Chapter 21
တွေဝေခြင်းနှင့် တုံ့ဆိုင်းမှု အနည်းငယ်မျှ မရှိခြင်း
*****
လုဖေးဟွမ် ပြန်ရောက်လာသည့်ကိစ္စကို ချန်မင်မှလွဲ၍ မည်သူမျှ မသိရှိခဲ့ပေ။
သူ၏ကိုယ်ပေါ်ရှိအမှတ်အသားများက ရက်အနည်းငယ်အတွင်း ပျောက်ကွယ်သွားခဲ့၏။
သို့သော် လုဖေးဟွမ်ချန်ထားရစ်ခဲ့သော အခြားအင်္ကျီတစ်ထည်ပေါ်မှ အနံ့ကတော့ လဝက်နီးပါးကြာမှသာ အပြည့်အဝ လွင့်စင်သွားတော့သည်။
နှစ်သစ်ကူး ပထမလ ကုန်သွားသည်အထိ လုဖေးဟွမ်ထံမှ မကောင်းသောသတင်း တစ်စုံတစ်ရာ မကြားရမှသာ ချန်မင်၏စိုးရိမ်နေသောနှလုံးသားက အနည်းငယ် ငြိမ်သက်သွားတော့၏။
ရက်များက တရွေ့ရွေ့ကုန်ဆုံးသွားပြီး နှစ်လယ်ပိုင်းသို့ ရောက်သောအခါ နိုင်ငံနှစ်ခုကြား စစ်ပွဲက ပြန်လည်ပြင်းထန်လာသည်။
လမ်းထောင့်တိုင်းတွင် အပြင်းအထန် ဆွေးနွေးပြောဆိုနေကြပြီး တစ်ခါတစ်ရံ တစ်ဖက်ရန်သူ၏မြို့တစ်မြို့ကို သိမ်းပိုက်နိုင်သည်ဟု ကြားရ၏။
တစ်ခါတစ်ရံ ရှုံးနိမ့်သွားသည်ဟုလည်း ကြားရသည်။
ဤစစ်ပွဲက နိုင်ငံဧရိယာအလွန်သေးငယ်သော ချီအာဟနိုင်ငံအတွက် တစ်နိုင်ငံလုံးပါဝင်ဆင်နွှဲရသော စစ်ပွဲကြီးဖြစ်၏။
သို့သော် မြို့တော်ဘက်တွင်တော့ ထမင်းစားပြီးနောက် ရေနွေးသောက်ရင်း အလွတ်သဘောပြောဆိုကြသည့် ခေါင်းစဉ်တစ်ခုမျှသာ ဖြစ်သည်။
နောက်နှစ် တတိယလသို့ ရောက်သောအခါ စစ်ပွဲက နောက်ဆုံးတွင် အဖြေပေါ်သွားပြီး ချီအာဟနိုင်ငံက လက်နက်ချစာလွှာကို တင်ဆက်လာ၏။
လုနိုင်ငံ၏လက်အောက်ခံအဖြစ် အညံ့ခံကြောင်း ပြသလာခဲ့သည်။
သို့သော် ဧကရာဇ်မင်းက လက်မခံရသေးခင်မှာပင် နယ်စပ်တွင် ကြီးမားသောစစ်ပွဲကြီးတစ်ခု ထပ်မံဖြစ်ပွားခဲ့၏။
ဤတစ်ကြိမ်တွင် လုဖေးဟွမ်က ချီအာဟနိုင်ငံကို အပြည့်အဝသိမ်းပိုက်နိုင်ခဲ့ကာ ချီအာဟနိုင်ငံ၏နယ်မြေအားလုံးကို သိမ်းယူနိုင်ခဲ့သည်။
ချီအာဟဘုရင်က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားပြီး သားတော်ကြီးက ကျန်ရှိနေသောစစ်သားအချို့နှင့်အတူ ဘယ်ကိုထွက်ပြေးသွားမှန်း မသိပေ။
သားတော်ငယ်ကမူ အညံ့ခံလက်နက်ချသွားတော့သည်။
ကြီးမားသောအောင်ပွဲသတင်းကို ကြားလိုက်ရသဖြင့် စစ်သူကြီးအိမ်တော်တွင် နှစ်သစ်ကူးပွဲတော် ကျင်းပနေသကဲ့သို့ လူတိုင်း၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ပြည့်နှက်နေကြ၏။
သို့သော် လုကျန်းထင်၏မျက်နှာပေါ်တွင်တော့ ပျော်ရွှင်သည့်အရိပ်အယောင်အနည်းငယ်မျှ မရှိပေ။
ထမင်းစားနေချိန်တွင်ပင် မျက်နှာထားက အေးစက်နေသဖြင့် ချန်မင် အနည်းငယ်တွေဝေသွားပြီး မေးလိုက်သည်။
“ထင်အာ… မင်း ဘာဖြစ်နေတာလဲ…”
လုကျန်းထင် ခေါင်းခါပြလိုက်ရာ ကျောက်ကျင်းရှီးက ပြောလိုက်၏။
“ဟိုလုကျန်းခန်းကြောင့်ပေါ့… သူက အာဏာကို အလွဲသုံးစားလုပ်ပြီး နေ့တိုင်း ကျွန်တော်တို့ကို အနိုင်ကျင့်နေတာ… ညီလေးက ဦးလေးကိုပါ ထိခိုက်လာမှာကြောက်လို့ အမြဲတမ်း သည်းခံနေပေမယ့် သူက ပိုပိုပြီး လွန်လာတယ်…”
သူက ဒေါသထွက်လွန်း၍ ပါးစောင်များပင် ဖောင်းလာပြီး ဆက်ပြောသည်။
“သူက နှစ်နှစ်ဆက်တိုက် စာမေးပွဲကျထားတာကို… ညီလေးကိုပါ သူနဲ့ အတူတူ ကျအောင်လုပ်ချင်နေတာ… တကယ်ကို ယုတ်မာတဲ့စိတ်ဓာတ်ပဲ…”
ချန်မင် အနည်းငယ်ကြောင်အမ်းသွား၏။
လုကျန်းထင်က ဤအကြောင်းများကို သူ့ထံ လာရောက် မပြောပြသဖြင့် သူလည်း မသိခဲ့ပေ။
ယခင်က ပြဿနာများဖြစ်ပြီးကတည်းက တစ်ယောက်တစ်လမ်းစီနေကာ အဆင်ပြေနေကြပြီဟု ထင်ထားခဲ့ရာ နောက်ကွယ်တွင် ဤမျှများပြားသောအနှောင့်အယှက်များ ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူက ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။
“ထင်အာ… မင်းအဖေ ပြန်လာရင် ငါ သူ့ကို ပြောပြလိုက်မယ်… မင်းနဲ့ ရှီးအာကို သီးသန့်စာသင်ဆောင်တစ်ခု ထားပေးဖို့နဲ့… ဆရာအသစ်တစ်ယောက် ထပ်ငှားပေးဖို့ပေါ့… ဘယ်လိုလဲ…”
ကျောက်ကျင်းရှီး၏မျက်လုံးများ တောက်ပသွားပြီး ခေါင်းညိတ်ရန် ပြင်လိုက်ချိန်တွင် လုကျန်းထင်က ပြောလိုက်၏။
“မလိုပါဘူး ဦးလေး… အဖေ့ကို သွားမပြောပါနဲ့…”
သူ၏ရင်ထဲတွင် ဆူးတစ်ချောင်းစူးနေသကဲ့သို့ ခံစားရပြီး ဦးလေးသာ သွားပြောလျှင် ဘာတွေနဲ့ သွားပြီး အလဲအလှယ်လုပ်ရမလဲဆိုတာကို သူ သဘာဝကျကျ သိနေ၏။
ဦးလေးက ထိုလူ၏အနိုင်ကျင့်မှုကို ခံရမည်ကို သူ သဘောမတူလိုပေ။
သူ အသက်ငယ်သေးချိန်က ဤကဲ့သို့သောခံစားချက်မျိုးက သိပ်မပြင်းထန်သော်လည်း ယခု နှစ်နှစ်အတွင်း ပိုမိုကြီးပြင်းလာသည်နှင့်အမျှ ပိုင်ဆိုင်လိုစိတ်က ပိုမိုပြင်းထန်လာခဲ့သည်။
ဦးလေးက သူ့အပိုင်ပဲ… ဖခင်က လာပြီး အနိုင်ကျင့်လို့ မရဘူး။
ချန်မင်က သူ ရှက်နေသည်ဟု ထင်ကာ ဆက်မပြောတော့ဘဲ နေလိုက်သော်လည်း ကျောက်ကျင်းရှီးကမူ မကျေမနပ် ဖြစ်လာ၏။
“ဘာလို့ မပြောရမှာလဲ… ဒီလောက် အနိုင်ကျင့်ခံနေရတာကို…”
“စကားမပြောနဲ့တော့… ထမင်းသာ စား…”
လုကျန်းထင်က သူ၏စကားကို ဖြတ်ပြောလိုက်သည်။
ကျောက်ကျင်းရှီးမှာ မကျေမနပ်ဖြစ်နေသည်။သူသည် လူကောင်သေးသော်လည်း ဒေါသကြီးကာ အနည်းငယ်မျှ အနစ်နာမခံနိုင်သူဖြစ်၏။
နေ့လည်ပိုင်း စာသင်ချိန်တွင် လုကျန်းခန်းက ထပ်မံလှောင်ပြောင်ပြီး သူတို့ကို “အလကားစား အလကားနေ” ဟု ပြောသည်။
လုကျန်းထင်ကိုလည်း “အမေမရှိဘဲ ကြီးလာတဲ့ကောင်” စသည်ဖြင့် ရန်စစော်ကားသောစကားများ ပြောဆိုလာ၏။
