါနီးတွင် သူ့လက်တွေသည် သွေးတွေ စွန်းထင်းနေကာ တုန်ရီနေပြီး ခွဲစိတ်မှုပင် မပြုလုပ်နိုင်တော့ချေ။

ဗင်းဆင့်သည် သူ့အပေါ်ကို ကုတ်အင်္ကျီတစ်ထည်ကို လွှမ်းခြုံပေးပြီး တင်းတင်းကျပ်ကျပ်ဆုပ်ထားသော လက်များကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ သူ၏ ကြမ်းတမ်းသော လက်ချောင်းထိပ်များက ဆရာဝန်၏ လက်ဖဝါးစွန်းရှိ လခြမ်းပုံသဏ္ဍာန် အမာရွတ်ကို ပွတ်သပ်ကာ သက်ပြင်းချလိုက်၏။ သူသည် လူတစ်ကိုယ်လုံးကို ပွေ့ဖက်ကာ ကျောကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

“မကြောက်ပါနဲ့၊ အားလုံးအဆင်ပြေသွားမှာပါ”

ထန်ထန်သည် သူ့နဖူးကို ယောက်ျား၏ပခုံးပေါ်သို့ မှီလိုက်၏။

ခဏကြာတော့ သူသည် မေးလာသည်။

“မင်းတို့ ငါ့ကို ဘာလို့ ကြိုက်တာလဲ”

သူ့အသံမှာ အလွန်နိမ့်ကျနေပြီး လီယုံးကျွင့် သူ့ကို ဓားဖြင့် ထိုးရန် လာချိန်တွင် သူတို့သုံးယောက်၏ မျက်လုံးများတွင် မြင်လိုက်ရသော ထိတ်လန့်ကြောက်ရွံ့မှုများကို မေ့လျော့သွားခြင်းမရှိပေ။

“မင်းတို့ အသက်တွေကို တန်ဖိုးမထားဘူးလား”

ဗင်းဆင့်သည် စကားတစ်ခွန်းမှ ပြန်အပြောဘဲ ကြည်ပြာရောင်မျက်လုံးများဖြင့် ခေါင်းငုံ့ကာ ဆရာဝန်၏ အနက်ရောင်ဆံပင်ကို ညင်သာစွာ နမ်းလိုက်သည်။

ချူးဝမ့်သည် အစားအသာ ဝယ်ပြီးပြန်လာ‌လေ၏။ ခွဲစိတ်မှုသည် မပြီးသေးချေ ။ ဓားသည် ယွီဇီရှု၏ နောက်ကျောကို ထိုးဖောက်ဝင်ရောက်ခဲ့သော်လည်း လီယုံးကျွင့်၏ ပထမဆုံး လူသတ်ရန် ကြိုးပမ်းမှု ဖြသ်သောကြောင့် သူ့လက်သည် မတည်ငြိမ်ပေ။

ဓားရာ အရွယ်အစားကိုကြည့်ရသည်မှာ နှလုံးထဲမရောက်သေးသော်လည်း ခွဲစိတ်မှုမပြီးသေးချေ။

ထန်ထန်သည် တစ်နေကုန် အလုပ်များနေပြီး အစားအနည်းငယ်သာစား၏။ ဒေါက်တာ အဆင်မပြေဖြစ်သည်အား မတွေ့ချင်သောကြောင့် ဗိုက်ကို သက်သာစေရန် ယာဂုတစ်ပန်းကန် ယူလာပေးလေသည်။

ထန်ထန်က သူ့စွမ်းအင်ကို ပြန်ဖြည့်လိုက်၏။ ခွဲစိတ်မှုပြီးလျှင် ဤထူးခြားသည့်လူနာကိုသူ ပြုစုစောင့်ရှောက်ရမည်။ ချက်ချင်းထမင်းစားပြီးသည်နှင့် အခြေအနေကိုကြည့်ဖို့ ပြန်လာခဲ့သည်။

ချူးဝမ့်နှင့် ဗင်းဆင့်တို့သည် စကားများစွာ မပြောဘဲ တိတ်တဆိတ် လိုက်ပါသွားကြ၏။ နာရီပေါင်းများစွာ ကြာပြီးနောက်၊ ခွဲစိတ်ခန်း၏ အချက်ပြမီးသည် နောက်ဆုံးတွင် တုန်လှုပ်ချောက်ချားစွာဖြင့် ပိတ်သွားသည်။

ရုတ်တရက်ထရပ်ကာ တည်ငြိမ်စွာမေးလိုက်သည်။

“သူ ဘယ်လိုလဲ?”

