⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 3

Chapter 3

 

 

လျိုကွမ်က လေသံပျော့သွားပြီး ရှုပ်ပွနေသော ဆံပင်များကို မလုံမလဲဖြင့် ကုတ်လိုက်၏။

 

ချန်နော့မှာ ကြားပြီး ရယ်ရခက်ငိုရခက် ဖြစ်နေသော်လည်း အနည်းငယ်တော့ စိတ်လှုပ်ရှားမိသွားသည်။ သေချာသည်မှာ လျိုကွမ်က သူ့အပေါ် ကောင်းမွန်နေခြင်းမှာ သူ့ကို ‘အမ’ ဟု သတ်မှတ်ထားခြင်းကြောင့် ဖြစ်ကြောင်းကိုလည်း သူ နားလည်ထား၏။ ဤခြောက်သွေ့ပြီး ခေတ်နောက်ကျနေသော နေရာသို့ အကြောင်းပြချက်မရှိဘဲ ရောက်လာပြီးနောက် ပြန်သွားရမည့် နည်းလမ်းကိုလည်း မသိသောကြောင့် ဤနေရာတွင် ဆက်လက်အသက်ရှင်နေထိုင်နိုင်ရန် ကြိုးစားရုံသာ ရှိပေမည်။

 

သူက လျိုကွမ်ကို လာခဲ့ရန် လက်ယပ်ခေါ်လိုက်သည်။ လျိုကွမ်က မြစိမ်းရောင် မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်ကာ မေးလိုက်၏။

 

” ဘာလဲ…”

 

” မင်းခေါင်းပေါ်မှာ သန်းတွေ ရှိမရှိ ကြည့်ပေးမယ်…”

 

ချန်နော့က လျိုကွမ်၏ သေးသွယ်သော လက်မောင်းကို ဆွဲ၍ အနီးသို့ ခေါ်လိုက်ရာ သူ၏ ကိုယ်ပေါ်မှ အနံ့ကြောင့် သတိလစ်မတတ်ပင် ဖြစ်သွားခဲ့၏။ လျိုကွမ်၏ တောက်ပသော အနီရောင်ဆံပင်များမှာ မလျှော်ထားသောကြောင့်လား မသိပေ။ ကိုင်ကြည့်ရာတွင် မာကြောပြီး စူးရှနေသည်။ ချန်​​နော့က မျက်မှောင်ကြုတ်ကာ လျိုကွမ်၏ ဆံပင်ကို စစ်ဆေးရင်း မေးလိုက်၏။

 

” မင်း ရေမချိုးတာ ဘယ်နှရက်တောင် ရှိနေပြီလဲ…”

 

လျိုကွမ်မှာ ဤကဲ့သို့ ရင်းနှီးစွာ ဆက်ဆံမခံခဲ့ရဖူးသဖြင့် စိတ်ထဲတွင် အနည်းငယ် တွန့်ဆုတ်နေမိသည်။ ဤသည်မှာ သူ၏ ညစ်ပတ်နေမှုကို ရွံရှာနေခြင်းဖြစ်ကြောင်း ကြားလိုက်ရသောအခါ ဒေါသတကြီးဖြင့် မျက်စောင်းထိုးကာ ပြောလိုက်၏။

 

” အထီးတွေ အားလုံးက ဒီလိုပဲ! ဒါမှ ယောက်ျားပီသတာ!…”

 

ချန်နော့မှာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားလိုက်ရသည်။ အထီးသတ္တဝါများမှာ တစ်ကိုယ်ရည်သန့်ရှင်းမှု မရှိခြင်းနှင့် ညီမျှသည်ဟု မည်သူက ပြောထားသနည်း။ သူက လျိုကွမ်၏ ညစ်ပတ်ရှုပ်ပွနေသော မြက်မိုးတဲလေးကို သေချာစွာ ထပ်မံအကဲခတ်လိုက်ရာ ထောင့်တစ်နေရာတွင် သစ်သားပုံးတစ်ပုံး ရှိနေသည်ကို တွေ့လိုက်ရသဖြင့် လျိုကွမ်ကို ပြောလိုက်၏။

 

” မင်း ရေတစ်ပုံး သွားခပ်ခဲ့… ဒီနေရာကို ရှင်းလင်းရမယ်…”

 

လျိုကွမ်က သူ့ကို သတိဖြင့် စိုက်ကြည့်ကာ ခြေတစ်လှမ်းမျှ မရွေ့သေးသည်ကို မြင်သောအခါ သူက ပြုံး၍ ပြောလိုက်သည်။

 

” စိတ်ချပါ… ငါ ထပ်မပြေးတော့ပါဘူး…”

 

ချန်နော့၏ မျက်နှာပေါ်တွင် ပေကျံနေသော ရွှံ့အချို့ ရှိနေသော်လည်း ပြုံးလိုက်သောအခါ မျက်ခုံးများ တွန့်ကွေးသွားပြီး သွားစွယ်လေးများကို ပေါ်လွင်သွားစေသည်မှာ အလွန်တက်ကြွလန်းဆန်းနေပုံ ပေါ်၏။ လျိုကွမ်က သူ့ကို အံ့သြစွာဖြင့် အတန်ကြာ ကြည့်နေပြီးနောက် သစ်သားပုံးကို ဆွဲကာ ထွက်သွားခဲ့သည်။

 

ခြံဝင်းအတွင်းရှိ သစ်ပင်များကြားတွင် အဝတ်လှန်းသည့် ကြိုးများ တပ်ဆင်ထားသည်။ ချန်နော့က မှိုတက်နေပုံရသော အိပ်ရာခင်းများ၏ အနံ့ကို ရှူရှိုက်ကြည့်ပြီးနောက် မဆိုင်းမတွပင် ၎င်းတို့ကို ပွေ့ချီကာ နေပူထဲတွင် လှန်းထားလိုက်၏။ သိသာစွာပင် လျိုကွမ်၌ အပိုအိပ်ရာခင်းများ ရှိမည်မဟုတ်သဖြင့် နေရောင်ခြည်က အိပ်ရာခင်းများပေါ်ရှိ သန်းများကို သတ်ဖြတ်နိုင်ရန်သာ သူ ဆုတောင်းနိုင်ပေမည်။

 

လျိုကွမ်၏ သတိထားမှုမှာ မပျောက်သေးသောကြောင့်လား မသိပေ။သူ ပြန်လာသည့် အရှိန်မှာ အလွန်မြန်ဆန်လှ၏။ သူ၏ အရပ်မှာ ပုလွန်းပြီး ခန္ဓာကိုယ်မှာလည်း ပိန်လှီနေသဖြင့် ထိုသစ်သားပုံးကို ဆွဲ၍ မြန်မြန်ဆန်ဆန် လျှောက်လာသည်ကို မြင်ရသောအခါ သနားစရာကောင်းသော ခံစားချက်ကို လွယ်ကူစွာ ဖြစ်ပေါ်စေသည်။ ချန်နော့က မနေနိုင်ဘဲ သူ၏ ခေါင်းကို ထပ်မံပွတ်သပ်လိုက်ရာ လျိုကွမ်မှာ ရှက်ရွံ့နေပုံပေါ်သော်လည်း ရှောင်ဖယ်သွားခြင်း မရှိချေ။

 

ချန်နော့က စုတ်ပြတ်နေသော အဝတ်စတစ်ခုကို ရှာ၍ ဖုန်သုတ်ဝတ်အဖြစ် အသုံးပြုလိုက်သည်။ ဤနေရာတွင် သစ်သားဇလုံပင် မရှိသောကြောင့် ရေပုံးထဲတွင်သာ တိုက်ရိုက်လျှော်ဖွပ်ရသည်။ စားပွဲနှင့် ကုတင်ခြေထောက်များကိုပါ တစ်ကြိမ်စီ သုတ်သင်ကာ အခန်းထောင့်ရှိ အသုံးမလိုသော အမှိုက်များကို ရှင်းလင်းလိုက်၏။ သူက တယိုင်တလဲဖြင့် ရှင်းလင်းနေချိန်တွင် လျိုကွမ်ကမူ ကုတင်ပေါ်တွင် တင်ပျဉ်ခွေကာ သူဌေးတစ်ယောက်ကဲ့သို့ ထိုင်ကြည့်နေသည်။

 

ချန်နော့က လျှောက်သွားကာ ထိုညစ်ပတ်နေသော အဝတ်အစားပုံကို လျိုကွမ်၏ ရင်ခွင်ထဲသို့ ရုတ်တရက် ထိုးထည့်လိုက်ပြီး ပြောလိုက်၏။

 

” အပြင်သွားထားလိုက်…”

 

လျိုကွမ်က သူ၏ သြဇာအာဏာကို တည်ဆောက်ရန် ကြိုးစားလိုက်သော်လည်း ချန်နော့၏ ပြုံးရွှင်နေသော မျက်နှာကို မြင်သောအခါ လိမ္မာရေးခြားရှိစွာဖြင့် ကူညီလိုက်ပေသည်။ မည်သည့်အတွက်ကြောင့်မှန်း မသိသော်လည်း ချန်နော့ ဤကဲ့သို့ အလုပ်ရှုပ်နေသည်ကို ကြည့်ရသည်မှာ စိတ်ဝင်စားစရာကောင်းသည်ဟု သူ တွေးမိ၏။

 

အချိန်အတော်ကြာ အလုပ်ရှုပ်ပြီးနောက် မြက်မိုးတဲလေးမှာ နောက်ဆုံးတွင် သိသိသာသာ သန့်ရှင်းသပ်ရပ်သွားခဲ့သည်။ ချန်နော့က ခါးဆန့်ကာ ခေါင်းညိတ်၍ ပြောလိုက်သည်။

 

” ဒါမှ လူနေတဲ့နေရာနဲ့ တူတော့တယ်…”

 

သူက ယခင်က တွေ့ခဲ့သော ငွေရောင်ဆံပင်နှင့် ကောင်လေးကို သတိရသွားသဖြင့် လျိုကွမ်ကို မေးလိုက်၏။

 

” အင်း… ငွေရောင်ဆံပင်နဲ့ သပ်သပ်ရပ်ရပ် ကလေးတစ်ယောက် ရှိတယ်လေ… သူက ဘယ်သူလဲ…”

 

လျိုကွမ်က ကြားလိုက်သည်နှင့် ဆံပင်များပင် ထောင်မတ်သွားမတတ် ဖြစ်သွားပြီး ချန်နော့ကို သံသယဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။

 

” ပိုင်ရွေ့ဆိုတဲ့ ကောင်လေ! မင်းက သူ့ကို ဘယ်လိုလုပ်ပြီး သိနေတာလဲ?! ငါ မင်းကို ပြောလိုက်မယ်နော်… မင်းက ငါ့ဇနီးပဲ လုပ်ရမယ်! တခြားအထီးတွေနဲ့ အရမ်းနီးနီးကပ်ကပ်နေဖို့ ခွင့်မပြုဘူး!…”

 

ချန်နော့၏ မျက်လုံးထောင့်များ လှုပ်ရှားသွားပြီး ထိုကလေး၏ နားရွက်ကို မဆွဲမိစေရန် မနည်းအောင့်အည်းထားလိုက်ရသည်။ သူက တတ်နိုင်သမျှ တည်ငြိမ်စွာ ပြောလိုက်သည်။

 

” တစ်ခါပဲ တွေ့ဖူးတာပါ… သူက ဒီကလူတွေနဲ့ သိပ်မတူလို့လေ… ပြီးတော့ ငါ့ကို ဇနီးလို့ ထပ်မခေါ်နဲ့!…”

 

လျိုကွမ်က မကျေမနပ်ဖြင့် နှာမှုတ်လိုက်၏။ မခေါ်နဲ့ဆိုလျှင်လည်း မခေါ်ဘဲ နေမည်။ မည်သို့ပင်ဖြစ်စေ ချန်နော့မှာ အသက်ငယ်ရွယ်သော အမတစ်ကောင်ဖြစ်ကြောင်း အခြားသူများကို သူ မသိစေချင်ပေ။ ဤပတ်ဝန်းကျင်တွင် တစ်ကိုယ်တော် လှုပ်ရှားတတ်သော ကျွမ်းကျင်သူ သူခိုးများ အများအပြား ရှိနေသဖြင့် ချန်နော့၏ သရုပ်အစစ်အမှန်သာ ပေါ်သွားလျှင် သူ၏ လက်ရှိစွမ်းရည်ဖြင့် တစ်ဖက်လူကို အပြည့်အဝ ကာကွယ်နိုင်မည် မဟုတ်ချေ။ သို့သော် သူက ထပ်မံအလေးအနက်ထား၍ ပြောလိုက်သည်။

 

” မင်း တခြားလူတွေနဲ့ အရမ်းနီးနီးကပ်ကပ် မနေရဘူး… ပြီးတော့ မင်းက အမဆိုတာကိုလည်း ဘယ်သူ့ကိုမှ မပြောပြနဲ့…”

 

” …”

 

ချန်နော့က သူ၏ တစ်သက်တွင် ဤစကားလုံးကို မိမိကိုယ်ကို ဖော်ပြရန် လုံးဝ အသုံးပြုမည်မဟုတ်ဟု တွေးလိုက်၏။

 