ကျောက်ကျင်းရှီး၏ဒေါသအရဆိုလျှင် စောစောကတည်းက ဝင်ထိုးလောက်ပြီဖြစ်သော်လည်း လုကျန်းထင်က အမြဲတမ်း သူ့ကို ဆွဲထားကာ ဂရုမစိုက်ရန် ပြောလေ့ရှိသည်။
ကျောက်ကျင်းရှီးက ဤအရှက်ခွဲမှုကို မခံနိုင်သဖြင့် ထမင်းစားပြီးနောက် လုကျန်းခန်းနေထိုင်ရာ ခြံဝင်းသို့ တိတ်တဆိတ်သွားကာ ပြဿနာတစ်ခုခု သွားရှာရန် ကြိုးစားလိုက်၏။
သူ၏အသက်က ငယ်သေးသော်လည်း ခြေဖော့သိုင်းပညာကို အလွန်ကောင်းစွာ တတ်မြောက်ထားသဖြင့် အိမ်တော်ရှိမည်သူမျှ သူ့ကို မယှဉ်နိုင်ပေ။
စစ်သူကြီးအိမ်တော်၏ နေရာတိုင်းတွင် အစောင့်များရှိနေသော်လည်း သူက လွယ်လွယ်ကူကူပင် တိတ်တဆိတ် ဝင်ရောက်သွားနိုင်ခဲ့သည်။
ညအချိန်ရောက်လာချိန်တွင် သူက တစ်ပတ်လှည့်ပတ်ရှာဖွေလိုက်သော်လည်း လုကျန်းခန်းကို မတွေ့ရပေ။
ခြံဝင်းတစ်ခုထဲတွင် ယောင်ကတော်၏အသံကို ကြားလိုက်ရ၏။
ထိုအသံက အနည်းငယ်မောဟိုက်နေပြီး ဖော်ပြ၍မရနိုင်လောက်အောင် ထူးဆန်းနေသည်။
ကျောက်ကျင်းရှီးက သိချင်စိတ်ဖြင့် ပျံတက်သွားပြီး အမိုးကြွပ်ပြားတစ်ချပ်ကို ခပ်ဖွဖွလေး လှန်ကာ မျက်လုံးဖြင့် ကြည့်လိုက်၏။
မှိန်ပျပျ ဖယောင်းတိုင်မီးရောင်အောက်တွင် ယောင်ကတော်က စားပွဲဝိုင်းပေါ်၌ လဲလျောင်းနေပြီး အင်္ကျီရင်ဘတ်များ ပွင့်ဟနေသည်။
ယုန်ဖြူလေးနှစ်ကောင်လို နို့အုံများက ပေါ်လွင်နေပြီး သူမ၏ကိုယ်ပေါ်တွင် အမျိုးသားတစ်ယောက် မှောက်လျက်အနေအထားဖြင့် သူမ၏ပေါင်ကြားတွင် လှုပ်ရှားနေသည်ကို မြင်လိုက်ရ၏။
ယောင်ကတော်မှာ အပွတ်တိုက်ခံရလွန်းသဖြင့် တစ်ကိုယ်လုံး ပူထူလာပြီး မျက်နှာများနီရဲကာ ညည်းတွားလိုက်သည်။
“အစ်ကိုကြီး… နည်းနည်း ပိုပြီး အားပါပါ လျက်ပေး… အင်း… ပြီးတော့မယ်… အထဲ ဝင်ခဲ့တော့… အာ့…”
ကျောက်ကျင်းရှီးမှာ အသက်ငယ်သေးသော်လည်း ဆယ့်နှစ်နှစ်အရွယ်သို့ ရောက်နေပြီဖြစ်ရာ ကိစ္စအချို့ကို နားလည်နေပြီဖြစ်၏။
ယောင်ကတော် ဖောက်ပြန်နေသည်ကို တွေ့လိုက်ရသဖြင့် ရင်ထဲတွင် အလွန်အံ့ဩသွားသည်။
သူက လူနှစ်ယောက် ဖက်ကာ ထိုညစ်ပတ်သောကိစ္စများကို လုပ်နေကြသည်ကို မျက်လုံးပြူးကာ ကြည့်နေ၏။
အတူတူ ဖက်နမ်းကာ တစ်ယောက်က အသည်းနှလုံးလေးဟု ခေါ်ပြီး နောက်တစ်ယောက်က အစ်ကိုကြီးဟု ခေါ်နေသည်ကို ကြားလိုက်ရသည်။
ကျောက်ကျင်းရှီးက ထိုလူမှာ နောက်ဖေးတံခါးစောင့် လုယိုချိုက်ဖြစ်ကြောင်း မှတ်မိသွား၏။
လုမိသားစု၏အိမ်မွေးအစေခံတစ်ယောက်က ယခုလို အိမ်ရှင်မနှင့် ငြိစွန်းနေသည်မှာ တကယ်ကို မျက်နှာပြောင်တိုက်လွန်းလှသည်။
ကျောက်ကျင်းရှီးက ခဏကြည့်ပြီးနောက် ရင်ထဲတွင် အလွန်ရွံရှာသွားသဖြင့် အမိုးကြွပ်ပြားကို မူလနေရာတွင် ခပ်ဖွဖွလေး ပြန်ထားကာ တိတ်တဆိတ် ထွက်ခွာလာခဲ့၏။
အပြန်လမ်းတွင် ဤကိစ္စကို ပြောသင့်မပြောသင့် တွေဝေနေမိသည်။
လုကျန်းထင်က စာကြည့်နေပြီး သူ ပြန်ရောက်လာသည်ကို မြင်သောအခါ ခေါင်းမမော့ဘဲ မေးလိုက်၏။
“မင်း ဘယ်သွားနေတာလဲ…”
ကျောက်ကျင်းရှီးတွင် ကိုယ်ပိုင်အိပ်ခန်းရှိပြီး သူနှင့် သူ၏ဖခင် အတူတူနေထိုင်သည့်အခန်းဖြစ်၏။
သို့သော် ဖခင် စစ်ထွက်သွားပြီးနောက်ပိုင်းတွင် သူက သုံးရက်တွင် နှစ်ရက်ခန့် လုကျန်းထင်နှင့်အတူ အိပ်လေ့ရှိသည်။
တစ်နှစ်ကျော်ကြာ အတူအိပ်လာသဖြင့် ယခုအခါ အသားကျနေပြီဖြစ်ပြီး ဤနေရာကို သူ၏ကိုယ်ပိုင်အိပ်ခန်းသဖွယ် သတ်မှတ်ထား၏။
ကျောက်ကျင်းရှီးက မဖြေဘဲ မျက်မှောင်ကြုတ်ကာ နှုတ်ခမ်းစူထားသည်။
လုကျန်းထင်က စာရေးနေသည်ကို ရပ်လိုက်ပြီး သူ့ထံသို့ လျှောက်လာကာ သူ၏မျက်နှာထားကို မြင်သောအခါ လေသံအနည်းငယ် နူးညံ့သွား၏။
“ဘာဖြစ်လို့လဲ… နေ့လည်က ကိစ္စအတွက် ဒေါသထွက်နေတုန်းပဲလား…”
ကျောက်ကျင်းရှီးက လုကျန်းခန်း၏အားနည်းချက်တစ်ခုကို ရထားသည်ကို တွေးမိပြီး ရယ်မောလိုက်သည်။
“ဒေါသမထွက်တော့ပါဘူး… စစ်သူကြီး ပြန်ရောက်လာရင်… ငါ သွားတိုင်မှာ… စစ်သူကြီးကို သူတို့ သားအမိနှစ်ယောက်ကို သေချာအပြစ်ပေးခိုင်းမယ်…”
လုကျန်းထင်က သူ လုဖေးဟွမ်အကြောင်း ပြောသည်ကို ကြားသောအခါ မပျော်ရွှင်သဖြင့် စကားမပြောတော့ပေ။
ကျောက်ကျင်းရှီးက ပို၍ပင် စိတ်လှုပ်ရှားလာ၏။
“စစ်သူကြီးက စာပို့လိုက်တယ် မဟုတ်လား… လကုန်ရင် ပြန်ရောက်မယ်ဆိုလား…”
လုကျန်းထင်က အေးစက်စက် “အင်း” ဟု ပြန်ဖြေလိုက်သည်။
ကျောက်ကျင်းရှီးက ဂရုမစိုက်ဘဲ ပျော်ရွှင်စွာ ပြောလိုက်၏။
“အဲဒါဆို ခုနစ်ရက်ပဲ လိုတော့တာပေါ့… အင်း… ငါလည်း အဖေ့ကို တွေ့ရတော့မယ်… သူ့ကို မတွေ့ရတာ သုံးနှစ်လောက် ရှိတော့မယ်… င. သူ့ကို အရမ်း လွမ်းတာပဲ… သူ ဘယ်လိုနေမလဲ မသိဘူး… ဒဏ်ရာတွေများ ရလာမလား… ကိုယ်ပေါ်မှာ အမာရွတ်အသစ်တွေ အများကြီး ထပ်တိုးလာမလား မသိဘူး…”
လုကျန်းထင်က သူ အမာရွတ်အကြောင်း ပြောသည်ကို ကြားလိုက်ရချိန်တွင် ဖခင်၏ကိုယ်ပေါ်ရှိအမာရွတ်များကို ရုတ်တရက် သတိရလိုက်၏။
ရင်ထဲရှိ ထိုမကျေနပ်ချက်များက အနည်းငယ်ပြယ်လွင့်သွားကာ ဖော်ပြ၍မရနိုင်သော ခံစားချက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
သူ၏မျက်နှာထား အနည်းငယ်လျော့ကျသွားကာ ပြောလိုက်၏။
“ဦးလေး ရေနွေး တည်ပေးထားတယ်… မင်း သွားရေချိုးတော့… ဦးလေးကို အကြာကြီး စောင့်ရအောင် မလုပ်နဲ့…”
ကျောက်ကျင်းရှီးက ရေချိုးရသည်ကို သိပ်မနှစ်သက်သဖြင့် ဤစကားကို ကြားလိုက်ရချိန်တွင် မျက်နှာပျက်သွား၏။
သို့သော် ညီလေးက သန့်ရှင်းမှုကို အလွန်ကြိုက်နှစ်သက်ကြောင်း သိထားသဖြင့် သူ ရေမချိုးလျှင် သူ၏ကုတင်ပေါ်တွင် လုံးဝအိပ်ခွင့်ရမည်မဟုတ်မှန်း သိသည်။
ထို့ကြောင့် လိမ္မာစွာဖြင့် အင်္ကျီသွားရှာပြီး ရေချိုးလိုက်ရတော့၏။
ကျောက်ကျင်းရှီးက အကြံတစ်ခုရသွားပြီး ဒုတိယနေ့တွင် နောက်ဖေးတံခါးသို့ တမင်သက်သက်သွားကာ ထိုလုယိုချိုက်ကို သွားကြည့်လိုက်သည်။
မနေ့က သူမြင်ခဲ့ရသောလူ အမှန်တကယ်ဖြစ်ကြောင်း အတည်ပြုနိုင်မှသာ စိတ်အေးသွားတော့၏။
သူ၏ရင်ထဲတွင် အလွန်ဝမ်းသာသွားပြီး ဂုဏ်ယူနေသဖြင့် မျက်နှာပေါ်တွင်လည်း ပုံမှန်ထက် အပြုံးများ ပိုမိုပါဝင်နေကာ ခုန်ဆွခုန်ဆွဖြင့် စာသင်ဆောင်သို့ ပြန်လာခဲ့သည်။
ဤအချိန်တွင် လုမိသားစု၏သားအကြီးဆုံး လုကျန်းလျန်မှာ သုံးနှစ်ဆက်တိုက် စာမေးပွဲကျထား၏။
ထို့ကြောင့် သူ၏မိခင်က သူ့ကို စီးပွားရေးပညာရပ်များကိုသာ သင်ယူခိုင်းတော့ရာ သူက အိမ်တော်ထိန်းနောက်သို့ လိုက်ကာ စီးပွားရေးပညာရပ်များကို သင်ယူနေသည်။
စာသင်ဆောင်တွင် စာလာမသင်တော့သဖြင့် လုကျန်းခန်း၊ မင်ယွမ်ဟွေးနှင့် လုကျန်းထင်၊ ကျောက်ကျင်းရှီးတို့သာ ဤနေရာတွင် စာသင်နေကြ၏။
လုကျန်းခန်းက ကျောက်ကျင်းရှီး ခုန်ဆွခုန်ဆွဖြင့် ဝင်လာသည်ကို မြင်သောအခါ မကျေနပ်သဖြင့် လှောင်ပြောင်လိုက်သည်။
“ဟော… သူများအိမ်မှာ အလကားလာနေတဲ့ကောင်က နောက်တောင်ကျရဲသေးတယ်ပေါ့… ပြီးတော့ သူခိုးမျက်နှာထားနဲ့ ပြုံးစိစိ လုပ်နေသေးတယ်… မရှက်ဘူးလား…”
ကျောက်ကျင်းရှီး၏အပြုံးက တောင့်တင်းသွား၏။
တကယ်တော့ သူက တရုတ်သွေးနှင့် တိုင်းရင်းသားသွေး ရောနှောနေသဖြင့် လူငယ်များကြားတွင် သူ၏မျက်နှာပေါက်က အပေါ်လွင်ဆုံးဖြစ်သည်။
မိန်းကလေးများပင်လျှင် သူလောက် ချောမောမှု မရှိကြပေ။
ကျောက်ကျင်းရှီးက လုကျန်းခန်းကို မျက်စောင်းထိုးကာ ဒေါသတကြီးဖြင့် ပြောလိုက်၏။
“မင်း ဘယ်သူ့ကို ဆဲနေတာလဲ…”
လုကျန်းခန်းက လှောင်ပြောင်လိုက်သည်။
“ငါ့ကို ပြန်ထူးတဲ့သူကို ဆဲတာပဲ…”
“မင်း!… မင်းကမှ သူခိုးရုပ်နဲ့… မင်းအမေ ဖောက်ပြန်လို့… မင်းလို ငတုံးကောင်လေးကို မွေးလာတာလေ… စာမေးပွဲတောင် မအောင်ဘူး… နေ့တိုင်း ဆရာ့ရဲ့ ဆဲတာကိုပဲ ခံနေရတယ်…”
ကျောက်ကျင်းရှီးက ဒေါသထွက်လွန်း၍ ရင်ထဲတွင် ဖွက်ထားသောစကားများကို အကုန်ပြောချလိုက်တော့၏။
လုကျန်းခန်း မျက်နှာထားပြောင်းသွားပြီး ဒေါသတကြီးဖြင့် အော်လိုက်သည်။
“ကောင်စုတ်လေး… မင်း ဘာပြောလိုက်တယ်!…”
“မင်းကမှ ကောင်စုတ်လေး!… မင်းအမေက ဖောက်ပြန်နေတာ… နောက်ဖေးတံခါးစောင့် လုယိုချိုက်နဲ့ ဖောက်ပြန်နေတာ… ငါကိုယ်တိုင် မျက်စိနဲ့ တပ်အပ် မြင်ခဲ့တာ… သူတို့ အခန်းထဲမှာ နမ်းတောင် နမ်းနေကြသေးတယ်… စစ်သူကြီး ပြန်ရောက်လာရင် ငါ သွားတိုင်ပြီး… မင်းတို့ကို နှင်ထုတ်ခိုင်းမယ်… ဟွန့်!…”
ကျောက်ကျင်းရှီး၏ ရင်ထဲရှိစကားများအားလုံး စက်သေနတ်ပစ်သကဲ့သို့ ထွက်ကျလာ၏။
လုကျန်းထင် စာသင်ဆောင်ထဲသို့ ဝင်လာချိန်တွင် တားရန်ပင် အချိန်မမီတော့ဘဲ ကျောက်ကျင်းရှီးကို သူ၏အနောက်သို့ ဆွဲယူလိုက်ရသည်။
လုကျန်းခန်းမှာ မျက်နှာများ သွေးထွက်မတတ် ဖြူရော်သွားကာ လက်စွပ်ကို တင်၍ ပြေးဝင်လာရန် ပြင်လိုက်၏။
“ကောင်စုတ်လေး… မင်းက ပေါက်ပန်းလေးဆယ် စွပ်စွဲနေတာပဲ…”
သူ ရိုက်ရန် ပြင်လိုက်ချိန်တွင် ဆရာရောက်လာပြီး ဆရာက အလွန်ဩဇာကြီးမားသဖြင့် လုကျန်းခန်းပင် သူ့ကို ကြောက်ရသည်။
သူသည် မျက်လုံးပြူးကာ ကျောက်ကျင်းရှီးကို ဒေါသတကြီးဖြင့် စူးစိုက်ကြည့်နေရုံသာ တတ်နိုင်ပြီး ကျောက်ကျင်းရှီးကတော့ သူ့ကို ဂုဏ်ယူစွာဖြင့် ပြောင်ပြလိုက်တော့၏။
လူနှစ်ယောက်က ကျောင်းဆင်းသည်အထိ ပြဿနာကို မဖြေရှင်းနိုင်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် လုကျန်းထင်က ကျောက်ကျင်းရှီးကို အရင်ဆွဲခေါ်သွားသောကြောင့် ဖြစ်၏။
လုကျန်းခန်းက ဒေါသများအပြည့်ဖြင့် ခြံဝင်းသို့ ပြန်လာခဲ့ပြီး ဒေါသထွက်လွန်း၍ ထမင်းပင် မစားနိုင်ပေ။
ထို့ကြောင့် ယောင်ကတော်က ဟင်းချိုတစ်ပန်းကန် ကိုင်ကာ နူးညံ့စွာ ပြောလိုက်သည်။
“ခန်းအာ… ဘာဖြစ်လာပြန်ပြီလဲ…”
လုကျန်းခန်းက ဒေါသတကြီးဖြင့် ပြောလိုက်၏။
“ဟိုကောင်စုတ်လေးလေ… ပါးစပ်ကနေ အကောင်းတစ်ခွန်းမှ မထွက်ဘူး… ကျွန်တော့်ကို မယှဉ်နိုင်တော့… အမေ့ကို လာစွပ်စွဲတယ်… အမေ ဖောက်ပြန်နေတယ်တဲ့… ဖောက်ပြန်တာကလည်း ဟိုနောက်ဖေးတံခါးက လုယိုချိုက်နဲ့တဲ့… ပြီးတော့ အဖေ ပြန်လာရင် တိုင်မယ်လို့လည်း ပြောသေးတယ်… တကယ်ကို အဖြစ်အပျက်တစ်ခုလုံးကို လုပ်ကြံပြောဆိုနေတာပဲ… ဟွန့်… ကျွန်တော် ဒေါသထွက်လွန်းလို့ သေတော့မယ်… သူ့ကို အသေအလဲရိုက်ပြီး သွားတွေအကုန် ကျိုးသွားအောင် လုပ်ပစ်ချင်တာ…”
သူ ပြောပြီးနောက် ခေါင်းမော့လိုက်ရာ မိခင်၏မျက်နှာထားက အနည်းငယ်ထိတ်လန့်နေသည်ကို တွေ့လိုက်ရသည်။
မိခင်က မျက်နှာက ဖြူရော်ပြီး ဟင်းချိုပန်းကန် ကိုင်ထားသောလက်များက အနည်းငယ်တုန်ယင်နေသည်ကို မြင်လိုက်ရသောအခါ ရုတ်တရက် အံ့ဩသွားသည်။
“အမေ… ဘာဖြစ်လို့လဲ…”
ယောင်ကတော် သတိပြန်ဝင်လာပြီး အကြည့်များကို ကမန်းကတမ်း ရှောင်လွှဲလိုက်၏။
“ဘာ… ဘာမှ မဖြစ်ပါဘူး…”
ညအိပ်ရာမဝင်ခင် လုကျန်းထင်က ကျောက်ကျင်းရှီးကို ထပ်မံ သတိပေးလိုက်သည်။
“နောက်ဆိုရင် သူနဲ့ ထပ်ပြီး ရန်မဖြစ်နဲ့တော့… တတ်နိုင်သမျှ သူ့ကို သွားမပတ်သက်နဲ့… သူ မင်းကို လှောင်ပြောင်ရင်လည်း မကြားသလို ဟန်ဆောင်နေလိုက်… ကြားလား…”
ကျောက်ကျင်းရှီးက နှုတ်ခမ်းစူကာ မကျေမနပ်ဖြင့် ပြောလိုက်၏။
“ငါက အကောင်းကြီး ကြားနေရတာကို…”
“ငါက မင်းကို မကြားသလို ဟန်ဆောင်ခိုင်းနေတာ… ငါတို့က အခု သူ့ကို မယှဉ်နိုင်သေးဘူး… ငါတို့မှာ အင်အား ရှိလာတဲ့အချိန်ကျမှ… အဆက်ဟောင်းရော အဆက်သစ်ရော တစ်ခါတည်း ရှင်းလည်း မနောက်ကျပါဘူး… ကြားလား…”
လုကျန်းထင်က ဤအစ်ကိုကြီးအတွက် အနည်းငယ်ပင် လက်မြှောက်ချင်နေပြီ ဖြစ်၏။
ကျောက်ကျင်းရှီးက သူ့ကို လျှာထုတ်ပြလိုက်ပြီး မကျေမနပ်ဖြစ်နေသည့်ပုံပေါ်သည်။
လုကျန်းထင်က မီးကို မှုတ်ပိတ်လိုက်ပြီး ကုတင်ပေါ်တွင် လဲလျောင်းကာ လေသံအနည်းငယ် နူးညံ့သွား၏။
“အိပ်တော့… မနက်ဖြန် မနက်စောစောထပြီး သိုင်းကျင့်ရဦးမယ်…”
“အင်း…”
လူနှစ်ယောက်စလုံးက အသက်ငယ်သေးသလို သိုင်းပညာလေ့ကျင့်ရသည်မှာလည်း အလွန်ပင်ပန်းပြီး စာလည်းသင်ရကာ မနက်လည်း စောစောထရသည်။
ထို့ကြောင့် မျက်လုံးမှိတ်လိုက်သည်နှင့် ခဏအတွင်းမှာပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြတော့၏။
ဤအချိန်က ငါးလပိုင်း ၊ ခြောက်လပိုင်းရာသီဥတုဖြစ်ပြီး ရာသီဥတုက စတင်ပူနွေးလာသော်လည်း အလွန်အမင်းတော့ မပူသေးပေ။
သို့သော် လုကျန်းထင်က ပူနွေးသောလေငွေ့များကြောင့် နိုးလာခဲ့ပြီး အားယူကာ မျက်လုံးဖွင့်ကြည့်လိုက်၏။
ထိုအခါ မီးတောက်များကို မြင်လိုက်ရပြီး အဆုံးမရှိသောအပူလှိုင်းများက ရိုက်ခတ်လာသဖြင့် သူ၏အိပ်ချင်စိတ်များ အကုန်လွင့်စင်သွားတော့သည်။
သူ အလွန်လန့်သွားပြီး မီးရောင်ဖြင့် ဘေးကို ကြည့်လိုက်ရာ ကျောက်ကျင်းရှီးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ၏။
ထို့ကြောင့် သူက အလောတကြီး လှုပ်နှိုးလိုက်သည်။
“ရှီးအာ… ထတော့… ထတော့…”
ကျောက်ကျင်းရှီးက မျက်လုံးများကို ဝိုးတဝါးဖွင့်ကြည့်လိုက်ပြီး အိပ်ရေးမဝသေးသည့်ပုံဖြစ်နေ၏။
ထို့ကြောင့် လုကျန်းထင်က ဆက်မစောင့်တော့ဘဲ သူ့ကို ပွေ့ချီကာ အပြင်သို့ ပြေးထွက်သွားတော့သည်။
အိပ်ခန်း၏တံခါးနှင့် ပြတင်းပေါက်များက မီးလောင်နေပြီဖြစ်ပြီး အခန်းအတော်များများမှာ မီးပင်လယ်ကြီး ဖြစ်နေပြီ ဖြစ်၏။
ကံကောင်းထောက်မစွာ သူတို့ခြံဝင်းထဲတွင် အမှိုက်များ ပုံမထားပေ။
လုကျန်းထင်က အပြင်အင်္ကျီပင် မဝတ်နိုင်ဘဲ ကျောက်ကျင်းရှီးကို ပွေ့ချီကာ ခြံတံခါးဝသို့ အရောက် ပြေးသွားခဲ့သည်။
မတ်မတ်ရပ်လိုက်သည်နှင့် သူ၏ခေါင်းထဲတွင် ရုတ်တရက် ရှုပ်ထွေးသွားတော့၏။
ဦးလေး… ဦးလေး ရှိသေးတယ်။
သူ၏ရင်ထဲတွင် အလွန်စိုးရိမ်သွားသည်။ ခြံတံခါးဝတွင် လူတစ်စု ရပ်နေကာ အချို့က ရေပုံးများကိုင်၍ မီးငြိမ်းသတ်နေကြ၏။
သူက တစ်ပတ်လှည့်ရှာလိုက်သော်လည်း ဦးလေးကို မတွေ့ရသဖြင့် ဦးလေးက အခန်းထဲတွင် ရှိနေဆဲဖြစ်မည်ကို သိလိုက်ရသည်။
ကျောက်ကျင်းရှီးကို မြေကြီးပေါ်သို့ ကမန်းကတမ်း ချပေးလိုက်ပြီး အထဲသို့ ပြေးဝင်ရန် ပြင်လိုက်ချိန်တွင် သူ၏လက်မောင်းကို လူတစ်ယောက်က ဖမ်းဆွဲလိုက်၏။
လုကျန်းထင် နောက်လှည့်ကြည့်လိုက်ရာ အမြဲတမ်းစကားနည်းသော မင်ယွမ်ဟွေးက သူ့ကို ဖမ်းဆွဲထားခြင်းဖြစ်သည်။
“မင်း အထဲဝင်ပြီး သေချင်လို့လား…”
အထဲတွင် မီးများ အပြင်းအထန်လောင်ကျွမ်းနေပြီး မီးတောက်များက ပေအနည်းငယ်မျှပင် မြင့်တက်နေကာ အိမ်တစ်လုံးလုံးကို လောင်ကျွမ်းတော့မည် ဖြစ်၏။
လုကျန်းထင်၏ရင်ထဲတွင် အလွန်စိုးရိမ်နေပြီး သူ၏လက်ကို အတင်း ရုန်းကန်လိုက်သည်။
“ငါ့ကို လွှတ်… ငါ့ဦးလေး အထဲမှာ ရှိသေးတယ်… ငါ့ကို လွှတ်…”
မင်ယွမ်ဟွေးက သူ၏လက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး သူ ဘယ်လိုပဲ ကန်ကျောက်ရိုက်နှက်နေပါစေ… လုံးဝ မလွှတ်ပေးပေ။
“မင်း သေတွင်းထဲသွားမယ့်ဟာကို ငါ ကြည့်မနေနိုင်ဘူး… လုကျန်းထင်… မင်း သတိထားစမ်းပါ… ဒီလောက်ကြီးတဲ့ မီးကြီးထဲမှာ… နတ်ဘုရားတွေတောင် ကယ်လို့ မရတော့ဘူး…”
လုကျန်းထင် မျက်လုံးပြူးသွားပြီး တစ်ကိုယ်လုံး တောင့်တင်းသွားကာ ကိုယ်လုံတီးဖြင့် အလွန်အေးခဲသောနှင်းတောထဲ ရောက်နေသကဲ့သို့ တစ်ကိုယ်လုံး အေးစက်သွားတော့၏။
သူ ကြောင်အမ်းနေစဉ် ရုတ်တရက် အရပ်မြင့်မားသောလူရိပ်တစ်ခုက သူ့ကို ကျော်ဖြတ်ကာ ခြံဝင်းထဲသို့ အပြင်းအထန် ပြေးဝင်သွားသည်။
ထိုလူ၏ကိုယ်ပေါ်တွင် ရေများစိုရွှဲနေကာ ရေဖြင့် ပက်ထားကြောင်း ရှင်းလင်းစွာ သိနိုင်၏။
လုကျန်းထင်က ထိုလူ ဦးလေး၏အိပ်ခန်းတံခါးရှေ့သို့ တိုက်ရိုက်ပြေးသွားကာ မီးများ လောင်ကျွမ်းနေသောတံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်လိုက်ပြီး ထို့နောက် တုံ့ဆိုင်းမှုအနည်းငယ်မျှမရှိဘဲ အထဲသို့ ပြေးဝင်သွားသည်ကို မျက်လုံးပြူးကာ ငေးကြည့်နေမိတော့၏။
ထိုလူမှာ လုဖေးဟွမ် ဖြစ်သည်။
လုကျန်းထင်သည် မျက်ရည်များ ကျဆင်းလာပြီး စောစောက သူ ကြောင်အမ်းသွားခဲ့သည့် ထိုအချိန်လေးအတွင်းမှာပင် သူဟာ လုံးဝကို ရှုံးနိမ့်သွားပြီဖြစ်ကြောင်း သေချာသွားခဲ့တော့၏။
Chapter 21 ended