လုပ်ဖော်ကိုင်ဖက်တစ်ဦးသည် mask ချွတ်ကာ ပြောလာသည်။

“ခွဲစိတ်မှု အောင်မြင်တယ်။ ဓားက နှလုံးမဖောက်ဘူး။ သွေးကောင်းကောင်းပြန်သွင်းဖို့ ဆေးရုံမှာ အချိန်အတော်ကြာနေရမယ်။ ငယ်သေးတော့ ပြန်ကောင်းလာမှာပါ၊ ဂရုစိုက်၊ဒဏ်ရာက သက်သာလာတဲ့အခါ နေကောင်းလာလိမ့်မယ်။”

ထန်ထန်သည် သက်ပြင်းချလိုက်ပြီး လေးလံသောစိတ်ထဲမှ အလုံးကြီးသည် ကျသွားလေ၏။

“ကျေးဇူးတင်ပါတယ်”

….

ICU ခန်းတွင်၊ ပစ္စည်းများသည် ငြီးငွေ့ဖွယ်အသံကို ချန်လှပ်ထားသည်။ မျက်နှာ ဖြူဖျော့နေသော ကောင်ကလေးသည် သနားစရာကောင်းသော ရုပ်ပုံသဏ္ဍာန်ဖြင့် ဆေးရုံကုတင်ပေါ်တွင် အိပ်မောကျနေ၏။ သူ၏ ထုံးစံအတိုင်း ဆန်းကြယ်သော အသွင်အပြင်ကို ဖယ်ထုတ်ကာ နုနယ်နေပုံရသည်။

အထီးကျန်သောအသွင်အပြင်ဖြင့် ထန်ထန်သည် မျက်တောင်ရှည်ရှည်တွေနှင့် သူ့ကို ခဏလောက် စိုက်ကြည့်နေလေ၏.. ထို့နောက် သက်ပြင်းချကာ သူထရပ်ပြီး ထွက်သွားလေတော့သည်။

Arc-8 Chapter-15 End

Gangs*xလုပ်ရန် ဇာတ်လိုက်ကုန်းများကို ခိုးယူခြင်း

Gangs*xလုပ်ရန် ဇာတ်လိုက်ကုန်းများကို ခိုးယူခြင်း

Status: Ongoing Type: Author:
Description ရုပ်ရှင်သရုပ်ဆောင်ဆုကို ရရှိသွားသူ ထန်ထန်သည် အဓိကဇာတ်လိုက်Shouအား ဗဟိုပြုကာ လည်ပတ်လို့နေသည့် စာအုပ်ထဲမှ အမြောင်စာဇာတ်ကောင်လေးတစ်ခုမျှသာ ဖြစ်သည်။ ထိုစာအုပ်ထဲရှိ သူ့၏ အဆုံးသတ်မှာ အများက ဝိုင်းချစ်မြတ်နိုးကြသော အဓိကဇာတ်လိုက်Shouထံမှ နင်းချေခံရကာ ပျက်စီးသွားဖို့သာ ဖြစ်လေသည်။ သို့သော်ငြား နောက်ပိုင်းတွင် ဇာတ်ကြောင်းကြီးတစ်ခုလုံး ပြိုကျသွားသည့်အခါ....... ဝိညာဉ်ကူးပြောင်းသွားပြီးနောက် သရုပ်ဆောင်ဆုရှင် ထန်ထန်သည် အပြင်ပိုင်းတွင် မလိုချင်သလို သရုပ်ဆောင်နေပါသော်ငြား စိတ်ထဲတွင်တော့ နောက်တစ်ချီ စဖို့ရန်ပင် အော်ဟစ်တောင်းဆို နေခြင်းဖြင့် ပျော်ရွှင်သော ဘ၀၌ စတင်ကာ နေထိုင်တော့သည်။ List of arcs [ အထက်တန်းကျောင်း ] အပြစ်ကင်းသော ကျောင်းသားလေး : 1vs3 [ ရှုးဂါး ဒယ်ဒီ ] အဓိကဇာတ်ကောင်Shou၏ ရှက်တတ်ကာ မသန်စွမ်းဖြစ်နေသော ညီငယ်လေး : 1vs2 ( မင်းက ငါ့ကို မသန်စွမ်းအောင် လုပ်ရင်၊ ငါကလည်း မင်းရဲ့ gongတွေအားလုံးကို မြူဆွယ်ပစ်မယ် ) [ ရှေးခေတ်တရုတ် ] ‌မင်းပြည်ထောင်ကျဆုံးပြီးနောက် ချူချာလှပါသော အမတ်မင်းလေး : 1vs3 ( အကျဉ်းသားဘ၀ ) [ ကမ္ဘာပျက်ကပ် ] Big bossကြီး၏ အထူးသီးသန့် ကုသသူလေး : 1vs3 ( သနားစရာကောင်ငယ်လေးဟာ လူကောင်းတွေနဲ့ နောက်ဆုံးသော တွေ့ရပြီဟု ထင်ခဲ့မိသော်ငြား Big bossကြီးထံမှ နေ့တိုင်း မြေဩဇာ ကျွေးခံနေရသောအခါ ) [ အိုမီဂါဗာ့စ် ] လေးစားရပါသော ဗိုလ်ချုပ်ကြီး : 1vs3 [ အနုပညာ အသိုင်းအဝိုင်း ] ကျော်ကြားသူများ၏ နူးညံ့သိမ်မွေ့သော မန်နေဂျာလေး : 1vs3 ( ချမ်းသာတဲ့ အသိုင်းအဝိုင်းက လာတဲ့ ကောင်လေးတွေ အဖွဲ့ကို ဦးဆောင်ရတာ လွယ်မနေဘူး ) [ ရိုကိုင်းဘ၀ ] တုန်ယင်နေသော ယုန်ကလေး ရိုကိုင်း : 1vs3 ( ကြီး....ကြီးမြတ်လှသော ဝံပုလွေကြီး၊ ကျွန်တော့်ကို မစားပစ်လို့ ရမလားဟင် ) [ မာဖီးယား ] အသောက်အစား ရှောင်ကြဉ်သူ ဆရာ၀န်လေး : 1vs3 ( ငါ နတ်ဆိုးတစ်ကောင်ကို ကယ်ခဲ့မိပြီ ) [ အလုပ်ခွင် ] ဥက္ကဠ၏ လက်ထောက်ခေါင်းဆောင်လေး : 1vs3 ( ကျွမ်းကျင်သော လက်ထောက်လေး။ တစ်ခုခု လုပ်စရာရှိရင် လက်ထောက်ကို လုပ်ခိုင်းလိုက်။ ဘာမှမရှိရင်တော့ လက်ထောက်ကို လုပ်လိုက် ) [ အထက်တန်းကျောင်း ] လှပနုပျိုသော ကျောင်းဆရာလေး : 1vs3 ( ဒီမှာ ကျောင်းသား၊ မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ? ) [ အထက်တန်းစား မိသားစု ] အော်တစ်ဇင် ရောဂါရှိသော မွေးစားသားလေး : 1vs3 ( ငါက ဒယ်ဒီရဲ့ အဖိုးတန်လေးလေ ) [ သမ္မတနိုင်ငံခေတ် ] မထင်မရှားနှင့် သူရဲဘောကြောင်တတ်သော