အခန်းရှင်းလင်းခြင်းမှာ အတော်အသင့် ပြီးစီးသွားပြီး မွန်းတည့်ချိန်သို့လည်း ရောက်ရှိလာသဖြင့် ချန်နော့၏ ဗိုက်ထဲမှ အသံများ ထပ်မံမြည်လာခဲ့သည်။ ခြံဝင်းအတွင်း၌ ဟောင်းနွမ်းနေသော ဝါးခြင်းတောင်းတစ်ခု ရှိပြီး ချန်နော့က ညစ်ပတ်နေသော အဝတ်အစားများအားလုံးကို ၎င်းထဲသို့ ပစ်ထည့်လိုက်ကာ လျိုကွမ်ကို မေးလိုက်၏။

 

” အနီးအနားမှာ မြစ်ရှိလား… ဒီအဝတ်အစားတွေ အကုန်လုံး လျှော်ဖို့ လိုနေတယ်…”

 

လျိုကွမ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

 

” သုံးမိုင်လောက်ဝေးတဲ့နေရာမှာတော့ မြစ်ငယ်လေးတစ်ခု ရှိတယ်… ဒါပေမယ့် အခုက ချီကောင်တွေရဲ့ မျိုးပွားချိန်ဆိုတော့ မင်းတို့လို အားနည်းတဲ့ အမတွေ သွားဖို့က အရမ်းအန္တရာယ်များတယ်…”

 

ချန်နော့က စပ်စုလိုက်၏။

 

” ချီကောင်ဆိုတာ ဘာလဲ…”

 

လျိုကွမ်က ရှင်းပြရန် သိပ်မကျွမ်းကျင်သဖြင့် စိတ်မရှည်စွာဖြင့် အကြမ်းဖျင်း ပြောပြလိုက်သည်။ ချီကောင်ဆိုသည်မှာ ရေအနီးတွင် အုပ်စုဖွဲ့နေထိုင်တတ်သော သားရဲငယ်တစ်မျိုး ဖြစ်သော်လည်း အလွန်ကြမ်းတမ်း၏။ အရွယ်ရောက်ပြီးသော ချီကောင်များမှာ လူကြီးတစ်ယောက်၏ အရိုးများကိုပင် ကိုက်ဖြတ်နိုင်စွမ်းရှိသည်။ မျိုးပွားချိန်ရောက်သော ချီကောင်များမှာ ပို၍ပင် ကြမ်းတမ်းပြီး အကယ်၍ ၎င်းတို့ကို သွားရောက်နှောင့်ယှက်မိပါက အရိုးအကြွင်းအကျန်ပင် ကျန်မည်မဟုတ်ချေ။

 

ချန်နော့မှာ ကြားပြီးနောက် ချွေးစေးများပင် ထွက်လာခဲ့သည်။

 

ဒီကမ္ဘာကြီးက ဘယ်လောက်တောင် ကြောက်စရာကောင်းနေတာလဲ? ဘာသောက်ရူးကောင်တွေမှန်းကို မသိဘူး! အစကတော့ အဲ့ဒီမှာ ရေချိုးရင်း ငါးနည်းနည်းလောက် ဖမ်းမလို့ စဉ်းစားထားတာ…

 

လျိုကွမ်က သူ၏ မျက်နှာအမူအရာများ ပြောင်းလဲနေသည်ကို ကြည့်ပြီးနောက် ရုတ်တရက် လက်ပိုက်ကာ အလွန်တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

 

” ဒါပေမယ့် မင်း ကြောက်စရာ မလိုပါဘူး… ငါ မင်းနဲ့အတူ သွားပြီး မင်းကို သေချာကာကွယ်ပေးမှာပါ…”

 

ဤဒေသတွင် ပိုင်ရွေ့နှင့် တိုက်ပွဲမဖြစ်ဖူးသည်မှလွဲ၍ အခြားမည်သူမျှ လူကြီးဖြစ်လျှင်ပင် သူ၏ အင်အားကို မယှဉ်နိုင်သောကြောင့် ထိုချီကောင်လေးများကို သူ သေချာပေါက် မကြောက်ပေ။

 

လျိုကွမ်က ပေါ့ပေါ့ဆဆ ပြောလိုက်သော်လည်း လေသံတွင်မူ ဂုဏ်ယူဝင့်ကြွားမှုများ အနည်းငယ် ရောနှောနေ၏။ ချန်နော့မှာ ကြားပြီးနောက် ရယ်ရခက်ငိုရခက် ဖြစ်သွားခဲ့သည်။

 

ဒီကလေးက ငါ့ကို လန့်အောင်လို့ ပိုပြောနေတာလား?

 

လျိုကွမ်လည်း ချန်နော့ ဘာတွေးနေသည်ကို မသိသောကြောင့် ဓားကောက်တစ်လက်ကို ဝါးခြင်းတောင်း၏ အောက်ခြေတွင် လက်တန်းပစ်ထည့်လိုက်၏။

 

ချန်နော့က ထိုဝါးခြင်းတောင်းကို လွယ်ကာ လျိုကွမ်၏ ဘေးမှ လိုက်ပါသွားခဲ့သည်။ လျိုကွမ်က ယိုင်နဲ့နဲ့ လျှောက်နေသော ချန်နော့၏ ခြေထောက်ကို ကြည့်ပြီး အနည်းငယ် အပြစ်ရှိသလို ခံစားရသဖြင့် ထိုဝါးခြင်းတောင်းကို အတင်းလုယူကာ သူကိုယ်တိုင် လွယ်ထားလိုက်သည်။ စုတ်ပြတ်နေသော မြက်မိုးတဲတစ်ခုနားသို့ ဖြတ်သွားသောအခါ လျိုကွမ်က အတွင်းဘက်ရှိ ဆံပင်ဖြူနှင့် အဝတ်အစားစုတ်ပြတ်နေသော အဘိုးအိုတစ်ဦးကို အော်ခေါ်လိုက်၏။

 

” ဟေး… ကောမိသားစု! မင်းတို့ အိမ်ထောင်ဦးစီးရဲ့ ဒဏ်ရာကြိတ်ဆေး နည်းနည်းလောက် ပေးစမ်း!…”

 

ချန်နော့မှာ အနည်းငယ် ထူးဆန်းသွားခဲ့သည်။

 

ဘာလို့ ဒီအခေါ်အဝေါ်က ဒီလောက် ထူးဆန်းနေရတာလဲ…

 

ထိုအဘိုးအိုက လျိုကွမ်ကို မျက်စောင်းထိုးကာ ဆဲရေးလိုက်၏။

 

” ကလေးဆိုး! နေ့တိုင်း အကျင့်မကောင်းဘူး! ဒီဆေးလေးတွေနဲ့ ပစ္စည်းလေးနည်းနည်း သွားလဲမလို့ဟာကို မင်း ဖျက်ဆီးပစ်တာနဲ့ပဲ ကုန်နေပြီ!…”

 

ထိုသို့ပြောသော်လည်း သူက ပုလင်းတစ်လုံးကို ခြံစည်းရိုးပေါ်မှ ကျော်၍ ပစ်ပေးလိုက်သည်။ လျိုကွမ်က ပြုံးရွှင်စွာဖြင့် လက်ထဲတွင် ဆုပ်ကိုင်ထားပြီး ချန်နော့ဘက်သို့ လှုပ်ယမ်းပြလိုက်၏။

 

” ခဏနေကျရင် မင်းကို လိမ်းပေးမယ်… သူတို့ အိမ်ထောင်ဦးစီးက တခြားဟာတွေ မလုပ်တတ်ပေမယ့် ဆေးဖော်တာတော့ အတော်လေး အစွမ်းထက်တယ်…”

 

ချန်နော့က သိချင်စိတ်ဖြင့် ဆေးပုလင်းကို ယူကာ ဖွင့်၍ အနံ့ခံကြည့်လိုက်ရာ ပူဒီနာနှင့် ဆင်တူသော အနံ့မျိုး ရရှိပြီး မဆိုးလှချေ။

 

လမ်းတစ်လျှောက်တွင် ချန်နော့က ဤကမ္ဘာ၏ အခြေအနေများကို သွယ်ဝိုက်၍ မေးမြန်းခဲ့ပြီး ကြားရလေလေ ပို၍ စိတ်ရှုပ်လာလေလေ ဖြစ်၏။ အတိုချုပ်ပြောရလျှင် ဤကမ္ဘာတွင် အင်အားကြီးသူကသာ ရှင်ဘုရင်ဖြစ်ပြီး လိုက်လျောညီထွေ နေတတ်သူများသာ အသက်ရှင်နိုင်ပေမည်။ လူသတ်ခြင်းနှင့် လုယက်ခြင်းများမှာ ထမင်းစားရေသောက်ကဲ့သို့ သာမန်ကိစ္စတစ်ခုသာဖြစ်ကြောင်း လျိုကွမ်က အလွန်သဘာဝကျသော လေသံဖြင့် ပြောပြခဲ့သည်။

 

ယခင်က လျိုကွမ် သူ့အား တုတ်ဖြင့်ရိုက်ခဲ့သည်ကို သတိရသွားသောအခါ ဤကလေး လူသတ်ဖူးခြင်း၊ လူသားစားဖူးခြင်း ရှိမရှိကိုပင် ချန်နော့ မမေးရဲတော့ချေ။ စိတ်ကူးကြည့်ရုံဖြင့်ပင် တစ်ကိုယ်လုံး ကြက်သီးများ ထလာခဲ့သည်။

 

သို့သော် ထိုအချက်မှလွဲ၍ လျိုကွမ်မှာ အချိန်အများစုတွင် ပုံမှန်ကလေးတစ်ယောက်နှင့် မည်သို့မျှ မကွာခြားပေ။

 

လမ်းတစ်လျှောက်တွင် ချန်နော့မှာ တစ်ခုခု လွဲချော်နေသည်ဟု ခံစားရသော်လည်း မည်သည့်နေရာတွင် ဖြစ်ကြောင်းကို သေချာမပြောပြတတ်ချေ။ မြစ်ကမ်းဘေးသို့ ရောက်သောအခါမှသာ သူ သတိရသွားခဲ့သည်။

 

ဘာလို့ အမျိုးသမီး တစ်ယောက်မှ မတွေ့ရတာလဲ? ဒါမှမဟုတ် ဒီကမ္ဘာက အရမ်းကို ရှေးရိုးစွဲကြီးပြီး အမျိုးသမီးတွေကို အပြင်ထွက်ခွင့် မပေးတာလား…

 

သူ တွေးသာတွေးလိုက်ပြီး နှုတ်မှ ထုတ်မမေးခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ကြည်လင်နေသော မြစ်ရေက သူ၏ အာရုံစိုက်မှုအားလုံးကို ဆွဲဆောင်သွားသောကြောင့် ဖြစ်သည်။

 

လျိုကွမ်မှာ ဤနေရာတွင် သိသိသာသာ သတိထားနေပြီး ချန်နော့၏ ဘေးမှ တစ်ဖဝါးမျှ မခွာပေ။ ချန်နော့မှာလည်း သူ၏ အပြုအမူကြောင့် စိတ်လှုပ်ရှားလာခဲ့၏။

 

မြစ်ကမ်းဘေးတွင် တိတ်ဆိတ်နေပြီး လူတစ်ယောက်မျှ မရှိချေ။ လျိုကွမ် ယခင်က ပြောခဲ့သည်မှာ အမှန်များလား။

 

ဆပ်ပြာရည် စသည်တို့လည်း မရှိသောကြောင့် ချန်နော့က အချိန်ကို လုကာ ထိုအဝတ်အစားများကို ရေထဲတွင် အကြိမ်အနည်းငယ်မျှ ကြမ်းတမ်းစွာ ပွတ်လျှော်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် အဝတ်အစားများပေါ်တွင် ဖုန်နှင့် ရွှံ့များသာ ရှိသောကြောင့် ငါးဆယ်ရာခိုင်နှုန်းခန့် သန့်ရှင်းသွားခဲ့၏။ လျှော်ပြီးသော အဝတ်အစားများကို မြစ်ကမ်းဘေးရှိ သစ်ကိုင်းများပေါ်တွင် လှန်းထားလိုက်ပြီးနောက် ချန်နော့က လျိုကွမ်ကို အဝတ်အစားများ ချွတ်ရန် လက်ဟန်ဖြင့် ပြလိုက်သည်။

 

လျိုကွမ်၏ မျက်လုံးများမှာ ပြူးကျယ်လာပြီး ကျီစယ်ခံရသော ဇနီးသည်လေးကဲ့သို့ စကားများပင် ထစ်အသွားခဲ့၏။

 

” မင်း… မင်း… မင်း…”

 

” မြန်မြန်လုပ်…”

 

ချန်နော့က သူ့ကို စနောက်လိုက်သည်။

 

” မင်း ငါ့ကို ဇနီးလို့ ခေါ်တယ်မဟုတ်လား… ငါ ကြည့်မှာကို ကြောက်နေသေးတာလား? မင်း ကိုယ်ပေါ်ကို သေချာလေး ဆေးကြောလိုက်… ငါက ရွှံ့မျောက်နဲ့ အတူမနေနိုင်ဘူး…”

 

လျိုကွမ်၏ မျက်နှာမှာ ပူထူလာခဲ့သည်။ သူ စဉ်းစားကြည့်လိုက်ရာ မှန်သည်ဟု ထင်သဖြင့် ဂရုမစိုက်ဟန်ဆောင်ကာ ချန်နော့ကို ကျောပေး၍ အဝတ်အစားများ ချွတ်လိုက်ပြီး အလောတကြီး ပစ်ချကာ ရေထဲသို့ အမြန်ခုန်ချလိုက်၏။

 

သူက ချန်နော့နှင့် အလွန်အမင်း ဝေးကွာမသွားစေရန် မှတ်ထားသဖြင့် နားရွက်ကို ထောင်ကာ နောက်ကွယ်မှ လှုပ်ရှားမှုများကို သတိဖြင့် နားထောင်ရင်း ညစ်မည်းနေသော လည်ပင်းကို စိတ်မပါတပါဖြင့် ပွတ်တိုက်နေခဲ့သည်။

 

အတန်ကြာသည်အထိ ဘာမျှမဖြစ်သောကြောင့် ချန်နော့လည်း စိတ်အေးသွားပြီး ကိုယ်ပေါ်ရှိ အဝတ်အစားများနှင့် အတွင်းခံများကိုပါ ချွတ်၍ လျှော်ဖွပ်လိုက်၏။ သူ၏ အဝတ်အစားများမှာ အမှိုက်ပုံတွင်ကတည်းက ညစ်ပတ်နေပြီး အပုပ်နံ့များလည်း ထွက်နေသည်။

 

အားလုံးလျှော်ဖွပ်ပြီး၍ လှန်းလိုက်ပြီးနောက် ချန်နော့တစ်ယောက် လှည့်ကြည့်လိုက်ရာ …

လခွမ်း!… အဲ့ကလေး လျိုကွမ်ရဲ့ လည်ပင်းမှာ မည်းနေတုန်းပဲ!

သူက အလွန်သဘာဝကျစွာပင် ရေထဲသို့ ခုန်ဆင်းသွားခဲ့၏။

 

လျိုကွမ်သည် နောက်ကွယ်မှ ရေပက်သံများကို ကြားလိုက်ရသောအခါ လန့်သွားပြီး ခုန်ထွက်လုမတတ်ပင် ဖြစ်သွားခဲ့သည်။ နောက်သို့ တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် ဒေါသတကြီးဖြင့် ခေါင်းကို လွှဲကာ မျက်နှာနီရဲလျက် အံကြိတ်ရင်း ပြောလိုက်၏။

 

” မင်း! ဘယ်လိုလုပ်ပြီး ဒီလောက်… အရှက်မဲ့ရတာလဲ!…”

 

သူက မီးအပူဟပ်ခံရသကဲ့သို့ အတွင်းဘက်သို့ အမြန်ပုန်းရှောင်သွားခဲ့ရာ နောက်ကွယ်တွင် ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီး ရှိနေသည့်အလားပင်။

 

ချန်နော့မှာ ထိုစကားလုံးကို ကြားပြီး ရယ်ချင်စိတ်ကို မနည်းအောင့်ထားလိုက်ရသည်။

 

ဒီကလေးရဲ့ မျက်လုံးအကြီးကြီးတွေက အလှတပ်ထားတာလား? သူတို့နှစ်ယောက်ရဲ့ ခန္ဓာကိုယ်က တူညီနေတာကို မသိဘူးလား?

 

သို့သော် လျိုကွမ်၏ ရေစက်များ တွဲခိုနေသော ချယ်ရီသီးအရောင် အနီရောင်ဆံပင်လေးများမှာ နေရောင်အောက်တွင် အမှန်တကယ်ပင် တောက်ပလှပနေသည်။၎င်းက တောက်လောင်နေသော မီးတောက်တစ်ခုနှင့် တူနေ၏။

 

သူက ရယ်ချင်စိတ်ကို အောင့်ထားကာ လျိုကွမ်ကို လှမ်းခေါ်လိုက်သည်။

 

” လျိုကွမ်… လာခဲ့… ငါ မင်းကို ကျောပွတ်ပေးမယ်…”

 

လျိုကွမ်၏ မျက်နှာမှာ ယခုအခါတွင် သူ၏ ဆံပင်အရောင်နှင့် ခွဲမရအောင်ကို နီရဲနေပြီး သူသည် တစ်စုံတစ်ယောက်၏ ကျီစယ်ခြင်းခံရသကဲ့သို့ ခံစားနေရ၏။ ၎င်းတို့၏ ဤနေရာတွင် အစောဆုံး လက်ထပ်ကြသူများမှာ ဆယ့်ငါးနှစ်အရွယ် ဖြစ်သည်။ ချန်နော့ကို သူ၏ ဇနီးအဖြစ် သတ်မှတ်ထားပြီး ဖြစ်သော်လည်း အထီးနှင့် အမ ကွာခြားကြောင်းကို သူ ငယ်စဉ်ကတည်းက သိထားခဲ့သည်။

 

ချန်နော့ဆိုသည့် ဤအမ၏ အပြုအမူက အနည်းငယ် လွတ်လပ်လွန်းနေသည် မဟုတ်လား? သူတို့နှစ်ယောက်က မင်္ဂလာဦးညတောင် မဖြတ်သန်းရသေးဘူးလေ…

 

 

Chapter 3 ended

 

တင်တင် နှစ်ခုပါသည့် ယောက်ျားကို ဘယ်တော့မှ လက်မထပ်နဲ့

တင်တင် နှစ်ခုပါသည့် ယောက်ျားကို ဘယ်တော့မှ လက်မထပ်နဲ့

绝不嫁有两个丁丁的男人
Status: Ongoing Type: Author: Released: 2017 Native Language: Chinese
Intro   《 တင်တင် နှစ်ခုပါသည့် ယောက်ျားကို ဘယ်တော့မှ လက်မထပ်နဲ့ 》   အညွှန်း -   စာတစ်ကြောင်းတည်းနှင့် အညွှန်း -   ဤသည်ကား သဘောကောင်းလွန်းသည့် လူအတစ်ယောက်ခမျာ ယောကျာ်းလေးများသာရှိသော စံနှုန်းလွဲချော်နေသည့် အခြားကမ္ဘာတစ်ခုသို့ ကူးပြောင်းသွားခဲ့ပြီးနောက် ၎င်းကိုယ်တိုင် အကြောင်းပြချက်မရှိဘဲ အမတစ်​ယောက်အဖြစ်သို့ ပြောင်းလဲသွားကာ အခြားသူ၏ ဇနီးသည် ဖြစ်သွားရသည့် အဖြစ်ဆိုးဇာတ်လမ်းတစ်ပုဒ်ပင် ဖြစ်သည်။   ချန်နော့က ဆိုသည်။ " ဘာကိစ္စ ငါ့ကို အမလို့ ပြောရတာလဲ..."   ဇာတ်လမ်းနတ်ဘုရားမှာကား ပြုံးသာနေပြီး မည်သည့်စကားမျှ ဝင်မပြောခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတွင် တင်တင်တစ်ခုသာ ရှိနေပြီး ဤကမ္ဘာရှိ အထီးများတွင်ကား နှစ်ခုစီ ရှိနေသောကြောင့် ဖြစ်သည်။   ချန်နော့က ဆဲဆိုလိုက်သည်။ " လခွမ်း! အဲ့ဒါကြီးက ဂြိုဟ်သားကြီးတွေ မဟုတ်ဘူးလား... ယီးပဲ၊ ငါ့ကို ဖာ့ခ်ချင်ရင် အရင်ဆုံး တစ်ခုကို ကိုယ့်ဘာသာကိုယ် ဖြတ်လာခဲ့!..."   ====   [ ဤဝတ္ထုသည် ဦးနှောက်မစားရသည့် အချစ်ဒရာမာ ၃ပွင့်ဆိုင် ဇာတ်လမ်းမျိုးဖြစ်ပြီး Happy Ending ဖြင့် ဇာတ်သိမ်းပါမည်။ ]   【 ဤဝတ္ထု၏ အခြားအမည်များ 】 《 ယောက်ျားစစ်စစ်တစ်ယောက် ယောကျာ်းလေးများသာရှိသော ကမ္ဘာဆီ ကူးပြောင်းသွားသောအခါ 》 《 တင်တင်က မင်း Bottom ဖြစ်မဖြစ်ကို ဆုံးဖြတ်ပေးလိမ့်မယ် 》 《 နှာဘူးများ ပေါလွန်းသဖြင့် ငါကိုယ်တိုင် ထကြွပုန်ကန်ရမယ် 》 《 ဒီသောက်ကျိုးနည်း ကူးပြောင်းခြင်းမှာ ငါကလည်း Top ပဲ! 》   စရိုက်သတ်မှတ်ချက်မသေချာသော Top X တက်ကြွလန်းဆန်းနေသော လူအ Bottom     === 'တင်တင်' ဆိုတာက လော်ကို တင်စားတဲ့ တရုတ်အင်တာနက်ဗန်းစကားပါ။    

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset