⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode

Chapter 110

Little Creampie:
Arc 9 Ch 6

နေ့လည်ပိုင်းတွင် ထန်ထန်သည် ကောင်းစွာ အနားယူပြီးနောက် ဥက္ကဋ္ဌ၏ အိပ်ရာမှ ဖြည်းဖြည်းချင်း ထလာခဲ့သည်။ သူသည် ခြေဗလာဖြင့် အဝတ်အစားထားရာသို့ လျှောက်သွားပြီး ဟော်ထင်ချန် ပြင်ဆင်ပေးထားသော အဝတ်အစားများကို ယူကာ ရေချိုးခန်းတွင် သန့်စင်ကာ လဲလှယ်လိုက်၏။ သူသည် ဥက္ကဋ္ဌ၏ ရုံးခန်းမှ လန်းဆန်းတက်ကြွသော မျက်နှာဖြင့် ထွက်လာခဲ့သည်။

လင်းချင်းကျီ၏ ဓာတ်ခွဲခန်းသည် လက်ရှိတွင် ဟိုလိုဂရမ်နည်းပညာကို သုတေသနပြုနေ၏။ ထိုနည်းပညာသည် ယခုအချိန်တွင် ပိုမိုပြည့်စုံရန် လိုအပ်သော်လည်း တိုးတက်ရန် အလားအလာများစွာ ရှိသည်။ ထို့ကြောင့် နိုင်ငံတော်သည် ၎င်းကို အလွန်အရေးထားပြီး IT လုပ်ငန်းတွင် ထင်ရှားသော ပုဂ္ဂိုလ်များဖြစ်သည့် ဟော်နှင့် ရှန်းမိသားစုများသည် ၎င်းတို့၏ ကွဲပြားမှုများကို ခေတ္တခဏ ဘေးဖယ်ထားကာ လင်းချင်းကျီ၏ ဓာတ်ခွဲခန်းနှင့် ပူးပေါင်း၍ မျိုးဆက်သစ် ဟိုလိုဂရမ်နည်းပညာ၏ စိန်ခေါ်မှုများအား ကျော်လွှားစေလို၏။

အစပိုင်းတွင် ဟော်ထင်ချန်သည် ဤကိစ္စကို ကိုင်တွယ်သင့်သော်လည်း နိုင်ငံ X တွင် ဟော်ထင်ချန်၏ ကြားဝင်ဆောင်ရွက်မှု လိုအပ်သော ပြဿနာတစ်ခု ရှိခဲ့သည်။ ထို့ကြောင့် စာချုပ်လက်မှတ်ရေးထိုးရန် တာဝန်သည် ထန်ထန်အပေါ်သို့ ကျရောက်ခဲ့၏။

အနာဂတ် ဟိုလိုဂရမ် အွန်လိုင်းဂိမ်းအတွက် စာချုပ်ကို လှန်လှောကြည့်ရင်း ထန်ထန်သည် မည်သည့် အမှားအယွင်းမျှ မရှိကြောင်း သေချာစေရန်စစ်ဆေးနေခဲ့သည်။ သူသည် စာချုပ်ကို ဂရုတစိုက် သိမ်းဆည်းပြီး လက်ထောက် ရုံးခန်းသို့ သွားကာ တံခါးနှစ်ချက် သုံးချက်ခန့် ခေါက်လိုက်၏။

“လူနှစ်ယောက် ခေါ်ပြီး Berun ဓာတ်ခွဲခန်း အစည်းအဝေးကို မှတ်တမ်းတင်ခိုင်းလိုက်”

ထန်ထန်သည် မည်သူသွားသင့်သည်ကို သူတို့ ဆွေးနွေးနေသည်ကို မစောင့်ဘဲ ပြောလိုက်သည်။ သူသည် လက်ထောက် ရုံးခန်းမှ ထွက်သွားပြီး အမှုဆောင်အရာရှိ အချို့ကို ပြင်ဆင်ရန် အကြောင်းကြားကာ သူ ပြန်လာသောအခါ ထိုလူနှစ်ဦးကြားတွင် အံ့သြဖွယ်ကောင်းလောက်အောင် တက်ကြွနေသော  ရွမ်လီထုံအား တွေ့လိုက်ရ၏။

တချက်လှည့် ကြည့်လိုက်သောအခါ ထန်ထန်သည် ရွမ်လီထုံ၏ မျက်လုံးများသည် သူ့ကို မြင်သောအခါ မမျှော်လင့်ဘဲ တောက်ပလာပြီး လွမ်းဆွတ်တမ်းတသော ဝမ်းသာမှုအပြုံးကို ပြသနေသည်ကို တွေ့လိုက်ရသည်။

ထန်ထန်သည် စကားမပြောနိုင်ဘဲ “…” ဟုသာ ပြောနိုင်တော့သည်။ သူသည်အမြင်မှားနေသည်ဟု သံသယဝင်ခဲ့၏။ ခဏတာ စဉ်းစားပြီးနောက် ရွမ်လီထုံသည် မိဘမဲ့ဂေဟာပုံကို မြင်ပြီး သူ့ကို နင်းကာ အမြင့်သို့ တက်ရန် ပြင်ဆင်နေရမည်ဟု သူ နားလည်လိုက်သည်။

အရာအားလုံး သူမျှော်လင့်ထားသည့်အတိုင်း ဆိုပါက ထိုနေရာတွင် သူတို့နှစ်ဦးသာ ရှိနေလျှင် ဤသစ္စာမဲ့သော “ညီအစ်ကို” သည် သူ့ကို အသိအမှတ်ပြုရန် ရှေ့သို့ တိုးလာလိမ့်မည်။

ထန်ထန်သည် စိတ်ထဲ၌ ပြုံးလိုက်သော်လည်း မျက်နှာတွင် မည်သည့် အမူအရာမှ မပြသခဲ့ပေ။ သူ၏ ကိုယ်သည် မတ်တပ်ရပ်နေသော ဝါးပင်ကဲ့သို့  ဖြောင့်မတ်နေပြီး  CEO များ၏ ဝတ်စုံများနှင့် ယှဉ်နိုင်သော ကိုယ်တိုင်းနှင့်စနစ်တကျ ချုပ်ထားသောဝတ်စုံကို ဝတ်ဆင်ထား၏။ စာရွက်စာတမ်းများကို ကိုင်ကာ သူသည် ရှေ့မှ လျှောက်သွားပြီး ထိုအမှုဆောင်အရာရှိများထက် ပို၍ အားကောင်းသော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

သူသည် ရှေ့မှဦးဆောင်သွားသောအခါ အမှုဆောင်အရာရှိများ လိုက်ပါလာပြီး မှတ်တမ်းတင်ရန် လက်ထောက်သည် သူတို့နောက်မှ လိုက်လာသည်။
ရွမ်လီထုံသည် နောက်မှ လိုက်လာပြီး လူအုပ်ကြီး၏ ရှေ့တွင် ရပ်နေသည့် ထူးချွန်ထက်မြက်ကာ တော်သော ထန်ထန်အား ကြည့်နေ၏။ သူ၏ စိတ်ထဲ၌ သိုဝှက်ထားသော မကျေနပ်မှုသည် ဖုံးကွယ်မရနိုင်ပေ။

ထန်ထန်ကို နောက်ဆုံးတွေ့ပြီးကတည်းက သူသည် ပို၍ ရင်းနှီးသည်ဟု ခံစားခဲ့ရသော်လည်း သူသည် ဘယ်မှာ မြင်ဖူးသည်ကို မမှတ်မိနိုင်ပေ။ ရွမ်လီထုံသည် ရက်ပေါင်းများစွာ သဲလွန်စမရှိဘဲ တွေးတောခဲ့သည်။ သူ အတွေးလွန်နေသလားဟုပင် သံသယဝင်ခဲ့၏။ သို့သော် မနေ့က သူ အရာအားလုံးကို ရုတ်တရက် မှတ်မိသွားသည်။

ရွမ်လီထုံ၏ မိသားစုသည် ချမ်းသာကြွယ်ဝခြင်း မရှိပေ။ သူ၏ မိဘများသည် သူ့အတွက် ပိုမိုကောင်းမွန်သော ဘဝကို ပေးရန် ကြိုးစားလုပ်ကိုင်ခဲ့ကြ၏။  သူ အိမ်တွင် တစ်ယောက်တည်းရှိနေသော အချိန်တွင် သူ၏ မိဘများ၏ အခန်းသို့ သွားကာ နာရီဝက်နီးပါး လှန်လှော ရှာဖွေပြီး နောက်ဆုံးတွင် မွေးစားခံရခြင်းလက်မှတ် နှင့် အုပ်စုလိုက်ဓာတ်ပုံကို တွေ့ရှိခဲ့သည်။

ထိုဓာတ်ပုံသည် အလွန်ဟောင်းနွမ်းပြီး ထောင့်များသည် အရောင်မှိန်နေ၏။ မိဘမဲ့ဂေဟာမှ ကလေးအားလုံး နှစ်သစ်ကူးပွဲတော်အတွက် စုဝေးကာ ရိုက်ကူးခဲ့ခြင်းပင်။ ရွမ်လီထုံသည် ဖုန်မှုန့်များအား ခါထုတ်လိုက်သည်။ ဓာတ်ပုံ၏ အစွန်းတွင်ရှိသော ပိန်ပိန်ပါးပါး ကောင်လေးကို စူးစိုက်ကြည့်နေပြီး သူ၏ အသက်ရှူသံသည် ပိုမြန်လာ၏။

ထိုကောင်လေးသည် မိဘမဲ့ဂေဟာမှ အသက်အနည်းငယ်ကြီးသော ကလေးများထဲမှ တစ်ဦးဖြစ်ပြီး နူးညံ့သော မျက်နှာသွင်ပြင်အချို့ ရှိသည်။ မျက်မှန်မှတစ်ဆင့် သူ၏ ကျောက်မီးသွေးကဲ့သို့ မျက်လုံးနက်နက်များသည် လူတို့၏ နှလုံးသားအား ထိုးဖောက်နိုင်ပုံရ၏။ ရွမ်လီထုံသည် ထိုနေ့က ထန်ထန်၏ အကြည့်ကို ရုတ်တရက် မှတ်မိသွားသည်။

သူ၏ သိမ်မွေ့သော မျက်နှာသည် တဖြည်းဖြည်း ရုပ်ဆိုးအကျည်းတန်လာ၏။ သူ၏ မျက်လုံးများသည် မီးတောက်များ လျှံထွက်တော့မည့်အလား မနာလိုမှုများဖြင့် ပြည့်နှက်နေသည်။

ဘာကြောင့်လဲ?

နှစ်ဦးစလုံးသည် မိဘမဲ့ဂေဟာမှ ဖြစ်ပြီး ဆင်းရဲတွင်းနက်ထဲမှ ရုန်းကန်ခဲ့ကြသည်။ ဘာကြောင့် ထန်ထန်သည် ဇိမ်ခံပစ္စည်းများဖြင့် ပြုစုပျိုးထောင်ခံရပြီး သူသည် အဝတ်အစားအသစ်ပင် မတတ်နိုင်သော ဆင်းရဲသော စုံတွဲ၏ မွေးစားခြင်းကိုခံရသနည်း။

ရွမ်လီထုံသည် မကျေနပ်မှုများအား မှတ်သားထား၏။ ထိုအချိန်က သူသည် ငယ်ရွယ်သေးသော်လည်း ထန်ထန်ကို မွေးစားခဲ့သော သက်လတ်ပိုင်းအရွယ် လူကြီးသည် အလွန်တန်ဖိုးကြီးသော အဝတ်ကို ဝတ်ဆင်ထားပြီး ဇိမ်ခံကားကို မောင်းနှင်သည်ကို သူ မှတ်မိနေသေးသည်။ ထိုအချိန်က သူသာ ဖျားနာခြင်း မရှိခဲ့ပါက ထန်ထန်ကို မွေးစားခဲ့သော လူကြီးသည် သူ့ကို မွေးစားခဲ့မည်ပင်!

ကုမ္ပဏီအတွင်း ထန်ထန်၏ ထည်ဝါသော ပုံရိပ်ကို အဆက်မပြတ် တွေးနေသော ရွမ်လီထုံသည် သူ၏ လက်ထဲရှိ ဓာတ်ပုံကို တင်းတင်းဆုပ်ကိုင်ထားသည်။ ပြည်ပတွင် ပညာသင်ကြားခွင့်သည် သူ့အတွက်သာ ဖြစ်သင့်သည်! ဥက္ကဋ္ဌ၏ ကိုယ်ရေးလက်ထောက်ရာထူးသည် သူ့အတွက်သာ ဖြစ်သင့်သည်! ဒါတွေအားလုံး ထန်ထန်ကြောင့်!  သူ့အတွက်သာ ဖြစ်သင့်သော ဘဝကို ထန်ထန်ခိုးယူသွားခဲ့၏။

ခဏအကြာတွင် ရွမ်လီထုံ၏ မိခင် ပြန်ရောက်လာသောအခါ ရွမ်လီထုံသည် သက်ပြင်းချကာ ပစ္စည်းများပြန်သိမ်းပြီး နာခံမှုရှိသော ပုံစံသို့ ပြန်ပြောင်းသွားခဲ့သည်။  သူ၏ မျက်လုံးထဲရှိ အဆုံးမရှိသော မနာလိုမှုကို လျစ်လျူရှုလိုက်လျှင် သူသည် အရည်အချင်းရှိသော မွေးစားသားတစ်ဦးနှင့် တူ၏။

အဖွဲ့သည် ကုမ္ပဏီမှ ထွက်သွားပြီး အမှုဆောင်အရာရှိသည် ထန်ထန်အတွက် ကားတံခါးကို ချက်ချင်း ဖွင့်ပေးခဲ့သည်။ ထန်ထန်သည် လက်ထောက်တစ်ဦးသာ ဖြစ်သော်လည်း ဥက္ကဋ္ဌ၏ ကိုယ်ရေးကိုယ်တာလက်ထောက်ဖြစ်သောကြောင့် ကုမ္ပဏီတွင် ရာထူးပိုမြင့်သည်။ အရည်အချင်းနှင့် စွမ်းဆောင်ရည်အရ သူသည် ကုမ္ပဏီတွင် ဒုတိယအာဏာအရှိဆုံးပင်။   မည်သည့်ကိစ္စမဆို သူ့ကို ဦးစွာ တင်ပြရသည်။

ထန်ထန်သည် ကားထဲသို့ ဝင်လိုက်ပြီးနောက် အမှုဆောင်အရာရှိများသည် တံခါးအားပိတ်လိုက်၏ သူတို့သည် ရှေ့ခန်းမှထိုင်ခုံကို ယူလိုက်ပြီး ရွမ်လီထုံနှင့် အခြားလက်ထောက်တစ်ဦးသည် နောက်ထပ် လူနှစ်ဦးနှင့်အတူ အခြားကားတစ်စီးထဲသို့ ဝင်လိုက်သည်။ ရှေ့နှင့်နောက်ရှိ ထိုင်ခုံတိုင်းတွင် လူပြည့်နေပြီး ရွမ်လီထုံသည် လူနှစ်ဦးကြားတွင် ညှပ်နေသည်။ မနာလိုမှုများဖြင့် ပြည့်နှက်နေသော သူ၏ နှလုံးသားသည် ပေါက်ကွဲတော့မည့်အလား ခံစားနေရ၏။

သူ တွေးလိုက်သည်၊ ခဏလေး စောင့်ကြည့်လိုက်ပါ။  ထိုမာနကြီးသော ကော်ပိုရိတ်လက်ထောက် ထန်ထန်ကို ယခုရရှိထားသော အရာအားလုံးကို ဆုံးရှုံးအောင် လုပ်ပစ်မည်။ သူသည် သူ့အတွက်သာ ဖြစ်သင့်သော နေရာသို့ တက်ရန် ထန်ထန်ကို နင်းသွားမည်!