လူကြီးလူကောင်းလေး : 1vs3 ( စစ်ပွဲအရှင်အား ညစာစားပွဲတွင် တွေ့ဆုံမိခြင်း ) [ မြို့ပြနေ ဘ၀ ] တတ်ကြွကာ ယောကျာ်းဆန်သော လူကြီးမင်း : 1vs2 ( နိုင်ထက်စီးနင်းလုပ်တတ်သော မိသားစုမှ တူဆိုးလေး ) [ အနုပညာ အသိုင်းအဝိုင်း ] အသိုင်းဝိုင်းထဲသို့ စတင်၀င်ရောက်လာသည့် ရေသူ မျက်နှာသစ်လေး : 1vs3 ( ဆုရသရုပ်ဆောင်၊ ဒါရိုက်တာနှင့် စီးအီးအို၊ ကလေး‌မွေးဖွားခြင်း ပါ၀င်သော်ငြား inters*x မဟုတ်ပါ ) [ မလုပ်အပ်သော ကိစ္စများ ] အဓိက ဇာတ်လိုက်shou၏ မျက်မမြင် ခင်ပွန်းသည်လေး : 1vs1 ( မင်းဒယ်ဒီက မင်းနဲ့ ကြိုက်နေတယ်လို့ ငါကြားမိတယ်။ ပြောရမှာတော့ အားနာပါရဲ့၊ မင်းဒယ်ဒီက ငါ့ကို စောက်ရမ်းကို အရူးအမူး ချစ်နေတာလေ ) [ Live လွှင့်ခြင်း ] နူးညံ့သော ခရူတီလေး : 1vs2 ( မင်း အိပ်ပျော်သွားအောင် ချော့သိပ်ဖို့ ငါ့ကို လိုလားဟင်? ) [ လူဆိုးဂိုဏ်း ခေါင်းဆောင် ] ရက်စက်ယုတ်မာသော လူဆိုးခေါင်းဆောင်လေး : 1vs3 ( အို့၊ ချစ်ရပါသော ဘုန်းတော်ကြီးက ကျွန်တော်မျိုးကို လမ်းညွှန်ပြုပြင်ပေးဖို့ လာခဲ့တာပါလား? ) [ ရှေးခေတ် အထက်တန်းလွှာ မိသားစု ] အလို‌လိုက်ခံ‌ရသော သခင်ငယ်လေး : 1vs2 ( မြင့်မြတ် သန့်စင်တဲ့ သခင်လေးက သူ့ရဲ့ နတ်ဆိူ အစေခံတွေဆီကနေ ဝိုင်းပြီး အနမ်းခံ၊ အဖက်ခံလိုက်ရတယ် ) [ တက္ကသိုလ် နယ်မြေ ] ဘတ်စ်ကတ်ဘောအဖွဲ့ခေါင်းဆောင် အဖြောင့်ကောင်လေး : 1vs3 ( လီးပဲ! ငါနဲ့ တူတူကြီးလာတဲ့ ငါ့ ငယ်သူငယ်ချင်းကြီးက ငါနဲ့ ပတ်သတ်ပြီး ထူးထူးဆန်းဆန်း ရည်ရွယ်ချက်တွေ ရှိနေတာများလား? ) [ စိတ်ဝိဉာဉ် ] သရဲတွေကို အယုံအကြည်မရှိ၊ ဒေါသထွက်လွယ်သော စီးအီးအိုလေး : 1vs3 ( သရဲ? ဘယ်လိုတောင် အဓိပ္ပာယ် မရှိတာလဲ? သရဲဆိုတာ ဒီကမ္ဘာပေါ်မှာ မရှိဘူးကွ! ) [ အနောက်တိုင်း ] ဗန်ပိုင်းယား မင်းသားလေး : 1vs3 ( ဟင်း။ မင်းအနံ့က အရမ်းကောင်းတာပဲ။ ငါ တစ်ကိုက်လောက် ကိုက်လို့ ရမလားဟင်? သေးသေးလေးပါပဲ ) [ နန်းတွင်း တရားခုန်ရုံး ] သိမ်မွေ့သော အမတ်မင်းလေး : 1vs1 ( အရှင်မင်းမြတ် ခင်ဗျား၊ ကျွန်တော်မျိုး ဒီကို ရောက်နေရခြင်းမှာ ခြောက်သွယ်သော အနုပညာအကြောင်းအား သင်ကြားရန်သာ ဖြစ်ပါတယ်။ အဘယ်ကြောင့်များ အရှင်မင်းမြတ်ကို.....လိင်ကိစ္စရေးရာအကြောင်းကို သင်ပေးရဲပါမလဲ? ) [ အကျဉ်းထောင် ] အေးတိအေးစက်ဖြင့် ကျက်သရေရှိလှသော အကျဉ်းထောင်မှူးလေး : 1vs3 ( သိမ်းငှက်တစ်စုနှင့် ‌ကြောင်မည်း‌‌လေးတို့ကြားရှိ အချစ်၀တ္ထုလေး တစ်ပုဒ် ) [ ကျင့်ကြံရေး ] အမူအယာမဲ့သော ဆရာသခင် : 1vs3 ( ထွက်သွားချင်တယ်တဲ့လား၊ ဘယ်လိုတောင် ရဲတင်းနေတာလဲ? )   ===== Arc 24ခု ရှိပြီး အပိုင်းပေါင်း 427 ပိုင်းရှိပါတယ်။    

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset