Little Creampie:
Arc-9 Chapter-1
[အစားထိုးခံဇာတ်ကောင် ပြောင်းလဲခြင်း-ထန်ထန် သည် Slundt University မှ စီးပွားရေး သုတေသနနှင့် စီမံခန့်ခွဲရေးဆိုင်ရာ မဟာဘွဲ့ဖြင့် ဘွဲ့ရရှိထားသူဖြစ်သည်။ ကျောင်းတက်နေစဉ်အတွင်း ဥက္ကဌ၏ လက်ထောက်အဖြစ် ဆောင်ရွက်ခဲ့သည်။ ဘွဲ့ရပြီးနောက် နိုင်ငံခြားအဆင့်မြင့်လုပ်ငန်းအများအပြားထံမှ ဖိတ်ကြားချက်များရရှိခဲ့သော်လည်း မွေးစားဖခင်၏တာဝန်များကိုထမ်းဆောင်ရန် သူ့မွေးရပ်မြေသို့ ပြန်သွားရန် ဆုံးဖြတ်ခဲ့၏။]
နွေရာသီအစောပိုင်း၌ နံနက်ခင်းအချိန်များတွင် လူအုပ်နှင့်ယာဉ်များ တဟုန်ထိုး စည်ကားနေချိန်တွင် ရွမ်လီထုံသည် မြေအောက်ရထားပေါ်မှ ထွက်လာကာ သက်ပြင်းချ လိုက်လေသည်။
မြေအောက်ရထားဘူတာရုံမှ ထွက်လာပြီးနောက် ရှေ့တွင်ရှိသော ခေတ်မီလှသည့် အဆောက်အအုံကို မော့ကြည့်ရင်း ပြင်းပြသော ရည်မှန်းချက် တစ်ခု ပေါ်လာ၏။ ဟော် ကော်ပိုရေးရှင်းသည် အများအားဖြင့် IT ဟုလူသိများသော သတင်းအချက်အလက်နည်းပညာများကို ကိုင်တွယ်ဆောင်ရွက်သည်။ Z မြို့တွင် ရှန်း Corporation ကသာ ၎င်းကို ယှဉ်ပြိုင်နိုင်လေသည်။ ဤအဖွဲ့အစည်းကြီး နှစ်ခုသည် စီးပွားရေးလောကတစ်ခုလုံးကို လှုပ်ခတ်သွားစေနိုင်ပြီး ရည်မှန်းချက် ကြီးကြီးရှိသူတိုင်း အားကျရသည့် နေရာမျိုးပင်။
မဟာဘွဲ့နှင့် အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲ အောင်မြင်ပြီး ကျော်ကြားသော တက္ကသိုလ်တစ်ခုမှ ဘွဲ့ရတစ်ဦးဖြစ်သည့် ရွမ်လီထုံသည်လည်း ဟော်ကော်ပိုရေးရှင်းတွင် လက်ထောက်ရာထူးလျှောက်ထားရန် အခွင့်အရေးကို အရယူခဲ့သည်။
လက်ထောက်ဆိုသည်မှာ ရိုးရိုးလေးပဲဖြစ်နိုင်သော်လည်း “ဟော်” ဆိုသည့်နာမည်သည် သူ့အလုပ်အတွက် ဂုဏ်ယူဖွယ်ဖြစ်စေ၏။
ရွမ်လီတုံသည် သူ့အတွေးများကို အမြန်ပြန်စုစည်းကာ စောစောစီးစီးဝင်ရောက်လာသော အင်တာဗျူးဖြေမည့်သူအသစ်အများအပြားကိုလည်း သူသတိပြုမိသဖြင့် သူလည်း နောက်ထပ်မနှောင့်နှေးချင်တော့ပေ။
သူသည် ဟော်ကော်ပိုရေးရှင်း၏ တံခါးဝသို့ အမြန်ဝင်လိုက်သည်။ အသစ်ရောက်လာသူများသည် မြေအောက်ရထားကိုပင် စီးခဲ့ကြသည့်ပုံ မပေါ်ဘဲ လန်းဆန်းကာ တက်ကြွနေလေ၏။
ရွမ်လီတုံသည် သူ့နဖူးမှ ချွေးများကို သုတ်လိုက်ကာ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းများကို ကိုက်လိုက်သည်။
တခြားသူများအား အမီလိုက်ရန် လျင်မြန်စွာ သွားရင်း လန်းဆန်းစေရန် သန့်စင်ခန်းသို့ အရင်သွားရန် ရည်ရွယ်ခဲ့၏။ သို့သော် သူသည် တစ်စုံတစ်ဦးနှင့် မတော်တဆ တိုက်မိသွားလေသည်။
ရွမ်လီတုံသည် နာကျင်မှုကြောင့် ရှုံ့တွကာ တောင်းပန်လိုက်သည်။
“တောင်းပန်ပါတယ်…တောင်းပန်ပါတယ်ဗျ”
“ကျွန်တော် အဆင်ပြေပါတယ်။”
ရွမ်လီတုံ၏ တောင်းပန်မှုသည် ခေတ္တရပ်သွား၏။ ကောင်လေး၏ အနည်းငယ် ကြည်နူးစရာကောင်းသော လေသံကြောင့် ခေါင်းကို မော့ကြည့်ရင်း သူ့အား အကဲခတ်လိုက်သည်။
သူ တိုက်မိခဲ့သောလူသည် သေသေချာချာချုပ်ထားသော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ အရပ်ရှည်ရှည်နှင့် ထင်ရှားသော ခန္ဓာကိုယ်ရှိသူပင်။ မျက်နှာလှလှလေးနှင့် တကယ်ကို ကြည့်ရုံနှင့်ပင် သဘောကျချင်စရာဖြစ်သည်။
အရေးအကြီးဆုံးသည် သူ့ထံ၌ ဂုဏ်သိက္ခာရှိမှုနှင့် ပရော်ဖက်ရှင်နယ်ဆန်မှုတို့ကို သာမန်မျက်စိနှင့်ပင် မြင်နိုင်လေသည်။ ရွမ်လီထုံပင် မမှီနိုင်ပေ။
ရွမ်လီထုံသည် ထိုလူသွားသည့်လမ်းအား ကြည့်မိသည်။ ရုတ်တရက် စိတ်ထဲ၌ သံသယတစ်ခု ပေါ်လာလေသည်။
ဒီလူကလည်း အင်တာဗျူး ဖြေဖို့လာတာလား?!
သူ့လိုမျိုးတောင် အင်တာဗျူးလာဖြေရင် ငါတို့လိုလူတွေမှာ ဘာအလားအလာကျန်ဦးမှာလဲ?…”
စိတ်ထဲတွင် ကသိကအောင့်ဖြစ်နေသော ရွမ်လီထုံသည် အပြင်တွင်တော့ ရိုးသားသည့် အပြုံးလေးနှင့်မေးလိုက်သည်—
“မင်းရော အင်တာဗျူး ဖြေဖို့လာတာလား?”
ရွမ်လီထုံသည် မျက်နှာလေးကလည်း ကလေးဆန်ဆန်နှင့် ချစ်ဖို့ကောင်းလေသည်။ ကလေးဘဝကတည်းပင် သူသည် သူ၏အင်္ဂါရပ်တွေအကြောင်းကို သိပြီးသားဖြစ်သည်။ ထို့အပြင် အဲဒီအင်္ဂါရပ်တွေကို အချိန်အခါမှန်မှန်မှာ ကောင်းကောင်း အသုံးချတတ်သူလည်း ဖြစ်၏။
အဲဒီလူဟာလည်း လက်ပတ်နာရီကို တစ်ချက်ကြည့်ကာ အမြန်သွားဖို့ ဆုံးဖြတ်ထားသော်လည်း…ရွန်လီထုံရဲ့ မေးခွန်းကြောင့် ခဏရပ်ကာ ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။
“အင်း… ဟုတ်ပါတယ်”
သူ ထွက်သွားဖို့ ပြင်နေချိန်၌ပင် ရွမ်လီထုံ၏ လေသံမှ အတော်လေး ကသိကအောင့်ဖြစ်နေမှုကို ရုတ်တရပ်သတိထားမိသွားလေသည်။
“ဒါပေမဲ့… မင်းကိုကြည့်ရတာ အထင်ကြီးစရာပဲကို။ ဘာလို့ မင်းလိုလူက ဒီဘွဲ့တွေနဲ့ လက်ထောက်ရာထူးကို ဝင်ဖြေမှာလဲ”
သူ့အသံသည် မတည်ငြိမ်ခဲ့ချေ။
နောက်မှ လိုက်လာသော အင်တာဗျူးဝင်လာသူအသစ်တွေလည်း ကြားလိုက်သည်နှင့် အနည်းငယ်တွေးမိသွားကြ၏။
ဟော်Group၏ အလုပ်ခန့်မှုသည် တကယ်ကိုကောင်းပေသော်ငြား… ခန့်ထားနိုင်တဲ့နေရာသည် နည်းနည်းလေးပင်။
လူတစ်ယောက်တည်းကသာ ထူးခြားအောင်မြင်နေခဲ့ရင်… အခြားသူတွေသည် အလုပ်မရဘဲ ထွက်သွားရနိုင်သည်။
အဲဒီအချိန်၌ အဲ့ဒီလူသည် ခဏရပ်ကာ ရွမ်လီထုံးအား ပြန်ကြည့်လိုက်သည်။
သူ့မျက်လုံးများသည် တောက်ပလင်းလက်လာပြီး… တစ်ပါးသူ၏စိတ်ထဲအထိ ဝင်ကြည့်နိုင်သကဲ့သို့ ပြင်းပြမှုတစ်ခု ရှိနေလေ၏။ ရွမ်လီထုံသည် မသိမသာနှင့် မျက်နှာပျက်လာသည်။
သူသည် ဤကဲ့သို့ မျက်လုံးမျိုးကို သိသော်ငြားလည်း ဘယ်မှာတွေ့ဖူးသလဲဆိုသည်ကို မမှတ်မိခဲ့ချေ။
ထိုလူသည်က အေးအေးဆေးဆေး ပြောလာ၏။
“ဥက္ကဋ္ဌရဲ့ ကိုယ်ရေးကိုယ်တာလက်ထောက်ရာထူးအတွက် လာတာပါ။ ဒါကြောင့်… ကျွန်တော့်ကို…”
သူသည် သူ့နှင့် အတူရောက်လာသော အင်တာဗျူးဝင်သူတွေကို တစ်ချက်ကြည့်ကာ ပြောလာသည်—
“မေးစရာ ရှိသေးလား?”
အဲ့ဒီအချိန်၌ မနာလိုနေသော အင်တာဗျူးဖြေမည့်သူအသစ်များသည် ရှောင်ထွက်ကုန်ကြ၏။
ဒါဆိုရင် သူသာ အလုပ်တကယ်ခန့်ခံရရင် ဥက္ကဋ္ဌရဲ့အကူဆိုတော့ ငါတို့ထက် ရာထူးမြင့်တာပဲ!
ရွမ်လီထုံသည်လည်း တစ်ခဏ အေးခဲသွားကာ… သူ တစ်စုံတစ်ရာ ပြန်ပြောဖို့ ကြိုးစားနေချိန်မှာပဲ…
ထိုလူသည် သူ့အား စူးစိုက်ကြည့်ကာ… ထွက်သွားလေသည်။
အဲဒီအချိန်တွင် ကောင်တာ၌ ထိုင်နေသည့် ဝန်ထမ်းသည်လည်း ဖြစ်ရပ်တစ်ခုလုံးကို သတိထားမိနေပြီးသားပင်။
သူ့မျက်နှာသည် မသိသာသော်လည်း… သူမမျက်လုံးထဲတွင် လှောင်ရယ်လိုသော အရိပ်အယောင်များ ရှိလေသည်။
ရွမ်လီထုံ ရှက်သွား၏။
သူ့ကိုယ်သူ အင်တာဗျူးအောင်မယ်များ ထင်နေလား မသိဘူး?
ဘာတွေ မာန်တက်နေတာလဲ?
တစ်ဖက်မှာတော့… ထိုလူသည် ဓာတ်လှေကားထဲသို့ ဝင်သွားကာ အဲ့ဒီလူသည် ရွမ်လီထုံ၏ ရှက်သွားသော မျက်နှာကို သတိရပြီး မသိမသာ ပျော်ရွှင်မှုတစ်ခု ပြန့်သွားခဲ့သည်။
ဓာတ်လှေကား တံခါးပိတ်သွားချိန်၌… အဲ့ဒီလူ၏ ချောမွေ့သိမ်မွေ့တဲ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာ၏။
အဲ့ဒီလူသည်… ထန်ထန်ပင် ဖြစ်သည်။
ဤဖြစ်ရပ်သည် မူလဇာတ်ကြောင်းထဲက ဇာတ်ဝင်ခန်းတစ်ခုပင်ဖြစ်သည်။
ကွာခြားချက်ကတော့… အချိန် ပြောင်းသွားခြင်းသာဖြစ်၏။
ရွမ်လီထုံနှင့် ထန်ထန်နှစ်ယောက်လုံးသည် ကြယ်စင်မိဘမဲ့ဂေဟာ၌ အတူကြီးပြင်းလာကြသူများဖြစ်သည်။သူတို့နှစ်ယောက်သည်လည်း အဲ့အချိန်၌ ကောင်းမွန်သော ဆက်ဆံရေးရှိကြ၏။
တစ်ယောက်သည် ဝင်ငွေနည်းသောလင်မယားထံမှ မွေးစားခံရကာ အခြားတစ်ယောက်သည် ချမ်းသာကြွယ်ဝပြီး ကြီးမားသောမိသားစု၏ ဆက်ခံသူအဖြစ် မွေးစားခံရသည်။
မူလဇာတ်လမ်းထဲ၌…
အသက်ငယ်စဉ်ကပင် ရွမ်လီထုံသည် အရုပ်ကလေး ကဲ့သို့ပင် ချစ်စရာကောင်းကာ အမျိုးသမီးတွေ၏ ချစ်ခြင်းကို ရရှိခဲ့သည်။ မိဘမဲ့ဂေဟာမှ ဆရာမတွေ၏ ကြင်နာမှုကိုလည်း ရရှိခဲ့၏။
ပိုက်ဆံရဲ့အကျိုးကျေးဇူးကို ချက်ချင်းနားလည်နိုင်တဲ့ ဉာဏ်ရှိသူဖြစ်သဖြင့်၊ ချမ်းသာတဲ့မိသားစုမှာ မွေးစားခံဖို့ အစွမ်းကုန်ကြိုးစားခဲ့ကာ မင်းသားလေးလို နေချင်သူတစ်ယောက်ပင်။
သို့သော်… အသက် ငါးနှစ်ကျော်လာသောအခါ သူ့မှာ မှတ်မိနိုင်စွမ်းရှိလာသည်။
ပုံပန်းသဏ္ဍာန်ကောင်းကောင်းမွန်မွန်ပြုမူတတ်ပေမယ့်…
ထိုအရွယ်အတွင်း မွေးစားဖို့ မလွယ်တော့သောကြောင့် ဘယ်သူမှ သူ့ကို မရွေးချယ်ချင်တော့ပေ။
အရွယ်ရလာတဲ့ကလေးတွေဟာ တစ်နေ့မှာ မိဘအစစ်တွေကို ရှာဖို့ကြိုးစားကြတတ်သည် ဆိုသော ကြောက်ရွံ့မှုကြောင့်ပင်။
သူတို့သည် သားသမီးအဖြစ် မွေးစားပေးခဲ့ကြသည်ဆိုရင်တောင်… တစ်နေ့မှာ သူတို့ဆီက ထွက်သွားမယ်ဆိုသော စိတ်ပူစရာတွေရှိလေ၏။
ဒီလိုနှင့်ပင်… အသက်ပိုရလာသော ရွမ်လီထုံသည်… မိဘမဲ့ဂေဟာမှာ တစ်နှစ်ပြီးတစ်နှစ် တဖြည်းဖြည်းကြာလာခဲ့သည်။
နောက်ဆုံးတွင် တစ်နေ့၌ သက်လတ်ပိုင်း အရွယ်လူကြီးတစ်ယောက် ဇိမ်ခံကားကြီးထဲမှ ဆင်းလာသည်ကိုတွေ့ခဲ့၏။
သူ့တွင် ဆံပင်ဖြူများရောနေကာ မျက်နှာသည် တင်းတင်းမာမာနှင့်… TV ဇာတ်လမ်းထဲက ချမ်းသာတဲ့အဖိုးကြီးတွေအတိုင်းပင် ဖြစ်နေသည်။
အဲ့ဒီလူသည် သူ့ကို မရွေးချယ်ဘဲ… ဂေဟာမှအသက်အကြီးဆုံးဖြစ်ကာ စကားအနည်းဆုံးနှင့် အေးအေးဆေးဆေးနေတတ်သောကလေးတစ်ယောက်ကိုသာ ရွေးချယ်ခဲ့၏။
ထန်ထန်၏ မျက်လုံးထဲ၌ တစ်စုံတစ်ရာ တောက်ပလာသည်။ ရွန်လီထုံဆီမှ “သူက ငါ့ဘဝကို လုယူသွားတာပဲ”ဆိုတဲ့ မနာလိုစိတ်ကို သူခံစားမိကာ ကြည်နူးနေမိသည်။
မူလဇာတ်အိမ်၌ တစ်လအကြာမှ မူလခန္ဓာကိုယ်က ပြန်လာဖို့ရှိ၏။
ထိုအချိန်၌ ရွန်လီထုံသည် လက်ထောက် တစ်ယောက်ဖြစ်နေပြီးသားဖြစ်သည်။
အင်တာဗျူးဝင်မယ့်နေ့၌ နောက်ကျနေသော ရွမ်လီထုံနှင့် မတော်တဆ တိုက်မိခဲ့သည်။
မူလဇာတ်ကြောင်းထဲတွင် မူလခန္ဓာကိုယ်သည် သူ့မျက်နှာကိုအံ့သြစွာ ကြည့်ခဲ့ပြီး၊ရွမ်လီထုံသည်လည်း သူ့မျက်နှာကို သိသကဲ့သို့ ဖြစ်နေခဲ့၏။
အိမ်ပြန်ရောက်တဲ့အခါမှာတော့ မိဘမဲ့ဂေဟာက ကလေးတွေ၏အဖွဲ့ပုံထဲ၌ သူ့ရဲ့အမည်ကိုတွေ့ခဲ့သည်။
အဲ့ဒီနေ့၌ပင် မူလခန္ဓာကိုယ်သည် အင်တာဗျူးအောင်ကာ ဉက္ကဌ၏ လက်ထောက်ဖြစ်လာလေ၏။
အခြားတစ်ဖက်မှာ… ရွမ်လီထုံသည် ရုံးဝင်ရန် စမ်းသပ်ကာလတောင်မပြီးသေးသော အလုပ်သင်ပဲဖြစ်နေခဲ့သည်။
သူတို့နှစ်ယောက်သည် မိဘမဲ့ဂေဟာ တစ်ခုတည်းမှ လာသော်လည်း… ဘဝခရီးသည် ဆန့်ကျင်ဘက်အဆုံးတွင် ရောက်နေကြသည်။
ရွမ်လီထုံသည် ပုံတစ်ပုံကိုတင်းတင်းဆုပ်ကိုင်ထားကာ… မနာလိုမှုနှင့်အတူ စိတ်ထဲ၌ မငြိမ်မသက်ဖြစ်နေခဲ့၏။
နောက်တစ်နေ့၌ သူနှင့် မူလကိုယ် တရားဝင်ပြန်တွေ့မိကြသည်…
….
အဲ့ဒီအချိန်၌ ကုမ္ပဏီအတွက် စီးပွားရေးဆိုင်ရာစီမံမှုများသည် အလွန်အလုပ်များနေသည်။ ဥက္ကဋ္ဌသည်လည်း နိုင်ငံခြားသို့ လုပ်ငန်းခရီးထွက်ရန် ရှိသေးသဖြင့် ပြန်သွားရလေ၏။
မူလကိုယ်သည် အင်တာဗျူးကို အဆင်ပြေစွာဖြတ်သန်းပြီးနောက် လက်ထောက်အကူဌာန၏အာဏာကို ထိန်းချုပ်လာနိုင်ခဲ့သည်။
ရွမ်လီထုံသည် မူလကဲ့သို့ပင် သဘောကောင်းသူတစ်ယောက်ကဲ့သို့ အသွင်ဆောင်ကာ သူ့နားကပ်နေလေ၏။
မူလကိုယ်သည်လည်း မိဘမဲ့ဂေဟာမှ အမှတ်တရတွေနှင့် သံယောဇဉ်ရှိသေးသဖြင့် သူ့အား သတိ သိပ်မထားမိချေ။
သို့သော် မည်သူ ထင်မည်နည်း!
သူ့ကို မွေးစားခဲ့တဲ့ဖခင်၏ကျေးဇူး မတုံ့ပြန်ရသေးခင်မှာပင်
မိဘမဲ့ဂေဟာမှ ညီအစ်ကို ကဲ့သို့ သူခံယူထားသူသည် သူ့အား လုပ်ကြံကာ အခြားကုမ္ပဏီသို့ စီးပွားရေးလျှို့ဝှက်ချက်များ ရောင်းလိုက်ခြင်းကြောင့်…ဟော်ကော်ပိုရေးရှင်းသည် အလွန်အရေးကြီးသော စီးပွားရေးအရှုံးကို ခံလိုက်ရသည်။
ဥက္ကဋ္ဌနှင့်အတူလုပ်ငန်းခရီးထွက်သွားခဲ့သော မွေးစားဖခင်သည် အသက် အတော်ကြီးနေပြီပင်။
အဲဒီကိစ္စ၏ အထောက်အထားတွေကို ကြားလိုက်ရချိန်၌ မခံနိုင်တော့ဘဲ နှလုံးရပ်ကာ နိုင်ငံခြားမှာပင် ကွယ်လွန်သွားခဲ့၏။
ဒီအရာအားလုံးကို မသိသေးသော မူလကိုယ်သည်… တရုတ်နိုင်ငံ၌ သက်သေအထောက်အထားရှာဖွေရင်းနဲ့… ရက်သုံးရက်တိတိ စားလည်းမစား၊ အိပ်လည်းမအိပ်ဖြစ်ခဲ့သည်။အဲဒီအချိန်၌ပင် ရွမ်လီထုံဆီမှ…
“သူ့ အဖေ နိုင်ငံခြားမှာ ဆုံးသွားပြီ” ဆိုသော သတင်းကြားလိုက်ရသောအခါ သူ့နှလုံးသားသည် ရပ်သွားသလို ဖြစ်ကာ အချိန်မီကုသမှုမရခဲ့သောကြောင့် ဘဝအဆုံးသတ်ခဲ့ရသည်။
…
“တင်း!”
ဓာတ်လှေကား တံခါးပွင့်လာလေသည်။
တန်ထန်သည် သူနှင့်သူ့အဖေအား ခြေချနင်းကာ နောက်ပိုင်း အောင်မြင်သွားသည့် ရွမ်လီထုံ၏ လုပ်ရပ်အား သတိရသွား၏။သူ စိတ်ပျက်စွာ သက်ပြင်းချလိုက်ရင်း
အင်တာဗျူးခန်းဘက်သို့ အေးအေးဆေးဆေး လျှောက်သွားလိုက်သည်။
မနက်ကဖြစ်ခဲ့သည့် ဖြစ်ရပ်ကြောင့် ထန်ထန်သည် အနည်းငယ် နောက်ကျသွားခဲ့သည်။ ပထမဆုံးထိုင်ခုံ၌မှာလည်း လူအတော်များများ ထိုင်နေကြပြီးသားပင်။
သူတို့ အားလုံးသည် ကောင်းမွန်သော ပညာရေးနောက်ခံရှိဟန်ပေါ်၏။
သူတို့သည် အချင်းချင်းလေးစားစွာနှုတ်ဆက်ကာ အင်တာဗျူးကို တိတ်တဆိတ်စောင့်နေကြသည်။
သူတို့အားလုံးက ပထမအကြိမ်အင်တာဗျူး ဖြေပြီးသားဖြစ်၏။ဤဒုတိယအကြိမ်၌…
“ဥက္ကဋ္ဌ ဘယ်သူ့ကို စိတ်ဝင်စားမလဲ” ဆိုသည်ကို မူတည်ပြီးသာဆုံးဖြတ်လိမ့်မည်။
အကြောင်းမှာ… ကိုယ်ရေးကိုယ်တာလက်ထောက်ဆိုသည်မှာ ဥက္ကဋ္ဌ ဘယ်သွားသွား အမြဲအတူရှိရမည့်သူ ဖြစ်သောကြောင့်ပင်။
ဟော်ကော်ပိုရေးရှင်း၏အပေါ်ဆုံးထပ်၌…
ဆံပင်ဖြူကာ အသက်ကြီးသော်လည်း အားအင်ပြည့်ဝနေဆဲဖြစ်သောသူတစ်ဦးက ဝန်ထမ်းနှစ်ယောက်အား တာဝန်များပေးအပ်နေ၏။
အလုပ်အကိုင်များပြီးစီးသွားပြီးနောက်… နားနေခန်းသို့သွားကာ ကော်ဖီတစ်ခွက် ပြင်ကာ ဥက္ကဋ္ဌ၏ အခန်းထဲသို့ ဝင်လာခဲ့သည်။
နေရောင်ခြည်သည် အခန်းထဲသို့ ကြီးမားသောဖန်သားပြတင်းပေါက်မှ ဝင်ရောက်လာကာ စာရွက်စာတမ်းများဖတ်နေသော လူ၏ မျက်နှာပေါ်သို့ နူးညံ့စွာ ဖြာကျနေ၏။
သူသည် အနက်ရောင်အင်္ကျီကို ဝတ်ဆင်ထားကာ… ခေါင်းငုံ့ရင်း စာရိုက်နေသည်။
ဆံပင်တချို့သည် နှဖူးပေါ်သို့ ကျဆင်းကာ ကျန်ဆံပင်များသည် အနောက်သို့ လှန်တင်ခြင်းခံထားရကာ ထူးခြားစွာ ကြည့်ကောင်းသော မျက်ခုံးများအား ပေါ်လွင်စေ၏။
စာရွက်စာတမ်းများကို သူသည် မျက်မှောင်ကြုတ်ရင်း ကြည့်လိုက်သည်။စာရွက်အား ယူလိုက်သော လက်ချောင်းများသည် ရှည်ကာ သန်မာပုံ ပေါ်၏။သူသည် တန်ဖိုးကြီးမည့်ပုံပေါ်သော နာရီလည်း ပတ်ထားလေသည်။
စာရွက်များအား ဖတ်ပြီးသည့်နောက် ရွှေရောင် ဘောပင်တစ်ချောင်းနှင့် တည်တည်ငြိမ်ငြိမ်ပင် လက်မှတ်ရေးထိုးကာ ထိုစာရွက်ကို တစ်ဖက်သို့ထားရင်း နှာတံအား လက်နှင့် ဖိလိုက်၏။
ထန်ကျုံးက black coffeeခွက်ကို စားပွဲပေါ်တင်ပေးခဲ့သည်။ သူသည် နှာတံအား ဖိထားရာမှ ကော်ဖီခွက်ကို ယူကာ အနည်းငယ် သောက်လိုက်၏။
ထန်ကျုံးသည် သူ့အဖေ၏ ယုံကြည်ရသောလူဖြစ်ကာ ဟော်ကော်ပိုရေးရှင်းတွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူပင်။ သူသည် အသက်ကြီးလာသည်နှင့်အမျှ အနားယူကာ ဘဝအား ပျော်ပျော်ရွှင်ရွှင်နေရမည့်အစား သူ့အနားတွင်ပင် ကပ်နေလေသည်။
“အန်ကယ်ထန် ကျွန်တော် မှတ်မိသလောက်ဆို အန်ကယ် ကလေးတစ်ယောက်မွေးစားထားတယ်မလား”
သူ၏ အသံသည် ဆွဲဆောင်မှုအပြည့်ရှိကာ ကြားလိုက်ရသူတိုင်း၏ နားတွင် နားဝင်ချိုလှလေသည်။
သူ ပြုံးရင်း ပြန်ဖြေလိုက်၏။
“အဲ့ဒီကလေးက ထန်ထန်ပါ သိမ်မွေ့ပြီး ရိုးသားတဲ့ ကလေးလေးပါ”
သူဆက်ပြောလေသည်။
“သခင်လေး ကျွန်တော်က အသက်ကြီးလာပြီမို့ လူငယ်တွေနဲ့ အမီ မလိုက်နိုင်တော့ဘူး အဲ့ကလေးက ကျွန်တော့် အစားထိုးအဖြစ် သတ်မှတ်ထားတဲ့ကလေးပါ”
ထန်ကျုံးသည် သူ့လုပ်ရပ်များအတွက် နောင်တ မရှိပေ။ သူသည် အတိတ်တုန်းက ကဲ့သို့ပင် ဟော်ထင်ချန်အတွက် ကူညီပေးချင်ရုံသာဖြစ်၏။
ထန်ကျုံးသည် နူးညံ့သိမ်မွေ့သော သူ မဟုတ်ပေ။ သူ ကောင်းသည် ဟု ပြောလျှင် ထန်ထန် ဟူသောမွေးစားသားလေးသည် တကယ် အရည်အချင်းရှိလို့ပင်။ ဤကဲ့သို့သော စကားလုံးများသည် အခြားသခင်များနှင့် ဝန်ထမ်းကြားတွင် သံသယဖြစ်စေနိုင်ပြီး၊ ဤအကူသည် သူ့ပတ်ဝန်းကျင်ရှိလူများကို ကြားဝင်စွက်ဖက်လိုခြင်းဖြစ်နိုင်သည်ဟု တွေးထင်မိစေနိုင်သည်။
သို့သော် ဟော်ထင်ချန်သည် မထင်ခဲ့ချေ။ ထန်ကျုံး၏ စိတ်နေသဘောထားသည် သူ့နာမည်ကဲ့သို့ပင် သန့်စင်ရိုးသားနေကာ ဟော်ထင်ချန်သည် ၎င်းကို အသိဆုံးပင်။
သို့သော် ထန်ကျုံးကြောင့်ပင် ဟော်ထင်ချန်၏ မွေးစားသားလေးကို သက်တောင့်သက်သာဘဝနဲ့ နေထိုင်ခွင့်ပေးမယ့် အစီအစဉ်ဟာ ရေမြောင်းထဲ ကျသွားခဲ့၏။
သူ့လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်ရင်း ပြောလိုက်သည်
“ထန်ထန်က ဒီနေ့အင်တာဗျူးတဲ့လူတွေထဲမှာ ရှိနေလောက်ပြီ”
ဟော်ထင်ချန်သည် ဤအဘိုးအိုကို နားလည်လေသည်။
ထန်ကျုံး ရယ်ရင်း ပြောလိုက်၏။
“ဒီကလေးကို စမ်းကြည့်စမ်းပါ။ မကျေနပ်ရင် ကျွန်တော့်ကြောင့်ဆိုပြီး သူ့ကို ရွေးဖို့ မလိုပါဘူး သခင်လေး”
အောက်ထပ်တွင် ဥက္ကဌ၏လက်ထောက်အင်တာဗျူးကို စောင့်နေသောလူတိုင်း စုရုံးလာကြသည်။ နာရီဝက်ကြာ တိတ်ဆိတ်နေချိန်တွင် လက်ထောက်သည် နံပါတ်များအတိုင်း ဝင်ရန် သူတို့ကို အကြောင်းကြားသည်အထိ မည်သူမျှ စကားမပြောကြချေ။
အစပိုင်း၌ ပတ်ဝန်းကျင်က အဆင်ပြေသော်လည်း ပထမလူအနည်းငယ်က အင်တာဗျူးခန်းမှ အလျင်အမြန်ထွက်လာကာ ပြုတ်သွားခြင်းသည် တခြားအင်တာဗျူးဖြေဆိုသူတွေကို တင်းမာမှုအနည်းငယ်တိုးစေလေသည်။
ထိုအချိန်တွင် လက်ထောက်က ထန်ထန်၏ နံပါတ်အားခေါ်လာလေသည်။ ဆိုဖာပေါ်တွင် ငြိမ်သက်စွာ ထိုင်နေသော လူသည် မတ်တပ်ရပ်လိုက်၏။ သူသည် အလွန်ချောမောပြီး ဧည့်ခန်းထဲမှ အေးအေးဆေးဆေး လမ်းလျှောက်လာခဲ့သည်။ အမှုဆောင်လက်ထောက်ကို ဖြတ်ကျော်ပြီးချိန်မှာတော့ တည်ငြိမ်သည့် စိတ်ဓာတ်ကို ပြသပြီး ကျေးဇူးတင်စကားတောင် ပြောရင်း ခေါင်းညိတ်ပြခဲ့၏။
အင်တာဗျူးအတွက် သတ်မှတ်ထားသော အခန်းရှေ့သို့ရောက်သောအခါ ရပ်ပြီး တံခါးအား ခေါက်လိုက်၏။
“ဝင်လာခဲ့…”
Arc-9 Chapter-1 End