ရွမ်လီထုံ မည်မျှပင် အိပ်မက်မက်နေပါစေ မော်တော်ယာဉ်များယ ဓာတ်ခွဲခန်းသို့  ရောက်ရှိသောအခါ ထန်ထန်မှာ သူ့အတွက် တံခါးဖွင့်ပေးမည့်သူ အမြဲရှိနေသည်။ ဓာတ်ခွဲခန်း၏ လက်ထောက်ညွှန်ကြားရေးမှူး ထွက်လာသောအခါ သူသည် ဦးစွာ ထန်ထန်နှင့် လက်ဆွဲနှုတ်ဆက်၏။

ရွမ်လီထုံသည် တန်ဖိုးကြီးသော  ကြောင်ဖြူလေးကို ရေမြောင်းထဲမှ ကြွက်တစ်ကောင်ကဲ့သို့ စိုက်ကြည့်ကာ ကြောင်၏ အမွေးအနည်းငယ်ကို နှုတ်ယူပြီး သူ့ကိုယ်သူ သန့်စင်သော ဟမ်းစတားကလေးအဖြစ် အသွင်ယူရန် ကြိုးစားရုံသာ တတ်နိုင်ခဲ့သည်။

“ဟယ်လို၊ လက်ထောက်ထန် ကျွန်တော်က Berun ဓာတ်ခွဲခန်းရဲ့ လက်ထောက် ညွှန်ကြားရေးမှူး ဝမ်ပါ။” အသက်လတ်ပိုင်းအရွယ် လူကြီးသည် ထန်ထန်နှင့် ယဉ်ကျေးစွာ လက်ဆွဲနှုတ်ဆက်သည်။ “ပါမောက္ခ လင်းက လက်ရှိမှာ တတိယအဆင့် သရုပ်ဖော်မှုတွေ လုပ်နေလို့ ကျွန်တော်က သူ့ကိုယ်စား အခု အားလုံးကို ဧည့်ခံပါ့မယ်။”

“ဟယ်လို”

ထန်ထန်ခေါင်းညိတ်လိုက်သည်။ ကုမ္ပဏီမှ လူများကို လက်ထောက် ညွှန်ကြားရေးမှူး ဝမ်နှင့် မိတ်ဆက်ပေးပြီးနောက် သူတို့သည် အကြည့်ချင်း ဖလှယ်လိုက်သည်။ သူတို့ Berun ဓာတ်ခွဲခန်း၏ အဆင့်မြင့် တံခါးဝသို့ မဝင်မီ နောက်ထပ် ဇိမ်ခံကား နှစ်စီး သူတို့နောက်မှ ရောက်လာ၏။

အဖွဲ့သည် တံခါးဝတွင် ခဏ ရပ်တန့်သွားပြီး ယာဉ်မောင်းများသည် ဇိမ်ခံကားများ၏ တံခါးများကို ဖွင့်ပေးလိုက်သည်။ တောက်ပသော အလင်းရောင်အောက်တွင် ရှန်းလန်ဖုန်းသည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ကာ ကားပေါ်မှ ဆင်းလာခဲ့သည်။

သူ၏ မက်မွန်ပွင့်ပုံစံ မျက်လုံးများသည် အနည်းငယ် မှေးစင်းသွားပြီး သူ၏  ဆံပင်ကို အနောက်တွင် ဆံထုံးသေးသေးလေးအဖြစ် စည်းနှောင်ထားသည်။ ဆံပင်မျှင်များသည် လေနှင့်အတူ ဝေ့ဝဲလှုပ်ရှားနေ၏။ တစ်စုံတစ်ဦး၏ အကြည့်ကို ခံစားမိသောကြောင့် သူသည် ခေါင်းကို အနည်းငယ် စောင်းကာ ထန်ထန့်အားကျီစယ်သည့်အနေဖြင့် မျက်စိမှိတ်ပြလိုက်သည်။

ထိုလူသည် ကျက်သရေရှိသော ကိုယ်ဟန်အနေအထားရှိပြီး စင်ကြယ်သော အဖြူရောင် ဝတ်စုံသည် ပတ်ဝန်းကျင်ကို အေးမြသော အရိပ်အယောင်တစ်ခု သယ်ဆောင်လာသကဲ့သို့ ဖြစ်နေ၏။ ထန်ထန်၏ ကြုတ်ထားသော မျက်ခုံးများသည် တဖြည်းဖြည်း ပြေလျော့သွားပြီး သူ၏ အကြည့်ကို သူ့ထံမှ ရုပ်သိမ်းလိုက်သည်။

ထန်ထန် သူ့ကို မကြည့်တော့ကြောင်း သိသောအခါ ရှန်းလန်ဖုန်းသည် အနည်းငယ် နောင်တရသွား၏။ ထိုအချိန်တွင် ကျန်ရှိသော ရှန်းကော်ပိုရေးရှင်းမှ ကိုယ်စားလှယ်များသည်လည်း ကားများမှ ဆင်းလာခဲ့သည်။ နှစ်ဖက်စလုံးသည် တင်းမာသော အနေအထားကို ချက်ချင်း ဖန်တီးလိုက်သောကြောင့် လေထုသည် တင်းမာသွား၏။

ဟော်ကော်ပိုရေးရှင်းကို ဦးဆောင်သူမှာ အပြာရောင် ဝတ်စုံနှင့် အနက်ရောင် ဘောင်တပ်မျက်မှန်အား ဝတ်ဆင်ထားသော ထန်ထန်ပင်။ ရှန်းဘက်တွင် အဖြူရောင် ဝတ်စုံအပြည့် ဝတ်ဆင်ထားပြီး ခိုသာသော အပြုံးကို ဆင်မြန်းထားသော ရှန်းလန်ဖုန်းဖြစ်၏။ နှစ်ဖက်စလုံးမှ အမှုဆောင်အရာရှိများ  ရယ်မောနေသည်ကို မမြင်ရပါက ၎င်းသည် အခြေနေတစ်ခုကိုစတင်တော့မည့် မြင်ကွင်းတစ်ခုနှင့် တူနေလိမ့်မည်။

ဟော်နှင့် ရှန်းကော်ပိုရေးရှင်းကြားရှိ မကျေနပ်မှုများသည် နက်ရှိုင်းစွာ စွဲမြဲနေသည်။ အချိန်ကြာလာသည်နှင့်အမျှ တစ်ဖက်သည် အခြားတစ်ဖက်၏ ပရောဂျက်များကို လုယူခြင်း သို့မဟုတ် တစ်ဖက်၏ အရည်အချင်းရှိသူများကို ခိုးယူခြင်းများ ရှိခဲ့၏။

ကုမ္ပဏီနှစ်ခုစလုံးမှ အမှုဆောင်အရာရှိများသည် တစ်ဦးနှင့်တစ်ဦး၏ ရင်းနှီးသော မျက်နှာများကို စောင့်ကြည့်နေပြီး တစ်စက္ကန့်အတွင်း သတိမထားမိပါက ထိုအရှက်မရှိသော လူများသည် မသမာသော လှည့်ကွက်အချို့ကို ကစားရန် အဆင်သင့်ဖြစ်နေမည်ကို စိုးရိမ်နေကြသည်။သူတို့သည် စိတ်မပါသော နှုတ်ဆက်ခြင်းများကို ပြုလုပ်ခဲ့ကြ၏။

“အမှုဆောင်အရာရှိ ကျန်း၊ ခင်ဗျား မကြာသေးခင်က ပရောဂျက်အနည်းငယ် ဆုံးရှုံးသွားတယ်လို့ ကြားတယ်။ အိုး၊ ဒီလောက် အလုပ်ရှုပ်နေတဲ့ကြားထဲမှာ ဒီပရောဂျက်ကို ရှန်းကော်ပိုရေးရှင်းက ယူဖို့ ပြင်ဆင်နေတယ်ဆိုတာကို ကျွန်တော်တို့ အခုမှ သိရတယ်။ သည်းခံပြီး စောင့်ပါဦး”

“ပြဿနာ မရှိပါဘူး” ဟု အမှုဆောင်အရာရှိ ကျန်းက ရယ်မောကာ “အမှုဆောင်အရာရှိ ချန်၊ ရှန်းကော်ပိုရေးရှင်းတွက် အရည်အချင်းရှိတဲ့ လူတွေကို ပျိုးထောင်ပေးတဲ့အတွက် ဟော်ကော်ပိုရေးရှင်းကို ကျေးဇူးတင်ရမယ်။ နည်းပညာဌာနက လူက ပရိုဂရမ်ရေးရာမှာ တကယ်တော်တယ်။ အတော်ကြိုးစားခဲ့တာပဲ၊ ခင်ဗျားတို့ ပင်ပန်းသွားကြပြီ”

“အိုး၊ မလိုပါဘူး၊ ခင်ဗျားက အရမ်း နှိမ့်ချလွန်းပါတယ်”

“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ခင်ဗျားက အရမ်း နှိမ်းချလွန်းနေတာပါ”

“ဟဲ…ခင်ဗျားက ပိုပြီး နှိမ့်ချတာပဲ!”

“ခင်ဗျားက ပိုတောင် နှိမ့်ချသေးတယ်!!”

လက်ထောက် ညွှန်ကြားရေးမှူး ဝမ်နှင့် နည်းပညာရှင် အချို့သည် ထိုတစ်ဦးနှင့်တစ်ဦး လှောင်ပြောင်ခြင်းနှင့်တူသော နှုတ်ဆက်စကားများကို နားထောင်ရင်း အလယ်တွင် ညှပ်နေကြသည်။ ပုံမှန်အားဖြင့် ၎င်းတို့၏ ဓာတ်ခွဲခန်းများတွင် နစ်မြုပ်နေသော နည်းပညာကျွမ်းကျင်သူများသည် အံ့အားသင့်သွားကြ၏။

သူတို့သည် ဘယ်ညာကြည့်ကာ လက်များကို ဆန့်ထုတ်ပြီး ပြန်ရုပ်သိမ်းကာ ပါးစပ်များ ပွင့်လိုက် ပိတ်လိုက်ဖြစ်နေသည်။  သူတို့သည် ပဲကြီးလှော်ကြား ဆား ညှပ်မိခြင်း၏ အဓိပ္ပာယ်ကို အပြည့်အဝ နားလည်သွားကြ၏။

သိပ္ပံပညာရှင်များသည် အတူ စုပြုံနေကြသည်: “စီးပွားရေးသမားအားလုံး ဒီလိုပဲလား… အမှုဆောင်အရာရှိတွေက ဒီလိုမျိုးလား?”

နောက်ဆုံးတွင် ထန်ထန်သည် အမှုဆောင်အရာရှိများကြားရှိ ဆူညံသံကို မခံနိုင်တော့သောကြောင့် သူတို့ကို တားဆီးရန် လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုမြင်ကွင်းကို ပျော်ရွှင်စွာ ကြည့်နေသော ရှန်းလန်ဖုန်းသည် ပျင်းရိစွာ လှမ်းကြည့်လိုက်၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူသည် ရှန်းကော်ပိုရေးရှင်း၏ အမှုဆောင်အရာရှိများကို တိတ်ဆိတ်သွားစေခဲ့သည်။

ဟော်အုပ်စု ဥက္ကဋ္ဌ၏ ကိုယ်ရေးလက်ထောက်အနေဖြင့် ထန်ထန်၏ စီးပွားရေးလောကရှိ ရာထူးသည် သည် ရှန်းကော်ပိုရေးရှင်း၏ ဥက္ကဋ္ဌ ရှန်းလန်ဖုန်းနှင့် တန်းတူ မဟုတ်ပေ။ သို့သော် ဟော်နှင့် ရှန်းမိသားစုများသည် ပြိုင်ဘက်များဖြစ်သောကြောင့် အလွန် ရင်းနှီးခြင်း မရှိပေ။ ထန်ထန်သည် နှိမ့်ချခြင်းမရှိဘဲ သူ့နေရာတွင် ရပ်ကာ နှုတ်ဆက်လိုက်သည်။

“ဥက္ကဋ္ဌ ရှန်း”

ရှန်းလန်ဖုန်းသည် သူ့အတွက် အခက်အခဲများ မဖန်တီးဘဲ နှုတ်ဆက်ခြင်းကို ခေါင်းညိတ်ကာ တုံ့ပြန်လိုက်၏။ သူ၏ အကြည့်သည် ထန်ထန််ကို အသာအယာ ဖြတ်ကျော်သွားပြီး ပြန်ရုပ်သိမ်းသွားသည်။

ထန်ထန်သည် မျက်မှောင်ကြုတ်လိုက်ပြီး ရှန်းလန်ဖုန်း၏ အကြည့်သည် ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရ၏…

“အဟွတ်…” လက်ထောက် ညွှန်ကြားရေးမှူး ဝမ်သည် ချွေးကို သုတ်လိုက်ပြီး သူ၏ စကားများသည် ထန်ထန်၏ အတွေးများကို နှောင့်ယှက်လိုက်သည်။

“အထဲ ဝင်ပြီး စကားပြောရအောင်”

“ဟုတ်ကဲ့”

ဤတွင် ရှန်းလန်ဖုန်းသည် အမြင့်ဆုံး ရာထူးကို ရရှိထားပြီး သူသည် မည်သည့် ဟန်ဆောင်မှုမှ မရှိဘဲ ရှေ့ဆုံးမှ လျှောက်သွား၏။ ထန်ထန်သည်လည်း သူ့နှင့် မနီးမဝေးမှ လိုက်ဝင်သွားသည်။

နှစ်ဖက်စလုံးမှ ကျန်ရှိသော ကိုယ်စားလှယ်များသည် အဝင်ဝတွင် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး လှောင်ပြုံးများပြုံးနေကြသည်။အပြန်အလှန် မနှစ်မြို့သော မျက်နှာထားများဖြင့် သူတို့သည် ခေါင်းများကို လှည့်ကာ သက်ဆိုင်ရာ “ဥက္ကဋ္ဌ” နှင့် “ကော်ပိုရိတ် လက်ထောက်” တို့ကို လိုက်မီရန် လျှောက်သွားကြသည်။

ဓာတ်ခွဲခန်းသည်  ငွေဖြူရောင် အပြင်ဆင်များနှင့်ဖြစ်ပြီး အဆင့်မြင့်နည်းပညာများ ပြသထားသည်။ ပတ်ဝန်းကျင်သည် တောက်ပပြီး သန့်ရှင်း၏။

လက်ထောက် ညွှန်ကြားရေးမှူး ဝမ်သည် သူတို့ပတ်ဝန်းကျင်ရှိ ခေတ်မီနည်းပညာကို စိတ်အားထက်သန်စွာ မိတ်ဆက်ပေးခဲ့သည်။ သူတို့သည် သီးခြားဓာတ်ခွဲခန်းတစ်ခုသို့ ရောက်သောအခါ သူသည် တံခါးခေါင်းလောင်းကို နှိပ်လိုက်သည်။

“ဝင်လာခဲ့ပါ”ဟု စက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။

တုံ့ပြန်မှုကို ရရှိသောအခါ လက်ထောက် ညွှန်ကြားရေးမှူး ဝမ်သည် သူ၏ မျက်လုံးကို အသုံးပြု၍ တံခါးကို ဖွင့်လိုက်သည်။ အတည်ပြုသံအပြီးတွင် ရှားပါးသတ္တုငွေရောင် တံခါးသည် ဖြည်းဖြည်းချင်း ပွင့်သွားပြီး ထန်ထန်သည် အတွင်းပိုင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

ကျယ်ဝန်းသော ဓာတ်ခွဲခန်းတွင် အမျိုးမျိုးသော ပြသမှု အစိတ်အပိုင်းများကို သေသပ်စွာ စီစဉ်ထား၏။ ဓာတ်ခွဲခန်း၏ အလယ်တွင် လူ့ကြွက်သားများကဲ့သို့ အတွင်းပိုင်းအစိတ်အပိုင်းများကို ဖုံးအုပ်ထားသော ဆားကစ်များစွာပါရှိသည့် တစ်ပိုင်းတစ်စ ပြီးစီးထားသော သတ္တုကိရိယာတစ်ခု ရှိသည်။ ဓာတ်ခွဲခန်းအင်္ကျီများ ဝတ်ဆင်ထားသော သိပ္ပံပညာရှင် သုံးလေးဦးသည် မှတ်စုစာအုပ်များကို ကိုင်ကာ အနီးတွင် ရပ်နေကြသည်။ သူတို့သည် လူတစ်ဦး စကားပြောနေသည်ကို နားထောင်ရင်း မှတ်စုများ ရေးမှတ်နေကြ၏။

စကားပြောနေသော လူသည် ထိုးဖောက်မြင်ရသော အကာအကွယ်မျက်မှန်ကို ဝတ်ဆင်ထားပြီး မျက်ခုံးမွှေးများနှင့် မျက်လုံးများ ပေါ်နေသည်။ သူသည် ခေါင်းကို အနည်းငယ် စောင်းကာ တိုးတိုးလေး ရှင်းပြနေသည်။ သူ၏ အဖြူရောင် ဓာတ်ခွဲခန်းအင်္ကျီသည် သူ့ကို တီဗီထဲမှ မင်းသားထက် ပို၍ပင် ကြည့်ကောင်းစေ၏။ သူသာ အခြားအင်္ကျီတစ်ထည်ကို ပြောင်းဝတ်မည်ဆိုလျှင် ကျောင်းသားဘဝက အလွန်ကြည့်ကောင်းသော seniorတစ်ဦးကဲ့သို့ ဖြစ်နေလိမ့်မည်။

တိုးတက်ရန် လိုအပ်သော နေရာကို ညွှန်ပြပြီးနောက် လင်းချင်းကျီသည် လှည့်ကြည့်လိုက်သည်။ တစ်ချက်ကြည့်ရုံဖြင့် သူသည် ရှန်းလန်ဖုန်းဘေးတွင် ရပ်နေသော အပြာရောင် ဝတ်စုံဝတ်ထားသော လူငယ်ကို သတိပြုမိသွား၏။

ထိုလူငယ်၏ ခန္ဓာကိုယ်အချိုးအစားသည် အလွန်ပြီးပြည့်စုံလွန်းသည် – သေးသွယ်သောခါး၊ တင်ပါးကားကားနှင့်၊ အချိုးအဆစ်ပြည့်စုံသည်။ သူ၏ အသားအရေသည် တောက်ပသော အလင်းရောင်အောက်တွင် ကြည်လင်တောက်ပနေပြီး အထူးသဖြင့် သူ၏ လှပသော မျက်လုံးများပင်။ သူ၏ အနက်ရောင်နှင့် အဖြူရောင် မျက်ဝန်းများသည် တစ်စုံတစ်ဦး၏ စိတ်ဝိညာဉ်ကိုပင် မြင်နိုင်သကဲ့သို့ ကြည်လင်သန့်ရှင်း၏။

သူ၏ အကြည့်ကို ခံစားမိသောကြောင့် ထိုလူငယ်သည် လှည့်ကြည့်ကာ လင်းချင်းကျီကို ယဉ်ကျေးစွာ ခေါင်းညိတ်နှုတ်ဆက်သည်။ လင်းချင်းကျီသည် အလွန်လိမ္မာပါးနပ်သော်လည်း သူ၏နောက်မှ ချောင်းမြောင်းနေသော ဝံပုလွေကို သတိမထားမိခဲ့ပေ။

လက်ထောက် ညွှန်ကြားရေးမှူး ဝမ်သည် ရှေ့သို့ တိုးထွက်ကာ လူတိုင်းကို မိတ်ဆက်ပေးလိုက်၏။ “ဒါက ပါမောက္ခ လင်းပါ။ ကျွန်တော်တို့ ရှေ့မှာ မြင်နေရတဲ့ စက်ကတော့ တတိယမျိုးဆက် ဟိုလိုဂရမ်စက်ရဲ့ အိပ်စက်အနားယူတဲ့စက်ပါ။”

အမှုဆောင်အရာရှိများသည် လက်ထောက် ညွှန်ကြားရေးမှူး ဝမ်၏ မိတ်ဆက်မှုကို နားထောင်နေစဉ် ၎င်းတို့၏ မျက်နှာများတွင် အထင်ကြီး ချီးကျူးမှုများ ပေါ်လွင်နေသည်။ ပူးပေါင်းဆောင်ရွက်မှုအပြင် ၎င်းတို့သည် Berun ဓာတ်ခွဲခန်းနှင့် အကျိုးအမြတ်ခွဲဝေမှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန်လည်း ရောက်ရှိလာကြ၏။ အစပိုင်းတွင် မသေချာသော်လည်း တစ်ခုခု မှားယွင်းပါက သဲထဲရေသွန် ဖြစ်မည်ကို ၎င်းတို့ ကောင်းစွာ သိရှိထားကြသည်။

သို့သော် လက်ထောက် ညွှန်ကြားရေးမှူး ဝမ်၏ တိုက်ရိုက်သရုပ်ပြမှုကို တွေ့မြင်ပြီးနောက် အမှုဆောင်အရာရှိများသည် သတိဝင်ပြီး ပြိုင်ဘက်သည် ပိုမိုကြီးမားသော အစုရှယ်ယာကို ရရှိသွားမည်ကို စိုးရိမ်ကာ တစ်ဦးကိုတစ်ဦး သတိထားလာကြသည်။

“လက်ထောက် ညွှန်ကြားရေးမှူး ဝမ်၊ အထူး ဧည့်သည်တော်တွေကို အစည်းအဝေးခန်းကို ခေါ်သွားပါ။ ဥက္ကဋ္ဌ ရှန်းနဲ့ ကျွန်တော် နောက်မှ လိုက်လာခဲ့မယ်” ဟု လင်းချင်းကျီက လက်ကို ဆေးကြောရင်း ပြောလိုက်သည်။

“ဟုတ်ကဲ့”

လင်ချင်းကျီသည် ရှန်းလန်ဖုန်းကို နောက်တွင် ချန်ထားခဲ့၏။ ထိုလုပ်ရပ်သည် ရှန်းကော်ပိုရေးရှင်းမှ ကိုယ်စားလှယ်များကို ကျေနပ်စေကာ ဟော်ဘက်မှ ကိုယ်စားလှယ်များကို မကျေမနပ်ဖြစ်စေခဲ့သည်။

သူတို့၏ ဥက္ကဋ္ဌ မရှိသောကြောင့် သူတို့ကို အနိုင်ကျင့်ခြင်း မဟုတ်ပါလား။

အမှုဆောင်အရာရှိများသည် သူတို့၏ အပြင်ပန်းပုံစံသည် ခန့်ညားထည်ဝါသော်လည်း  စိတ်လှုပ်ရှားသော အကြည့်များကို ဖလှယ်နေကြပြီး တစ်ဦးကိုတစ်ဦး သတိထားနေကြ၏။

ထန်ထန်၊ မင်း အခုထိ ကြည့်နေတုန်းပဲလား? မြန်မြန်သွားပြီး သူတို့ကြားထဲ ဝင်ပါဦး!

ဟော်ကော်ပိုရေးရှင်းက ရှန်းကော်ပိုရေးရှင်းကို  မနိုင်စေရဘူး!

ထန်ထန်သည် ပြောစရာစကားမဲ့သွားသည် “…”

ထန်ထန်သည် အမှုဆောင်အရာရှိများ၏ သိမ်မွေ့စွာ တောင်းဆိုနေသော မျက်နှာထားများကို သတိပြုမိပြီး တုံ့ဆိုင်းကာ မေးလိုက်၏၊ “ကျွန်တော်လည်း ဒီမှာပဲ နေခဲ့ရင် ဘယ်လိုလဲ?”

“ကောင်းတယ်၊ ကောင်းတယ်!”

“မင်းနေခဲ့ပါ၊  ငါတို့ လက်ထောက် ညွှန်ကြားရေးမှူး ဝမ်နောက်ကို လိုက်သွားမယ်။ စိတ်မပူနဲ့ လက်ထောက်ထန်”

အမှုဆောင်အရာရှိများသည် ဝမ်းသာအားရစွာ ပြောကြပြီး သူတို့၏ အရေးအကြောင်းများသော မျက်လုံးများသည် ဝမ်းမြောက်ခြင်းကို ဖော်ပြနေသည်။ ထိုသူတို့သည် စိတ်အားထက်သန်စွာ ခေါင်းညိတ်ကြသော်လည်း ထိုအချိန်တွင် တစ်လျှောက်လုံး တိတ်ဆိတ်နေသော ရွမ်လီထုံသည် စကားစလာ၏။

“ဒါဆို ကျွန်တော် ဒီမှာနေပြီး လက်ထောက်ထန်ကို ကူညီပါ့မယ်” ဟု ရွမ်လီထုံက ပြောလိုက်သည်။

ရယ်မောသံသည် ရုတ်တရက် တိတ်ဆိတ်သွားပြီး အမှုဆောင်အရာရှိ အချို့သည် ထိုရဲတင်းသော ဝန်ထမ်းကို စိုက်ကြည့်လိုက်ကြသည်။

“မင်း ဘာပြောလိုက်တာလဲ?” အမှုဆောင်အရာရှိ ချန်သည် မျက်နှာမပျက်ဘဲ “ငါ သေချာ မကြားလိုက်ဘူး။ နောက်တစ်ခါ ပြောနိုင်မလား?”

အမှုဆောင်အရာရှိ ချန်၏ အကြည့်ကြောင့် လန့်သွားသော ရွမ်လီထုံသည် တုန်တုန်ယင်ယင်ဖြင့် “ကျ… ကျွန်တော် ဘာမှ မပြောပါဘူး” ဟု ပြောလိုက်သည်။

သူသည် ကြောက်ရွံ့စွာဖြင့် နောက်ဆုတ်သွား၏။ အမှုဆောင်အရာရှိများ၏ မျက်နှာများသည် မှောင်မိုက်ရာမှ တောက်ပလာပြီး အခြားလက်ထောက်တစ်ဦးသည် အံ့အားသင့်ကာ တိုးတိုးလေး ပြောလိုက်သည်။

“မင်း ရူးသွားပြီလား?”

ရွမ်လီထုံသည် တိတ်ဆိတ်နေပြီး ခေါင်းကို ငုံ့ကာ မှတ်စုရေးရန် အသုံးပြုသော စာရွက်နှင့် ဘောပင်ကို တင်းတင်းဆုပ်ကိုင်ထားသည်။

လက်ထောက် ညွှန်ကြားရေးမှူး ဝမ်သည် လူတိုင်းကို ညှိနှိုင်းရေး အခန်းသို့ ခေါ်သွား၏။ သိပ္ပံပညာရှင်များသည်လည်း  စမ်းသပ်မှု အချက်အလက်များကို ချိန်ညှိနေကြသည်။ ဓာတ်ခွဲခန်းသည် တိတ်ဆိတ်နေပြီး သူတို့ သုံးဦးသာ ကျန်တော့၏။

လင်ချင်းကျီသည် လက်ကို သုတ်ပြီး ထန်ထန်ထံ ချဉ်းကပ်လာသည်။ သူသည် အားအင်ပြည့်ဝသော လက်ကို ဆန့်တန်းကာ “ဟယ်လို၊ ကျွန်တော် လင်းချင်းကျီပါ” ဟုဆိုလာ၏။

ထန်ထန်သည် အနည်းငယ် အေးစက်သော လက်ကို ယဉ်ကျေးစွာ ဆုပ်ကိုင်ကာ ခေါင်းညိတ်ပြီး “ဟယ်လို ပါမောက္ခ လင်း။ ကျွန်တော် ထန်ထန်ပါ။ ဟော်ကော်ပိုရေးရှင်း ဥက္ကဋ္ဌရဲ့ ကိုယ်ရေးလက်ထောက်ပါ” ဟု ပြောလိုက်သည်။

လင်းချင်းကျီသည် လက်ဆွဲနှုတ်ဆက်ခြင်းကို မလွှတ်ဘဲ အံ့အားသင့်သော မျက်နှာဖြင့် “ထန်ထန်မင်းက ဦးလေးထန်ကျုံးရဲ့…” ဟု ပြောလိုက်သည်။

ထန်ထန်သည် လင်းချင်းကျီ၏ တုံ့ဆိုင်းသော စကားများကို လက်ခံကာ ပြုံးလိုက်ပြီး “သူက ကျွန်တော့်ရဲ့ မွေးစားအဖေပါ” ဟု ပြောလိုက်သည်။လင်းချင်းကျီသည် နားလည်သွားပြီး ထန်ထန်၏ လက်ကို လွှတ်လိုက်၏။ သူ၏ အသားကို ထိခဲ့သော လက်သည် အနည်းငယ် တင်းမာသွားသည်ကို ထန်ထန် သတိမထားမိပေ။

ထိုလူက ညင်သာစွာ “ကျွန်တော် ခင်ဗျားကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့မိရင် တောင်းပန်ပါတယ်… လက်ထောက်ထန်အနေနဲ့ ဟိုလိုဂရမ် မြင်ကွင်းကို ခံစားကြည့်ချင်ပါသလား?” ဟု ပြောလိုက်သည်။

ယောက်ျားလေး အများစုသည် သိပ္ပံဆန်သော အရာများကို စိတ်ကူးယဉ်လေ့ရှိကြသည်။ လက်ထောက်ထန်လည်း ထိုသို့ပင်ဖြစ်သည်။ လင်ချင်းကျီ၏ ဖိတ်ကြားမှုကို ကြားသောအခါ သူသည် ခဏတာ တုံ့ဆိုင်းသွားသော်လည်း ဟိုလိုဂရမ် မြင်ကွင်း၏ ဆွဲဆောင်မှုကို မခံနိုင်ခဲ့ပေ။

“ဟုတ်ကဲ့”

လင်းချင်းကျီ၏ အပြုံးသည် ပိုနက်ရှိုင်းသွား၏။ ထန်ထန်၏ ချက်ချင်း လက်ခံမှုကို ကြားသောအခါ တိတ်ဆိတ်နေသော ရှန်းလန်ဖုန်း၏ နှုတ်ခမ်းထောင့်များသည် အနည်းငယ် ကွေးတက်သွားသည်။

ရှန်းလန်ဖုန်းသည် ကိုင်းညွှတ်လိုက်ပြီး သူ၏ ရှည်လျားသော လက်ချောင်းများသည် ထိုးဖောက်မြင်ရသော ကီးဘုတ်ကို နှိပ်ကာ ကွန်ပျူတာထဲသို့ အမိန့်များစွာ ထည့်သွင်းလိုက်သည်။ “ဒင်” ဟူသော အသံနှင့်အတူ စက်ရုပ်လက်မောင်း အများအပြား ဆန့်ထွက်လာသည်။ ထန်ထန်သည် စက်ရုပ်ထိုင်ခုံ၏ အလယ်တွင် ထိုင်ကာ သူ၏ အနက်ရောင်ဘောင်တပ် မျက်မှန်အား ချွတ်ပြီး တတိယမျိုးဆက် ဟိုလိုဂရမ် မျက်မှန်ကို တပ်လိုက်သည်။

“စတော့မယ်”

လင်းချင်းကျီ၏ ညင်သာသော အသံသည် သူ၏ နားရွက်နားမှ ဖြတ်သွား၏။ ထန်ထန် မျက်တောင်ခတ်လိုက်သောအခါ ဓာတ်ခွဲခန်းသည် ရုတ်တရက် ပန်းပင်လယ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူသည် တောင်ကုန်းတစ်ခုပေါ်တွင် ထိုင်နေပြီး ကောင်းကင်သည် အံ့သြဖွယ်ကောင်းလောက်အောင် ပြာလဲ့နေကာ အဖြူရောင် တိမ်များသည် လေထဲတွင် လွင့်မျောနေ၏။ မြက်ခင်းပေါ်တွင် tulipပန်းပွင့်များ လှုပ်ခတ်နေပြီး အသေးစိတ်တိုင်းသည် အသက်ဝင်စွာ တကယ့်အတိုင်း ပေါ်လာ၏။

သူသည် နမ်းရှုံ့ကြည့်မိသော်လည်း ကံမကောင်းစွာဖြင့် ဟိုလိုဂရမ်နည်းပညာသည် လုံးဝ မပြီးပြည့်စုံသေးသောကြောင့် ပန်းနံ့ကို မခံစားမိခဲ့ပေ။

ထန်ထန် သက်ပြင်းချလိုက်သည်။ သူသည် အသေးစိတ် လေ့လာတော့မည့်အချိန်တွင် လင်းချင်းကျီနှင့် ရှန်းလန်ဖုန်းတို့၏ စကားပြောဆိုသံကို ကြားလိုက်ရသည်။

ထန်ထန်နောက်မှ စက်ရုပ်လက်မောင်းများကို လှမ်းကြည့်ရင်း လင်းချင်းကျီသည် ပေါ့ပေါ့ပါးပါး မေးလိုက်၏၊ “ဟော်ထင်ချန် ထွက်သွားပြီလား?”

“အင်း၊ သူ ထွက်သွားပြီ” ရှန်းလန်ဖုန်းသည် ထန်ထန်ကို စိုက်ကြည့်နေရာမှ တဖြည်းဖြည်း ရယ်မောကာ “ငါ နိုင်ငံ X မှာ ဟော်ရဲ့ စီးပွားရေးအတွက် အကွက်အချို့ ရွှေ့ခဲ့တယ်။ သူ အဲဒီကိစ္စကို ရှင်းလင်းဖို့ အလုပ်ရှုပ်နေလောက်တယ်” ဟု ပြောလိုက်သည်။

“ငါ အလကားနေရင်း ငွေအများကြီး ဆုံးရှုံးခဲ့တာ၊ ဒါပေမဲ့ ဒါက တန်ပါတယ်” ရှန်းလန်ဖုန်းသည် ပေါ့ပေါ့ပါးပါးနှင့် စနောက်လိုက်သည်။ သူသည် သူ၏ အင်္ကျီကို ဖြေလျော့သော လှုပ်ရှားမှုဖြင့် ကြယ်သီးဖြုတ်လိုက်ပြီး ဆွဲဆောင်မှုရှိသော အငွေ့အသက်ကို ထုတ်လွှတ်ကာ “ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့ လက်ထောက်ထန်က အရမ်း ချစ်စရာကောင်းတာပဲ” ဟု ပြောလိုက်သည်။

လင်းချင်းကျီ၏ လက်သည် နောက်တစ်ကြိမ် လှုပ်ရှားသွားပြီး သူ၏ မျက်လုံးများသည် မှောင်မည်းနက်နဲကာ ထန်ထန် သူ့ထံ မိတ်ဆက်သောအခါ ခေါင်းအနည်းငယ် ငုံ့လိုက်သည်ကို ပြန်မြင်ယောင်နေသည်။ သူ၏ ခန္ဓာကိုယ်မှ သင်းပျံ့သော ရနံ့နှင့် လက်ဆွဲနှုတ်ဆက်စဉ် ချောမွတ်ပြီး နှင်းကဲ့သို့ ဖြူဖွေးသော အသားအရေသည် ထိတွေ့လိုက်တိုင်း စွဲလန်းစေလောက်၏။

“လန်ဖုန်း၊ ငါလည်း သူ့ကို လိုချင်တယ်”

ကြယ်သီးများကို ဖြုတ်နေသော ရှန်းလန်ဖုန်း၏ လက်သည် ရပ်တန့်သွားပြီး သူ နားလည်မှုလွဲသွားသည်ဟု ထင်ကာ မျက်ခုံးပင့်လိုက်သည်။ “လင်းချင်းကျီ၊ မင်း ဘာပြောလိုက်တာလဲ?”

ဓာတ်ခွဲခန်း စားပွဲကို မှီထားသော လင်းချင်းကျီ၏ အသားအရေသည် တောက်ပသော အလင်းရောင်အောက်တွင် ပုံမှန်ထက် ဖြူဖျော့နေသည်။ သူသည် ညင်သာစွာ ပြုံးကာ မျက်လုံးအနည်းငယ်ကို မှေးမှိတ်ပြီး ရှန်းလန်ဖုန်း ငြင်းဆန်နိုင်မည်မဟုတ်သော စကားတစ်ခွန်းအား ပြောလိုက်၏။

“ဟော်ထင်ချန် တစ်ပတ်အတွင်း ပြန်လာလိမ့်မယ်”

Arc 9 Ch6 end

Gangs*xလုပ်ရန် ဇာတ်လိုက်ကုန်းများကို ခိုးယူခြင်း

Gangs*xလုပ်ရန် ဇာတ်လိုက်ကုန်းများကို ခိုးယူခြင်း

Status: Ongoing Type: Author:
Description ရုပ်ရှင်သရုပ်ဆောင်ဆုကို ရရှိသွားသူ ထန်ထန်သည် အဓိကဇာတ်လိုက်Shouအား ဗဟိုပြုကာ လည်ပတ်လို့နေသည့် စာအုပ်ထဲမှ အမြောင်စာဇာတ်ကောင်လေးတစ်ခုမျှသာ ဖြစ်သည်။ ထိုစာအုပ်ထဲရှိ သူ့၏ အဆုံးသတ်မှာ အများက ဝိုင်းချစ်မြတ်နိုးကြသော အဓိကဇာတ်လိုက်Shouထံမှ နင်းချေခံရကာ ပျက်စီးသွားဖို့သာ ဖြစ်လေသည်။ သို့သော်ငြား နောက်ပိုင်းတွင် ဇာတ်ကြောင်းကြီးတစ်ခုလုံး ပြိုကျသွားသည့်အခါ....... ဝိညာဉ်ကူးပြောင်းသွားပြီးနောက် သရုပ်ဆောင်ဆုရှင် ထန်ထန်သည် အပြင်ပိုင်းတွင် မလိုချင်သလို သရုပ်ဆောင်နေပါသော်ငြား စိတ်ထဲတွင်တော့ နောက်တစ်ချီ စဖို့ရန်ပင် အော်ဟစ်တောင်းဆို နေခြင်းဖြင့် ပျော်ရွှင်သော ဘ၀၌ စတင်ကာ နေထိုင်တော့သည်။ List of arcs [ အထက်တန်းကျောင်း ] အပြစ်ကင်းသော ကျောင်းသားလေး : 1vs3 [ ရှုးဂါး ဒယ်ဒီ ] အဓိကဇာတ်ကောင်Shou၏ ရှက်တတ်ကာ မသန်စွမ်းဖြစ်နေသော ညီငယ်လေး : 1vs2 ( မင်းက ငါ့ကို မသန်စွမ်းအောင် လုပ်ရင်၊ ငါကလည်း မင်းရဲ့ gongတွေအားလုံးကို မြူဆွယ်ပစ်မယ် ) [ ရှေးခေတ်တရုတ် ] ‌မင်းပြည်ထောင်ကျဆုံးပြီးနောက် ချူချာလှပါသော အမတ်မင်းလေး : 1vs3 ( အကျဉ်းသားဘ၀ ) [ ကမ္ဘာပျက်ကပ် ] Big bossကြီး၏ အထူးသီးသန့် ကုသသူလေး : 1vs3 ( သနားစရာကောင်ငယ်လေးဟာ လူကောင်းတွေနဲ့ နောက်ဆုံးသော တွေ့ရပြီဟု ထင်ခဲ့မိသော်ငြား Big bossကြီးထံမှ နေ့တိုင်း မြေဩဇာ ကျွေးခံနေရသောအခါ ) [ အိုမီဂါဗာ့စ် ] လေးစားရပါသော ဗိုလ်ချုပ်ကြီး : 1vs3 [ အနုပညာ အသိုင်းအဝိုင်း ] ကျော်ကြားသူများ၏ နူးညံ့သိမ်မွေ့သော မန်နေဂျာလေး : 1vs3 ( ချမ်းသာတဲ့ အသိုင်းအဝိုင်းက လာတဲ့ ကောင်လေးတွေ အဖွဲ့ကို ဦးဆောင်ရတာ လွယ်မနေဘူး ) [ ရိုကိုင်းဘ၀ ] တုန်ယင်နေသော ယုန်ကလေး ရိုကိုင်း : 1vs3 ( ကြီး....ကြီးမြတ်လှသော ဝံပုလွေကြီး၊ ကျွန်တော့်ကို မစားပစ်လို့ ရမလားဟင် ) [ မာဖီးယား ] အသောက်အစား ရှောင်ကြဉ်သူ ဆရာ၀န်လေး : 1vs3 ( ငါ နတ်ဆိုးတစ်ကောင်ကို ကယ်ခဲ့မိပြီ ) [ အလုပ်ခွင် ] ဥက္ကဠ၏ လက်ထောက်ခေါင်းဆောင်လေး : 1vs3 ( ကျွမ်းကျင်သော လက်ထောက်လေး။ တစ်ခုခု လုပ်စရာရှိရင် လက်ထောက်ကို လုပ်ခိုင်းလိုက်။ ဘာမှမရှိရင်တော့ လက်ထောက်ကို လုပ်လိုက် ) [ အထက်တန်းကျောင်း ] လှပနုပျိုသော ကျောင်းဆရာလေး : 1vs3 ( ဒီမှာ ကျောင်းသား၊ မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ? ) [ အထက်တန်းစား မိသားစု ] အော်တစ်ဇင် ရောဂါရှိသော မွေးစားသားလေး : 1vs3 ( ငါက ဒယ်ဒီရဲ့ အဖိုးတန်လေးလေ ) [ သမ္မတနိုင်ငံခေတ် ] မထင်မရှားနှင့် သူရဲဘောကြောင်တတ်သော လူကြီးလူကောင်းလေး : 1vs3 ( စစ်ပွဲအရှင်အား ညစာစားပွဲတွင် တွေ့ဆုံမိခြင်း ) [ မြို့ပြနေ ဘ၀ ] တတ်ကြွကာ ယောကျာ်းဆန်သော လူကြီးမင်း : 1vs2 ( နိုင်ထက်စီးနင်းလုပ်တတ်သော မိသားစုမှ တူဆိုးလေး ) [ အနုပညာ အသိုင်းအဝိုင်း ] အသိုင်းဝိုင်းထဲသို့ စတင်၀င်ရောက်လာသည့် ရေသူ မျက်နှာသစ်လေး : 1vs3 ( ဆုရသရုပ်ဆောင်၊ ဒါရိုက်တာနှင့် စီးအီးအို၊ ကလေး‌မွေးဖွားခြင်း ပါ၀င်သော်ငြား inters*x မဟုတ်ပါ ) [ မလုပ်အပ်သော ကိစ္စများ ] အဓိက ဇာတ်လိုက်shou၏ မျက်မမြင် ခင်ပွန်းသည်လေး : 1vs1 ( မင်းဒယ်ဒီက မင်းနဲ့ ကြိုက်နေတယ်လို့ ငါကြားမိတယ်။ ပြောရမှာတော့ အားနာပါရဲ့၊ မင်းဒယ်ဒီက ငါ့ကို စောက်ရမ်းကို အရူးအမူး ချစ်နေတာလေ ) [ Live လွှင့်ခြင်း ] နူးညံ့သော ခရူတီလေး : 1vs2 ( မင်း အိပ်ပျော်သွားအောင် ချော့သိပ်ဖို့ ငါ့ကို လိုလားဟင်? ) [ လူဆိုးဂိုဏ်း ခေါင်းဆောင် ] ရက်စက်ယုတ်မာသော လူဆိုးခေါင်းဆောင်လေး : 1vs3 ( အို့၊ ချစ်ရပါသော ဘုန်းတော်ကြီးက ကျွန်တော်မျိုးကို လမ်းညွှန်ပြုပြင်ပေးဖို့ လာခဲ့တာပါလား? ) [ ရှေးခေတ် အထက်တန်းလွှာ မိသားစု ] အလို‌လိုက်ခံ‌ရသော သခင်ငယ်လေး : 1vs2 ( မြင့်မြတ် သန့်စင်တဲ့ သခင်လေးက သူ့ရဲ့ နတ်ဆိူ အစေခံတွေဆီကနေ ဝိုင်းပြီး အနမ်းခံ၊ အဖက်ခံလိုက်ရတယ် ) [ တက္ကသိုလ် နယ်မြေ ] ဘတ်စ်ကတ်ဘောအဖွဲ့ခေါင်းဆောင် အဖြောင့်ကောင်လေး : 1vs3 ( လီးပဲ! ငါနဲ့ တူတူကြီးလာတဲ့ ငါ့ ငယ်သူငယ်ချင်းကြီးက ငါနဲ့ ပတ်သတ်ပြီး ထူးထူးဆန်းဆန်း ရည်ရွယ်ချက်တွေ ရှိနေတာများလား? ) [ စိတ်ဝိဉာဉ် ] သရဲတွေကို အယုံအကြည်မရှိ၊ ဒေါသထွက်လွယ်သော စီးအီးအိုလေး : 1vs3 ( သရဲ? ဘယ်လိုတောင် အဓိပ္ပာယ် မရှိတာလဲ? သရဲဆိုတာ ဒီကမ္ဘာပေါ်မှာ မရှိဘူးကွ! ) [ အနောက်တိုင်း ] ဗန်ပိုင်းယား မင်းသားလေး : 1vs3 ( ဟင်း။ မင်းအနံ့က အရမ်းကောင်းတာပဲ။ ငါ တစ်ကိုက်လောက် ကိုက်လို့ ရမလားဟင်? သေးသေးလေးပါပဲ ) [ နန်းတွင်း တရားခုန်ရုံး ] သိမ်မွေ့သော အမတ်မင်းလေး : 1vs1 ( အရှင်မင်းမြတ် ခင်ဗျား၊ ကျွန်တော်မျိုး ဒီကို ရောက်နေရခြင်းမှာ ခြောက်သွယ်သော အနုပညာအကြောင်းအား သင်ကြားရန်သာ ဖြစ်ပါတယ်။ အဘယ်ကြောင့်များ အရှင်မင်းမြတ်ကို.....လိင်ကိစ္စရေးရာအကြောင်းကို သင်ပေးရဲပါမလဲ? ) [ အကျဉ်းထောင် ] အေးတိအေးစက်ဖြင့် ကျက်သရေရှိလှသော အကျဉ်းထောင်မှူးလေး : 1vs3 ( သိမ်းငှက်တစ်စုနှင့် ‌ကြောင်မည်း‌‌လေးတို့ကြားရှိ အချစ်၀တ္ထုလေး တစ်ပုဒ် ) [ ကျင့်ကြံရေး ] အမူအယာမဲ့သော ဆရာသခင် : 1vs3 ( ထွက်သွားချင်တယ်တဲ့လား၊ ဘယ်လိုတောင် ရဲတင်းနေတာလဲ? )   ===== Arc 24ခု ရှိပြီး အပိုင်းပေါင်း 427 ပိုင်းရှိပါတယ်။    

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset